People's Spring
✔
59.8K subscribers
72K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ညီလာခံကျင်းပစဥ်။ဓာတ်ပုံ - KNU
❤31👍7👏3🤮1💩1🤣1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(အောက်တိုဘာ ၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မလေးရှားကနေ စစ်သင်္ဘောနဲ့ ပြန်ပို့ခံရသူအချို့အိမ်​ပြန်မရောက်ကြလို့ မိသားစုဝင်တွေ စိုးရိမ်နေ

မလေးရှားနိုင်ငံကနေ စစ်သင်္ဘောနဲ့ နေရပ်ပြန်ပို့ခံရသူတွေအနက် အချို့ဟာဒီ​နေ့ ည​နေအထိအိမ်ပြန်မရောက်သေးသလို အဆက်အ
သွယ်လည်းမရသေးတဲ့သူတွေရှိလို့ မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ မြန်မာ ၁၅၀၀ နီးပါးကို နေရပ်ပြန်ပို့ခံရလို့ သွားခေါ်လာတဲ့ စစ်သင်္ဘောဟာ အောက်
တိုဘာ ၄ရက်မနက်အ​စောပိုင်းက ရန်ကုန်မြို့က သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။ မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသား ၅,၀၀၀ အထိ ပြန်ပို့မှာဖြစ်ပြီး စစ်တပနဲ့ ညှိနှိုင်းကာ စက်
တင်ဘာ ၂၉ ရက်မှာ ပထမဆုံးအသုတ်အနေနဲ့ ၁၄၇၆ ဦးကို မလေးရှားနိုင်ငံကနေ စစ်သ
င်္ဘော ၃စီးနဲ့ ရန်ကုန်မြို့ကို ပြန်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီသူတွေကို သူတို့ရဲ့နေရပ်အလိုက် စစ်တပ်ရဲ့ တိုင်းနဲ့ပြည်နယ်စစ်အစိုး
ရအဖွဲ့တွေက သီလဝါဆိပ်ကမ်းက​နေစောင့်ခေါ်သွား​တာဖြစ်ပြီး အချို့ဟာညနေပိုင်းအထိပြန်ရောက်မလာသေးတဲ့သူတွေရှိနေတယ်လို့ ရန်ကုန်မြို့နဲ့နာရီပိုင်းအတွင်းကားနဲ့​ရောက်နိုင်တဲ့ ​ဒေသမှာ ​နေထိုင်သူအချို့ကပြောပါတယ်။

◾️ပုဏ္ဏားကျွန်းကစစ်ရှောင်စခန်းကို စစ်တပ်ဗုံးကြဲ၊စစ်​ရှောင်ပြည်သူ၆ဦးထက်မနည်းသေဆုံး

ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနဲ့ ယိုးငူရွာကြားမှာတည်ရှိတဲ့ဗျာလစစ်ဘေးရှောင်စခန်းကိုအာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရ သူအများအပြားရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်ဟာအောက်တို
ဘာလ ၄ ရက် ညနေ ၅ နာရီ ၁၀ မနစ်လောက်မှာ တိုက်ပွဲနေရာတွေနဲ့ အလှမ်းဝေးပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေ စုပေါင်းနေထိုင်ကြတဲ့ ဓနိမိုး၊ ဝါးကာတဲအိမ်ငယ်တွေကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်
ချို နဲ့ ယိုးငူရွာကြားမှာရှိတဲ့ ယိုးငူ၊ ဗျာလစစ်ဘေးရှောင်စခန်းကိုအောက်တိုဘာလ ၄ ရက်၊ညနေ (၅) နာရီ (၁၀) မိနစ်အချိန်ခန့်မှာစစ်တပ်က ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ဗုံးကြဲတာစစ်ဘေးရှောင်ပြည်သူ ၆ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့AA ကထုတ်ပြန်ပါတယ်။နေအိမ်နဲ့ဈေးဆိုင်အများအပြား ပျက်စီးမီးလောင်သွားခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိတယ်လို့ အသိ​ပေးပါတယ်။

◾️ရေဦးမှာစစ်တပ်ကဒရုန်းသုံးစီးနဲ့ ဗုံးကြဲ ကလေးတဦးအပါအဝင်ပြည်သူ၂ဦးဒဏ်ရာရ

ရေဦးမြို့မှာ စစ်တပ်ကစစ်တပ်က ကာမီကာ​​ဇေဒရုန်း( အ​သေခံတိုက်ခိုက်​ရေးဒရုန်း)သုံးစီးနဲ့ တိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး ဒဏ်ရာရပြီး ဒရုန်းတစ်စီးကို တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ရေဦးမြု့နယ်ထဲက ရွာတစ်ရွာကို အောက်တိုဘာ၄ရက် မွန်းလွဲ ၁နာရီခန့်မှာ စစ်တပ်က ဆူဆိုက်ဒရုန်းသုံးစီးနဲ့ ဗုံး
ကြဲတာဖြစ်ပါတယ်။အဲ့ဒီဒရုန်းဟာ ရွာအနီးမှာ ကလေးငယ်တွေ ဘောလုံးကန်နေတဲ့ကွင်းကို ဦးတည်ပျံသန်းလာတာဖြစ်ပြီး လမ်းခုလတ်မှာ ပြုတ်ကျခဲ့တာလို့ သိရပါတယ်။

