မနက်ဖြန်ကစပြီး အလှည့်ကျစနစ်နဲ့ မီးပေးတော့မယ်
အောက်တိုဘာ-၄၊၂၀၂၆။တေဇ/People's Spring
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးကို မနက်ဖန် အောက်တိုဘာ ၅ ရက်ကစတင်ပြီး အလှည့်ကျပေးတော့မယ်လို့ စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပြင်းထန် အယ်နီညို ရာသီဥတုကြောင့် အပူချိန်မြင့်မားနေပြီး ဓာတ်အားလိုအပ်ချက်မြင့်တာကြောင့် အလှည့်ကျစနစ်နဲ့ မီးပေးတာလို့ လျပ်စစ်ဝန်ကြီးဌာနက အကြောင်းပြထားပါတယ်။
လျှပ်စစ်မီးကို မနက် ၅ နာရီကနေစတင်ပြီး ၄နာရီခြား အလှည့်ကျနဲ့ အုပ်စု ၂ခုခွဲပြီးမီးပေးသွားမှာလို့ သိရပါတယ်။
"နှစ်တိုင်းဒီလိုဖြစ်နေတာကို ကြိုတင်ပြီး ဘာ planမှ လုပ်မထားဘူးလား၊ တစ်နှစ်လည်းမဟုတ် နှစ်နှစ်လည်းမကနဲ့ ပူပြင်းတဲ့ရာသီရောက်ရင် မီးဖျက်မယ်ဆိုတာကို ရေရှည် plan ဆွဲထားတာများလား။ ခုလိုခေတ်ကြီးမှာ သဘာဝဘေး အကြီးအကျယ်မဖြစ်ရင် ဘယ်နိုင်ငံမှ မီးမပျက်တော့ဘူး။ ရေအားတစ်ခုပဲ အားကိုးနေတာလား။ လေအား၊ ဆိုလာအား၊ သဘာဝဓာတ်ငွေ့အား၊ ကျောက်မီးသွေးအားတွေနဲ့ အစီအစဉ်မဆွဲတော့ဘူးလား။ တိုင်းနဲ့ပြည်နယ်အလိုက် တိုင်းဒေသကြီး အစိုးရတွေက ဗဟိုအစိုးရနဲ့ တိုင်ပင်ပြီး ဒေသအလိုက် ဆိုလာစနစ်နဲ့ မီးပေးဖို့ရော မစီစဉ်နိုင်ဘူးလား။ ထွက်လာသမျှ plan က မီးဖျက်ဖို့ပဲ စီစဉ်တတ်ကြတာလား" လို့ ပြည်သူတစ်ဦးက မေးခွန်းထုတ်ထားပါတယ်။
၄ နာရီခြား ၁ကြိမ် အလှည့်ကျမီးပေးမယ်လို့ ကြေညာထားပေမယ့် တစ်နေ့ကို ဘယ်နှစ်နာရီမီးပေး မယ်လို့တော့ အတိအကျကြေညာထားတာမရှိပါဘူး။
ပြည်သူတွေကတော့ မနက်အစောပိုင်းတွေနဲ့ ညဘက်တွေမှာ မီးမဖြတ်ဖို့ တောင်းဆိုထားကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိုးရာသီကုန်တာနဲ့ အလှည့်ကျမီးပေးတဲ့စနစ်ကို အသုံးပြုလာတာဖြစ်ပြီး အရင်နှစ်တွေက တစ်ရက်ကို နာရီအနည်းငယ်သာ မီးရတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။
စစ်တပ်လက်အောက်ခံလျှပ်စစ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အယ်နီညိုရာသီဥတုကြောင့် အပူချိန်မြင့်မားပြီး ဓာတ်အားလိုအပ်ချက်များပြားလာရင် ဓာတ်အားထုတ်လုပ်မှုနဲ့ သုံးစွဲမှု အချိုးမညီပဲ ဓာတ်အားထုတ်စက်တွေ ရုတ်တရက်ရပ်တန့်တာ ၊ System Breakdown ဖြစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
"မီတာဆောင်နောက်ကျရင်မီးဖြတ်ရမယ်ဆိုတဲ့planရှိပေမဲ့မီးပျက်ရင်မီးဘယ်လိုပေးရမယ်ဆိုတဲ့planတော့အခုထိမရှိသေးပါဘူး" လို့ ပြည်သူတစ်ဦးက ထောက်ပြထားပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနကတော့ လာမယ့်နှစ်အတွက် ဓာတ်အားလိုအပ်ချက်တွေဖြည့်နိုင်ဖို့ ဆိုလာစီမံကိန်းတွေ ရေအားလျှပ်စစ်စီမံကိန်းအသစ်တွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
