People's Spring
✔
59.8K subscribers
71.9K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မိုးမိတ်ကို စစ်တပ်က အင်အားတစ်ထောင်နီးပါးဖြည့်ထားလို့ တိုက်ပွဲပိုပြင်းထန်နိုင်ဟု စစ်ရေးသတင်းရင်းမြစ်ပြော

အောက်တိုဘာ ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာလကုန်ပိုင်းမှာ မိုးမိတ်မြို့အနီးရှိ စစ်တပ်စခန်း ၁ခုကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်ကလည်း ကားတွေနဲ့ စစ်အင်အားတွေ ဖြည့်တင်းလာတာဖြစ်ပါတယ်။

" မိုးမိတ်ဘက် စစ်ကောင်စီတွေ အင်အား တထောင်နီးပါးထပ်ဖြည့်ထားတယ်။ ဒီရက်ပိုင်းအတွင်း တိုက်ပွဲ အလွန်ပြင်းထန်လာနိုင်တယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က လတ်တလော မိုးမိတ်ဒေသ စစ်ရေး အခြေအနေ မေးမြန်းချက်အပေါ် ပြောပါတယ်။

KIA စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7Stars News ကလည်း အောက်တိုဘာ ၂ရက် မှာ မိုးမိတ်ဒေသ စစ်ရေး အခြေအနေကို ဖော်ပြခဲ့ရာ KIA တပ်မဟာ(၄) တပ်ရင်(၃၄) နယ်မြေဖြစ်တဲ့ မိုးမိတ်မြို့အနီး အုန်းကြောရွာမှာ အောက်တိုဘာ ၂ရက် မနက်က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် အကျအဆုံးများခဲ့တယ်လို့ ဆိုပါတယ်။

KIA တပ်တွေ နေရာယူထားတဲ့ဘက်ကို စစ်တပ်က အင်အားစုဖွဲ့ ချဉ်းကပ်လာလို့ တိုက်ပွဲပြင်ထန်ခဲ့ရာ စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်ပြီး ထိခိုက်ကျဆုံးသူတွေကို ကယ်ထုတ်သွားတာလို့ အသိပေးထားပါတယ်။

KIA ဟာ စက်တင်ဘာ ၂၈ရက်နဲ့ ၂၉ရက်မှာ မိုးမိတ်မြို့အနီးက စစ်တပ်စခန်းတွေဖြစ်တဲ့ ရွှေမင်းတင်ကုန်းစခန်း၊ ညောင်နီကုန်းစခန်းနဲ့ ရှုမျှော်သာတပ်စခန်းနေရာတွေကို တိုက်ခိုက်သိမ်းပိုက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

KIA သတင်းရင်းမြစ်အချို့ကလည်း စစ်တပ်က မိုးမိတ်မြို့ကို စစ်အင်အားဖြည့်တင်းထားကြောင်း အသိပေးထားပါတယ်။ မိုးမိတ်က တပ်စခန်းအချို့ KIA သိမ်းပိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၁ရက်မှာ မန္တလေးကလာတဲ့စစ်ကူကား ၃၆စီး မိုးမိတ်မြို့ကို ရောက်ရှိခဲ့တယ်လို့ KIA စစ်ဘက်သတင်းရင်းမြစ်အချို့က အသိပေးထားတာပါ။

ဒါ့အပြင် KIAနဲ့ စစ်တပ် လက်အောက်ခံတပ်တွေဟာ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသ၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နဲ့ ဗန်းမော်မြို့နယ်တို့မှာလည်း စက်တင်ဘာလကုန်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အင်းတော်ကြီးဒေသနဲ့ ခေါင်လန်ဖူးဒေသ တိုက်ပွဲတွေမှာ စစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေထိခိုက်ကျဆုံးမှုများခဲ့တယ်လို့လည်း KIA ဘက်က အသိပေးထားပါတယ်။
👍39❤4👏3🔥2👎1😁1🎉1🥴1🖕1
👍36🔥2👏2🥴2❤1👎1😁1🤩1🖕1
■ရသစာတမ်းငယ်

"၁၇၀၀"

■ အိမ့်ဘုန်းစစ်သော်

လက်ထဲမှာ ၁၇၀၀ရှိတယ်။ ဒါပေမယ့် အဲ့အကြွေအတိုအစလေးတွေက အခုအချိန်မှာ ဘာမှအသုံးမ၀င်နေခဲ့ပါဘူး။ အိမ်မှာသာဆို ရေခဲမုန့် (၅) ခွက်လောက်၀ယ်စားမိမယ် ထင်တယ်။ ဒါမှမဟုတ် အာလူးကြော်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ၀က်သားဒုတ်ထိုးလေးပဲဖြစ်ဖြစ်ပေါ့။

အခုတော့ အဲ့စားချင်စိတ်တွေကို မြိုသိပ်ရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ တောက်လျှောက်ဝဲနေတဲ့ လေယာဉ်၊ ဘယ်တော့ပစ်ချမလဲမသိတဲ့စိတ်။ မသေခင်လေးတော့ အဘွားချက်ကြွေးတဲ့ ထမင်းနဲ့ဟင်းလေး စားချင်မိသား။ အကယ်၍ အဘွားနဲ့သာအတူရှိခဲ့ရင်ရော (၁၇၀၀) လေးကိုင်လို့ လမ်းထိပ်မုန့်ထွက်၀ယ်တဲ့အခါ "မတည့်တာတွေမစားနဲ့နော်" လို့ ပြောလောက်မလား။

အတူရှိတုန်းက လုံး၀မသင့်မြတ်ခဲ့ပေမယ့် ကြောင်နဲ့ကြွက်လို ရယ်စရာကောင်းတဲ့ မြေးအဘွားဆက်ဆံရေးမျိုး။ အဘွားက ကျွန်တော့်သူငယ်ချင်း၊ အမတယောက်၊ အမေတယောက်၊ အဖေတယောက်။ အဘွားက ကျွန်တော့်ရဲ့အရာရာ ဖြစ်ခဲ့ပါတယ်။

