■ဆောင်းပါး
စစ်တပ်ကို တွန်းလှန်ဖို့ စုပေါင်းခဲ့တဲ့ တော်လှန်
ရေး နဲ့ တိုင်းရင်းသားအင်အားစုများ (သို့မဟုတ်) SCEF
-နေ့သစ်/People's Spring
နိုင်ငံတကာအပယ်ခံ ဘဝကနေ လွတ်ချင်တာ
ကြောင့် ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းတို့လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြိုးကြိုးစားစား မြှင့်တင်နေပါတယ်။ တစ်ဖက်မှာလည်း စစ်အာ
ဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ တိုင်း
ရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်
အားစုတွေ၊ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကလည်း မတ်လကစလို့ စုဖွဲ့မှု ပုံစံတွေကို ပြင်ဆင်ပြောင်းလဲလာပါတယ်။ ဒီအခြေ
အနေတွေက ပဋိပက္ခတွေ ပိုမို ကြာညောင်းလာမှာကို စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်လာစေပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုနောက်
ပိုင်း တော်လှန်ရေး အစိုးရအဖြစ် ပေါ်ထွက်လာပြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အမျိုးသား ညီ
ညွတ်ရေး အစိုးရ (NUG)ရော၊ တရုတ်၊ ထိုင်း၊ အိန္ဒိယတို့နဲ့ နယ်စပ်တွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသား တော်လှန်ရေး တပ်တွေကပါ အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်ရင်း ပြည်တွင်းစစ်ကို ဆင်နွှဲကြေပါတယ်။
ပြီးတော့ NUGလက်အောက်ခံအနေနဲ့ဖြစ်စေ၊ ကိုယ်ပိုင် သီးခြားရပ်တည်မှုနဲ့ဖြစ်စေ နိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားမှာ လက်နက်
ကိုင် အဖွဲ့ငယ်တွေလည်း ထွက်ပေါ်လာကြပါတယ်။ အဲဒီ အဖွဲ့တွေကို ပြည်သူ့ကာကွယ်
ရေးတပ် (PDF)လို့ ခေါ်ဝေါ်ကြပါတယ်။
အရင်တုန်းကတော့ အဲဒီ အစုအဖွဲ့တွေဟာ မတူညီတဲ့ အမိန့်ပေး ညွှန်ကြားမှု စနစ်အောက်မှာ လှုပ်ရှားကြပါတယ်။ဒါပေမဲ့အခုနှစ် မတ်
လ၊ မင်းအောင်လှိုင်က သမ္မတအဖြစ် ကျမ်း
သစ္စာ မကျိန်ဆိုခင်မှာတင် တော်လှန်ရေး အင်
အားစုတွေကြား နိုင်ငံရေးနဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ပူးပေါင်း အကောင်အထည်ဖော်မယ့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်း
ရေး ဦးဆောင် ကောင်စီ (SCEF) ပေါ်ထွန်းလာပါတယ်။
SCEFကို NUGနဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRHP)၊ ပြီးတော့ အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)
၊ချင်းအမျိုးသား တပ်ဦး (CNF)တို့ ပူးပေါင်း ထူထောင်ထားပါတယ်။
SCEFရဲ့အဓိက ဦးဆောင်မှုမှာပါဝင်နေသူ KNU ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း၊ NUGရဲ့ စီမံ
ကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြည်
ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ဟာ ဩ
ဂုတ်လမှာ ဂျပန်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီအခါ ယူမီယူရီရှင်ဘွန်း သတင်းဌာနနဲ့ ၂ ရက်အတွင်း ၄ နာရီကြာအောင် အချိန်ယူခဲ့တဲ့ အင်တာဗျူးမှာ SCEF ခေါင်းဆောင်တွေဟာ အနာဂတ် စီမံကိန်းတွေနဲ့ ပတ်သက်လို့ မှတ်
ချက်ပေး ဆွေးနွေးခဲ့ကြပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ အင်တာဗျူးမှာ SCEF ခေါင်းဆောင်ပိုင်းနှစ်ဦး ဖြေကြားထားတဲ့ ကောက်နုတ်ချက် တချို့ ဖြစ်ပါတယ်။
မေး- SCEFကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က ဘာပါလဲ။
SCEF-တော်လှန်ရေးဖက်မှာ ခိုင်မာစည်းလုံးတဲ့ စုဖွဲ့မှုရှိကြောင်း ကျွန်တော်တို့ ပြချင်ပါတယ်။ တစ်ဖွဲ့ချင်းစီ တိုက်ခိုက်နေမယ့်အစား တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ကျက်တဲ့ စစ်ရေး မဟာဗျူဟာမျိုးကို SCEF အနေနဲ့ ဖော်ဆောင်နိုင်မှာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေနဲ့ အမိန့်ပေး ညွှန်ကြားမှု ပုံစံတွေကို စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆွဲကိုင်ထားတာကတော့ ‘တစ်ခုတည်းသောမူဝါဒ၊ တစ်ခုတည်းသောမဟာဗျူဟာ’ ပဲဖြစ်ပါတယ်။တစ်နည်းအား
ဖြင့် စစ်တပ်ကို တိုက်တာပဲဖြစ်ဖြစ်၊ ညှိတာပဲဖြစ်ဖြစ် တစ်ဖွဲ့ချင်း မလုပ်ဘူး၊ စုပေါင်းပြီး လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
မေး-SCEFရဲ့ အနာဂတ် အစီအစဉ်တွေက ဘယ်လိုပါလဲ။
