စင်းခန်းတံတားအနီး နစ်မြုပ်သင်္ဘောပေါ်က ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေ KIA ပူးပေါင်းတပ် ဆယ်ယူ
အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။
စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆန်တက်ခဲ့ရာ ရွှေကူနယ် ဇင်းဘုံနဲ့ ဗန်းမော်မြို့နယ် စင်းခန်းကြားမှာ သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာပါ။
“စင်းခန်း တံတားအောက်နား သင်္ဘောမြုပ်တုန်းက ရတဲ့ ၁၂၂ မမ အမြောက်။ ၁၂၂ မမ က တလက် အခြား လက်နက်ကြီးတွေလည်း ပါတယ်။ ကျည်ခဲယမ်းတွေလည်း ပါတယ်။ ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဒီကနေ့ အောက်တိုဘာ ၄ရက်မှာ ပြောပြပါတယ်။
စစ်ရေးသတင်းရင်းမြစ်က ပြသတဲ့ ရုပ်သံမှာ ၁၂၂ မမ လက်နက်ကြီးကို KIA ရဲဘော်တွေက ဧရာ၀တီမြစ်အတွင်းကနေ စက်ယန္တရားနဲ့ ဆွဲယူကာ မော်တော်ယာဉ်ကြီးပေါ်တင်ဆောင်နေတာ တွေ့ရပါတယ်။
သိမ်းရတဲ့ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်ဟာ အသစ်နီးပါး ရှိသေးတယ်လို့လည်း သူကပြောပါတယ်။ ရန်သူ့ လက်နက်ကိုယ့်လက်နက်အဖြစ် ရရှိခဲ့တာလို့လည်း သူက ပြောပါတယ်။
KIA ပူးပေါင်းတပ်ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄၊ ၂၀၂၅ တွေအတွင်း ကချင်ပြည်နယ်ရှိ စစ်တပ်ရင်းဌာနချုပ်တွေ၊ တပ်စခန်းတွေ ၊ ဗျူဟာစခန်းတွေ တိုက်ခိုက်သိမ်းပိုက်စဉ်ကလည်း အခုလို ၁၂၂ မမ တာဝေးပစ် လက်နက်ကြီးတွေ သိမ်းရခဲ့တာရှိပါတယ်။
KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့ကို အင်အားဖြည့်တဲ့ စစ်သင်္ဘောတွေနဲ့ ဗန်းမော်က ပြန်စုံဆင်းတဲ့ သင်္ဘောတွေကို ကြားဖြတ်တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ရာ စက်တင်ဘာ တလအတွင်း စစ်တပ် သင်္ဘော အစီး ၂၀ ခန့် တိုက်ခိုက်ဖျက်ဆီးနစ်မြုပ်နိုင်ခဲ့ကြောင်း KIAက အသိပေးထားပါတယ်။
ဒါ့အပြင် စင်းခန်းတံတားအနီးမှာပဲ စစ်တပ်သင်္ဘော အချို့ကမ်းကပ် အလံဖြူထောင်ခဲ့လို့ အရာရှိတွေ အပါအဝင် စစ်သုံ့ပန်း ၁၅၀ ကျော် ဖမ်းမိခဲ့ရာ အဲဒီအထဲက ၁၁၈ဦးဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန်တာတွေက တပ်မိသားစုဝင်တွေနဲ့ အရပ်သား အချို့ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ရုပ်သံ - ပေးပို့

👍39❤22👏5🥰3👎1🤣1🖕1
■အတွေးအမြင်
"မီတာ ၂၀၀ ထက် ဝေးတဲ့ နယ်စပ်"
-ရှဉ့်ညို ရေးသားသည်။
တချို့နယ်စပ်တွေဟာမြေပုံပေါ်ကမျဉ်း
ကြောင်းတကြောင်း၊ တချို့နယ်စပ်တွေကတော့ လူတယောက်ရဲ့ဘဝကို နှစ်ခြမ်းခွဲပစ်တဲ့ နံရံတချပ်ဖြစ်တယ်။
“အကွာအဝေး” ဆိုတာ ဘာလဲဆိုတာကို စဉ်း
စားမိတယ်။လူနှစ်ယောက်ကြားမှာတစ်ကီ
လိုမီတာ ကွာနိုင်တယ်။ဒါပေမယ့်တစ်ယောက်နဲ့တစ်ယောက်တွေ့နိုင်တယ်။တစ်ချို့ကတော့
