ကျောက်ဖြူ တောင်မော်ဦးအနီးတိုက်ပွဲပြင်းထန်
●စစ်တပ်အရာရှိနဲ့မိသားစုအချို့မြို့ပေါ် ထွက်ပြေး၊စစ်သုံ့ပန်းအချို့ကို AAဖမ်းမိ
အောက်တိုဘာ-၅၊၂၀၂၆။ခိုင်မြတ်/People's Spring
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်က လက်နက်ချ၊ အညံ့ခံသူအချို့ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းရဲ့ကာကင်းတွေရှိရာအ၀တောင်ဝန်းကျင်စခန်းတွေကို အာရက္ခတပ်တော်( AA )က ထိုးစစ်ဆင်တိုက်ခိုက် နေတာဖြစ်ပြီးအခုရက်ပိုင်းတိုက်ပွဲအတွင်း လက်
နက်ချသူ ၄ ဦးရှိပြီး နက်ခဲယမ်းအချို့ သိမ်း
ဆည်းရမိ တယ်လို့သိရပါတယ်။
“ဒီဘက်မှာကတော့တိုက်ပွဲကတော့တော်တော်
ပြင်းနေတယ်။အဲဒီရေတပ်နားမှာဖြစ်နေတာ။ တပ်ကြပ်ကြီးအပါ အဝင် ၄ ယောက် ဖမ်းလို့ရထားတယ်။ လက်နက်ခဲယမ်းတွေလည်းရတယ်။တပ်ကဆုတ်သွားလို့ ရလိုက်တာ” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
ပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ ကျောက်တော်မြို့ဗုံးကြဲမှုအပြီး AA က အရှိန်မြှင့်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က မြို့ပေါ်တပ်ရင်းတွေကနေ တောင်မော်ဦးရေတပ်စခန်းဆီ စစ်သင်္ဘော နှစ်စီးနဲ့ အင်အားဖြည့်နေသလို တောင်မော်ဦးရေတပ်စခန်းမှ စစ်တပ်အရာရှိတွေကိုလည်း ကျောက်ဖြူမြို့ပေါ်ဆီပို့နေ တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
“၃ ရက်နေ့ကသင်္ဘောနှစ်စီးနဲ့ စစ်ကူသွားပို့တယ်။အဲဒီကကောင်တွေကိုလည်းမြို့ပေါ်ကို ပြန်ခေါ်လာတယ်ကြားတယ်။ မြို့ထဲက ခလရ (၃၄)ကို ပြောင်းနေကြတယ်ကြားတယ်။ ဗိုလ်အဆင့်တွေနဲ့ မိသားစုတွေတောင်ပြေးလာကြတယ်တဲ့။ရဲစခန်းကသတင်းကြားရတာ။ တိ
တိကျကျတော့ ကိုယ်လည်း မြင်တာ မဟုတ်ဘူး” လို့ ကျောက်ဖြူ မြို့ခံတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်းအထိနာနေတဲ့ စစ်တပ်ဟာ တိုက်လေယာဉ်၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့ လေကြောင်းကဆက်တိုက် ဗုံးကြဲနေ သလို သံဇစ်မြစ်ပေါ်ရှိ စစ်သင်္ဘော တွေကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
“လေယာဉ်မကြဲတဲ့နေ့မရှိဘူး။စနဲနားကရွာတွေဆို ထောင်းထောင်းကြေနေလောက်ပြီ” လို့ ကျောက်ဖြူဒေသခံ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကတောင်မော်ဦးရေတပ်စခန်းအနီး အ၀
တောင်စခန်းကနေ ရှေ့တိုး ထိုးစင်ဆင်ဖို့ ကြိုး
စားလာခဲ့ပြီး အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကြောင်းလန်ကျခဲ့ပါသေးတယ်။ အဲဒီနောက်ထပ်မံအင်အားဖြည့်ပြီး စစ်ကြောင်းထိုးခဲ့တာကြောင့် စစ်တပ်ဘက်က တပ်စခန်းငယ်တခု လက်လွှတ်ခဲ့ရ ပါတယ်။
ကျောက်ဖြူအပြင် စစ်တွေမြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာနေတယ်လို့ မြေပြင်သတင်းရင်း
မြစ်တွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတ တားပေါ်တို့ကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် မွေးခါနီး ကိုယ်ဝန်ဆာင်အမျိုးသမီး၊ မွေးပြီးစ မိနစ်ပိုင်းအကြာ ရင်သွေးငယ်အပါ
အဝင် အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီလို ကြီးမားပြီး စစ်ရာဇဝတ်မှုမြောက်တဲ့၊ အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ အကြမ်း
ဖက်ဗုံးကြဲ တိုက်ခိုက်မှုဖြစ် စဉ်တွေအတွင်း အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီး ပစ်ခတ်တိုက်ခိုက်သူတွေနဲ့ ပါဝင်ပက်သက်သူတွေအားလုံး၊ ပက် သက်ဆက်နွယ်တဲ့ အဖွဲ့အ
စည်းတွေအားလုံးကို အထူးမှတ်တမ်းတင်ထားသလို တူညီပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုမျိုး မနှေးမကြာအချိန်အတွင်း လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်(AA)က သတိပေးထုတ်ပြန်ပါတယ်။
အဲဒီလိုထုတ်ပြန်ပြီးနောက်မှာပဲ AA ဟာ စစ်တွေ နဲ့ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို ထိုးစစ်အရှိန် မြှင့်ကာ တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်
ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူး တိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစပြီး တန်ပြန်
ထိုးစစ်ဆင်နေခဲ့ပါတယ်။
ထိုးစစ်တစ်လကျော်အတွင်းစစ်တပ်က AA စခန်းတစ်ခုမှ မသိမ်းနိုင်ဘဲ စစ်တွေမြို့နယ်ကစစ်တပ်စခန်း ၉ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၁ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း စစ်တပ်စခန်း၊ကာကင်း ၁၁ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး သေဆုံးသူ ရာချီ ရှိနေပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
အထိနာနေတဲ့စစ်တပ်ဟာလေယာဉ်အုပ်လိုက်အသုံးပြုပြီး ဈေးတွေ ၊စစ်ဘေးရှောင်စခန်းတွေအပါအဝင် အရပ်သားနေထိုင်ရာတွေကိုပါပစ်မှတ်ထားပြီး လေကြောင်းကဗုံးကြဲ
သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
#တောင်မော်ဦးရေတပ် #ကျောက်ဖြူ
#စစ်တပ်အရာရှိတွေမြို့ပေါ်ထွက်ပြေး
#AA #peoplesspring #ludunwayoo

❤46👍13👏7🤣4🖕2👎1🥰1💩1
ရန်ကုန်မှာ တစ်ပတ်အတွင်း ပေါ်တာဆွဲခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ RSN ထုတ်ပြန်