SCEF- ပြည်တွင်းပြည်ပ အရင်းအမြစ်တွေဆီကနေ စစ်ဆင်ရေး ရန်ပုံငွေ ဒေါ်လာ သန်း ၃၀၀ လောက်ထိ မြှင့်တင် စုဆောင်းသွားပါမယ်။ ပြည်ပမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၁၀ သန်းလောက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ဟာ သူတို့ထဲက ၁၀ ရာခိုင်နှုန်းလောက်ဆီက အနည်းအကျဉ်း ထည့်ဝင်မှုမျိုးနဲ့တောင်ဖြည့်ဆည်းဖို့ လုံ
လောက်နိုင်ပါတယ်။ ပြီးတော့ ဒီလုပ်ဆောင်မှုက ပြည်သူတွေဟာSCEFကိုလိုလား ထောက်
ခံကြတယ်ဆိုတာ နိုင်ငံတကာ အစိုးရတွေကို ပြသပြီးသား ဖြစ်လာစေပါလိမ့်မယ်။ ဒေါ်လာ သန်း ၃၀၀ကိုတိုင်းရင်းသားတပ်တွေနဲ့ တခြား
အဖွဲ့တွေကြား ညီတူညီမျှ ခွဲဝေပေးလိုက်မှာတော့ မဟုတ်ပါဘူး။ မဟာဗျူဟာ ဦးစားပေး လိုအပ်ချက်အလိုက် ခွဲဝေ အသုံးပြုမှာပါ။
မေး- SCEFကို တခြားအဖွဲ့တွေ ပူးပေါင်းလာနိုင်ခြေကရော ဘယ်လိုရှိပါသလဲ။
SCEF-နိုင်ငံအနှံ့က တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ လူမြင်ကွင်း နောက်ကွယ်မှာ ညှိနှိုင်းဆွေး
နွေးတာတွေ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒါပေမဲ့ နာမည်တွေကိုတော့ လောလောဆယ် ကျွန်တော်တို့ ထုတ်မပြောနိုင်သေးပါဘူး။ SCEFရဲ့ လုပ်ရည်ကိုင်ရည် မှတ်တမ်းကောင်းနဲ့ စုစည်းညီညွတ်မှုကို လက်တွေ့ ပြနိုင်မယ်ဆိုရင် ပူးပေါင်းပါဝင်မယ့် အစုအဖွဲ့ကလည်း တိုးလာနိုင်ပါတယ်။
မေး-ဂျပန်ဆီက ဘာတွေ အကူအညီတောင်းချင်သလဲ။

👍29❤3🥰2🖕2😁1🤮1
SCEF-ဒီမိုကရေစီ အင်အားစုတွေ အောင်ပွဲခံနိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တစ်နှစ်၊ နှစ်နှစ်အတွင်း ပြန်လည် တည်ငြိမ်လာနိုင်ပါတယ်။ အဲဒီအချိန်ထိတော့ ပြည်တွင်းရောက် ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဆက်ပြီး ရှိနေပေးကြဖို့တောင်းဆိုချင်ပါတယ်။လက်ရှိမှာမြန်မာဆီ တရားဝင် ဖွံ့ဖြိုးရေး အကူအညီတွေ ပေးအပ်မှုကိုလည်း ဆက်ပြီး ဆိုင်းငံ့ထားဖို့ ဂျပန်အစိုးရကို တိုက်တွန်းပါတယ်။
မေး-ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင် ခံထားရတာနဲ့ ပတ်သက်လို့ရော ဘယ်
လို မြင်ပါသလဲ။
SCEF-မင်းအောင်လှိုင်ကတော့ သူ့ကို အဆုံးထိ ပြန်လွှတ်ပေးမယ်လို့ မထင်ပါဘူး။ အရင် စစ်အစိုးရ စိတ်တိုင်းကျ ဖန်တီးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အောက်ကနေ ကျွန်တော်တို့ဟာ နိုင်ငံကို တည်ဆောက်လို့ မရပါဘူး။ ဖက်ဒရယ် နိုင်ငံသစ်တစ်ခု ပေါ်ထွန်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲ အလုပ်လုပ်ဖို့ လိုပါတယ်။ ။
အာဏာသိမ်း စစ်တပ်ဟာ အုပ်ချုပ်မှု ယန္တရားကို ပုံစံပြောင်းလိုက်ပေမယ့် အခြေခံ အနှစ်
သာရကတော့မူလအတိုင်းဆက်ရှိနေပါတယ်။ ဧပြီလမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ ရာထူးကို ရယူခဲ့ပြီး သူ့ရဲ့ အစိုးရအဖွဲ့ ဆိုတာကလည်း အရင် ထိပ်
တန်း စစ်ဗိုလ်ချုပ်ဟောင်းတွေ ပြည့်နှက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေကို ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားထားတဲ့ ရွေးကောက်ပွဲ အပြီးမှာတော့ စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ကိုယ်စားလှယ်တွေ၊စစ်တပ်က ခန့်
အပ်တဲ့ အမတ်တွေက လွှတ်တော်ကို လွှမ်းမိုးသွားပါတယ်။
တကယ်တမ်း စစ်တပ်ကပဲ ခြယ်လှယ်နေတာဖြစ်တဲ့ အဲဒီ အုပ်ချုပ်မှု ပုံစံသစ်မှာ မင်းအောင်လှိုင် အငမ်းမရ လိုချင်နေတာကတော့ နိုင်ငံတကာက ‘တရားဝင် အစိုးရ’ပါလို့ အသိအမှတ် ပြုလိုက်တာကိုပါပဲ။ အဲဒီအတွက်လည်း မင်းအောင်လှိုင်ဟာ ပလဲနံပသင့်တဲ့ နိုင်ငံတွေဆီ ဆက်တိုက် အလည်အပတ် ခရီးစဉ်တွေ သွားရောက်ခဲ့ပါတယ်။ မေလကနေ စက်တင်ဘာအထိ အတောအတွင်း သူဟာ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘီလားရုစ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေဆီ ခရီးတွေ ဆက်တိုက် ထွက်ခဲ့ပါတယ်။ သူဟာ အဲဒီနိုင်ငံတွေအတွက် မြန်မာဖက်က ပေး
အပ်နိုင်မယ့် စီးပွားရေးနဲ့ လုံခြုံရေး အကျိုးခံ
စားခွင့်တွေကို မက်လုံးပေးပြီး ဆက်ဆံရေး ပိုအားကောင်းအောင် ရည်ရွယ်ပုံ ရပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့တဲ့အခါ မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့၊ အဲဒီဆိပ်ကမ်းကိုတရုတ်ပိုင်ယူနန်ပြည်နယ်နဲ့ ဆက်သွယ်တဲ့ ရထားလမ်း တည်ဆောက်ဖို့ ထပ်ပြီး အာမခံခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အိန္ဒိယ သမုဒ္ဒရာဖက်ကနေ တရုတ်ဆီ သဘာဝ သယံဇာတတွေ တင်သွင်းနိုင်မယ့် လမ်း
