People's Spring
✔
59.8K subscribers
72K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
SCEF မှတာဝန်ရှိသူ​တွေ သြဂုတ်လမှာ ဂျပန်ခရီးစဥ်မှတ်တမ်းဓါတ်ပုံ​များ / စက်တင်ဘာ
လမှာ သြစ​တြေးလျနိူင်ငံခြား​ရေးဝန်ကြီးဖြင့်​တွေ့ဆုံ​ဆွေး​နွေးခဲ့ကြစဥ်။ဓါတ်ပုံ-SCEF
❤56🥰10👍7🤣4🖕2👏1😁1
မလေးရှားရောက်မြန်မာတွေ အလုပ်တစ်ရက်နားပြီး မင်းအောင်လှိုင်ရဲ့ခရီးစဉ် သပိတ်မှောက်ကြဖို့ MAA တိုက်တွန်း

အောက်တိုဘာ-၅၊၂၀၂၆။သတိုး/People's Spring

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ မလေးရှားရောက်မြန်မာတွေ တစ်ရက်တာအလုပ်နားပြီး သပိတ်မှောက်လှုပ်ရှားမှုပြုလုပ်ကြဖို့ မြန်မာ့အရေးမဟာမိတ်အင်အားစု (Myanmar Affairs Alliance - MAA) က တိုက်တွန်းထားပါတယ်။

မင်းအောင်လှိုင်က အောက်တိုဘာ ၇ ရက်မှာ မလေးရှားနိုင်ငံကို လာရောက်မှာဖြစ်ပြီး မလေးရှားရောက် မြန်မာလုပ်သားတွေအနေနဲ့ အဲဒီ့နေ့ကို အလုပ်မသွားပဲ "အလုပ်ရပ်နား သပိတ်မှောက် (Work Stoppage Strike)" ပြုလုပ်ပေးကြဖို့ တောင်းဆိုထားတာပါ။

"ကျွန်ုပ်တို့၏ မိသားစု၊ ဆွေမျိုးသားချင်းများကို နေ့စဉ်နှင့်အမျှ ရက်စက်စွာ သတ်ဖြတ်နေသူအား မလေးရှားမြေပေါ်တွင် မည်သို့မျှ လက်သင့်ခံမည်မဟုတ်ကြောင်း ပြသရန် အချိန်ရောက်ပြီ ဖြစ်ပါသည်" လို့ MAA ကတိုက်တွန်းထားပါတယ်။

သပိတ်မှောက်မှုကို ပြုလုပ်တာက အလုပ်ရှင်‌တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နစ်နာစေဖို့ ရည်ရွယ်တာမဟုတ်သလို အလုပ်ရှင်နဲ့ အလုပ်သမားကြားပြဿနာဖန်တီးဖို့ မဟုတ်ကြောင်း နဲ့ မြန်မာလုပ်သားတွေအပေါ် ကိုယ်ချင်းစာ နားလည်ပေးဖို့ အလုပ်ရှင်တွေကို MAA က မေတ္တာရပ်ခံထားတာပါ။

ဒါ့အပြင် မင်းအောင်လှိုင်က ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားသူမဟုတ်ပဲ ပြည်သူတွေကို နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတဲ့ ရာဇဝတ်ကောင်ဖြစ်ကြောင်း နဲ့ ဒီလိုလူမျိုးနဲ့ တွေ့ဆုံတာက မလေးရှားနိုင်ငံအတွက် အရှက်ရစရာကိစ္စပဲဖြစ်လာနိုင်တယ်လို့ MAA က သတိပေးထားပါတယ်။

အဲဒီလှုပ်ရှားမှုနဲ့အတူ စစ်တပ်က မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့နဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေ ၊ စာသင်ကျောင်းတွေ ဆေးရုံတွေ ဘာသာရေးအဆောက်အဦးတွေနဲ့ ‌အများပြည်သူနဲ့ဆိုင်တဲ့စီးပွားရေး အဆောက်အဦးတွေကို စစ်ရေးပစ်မှတ်အနေနဲ့ လေကြောင်းက ဗုံးကျဲတိုက်ခိုက်တာတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

