KIA ထိန်းချုပ် ပန်ဝါဒေသက တရုတ်လုပ်ငန်းရှင်ပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲ၇ဦးသေ၊ ၁၁ဦး ဒဏ်ရာရ
အောက်တိုဘာ-၃၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်း
ပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သ
တင်းရင်းမြစ်အချို့က ပြောပါတယ်။
အောက်တိုဘာ ၂ရက် နေ့လည်ပိုင်းက ပန်ဝါဒေသ လဂွေရွာ စာသင်ကျောင်းအနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။
“သေတာ ၇ယောက် ဒဏ်ရာရ ၁၁ယောက်။ တရုတ်ကုမ္ပဏီတစ်ခုရဲ့ယမ်းဂိုဒေါင် ပေါက်
ကွဲသွားတာ။စာသင်ကျောင်းနားမှာ။ စာသင်
ကျောင်း အကုန်ပျက်စီးတယ်” လို့ ကချင်သတင်းရင်းမြစ်တဦးကပြောပါတယ်။
အခြားကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း “တရုတ်လုပ်ငန်းရှင်တွေရဲ့ အရပ်ဖက်သုံး အမိုးနီးယားနိုက်ထရိတ် မတော်တဆ ပေါက်ကွဲမှုပါ” လို့ ပြောပါတယ်။
အဲဒီ ပေါက်ကွဲမှုဟာ ပြင်းထန်ခဲ့တာကြောင့် စာသင်ကျောင်းအဆောက်အအုံ၊ ကျောင်းဝန်ထမ်းတွေရဲ့ နေအိမ် အဆောက်အအုံတွေ အပါအဝင် နေအိမ်များစွာ ပျက်စီးခဲ့ကြောင်း ကချင်နဲ့ ရှမ်းမြောက်က သတင်းတွေကိုဖော်ပြပေးနေတဲ့ 7Stars Newsက ဖော်ပြထားပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ပါဝင်တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ယမ်းဂိုဒေါင် ပေါက်ကွဲမှုနဲ့ ပတ်
သက်ပြီးတာဝန်ရှိသူ ဂိုဒေါင်ပိုင်ရှင်အား ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားကာ နစ်နာသူများ တရားမျှတမှုရရှိရေးစုံစမ်းစစ်ဆေးသွားမယ်လို့လည်း 7Stars News က ဖော်ပြထားပါတယ်။
အခုလို ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်စဉ်မျိုးဟာ အခြားတိုင်းရင်းသားတပ်တွေဖြစ်တဲ့ ၀တပ်(UWSA)၊ မိုင်းလားတပ်(NDAA)၊ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA) နယ်မြေတွေမှာလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ အခုနှစ်ပိုင်းအတွင်း UWSA၊ TNLAနဲ့ MNDAA တို့ရဲ့ နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေမှာ လူသေဆုံးထိခိုက်အများအပြားရှိခဲ့ပါတယ်။
"UWSA ၊ TNLA ၊ MNDAA ထိန်းချုပ်နေရာတွေပြီးရင် အခု KIA ထိန်းချုပ်ဒေသမှာ ထပ်ပြီလာတာဟာ စိုးရိမ်စရာပါ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးသင့်တယ်
အောက်ခြေမှာ ပြောထားပါတယ်ဆိုတာနဲ့မပြီးဘူး အစကတည်းက ပြည်သူတွေရှိတဲ့နေရာမှာ ယမ်း လက်နက်သိုလှောင်ရုံတွေ လုံးဝ မထားဖို့ ဥပဒေစည်းကမ်းချထားရမှာဖြစ်တယ်"လို့လည်း သတင်းရင်းမြစ်ကပြောပါတယ်။
လက်နက်ခဲယမ်းတွေနဲ့ပတ်သက်ပြီးလက်
နက်ကိုင်တပ်ဖွဲ့တွေဘက်က အခွန်ငွေရရှိခြင်းထက် ပြည်သူတွေဘေးကင်းရေးကို တာဝန်ယူမှုတာဝန်ခံမှုရှိစွာ လုပ်ဆောင်ကြဖို့လည်း ကချင်ပြည်သူအချို့က တိုက်တွန်းပါတယ်။