ပထမဆုံးကျောင်းတက်ရက်တွေမှာ လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး ဆရာမတွေနဲ့အသေချာ‌အပ်လေ့ရှိတယ်။ သူစားနေကျ ရွှေပုစွန်ကကိတ်မုန့်တွေထည့်ပေးပြီး မုန့်ဖိုးမပေးတဲ့အခါ ‌မုန့်ဈေးတန်းက ရေခဲထုပ်လေးကိုသိပ်စားချင်ခဲ့မှန်း ဘွားဘွားကသိပ်သိခဲ့ပါတယ်။ ချိုလိုက်၊ ငန်လိုက်နဲ့ အဘွားရဲ့ လက်ရာမမှန်တဲ့ဟင်းတွေမှာ အစပ်တော့လုံး၀မပါခဲ့ဘူးလေ။

အခုရော အဘွားမြေးလေးက နိုင်ငံတော်သစ်နဲ့လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲ၀င်နေရတာပေါ့။ ခဏခဏချော်လဲတတ်တဲ့ ခြေမခိုင်လက်မခိုင် မြေးမလေးအတွက် အဘွားက စိတ်ပူနေလောက်မှာပါလေ။ အခုလဲ အဘွားကိုသိပ်သတိရတာပဲ သမီးကအခုချိန်ထိ ခဏခဏချော်လဲနေတုန်းပါ ဘွားဘွားရဲ့။ "ဘုရားဆေး၊တရားဆေး၊သံဃာပေးတဲ့ဆေး" လို့ အဘွားတိုက်နေကျ မြန်မာဆေးလေးလဲသောက်ချင်တယ်။ ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေသိပ်များနေမှန်းသာ အဘွားသိရင် ဘယ်စိတ်ကောင်းပါ့မလဲနော်။

ဆယ်ကျော်သက်အရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောထားကွဲလွဲမှုတွေကို ဘွားဘွား နားလည်ပေးဖို့တော့ သင့်ခဲ့ပါတယ်လေ။ ဒါဆိုရင် အဘွားအကြောင်းတွေးတဲ့အခါ စိတ်ဒဏ်ရာတွေလဲမပါလောက်ဘူးပေါ့။ အခုချိန်သမီးလက်ထဲမှာ (၁၇၀၀) ရှိနေတာသိလားဘွားဘွား။ ငယ်ငယ်ကသာဆိုရင် သိပ်များလွန်းတဲ့ပိုက်ဆံတွေ ဖြစ်နေမှာ။ ဆံပင်ဖြူနှုတ်ပေးပြီးရတဲ့ ပိုက်ဆံ (၂၀၀) နဲ့ ၀ယ်စားရတဲ့ ရေခဲမုန့်လေးကို သိပ်လွမ်းတာ။ အခုတော့ ဘွားဘွားက ဖုန်းဆက်လိုက်တိုင်းမှာ တုန်တုန်ယင်ယင်အသံလေးနဲ့လေ သူ့ရဲ့ပင်စင်လစာလေးကို အကုန်အစင်လွှဲပေးရှာတာပါပဲ။ ဒါက ငယ်ငယ်ကလို သမီး၀မ်းနည်းမှာကို မကြည့်ရက်လို့ပဲလား ဘွားဘွားရေ။

တောင်အဆင်းလမ်းမှာ ကျွန်တော်အများကြီးငိုခဲ့တယ်။ ခြေထောက်ပေါ်ကိုပြုတ်ကျတဲ့ အနာက အသားနာရုံပါ။ အဘွားသာရှိခဲ့ရင်ဆိုတဲ့စိတ်ကတော့ အသည်းနာ‌တာပေါ့။ သမီးလေးက ကလေးလေးပဲရှိသေးတာပါလို့ပြောရင် သမီးကရင့်ကျက်နေပါပြီလို့ အမြဲပြောလေ့ရှိတယ်။ အမှန်တကယ်တော့ သမီးက ကလေးပဲရှိသေးတာပါပဲ။ ဘွားဘွားရင်ခွင်ထဲမှာလေ ဒီလိုမျိုးမိုးတွေရွာနေတဲ့အချိန်မှာလေ ဖက်ပြီးအိပ်ချင်တာ။ အခုတော့ တစ်ကိုယ်လုံးရေတွေစိုရွှဲနေခဲ့တာပါပဲ။ ဒီပုံစံနဲ့ဒီညတော့ အိပ်ပျော်မယ်မထင်ပါဘူး ဘွားဘွားရေ။

ရုတ်တရပ်မိုးတွေက သည်းလာသလိုပဲအဘွားရေ။ ဘောင်းဘီအိတ်ကပ်ထဲက အကြွေ (၁၇၀၀) လေးတော့ မိုးရေတွေ စိုကုန်ပါပြီကွယ်။ အကယ်၍ ဒီစစ်ပွဲကြီးပြီးလို့ အဘွားနဲ့ပြန်တွေ့တဲ့အခါ အဘွားဆီက မုန့်ဖိုးတောင်းပြီး မုန့်တွေ၀ယ်စားချင်တယ်။ ဒီတစ်ခါတော့‌ မတည့်တဲ့မုန့်တွေ၀ယ်စားမိလို့ ဘွားဘွားမဆူတော့ရင်ကောင်းပါရဲ့။

မိုးကနည်းနည်းတော့စဲလာပြီ။ မိုးရွာပြီးကာစ တောင်ထိပ်ပေါ်မှာ ရောင်စုံသက်တန့်လေးကိုခပ်ရေးရေးတွေ့လိုက်ရတယ်။ ကျွန်တော့်ဘ၀ကြီးမှာ အရောင်အသွေးမစုံခဲ့တာ ကြာရောပေါ့လေ။ နောက်ခံကောင်းကင်ကြီးကတော့ ခဲရောင်မှိုင်းမှိုင်းလေးဖြစ်နေတုန်းပါပဲ။ ကြည့်ရတာ ကျွန်တော်က နောက်ကကောင်းကင်ကြီး ဖြစ်ပုံပေါ်တာပါပဲ။

သမီးသိပ်သဘောကျတဲ့ အနုပညာနဲ့တော်လှန်ရေးမှာပါ၀င်ခွင့်နေကြောင်း အဘွားကိုပြောပြတိုင်း သိပ်နောင်တရနေသလို အသံလေးကိုကြားရတယ်။ အဘွားသာ အစောထဲကလက်ခံပေးခဲ့ရင်အကောင်းသား။

