စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးတွေနဲ့ သေဆုံးခဲ့တဲ့ပြည်သူရုပ်အလောင်း။ ဓာတ်ပုံ -ပေးပို့
🤬32👎3😭3❤2👏1🤩1😡1
ချောင်းဦးမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု စစ်ရှောင် ၂ဦး သေဆုံး
အောက်တိုဘာ ၃-၂၀၂၆။မိုမို၊ကတ်သရင်း/ People's Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာ
သိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။
မုံရွာခရိုင်တပ်ရင်း(၁၅)ရဲ့တပ်ရင်းမှူးဟောင်း၊ လက်ရှိ ချောင်းဦးမြို့နယ်(6+1)တပ်ပေါင်းစုရဲ့တပ်ရေးဗိုလ်ပျံလွှား(ခေါ်)ဝေဇင်အောင်
(ခေါ်)ဝေကြီးဟာ စစ်တပ်ထံ အညံ့ခံသွားပြီးနောက် မုံရွာခရိုင်အတွင်းက နေရာတချို့ကို အောက်တိုဘာ၂ရက်ညနေပိုင်းကတည်းကလေကြောင်းကနေ ဗုံးကြဲခဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"စစ်ဘေးရှောင်စခန်းအကုန်လုံးနီးပါးပျက်စီးသွားတယ်။ဗုံးကြဲခံရတဲ့ နေရာမှာ အမျိုးသား ၂ဦးဆုံး။တစ်ဦး ဒဏ်ရာရတယ်"လို့ မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၃ရက် မနက်ပိုင်းကတည်းက ဂျက်ဖိုက်တာ နဲ့ ရဟတ်ယာဉ်တွေ ၄စီးထက်မနည်းသုံးကာ စစ်တပ်ရဲ့ လေကြောင်းခြိမ်းခြောက်မှုတွေ ဆက်ရှိနေတယ်လို့ ချောင်းဦးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
"လေကြောင်းတိုက်ခိုက်မှုတွေက လာနိုင်သေးတယ်။ဒီမနက်တင်လေးစီးလောက်ဝဲနေတာ"
လို့ သူကဆက်ပြောပါတယ်။
အောက်တိုဘာ ၁ရက် ညနေပိုင်းမှာ ပျံလွှားဟာ စစ်တပ်ထံ အညံ့ခံသွားတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ၎င်းဟာ ကျပ်သိန်း ၁၀၀ကျော်နဲ့သေနတ် ၁လက်ပါသွားတယ်လို့ သိရပါတယ်။
ဒေသခံတော်လှန်ရေးရဲဘော်တဦးကလည်း "အခုလောလောဆယ်သူတယောက်တည်း ပေါင်းသွားတယ်လို့သတင်းရတယ်။သူပေါင်းပြီးတဲ့နောက် နေခဲ့တဲ့နေရာ နဲ့ ဆေးရုံကို ဗုံးကြဲသွားတယ်။တပ်ရင်းကရဲဘော်တွေကအရင်ကတည်းကတပ်ပေါင်းစုဖွဲ့ထားပြီးပြီမို့အ
ဆင်ပြေပါတယ်"လို့ပြောပါတယ်။
ပျံလွှားဟာမုံရွာခရိုင်တပ်ရင်း(၁၅) စတင်တည်ထောင်စဥ်က တပ်ရင်းမှူးအဖြစ်တာဝန်ယူခဲ့ပေမယ့် ချောင်းဦးမြို့နယ်မှာ တော်လှန်
ရေးအဖွဲ့ ၇ဖွဲ့ ပူးပေါင်းပြီး (6+1)တပ်ပေါင်းစုဖွဲ့ပြီးနောက် ပျံလွှားဟာ တပ်ရေးဗိုလ်အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။
ဒါ့အပြင် ချောင်းဦးမြို့နယ်၊ ထန်းတောကုန်းရွာအနီးဝန်းကျင်နဲ့ အရာတော်မြို့နယ်တောင်ခြမ်း၊ ကံရင်းကျေးရွာကိုလည်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ (၂) ဦးဒဏ်ရာရခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
လေကြောင်းဆိုင်ရာသတင်းအချက်အလက်တွေအရစစ်တပ်ကအရာတော်မြို့နယ်တောင်ခြမ်းကိုတံတား ဦးကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မနေ့က ညနေ ၄နာရီ ၄၀မိနစ်မှာ ၁ကြိမ်၊ မိတ္ထီလာရှမ်းတဲကတက်လာတဲ့ဂျက်ဖိုက်တာနဲ့ ညနေ ၄ နာရီ ၄၅ မိနစ်မှာ ၁ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ချောင်းဦးမြို့နယ်လည်း မိတ္ထီလာရှမ်းတဲလေတပ်ကတက်တဲ့ ဂျက်ဖိုက်တာ ၂ စီး နဲ့ လေကြောင်တိုက်ခိုက်ခဲ့ပါသေးတယ်။

🤬32❤3😡2👎1👏1🎉1
