People's Spring
✔
59.8K subscribers
71.9K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🔥13👍7🤬2👎1👏1😢1🖕1
🤬19👍4🔥2👏1🤣1
■ကဗျာ

"ဗျိုင်းဖြူတွေ"

◾ မောင်တင်သစ်

လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီ
တမိုးလုံးပျောက်နေတဲ့ ကောင်တွေ
ရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့
မြစိမ်းကမ္ဗလာပေါ်
နေရောင်အောက်မှာ ကခုန်ဖို့
သူတို့ ပြန်လာကြပြီ။ ။


၂၀၂၆

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'​မောင်တင်သစ်'​ ရေးဖွဲ့တဲ့ "ဗျိုင်းဖြူ​တွေ"
ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍34❤2🤮1🤣1🖕1
ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် စစ်မျက်နှာမှာဆိုရင်စစ်တပ်ထိုးစစ်စတဲ့ စက်တင်ဘာလ ၄ ရက်ကနေ စက်တင်ဘာ ၂၆ ရက်နေ့ထိ သုံးပါတ်အတွင်းစစ်တပ်ရဲ့ကာ ကင်းစခန်းနဲ့ ခြေကုတ်နေရာ ၉ ခုထက်မနည်း AA လက်ထဲ ထပ်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

အာရက္ခတပ်​တော်က စစ်တွေတိုက်ပွဲအတွင်း စက်တင်ဘာ ၂၄ ရက်နေ့မှာ တပ်စခန်းတခုနဲ့ စက်တင်ဘာ ၂၃ ရက်မှာ တပ်စခန်းတခုတို့ကိုပါထပ်မံသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်ဖြူစစ်မျက်နှာမှာလည်း စခန်းငယ်တခု၊ ရခိုင်ပြည်ဝင်ပေါက် ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း ပန်းတောင်း မြို့နယ်အတွင်းက စစ်မျက်နှာမှာ ရှေ့တန်းထောက်ပို့ကာကင်းစခန်းတခုနဲ့ မကွေးတိုင်း မင်းတုန်းစစ်မျက်နှာက စခန်းကြီးတခုတို့ကိုလည်း AA ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဒါ့ကြောင့် စစ်တပ်ရဲ့တန်ပြန်ထိုးစစ်သုံးပတ်​ကျော်အတွင်းတပ်စခန်းနဲ့ ခြေကုတ်နေရာ ၁၂ ခုထက်မနည်းကို လက်လွှတ်ခဲ့ရတာကြောင့် တပါတ်မှာ စစ်စခန်း‌ ၄ ခုနှုန်း AA လက်ထဲ ရောက်နေတာဖြစ်ပါတယ်။

စစ်တပ်က စစ်ဆင်​ရေးအမည်မ​ကြေညာ​ပေမယ့် စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်​တွေ ၊​ဖေစ်ဘွခ်​ပေချ်​တွေ၊အ​ကောင့်​တွေ ၊တစ်​တော့​တွေစတဲ့ လူမှုကွန်ယက်​​တွေမှာ​တော့ ၄၉၂၆ လို့အမည်တပ်ထားပါတယ်။စစ်ဆင်​ရေးက ​နေ့တိုင်း​​အောင်ပွဲတွေရ​နေတယ်လို့ပဲစစ်တပ်​ဝါဒဖြန့်​ လူမှုကွန်ယက်​တွေက​ရေးနေကြပါတယ် ။စက်တင်ဘာ ၂၄ ရက် ညဦးပိုင်းမှာဆိုရင် စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကို​တောင် ပြန်ထိန်းချုပ်လိုက်ပြီလို့ မျိုးမင်းဦး အမည်နဲ့ စစ်တပ်ဝါဒဖြန့်သတင်း​တွေပုံမှန်​​ရေးသား​နေတဲ့ ​ဖေစ်ဘွခ့်အကောင့်က​နေ သတင်းအမှားဖြန့်​ခဲ့ပါတယ် ။

“အသံသာရှိပြီးတော့ အဆံမရှိတဲ့ သင်္ကြန်အမြှောက်နဲ့တူပါတယ်။ အွန်လိုင်းမှာတော့ တော်တော်အသံအကျယ်ကြီး နဲ့ ၄၉၂၆ ရခိုင်ပြည်ကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ အသံအကျယ်ကြီးနဲ့ လော်ဘီလုပ်တာလောက် ပဲရှိတယ်။ ရခိုင်ပြည်သူတွေကိုခြောက်လှန့်တဲ့ အဆင့်လောက်ဘဲရှိတယ်။