ကြောင်းတစ်ခု သေချာပေါက် ရှိနေစေဖို့ ဖြစ်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့တဲ့အခါ မင်းအောင်လှိုင်က ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံဖို့၊ မြန်မာနိုင်ငံ တောင်ပိုင်းက ထားဝယ်မြို့မှာ ဆိပ်ကမ်းနဲ့ ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပြန်ပါတယ်။ Asia Inside Reviewမှာ နှစ်ဆန်းပိုင်းက ဖော်ပြထားမှုအရ မြန်မာနိုင်ငံရဲ့ အခြေ
အနေဟာ အင်ဒို-ပစိဖိတ် ရပ်ဝန်းအတွက်ပါ ခြိမ်းခြောက်မှု တစ်ခုအဆင့်ထိ ကျယ်ပြန့်လာနိုင်ခြေတွေလည်း ရှိနေပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်ဟာ အရှေတောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကိုလည်း ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးလာနေပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အဖွဲ့ဝင် နိုင်ငံတွေ စုပေါင်းဆုံးဖြတ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ မြန်မာစစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။ အဲဒီအချက်တွေထဲမှာ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ညှိဖို့ စတာတွေ ပါဝင်ပြီး အဲဒီ တောင်းဆိုမှုကတွေကို မဖြည့်ဆင်းသ၍ အာဆီယံရဲ့ ထိပ်သီးအဆင့် ဆွေးနွေးပွဲတွေမှာ မြန်မာ့နိုင်ငံရေး ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ဆိုင်းငံ့ထားခဲ့ပါတယ်။
အခုတော့ ထိုင်းဟာ မင်းအောင်လှိုင်ရဲ့ ပုံစံပြောင်း စစ်အစိုးရကို မြန်မြန်ဆန်ဆန်အသိအ
မှတ် ပြုလိုက်ပြီး အာဆီယံ ထိပ်သီး အစည်း
အဝေးတွေနဲ့ တခြားဖိုရမ်တွေမှာ မြန်မာ ပြန်
လည် ပါဝင်လာနိုင်အောင် ပေါင်းကူး ညှိနှိုင်းပေးဖို့ ကြိုးစားနေပါတယ်။နယ်စပ်က မတည်
ငြိမ်မှုတွေက နိုင်ငံရဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက် ထိခိုက်နိုင်တာကြောင့် ထိုင်းဟာ မြန်မာနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ လိုလားလေ့ ရှိပါတယ်။
ဗီယက်နမ်ဟာ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး နည်းပညာ ကဏ္ဍလိုမျိုးအတွက် ရင်းနှီးမြှုပ်နှံထားသလို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုကလည်း မြန်မာနဲ့ နီးကပ်မှု ရှိပါတယ်။

❤22👍11🥰3🖕2😁1🤮1
စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ တခြားအာဆီယံ နိုင်ငံတချို့ကတော့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်က မဖြစ်မနေ အကောင်အထည် ဖော်ပြရမယ့်စည်းမျဉ်းလို့သဘောထား သတ်
မှတ်ထားပါတယ်။ ဒါပေမဲ့ အရပ်သား အစိုးရယောင် ဆောင်ထားတဲ့ မင်းအောင်လှိုင်က
တော့ အဲဒီ တောင်းဆိုချက်မျိုးဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မြောက်တယ်လို့ စွပ်စွဲပြီး တရားမဝင်ဘူးလို့ တုံ့ပြန်ထားပါတယ်။ နောက်ပြီးကိုယ်ပိုင်ဦးဆောင်မှုအောက်
မှာအာဆီယံနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားသွားမယ်ဆိုပြီး တင်းမာတဲ့ ရပ်တည်မှု သဘောထားကိုလည်း အာဏာသိမ်း စစ်
တပ်ဖက်က ပြသခဲ့ပါတယ်။
သဘောကတော့ အာဏာသိမ်း စစ်တပ်ဟာ ရင်းနှီးတဲ့ နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို အခြေခံပြီး အာဆီယံထဲမှာ ဖြည်းဖြည်းချင်းစီ လူရာပြန်ဝင်မယ်လို့ မျှော်လင့်ထားပုံပါပဲ။
စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ အပစ်ရပ်ဖို့ ကမ်းလှမ်းထားပေမယ့် လက်တွေ့မှာတော့ ကချင်၊ ကရင်၊ ရခိုင်နဲ့ တနင်္သာရီတိုင်းတို့မှာ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်နေပါတယ်။ ရန်ကုန်မှာ နေထိုင်ပြီး စစ်တပ်ရဲ့ အတွင်းပိုင်း လုပ်ပုံကိုင်ပုံတွေကို ကောင်းကောင်း သိနေတဲ့ မိတ်ဆွေတစ်ယောက်ကတော့ အခြေအနေတွေက တင်းမာနေဆဲလို့ စာရေးသူကို ပြောပြပါတယ်။ တချို့နေရာတွေမှာ ပြည်တွင်းစစ်မီး ငြိမ်သက်နေပေမယ့် စိုးရိမ်စရာ အဆင့်နဲ့ ပေါက်ကွဲထွက်မယ့် အဆင့်ကြားမှာ တဝဲလည်လည် ရှိနေဆဲလို့ သူက ဆိုပါတယ်။