#KIA #ပန်ဝါ #ပန်ဝါယမ်းဂိုဒေါင်ပေါက်ကွဲ
#peoplesspring #ludunwayoo

👍34❤3👎3🔥1👏1🤬1🎉1🖕1
မန္တလေးမှာ လျှပ်စစ်မီးပေးမှု အချိန်ပိုင်းစနစ်ပြန်ဖြစ်
အောက်တိုဘာ ၃၊ ၂၀၂၆။ ဇေအောင်/People's Spring
မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မန္တလေးမြို့က မြို့နယ် ၇ မြို့နယ်လုံးမှာ ဒီကနေ့ အောက်တိုဘာ ၃ ရက်ကစတင်ပြီး အချိန်ပိုင်း လျှပ်စစ်ဓါတ်အား ဖြတ်တောက်မှာဖြစ်ကြောင်း သက်ဆိုင်ရာ လျှပ်စစ်ရုံးအသီးသီးက အသိပေးကြေညာပါတယ်။
လျှပ်စစ်ဓာတ်အားဖြတ်တောက်မယ့်ဇယားအရ A နဲ့ B ဆိုပြီး အုပ်စုခွဲထားမှာဖြစ်ပြီး ၄ နာရီလာ၊ ၄ နာရီပိတ် စနစ်နဲ့ တစ်နေ့လျှင် စုစုပေါင်း ၁၂ နာရီ သာ လျှပ်စစ်မီး ရရှိတော့မှာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မန္တလေးမြို့ကို လျှပ်စစ်ဓါတ်အားပေးဝေမှု ထက်ဝက် လျှော့ချလိုက်တာဖြစ်ပါတယ်။
"ပြောတော့ ခွဲတမ်းဆိုပြီး မီးဖြတ် ချင် သလိုဖြတ်နေတာ။ ပေးတာ အချိန်လဲမမှန်ဘူး။ သူတို့ စာထုတ်ထားသလို ဘယ်အချိန်လာမယ်ဆိုပြီး လာမယ့်အချိန်ကျ မနေ့ညထဲကပျက်နေတာ။ အခုမနက်ထိပဲ"လို့ ချမ်းအေးသာဇံမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ နွေရာသီ မတ်လက တစ်ရက် ၈ နာရီ မီးဖြတ်ခဲ့ပေမယ့် ယခု နွေရာသီမရောက်သေးတဲ့အချိန်မှာပဲ နွေရာသီထက်ပင် ပိုမိုဖြတ်တောက်တော့မှာ ဖြစ်ပါတယ်။ လက်ရှိ အယ်နီညိုကြောင့် မန္တလေးမြို့မှာ ရာသီဥတု ပူပြင်းနေချိန် လျှပ်စစ်မီး ပိုဖြတ်တာကို မြို့ခံတွေ ဝေဖန်နေကြပါတယ်။
လက်ရှိမှာ နိုင်ငံအနှံ့အပြား လျှပ်စစ်မီးပုံမှန်မရရှိတဲ့အပြင် လောင်စာဆီဈေးနှုန်းတွေလည်း မြင့်တက်နေတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာပါ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

👍24🔥12❤5👏1🤬1
ချောင်းဦးမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု စစ်ရှောင် ၂ဦး သေဆုံး
အောက်တိုဘာ ၃-၂၀၂၆။မိုမို၊ကတ်သရင်း/ People's Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။
မုံရွာခရိုင်တပ်ရင်း(၁၅)ရဲ့တပ်ရင်းမှူးဟောင်း၊ လက်ရှိ ချောင်းဦးမြို့နယ်(6+1)တပ်ပေါင်းစုရဲ့တပ်ရေးဗိုလ်ပျံလွှား (ခေါ်) ဝေဇင်အောင်ဟာ စစ်တပ်ထံ အညံ့ခံသွားပြီးနောက် မုံရွာခရိုင်အတွင်းက နေရာတချို့ကို မနေ့က(အောက်တိုဘာ ၂ ရက်)ညနေပိုင်းကတည်းက လေကြောင်းကနေ ဗုံးကြဲခဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"စစ်ဘေးရှောင်စခန်းအကုန်လုံးနီးပါး ပျက်စီးသွားတယ်။ ဗုံးကြဲခံရတဲ့ နေရာမှာ အမျိုးသား ၂ဦးဆုံး။တစ်ဦး ဒဏ်ရာရတယ်" လို့ မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း တာ၀န်ရှိသူတစ်ဦးက မနေ့က ညနေပိုင်းလေကြောင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်ကို ရှင်းပြပါတယ်။