အိမ်မက်တွေက ဈေးကြီးတယ် ဘွားဘွားရဲ့။ ဒီနေ့က ကျွန်တော့်နေ့ရက်တွေထဲက အဘွားကိုလွမ်းမိတဲ့နေ့တစ်နေ့ဖြစ်ရုံလေးပါပဲ။ ၅၀၀တန်ခပ်နွမ်နွမ်း၃ရွက်၊ နှစ်ရာတန်အသစ်ကလေး ၁ရွက်က စခဲ့တဲ့ စကားလုံးတွေဖြစ်ခဲ့ရုံလေးပါပဲ။

ပြီးတော့လဲ ဒီတိုင်းလေးပါပဲ။ ဇာတ်သိမ်းမရှိပေမယ့် နောက်ထပ်အပိုင်းအဆက်တွေက ခပ်များများရယ်နဲ့။ အဘွားမသိအောင် ဆေးလိပ်လေးတော့ ဖွာလိုက်မိပါရဲ့။ အနူးအညွတ်တောင်းပန်အပ်ပါတယ်။ ။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'အိမ့်ဘုန်းစစ်သော်' ရဲ့ "၁၇၀၀" ရသစာတမ်းငယ်ကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
❤18👍10🤮2🖕2
👍15🤮3🖕2
မလှိုင်မှာ ညီအကို ၃ဦး ရေနစ်သေဆုံး

အောက်တိုဘာ ၃၊ ၂၀၂၆။ မေရီ/People's Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ညောင်ပင်တဲကျေးရွာမှာ ညီအကို ၃ ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်က မလှိုင်မြို့နယ်၊ ညောင်ပင်တဲကျေးရွာက ရေကန်တစ်ခုမှာ အမွှာညီအကို ၂ဦး ရေဆင်းချိုးစဥ် ရေနစ်လို့ အကိုကြီးဖြစ်သူက ဆင်းကယ်ခဲ့ရာ ၃ ဦးလုံး ရေနစ်သေဆုံးခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဘတ်ဖိုးကုတ်ထားတဲ့ ရေချောက်ထဲကို အမွှာညီအကိုကရေဆင်းချိုးတာ။ ရေနစ်လို့အကိုကြီးက ဆင်းဆယ်တာတဲ့။ အကိုပါနစ်သွားတာ"လို့ ဒေသခံတစ်ဥိးက ပြောပါတယ်။

အမွှာညီအကို ၂ဦးမှာ အသက် ၂၁ အရွယ် ကိုကျော်မျိုးလှိုင်(ခ) ကိုကြီးနဲ့ ကိုကျော်ဖြိုးနိုင်(ခ)ကိုလေးတို့ဖြစ်ပြီး အကိုဖြစ်သူမှာ အသက် ၃၂ အရွယ် ကိုကျော်သန်းဖြစ်ကြောင်း သိရပါတယ်။ အမွှာညီအကိုမှာလူပျိုတွေဖြစ်ပြီး အကိုဖြစ်သူကတော့ အိမ်ထောင်သည်ဖြစ်ကြောင်း သိရပါတယ်။
😢40👍5❤2🔥2😱1🤣1
(ညီအကို ၃ ဦး၏ နာရေးအား တွေ့ရစဥ်။ ဓါတ်ပုံံ-Screen Grab)
😢36👍2👎1🔥1
မိုးမိတ်မြို့တိုက်ပွဲ ၆ရက်မြောက်ဖြစ်လာပြီး ပိုပြင်းထန်လာ

▪️လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် တော်လှန်ရေးသတင်းရင်းမြစ် သတိပေး

အောက်တိုဘာ ၃၊၂၀၂၆။ရွှေပြည်စိုး/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ဒီကနေ့ (အောက်တိုဘာ ၃ရက်) တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို သတိပြုဖို့‌ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့မနက် အစောပိုင်းမှာ ပစ်ခတ်သံတွေကြားနေတာကနေ မွန်းလွဲ ၂နာရီခန့်ကစပြီး လက်နက်ကြီးနဲ့ အတွဲလိုက် ဒုန်းပစ်ခတ်သံတွေ ကြားနေရတယ်လို့ မိုးမိတ်မြို့ခံတစ်ဦးက ညနေ ၄နာရီခန့်မှာ ပြောပါတယ်။

" တိုက်ပွဲက ပိုပြီး ပြင်းထန်နေလို့ ကြောက်လာတယ်။ မရှောင်ဘူးဆိုပြီး နေတာ။ အခုက ကြောက်စရာကောင်းနေတယ်။ လေယာဉ်လည်း လာတယ်။ မနေ့ကလည် ဗုံးကြဲတယ်"လို့ ၎င်းက ပြောပါတယ်။

တိုက်ပွဲက မိုးမိတ်မြို့အနီး၊ မြစ်ဆုံသွားတဲ့လမ်းက အုန်းကြောရွာသစ်မှာဖြစ်နေတာလို့ သိရပါတယ်။

မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာက ညောင်နီရွာအနီးမှာ စက်တင်ဘာ ၂၈ရက်မနက်ပိုင်းကစပြီး
စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ ၆ရက်မြောက်ဖြစ်တဲ့ ဒီ‌နေ့အထိ စစ်ရေးတင်းမာနေတာပါ။အုန်းကြောရွာသစ်မှာတော့ အောက်တိုဘာ ၂ရက်ကစပြီး ၂ရက်ဆက် တိုက်ပွဲဖြစ်နေတာပါ။

အောက်တိုဘာ ၁ရက်မှာ‌တော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ အင်အား ၁၀၀၀ ကျော်ကို လေကြောင်းလုံခြုံရေးအကူအညီနဲ့ မန္တလေး - မတ္တရာ- သပိတ်ကျင်း-တကောင်း- ထီးချိုင့် - မိုးမိတ်လမ်းအတိုင်းပို့ဆောင်ခဲ့ပါတယ်။ ပို့‌လိုက်တဲ့ အင်အားတွေကို မြို့အနှံ့ နေရာချထားပြီး မြို့ခံတွေကိုလည်း စစ်ရှောင်ခွင့်မပေးဘဲ စစ်ဆေးရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်တပ်အထိနာတဲ့ စက်တင်ဘာ၂၈ရက်၊ ၂၉ရက်၊အောက်တိုဘာ ၁ရက်နဲ့ အောက်တိုဘာ ၂ရက်တွေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