နေကောင်းကျန်းမာကြောင်း အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး အသိပေး
အောက်တိုဘာ-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကြုံခဲ့ရတဲ့ အထူးတိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက နေကောင်း ကျန်းမာအေးဆေးကြောင်း ဒီကနေ့ အောက်တိုဘာ ၃ရက်မှာ အသိပေးပါတယ်။
စစ်တပ်က အထူးတိုင်းစစ်ဌာနရဲ့ တပ်စခန်းတနေရာကို စက်တင်ဘာ ၂၄ရက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM တပ်ကြပ်ကြီးနေဝင်းအောင်နဲ့ ရဲဘော် ၄ဦး စုစုပေါင်း ၅ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမဲ့ တိုင်းစစ်ဌာနက တရားဝင် ထုတ်ပြန်တာ မရှိပါဘူး။
လေကြောင်းဗုံးကြဲခံရပြီး ၉ရက်မြောက်နေ့ ဖြစ်တဲ့ အောက်တိုဘာ ၃ရက်မှာတော့ ရဲဘော်အောင်စံရှားက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ယူနီဖောင်းနဲ့ ရိုက်ကူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံကို ဖော်ပြကာ ကျန်းမာနေကောင်းကြောင်း အသိပေးလာတာဖြစ်ပါတယ်။
PDF တပ်မှူးတစ်ဦးကတော့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ရဲဘော်အောင်စံရှား ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း စက်တင်ဘာ ၂၄ရက်ကတည်းက ပြောပြပါတယ်။
ဒါ့အပြင် ရဲဘော်အောင်စံရှားဟာ စက်တင်ဘာ ၂၅ရက်မှာ ပြုလုပ်တဲ့ တိုင်းစစ်ဌာနရဲ့ ရန်ပုံငွေရှာဖွေရေး အစီအစဉ် တခုဖြစ်တဲ့ ဝိုင်းချစ်မယ့်တိုင်းစစ် ကမ်ပိန်းကတဆင့်လည်း မစိုးရိမ်ကြဖို့ သတင်းစကား စာနဲ့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အတူတူ သန်မာကြဖို့၊ လိုအပ်တဲ့နေရာတွေမှာ ဝိုင်းအားဖြည့်ကြဖို့ ရဲဘော်အောင်စံရှားက နှိုးဆော်ခဲ့ပါတယ်။
ရဲဘော်အောင်စံရှားလိုပဲ အထူးတိုင်းစစ်ဌာနရဲဘော်တွေကလည်း ရန်သူ့လေကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက်မှုတွေရှိခဲ့ပေမယ့် လုပ်စရာရှိတာတွေ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။
“ဒီလိုမျိုး(လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်)ဖြစ်လာပြီဆိုရင် ကျနော်တို့က ဒီထက်ပိုခွန်အားပြဖို့လိုပါတယ်။ ဟေ့ရောင် မင်းတို့ပဲ လုပ်နိုင်တာမဟုတ်ဘူး ငါတို့လည်းလုပ်နိုင်တယ်ဆိုတဲ့ခွန်အားမျိုးကို ပြဖို့ လိုပါတယ်”လို့ အထူးတိုင်းစစ်ဌာန ရဲဘော်စည်သူက ပြောပါတယ်။ ဒီလိုခွန်အားပြနိုင်ဖို့ စစ်ဆင်ရေးအတွက်
လိုအပ်တဲ့ ခဲယမ်းရိက္ခာတွေ ဖြည့်တင်းမှရမယ်လို့ ပြောပြပြီး တော်လှန်ပြည်သူတွေအနေနဲ့ အထူးတိုင်းစစ်ဌာနရဲ့ ကမ်ပိန်းကို တတ်နိုင်သမျှ ပံ့ပိုး ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၁၂ ရင်း၊ ဒရုန်းနဲ့ လက်ရုံးအထူးတပ်ဖွဲ့ ၇ ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ (ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်း ၃ ကြောင်းနဲ့ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့တို့ ပါဝင်ပါတယ်။ အဲဒီ တပ်ဖွဲများကို နည်းဗျူဟာ ၄ ခုဖြင့် စုဖွဲ့ထားပြီး ကရင်ပြည်နယ် KNU တပ်မဟာ (၆) နယ်မြေ၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသတွေမှာ စစ်ရေးလှုပ်ရှားလျက်ရှိတယ်လို့ အထူးတိုင်းစစ်ဌာနက အသိပေးထားပါတယ်။