ဒါ့အပြင် ဒီကနေ့ အောက်တိုဘာ ၃ရက် မနက်ပိုင်းကတည်းက ဂျက်ဖိုက်တာ နဲ့ ရဟတ်ယာဉ်တွေ ၄စီးထက်မနည်းသုံးကာ စစ်တပ်ရဲ့ လေကြောင်းခြိမ်းခြောက်မှုတွေ ဆက်ရှိနေတယ်လို့ ချောင်းဦးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
"လေကြောင်းတိုက်ခိုက်မှုတွေက လာနိုင်သေးတယ်။ဒီမနက်တင် လေးစီးလောက်ဝဲနေတာ"လို့ သူက ပြောပါတယ်။
အောက်တိုဘာ ၁ရက် ညနေပိုင်းမှာ ပျံလွှားဟာ စစ်တပ်ထံ အညံ့ခံသွားတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ၎င်းဟာ ကျပ်သိန်း ၁၀၀ကျော်နဲ့သေနတ် ၁လက်ပါသွားတယ်လို့ သိရပါတယ်။
ဒေသခံတော်လှန်ရေး ရဲဘော် တစ်ဦးကလည်း "အခုလောလောဆယ်သူတယောက်တည်း ပေါင်းသွားတယ်လို့ သတင်းရတယ်။သူပေါင်းပြီးတဲ့နောက် နေခဲ့တဲ့နေရာ နဲ့ ဆေးရုံကို ဗုံးကြဲသွားတယ်။တပ်ရင်းကရဲဘော်တွေကအရင်ကတည်းကတပ်ပေါင်းစုဖွဲ့ထားပြီးပြီမို့အဆင်ပြေပါတယ်"လို့ ပြောပါတယ်။
ပျံလွှားဟာ မုံရွာခရိုင်တပ်ရင်း(၁၅) စတင်တည်ထောင်စဥ်က တပ်ရင်းမှူးအဖြစ်တာဝန်ယူခဲ့ပေမယ့် ချောင်းဦးမြို့နယ်မှာ တော်လှန်ရေးအဖွဲ့ ၇ဖွဲ့ ပူးပေါင်းပြီး (6+1)တပ်ပေါင်းစုဖွဲ့ပြီးနောက် ပျံလွှားဟာ တပ်ရေးဗိုလ်အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။
ဒါ့အပြင် ချောင်းဦးမြို့နယ်၊ ထန်းတောကုန်းရွာအနီးဝန်းကျင်နဲ့ အရာတော်မြို့နယ်တောင်ခြမ်း၊ ကံရင်းကျေးရွာကိုလည်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ (၂) ဦးဒဏ်ရာရခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
လေကြောင်းဆိုင်ရာသတင်းအချက်အလက်တွေအရ စစ်တပ်က အရာတော်မြို့နယ်တောင်ခြမ်းကိုတံတား ဦးကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မနေ့က ညနေ ၄နာရီ ၄၀မိနစ်မှာ ၁ကြိမ်၊ မိတ္ထီလာရှမ်းတဲကတက်လာတဲ့ဂျက်ဖိုက်တာနဲ့ ညနေ ၄ နာရီ ၄၅ မိနစ်မှာ ၁ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ချောင်းဦးမြို့နယ်လည်း မိတ္ထီလာရှမ်းတဲလေတပ်ကတက်တဲ့ ဂျက်ဖိုက်တာ ၂စီး နဲ့ လေကြောင်တိုက်ခိုက်ခဲ့ပါသေးတယ်။

😡28👎2🔥1👏1🎉1🤡1
ရသေ့တောင်ကိုစစ်တပ်ဗုံးကြဲပြန်၊ကျောင်းသူ
အပါအဝင်၂ ဦးသေဆုံးပြီး ၁၂ ဦးထက်မ
နည်းဒဏ်ရာရ
■သေဆုံး၊ ဒဏ်ရသူတွေထပ်တိုးလာနိုင်သေး
အောက်တိုဘာ-၃၊၂၀၂၆။ခိုင်မြတ်/People's Spring
စစ်တပ်ကဒီနေ့မနက်အစောပိုင်းမှာရသေ့တောင်မြို့ ပေါ်နဲ့ မြို့အနီးတဝိုက်ကျေးရွာတွေကိုY12 နဲ့ ဗုံးကြဲခဲ့တာကြောင့်ကျောင်းသူတဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ကနဦးသတင်းရရှိပါတယ်။
အောက်တိုဘာလ ၃ ရက်၊မနက်၁နာရီကျော်အချိန်မှာရသေ့တောင်မြို့ပေါ် စိုက်ပျိုးရေးရုံးဝန်းကျင်၊ အရှေ့ တောင်ရပ်ကွက်၊ တောင်ရင်းတန်းရပ်ကွက်၊ ကမ်းနားလမ်းတလျှောက်နေရာတွေနဲ့ မြို့အနီးရှိ ပြားချောင်းကြီး၊ ပြင်ခေါင်ရွာတို့ကိုစစ်တပ်က Y-12 လေယာဥ်နဲ့