အောက်တိုဘာ-၆၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၈ ကနေ အောက်တိုဘာ ၄ ရက် အတွင်း ရန်ကုန်မြို့ရဲ့ မြို့နယ် ၁၀ ခုကနေ ဖမ်းဆီးခံရသူ ၃၄ ဦးရှိတယ်လို့ RSN က ထုတ်ပြန်ထားပါတယ်။
RSN ကရရှိထားတဲ့စာရင်းတွေအရ ကျောက်တံတားမြို့နယ်မှာ ၁၀ ဦး၊ ကမာရွတ်မြို့နယ်မှာ ၆ ဦး ၊စမ်းချောင်းမြို့နယ်မှာ ၅ ဦး ၊ အင်းစိန်မြို့နယ်မှာ ၅ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ၂ ဦး ၊ အရှေ့ဒဂုံ ၊ မြောက်ဒဂုံ ၊သာကေတ ၊တာမွေ ၊လှိုင်နဲ့ အခြားမြို့နယ် တစ်ခုက ၁ ဦးစီ ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။
"ဒီတိုင်း ဆွဲတာများလာတာပါ။ စည်ပင် ကြို/ပို့ ကားပေါ်တင်ခေါ်သွားတာတွေတော့ ထူးထူးခြားခြားတွေ့မိပါတယ်။တခြားဖြစ်စဉ်တွေကတော့ လမ်းမပေါ် ရှိနေတုန်း ဆွဲခံကြရတာပါဗျ။ အရင်လို အရပ်ကား ရဲကား စစ်ကား အစုံပါပဲ။" လို့ RSN ရဲ့ တာဝန်ရှိသူကပြောပါတယ်။
လတ်တလော ရန်ကုန်မြို့မှာ အဖမ်းအဆီးများဦးမယ်လို့ ယူဆပြီး နေအိမ်တွေအထိ လိုက်ခေါ်တာတွေလည်း ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းအပတ်စဉ်သစ်စတင်ခါနီး အချိန်တိုင်း ရန်ကုန်မြို့မှာစစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူတွေများပြားလေ့ရှိပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုအောက်တိုဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ၂၀၂၄ ဇူလိုင်ကနေ ၂၀၂၆ သြဂုတ်အတွင်း ပြည်သူ့စစ်မှုထမ်း(ပစ) အပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား (၁၃၅,၀၈၀) ခန့်ကို အဓမ္မစုစည်းခဲ့ကြောင်း၊ ယခုအခါ ၎င်းအင်အားကို အသုံးချပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း(ပစ) အင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတာကို တွေ့ရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က အသိပေးခဲ့ပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်အခြေအနေကိုကြည့်ရင် ပြည်သူ့စစ်မှုထမ်း(ပစ) သိန်းချီ အင်အားကို အလောင်းအစားပြုပြီး ကမူးရှုးထိုး ထိုးစစ်ဆင် ဆောင်ရွက်နေပေမဲ့ ဘယ်စစ်မျက်နှာမှာမှ လိုရာမရောက်ဘဲ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိရောက်တဲ့ တိုက်ခိုက်ချေမှုန်းမှုတွေကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များပြားနေတာကို တွေ့ရကြောင်း၊ ၎င်းထိခိုက်ဆုံးရှုံးမှုတွေအနက် အများစုမှာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)များ ဖြစ်တာကိုလည်း တွေ့ရကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးပါတယ်။
ဒါ့ကြောင့် အရွယ်ရောက်ပြီး လူငယ်တွေ အနေနဲ့လည်း စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရမယ့်အရေးကို နည်းလမ်းစုံသုံးပြီး ရှောင်ရှားကြဖို့ လိုအပ်နေကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ အသိပေးပါတယ်။

❤16👍13🤬10👎2🔥2🤣2👏1🖕1
ပေါ်တာဆွဲကြမ်းနေတဲ့ စစ်ကိုင်းမှာ စစ်တပ်က ဘုရားပွဲတွေ ပြန်လုပ်ခိုင်းနေ
အောက်တိုဘာ ၆၊ ၂၀၂၆။ ဇေအောင်/People's Spring
ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေတဲ့ စစ်ကိုင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ဘုရားပွဲတော်တွေ ပြန်လည်ကျင်းပခိုင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းကာလအတွင်း ဘုရားပွဲတွေ ကျင်းပခြင်းမရှိတော့တဲ့ စစ်ကိုင်းမြို့ပေါ်မှာ စစ်တပ်က ယခုနှစ် ဝါတွင်းကစပြီး ဘုရားပွဲတွေ ပြန်လည်ကျင်းပစေခဲ့ပြီး အခြားဘုရားပွဲတွေကိုလည်း ပြန်လည်ပြုလုပ်ခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းက ပတ္တမြားစေတီဘုရားပွဲ၊ ယခုအောက်တိုဘာဆန်းမှာ ထူပါရုံဘုရားပွဲနဲ့ လာမယ့်သီတင်းကျွတ်၊ တန်ဆောင်တိုင် ကာလတွေမှာလည်း ငါးထပ်ကြီးဘုရားပွဲနဲ့ ကောင်းမှုတော်ဘုရားပွဲတွေ ပြန်လည်ကျင်းပဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
"ငါးထပ်ကြီးနားမှာက စစ်တပ်က တပ်စွဲထားတာ။ ငါးထပ်ကြီးနားတောင် မကြာခဏ ပစ်ခတ်နေတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့မှာ စစ်တပ်က စစ်ကိုင်းတံတားဂိတ်နဲ့ မြို့နေရာအနှံ့ ပေါ်တာပတ်ဆွဲနေတာကြောင့် လူငယ်တွေ အပြင်ထွက်သွားလာတာ နည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။ စစ်ကိုင်းမြို့အပြင် မုံရွာမြို့မှာလည်း လာမယ့် သီတင်းကျွတ်မှာ ဘုရားကြီးပွဲကို ပြန်လည်ကျင်းပဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အေးချမ်းနေသယောင် ပုံရိပ်ကို တည်ဆောက်ဖို့အတွက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ပွဲလမ်းသဘင်ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်စေဖို့ အားပေးနေပါတယ်။

❤18🤮12👍6👎4🔥4👏1
■ဆောင်းပါး
အာဏာသိမ်းမှုနောက်က ပြိုလဲသွားသော ဘဝများ
- အေးခိုင်ဦး ရေးသားသည်။
“အလုပ်လုပ်ရင် မိသားစုကို ကျွေးနိုင်မယ်” ဒါဟာ အသက် ၃၄ နှစ်အရွယ် ကိုမင်းရဲ့ ဘဝတလျှောက် ယုံကြည်ခဲ့တဲ့ ရိုးရှင်းတဲ့အယူအဆတခု ဖြစ်ခဲ့ပါတယ်။
သူဟာ စက်မှုဇုန်မှာ ကားမောင်းတယ်။ အနီး