👍39❤14🥰3🤣2🤮1👌1🖕1
ဖဲရှုံးပြီးဖုန်းခိုးမှု အရေးယူခံရမှာကြောက်ပြီး စစ်တပ်နဲ့ ပူးသွားတဲ့ PDFသတင်းပေးမှုကြောင့်ဘုတလင်မြို့နယ်ဗုံးကြဲခံရ
အောက်တိုဘာ၃-၂၀၂၆။ကတ်သရင်း/ People's Spring
ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို လေ
ယာဥ် ၂ စီးနဲ့ဗုံးကြဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။
PDF ရဲဘော် အောင်ကိုမင်းဟာ ဖဲရှုံးလို့အကြွေးတင်ပြီး ဖုန်း၅လုံးကို ခိုးယူခဲ့တာလို့ သိရပါတယ်။ခိုးမှု ပေါ်ပေါက်ခဲ့ပြီးနောက် အရေးယူခံရမှာစိုးရိမ်ပြီး စက်တင်ဘာနောက်ဆုံးပတ်အတွင်းမှာမုံရွာမြို့ရှိအနောက်
မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကိုသွားပြီး စစ်တပ်နဲ့ပူးပေါင်စခဲ့တာလို့ သိရပါတယ်။
"ဥပဒေရင်ဆိုင်ရမှာ ကြောက်ပြီး ေးထဲဝင်သွားတာ။သူ့ရဲ့ လုပ်ဆောင်ချက်မမှန် တော့ ဖမ်းမယ်၊ဆီးမယ်ထင်ပြီး မထူးဘူးဆိုပြီး ေးထဲဝင်သွားတဲ့ အပေါက်"လို့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
၎င်းနေထိုင်ခဲ့ရာအနီး ဘုတလင်မြို့နယ်၊ ကံသာနဲ့ကုန်းသာကျေးရွာကြားမှာ စစ်တပ်က လေယာဉ် ၂ စီးနဲ့ ဆက်တိုက်ဗုံးလာကြဲနေပြီး ဒီကနေ့ နေ့လယ် ၁၂နာရီမှာလည်း ဗုံးကြဲနေတယ်လို့ ဒေသခံအချို့ကပြောတယ်။စစ်တပ်ဗုံးကြဲမှုကြောင့်ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် စစ်တပ်က အောက်တိုဘာ ၃ ရက်နေ့မှာ ကန့်ဘလူမြို့နယ်ကို လေယာဥ် ၅ စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။မကွေးလေတပ် မှတိုက်လေယာဥ် ၂ စီး၊ဟုမ္မလင်းလေတပ်မှ ၂ စီး၊မိတ္ထီလာ လေ
တပ်မှ ၁စီးနဲ့ ဗုံးကြဲခဲ့တာလို့ ဒေသခံအချို့ကပြောတယ်။ ဗုံးကြဲမှုကြောင့်ထိခိုက်ပျက်စီးမှု ရှိ ၊မရှိကိုတော့မသိရသေးပါဘူး။
အောက်တိုဘာ ၂ရက်ကလည်း မုံရွာခရိုင်တပ်ရင်း(၁၅)ရဲ့တပ်ရင်းမှူးဟောင်းပျံလွှား စစ်တပ်ထံ အညံ့ခံသွားပြီးနောက် စစ်ရှောင်ပြည်သူတွေ နေရာကိုပါသတင်းပေးတာကြောင့် စစ်တပ်က လေကြောင်းတိုက်ခိုက်ရာ စစ်ရှောင် ပြည်သူ၂ဦး သေဆုံးခဲ့ပါတယ်။
●ပြင်ဆင်ချက်-
ကနဦးသတင်းဖော်ပြချက်မှာ ဘုတလင်မြို့နယ်ကိုစစ်တပ်က တိုက်လေယာဥ် ၅ စီးနဲ့ဗုံးကြဲတယ်လို့ ဖော်ပြခဲ့ပါတယ် ။အမှန်မှာ လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတာဖြစ်ပြီး စစ်တပ်က ကန့်ဘလူမြို့နယ်ကို လေယာဥ် ၅ စီးနဲ့ ဗုံးကြဲခဲ့တာဖြစ်ကြောင်း ပြင်ဆင်ဖတ်ရှုပေးပါရန်။

🤬53❤6👎2👏1🤔1😢1🎉1
မိုးမိတ်ကို စစ်တပ်က အင်အားတစ်ထောင်နီးပါးဖြည့်ထားလို့ တိုက်ပွဲပိုပြင်းထန်နိုင်ဟု စစ်ရေးသတင်းရင်းမြစ်ပြော
အောက်တိုဘာ ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာလကုန်ပိုင်းမှာ မိုးမိတ်မြို့အနီးရှိ စစ်တပ်စခန်း ၁ခုကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်ကလည်း ကားတွေနဲ့ စစ်အင်အားတွေ ဖြည့်တင်းလာတာဖြစ်ပါတယ်။
" မိုးမိတ်ဘက် စစ်ကောင်စီတွေ အင်အား တထောင်နီးပါးထပ်ဖြည့်ထားတယ်။ ဒီရက်ပိုင်းအတွင်း တိုက်ပွဲ အလွန်ပြင်းထန်လာနိုင်တယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က လတ်တလော မိုးမိတ်ဒေသ စစ်ရေး အခြေအနေ မေးမြန်းချက်အပေါ် ပြောပါတယ်။
