People's Spring
✔
59.8K subscribers
72K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
အောက်တိုဘာ ၄ ရက်ည​​နေပိုင်းမှာ စစ်တပ်က ဗျာလစစ်​ဘေး​ရှောင်စခန်းကို ဗုံးကြဲပြီး​နောက် စစ်​ရှောင်​တွေ​နေတဲ့ တဲငယ်​တွေမီး​လောင်ကျွမ်း​နေစဥ် ။
ဓါတ်ပုံ-Wai Hnin Aung
😢26🤬13👏4❤2
အိုးဘိုထောင်မှာ ထောင်ဒဏ် နှစ် ၂၀ကျော် ချခံထားရတဲ့ ဆေးမန်းက CDM ဆရာမ ကွယ်လွန်

အောက်တိုဘာ ၅၊ ၂၀၂၆။ ဇေအောင်/People's Spring

မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ် နှစ် ၂၀ကျော် ချမှတ်ခံထားရတဲ့ ဆေးတက္ကသိုလ်(မန္တလေး)က CDM ဆရာမ ဒေါ်ခင်သီတာ အကျဥ်းထောင်တွင်းမှာ ကွယ်လွန်သွားခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မမေနှင်းက ပြောပါတယ်။

ဆေးတက္ကသိုလ် (မန္တလေး)၊ ရောဂါဗေဒဌာန၊ ဓါတ်ခွဲခန်းမှူး CDM ဆရာမ ဒေါ်ခင်သီတာဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးခံရပြီး မန္တလေး အိုးဘိုထောင်အတွင်း အကျဉ်းကျနေချိန် ပြီးခဲ့တဲ့စက်တင်ဘာ (၂၈) ရက်နေ့က ကျဆုံးသွားကြောင်းအာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)က ထုတ်ပြန်ပါတယ်။

ဆရာမဒေါ်ခင်သီတာဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေစဉ် လုံလောက်စွာ ဆေးကုသမှုမရခဲ့တာကြောင့် ကျဆုံးခဲ့ရတာဖြစ်ကြောင်း AFCC.MDY က အသိပေးပါတယ်။

"စက်တင်ဘာ ၂၇ ရက်ည ၁ဝ နာရီမှာ မူးလဲတယ်။ အချိန်မီဆေးရုံမပို့ပေးဘဲ မနက် အသက်ပျောက်ခါမှ ဆေးရုံပို့တယ်။ဆေးရုံက ဆီးချိုတက်လို့ဆိုပြီး စာထုတ်ပေးတယ်။ ဆေးမှတ်တမ်းကို ခဏပဲပြပြီး သေချာကြည့်ရှုခွင့်မပေးဘူး"လို့ AFCC.MDY ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မမေနှင်းက ပြောပါတယ်။

ဆရာမ ဒေါ်ခင်သီတာဟာ ၂၀၂၃ ခုနှစ် သြဂုတ် ၁၅ ရက်က ဖမ်းဆီးခံခဲ့ရပြီး အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ပုဒ်မ ၅၀ (ည)၊ ၅၂ (က) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၂နှစ် အထိ ကျခံထားရသူဖြစ်ကြောင်း မမေနှင်းက ပြောပါတယ်။

ဆရာမ ဒေါ်ခင်သီတာဟာ ၂၀၂၁ ဖေဖော်ဝါရီကစတင်ပြီးစစ်အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်လျက် CDM ပြုလုပ်တာ၊ နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီတာ၊ ဖေးမစောင့်ရှောက်တာစတဲ့ အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဉ်တွေမှာ ကျရာအခန်းကဏ္ဍကနေ တာဝန် ကျေပွန်စွာထမ်းရွက်ခဲ့တဲ့ လေးစားထိုက်တဲ့ CDM ဝန်ထမ်းကောင်း တဦးဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်က နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်နေတာဟာ နိုင်ငံတကာရာဇဝတ်မှုဖြစ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်ရာ မြောက်ကြောင်း၊ ယင်းချိုးဖောက်မှု တခုချင်းစီအတွက် တရားမျှတမှုရရှိဖို့ ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဇူလိုင်အတွင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
🤬36😢9❤5👏2👍1🤮1😡1
(ကွယ်လွန်သွားခဲ့သည့် CDM ဆရာမ ဒေါ်ခင်သီတာအား တွေ့ရစဥ်။ ဓါတ်ပုံံ-AFCC.MDY)
😢70🙏6🥰2👏2🤬1🤮1
မေး- SCEFကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က ဘာပါလဲ။

SCEF-တော်လှန်ရေးဖက်မှာ ခိုင်မာစည်းလုံးတဲ့ စုဖွဲ့မှုရှိကြောင်း ကျွန်တော်တို့ ပြချင်ပါတယ်။ တစ်ဖွဲ့ချင်းစီ တိုက်ခိုက်နေမယ့်အစား တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ကျက်တဲ့ စစ်ရေး မဟာဗျူဟာမျိုးကို SCEF အနေနဲ့ ဖော်ဆောင်နိုင်မှာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေနဲ့ အမိန့်ပေး ညွှန်ကြားမှု ပုံစံတွေကို စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆွဲကိုင်ထားတာကတော့ ‘တစ်ခုတည်း​သောမူဝါဒ၊ တစ်ခုတည်း​သောမဟာဗျူဟာ’ ပဲဖြစ်ပါတယ်။တစ်နည်းအားဖြင့် စစ်တပ်ကို တိုက်တာပဲဖြစ်ဖြစ်၊ ညှိတာပဲဖြစ်ဖြစ် တစ်ဖွဲ့ချင်း မလုပ်ဘူး၊ စုပေါင်းပြီး လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