ပြီးတော့ စစ်တပ်ဟာ အမေရိကန်နဲ့ ဥရောပလို အနောက်နိုင်ငံတွေ၊ ဂျပန်လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်း ထူထောင်ချင်နေတယ် ဆိုတာကလည်း သံသယရှိစရာ မလိုဘူးလို့ သူက မှတ်ချက်ပေးပါတယ်။
အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တကယ်
တမ်း မြှင့်တင်ချင်တယ်ဆိုရင် စစ်တပ် လုပ်ရမှာက ပြည်သူတွေအပေါ် ဖိနှိပ်ဗိုလ်ကျမှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ အစုအဖွဲ့ပေါင်းစုံ ပါ
ဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ စတင်ဖို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးပြီးချင်းမှာပဲ မြန်မာစစ်တပ်နဲ့ ဆက်သွယ်နိုင်တဲ့ လမ်း
ကြောင်းတွေ ရှိပါတယ်လို့ ဂျပန်အစိုးရက ပြောခဲ့ပေမယ့် လက်တွေ့ လွှမ်းမိုးနိုင်တာတော့ မဟုတ်ပါဘူး။ SCEFနဲ့ စစ်တပ်ကြားမှာ မြန်မာပြည်သူတွေက ဘယ်ဖက်ကို ထောက်ခံ အားပေးသလဲဆိုတာကအရမ်းပြတ်သား ထင်
ရှားပါတယ်။ ဂျပန်အစိုးရဟာ လူသားချင်း စာနာမှု အကူအညီတွေ ပေးနေရုံတင် မကဘဲ SCEF၊ မြန်မာပြည်သူတွေနဲ့ အကြိမ်ကြိမ် ထိတွေ့ ဆွေးနွေးမှုတွေလုပ်ဆောင်ရင်းငြိမ်းချမ်း
ရေး လမ်းကြောင်းကို မမှိတ်မသုန် ကူညီလျှောက်လှမ်းဖို့ လိုပါတယ်။ ။
(Yomiuri Shimbun သတင်းဌာန၏ Myanmar Pro-Democracy, Minority Forces Unite in Bid to Overthrow Military Regime ဆောင်းပါးကို People’s Springက ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

👍35❤6🥰4👏3😁2🖕2
SCEF မှတာဝန်ရှိသူတွေ သြဂုတ်လမှာ ဂျပန်ခရီးစဥ်မှတ်တမ်းဓါတ်ပုံများ / စက်တင်ဘာ
လမှာ သြစတြေးလျနိူင်ငံခြားရေးဝန်ကြီးဖြင့်တွေ့ဆုံဆွေးနွေးခဲ့ကြစဥ်။ဓါတ်ပုံ-SCEF

❤56🥰10👍7🤣4🖕2👏1😁1
မလေးရှားရောက်မြန်မာတွေ အလုပ်တစ်ရက်နားပြီး မင်းအောင်လှိုင်ရဲ့ခရီးစဉ် သပိတ်မှောက်ကြဖို့ MAA တိုက်တွန်း
အောက်တိုဘာ-၅၊၂၀၂၆။သတိုး/People's Spring
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ မလေးရှားရောက်မြန်မာတွေ တစ်ရက်တာအလုပ်နားပြီး သပိတ်မှောက်လှုပ်ရှားမှုပြုလုပ်ကြဖို့ မြန်မာ့အရေးမဟာမိတ်အင်အားစု (Myanmar Affairs Alliance - MAA) က တိုက်တွန်းထားပါတယ်။
မင်းအောင်လှိုင်က အောက်တိုဘာ ၇ ရက်မှာ မလေးရှားနိုင်ငံကို လာရောက်မှာဖြစ်ပြီး မလေးရှားရောက် မြန်မာလုပ်သားတွေအနေနဲ့ အဲဒီ့နေ့ကို အလုပ်မသွားပဲ "အလုပ်ရပ်နား သပိတ်မှောက် (Work Stoppage Strike)" ပြုလုပ်ပေးကြဖို့ တောင်းဆိုထားတာပါ။
"ကျွန်ုပ်တို့၏ မိသားစု၊ ဆွေမျိုးသားချင်းများကို နေ့စဉ်နှင့်အမျှ ရက်စက်စွာ သတ်ဖြတ်နေသူအား မလေးရှားမြေပေါ်တွင် မည်သို့မျှ လက်သင့်ခံမည်မဟုတ်ကြောင်း ပြသရန် အချိန်ရောက်ပြီ ဖြစ်ပါသည်" လို့ MAA ကတိုက်တွန်းထားပါတယ်။
သပိတ်မှောက်မှုကို ပြုလုပ်တာက အလုပ်ရှင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နစ်နာစေဖို့ ရည်ရွယ်တာမဟုတ်သလို အလုပ်ရှင်နဲ့ အလုပ်သမားကြားပြဿနာဖန်တီးဖို့ မဟုတ်ကြောင်း နဲ့ မြန်မာလုပ်သားတွေအပေါ် ကိုယ်ချင်းစာ နားလည်ပေးဖို့ အလုပ်ရှင်တွေကို MAA က မေတ္တာရပ်ခံထားတာပါ။
ဒါ့အပြင် မင်းအောင်လှိုင်က ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားသူမဟုတ်ပဲ ပြည်သူတွေကို နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတဲ့ ရာဇဝတ်ကောင်ဖြစ်ကြောင်း နဲ့ ဒီလိုလူမျိုးနဲ့ တွေ့ဆုံတာက မလေးရှားနိုင်ငံအတွက် အရှက်ရစရာကိစ္စပဲဖြစ်လာနိုင်တယ်လို့ MAA က သတိပေးထားပါတယ်။
အဲဒီလှုပ်ရှားမှုနဲ့အတူ စစ်တပ်က မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့နဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေ ၊ စာသင်ကျောင်းတွေ ဆေးရုံတွေ ဘာသာရေးအဆောက်အဦးတွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့စီးပွားရေး အဆောက်အဦးတွေကို စစ်ရေးပစ်မှတ်အနေနဲ့ လေကြောင်းက ဗုံးကျဲတိုက်ခိုက်တာတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
လှုပ်ရှားမှုကို မြေပြင်မှာ ပါဝင်ပေးဖို့ အဆင်မပြေနေတဲ့သူတွေ အနေနဲ့ "The Bloodstained Ghost (သွေးစွန်းနေသော စစ်ရာဇဝတ်ကောင်)" Profile ပုံကို Facebook အကောင့်တွေမှာတင်ပြီး မင်းအောင်လှိုင်အား ဆန့်ကျင်ကြောင်းပြသပေးဖို့ MAA က တိုက်တွန်းထားပါတယ်။

👍37👏9❤4🤮3🥰2🤣1🖕1