အနားမှာ ရရာအလုပ်လုပ်တယ်။ အလုပ်ဆိုရင် အလုပ်မျိုးစုံ လုပ်တတ်တယ်။ လူချစ်လူခင်လည်းပေါတယ်။သူ့မှာကလေးနှစ်ယောက်ရှိတယ်။ ဇနီးက ကလေးတွေကို ပြုစုတယ်။ အိမ်ငှားနေကြပေမယ့် အိမ်ရှင်နဲ့ အိမ်ငှားဆိုတာထက် မိသားစုလို ရင်းနှီးကြတယ်။ အပြန်
အလှန် စောင့်ရှောက်ကြတယ်။ ကြွယ်ဝတဲ့မိသားစုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်မိသားစုကိုယ်ရှာဖွေကျွေးမွေးပြီး တနေ့ထက်တနေ့ ပိုကောင်းလာအောင် ကြိုးစားနေတဲ့ သာမန်မိသားစုတစု ဖြစ်ခဲ့ပါတယ်။
သူဟာ မိသားစုအတွက် သမ္မာအာဇီဝနည်းမျိုးစုံနဲ့ ကြိုးစားတဲ့သူတယောက်။ COVID-19 ကာလတုန်းကတောင် စားဝတ်နေရေး ပိုခက်လာမှာစိုးလို့ အိမ်ခြံဝင်းထဲမှာ စားပင်တွေ ချက်ချင်း စိုက်ခဲ့တဲ့သူ။ အိမ်တလုံး။ အလုပ်တခု။ ဇနီးတယောက်။ကလေးနှစ်ယောက်။ ပြီးတော့ မနက်ဖြန်ကို ဆက်မျှော်
လင့်နိုင်ဖို့ လုပ်အားတစုံကို ယုံကြည်ခဲ့ သူ။
ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာ အဲဒီအရာအားလုံး တခုချင်းစီ ပြိုလဲလာခဲ့ပါတယ်။
ကိုမင်းရဲ့ ဇာတိကစစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က ရွာတရွာပါ။ သူ့အဖေနဲ့အမေက အဲဒီရွာမှာပဲ နေကြတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရွာထဲ စစ်ကြောင်းတွေ ဝင်လာတိုင်း ရွာသူရွာသားတွေဟာ အကြိမ်ကြိမ် ထွက်ပြေးကြရတယ်။ ပြေးလိုက်။အခြေ
အနေငြိမ်ရင် ပြန်ဝင်လိုက်။ ပြီးတော့ ထပ်ပြေးလိုက်။ ဒီလိုနဲ့ ရွာတစ်ရွာရဲ့ လူနေမှုဘဝဟာ ပုံမှန်ဘဝမဟုတ်တော့ဘဲ “ဘယ်အချိန်ထပ်ပြေးရမလဲ” ဆိုတာ စောင့်နေရတဲ့ဘဝ ဖြစ်လာပါတယ်။
ကိုမင်းရဲ့အဖေက လယ်လုပ်ပြီးနှစ်ပေါင်းများစွာ စုဆောင်းခဲ့ပါတယ်။ဆယ်နှစ်လောက် ကြိုးစားပြီးမှ အိမ်တလုံးကို ဆောက်နိုင်ခဲ့တယ်။ဒါပေမယ့် အဲဒီအိမ်မှာတရက်တောင်
မနေခဲ့ရပါဘူး။ အိမ်တလုံးကို တည်ဆောက်ဖို့ ဆယ်နှစ်ကြာခဲ့ပေမယ့် စွန့်ပစ်ဖို့တော့ တရက်ပဲ လိုခဲ့တယ်။ အဲဒီအိမ်ဟာ မီးလောင်ပျက်စီးသွားတာ၊ ပေါက်ကွဲဖျက်ဆီးခံရတာဆိုတာထက် ပိုနာကျင်စရာကောင်းတဲ့အရာတခု ဖြစ်ခဲ့တာပါ။ အသက်ရှင်ဖို့အတွက် ကိုယ်တိုင်ထားခဲ့ရတာပါ။ အိမ်ထက် အသက်ကို ရွေးရတဲ့အခြေအနေ။ ဒီအဖြစ်အပျက်ဟာ ကိုမင်းတို့မိသားစုတစုတည်းရဲ့ အတွေ့အကြုံမဟုတ်ပါဘူး။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ IOM ရဲ့ ၂၀၂၆ မြန်မာနိုင်ငံ အကျပ်အတည်း တုံ့ပြန်ရေးစီမံချက် (Crisis Response Plan) အရ ၂၀၂၅ နိုဝင်ဘာ ၁၀ ရက်အထိ မြန်မာ
နိုင်ငံအတွင်း ၃.၆၀၉ သန်းခန့် နေရပ်စွန့်ခွာနေကြရပြီး စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာသူအများအပြားဟာ တကြိမ်တည်းမဟုတ်ဘဲ ထပ်ခါထပ်ခါ ရွှေ့ပြောင်းနေကြရပါတယ်။ IOM က နေရပ်စွန့်ခွာမှုတခုချင်းစီဟာ ပျမ်းမျှ ရှစ်ကြိမ်ခန့် ထပ်ဖြစ်နေကြောင်း ဖော်ပြထားပါတယ်။ နေရပ်စွန့်ခွာရခြင်းက အိမ်တလုံးပျောက်သွားတာတင် မဟုတ်ပါဘူး။မြေယာပျောက်တယ်။ အလုပ်ပျောက်တယ်။စုဆောင်းထားတဲ့ငွေကုန်တယ်။ ထုတ်
လုပ်ရေးပစ္စည်းတွေ ဆုံးရှုံးတယ်။ ကလေးတွေရဲ့ ပညာရေး ထိခိုက်တယ်။ ပြီးတော့ မိသားစုတွေ အကြွေးတင်လာပါတယ်။
IOM ကလည်း မကြာခဏ နေရပ်ရွှေ့ပြောင်းရခြင်းကြောင့် အိမ်ထောင်စုတွေရဲ့ ပိုင်ဆိုင်မှုနဲ့ အသက်မွေးဝမ်းကျောင်းအခြေခံတွေ ဆုံးရှုံးလာပြီး အကြွေးတင်ခြင်း၊ ကလေးအလုပ်လုပ်စေခြင်းနဲ့ အန္တရာယ်များတဲ့ ရွှေ့
ပြောင်းမှုတွေလို အခြေအနေတွေ ပိုမိုဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။
ကိုမင်းတို့မိသားစုမှာ အဲဒီဖြစ်စဉ်က နံပါတ်တခု မဟုတ်ဘူး။ သူ့အဖေရဲ့ ဆယ်နှစ်ကြာ အိမ်တလုံးပါ။ အိမ်ကို ထားခဲ့ရတယ်။ ဒါပေမယ့် တာဝန်တွေကို ထားခဲ့လို့မရပါဘူး။ ကလေးနှစ်ယောက်ရှိတယ်။ ဇနီးရှိတယ်။ မိဘတွေရှိတယ်။ဒါကြောင့်ကိုမင်းကနောက်ထပ်အလုပ်ရှာပါတယ်။ သူရဲ့ အိပ်မက်က ၁၀ပေ/ပေ၆၀ အိမ်လေးတလုံး ပိုင်ဆိုင်နိုင်ဖို့။
“ငွေရှာရင် ပြန်တည်ဆောက်နိုင်မယ်” ဆိုတဲ့ ယုံကြည်ချက်နဲ့ လောက်ကိုင်ကိုသူသွားခဲ့တယ်။အဲဒီမှာလည်း ကားမောင်းတယ်။ ရောက်ပြီးသုံးလအကြာမှာငွေစုနိုင်တော့မယ်လို့ ထင်လာတယ်။ အဲဒီအချိန်မှာပဲ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကမြန်မာနိုင်ငံရဲ့ အရှေ့
မြောက်ဒေသ စစ်ရေးအခြေအနေကို အကြီး
အကျယ် ပြောင်းလဲစေခဲ့တယ်။
ကိုမင်းအတွက်တော့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ရေးသမိုင်းထဲက အမည်တစ်ခု မဟုတ်ပါဘူး။ သုံးလအလုပ်လုပ်ပြီး စုမယ့်ငွေကို မစုနိုင်တော့ဘဲ အိမ်ပြန်ရတဲ့ အကြောင်းပြချက် ဖြစ်ခဲ့တယ်။ အခက်အခဲတွေကြားကနေ အိမ်ပြန်ရောက်လာခဲ့တယ်။ လက်ထဲမှာတော့ မိ
သားစုဘဝကို ပြန်တည်ဆောက်ဖို့ လုံလောက်တဲ့ ငွေမပါလာခဲ့ပါဘူး။
အာဏာသိမ်းစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလမှာ စစ်မှုထမ်းဥပဒေကို ကြေညာလိုက်
တဲ့အခါကိုမင်းလည်း Passport လုပ်တယ်။ နိုင်ငံခြားထွက်ဖို့ ကြိုးစားတယ်။ဒါပေမယ့် နိုင်ငံခြားထွက်ဖို့ငွေမရှိပါဘူး။သွားပြီး တ

👍22❤4🔥1🤣1🖕1
ရားမဝင်ဘဝနဲ့ နေရမှာကိုလည်း စိုးရိမ်တယ်။ အဲဒီလိုနဲ့ သွားလို့မရ၊ နေလို့လည်း မလုံခြုံတဲ့ဘဝ ထဲမှာ ကားပြန်မောင်းခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ကိုမင်းရဲ့ဘဝမှာ “အလုပ်လုပ်ပြီး မိသားစုကိုကျွေးမယ်” ဆိုတဲ့ ပုံမှန်ဘဝထက် “ဒီနေ့ ဘယ်လိုအန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်ရောက်မလဲ”ဆိုတာက ပိုကြီးလာခဲ့တယ်။