မေး-SCEFရဲ့ အနာဂတ် အစီအစဉ်တွေက ဘယ်လိုပါလဲ။

SCEF- ပြည်တွင်းပြည်ပ အရင်းအမြစ်တွေဆီကနေ စစ်ဆင်ရေး ရန်ပုံငွေ ဒေါ်လာ သန်း ၃၀၀ လောက်ထိ မြှင့်တင် စုဆောင်းသွားပါမယ်။ ပြည်ပမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၁၀ သန်းလောက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ဟာ သူတို့ထဲက ၁၀ ရာခိုင်နှုန်းလောက်ဆီက အနည်းအကျဉ်း ထည့်ဝင်မှုမျိုးနဲ့တောင်ဖြည့်ဆည်းဖို့ လုံလောက်နိုင်ပါတယ်။ ပြီးတော့ ဒီလုပ်ဆောင်မှုက ပြည်သူတွေဟာSCEFကိုလိုလား ထောက်ခံကြတယ်ဆိုတာ နိုင်ငံတကာ အစိုးရတွေကို ပြသပြီးသား ဖြစ်လာစေပါလိမ့်မယ်။ ဒေါ်လာ သန်း ၃၀၀ကိုတိုင်းရင်းသားတပ်တွေနဲ့ တခြားအဖွဲ့တွေကြား ညီတူညီမျှ ခွဲဝေပေးလိုက်မှာတော့ မဟုတ်ပါဘူး။ မဟာဗျူဟာ ဦးစားပေး လိုအပ်ချက်အလိုက် ခွဲဝေ အသုံးပြုမှာပါ။

မေး- SCEFကို တခြားအဖွဲ့တွေ ပူးပေါင်းလာနိုင်ခြေကရော ဘယ်လိုရှိပါသလဲ။

SCEF-နိုင်ငံအနှံ့က တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ လူမြင်ကွင်း နောက်ကွယ်မှာ ညှိနှိုင်းဆွေးနွေးတာတွေ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒါပေမဲ့ နာမည်တွေကိုတော့ လောလောဆယ် ကျွန်တော်တို့ ထုတ်မပြောနိုင်သေးပါဘူး။ SCEFရဲ့ လုပ်ရည်ကိုင်ရည် မှတ်တမ်းကောင်းနဲ့ စုစည်းညီညွတ်မှုကို လက်တွေ့ ပြနိုင်မယ်ဆိုရင် ပူးပေါင်းပါဝင်မယ့် အစုအဖွဲ့ကလည်း တိုးလာနိုင်ပါတယ်။

မေး-ဂျပန်ဆီက ဘာတွေ အကူအညီတောင်းချင်သလဲ။

SCEF-ဒီမိုကရေစီ အင်အားစုတွေ အောင်ပွဲခံနိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တစ်နှစ်၊ နှစ်နှစ်အတွင်း ပြန်လည် တည်ငြိမ်လာနိုင်ပါတယ်။ အဲဒီအချိန်ထိတော့ ပြည်တွင်းရောက် ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဆက်ပြီး ရှိနေပေးကြဖို့တောင်းဆိုချင်ပါတယ်။လက်ရှိမှာမြန်မာဆီ တရားဝင် ဖွံ့ဖြိုးရေး အကူအညီတွေ ပေးအပ်မှုကိုလည်း ဆက်ပြီး ဆိုင်းငံ့ထားဖို့ ဂျပန်အစိုးရကို တိုက်တွန်းပါတယ်။

မေး-ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင် ခံထားရတာနဲ့ ပတ်သက်လို့ရော ဘယ်လို မြင်ပါသလဲ။

SCEF-မင်းအောင်လှိုင်ကတော့ သူ့ကို အဆုံးထိ ပြန်လွှတ်ပေးမယ်လို့ မထင်ပါဘူး။ အရင် စစ်အစိုးရ စိတ်တိုင်းကျ ဖန်တီးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အောက်ကနေ ကျွန်တော်တို့ဟာ နိုင်ငံကို တည်ဆောက်လို့ မရပါဘူး။ ဖက်ဒရယ် နိုင်ငံသစ်တစ်ခု ပေါ်ထွန်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲ အလုပ်လုပ်ဖို့ လိုပါတယ်။

https://www.ludunwayoo.com/feature-mm/2026/10/05/170108/
👍36❤11🥰3😁2🤮1🤣1🍌1🖕1
ချင်းတိုင်းရင်းသားတစ်ဦးကို NUG ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးခန့်အပ်

▪️အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ စွမ်းအားကြီးမား၊ နွေဦးတော်လှန်ရေးရဲ့ ခိုင်မာတဲ့ မဏ္ဍိုင်အဖြစ် တည်တံ့နေဆဲဟု NUG ဝန်ကြီးချုပ်ပြော

အောက်တိုဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ဒေါက်တာ မားငိုက်ဆန်းငါ အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။

ယခင် ပညာရေးဒုဝန်ကြီးဖြစ်သူ ကချင်တိုင်းရင်းသူ ဆရာမဂျာထွယ်ပန်က NUG ရဲ့ ဝန်ကြီးဌာန ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုမှာ ပညာရေးဝန်ကြီးအဖြစ် တာဝန်ယူလိုက်တဲ့ အခြေအနေမှာ ဒုဝန်ကြီးတဦးအဖြစ် ချင်းတိုင်းရင်းသားတဦးကို ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၅ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ မှာ CRPHက NUG ပညာရေး ဒုဝန်ကြီးတဦး ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့သလို ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