◾️အရပ်သားနဲ့ စစ်ရှောင်ပြည်သူတွေရှိတဲ့
ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်ဗုံးကြဲ

အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေအများစုရှိတဲ့ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒီကနေ့ နေ့
လယ်ပိုင်းကတည်းက လေကြောင်းတိုက်ခိုက်နေရာ ညနေ ၃ နာရီခန့်အထိ ၄ကြိမ်ထက်မ
နည်းဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။ ကရင်နီပြည်နယ်မှာ နေ့စဉ်နီးပါး စစ်တပ်ရဲ့ လေ
ကြောင်းတိုက်ခိုက်မှုတွေ ကြုံနေပြီး အထူး
သဖြင့် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။စက်တင်ဘာလတည်းမှာပဲ ‌လေ
ကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကရင်
နီအရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

◾️မနက်ဖြန်ကစပြီး အလှည့်ကျစနစ်နဲ့ မီးပေးတော့မယ်

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးကို မနက်ဖန် အောက်တိုဘာ ၅ ရက်ကစတင်ပြီး အလှည့်ကျပေးတော့မယ်လို့ စစ်တပ်လက်
အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ပြင်းထန်အယ်နီညို ရာသီ
ဥတုကြောင့် အပူချိန်မြင့်မားနေပြီး ဓာတ်အားလိုအပ်ချက်မြင့်တာကြောင့် အလှည့်ကျစနစ်နဲ့ မီးပေးတာလို့ လျပ်စစ်ဝန်ကြီးဌာနက အ
ကြောင်းပြထားပါတယ်။ လျှပ်စစ်မီးကို မနက် ၅ နာရီကနေစတင်ပြီး ၄နာရီခြား အလှည့်ကျနဲ့ အုပ်စု ၂ခုခွဲပြီးမီးပေးသွားမှာလို့ သိရပါတယ်။ ၄ နာရီခြား ၁ကြိမ် အလှည့်ကျမီးပေးမယ်လို့ ကြေညာထားပေမယ့်တစ်နေ့ကို ဘယ်
နှစ်နာရီမီး‌ပေး မယ်လို့တော့ အတိအကျကြေ
ညာထားတာမရှိပါဘူး။

◾️စင်းခန်းတံတားအနီး နစ်မြုပ်သင်္ဘောပေါ်က ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်
နက်ကြီးတွေ KIA ပူးပေါင်းတပ်ဆယ်ယူရ
👍21❤6🖕2🥰1🤮1
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်
မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်
နက်ကြီးတွေကိုဆယ်ယူနိုင်ခဲ့ကြောင်း ကချင်
စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆန်တက်ခဲ့ရာ ရွှေကူနယ် ဇင်းဘုံနဲ့ ဗန်းမော်မြို့နယ် စင်းခန်းကြားမှာ သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာပါ။ စစ်ရေးသတင်းရင်းမြစ်က ပြသတဲ့ ရုပ်သံမှာ ၁၂၂ မမ လက်နက်ကြီးကို KIA ရဲဘော်တွေက ဧရာ၀တီမြစ်အတွင်းကနေ စက်ယန္တရားနဲ့ ဆွဲယူကာ မော်တော်
ယာဉ်ကြီးပေါ်တင်ဆောင်နေတာ တွေ့ရပါတယ်။ သိမ်းရတဲ့ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်ဟာ အသစ်နီးပါး ရှိသေးတယ်လို့လည်း သူကပြောပါတယ်။ ရန်သူ့ လက်နက်ကိုယ့်လက်နက်အဖြစ် ရရှိခဲ့တာလို့လည်း သူက ပြောပါတယ်။