အဲဒီအခြေအနေတွေကြားမှာ ကိုမင်းရဲ့ အ
သက်၂၇ နှစ်အရွယ်ညီကပစ္စည်းပို့တဲ့အလုပ် လုပ်နေပါ တယ်။တနေ့ ပစ္စည်းတွေ ပို့ပြီး ပြန်လာတဲ့အချိန် အလုပ်က သိမ်းလာတဲ့ ငွေ ၂၅ သိန်း လုယက်ခံရတယ်။ အလုပ်ကို ပြန်ပေးဖို့ ငွေမရှိတော့ဘူး။ အဲဒီအချိန်မှာ ကိုမင်းက အစ်ကိုတယောက်အနေနဲ့ တတ်နိုင်သမျှ ဝင်ကူတယ်။ တခြားနေရာက ငွေချေးပေးတယ်။ ရသလောက်နဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် မိသားစုရဲ့ ငွေကြေးအင်အားကလည်း အရင်ကတည်း
က ပြိုလဲနေခဲ့ပြီ။ နောက်ဆုံးမှာ သူ့ညီဟာ မခံနိုင်တော့တဲ့အခြေအနေထိရောက်သွားခဲ့တယ်။ကိုယ့်အသက်ကိုယ် အဆုံးစီရင်သွားခဲ့တယ်။မသေဆုံးခင် ကိုမင်းရဲ့ ဇနီးကို ဖုန်းဆက်ပြီး နှုတ်ဆက်ခဲ့တယ်။သူတို့အမြန်ရှာကြပါတယ်။ မမှီခဲ့ပါဘူး။
ငမိုးရိပ်ချောင်းတလျှောက်လှေနဲ့ လိုက်ရှာခဲ့ကြတယ်။သုံးရက်ကြာမှ တွေ့ခဲ့တယ်။ ညီဖြစ်သူကို ပြန်တွေ့တဲ့အခါ စိတ်ထိခိုက်လွန်းလို့ ကိုမင်းဟာ လှေပေါ်မှာ လဲကျသွားခဲ့ရတယ်။ ဒါပေမယ့် ဝမ်းနည်းဖို့အချိန် မရခဲ့ပါဘူး။ နာရေးကိစ္စကို ဆက်လုပ်ရတယ်။ ရဲစခန်းမှာ ရှင်းရတယ်။ အမှုအခင်းမဖြစ်အောင် ဖြေရှင်းရတယ်။ ငွေကုန်တယ်။ လူပန်းတယ်။ စိတ်ပန်းတယ်။ညီတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ အစ်
ကိုတယောက်က နောက်ထပ် အကြွေးတွေကိုပါ ပခုံးပေါ်တင်ခဲ့ရတယ်။
ရက်လည်ပြီးတဲ့နောက်မှာ အနာမကျက်သေးတဲ့ မိသားစုအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ရောက်လာပါတယ်။ ကိုမင်းရဲ့ညီရဲ့ အသက် ၂၄ နှစ်အရွယ်ဇနီးဟာလည်း ခင်ပွန်း
မရှိတော့တဲ့ဘဝကို မခံနိုင်တော့ဘဲ သူ့ခင်ပွန်းလိုပဲလုပ်ခဲ့ပြန်ပါတယ်။သူမလည်း ကိုမင်းရဲ့ ဇနီးကိုဖုန်းဆက်ခဲ့တယ်။လိုက်ရှာကြပါတယ်။
မမှီခဲ့ပြန်ပါဘူး။မိသားစုတစုဟာ လူတယောက်ကိုဆုံးရှုံးပြီးဝမ်းနည်းနေတုန်း နောက်
တယောက်ကို ထပ်ဆုံးရှုံးခဲ့ရတယ်။
ဒီလိုဖြစ်ရပ်တွေကို “သေဆုံးသူနှစ်ဦး” ဆိုပြီး စာရင်းထဲ ထည့်လိုက်ရင် လုံလောက်မလား။ မလုံလောက်ပါဘူး။အဲဒီနံပါတ်နှစ်ခုရဲ့ နောက်
မှာအစ်ကိုတယောက်ရှိတယ်။မိဘတွေရှိတယ်။ နာရေးစရိတ်ရှိတယ်။အကြွေးရှိတယ်။စိတ်ဒဏ်ရာရှိတယ်။ပြီးတော့အဲဒီမိသားစုတွေ ဆက်အသက်ရှင်ဖို့ လိုအပ်တဲ့ တာဝန်တွေရှိပါတယ်။
စစ်အာဏာသိမ်းမှုရဲ့နောက်မှာ ကိုမင်းတို့မိသားစုကို အဲဒီအခြေအနေထိ တွန်းပို့ခဲ့တဲ့အထိဖြစ်ခဲ့ရတယ်။အလုပ်ပျောက်ခဲ့တယ်။ ဝင်ငွေမတည်ငြိမ်တော့ဘူး။အကြွေးတင်လာတယ်။ လုံခြုံရေးမရှိတော့ဘူး။သွားလာရေး ခက်လာတယ်။ စစ်မှုထမ်းရမယ့် စိုးရိမ်မှု ရှိလာတယ်။ ကျန်းမာရေးဝန်ဆောင်မှုရဖို့ ပိုခက်လာတယ်။
ဒီအရာတွေဟာ ၂၀၂၁ နောက်ပိုင်း မြန်မာ
နိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေရဲ့ အပြန်
အလှန်ဆက်စပ်နေတဲ့ အကျိုးဆက်တွေပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး (OHCHR) က ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်က ဖန်တီးခဲ့တဲ့ လူ့အခွင့်အရေးအကျပ်အတည်းကြောင့် မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေ မကြုံစဖူး အဆင့်အထိ တိုးလာခဲ့တယ်လို့ ဖော်ပြထားတဲ့အထဲက မိသားတစုပါ။
ညီနဲ့ ညီရဲ့ဇနီးကို ဆုံးရှုံးပြီးတဲ့နောက် ကိုမင်းတို့မိသားစုဟာ ငွေကြေးပိုင်းမှာ ပိုပြီးပြိုလဲသွားခဲ့ပြီ။အကြွေးတွေ တက်လာတယ်။ နာရေးစရိတ်တွေ ကုန်တယ်။ အရင်ကတည်း
ကလည်း ဆုံးရှုံးထားတာတွေ ရှိခဲ့ပြီးသား။ ဒါကြောင့်ကိုမင်းလောက်ကိုင်ကိုဒုတိယအကြိမ်
ပြန်သွားခဲ့တယ်။ ဒီတစ်ခါ ကားမောင်းတာမဟုတ်ဘူး။ ဆောက်လုပ်ရေးလုပ်ငန်းမှာ ဝင်လုပ်ခဲ့ပါတယ်။ အလုပ်ပြီးသွားလို့ငွေရှင်းရမယ့်အချိန်မှာ သူတို့ရသင့်တဲ့ လုပ်အားခကိုတော့ မရခဲ့တော့ပါဘူး။ ကန်ထရိုက်တာက ထွက်ပြေးသွားခဲ့ပြီ။ လုပ်သားတွေဟာ လုပ်
အားခ သိန်းဆယ်ချီ ဆုံးရှုံးခဲ့ရပါတယ်။ တာ
ဝန်ယူမယ့်သူလည်းမရှိပါဘူး။မျှော်လင့်ချက်
တွေအားလုံး ပြိုကွဲ။ ကိုမင်း ပြန်လာခဲ့ရပြန်ပါတယ်။ အလုပ်လုပ်ရင် ငွေရမယ်ဆိုတဲ့ အခြေ
ခံယုံကြည်ချက်ဟာသူ့အတွက်ယိုင်နဲ့ခဲ့ပြီ။
နောက်ဆုံးမှာ စက်မှုဇုန်ကို ပြန်ရောက်လာတယ်။ကားပြန်မောင်းတယ်။ တနေ့ နှစ်သောင်းငါးထောင် ကျပ်။ အဲဒီငွေနဲ့ အိမ်ငှားခ၊ စားစရိတ်၊ကလေးနှစ်ယောက်ရဲ့ ကျောင်းနဲ့ အထွေထွေစရိတ်၊ ကျန်းမာရေးစရိတ်၊ အရင်ကတင်ထားတဲ့အကြွေးတွေ။တနေ့နှစ်သောင်းငါးထောင် နဲ့ မိသားစုတစ်စုရဲ့ ဘဝကို ပြန်တည်ဆောက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကလည်း အဲဒီမိသားစုတွေအတွက် ပိုလို့သာ ဆိုးစေခဲ့ပါတယ်။World Bank ရဲ့ ၂၀၂၅ ဇွန်လထုတ်ပြန်
ချက်အရ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ ဆင်းရဲ
နွမ်းပါးမှုနှုန်းဟာ ၃၁ ရာခိုင်နှုန်း ခန့်ရှိခဲ့ပြီး ၂၀၂၅ ဧပြီအထိ တစ်နှစ်အတွင်း ငွေကြေး
ဖောင်းပွမှုကို ၃၄.၁ ရာခိုင်နှုန်း ခန့်မှန်းထားပါတယ်။ ပဋိပက္ခ၊ လျှပ်စစ်ပြတ်တောက်မှု၊ ကုန်သွယ်ရေးနဲ့ ငွေလဲလှယ်ရေးကန့်သတ်
ချက်တွေကြောင့် အိမ်ထောင်စုတွေရဲ့ ဝင်ငွေနဲ့ စားသုံးနိုင်စွမ်းအပေါ် ဖိအားပိုတိုးလာတယ်လို့ World Bank က ဖော်ပြထားပါတယ်။

👍29❤3🔥2🤣1🖕1
