People's Spring
✔
59.8K subscribers
72K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မုံရွာ-မန္တလေးလမ်းပိုင်းမှာ ယာဥ်တိုက်မှုဖြစ်ပြီး ခရီးသည် ၁၀ ဦး သေဆုံး

အောက်တိုဘာ ၅၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ရပ်ထားတဲ့ ၆ ဘီးကားကို ခွေးဘီလူးကားက ဝင်တိုက်လို့ ခွေးဘီလူးကားပေါ်ပါ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ အောက်တိုဘာ ၅ ရက် မနက် ၁၀ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ် ကျောက်ဆည်ကျေးရွာအနီးမှာ မုံရွာမြို့ဘက်ကနေလာတဲ့ ခွေးဘီလူး( SUBARU SAMBER)အဖြူရောင်ယာဥ်ဟာ မျက်နှာချင်းဆိုင် ယာဥ်ကြောပေါ်မှာ ရပ်ထားတဲ့ ISUZU (၆ဘီး)အဖြူရောင်ယာဥ်ကို ဝင်တိုက်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြော​ပါတယ်။

အဲဒီယာဥ်တိုက်မှုကြောင့် ခွေးဘီလူးကားပေါ်ပါ ခရီးသည်အချို့ ညပ်နေလို့ ကူညီကယ်ဆယ်ခဲ့ရပြီး ကားပေါ်ပါ အမျိုးသမီး ၈ ဦး၊ အမျိုးသား၂ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကာ အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

"ခွေးဘီလူးကားက မုံရွာဘက်ကနေလာတာ။ အဲဒါကို လမ်းဘေးရပ်ထားတဲ့ ဘောက်ကား(၆ဘီးကား)ကိုဝင်တိုက်တာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကိုင်းဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ၊ တိုက်ပွဲတွေကြောင့် လမ်းပိုင်းကြန့်ကြာမှုတွေ ရှိနေပြီး အချိန်ကြာမြင့်စွာ သွားလာနေရလို့ လမ်းရှင်းတာနဲ့ အမြန်မောင်းတဲ့ယာဥ်တွေလည်း ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ် မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီးမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးခရီးသည်တင်မော်တော်ယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် အမျိုးသမီး ၁ဦး မိုင်းစထိမှန်ကာ သေဆုံးခဲ့ပါသေးတယ်။
😢32❤7🔥4👍1👎1👏1
(ယာဥ်တိုက်မှုကြောင့် ပျက်စီးသွားသော ယာဥ်အား တွေ့ရစဥ်။ ဓါတ်ပုံံ-ထုံးဘိုအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့)
😢20🔥13👍1👎1
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

ဒါပေမယ့်စစ်အာဏာသိမ်းပြီးတဲ့နောက်အခုခေတ်မှာ လူငယ်တစ်ယောက်ရဲ့ ထွက်ခွာခြင်းဟာ “အလုပ်ရှာဖို့” ဆိုတာမျိုး မဟုတ်‌တော့ဘူး။ စစ်မှုထမ်းအတွက် အဖမ်းဆီးမခံရအောင် အသက်ဘေးအတွက် ပြေးရတာဖြစ်သွားပြီ။

တရားဝင် အစီအစဉ်တွေနဲ့ သွားလို့ရတဲ့လူငယ်တွေကသွားကြတယ်။ တရားဝင်သွားဖို့မလွယ်တဲ့ သူတွေက တရားမဝင် နယ်စပ်ဖြတ်ကြတယ်။မူစတာဖာတို့လိုပဲနယ်စပ်ဖြတ်ပေးတဲ့ မှောင်ခိုကားတွေနဲ့ အန္တရာယ်လမ်းကို ရွေးချယ်ကြရတယ်။ အပြည့်အသိပ် လူတွေကို တင်လာလို့ အသက်ရှုလို့မရ ဖြစ်ကြရတာတွေ၊ အဲလိုကားတွေ မှောက်လို့ အသက်ဆုံးရတာတွေ၊ ကားတစီးလုံး ဖမ်းဆီးခံလိုက်ရတာ တွေကို မကြာခဏ သိနေရတယ်။ ကားထဲက လူတွေအတွက်ကားကလွတ်မြောက်ရာလမ်းလည်း ဖြစ်နိုင်တယ်။

ကားက ဖမ်းဆီးခံရမယ့်နေရာလည်း ဖြစ်နိုင်တယ်။ ကားက အသက်ရှင်ဖို့ မျှော်လင့်ချက်လည်း ဖြစ်နိုင်တယ်။တစ်ချိန်တည်းမှာ အသက်အန္တရာယ်လည်း ဖြစ်နိုင်တယ်။ ဒီနှစ်မျိုးကြားက မသေချာမှုဟာ 200 Meters က ကားတစ်စီးအတွင်းမှာနဲ့ ထိုင်းနိုင်ငံ ကန်ချနာဘူရီ (Kanchanaburi) က မြန်မာတွေပါတဲ့ ကားတစီးအတွင်းမှာနဲ့ အတူတူပါပဲ။

မြန်မာ–ထိုင်းနယ်စပ်ကို ဖြတ်ရင်ရော စစ်ဆေးရေးဂိတ်တခုမှာ ကားတစ်စီးကိုရပ်လိုက်တာနဲ့ဖိအားက အတူတူပါပဲ။ ဘယ်သူတွေလဲ။ စာရွက်စာတမ်းရှိလား။ ဘယ်ကလာတာလဲ။ ဘယ်ကိုသွားတာလဲဆိုတဲ့ မေးခွန်းတွေဟာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ချက်ချင်းပြောင်းသွားစေနိုင်တာပါ။ အပြင်ကကြည့်တဲ့ သူတယောက်အတွက်နယ်စပ်ဖြတ်ကျော်ခြင်းဆိုတာဇာတ်လမ်းတခုဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကားထဲက လူတယောက်အတွက်တော့ “ငါ့ဘဝ” ပါ။