KIA စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7Stars News ကလည်း အောက်တိုဘာ ၂ရက် မှာ မိုးမိတ်ဒေသ စစ်ရေး အခြေအနေကို ဖော်ပြခဲ့ရာ KIA တပ်မဟာ(၄) တပ်ရင်(၃၄) နယ်မြေဖြစ်တဲ့ မိုးမိတ်မြို့အနီး အုန်းကြောရွာမှာ အောက်တိုဘာ ၂ရက် မနက်က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် အကျအဆုံးများခဲ့တယ်လို့ ဆိုပါတယ်။
KIA တပ်တွေ နေရာယူထားတဲ့ဘက်ကို စစ်တပ်က အင်အားစုဖွဲ့ ချဉ်းကပ်လာလို့ တိုက်ပွဲပြင်ထန်ခဲ့ရာ စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်ပြီး ထိခိုက်ကျဆုံးသူတွေကို ကယ်ထုတ်သွားတာလို့ အသိပေးထားပါတယ်။
KIA ဟာ စက်တင်ဘာ ၂၈ရက်နဲ့ ၂၉ရက်မှာ မိုးမိတ်မြို့အနီးက စစ်တပ်စခန်းတွေဖြစ်တဲ့ ရွှေမင်းတင်ကုန်းစခန်း၊ ညောင်နီကုန်းစခန်းနဲ့ ရှုမျှော်သာတပ်စခန်းနေရာတွေကို တိုက်ခိုက်သိမ်းပိုက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
KIA သတင်းရင်းမြစ်အချို့ကလည်း စစ်တပ်က မိုးမိတ်မြို့ကို စစ်အင်အားဖြည့်တင်းထားကြောင်း အသိပေးထားပါတယ်။ မိုးမိတ်က တပ်စခန်းအချို့ KIA သိမ်းပိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၁ရက်မှာ မန္တလေးကလာတဲ့စစ်ကူကား ၃၆စီး မိုးမိတ်မြို့ကို ရောက်ရှိခဲ့တယ်လို့ KIA စစ်ဘက်သတင်းရင်းမြစ်အချို့က အသိပေးထားတာပါ။
ဒါ့အပြင် KIAနဲ့ စစ်တပ် လက်အောက်ခံတပ်တွေဟာ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသ၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နဲ့ ဗန်းမော်မြို့နယ်တို့မှာလည်း စက်တင်ဘာလကုန်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အင်းတော်ကြီးဒေသနဲ့ ခေါင်လန်ဖူးဒေသ တိုက်ပွဲတွေမှာ စစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေထိခိုက်ကျဆုံးမှုများခဲ့တယ်လို့လည်း KIA ဘက်က အသိပေးထားပါတယ်။

👍39❤4👏3🔥2👎1😁1🎉1🥴1🖕1
■ရသစာတမ်းငယ်
"၁၇၀၀"
■ အိမ့်ဘုန်းစစ်သော်
လက်ထဲမှာ ၁၇၀၀ရှိတယ်။ ဒါပေမယ့် အဲ့အကြွေအတိုအစလေးတွေက အခုအချိန်မှာ ဘာမှအသုံးမ၀င်နေခဲ့ပါဘူး။ အိမ်မှာသာဆို ရေခဲမုန့် (၅) ခွက်လောက်၀ယ်စားမိမယ် ထင်တယ်။ ဒါမှမဟုတ် အာလူးကြော်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ၀က်သားဒုတ်ထိုးလေးပဲဖြစ်ဖြစ်ပေါ့။
အခုတော့ အဲ့စားချင်စိတ်တွေကို မြိုသိပ်ရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ တောက်လျှောက်ဝဲနေတဲ့ လေယာဉ်၊ ဘယ်တော့ပစ်ချမလဲမသိတဲ့စိတ်။ မသေခင်လေးတော့ အဘွားချက်ကြွေးတဲ့ ထမင်းနဲ့ဟင်းလေး စားချင်မိသား။ အကယ်၍ အဘွားနဲ့သာအတူရှိခဲ့ရင်ရော (၁၇၀၀) လေးကိုင်လို့ လမ်းထိပ်မုန့်ထွက်၀ယ်တဲ့အခါ "မတည့်တာတွေမစားနဲ့နော်" လို့ ပြောလောက်မလား။
အတူရှိတုန်းက လုံး၀မသင့်မြတ်ခဲ့ပေမယ့် ကြောင်နဲ့ကြွက်လို ရယ်စရာကောင်းတဲ့ မြေးအဘွားဆက်ဆံရေးမျိုး။ အဘွားက ကျွန်တော့်သူငယ်ချင်း၊ အမတယောက်၊ အမေတယောက်၊ အဖေတယောက်။ အဘွားက ကျွန်တော့်ရဲ့အရာရာ ဖြစ်ခဲ့ပါတယ်။
