ရွှေမျောတွဲသယ်လာတဲ့ စက်လှေ အရှိန်မထိန်းနိုင်ဘဲ တံတားဝင်တိုက်
အောက်တိုဘာ-၃၊၂၀၂၆။ရွှေပြည်စိုး/People's Spring
ကောလင်းမြို့နယ်အနောက်ခြမ်း၊မူးချောင်းအတွင်းရွှေမျောကိုတွဲသယ်ဆောင်လာတဲ့ စက်လှေဟာအရှိန်မထိန်နိုင်ဘဲတံတားကို ဝင်တိုက်မိတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။
ကောလင်းနဲ့ကန့်ဘလူအစပ်ယင်းတိုက်ရွာအနီးမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကဖြစ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုအချို့ရှိခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။
သဖန်းဆိပ်ဆည်ကရေလွှတ်စဉ် မူးချောင်းအတွင်းရေများလာပြီးချောင်းရေပြင်းပြင်းထန်ထန်စီးဆင်းတာကနေ အချိန်မထိန်းနိုင်တော့တာလို့ဒေသခံအချို့ကပြောပါတယ်။
လက်ရှိမှာကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအတွင်းမိုးကြီးပြီး ဒေသအချို့မှာပုံမှန်ထက်ရေများနေပါတယ်။ မူးချောင်းရေလည်းပုံမှန်ထက်များနေတဲ့အတွက် ရေးဘေးသတိပြုကြဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကသတိပေးထားပါတယ်။
သြဂုတ်လဆန်းမှာ သဖန်းဆိပ်ဆည် ကဒေသခံတွေကို ကြိုတင်သတိမပေးဘဲ ရေလွှတ်တာကြောင့် ဆည်အောက်ပိုင်းနဲ့ မူးမြစ်တလျှောက်ရေကြီးခဲ့သလို အခုရက်ပိုင်းမှာလည်းသဖန်းဆိပ်ဆည်ရေထပ်မံလွှတ်တယ်လို့ဒေသခံအချို့ကပြောပါတယ်။
ရုပ်သံ-ဒေသခံ

👎15😢9🔥2❤1👍1👏1🤬1🤣1
Media is too big
VIEW IN TELEGRAM
ရွှေမျောတွဲသယ်လာတဲ့ စက်လှေ အရှိန်မထိန်းနိုင်ဘဲ တံတားဝင်တိုက်
😢28👎2🔥2👏1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(အောက်တိုဘာ ၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မင်းတပ်မှာ စစ်တပ်ဗုံးကြဲမှုကြောင့် အသက်(၉၀)ခန့်အရွယ် အဘိုးအို သေဆုံး
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဘိုးအို ၁ဦး သေဆုံးခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။ အောက်တိုဘာ ၃ရက် နေ့လယ်ပိုင်းမှာ စစ်တပ် တိုက်လေယာဉ်တွေက မင်းတပ်မြို့ နေရာ ၂ ခုကို လေကြောင်းဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ မင်းတပ်ဒေသခံက ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့တဲ့အပြင် အသက်(၉၀)ခန့်အရွယ် အဘိုးအို ၁ဦး သေဆုံးတယ်လို့ သိရကြောင်း အသိပေးပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ အောက်တိုဘာ ၂ရက်ကလည်း မင်းတပ်မြို့အနီးကို လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
◾️လေယာဉ်ဝဲလို့ မော့ကြည်ရင်း ရခိုင်စစ်ရှောင်တစ်ဦး ရေထဲပြုတ်ကျသေဆုံး
ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးဟာ စက်လှေနဲ့ ငါးဖမ်းထွက်နေရင်း လေယာဉ်ဝဲလာလို့ မော့ကြည့်ရာကနေ ရေထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ကာ အလောင်းရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းမှာ ရွာအနီးကုလားမြစ်ထဲမှာ တခြားစစ်ရှောင်တွေနဲ့အတူ ငါးရှာနေရင်း ဂျက်ဖိုက်တာတစီး ဝဲလာတာကြောင့် စိုးရိမ်ပြီး မော့ကြည့်ရာကနေ ရေထဲပြုတ်ကျသွားခဲ့လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရေထဲပြုတ်ကျသေဆုံးခဲ့သူဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းရွာကနေ စစ်ဘေးရှောင်ဖို့ ရောက်နေတဲ့ ကိုဇော်မင်းဦး ဖြစ်ပြီး လက်ရှိမှာ ဒေသခံတွေ အလောင်းဝိုင်းရှာနေကြတယ်လို့ သိရပါတယ်။ စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာအနီးမှာရှိတဲ့ အောင်ဖြူပြင်ရွာနဲ့ ကျောက်ဆိပ်ရွာဝန်းကျင်ကို အခုရက်ပိုင်းမှာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့ပြီးနောက် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတာဖြစ်ပါတယ်။
◾️စစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်
ရခိုင်ပြည်နယ်အတွင်း စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့နယ် ၃ ခုထဲက စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်က စစ်စခန်းတွေကို အာရက္ခတပ်တော်(AA)က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေပြီး မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ စစ်တပ်ရဲ့ကျောက်တော်မြို့ဗုံးကြဲမှုအပြီးမှာ AA က ထိုးစစ်အရှိန်ကို မြှင့်လာခဲ့တာပါ။ စစ်တွေရော၊ ကျောက်ဖြူရော တိုက်ပွဲပြင်းထန်နေပြီး စစ်တွေမှာ တောကန်၊ သိန်းတန်၊ နာရီကန်ဘက်မှာ တပြိုင်တည်းထိုးစစ်ဆင်နေတယ်လို့ သိရကြောင်း AAနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ကျောက်ဖြူမှာလည်း စစ်မျက်နှာ နှစ်ခုလောက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
◾️ပန်ဝါဒေသက တရုတ်လုပ်ငန်းရှင်ပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲ
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ ပန်ဝါဒေသက တရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။ အောက်တိုဘာ ၂ရက် မနေ့ နေ့လယ်ပိုင်းက ပန်ဝါဒေသ လဂွေရွာ စာသင်ကျောင်းအနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် သေဆုံး ၇ဦး၊ ဒဏ်ရာရ ၁၁ ဦး ရှိတယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အနီးအနားက စာသင်ကျောင်း အကုန်ပျက်စီးကုန်တယ်လို့ သူက ဆက်ပြောပါတယ်။ အခြားကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း တရုတ်လုပ်ငန်းရှင်တွေရဲ့ အရပ်ဖက်သုံး အမိုးနီးယားနိုက်ထရိတ် မတော်တဆ ပေါက်ကွဲမှုဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ ပေါက်ကွဲမှုဟာ ပြင်းထန်ခဲ့တာကြောင့် စာသင်ကျောင်းအဆောက်အအုံ၊ ကျောင်းဝန်ထမ်းတွေရဲ့ နေအိမ် အဆောက်အအုံတွေ အပါအဝင် နေအိမ်များစွာ ပျက်စီးခဲ့ကြောင်း ကချင်နဲ့ ရှမ်းမြောက်က သတင်းတွေကိုဖော်ပြပေးနေတဲ့ 7Stars Newsက ဖော်ပြထားပါတယ်။
◾️ချောင်းဦးနယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု စစ်ရှောင် ၂ဦး သေဆုံး

🖕14❤5🔥3👍1🤣1