ဗုံးအလုံးတဆယ်ကျော်ကြဲချခဲ့တာဖြစ်ပါတယ်။
“Y12အသံကိုယ်တိုင်ကကြောက်စရာကောင်းတယ်။တညလုံးမအိပ်နိုင်ဘူး။လယ်ကွင်းတွေမှာ သွားအိပ်သူအိပ် လုပ်နေရတယ်။ ညဆိုရင် လေယာဉ်ကလာပြီ။ နေ့တိုင်းလာပါတယ်အခုရက်ပိုင်း”လို့ ရသေ့တောင်မြို့အနီးနေထိုင်သူတဦးက ပြောပါတယ်
ဗုံးကြဲမှုကြောင့် တောင်ရင်းတန်းရပ်ကွက်မှာ ကျောင်းလာတက်နေတဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသူ မမိုးမိုးနွယ်နဲ့ ပြားချောင်းကြီးရွာမှ အသက် ၇၀ အရွယ် ဦးအောင်ကျော်သာတို့သေဆုံးခဲ့ပါတယ်။ဒါ့အပြင်မနက် ၁ နာ ရီခွဲလောက်မှာတော့ စစ်တွေမြို့နယ်နဲ့အစပ် ရသေ့တောင်မြို့နယ် အငူမော်ရွာကို ထပ်မံ ဗုံး
ကြဲခဲ့ပြီး အဲဒီရွာမှ ဒေသ ခံ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
“ချက်ချင်းသေဆုံးတာ၂ ယောက်၊ဒဏ်ရာရတာ ၁၂ ယောက်လို့စာရင်းရထားပါတယ်။ စာရင်းသေချာမလုပ်နိုင်သေးတဲ့အတွက် ထပ်
တိုးတာတွေ ရှိနိုင်သေးတယ်။ဒဏ်ရာပြင်းတဲ့သူတွေကိုလည်း ညတွင်းချင်း ဆေးရုံပို့ထားပါ တယ်” လို့ ရသေ့တောင်ဒေသခံ အုပ်ချုပ်ရေးဌာန ဝန်ထမ်းတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ဟာအောက်တိုဘာလ ၃ ရက် မနက်အစောပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာ ကို ဗုံးကြဲခဲ့တာကြောင့်အဲဒီရွာမှ အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ရပါတယ်။
အလားတူ စစ်တပ်ကအောက်တိုဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာလည်းကျောက်တော်မြို့နယ် ဇီးချောင်းဆည်အနီးတဝိုက်၊ သကြားစက် ဘုန်းတော်ကြီးကျောင်း၊ ကျောက်ဖြူမြို့နယ် စနဲမြို့အနီးတဝိုက်နဲ့ သံတွဲမြို့ပေါ် အမှတ်(၆)ဗောဓိကုန်းရပ်ကွက်တို့ ကို ဗုံးကြဲခဲ့တာကြောင့် ကျောက်တော်မြို့မှ သံဃာတော် ၁ ပါးနဲ့ သံတွဲမြို့မှ ဒေသခံ ၂ ဦးတို့ ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ ဗုံးကြဲခဲ့တာကြောင့် ၁ ဦးသေဆုံး ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရပါတယ်။
စစ်တွေတိုက်ပွဲအတွင်း စစ်ကြောင်းလိုက် သေဆုံးပြီး တပ်စခန်းတွေလက်လွှတ်နေရတဲ့ စစ်တပ်ဟာ စစ်တွေနဲ့ ထိ စပ်နေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့အပြင် ပြည်သူတွေနေထိုင်တဲ့ မြို့၊ရွာတွေကို လေကြောင်းကနေ ဗုံးတွေ ဆက်တိုက်ကြဲချတိုက်ခိုက်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ဂစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၀ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
လူထုနွေဦးက စုဆောင်းထားတဲ့အချက်အ
လက်တွေအရစက်တင်ဘာ ၄ ရက်နေ့ ကနေ အောက်တိုဘာ ၃ ရက်နေ့မနက်ပိုင်းထိ တစ်လခန့်အတွင်း ရခိုင်ပြည်နယ်မှာ စစ်တပ်ဗုံး