CRPHက ပေးပို့တဲ့ သဝဏ်လွှာမှာ လက်ရှိ အခြေအနေတွေမှာ ပညာသင်ကြားမှု အခန်းကဏ္ဍဟာ ကြီးမားတဲ့ ပြောင်းလဲမှုနဲ့အတူ စိန်ခေါ်မှု အမျိုးမျိုး ရင်ဆိုင်နေရပေမဲ့ CDM ဆရာ၊ ဆရာမများ အနေနဲ့ ကြားကာလ ပညာသင်ကြားမှု အခန်းကဏ္ဍ မှာ မြေပြင် အခြေပြု သင်ကြားမှု၊ အွန်လိုင်း သင်ကြားမှုတွေနဲ့ လူထုနဲ့အတူ ဆက်လက် လှုပ်ရှား ဆောင်ရွက်လျက်ရှိတဲ့အတွက် ရပ်တန့်မနေတဲ့ သင်ကြားမှု၊ သင်ယူမှု လမ်းကြောင်းကို အခိုင်အမာ တည်ဆောက်ထားနိုင်တယ်လို့ ဖော်ပြပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်အား စနစ်တကျ အုတ်မြစ်ချ တည်ဆောက်ကာ အဓမ္မ တရားအား ဆန့်ကျင်လျက် ဓမ္မဘက်မှာ ခိုင်မာ တည်ကြည်စွာ ရပ်တည်နေကြတဲ့ CDM ဆရာ၊ ဆရာမများနဲ့အတူ ကမ္ဘာတဝှမ်းရှိ မျိုးဆက်သစ်တို့အား အသိပညာများ မျှဝေသင်ကြား ပြုစုပျိုးထောင်ပေးနေကြတဲ့ ဆရာ၊ဆရာမတွေရဲ့ ဂုဏ်အရည်အချင်း တို့အား လေးစားစွာ ဦးညွှတ်ကြောင်းလည်း CRPHက ဖော်ပြပါတယ်။

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို မတရားကြောင်း ပြတ်ပြတ်သားသား ငြင်းပယ်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ရဲရဲဝံ့ဝံ့ ရှေ့တန်းမှ ရပ်တည်ခဲ့တာ ၆ နှစ်တာ ကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ကိုယ်ပိုင် လူမှုအကျိုးစီးပွားနဲ့ ဘဝလုံခြုံရေးများကို စွန့်လွှတ်ကာ အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ ဆရာ၊ ဆရာမများရဲ့ ရပ်တည်ချက်ဟာ နွေဦးတော်လှန်ရေးရဲ့ ခိုင်မာ အားကောင်းသော မဏ္ဍိုင်ကြီးအဖြစ် တည်တံ့နေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

“ဖိအားမျိုးစုံကြားမှ ပညာရေး၏ ပင်မတန်ဖိုးများဖြစ်သည့် "လွတ်လပ်စွာ တွေးခေါ်ခွင့်၊ အမှန်တရားကို ရှာဖွေခွင့်နှင့် လူ့ဂုဏ်သိက္ခာကို မြှင့်တင်ရေး" တို့ကို သက်စွန့်ကြိုးပမ်း ကာကွယ်ပေးနေကြသော ဆရာ၊ ဆရာမများအား လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂုဏ်ပြုလိုက်ရပါသည်” လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်က သဝဏ်လွှာ ပေးပို့ပါတယ်။

ဆရာ၊ ဆရာမတို့ရဲ့ လက်များဟာ အာဏာရှင်ရဲ့ ကျည်ဆန်များထက် ပိုမို စွမ်းအားကြီးမားကြောင်း သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်တာမို့ တော်လှန်ဆရာ၊ ဆရာမများ၊ ကျောင်းသားလူငယ်များနဲ့ ပြည်သူတရပ်လုံးအနေဖြင့် ပြည်သူ့ နွေဦးတော်လှန်ရေးကြီး မုချအောင်မြင်ရမည်ဆိုတဲ့ ယုံကြည်ချက်ဖြင့် အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေး ပန်းတိုင်သို့ မရောက်မချင်း လက်တွဲမဖြုတ်ဘဲ ဆက်လက်ချီတက်ကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။
❤41👍11👏5🤣2🤮1🖕1
❤40👏8👍2🤣2🤮1🖕1
တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ထက်
၂ ပေကျော်နေဆဲ

အောက်တိုဘာ -၅၊၂၀၂၆။ရွှေပြည်စိုး/People's Spring

တနင်္သာရီမြစ်ရေဟာ ပြန်လည်ကျဆင်းနေပေမယ့် တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၂ ပေကျော် မြင့်တက်နေဆဲဖြစ်ပြီး မြိုခံတွေရေဘေးရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒီနေ့ အောက်တိုဘာလ ၅ရက် မနက်ပိုင်းမှာ တနင်္သာရီမြစ်ရေဟာ ၁၉ပေအထိမြင့်နေပြီး ဒါဟာ စိုးရိမ်ရေမှတ်ထက် ၂ပေကျော်မှာ ရှိနေတာပါ။ တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်အဖြစ် ၁၇ပေ သတ်မှတ်ထားတာပါ။

" ရေက ပြန်ကျနေပါတယ်။ ဒါပေမယ့် ရေမြုပ်နေတဲ့ နေရာတွေ ရှိနေသေးတယ်။ အရင်ရက်က ရေက များထားတော့ ပျက်စီးထိခိုက်တာတွေများတယ်"လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်က တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့မှာ ပေ ၃၀နဲ့ ၂လက်မအထိ ‌မြင့်တက်ခဲ့ပြီး တစ်မြို့လုံး ရေကြီးနစ်မြုပ်ခဲ့ပါတယ်။

တနင်္သာရီမြစ်ရေဟာ ယခင် မှတ်တမ်းတွေအရ အမြင့်ဆုံးရေမှတ်အဖြစ် ၁၉၉၄မှာ ၃၆ပေ ၄လက်မအထိမြင့်တက်ခဲ့ပြီး ဒုတိယအမြင့်ဆုံးအဖြစ် ၂၀၂၄ မှာ ၃၁ ပေအထိ မြင့်တက်ခဲ့ဖူးပါတယ်။ ၂ကြိမ်စလုံးမှာ ရေဘေးဒဏ်ကို တနင်္သာရီမြို့နယ်လုံးကျွတ် ကြုံတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီတိုင်းအတွင်း လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ စက်တင်ဘာ၂၆ရက်ကစတင်ကာ ရေဘေးကြုံတွေ့ခဲ့ပါတယ်။

လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေပြီး ဒေသခံတွေဟာ အကူအညီတွေ လိုအပ်နေပါတယ်။ တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။

အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
❤14👎6🔥5😢4🤔2👍1
တနင်္သာရီမြစ်နဲ့ တနင်္သာရီမြို့ရေကြီးနေတာကို ဝေဟင်က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - Nay Lin Htet/Fb
😢22👎14👍3🔥3
ကျင်ဒွေးတိုက်ပွဲတပတ်အတွင်းစစ်သား
၅၀ ဝန်းကျင် သေဆုံး

■လက်နက်ချအလင်းဝင်သူ ဆယ်နဲ့ချီရှိ​

အောက်တိုဘာ-၅၊၂၀၂၆၊ခိုင်မြတ်/People’s Spring

မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ်ဝင်ပေါက် ကျင်ဒွေးမြို့ဆီ ဦးတည်ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစ်တပ်စစ်ကြောင်းနဲ့ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တို့ ကျင်ဒွေးမြို့နယ် မဟာတွီရွာအနီးမှာ တိုက်ပွဲအပြင်း
အထန် ဖြစ်ပွားပြီး တိုက်ပွဲတပတ်အတွင်း စစ်တပ်ဘက်က ၅၀ ဝန်းကျင်သေဆုံးကာ ဆယ်ချီလက်နက်ချကြတယ်လို့ စစ် ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ချင်းပြည်နယ်ဝင်ပေါက်ဆီကားအစီးရ(၂၀၀) ဝန်းကျင်၊ အင်အားအများအပြားနဲ့ ရောက်
လာတဲ့ စစ်တပ်ဟာမင်းတပ်၊ကန်ပက်လက်၊ ကျင်ဒွေးမြို့တို့ဆီစစ်ကြောင်းတွေခွဲကာ ထိုး
စစ်ဆင်နေခဲတာဖြစ်ပြီး ပြီးခဲ့တဲ့တပတ်ကျော် လောက်ကတည်းကတိုက်ပွဲတွေဆက်တိုက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေထဲကကျင်ဒွေးဘက်ထိုးလာတဲ့စစ်ကြောင်းကိုချင်းတော်လှန်ရေးတပ်
ဖွဲ့တွေအပါအဝင် AA ပူး ပေါင်းအဖွဲ့က မဟာတွီရွာဝန်းကျင်ကနေ ကြားဖြတ်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

“အရင်တပတ်လောက်ကသုံး၊လေးရက် တိုက်
ပွဲ ဖြစ်တယ်။ မဟာတွီနားမှာ စစ်ကြောင်းတခုလုံး ပြုတ်တယ်။ဟိုတရက်ကလည်း နှစ်ဆယ်လောက် ရလိုက်သေးတယ်။ ထပ်တက်လာလို့ ဒီနေ့ထိ တိုက်ပွဲဖြစ်နေတုန်း။ အားလုံး ပေါင်းဆိုရင် စစ်တပ်က ငါးဆယ်လောက်ရှိပြီ။ အ
လင်းဝင်တာကတော့သုံးဆယ်ဝန်းကျင်ရှိမယ်။ ဘယ်အဆင့်တွေ ပါလဲဆိုတာတော့ မသိသေး”လို့ AA သတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်တပ်ဟာ မဟာတွီရွာမှာ အင်အားနှစ်ရာဝန်းကျင်အထိုင်ချကာ စစ်ကြောင်းထိုးနေသလို နောက်တန်းထောက်ပို့ စခန်းဖြစ်တဲ့ လောင်းရှည်မြို့နဲ့ ကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)တို့နေကလည်း အင်အား၊ လက်နက်တွေ ဆက်တိုက်ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

မဟာတွီရွာဝန်းကျင်ဟာပြီးခဲ့တဲ့စက်တင်ဘာ
လ ၂၅ ရက်နေ့ကနေ တိုက်ပွဲပြင်းပြင်းထန်ဖြစ်ခဲ့တာဖြစ်ပြီး ၂၈ ရက် နေ့မှာ စစ်ကြောင်းတခုခုံးပြုတ်သွားကာ အောက်တိုဘာလ ၁ ရက်နေ့မှာ အင်အားထပ်ဖြည့်လာတာကြောင့် ယနေ့ ထိ တိုက်ပွဲဆက်ဖြစ်နေတာလို့ ပြောပါတယ်။

“အင်အားတွေကတော့ အကုန်လုံးကို ဖြန့်ထားတယ်။ ဟောက်ဝစ်ဇာတွေ၊ ဒရုန်းတွေ အများကြီးနဲ့ စခန်းကြီးတွေ အထိုင်ချပြီး ထိုးဖို့လုပ်နေတာပါ။ ဒီဘက်အဖွဲ့တွေကလည်း ဟန့်တားထားပါတယ်။ ဆော၊ ကျောက်ထုဝန်းကျင်၊ ကန်ပက်လက်ဘက် လမ်းပိုင်းတချို့ကိုတော့ စစ်တပ်က ထိန်းထားတယ်”လို့ယောဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