တကယ့်မြေပြင်မှာကျတော့သူတို့ တလက်မ၊ တဖဝါးတောင်မှ အာရက္ခတပ်တော်ရဲ့ထိန်းချုပ်ထားတဲ့နယ်မြေတွေကို တိုးလို့မရောက်တာတောင်မက သူ တို့ထိန်းချုပ်ထားတဲ့အထဲက တချို့စခန်းတွေကိုတောင်မှ အာရက္ခတပ်တော်က သိမ်းပိုက်နိုင်တာတွေရှိတယ်”လို့ ရခိုင်ပြည်နယ်မှာ​နေထိုင်ပြီး စစ်​ဘေး​ရှောင်​တွေကိုကူညီ​ပေး​နေသလို ၊စစ်ရေးအ​ခြေအ​နေကို​စောင့်ကြည့်လေ့လာ​နေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။

မြို့နယ်​ပေါင်း ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ စစ်​တွေ၊​ကျောက်ဖြူ ၊မာန်​​အောင်သုံးမြို့ကိုပဲထိန်းချုပ်နိုင်​တော့တဲ့စစ်တပ်ဟာ AA ကိုတန်ပြန်ထိုးစစ်ဆင်​ဖို့ ကြိုးစားခဲ့တာဟာ ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကပါ ။ဒါ​ပေမယ့်စစ်တပ်တန်ပြန်ထိုးစစ်​​တွေအကြိမ်ကြိမ် စစ်ဦးကျိုး ပြန်ဆုတ်ခဲ့ရတာ​ကြောင့် စက်တင်ဘာ ၄ ရက်မှာမှ တန်ပြန်ထိုးစစ် စသလိုဝါဒဖြန့်ပြီးအင်အား​ထောင်ချီသုံးကာ AA ကိုထပ်မံ အကဲစမ်းလာတာဖြစ်ပါတယ် ။

ဒီတစ်ကြိမ်မှာရခိုင်ပြည်နယ်မှာ စစ်တွေ ၊ ကျောက်ဖြူစစ်မျက်နှာ နဲ့ ရခိုင်ဝင်ပေါက် ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း ပန်းတောင်း၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်မြို့နယ်တို့ကနေလည်း စစ်မျက်နှာတခုစီမှာအင်အားနှစ်ထောင် ဝန်းကျင်ထိ အသုံးပြုကာ တန်ပြန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲ​တွေမှာအထိနာတိုင်း အာဏာသိမ်းစစ်တပ်ရဲ့ လုပ်လေ့ရှိတဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင် ပြောင်တင်းတင်းချိုးဖောက်ရာရောက်တယ်လို့ ရခိုင်ဒေသခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါ တယ်။

“မင်းအောင်လှိုင်အနေနဲ့ စစ်ကိုစစ်နဲ့တူအောင် တိုက်ဖို့လိုတယ်။တိုက်ပွဲမှာ နာနေတော့ ပြည်သူတွေကိုသတ်နေတယ်။ဒါကလူ့အခွင့်အရေးကိုရော စစ်ရာဇဝတ်မှုကိုရော ချိုးဖောက်ရာ ရောက်တယ်လို့ ပြောချင်တယ်။ အခုစစ် ဆင်ရေးက AA ကို တိုက်တာထက် ပြည်သူကို ဒုက္ခပေးတဲ့ စစ်ဆင်ရေးပဲ ဖြစ်နေပါတယ်” လို့ သူက ဆိုပါတယ်။