" ဟိုအရင်တိုက်ပွဲတွေမှာ စစ်တပ်က လေကြောင်းပစ်လို့ အရပ်သားတွေ သေဆုံးတယ်။ အခုလည်း တိုက်ပွဲက ပိုကြမ်းလာတယ်။ အထူးသဖြင့်တော့ လေယာဉ်နဲ့ လက်နက်ကြီးအန္တရာယ်များနေတာအမှန်ပဲ။ စကစဖက်က ရမ်းသမ်းပစ်နေတာ" လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပြီး တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်တပ်ထံကို ၂၀၂၅ အောက်တိုဘာမှာ ပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်း ဝင်လာတဲ့ စစ်တပ်ကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။မတ်လဆန်းထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်း စစ် ကောင်စီတပ်က မြို့ထဲမှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မ တော် (SSPP/SSA)လည်း တပ်စွဲထားပါတယ်။

မိုးမိတ်မြို့အနီး၊ ညောင်နီကျေးရွာက ရွှေသမင်ကုန်း စစ်တပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
👍40❤11👏2🤣2👎1🔥1🥰1
👍32❤5👏2🤣2👎1🔥1🥰1💩1
မင်းတပ်မြို့ စစ်တပ် ဗုံးကြဲမှု အသက်(၉၀)ခန့်အရွယ် အဘိုးအို သေဆုံး

အောက်တိုဘာ ၃၊၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဘိုးအို ၁ဦး သေဆုံးခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

အောက်တိုဘာ ၃ရက် နေ့လယ်ပိုင်းမှာ စစ်တပ် တိုက်လေယာဉ်တွေက မင်းတပ်မြို့ နေရာ ၂ ခုကို လေကြောင်းဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

" တိုက်ပွဲမရှိဘူး အခုအချိန်" လို့ မင်းတပ်ဒေသခံက စစ်တပ်က အကြောင်းမဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှု အခြေအနေကို ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့တဲ့အပြင် အသက်(၉၀)ခန့်အရွယ် အဘိုးအို၁ဦး သေဆုံးတယ်လို့ သိရကြောင်း အသိပေးပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အောက်တိုဘာ ၂ရက်ကလည်း မင်းတပ်မြို့အနီးကို လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့အပါအဝင် ချင်းတောင်ပိုင်းဒေသတွေ ပြန်သိမ်းပိုက်နိုင်ဖို့ စစ်တပ်က ၂၀၂၆ မေလကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

မြေပြင်ထိုးစစ်မတိုင်ခင်ကတည်းက မင်းတပ်နဲ့ ကန်ပက်လက်ဒေသတွေကို လေကြောင်းဗုံးကြဲတိုက်ခဲ့ရာ ထိုးစစ်စတင်ချိန်မှာလည်း အပြင်းအထန် ဗုံးကြဲခဲ့ပါတယ်။

စစ်တပ်ထိုးစစ်မအောင်မြင်ဘဲ ရပ်တန့်နေတဲ့ အခြေအနေ လတ်တလောမှာ တိုက်ပွဲတွေ ခေတ္တငြိမ်နေချိန် ကန်ပက်လက်နဲ့ မင်းတပ်ဒေသတွေကို စစ်တပ်က လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။
🤬30❤4👎3👏2😢1🎉1
(မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Ĥkl Mindat)
🤬26😢9❤2👏2👎1🤩1
ကျောက်တော်မြို့ဗုံးကြဲမှု သမ္မတအရေခြုံမင်းအောင်လှိုင်ရဲ့ လူသတ်ကောင်စရိုက် မပျောက်သေးကြောင်းသက်သေဟု ပြည်သူ့ပန်းတိုင်ပြော

အောက်တိုဘာ ၃၊ ၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတအရေခြုံထားပေမယ့် လူသတ်ကောင်စရိုက် မပျောက်သေးကြောင်း ကျောက်တော်မြို့ အိန္ဒိယဈေးကို ဗုံးကြဲပြီး သက်သေပြလိုက်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောပါတယ်။

ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေတဲ့ စစ်တပ်ရဲ့ ပြေးဟပရောဂျက် ယခုတပတ် အစီအစဉ်ထုတ်ပြန်ချက်မှာ အခုလို ထည့်သွင်းဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂၈ရက်မှာ ကျောက်တော်မြို့ စျေးနဲ့ တံတားအနီးနေရာတွေကို လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅၀ ဦးထက်မနည်းသေဆုံးကာ ၆၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျောက်တော်မြို့ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)ကလည်း လက်တုံ့ပြန်မယ်လို့ ထုတ်ပြန်ထားပါတယ်။

“အိမ်ပြိုတာ ပြင်လို့ရပါတယ်။ စိတ်နာသွားရင် ပြင်လို့မရပါဘူး။ နောက်ဆုံး ထိပ်တိုက်တွေ့နေရတာက အောက်ခြေစစ်သားတွေပဲမို့ ဖြစ်သမျှဒဏ် ငဝက်တွေ ခံကြရဦးမှာပါ။စစ်တပ်ဝတ်စုံ ဝတ်ထားသမျှတော့ 'ငဝက်'လို့ သတ်မှတ် ဆက်ဆံခံနေရဦးမှာပဲမို့ အမြင်မှန်ရသင့်ကြပါပြီ။ ဖြစ်သမျှဒဏ် ငဝက်တွေ မခံကြပါနဲ့တော့” လို့ ပြည်သူ့ပန်းတိုင်က စစ်တပ်ခေါင်းဆောင်တွေရဲ့ အရပ်သား ပြည်သူတွေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှု လုပ်ရပ်တွေက စစ်တပ် လက်အောက်ငယ်သားတွေအပေါ် သက်ရောက်လာနိုင်ခြေအပေါ် ရေးသားဖော်ပြထားပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့ဘက် အလင်းဝင်ပူးပေါင်းကြဖို့ နှိုးဆော်ထားပါတယ်။