ပါလက်စတိုင်း ဒရိုက်တာက ပါလက်စတိုင်းသရုပ်ဆောင်တွေနဲ့ ပါလက်စတိုင်းမှာပဲ ရိုက်ခဲ့တယ်။ တကယ့် check point ကို ခက်ခက်ခဲခဲ ရိုက်ခဲ့တယ်။ ခွဲခြားရေးနံရံကြီး (Separation Wall) ကို မြင်ရစေတယ်။ ပြီးတော့ဒါရိုက်တာ အမီးန် နေဖေ့ ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကလည်း ဒီရုပ်ရှင်နဲ့ နီးနီးကပ်ကပ် ဆက်နွယ်နေတယ်။

သူ့ရဲ့အမေက separation wall ကြီးရဲ့ တဖက်က ပါလက်စတိုင်းရွာက။ နံရံကြီးမဆောက်ခင်က တဖက်က အဖိုး အဖွားနဲ့ ဦးလေး အဒေါ်တို့ဆီကို တက္ကစီ စီးပြီးသွားလို့ရခဲ့တယ်။ နံရံတည်ဆောက်ပြီးနောက် သွားဖို့မလွယ်ကူတော့ဘူး။သူ့မိသားစုရဲ့တစ်စိတ်တစ်ပိုင်းနဲ့ ရုတ်တရက် ခွဲခြားခံလိုက်ရပါတယ်။သူက အဲဒီအတွေ့အကြုံကို ကလေးဘဝရဲ့ “trauma” တစ်ခုလို့ ပြောခဲ့တယ်။ နံရံကြောင့် သူ့အဖွားရဲ့ နောက်ဆုံးအချိန်တွေမှာ သူ့အဖွားနဲ့အတူ ရှိခွင့် မရခဲ့ဘူးလို့ သူက ပြောပါတယ်။ ရရှိခဲ့တဲ့ ခွင့်ပြုချက်က ၈ နာရီသာဖြစ်ပြီး အဲဒီအချိန်အတွင်း အဖွားနဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ရတယ်လို့ Al Jazeera ရဲ့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။ “200 meters” ဟာ သူ့ဘဝတိုက်ရိုက်မဟုတ်ပေမယ့် ‘၂၀၀ မီတာ’ ဆိုတဲ့ အကွာအဝေးကို ရုပ်ရှင်ထဲမှာ လူသားတွေရဲ့ ခွဲခွာမှုအဖြစ် ပြန်လည်ဖန်တီးဖို့ တွန်းအားပေးခဲ့တာပါ။

ပါလက်စတိုင်းနဲ့ မြန်မာကို တူတယ်လို့ မပြောပါဘူးသမိုင်းမတူဘူး။ နိုင်ငံရေးအခြေအနေမတူဘူး။ နယ်စပ်စနစ်မတူဘူး။ လူတွေရဲ့ အကြောင်းပြချက်တွေလည်း မတူပါဘူး။ ဒါပေမယ့် နယ်စပ်တစ်ခုက လူတစ်ယောက်ရဲ့ ခရီးကို အန္တရာယ်များတဲ့ ခရီးတစ်ခု ဖြစ်အောင်လုပ်နိုင်တာချင်းတူပါတယ်။ အဲဒီခဏမှာ လူတစ်ယောက်ရဲ့ “ခရီး” ဟာ သူ့ဘဝတစ်ခုလုံး ဖြစ်သွားနိုင်တာမျိုးပါ။

“200 Meters” ရဲ့ ၂၀၀ မီတာကလည်း အဲဒါပါပဲ။ မီတာနဲ့တိုင်းလို့ရတဲ့ အကွာအဝေးမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်၊ လုံခြုံရေး၊ မိသားစုနဲ့ အနာဂတ်ကြားက အကွာအဝေး။ ပြီးတော့ မြန်မာလူငယ်တချို့တွေ အတွက်လည်း နယ်စပ်ဟာ မြေပုံပေါ်က မျဉ်းတစ်ကြောင်းထက် ပိုနေပါပြီ။ တစ်ဖက်မှာ မနေသာတဲ့ဘဝ။ တစ်ဖက်မှာ မသေချာတဲ့အနာဂတ်။အဲဒီနှစ်ဖက်ကြားမှာတော့လူမှောင်
ခိုကားတစ်စီး။ အဲဒီကားပေါ်မှာ ထိုင်နေတဲ့လူတွေကတော့ သတင်း‌ခေါင်းစဉ်တခု ထဲက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ (illegal migrant) ဆိုတဲ့ စကားလုံးတစ်လုံးထက် အများကြီး ပိုပါတယ်။ သူတို့ဟာ သူတို့ဘဝ ဆုံးရှုံးရမှာစိုးရိမ်လို့ ခရီးထွက်လာတဲ့ လူတွေ ဖြစ်ပါတယ်။



https://www.ludunwayoo.com/opinion-mm/2026/10/05/170092/
👍37❤2🤮2👎1🥰1
ကျွန်းလှနယ်ထဲက တပိုင်တနိုင်​ရွှေ​မျှော​တွေကို စစ်တပ်​လေ​ကြောင်းတိုက်ခိုက်ပြည်သူ ​သေဆုံးထိခိုက်မှုများ

​အောက်တိုဘာ-၅၊၂၀၂၆။အိမ်သွင်/People's Spring

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်း
ကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေ
ကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်
သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

အောက်တိုဘာလ ၅ရက် မွန်းလွဲ ၁နာရီ၂၀မိ
နစ်ခန့်ကစပြီး ဂျက်ဖိုက်တာနဲ့ အတွဲလိုက်ဗုံးကြဲတာ ၊ပစ်ခတ်တာ​တွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

" နေ့ခင်းကပစ်ပြီးနားသွားတယ်။ အခုညနေ ၄နာရီကျော်ကစပြီးတစ်စီးပြီးတစ်စီး ပစ်နေတာ။ ၂၀‌လောက်အထိ ထိခိုက်ထားတယ်လို့ ကြားတယ်။ ဒေသခံတွေလေ။ ပြေးစရာမြေမှ မရှိတာ"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်ရဲ့ဟုမ္မလင်းလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