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ မုံရွာခရိုင်တပ်ရင်း(၁၅)ရဲ့တပ်ရင်းမှူးဟောင်း၊ လက်ရှိ ချောင်းဦးမြို့နယ်(6+1)တပ်ပေါင်းစုရဲ့တပ်ရေးဗိုလ် ပျံလွှား(ခေါ်)ဝေဇင်အောင်(ခေါ်)ဝေကြီးဟာ စစ်တပ်ဆီ အညံ့ခံသွားပြီးနောက် မုံရွာခရိုင်အတွင်းက နေရာတချို့ကို အောက်တိုဘာ ၂ရက် မနေ့ညနေပိုင်းကတည်းက လေကြောင်းကနေ ဗုံးကြဲခဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ဘေးရှောင်စခန်း အကုန်လုံးနီးပါးပျက်စီးသွားပြီး ဗုံးကြဲခံရတဲ့ နေရာမှာ အမျိုးသား ၂ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရတယ်လို့ မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း တာ၀န်ရှိသူတစ်ဦးက ချောင်းဦးမြို့နယ်ထဲက လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေကို ရှင်းပြပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၃ရက် ဒီနေ့ မနက်ပိုင်းကတည်းက ဂျက်ဖိုက်တာ နဲ့ ရဟတ်ယာဉ်တွေ ၄စီးထက်မနည်းသုံးကာ စစ်တပ်က လေကြောင်းခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ချောင်းဦးမြို့နယ် စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
◾️ရသေ့တောင်ကို စစ်တပ်ဗုံးကြဲပြန်
စစ်တပ်က ဒီနေ့ မနက်အစောပိုင်းမှာ ရသေ့တောင်မြို့ပေါ်နဲ့ မြို့အနီးတဝိုက်ကျေးရွာတွေကို Y12လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောင်းသူတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကနဦး သိရပါတယ်။ အောက်တိုဘာ ၃ ရက် ဒီနေ့ မနက် ၁နာရီကျော်မှာ ရသေ့တောင်မြို့ပေါ် စိုက်ပျိုးရေးရုံးဝန်းကျင်၊ အရှေ့ တောင်ရပ်ကွက်၊ တောင်ရင်းတန်းရပ်ကွက်၊ ကမ်းနားလမ်းတလျှောက်နေရာတွေနဲ့ မြို့အနီးရှိ ပြားချောင်းကြီး၊ ပြင်ခေါင်ရွာတို့ကို စစ်တပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံရေ ဆယ်ချီကြဲချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးကြဲမှုကြောင့် တောင်ရင်းတန်းရပ်ကွက်မှာ ကျောင်းလာတက်နေတဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသူ မမိုးမိုးနွယ်နဲ့ ပြားချောင်းကြီးရွာမှ အသက် ၇၀ အရွယ် ဦးအောင်ကျော်သာတို့ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မနက် ၁ နာ ရီခွဲလောက်မှာတော့ စစ်တွေမြို့နယ်နဲ့အစပ် ရသေ့တောင်မြို့နယ် အငူမော်ရွာကို ထပ်မံ ဗုံးကြဲခဲ့ပြီး အဲဒီရွာက ဒေသ ခံ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ဟာ ဒီနေ့ မနက်အစောပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာကို ဗုံးကြဲခဲ့တာကြောင့် အဲဒီရွာက အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
◾️မိုးမိတ်မြို့တိုက်ပွဲ ၆ရက်မြောက်ဖြစ်လာပြီး ပိုပြင်းထန်လာ