စစ်တပ်ဟာ လောင်းရှည်မြို့အနီးဝန်းကျင်ရှိ အင်းဘူး၊ နတ်ကောင်ကျင်း၊ မဟာတွီဝန်းကျင်တို့မှာ အထိုင်ချထားပြီး ထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်ကာ AA ပူးပေါင်းအဖွဲ့တွေရဲ့ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဖြစ်နေ တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ မကွေးတိုင်းအစပ် ချင်းပြည်နယ်ကနေတဆင့် AA ထိန်းချုပ်ထားရာ ရခိုင်
ပြည်နယ်ဘက်ဆီ ဝင်ဖို့ အင်အားအလုံးအ
ရင်းနဲ့ ကြိုးစားနေတာဖြစ်ပြီး လက်တွေ့မှာတော့ အောင်မြင်တဲ့အနေအထားမတွေ့ရဘူးလို့ စစ်ရေး လေ့လာသူတွေက ပြောကြပါတယ်။

“ကျင်ဒွေးကိုသာပြန်ပေးလိုက်ရရင်တော့ ရခိုင်နဲ့ နီးသွားမှာပေါ့။စစ်တပ်ကလည်း အဲဒီရည်ရွယ်ချက်နဲ့ ထိုးလာတာလို့မြင်တယ်။ ဒါပေမယ့် AA ကလည်း ချင်းပြည်နယ်ဘက်မှာ စစ်ဒေသအသစ်တခုဖွဲ့ပြီးတော့ သေချာပြင်
ဆင်ထားတာတွေ့ရတယ်။ ပြောရရင်တော့ စစ်တပ်ဟာ ချင်းပြည်နယ်ထဲကိုရော ရခိုင်ဘက်ကိုပါ ပြန်ထိုးဖောက်ဖို့ ဆိုတာက တော်
တော်ခဲယဉ်းသွားပြီ” လို့ AA နဲ့ နီးစပ်တဲ့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မကွေးတိုင်းအစပ် ချင်းပြည်နယ်ဝင်ပေါက် ကျင်ဒွေး၊ ကန်ပက်လက်၊ မင်းတပ်စစ်မျက် နှာတို့ကနေ ထိုးဖောက်ဖို့ ကြိုးစားနေသလို ရခိုင်ပြည်အစပ် မကွေးတိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်တို့ကလည်း AA ထိန်းချုပ်ရာဒေသတွေဆီ ထိုးဖောက်ဖို့ ကြိုးစားနေပြီး ရခိုင် ပြည်တွင်း စစ်တွေ၊ ကျောက်ဖြူတို့မှာလည်း ထိုးစစ်ဆင်နေတာတွေ့ရပါတယ်။

ဒါပေမယ့်မြေပြင်တိုက်ပွဲတွေမှာတော့ စစ်
တပ်က အထိနာပြီးတပ်စခန်းတွေသာ လက်
လွှတ်နေရကာ စစ်တပ်ရဲ့ ရခိုင်းထိုးစစ် ၄၉၂၆ စစ်ဆင်ရေးတလတာအတွင်း စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၉ ခု၊ ကျောက်
ဖြူမြို့နယ် အတွင်းက ၁ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၁ ခုထက်မနည်းကိုလက်လွှတ်ခဲ့ရပြီဖြစ်ပါ တယ်။

အဲဒီလို တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ ရခိုင်၊ ချင်းပြည်နယ်အပါအဝင် တိုက်ပွဲဖြစ်ပွားရာနေရာတွေအ တွင်းက အရပ်သားလူနေကျေးရွာ၊ စာသင်ကျောင်း၊ စစ်ရှောင်စခန်း၊ စျေးတို့ကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက် တိုက်လုပ်နေပြီး အရပ်သား သေဆုံး၊ ထိခိုက်သူ ရာချီရှိပြီဖြစ်ပါတယ်။
👍34❤19🖕4😢2👎1
ကျင်​ဒွေးမြို့ကို ​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ခဲ့စဥ်
👍38❤9👏4🖕3👎2🔥1🤮1
ချင်းတောင်ပိုင်း ကျင်ဒွေးတိုက်ပွဲ ထိုးစစ်ဆင်လာတဲ့ စစ်တပ် အထိနာ

▪️စစ်တပ် ရုပ်အလောင်းတွေနဲ့ လက်နက်တွေ သိမ်းရ

အောက်တိုဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသ တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က အထိနာခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) တပ်မှူးတစ်ဦးက အသိပေးထားပါတယ်။

CPU/CPA ထိန်းချုပ်ထားတဲ့ ကျင်ဒွေးမြို့ ပြန်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို စက်တင်ဘာလကုန်ပိုင်းက ကျင်ဒွေးမြို့အနီး မဆွာတီကျေးရွာမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးတာ၊ အဖမ်းခံရတာ ရှိခဲ့ကြောင်း ဖော်ပြတဲ့ သတင်းကို CPU/CPA တပ်မှူးတဦးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။

ကျင်ဒွေးတိုက်ပွဲ ထိခိုက်သေဆုံးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အရှမ်းဖမ်းဆီးရရှိမှု အခြေအနေ အသေးစိတ်ကို မေးမြန်းရာ တပ်ပိုင်းဆိုင်ရာဘက်က ပြောဆိုဖို့ ခွင့်ပြုချက် မရှိဘူးလို့အဆိုပါ တပ်မှူးက ရှင်းပြပါတယ်။

စစ်တပ်ထိုးစစ်ဆင်လာမှုနဲ့ ကျင်ဒွေးတိုက်ပွဲ အခြေအနေတွေ မေးမြန်းဖို့ CPU/CPA ပြောဆိုဆိုခွင့်ရှိသူနဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့ကို ဆက်သွယ်ထားပေမဲ့ အဆက်အသွယ်မရသေးပါဘူး။

CPU/CPA အနေနဲ့ စစ်ရေးဆိုင်ရာ သတင်းတွေ အခါအားလျော်စွာ ထုတ်ပြန်အသိပေးတာမျိုးရှိပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အချိန်နဲ့တပြေးညီ သတင်းဖြေကြားတာမျိုးပြုလုပ်လေ့မရှိပါဘူး။