ပထမဆုံးကျောင်းတက်ရက်တွေမှာ လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး ဆရာမတွေနဲ့အသေချာအပ်လေ့ရှိတယ်။ သူစားနေကျ ရွှေပုစွန်ကကိတ်မုန့်တွေထည့်ပေးပြီး မုန့်ဖိုးမပေးတဲ့အခါ မုန့်ဈေးတန်းက ရေခဲထုပ်လေးကိုသိပ်စားချင်ခဲ့မှန်း ဘွားဘွားကသိပ်သိခဲ့ပါတယ်။ ချိုလိုက်၊ ငန်လိုက်နဲ့ အဘွားရဲ့ လက်ရာမမှန်တဲ့ဟင်းတွေမှာ အစပ်တော့လုံး၀မပါခဲ့ဘူးလေ။
အခုရော အဘွားမြေးလေးက နိုင်ငံတော်သစ်နဲ့လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲ၀င်နေရတာပေါ့။ ခဏခဏချော်လဲတတ်တဲ့ ခြေမခိုင်လက်မခိုင် မြေးမလေးအတွက် အဘွားက စိတ်ပူနေလောက်မှာပါလေ။ အခုလဲ အဘွားကိုသိပ်သတိရတာပဲ သမီးကအခုချိန်ထိ ခဏခဏချော်လဲနေတုန်းပါ ဘွားဘွားရဲ့။ "ဘုရားဆေး၊တရားဆေး၊သံဃာပေးတဲ့ဆေး" လို့ အဘွားတိုက်နေကျ မြန်မာဆေးလေးလဲသောက်ချင်တယ်။ ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေသိပ်များနေမှန်းသာ အဘွားသိရင် ဘယ်စိတ်ကောင်းပါ့မလဲနော်။
ဆယ်ကျော်သက်အရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောထားကွဲလွဲမှုတွေကို ဘွားဘွား နားလည်ပေးဖို့တော့ သင့်ခဲ့ပါတယ်လေ။ ဒါဆိုရင် အဘွားအကြောင်းတွေးတဲ့အခါ စိတ်ဒဏ်ရာတွေလဲမပါလောက်ဘူးပေါ့။ အခုချိန်သမီးလက်ထဲမှာ (၁၇၀၀) ရှိနေတာသိလားဘွားဘွား။ ငယ်ငယ်ကသာဆိုရင် သိပ်များလွန်းတဲ့ပိုက်ဆံတွေ ဖြစ်နေမှာ။ ဆံပင်ဖြူနှုတ်ပေးပြီးရတဲ့ ပိုက်ဆံ (၂၀၀) နဲ့ ၀ယ်စားရတဲ့ ရေခဲမုန့်လေးကို သိပ်လွမ်းတာ။ အခုတော့ ဘွားဘွားက ဖုန်းဆက်လိုက်တိုင်းမှာ တုန်တုန်ယင်ယင်အသံလေးနဲ့လေ သူ့ရဲ့ပင်စင်လစာလေးကို အကုန်အစင်လွှဲပေးရှာတာပါပဲ။ ဒါက ငယ်ငယ်ကလို သမီး၀မ်းနည်းမှာကို မကြည့်ရက်လို့ပဲလား ဘွားဘွားရေ။
တောင်အဆင်းလမ်းမှာ ကျွန်တော်အများကြီးငိုခဲ့တယ်။ ခြေထောက်ပေါ်ကိုပြုတ်ကျတဲ့ အနာက အသားနာရုံပါ။ အဘွားသာရှိခဲ့ရင်ဆိုတဲ့စိတ်ကတော့ အသည်းနာတာပေါ့။ သမီးလေးက ကလေးလေးပဲရှိသေးတာပါလို့ပြောရင် သမီးကရင့်ကျက်နေပါပြီလို့ အမြဲပြောလေ့ရှိတယ်။ အမှန်တကယ်တော့ သမီးက ကလေးပဲရှိသေးတာပါပဲ။ ဘွားဘွားရင်ခွင်ထဲမှာလေ ဒီလိုမျိုးမိုးတွေရွာနေတဲ့အချိန်မှာလေ ဖက်ပြီးအိပ်ချင်တာ။ အခုတော့ တစ်ကိုယ်လုံးရေတွေစိုရွှဲနေခဲ့တာပါပဲ။ ဒီပုံစံနဲ့ဒီညတော့ အိပ်ပျော်မယ်မထင်ပါဘူး ဘွားဘွားရေ။
ရုတ်တရပ်မိုးတွေက သည်းလာသလိုပဲအဘွားရေ။ ဘောင်းဘီအိတ်ကပ်ထဲက အကြွေ (၁၇၀၀) လေးတော့ မိုးရေတွေ စိုကုန်ပါပြီကွယ်။ အကယ်၍ ဒီစစ်ပွဲကြီးပြီးလို့ အဘွားနဲ့ပြန်တွေ့တဲ့အခါ အဘွားဆီက မုန့်ဖိုးတောင်းပြီး မုန့်တွေ၀ယ်စားချင်တယ်။ ဒီတစ်ခါတော့ မတည့်တဲ့မုန့်တွေ၀ယ်စားမိလို့ ဘွားဘွားမဆူတော့ရင်ကောင်းပါရဲ့။
မိုးကနည်းနည်းတော့စဲလာပြီ။ မိုးရွာပြီးကာစ တောင်ထိပ်ပေါ်မှာ ရောင်စုံသက်တန့်လေးကိုခပ်ရေးရေးတွေ့လိုက်ရတယ်။ ကျွန်တော့်ဘ၀ကြီးမှာ အရောင်အသွေးမစုံခဲ့တာ ကြာရောပေါ့လေ။ နောက်ခံကောင်းကင်ကြီးကတော့ ခဲရောင်မှိုင်းမှိုင်းလေးဖြစ်နေတုန်းပါပဲ။ ကြည့်ရတာ ကျွန်တော်က နောက်ကကောင်းကင်ကြီး ဖြစ်ပုံပေါ်တာပါပဲ။