"ပြည်နယ်နဲ့တိုင်း အတော်များများမှာ စစ်ဖြစ်လို့ လျှပ်စစ်သုံးတာ မရှိတာတောင် ရန်ကုန်ကို မီးမှန်အောင် မပေးနိုင်ဘူးနော်၊ ဝန်ကြီးဆိုတဲ့ကောင် ဒီဇယ် ရောင်းစားဖို့ပဲ လုပ်တတ်တယ်နဲ့တူတယ်" ပြည်သူတစ်ဦးကထောက်ပြထားပါတယ်။
အောက်တိုဘာ ၅ ရက်မှမီးစဖြတ်မယ်လို့ ကြေညာပေမယ့် အောက်တိုဘာ ၁ ရက်ကတည်းက မီးပျက်ချိန်တွေများလာတာလို့ ပြည်သူတွေက ရင်ဖွင့်ထားကြပါတယ်။
အာဏာသိမ်းပြီးကာလကတည်းက နှစ်စဉ်နှစ်တိုင်း မီးပျက်ချိန်များလာတဲ့အပေါ် အာဏာမသိမ်းခင် ပြည်သူ့အစိုးရ အုပ်ချုပ်စဉ်ကာလနဲ့ နှိုင်းယှဉ်ဝေဖန်တာတွေလည်း ရေးသားကြပါတယ်။

👎28❤9🤣9🔥6👍2👏1🖕1
ကရင်မျိုးဆက်သစ်ခေါင်းဆောင်မျာပေါ်
ထွန်းလာရေး KNU ခေါင်းဆောင်တွေနဲ့ လူ
ငယ်တွေ ညီလာခံကျင်းပ
အောက်တိုဘာ-၄၊၂၀၂၆။ထားမြတ်/People’s Spring
ကော်သူးလေတည်ဆောက်ရေးအတွက် နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျွမ်းကျင်ကရင်လူငယ်များနဲ့ ကရင်အမျိုးသားတော်လှန်ရေးအကြား မျိုးဆက်ကြား ပေါင်းကူးချိတ်ဆက်မှု ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ညီလာခံ တရပ်ကျင်းပခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ကော်သူးလေနယ်မြေ တနေရာမှာ စက်တင်
ဘာ ၂၈ရက်ကနေ ၃၀ ရက်အထိ ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက်ကရင်မျိုးဆက်ကြား ခေါင်းဆောင်မှုညီလာခံ ( KILC)ကိုKNU ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းဦးဆောင်တဲ့ KNU
ခေါင်းဆောင်တွေ၊ ကရင်လူငယ်ပညာရှင်တွေ၊ ဌာနအသီးသီးမှ ကိုယ်စားလှယ်တွေနဲ့ အဖွဲ့အစည်းများမှ တာဝန်ရှိသူတွေ စုစုပေါင်း လူဦးရေ ၁၃၀ ကျော် တက်ရောက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
“KILC သည် မျိုးဆက်များအကြား အသိပ
ညာ၊ အတွေ့အကြုံနှင့် တန်ဖိုးများ လက်ဆင့်
ကမ်းနိုင်ရေးနှင့် ကော်သူးလေ၏ ရေရှည်တည်တံ့သော အနာဂတ်အတွက် တာဝန်ယူဆောင်ရွက်နိုင်မည့် ခေါင်းဆောင်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ပူးပေါင်းဆွေး
နွေးဖလှယ်သည့် ညီလာခံတစ်ရပ် ဖြစ်ပေသည်” လို့ KNUက ထုတ်ပြန်ပါတယ်။
အခုနှစ်ညီလာခံရဲ့ ဆောင်ပုဒ်မှာ “KAWTHOOLEI TOGETHER – CROSSING THE BRIDGE: COMMITTED TO BUILDING KAWTHOOLEI TOGETHER” ဖြစ်ပြီး ဆွေး
နွေးမှုများမှ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုသို့ ရွှေ့ပြောင်းကာ မျိုးဆက်များအကြား ပူးတွဲခေါင်းဆောင်မှုနဲ့ ကော်သူးလေရဲ့ အနာ
ဂတ်အတွက်စုပေါင်းတာဝန်ယူမှုကိုလက်တွေ့
ဆောင်ရွက်သွားဖို့ ရည်ရွယ်ကြောင်း ဖော်ပြပါတယ်။