ချင်းတောင်ပိုင်း ဒေသခံ တစ်ဦးတော့ တိုက်ပွဲ သတင်း အသေးစိတ် အခြေအနေတွေ မသိရပေမဲ့ ကျင်ဒွေးမြို့ မဆွာတွီးတိုက်ပွဲမှာ စစ်တပ်က ရုပ်အလောင်း ၃၀၊စစ်သုံံ့ပန်း ၂၀နဲ့ လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း ချင်းလူမျိုးထင်ရှားသူအချို့က လူမှုကွန်ရက်မှာ ရေးသားထားတာ တွေ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မဆွာတွီကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ချိန် စက်တင်ဘာ နောက်ဆုံးပတ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံအချို့လည်း ချင်းသတင်းရင်းမြစ်အချို့က လူမှုကွန်ရက်မှာ ဖော်ပြတာ တွေ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ချင်းတောင်ပိုင်းဒေသတွေပြန်ထိန်းချုပ်နိုင်ဖို့ ၂၀၂၆ မေလမှာ စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်တပ်ထိုးစစ်ကို CPU/CPA အပြင် မဟာမိတ်တွေဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ ယောဒေသ တော်လှန်ရေးတပ် အချို့နဲ့ ပူးပေါင်း ခုခံနေတာလို့ AAနဲ့ ချင်းတပ်ဖွဲ့က အသိပေးထားပါတယ်။

AAနဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်တွေ၊ အခြားမဟာမိတ်တပ်တွေ ပူးပေါင်းပြီး ချင်းတောင်ပိုင်း မြို့တွေဖြစ်တဲ့ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့တွေကို ၂၀၂၄ အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စစ်တပ်ထိုးစစ်အစ မေလလယ်မှာ ကန်ပက်လက်မြို့ကို စတင်ထိုးစစ်ဆင်ကာ မေလကုန်ပိုင်းမှာ မင်းတပ်ကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ချင်းပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ထိခိုက်သေဆုံးများခဲ့ပြီး လတ်တလော မင်းတပ်နဲ့ ကန်ပက်လက်မြို့ ထိုးစစ်တွေရပ်တန့်နေတာဖြစ်ပါတယ်။ တိုက်ပွဲ လေးလကျော်ကြာတဲ့အထိ ချင်းတောင်ပိုင်းက မြို့တွေကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ အခြေအနေမှာ အာဏာသိမ်းစစ်တပ်ဟာ စစ်အင်အားတွေ ထပ်မံ ဖြည့်တင်းပြီး ကျင်တွေဘက်ကို ထိုးစစ်ဆင် စစ်မျက်နှာအသစ် ထပ်တိုးချဲ့ခဲ့တာလည်းဖစြ်ပါတယ်။

ချင်းတောင်ပိုင်းမှာ စစ်ရှုံးနေတဲ့ စစ်တပ်ဟာ အင်အား ၁၀၀၀ ကျော် သုံးပြီး ယောဒေသ လောင်းရှည်၊ ကျင်ဒွေးနဲ့ ပလက်၀ ဘက်ကို ဦးတည် ကာ အပြင်းအထန် ထိုးစစ်ဆင်နေတာဟာ ချင်းတောင်ပိုင်းကို ခြေကုပ်ယူကာ ရက္ခိုင်ပြည်နယ်အတွင်း ထိုးစစ်ပြန်ဆင်နိုင်ဖို့ ဖြစ်ကြောင်း ချင်းလူမျိုးအချို့က သုံးသပ်ရေးသားထားပါတယ်။

CPU/CPAက တော့ စစ်တပ်ထိုးစစ်စတင်ချိန်ကတည်းက ချင်းတောင်ပိုင်းမှာ တိုက်ပွဲတွေ ကာလရှည်ကြာမြင့်နိုင်ဟု အသိပေးထားပြီး ထိန်းချုပ်ထားပြီးနယ်မြေတွေ လက်မလွှတ်ရရေး အစွမ်းကုန်ကြိုးစားမယ်လို့ အသိပေးထားပါတယ်။
❤29👏15👍6🥰3👎1🤣1🖕1
(ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသ တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - Mayyu Info Desk)
🥰31👍12❤9👏3🤣3👎1🖕1
မုံရွာ-မန္တလေးလမ်းပိုင်းမှာ ယာဥ်တိုက်မှုဖြစ်ပြီး ခရီးသည် ၁၀ ဦး သေဆုံး

အောက်တိုဘာ ၅၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ရပ်ထားတဲ့ ၆ ဘီးကားကို ခွေးဘီလူးကားက ဝင်တိုက်လို့ ခွေးဘီလူးကားပေါ်ပါ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ အောက်တိုဘာ ၅ ရက် မနက် ၁၀ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ် ကျောက်ဆည်ကျေးရွာအနီးမှာ မုံရွာမြို့ဘက်ကနေလာတဲ့ ခွေးဘီလူး( SUBARU SAMBER)အဖြူရောင်ယာဥ်ဟာ မျက်နှာချင်းဆိုင် ယာဥ်ကြောပေါ်မှာ ရပ်ထားတဲ့ ISUZU (၆ဘီး)အဖြူရောင်ယာဥ်ကို ဝင်တိုက်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြော​ပါတယ်။

အဲဒီယာဥ်တိုက်မှုကြောင့် ခွေးဘီလူးကားပေါ်ပါ ခရီးသည်အချို့ ညပ်နေလို့ ကူညီကယ်ဆယ်ခဲ့ရပြီး ကားပေါ်ပါ အမျိုးသမီး ၈ ဦး၊ အမျိုးသား၂ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကာ အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