◾️မန္တလေးကနေ စက်ဘီးနဲ့ပြန်သွားတဲ့ ပန်းရံသမား ၅လကြာ ပျောက်ဆုံးနေ

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်
ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။ မန္တလေး
တိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ ပန်းရံလုပ်ကိုင်သူ ကိုမင်းသူဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်က မန္တလေးမြို့ကနေ စက်ဘီးနဲ့ အုန်းချောရွာကို အပြန် လမ်းမှာပျောက်ဆုံးသွားကြောင်း ၎င်းရဲ့မိသားစုဝင်တွေက TikTok ကနေ အသိပေးပါတယ်။ ကိုမင်းသူမှာကိုယ်ဝန် ၇ လရှိနေပြီဖြစ်တဲ့ဇနီးသည် နဲ့ ကလေး ၂ဦး ကျန်ရစ်ခဲ့ပြီး လုပ်ကျွေးမယ့် အိမ်ထောင်ဦးစီးမရှိတော့တာကြောင့် အိမ်ငှားနေထိုင်ရင်း မိသားစု စားဝတ်နေရေး ခက်ခဲနေကြောင်း ပျောက်ဆုံးသူရဲ့ အမျိုးသမီးက ပြောပါတယ်။မန္တလေးမြို့နဲ့ အုန်းချောရွာဟာ ၁၃ မိုင်နီးပါး ကွာဝေးပြီး စက်ဘီးနဲ့ဆိုရင် အ
ချိန် ၁ နာရီကျော် နင်းရကြောင်းဒေသခံအချို့က ပြောပါတယ်။

◾️ထိုင်းအထည်ချုပ်စက်ရုံ မီးလောင်မှုမှာမြန်မာလုပ်သား ၇၀ ကျော် အရေးပေါ် ရွှေ့ပြောင်း

ထိုင်းနိုင်ငံက အထည်ချုပ် စက်ရုံတစ်ခုရဲ့ အလုပ်သမားဆောင်မှာ မီးလောင်ရာက စက်ရုံကို မီးကူးစက်ခဲ့ပြီး မြန်မာဝန်ထမ်း ၇၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။ အောက်တိုဘာ၄ ရက်နေ့ကမဲဆောက်အလယ်
ပိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့တာပါ။ ဝတ်လွမ်ရပ်ကွက်နားက မဲဆောက်ဆေးရုံနဲ့ မနီးမဝေးမှာရှိတဲ့ အထည်ချုပ် စက်ရုံနဲ့ အလုပ်သမားဆောင်မှာ မီးလောင်ခဲ့တာလို့ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး ရန်းသောင်တူရန်းက ပြောပါတယ်။ မဲဆောက်နဲ့ အနီးတဝိုက် ဒေသတွေရဲ့မီးသတ်ဌာနတွေကစေလွှတ်တဲ့မီးသတ်
ကား ၁၀ စီးထက်မနည်းက အခင်းဖြစ်ရာ နေ
ရာကို ရောက်လာပြီး မီးငြှိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်မှု ဖြစ်တဲ့ နေရာဟာ လူဦး
ရေ ထူထပ်ပြီး အဆောက်အအုံတွေကလည်း တစ်ခုနဲ့တစ်ခု နီးနီးကပ်ကပ် ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်။အာဏာပိုင်တွေရဲ့အဆိုအရစက်ရုံနားမှာပဲတည်ရှိတဲ့ ၁၀ ခန်းတွဲ အလုပ် သမားဆောင်တွေကနေ မီးစလောင်ခဲ့တာလို့ သိရပါတယ်။

◾️တပ်မ(၄၄)က ကျိုက်ထိုမြို့နယ်ရှိ ရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်

အာဏာသိမ်းစစ်တပ်ရဲ့တပ်မ(၄၄) လက်
အောက်ခံတပ်တွေဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို လက်
နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်ခဲ့ကြောင်း ကရင်အမျိုး
သားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာလတ်တလောတိုက်ပွဲမရှိဘဲတပ်မ(၄၄)
လက်အောက်ခံတပ်တွေက မြို့နယ်အတွင်း ကျေးရွာတွေကို အောက်တိုဘာ ၂ရက် ညပိုင်းကလက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်တိုက်
ခိုက်နေတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၂ရက်ညပိုင်းက ကျိုက်ထိုမြို့နယ် ဝင်းက
လောကျေးရွာအုပ်စု ဆောင်နိုင်ကြီးရွာအနီးကို စစ်တပ်ရဲ့ ခမရ(၂၀၇) တပ်ရင်းက အသေ
ခံ ဒရုန်းနဲ့တိုက်ခိုက်ခဲ့သလို တချိန်တည်းမှာ တပ်မ(၄၄) ဌာနချုပ်က လက်နက်ကြီး ၂လုံး၊ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီး ၁လုံး ပစ်ခတ်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

◾️မင်းတုန်းမြို့နယ်မှာအထိုင်ချပြီးရခိုင်ရိုးမတက်ဖို့ကြိုးပမ်းမယ့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွား

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ကြိုး၀ကျေး
ရွာမှာ အထိုင်ချပြီး ရခိုင်ရိုးမဘက်တက်ဖို့ကြိုးပမ်းမယ့် အာဏာသိမ်းစစ်တပ်စစ်
ကြောင်း တိုက်ခိုက်ခံရာ အထိနာပြီး မင်းတုန်းမြို့ဘက်ပြန်ဆုတ်သွားတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။အာဏာသိမ်းစစ်တပ်ဟာ ပေါ် တာဆွဲထားတဲ့ စစ်မှုထမ်းတပ်သား
(ပစ) အများအပြားကို အသုံးချကာ မင်းတုန်းမြို့နယ်အတွင်းက ၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့အ
တွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေ ခွဲကာ ဖြန့်ကျက်စစ်ကြောင်းထိုးခဲ့ပြီး ဩဂုတ် ၃၁ ရက်မှာ ကြိုးဝကျေးရွာအတွင်း ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။၁လကျော် အထိုင်ချတပ်စွဲထားတဲ့ အင်အား (၁၅၀)၀န်းကျင်ပါ စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့ပြီး လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ အကြိမ်
👍22❤4🖕2🤮1
ကြိမ်ပစ်ခတ်တိုက်ခဲ့မှုတွေကြောင့်ကြိုးဝကျေးရွာမှာ မနေသာတော့ဘဲ ပြန်လည်ဆုတ်
ခွာသွားတယ်လို့ အသိပေးပါတယ်။ အဲဒီပြန်ဆုတ်လာတဲ့စစ်ကြောင်းကို အောက်တို ဘာ ၃ ရက် မနက် ၆ နာရီခန့်က စောင့်ကြို မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ထိတွေ့မှု ၁၀ မိနစ်နီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

◾️လူမှုကွန်ရက်မှာဝေဖန်နေသူတွေကို
တရားစွဲမယ်လို့အောင်ဇမ္ဗူ ခြိမ်းခြောက်

လူမှုကွန်ရက်မှာ ဝေဖန်တိုက်ခိုက်နေကြသူတွေကို တရားစွဲဆိုသွားမယ်လို့ ဇာတ်မင်း
သားအောင် ဇမ္ဗူက ခြိမ်းခြောက်ပြောဆို လိုက်ပါတယ်။ စစ်တပ် အလိုကျ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ဇာတ်သဘင်ဖျော်ဖြေပွဲတွေ ပြုလုပ်နေတဲ့ ဇာတ်
မင်းသား အောင်ဇမ္ဗူက ၎င်းကို TikTok နဲ့ Facebook လူမှုကွန်ရက်တွေမှာ ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက်နေကြသူတွေကို တရား
စွဲဆိုသွားမယ်လို့ ၎င်း ဇာတ်မင်းသားက လယ်ဝေးမြို့မှာ ကပြစဥ် ပြောဆိုသွားခဲ့တာပါ။

◾️ရေဘေးကြုံနေတဲ့ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်ကို စစ်တပ်က စစ်ကြောင်းဆက်ထိုးနေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ရေ ဘေးကြုံနေချိန်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်က ညင်းမော်ကျေးရွာကိုအင်အားအလုံးအရင်းနဲ့ စစ်
ကြောင်းထိုး ဝင်ရောက်နေတဲ့အပြင်အဲဒီကတဆင့်ကဒက်ငယ်ကျေးရွာဘက်ကိုဆက်လက်စစ်ကြောင်းထိုးဝင်ရောက်မယ်လို့ ဆိုပါတယ်။ကဒက်ငယ်ကျေးရွာဟာ ရေဘေးနဲ့ မြေပြုမှုဘေးအဆိုးရွားဆုံးကြုဲ့တွေ့နေတဲ့ ရွာဖြစ်ပြီးမြေပြိုလို့ စုစုပေါင်း ၁၅ဦး သေဆုံးထားပါတယ်။ဒေသခံတွေကကဒက်ငယ်ထိန်ရွာတောင်ပြိုဘေးကူညီကယ်ဆယ်ရေးကော်
မတီဖွဲ့စည်းပြီး ​ရေ​ဘေး၊မြေပြိုမှု​ဘေးနဲ့​နောက်ဆက်တွဲပြသာနာတွေကို ဖြေရှင်းနေကြပါတယ်။

◾️ကျောက်တော်ဗုံးကြဲမှုနဲ့ ပတ်သက်ပြီးစိုး
ရိမ်ကြောင်းအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်ထုတ်ပြန်