ညီလာခံမှာ KNU ခေါင်းဆောင်တွေက သူတို့ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ လက်ရှိ ကြုံနေရတဲ့ စိန်ခေါ်မှုတွေ အကြောင်း မျှဝေခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ကရင်လူငယ်များ ပါဝင်ဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍများကို စကားဝိုင်းဆွေးနွေးပွဲများနဲ့ အပြန်အလှန်မေးမြန်းဆွေးနွေးမှုများမှတစ်ဆင့် ဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကရင်ဘွဲ့ရလူငယ်များ၊ ပညာရှင်များနဲ့ ကျွမ်း
ကျင်သူများရဲ့ အသိပညာ၊ အတွေ့အကြုံများကို KNUရဲ့ အုပ်ချုပ်ရေး၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကော်သူးလေတည်ဆောက်ရေးလုပ်ငန်းတွေမှာ ပိုထိရောက်စွာ ပါဝင်အသုံးချနိုင်ရေး လူ့စွမ်းအားအရင်းအမြစ်များ ချိတ်ဆက်စုစည်းနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
#ကရင်မျိုးဆက်ကြားခေါင်းဆောင်မှုညီလာခံ #KILC #ကော်သူးလေ #KNU
#peoplesspring #ludunwayoo

❤38👍8👏3🤮1💩1🤣1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(အောက်တိုဘာ ၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မလေးရှားကနေ စစ်သင်္ဘောနဲ့ ပြန်ပို့ခံရသူအချို့အိမ်ပြန်မရောက်ကြလို့ မိသားစုဝင်တွေ စိုးရိမ်နေ
မလေးရှားနိုင်ငံကနေ စစ်သင်္ဘောနဲ့ နေရပ်ပြန်ပို့ခံရသူတွေအနက် အချို့ဟာဒီနေ့ ညနေအထိအိမ်ပြန်မရောက်သေးသလို အဆက်အ
သွယ်လည်းမရသေးတဲ့သူတွေရှိလို့ မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ မြန်မာ ၁၅၀၀ နီးပါးကို နေရပ်ပြန်ပို့ခံရလို့ သွားခေါ်လာတဲ့ စစ်သင်္ဘောဟာ အောက်
တိုဘာ ၄ရက်မနက်အစောပိုင်းက ရန်ကုန်မြို့က သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။ မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသား ၅,၀၀၀ အထိ ပြန်ပို့မှာဖြစ်ပြီး စစ်တပနဲ့ ညှိနှိုင်းကာ စက်
တင်ဘာ ၂၉ ရက်မှာ ပထမဆုံးအသုတ်အနေနဲ့ ၁၄၇၆ ဦးကို မလေးရှားနိုင်ငံကနေ စစ်သ
င်္ဘော ၃စီးနဲ့ ရန်ကုန်မြို့ကို ပြန်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီသူတွေကို သူတို့ရဲ့နေရပ်အလိုက် စစ်တပ်ရဲ့ တိုင်းနဲ့ပြည်နယ်စစ်အစိုး
ရအဖွဲ့တွေက သီလဝါဆိပ်ကမ်းကနေစောင့်ခေါ်သွားတာဖြစ်ပြီး အချို့ဟာညနေပိုင်းအထိပြန်ရောက်မလာသေးတဲ့သူတွေရှိနေတယ်လို့ ရန်ကုန်မြို့နဲ့နာရီပိုင်းအတွင်းကားနဲ့ရောက်နိုင်တဲ့ ဒေသမှာ နေထိုင်သူအချို့ကပြောပါတယ်။
◾️ပုဏ္ဏားကျွန်းကစစ်ရှောင်စခန်းကို စစ်တပ်ဗုံးကြဲ၊စစ်ရှောင်ပြည်သူ၆ဦးထက်မနည်းသေဆုံး
ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနဲ့ ယိုးငူရွာကြားမှာတည်ရှိတဲ့ဗျာလစစ်ဘေးရှောင်စခန်းကိုအာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရ သူအများအပြားရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်ဟာအောက်တို