"ခွေးဘီလူးကားက မုံရွာဘက်ကနေလာတာ။ အဲဒါကို လမ်းဘေးရပ်ထားတဲ့ ဘောက်ကား(၆ဘီးကား)ကိုဝင်တိုက်တာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကိုင်းဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ၊ တိုက်ပွဲတွေကြောင့် လမ်းပိုင်းကြန့်ကြာမှုတွေ ရှိနေပြီး အချိန်ကြာမြင့်စွာ သွားလာနေရလို့ လမ်းရှင်းတာနဲ့ အမြန်မောင်းတဲ့ယာဥ်တွေလည်း ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ် မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီးမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးခရီးသည်တင်မော်တော်ယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် အမျိုးသမီး ၁ဦး မိုင်းစထိမှန်ကာ သေဆုံးခဲ့ပါသေးတယ်။
😢32❤7🔥4👍1👎1👏1
(ယာဥ်တိုက်မှုကြောင့် ပျက်စီးသွားသော ယာဥ်အား တွေ့ရစဥ်။ ဓါတ်ပုံံ-ထုံးဘိုအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့)
😢20🔥13👍1👎1
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

ဒါပေမယ့်စစ်အာဏာသိမ်းပြီးတဲ့နောက်အခုခေတ်မှာ လူငယ်တစ်ယောက်ရဲ့ ထွက်ခွာခြင်းဟာ “အလုပ်ရှာဖို့” ဆိုတာမျိုး မဟုတ်‌တော့ဘူး။ စစ်မှုထမ်းအတွက် အဖမ်းဆီးမခံရအောင် အသက်ဘေးအတွက် ပြေးရတာဖြစ်သွားပြီ။

တရားဝင် အစီအစဉ်တွေနဲ့ သွားလို့ရတဲ့လူငယ်တွေကသွားကြတယ်။ တရားဝင်သွားဖို့မလွယ်တဲ့ သူတွေက တရားမဝင် နယ်စပ်ဖြတ်ကြတယ်။မူစတာဖာတို့လိုပဲနယ်စပ်ဖြတ်ပေးတဲ့ မှောင်ခိုကားတွေနဲ့ အန္တရာယ်လမ်းကို ရွေးချယ်ကြရတယ်။ အပြည့်အသိပ် လူတွေကို တင်လာလို့ အသက်ရှုလို့မရ ဖြစ်ကြရတာတွေ၊ အဲလိုကားတွေ မှောက်လို့ အသက်ဆုံးရတာတွေ၊ ကားတစီးလုံး ဖမ်းဆီးခံလိုက်ရတာ တွေကို မကြာခဏ သိနေရတယ်။ ကားထဲက လူတွေအတွက်ကားကလွတ်မြောက်ရာလမ်းလည်း ဖြစ်နိုင်တယ်။

ကားက ဖမ်းဆီးခံရမယ့်နေရာလည်း ဖြစ်နိုင်တယ်။ ကားက အသက်ရှင်ဖို့ မျှော်လင့်ချက်လည်း ဖြစ်နိုင်တယ်။တစ်ချိန်တည်းမှာ အသက်အန္တရာယ်လည်း ဖြစ်နိုင်တယ်။ ဒီနှစ်မျိုးကြားက မသေချာမှုဟာ 200 Meters က ကားတစ်စီးအတွင်းမှာနဲ့ ထိုင်းနိုင်ငံ ကန်ချနာဘူရီ (Kanchanaburi) က မြန်မာတွေပါတဲ့ ကားတစီးအတွင်းမှာနဲ့ အတူတူပါပဲ။

မြန်မာ–ထိုင်းနယ်စပ်ကို ဖြတ်ရင်ရော စစ်ဆေးရေးဂိတ်တခုမှာ ကားတစ်စီးကိုရပ်လိုက်တာနဲ့ဖိအားက အတူတူပါပဲ။ ဘယ်သူတွေလဲ။ စာရွက်စာတမ်းရှိလား။ ဘယ်ကလာတာလဲ။ ဘယ်ကိုသွားတာလဲဆိုတဲ့ မေးခွန်းတွေဟာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ချက်ချင်းပြောင်းသွားစေနိုင်တာပါ။ အပြင်ကကြည့်တဲ့ သူတယောက်အတွက်နယ်စပ်ဖြတ်ကျော်ခြင်းဆိုတာဇာတ်လမ်းတခုဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကားထဲက လူတယောက်အတွက်တော့ “ငါ့ဘဝ” ပါ။

ပါလက်စတိုင်း ဒရိုက်တာက ပါလက်စတိုင်းသရုပ်ဆောင်တွေနဲ့ ပါလက်စတိုင်းမှာပဲ ရိုက်ခဲ့တယ်။ တကယ့် check point ကို ခက်ခက်ခဲခဲ ရိုက်ခဲ့တယ်။ ခွဲခြားရေးနံရံကြီး (Separation Wall) ကို မြင်ရစေတယ်။ ပြီးတော့ဒါရိုက်တာ အမီးန် နေဖေ့ ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကလည်း ဒီရုပ်ရှင်နဲ့ နီးနီးကပ်ကပ် ဆက်နွယ်နေတယ်။