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ဒီနေ့ အောက်တိုဘာ ၃ရက် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို သတိပြုဖို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့ မနက် အစောပိုင်းမှာ ပစ်ခတ်သံတွေကြားနေတာကနေ မွန်းလွဲ ၂နာရီခန့်ကစပြီး လက်နက်ကြီးနဲ့ အတွဲလိုက် ဒုန်းပစ်ခတ်သံတွေ ကြားနေရတယ်လို့ မိုးမိတ်မြို့ခံတစ်ဦးက ညနေ ၄နာရီခန့်မှာ ပြောပါတယ်။ တိုက်ပွဲက မိုးမိတ်မြို့အနီး၊ မြစ်ဆုံသွားတဲ့လမ်းက အုန်းကြောရွာသစ်မှာဖြစ်နေတာလို့ သိရပါတယ်။ မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာက ညောင်နီရွာအနီးမှာ စက်တင်ဘာ ၂၈ရက်မနက်ပိုင်းကစပြီး စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ ၆ရက်မြောက်ဖြစ်တဲ့ ဒီနေ့အထိ စစ်ရေးတင်းမာနေတာပါ။
◾️နေကောင်းကျန်းမာတယ်လို့ ရဲဘော်အောင်စံရှား အသိပေး
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကြုံခဲ့ရတဲ့ အထူးတိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက နေကောင်း ကျန်းမာအေးဆေးကြောင်း ဒီနေ့ အောက်တိုဘာ ၃ရက်မှာ အသိပေးပါတယ်။ စစ်တပ်က အထူးတိုင်းစစ်ဌာနရဲ့ တပ်စခန်းတနေရာကို စက်တင်ဘာ ၂၄ရက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM တပ်ကြပ်ကြီးနေဝင်းအောင်နဲ့ ရဲဘော် ၄ဦး စုစုပေါင်း ၅ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမဲ့ တိုင်းစစ်ဌာနက တရားဝင် ထုတ်ပြန်တာ မရှိပါဘူး။ လေကြောင်းဗုံးကြဲခံရပြီး ၉ရက်မြောက်နေ့ ဖြစ်တဲ့ အောက်တိုဘာ ၃ရက်မှာတော့ ရဲဘော်အောင်စံရှားက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ယူနီဖောင်းနဲ့ ရိုက်ကူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံကို ဖော်ပြကာ ကျန်းမာနေကောင်းကြောင်း အသိပေးလာတာ ဖြစ်ပါတယ်။ PDF တပ်မှူးတစ်ဦးကတော့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ရဲဘော်အောင်စံရှား ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း စက်တင်ဘာ ၂၄ရက်ကတည်းက ပြောထားပါတယ်။
◾️ဖဲရှုံးပြီးဖုန်းခိုးမှု အရေးယူခံရမှာကြောက်ပြီး စစ်တပ်နဲ့ ပူးသွားတဲ့ PDFသတင်းပေးမှုကြောင့် ဘုတလင်မြို့နယ် ဗုံးကြဲခံရ

🖕15❤3🔥2👍1🤬1🤣1
ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာ ကြောက်တာကြောင့် စစ်တပ်ဆီ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို လေယာဥ် ၂ စီးနဲ့ဗုံးကြဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။ PDF ရဲဘော် အောင်ကိုမင်းဟာ ဖဲရှုံးလို့ အကြွေးတင်ပြီး ဖုန်း၅လုံးကို ခိုးယူခဲ့တာလို့ သိရပါတယ်။ ခိုးမှု ပေါ်ပေါက်ခဲ့ပြီးနောက် အရေးယူခံရမှာ စိုးရိမ်ပြီး စက်တင်ဘာနောက်ဆုံးပတ်အတွင်းမှာ မုံရွာမြို့ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကိုသွားပြီး စစ်တပ်နဲ့ပူးပေါင်းခဲ့တာလို့ သိရပါတယ်။ အဲဒီရဲဘော်နေထိုင်ခဲ့ရာအနီး ဘုတလင်မြို့နယ်၊ ကံသာနဲ့ကုန်းသာကျေးရွာကြားမှာ စစ်တပ်က လေယာဉ် ၂ စီးနဲ့ ဆက်တိုက်ဗုံးကြဲခဲ့ပါတယ်။ စစ်တပ်ဗုံးကြဲမှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် စစ်တပ်က အောက်တိုဘာ ၃ ရက်မှာ ကန့်ဘလူမြို့နယ်ကို လေယာဥ် ၅ စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