ကျွန်းလှနဲ့ တန့်ဆည်အပါအဝင်စစ်ကိုင်းတိုင်း
ထဲကမော်လူး၊ဗန်းမောက်၊အင်းတော်၊ဝန်းသို၊ကောလင်း၊ပင်လည်ဘူး၊ဖောင်းပြင်၊မော်လိုက်၊ခမ်းပါတ်နဲ့တမူးမြို့နယ်တွေကို ဗုံးကြဲဖို့အတွက် စစ်‌ကောင်စီကဟုမ္မလင်းလေတပ်ကိုအများဆုံးအသုံးပြုနေပါတယ်။

ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ ဟုမ္မလင်းလေတပ်ကို အဓိကအသုံးပြုနေတဲ့အတွက် လေကြောင်း အန္တရာယ်ကိုအထူးဂရုပြုကြဖို့ ကချင်လွတ်
လပ်ရေးတပ်မတော်(KIA)က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့မတ်လ၁၅ရက်ညနေကလည်းသဖန်း
ဆိပ်ဆည်ထဲကရွှေမျောတွေကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲပြီး ရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွားလို့ဒေသခံ၁၃ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
🤬45❤7😢3👏2👍1
စစ်တပ်ဗုံးကြဲလို့ ဒဏ်ရာရသူကို ကူညီဖို့ကြိုးစား​နေတဲ့​ပြည်သူ​တွေ။ဓါတ်ပုံ-​ပေးပို့
🤬46😁5👍3😢3👏2❤‍🔥2❤1
စစ်တပ်ဗုံးကြဲလို့ ဒဏ်ရာရသူ​တွေကို ကူညီဖို့ကြိုးစား​နေတဲ့​ပြည်သူ​တွေ။ဓါတ်ပုံ-​ပေးပို့
😢39❤3👍3😁2🤣1
ဖာပွန်ခရိုင်မှာ စက်တင်ဘာတိုက်ပွဲတွေအတွင်း စစ်တပ် ၅၀ နီးပါး သေဆုံး

အောက်တိုဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှာ စက်တင်ဘာအတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁ရက်ကနေ ၃၀ရက်အထိ စစ်ရေးအခြေအနေတွေကို ကရင်ဘာသာနဲ့ ထုတ်ပြန်ခဲ့ရာ ကရင်သတင်းရင်းမြစ်တဦးက ဘာသာပြန်ရှင်းပြထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၀၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးကာ ၂၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်တပ်က ထိခိုက်သူတွေထဲမှာ အရာရှိအချို့ ပါဝင်ကြောင်းလည်း တပ်မဟာ(၅)က ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်ထံက လက်နက် ၁၃လက်နဲ့ ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦးဟာ လက်နက်ကြီး ၁လက်၊ လက်နက်ငယ် ၁လက် ယူလာပြီး KNLAထံ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်မှု အနည်းငယ်ရှိခဲ့ကြောင်း အသိပေးထားပါတယ်။

အထိနာတဲ့ စစ်တပ်က တပ်မဟာ(၅)နယ်မြေကို ဒရုန်း၊လေယာဉ်၊ လက်နက်ကြီး တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ ပြည်သူ ၃ဦး ဒဏ်ရာရရှိကာ ပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ဆိုပါတယ်။

KNU ဗဟိုကလည်း တပ်မဟာ(၅)နယ်မြေအတွင်း စစ်ရေးအခြေအနေ အချို့ကို စက်တင်ဘာ ၃၀ရက်က ထုတ်ပြန်ခဲ့ရာ စက်တင်ဘာတိုက်ပွဲတွေအတွင်း စစ်ကောင်စီထံမှ လက်နက်ငယ် ၁၃လက် သိမ်းရခဲ့ကြောင်း အသိပေးပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ ဖာပွန်မြိို့ကို စစ်ကူပေးနိုင်ဖို့ စစ်ကြောင်းထိုးမှုတွေ အဆက်မပြတ် ပြုလုပ်နေလို့ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်မှာ စစ်တပ်အာဏာမသိမ်းမီက စစ်တပ်ရဲ့ တပ်စခန်း ၇၉ ကျော်ရှိရာ KNLA တပ်မဟာ(၅)ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ၅နှစ်ကျော်အတွင်းစစ်တပ်စခန်း ၇၀ ခန့် သိမ်းရထားတာမို့ တပ်မဟာ(၅)နယ်မြေမှာ ဖာပွန်ဗျူဟာအပါအဝင် တပ်စခန်း ၁၀ခု ဝန်းကျင်သာ ကျန်တော့တာဖြစ်ပါတယ်။
👍40❤13👏4👎1🤣1🖕1
(စက်တင်ဘာတိုက်ပွဲတွေအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်တွေ။ ဓာတ်ပုံ - Thoo Lei)
👍44❤16🤣3👎1🖕1
ပိတ်ထားတဲ့ ရွှေကူ-ငါးအိုး လမ်းပိုင်းကို ပြည်သူတွေသွားလာခြင်းမပြုဖို့ KIA ထပ်မံ သတိပေး

အောက်တိုဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရွှေကူ-ငါးအိုးလမ်းမကြီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)က ပိတ်ပင်ထားတာဖြစ်တဲ့အတွက် ပြည်သူများအားလုံးအနေနဲ့ အဲဒီ လမ်းမကြီးကို သွားလာလှုပ်ရှားခြင်းမပြုကြဖို့ KIA တပ်ရင်း(၁၂) တပ်ရင်းမှူးက အောက်တိုဘာ ၅ရက်မှာ သတိပေးချက် ထပ်မံ ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးကို ဇွန် ၈ရက်မှစတင်ပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတဲ့ အခြေအနေမှာ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်ကို လိုက်နာဖို့ သတိပေးခဲ့တာပါ။