သူ့ရဲ့အမေက separation wall ကြီးရဲ့ တဖက်က ပါလက်စတိုင်းရွာက။ နံရံကြီးမဆောက်ခင်က တဖက်က အဖိုး အဖွားနဲ့ ဦးလေး အဒေါ်တို့ဆီကို တက္ကစီ စီးပြီးသွားလို့ရခဲ့တယ်။ နံရံတည်ဆောက်ပြီးနောက် သွားဖို့မလွယ်ကူတော့ဘူး။သူ့မိသားစုရဲ့တစ်စိတ်တစ်ပိုင်းနဲ့ ရုတ်တရက် ခွဲခြားခံလိုက်ရပါတယ်။သူက အဲဒီအတွေ့အကြုံကို ကလေးဘဝရဲ့ “trauma” တစ်ခုလို့ ပြောခဲ့တယ်။ နံရံကြောင့် သူ့အဖွားရဲ့ နောက်ဆုံးအချိန်တွေမှာ သူ့အဖွားနဲ့အတူ ရှိခွင့် မရခဲ့ဘူးလို့ သူက ပြောပါတယ်။ ရရှိခဲ့တဲ့ ခွင့်ပြုချက်က ၈ နာရီသာဖြစ်ပြီး အဲဒီအချိန်အတွင်း အဖွားနဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ရတယ်လို့ Al Jazeera ရဲ့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။ “200 meters” ဟာ သူ့ဘဝတိုက်ရိုက်မဟုတ်ပေမယ့် ‘၂၀၀ မီတာ’ ဆိုတဲ့ အကွာအဝေးကို ရုပ်ရှင်ထဲမှာ လူသားတွေရဲ့ ခွဲခွာမှုအဖြစ် ပြန်လည်ဖန်တီးဖို့ တွန်းအားပေးခဲ့တာပါ။

ပါလက်စတိုင်းနဲ့ မြန်မာကို တူတယ်လို့ မပြောပါဘူးသမိုင်းမတူဘူး။ နိုင်ငံရေးအခြေအနေမတူဘူး။ နယ်စပ်စနစ်မတူဘူး။ လူတွေရဲ့ အကြောင်းပြချက်တွေလည်း မတူပါဘူး။ ဒါပေမယ့် နယ်စပ်တစ်ခုက လူတစ်ယောက်ရဲ့ ခရီးကို အန္တရာယ်များတဲ့ ခရီးတစ်ခု ဖြစ်အောင်လုပ်နိုင်တာချင်းတူပါတယ်။ အဲဒီခဏမှာ လူတစ်ယောက်ရဲ့ “ခရီး” ဟာ သူ့ဘဝတစ်ခုလုံး ဖြစ်သွားနိုင်တာမျိုးပါ။

“200 Meters” ရဲ့ ၂၀၀ မီတာကလည်း အဲဒါပါပဲ။ မီတာနဲ့တိုင်းလို့ရတဲ့ အကွာအဝေးမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်၊ လုံခြုံရေး၊ မိသားစုနဲ့ အနာဂတ်ကြားက အကွာအဝေး။ ပြီးတော့ မြန်မာလူငယ်တချို့တွေ အတွက်လည်း နယ်စပ်ဟာ မြေပုံပေါ်က မျဉ်းတစ်ကြောင်းထက် ပိုနေပါပြီ။ တစ်ဖက်မှာ မနေသာတဲ့ဘဝ။ တစ်ဖက်မှာ မသေချာတဲ့အနာဂတ်။အဲဒီနှစ်ဖက်ကြားမှာတော့လူမှောင်
ခိုကားတစ်စီး။ အဲဒီကားပေါ်မှာ ထိုင်နေတဲ့လူတွေကတော့ သတင်း‌ခေါင်းစဉ်တခု ထဲက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ (illegal migrant) ဆိုတဲ့ စကားလုံးတစ်လုံးထက် အများကြီး ပိုပါတယ်။ သူတို့ဟာ သူတို့ဘဝ ဆုံးရှုံးရမှာစိုးရိမ်လို့ ခရီးထွက်လာတဲ့ လူတွေ ဖြစ်ပါတယ်။



https://www.ludunwayoo.com/opinion-mm/2026/10/05/170092/
👍37❤2🤮2👎1🥰1
ကျွန်းလှနယ်ထဲက တပိုင်တနိုင်​ရွှေ​မျှော​တွေကို စစ်တပ်​လေ​ကြောင်းတိုက်ခိုက်ပြည်သူ ​သေဆုံးထိခိုက်မှုများ

​အောက်တိုဘာ-၅၊၂၀၂၆။အိမ်သွင်/People's Spring

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်း
ကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေ
ကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်
သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

အောက်တိုဘာလ ၅ရက် မွန်းလွဲ ၁နာရီ၂၀မိ
နစ်ခန့်ကစပြီး ဂျက်ဖိုက်တာနဲ့ အတွဲလိုက်ဗုံးကြဲတာ ၊ပစ်ခတ်တာ​တွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

" နေ့ခင်းကပစ်ပြီးနားသွားတယ်။ အခုညနေ ၄နာရီကျော်ကစပြီးတစ်စီးပြီးတစ်စီး ပစ်နေတာ။ ၂၀‌လောက်အထိ ထိခိုက်ထားတယ်လို့ ကြားတယ်။ ဒေသခံတွေလေ။ ပြေးစရာမြေမှ မရှိတာ"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်ရဲ့ဟုမ္မလင်းလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

ကျွန်းလှနဲ့ တန့်ဆည်အပါအဝင်စစ်ကိုင်းတိုင်း
ထဲကမော်လူး၊ဗန်းမောက်၊အင်းတော်၊ဝန်းသို၊ကောလင်း၊ပင်လည်ဘူး၊ဖောင်းပြင်၊မော်လိုက်၊ခမ်းပါတ်နဲ့တမူးမြို့နယ်တွေကို ဗုံးကြဲဖို့အတွက် စစ်‌ကောင်စီကဟုမ္မလင်းလေတပ်ကိုအများဆုံးအသုံးပြုနေပါတယ်။

ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ ဟုမ္မလင်းလေတပ်ကို အဓိကအသုံးပြုနေတဲ့အတွက် လေကြောင်း အန္တရာယ်ကိုအထူးဂရုပြုကြဖို့ ကချင်လွတ်
လပ်ရေးတပ်မတော်(KIA)က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့မတ်လ၁၅ရက်ညနေကလည်းသဖန်း
ဆိပ်ဆည်ထဲကရွှေမျောတွေကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲပြီး ရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွားလို့ဒေသခံ၁၃ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
🤬45❤7😢3👏2👍1