မြိုင်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦး ရုပ်အလောင်းတွေ ရှာတွေ့
အောက်တိုဘာ -၅ ၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။
မနေ့က(အောက်တိုဘာ ၄ ရက်)နေ့က မှိုရှာသွားတဲ့ ရွာသားတစ်ဦးက အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာကို တွေရှိခဲ့ပြီးနောက် ဒေသတာဝန်ရှိသူတွေအားလုံး ဦးဆောင်ပြီး ရှာဖွေမှုတွေလုပ်တဲ့အခါ အစုလိုက်၊ အပြုံလိုက် မြှုပ်နှံထားတဲ့ မြေကျင်း ၂ခုအတွင်းမှ ရုပ်အလောင်း ၁၂ လောင်းတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
"အလောင်းတွေမှာ တွေ့ရတဲ့ မှတ်ပုံတင် ၊ကျောင်းသားကဒ် ၊မွေးစားရင်းစာရွက် စတဲ့ အချက်အလက်တွေအရ ဂွေးကုန်းရွာက ဖမ်းဆီးခံခဲ့ရသူတွေဖြစ်နေတယ်"လို့ မြိုင်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
အရပ်သားရုပ်အလောင်း တစ်ဒါဇင် ကိုတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်က မှန်ကန်ပြီး အသေးစိတ်အချက်အလက် ကို စိစစ်နေတယ်လို့ မြိုင်မြို့နယ် ကာကွယ်ရေးအဖွဲ့တခုက တာ၀န်ရှိသူက အသိပေးပါတယ်။
"အနီ(NLD ) ထောက်ခံသူတွေ ဆိုပြီး သတ်ဖြတ်ခဲ့ကြတာ။ပါးစပ်တွေ ကို ကြိုးချည်ပြီး လက်ပြန်ကြိုးတုတ်သတ်ခံခဲ့ကြရတယ်"လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
အဲဒီသတ်ဖြတ်ခံခဲ့ရသူတွေဟာ ၂၀၂၃ ဇွန်လ ၉ ရက်က မြိုင်မြို့နယ် စက်မှု ၂ မှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက ဂွေကုန်းရွာကို စစ်ကြောင်းထိုးစဉ် ဂွေးကုန်းရွာက ပြည်သူ ၉ ဦး၊မကျီးကုန်းရွာက ပြည်သူ ၁ဦး၊သံချောင်းရွာက ပြည်သူ ၁ဦး နဲ့ မကျည်းကန်ရွာက ပြည်သူ ၁ဦး စုစုပေါင်း ဖမ်းဆီးခံခဲ့ရသူတွေလို့ ဆိုပါတယ်။
သတ်ဖြတ်မှုကို ၀က်ပုတ်ကျေးရွာပျူစောထီးခေါင်းဆောင်တွေ ဖြစ်ခဲ့တဲ့ ဝင်းငွေ နဲ့ ဝက်ပုတ်ရွာမှာ တာဝန်ကျနေတဲ့ အာဏာသိမ်းစစ်တပ်က ဗိုလ်ဘိုဖြူတို့ ဦးဆောင်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ပြည်သူတွေကို ၂၀၂၃ ဇွန်လ ၁၁ ရက် မနက်မှာ သတ်ပစ်ခဲ့တယ်လို့ ဝက်ပုတ်ရွာမှာ သိမ်းဆည်းရရှိတဲ့ မှတ်စုစာအုပ်မှာဖော်ပြထားတယ်လို့ မြိုင်မြို့နယ်စစ်ရေးတာ၀န်ရှိသူက အသိပေးပါတယ်။
မှတ်စုစာအုပ်စာရင်းအရ ဂွေးကုန်းကျေးရွာနေ အသက် ၂၆ နှစ်အရွယ် အောင်ဇင်ဟိန်း၊ အသက် ၅၁ နှစ်အရွယ် ဦးကျော်ဌေး ၊ အသက် ၄၂ နှစ်အရွယ် ဦးမင်းဇော်ဦး၊ အသက် ၃၉ နှစ် အရွယ် ဦး အောင်မိုး၊ အသက် ၆၁ နှစ်အရွယ် ဦးဩ ၊ အသက် ၅၁ နှစ်အရွယ် ဦးဌေးမြင့်၊ အသက် ၁၅ နှစ်အရွယ် မောင်သော်ဇင်ထိုက် ၊ အသက် ၄၂ နှစ်အရွယ် ဦးဆန်းလင်းမောင်နဲ့ အသက် ၃၈ နှစ်အရွယ် ဦးဖြိုးဝေ မောင် တို့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
မကျီးကုန်းကျေးရွာက အသက် ၄၈ အရွယ် ဦးထွန်းသိန်း၊ သံချောင်းကျေးရွာက အသက် ၂၉ နှစ်အရွယ် ဦးအုန်းလင်းနဲ့ မကျည်းကန်ကျေးရွာက ပြည်သူ ၁ဦး ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၄ ဩဂုတ် ၈ ရက်မှာ ဝက်ပုတ်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာလည်း စစ်တပ်က မြိုင်မြို့နယ် တဲကြီးကျေးရွာမှာ တပ်စွဲထားပြီး ဒေသတွင်းက ရေနံတွင်း တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ မြိုင်မြို့နယ်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

😢24🤬17👍5🤮3😡3❤2👏2😭1
ပုဏ္ဏားကျွန်းက ပန်းနီလာစစ်ဘေးရှောင်စခန်းကိုစစ်တပ်ဗုံးကြဲပြန်
-“စစ်ဘေးရှောင်တွေကို တမင်လာသတ်နေတာ။ ဓနိတဲလေးမှာ နေကြတဲ့ စစ်ရှောင်တွေမှာ ဘာအပြစ်ရှိလို့လဲ"-စစ်ဘေးရှောင်တဦး
■ဗျာလစစ်ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ
အောက်တိုဘာ-၅၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကပန်းနီလာစစ်ဘေးရှောင်စခန်း နဲ့ အနီးဝန်း
ကျင်တို့ကိုဒီနေ့မနက်ပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာကြောင့်လူသေဆုံးထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ကိုးနာရီခွဲလောက်ကတည်းက ဂျက်နှစ်စီးနဲ့ ဗုံးကြဲတာ။ အထိအခိုက်တွေ မသိရသေးဘူး။ တော်တော်များမယ်။လေယာဉ်ဝဲနေသေးတယ်” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။ဗုံးကြဲခံရမှုကြောင့် လူသေဆုံးထိ
ခိုက်မှုအခြေအနေ အသေးစိပ်ကိုမသိရသေးဘဲ နောက်ဆက်တွဲဖော်ပြပါမယ် ။
အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၄ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနဲ့ ယိုးငူရွာကြားမှာရှိတဲ့ ဗျာလစစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင်အရပ်သားပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရသူတွေထဲမှာဒဏ်ရာပြင်း
ထန်သူတွေ ရှိနေတာကြောင့်သေဆုံးသူတွေ ထပ်တိုးနိုင်သေးတယ်လို့ဒေသခံတွေကပြောပါတယ်။
ဗျာလ စစ်ဘေးရှောင်စခန်း ဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာပဲ ပန်းနီလာ စစ်ဘေးရှောင်စခန်းကိုစစ်တပ်က ထပ်မံဗုံးကြဲခဲ့တာဖြစ်ပါတယ် ။
ပန်းနီလာစစ်ဘေးရှောင်စခန်းဟာ စစ်တွေမြို့နယ်အတွင်းက တိုက်ပွဲဖြစ်နေတဲ့ နေရာ နဲ့ ဆယ်မိုင်ကျော်အကွာမှာ တည်ရှိပြီး မနေ့က ဗုံးကြဲခံရတဲ့ ဗျာလစစ်ရှောင်စခန်းအနီးမှာပဲ တည်ရှိပါတယ်။
“စစ်ဘေးရှောင်တွေကို တမင်လာသတ်နေတာ။ ဓနိတဲလေးမှာ နေကြတဲ့ စစ်ရှောင်တွေမှာ ဘာအပြစ်ရှိလို့လဲ၊ေးထက်တောင်ဆိုးတဲ့ကောင်တွေ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ စစ်တွေမြို့နယ်မှ စစ်ဘေးရှောင်လူငယ်အမျိုးသမီးတဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)
ထိန်းချုပ်နယ်မြေတွေကိုတန်ပြန်ထိုးစစ်ဆင်နေခဲ့တာဟာ တစ်လကျော်လပေမယ့် AA စခန်းတစ်ခုမှမသိမ်းနိုင်ဘဲ စစ်ဦးကျိုးပြီးစစ်စခန်းတချို့ပါ ပြန်သိမ်းခံနေရပါတယ်။စစ်တပ်အထိနာနေချိန်မှာအရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကိုပါစစ်တပ်က ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၀ ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်တိုဘာ ၄ ရက်နေ့ထိ တစ်လအတွင်း စစ်တပ်လက်
ချက်ကြောင့် သေဆုံးရတဲ့ ရခိုင် ဒေသခံ အရပ်သားပြည်သူ ၇၀ ဦးထက်မနည်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃၉ ဦးထက်မနည်း
ရှိနေပြီဖြစ်ပါတယ်။
#စစ်ဘေးရှောင်စခန်းဗုံးကြဲခံရ
#ပန်းနီလာစစ်ဘေးရှောင်စခန်း
#ဗျာလစစ်ဘေးရှောင်စခန်း
#ပုဏ္ဏားကျွန်းမြို့နယ် #peoplesspring

🤬38❤3👏2👎1😢1🙏1😡1
အိုးဘိုထောင်မှာ ထောင်ဒဏ် နှစ် ၂၀ကျော် ချခံထားရတဲ့ ဆေးမန်းက CDM ဆရာမ ကွယ်လွန်
အောက်တိုဘာ ၅၊ ၂၀၂၆။ ဇေအောင်/People's Spring
မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ် နှစ် ၂၀ကျော် ချမှတ်ခံထားရတဲ့ ဆေးတက္ကသိုလ်(မန္တလေး)က CDM ဆရာမ ဒေါ်ခင်သီတာ အကျဥ်းထောင်တွင်းမှာ ကွယ်လွန်သွားခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မမေနှင်းက ပြောပါတယ်။
ဆေးတက္ကသိုလ် (မန္တလေး)၊ ရောဂါဗေဒဌာန၊ ဓါတ်ခွဲခန်းမှူး CDM ဆရာမ ဒေါ်ခင်သီတာဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးခံရပြီး မန္တလေး အိုးဘိုထောင်အတွင်း အကျဉ်းကျနေချိန် ပြီးခဲ့တဲ့စက်တင်ဘာ (၂၈) ရက်နေ့က ကျဆုံးသွားကြောင်းအာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)က ထုတ်ပြန်ပါတယ်။
ဆရာမဒေါ်ခင်သီတာဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေစဉ် လုံလောက်စွာ ဆေးကုသမှုမရခဲ့တာကြောင့် ကျဆုံးခဲ့ရတာဖြစ်ကြောင်း AFCC.MDY က အသိပေးပါတယ်။
"စက်တင်ဘာ ၂၇ ရက်ည ၁ဝ နာရီမှာ မူးလဲတယ်။ အချိန်မီဆေးရုံမပို့ပေးဘဲ မနက် အသက်ပျောက်ခါမှ ဆေးရုံပို့တယ်။ဆေးရုံက ဆီးချိုတက်လို့ဆိုပြီး စာထုတ်ပေးတယ်။ ဆေးမှတ်တမ်းကို ခဏပဲပြပြီး သေချာကြည့်ရှုခွင့်မပေးဘူး"လို့ AFCC.MDY ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မမေနှင်းက ပြောပါတယ်။
ဆရာမ ဒေါ်ခင်သီတာဟာ ၂၀၂၃ ခုနှစ် သြဂုတ် ၁၅ ရက်က ဖမ်းဆီးခံခဲ့ရပြီး အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ပုဒ်မ ၅၀ (ည)၊ ၅၂ (က) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၂နှစ် အထိ ကျခံထားရသူဖြစ်ကြောင်း မမေနှင်းက ပြောပါတယ်။