“ပိတ်ပင်ထားသောလမ်းပိုင်းများကို သွားလာပါက စစ်ကောင်စီ၏ သတင်းပေး၊ သတင်း ယူ၊ သူလျှို (ဒလန်) အဖြစ် သတ်မှတ်မည်ဖြစ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ပြဿနာများကို မိမိတို့ KIO.KIA အနေဖြင့် လုံးဝ(လုံးဝ) တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ”လို့လည်း KIA တပ်ရင်း(၁၂) တပ်ရင်းမှူးက ပြင်းထန်တဲ့ သတိပေးချက် ထပ်မံ ထုတ်ပြန်ထားပါတယ်။

ရွှေကူနဲ့ ငါးအိုးကို သွားလာမယ်ဆိုရင် KIO/KIA သတ်မှတ်ထားတဲ့ လမ်းအတိုင်းသာ သွားလာဖို့လည်းဖော်ပြထားပါတယ်။

KIA တပ်မဟာ(၁၁) တပ်ရင်း(၁၂)နယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးပိတ်ထားချိန် ပြည်သူတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရမယ် ဇွန်လ ၈ရက် ကြေညာချက်မှာ အသိပေးထားပါတယ်။

KIA အနေနဲ့ စစ်ရေးအခြေအနေတွေကြောင့် ရွှေကူမြို့တွင်းရှိ ပြည်သူတွေအားလုံး တိမ်းရှောင်ကြဖို့ ထုတ်ပြန်ထားသလို စစ်ကောင်စီတပ်ကလည်း ပြည်သူတွေ စစ်မရှောင်ဖို့ တားမြစ်ပိတ်ပင်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ရွှေကူနယ်အပါအဝင် ကချင်ပြည်နယ်အတွင်း လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေဒေသတွေ မြို့တွေ ပြန်ထိန်းချုပ်နိုင်ဖို့ မေလကတည်းက ရွှေကူနယ်မှာ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမဲ့ ထိရောက်မှုမရှိဘဲ KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရွှေကူ၊ ဗန်းမော် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အထိနာလျက်ရှိပါတယ်။
👍37❤8👏4🤣2🖕1
👍41🤣2🖕1
မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ မလေးရှားရဲ့ ဆုံးဖြတ်ချက်ကို APHR ရှုတ်ချ

​အောက်တိုဘာ-၅၊၂၀၂၆။People's Spring

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့တဲ့ မလေးရှား အစိုးရရဲ့ ဆုံး
ဖြတ်ချက်ကိုအရှေ့တောင်အာရှနိုင်ငံများ အ
စည်းအရုံး(အာဆီယံ)ရဲ့လူ့အခွင့်အရေးဆိုင်
ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

မင်းအောင်လှိုင်ဟာအောက်တိုဘာ ၆ ရက်နေ့မှာမလေးရှားကိုတရားဝင် အလည်အပတ် ခ
ရီးစဉ်သွားရောက်မှာဖြစ်ပါတယ်။မလေးရှားရောက် ရွှေ့ပြောင်း မြန်မာ ဒုက္ခသည်တွေကို ပြန်ပို့ရေးကိစ္စဆွေးနွေးဖို့အတွက်မင်းအောင်
လှိုင်ကို ဖိတ်ခေါ်မယ်လို့ မလေးရှား ဝန်ကြီး
ချုပ် အန်ဝါ အီဘရာဟင်က ပြောကြားထားပါတယ်။

APHRကတော့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ပြီးတရားဝင်တွေ့ဆုံတယ်ဆိုတာကသူဦး
ဆောင်တဲ့ စစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ အာဏာ
သိမ်းမှုနောက်ပိုင်း မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်
ရပ်တွေကိုလက်ခံလို့ ရပါတယ်ဆိုတဲ့ အဓိ
ပ္ပါယ် ဖြစ်သွားနိုင်ကြောင်းမလေးရှား အစိုးရကို ရည်ရွယ်သတိပေးခဲ့ပါတယ်။

မလေးရှားဟာမင်းအောင်လှိုင်ကိုဘယ်လိုအခြေအနေမျိုးနဲ့မှ လက်မခံသင့်ကြောင်း၊ မင်းအောင်လှိုင်ကိုကော်ဇောနီခင်းပြီးကြိုဆိုတဲ့ လုပ်ရပ်တိုင်းဟာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု၊အတင်းအကျပ်စစ်မှုထမ်း စု
ဆောင်းမှုတွေအောက်မှာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို သူတို့ ကြုံနေရသမျှအတွက် ဒေသတွင်း နိုင်ငံတွေက သဘောတူ လက်ခံနိုင်ပါတယ်လို့ ပြောနေသလို ဖြစ်နေကြောင်း APHRရဲ့ဥက္ကဋ္ဌနဲ့ မလေးရှား အောက်
လွှတ်တော် အမတ်တစ်ဦးဖြစ်သူ မာစီခရစ္စတီ ဘာရန်းစ်က ဝေဖန်ခဲ့ပါတယ်။

လွတ်လပ်မှုနဲ့ တရားမျှတမှု မရှိဘူးလို့ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားတဲ့ ရွေးကောက်
ပွဲကနေ ဧပြီလမှာ သမ္မတ ရာထူးကို ရယူပြီးချိန်ကတည်းကမင်းအောင်လှိုင်ဟာ နိုင်ငံတ
ကာ အသိအမှတ်ပြုမှုကို ရရှိဖို့အတွက် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့လို အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ၊ ပြီးတော့ တရုတ်
၊ အိန္ဒိယနဲ့ ရုရှားတို့ကို သွားရောက် လည်ပတ်ခဲ့ကြောင်း APHRက ဆိုပါတယ်။