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်အစိုးရက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်​​ကျော်​တော်မြို့မှာဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့တုန်းကကျောက်တော်မြို့မှာရှိတဲ့လူစည်ကားရာစျေးတစ်ခုနဲ့ တံတားတစ်စင်းနားမှာ အာဏာသိမ်း စစ်တပ် တိုက်လေယာဉ်က အနည်းဆုံး ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဆိုးရွားတဲ့ ထိခိုက်သေဆုံးမှုတွေ၊ အပျက်
အစီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ ကျောက်တော်မှာရှိတဲ့ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီ တံတားတို့ကို ပစ်မှတ်ထားတဲ့ ဗုံးကြဲမှုကြောင့် ကလေးတွေ၊ အမျိုးသမီးတွေ အပါအဝင် လူ ၅၀ လောက် သေဆုံးပြီး ၅၈ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အခြေအ
နေ ပြင်းထန်ဆိုးရွားသူတွေ ပါဝင်တယ်လို့ ကုလသမဂ္ဂ (UN) ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

◾️ဆောမြို့နယ်ကိုစစ်တပ်စစ်ကြောင်းထိုး

မကွေးတိုင်း ၊ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ကအင်အားအများအပြားနဲ့ စစ်
ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ အမှတ်(၂၅)
ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅ )- လောင်းရှည်နဲ့ ဆောလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး အင်အား ရာနဲ့ချီသုံးပြီး စစ်ကြောင်းတွေနဲ့ လှုပ်ရှားနေတာလို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်စစ်ကြောင်းက တောင်ဘို့ကြီးကျေး
ရွာက နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးထားပြီး လမ်းကြောတလျှောက်ပြည်သူတချို့ကို ဖမ်း
ဆီးသတ်ဖြတ်ပြီးပစ္စည်းတွေ ခိုးယူနေတယ်လို့ အသိပေးပါတယ်။

◾️ပန်ဝါဒေသ လဂွေရွာယမ်းဂိုဒေါင်ပေါက်
ကွဲမှု KIO စစ်ဆေးနေ၊ ဒဏ်ရာရသူတွေကို တရုတ်နိုင်ငံ ပို့ဆောင်ကုသ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါဒေသ လဂွေကျေးရွာမှာ တရုတ်လုပ်ငန်းရှင်ရဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီးထိခိုက်သေ
ဆုံး၊ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေး
စိတ် စစ်ဆေးနေကြောင်းကချင်လွတ်လပ်
ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြား
ရေးဌာနက ဖော်ပြပါတယ်။အောက်တိုဘာ ၂ရက် နေ့လည်ပိုင်း လဂွေရွာစာသင်ကျောင်းအနီးက ယမ်းဂိုဒေါင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကနဦး စိစစ်ချက်အရ ၇ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးကာ သေဆုံး၊ ထိခိုက်၊ ပျောက်ဆုံးနဲ့ ပျက်စီးအခြေအနေတွေကို KIO အရှေ့မြောက်ပိုင်းတိုင်းမှ စစ်
ဆေးနေကြောင်း အသိပေးပါတယ်။ပေါက်ကွဲမှု ဖြစ်ပွားတာဟာ လုပ်ငန်းသုံးဖို့ ဂိုဒေါင်အ
တွင်း သိုလှောင်ထားတဲ့ ဖောက်ခွဲရေးသုံးယမ်းအမျိုးအစားများ မတော်တဆ ပေါက်
ကွဲသွားတာဖြစ်နိုင်ခြေရှိတယ်လို့ ယူဆထားတာကိုလည်း အသိပေးပါတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးနေပြီးဒဏ်ရာပြင်း
ထန်သူများကို အိမ်နီးချင်း တရုတ်နိုင်ငံ ဆေး
ရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။
👍21❤6🖕2🤮1🙏1
👍14❤1🔥1👏1
👍20🖕3🔥1
■​ဆောင်းပါး

စစ်တပ်ကို တွန်းလှန်ဖို့ စုပေါင်းခဲ့တဲ့ တော်လှန်
ရေး နဲ့ တိုင်းရင်းသားအင်အားစုများ (သို့မဟုတ်) SCEF

-​​နေ့သစ်/People's Spring

နိုင်ငံတကာအပယ်ခံ ဘဝကနေ လွတ်ချင်တာ
ကြောင့် ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းတို့လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြိုးကြိုးစားစား မြှင့်တင်နေပါတယ်။ တစ်ဖက်မှာလည်း စစ်အာ
ဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ တိုင်း
ရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်
အားစုတွေ၊ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကလည်း မတ်လကစလို့ စုဖွဲ့မှု ပုံစံတွေကို ပြင်ဆင်ပြောင်းလဲလာပါတယ်။ ဒီအခြေ
အနေတွေက ပဋိပက္ခတွေ ပိုမို ကြာညောင်းလာမှာကို စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်လာစေပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုနောက်
ပိုင်း တော်လှန်ရေး အစိုးရအဖြစ် ပေါ်ထွက်လာပြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အမျိုးသား ညီ
ညွတ်ရေး အစိုးရ (NUG)ရော၊ တရုတ်၊ ထိုင်း၊ အိန္ဒိယတို့နဲ့ နယ်စပ်တွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသား တော်လှန်ရေး တပ်တွေကပါ အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်ရင်း ပြည်တွင်းစစ်ကို ဆင်နွှဲကြေပါတယ်။