ဆရာမ ဒေါ်ခင်သီတာဟာ ၂၀၂၁ ဖေဖော်ဝါရီကစတင်ပြီးစစ်အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်လျက် CDM ပြုလုပ်တာ၊ နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီတာ၊ ဖေးမစောင့်ရှောက်တာစတဲ့ အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဉ်တွေမှာ ကျရာအခန်းကဏ္ဍကနေ တာဝန် ကျေပွန်စွာထမ်းရွက်ခဲ့တဲ့ လေးစားထိုက်တဲ့ CDM ဝန်ထမ်းကောင်း တဦးဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တပ်က နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်နေတာဟာ နိုင်ငံတကာရာဇဝတ်မှုဖြစ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်ရာ မြောက်ကြောင်း၊ ယင်းချိုးဖောက်မှု တခုချင်းစီအတွက် တရားမျှတမှုရရှိဖို့ ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်း ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဇူလိုင်အတွင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

🤬36😢9❤5👏2👍1🤮1😡1
မေး- SCEFကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က ဘာပါလဲ။
SCEF-တော်လှန်ရေးဖက်မှာ ခိုင်မာစည်းလုံးတဲ့ စုဖွဲ့မှုရှိကြောင်း ကျွန်တော်တို့ ပြချင်ပါတယ်။ တစ်ဖွဲ့ချင်းစီ တိုက်ခိုက်နေမယ့်အစား တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ကျက်တဲ့ စစ်ရေး မဟာဗျူဟာမျိုးကို SCEF အနေနဲ့ ဖော်ဆောင်နိုင်မှာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေနဲ့ အမိန့်ပေး ညွှန်ကြားမှု ပုံစံတွေကို စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆွဲကိုင်ထားတာကတော့ ‘တစ်ခုတည်းသောမူဝါဒ၊ တစ်ခုတည်းသောမဟာဗျူဟာ’ ပဲဖြစ်ပါတယ်။တစ်နည်းအားဖြင့် စစ်တပ်ကို တိုက်တာပဲဖြစ်ဖြစ်၊ ညှိတာပဲဖြစ်ဖြစ် တစ်ဖွဲ့ချင်း မလုပ်ဘူး၊ စုပေါင်းပြီး လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
မေး-SCEFရဲ့ အနာဂတ် အစီအစဉ်တွေက ဘယ်လိုပါလဲ။
SCEF- ပြည်တွင်းပြည်ပ အရင်းအမြစ်တွေဆီကနေ စစ်ဆင်ရေး ရန်ပုံငွေ ဒေါ်လာ သန်း ၃၀၀ လောက်ထိ မြှင့်တင် စုဆောင်းသွားပါမယ်။ ပြည်ပမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၁၀ သန်းလောက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ဟာ သူတို့ထဲက ၁၀ ရာခိုင်နှုန်းလောက်ဆီက အနည်းအကျဉ်း ထည့်ဝင်မှုမျိုးနဲ့တောင်ဖြည့်ဆည်းဖို့ လုံလောက်နိုင်ပါတယ်။ ပြီးတော့ ဒီလုပ်ဆောင်မှုက ပြည်သူတွေဟာSCEFကိုလိုလား ထောက်ခံကြတယ်ဆိုတာ နိုင်ငံတကာ အစိုးရတွေကို ပြသပြီးသား ဖြစ်လာစေပါလိမ့်မယ်။ ဒေါ်လာ သန်း ၃၀၀ကိုတိုင်းရင်းသားတပ်တွေနဲ့ တခြားအဖွဲ့တွေကြား ညီတူညီမျှ ခွဲဝေပေးလိုက်မှာတော့ မဟုတ်ပါဘူး။ မဟာဗျူဟာ ဦးစားပေး လိုအပ်ချက်အလိုက် ခွဲဝေ အသုံးပြုမှာပါ။
မေး- SCEFကို တခြားအဖွဲ့တွေ ပူးပေါင်းလာနိုင်ခြေကရော ဘယ်လိုရှိပါသလဲ။
SCEF-နိုင်ငံအနှံ့က တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ လူမြင်ကွင်း နောက်ကွယ်မှာ ညှိနှိုင်းဆွေးနွေးတာတွေ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒါပေမဲ့ နာမည်တွေကိုတော့ လောလောဆယ် ကျွန်တော်တို့ ထုတ်မပြောနိုင်သေးပါဘူး။ SCEFရဲ့ လုပ်ရည်ကိုင်ရည် မှတ်တမ်းကောင်းနဲ့ စုစည်းညီညွတ်မှုကို လက်တွေ့ ပြနိုင်မယ်ဆိုရင် ပူးပေါင်းပါဝင်မယ့် အစုအဖွဲ့ကလည်း တိုးလာနိုင်ပါတယ်။
မေး-ဂျပန်ဆီက ဘာတွေ အကူအညီတောင်းချင်သလဲ။
SCEF-ဒီမိုကရေစီ အင်အားစုတွေ အောင်ပွဲခံနိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တစ်နှစ်၊ နှစ်နှစ်အတွင်း ပြန်လည် တည်ငြိမ်လာနိုင်ပါတယ်။ အဲဒီအချိန်ထိတော့ ပြည်တွင်းရောက် ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဆက်ပြီး ရှိနေပေးကြဖို့တောင်းဆိုချင်ပါတယ်။လက်ရှိမှာမြန်မာဆီ တရားဝင် ဖွံ့ဖြိုးရေး အကူအညီတွေ ပေးအပ်မှုကိုလည်း ဆက်ပြီး ဆိုင်းငံ့ထားဖို့ ဂျပန်အစိုးရကို တိုက်တွန်းပါတယ်။
မေး-ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင် ခံထားရတာနဲ့ ပတ်သက်လို့ရော ဘယ်လို မြင်ပါသလဲ။
SCEF-မင်းအောင်လှိုင်ကတော့ သူ့ကို အဆုံးထိ ပြန်လွှတ်ပေးမယ်လို့ မထင်ပါဘူး။ အရင် စစ်အစိုးရ စိတ်တိုင်းကျ ဖန်တီးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အောက်ကနေ ကျွန်တော်တို့ဟာ နိုင်ငံကို တည်ဆောက်လို့ မရပါဘူး။ ဖက်ဒရယ် နိုင်ငံသစ်တစ်ခု ပေါ်ထွန်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲ အလုပ်လုပ်ဖို့ လိုပါတယ်။
https://www.ludunwayoo.com/feature-mm/2026/10/05/170108/

LuduNwayOo
စစ်တပ်ကို တွန်းလှန်ဖို့ စုပေါင်းခဲ့တဲ့ တော်လှန်ရေး နဲ့ တိုင်းရင်းသားအင်အားစုများ (သို့မဟုတ်) SCEF | LuduNwayOo