လှုပ်ရှားမှုကို မြေပြင်မှာ ပါဝင်ပေးဖို့ အဆင်မပြေနေတဲ့သူတွေ အနေနဲ့ "The Bloodstained Ghost (သွေးစွန်းနေသော စစ်ရာဇဝတ်ကောင်)" Profile ပုံကို Facebook အကောင့်တွေမှာတင်ပြီး မင်းအောင်လှိုင်အား ဆန့်ကျင်ကြောင်းပြသပေးဖို့ MAA က တိုက်တွန်းထားပါတယ်။
👍37👏9❤4🤮3🥰2🤣1🖕1
(ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ရုရှားနိုင်ငံကို သွားရောက်တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်။ ဓာတ်ပုံ - စစ်ကောင်စီ)
🤮28🖕14💩6👎2🤣1
မြိုင်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦး ရုပ်အလောင်းတွေ ရှာတွေ့

အောက်တိုဘာ -၅ ၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

မနေ့က(အောက်တိုဘာ ၄ ရက်)နေ့က မှိုရှာသွားတဲ့ ရွာသားတစ်ဦးက အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာကို တွေရှိခဲ့ပြီးနောက် ဒေသတာဝန်ရှိသူတွေအားလုံး ဦးဆောင်ပြီး ရှာဖွေမှုတွေလုပ်တဲ့အခါ အစုလိုက်၊ အပြုံလိုက် မြှုပ်နှံထားတဲ့ မြေကျင်း ၂ခုအတွင်းမှ ရုပ်အလောင်း ၁၂ လောင်းတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

"အလောင်းတွေမှာ တွေ့ရတဲ့ မှတ်ပုံတင် ၊ကျောင်းသားကဒ် ၊မွေးစားရင်းစာရွက် စတဲ့ အချက်အလက်တွေအရ ဂွေးကုန်းရွာက ဖမ်းဆီးခံခဲ့ရသူတွေဖြစ်နေတယ်"လို့ မြိုင်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

အရပ်သားရုပ်အလောင်း တစ်ဒါဇင် ကိုတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်က မှန်ကန်ပြီး အသေးစိတ်အချက်အလက် ကို စိစစ်နေတယ်လို့ မြိုင်မြို့နယ် ကာကွယ်ရေးအဖွဲ့တခုက တာ၀န်ရှိသူက အသိပေးပါတယ်။

"အနီ(NLD ) ထောက်ခံသူတွေ ဆိုပြီး သတ်ဖြတ်ခဲ့ကြတာ။ပါးစပ်တွေ ကို ကြိုးချည်ပြီး လက်ပြန်ကြိုးတုတ်သတ်ခံခဲ့ကြရတယ်"လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။

အဲဒီသတ်ဖြတ်ခံခဲ့ရသူတွေဟာ ၂၀၂၃ ဇွန်လ ၉ ရက်က မြိုင်မြို့နယ် စက်မှု ၂ မှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက ဂွေကုန်းရွာကို စစ်ကြောင်းထိုးစဉ် ဂွေးကုန်းရွာက ပြည်သူ ၉ ဦး၊မကျီးကုန်းရွာက ပြည်သူ ၁ဦး၊သံချောင်းရွာက ပြည်သူ ၁ဦး နဲ့ မကျည်းကန်ရွာက ပြည်သူ ၁ဦး စုစုပေါင်း ဖမ်းဆီးခံခဲ့ရသူတွေလို့ ဆိုပါတယ်။

သတ်ဖြတ်မှုကို ၀က်ပုတ်ကျေးရွာပျူစောထီးခေါင်းဆောင်တွေ ဖြစ်ခဲ့တဲ့ ဝင်းငွေ နဲ့ ဝက်ပုတ်ရွာမှာ တာဝန်ကျနေတဲ့ အာဏာသိမ်းစစ်တပ်က ဗိုလ်ဘိုဖြူတို့ ဦးဆောင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ပြည်သူတွေကို ၂၀၂၃ ဇွန်လ ၁၁ ရက် မနက်မှာ သတ်ပစ်ခဲ့တယ်လို့ ဝက်ပုတ်ရွာမှာ သိမ်းဆည်းရရှိတဲ့ မှတ်စုစာအုပ်မှာဖော်ပြထားတယ်လို့ မြိုင်မြို့နယ်စစ်ရေးတာ၀န်ရှိသူက အသိပေးပါတယ်။