သမီးသိပ်သဘောကျတဲ့ အနုပညာနဲ့တော်လှန်ရေးမှာပါ၀င်ခွင့်နေကြောင်း အဘွားကိုပြောပြတိုင်း သိပ်နောင်တရနေသလို အသံလေးကိုကြားရတယ်။ အဘွားသာ အစောထဲကလက်ခံပေးခဲ့ရင်အကောင်းသား။
အိမ်မက်တွေက ဈေးကြီးတယ် ဘွားဘွားရဲ့။ ဒီနေ့က ကျွန်တော့်နေ့ရက်တွေထဲက အဘွားကိုလွမ်းမိတဲ့နေ့တစ်နေ့ဖြစ်ရုံလေးပါပဲ။ ၅၀၀တန်ခပ်နွမ်နွမ်း၃ရွက်၊ နှစ်ရာတန်အသစ်ကလေး ၁ရွက်က စခဲ့တဲ့ စကားလုံးတွေဖြစ်ခဲ့ရုံလေးပါပဲ။
ပြီးတော့လဲ ဒီတိုင်းလေးပါပဲ။ ဇာတ်သိမ်းမရှိပေမယ့် နောက်ထပ်အပိုင်းအဆက်တွေက ခပ်များများရယ်နဲ့။ အဘွားမသိအောင် ဆေးလိပ်လေးတော့ ဖွာလိုက်မိပါရဲ့။ အနူးအညွတ်တောင်းပန်အပ်ပါတယ်။ ။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'အိမ့်ဘုန်းစစ်သော်' ရဲ့ "၁၇၀၀" ရသစာတမ်းငယ်ကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,248 followers · 295 talking about this. News & media website
❤18👍10🤮2🖕2
မလှိုင်မှာ ညီအကို ၃ဦး ရေနစ်သေဆုံး
အောက်တိုဘာ ၃၊ ၂၀၂၆။ မေရီ/People's Spring
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ညောင်ပင်တဲကျေးရွာမှာ ညီအကို ၃ ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်က မလှိုင်မြို့နယ်၊ ညောင်ပင်တဲကျေးရွာက ရေကန်တစ်ခုမှာ အမွှာညီအကို ၂ဦး ရေဆင်းချိုးစဥ် ရေနစ်လို့ အကိုကြီးဖြစ်သူက ဆင်းကယ်ခဲ့ရာ ၃ ဦးလုံး ရေနစ်သေဆုံးခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
"ဘတ်ဖိုးကုတ်ထားတဲ့ ရေချောက်ထဲကို အမွှာညီအကိုကရေဆင်းချိုးတာ။ ရေနစ်လို့အကိုကြီးက ဆင်းဆယ်တာတဲ့။ အကိုပါနစ်သွားတာ"လို့ ဒေသခံတစ်ဥိးက ပြောပါတယ်။
အမွှာညီအကို ၂ဦးမှာ အသက် ၂၁ အရွယ် ကိုကျော်မျိုးလှိုင်(ခ) ကိုကြီးနဲ့ ကိုကျော်ဖြိုးနိုင်(ခ)ကိုလေးတို့ဖြစ်ပြီး အကိုဖြစ်သူမှာ အသက် ၃၂ အရွယ် ကိုကျော်သန်းဖြစ်ကြောင်း သိရပါတယ်။ အမွှာညီအကိုမှာလူပျိုတွေဖြစ်ပြီး အကိုဖြစ်သူကတော့ အိမ်ထောင်သည်ဖြစ်ကြောင်း သိရပါတယ်။

😢40👍5❤2🔥2😱1🤣1
မိုးမိတ်မြို့တိုက်ပွဲ ၆ရက်မြောက်ဖြစ်လာပြီး ပိုပြင်းထန်လာ
▪️လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် တော်လှန်ရေးသတင်းရင်းမြစ် သတိပေး
အောက်တိုဘာ ၃၊၂၀၂၆။ရွှေပြည်စိုး/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ဒီကနေ့ (အောက်တိုဘာ ၃ရက်) တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို သတိပြုဖို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကနေ့မနက် အစောပိုင်းမှာ ပစ်ခတ်သံတွေကြားနေတာကနေ မွန်းလွဲ ၂နာရီခန့်ကစပြီး လက်နက်ကြီးနဲ့ အတွဲလိုက် ဒုန်းပစ်ခတ်သံတွေ ကြားနေရတယ်လို့ မိုးမိတ်မြို့ခံတစ်ဦးက ညနေ ၄နာရီခန့်မှာ ပြောပါတယ်။
" တိုက်ပွဲက ပိုပြီး ပြင်းထန်နေလို့ ကြောက်လာတယ်။ မရှောင်ဘူးဆိုပြီး နေတာ။ အခုက ကြောက်စရာကောင်းနေတယ်။ လေယာဉ်လည်း လာတယ်။ မနေ့ကလည် ဗုံးကြဲတယ်"လို့ ၎င်းက ပြောပါတယ်။
တိုက်ပွဲက မိုးမိတ်မြို့အနီး၊ မြစ်ဆုံသွားတဲ့လမ်းက အုန်းကြောရွာသစ်မှာဖြစ်နေတာလို့ သိရပါတယ်။
မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာက ညောင်နီရွာအနီးမှာ စက်တင်ဘာ ၂၈ရက်မနက်ပိုင်းကစပြီး
စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ ၆ရက်မြောက်ဖြစ်တဲ့ ဒီနေ့အထိ စစ်ရေးတင်းမာနေတာပါ။အုန်းကြောရွာသစ်မှာတော့ အောက်တိုဘာ ၂ရက်ကစပြီး ၂ရက်ဆက် တိုက်ပွဲဖြစ်နေတာပါ။
အောက်တိုဘာ ၁ရက်မှာတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ အင်အား ၁၀၀၀ ကျော်ကို လေကြောင်းလုံခြုံရေးအကူအညီနဲ့ မန္တလေး - မတ္တရာ- သပိတ်ကျင်း-တကောင်း- ထီးချိုင့် - မိုးမိတ်လမ်းအတိုင်းပို့ဆောင်ခဲ့ပါတယ်။ ပို့လိုက်တဲ့ အင်အားတွေကို မြို့အနှံ့ နေရာချထားပြီး မြို့ခံတွေကိုလည်း စစ်ရှောင်ခွင့်မပေးဘဲ စစ်ဆေးရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။
ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်တပ်အထိနာတဲ့ စက်တင်ဘာ၂၈ရက်၊ ၂၉ရက်၊အောက်တိုဘာ ၁ရက်နဲ့ အောက်တိုဘာ ၂ရက်တွေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
" ဟိုအရင်တိုက်ပွဲတွေမှာ စစ်တပ်က လေကြောင်းပစ်လို့ အရပ်သားတွေ သေဆုံးတယ်။ အခုလည်း တိုက်ပွဲက ပိုကြမ်းလာတယ်။ အထူးသဖြင့်တော့ လေယာဉ်နဲ့ လက်နက်ကြီးအန္တရာယ်များနေတာအမှန်ပဲ။ စကစဖက်က ရမ်းသမ်းပစ်နေတာ" လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပြီး တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်တပ်ထံကို ၂၀၂၅ အောက်တိုဘာမှာ ပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်း ဝင်လာတဲ့ စစ်တပ်ကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။မတ်လဆန်းထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်း စစ် ကောင်စီတပ်က မြို့ထဲမှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မ တော် (SSPP/SSA)လည်း တပ်စွဲထားပါတယ်။
မိုးမိတ်မြို့အနီး၊ ညောင်နီကျေးရွာက ရွှေသမင်ကုန်း စစ်တပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

👍40❤11👏2🤣2👎1🔥1🥰1
မင်းတပ်မြို့ စစ်တပ် ဗုံးကြဲမှု အသက်(၉၀)ခန့်အရွယ် အဘိုးအို သေဆုံး
အောက်တိုဘာ ၃၊၂၀၂၆။ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဘိုးအို ၁ဦး သေဆုံးခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။
အောက်တိုဘာ ၃ရက် နေ့လယ်ပိုင်းမှာ စစ်တပ် တိုက်လေယာဉ်တွေက မင်းတပ်မြို့ နေရာ ၂ ခုကို လေကြောင်းဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
" တိုက်ပွဲမရှိဘူး အခုအချိန်" လို့ မင်းတပ်ဒေသခံက စစ်တပ်က အကြောင်းမဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှု အခြေအနေကို ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့တဲ့အပြင် အသက်(၉၀)ခန့်အရွယ် အဘိုးအို၁ဦး သေဆုံးတယ်လို့ သိရကြောင်း အသိပေးပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ အောက်တိုဘာ ၂ရက်ကလည်း မင်းတပ်မြို့အနီးကို လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့အပါအဝင် ချင်းတောင်ပိုင်းဒေသတွေ ပြန်သိမ်းပိုက်နိုင်ဖို့ စစ်တပ်က ၂၀၂၆ မေလကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
