တောင်သာနယ်က စစ်တပ်ထိန်းချုပ်မှုအောက်ရှိ ကျောင်းကိုစစ်တပ်ဒရုန်းနဲ့ဗုံးပြန်ကြဲ ကျောင်းသားနဲ့ဆရာမ ၈ဦးဒဏ်ရာရ
အောက်တိုဘာ-၆၊၂၀၂၆။ကတ်သရင်း/ People's Spring
မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှုအောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ကျောင်းသားငယ်တွေအပါအ
ဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ၆ရက်နေ့၊မနက်၈နာရီကျော်
ကထန်းပင်ကုန်းရွာကိုတပ်စွဲထားတဲ့ စစ်တပ်ကသာပေါင်းလေးရွာအလယ်တန်းကျောင်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ဒရုန်းနဲ့ ဗုံးသီးချတိုက်
ဗုံးကြဲတာကြောင့် ကျောင်းသား၊ကျောင်သူ ၇ ဦးနဲ့ ကျောင်းဆရာမတဦးဒဏ်ရာရခဲ့ပါတယ်။
"ဒီကျောင်းက စကစ အုပ်စိုးထားတဲ့နယ် မြေမှာပဲရှိတာ။ ကျောင်းတက်ခါနီးအချိန်ဆို တော့ကလေးတွေက ကျောင်းဝန်းထဲစုံနေတဲ့ အချိန်မှာဗုံးချတာ။ကလေးနှစ်ယောက်က တော့ဒဏ်ရာတော်တော်ပြင်းပြီးစိုးရိမ်ရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးသီးဟာ ကျောင်းမျက်နှာစာမှာကျခဲ့ပြီး ကျောင်းဆောင်ပျက်စီးတာတွေလည်းရှိခဲ့ပါတယ်။ဒဏ်ရာရသူတွေကိုဆေးဝါးကုသမှုပေးနေပြီး ကျောင်းသူနှစ်ဦးဟာဒဏ်ရာစိုးရိမ်ရတယ်လို့သိရပါတယ်။
စစ်တပ်ကအရပ်သားတွေကိုဆက်တိုက် လေ
ကြောင်းတိုက်ခိုက်နေပြီးတောင်သာ၊နွားထိုးကြီး၊မြင်းခြံနယ်တို့မှာ စစ်တပ်က ဆက်တိုက် လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ် ။

🔥17😢9👎3❤2👍2👏2🎉1🖕1
စစ်တပ်ဗုံးကြဲပြီးနောက် သာပေါင်းလေးရွာစာသင်ကျောင်းအပျက်အစီးတွေကိုတွေ့ရ
စဥ်။ဓါတ်ပုံ-ဒေသခံ
စဥ်။ဓါတ်ပုံ-ဒေသခံ
👎21🤬15❤3🔥3😢3🤮2🖕2👏1🤩1
စစ်တပ်ကတောင်ကုတ်မြို့အနီးတပ်ရင်းဟောင်း နဲ့ ဖုံညိုရွာကိုလေယာဉ်အုပ်နဲ့ ဗုံးကြဲ
■ ပြည်သူသေဆုံးထိခိုက်မှုရှိပြီး၊လေယာဥ်သံ ဗုံးသံကြောင့်နှလုံးရပ်သေဆုံးသူအချို့ရှိနေ
အောက်တိုဘာ-၆၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်
ပိုင်း၊ တောင်ကုတ်မြို့အနီးဝန်းကျင်ရှိ စစ်တပ်အထိုင်ချခဲ့တဲ့တပ်ရင်းဟောင်းတွေနဲ့ဖုံညိုရွာတို့ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့တာကြောင့်သေဆုံးဒဏ်ရာရသူတွေရှိခဲ့ပြီး လေယာဥ်သံနဲ့ ဗုံးပေါက်ကွဲသံကြောင့် နှလုံးရပ်သေဆုံးသူအချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၆ ရက်၊မနက် ၉ နာရီခွဲကနေ ၁၀ နာရီ ၁၅ မိနစ်လောက်ထိ စစ်တပ်က တစ်နာရီနီးပါးကြာ ဗုံးအလုံး နှစ်ဆယ်ဝန်း
ကျင်ကြဲချနေခဲ့တာလို့သိရပါတယ်။
“လေယာဉ်ဟာအားလုံးဆိုရင်ခြောက်စီးလောက်ပါတယ်။အရပ်သားတွေ မနည်းနာတယ်။ ပြည်သူတွေ ဒဏ်ရာရ တဲ့လူ တော်
တော်များတယ်လို့ ကြားတယ်။ အခု ဆေးရုံရောက်နေကြတယ်။ အရေအတွက်တော့ မသိရသေးဘူး။ တော်တော်များတယ်လို့ ပြောတယ်”လို့ တောင်ကုတ်ဒေသခံတဦးကပြောပါတယ်။
စစ်တပ်ဟာ အရင်ကအထိုင်ချခဲ့တဲ့အမှတ်(၅)
စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅)၊ ခမရ (၃၄၆)၊ ခမရ (၅၄၄) တို့နဲ့ အဲဒီအနီး တောင်ကုတ်မြို့အဝင်မှာရှိတဲ့ ဖုံညိုရွာတို့ကို ဗုံးကြဲနေခဲ့တာဖြစ်ပါတယ်။ဖုံညိုရွာဟာသံတွဲမြို့နယ်ကနေ တောင်ကုတ်မြို့သို့အဝင်မှာ ရှိတဲ့ လူနေကျေးရွာတခုဖြစ်ပြီး စစ်ဘေးရှောင်တွေလည်း နေထိုင်ကြပါတယ်။
ဗုံးကြဲမှုကြောင့်ဖုံညိုရွာကဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရသူတွေရှိပြီး တောင်ကုတ်မြို့ပေါ်မှ ဦးဇော်ခင်ဦးနဲ့ ဦးလှစိန် တို့ဟာလည်း ကျယ်လောင်တဲ့ဗုံးကွဲသံကြောင့် နှလုံးရပ်ပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“လေယာဉ်တွေအများကြီးပျံနေတော့ လေ
ယာဉ်သံနဲ့ရော၊ဗုံးသံနဲ့ရောအကုန်လုံးကြောက်
လန့်နေကြတယ်။ဘယ်ကိုပြေးလို့ပြေးရမလဲတောင် မသိတော့ဘူး။ နဂိုနှလုံးမကောင်းတဲ့ သူတွေကျတော့ သေသွားတာ၊ ဒဏ်ရာရတဲ့သူ တွေလည်း များတယ်” လို့ အခြားဒေသခံတဦးကလည်းပြောပါတယ်။
စစ်တပ်ကအောက်တိုဘာ ၅ ရက်နေ့ ညကလည်းပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်ဆောင်းဒူ ရွာဝန်းကျင်ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့ပါတယ်။ ဒါ့အပြင် အောက်တို
ဘာ ၅ ရက် မနက်ပိုင်းကလည်း ပုဏ္ဏား ကျွန်းမြို့နယ်ပန်းနီလာစစ်ဘေးရှောင်စခန်းနဲ့ အဲဒီအနီးရှိ စေတနာအခမဲ့ဆေးပေးခန်းတို့ကို ဗုံး
ကြဲခဲ့တာကြောင့်ကျောင်းသူ၁ဦးအပါအဝင်
၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၄ ရက် ညနေပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ဗျာလစစ်ဘေးရှောင်စခန်းကို ဗုံးကြဲခဲ့တာ ကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)
ထိန်းချုပ်နယ်မြေတွေကို ထိုး စစ်ဆင်နေခဲ့တာဟာ တစ်လကျော်ရခဲ့ပြီဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးကာလအတွင်း AA စခန်းတစ်ခုမှမသိမ်းနိုင်ဘဲ စစ်တပ်ရဲ့တပ်စခန်းတွေထပ်မံလက်လွှတ်၊ အထိနာနေပြီးနောက် အရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကိုပါစစ်တပ်က ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့်ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၁ ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်တိုဘာ ၆ ရက်နေ့ထိ တလကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင် ဒေသခံ ပြည်သူ ၈၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၄၀ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။
#တောင်ကုတ်မြို့ကိုစစ်တပ်ဗုံးကြဲ
#စစ်တပ်လေယာဥ်အုပ်
#ဗုံးသံကြောင့်နှလုံးရပ်သေဆုံး
#peoplesspring #ludunwayoo #ps

😡28❤13👏3👍2🤬2👎1😁1🎉1🤮1
ကျွန်းလှနယ်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းဗုံးကြဲ
အောက်တိုဘာ-၆၊ ၂၀၂၆။ အိမ်သွင်/People's Spring