ဘာလ ၄ ရက် ညနေ ၅ နာရီ ၁၀ မနစ်လောက်မှာ တိုက်ပွဲနေရာတွေနဲ့ အလှမ်းဝေးပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေ စုပေါင်းနေထိုင်ကြတဲ့ ဓနိမိုး၊ ဝါးကာတဲအိမ်ငယ်တွေကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်
ချို နဲ့ ယိုးငူရွာကြားမှာရှိတဲ့ ယိုးငူ၊ ဗျာလစစ်ဘေးရှောင်စခန်းကိုအောက်တိုဘာလ ၄ ရက်၊ညနေ (၅) နာရီ (၁၀) မိနစ်အချိန်ခန့်မှာစစ်တပ်က ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ဗုံးကြဲတာစစ်ဘေးရှောင်ပြည်သူ ၆ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့AA ကထုတ်ပြန်ပါတယ်။နေအိမ်နဲ့ဈေးဆိုင်အများအပြား ပျက်စီးမီးလောင်သွားခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိတယ်လို့ အသိပေးပါတယ်။
◾️ရေဦးမှာစစ်တပ်ကဒရုန်းသုံးစီးနဲ့ ဗုံးကြဲ ကလေးတဦးအပါအဝင်ပြည်သူ၂ဦးဒဏ်ရာရ
ရေဦးမြို့မှာ စစ်တပ်ကစစ်တပ်က ကာမီကာဇေဒရုန်း( အသေခံတိုက်ခိုက်ရေးဒရုန်း)သုံးစီးနဲ့ တိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး ဒဏ်ရာရပြီး ဒရုန်းတစ်စီးကို တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ရေဦးမြု့နယ်ထဲက ရွာတစ်ရွာကို အောက်တိုဘာ၄ရက် မွန်းလွဲ ၁နာရီခန့်မှာ စစ်တပ်က ဆူဆိုက်ဒရုန်းသုံးစီးနဲ့ ဗုံး
ကြဲတာဖြစ်ပါတယ်။အဲ့ဒီဒရုန်းဟာ ရွာအနီးမှာ ကလေးငယ်တွေ ဘောလုံးကန်နေတဲ့ကွင်းကို ဦးတည်ပျံသန်းလာတာဖြစ်ပြီး လမ်းခုလတ်မှာ ပြုတ်ကျခဲ့တာလို့ သိရပါတယ်။
◾️အရပ်သားနဲ့ စစ်ရှောင်ပြည်သူတွေရှိတဲ့
ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်ဗုံးကြဲ
အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေအများစုရှိတဲ့ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒီကနေ့ နေ့
လယ်ပိုင်းကတည်းက လေကြောင်းတိုက်ခိုက်နေရာ ညနေ ၃ နာရီခန့်အထိ ၄ကြိမ်ထက်မ
နည်းဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။ ကရင်နီပြည်နယ်မှာ နေ့စဉ်နီးပါး စစ်တပ်ရဲ့ လေ
ကြောင်းတိုက်ခိုက်မှုတွေ ကြုံနေပြီး အထူး
သဖြင့် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။စက်တင်ဘာလတည်းမှာပဲ လေ
ကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကရင်
နီအရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
◾️မနက်ဖြန်ကစပြီး အလှည့်ကျစနစ်နဲ့ မီးပေးတော့မယ်
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးကို မနက်ဖန် အောက်တိုဘာ ၅ ရက်ကစတင်ပြီး အလှည့်ကျပေးတော့မယ်လို့ စစ်တပ်လက်
အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ပြင်းထန်အယ်နီညို ရာသီ
ဥတုကြောင့် အပူချိန်မြင့်မားနေပြီး ဓာတ်အားလိုအပ်ချက်မြင့်တာကြောင့် အလှည့်ကျစနစ်နဲ့ မီးပေးတာလို့ လျပ်စစ်ဝန်ကြီးဌာနက အ