◾️ကျိုက်ထိုမှာ စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ ကလေးငယ် ၁ဦး သေဆုံး
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်လို့ ကလေးငယ် ၁ဦး သေဆုံးကာ အရပ်သားအချို့ ဒဏ်ရာရခဲ့ပါတယ်။ အောက်တိုဘာ ၂ရက် နေ့လယ်ပိုင်းမှာ စစ်တပ်ရဲ့ တပ်မ (၄၄) က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကျိုက်ထိုမြို့နယ် ဇီးကုန်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၃နှစ် အရွယ် ကလေးငယ် သေဆုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ကျိုက်ထိုမြို့နယ် မဲရုံကြီးရွာ သုဿန်အနီး ပေါက်ကွဲခဲ့လို့ အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာလဆန်းနဲ့ စက်တင်ဘာလအတွင်းမှာ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
◾️ကျုံဒိုးမြို့နယ်ထဲက ရွာတွေဆီ စစ်တပ်လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးကြီးတစ်ဦး သေဆုံး
ကရင်ပြည်နယ်၊ ကျုံဒိုးမြိုနယ်ထဲက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပြီးခဲ့တဲ့လပိုင်းက ပစ်ခတ်တာကြောင့် ဒေသခံသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးပြီး လူငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က အောက်တိုဘာ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၁၂) အမြောက်တပ်ရင်းနဲ့ တပ်သစ်အမြောက်ကုန်းတို့ကနေ KNU ထိန်းချုပ်နယ်မြေ ကျုံးဒိုးမြို့နယ်ထဲက ရွာတွေဘက်ဆီ လက်နက်ကြီးနဲ့ စက်တင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်အထိ နေ့စဉ်ပစ်ခတ်တာလို့ KNU က ဆိုပါတယ်။ အဲဒီလိုပစ်ခတ်မှုကြောင့် အသက် ၇၃ နှစ်အရွယ် သက်ကြီးပိုင်းအမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့သလို အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ KNUက ဖော်ပြပါတယ်။
◾️ကျောက်တော်မြို့ဗုံးကြဲမှု သမ္မတအရေခြုံမင်းအောင်လှိုင်ရဲ့ လူသတ်ကောင်စရိုက် မပျောက်သေးကြောင်းသက်သေဟု ပြည်သူ့ပန်းတိုင်ပြော
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတအရေခြုံထားပေမယ့် လူသတ်ကောင်စရိုက် မပျောက်သေးကြောင်း ကျောက်တော်မြို့ အိန္ဒိယဈေးကို ဗုံးကြဲပြီး သက်သေပြလိုက်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောပါတယ်။ ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေတဲ့ စစ်တပ်ရဲ့ ပြေးဟပရောဂျက် ယခုတပတ် အစီအစဉ်ထုတ်ပြန်ချက်မှာ အခုလို ထည့်သွင်းဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂၈ရက်မှာ ကျောက်တော်မြို့ စျေးနဲ့ တံတားအနီးနေရာတွေကို လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးကာ ၆၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျောက်တော်မြို့ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)ကလည်း လက်တုံ့ပြန်မယ်လို့ ထုတ်ပြန်ထားပါတယ်။

👍25🤣2❤1💩1🖕1
■ကဗျာ
"ဗျိုင်းဖြူတွေ"
◾ မောင်တင်သစ်
လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီ
တမိုးလုံးပျောက်နေတဲ့ ကောင်တွေ
ရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့
မြစိမ်းကမ္ဗလာပေါ်
နေရောင်အောက်မှာ ကခုန်ဖို့
သူတို့ ပြန်လာကြပြီ။ ။
၂၀၂၆
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'မောင်တင်သစ်' ရေးဖွဲ့တဲ့ "ဗျိုင်းဖြူတွေ"
ကဗျာကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍34❤2🤮1🤣1🖕1
ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ကျော်လာပါပြီ။သုံးပါတ်ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ခြေကုတ်စခန်းတွေကိုသာ AA ကပြန်သိမ်းနေပါတယ် ။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် စစ်မျက်နှာမှာဆိုရင်စစ်တပ်ထိုးစစ်စတဲ့ စက်တင်ဘာလ ၄ ရက်ကနေ စက်တင်ဘာ ၂၆ ရက်နေ့ထိ သုံးပါတ်အတွင်းစစ်တပ်ရဲ့ကာ ကင်းစခန်းနဲ့ ခြေကုတ်နေရာ ၉ ခုထက်မနည်း AA လက်ထဲ ထပ်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်က စစ်တွေတိုက်ပွဲအတွင်း စက်တင်ဘာ ၂၄ ရက်နေ့မှာ တပ်စခန်းတခုနဲ့ စက်တင်ဘာ ၂၃ ရက်မှာ တပ်စခန်းတခုတို့ကိုပါထပ်မံသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်ဖြူစစ်မျက်နှာမှာလည်း စခန်းငယ်တခု၊ ရခိုင်ပြည်ဝင်ပေါက် ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း ပန်းတောင်း မြို့နယ်အတွင်းက စစ်မျက်နှာမှာ ရှေ့တန်းထောက်ပို့ကာကင်းစခန်းတခုနဲ့ မကွေးတိုင်း မင်းတုန်းစစ်မျက်နှာက စခန်းကြီးတခုတို့ကိုလည်း AA ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဒါ့ကြောင့် စစ်တပ်ရဲ့တန်ပြန်ထိုးစစ်သုံးပတ်ကျော်အတွင်းတပ်စခန်းနဲ့ ခြေကုတ်နေရာ ၁၂ ခုထက်မနည်းကို လက်လွှတ်ခဲ့ရတာကြောင့် တပါတ်မှာ စစ်စခန်း ၄ ခုနှုန်း AA လက်ထဲ ရောက်နေတာဖြစ်ပါတယ်။
စစ်တပ်က စစ်ဆင်ရေးအမည်မကြေညာပေမယ့် စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်တွေ ၊ဖေစ်ဘွခ်ပေချ်တွေ၊အကောင့်တွေ ၊တစ်တော့တွေစတဲ့ လူမှုကွန်ယက်တွေမှာတော့ ၄၉၂၆ လို့အမည်တပ်ထားပါတယ်။စစ်ဆင်ရေးက နေ့တိုင်းအောင်ပွဲတွေရနေတယ်လို့ပဲစစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်တွေကရေးနေကြပါတယ် ။စက်တင်ဘာ ၂၄ ရက် ညဦးပိုင်းမှာဆိုရင် စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကိုတောင် ပြန်ထိန်းချုပ်လိုက်ပြီလို့ မျိုးမင်းဦး အမည်နဲ့ စစ်တပ်ဝါဒဖြန့်သတင်းတွေပုံမှန်ရေးသားနေတဲ့ ဖေစ်ဘွခ့်အကောင့်ကနေ သတင်းအမှားဖြန့်ခဲ့ပါတယ် ။
“အသံသာရှိပြီးတော့ အဆံမရှိတဲ့ သင်္ကြန်အမြှောက်နဲ့တူပါတယ်။ အွန်လိုင်းမှာတော့ တော်တော်အသံအကျယ်ကြီး နဲ့ ၄၉၂၆ ရခိုင်ပြည်ကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ အသံအကျယ်ကြီးနဲ့ လော်ဘီလုပ်တာလောက် ပဲရှိတယ်။ ရခိုင်ပြည်သူတွေကိုခြောက်လှန့်တဲ့ အဆင့်လောက်ဘဲရှိတယ်။