၂၀၀မီတာ(၆၅၆ဘပေကျော်)ပဲကွာတယ်။ဒါပေမယ့်တွေ့ဖို့မဖြစ်နိုင်ဘူး။တချို့ကမိုင်ထောင်ချီဝေးစေဦးတော့အရောက်သွားပြီး အလုပ်လုပ်နိုင်တဲ့အခွင့်အရေးရှိတယ်။
တချို့ကတော့ ချောင်းလေးတခု ကျော်လိုက်ရုံလေးနဲ့ ရောက်နိုင်ပေမယ့်အလုပ်လုပ်နိုင်ခွင့်တောင်မရှိဘူး။အဲဒီအခါအကွာအဝေးဆိုတာ မြေပြင်ပေါ်က အတိုင်းအတာမဟုတ်တော့ပါဘူး။အာဏာကသတ်မှတ်ထားတဲ့ အတိုင်းအ
တာ ဖြစ်သွားတာပါ။
မီတာ၂၀၀အကွာအဝေးဆိုတာပေနဲ့ ပြောရင် ပေ ၆၅၀ ကျော်၊ ခြေလှမ်းနဲ့ဆိုရင် ခြေလှမ်း ၂၆၀ ခန့်၊ ၅ မိနစ်မကြာပဲရောက်နိုင်တဲ့ အ
ကွာအဝေးသာပါ။မူစတာဖာ(Mustafa)နဲ့ သူ့သားကြားမှာ မီတာ ၂၀၀ ပဲ ကွာဝေးပါတယ်။ ဒါပေမယ့် နံရံ၊ စစ်ဆေးရေးဂိတ် (checkpoint)၊ permit နဲ့ လူတစ်ယောက်ရဲ့ နိုင်ငံသားအဆင့်အတန်းတွေကအဲဒီ ၂၀၀ မီတာ(ပေ ၆၅၀ ကျော်)ကို၂၀၀ကီလိုမီတာ
( ၁၂၄ မိုင်ကျော်)လိုဖြစ်သွားစေတယ်။
ပါလက်စတိုင်း ဒါရိုက်တာ အမီးန် နေဖေ့ (Ameen Nayfeh) ရဲ့ ၂၀၂၀ က ပါလက်စတိုင်းရုပ်ရှင် "200 Meters" မှာ မူစတာဖာ နဲ့ သူ့မိသားစု ရဲ့ ရွာနှစ်ရွာက ပါလက်စတိုင်း နဲ့ အစ္စရေးတဖက်တချက်မှာ။ မီတာ ၂၀၀ အ
ကွာက အိမ်နှစ်လုံး။ မူစတာဖာက ပါလက်စတိုင်းဖက်မှာ။ သူ့ကလေး ၃ ယောက်နဲ့ ဇနီးက အစ္စရေးဖက်မှာ။ မနက်ဆို မူစတာဖာက အစ္စရေးဖက်ကို သွားပြီး ဆောက်လုပ်ရေးတခုမှာ အလုပ် လုပ်တယ်။ သူ့မိသားစုဆီ ခဏသွားနိုင်တယ်။ညဆိုပါလက်စတိုင်းဖက်က အိမ်ကို ပြန်လာ။ဟိုဖက် ဒီဖက် အစွန်ဆုံးက အိမ်ကလေးနှစ်လုံးက အလွယ်တကူသွားလို့မရပဲ အကွာအဝေးက နီးနီးလေးမှာပါ။
ညဆို မူစတာဖာကသူ့အိမ်ဝရံတာက မီးလုံးလေးတွေကို ဖွင့်လိုက် ပိတ်လိုက်နဲ့ ကလေးတွေကို နှုတ်ဆက်တယ်။ကလေးတွေက မီးလေးတွေကို ကြည့်ပြီးပျော်ကြတယ်။ ဒီလိုနှုတ်ဆက်ပြီး သူတို့ အိပ်ယာဝင်ကြတယ်။ဒါ ညတိုင်းပါပဲ။မူစတာဖာရဲ့ဇနီးကသူ့ကို အစ္စရေး ID(သက်သေခံလက်မှတ်) ပြောင်းစေချင်တယ်။သူ့မှာ ပြောင်းဖို့ အခွင့်အရေးလည်းရှိတယ်။ ဒါပေမယ့် သူ့ ယုံကြည်ချက်၊ သူ့ခံယူချက်ကြောင့် သူ မပြောင်းနိုင်ဘူး။ ကလေးတွေ အမေကတော့ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးတို့ အ
တွက် အစ္စရေး ID နဲ့ အစ္စရေးဖက်မှာပဲ နေတယ်။
အစ္စရေးဖက်ကိုဝင်ဖို့ မနက်တိုင်းအစ္စရေးစစ်
ဆေးရေးဂိတ်ကို မူစတာဖာတို့ဖြတ်ကြရတယ်။ ဂိတ်မှာ လက်ဗွေနှိပ်စစ်တယ်။ အလုပ် လုပ်ခွင့်ပါမစ် စာရွက်စာတန်းစုံစစ်တယ်။ သံဇကာတွေကာထားတဲ့ စစ်ဆေးရေးဂိတ်မှာ အစ္စရေးဖက်ကိုအလုပ်သွားကြမယ့် ပါလက်
စတိုင်းသားတို့က တို့ဝှေ့လို့ အပြည့်အကြပ်။ ဒီဖက်မှာ အလုပ်အကိုင် ရှားပါးတော့ ဟိုဖက်မှာပဲ သွားပြီး လုပ်ကြရတာ။
တရက်မှာတော့ မူစတာဖာ ဟိုဖက်ကို ဖြတ်လို့မရတော့ဘူး။ သူ့ အလုပ်ပါမစ်က သက်တမ်း