ဒါကြောင့် ကိုမင်းတို့လို မိသားစုအတွက် “အလုပ်ရှိတယ်” ဆိုတာ “ဘဝအဆင်ပြေတယ်” လို့ မဆိုလိုတော့ဘူး။ အလုပ်ရှိတယ်။ ဒါပေမယ့် ဝင်ငွေက မလုံလောက်တော့ဘူး။ အကြွေးရှိတယ်။ ကုန်ဈေးနှုန်းတက်တယ်။ ကလေးတွေကို ကျောင်းထားရတယ်။ ဖျားရင် ဆေးကုရတယ်။ အိမ်ငှားခပေးရတယ်။ လုပ်အားရှိပေမယ့် ရှင်သန်နိုင်ဖို့ အလုံအ
လောက် မဖြစ်တော့ပါဘူး။
နောက်ဆုံးထိုးနှက်ချက် ကတော့ မိခင်တစ်ယောက်ရဲ့ ကျန်းမာရေးပါ။ အဲဒီအချိန်မှာ ကိုမင်းရဲ့ ဇနီးရဲ့ မိခင်ဟာ မကွေးတိုင်းက ရွာတစ်ရွာမှာ နေထိုင်ရင်း လက်ကျိုးသွားပါတယ်။ရွာမှာ ဆရာဝန်မရှိပါဘူး။ မြို့ကို ချက်
ချင်းသွားဖို့လုံခြုံရေးကမလွယ်ဘူး။ဒါကြောင့် ရွာမှာ ဆေးကုသပေးနေတဲ့သူဆီ သွားပြခဲ့ကြတယ်။ သူမမှာ ဆီးချိုရှိကြောင်း ပြောခဲ့တယ်။ ပေးလိုက်တဲ့ဆေးတွေ ဘာတွေလဲ မိသားစုက မသိခဲ့ပါဘူး။ ဆေးသောက်ပြီးနောက် သွေးတွင်းသကြားဓာတ် အလွန်အ
မင်းကျဆင်းပြီး သတိလစ်သွားခဲ့ရတယ်။ ချက်ချင်းဆေးရုံမရောက်နိုင်ခဲ့ဘူး။ နောက်တနေ့မှ မကွေးဆေးရုံကို ရောက်ရတယ်။ ဆေးရုံမှာ နှစ်ရက်ကြာတယ်။ ကုန်ကျစရိတ်က သိန်း ၂၀။ ပြီးတော့ ဆေးရုံကနေ အိမ်ပြန်ခေါ်လာခဲ့ရတယ်။ အိမ်မှာ ကိုမာဝင်နေတဲ့အခြေအနေ နဲ့ နှစ်ပတ်ဆက်ရှိနေခဲ့ပါတယ်။နောက်ဆုံးမှာ အသက်ဆုံးသွားရပါတယ်။ခေတ်ဆိုးဟာ လက်ကျိုးတာကနေ အသက်ဆုံးတဲ့အထိ ဖြစ်စေခဲ့တယ်။
ကိုမင်းက ဇနီးနဲ့ ကလေးတွေနောက် လိုက်မသွားနိုင်ခဲ့ဘူး။ သူ့မှတ်ပုံတင်က စစ်ကိုင်း ၅/ ဖြစ်တဲ့အတွက် အဝေးပြေးကားက အလိုက်မခံပါဘူး။ လမ်းခရီးမှာ ၅/ ဟာ အဖမ်းဆီးခံရနိုင်ချေများတဲ့အတွက် အဝေးပြေးကားက တာဝန်မယူနိုင်လို့ နေခဲ့ရပါတယ်။ ဒါဟာ ကိုမင်းတစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာအခက်
အခဲတခုလိုထင်ရပေမယ့်မြန်မာနိုင်ငံရဲ့ ကျန်း
မာရေး၊လုံခြုံရေး ခက်ခဲ ဒုက္ခတွေပါ။
WHO ရဲ့ ၂၀၂၆ အချက်အလက်အရ မြန်မာ
နိုင်ငံမှာ ၉.၃ သန်း ခန့်ဟာ ကျန်းမာရေးအကူ
အညီလိုအပ်နေပြီး ပဋိပက္ခ၊ သွားလာခွင့်ကန့်
သတ်မှုနဲ့ကျန်းမာရေးဝန်ဆောင်မှုပြတ်တောက်မှုတွေ ဆက်ရှိနေပါတယ်။WHO ကလည်း တိုက်ပွဲတွေဖြစ်နေတဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ဆီးချိုနဲ့ သွေးတိုးလို နာ
တာရှည်ရောဂါတွေအတွက် စစ်ဆေးကုသမှုရရှိဖို့ အခက်အခဲကြီးတွေ ရှိနေကြောင်း ဖော်
ပြထားပါတယ်။ ၂၀၂၆ မြန်မာနိုင်ငံ ကျန်းမာ
ရေးကဏ္ဍပူးပေါင်းညှိနှိုင်းရေးအဖွဲ့ရဲ့အချက်
အလက်အရ ကျန်းမာရေးဝန်ဆောင်မှုရရှိရေးမှာ အကြီးမားဆုံး အတားအဆီးတွေထဲက ငွေမရှိခြင်း က ၅၂ ရာခိုင်နှုန်း၊ အနီးအနားမှာ လည်ပတ်နေတဲ့ ကျန်းမာရေးဌာနမရှိခြင်း က ၂၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါကြောင့် ကိုမင်းတို့မိသားစုရဲ့ သိန်း ၂၀ ဆေးကုသစရိတ်နဲ့ အကြွေးထပ်တင်ရခြင်းဟာ မိသားစုတစ်စုရဲ့ ကိုယ်ရေးကိုယ်တာငွေကြေးပြဿနာတခုသာ မဟုတ်တော့ပါဘူး။
အာဏာသိမ်းပြီးနောက် ကိုမင်း ဘာတွေဆုံးရှုံးခဲ့သလဲ။ ကိုမင်းရဲ့ဘဝကို ၂၀၂၁ မတိုင်ခင်နဲ့ ၂၀၂၁ နောက်ပိုင်း ခွဲကြည့်ရင် အဖြေက အလွန်ရှင်းပါတယ်။ အာဏာမသိမ်းခင် အိမ်ငှားဖြစ်ပေမယ့် တည်ငြိမ်တယ်။ အလုပ်ရှိတယ်။ အိမ်ရှင်နဲ့ မိသားစုလို ရင်းနှီးတယ်။ ကလေးနှစ်ယောက်ကို ပြုစုနိုင်တယ်။ အိမ်ခြံဝင်းထဲမှာ စားပင်တွေ စိုက်နိုင်တယ်။ မိသားစုဘဝကိုပုံမှန်ဖြတ်သန်းနိုင်တယ်။အာဏာသိမ်း
ပြီးနောက် မိဘတွေဟာရွာကနေအကြိမ်ကြိမ်
ထွက်ပြေးရတယ်။ ဆယ်နှစ်ကြာ ဆောက်ခဲ့တဲ့အိမ်ကို ထားခဲ့ရတယ်။ ကိုမင်း အလုပ်ရှာဖို့ နယ်ဝေးသွားရတယ်။ လောက်ကိုင်မှာ အလုပ်ပျက်တယ်။ ပြန်လာရတယ်။
စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံခြားထွက်ဖို့ စိုးရိမ်ရတယ်။ပက်စ်ပို့လုပ်ပေမယ့် ထွက်ဖို့ ငွေမရှိဘူး။ညီဖြစ်သူရဲ့ အကြွေးပြဿနာကို ကူညီဖြေရှင်းရတယ်။ ညီကို ဆုံးရှုံးရတယ်။ ညီရဲ့ဇနီးကို ထပ်ဆုံးရှုံးရတယ်။ နာရေးအ
တွက် ငွေကုန်တယ်။အကြွေးတင်တယ်။ လောက်ကိုင်ကို ဒုတိယအကြိမ် သွားရတယ်။ လုပ်အားခမရဘဲ ပြန်လာရတယ်။တနေ့နှစ်သောင်းငါးထောင် နဲ့ ကားပြန်မောင်းရတယ်။နောက်ဆုံး မိသားစုဝင်တယောက်ရဲ့ ကျန်းမာ
ရေးအတွက် ဆေးရုံစရိတ် သိန်း ၂၀ ထပ်ကုန်တယ်။ ပြီးတော့ အမေကို ဆုံးရှုံးရတယ်။ ဒီစာရင်းကို ကြည့်လိုက်ရင် “ဘဝကံမကောင်းလို့”ဆိုတဲ့စကားကိုပြောသင့်ပါသေးသလား။
ဒါဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လုံခြုံရေး၊ စီးပွားရေး၊ ရွှေ့ပြောင်းနေထိုင်မှု၊ ကျန်းမာရေးနဲ့ လူမှုရေးအကျပ်
အတည်းတွေ တခုနဲ့တခု ဆက်စပ်ပြီး မိသား
စုတစုရဲ့ ဘဝထဲကို ဝင်ရောက်လာတဲ့ ပုံစံတခု ဖြစ်ပါတယ်။ IOM ကလည်း ၂၀၂၁ စစ်အာ
ဏာသိမ်းမှုနောက်ပိုင်း လုံခြုံရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးအကျပ်အတည်းတွေ ပေါင်းစပ်လာပြီး လူသားချင်းစာနာမှုလိုအပ်
ချက်တွေ မြင့်တက်လာခဲ့တယ်လို့ တိုက်ရိုက်ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ“သာမန်ဘဝ”ဘာကြောင့် ပျောက်သွားတာလဲ။ ကိုမင်းက နိုင်ငံရေးသ
မား မဟုတ်ပါဘူး။သူ့အိမ်ကလည်း နိုင်ငံရေး
အာဏာကို စိန်ခေါ်တဲ့နေရာ မဟုတ်ဘူး။ သူ့အလုပ်ကလည်းနိုင်ငံရေးနဲ့မဆိုင်ဘူး။ကလေးနှစ်ယောက်ကို ကျွေးမွေးနိုင်ဖို့ပါပဲ။ဒါပေမယ့် စစ်တပ်အာဏာသိမ်းတာရဲ့ ဆိုးယုတ်မှုတွေက သူတို့လိုပြည်သူတွေဘဝထဲထိရောက်လာခဲ့ပါတယ်။

👍24❤2🤮2🤣1🖕1
ဒါပေမယ့် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်နိုင်ငံလုံးရဲ့ လုံခြုံရေးနဲ့ စီးပွားရေးအခြေ