ပြည်သူ့ပန်းတိုင်က ထုတ်ပြန်တဲ့ စာရင်းတွေအရ စက်တင်ဘာ တတိယပတ်နဲ့ စတုတ္ထပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၅၅ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မှတ်တမ်းများအရ ၂၀၂၅ ဇန်နဝါရီမှ ၂၀၂၆ စက်တင်ဘာလကုန်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၄၀၃၇ ဦးထိရှိခဲ့ကြောင်းလည်း အသိပေးထားပါတယ်။
👍33❤6🖕2👎1🥰1🥴1🤣1
(ပြည်သူ ၅၀ သေဆုံးခဲ့ရတဲ့ အာဏာသိမ်းစစ်တပ်က ကျောက်တော်မြို့ စျေးနဲ့ တံတားအနီးနေရာတွေ ဗုံးကြဲမှုမြင်ကွင်း။ ဓာတ်ပုံ - AA)
🤬29👎5🥴2🖕2😢1🤣1
အောက်တိုဘာ ၃ ရက်ကုန်​ဈေးနှုန်းနဲ့ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်ရန်ကုန်မြို့ရဲ့ကုန်​ဈေးနှုန်း

#ရန်ကုန်ကုန်ဈေးနှုန်း #လူထုနွေဦး
#စစ်တပ်အာဏာမသိမ်းခင်ကုန်ဈေးနှုန်း
#peoplesspring
❤21🔥8👍5😢5🤣1
လေယာဉ်ဝဲတာကိုစိုးရိမ်တကြီးမော့ကြည်ရင်းစစ်ရှောင်တဦးရေထဲပြုတ်ကျသေဆုံး

အောက်တိုဘာ-၃၊၂၀၂၆။ခိုင်မြတ်/People's Spring

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသားတဦးဟာ စက်လှေနဲ့ ငါးဖမ်းထွက်နေရင်း လေယာဉ်ဝဲလာလို့စိုးရိမ်ပြီး မော့ကြည့်ရာကနေ ရေထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ကာ အလောင်းရှာမတွေ့သေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။

အောက်တိုဘာလ ၂ ရက်​နေ့၊နေ့လယ်ပိုင်းမှာ ရွာအနီးကုလားမြစ်ထဲမှာတခြားစစ်ရှောင်တွေနဲ့အတူ ငါးရှာနေရင်း ဂျက်ဖိုက်တာတစီး အနီး
ကပ် ဝဲလာတာကြောင့်စိုးရိမ်ပြီးမော့ကြည့်ရာကနေရေထဲပြုတ်ကျသွားခဲ့လို့ဆိုပါတယ်။

“သူ့အစ်ကိုတွေနဲ့အတူ ငါးထွက်ဖမ်းကြတာ။ ပုဏ္ဏားကျွန်းမှာက လေယာဉ်လာရင် ဗုံးကြဲပြီဆိုတော့အကုန်လုံးကစိုးရိမ်စိတ်နဲ့နေကြရတာလေ။ သူလည်း စိုးရိမ်တကြီးနဲ့ မော့ကြည့်တာထင်ပါတယ်။ အဲဒီမှာ နောက်ပြန်ပြုတ်ကျ သွားတာ။ ဝိုင်းရှာကြပေမယ့် မတွေ့တော့ဘူး” လို့ ယိုးငူရွာသားတဦးကပြောပါတယ်။ရေ
ထဲပြုတ်ကျသေဆုံးခဲ့သူဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းရွာကနေ စစ်ဘေးရှောင်ဖို့ရောက်နေတဲ့ ကိုဇော်မင်းဦး ဖြစ်ပြီး လက်ရှိမှာ ဒေ
သခံတွေ အလောင်းဝိုင်းရှာနေကြတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာအနီးမှာရှိတဲ့ အောင်ဖြူပြင်ရွာနဲ့ ကျောက်ဆိပ်ရွာဝန်းကျင်ကို အခုရက်ပိုင်း မှာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့ပြီးနောက် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတာဖြစ်ပါတယ်။

“အခုနောက်ပိုင်းလေယာဉ်လာရင်လည်းတစီးမဟုတ်၊ နှစ်စီးမဟုတ်၊ သုံး၊လေးစီးလာတာဆိုတော့အကုန်လုံးကြောက်နေကြတာ။ဆိုင်ကယ်သံကြားရင်တောင် လေယာဉ်ထင်ပြီး လန့်နေတယ်။ ဒီအယုတ်တမာကောင်တွေ ကြောင့် လူတွေအလိုလိုသေနေရတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါ တယ်။

စစ်တပ်ဟာစစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အ
စပ်က တိုက်ပွဲတွေမှာ အထိနာပြီးတပ်စခန်းတွေလက်လွှတ်နေရတာကြောင့်တိုက်ပွဲဆက်
စပ်နေရာတွေအပြင်တိုက်ပွဲနဲ့အလှမ်းဝေး
တဲ့ အရပ်သားလူနေကျေးရွာ၊ ရပ်ကွက်တွေ၊ စျေး၊စာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်းစတဲ့နေရာတွေကိုပါ လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာနေပါတယ်။

အောက်တိုဘာ ၃ ရက် မနက်အစောပိုင်းကလည်း ရသေ့တောင်မြို့ပေါ်၊ အနီးဝန်းကျင်ကျေးရွာတွေနဲ့ စစ်တွေ မြို့နယ်အစပ် အငူမော်ရွာတို့ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောင်းသူ ၂ ဦးအပါအ
ဝင် ၃ ဦး သေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်
ရာရသွားခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ အောက်တိုဘာလ ၂ ရက် မနက်အစောပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာ ကို ဗုံးကြဲခဲ့တာကြောင့် အဲဒီရွာမှ အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ရပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ဂစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၀ ​​ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်တိုဘာ ၃ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ်သားပြည်သူ ၆၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၉ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
😢39❤5👏2👎1🔥1🎉1
အောက်တိုဘာ၂ ရက်မှာ စစ်တပ်တိုက်​လေယာဥ် ၁ စီးက​ချောင်းဦးမြို့နယ်ကို ဗုံးကြဲပြီး
ပျံသန်း​သွားစဥ် ။ဓါတ်ပုံ- မိုးကြိုး
👎26👏3🤬3😢2🤩1
ရွှေမျောတွဲသယ်လာတဲ့ စက်​လှေ အရှိန်မထိန်းနိုင်ဘဲ တံတားဝင်တိုက်