မှတ်စုစာအုပ်စာရင်းအရ ဂွေးကုန်းကျေးရွာနေ အသက် ၂၆ နှစ်အရွယ် အောင်ဇင်ဟိန်း၊ အသက် ၅၁ နှစ်အရွယ် ဦးကျော်ဌေး ၊ အသက် ၄၂ နှစ်အရွယ် ဦးမင်းဇော်ဦး၊ အသက် ၃၉ နှစ် အရွယ် ဦး အောင်မိုး၊ အသက် ၆၁ နှစ်အရွယ် ဦးဩ ၊ အသက် ၅၁ နှစ်အရွယ် ဦးဌေးမြင့်၊ အသက် ၁၅ နှစ်အရွယ် မောင်သော်ဇင်ထိုက် ၊ အသက် ၄၂ နှစ်အရွယ် ဦးဆန်းလင်းမောင်နဲ့ အသက် ၃၈ နှစ်အရွယ် ဦးဖြိုးဝေ မောင် တို့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

မကျီးကုန်းကျေးရွာက အသက် ၄၈ အရွယ် ဦးထွန်းသိန်း၊ သံချောင်းကျေးရွာက အသက် ၂၉ နှစ်အရွယ် ဦးအုန်းလင်းနဲ့ မကျည်းကန်ကျေးရွာက ပြည်သူ ၁ဦး ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ဩဂုတ် ၈ ရက်မှာ ဝက်ပုတ်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာလည်း စစ်တပ်က မြိုင်မြို့နယ် တဲကြီးကျေးရွာမှာ တပ်စွဲထားပြီး ဒေသတွင်းက ရေနံတွင်း တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ မြိုင်မြို့နယ်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
😢24🤬17👍5🤮3😡3❤2👏2😭1
ဓာတ်ပုံ - အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်
🤬31😢20❤3🔥3🤣2👍1👏1🤮1
ပုဏ္ဏားကျွန်းက ပန်းနီလာစစ်ဘေးရှောင်စခန်းကိုစစ်တပ်ဗုံးကြဲပြန်

-“စစ်ဘေးရှောင်တွေကို တမင်လာသတ်နေတာ။ ဓနိတဲလေးမှာ နေကြတဲ့ စစ်ရှောင်တွေမှာ ဘာအပြစ်ရှိလို့လဲ"-စစ်​ဘေး​ရှောင်တဦး

■ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

အောက်တိုဘာ-၅၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကပန်းနီလာစစ်ဘေးရှောင်စခန်း နဲ့ အနီးဝန်း
ကျင်တို့ကိုဒီနေ့မနက်ပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာ​ကြောင့်လူ​သေဆုံးထိခိုက်မှု​တွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကိုးနာရီခွဲလောက်ကတည်းက ဂျက်နှစ်စီးနဲ့ ဗုံးကြဲတာ။ အထိအခိုက်တွေ မသိရသေးဘူး။ တော်တော်များမယ်။လေယာဉ်ဝဲနေသေးတယ်” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။ဗုံးကြဲခံရမှု​ကြောင့် လူ​သေဆုံးထိ
ခိုက်မှုအ​ခြေအ​နေ အ​သေးစိပ်ကိုမသိရ​သေးဘဲ ​​နောက်ဆက်တွဲ​ဖော်ပြပါမယ် ။

အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၄ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနဲ့ ယိုးငူရွာကြားမှာရှိတဲ့ ဗျာလစစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင်အရပ်သားပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရသူတွေထဲမှာဒဏ်ရာပြင်း
ထန်သူတွေ ရှိနေတာကြောင့်သေဆုံးသူတွေ ထပ်တိုးနိုင်သေးတယ်လို့ဒေသခံတွေကပြောပါတယ်။