ကုန်နေပြီ ဆိုပြီး ဂိတ်က ဖြတ်ခွင့်မပေးတော့ဘူး။သူ့သားလေး ကားတိုက်ခံရလို့ ဆေးရုံမှာ ခွဲစိတ်ခန်းဝင်ရမယ်ဆိုတဲ့ ဖုန်းရတော့သူ သွားမှကို ဖြစ်တော့မယ်။ ငွေများများယူပြီး တရား
မဝင်နယ်စပ်ဖြတ်ကျော်ပေးတဲ့လူမှောင်ခိုကားနဲ့ပဲ သူ့ခရီးက စ တော့တယ်။အဲဒီတစ်ခါမှာတော့ မီတာ ၂၀၀ က သူ့အတွက် တကယ့်ကို အလွန်ဝေးသွားတယ်။ တရားဝင်လမ်းက မလွယ်တဲ့အခါ လူတွေဟာ တရားမဝင်လမ်းကို ရွေးဖို့ တွန်းပို့ခံရတယ်။
ကားပေါ်မှာသူနဲ့အတူ အစ္စရေးဖက်မှာ အလုပ်သွားရှာမယ့် လူငယ်လေးတယောက်၊ ဂျာမန် အမျိုးသမီး မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူနဲ့ သူ့ မရဲ့ချစ်သူပါလက်စတိုင်းတယောက်တို့ ပါကြတယ်။ သူတို့တွေရဲ့ ရည်ရွယ်ချက်တွေကမတူကြပေမယ့်မီတာ၂၀၀ ကိုဖြတ်ဖို့အတွက်
သူတို့အားလုံး အန္တရာယ်တစ်ခုတည်းထဲဝင်လာကြတာပါ။
ဒီကားကနေစပြီး ရုပ်ရှင်ဟာ checkpoint (စစ်ဆေးရေးဂိတ်)တစ်ခုကနေ နောက်တစ်ခုကို ရွေ့သွားတယ်။ကြည့်နေတဲ့သူ ကလည်း checkpoint ရောက်တိုင်း “ဘာဖြစ်တော့မလဲ” ဆိုပြီး စိုးရိမ်စိတ်နဲ့ စောင့်နေရတယ်။ အဲဒီစောင့်နေရတဲ့ခံစားချက်ကပဲ ဒီရုပ်ရှင်ရဲ့ ရင်တထိတ်ထိတ်ဖြစ်စေတဲ့ ဖိအားပါပဲ။
သတင်းတွေထဲမှာပဲ ဖတ်ခဲ့ရ သိခဲ့ရတာတွေကိုသူတို့ရဲ့အနုပညာထဲမှာ မြင်လိုက်ရတဲ့အခါ ခံစားရတာကပြောင်းသွားပြီ။အပြင်ကအဝေး
ကနေ သိရတာမျိုးမဟုတ်တော့ပဲ အတွင်းထဲထိ ဝင်ကြည့်လိုက်ရသလိုမျိုး။ ပြီးတော့ သူတို့ရဲ့ ရင်ဆိုင်နေကြရတာတွေကို ကြည့်နေရင်း ဖြစ်လာတဲ့ ကိုယ်ချင်းစာစိတ်။ အစ္စရေး စစ်ဆေးရေးဂိတ်တခုမှာ အစ္စရေးစစ်သားက ကားကိုတားပြီးစစ်တဲ့အခါ သူတို့ရဲ့ စိုးရိမ်စိတ်။တခါက စီးလာတဲ့ တက္ကစီကို တားပြီး မြန်မာစစ်သားက "ကားပေါ်ကဆင်း"လို့ပြောခဲ့တဲ့အချိန် ကိုယ့်မှာဖြစ်ခဲ့တဲ့စိတ်။ အခြေအ
နေ အကြောင်းအရာ မတူပေမယ့် ကြောက်စိတ်နဲ့ အတူ ဖြစ်လာတဲ့ မကျေနပ်၊ ခံပြင်း၊ မသေချာတော့တဲ့ အခြေအနေက အတူတူပါ။

❤22👍6🤮2🖕1
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။
ဒါပေမယ့်စစ်အာဏာသိမ်းပြီးတဲ့နောက်အခုခေတ်မှာ လူငယ်တစ်ယောက်ရဲ့ ထွက်ခွာခြင်းဟာ “အလုပ်ရှာဖို့” ဆိုတာမျိုး မဟုတ်တော့ဘူး။ စစ်မှုထမ်းအတွက် အဖမ်းဆီးမခံရ
အောင် အသက်ဘေးအတွက် ပြေးရတာဖြစ်သွားပြီ။
တရားဝင် အစီအစဉ်တွေနဲ့ သွားလို့ရတဲ့လူ
ငယ်တွေကသွားကြတယ်။ တရားဝင်သွားဖို့မလွယ်တဲ့ သူတွေက တရားမဝင် နယ်စပ်ဖြတ်ကြတယ်။မူစတာဖာတို့လိုပဲနယ်စပ်ဖြတ်ပေးတဲ့ မှောင်ခိုကားတွေနဲ့ အန္တရာယ်လမ်းကို ရွေးချယ်ကြရတယ်။ အပြည့်အသိပ် လူတွေကို တင်လာလို့ အသက်ရှုလို့မရ ဖြစ်ကြရတာတွေ၊ အဲလိုကားတွေ မှောက်လို့ အသက်ဆုံးရတာတွေ၊ ကားတစီးလုံး ဖမ်းဆီးခံလိုက်ရတာ တွေကို မကြာခဏ သိနေရတယ်။ ကားထဲက လူတွေအတွက်ကားကလွတ်မြောက်ရာလမ်းလည်း ဖြစ်နိုင်တယ်။