ကြဲလို့ ၊လက်နက်ကြီးနဲ့ပစ်ခတ်လို့သေဆုံးခဲ့တဲ့ပြည်သူ ၆၄ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၁၂၉ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

🤬39❤2👎1🔥1👏1🎉1😡1
ခမောက်ကြီးမြို့နယ်မှာစစ်ကြောင်းဝင်လာလို့ ထိုင်းဘက်ကို ထွက်ပြေးတဲ့ စက်လှေတိမ်းမှောက်ပြီး စစ်ရှောင်နှစ်ဦးသေဆုံး
အောက်တိုဘာ-၃၊၂၀၂၆။ဇော်ရမ်း/People's Spring
တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်
တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေ
သခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
ခမောက်ကြီးမြို့နယ်အတွင်းစစ်တပ်တွေ စစ်
ကြောင်းထိုးဝင်ရောက်မှုနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေနဲ့ ပတ်သက်ပြီးလို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအောက်တိုဘာလ(၃)
ရက်မှာ ထုတ်ပြန်တာပါ။
ကော့သောင်းတပ်နယ်နဲ့ ခမောက်ကြီးတပ်
နယ်ကနေ စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ထွက်လာတဲ့ အင်အား ၁၅၀ခန့်ပါစစ်တပ်စစ်ကြောင်းဟာ ဒေသတွင်းမှာ အရပ်သားတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ခမောက်ကြီးမြို့နယ်၊အောင်ချမ်းသာကျေး
ရွာ၊လုံးဖောကျေးရွာတို့မှာ ဒေသခံ ၁၃ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီး စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်ထားတယ်လို့ အသိပေးထားပါတယ်။
စက်တင်ဘာလ ၂၇ရက်နေ့မှာလုံးဖောကျေး
ရွာအတွင်း ဝင်လာလို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးထိုင်းနိုင်ငံဘက်သို့ စက်လှေနဲ့ ထွက်ပြေးစဉ် စက်လှေတိမ်းမှောက်လို့ ပြည်သူနှစ်ဦး သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေကိုမသိရသေးပါဘူး။
စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်းတိုက်ခိုက်နေပါတယ်။စက်တင်ဘာလ ၅ရက်နေ့တက အောင်ချမ်းသာကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သားလေးဦး သေဆုံးပြီး ၁၀ဦးထက်မနည်းဒဏ်ရာ ရသွားတယ်လို့ လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်တပ်ကစစ်ကြောင်းထိုးနေသလိုလူ့အခွင့်
အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူး
လွန်တယ်အတွက်ဒေသခံပြည်သူတွေ စစ်ရေးသတိ၊ စစ်ရေးအသိ အမြဲမပြတ် ရှိကြဖို့လည်း တိုက်တွန်းထားပါတယ်။
တနင်္သာရီတိုင်းအတွင်းလောင်းလုံး၊ ထား
ဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလ၂၆ရက်နေ့ကစပြီး ရေဘေးကြုံတွေ့နေတာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပြီး ဒေသခံတွေအတွက် အရေးပေါ်အကူအညီတွေလို
အပ်နေပါတယ်။