ဗျာလ စစ်​ဘေး​ရှောင်စခန်း ဗုံးကြဲပြီး ၁၆ နာရီ ​ကျော်အကြာမှာပဲ ပန်းနီလာ စစ်ဘေးရှောင်စခန်းကိုစစ်တပ်က ထပ်မံဗုံးကြဲခဲ့တာဖြစ်ပါတယ် ။

ပန်းနီလာစစ်ဘေးရှောင်စခန်းဟာ စစ်တွေမြို့နယ်အတွင်းက တိုက်ပွဲဖြစ်နေတဲ့ နေရာ နဲ့ ဆယ်မိုင်ကျော်အကွာမှာ တည်ရှိပြီး မနေ့က ဗုံးကြဲခံရတဲ့ ဗျာလစစ်ရှောင်စခန်းအနီးမှာပဲ တည်ရှိပါတယ်။

“စစ်ဘေးရှောင်တွေကို တမင်လာသတ်နေတာ။ ဓနိတဲလေးမှာ နေကြတဲ့ စစ်ရှောင်တွေမှာ ဘာအပြစ်ရှိလို့လဲ၊​ေးထက်တောင်ဆိုးတဲ့ကောင်တွေ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ စစ်တွေမြို့နယ်မှ စစ်ဘေးရှောင်လူငယ်အမျိုးသမီးတဦးကပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)
ထိန်းချုပ်နယ်မြေတွေကိုတန်ပြန်ထိုးစစ်ဆင်နေခဲ့တာဟာ တစ်လ​ကျော်လ​ပေမယ့် AA စခန်းတစ်ခုမှမသိမ်းနိုင်ဘဲ စစ်ဦးကျိုးပြီးစစ်စခန်းတချို့ပါ ပြန်သိမ်းခံ​နေရပါတယ်။စစ်တပ်အထိနာ​နေချိန်မှာအရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကိုပါစစ်တပ်က ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၀ ​ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်တိုဘာ ၄ ရက်နေ့ထိ တစ်လအတွင်း စစ်တပ်လက်
ချက်ကြောင့် သေဆုံးရတဲ့ ရခိုင် ဒေသခံ အရပ်သားပြည်သူ ၇၀ ဦးထက်မနည်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃၉ ဦးထက်မနည်း
ရှိ​​နေပြီဖြစ်ပါတယ်။


#စစ်ဘေးရှောင်စခန်းဗုံးကြဲခံရ
#ပန်းနီလာစစ်ဘေးရှောင်စခန်း
#ဗျာလစစ်ဘေးရှောင်စခန်း
#ပုဏ္ဏားကျွန်းမြို့နယ် #peoplesspring
🤬38❤3👏2👎1😢1🙏1😡1
အောက်တိုဘာ ၄ ရက်ည​​နေပိုင်းမှာ စစ်တပ်က ဗျာလစစ်​ဘေး​ရှောင်စခန်းကို ဗုံးကြဲပြီး​နောက် စစ်​ရှောင်​တွေ​နေတဲ့ တဲငယ်​တွေမီး​လောင်ကျွမ်း​နေစဥ် ။
ဓါတ်ပုံ-Wai Hnin Aung
😢26🤬13👏4❤2
အိုးဘိုထောင်မှာ ထောင်ဒဏ် နှစ် ၂၀ကျော် ချခံထားရတဲ့ ဆေးမန်းက CDM ဆရာမ ကွယ်လွန်

အောက်တိုဘာ ၅၊ ၂၀၂၆။ ဇေအောင်/People's Spring

မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ် နှစ် ၂၀ကျော် ချမှတ်ခံထားရတဲ့ ဆေးတက္ကသိုလ်(မန္တလေး)က CDM ဆရာမ ဒေါ်ခင်သီတာ အကျဥ်းထောင်တွင်းမှာ ကွယ်လွန်သွားခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မမေနှင်းက ပြောပါတယ်။

ဆေးတက္ကသိုလ် (မန္တလေး)၊ ရောဂါဗေဒဌာန၊ ဓါတ်ခွဲခန်းမှူး CDM ဆရာမ ဒေါ်ခင်သီတာဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးခံရပြီး မန္တလေး အိုးဘိုထောင်အတွင်း အကျဉ်းကျနေချိန် ပြီးခဲ့တဲ့စက်တင်ဘာ (၂၈) ရက်နေ့က ကျဆုံးသွားကြောင်းအာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)က ထုတ်ပြန်ပါတယ်။