အာဆီယံဟာ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုသလို ၂၀၂၁ ခုနှစ်ကစလို့ မြန်မာ့နိုင်ငံရေးကိုယ်စားလှယ်တွေကို ထိပ်
သီးအစည်းအဝေးတွေတက်ရောက်ခွင့် ဆိုင်း
ငံ့ထားခဲ့ကြောင်း၊ အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အပြင်းထန်ဆုံး ဝေဖန်ခဲ့တဲ့ မလေးရှား ကိုယ်တိုင်က ဖိတ်ကြားတဲ့အခါ မင်းအောင်
လှိုင်အတွက် အရေးအကြီးဆုံး အားသာချက်တစ်ခု ရသွားတာမျိုး ဖြစ်နိုင်ကြောင်းလည်း APHRက ထောက်ပြထားခဲ့ပါတယ်။

နောက်ပြီးပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေသလို လုံခြုံရေး စိတ်မချရသေးတဲ့ မြန်မာ
နိုင်ငံဆီက မလေးရှားက ရွှေ့ပြောင်း ဒုက္ခ
သည် ၁၄၇၆ ဦး ပြန်ပို့ခဲ့တာကိုလည်း APHR
က ဝေဖန်ရှုတ်ချထားပါတယ်။ အဲဒီလို ပြန်မပို့ခင်တစ်ရက်မှာတင်ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်
သား ၄၉ ဦးထက်မနည်း သေဆုံးခဲ့တာကိုလည်း APHRရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

APHRကဝန်ကြီးချုပ်အန်ဝါနဲ့မလေးရှား အစိုး
ရ အနေနဲ့ မင်းအောင်လှိုင်ရဲ့အာဏာသိမ်း စစ်
တပ်ကို တရားဝင် အသိအမှတ်ပြုမှု လုံးဝ မပေးဖို့၊ အထူးသဖြင့် စစ်တပ်ကို တရားဝင် အစိုးရလို့ အသိအမှတ်ပြုရာ ရောက်သွားမယ့် သဘောတူ စာချုပ် လက်မှတ်ရေးထိုးမှုတွေ၊ ပူးတွဲကြေညာချက် ထုတ်ပြန်တာတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။နောက်ပြီး မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို နောက်ထပ်ပြန်ပို့မယ့်အစီအစဉ်တွေကို ဆိုင်း
ငံ့ထားဖို့၊ ပြန်ပို့ပြီးသား ဒုက္ခသည် ၁၄၇၆ ဦးရဲ့အခြေအနေတွေကိုဆန်းစစ်ပေးဖို့ကိုလည်း
APHRက တိုက်တွန်းခဲ့ပါတယ်။

မလေးရှားဟာကမ္ဘာအနှံ့ကဖိနှိပ်မှုနဲ့ အတင်း
အကျပ်ရွှေ့ပြောင်းစေမှုတွေကြုံနေရတဲ့ ပြည်သူတွေအတွက် အားကောင်းကောင်းနဲ့ ရပ်
တည်ဖေးမခဲ့ကြောင်း၊ မြန်မာပြည်သူတွေနဲ့ ပတ်သက်ရင်လည်း တူညီတဲ့ တုံ့ပြန်မှုမျိုး ပြသစေလိုကြောင်း APHR ကထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား-APHR


#မလေးရှား #မင်းအောင်လှိုင်
#APHR #Peoplesspring #လူထုနွေဦး
👍42❤7😁2🤣1🖕1
အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်။ ဓါတ်ပုံ-AFP
🖕41🤮8💩4👍1👎1😘1
ထီးချိုင့်-အင်းတော်လမ်းပိုင်း စစ်တပ် ထိုးစစ်ဆင်လာ၊ ထီးချိုင့်မြို့တွင်း အင်အားပို့

အောက်တိုဘာ-၅၊၂၀၂၆။ကတ်သရင်း/ People's Spring

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၅ရက် ဒီကနေ့ ညနေပိုင်းက ထီးချိုင့်မြို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တံဆိပ်ပါ ကား ၁၁စီး ထီးချိုမြင့်မြို့တွင်းကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းတော်မြို့ဘက်ကနေလည်း စစ်တပ် စစ်ကြောင်းထိုးလာပြီး လက်ရှိစစ်တပ်က ဆည်ရွာကို ရောက်လာတယ်လို့ သိရပါတယ်။

ယခင်က အင်းတော်မြို့နယ်ကို ပြန်လည်ထိန်းချုပ်ခဲ့တဲ့ စစ်တပ်ရဲ့ တပ်မ(၃၃)လက်အောက်ခံ ခမရ(၁၁၁)တပ်ရင်းလည်း ထီးချိုင့်မြို့တွင်းမှာရှိ နေတယ်လို့ သိရပါတယ်။

စက်တင်ဘာနောက်ဆုံးပတ်ကလည်း ထီးချိုင့် -ကသာလမ်းပိုင်းက ကျောက်မှော်ရွာကို ခမရ(၁၁၁)တပ်ရင်းက စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်ကဒဏ်ရာအများအပြားရပြီး တပ်ပြန်ဆုတ်သွားပါတယ်။

"ဒရုန်းနဲ့ထိတာ။စကစဘက်က အထိနာပြီး မြို့ထဲအထိပြန်ဆုတ်သွားတာ။၃ရက်လောက်နေတော့ တချို့လူနာတွေကို မန္တလေးနန်းတွင်းထဲကိုပို့ လိုက်တယ်။အရာရှိတွေရောပါတယ်လို့ သိရတယ်"လို့ တော်လှန်ရေး သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

အင်းတော်မြို့ကို စစ်တပ်က၂၀၂၆ ဧပြီ ၃၀ ရက်ကပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် အင်းတော်မြို့အနီးဝန်းကျင်မှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်နေပါတယ်။
🤬34👍7👎2👏2❤1🎉1😡1
(စစ်တပ်မြို့တော် နေပြည်တော်တနေရာမှာ တွေ့ရတဲ့ စစ်ကား တစ်စီး။ ဓာတ်ပုံ - EPA)
💩26🖕10👍4👎2👏2🫡2🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(အောက်တိုဘာ ၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်တပ် အထိနာ