ရေဘေးသင့် ဒေသတွေမှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီးအရပ်သားတွေကိုဖမ်းဆီးနေသလို ထားဝယ်မြို့နယ်က လူငယ်တွေကိုလည်း ပေါ်တာစွဲဖမ်းဆီးနေပါတယ်။ဘေးသင့်ဒေသတွေကိုလည်း လေကြောင်းတိုက်
ခိုက်မှုတွေလည်းဆက်တိုက်လုပ်နေပါတယ်။
စက်တင်ဘာလ၃၀ရက်နေ့က ထားဝယ်အရှေ့တောဒေသ ရေဝိုင်းရွာကို လေယာဉ်နဲ့ဗုံးကြဲခဲ့ပြီး အောက်တိုဘာလ၁ရက်နေ့မှာတော့ သ
ရက်ချောင်းမြို့နယ်ထဲကို လေကြောင်းကနေဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပတ်ချာလည်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ထားဝယ်ခရိုင်ထဲက ရေဖြူမြို့နယ်နဲ့လောင်းလုံးမြို့နယ်ထဲမှာလည်း မြေပြင်စစ်
ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
ရေဘေးနဲ့ မြေပ်ြိုမှု ဘေးကြုံတွေ့နေတဲ့ ဒေသတွေကို စစ်တပ်က ပြည်သူအသွင်ယူပြီး စိမ့်ဝင်နေတဲ့အတွက်လည်း ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ အလံဖြူထောင်သွားလာခြင်းမပြုကြဖို့ တနင်္သာရီတိုင်းစစ်ဌာနနည်း
ဗျူဟာ(၃၃)က ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေ သဘာဝဘေးရင်ဆိုင်နေရချိန်မှာလေကြောင်းတိုက်ခိုက်တဲ့လုပ်ရပ်အပေါ် ကန့်
ကွက်ရှုတ်ချကြောင်းတနင်္သာရီဖက်ဒရယ်ယူ
နစ် ဖော်ဆောင်ရေးကောင်စီကလည်း ထုတ်ပြန်ထားပါတယ်။

🤬26❤6😢6👍1👎1👏1🎉1
ကျိုက်ထိုမှာ စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ ကလေးငယ် ၁ဦး သေဆုံး
အောက်တိုဘာ ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်လို့ ကလေးငယ် ၁ဦး သေဆုံးကာ အရပ်သားအချို့ ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၂ရက် နေ့လည်ပိုင်းမှာ စစ်တပ်ရဲ့ တပ်မ (၄၄) က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကျိုက်ထိုမြို့နယ် ဇီးကုန်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၃နှစ် အရွယ် ကလေးငယ် သေဆုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ကျိုက်ထိုမြို့နယ် မဲရုံကြီးရွာ သုဿန်အနီး ပေါက်ကွဲခဲ့လို့ အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာလဆန်းနဲ့ စက်တင်ဘာလအတွင်းမှာ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေကြောင့် ပြည်သူသေဆုံးထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ လကုန်ပိုင်းမှာ KNU သထုံခရိုင် အတွင်းရှိ ကျိုက်ထိုမြို့နယ် ကျောက်ဖျာ၊ ဝင်းကံ၊ ခရွဲ၊ ငှက်ပျောတော စတဲ့ ကျေးရွာအုပ်စုတွေအတွင်းက ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲမရှိဘဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ စက်တင်ဘာ ၂၂ရက်ကလည်း တပ်မ(၄၄) က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာအုပ်စုအတွင်းရှိ ရာဘာခြံမှ ခြံလုပ်သား ၁ဦး သေဆုံးခဲ့ရသလို ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၄ရက်ကလည်း ကျိုက်ထိုမြို့နယ် အလူးကျေးရွာအုပ်စု ရှမ်းစုရွာအတွင်း လက်နက်ကြီးကျလို့ ၉နှစ်ကလေးငယ် ဒဏ်ရာရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ထားပါတယ်။