ရခိုင်မြို့နယ်တွေကိုပြန်သိမ်းမယ်ဆိုတဲ့ကြွေးကြော်ချက်နဲ့အတူ စခဲ့တဲ့ စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးကတော့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဧရာ၀တီ၊ ပဲခူး၊ မကွေးအစပ်နေရာတွေအားလုံးမှာ အရှုံးနဲ့ ကြုံနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေနဲ့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် သူတို့ အရှုံးနဲ့ရင်ဆိုင်နေရတယ်။ တပ်ဦးလည်းလန်သွားတယ်၊ စစ်ဦးလည်းကျိုးသွားတယ်”လို့ ကိုဝေဟင်အောင် ကစစ်တပ်ထိုးစစ်အ​ပေါ်သုံးသပ်ပြောကြားလိုက်ပါတယ်။


https://youtu.be/RZzYQvPf3p8?si=yKjuyNT0_bDyfV2o
❤46👍24🤣3🥰2👎1🔥1👏1🖕1
ပန်ဝါဒေသ လဂွေရွာယမ်းဂိုဒေါင်ပေါက်ကွဲမှု KIO စစ်ဆေးနေ၊ ဒဏ်ရာရသူတွေကို တရုတ်နိုင်ငံ ပို့ဆောင်ကုသ

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါဒေသ လဂွေကျေးရွာမှာ တရုတ်လုပ်ငန်းရှင်ရဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ် စစ်ဆေးနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

အောက်တိုဘာ ၂ရက် နေ့လည်ပိုင်း လဂွေရွာစာသင်ကျောင်းအနီးက ယမ်းဂိုဒေါင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကနဦး စိစစ်ချက်အရ ၇ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးကာ သေဆုံး၊ ထိခိုက်၊ ပျောက်ဆုံးနဲ့ ပျက်စီးအခြေအနေတွေကို KIO အရှေ့မြောက်ပိုင်းတိုင်းမှ စစ်ဆေးနေကြောင်း အသိပေးပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားတာဟာ လုပ်ငန်းသုံးဖို့ ဂိုဒေါင်အတွင်း သိုလှောင်ထားတဲ့ ဖောက်ခွဲရေးသုံးယမ်းအမျိုးအစားများ မတော်တဆ ပေါက်ကွဲသွားတာဖြစ်နိုင်ခြေရှိတယ်လို့ ယူဆထားတာကိုလည်း အသိပေးပါတယ်။

ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးနေပြီး ဒဏ်ရာပြင်းထန်သူများကို အိမ်နီးချင်း တရုတ်နိုင်ငံ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားချိန် အောက်တိုဘာ ကျောင်းပိတ်ရက်ဖြစ်လို့ ပေါက်ကွဲမှုထဲမှာ ကျောင်းသူကျောင်းသားများ ထိခိုက် သေဆုံးမှုမရှိကြောင်းနဲ့ အဆောင်မှာ ရှိနေတဲ့ ဆရာ ၁ဦး၊ ဆရာမ ၁ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြပါတယ်။

ချီဖွေ၊ ဆော့လော်၊ ပန်ဝါဒေသတွေကို KIO/KIAက ၂၀၂၄ နှစ်ကုန်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ပြီး KIO အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ ဒေသတွေဖြစ်ပါတယ်။

ကချင်သတင်းရင်းမြစ်တစ်ဦးကတော့ ယမ်း၊ လက်နက် သိုလှောင်ရုံတွေကို ကျေးရွာအနီးမှာ လုံး၀ မထားရှိရေး ဥပဒေ စည်းကမ်းများချမှတ်ပြီးစနစ်တကျ ကြပ်မတ်သင့်တယ်လို့ ပြောပါတယ်။

လက်နက်ကိုင်တပ်တွေအနေနဲ့ အခွန်ငွေရရှိခြင်းထက် ပြည်သူဘေးကင်းရေးကို တာဝန်ယူမှု တာဝန်ခံမှု ရှိစွာလုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းပါတယ်။

အခု ၂၀၂၆အတွင်းမှာ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖြစ်တဲ့ ၀၊ တအာင်းနဲ့ ကိုးကန် တပ်ထိန်းချုပ်နယ်မြေတွေမှာ အဲဒီလိုယမ်းသိုလှောင်ရာနေရာတွေ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာကြောင့် ပြည်သူလူထုသေဆုံးထိခိုက်မှုတွေ အများအပြား ရှိခဲ့ပါတယ်။


(ယမ်းဂို​ဒေါင်​ပေါက်ကွဲပြီး​နောက် မြင်ကွင်း။ ဓါတ်ပုံ - Screengrab)
👍41😢7❤6🖕3😁2🤣1
👍29😢9😁3👏1🖕1
စစ်ရေးနဲ့ နိုင်ငံရေးမှာ ချင်းကာကွယ်ရေးတပ်တွေရဲ့ အခန်းကဏ္ဍမြင့်တင်ဖို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် CDFများ တွေ့ဆုံ