ပြီးတော့ NUGလက်အောက်ခံအနေနဲ့ဖြစ်စေ၊ ကိုယ်ပိုင် သီးခြားရပ်တည်မှုနဲ့ဖြစ်စေ နိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားမှာ လက်နက်
ကိုင် အဖွဲ့ငယ်တွေလည်း ထွက်ပေါ်လာကြပါတယ်။ အဲဒီ အဖွဲ့တွေကို ပြည်သူ့ကာကွယ်
ရေးတပ် (PDF)လို့ ခေါ်ဝေါ်ကြပါတယ်။

အရင်တုန်းကတော့ အဲဒီ အစုအဖွဲ့တွေဟာ မတူညီတဲ့ အမိန့်ပေး ညွှန်ကြားမှု စနစ်အောက်မှာ လှုပ်ရှားကြပါတယ်။ဒါပေမဲ့အခုနှစ် မတ်
လ၊ မင်းအောင်လှိုင်က သမ္မတအဖြစ် ကျမ်း
သစ္စာ မကျိန်ဆိုခင်မှာတင် တော်လှန်ရေး အင်
အားစုတွေကြား နိုင်ငံရေးနဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ပူးပေါင်း အကောင်အထည်ဖော်မယ့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်း
ရေး ဦးဆောင် ကောင်စီ (SCEF) ပေါ်ထွန်းလာပါတယ်။

SCEFကို NUGနဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRHP)၊ ပြီးတော့ အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)
၊ချင်းအမျိုးသား တပ်ဦး (CNF)တို့ ပူးပေါင်း ထူထောင်ထားပါတယ်။

SCEFရဲ့အဓိက ဦးဆောင်မှုမှာပါဝင်နေသူ KNU ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း၊ NUGရဲ့ စီမံ
ကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြည်
ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ဟာ ဩ
ဂုတ်လမှာ ဂျပန်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီအခါ ယူမီယူရီရှင်ဘွန်း သတင်းဌာနနဲ့ ၂ ရက်အတွင်း ၄ နာရီကြာအောင် အချိန်ယူခဲ့တဲ့ အင်တာဗျူးမှာ SCEF ခေါင်းဆောင်တွေဟာ အနာဂတ် စီမံကိန်းတွေနဲ့ ပတ်သက်လို့ မှတ်
ချက်ပေး ဆွေးနွေးခဲ့ကြပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ အင်တာဗျူးမှာ SCEF ခေါင်းဆောင်ပိုင်းနှစ်ဦး ဖြေကြားထားတဲ့ ကောက်နုတ်ချက် တချို့ ဖြစ်ပါတယ်။

မေး- SCEFကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က ဘာပါလဲ။

SCEF-တော်လှန်ရေးဖက်မှာ ခိုင်မာစည်းလုံးတဲ့ စုဖွဲ့မှုရှိကြောင်း ကျွန်တော်တို့ ပြချင်ပါတယ်။ တစ်ဖွဲ့ချင်းစီ တိုက်ခိုက်နေမယ့်အစား တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ကျက်တဲ့ စစ်ရေး မဟာဗျူဟာမျိုးကို SCEF အနေနဲ့ ဖော်ဆောင်နိုင်မှာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေနဲ့ အမိန့်ပေး ညွှန်ကြားမှု ပုံစံတွေကို စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆွဲကိုင်ထားတာကတော့ ‘တစ်ခုတည်း​သောမူဝါဒ၊ တစ်ခုတည်း​သောမဟာဗျူဟာ’ ပဲဖြစ်ပါတယ်။တစ်နည်းအား
ဖြင့် စစ်တပ်ကို တိုက်တာပဲဖြစ်ဖြစ်၊ ညှိတာပဲဖြစ်ဖြစ် တစ်ဖွဲ့ချင်း မလုပ်ဘူး၊ စုပေါင်းပြီး လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