🤬29❤5👎1🔥1👏1🎉1😡1
ခလရ(၅၀)က စစ်သား ၂ဦး လက်နက်တွေယူလာပြီး ဂန့်ဂေါ ပကဖထံ အလင်း၀င်
အောက်တိုဘာ-၃ ၊၂၀၂၆။ဇော်၀င်း /People's Spring
မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
တပ်ကြပ် မြတ်သူနဲ့ စစ်မှုထမ်းတပ်သားသစ် ဖြိုးထက်လင်းတို့ ၂ဦးဟာ သေနတ် ၂လက်နဲ့ ကျည် တချို့ယူဆောင်လာတယ်လို့ ဆိုပါတယ်။
"ပေါ်တာဆွဲခံရတဲ့သူတွေ ။အသေးစိတ်ကိုတော့ လောလောဆယ် စစ်ဆေးမေးမြန်းဆဲ"လို့ အထက်ပါတာ၀န်ရှိသူက အလင်း၀င်လာသူတွေနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။
အလင်း၀င်လာတဲ့ တပ်သား ၂ဦးကို ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဆုငွေ ကျပ်သိန်း ၅၀စီ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ အသိပေးပါတယ်။
ခလရ(၅၀)တပ်ရင်းဟာ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကြောင်းထိုးတာ နဲ့ လက်နက်ကြီးတွေနဲ့ အထိုင်ချကာ မကြာခဏ ပစ်ခတ်မှုတွေ လုပ်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ဆိုပါတယ်။
ဒါ့အပြင် အဲဒီတပ်ကနေ ထွက်ပြေးလွတ်မြောက်လာသူ တွေရှိပြီး ဒေသတွင်းတော်လှန်ရေးတပ်တွေထံ ခိုလှုံထားတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ထံကနေ အလင်းဝင်လာသူတွေကို ကူညီနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၂၆ ဇန်နဝါရီကနေ သြဂုတ်အထိ အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်းစာရင်းတွေအရ ၁၂၄၄ ဦးရှိပါတယ်။

👍34🥰5❤4👏4👎1🤣1🖕1
ချောင်းဦးမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု စစ်ရှောင် ၂ဦး သေဆုံး
အောက်တိုဘာ ၃-၂၀၂၆။မိုမို၊ကတ်သရင်း/ People's Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာ
သိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။
မုံရွာခရိုင်တပ်ရင်း(၁၅)ရဲ့တပ်ရင်းမှူးဟောင်း၊ လက်ရှိ ချောင်းဦးမြို့နယ်(6+1)တပ်ပေါင်းစုရဲ့တပ်ရေးဗိုလ်ပျံလွှား(ခေါ်)ဝေဇင်အောင်
(ခေါ်)ဝေကြီးဟာ စစ်တပ်ထံ အညံ့ခံသွားပြီးနောက် မုံရွာခရိုင်အတွင်းက နေရာတချို့ကို အောက်တိုဘာ၂ရက်ညနေပိုင်းကတည်းကလေကြောင်းကနေ ဗုံးကြဲခဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"စစ်ဘေးရှောင်စခန်းအကုန်လုံးနီးပါးပျက်စီးသွားတယ်။ဗုံးကြဲခံရတဲ့ နေရာမှာ အမျိုးသား ၂ဦးဆုံး။တစ်ဦး ဒဏ်ရာရတယ်"လို့ မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၃ရက် မနက်ပိုင်းကတည်းက ဂျက်ဖိုက်တာ နