“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(အောက်တိုဘာ ၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်တပ် အထိနာ
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသ တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က အထိနာခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) တပ်မှူးတစ်ဦးက ပြောပါတယ်။ CPU/CPA ထိန်းချုပ်ထားတဲ့ ကျင်ဒွေးမြို့ ပြန်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို စက်တင်ဘာလကုန်ပိုင်းက ကျင်ဒွေးမြို့အနီး မဆွာတီကျေးရွာမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်ထိုးစစ်ဆင်လာမှုနဲ့ ကျင်ဒွေးတိုက်ပွဲ အခြေအနေတွေ မေးမြန်းဖို့ CPU/CPA ပြောဆိုဆိုခွင့်ရှိသူနဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့ကို ဆက်သွယ်ထားပေမယ့် အဆက်အသွယ်မရသေးပါဘူး။ စစ်ရေးသတင်းရင်းမြစ်တွေကတော့ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး တပတ်အတွင်း စစ်တပ်ဘက်က ၅၀ ဝန်းကျင်သေဆုံးကာ ဆယ်ချီလက်နက်ချကြတယ်လို့ ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ကားအစီးရ(၂၀၀) ဝန်းကျင်၊ အင်အားအများအပြားနဲ့ ရောက်လာခဲ့တာဖြစ်ပြီး မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးမြို့တို့ဆီ စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်ဖို့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ မဆွာတီရွာဝန်းကျင်မှာ ပြီးခဲ့တဲ့စက်တင်ဘာ ၂၅ ရက်ကတည်းက တိုက်ပွဲပြင်းပြင်းထန်ဖြစ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်မှာ စစ်ကြောင်းတခုလုံးပြုတ်သွားတယ်လို့ AAသတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမဲ့ စစ်တပ်က အောက်တိုဘာ ၁ ရက်မှာ အင်အားထပ်ဖြည့်လာတာကြောင့် ဒီနေ့အထိ တိုက်ပွဲဆက်ဖြစ်နေတာလို့ သိရပါတယ်။ စစ်တပ်ဟာ လောင်းရှည်မြို့အနီးဝန်းကျင်ရှိ အင်းဘူး၊ နတ်ကောင်ကျင်း၊ မဆွာတီဝန်းကျင်တို့မှာ အထိုင်ချထားပြီး ထိုးစစ်ဆင်ဖို့ကြိုးစားနေပေမယ့် ချင်းနဲ့ AA ပူးပေါင်းအဖွဲ့တွေရဲ့ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
◾️မြိုင်မှာ စစ်တပ် သတ်ဖြတ်ထားတဲ့ ပြည်သူ ၁၂ဦး ရုပ်အလောင်းတွေ ရှာတွေ့
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာ ၄ ရက် မနေ့က မှိုရှာသွားတဲ့ ရွာသားတစ်ဦးက အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာကို တွေရှိခဲ့ပြီးနောက် ဒေသတာဝန်ရှိသူတွေအားလုံး ဦးဆောင်ပြီး ရှာဖွေမှုတွေလုပ်တဲ့အခါ အစုလိုက်၊ အပြုံလိုက် မြှုပ်နှံထားတဲ့ မြေကျင်း ၂ခုအတွင်းမှ ရုပ်အလောင်း ၁၂ လောင်းတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အလောင်းတွေမှာ တွေ့ရတဲ့ မှတ်ပုံတင်၊ ကျောင်းသားကဒ်၊ မွေးစားရင်းစာရွက် စတဲ့ အချက်အလက်တွေအရ ဂွေးကုန်းရွာက ဖမ်းဆီးခံခဲ့ရသူတွေဖြစ်နေတယ်လို့ မြိုင်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ အရပ်သားရုပ်အလောင်း တစ်ဒါဇင် ကိုတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်က မှန်ကန်ပြီး အသေးစိတ်အချက်အလက် ကို စိစစ်နေတယ်လို့ မြိုင်မြို့နယ် ကာကွယ်ရေးအဖွဲ့တခုက တာ၀န်ရှိသူကလည်း အသိပေးပါတယ်။ NLD ပါတီထောက်ခံသူတွေ ဆိုပြီး သတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး ပါးစပ်တွေကို ကြိုးချည်၊ လက်ပြန်ကြိုးတုတ် အသတ်ခံခဲ့ကြရတယ်လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။ အဲဒီသတ်ဖြတ်ခံခဲ့ရသူတွေဟာ ပြီးခဲ့တဲ့၂၀၂၃ ဇွန်လ ၉ ရက်က မြိုင်မြို့နယ် စက်မှု-၂ မှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက ဂွေးကုန်းရွာကို စစ်ကြောင်းထိုးစဉ် ဂွေးကုန်းရွာက ပြည်သူ ၉ ဦး၊ မကျီးကုန်းရွာက ပြည်သူ ၁ဦး၊ သံချောင်းရွာက ပြည်သူ ၁ဦး နဲ့ မကျည်းကန်ရွာက ပြည်သူ ၁ဦး စုစုပေါင်း ၁၂ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ သတ်ဖြတ်မှုကို ၀က်ပုတ်ကျေးရွာပျူစောထီးခေါင်းဆောင်တွေ ဖြစ်ခဲ့တဲ့ ဝင်းငွေ နဲ့ ဝက်ပုတ်ရွာမှာ တာဝန်ကျနေတဲ့ အာဏာသိမ်းစစ်တပ်က ဗိုလ်ဘိုဖြူတို့ ဦးဆောင်ခဲ့တာလို့ ဖြစ်စဥ်ကို သိရှိသူက ဆက်ပြောပါတယ်။
◾️ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်စခန်း ၂ ခုကို စစ်တပ်က ဆက်တိုက် ဗုံးကြဲ

👍19🤣2🖕2🤬1
အာဏာသိမ်းစစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်က ပန်းနီလာ စစ်ဘေးရှောင်စခန်း နဲ့ အနီးဝန်းကျင်ကို အောက်တိုဘာ ၅ရက် ဒီနေ့ မနက်ပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာကြောင့် လူသေဆုံးထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၉ နာရီခွဲလောက်မှာ စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး စစ်ရှောင်တွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။ ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၄ ရက် မနေ့ ညနေပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနဲ့ ယိုးငူရွာကြားမှာရှိတဲ့ ဗျာလစစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်အရပ်သားပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေ ရှိနေတာကြောင့် သေဆုံးသူတွေ ထပ်တိုးနိုင်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဟာ ဗျာလ စစ်ဘေးရှောင်စခန်း ဗုံးကြဲအပြီး ၂၄ နာရီမပြည့်မီမှာပဲ ပန်းနီလာ စစ်ဘေးရှောင်စခန်းကို ထပ်မံဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
◾️ကျွန်းလှနယ်ကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ပြည်သူ သေဆုံးထိခိုက်မှုများ
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီနေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။ အောက်တိုဘာ ၅ရက် မွန်းလွဲ ၁နာရီ ၂၀မိနစ်ခန့်ကစပြီး ဂျက်ဖိုက်တာနဲ့ အတွဲလိုက်ဗုံးကြဲတာ၊ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ရဲ့ဟုမ္မလင်းလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။ ကျွန်းလှနဲ့ တန့်ဆည်အပါအဝင် စစ်ကိုင်းတိုင်းထဲက မော်လူး၊ ဗန်းမောက်၊ အင်းတော်၊ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး၊ ဖောင်းပြင်၊ မော်လိုက်၊ ခမ်းပါတ်နဲ့ တမူးမြို့နယ်တွေကို ဗုံးကြဲဖို့အတွက် စစ်တပ်က ဟုမ္မလင်းလေတပ်ကို အများဆုံးအသုံးပြုနေပါတယ်။
◾️မုံရွာ-မန္တလေးလမ်းပိုင်း ယာဥ်တိုက်မှု ခရီးသည် ၁၀ဦး သေဆုံး
စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ရပ်ထားတဲ့ ၆ ဘီးကားကို ခွေးဘီလူးကားက ဝင်တိုက်လို့ ခွေးဘီလူးကားပေါ်ပါ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ပါတယ်။ ဒီနေ့ အောက်တိုဘာ ၅ ရက် မနက် ၁၀ နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းပေါ် ကျောက်ဆည်ကျေးရွာအနီးမှာ မုံရွာမြို့ဘက်ကနေလာတဲ့ ခွေးဘီလူးအဖြူရောင်ယာဥ်ဟာ မျက်နှာချင်းဆိုင် ယာဥ်ကြောပေါ်မှာ ရပ်ထားတဲ့ ၆ဘီးကားကို ဝင်တိုက်ခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အဲဒီယာဥ်တိုက်မှုကြောင့် ခွေးဘီလူးကားပေါ်ပါ ခရီးသည်အချို့ ညပ်နေလို့ ကူညီကယ်ဆယ်ခဲ့ရပြီး ကားပေါ်ပါ အမျိုးသမီး ၈ ဦး၊ အမျိုးသား၂ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကာ အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကိုင်းဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
◾️မြဝတီတောင်ဘက်မှာ တိုက်ပွဲပြန်ဖြစ်
ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကျောက်ခက်နယ်မြေအနီးရှိ သဲဖြူချောင်းရွာဝန်းကျင်မှာ ထိုးစစ်ဆင်လာနေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့ ဒီလဆန်းပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ မြ၀တီမြို့ရဲ့တောင်ဘက်ခြမ်းက သဲဖြူချောင်းရွာဆီ လေးကေကော်မြို့သစ်ဘက်ကနေ စစ်တပ်စစ်ကြောင်းတွေဟာ တောင်ပေါ်တောလမ်းအတိုင်း ဆင်းလာပြီး ထိုးစစ်ဆင်နေတာဟာ သုံးလခန့်ရှိလာပါပြီ။ အောက်တိုဘာ ၄ရက် မနေ့ကတော့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ သဲဖြူချောင်းရွာဟာ ကျောက်ခက်ရွာရဲ့ အနောက်မြောက်ဘက်ခြမ်းမှာတည်ရှိတာပါ။ သဲဖြူချောင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်တပ်စစ်ကြောင်းတွေ အကြိမ်ကြိမ်ထိုးစစ်ဆင်လာခဲ့ပေမယ့် ပြန်ဆုတ်သွားခဲ့ရတယ်လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်က လေကြောင်းကနေ သဲဖြူချောင်းရွာဝန်းကျင်တဝိုက်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်သွားခဲ့တယ်လို့လည်း ကရင်သတင်းရင်းမြစ်က ဆိုပါတယ်။
◾️ရွှေကူ-ငါးအိုး လမ်းပိုင်းကို ပြည်သူတွေသွားလာခြင်းမပြုဖို့ KIA ထပ်မံ သတိပေး
တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရွှေကူ-ငါးအိုးလမ်းမကြီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)က ပိတ်ပင်ထားတာဖြစ်တဲ့အတွက် ပြည်သူများအားလုံးအနေနဲ့ အဲဒီ လမ်းမကြီးကို သွားလာလှုပ်ရှားခြင်းမပြုကြဖို့ KIA တပ်ရင်း(၁၂) တပ်ရင်းမှူးက အောက်တိုဘာ ၅ရက်မှာ သတိပေးချက် ထပ်မံ ထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ် ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ဇွန်လ ၈ရက်ကစတင်ပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတဲ့ အခြေအနေမှာ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်ကို လိုက်နာဖို့ သတိပေးခဲ့တာပါ။ ရွှေကူနဲ့ ငါးအိုးကို သွားလာမယ်ဆိုရင် KIO/KIA သတ်မှတ်ထားတဲ့ လမ်းအတိုင်းသာ သွားလာဖို့လည်းဖော်ပြထားပါတယ်။
◾️ထီးချိုင့်-အင်းတော်လမ်းပိုင်း စစ်တပ် ထိုးစစ်ဆင်လာ

👍21🖕4❤3🤣2
စစ်ကိုင်းတိုင်း၊ ထီးချိုင့်-အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာ ၅ရက် ဒီနေ့ ညနေပိုင်းက ထီးချိုင့်မြို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တံဆိပ်ပါ ကား ၁၁စီး ထီးချိုင့်မြို့တွင်းကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်းတော်မြို့ဘက်ကနေလည်း စစ်တပ် စစ်ကြောင်းထိုးလာပြီး လက်ရှိစစ်တပ်က ဆည်ရွာကို ရောက်လာတယ်လို့ သိရပါတယ်။ အရင်က အင်းတော်မြို့နယ်ကို ပြန်လည်ထိန်းချုပ်ခဲ့တဲ့ စစ်တပ်ရဲ့တပ်မ(၃၃)လက်အောက်ခံ ခမရ(၁၁၁)တပ်ရင်းလည်း ထီးချိုင့်မြို့တွင်းမှာရှိနေတယ်လို့ သိရပါတယ်။
◾️မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ မလေးရှားရဲ့ ဆုံးဖြတ်ချက်ကို APHR ရှုတ်ချ
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့တဲ့ မလေးရှား အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံရဲ့လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။ မင်းအောင်လှိုင်ဟာ အောက်တိုဘာ ၆ ရက်မှာမလေးရှားကိုတရားဝင် အလည်အပတ် ခရီးစဉ်သွားရောက်မှာဖြစ်ပါတယ်။ မလေးရှားရောက် ရွှေ့ပြောင်း မြန်မာဒုက္ခသည်တွေကို ပြန်ပို့ရေးကိစ္စဆွေးနွေးဖို့အတွက်မင်းအောင်လှိုင်ကို ဖိတ်ခေါ်မယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားထားပါတယ်။ APHRကတော့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ပြီး တရားဝင်တွေ့ဆုံတယ်ဆိုတာက သူဦးဆောင်တဲ့ စစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို လက်ခံလို့ ရပါတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်သွားနိုင်ကြောင်း မလေးရှား အစိုးရကို ရည်ရွယ်သတိပေးခဲ့ပါတယ်။
◾️တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၂ ပေကျော်နေဆဲ
တနင်္သာရီမြစ်ရေဟာ ပြန်လည်ကျဆင်းနေပေမယ့် တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၂ ပေကျော် မြင့်တက်နေဆဲဖြစ်ပြီး မြိုခံတွေ ရေဘေးရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီနေ့ အောက်တိုဘာ ၅ရက် မနက်ပိုင်းမှာ တနင်္သာရီမြစ်ရေဟာ ၁၉ပေအထိမြင့်နေပြီး ဒါဟာ စိုးရိမ်ရေမှတ်ထက် ၂ပေကျော်မှာ ရှိနေတာပါ။ တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်အဖြစ် ၁၇ပေ သတ်မှတ်ထားတာပါ။ အောက်တိုဘာ ၁ ရက်က တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့မှာ ပေ ၃၀နဲ့ ၂လက်မအထိ မြင့်တက်ခဲ့ပြီး တစ်မြို့လုံး ရေကြီးနစ်မြုပ်ခဲ့ပါတယ်။
◾️ချင်းတိုင်းရင်းသားတစ်ဦးကို NUG ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးခန့်အပ်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ဒေါက်တာ မားငိုက်ဆန်းငါကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။ ဒီနေ့ အောက်တိုဘာ ၅ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ မှာ CRPHက NUG ပညာရေး ဒုဝန်ကြီးတဦး ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့သလို ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ CRPHက ပေးပို့တဲ့ သဝဏ်လွှာမှာ လက်ရှိ အခြေအနေတွေမှာ ပညာသင်ကြားမှု အခန်းကဏ္ဍဟာ ကြီးမားတဲ့ ပြောင်းလဲမှုနဲ့အတူ စိန်ခေါ်မှု အမျိုးမျိုး ရင်ဆိုင်နေရပေမယ့် CDM ဆရာ၊ ဆရာမများ အနေနဲ့ ကြားကာလ ပညာသင်ကြားမှု အခန်းကဏ္ဍ မှာ မြေပြင် အခြေပြု သင်ကြားမှု၊ အွန်လိုင်း သင်ကြားမှုတွေနဲ့ လူထုနဲ့အတူ ဆက်လက် လှုပ်ရှား ဆောင်ရွက်လျက်ရှိတဲ့အတွက် ရပ်တန့်မနေတဲ့ သင်ကြားမှု၊ သင်ယူမှု လမ်းကြောင်းကို အခိုင်အမာ တည်ဆောက်ထားနိုင်တယ်လို့ ဖော်ပြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို စနစ်တကျ အုတ်မြစ်ချ တည်ဆောက်ကာ အဓမ္မ တရားအား ဆန့်ကျင်လျက် ဓမ္မဘက်မှာ ခိုင်မာ တည်ကြည်စွာ ရပ်တည်နေကြတဲ့ CDM ဆရာ၊ ဆရာမများနဲ့အတူ ကမ္ဘာတဝှမ်းရှိ မျိုးဆက်သစ်တို့အား အသိပညာများ မျှဝေသင်ကြား ပြုစုပျိုးထောင်ပေးနေကြတဲ့ ဆရာ၊ဆရာမတွေရဲ့ ဂုဏ်အရည်အချင်း တို့အား လေးစားစွာ ဦးညွှတ်ကြောင်းလည်း CRPHက ဖော်ပြပါတယ်။
◾️ထောင်ဒဏ် နှစ် ၂၀ကျော် ချခံထားရတဲ့ ဆေးမန်းက CDM ဆရာမ ကွယ်လွန်

👍20🖕3🤣2❤1
မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ် နှစ် ၂၀ကျော် ချမှတ်ခံထားရတဲ့ ဆေးတက္ကသိုလ်(မန္တလေး)က CDM ဆရာမ ဒေါ်ခင်သီတာ အကျဥ်းထောင်တွင်းမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ မန္တလေး ဆေးတက္ကသိုလ်၊ ရောဂါဗေဒဌာန၊ ဓါတ်ခွဲခန်းမှူး CDM ဆရာမ ဒေါ်ခင်သီတာဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးခံရပြီး မန္တလေး အိုးဘိုထောင်အတွင်း အကျဉ်းကျနေချိန် ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က ကျဆုံးသွားကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)က ထုတ်ပြန်ပါတယ်။ ဆရာမဒေါ်ခင်သီတာဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေစဉ် လုံလောက်စွာ ဆေးကုသမှုမရခဲ့တာကြောင့် ကျဆုံးခဲ့ရတာဖြစ်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီက အသိပေးပါတယ်။ ဆရာမဟာ စက်တင်ဘာ ၂၇ ရက် ည ၁ဝ နာရီမှာ မူးလဲခဲ့ပြီး အချိန်မီဆေးရုံမပို့ပေးဘဲ မနက် အသက်ပျောက်ခါမှ ဆေးရုံပို့တယ်လို့ ကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် မမေနှင်းက ပြောပါတယ်။ ဆေးရုံးက ဆီးချိုတက်လို့ဆိုပြီး စာထုတ်ပေးပြီး ဆေးမှတ်တမ်းကို သေချာကြည့်ရှုခွင့်မပေးဘဲ ခဏပဲ ပြသတယ်လို့ မမေနှင်းက ရှင်းပြပါတယ်။ ဆရာမ ဒေါ်ခင်သီတာဟာ ၂၀၂၃ ခုနှစ် သြဂုတ် ၁၅ ရက်က ဖမ်းဆီးခံခဲ့ရပြီး အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ပုဒ်မ ၅၀ (ည)၊ ၅၂ (က) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၂နှစ် အထိ မတရားချမှတ်ထားကြောင်း သိရပါတယ်။
◾️နယ်စပ်မြို့ မြဝတီမြို့မှာပေါ်တာဆွဲနေ
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက စတင်ပြီး အာဏာသိမ်းစစ်တပ်နဲ့ လက်ဝေခံ ပြည်သူ့စစ်အဖွဲ့က နေ့ခင်းကြောင်တောင်ပေါ်တာဆွဲသလို ညပိုင်းတွေမှာလည်း ကားတွေနဲ့ ပတ်ပြီး ပေါ်တာဆွဲနေတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မြဝတီမြို့ မှာ လူလတ်ပိုင်းအရွယ်တွေ အဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးတာတွေ ခပ်စိပ်စိပ် ရှိလာပြီး မြို့တွင်းမှာဆိုရင် ည ၇ နာရီအချိန်လောက်ကစတင်ကာ လူအသွားအလာ ကြဲသွားပြီး ခြောက်ကပ်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ပေါ်တာဆွဲခံရသူအများစုဟာ မြဝတီမြို့ခံတွေမဟုတ်ဘဲ တနယ်တကျေးကနေ လာရောက်လုပ်ကိုင်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် မြဝတီမြို့ အမှတ်(၅) ရပ်ကွက်မှာ လူငယ်နှစ်ဦးကို အရပ်ဝတ်တွေက ပေါ်တာဆွဲသွားတယ်လို့ အခြားသော မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
◾️ဖာပွန်ခရိုင်မှာ စက်တင်ဘာတိုက်ပွဲတွေအတွင်း စစ်တပ် ၅၀ နီးပါး သေဆုံး
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှာ စက်တင်ဘာအတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁ရက်ကနေ ၃၀ရက်အထိ စစ်ရေးအခြေအနေတွေကို ကရင်ဘာသာနဲ့ ထုတ်ပြန်ခဲ့ရာ ကရင်သတင်းရင်းမြစ်တဦးက ဘာသာပြန်ရှင်းပြထားပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၀၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးကာ ၂၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ စစ်တပ်က ထိခိုက်သူတွေထဲမှာ အရာရှိအချို့ ပါဝင်ကြောင်းလည်း တပ်မဟာ(၅)က ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်ထံက လက်နက် ၁၃လက်နဲ့ ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်တပ်ရဲ့ သေဆုံးထိခိုက်မှု အရေအတွက်နဲ့ ပတ်သက်လို့ People’s Spring အနေနဲ့ သီးခြားမပြုနိုင်သေးပါဘူး။
◾️စစ်ကိုင်းက ရဲလေ့ကျင့်ရေးကျောင်း သင်တန်းဆင်းပွဲ တိုက်ခိုက်ခံရ
စစ်တပ်လက်အောက်ခံ စစ်ကိုင်းမြို့က ရဲလေ့ကျင့်ရေးကျောင်း သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက် မနက် ၁၀ နာရီခန့်က စစ်ကိုင်းမြို့ အမှတ် (၃) ရဲလေ့ကျင့်ရေးကျောင်းမှာ သင်တန်းဆင်းပွဲပြုလုပ်နေချိန် ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲလုပ်နေတဲ့ ကွင်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် ညနေ ၃ နာရီခန့်မှာလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ စစ်ကိုင်း တပ်မ (၃၃)ကို သွားတဲ့ စစ်တပ်ရဲ့ ၇ စီးပါ ယာဉ်တန်းကို လုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုဝင်တွေကိုလည်း ရဲတပ်ရင်း (၁၆)အနီးမှာ လက်နက်ကြီး ၃ လုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)က ထုတ်ပြန်ပါတယ်။

👍27❤3🤣2🖕2
ကျောက်ဖြူ တောင်မော်ဦးအနီးတိုက်ပွဲပြင်းထန်
●စစ်တပ်အရာရှိနဲ့မိသားစုအချို့မြို့ပေါ် ထွက်ပြေး၊စစ်သုံ့ပန်းအချို့ကို AAဖမ်းမိ
အောက်တိုဘာ-၅၊၂၀၂၆။ခိုင်မြတ်/People's Spring
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်က လက်နက်ချ၊ အညံ့ခံသူအချို့ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းရဲ့ကာကင်းတွေရှိရာအ၀တောင်ဝန်းကျင်စခန်းတွေကို အာရက္ခတပ်တော်( AA )က ထိုးစစ်ဆင်တိုက်ခိုက် နေတာဖြစ်ပြီးအခုရက်ပိုင်းတိုက်ပွဲအတွင်း လက်
နက်ချသူ ၄ ဦးရှိပြီး နက်ခဲယမ်းအချို့ သိမ်း
ဆည်းရမိ တယ်လို့သိရပါတယ်။
“ဒီဘက်မှာကတော့တိုက်ပွဲကတော့တော်တော်
ပြင်းနေတယ်။အဲဒီရေတပ်နားမှာဖြစ်နေတာ။ တပ်ကြပ်ကြီးအပါ အဝင် ၄ ယောက် ဖမ်းလို့ရထားတယ်။ လက်နက်ခဲယမ်းတွေလည်းရတယ်။တပ်ကဆုတ်သွားလို့ ရလိုက်တာ” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
ပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ ကျောက်တော်မြို့ဗုံးကြဲမှုအပြီး AA က အရှိန်မြှင့်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က မြို့ပေါ်တပ်ရင်းတွေကနေ တောင်မော်ဦးရေတပ်စခန်းဆီ စစ်သင်္ဘော နှစ်စီးနဲ့ အင်အားဖြည့်နေသလို တောင်မော်ဦးရေတပ်စခန်းမှ စစ်တပ်အရာရှိတွေကိုလည်း ကျောက်ဖြူမြို့ပေါ်ဆီပို့နေ တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
“၃ ရက်နေ့ကသင်္ဘောနှစ်စီးနဲ့ စစ်ကူသွားပို့တယ်။အဲဒီကကောင်တွေကိုလည်းမြို့ပေါ်ကို ပြန်ခေါ်လာတယ်ကြားတယ်။ မြို့ထဲက ခလရ (၃၄)ကို ပြောင်းနေကြတယ်ကြားတယ်။ ဗိုလ်အဆင့်တွေနဲ့ မိသားစုတွေတောင်ပြေးလာကြတယ်တဲ့။ရဲစခန်းကသတင်းကြားရတာ။ တိ
တိကျကျတော့ ကိုယ်လည်း မြင်တာ မဟုတ်ဘူး” လို့ ကျောက်ဖြူ မြို့ခံတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်းအထိနာနေတဲ့ စစ်တပ်ဟာ တိုက်လေယာဉ်၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့ လေကြောင်းကဆက်တိုက် ဗုံးကြဲနေ သလို သံဇစ်မြစ်ပေါ်ရှိ စစ်သင်္ဘော တွေကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
“လေယာဉ်မကြဲတဲ့နေ့မရှိဘူး။စနဲနားကရွာတွေဆို ထောင်းထောင်းကြေနေလောက်ပြီ” လို့ ကျောက်ဖြူဒေသခံ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကတောင်မော်ဦးရေတပ်စခန်းအနီး အ၀
တောင်စခန်းကနေ ရှေ့တိုး ထိုးစင်ဆင်ဖို့ ကြိုး
စားလာခဲ့ပြီး အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကြောင်းလန်ကျခဲ့ပါသေးတယ်။ အဲဒီနောက်ထပ်မံအင်အားဖြည့်ပြီး စစ်ကြောင်းထိုးခဲ့တာကြောင့် စစ်တပ်ဘက်က တပ်စခန်းငယ်တခု လက်လွှတ်ခဲ့ရ ပါတယ်။
ကျောက်ဖြူအပြင် စစ်တွေမြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာနေတယ်လို့ မြေပြင်သတင်းရင်း
မြစ်တွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတ တားပေါ်တို့ကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် မွေးခါနီး ကိုယ်ဝန်ဆာင်အမျိုးသမီး၊ မွေးပြီးစ မိနစ်ပိုင်းအကြာ ရင်သွေးငယ်အပါ
အဝင် အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီလို ကြီးမားပြီး စစ်ရာဇဝတ်မှုမြောက်တဲ့၊ အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ အကြမ်း
ဖက်ဗုံးကြဲ တိုက်ခိုက်မှုဖြစ် စဉ်တွေအတွင်း အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီး ပစ်ခတ်တိုက်ခိုက်သူတွေနဲ့ ပါဝင်ပက်သက်သူတွေအားလုံး၊ ပက် သက်ဆက်နွယ်တဲ့ အဖွဲ့အ
စည်းတွေအားလုံးကို အထူးမှတ်တမ်းတင်ထားသလို တူညီပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုမျိုး မနှေးမကြာအချိန်အတွင်း လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်(AA)က သတိပေးထုတ်ပြန်ပါတယ်။
အဲဒီလိုထုတ်ပြန်ပြီးနောက်မှာပဲ AA ဟာ စစ်တွေ နဲ့ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို ထိုးစစ်အရှိန် မြှင့်ကာ တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်
ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူး တိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစပြီး တန်ပြန်
ထိုးစစ်ဆင်နေခဲ့ပါတယ်။
ထိုးစစ်တစ်လကျော်အတွင်းစစ်တပ်က AA စခန်းတစ်ခုမှ မသိမ်းနိုင်ဘဲ စစ်တွေမြို့နယ်ကစစ်တပ်စခန်း ၉ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၁ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း စစ်တပ်စခန်း၊ကာကင်း ၁၁ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး သေဆုံးသူ ရာချီ ရှိနေပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
အထိနာနေတဲ့စစ်တပ်ဟာလေယာဉ်အုပ်လိုက်အသုံးပြုပြီး ဈေးတွေ ၊စစ်ဘေးရှောင်စခန်းတွေအပါအဝင် အရပ်သားနေထိုင်ရာတွေကိုပါပစ်မှတ်ထားပြီး လေကြောင်းကဗုံးကြဲ
သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
#တောင်မော်ဦးရေတပ် #ကျောက်ဖြူ
#စစ်တပ်အရာရှိတွေမြို့ပေါ်ထွက်ပြေး
#AA #peoplesspring #ludunwayoo

❤45👍13👏7🤣4🖕2👎1🥰1💩1
ရန်ကုန်မှာ တစ်ပတ်အတွင်း ပေါ်တာဆွဲခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ RSN ထုတ်ပြန်
အောက်တိုဘာ-၆၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၈ ကနေ အောက်တိုဘာ ၄ ရက် အတွင်း ရန်ကုန်မြို့ရဲ့ မြို့နယ် ၁၀ ခုကနေ ဖမ်းဆီးခံရသူ ၃၄ ဦးရှိတယ်လို့ RSN က ထုတ်ပြန်ထားပါတယ်။
RSN ကရရှိထားတဲ့စာရင်းတွေအရ ကျောက်တံတားမြို့နယ်မှာ ၁၀ ဦး၊ ကမာရွတ်မြို့နယ်မှာ ၆ ဦး ၊စမ်းချောင်းမြို့နယ်မှာ ၅ ဦး ၊ အင်းစိန်မြို့နယ်မှာ ၅ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ၂ ဦး ၊ အရှေ့ဒဂုံ ၊ မြောက်ဒဂုံ ၊သာကေတ ၊တာမွေ ၊လှိုင်နဲ့ အခြားမြို့နယ် တစ်ခုက ၁ ဦးစီ ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။
"ဒီတိုင်း ဆွဲတာများလာတာပါ။ စည်ပင် ကြို/ပို့ ကားပေါ်တင်ခေါ်သွားတာတွေတော့ ထူးထူးခြားခြားတွေ့မိပါတယ်။တခြားဖြစ်စဉ်တွေကတော့ လမ်းမပေါ် ရှိနေတုန်း ဆွဲခံကြရတာပါဗျ။ အရင်လို အရပ်ကား ရဲကား စစ်ကား အစုံပါပဲ။" လို့ RSN ရဲ့ တာဝန်ရှိသူကပြောပါတယ်။