ကားက ဖမ်းဆီးခံရမယ့်နေရာလည်း ဖြစ်နိုင်တယ်။ ကားက အသက်ရှင်ဖို့ မျှော်လင့်ချက်လည်း ဖြစ်နိုင်တယ်။တစ်ချိန်တည်းမှာ အ
သက်အန္တရာယ်လည်း ဖြစ်နိုင်တယ်။ ဒီနှစ်မျိုးကြားက မသေချာမှုဟာ 200 Meters က ကားတစ်စီးအတွင်းမှာနဲ့ ထိုင်းနိုင်ငံ ကန်ချနာဘူရီ (Kanchanaburi) က မြန်မာတွေပါတဲ့ ကားတစီးအတွင်းမှာနဲ့ အတူတူပါပဲ။
မြန်မာ–ထိုင်းနယ်စပ်ကို ဖြတ်ရင်ရော စစ်
ဆေးရေးဂိတ်တခုမှာ ကားတစ်စီးကိုရပ်လိုက်
တာနဲ့ဖိအားက အတူတူပါပဲ။ ဘယ်သူတွေလဲ။ စာရွက်စာတမ်းရှိလား။ ဘယ်ကလာတာလဲ။ ဘယ်ကိုသွားတာလဲဆိုတဲ့ မေးခွန်းတွေဟာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ချက်ချင်းပြောင်းသွားစေနိုင်တာပါ။ အပြင်ကကြည့်တဲ့ သူတယောက်အတွက်နယ်စပ်ဖြတ်ကျော်ခြင်း
ဆိုတာဇာတ်လမ်းတခုဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကားထဲက လူတယောက်အတွက်တော့ "ငါ့ဘဝ" ပါ။
ပါလက်စတိုင်း ဒရိုက်တာက ပါလက်စတိုင်းသရုပ်ဆောင်တွေနဲ့ ပါလက်စတိုင်းမှာပဲ ရိုက်ခဲ့တယ်။ တကယ့် check point ကို ခက်ခက်ခဲခဲ ရိုက်ခဲ့တယ်။ ခွဲခြားရေးနံရံကြီး (Separation Wall) ကို မြင်ရစေတယ်။ ပြီးတော့ဒါရိုက်တာ အမီးန် နေဖေ့ ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကလည်း ဒီရုပ်ရှင်နဲ့ နီးနီးကပ်ကပ် ဆက်နွယ်နေတယ်။
သူ့ရဲ့အမေက separation wall ကြီးရဲ့ တ
ဖက်က ပါလက်စတိုင်းရွာက။ နံရံကြီးမဆောက်ခင်က တဖက်က အဖိုး အဖွားနဲ့ ဦးလေး အဒေါ်တို့ဆီကို တက္ကစီ စီးပြီးသွားလို့ရခဲ့တယ်။ နံရံတည်ဆောက်ပြီးနောက် သွားဖို့မလွယ်ကူတော့ဘူး။သူ့မိသားစုရဲ့တစ်စိတ်တစ်ပိုင်းနဲ့ ရုတ်တရက် ခွဲခြားခံလိုက်ရပါတယ်။သူက အဲဒီအတွေ့အကြုံကို ကလေးဘဝရဲ့ “trauma” တစ်ခုလို့ ပြောခဲ့တယ်။ နံရံကြောင့် သူ့အဖွားရဲ့ နောက်ဆုံးအချိန်တွေမှာ သူ့အဖွားနဲ့အတူ ရှိခွင့် မရခဲ့ဘူးလို့ သူက ပြောပါတယ်။ ရရှိခဲ့တဲ့ ခွင့်ပြုချက်က ၈ နာရီသာဖြစ်ပြီး အဲဒီအချိန်အတွင်း အဖွားနဲ့ နောက်
ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ရတယ်လို့ Al Jazeera ရဲ့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။ "200 meters" ဟာ သူ့ဘဝတိုက်ရိုက်မဟုတ်ပေမယ့် ‘၂၀၀ မီတာ’ ဆိုတဲ့ အကွာအဝေးကို ရုပ်ရှင်ထဲမှာ လူသားတွေရဲ့ ခွဲခွာမှုအဖြစ် ပြန်လည်ဖန်တီးဖို့ တွန်းအားပေးခဲ့တာပါ။
ပါလက်စတိုင်းနဲ့ မြန်မာကို တူတယ်လို့ မပြောပါဘူးသမိုင်းမတူဘူး။ နိုင်ငံရေးအခြေအနေ
မတူဘူး။ နယ်စပ်စနစ်မတူဘူး။ လူတွေရဲ့ အ
ကြောင်းပြချက်တွေလည်း မတူပါဘူး။ ဒါပေမယ့် နယ်စပ်တစ်ခုက လူတစ်ယောက်ရဲ့ ခရီးကို အန္တရာယ်များတဲ့ ခရီးတစ်ခု ဖြစ်အောင်လုပ်နိုင်တာချင်းတူပါတယ်။ အဲဒီခဏမှာ လူတစ်ယောက်ရဲ့ “ခရီး” ဟာ သူ့ဘဝတစ်ခုလုံး ဖြစ်သွားနိုင်တာမျိုးပါ။