​အောက်တိုဘာ-၃၊၂၀၂၆။​ရွှေပြည်စိုး/People's Spring

ကောလင်းမြို့နယ်အနောက်ခြမ်း၊မူးချောင်းအတွင်းရွှေမျောကိုတွဲသယ်ဆောင်လာတဲ့ စက်လှေဟာ​​​အရှိန်မထိန်နိုင်​ဘဲတံတားကို ဝင်တိုက်မိတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

ကောလင်းနဲ့ကန့်ဘလူအစပ်ယင်းတိုက်ရွာအနီးမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကဖြစ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုအချို့ရှိခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

သဖန်းဆိပ်ဆည်ကရေလွှတ်စဉ် မူးချောင်းအတွင်းရေများလာပြီးချောင်းရေပြင်းပြင်းထန်ထန်စီးဆင်းတာကနေ အချိန်မထိန်းနိုင်တော့တာလို့ဒေသခံအချို့ကပြောပါတယ်။

လက်ရှိမှာကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအတွင်းမိုးကြီးပြီး ဒေသအချို့မှာပုံမှန်ထက်ရေများနေပါတယ်။ မူးချောင်းရေလည်းပုံမှန်ထက်များနေတဲ့အတွက် ရေးဘေးသတိပြုကြဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကသတိပေးထားပါတယ်။

သြဂုတ်လဆန်းမှာ သဖန်းဆိပ်ဆည် က​ဒေသခံ​တွေကို ကြိုတင်သတိမ​ပေးဘဲ ​ရေလွှတ်တာ​ကြောင့် ဆည်​အောက်ပိုင်းနဲ့ မူးမြစ်တ​လျှောက်​ရေကြီးခဲ့သလို အခုရက်ပိုင်းမှာလည်းသဖန်းဆိပ်ဆည်​ရေထပ်မံလွှတ်တယ်လို့​​​ဒေသခံအချို့က​ပြောပါတယ်။

ရုပ်သံ-​ဒေသခံ
👎15😢9🔥2❤1👍1👏1🤬1🤣1
Media is too big
VIEW IN TELEGRAM
ရွှေမျောတွဲသယ်လာတဲ့ စက်​လှေ အရှိန်မထိန်းနိုင်ဘဲ တံတားဝင်တိုက်
😢27👎2🔥2👏1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(အောက်တိုဘာ ၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မင်းတပ်မှာ စစ်တပ်ဗုံးကြဲမှုကြောင့် အသက်(၉၀)ခန့်အရွယ် အဘိုးအို သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဘိုးအို ၁ဦး သေဆုံးခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။ အောက်တိုဘာ ၃ရက် နေ့လယ်ပိုင်းမှာ စစ်တပ် တိုက်လေယာဉ်တွေက မင်းတပ်မြို့ နေရာ ၂ ခုကို လေကြောင်းဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ မင်းတပ်ဒေသခံက ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့တဲ့အပြင် အသက်(၉၀)ခန့်အရွယ် အဘိုးအို ၁ဦး သေဆုံးတယ်လို့ သိရကြောင်း အသိပေးပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ အောက်တိုဘာ ၂ရက်ကလည်း မင်းတပ်မြို့အနီးကို လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

◾️လေယာဉ်ဝဲလို့ မော့ကြည်ရင်း ရခိုင်စစ်ရှောင်တစ်ဦး ရေထဲပြုတ်ကျသေဆုံး

ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးဟာ စက်လှေနဲ့ ငါးဖမ်းထွက်နေရင်း လေယာဉ်ဝဲလာလို့ မော့ကြည့်ရာကနေ ရေထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ကာ အလောင်းရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၂ ရက်​ နေ့လယ်ပိုင်းမှာ ရွာအနီးကုလားမြစ်ထဲမှာ တခြားစစ်ရှောင်တွေနဲ့အတူ ငါးရှာနေရင်း ဂျက်ဖိုက်တာတစီး ဝဲလာတာကြောင့် စိုးရိမ်ပြီး မော့ကြည့်ရာကနေ ရေထဲပြုတ်ကျသွားခဲ့လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရေထဲပြုတ်ကျသေဆုံးခဲ့သူဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းရွာကနေ စစ်ဘေးရှောင်ဖို့ ရောက်နေတဲ့ ကိုဇော်မင်းဦး ဖြစ်ပြီး လက်ရှိမှာ ဒေသခံတွေ အလောင်းဝိုင်းရှာနေကြတယ်လို့ သိရပါတယ်။ စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာအနီးမှာရှိတဲ့ အောင်ဖြူပြင်ရွာနဲ့ ကျောက်ဆိပ်ရွာဝန်းကျင်ကို အခုရက်ပိုင်းမှာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့ပြီးနောက် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတာဖြစ်ပါတယ်။

◾️စစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ်အတွင်း စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့နယ် ၃ ခုထဲက စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်က စစ်စခန်း​တွေကို အာရက္ခတပ်တော်(AA)က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေပြီး မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ စစ်တပ်ရဲ့ကျောက်တော်မြို့ဗုံးကြဲမှုအပြီးမှာ AA က ထိုးစစ်အရှိန်ကို မြှင့်လာခဲ့တာပါ။ စစ်တွေရော၊ ကျောက်ဖြူရော တိုက်ပွဲပြင်းထန်နေပြီး စစ်တွေမှာ တောကန်၊ သိန်းတန်၊ နာရီကန်ဘက်မှာ တပြိုင်တည်းထိုးစစ်ဆင်နေတယ်လို့ သိရကြောင်း AAနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ကျောက်ဖြူမှာလည်း စစ်မျက်နှာ နှစ်ခုလောက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