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ချင်းပြည်ကောင်စီ CDF တွေဟာ စက်တင်ဘာ ၂၅ရက်ကနေ ၂၇ရက်အထိ ချင်းပြည်တနေရာမှာ သီးသန့်တွေ့ဆုံဆွေးနွေးကာ အခုလို အသိပေးလာတာဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ ချင်းပြည်တည်ဆောက်ရေး၊ ချင်းအမျိုးသားညီညွတ်ရေးနဲ့ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး အတွက် စစ်ရေးနဲ့ နိုင်ငံရေးမှာ CDF တွေရဲ့ အခန်းကဏ္ဍ မြင့်တင်ဖို့၊ ချင်းနွေဦးတော်လှန်ရေး အဖွဲ့များ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ တွေ သဘောထား စုစည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

" ၂၀၂၁ နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း ချင်းတော်လှန်ရေးအဖွဲ့များအကြား ယုံကြည်မှုတည်ဆောက်ရေးနှင့် စည်းလုံးညီညွတ်မှုအားနည်းနေသည့်အပေါ် ချင်းပြည်သူများလည်း စိုးရိမ်မှုရှိနေသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရပါသည်။” လို့လည်း ဖော်ပြထားပါတယ်။

ချင်းပြည်ကောင်စီအဖွဲ့ဝင် CDFတွေအနေနဲ့ ချင်းပြည် (Chinland) ကောင်စီ စုစည်းမှုပိုမို အားကောင်းရေးနဲ့ ချင်းတော်လှန်ရေး အဖွဲ့များ စုစည်းပြီး စစ်အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ဆက်လက်ပြီး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ပြည်သူတွေကို အသိပေးကြောင်းလည်းထုတ်ပြန်ပါတယ်။

ချင်းပြည်ကောင်စီကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)နဲ့ CDF တပ်တွေ ပူးပေါင်းစုဖွဲ့ထားတာဖြစ်ပြီး စစ်ရေးဆိုင်ရာကို ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကြီးကြပ်မှုနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ CNA နဲ့ ဒေသကာကွယ်ရေးတပ် CDF ၁၉ ဖွဲ့ ပါဝင်ပြီး ပူးတွဲစစ်ဆင်ရေးတွေကို ညှိနှိုင်းဖော်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

မြေပြင် စစ်ဆင်ရေးလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ကာကွယ်ရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ကို သက်ဆိုင်ရာတပ်ဖွဲ့တွေက ထိပ်ပိုင်းအရာရှိတွေနဲ့ ၂၀၂၅ အောက်တိုဘာမှာ ဖွဲ့စည်းထားကြောင်း ချင်းပြည်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အမိန့်ပေးစီးဆင်းမှုစနစ် တခုတည်းအောက်မှာ CNA နဲ့ CDF များ စုစည်းနိုင်ရေး ချင်းပြည်အစိုးရတပ်ဖွဲ့ ဖွဲ့စည်းမှု လုပ်ငန်းစဉ်များ ဆောင်ရွက်နေကြောင်းလည်း အသိပေးထားပါတယ်။


(ချင်းအမျိုးသားတပ်မတော်(CNA)ရဲ့ တပ်ခွဲမှူးသင်တန်းနဲ့ အကြပ်ငယ်သင်တန်းဆင်းပွဲ။ ဓာတ်ပုံ - Chinland Information Center)
👍44❤9👏1💩1👌1🤣1🖕1
🥰38👍10❤1🤮1🤣1🖕1
ရေဘေးကြုံနေတဲ့ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်ကို စစ်တပ်က စစ်ကြောင်းဆက်ထိုးနေ

ပြည်သူတွေ ရေဘေးကြုံနေလို့ ထိတွေ့မှုမဖြစ်ရေး ခေတ္တနောက်ဆုတ်ထားဟု တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃) ထုတ်ပြန်

အောက်တိုဘာ-၄ ၊၂၀၂၆။မိုမို/People's Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ရေ ဘေးကြုံနေချိန်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်
တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က ညင်းမော်ကျေးရွာကိုအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အပြင် အဲဒီကတဆင့် ကဒက်ငယ်ကျေးရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးဝင်ရောက်မယ်လို့ ဆိုပါတယ်။