အနေ ပြောင်းလဲသွားတဲ့အခါ သာမန်လူတွေရဲ့ဘဝဟာလည်း ဒီဒုက္ခတွေထဲကို အလိုအ
လျောက် ပါဝင်သွားတယ်။ ရွာမှာနေသူက ရွာကနေ ထွက်ပြေးရတယ်။ အလုပ်လုပ်သူက အလုပ်နေရာပြောင်းရတယ်။ လူငယ်တွေက စစ်မှုထမ်းရမှာကို စိုးရိမ်ရတယ်။ နိုင်ငံခြားထွက်ချင်သူက ငွေမရှိလို့ မထွက်နိုင်ဘူး။ နယ်ဝေးမှာ အလုပ်လုပ်သူက စစ်ရေးအခြေ
အနေကြောင့် ပြန်လာရတယ်။ ဖျားနာသူက ဆေးရုံသွားဖို့ ခက်တယ်။ ဝင်ငွေမလုံလောက်လို့ အကြွေးယူရတယ်။ အကြွေးတင်လာရင် နောက်ထပ်အလုပ်ရှာဖို့ ထပ်ရွှေ့ပြောင်းရတယ်။ အဲဒီလိုနဲ့ စစ်ပွဲဟာ ရှေ့တန်းကနေ အိမ်ထဲကို ရောက်လာပါတယ်။
IOM ရဲ့ အချက်အလက်အရ ၂၀၂၅ နိုဝင်ဘာအထိ မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ ၃.၆ သန်းကျော် ရှိနေတယ်။ World Bank အရ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၃၁ ရာခိုင်နှုန်းခန့် ရှိနေတယ်။ WHO အရ ကျန်းမာရေးအ
ကူအညီ လိုအပ်နေသူ သန်းနဲ့ချီရှိနေတယ်။ OHCHRအရစစ်အာဏာသိမ်းပြီးနောက် အ
ရပ်သားတွေအပေါ် အကြမ်းဖက်မှုနဲ့ လူ့အခွင့်
အရေးချိုးဖောက်မှုတွေ ဆက်လက်မြင့်မားနေတယ်။ဒီကိန်းဂဏန်းတွေဟာမြန်မာနိုင်ငံ
အကျပ်အတည်းရဲ့ အရွယ်အစားကို ပြသပေးနေတာပါ။
ဒါပေမယ့် ကိုမင်းရဲ့ဇာတ်လမ်းက အဲဒီကိန်း
ဂဏန်းတွေရဲ့ နောက်က လူသားဘဝကို ပြခဲ့တယ်။ ၃.၆ သန်းဆိုတာ လူ ၃.၆ သန်းပဲ မဟုတ်ဘူး။ အိမ် ၃.၆ သန်းနီးပါးရဲ့ မပြည့်စုံတော့တဲ့ ဇာတ်လမ်းတွေပါ။ ဆင်းရဲနွမ်းပါးမှု ၃၁ ရာခိုင်နှုန်းဆိုတာ ရာခိုင်နှုန်းတခု မဟုတ်ဘူး။ တနေ့ နှစ်သောင်းငါးထောင် ရဖို့ မနက်စောစောထပြီး ကားမောင်းရတဲ့ ဖခင်တွေရဲ့ ဘဝပါ။ ကျန်းမာရေးဝန်ဆောင်မှု မရရှိနိုင်မှုဆိုတာ စာရင်းဇယားတစ်ခု မဟုတ်ဘူး။ ရွာကနေ မြို့ကို ဆေးရုံသွားဖို့ တစ်ညလုံး စောင့်ရတဲ့ လူနာတစ်ယောက်ရဲ့ အသက်ပါ။
ကိုမင်းရဲ့ ဇာတ်လမ်းကို အစကနေ ပြန်ဖတ်ကြည့်ရင် အရာအားလုံးဟာ တခုနဲ့တခု ဆက်စပ်နေပါတယ်။ စစ်အာဏာသိမ်းမှု၊ ရွာကနေ ထွက်ပြေးရခြင်း၊ အိမ်ဆုံးရှုံးခြင်း၊ အလုပ်အကိုင် မတည်ငြိမ်ခြင်း၊ နယ်ဝေးရွှေ့ပြောင်းအလုပ်လုပ်ခြင်း ၊ စစ်ရေးပဋိပက္ခကြောင့် အလုပ်ပျက်ခြင်း၊ စစ်မှုထမ်းရမယ့် စိုးရိမ်မှု၊ ရွှေ့ပြောင်းနိုင်ဖို့ ငွေမရှိခြင်း၊ မိသား
စုဝင်ဆုံးရှုံးမှု၊ နာရေးစရိတ်နဲ့ အကြွေးတင်ခြင်း၊ ထပ်မံရွှေ့ပြောင်းအလုပ်လုပ်ခြင်း၊ လုပ်အားခမရခြင်း၊ နောက်ထပ်အကြွေး ၊ ဝင်ငွေနည်းခြင်း၊ ကျန်းမာရေးအတွက် ထပ်မံငွေကုန်ခြင်း။
ဒါဟာ လူတစ်ယောက်ရဲ့ “ကံဆိုးမှု” စာရင်းတခု မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံရဲ့ ဒုက္ခက မိသားစုတစ်စုရဲ့ နေ့စဉ်ဘဝထဲ ဘယ်လိုဝင်ရောက်လာသလဲဆိုတဲ့ မှတ်တမ်းတစ်ခုပါ။ ကိုမင်းတည်ဆောက်ဖို့ ကြိုးစားနေတာ အ
လုပ်တစ်ခု။အိမ်တစ်လုံး။ ကလေးနှစ်ယောက်အတွက် စားစရာ။ဇနီးအတွက် လုံခြုံတဲ့ဘဝ။ မိဘတွေအတွက် အေးချမ်းတဲ့အိုမင်းခြင်း။ဒါပေမယ့်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံ
မှာအဲဒီအရာတွေတောင် သာမန်အခွင့်အရေးမဖြစ်တော့ပါဘူး။စစ်အာဏာရှင် စနစ်ဆိုးလက်အောက်မှာ ပြည်သူတွေဟာ ကိုယ့်ဘဝကိုယ်မပိုင်တော့တာရဲ့ပြယုဂ်ပါ။
စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုတာ ပစ်ခတ်မှုတွေ၊ဗုံကြဲသတ်ဖြတ်မှုတွေ၊ မြို့သိမ်းမှုတွေ၊ ရွာတွေကိုစစ်ကြောင်းထို့ မီးရှိုဖျက်ဆီးမှုတွေ၊ ပြည်သူတွေနှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့အိမ်ရာကို စစ်အုပ်ကကျူးကျော်မြေဆိုပြီးမောင်းထုတ်မှုတွေသာမကပါဘူး။
တဖက်မှာလည်းတိုက်ပွဲတွေရှိနေပြန်ပါတယ်။ကိုမင်းလို လူတွေက နေ့တိုင်း အလုပ်သွားနေကြရတယ်။ အဲဒီနှစ်ခုကြားမှာ မမြင်ရတဲ့ စစ်ပွဲတခု ရှိနေပါတယ်။ မိသားစုတစုရဲ့ ပုံမှန်ဘဝကို မပျက်စီးအောင် ထိန်းထားဖို့ တိုက်နေရတဲ့ စစ်ပွဲ။
ကိုမင်းဟာ အဲဒီစစ်ပွဲကို နှစ်ပေါင်းများစွာ တိုက်နေခဲ့တယ်။ သူ့လက်နက်က ကားစတီယာရင်။ သူ့အင်အားက လုပ်အား။ သူ့နောက်မှာတော့ ဇနီးနဲ့ ကလေးနှစ်ယောက်။ သူ့ရှေ့မှာတော့ မသေချာတဲ့ မနက်ဖြန်။ ပြီးတော့ သူ့ဘဝတလျှောက် ထပ်ခါထပ်ခါ ပြောခဲ့ရတဲ့ စကားတစ်ခွန်း “အလုပ်လုပ်ရင် မိသားစုကို ကျွေးနိုင်မယ်။”
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ပြသနေတဲ့ အမှန်တရားကတော့ အလုပ်လုပ်ချင်ရုံနဲ့ မလုံလောက်တော့တဲ့ နိုင်ငံတစ်
နိုင်ငံ ဖြစ်လာနေပြီဆိုတာပါ။ အိမ်လုံခြုံဖို့၊ အလုပ်လုံခြုံဖို့၊ သွားလာခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိဖို့၊ ကလေးတွေရဲ့ အနာဂတ် မပျက်စီးဖို့၊ပြီးတော့လူတစ်ယောက်ဟာမနက်
ဖြန်ကို ကြောက်စရာမလိုဘဲ ဒီနေ့အလုပ်သွားနိုင်ဖို့ ဒါတွေအားလုံး လိုအပ်ပါတယ်။
ကိုမင်းတို့မိသားစုရဲ့ ဇာတ်လမ်းဟာ မြန်မာ
နိုင်ငံမှာ စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်ကို ကိန်းဂဏန်းတွေနဲ့ မပြောဘဲ လူတစ်ယောက်ရဲ့ ဘဝနဲ့ ပြောပြနေတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ အိမ်တစ်လုံး ဆုံးရှုံးတာကနေ စခဲ့တယ်။ နောက်ဆုံးမှာတော့ ဘဝတစ်ခုလုံးကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေရတဲ့ မိသားစုတစ်စု ကျန်ခဲ့ပါတယ်။