ဆရာမဒေါ်ခင်သီတာဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေစဉ် လုံလောက်စွာ ဆေးကုသမှုမရခဲ့တာကြောင့် ကျဆုံးခဲ့ရတာဖြစ်ကြောင်း AFCC.MDY က အသိပေးပါတယ်။

"စက်တင်ဘာ ၂၇ ရက်ည ၁ဝ နာရီမှာ မူးလဲတယ်။ အချိန်မီဆေးရုံမပို့ပေးဘဲ မနက် အသက်ပျောက်ခါမှ ဆေးရုံပို့တယ်။ဆေးရုံက ဆီးချိုတက်လို့ဆိုပြီး စာထုတ်ပေးတယ်။ ဆေးမှတ်တမ်းကို ခဏပဲပြပြီး သေချာကြည့်ရှုခွင့်မပေးဘူး"လို့ AFCC.MDY ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မမေနှင်းက ပြောပါတယ်။

ဆရာမ ဒေါ်ခင်သီတာဟာ ၂၀၂၃ ခုနှစ် သြဂုတ် ၁၅ ရက်က ဖမ်းဆီးခံခဲ့ရပြီး အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ပုဒ်မ ၅၀ (ည)၊ ၅၂ (က) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၂နှစ် အထိ ကျခံထားရသူဖြစ်ကြောင်း မမေနှင်းက ပြောပါတယ်။

ဆရာမ ဒေါ်ခင်သီတာဟာ ၂၀၂၁ ဖေဖော်ဝါရီကစတင်ပြီးစစ်အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်လျက် CDM ပြုလုပ်တာ၊ နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီတာ၊ ဖေးမစောင့်ရှောက်တာစတဲ့ အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဉ်တွေမှာ ကျရာအခန်းကဏ္ဍကနေ တာဝန် ကျေပွန်စွာထမ်းရွက်ခဲ့တဲ့ လေးစားထိုက်တဲ့ CDM ဝန်ထမ်းကောင်း တဦးဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်က နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်နေတာဟာ နိုင်ငံတကာရာဇဝတ်မှုဖြစ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်ရာ မြောက်ကြောင်း၊ ယင်းချိုးဖောက်မှု တခုချင်းစီအတွက် တရားမျှတမှုရရှိဖို့ ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဇူလိုင်အတွင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
🤬36😢9❤5👏2👍1🤮1😡1
(ကွယ်လွန်သွားခဲ့သည့် CDM ဆရာမ ဒေါ်ခင်သီတာအား တွေ့ရစဥ်။ ဓါတ်ပုံံ-AFCC.MDY)
😢70🙏6🥰2👏2🤬1🤮1
မေး- SCEFကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က ဘာပါလဲ။

SCEF-တော်လှန်ရေးဖက်မှာ ခိုင်မာစည်းလုံးတဲ့ စုဖွဲ့မှုရှိကြောင်း ကျွန်တော်တို့ ပြချင်ပါတယ်။ တစ်ဖွဲ့ချင်းစီ တိုက်ခိုက်နေမယ့်အစား တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ကျက်တဲ့ စစ်ရေး မဟာဗျူဟာမျိုးကို SCEF အနေနဲ့ ဖော်ဆောင်နိုင်မှာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေနဲ့ အမိန့်ပေး ညွှန်ကြားမှု ပုံစံတွေကို စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆွဲကိုင်ထားတာကတော့ ‘တစ်ခုတည်း​သောမူဝါဒ၊ တစ်ခုတည်း​သောမဟာဗျူဟာ’ ပဲဖြစ်ပါတယ်။တစ်နည်းအားဖြင့် စစ်တပ်ကို တိုက်တာပဲဖြစ်ဖြစ်၊ ညှိတာပဲဖြစ်ဖြစ် တစ်ဖွဲ့ချင်း မလုပ်ဘူး၊ စုပေါင်းပြီး လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