နည်းဗျူဟာ(၃၃) ကွပ်ကဲမှုအောက်က တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပြည်သူ‌တွေ ရေဘေးဒုက္ခကျရောက်နေချိန်ဖြစ်တာကြောင့် ထိတွေ့မှုမဖြစ်စေဖို့ ခေတ္တနောက်ဆုတ်ထားတယ်လို့ အသိပေးပါတယ်။

ပြည်သူတွေ အခက်အခဲကျရောက်နေချိန်မှာ စစ်တပ်ဘက်က ပြည်သူ‌တွေရဲ့ အခက်အခဲကို လျစ်လျူရှုပြီး ဆက်လက် စစ်ကြောင်းထိုးဝင်ရောက်မယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လိုအပ်သလို ပြင်းထန်စွာအရေးယူမယ်လို့ နည်းဗျူဟာ(၃၃)၊ တနင်္သာရီတိုင်းစစ်ဌာနက သတိပေးပါတယ်။

" မနေ့က ညနေ ၅ နာရီလောက်မှာလောင်းလုံးမြို့ကို မြေတင်ကားသုံးစီးနဲ့အရေးပေါ်ကားတစ်စီး စကစအပြည့်တင်ဆောင်လာပြီး လောင်းလုံး အုန်းသီးဆိုင်းပုတ်မှာလာချခဲ့ပါတယ်။အင်အား၉၀ ကျော်မြေတင်ကားနဲ့ ညင်းမော်ရွာမှာ ခဏနားပြီးတော့ လောင်းလုံးအောက်ဖက်ကိုယ်ဆင်းသွားပါတယ်။ရေဘေးကယ်ဆယ်ရေးကြောင်းပြပြီးနေရာ အသီးသီးကိုအင်အားဖြန့်နေတာလို့"ထား၀ယ်ခရိုင် အမှတ်(၈၀၀၃) တပ်ရင်းတာ၀န်ရှိသူက စစ်တပ်စစ်ကြောင်းထိုးလာတဲ့အပေါ် ရှင်းပြပါတယ်။

လက်ရှိရေဘေးမှာ တော်လှန်ရေးတပ်တွေက လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ စစ်ရေးရပ်ဆိုင်းထားတဲ့ချိန်မှာ အာဏာသိမ်းစစ်တပ်က အခွင့်ရေးယူချင်တာလို့လည်း သူက အသိပေးပါတယ်။

"ရေဘေးမဖြစ်ခင်ကဆိုရင် စစ်တပ်တွေဟာ လောင်းလုံးအောက်ဖက်ကိုယ်ကားနဲ့ဆင်းတယ်ဆိုတာမရှိပါဘူး"လို့ လောင်းလုံးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာ ၂၆ရက်ကစတင်ကာ ရေဘေးကြုံတွေ့ခဲ့တာပါ။

လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ သေဆုံးသူ အနည်းဆုံး ၃၂ ဦးရှိကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။

အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ လက်ရှိ ရေဘေးနဲ့ မြေပြိုမှုဘေးကြုံတဲ့ဒေသတွေဟာစစ်တပ်က မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ကူညီကယ်ဆယ်ရေးမှာလည်း စစ်တပ်က ဆောင်ရွက်ခြင်းမရှိဘဲ ဘေးသင့်ဒေသတွေကိုစစ်ကြောင်းတွေဝင်ရောက်လာတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်ညနေပိုင်း နဲ့ အောက်တိုဘာ ၁ ရက် ညနေပိုင်းမှာ စစ်တပ်က ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေထဲကိုလေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်က ရေဘေးသင့်ဒေသတွေကို ဗုံးကြဲပြီး ကယ်ဆယ်ရေးနဲ့ပတ်သက်လို့ လုံခြုံရေးအခြေ အနေအရစိတ်မချရတဲ့အတွက် ကျေးရွာတွေ ကိုသွားရောက်နိုင်ခြင်းမရှိဘူးလို့ ဝါဒဖြန့်ထားပါတယ်။

လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်အတွင်း ရေဘေးရင်ဆိုင်နေရတဲ့ပြည်သူတွေကို လာရောက်ကူညီကြမယ့်ကယ်ဆယ်ရေးအဖွဲ့တွေ ဒေသတွင်းမှာအဆင်ပြေပြေသွားရောက်နိုင်ဖို့အတွက်လည်း နည်းဗျူဟာ (၃၃)ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊တပ်ဖွဲ့တွေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ကူညီကြဖို့ တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ (၃၃)က စက်တင်ဘာလ၂၈ရက်နေ့မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီကိုဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


(တနင်္သာရီတိုင်းအတွင်း ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူတစ်ဦးရဲ့ ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ သယ်ဆောင်နေစဉ်။ ဓာတ်ပုံ - Min Lwin Oo)
🔥21🤬6👎5❤4👍2🙏2👏1🎉1😡1
🔥24👎5👏2🙏2🥰1🖕1
ရေဘေးကြုံနေတဲ့ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်ကို စစ်တပ်က စစ်ကြောင်းဆက်ထိုးနေ

●ပြည်သူတွေရေဘေးကြုံနေလို့ ထိတွေ့မှုမဖြစ်ရေး ခေတ္တနောက်ဆုတ်ထားဟု တနင်္သာ
ရီတိုင်းစစ်ဌာန၊နည်းဗျူဟာ(၃၃)ထုတ်ပြန်

●ဘေးသင့်ဒေသတွေကိုစစ်ကြောင်းဆက်ထိုးလာရင်မဟာမိတ်တွေနဲ့အတူပြင်းပြင်းထန်
ထန် အရေးယူသွားမယ်လို့သတိ​ပေး

အောက်တိုဘာ-၄ ၊၂၀၂၆။မိုမို၊​ရွှေပြည်စိုး/People's Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ရေ ဘေးကြုံနေချိန်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တနင်္သာရီတိုင်း
စစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က ညင်းမော်ကျေးရွာကိုအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အပြင်အဲဒီကတဆင့်ကဒက်ငယ်ကျေးရွာဘက်ကိုဆက်လက်စစ်ကြောင်းထိုး
ဝင်ရောက်မယ်လို့ ဆိုပါတယ်။

ကဒက်ငယ်ကျေးရွာဟာ ရေဘေးနဲ့ မြေပြုမှုဘေးအဆိုးရွားဆုံးကြုဲ့တွေ့နေတဲ့ ရွာဖြစ်ပြီးမြေပြိုလို့ စုစုပေါင်း ၁၅ဦး သေဆုံးထားပါတယ်။ဒေသခံတွေကကဒက်ငယ်ထိန်ရွာ တောင်ပြိုဘေးကူညီကယ်ဆယ်ရေးကော်
မတီဖွဲ့စည်းပြီး ​ရေ​ဘေး၊မြေပြိုမှု​ဘေးနဲ့​နောက်ဆက်တွဲပြသာနာတွေကို ဖြေရှင်းနေကြပါတယ်။

"ရေဘေးကြောင့် အမှန်တကယ် ထိခိုက်တာ။ဆုံးရှုံးမှုအရမ်းများတယ်။စစ်ကြောင်းဝင်မယ့်သတင်းကြောင့် ဘာဆက်လုပ်ရမလဲ မသိဖြစ်နေတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

နည်းဗျူဟာ(၃၃) ကွပ်ကဲမှုအောက်က တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပြည်သူ‌တွေ ရေဘေးဒုက္ခကျရောက်နေချိန်ဖြစ်တာကြောင့် ထိတွေ့မှုမဖြစ်စေဖို့ ခေတ္တနောက်
ဆုတ်ထားတယ်လို့ အသိပေးပါတယ်။

ဒါ​ပေမယ့် ပြည်သူတွေ အခက်အခဲကျရောက်နေချိန်မှာ စစ်တပ်ဘက်က ပြည်သူ‌တွေရဲ့ အခက်အခဲကို လျစ်လျူရှုပြီး ဆက်လက် စစ်ကြောင်းထိုးဝင်ရောက်မယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကလိုအပ်သလိုပြင်းထန်စွာအရေး
ယူမယ်လို့ နည်းဗျူဟာ(၃၃)၊ တနင်္သာရီတိုင်းစစ်ဌာနက သတိပေးပါတယ်။