နိုင်ငံတကာအပယ်ခံ ဘဝကနေ လွတ်ချင်တာကြောင့် ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းတို့လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြိုးကြိုးစားစား မြှင့်တင်နေပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်…
👍36❤11🥰3😁2🤮1🤣1🍌1🖕1
ချင်းတိုင်းရင်းသားတစ်ဦးကို NUG ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးခန့်အပ်
▪️အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ စွမ်းအားကြီးမား၊ နွေဦးတော်လှန်ရေးရဲ့ ခိုင်မာတဲ့ မဏ္ဍိုင်အဖြစ် တည်တံ့နေဆဲဟု NUG ဝန်ကြီးချုပ်ပြော
အောက်တိုဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ဒေါက်တာ မားငိုက်ဆန်းငါ အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။
ယခင် ပညာရေးဒုဝန်ကြီးဖြစ်သူ ကချင်တိုင်းရင်းသူ ဆရာမဂျာထွယ်ပန်က NUG ရဲ့ ဝန်ကြီးဌာန ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုမှာ ပညာရေးဝန်ကြီးအဖြစ် တာဝန်ယူလိုက်တဲ့ အခြေအနေမှာ ဒုဝန်ကြီးတဦးအဖြစ် ချင်းတိုင်းရင်းသားတဦးကို ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီကနေ့ အောက်တိုဘာ ၅ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ မှာ CRPHက NUG ပညာရေး ဒုဝန်ကြီးတဦး ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့သလို ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
CRPHက ပေးပို့တဲ့ သဝဏ်လွှာမှာ လက်ရှိ အခြေအနေတွေမှာ ပညာသင်ကြားမှု အခန်းကဏ္ဍဟာ ကြီးမားတဲ့ ပြောင်းလဲမှုနဲ့အတူ စိန်ခေါ်မှု အမျိုးမျိုး ရင်ဆိုင်နေရပေမဲ့ CDM ဆရာ၊ ဆရာမများ အနေနဲ့ ကြားကာလ ပညာသင်ကြားမှု အခန်းကဏ္ဍ မှာ မြေပြင် အခြေပြု သင်ကြားမှု၊ အွန်လိုင်း သင်ကြားမှုတွေနဲ့ လူထုနဲ့အတူ ဆက်လက် လှုပ်ရှား ဆောင်ရွက်လျက်ရှိတဲ့အတွက် ရပ်တန့်မနေတဲ့ သင်ကြားမှု၊ သင်ယူမှု လမ်းကြောင်းကို အခိုင်အမာ တည်ဆောက်ထားနိုင်တယ်လို့ ဖော်ပြပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်အား စနစ်တကျ အုတ်မြစ်ချ တည်ဆောက်ကာ အဓမ္မ တရားအား ဆန့်ကျင်လျက် ဓမ္မဘက်မှာ ခိုင်မာ တည်ကြည်စွာ ရပ်တည်နေကြတဲ့ CDM ဆရာ၊ ဆရာမများနဲ့အတူ ကမ္ဘာတဝှမ်းရှိ မျိုးဆက်သစ်တို့အား အသိပညာများ မျှဝေသင်ကြား ပြုစုပျိုးထောင်ပေးနေကြတဲ့ ဆရာ၊ဆရာမတွေရဲ့ ဂုဏ်အရည်အချင်း တို့အား လေးစားစွာ ဦးညွှတ်ကြောင်းလည်း CRPHက ဖော်ပြပါတယ်။
ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို မတရားကြောင်း ပြတ်ပြတ်သားသား ငြင်းပယ်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ရဲရဲဝံ့ဝံ့ ရှေ့တန်းမှ ရပ်တည်ခဲ့တာ ၆ နှစ်တာ ကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ကိုယ်ပိုင် လူမှုအကျိုးစီးပွားနဲ့ ဘဝလုံခြုံရေးများကို စွန့်လွှတ်ကာ အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ ဆရာ၊ ဆရာမများရဲ့ ရပ်တည်ချက်ဟာ နွေဦးတော်လှန်ရေးရဲ့ ခိုင်မာ အားကောင်းသော မဏ္ဍိုင်ကြီးအဖြစ် တည်တံ့နေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
“ဖိအားမျိုးစုံကြားမှ ပညာရေး၏ ပင်မတန်ဖိုးများဖြစ်သည့် "လွတ်လပ်စွာ တွေးခေါ်ခွင့်၊ အမှန်တရားကို ရှာဖွေခွင့်နှင့် လူ့ဂုဏ်သိက္ခာကို မြှင့်တင်ရေး" တို့ကို သက်စွန့်ကြိုးပမ်း ကာကွယ်ပေးနေကြသော ဆရာ၊ ဆရာမများအား လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂုဏ်ပြုလိုက်ရပါသည်” လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်က သဝဏ်လွှာ ပေးပို့ပါတယ်။
ဆရာ၊ ဆရာမတို့ရဲ့ လက်များဟာ အာဏာရှင်ရဲ့ ကျည်ဆန်များထက် ပိုမို စွမ်းအားကြီးမားကြောင်း သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်တာမို့ တော်လှန်ဆရာ၊ ဆရာမများ၊ ကျောင်းသားလူငယ်များနဲ့ ပြည်သူတရပ်လုံးအနေဖြင့် ပြည်သူ့ နွေဦးတော်လှန်ရေးကြီး မုချအောင်မြင်ရမည်ဆိုတဲ့ ယုံကြည်ချက်ဖြင့် အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေး ပန်းတိုင်သို့ မရောက်မချင်း လက်တွဲမဖြုတ်ဘဲ ဆက်လက်ချီတက်ကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

❤41👍11👏5🤣2🤮1🖕1