မေး-SCEFရဲ့ အနာဂတ် အစီအစဉ်တွေက ဘယ်လိုပါလဲ။

SCEF- ပြည်တွင်းပြည်ပ အရင်းအမြစ်တွေဆီကနေ စစ်ဆင်ရေး ရန်ပုံငွေ ဒေါ်လာ သန်း ၃၀၀ လောက်ထိ မြှင့်တင် စုဆောင်းသွားပါမယ်။ ပြည်ပမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၁၀ သန်းလောက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ဟာ သူတို့ထဲက ၁၀ ရာခိုင်နှုန်းလောက်ဆီက အနည်းအကျဉ်း ထည့်ဝင်မှုမျိုးနဲ့တောင်ဖြည့်ဆည်းဖို့ လုံလောက်နိုင်ပါတယ်။ ပြီးတော့ ဒီလုပ်ဆောင်မှုက ပြည်သူတွေဟာSCEFကိုလိုလား ထောက်ခံကြတယ်ဆိုတာ နိုင်ငံတကာ အစိုးရတွေကို ပြသပြီးသား ဖြစ်လာစေပါလိမ့်မယ်။ ဒေါ်လာ သန်း ၃၀၀ကိုတိုင်းရင်းသားတပ်တွေနဲ့ တခြားအဖွဲ့တွေကြား ညီတူညီမျှ ခွဲဝေပေးလိုက်မှာတော့ မဟုတ်ပါဘူး။ မဟာဗျူဟာ ဦးစားပေး လိုအပ်ချက်အလိုက် ခွဲဝေ အသုံးပြုမှာပါ။

မေး- SCEFကို တခြားအဖွဲ့တွေ ပူးပေါင်းလာနိုင်ခြေကရော ဘယ်လိုရှိပါသလဲ။

SCEF-နိုင်ငံအနှံ့က တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ လူမြင်ကွင်း နောက်ကွယ်မှာ ညှိနှိုင်းဆွေးနွေးတာတွေ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒါပေမဲ့ နာမည်တွေကိုတော့ လောလောဆယ် ကျွန်တော်တို့ ထုတ်မပြောနိုင်သေးပါဘူး။ SCEFရဲ့ လုပ်ရည်ကိုင်ရည် မှတ်တမ်းကောင်းနဲ့ စုစည်းညီညွတ်မှုကို လက်တွေ့ ပြနိုင်မယ်ဆိုရင် ပူးပေါင်းပါဝင်မယ့် အစုအဖွဲ့ကလည်း တိုးလာနိုင်ပါတယ်။

မေး-ဂျပန်ဆီက ဘာတွေ အကူအညီတောင်းချင်သလဲ။

SCEF-ဒီမိုကရေစီ အင်အားစုတွေ အောင်ပွဲခံနိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တစ်နှစ်၊ နှစ်နှစ်အတွင်း ပြန်လည် တည်ငြိမ်လာနိုင်ပါတယ်။ အဲဒီအချိန်ထိတော့ ပြည်တွင်းရောက် ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဆက်ပြီး ရှိနေပေးကြဖို့တောင်းဆိုချင်ပါတယ်။လက်ရှိမှာမြန်မာဆီ တရားဝင် ဖွံ့ဖြိုးရေး အကူအညီတွေ ပေးအပ်မှုကိုလည်း ဆက်ပြီး ဆိုင်းငံ့ထားဖို့ ဂျပန်အစိုးရကို တိုက်တွန်းပါတယ်။

မေး-ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင် ခံထားရတာနဲ့ ပတ်သက်လို့ရော ဘယ်လို မြင်ပါသလဲ။

SCEF-မင်းအောင်လှိုင်ကတော့ သူ့ကို အဆုံးထိ ပြန်လွှတ်ပေးမယ်လို့ မထင်ပါဘူး။ အရင် စစ်အစိုးရ စိတ်တိုင်းကျ ဖန်တီးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အောက်ကနေ ကျွန်တော်တို့ဟာ နိုင်ငံကို တည်ဆောက်လို့ မရပါဘူး။ ဖက်ဒရယ် နိုင်ငံသစ်တစ်ခု ပေါ်ထွန်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲ အလုပ်လုပ်ဖို့ လိုပါတယ်။

https://www.ludunwayoo.com/feature-mm/2026/10/05/170108/
👍36❤11🥰3😁2🤮1🤣1🍌1🖕1
ချင်းတိုင်းရင်းသားတစ်ဦးကို NUG ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးခန့်အပ်