တကယ့်မြေပြင်မှာကျတော့သူတို့ တလက်မ၊ တဖဝါးတောင်မှ အာရက္ခတပ်တော်ရဲ့ထိန်းချုပ်ထားတဲ့နယ်မြေတွေကို တိုးလို့မရောက်တာတောင်မက သူ တို့ထိန်းချုပ်ထားတဲ့အထဲက တချို့စခန်းတွေကိုတောင်မှ အာရက္ခတပ်တော်က သိမ်းပိုက်နိုင်တာတွေရှိတယ်”လို့ ရခိုင်ပြည်နယ်မှာနေထိုင်ပြီး စစ်ဘေးရှောင်တွေကိုကူညီပေးနေသလို ၊စစ်ရေးအခြေအနေကိုစောင့်ကြည့်လေ့လာနေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။
မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ စစ်တွေ၊ကျောက်ဖြူ ၊မာန်အောင်သုံးမြို့ကိုပဲထိန်းချုပ်နိုင်တော့တဲ့စစ်တပ်ဟာ AA ကိုတန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားခဲ့တာဟာ ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကပါ ။ဒါပေမယ့်စစ်တပ်တန်ပြန်ထိုးစစ်တွေအကြိမ်ကြိမ် စစ်ဦးကျိုး ပြန်ဆုတ်ခဲ့ရတာကြောင့် စက်တင်ဘာ ၄ ရက်မှာမှ တန်ပြန်ထိုးစစ် စသလိုဝါဒဖြန့်ပြီးအင်အားထောင်ချီသုံးကာ AA ကိုထပ်မံ အကဲစမ်းလာတာဖြစ်ပါတယ် ။
ဒီတစ်ကြိမ်မှာရခိုင်ပြည်နယ်မှာ စစ်တွေ ၊ ကျောက်ဖြူစစ်မျက်နှာ နဲ့ ရခိုင်ဝင်ပေါက် ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း ပန်းတောင်း၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်မြို့နယ်တို့ကနေလည်း စစ်မျက်နှာတခုစီမှာအင်အားနှစ်ထောင် ဝန်းကျင်ထိ အသုံးပြုကာ တန်ပြန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲတွေမှာအထိနာတိုင်း အာဏာသိမ်းစစ်တပ်ရဲ့ လုပ်လေ့ရှိတဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင် ပြောင်တင်းတင်းချိုးဖောက်ရာရောက်တယ်လို့ ရခိုင်ဒေသခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါ တယ်။
“မင်းအောင်လှိုင်အနေနဲ့ စစ်ကိုစစ်နဲ့တူအောင် တိုက်ဖို့လိုတယ်။တိုက်ပွဲမှာ နာနေတော့ ပြည်သူတွေကိုသတ်နေတယ်။ဒါကလူ့အခွင့်အရေးကိုရော စစ်ရာဇဝတ်မှုကိုရော ချိုးဖောက်ရာ ရောက်တယ်လို့ ပြောချင်တယ်။ အခုစစ် ဆင်ရေးက AA ကို တိုက်တာထက် ပြည်သူကို ဒုက္ခပေးတဲ့ စစ်ဆင်ရေးပဲ ဖြစ်နေပါတယ်” လို့ သူက ဆိုပါတယ်။
ရခိုင်မြို့နယ်တွေကိုပြန်သိမ်းမယ်ဆိုတဲ့ကြွေးကြော်ချက်နဲ့အတူ စခဲ့တဲ့ စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးကတော့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဧရာ၀တီ၊ ပဲခူး၊ မကွေးအစပ်နေရာတွေအားလုံးမှာ အရှုံးနဲ့ ကြုံနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေနဲ့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် သူတို့ အရှုံးနဲ့ရင်ဆိုင်နေရတယ်။ တပ်ဦးလည်းလန်သွားတယ်၊ စစ်ဦးလည်းကျိုးသွားတယ်”လို့ ကိုဝေဟင်အောင် ကစစ်တပ်ထိုးစစ်အပေါ်သုံးသပ်ပြောကြားလိုက်ပါတယ်။
https://youtu.be/RZzYQvPf3p8?si=yKjuyNT0_bDyfV2o

YouTube
စစ်ဦးကျိုးသွားတဲ့ ၄၉၂၆ စစ်ဆင်ရေး | People's Spring
စစ်ဦးကျိုးသွားတဲ့ ၄၉၂၆ စစ်ဆင်ရေး
ခိုင်မြတ်/ People's Spring
ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ကျော်လာပါပြီ။သုံးပါတ်ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ…

❤46👍24🤣3🥰2👎1🔥1👏1🖕1