ကြောင်းပြထားပါတယ်။ လျှပ်စစ်မီးကို မနက် ၅ နာရီကနေစတင်ပြီး ၄နာရီခြား အလှည့်ကျနဲ့ အုပ်စု ၂ခုခွဲပြီးမီးပေးသွားမှာလို့ သိရပါတယ်။ ၄ နာရီခြား ၁ကြိမ် အလှည့်ကျမီးပေးမယ်လို့ ကြေညာထားပေမယ့်တစ်နေ့ကို ဘယ်
နှစ်နာရီမီးပေး မယ်လို့တော့ အတိအကျကြေ
ညာထားတာမရှိပါဘူး။
◾️စင်းခန်းတံတားအနီး နစ်မြုပ်သင်္ဘောပေါ်က ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်
နက်ကြီးတွေ KIA ပူးပေါင်းတပ်ဆယ်ယူရ

👍21❤6🖕2🥰1🤮1
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်
မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်
နက်ကြီးတွေကိုဆယ်ယူနိုင်ခဲ့ကြောင်း ကချင်
စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆန်တက်ခဲ့ရာ ရွှေကူနယ် ဇင်းဘုံနဲ့ ဗန်းမော်မြို့နယ် စင်းခန်းကြားမှာ သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာပါ။ စစ်ရေးသတင်းရင်းမြစ်က ပြသတဲ့ ရုပ်သံမှာ ၁၂၂ မမ လက်နက်ကြီးကို KIA ရဲဘော်တွေက ဧရာ၀တီမြစ်အတွင်းကနေ စက်ယန္တရားနဲ့ ဆွဲယူကာ မော်တော်
ယာဉ်ကြီးပေါ်တင်ဆောင်နေတာ တွေ့ရပါတယ်။ သိမ်းရတဲ့ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်ဟာ အသစ်နီးပါး ရှိသေးတယ်လို့လည်း သူကပြောပါတယ်။ ရန်သူ့ လက်နက်ကိုယ့်လက်နက်အဖြစ် ရရှိခဲ့တာလို့လည်း သူက ပြောပါတယ်။
◾️မန္တလေးကနေ စက်ဘီးနဲ့ပြန်သွားတဲ့ ပန်းရံသမား ၅လကြာ ပျောက်ဆုံးနေ
မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်
ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။ မန္တလေး
တိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ ပန်းရံလုပ်ကိုင်သူ ကိုမင်းသူဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်က မန္တလေးမြို့ကနေ စက်ဘီးနဲ့ အုန်းချောရွာကို အပြန် လမ်းမှာပျောက်ဆုံးသွားကြောင်း ၎င်းရဲ့မိသားစုဝင်တွေက TikTok ကနေ အသိပေးပါတယ်။ ကိုမင်းသူမှာကိုယ်ဝန် ၇ လရှိနေပြီဖြစ်တဲ့ဇနီးသည် နဲ့ ကလေး ၂ဦး ကျန်ရစ်ခဲ့ပြီး လုပ်ကျွေးမယ့် အိမ်ထောင်ဦးစီးမရှိတော့တာကြောင့် အိမ်ငှားနေထိုင်ရင်း မိသားစု စားဝတ်နေရေး ခက်ခဲနေကြောင်း ပျောက်ဆုံးသူရဲ့ အမျိုးသမီးက ပြောပါတယ်။မန္တလေးမြို့နဲ့ အုန်းချောရွာဟာ ၁၃ မိုင်နီးပါး ကွာဝေးပြီး စက်ဘီးနဲ့ဆိုရင် အ
ချိန် ၁ နာရီကျော် နင်းရကြောင်းဒေသခံအချို့က ပြောပါတယ်။
◾️ထိုင်းအထည်ချုပ်စက်ရုံ မီးလောင်မှုမှာမြန်မာလုပ်သား ၇၀ ကျော် အရေးပေါ် ရွှေ့ပြောင်း
ထိုင်းနိုင်ငံက အထည်ချုပ် စက်ရုံတစ်ခုရဲ့ အလုပ်သမားဆောင်မှာ မီးလောင်ရာက စက်ရုံကို မီးကူးစက်ခဲ့ပြီး မြန်မာဝန်ထမ်း ၇၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။ အောက်တိုဘာ၄ ရက်နေ့ကမဲဆောက်အလယ်
ပိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့တာပါ။ ဝတ်လွမ်ရပ်ကွက်နားက မဲဆောက်ဆေးရုံနဲ့ မနီးမဝေးမှာရှိတဲ့ အထည်ချုပ် စက်ရုံနဲ့ အလုပ်သမားဆောင်မှာ မီးလောင်ခဲ့တာလို့ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး ရန်းသောင်တူရန်းက ပြောပါတယ်။ မဲဆောက်နဲ့ အနီးတဝိုက် ဒေသတွေရဲ့မီးသတ်ဌာနတွေကစေလွှတ်တဲ့မီးသတ်
ကား ၁၀ စီးထက်မနည်းက အခင်းဖြစ်ရာ နေ
ရာကို ရောက်လာပြီး မီးငြှိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်မှု ဖြစ်တဲ့ နေရာဟာ လူဦး
ရေ ထူထပ်ပြီး အဆောက်အအုံတွေကလည်း တစ်ခုနဲ့တစ်ခု နီးနီးကပ်ကပ် ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်။အာဏာပိုင်တွေရဲ့အဆိုအရစက်ရုံနားမှာပဲတည်ရှိတဲ့ ၁၀ ခန်းတွဲ အလုပ် သမားဆောင်တွေကနေ မီးစလောင်ခဲ့တာလို့ သိရပါတယ်။
◾️တပ်မ(၄၄)က ကျိုက်ထိုမြို့နယ်ရှိ ရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်
အာဏာသိမ်းစစ်တပ်ရဲ့တပ်မ(၄၄) လက်
အောက်ခံတပ်တွေဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို လက်
နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်ခဲ့ကြောင်း ကရင်အမျိုး
သားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာလတ်တလောတိုက်ပွဲမရှိဘဲတပ်မ(၄၄)
လက်အောက်ခံတပ်တွေက မြို့နယ်အတွင်း ကျေးရွာတွေကို အောက်တိုဘာ ၂ရက် ညပိုင်းကလက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်တိုက်
ခိုက်နေတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၂ရက်ညပိုင်းက ကျိုက်ထိုမြို့နယ် ဝင်းက
လောကျေးရွာအုပ်စု ဆောင်နိုင်ကြီးရွာအနီးကို စစ်တပ်ရဲ့ ခမရ(၂၀၇) တပ်ရင်းက အသေ
ခံ ဒရုန်းနဲ့တိုက်ခိုက်ခဲ့သလို တချိန်တည်းမှာ တပ်မ(၄၄) ဌာနချုပ်က လက်နက်ကြီး ၂လုံး၊ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီး ၁လုံး ပစ်ခတ်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
◾️မင်းတုန်းမြို့နယ်မှာအထိုင်ချပြီးရခိုင်ရိုးမတက်ဖို့ကြိုးပမ်းမယ့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွား
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ကြိုး၀ကျေး
ရွာမှာ အထိုင်ချပြီး ရခိုင်ရိုးမဘက်တက်ဖို့ကြိုးပမ်းမယ့် အာဏာသိမ်းစစ်တပ်စစ်
ကြောင်း တိုက်ခိုက်ခံရာ အထိနာပြီး မင်းတုန်းမြို့ဘက်ပြန်ဆုတ်သွားတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။အာဏာသိမ်းစစ်တပ်ဟာ ပေါ် တာဆွဲထားတဲ့ စစ်မှုထမ်းတပ်သား
(ပစ) အများအပြားကို အသုံးချကာ မင်းတုန်းမြို့နယ်အတွင်းက ၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့အ
တွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေ ခွဲကာ ဖြန့်ကျက်စစ်ကြောင်းထိုးခဲ့ပြီး ဩဂုတ် ၃၁ ရက်မှာ ကြိုးဝကျေးရွာအတွင်း ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။၁လကျော် အထိုင်ချတပ်စွဲထားတဲ့ အင်အား (၁၅၀)၀န်းကျင်ပါ စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့ပြီး လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ အကြိမ်

👍22❤4🖕2🤮1
ကြိမ်ပစ်ခတ်တိုက်ခဲ့မှုတွေကြောင့်ကြိုးဝကျေးရွာမှာ မနေသာတော့ဘဲ ပြန်လည်ဆုတ်
ခွာသွားတယ်လို့ အသိပေးပါတယ်။ အဲဒီပြန်ဆုတ်လာတဲ့စစ်ကြောင်းကို အောက်တို ဘာ ၃ ရက် မနက် ၆ နာရီခန့်က စောင့်ကြို မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ထိတွေ့မှု ၁၀ မိနစ်နီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
◾️လူမှုကွန်ရက်မှာဝေဖန်နေသူတွေကို
တရားစွဲမယ်လို့အောင်ဇမ္ဗူ ခြိမ်းခြောက်
လူမှုကွန်ရက်မှာ ဝေဖန်တိုက်ခိုက်နေကြသူတွေကို တရားစွဲဆိုသွားမယ်လို့ ဇာတ်မင်း
သားအောင် ဇမ္ဗူက ခြိမ်းခြောက်ပြောဆို လိုက်ပါတယ်။ စစ်တပ် အလိုကျ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ဇာတ်သဘင်ဖျော်ဖြေပွဲတွေ ပြုလုပ်နေတဲ့ ဇာတ်
မင်းသား အောင်ဇမ္ဗူက ၎င်းကို TikTok နဲ့ Facebook လူမှုကွန်ရက်တွေမှာ ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက်နေကြသူတွေကို တရား
စွဲဆိုသွားမယ်လို့ ၎င်း ဇာတ်မင်းသားက လယ်ဝေးမြို့မှာ ကပြစဥ် ပြောဆိုသွားခဲ့တာပါ။
◾️ရေဘေးကြုံနေတဲ့ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်ကို စစ်တပ်က စစ်ကြောင်းဆက်ထိုးနေ
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ရေ ဘေးကြုံနေချိန်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်က ညင်းမော်ကျေးရွာကိုအင်အားအလုံးအရင်းနဲ့ စစ်
ကြောင်းထိုး ဝင်ရောက်နေတဲ့အပြင်အဲဒီကတဆင့်ကဒက်ငယ်ကျေးရွာဘက်ကိုဆက်လက်စစ်ကြောင်းထိုးဝင်ရောက်မယ်လို့ ဆိုပါတယ်။ကဒက်ငယ်ကျေးရွာဟာ ရေဘေးနဲ့ မြေပြုမှုဘေးအဆိုးရွားဆုံးကြုဲ့တွေ့နေတဲ့ ရွာဖြစ်ပြီးမြေပြိုလို့ စုစုပေါင်း ၁၅ဦး သေဆုံးထားပါတယ်။ဒေသခံတွေကကဒက်ငယ်ထိန်ရွာတောင်ပြိုဘေးကူညီကယ်ဆယ်ရေးကော်
မတီဖွဲ့စည်းပြီး ရေဘေး၊မြေပြိုမှုဘေးနဲ့နောက်ဆက်တွဲပြသာနာတွေကို ဖြေရှင်းနေကြပါတယ်။
◾️ကျောက်တော်ဗုံးကြဲမှုနဲ့ ပတ်သက်ပြီးစိုး
ရိမ်ကြောင်းအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်ထုတ်ပြန်
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်အစိုးရက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကျော်တော်မြို့မှာဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့တုန်းကကျောက်တော်မြို့မှာရှိတဲ့လူစည်ကားရာစျေးတစ်ခုနဲ့ တံတားတစ်စင်းနားမှာ အာဏာသိမ်း စစ်တပ် တိုက်လေယာဉ်က အနည်းဆုံး ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဆိုးရွားတဲ့ ထိခိုက်သေဆုံးမှုတွေ၊ အပျက်
အစီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ ကျောက်တော်မှာရှိတဲ့ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီ တံတားတို့ကို ပစ်မှတ်ထားတဲ့ ဗုံးကြဲမှုကြောင့် ကလေးတွေ၊ အမျိုးသမီးတွေ အပါအဝင် လူ ၅၀ လောက် သေဆုံးပြီး ၅၈ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အခြေအ
နေ ပြင်းထန်ဆိုးရွားသူတွေ ပါဝင်တယ်လို့ ကုလသမဂ္ဂ (UN) ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။
◾️ဆောမြို့နယ်ကိုစစ်တပ်စစ်ကြောင်းထိုး
မကွေးတိုင်း ၊ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ကအင်အားအများအပြားနဲ့ စစ်
ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ အမှတ်(၂၅)
ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅ )- လောင်းရှည်နဲ့ ဆောလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး အင်အား ရာနဲ့ချီသုံးပြီး စစ်ကြောင်းတွေနဲ့ လှုပ်ရှားနေတာလို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်စစ်ကြောင်းက တောင်ဘို့ကြီးကျေး
ရွာက နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးထားပြီး လမ်းကြောတလျှောက်ပြည်သူတချို့ကို ဖမ်း
ဆီးသတ်ဖြတ်ပြီးပစ္စည်းတွေ ခိုးယူနေတယ်လို့ အသိပေးပါတယ်။
◾️ပန်ဝါဒေသ လဂွေရွာယမ်းဂိုဒေါင်ပေါက်
ကွဲမှု KIO စစ်ဆေးနေ၊ ဒဏ်ရာရသူတွေကို တရုတ်နိုင်ငံ ပို့ဆောင်ကုသ
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါဒေသ လဂွေကျေးရွာမှာ တရုတ်လုပ်ငန်းရှင်ရဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီးထိခိုက်သေ
ဆုံး၊ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေး
စိတ် စစ်ဆေးနေကြောင်းကချင်လွတ်လပ်
ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြား
ရေးဌာနက ဖော်ပြပါတယ်။အောက်တိုဘာ ၂ရက် နေ့လည်ပိုင်း လဂွေရွာစာသင်ကျောင်းအနီးက ယမ်းဂိုဒေါင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကနဦး စိစစ်ချက်အရ ၇ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးကာ သေဆုံး၊ ထိခိုက်၊ ပျောက်ဆုံးနဲ့ ပျက်စီးအခြေအနေတွေကို KIO အရှေ့မြောက်ပိုင်းတိုင်းမှ စစ်
ဆေးနေကြောင်း အသိပေးပါတယ်။ပေါက်ကွဲမှု ဖြစ်ပွားတာဟာ လုပ်ငန်းသုံးဖို့ ဂိုဒေါင်အ
တွင်း သိုလှောင်ထားတဲ့ ဖောက်ခွဲရေးသုံးယမ်းအမျိုးအစားများ မတော်တဆ ပေါက်
ကွဲသွားတာဖြစ်နိုင်ခြေရှိတယ်လို့ ယူဆထားတာကိုလည်း အသိပေးပါတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးနေပြီးဒဏ်ရာပြင်း
ထန်သူများကို အိမ်နီးချင်း တရုတ်နိုင်ငံ ဆေး
ရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။

👍21❤6🖕2🤮1🙏1