လတ်တလော ရန်ကုန်မြို့မှာ အဖမ်းအဆီးများဦးမယ်လို့ ယူဆပြီး နေအိမ်တွေအထိ လိုက်ခေါ်တာတွေလည်း ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းအပတ်စဉ်သစ်စတင်ခါနီး အချိန်တိုင်း ရန်ကုန်မြို့မှာစစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူတွေများပြားလေ့ရှိပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုအောက်တိုဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ၂၀၂၄ ဇူလိုင်ကနေ ၂၀၂၆ သြဂုတ်အတွင်း ပြည်သူ့စစ်မှုထမ်း(ပစ) အပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား (၁၃၅,၀၈၀) ခန့်ကို အဓမ္မစုစည်းခဲ့ကြောင်း၊ ယခုအခါ ၎င်းအင်အားကို အသုံးချပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း(ပစ) အင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတာကို တွေ့ရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က အသိပေးခဲ့ပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်အခြေအနေကိုကြည့်ရင် ပြည်သူ့စစ်မှုထမ်း(ပစ) သိန်းချီ အင်အားကို အလောင်းအစားပြုပြီး ကမူးရှုးထိုး ထိုးစစ်ဆင် ဆောင်ရွက်နေပေမဲ့ ဘယ်စစ်မျက်နှာမှာမှ လိုရာမရောက်ဘဲ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိရောက်တဲ့ တိုက်ခိုက်ချေမှုန်းမှုတွေကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များပြားနေတာကို တွေ့ရကြောင်း၊ ၎င်းထိခိုက်ဆုံးရှုံးမှုတွေအနက် အများစုမှာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)များ ဖြစ်တာကိုလည်း တွေ့ရကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးပါတယ်။
ဒါ့ကြောင့် အရွယ်ရောက်ပြီး လူငယ်တွေ အနေနဲ့လည်း စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရမယ့်အရေးကို နည်းလမ်းစုံသုံးပြီး ရှောင်ရှားကြဖို့ လိုအပ်နေကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ အသိပေးပါတယ်။

❤16👍13🤬10👎2🔥2🤣2👏1🖕1
ပေါ်တာဆွဲကြမ်းနေတဲ့ စစ်ကိုင်းမှာ စစ်တပ်က ဘုရားပွဲတွေ ပြန်လုပ်ခိုင်းနေ
အောက်တိုဘာ ၆၊ ၂၀၂၆။ ဇေအောင်/People's Spring
ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေတဲ့ စစ်ကိုင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ဘုရားပွဲတော်တွေ ပြန်လည်ကျင်းပခိုင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းကာလအတွင်း ဘုရားပွဲတွေ ကျင်းပခြင်းမရှိတော့တဲ့ စစ်ကိုင်းမြို့ပေါ်မှာ စစ်တပ်က ယခုနှစ် ဝါတွင်းကစပြီး ဘုရားပွဲတွေ ပြန်လည်ကျင်းပစေခဲ့ပြီး အခြားဘုရားပွဲတွေကိုလည်း ပြန်လည်ပြုလုပ်ခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းက ပတ္တမြားစေတီဘုရားပွဲ၊ ယခုအောက်တိုဘာဆန်းမှာ ထူပါရုံဘုရားပွဲနဲ့ လာမယ့်သီတင်းကျွတ်၊ တန်ဆောင်တိုင် ကာလတွေမှာလည်း ငါးထပ်ကြီးဘုရားပွဲနဲ့ ကောင်းမှုတော်ဘုရားပွဲတွေ ပြန်လည်ကျင်းပဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
"ငါးထပ်ကြီးနားမှာက စစ်တပ်က တပ်စွဲထားတာ။ ငါးထပ်ကြီးနားတောင် မကြာခဏ ပစ်ခတ်နေတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့မှာ စစ်တပ်က စစ်ကိုင်းတံတားဂိတ်နဲ့ မြို့နေရာအနှံ့ ပေါ်တာပတ်ဆွဲနေတာကြောင့် လူငယ်တွေ အပြင်ထွက်သွားလာတာ နည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။ စစ်ကိုင်းမြို့အပြင် မုံရွာမြို့မှာလည်း လာမယ့် သီတင်းကျွတ်မှာ ဘုရားကြီးပွဲကို ပြန်လည်ကျင်းပဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အေးချမ်းနေသယောင် ပုံရိပ်ကို တည်ဆောက်ဖို့အတွက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ပွဲလမ်းသဘင်ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်စေဖို့ အားပေးနေပါတယ်။

❤17🤮12👍6👎4🔥4👏1