◾️ပန်ဝါဒေသက တရုတ်လုပ်ငန်းရှင်ပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ ပန်ဝါဒေသက တရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။ အောက်တိုဘာ ၂ရက် မနေ့ နေ့လယ်ပိုင်းက ပန်ဝါဒေသ လဂွေရွာ စာသင်ကျောင်းအနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် သေဆုံး ၇ဦး၊ ဒဏ်ရာရ ၁၁ ဦး ရှိတယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အနီးအနားက စာသင်ကျောင်း အကုန်ပျက်စီးကုန်တယ်လို့ သူက ဆက်ပြောပါတယ်။ အခြားကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း တရုတ်လုပ်ငန်းရှင်တွေရဲ့ အရပ်ဖက်သုံး အမိုးနီးယားနိုက်ထရိတ် မတော်တဆ ပေါက်ကွဲမှုဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ ပေါက်ကွဲမှုဟာ ပြင်းထန်ခဲ့တာကြောင့် စာသင်ကျောင်းအဆောက်အအုံ၊ ကျောင်းဝန်ထမ်းတွေရဲ့ နေအိမ် အဆောက်အအုံတွေ အပါအဝင် နေအိမ်များစွာ ပျက်စီးခဲ့ကြောင်း ကချင်နဲ့ ရှမ်း​မြောက်က သတင်း​တွေကို​ဖော်ပြ​ပေး​နေတဲ့ 7Stars Newsက ဖော်ပြထားပါတယ်။

◾️ချောင်းဦးနယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု စစ်ရှောင် ၂ဦး သေဆုံး
🖕14❤5🔥3👍1🤣1
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ မုံရွာခရိုင်တပ်ရင်း(၁၅)ရဲ့တပ်ရင်းမှူးဟောင်း၊ လက်ရှိ ချောင်းဦးမြို့နယ်(6+1)တပ်ပေါင်းစုရဲ့တပ်ရေးဗိုလ် ပျံလွှား(ခေါ်)ဝေဇင်အောင်(​ခေါ်)​ဝေကြီးဟာ စစ်တပ်ဆီ အညံ့ခံသွားပြီးနောက် မုံရွာခရိုင်အတွင်းက နေရာတချို့ကို အောက်တိုဘာ ၂ရက် မနေ့ညနေပိုင်းကတည်းက လေကြောင်းကနေ ဗုံးကြဲခဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ဘေးရှောင်စခန်း အကုန်လုံးနီးပါးပျက်စီးသွားပြီး ဗုံးကြဲခံရတဲ့ နေရာမှာ အမျိုးသား ၂ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရတယ်လို့ မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း တာ၀န်ရှိသူတစ်ဦးက​ ချောင်းဦးမြို့နယ်ထဲက လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေကို ရှင်းပြပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၃ရက် ဒီနေ့ မနက်ပိုင်းကတည်းက ဂျက်ဖိုက်တာ နဲ့ ရဟတ်ယာဉ်တွေ ၄စီးထက်မနည်းသုံးကာ စစ်တပ်က လေကြောင်းခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ချောင်းဦးမြို့နယ် စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

◾️ရသေ့တောင်ကို စစ်တပ်ဗုံးကြဲပြန်

စစ်တပ်က ဒီနေ့ မနက်အစောပိုင်းမှာ ရသေ့တောင်မြို့ပေါ်နဲ့ မြို့အနီးတဝိုက်ကျေးရွာတွေကို Y12လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောင်းသူတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကနဦး သိရပါတယ်။ အောက်တိုဘာ ၃ ရက် ဒီနေ့ မနက် ၁နာရီကျော်မှာ ရသေ့တောင်မြို့ပေါ် စိုက်ပျိုးရေးရုံးဝန်းကျင်၊ အရှေ့ တောင်ရပ်ကွက်၊ တောင်ရင်းတန်းရပ်ကွက်၊ ကမ်းနားလမ်းတလျှောက်နေရာတွေနဲ့ မြို့အနီးရှိ ပြားချောင်းကြီး၊ ပြင်ခေါင်ရွာတို့ကို စစ်တပ်က Y-12 ​လေယာဥ်နဲ့ ဗုံးအလုံရေ ဆယ်ချီကြဲချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးကြဲမှုကြောင့် တောင်ရင်းတန်းရပ်ကွက်မှာ ကျောင်းလာတက်နေတဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသူ မမိုးမိုးနွယ်နဲ့ ပြားချောင်းကြီးရွာမှ အသက် ၇၀ အရွယ် ဦးအောင်ကျော်သာတို့ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မနက် ၁ နာ ရီခွဲလောက်မှာတော့ စစ်တွေမြို့နယ်နဲ့အစပ် ရသေ့တောင်မြို့နယ် အငူမော်ရွာကို ထပ်မံ ဗုံးကြဲခဲ့ပြီး အဲဒီရွာက ဒေသ ခံ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ဟာ ဒီနေ့ မနက်အစောပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာကို ဗုံးကြဲခဲ့တာကြောင့် အဲဒီရွာက အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။

◾️မိုးမိတ်မြို့တိုက်ပွဲ ၆ရက်မြောက်ဖြစ်လာပြီး ပိုပြင်းထန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ဒီနေ့ အောက်တိုဘာ ၃ရက် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို သတိပြုဖို့‌ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့ မနက် အစောပိုင်းမှာ ပစ်ခတ်သံတွေကြားနေတာကနေ မွန်းလွဲ ၂နာရီခန့်ကစပြီး လက်နက်ကြီးနဲ့ အတွဲလိုက် ဒုန်းပစ်ခတ်သံတွေ ကြားနေရတယ်လို့ မိုးမိတ်မြို့ခံတစ်ဦးက ညနေ ၄နာရီခန့်မှာ ပြောပါတယ်။ တိုက်ပွဲက မိုးမိတ်မြို့အနီး၊ မြစ်ဆုံသွားတဲ့လမ်းက အုန်းကြောရွာသစ်မှာဖြစ်နေတာလို့ သိရပါတယ်။ မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာက ညောင်နီရွာအနီးမှာ စက်တင်ဘာ ၂၈ရက်မနက်ပိုင်းကစပြီး စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ ၆ရက်မြောက်ဖြစ်တဲ့ ဒီ‌နေ့အထိ စစ်ရေးတင်းမာနေတာပါ။