ဒီဇာတ်လမ်းကို မြန်မာနိုင်ငံနဲ့မဆိုင်တဲ့ အဝေးတနေရာကနေ ကြားရတဲ့သူဆိုရင် ဒီလောက်ဆက်တိုက် ဆိုးရွားတာတွေဟာ တကယ်ရောဖြစ်နိုင်ပါ့မလားလို့ တွေးကောင်းတွေးနိုင်စရာရှိပါတယ်။ဒါပေမယ့်တကယ်ဖြစ်နေပါတယ်။ စက်မှုဇုန်ထဲမှကိုမင်းရှိနေပါတယ်။မြန်မာ
နိုင်ငံထဲမှာတော့ကိုမင်းပေါင်းများစွာရှိနေပါတယ်။ ။

👍29😢10❤4🔥2🤣1🖕1
ရေဘေးသင့်သရက်ချောင်းမှာ စစ်တပ်လက်
နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
အောက်တိုဘာ-၆၊၂၀၂၆။ဇော်ရမ်း/People's Spring
ရေဘေးနဲ့ မြေပြိုဘေးရင်ဆိုင်နေရတဲ့ သရက်ချောင်းမြို့နယ်မှာစစ်တပ်ကလက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။
သရက်ချောင်းမြို့နယ်၊ပြင်းဖြူကြီးရွာကိုအာဏာသိမ်းစစ်တပ်က အောက်တိုဘာလ ၅ရက် နေ့ခင်းပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာလို့ မြို့ခံတွေကပြောပါတယ်။
ဒေါ်မဲတူလို့ လူသိများတဲ့ အမျိုးသမီးနေထိုင်တဲ့အိမ်ကိုလက်နက်ကြီးထိမှန်တာဖြစ်ပါတယ်။
ပြင်းဖြူကြီးရွာထဲကို စစ်တပ်စစ်ကြောင်းတွေအောက်တိုဘာလ ၃ရက်နေ့မှာဝင်လာပြီး ရမ်း
သမ်းပစ်ခတ်နေလို့ ဒေသခံအများစု ထွက်
ပြေးနေရတယ်လို့ သတင်းရရှိပါတယ်။
ပြင်းဖြူကြီးရွာအပါအဝင် သရက်ချောင်းအောက်ပိုင်းရွာတွေဖြစ်တဲ့ ဆင်းကျန်း၊လဘ၊ပိတိုင်၊ချောက်ချောင်းရွာက ဒေသခံတွေဟာ စစ်တပ်စစ်ကြောင်းရန်ကို ကြောက်လန့်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
"ရေဘေးကြောင့်လည်း အထိအခိုက်များထားတော့တချို့က မရှောင်နိုင်ကြဘူး။ လေ
ကြောင်းဆရာ စစ်ကြောင်းရော ကြောက်ရတာ"လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
တနင်္သာရီတိုင်းအတွင်းလောင်းလုံး၊ ထား
ဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာထိုင်းနိုင်ငံဖက်ကလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်စက်တင်ဘာလ၂၆ရက်နေ့ကစပြီးရေဘေးကြုံတွေ့နေတာပါ။လောင်း
လုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပြီးဒေသခံတွေအ
တွက် အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။ ဘေးသင့် ဒေသတွေမှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီးအရပ်သားတွေကိုဖမ်းဆီးနေသလိုလေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။စက်တင်ဘာလ၃၀ရက်နေ့က ထားဝယ်အရှေ့တောဒေသရေဝိုင်းရွာနဲ့ အောက်တိုဘာလ၁ရက်နေ့မှာ သရက်ချောင်းမြို့နယ်ထဲကို လေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။ ရေဖြူမြို့နယ်နဲ့လောင်းလုံးမြို့နယ်ထဲမှာလည်း မြေပြင်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ရေဘေးနဲ့ မြေပ်ြိုမှု ဘေးကြုံတွေ့နေတဲ့ ဒေသတွေကို စစ်ကောင်စီတပ်တွေက ပြည်သူအသွင်ယူပြီး စိမ့်ဝင်နေတဲ့အတွက်လည်း ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ အလံဖြူထောင်သွားလာခြင်းမပြုကြဖို့နဲ့ ဒေသခံတွေ လုံခြုံရေးသတိရှိကြဖို့ တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ထုတ်ပြန်ထားပါတယ်။

🤬37😢7❤2🔥2👎1👏1
ရိုးမစင်ထရယ်စီမံကိန်းမှ IFC၊ ADB နဲ့
မစ်ဆူဘီရှီအုပ်စုတို့ထွက်ခွာ
■FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို
အောက်တိုဘာ-၆၊၂၀၂၆။ဇော်၀င်း/People's Spring
ရန်ကုန်မြို့လယ်ကရိုးမစင်ထရယ်စီမံကိန်းကနေကမ္ဘာ့ဘဏ်အုပ်စုဝင်အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ မစ်ဆူဘီရှီအုပ်စုတို့ ထွက်ခွာသွားပြီလို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တချို့က ပြောပါတယ်။
ကိုလိုနီခေတ်လက်ရာမီးရထားရုံးချုပ်ဝင်းဟောင်းကိုအဆင့်မြှင့်တင်မယ့်ရိုးမစင်ထရယ်စီမံကိန်းကိုမူလက မစ်ဆူဘီရှီအုပ်စုက ၃၀ ရာခိုင်နှုန်း၊ IFC ၅ ရာခိုင်နှုန်းနဲ့ ADB ၅ ရာ
ခိုင်နှုန်းစီပါဝင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။
"ပထမမြန်မာရင်းနှီးမြှုပ်နှံမှုအများပိုင်ကုမ္ပဏီလီမိတက်(FMI) ရဲ့ စီမံကိန်းရှင်းတမ်းအရဆိုရင် IFC၊ ADB နဲ့ Mitsubishi ပူးပေါင်းထားတဲ့ MMJ Yangon Development Pte. Ltd. တစ်စုံလုံးထွက်သွားတယ်လို့ပြောရမယ်။ထွက်ခွာရတဲ့အကြောင်းရင်းကို ထုတ်ပြန်ချက်မှာတော့ မပါဘူး"လို့ရန်ကုန်မြို့အခြေ
စိုက် ဆောက်လုပ်ရေးနဲ့စီးပွားရေးလုပ်ငန်းရှင်
တစ်ဦးက ပြောပါတယ်။
ဒါပေမယ့် FMIက Yoma Strategicနဲ့ အတူ Yoma Central တွင် အစုရှယ်ယာပိုင်ဆိုင်မှုကိုတိုးမြှင့်ပြီး ရန်ကုန်မြို့လယ်ကစီမံကိန်းကို အဆင့်ဆင့်ပြန်လည်စတင်အကောင်အ
ထည်ဖော်မယ်လို့ အောက်တိုဘာ ၄ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ အထင်ကရ ဘက်စုံအသုံးပြု ဖွံ့ဖြိုးရေးစီမံကိန်း (mixed-use development) ဖြစ်တဲ့ Yoma Central စီမံ
ကိန်းမှာ ရင်းနှီးမြှုပ်နှံမှု အစုရှယ်ယာပိုင်ဆိုင်မှုကို ၁၂ရာခိုင်နှုန်းကနေ၂၀ ရာခိုင်နှုန်း အထိ တိုးမြှင့်နိုင်တဲ့သဘောတူစာချုပ်များကို လက်
မှတ်ရေးထိုးခဲ့တယ်လို့ ဖော်ပြပါတယ်။
စီမံကိန်းမှာ FMI ရဲ့ ရေရှည် မိတ်ဖက်ဖြစ်တဲ့ Yoma Strategic Holdings Ltd. ("Yoma Strategic") ကကျန်ရှိတဲ့ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။
"သဘောတူစာချုပ်က Yoma Central စီမံ