"200 Meters" ရဲ့ ၂၀၀ မီတာကလည်း အဲဒါပါပဲ။ မီတာနဲ့တိုင်းလို့ရတဲ့ အကွာအဝေးမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်၊ လုံခြုံရေး၊ မိသားစုနဲ့ အနာဂတ်ကြားက အကွာအဝေး။ ပြီးတော့ မြန်မာလူငယ်တချို့တွေ အတွက်လည်း နယ်စပ်ဟာ မြေပုံပေါ်က မျဉ်းတစ်ကြောင်းထက် ပိုနေပါပြီ။ တစ်ဖက်မှာ မနေသာတဲ့ဘဝ။ တစ်ဖက်မှာ မသေချာတဲ့အနာဂတ်။အဲဒီနှစ်ဖက်ကြားမှာတော့လူမှောင်
ခိုကားတစ်စီး။ အဲဒီကားပေါ်မှာ ထိုင်နေတဲ့လူတွေကတော့ သတင်းခေါင်းစဉ်တခု ထဲက တ
ရားမဝင်ရွှေ့ပြောင်းနေထိုင်သူ (illegal migrant) ဆိုတဲ့ စကားလုံးတစ်လုံးထက် အများကြီး ပိုပါတယ်။ သူတို့ဟာ သူတို့ဘဝ ဆုံးရှုံးရမှာစိုးရိမ်လို့ ခရီးထွက်လာတဲ့ လူတွေ ဖြစ်ပါတယ်။
အဲဒီအချက်ကပဲ "200 Meters" ကို မြန်မာ
နိုင်ငံက ကြည့်ရှုသူတစ်ယောက်အတွက် နီးစပ်စေတဲ့ အရာဖြစ်လာတာပါ။ မီတာ ၂၀၀ က မဝေးပါဘူး။ ဒါပေမယ့် တစ်ခါတလေ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်၊ လုံခြုံရေး၊ မိ
သားစုနဲ့ အနာဂတ်ကြားမှာတော့ မီတာ ၂၀၀ ထက် အများကြီးဝေးတဲ့ နယ်စပ်တစ်ခု ရှိနေတတ်ပါတယ်။ ။

👍25❤7😢3🤮1🖕1
ရေဦးမှာစစ်တပ်ကဒရုန်းသုံးစီးနဲ့ ဗုံးကြဲ
ကလေးတဦးအပါအဝင်ပြည်သူ၂ဦးဒဏ်ရာရ
■ကလေးတွေဘောလုံးကန်နေတဲ့ဒရုန်းပျက်ကျသွားပြီး တော်လှန်ရေးတပ်သိမ်းယူ
အောက်တိုဘာ-၄၊၂၀၂၆။ဇော်ရမ်း/People's Spring
ရေဦးမြို့မှာ စစ်တပ်ကစစ်တပ်က ကာမီကာဇေဒရုန်း( အသေခံတိုက်ခိုက်ရေးဒရုန်း)သုံးစီးနဲ့ တိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး ဒဏ်ရာရပြီး ဒရုန်းတစ်စီးကို တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြု့နယ်ထဲက ရွာတစ်ရွာကို အောက်တိုဘာ၄ရက် မွန်းလွဲ ၁နာရီခန့်မှာ စစ်တပ်က ဆူဆိုက်ဒရုန်းသုံးစီးနဲ့ ဗုံးကြဲတာဖြစ်ပါတယ်။
" နမခ ကနေ ၁၂နာရီခွဲတက်လာပြီး ၁နာရီခန့်မှာ စပြီး ဗုံးကြဲတာ။ ကြဲတဲ့နေရာက အရပ်
သားတွေပဲ ရှိတဲ့နေရာပါ။ကလေးတယောက် အမျိုးသမီးတယောက်ဒဏ်ရာရတယ်။ ဒရုန်းတစ်စီးက ရွာနဲ့ တစ်မိုင်ကျော်က လယ်ကွင်းထဲ ပြုတ်ကျတာ" လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အဲ့ဒီဒရုန်းဟာ ရွာအနီးမှာ ကလေးငယ်တွေ ဘောလုံးကန်နေတဲ့ကွင်းကို ဦးတည်ပျံသန်းလာတာဖြစ်ပြီး လမ်းခုလတ်မှာ ပြုတ်ကျခဲ့တာလို့ သိရပါတယ်။
"ကလေးတွေ ကံကောင်းတာ။ဒရုန်းကပြတ်ကျသွားလို့ တော်တာ။အဲ့ဒရုန်းကို ရလိုက်တယ်"လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ရေဦးမြို့နယ်မှာစစ်တပ်ကမြို့ပေါ်ကိုထိန်း