▪️အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ စွမ်းအားကြီးမား၊ နွေဦးတော်လှန်ရေးရဲ့ ခိုင်မာတဲ့ မဏ္ဍိုင်အဖြစ် တည်တံ့နေဆဲဟု NUG ဝန်ကြီးချုပ်ပြော

အောက်တိုဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ဒေါက်တာ မားငိုက်ဆန်းငါ အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။

ယခင် ပညာရေးဒုဝန်ကြီးဖြစ်သူ ကချင်တိုင်းရင်းသူ ဆရာမဂျာထွယ်ပန်က NUG ရဲ့ ဝန်ကြီးဌာန ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုမှာ ပညာရေးဝန်ကြီးအဖြစ် တာဝန်ယူလိုက်တဲ့ အခြေအနေမှာ ဒုဝန်ကြီးတဦးအဖြစ် ချင်းတိုင်းရင်းသားတဦးကို ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၅ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ မှာ CRPHက NUG ပညာရေး ဒုဝန်ကြီးတဦး ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့သလို ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

CRPHက ပေးပို့တဲ့ သဝဏ်လွှာမှာ လက်ရှိ အခြေအနေတွေမှာ ပညာသင်ကြားမှု အခန်းကဏ္ဍဟာ ကြီးမားတဲ့ ပြောင်းလဲမှုနဲ့အတူ စိန်ခေါ်မှု အမျိုးမျိုး ရင်ဆိုင်နေရပေမဲ့ CDM ဆရာ၊ ဆရာမများ အနေနဲ့ ကြားကာလ ပညာသင်ကြားမှု အခန်းကဏ္ဍ မှာ မြေပြင် အခြေပြု သင်ကြားမှု၊ အွန်လိုင်း သင်ကြားမှုတွေနဲ့ လူထုနဲ့အတူ ဆက်လက် လှုပ်ရှား ဆောင်ရွက်လျက်ရှိတဲ့အတွက် ရပ်တန့်မနေတဲ့ သင်ကြားမှု၊ သင်ယူမှု လမ်းကြောင်းကို အခိုင်အမာ တည်ဆောက်ထားနိုင်တယ်လို့ ဖော်ပြပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်အား စနစ်တကျ အုတ်မြစ်ချ တည်ဆောက်ကာ အဓမ္မ တရားအား ဆန့်ကျင်လျက် ဓမ္မဘက်မှာ ခိုင်မာ တည်ကြည်စွာ ရပ်တည်နေကြတဲ့ CDM ဆရာ၊ ဆရာမများနဲ့အတူ ကမ္ဘာတဝှမ်းရှိ မျိုးဆက်သစ်တို့အား အသိပညာများ မျှဝေသင်ကြား ပြုစုပျိုးထောင်ပေးနေကြတဲ့ ဆရာ၊ဆရာမတွေရဲ့ ဂုဏ်အရည်အချင်း တို့အား လေးစားစွာ ဦးညွှတ်ကြောင်းလည်း CRPHက ဖော်ပြပါတယ်။

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို မတရားကြောင်း ပြတ်ပြတ်သားသား ငြင်းပယ်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ရဲရဲဝံ့ဝံ့ ရှေ့တန်းမှ ရပ်တည်ခဲ့တာ ၆ နှစ်တာ ကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ကိုယ်ပိုင် လူမှုအကျိုးစီးပွားနဲ့ ဘဝလုံခြုံရေးများကို စွန့်လွှတ်ကာ အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ ဆရာ၊ ဆရာမများရဲ့ ရပ်တည်ချက်ဟာ နွေဦးတော်လှန်ရေးရဲ့ ခိုင်မာ အားကောင်းသော မဏ္ဍိုင်ကြီးအဖြစ် တည်တံ့နေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