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ အရပ်သား ၃၀ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာ ၅ရက် မနေ့က မွန်းလွဲပိုင်းနဲ့ ညနေပိုင်းမှာ လေကြောင်းကနေ ၇ကြိမ်ထက်မနည်း ဗုံးကြဲပြီး ဒီနေ့ အောက်တိုဘာ ၆ရက် မနက်ပိုင်းမှာလည်း ဂျက်ဖိုက်တာသုံးစီးနဲ့ ထပ်မံကြဲချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
"ဟုမ္မလင်း လေဆိပ်ကနေ တက်လာပြီး ပစ်နေတာပါ။ ရုပ်အလောင်းတွေက ပျက်စီးတာတွေ၊ ပျောက်နေသူတွေလည်း ရှိတယ်။ သေဆုံးတာကို ၃၀ ကျော်နေပြီ။ ဒဏ်ရာအပြင်းအထန်ကလည်း ဆယ်ဂဏန်းမကပါဘူး။ အခုက အရေးပေါ် အခြေအနေပါ"လို့ ကျွန်းလှမြို့ခံတစ်ဦးက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ မနက် ၁၀နာရီ ၅၂မိနစ်ကနေ ၁၀နာရီ ၅၅ မိနစ်အတွင်း ဂျက်ဖိုက်တာသုံးစီးနဲ့ အတွဲလိုက်ဗုံးတွေ ချခဲ့တဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ လေကြောင်းသတိပေးချက်တွေ ရှိနေဆဲလို့ ဒေသခံတွေကပြောပြီး သေဆုံးသူ အရေအတွက်ကို People's Spring အနေနဲ့ အသေးစိတ်အတည်မပြုနိုင်သေးပါဘူး။
ဗုံးကြဲတဲ့နေရာတွေဟာ အရပ်သားတွေ တပိုင်တနိုင်ရွှေတူးတဲ့ နေရာတွေလို့ ဒေသခံတွေက ပြောပြီး စစ်တပ်ဝါဒဖြန့်ချိရေး လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ လေကြာင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့ရုပ်သံတွေကို အသုံးပြုပြီး ရွှေသူခိုးတွေကို နှိမ်နင်းခန်း ဆိုပြီး ရေးသားဖော်ပြနေကြပါတယ်။
မြို့ခံတစ်ဦးကတော့ “အရပ်သားကို ပစ်မှတ်ထားပြီးသတ်ဖြတ်နေတာ။ ဒါတွေကို ဒေသခံတွေက မေ့မနေဘူး"လို့ ပြောပါတယ်။
ကျွန်းလှနဲ့ တန့်ဆည်အပါအဝင် စစ်ကိုင်းတိုင်းထဲက မော်လူး၊ ဗန်းမောက်၊ အင်းတော်၊ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး၊ ဖောင်းပြင်၊ မော်လိုက်၊ ခမ်းပါတ်နဲ့ တမူးမြို့နယ်တွေကို ဗုံးကြဲဖို့အတွက် အာဏာသိမ်းစစ်တပ်က ဟုမ္မလင်းလေတပ်ကို အများဆုံးအသုံးပြုနေပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ရာမှာ ဟုမ္မလင်းလေတပ်ကို အဓိကအသုံးပြုနေတဲ့အတွက် လေကြောင်း အန္တရာယ်ကိုအထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် ညနေကလည်း သဖန်းဆိပ်ဆည်ထဲက ရွှေမျောတွေကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲပြီး ရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွားလို့ ဒေသခံ ၁၃ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

🤬38❤7👏2😢2👍1👎1🔥1🎉1🤮1
မြန်မာဆီပြန်ပို့ခဲ့သူ၁၅၀၀ နီးပါးထဲမှာရိုဟင်ဂျာတွေမပါဘူးလို့မလေးရှားဝန်ကြီးချုပ်ဆို
အောက်တိုဘာ-၆၊၂၀၂၆။People's Spring
မလေးရှားကနေ မြန်မာဖက် ပြန်ပို့လိုက်သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ သဘောတူညီမှုအရ မလေးရှားဟာမြန်မာဖက်ကိုရွှေ့ပြောင်းဒုက္ခ