မြေပြင်ထိုးစစ်မတိုင်ခင်ကတည်းက မင်းတပ်နဲ့ ကန်ပက်လက်ဒေသတွေကို လေကြောင်းဗုံးကြဲတိုက်ခဲ့ရာ ထိုးစစ်စတင်ချိန်မှာလည်း အပြင်းအထန် ဗုံးကြဲခဲ့ပါတယ်။
စစ်တပ်ထိုးစစ်မအောင်မြင်ဘဲ ရပ်တန့်နေတဲ့ အခြေအနေ လတ်တလောမှာ တိုက်ပွဲတွေ ခေတ္တငြိမ်နေချိန် ကန်ပက်လက်နဲ့ မင်းတပ်ဒေသတွေကို စစ်တပ်က လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

🤬30❤4👎3👏2😢1🎉1
ကျောက်တော်မြို့ဗုံးကြဲမှု သမ္မတအရေခြုံမင်းအောင်လှိုင်ရဲ့ လူသတ်ကောင်စရိုက် မပျောက်သေးကြောင်းသက်သေဟု ပြည်သူ့ပန်းတိုင်ပြော
အောက်တိုဘာ ၃၊ ၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတအရေခြုံထားပေမယ့် လူသတ်ကောင်စရိုက် မပျောက်သေးကြောင်း ကျောက်တော်မြို့ အိန္ဒိယဈေးကို ဗုံးကြဲပြီး သက်သေပြလိုက်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောပါတယ်။
ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေတဲ့ စစ်တပ်ရဲ့ ပြေးဟပရောဂျက် ယခုတပတ် အစီအစဉ်ထုတ်ပြန်ချက်မှာ အခုလို ထည့်သွင်းဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂၈ရက်မှာ ကျောက်တော်မြို့ စျေးနဲ့ တံတားအနီးနေရာတွေကို လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅၀ ဦးထက်မနည်းသေဆုံးကာ ၆၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျောက်တော်မြို့ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)ကလည်း လက်တုံ့ပြန်မယ်လို့ ထုတ်ပြန်ထားပါတယ်။
“အိမ်ပြိုတာ ပြင်လို့ရပါတယ်။ စိတ်နာသွားရင် ပြင်လို့မရပါဘူး။ နောက်ဆုံး ထိပ်တိုက်တွေ့နေရတာက အောက်ခြေစစ်သားတွေပဲမို့ ဖြစ်သမျှဒဏ် ငဝက်တွေ ခံကြရဦးမှာပါ။စစ်တပ်ဝတ်စုံ ဝတ်ထားသမျှတော့ 'ငဝက်'လို့ သတ်မှတ် ဆက်ဆံခံနေရဦးမှာပဲမို့ အမြင်မှန်ရသင့်ကြပါပြီ။ ဖြစ်သမျှဒဏ် ငဝက်တွေ မခံကြပါနဲ့တော့” လို့ ပြည်သူ့ပန်းတိုင်က စစ်တပ်ခေါင်းဆောင်တွေရဲ့ အရပ်သား ပြည်သူတွေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှု လုပ်ရပ်တွေက စစ်တပ် လက်အောက်ငယ်သားတွေအပေါ် သက်ရောက်လာနိုင်ခြေအပေါ် ရေးသားဖော်ပြထားပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့ဘက် အလင်းဝင်ပူးပေါင်းကြဖို့ နှိုးဆော်ထားပါတယ်။
ပြည်သူ့ပန်းတိုင်က ထုတ်ပြန်တဲ့ စာရင်းတွေအရ စက်တင်ဘာ တတိယပတ်နဲ့ စတုတ္ထပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၅၅ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မှတ်တမ်းများအရ ၂၀၂၅ ဇန်နဝါရီမှ ၂၀၂၆ စက်တင်ဘာလကုန်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၄၀၃၇ ဦးထိရှိခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

👍33❤6🖕2👎1🥰1🥴1🤣1
အောက်တိုဘာ ၃ ရက်ကုန်ဈေးနှုန်းနဲ့ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်ရန်ကုန်မြို့ရဲ့ကုန်ဈေးနှုန်း
#ရန်ကုန်ကုန်ဈေးနှုန်း #လူထုနွေဦး
#စစ်တပ်အာဏာမသိမ်းခင်ကုန်ဈေးနှုန်း
#peoplesspring
#ရန်ကုန်ကုန်ဈေးနှုန်း #လူထုနွေဦး
#စစ်တပ်အာဏာမသိမ်းခင်ကုန်ဈေးနှုန်း
#peoplesspring
❤21🔥8👍5😢5🤣1