◾️နေကောင်းကျန်းမာတယ်လို့ ရဲဘော်အောင်စံရှား အသိပေး

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကြုံခဲ့ရတဲ့ အထူးတိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက နေကောင်း ကျန်းမာအေးဆေးကြောင်း ဒီနေ့ အောက်တိုဘာ ၃ရက်မှာ အသိပေးပါတယ်။ စစ်တပ်က အထူးတိုင်းစစ်ဌာနရဲ့ တပ်စခန်းတနေရာကို စက်တင်ဘာ ၂၄ရက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM တပ်ကြပ်ကြီးနေဝင်းအောင်နဲ့ ရဲဘော် ၄ဦး စုစုပေါင်း ၅ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။​ ဒါပေမဲ့ တိုင်းစစ်ဌာနက တရားဝင် ထုတ်ပြန်တာ မရှိပါဘူး။ လေကြောင်းဗုံးကြဲခံရပြီး ၉ရက်မြောက်နေ့ ဖြစ်တဲ့ အောက်တိုဘာ ၃ရက်မှာတော့ ရဲဘော်အောင်စံရှားက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ယူနီဖောင်းနဲ့ ရိုက်ကူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံကို ဖော်ပြကာ ကျန်းမာနေကောင်းကြောင်း အသိပေးလာတာ ဖြစ်ပါတယ်။ PDF တပ်မှူးတစ်ဦးကတော့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ရဲဘော်အောင်စံရှား ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း စက်တင်ဘာ ၂၄ရက်ကတည်းက ပြောထားပါတယ်။

◾️ဖဲရှုံးပြီးဖုန်းခိုးမှု အရေးယူခံရမှာကြောက်ပြီး စစ်တပ်နဲ့ ပူးသွားတဲ့ PDFသတင်းပေးမှုကြောင့် ဘုတလင်မြို့နယ် ဗုံးကြဲခံရ
🖕15❤3🔥2👍1🤬1🤣1
ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာ ကြောက်တာကြောင့် စစ်တပ်ဆီ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေယာဥ် ၂ စီးနဲ့ဗုံးကြဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။ PDF ရဲဘော် အောင်ကိုမင်းဟာ ဖဲရှုံးလို့ အကြွေးတင်ပြီး ဖုန်း၅လုံးကို ခိုးယူခဲ့တာလို့ သိရပါတယ်။ ခိုးမှု ပေါ်ပေါက်ခဲ့ပြီးနောက် အရေးယူခံရမှာ စိုးရိမ်ပြီး စက်တင်ဘာနောက်ဆုံးပတ်အတွင်းမှာ မုံရွာမြို့ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကိုသွားပြီး စစ်တပ်နဲ့ပူး​ပေါင်းခဲ့တာလို့ သိရပါတယ်။ အဲဒီရဲဘော်နေထိုင်ခဲ့ရာအနီး ဘုတလင်မြို့နယ်၊ ကံသာနဲ့ကုန်းသာကျေးရွာကြားမှာ စစ်တပ်က လေယာဉ် ၂ စီးနဲ့ ဆက်တိုက်ဗုံးကြဲခဲ့ပါတယ်။ စစ်တပ်ဗုံးကြဲမှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် စစ်တပ်က ​အောက်တိုဘာ ၃ ရက်​မှာ ကန့်ဘလူမြို့နယ်ကို ​လေယာဥ် ၅ စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ​ဒေသခံအချို့က​ ပြောပါတယ်။

◾️ကျိုက်ထိုမှာ စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ ကလေးငယ် ၁ဦး သေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်လို့ ကလေးငယ် ၁ဦး သေဆုံးကာ အရပ်သားအချို့ ဒဏ်ရာရခဲ့ပါတယ်။ အောက်တိုဘာ ၂ရက် နေ့လယ်ပိုင်းမှာ စစ်တပ်ရဲ့ တပ်မ (၄၄) က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကျိုက်ထိုမြို့နယ် ဇီးကုန်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၃နှစ် အရွယ် ကလေးငယ် သေဆုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ကျိုက်ထိုမြို့နယ် မဲရုံကြီးရွာ သုဿန်အနီး ပေါက်ကွဲခဲ့လို့ အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာလဆန်းနဲ့ စက်တင်ဘာလအတွင်းမှာ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

◾️ကျုံဒိုးမြို့နယ်ထဲက ရွာတွေဆီ စစ်တပ်လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးကြီးတစ်ဦး သေဆုံး

ကရင်ပြည်နယ်၊ ကျုံဒိုးမြိုနယ်ထဲက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပြီးခဲ့တဲ့လပိုင်းက ပစ်ခတ်တာကြောင့် ဒေသခံသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးပြီး လူငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က အောက်တိုဘာ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၁၂) အမြောက်တပ်ရင်းနဲ့ တပ်သစ်အမြောက်ကုန်းတို့ကနေ KNU ထိန်းချုပ်နယ်မြေ ကျုံးဒိုးမြို့နယ်ထဲက ရွာတွေဘက်ဆီ လက်နက်ကြီးနဲ့ စက်တင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်အထိ နေ့စဉ်ပစ်ခတ်တာလို့ KNU က ဆိုပါတယ်။ အဲဒီလိုပစ်ခတ်မှုကြောင့် အသက် ၇၃ နှစ်အရွယ် သက်ကြီးပိုင်းအမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့သလို အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ KNUက ဖော်ပြပါတယ်။

◾️ကျောက်တော်မြို့ဗုံးကြဲမှု သမ္မတအရေခြုံမင်းအောင်လှိုင်ရဲ့ လူသတ်ကောင်စရိုက် မပျောက်သေးကြောင်းသက်သေဟု ပြည်သူ့ပန်းတိုင်ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတအရေခြုံထားပေမယ့် လူသတ်ကောင်စရိုက် မပျောက်သေးကြောင်း ကျောက်တော်မြို့ အိန္ဒိယဈေးကို ဗုံးကြဲပြီး သက်သေပြလိုက်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောပါတယ်။ ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေတဲ့ စစ်တပ်ရဲ့ ပြေးဟပရောဂျက် ယခုတပတ် အစီအစဉ်ထုတ်ပြန်ချက်မှာ အခုလို ထည့်သွင်းဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂၈ရက်မှာ ကျောက်တော်မြို့ စျေးနဲ့ တံတားအနီးနေရာတွေကို လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးကာ ၆၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျောက်တော်မြို့ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)ကလည်း လက်တုံ့ပြန်မယ်လို့ ထုတ်ပြန်ထားပါတယ်။
👍24🤣2❤1💩1🖕1
🔥13👍7🤬2👎1👏1😢1🖕1