သည် ၅၀၀၀ လောက် ပြန်ပို့မယ်လို့ မလေး
ရှား အစိုးရက ကြေညာထားပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ ပထမအ
သုတ်အဖြစ် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို
မလေးရှားဖက်က ပြန်ပို့ခဲ့ပါတယ်။
အောက်တိုဘာ ၆ ရက်နေ့မှာတော့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြန်ပို့ပေး
လိုက်သူတွေထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှားအောက်လွှတ်တော်မှာပြောကြားခဲ့ပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံဆီ ဒုက္ခသည်တွေ ပြန်ပို့တာ၊ ရိုဟင်ဂျာ မျိုးနွယ်စုတွေဟာဖိနှိပ်မှုတွေကြုံရနိုင်တာတွေအတွက်
ဝေဖန်မှုတွေမြင့်တက်လာချိန်မှာအန်ဝါက အခုလို မှတ်ချက်ပေးခဲ့တာပါ။
မှတ်တမ်းတွေကို လေ့လာဆန်းစစ်ကြည့်တဲ့အခါပြန်ပို့လိုက်တဲ့ထဲမှာရိုဟင်ဂျာဒုက္ခသည်တွေမပါသေးဘူးလို့အန်ဝါကဆိုပါတယ်။
ဒါပေမဲ့ မြန်မာဆီဒုက္ခသည်တွေပြန်ပို့ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ရှိနေဆဲဖြစ်
ကြောင်း၊ သူနဲ့ နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဟာဆန်တို့ဟာ အာဏာသိမ်းစစ်ခေါင်း
ဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားနိုင်ငံ ခရီးစဉ် အတောအတွင်းဒီကိစ္စအတွက် စကား
ပြောဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း အန်ဝါက ပြောကြားသွားပါတယ်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာအန်ဝါရဲ့ဖိတ်ကြားမှုကြောင့်မလေးရှားကိုအခုသီတင်းပတ်နှောင်းပိုင်းမှာ လာရောက်ဖြစ်ဖွယ် ရှိနေတယ်လို့လည်းမလေးရှားကီနီသတင်းဌာနကဖော်ပြပါတယ် ။
ဒါပေမယ့် မြန်မာဖက်နဲ့ ရယူထားတဲ့ သဘော
တူညီမှုအရ ပြန်လည်ပို့ဆောင်မယ့်ဒုက္ခသည်တွေဟာတိုင်းရင်းသား မျိုးနွယ်စု အမျိုးမျိုးထဲက ဖြစ်နိုင်ကြောင်း၊ ရခိုင်၊ ကရင်၊ ရှမ်း၊ ဒါမှမဟုတ် ရိုဟင်ဂျာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေကို ပြန်ပို့ဖို့ သဘောတူထားတာဖြစ်
ကြောင်း အန်ဝါက မှတ်ချက်ပေးခဲ့ပါတယ်။
နောက်ပြီး အခုလို ပြန်ပို့တာဟာ ကာယကံရှင်တွေရဲ့ သဘောထား ဆန္ဒနဲ့အညီ ဖြစ်တယ်ဆိုတာအပြည့်အဝအာမခံနိုင်ကြောင်း၊ဒီအခြေ
အနေက သူတို့ရဲ့ လုံခြုံဘေးကင်းမှု၊ သူတို့ရဲ့ လူ့အခွင့်အရေးအပေါ် အကာအကွယ် ပေးမှုတွေအပေါ် ခိုင်မာ သေချာစေမှာဖြစ်ကြောင်း အန်ဝါက ပြောကြားသွားပါတယ်။
ဒါ့အပြင်၂၀၂၆ဇန်နဝါရီလကနေ အခုချိန်ထိ မြန်မာနိုင်ငံသား တစ်သောင်းဝန်းကျင်ကို မြန်
မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့လည်းသူကဆိုပါတယ် ။
ကုလသမဂ္ဂရဲ့အချက်အလက်တွေအရမလေး
ရှားနိုင်ငံက မြန်မာနိုင်ငံက ဒုက္ခသည် ၁၉၃,၀၀၀ ခန့်ကိုလက်ခံထားပါတယ်။ အဲဒီထဲမှာ ဒုက္ခသည် သုံးပုံနှစ်ပုံလောက်က ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်ပါတယ် ။အခုနောက်ပိုင်းမှာ မလေးရှားနိုင်ငံက ဒုက္ခသည်တွေကို လက်ခံထားရတာဟာ ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်လာသလို လုံခြုံရေးအန္တရာယ်လည်း စဖြစ်လာတယ်လို့ ဆိုလာပြီးပြန်ပို့ဖို့ပိုလုပ်လာတာဖြစ်ပါတယ်။