ချုပ်ထားပြီး အနီးပတ်ဝန်းကျင်ရှိရွာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။ မြို့နယ်အတွင်း လက်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ မြို့နယ်ပတ်ဝန်းကျင်ကို လေကြောင်း၊ ဒရုန်းတို့နဲ့ တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ
လ ၇ ရက်ညနေပိုင်းမှာလည်းစစ်တပ်ကဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲလို့ ဒေသခံ ခုနစ်ဦးသေဆုံးခဲ့ပါတယ်။
#ရေဦးကိုဒရုန်းသုံးစီးနဲ့ဗုံးကြဲ
#အသေခံဒရုန်း #ကာမီကာဇေဒရုန်း
#peoplesspring #လူထုနွေဦး

🤬33😁7❤5😢3👍2👏1🎉1
ပုဏ္ဏားကျွန်းကစစ်ရှောင်စခန်းကို စစ်တပ်ဗုံး
ကြဲ၊စစ်ရှောင်ပြည်သူ၆ဦးထက်မနည်းသေ
ဆုံး
■ဒဏ်ရာရသူတွေလည်းရှိပြီးသေဆုံးသူထပ်တိုးလာနိုင်သေးဟုဒေသခံတွေပြော
အောက်တိုဘာ-၄ ၊၂၀၂၆။ခိုင်မြတ်/People's Spring
ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနဲ့ ယိုးငူရွာကြားမှာတည်ရှိတဲ့ဗျာလစစ်ဘေးရှောင်စခန်းကိုအာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရ သူအများအပြားရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်ဟာအောက်တိုဘာလ ၄ ရက် ညနေ ၅ နာရီ ၁၀ မနစ်လောက်မှာ တိုက်ပွဲနေရာတွေနဲ့ အလှမ်းဝေးပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေ စုပေါင်းနေထိုင်ကြတဲ့ ဓနိမိုး၊ ဝါးကာတဲအိမ်ငယ်တွေကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
“လတ်တလောကတော့ခြောက်ဦးစာရင်း၊ အလောင်းကတော့ရတယ်။အဲဒီနားပတ်ဝန်း
ကျင်မှာပြောနေကြတာကတော့ကိုးယောက်လောက်ရှိမယ်လို့ပြောနေကြတယ်။အဲဒါ အ
တည်ပြုလလို့ မရနိုင်ကြသေးဖြစ်နေသေးတယ်”လို့မြေပြင်မှာကူညီပေးနေတဲ့ စာရေး
ဆရာဝေဟင်အောင်က ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချို နဲ့ ယိုးငူရွာကြားမှာရှိတဲ့ ယိုးငူ၊ ဗျာလစစ်ဘေးရှောင်စခန်းကိုအောက်တိုဘာလ ၄ ရက်၊ညနေ (၅) နာရီ (၁၀) မိနစ်အချိန်ခန့်မှာစစ်တပ်က ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ဗုံးကြဲတာစစ်ဘေးရှောင်ပြည်သူ ၆ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့AA ကထုတ်ပြန်ပါတယ်။နေအိမ်နဲ့ဈေးဆိုင်အများအပြား ပျက်စီးမီးလောင်သွားခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိတယ်လို့ အသိပေးပါတယ်။
“၄၉၂၆ စစ်ဆင်ရေး ၁ လပြည့် အဖြစ် စစ်ရှောင်တွေကို လာရောက်သတ်ဖြတ်တာဖြစ်တယ်” လို့လည်း စာရေးဆရာ ဝေဟင်အောင်က ပြောပါ တယ်။
အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)
ထိန်းချုပ်နယ်မြေတွေကို ထိုး စစ်ဆင်နေခဲ့တာဟာ ဒီနေ့ဆိုရင် တလပြည့်ခဲ့ပြီဖြစ်ပါတယ်။
“နေလည်းပူနေတယ်။ဓနိမိုးအိမ်တွေလည်းဖြစ်တယ်ဆိုတော့ ဗုံးကျတာနဲ့ မီးထလောင်တယ်။ အလောင်းတွေအများကြီးရှိနိုင်တယ်။ တဆယ်လောက်ထက် ကျော်မလားမသိဘူး။ ဒဏ်ရာရတာတွေလည်းအများကြီး။လူတွေလည်းပြေးနေကြတယ်”လို့ပုဏ္ဏားကျွန်းမြို့နယ်မှဒေသခံတဦးကပြောပါတယ်။
ဗျာလစစ်ဘေးရှောင်စခန်းဟာစစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းနယ်အစပ် လက်ရှိတိုက် ပွဲဖြစ်နေတဲ့ နေရာတွေနဲ့ ဆယ်မိုင်ကျော်အကွာမှာ တည်ရှိပြီး စစ်တွေ၊ ပုဏ္ဏားကျွန်းစတဲ့ဒေသတွေက စစ်ရှောင်တွေ ခိုလှုံနေကြတာဖြစ်ပါတယ်။
စစ်တွေတိုက်ပွဲအတွင်း စစ်ကြောင်းလိုက် သေဆုံးပြီး တပ်စခန်းတွေလက်လွှတ်နေရတဲ့ စစ်တပ်ဟာ စစ်တွေနဲ့ ထိ စပ်နေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့အပြင် အရပ်သားလူနေကျေးရွာ၊ မြို့ပေါ်ရပ်ကွက်တွေ ကို လေကြောင်းကနေ ဗုံးတွေ ဆက်တိုက်ကြဲချတိုက်ခိုက်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ဂစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်တိုဘာ ၄ ရက်နေ့ထိ တစ်လတာကာလအတွင်း စစ်
တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင် ဒေသခံ အရပ်သားပြည်သူ ၆၄ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၁၂၉ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အဲဒီသေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ အခုဗျာလစစ်ဘေးရှောင်စခန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးရသူ တွေ မပါဝင်သေးပါဘူး။

😢28🤬18👎5❤4😁2👍1👏1🎉1😡1
စစ်ဘေးရှောင်တွေစုနေတဲ့ တဲအိမ်စုကိုစစ်တပ်ကဗုံးကြဲပြီးနောက်တွေ့ရစဥ်။
ဓါတ်ပုံ-AA Infodesk
ဓါတ်ပုံ-AA Infodesk
🤬47😢16👎7❤6👏3🔥2🤩1😡1
မလေးရှားကနေ စစ်သင်္ဘောနဲ့ ပြန်ပို့ခံရသူအချို့အိမ်ပြန်မရောက်ကြလို့ မိသားစုဝင်တွေ စိုးရိမ်နေ
အောက်တိုဘာ ၄၊ ၂၀၂၆။ မီးအိမ်/People's Spring
မလေးရှားနိုင်ငံကနေ စစ်သင်္ဘောနဲ့ နေရပ်ပြန်ပို့ခံရသူတွေအနက် အချို့ဟာဒီနေ့ ညနေအထိအိမ်ပြန်မရောက်သေးသလို အဆက်
အသွယ်လည်းမရသေးတဲ့သူတွေရှိနေပြီး မိသား
စုဝင်တွေ စိုးရိမ်နေကြတယ်လို့ ကိုယ်တွေ့ကြုံနေရသူတွေက ပြောပါတယ်။
မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ မြန်မာ ၁၅၀၀ နီးပါးကို နေရပ်ပြန်ပို့ခံရလို့ သွားခေါ်လာတဲ့ စစ်သင်္ဘောဟာ အောက်တိုဘာ ၄ရက်မနက်အစောပိုင်းက ရန်ကုန်မြို့က သီလဝါဆိပ်
ကမ်းကို ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။
မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသား ၅,၀၀၀ အထိ ပြန်ပို့မှာဖြစ်ပြီး စစ်တပနဲ့ ညှိနှိုင်းကာ စက်တင်ဘာ ၂၉ ရက်မှာ ပထမဆုံးအသုတ်အနေနဲ့ ၁၄၇၆ ဦးကို မလေးရှားနိုင်ငံကနေ စစ်သင်္ဘော ၃စီးနဲ့ ရန်ကုန်မြို့ကို ပြန်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီသူတွေကို သူတို့ရဲ့နေရပ်အလိုက် စစ်တပ်ရဲ့ တိုင်းနဲ့ပြည်နယ်စစ်အစိုးရအဖွဲ့တွေက သီလဝါဆိပ်ကမ်းကနေစောင့်ခေါ်သွားတာဖြစ်ပြီး အချို့ဟာညနေပိုင်းအထိပြန်ရောက်မလာသေးတဲ့သူတွေရှိနေတယ်လို့ ရန်ကုန်မြို့နဲ့နာရီပိုင်းအတွင်းကားနဲ့ရောက်နိုင်တဲ့ ဒေသမှာ နေထိုင်သူအချို့ကပြောပါတယ်။
" ဒီလောက်ဝေးတဲ့ခရီးလည်းမဟုတ်တာကို မရောက် လာသေးလို့စိတ်ပူနေတာ။ ဆိုင်ရာအဖွဲ့တွေကနေလှမ်းမေးတော့ လိုအပ်တဲ့ကိစ္စရပ်လေးတွေလုပ်နေတာမပြီးသေးလို့တဲ့ "လို့ ပြန်ပို့ခံရသူတွေမှာပါဝင်လာသူရဲ့ ဦးလေးတော်စပ်သူကပြောပါတယ်။သူက ပဲခူးတိုင်း၊ မြို့နယ်တစ်ခုမှာနေထိုင်တာဖြစ်ပါတယ်။
စစ်တပ်ရဲ့ ပဲခူးတိုင်းစစ်အစိုးရရဲ့ အောက်
တိုဘာ ၄ရက် နေ့လယ်က သတင်းထုတ်ပြန်ချက်မှာ ရန်ကုန်မြို့ကနေသွားခေါ်လာသူ မလေးရှားပြန် အမျိုးသား ၉၂ဦး၊အမျိုးသမီး ၁၀ ဦးဖြစ်ပြီး မိသားစုဝင်တွေဆီလွှဲပြောင်းပေးပြီးပြီလို့ဖော်ပြပေမယ့် ပြန်မရောက်သေးတဲ့သူတွေလည်းရှိနေတဲ့ သတင်းတွေလည်းထွက်နေတာ ဖြစ်ပါတယ်။
စစ်တပ်က သွားရောက်ခေါ်လာသူတွေထဲကတချို့ကို စစ်မှုထမ်းထည့်မယ့်အရေးအတွက် စိုးရိမ်မကင်းဖြစ်နေကြရတယ်လို့လည်း မလေးရှားကနေပြန်ပါလာသူတွေရဲ့မိသားစုဝင်တွေက ပြောပါတယ်။
ဒါအပြင် နေရပ်ပြန်ရောက်လာသူတချို့ဟာ
နေရပ်ပြန်စရာအိမ်မရှိသူတွေဖြစ်နေတာကြောင့် စစ်တပ်ရဲ့အသုံး ချခံရမှာ စိတ်ပူရတယ်လို့ ဒီအခြေအနေကိုစောင့်ကြည့်နေသူတချို့က ပြောပါတယ်။
"စစ်တပ်ကရသလောက် အသုံးချမယ်လို့ထင်တယ်။သူတို့စေတနာ ဒီလောက်ကောင်းမယ်
မထင်ဘူး။မိသားစုမရှိတော့တဲ့သူ၊ပြန်စရာအိမ်မရှိတော့တဲ့သူတွေအတွက်က ရင်လေးစရာပိုကောင်းတယ်" လို့ ရန်ကုန်မြို့မှ လူမူကူညီရေးအသင်းအဖွဲ့ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
စစ်တပ်ကမြန်မာနိုင်ငံသားတွေကို မလေးရှားနိုင်ငံကနေ စစ်သင်္ဘောနဲ့ပြန်ခေါ်တာအခုအ
ကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး အာဏာသိမ်းခဲ့တဲ့၂၀၂၁အတွင်းက ပထမအကြိမ်သွားခေါ်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း ဖိနှိပ်မူမျိုးစုံကြုံနေရသလို အတင်းအကျပ်စစ်မူထမ်းခိုင်းတာတွေကြောင့် လူငယ်တွေအခက်တွေ့နေကြချိန်မှာ ထိန်းသိမ်းရေးစခန်းကသူတွေကို နေရပ်ပြန်ပို့တဲ့ မလေးရှားအစိုး
ရရဲ့လုပ်ရပ်အပေါ် လူမှုအဖွဲ့အစည်းတွေက ပြစ်တင်ပြောဆိုနေပါတယ်။

👍28❤5🖕5🔥2🤮1🤣1
မလေးရှားမှစစ်တပ်သင်္ဘောနဲ့ အောက်တို
ဘာ ၄ ရက်မနက်မှာသီလဝါဆိပ်ကမ်းကိုရောက်လာသူတွေရဲ့ မိသားစုဝင်အချို့
စောင့်ဆိုင်းနေစဥ်နဲ့ရေတပ်စစ်သားအချို့ကိုတွေ့ရစဥ်/ ပြန်ရောက်လာသူတွေကိုစစ်တပ်လက်အောက်ခံဝန်ထမ်းတွေကစီစစ်နေစဥ်။
ဓာတ်ပုံ - AFP ၊စစ်ကောင်စီ

👍25🔥5🤣1