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသ တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က အထိနာခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) တပ်မှူးတစ်ဦးက ပြောပါတယ်။ CPU/CPA ထိန်းချုပ်ထားတဲ့ ကျင်ဒွေးမြို့ ပြန်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို စက်တင်ဘာလကုန်ပိုင်းက ကျင်ဒွေးမြို့အနီး မဆွာတီကျေးရွာမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်ထိုးစစ်ဆင်လာမှုနဲ့ ကျင်ဒွေးတိုက်ပွဲ အခြေအနေတွေ မေးမြန်းဖို့ CPU/CPA ပြောဆိုဆိုခွင့်ရှိသူနဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့ကို ဆက်သွယ်ထားပေမယ့် အဆက်အသွယ်မရသေးပါဘူး။ စစ်ရေးသတင်းရင်းမြစ်တွေကတော့ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး တပတ်အတွင်း စစ်တပ်ဘက်က ၅၀ ဝန်းကျင်သေဆုံးကာ ဆယ်ချီလက်နက်ချကြတယ်လို့ ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ကားအစီးရ(၂၀၀) ဝန်းကျင်၊ အင်အားအများအပြားနဲ့ ရောက်လာခဲ့တာဖြစ်ပြီး မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးမြို့တို့ဆီ စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်ဖို့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ မဆွာတီရွာဝန်းကျင်မှာ ပြီးခဲ့တဲ့စက်တင်ဘာ ၂၅ ရက်ကတည်းက တိုက်ပွဲပြင်းပြင်းထန်ဖြစ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်မှာ စစ်ကြောင်းတခုလုံးပြုတ်သွားတယ်လို့ AAသတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမဲ့ စစ်တပ်က အောက်တိုဘာ ၁ ရက်မှာ အင်အားထပ်ဖြည့်လာတာကြောင့် ဒီနေ့အထိ တိုက်ပွဲဆက်ဖြစ်နေတာလို့ သိရပါတယ်။ စစ်တပ်ဟာ လောင်းရှည်မြို့အနီးဝန်းကျင်ရှိ အင်းဘူး၊ နတ်ကောင်ကျင်း၊ မဆွာတီဝန်းကျင်တို့မှာ အထိုင်ချထားပြီး ထိုးစစ်ဆင်ဖို့ကြိုးစားနေပေမယ့် ချင်းနဲ့ AA ပူးပေါင်းအဖွဲ့တွေရဲ့ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

◾️မြိုင်မှာ စစ်တပ် သတ်ဖြတ်ထားတဲ့ ပြည်သူ ၁၂ဦး ရုပ်အလောင်းတွေ ရှာတွေ့

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာ ၄ ရက် မနေ့က မှိုရှာသွားတဲ့ ရွာသားတစ်ဦးက အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာကို တွေရှိခဲ့ပြီးနောက် ဒေသတာဝန်ရှိသူတွေအားလုံး ဦးဆောင်ပြီး ရှာဖွေမှုတွေလုပ်တဲ့အခါ အစုလိုက်၊ အပြုံလိုက် မြှုပ်နှံထားတဲ့ မြေကျင်း ၂ခုအတွင်းမှ ရုပ်အလောင်း ၁၂ လောင်းတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အလောင်းတွေမှာ တွေ့ရတဲ့ မှတ်ပုံတင်၊ ကျောင်းသားကဒ်၊ မွေးစားရင်းစာရွက် စတဲ့ အချက်အလက်တွေအရ ဂွေးကုန်းရွာက ဖမ်းဆီးခံခဲ့ရသူတွေဖြစ်နေတယ်လို့ မြိုင်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ အရပ်သားရုပ်အလောင်း တစ်ဒါဇင် ကိုတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်က မှန်ကန်ပြီး အသေးစိတ်အချက်အလက် ကို စိစစ်နေတယ်လို့ မြိုင်မြို့နယ် ကာကွယ်ရေးအဖွဲ့တခုက တာ၀န်ရှိသူကလည်း အသိပေးပါတယ်။ NLD ပါတီထောက်ခံသူတွေ ဆိုပြီး သတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး ပါးစပ်တွေကို ကြိုးချည်၊ လက်ပြန်ကြိုးတုတ် အသတ်ခံခဲ့ကြရတယ်လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။ အဲဒီသတ်ဖြတ်ခံခဲ့ရသူတွေဟာ ပြီးခဲ့တဲ့၂၀၂၃ ဇွန်လ ၉ ရက်က မြိုင်မြို့နယ် စက်မှု-၂ မှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက ဂွေးကုန်းရွာကို စစ်ကြောင်းထိုးစဉ် ဂွေးကုန်းရွာက ပြည်သူ ၉ ဦး၊ မကျီးကုန်းရွာက ပြည်သူ ၁ဦး၊ သံချောင်းရွာက ပြည်သူ ၁ဦး နဲ့ မကျည်းကန်ရွာက ပြည်သူ ၁ဦး စုစုပေါင်း ၁၂ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ သတ်ဖြတ်မှုကို ၀က်ပုတ်ကျေးရွာပျူစောထီးခေါင်းဆောင်တွေ ဖြစ်ခဲ့တဲ့ ဝင်းငွေ နဲ့ ဝက်ပုတ်ရွာမှာ တာဝန်ကျနေတဲ့ အာဏာသိမ်းစစ်တပ်က ဗိုလ်ဘိုဖြူတို့ ဦးဆောင်ခဲ့တာလို့ ဖြစ်စဥ်ကို သိရှိသူက ဆက်ပြောပါတယ်။