စစ်တပ်က ပြည်သူတွေကိုဗုံးကြဲသတ်ဖြတ်တာအပါအဝင် ပြည်တွင်းစစ်ဖြစ်နေတာ၊ စစ်တပ်က အဓမ္မစစ်သားသစ်စုဆောင်းနေတာစတာတွေကြောင့် ဒုက္ခသည်တွေ မြန်
မာနိုင်ငံပြန်ပို့တာဟာ အန္တရာယ်များပြီး ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့တွေကတိုက်တွန်းနေကြပါတယ် ။
ကိုးကား-Malaysiakini ၊ရိုက်တာ
#မလေးရှားဝန်ကြီးချုပ်အန်ဝါ #မလေးရှား
#မလေးရှားကမြန်မာဒုက္ခသည်တွေပြန်ပို့
#ရိုဟင်ဂျာ #မင်းအောင်လှိုင်
#peopleaspring #ludunwayoo

👎27❤5👍5🔥4🤬3👏1😁1🤣1
အင်းတော်ကြီးဒေသရှိ နှစ်ခြင်းဘုရားကျောင်းကို စစ်တပ်နဲ့ SNAက အသေခံဒရုန်းနဲ့ တိုက်ခိုက်
အောက်တိုဘာ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်း၀ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ SNA တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းပျက်စီးခဲ့ကြောင်း အင်းတော်ကြီးဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၅ရက် မွန်းလွဲပိုင်းမှာ ချောင်း၀ရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ လူသေဆုံးထိခိုက်မရှိပေမဲ့ ဘုရားကျောင်း အဆောက်အဦး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
“လောလောဆယ်တိုက်ပွဲတွေမရှိဘူး” လို့ ဒေသခံ သတင်းရင်းမြစ်က တိုက်ပွဲမရှိဘဲ ဒရုန်းတိုက်ခိုက်ခံရမှု အခြေအနေကို ပြောပါတယ်။
အဲဒီ ဘုရားကျောင်းမှာ မူကြို ကလေးငယ်တွေ စာသင်ကြားတာရှိပေမဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့နေ့မှာ ဘုရားကျောင်းမှာ ဆုတောင်းပွဲရှိလို့ ကျောင်းပိတ်ထားချိန်ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။
ချောင်း၀ ဒေသဟာ KIA/PDF ပူးပေါင်းတပ် ထိန်းချုပ်ထားတဲ့ ဒေသလည်းဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်တွေဟာ ချောင်း၀ဆေးရုံကိုလည်း အသေခံ ဒရုန်းနဲ့ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ဖူးတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“ သူတို့ တိုက်ခိုက်လိုက်တော့ဆရာဝန်က ပြန်သွားတော့ အခု ဆေးကုသဖို့ ဟိုပင် ၊ မိုးညှင်းသွားဖို့ ငွေကုန်ပြီ အခက်အခဲဖြစ်တယ်လေ”လို့ ဒေသခံ က ပြောပါတယ်။
ဘုရားကျောင်း အသေခံ ဒရုန်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ မေးမြန်းရာ သတင်းအချက်အလက် မကြားသိရသေးဘူးလို့ ပြောကြားပါတယ်။

🤬36👍4👎4🔥3❤2👏2🎉1
(အင်းတော်ကြီးဒေသ ချောင်း၀ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ SNA တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ပြီးနောက် ဒရုန်းအပိုင်းအစတွေ။ ဓာတ်ပုံ - ပေးပို့)