မေး-SCEFရဲ့ အနာဂတ် အစီအစဉ်တွေက ဘယ်လိုပါလဲ။

SCEF- ပြည်တွင်းပြည်ပ အရင်းအမြစ်တွေဆီကနေ စစ်ဆင်ရေး ရန်ပုံငွေ ဒေါ်လာ သန်း ၃၀၀ လောက်ထိ မြှင့်တင် စုဆောင်းသွားပါမယ်။ ပြည်ပမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၁၀ သန်းလောက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ဟာ သူတို့ထဲက ၁၀ ရာခိုင်နှုန်းလောက်ဆီက အနည်းအကျဉ်း ထည့်ဝင်မှုမျိုးနဲ့တောင်ဖြည့်ဆည်းဖို့ လုံ
လောက်နိုင်ပါတယ်။ ပြီးတော့ ဒီလုပ်ဆောင်မှုက ပြည်သူတွေဟာSCEFကိုလိုလား ထောက်
ခံကြတယ်ဆိုတာ နိုင်ငံတကာ အစိုးရတွေကို ပြသပြီးသား ဖြစ်လာစေပါလိမ့်မယ်။ ဒေါ်လာ သန်း ၃၀၀ကိုတိုင်းရင်းသားတပ်တွေနဲ့ တခြား
အဖွဲ့တွေကြား ညီတူညီမျှ ခွဲဝေပေးလိုက်မှာတော့ မဟုတ်ပါဘူး။ မဟာဗျူဟာ ဦးစားပေး လိုအပ်ချက်အလိုက် ခွဲဝေ အသုံးပြုမှာပါ။

မေး- SCEFကို တခြားအဖွဲ့တွေ ပူးပေါင်းလာနိုင်ခြေကရော ဘယ်လိုရှိပါသလဲ။

SCEF-နိုင်ငံအနှံ့က တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ လူမြင်ကွင်း နောက်ကွယ်မှာ ညှိနှိုင်းဆွေး
နွေးတာတွေ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒါပေမဲ့ နာမည်တွေကိုတော့ လောလောဆယ် ကျွန်တော်တို့ ထုတ်မပြောနိုင်သေးပါဘူး။ SCEFရဲ့ လုပ်ရည်ကိုင်ရည် မှတ်တမ်းကောင်းနဲ့ စုစည်းညီညွတ်မှုကို လက်တွေ့ ပြနိုင်မယ်ဆိုရင် ပူးပေါင်းပါဝင်မယ့် အစုအဖွဲ့ကလည်း တိုးလာနိုင်ပါတယ်။

မေး-ဂျပန်ဆီက ဘာတွေ အကူအညီတောင်းချင်သလဲ။
👍29❤3🥰2🖕2😁1🤮1
SCEF-ဒီမိုကရေစီ အင်အားစုတွေ အောင်ပွဲခံနိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တစ်နှစ်၊ နှစ်နှစ်အတွင်း ပြန်လည် တည်ငြိမ်လာနိုင်ပါတယ်။ အဲဒီအချိန်ထိတော့ ပြည်တွင်းရောက် ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဆက်ပြီး ရှိနေပေးကြဖို့တောင်းဆိုချင်ပါတယ်။လက်ရှိမှာမြန်မာဆီ တရားဝင် ဖွံ့ဖြိုးရေး အကူအညီတွေ ပေးအပ်မှုကိုလည်း ဆက်ပြီး ဆိုင်းငံ့ထားဖို့ ဂျပန်အစိုးရကို တိုက်တွန်းပါတယ်။

မေး-ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင် ခံထားရတာနဲ့ ပတ်သက်လို့ရော ဘယ်
လို မြင်ပါသလဲ။

SCEF-မင်းအောင်လှိုင်ကတော့ သူ့ကို အဆုံးထိ ပြန်လွှတ်ပေးမယ်လို့ မထင်ပါဘူး။ အရင် စစ်အစိုးရ စိတ်တိုင်းကျ ဖန်တီးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အောက်ကနေ ကျွန်တော်တို့ဟာ နိုင်ငံကို တည်ဆောက်လို့ မရပါဘူး။ ဖက်ဒရယ် နိုင်ငံသစ်တစ်ခု ပေါ်ထွန်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲ အလုပ်လုပ်ဖို့ လိုပါတယ်။ ။

အာဏာသိမ်း စစ်တပ်ဟာ အုပ်ချုပ်မှု ယန္တရားကို ပုံစံပြောင်းလိုက်ပေမယ့် အခြေခံ အနှစ်
သာရကတော့မူလအတိုင်းဆက်ရှိနေပါတယ်။ ဧပြီလမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ ရာထူးကို ရယူခဲ့ပြီး သူ့ရဲ့ အစိုးရအဖွဲ့ ဆိုတာကလည်း အရင် ထိပ်
တန်း စစ်ဗိုလ်ချုပ်ဟောင်းတွေ ပြည့်နှက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေကို ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားထားတဲ့ ရွေးကောက်ပွဲ အပြီးမှာတော့ စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ကိုယ်စားလှယ်တွေ၊စစ်တပ်က ခန့်
အပ်တဲ့ အမတ်တွေက လွှတ်တော်ကို လွှမ်းမိုးသွားပါတယ်။