“ဖိအားမျိုးစုံကြားမှ ပညာရေး၏ ပင်မတန်ဖိုးများဖြစ်သည့် "လွတ်လပ်စွာ တွေးခေါ်ခွင့်၊ အမှန်တရားကို ရှာဖွေခွင့်နှင့် လူ့ဂုဏ်သိက္ခာကို မြှင့်တင်ရေး" တို့ကို သက်စွန့်ကြိုးပမ်း ကာကွယ်ပေးနေကြသော ဆရာ၊ ဆရာမများအား လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂုဏ်ပြုလိုက်ရပါသည်” လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်က သဝဏ်လွှာ ပေးပို့ပါတယ်။

ဆရာ၊ ဆရာမတို့ရဲ့ လက်များဟာ အာဏာရှင်ရဲ့ ကျည်ဆန်များထက် ပိုမို စွမ်းအားကြီးမားကြောင်း သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်တာမို့ တော်လှန်ဆရာ၊ ဆရာမများ၊ ကျောင်းသားလူငယ်များနဲ့ ပြည်သူတရပ်လုံးအနေဖြင့် ပြည်သူ့ နွေဦးတော်လှန်ရေးကြီး မုချအောင်မြင်ရမည်ဆိုတဲ့ ယုံကြည်ချက်ဖြင့် အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေး ပန်းတိုင်သို့ မရောက်မချင်း လက်တွဲမဖြုတ်ဘဲ ဆက်လက်ချီတက်ကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။
❤41👍11👏5🤣2🤮1🖕1
❤40👏8👍2🤣2🤮1🖕1
တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ထက်
၂ ပေကျော်နေဆဲ

အောက်တိုဘာ -၅၊၂၀၂၆။ရွှေပြည်စိုး/People's Spring

တနင်္သာရီမြစ်ရေဟာ ပြန်လည်ကျဆင်းနေပေမယ့် တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၂ ပေကျော် မြင့်တက်နေဆဲဖြစ်ပြီး မြိုခံတွေရေဘေးရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒီနေ့ အောက်တိုဘာလ ၅ရက် မနက်ပိုင်းမှာ တနင်္သာရီမြစ်ရေဟာ ၁၉ပေအထိမြင့်နေပြီး ဒါဟာ စိုးရိမ်ရေမှတ်ထက် ၂ပေကျော်မှာ ရှိနေတာပါ။ တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်အဖြစ် ၁၇ပေ သတ်မှတ်ထားတာပါ။

" ရေက ပြန်ကျနေပါတယ်။ ဒါပေမယ့် ရေမြုပ်နေတဲ့ နေရာတွေ ရှိနေသေးတယ်။ အရင်ရက်က ရေက များထားတော့ ပျက်စီးထိခိုက်တာတွေများတယ်"လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်က တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့မှာ ပေ ၃၀နဲ့ ၂လက်မအထိ ‌မြင့်တက်ခဲ့ပြီး တစ်မြို့လုံး ရေကြီးနစ်မြုပ်ခဲ့ပါတယ်။

တနင်္သာရီမြစ်ရေဟာ ယခင် မှတ်တမ်းတွေအရ အမြင့်ဆုံးရေမှတ်အဖြစ် ၁၉၉၄မှာ ၃၆ပေ ၄လက်မအထိမြင့်တက်ခဲ့ပြီး ဒုတိယအမြင့်ဆုံးအဖြစ် ၂၀၂၄ မှာ ၃၁ ပေအထိ မြင့်တက်ခဲ့ဖူးပါတယ်။ ၂ကြိမ်စလုံးမှာ ရေဘေးဒဏ်ကို တနင်္သာရီမြို့နယ်လုံးကျွတ် ကြုံတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီတိုင်းအတွင်း လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ စက်တင်ဘာ၂၆ရက်ကစတင်ကာ ရေဘေးကြုံတွေ့ခဲ့ပါတယ်။

လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေပြီး ဒေသခံတွေဟာ အကူအညီတွေ လိုအပ်နေပါတယ်။ တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။

အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
❤14👎6🔥5😢4🤔2👍1
တနင်္သာရီမြစ်နဲ့ တနင်္သာရီမြို့ရေကြီးနေတာကို ဝေဟင်က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - Nay Lin Htet/Fb
😢22👎14👍3🔥3