🤬41🤮4🔥2😢2👎1👏1🤩1
ကသာဒေသတွင်း စစ်ရေးအခြေအနေ တော်လှန်ရေးတပ်တွေ သတိပေး
အောက်တိုဘာ ၆၊၂၀၂၆။ရွှေပြည်စိုး/People's Spring
စစ်ကိုင်းတိုင်း၊ ကသာမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)က စစ်ကြောင်းထွက်လာတဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန် ရေးရဲဘော်တွေကသတိပေးပါတယ်။
အင်အား ၂၀၀ထက်မနည်းပါတဲ့ ခမရ(၃၀၉)တပ်ရင်းစစ်ကြောင်းဟာ သြဂုတ် ၅ရက်ကနေထွက်လာတာဖြစ်ပြီး အင်းတော်မြို့ဘက်ကို ဦးတည်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
"အင်းတော်မြို့ထဲလည်း သတိထားရမယ်။ ကသာကနေ စစ်ကြောင်း လှုပ်လာတယ်။ ၃၀၉ကနေ ထွက်လာတယ်။ ထီးချိုင့်ဘက်လည်း တိုးလာတယ်"လို့ ၎င်းက ပြောပါတယ်။
ကသာ-အင်းတော် လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားသလို ထီးချိုင့်- အင်းတော်လမ်းပိုင်းမှာလည်း စစ်တပ်ကအင်အားဖြည့်တင်းထားတယ်လို့ သတင်းရရှိပါတယ်။ စစ်တပ်က ထီးချိုင့်မြို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကတဆင့် အင်အားတွေပို့ဆောင်နေတယ်လို့သိရပါတယ်။
လက်ရှိမှာ ဒေသတွင်း စစ်ရေးအခြေအနေကြောင့် ရွှေကူ-ငါးအိုးလမ်းမကြီးကို အသုံးမပြုဘဲ သတ်မှတ်ထားတဲ့လမ်းကနေသာ ပြည်သူတွေသွားလာကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကအောက်တိုဘာ ၅ရက်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ပြည်သူတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရမယ်လို့ KIA က ဇွန်လ ၈ရက်မှာလည်း အသိပေးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းက ထီးချိုင့်၊အင်းတော်၊ ကသာမြို့တွေဟာ နယ်ချင်းဆက်နေပြီး ကချင်ပြည်နယ်ရွှေကူမြို့နဲ့လည်း ဆက်စပ်နေပါတယ်။
ကသာမြို့မှာ စစ်တပ်က မြို့တွင်းမှာတပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို တော်လှန်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ မတ်လက ခမရ(၃၀၉)တပ်ရင်းကနေထွက်လာတဲ့ စစ်ကြောင်းကိုအင်းတော်နဲ့ ကသာမြို့ကြားမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်တပ်က အရာရှိအချို့အပါအဝင် ၃၃ဦး သေဆုံးပြီး စစ်သုံ့ပန်း၃၁ ဦးဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့မတ်လမှာလည်း ကသာမြို့မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ကစစ်ဘေးရှောင်တွေခိုလှုံနေတဲ့ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မတ်လ ၂၅ ရက် ညနေပိုင်းတိုက်ပွဲမှာ ခမရ(၃၀၉)တပ်ရင်းကို စစ်ကူနဲ့ လက်နက်ခဲယမ်းလာပို့တဲ့ စစ်တပ်ရဟတ်ယာဉ် သုံးစီးထဲက တစ်စီးကို PDFပူးပေါင်းတပ်တွေပစ်ခတ်လို့ ထိမှန်ပြီး မဘိမ်းမြို့နယ် ငအိုး ဘောလုံးကွင်းထဲကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

👍46❤5🔥2🥰1🤣1🖕1