ကိန်း ပြန် လည်စတင်နိုင်ဖို့အတွက် အရေးပါတဲ့ မှတ်တိုင် တစ်ခု ဖြစ်ပါတယ်။ ရေရှည်မိတ်ဖက်ဖြစ်တဲ့ Yoma Strategic နဲ့အတူ ဆောက်လုပ်ရေး လုပ်ငန်းများကို အဆင့်ဆင့် ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ Yoma Central မှာ အစုရှယ်ယာပိုင်ဆိုင်မှု တိုးမြှင့်ခြင်းကစီမံကိန်းအပေါ် ယုံကြည်မှုနဲ့ Yoma Group ရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ရေရှည်ကတိကဝတ်ကိုထင်ဟပ်စေပါတယ်။ ရလဒ်ကို ဖော်ဆောင်နိုင်ဖို့ နှစ်ပေါင်းများစွာ ပံ့ပိုးကူညီပေးခဲ့တဲ့ မိတ်ဖက်တွေနဲ့ ချေးငွေပေးသူများအားလုံးကို အထူးပင် ကျေးဇူး
တင်ရှိပါတယ်" လို့ FMI အမှုဆောင်အရာရှိချုပ်နဲ့အမှုဆောင်ဒါရိုက်တာ ဦးထွန်းထွန်းက ပြောပါတယ်။
Yoma Central စီမံကိန်းကို ဖော်ဆောင်လျက်ရှိသော Meeyahta Development Limited တွင် မိတ်ဖက်များ(MMJ Yangon Development Pte. Ltd) ပိုင်ဆိုင်မှုအချိုး
အစားဖြစ်တဲ့အစုရှယ်ယာ ၄၀ ရာခိုင်နှုန်းကို စတိတန်ဖိုး(Norminal Amount) ကို လျှော့
ဈေး နဲ့ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။
ထိုရှယ်ယာငွေတွေက ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၆၁.၇ သန်းခန့်ရှိရာမှာ အမေရိကန်ဒေါ်လာ ၅၅ သန်းဖြင့် ဝယ်ယူမယ်လို့ FMI ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ထိုဝယ်ယူမှုက၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ FMI ကုမ္ပဏီရဲ့အစုရှယ်ယာရှင်တွေက ချေးပေးငွေထားတဲ့အမေရိကန်ဒေါ်လာ ၁၀၆ သန်းခန့်လည်း ပါဝင်မယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အကြာ
၂၀၂၅ ခုနှစ်မှာမြန်မာ့နိုင်ငံရေးအခြေအနေတွေကြောင့် မီးရထားရုံးချုပ်အဆောက်အအုံကို ဟိုတယ်အဖြစ်ပြုပြင်မွမ်းမံတည်ဆောက်မယ့်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံထားသောငွေအားလုံးကိုပင်နီဆူလာ(Peninsula ) ဟို
တယ်လုပ်ငန်းစုကဆုံးရှုံးငွေအဖြစ်သတ်မှတ်ခဲ့ပါတယ်။
၂၀၁၄ခုနှစ်က စတင်ပြီး ၂၀၂၂ခုနှစ်တွင် အ
ပြီးသတ်ဖို့ စီမံထားခြင်းဖြစ်ပြီး ရန်ကုန်မြို့အတွက်အဓိကအထိန်းအမှတ် အဆောက်
အဦးတစ်ခုဖြစ်လာဖို့မျှော်မှန်းထားတဲ့ရိုးမစင်ထရယ်စီမံကိန်းကို Yoma Group ပိုင်ရှင် ဦးသိမ်းဝေ(ခ) Serge Pun က ဦးဆောင်ခဲ့ပါတယ်။ ဦးသိမ်းဝေကိုအာဏာသိမ်းစစ်တပ်က ၂၀၂၄ ဇွန်လမှာ ဖမ်းဆီးခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူတဲ့ မြန်မာနိုင်ငံသားတွေကို ရိုးမဘဏ်က ချေးငွေ ပေးခဲ့တယ်ဆိုတဲ့ စွပ်
စွဲချက်နဲ့ ဗဟိုဘဏ် သတ်မှတ်ထားတဲ့အိမ်ယာချေးငွေသတ်မှတ်ချက်ထက်ပိုချေးပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် စစ်တပ်ပဖမ်းတယ်လို့ သတင်းထွက်ခဲ့ပေမယ့် တိတိ
ကျကျထုတ်ပြန်တာမရှိပါဘူး။
ဦးသိမ်းဝေအဖမ်းခံပြီးတော့ သူ့ရဲ့သားဖြစ်သူ မယ်လ်ဗင်ပန်(Melvyn Pun)ကYoma Group
ကို ဦးဆောင်လုပ်ကိုင်နေတာဖြစ်ပါတယ်။
Yoma Groupရဲ့ထင်ရှားတဲ့ လုပ်ငန်းတွေထဲမှာ FMIကုမ္ပဏီ၊ Yoma ဘဏ်၊ Wave money ငွေလွှဲလုပ်ငန်း၊ ပန်းလှိုင်ဆေးရုံ ၊ Star City အိမ်ယာစီမံကိန်းစတာတွေပါ၀င်ပါတယ်။

❤15🔥7👍5💩2👎1
စစ်တပ်အာဏာသိမ်းပြီးနောက် PDF (ပြည်သူ့ကာကွယ်ရေးတပ်)တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနေပြည်တော်ကို လာမတိုက်ရင် စီးပွား
ရေးလုပ်လို့ရတယ်လို့စစ်တပ်က သီရိပျံချီဘွဲ့ပေးထားတဲ့ ဦးသိမ်းဝေက ပြောခဲ့ဖူးပါတယ်။
#ရိုးမစင်ထရယ် #IFC #ADB #မစ်ဆူဘစ်ရှီ
#FMI #ဦးသိမ်းဝေ #မယ်လ်ဗင်ပန်
#peoplesspring #ludunwayoo

❤13😁5💩4👎2🔥2
မကွေးမှာ ကျေးရွာအချို့ မြစ်ကမ်းပါးပြိုလို့ နေအိမ်တွေ အရေးပေါ် ရွှေ့ပြောင်းနေရ
အောက်တိုဘာ ၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring
မကွေးတိုင်းက ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတချို့ မြစ်ကမ်းပါးပြိုလို့ နေအိမ်တွေ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
သရက်ခရိုင်၊ ကံမမြို့ အမှတ်(၂)ရပ်ကွက်မှာ အောက်တိုဘာ (၅) ရက် ည ၁၀ နာရီခန့်က ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးတွေပြိုလာလို့ လူနေအိမ် ၃၆ လုံး ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိ နေအိမ်ပြောင်းရွှေ့ထားရသူတွေဟာ မြို့နယ်သာသနာ့ဗိမာန်မှာ ယာယီနေထိုင်နေရတယ်လို့ သိရပါတယ်။
အလားတူ ပခုက္ကူမြို့နယ်၊ မရိုးကုန်းရွာမှာလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဧရာဝတီမြစ်ကမ်းပါးပြိုနေလို့ နေအိမ်တွေဖျက်ကာ အရေးပေါ် ရွေ့ပြောင်းခဲ့ရကြောင်း၊ ယခုအောက်တိုဘာလဆန်းမှာလည်း ကမ်းပါးတွေထပ်ပြိုနေလို့ ကျန်တဲ့နေအိမ်တွေ ထပ်မံ ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
"တစ်ရွာလုံး အကုန်ပြောင်းထားရတယ်။ နေစရာဝိုင်းတွေလည်း ကုန်ပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဥယျာဥ်တော်ရွာမှာ ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုလို့ နေအိမ် ၅ လုံး ပြိုကျခဲ့ပြီး ကျန်နေအိမ်တွေလည်း အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။
ထားဝယ်မြို့နယ်မှာလည်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေဖြစ်ပွားခဲ့ပြီး ပြည်သူ ၃၂ ဦး သေဆုံးကာ လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

😢23🔥10❤3👍3👎1