တကယ်တမ်း စစ်တပ်ကပဲ ခြယ်လှယ်နေတာဖြစ်တဲ့ အဲဒီ အုပ်ချုပ်မှု ပုံစံသစ်မှာ မင်းအောင်လှိုင် အငမ်းမရ လိုချင်နေတာကတော့ နိုင်ငံတကာက ‘တရားဝင် အစိုးရ’ပါလို့ အသိအမှတ် ပြုလိုက်တာကိုပါပဲ။ အဲဒီအတွက်လည်း မင်းအောင်လှိုင်ဟာ ပလဲနံပသင့်တဲ့ နိုင်ငံတွေဆီ ဆက်တိုက် အလည်အပတ် ခရီးစဉ်တွေ သွားရောက်ခဲ့ပါတယ်။ မေလကနေ စက်တင်ဘာအထိ အတောအတွင်း သူဟာ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘီလားရုစ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေဆီ ခရီးတွေ ဆက်တိုက် ထွက်ခဲ့ပါတယ်။ သူဟာ အဲဒီနိုင်ငံတွေအတွက် မြန်မာဖက်က ပေး
အပ်နိုင်မယ့် စီးပွားရေးနဲ့ လုံခြုံရေး အကျိုးခံ
စားခွင့်တွေကို မက်လုံးပေးပြီး ဆက်ဆံရေး ပိုအားကောင်းအောင် ရည်ရွယ်ပုံ ရပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့တဲ့အခါ မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့၊ အဲဒီဆိပ်ကမ်းကိုတရုတ်ပိုင်ယူနန်ပြည်နယ်နဲ့ ဆက်သွယ်တဲ့ ရထားလမ်း တည်ဆောက်ဖို့ ထပ်ပြီး အာမခံခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အိန္ဒိယ သမုဒ္ဒရာဖက်ကနေ တရုတ်ဆီ သဘာဝ သယံဇာတတွေ တင်သွင်းနိုင်မယ့် လမ်း
ကြောင်းတစ်ခု သေချာပေါက် ရှိနေစေဖို့ ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့တဲ့အခါ မင်းအောင်လှိုင်က ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံဖို့၊ မြန်မာနိုင်ငံ တောင်ပိုင်းက ထားဝယ်မြို့မှာ ဆိပ်ကမ်းနဲ့ ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပြန်ပါတယ်။ Asia Inside Reviewမှာ နှစ်ဆန်းပိုင်းက ဖော်ပြထားမှုအရ မြန်မာနိုင်ငံရဲ့ အခြေ
အနေဟာ အင်ဒို-ပစိဖိတ် ရပ်ဝန်းအတွက်ပါ ခြိမ်းခြောက်မှု တစ်ခုအဆင့်ထိ ကျယ်ပြန့်လာနိုင်ခြေတွေလည်း ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်ဟာ အရှေတောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကိုလည်း ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးလာနေပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အဖွဲ့ဝင် နိုင်ငံတွေ စုပေါင်းဆုံးဖြတ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ မြန်မာစစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။ အဲဒီအချက်တွေထဲမှာ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ညှိဖို့ စတာတွေ ပါဝင်ပြီး အဲဒီ တောင်းဆိုမှုကတွေကို မဖြည့်ဆင်းသ၍ အာဆီယံရဲ့ ထိပ်သီးအဆင့် ဆွေးနွေးပွဲတွေမှာ မြန်မာ့နိုင်ငံရေး ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ဆိုင်းငံ့ထားခဲ့ပါတယ်။

အခုတော့ ထိုင်းဟာ မင်းအောင်လှိုင်ရဲ့ ပုံစံပြောင်း စစ်အစိုးရကို မြန်မြန်ဆန်ဆန်အသိအ
မှတ် ပြုလိုက်ပြီး အာဆီယံ ထိပ်သီး အစည်း
အဝေးတွေနဲ့ တခြားဖိုရမ်တွေမှာ မြန်မာ ပြန်
လည် ပါဝင်လာနိုင်အောင် ပေါင်းကူး ညှိနှိုင်းပေးဖို့ ကြိုးစားနေပါတယ်။နယ်စပ်က မတည်
ငြိမ်မှုတွေက နိုင်ငံရဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက် ထိခိုက်နိုင်တာကြောင့် ထိုင်းဟာ မြန်မာနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ လိုလားလေ့ ရှိပါတယ်။

ဗီယက်နမ်ဟာ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး နည်းပညာ ကဏ္ဍလိုမျိုးအတွက် ရင်းနှီးမြှုပ်နှံထားသလို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုကလည်း မြန်မာနဲ့ နီးကပ်မှု ရှိပါတယ်။
❤22👍11🥰3🖕2😁1🤮1