"မနေ့က ညနေ ၅ နာရီလောက်မှာလောင်းလုံးမြို့ကို မြေတင်ကားသုံးစီးနဲ့အရေးပေါ်ကားတစ်စီး စကစအပြည့်တင်ဆောင်လာပြီး လောင်းလုံး အုန်းသီးဆိုင်းပုတ်မှာလာချခဲ့ပါတယ်။အင်အား၉၀ ကျော်မြေတင်ကားနဲ့ ညင်းမော်ရွာမှာ ခဏနားပြီးတော့ လောင်းလုံးအောက်ဖက်ကိုယ်ဆင်းသွားပါတယ်။ရေ
ဘေးကယ်ဆယ်ရေးကြောင်းပြပြီးနေရာ အသီးသီးကိုအင်အားဖြန့်နေတာလို့"ထား၀ယ်ခရိုင် အမှတ်(၈၀၀၃) တပ်ရင်းတာ၀န်ရှိသူက စစ်တပ်စစ်ကြောင်းထိုးလာတဲ့အပေါ် ရှင်းပြပါတယ်။

လက်ရှိရေဘေးမှာ တော်လှန်ရေးတပ်တွေက လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ စစ်ရေးရပ်ဆိုင်းထားတဲ့ချိန်မှာ အာဏာသိမ်းစစ်တပ်က အခွင့်ရေးယူချင်တာလို့လည်း သူက အသိပေးပါတယ်။

"ရေဘေးမဖြစ်ခင်ကဆိုရင် စစ်တပ်တွေဟာ လောင်းလုံးအောက်ဖက်ကိုယ်ကားနဲ့ဆင်းတယ်ဆိုတာမရှိပါဘူး"လို့ လောင်းလုံးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာ ၂၆ရက်ကစတင်ကာ ရေ
ဘေးကြုံတွေ့ခဲ့တာပါ။လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပြီး ဒေသခံတွေအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။

တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထား
ဝယ်ဒေသတစ်ခုလုံးမှာ သေဆုံးသူ အနည်း
ဆုံး ၃၂ ဦးရှိကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်း
ကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုး
သားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။

အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ လက်ရှိ ရေဘေးနဲ့ မြေပြိုမှုဘေးကြုံတဲ့ဒေသတွေဟာစစ်တပ်က မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကိုတော်
လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ကူညီကယ်ဆယ်ရေးမှာလည်း စစ်
တပ်က ဆောင်ရွက်ခြင်းမရှိဘဲ ဘေးသင့်ဒေသတွေကိုစစ်ကြောင်းတွေဝင်ရောက်လာတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရေဘေးသင့်‌ ဒေသတွေမှာစစ်ကောင်စီက စစ်ကြောင်းထိုးပြီးအရပ်သားတွေကိုဖမ်းဆီးနေသလိုလေကြောင်းတိုက်
ခိုက်မှုတွေလည်းရှိနေပါတယ်။

ဒါ့အပြင်စက်တင်ဘာလ ၃၀ရက်နေ့ကထား
ဝယ်အရှေ့တောဒေသ ရေဝိုင်းရွာ နဲ့အောက်
တိုဘာလ၁ရက်နေ့မှာသရက်ချောင်းမြို့နယ်ထဲကို လေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။
စစ်တပ်က ရေဘေးသင့်ဒေသတွေကို ဗုံးကြဲပြီး ကယ်ဆယ်ရေးနဲ့ပတ်သက်လို့ လုံခြုံရေးအခြေ အနေအရစိတ်မချရတဲ့အတွက် ကျေး
ရွာတွေ ကိုသွားရောက်နိုင်ခြင်းမရှိဘူးလို့ ဝါဒဖြန့်ထားပါတယ်။

ထားဝယ်ခရိုင်ထဲကရေဖြူမြို့နယ်နဲ့လောင်းလုံးမြို့နယ်ထဲမှာလည်းမြေပြင်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေတိမ်း
ရှောင်နေကြရတယ်လို့ သိရပါတယ်။ရေဘေးနဲ့ မြေပ်ြိုမှု ဘေးကြုံတွေ့နေတဲ့ ဒေသတွေကို စစ်‌တပ်က ပြည်သူအသွင်ယူပြီး စိမ့်ဝင်နေတဲ့အတွက်လည်း ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ အလံဖြူထောင်သွားလာခြင်းမပြုကြဖို့ တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ
(၃၃)က ထုတ်ပြန်ထားပါတယ်။
❤23🖕8👍2👎2👏2🤬1