◾️ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်စခန်း ၂ ခုကို စစ်တပ်က ဆက်တိုက် ဗုံးကြဲ
👍19🤣2🖕2🤬1
အာဏာသိမ်းစစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်က ပန်းနီလာ စစ်ဘေးရှောင်စခန်း နဲ့ အနီးဝန်းကျင်ကို အောက်တိုဘာ ၅ရက် ဒီနေ့ မနက်ပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာ​ကြောင့် လူ​သေဆုံးထိခိုက်မှု​တွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၉ နာရီခွဲလောက်မှာ စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး စစ်ရှောင်တွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။ ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၄ ရက် မနေ့ ညနေပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနဲ့ ယိုးငူရွာကြားမှာရှိတဲ့ ဗျာလစစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်အရပ်သားပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေ ရှိနေတာကြောင့် သေဆုံးသူတွေ ထပ်တိုးနိုင်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဟာ ဗျာလ စစ်​ဘေး​ရှောင်စခန်း ဗုံးကြဲအပြီး ၂၄ နာရီမပြည့်မီမှာပဲ ပန်းနီလာ စစ်ဘေးရှောင်စခန်းကို ထပ်မံဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

◾️ကျွန်းလှနယ်ကို စစ်တပ်​လေ​ကြောင်းတိုက်ခိုက်၊ ပြည်သူ ​သေဆုံးထိခိုက်မှုများ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။ အောက်တိုဘာ ၅ရက် မွန်းလွဲ ၁နာရီ ၂၀မိနစ်ခန့်ကစပြီး ဂျက်ဖိုက်တာနဲ့ အတွဲလိုက်ဗုံးကြဲတာ၊ ပစ်ခတ်တာ​တွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ရဲ့ဟုမ္မလင်းလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။ ကျွန်းလှနဲ့ တန့်ဆည်အပါအဝင် စစ်ကိုင်းတိုင်းထဲက မော်လူး၊ ဗန်းမောက်၊ အင်းတော်၊ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး၊ ဖောင်းပြင်၊ မော်လိုက်၊ ခမ်းပါတ်နဲ့ တမူးမြို့နယ်တွေကို ဗုံးကြဲဖို့အတွက် စစ်‌တပ်က ဟုမ္မလင်းလေတပ်ကို အများဆုံးအသုံးပြုနေပါတယ်။

◾️မုံရွာ-မန္တလေးလမ်းပိုင်း ယာဥ်တိုက်မှု ခရီးသည် ၁၀ဦး သေဆုံး

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ရပ်ထားတဲ့ ၆ ဘီးကားကို ခွေးဘီလူးကားက ဝင်တိုက်လို့ ခွေးဘီလူးကားပေါ်ပါ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ပါတယ်။ ဒီနေ့ အောက်တိုဘာ ၅ ရက် မနက် ၁၀ နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းပေါ် ကျောက်ဆည်ကျေးရွာအနီးမှာ မုံရွာမြို့ဘက်ကနေလာတဲ့ ခွေးဘီလူးအဖြူရောင်ယာဥ်ဟာ မျက်နှာချင်းဆိုင် ယာဥ်ကြောပေါ်မှာ ရပ်ထားတဲ့ ၆ဘီးကားကို ဝင်တိုက်ခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြော​ပါတယ်။ အဲဒီယာဥ်တိုက်မှုကြောင့် ခွေးဘီလူးကားပေါ်ပါ ခရီးသည်အချို့ ညပ်နေလို့ ကူညီကယ်ဆယ်ခဲ့ရပြီး ကားပေါ်ပါ အမျိုးသမီး ၈ ဦး၊ အမျိုးသား၂ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကာ အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကိုင်းဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

◾️မြဝတီတောင်ဘက်မှာ တိုက်ပွဲပြန်ဖြစ်

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကျောက်ခက်နယ်မြေအနီးရှိ သဲဖြူချောင်းရွာဝန်းကျင်မှာ ထိုးစစ်ဆင်လာနေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့ ဒီလဆန်းပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ မြ၀တီမြို့ရဲ့တောင်ဘက်ခြမ်းက သဲဖြူချောင်းရွာဆီ လေးကေကော်မြို့သစ်ဘက်ကနေ စစ်တပ်စစ်ကြောင်းတွေဟာ တောင်ပေါ်တောလမ်းအတိုင်း ဆင်းလာပြီး ထိုးစစ်ဆင်နေတာဟာ သုံးလခန့်ရှိလာပါပြီ။ အောက်တိုဘာ ၄ရက် မနေ့ကတော့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ သဲဖြူချောင်းရွာဟာ ကျောက်ခက်ရွာရဲ့ အနောက်မြောက်ဘက်ခြမ်းမှာတည်ရှိတာပါ။ သဲဖြူချောင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်တပ်စစ်ကြောင်းတွေ အကြိမ်ကြိမ်ထိုးစစ်ဆင်လာခဲ့ပေမယ့် ပြန်ဆုတ်သွားခဲ့ရတယ်လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်က လေကြောင်းကနေ သဲဖြူချောင်းရွာဝန်းကျင်တဝိုက်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်သွားခဲ့တယ်လို့လည်း ကရင်သတင်းရင်းမြစ်က ဆိုပါတယ်။

◾️ရွှေကူ-ငါးအိုး လမ်းပိုင်းကို ပြည်သူတွေသွားလာခြင်းမပြုဖို့ KIA ထပ်မံ သတိပေး

တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရွှေကူ-ငါးအိုးလမ်းမကြီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)က ပိတ်ပင်ထားတာဖြစ်တဲ့အတွက် ပြည်သူများအားလုံးအနေနဲ့ အဲဒီ လမ်းမကြီးကို သွားလာလှုပ်ရှားခြင်းမပြုကြဖို့ KIA တပ်ရင်း(၁၂) တပ်ရင်းမှူးက အောက်တိုဘာ ၅ရက်မှာ သတိပေးချက် ထပ်မံ ထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ် ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ဇွန်လ ၈ရက်ကစတင်ပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတဲ့ အခြေအနေမှာ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်ကို လိုက်နာဖို့ သတိပေးခဲ့တာပါ။ ရွှေကူနဲ့ ငါးအိုးကို သွားလာမယ်ဆိုရင် KIO/KIA သတ်မှတ်ထားတဲ့ လမ်းအတိုင်းသာ သွားလာဖို့လည်းဖော်ပြထားပါတယ်။

◾️ထီးချိုင့်-အင်းတော်လမ်းပိုင်း စစ်တပ် ထိုးစစ်ဆင်လာ
👍21🖕4❤3🤣2
စစ်ကိုင်းတိုင်း၊ ထီးချိုင့်-အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာ ၅ရက် ဒီနေ့ ညနေပိုင်းက ထီးချိုင့်မြို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တံဆိပ်ပါ ကား ၁၁စီး ထီးချိုင့်မြို့တွင်းကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်းတော်မြို့ဘက်ကနေလည်း စစ်တပ် စစ်ကြောင်းထိုးလာပြီး လက်ရှိစစ်တပ်က ဆည်ရွာကို ရောက်လာတယ်လို့ သိရပါတယ်။ အရင်က အင်းတော်မြို့နယ်ကို ပြန်လည်ထိန်းချုပ်ခဲ့တဲ့ စစ်တပ်ရဲ့တပ်မ(၃၃)လက်အောက်ခံ ခမရ(၁၁၁)တပ်ရင်းလည်း ထီးချိုင့်မြို့တွင်းမှာရှိနေတယ်လို့ သိရပါတယ်။

◾️မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ မလေးရှားရဲ့ ဆုံးဖြတ်ချက်ကို APHR ရှုတ်ချ

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့တဲ့ မလေးရှား အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံရဲ့လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။ မင်းအောင်လှိုင်ဟာ အောက်တိုဘာ ၆ ရက်မှာမလေးရှားကိုတရားဝင် အလည်အပတ် ခရီးစဉ်သွားရောက်မှာဖြစ်ပါတယ်။ မလေးရှားရောက် ရွှေ့ပြောင်း မြန်မာဒုက္ခသည်တွေကို ပြန်ပို့ရေးကိစ္စဆွေးနွေးဖို့အတွက်မင်းအောင်လှိုင်ကို ဖိတ်ခေါ်မယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားထားပါတယ်။ APHRကတော့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ပြီး တရားဝင်တွေ့ဆုံတယ်ဆိုတာက သူဦးဆောင်တဲ့ စစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို လက်ခံလို့ ရပါတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်သွားနိုင်ကြောင်း မလေးရှား အစိုးရကို ရည်ရွယ်သတိပေးခဲ့ပါတယ်။

◾️တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၂ ပေကျော်နေဆဲ

တနင်္သာရီမြစ်ရေဟာ ပြန်လည်ကျဆင်းနေပေမယ့် တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၂ ပေကျော် မြင့်တက်နေဆဲဖြစ်ပြီး မြိုခံတွေ ရေဘေးရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီနေ့ အောက်တိုဘာ ၅ရက် မနက်ပိုင်းမှာ တနင်္သာရီမြစ်ရေဟာ ၁၉ပေအထိမြင့်နေပြီး ဒါဟာ စိုးရိမ်ရေမှတ်ထက် ၂ပေကျော်မှာ ရှိနေတာပါ။ တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်အဖြစ် ၁၇ပေ သတ်မှတ်ထားတာပါ။ အောက်တိုဘာ ၁ ရက်က တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့မှာ ပေ ၃၀နဲ့ ၂လက်မအထိ ‌မြင့်တက်ခဲ့ပြီး တစ်မြို့လုံး ရေကြီးနစ်မြုပ်ခဲ့ပါတယ်။

◾️ချင်းတိုင်းရင်းသားတစ်ဦးကို NUG ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ဒေါက်တာ မားငိုက်ဆန်းငါကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။ ဒီနေ့ အောက်တိုဘာ ၅ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ မှာ CRPHက NUG ပညာရေး ဒုဝန်ကြီးတဦး ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့သလို ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ CRPHက ပေးပို့တဲ့ သဝဏ်လွှာမှာ လက်ရှိ အခြေအနေတွေမှာ ပညာသင်ကြားမှု အခန်းကဏ္ဍဟာ ကြီးမားတဲ့ ပြောင်းလဲမှုနဲ့အတူ စိန်ခေါ်မှု အမျိုးမျိုး ရင်ဆိုင်နေရပေမယ့် CDM ဆရာ၊ ဆရာမများ အနေနဲ့ ကြားကာလ ပညာသင်ကြားမှု အခန်းကဏ္ဍ မှာ မြေပြင် အခြေပြု သင်ကြားမှု၊ အွန်လိုင်း သင်ကြားမှုတွေနဲ့ လူထုနဲ့အတူ ဆက်လက် လှုပ်ရှား ဆောင်ရွက်လျက်ရှိတဲ့အတွက် ရပ်တန့်မနေတဲ့ သင်ကြားမှု၊ သင်ယူမှု လမ်းကြောင်းကို အခိုင်အမာ တည်ဆောက်ထားနိုင်တယ်လို့ ဖော်ပြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို စနစ်တကျ အုတ်မြစ်ချ တည်ဆောက်ကာ အဓမ္မ တရားအား ဆန့်ကျင်လျက် ဓမ္မဘက်မှာ ခိုင်မာ တည်ကြည်စွာ ရပ်တည်နေကြတဲ့ CDM ဆရာ၊ ဆရာမများနဲ့အတူ ကမ္ဘာတဝှမ်းရှိ မျိုးဆက်သစ်တို့အား အသိပညာများ မျှဝေသင်ကြား ပြုစုပျိုးထောင်ပေးနေကြတဲ့ ဆရာ၊ဆရာမတွေရဲ့ ဂုဏ်အရည်အချင်း တို့အား လေးစားစွာ ဦးညွှတ်ကြောင်းလည်း CRPHက ဖော်ပြပါတယ်။

◾️ထောင်ဒဏ် နှစ် ၂၀ကျော် ချခံထားရတဲ့ ဆေးမန်းက CDM ဆရာမ ကွယ်လွန်
👍20🖕3🤣2❤1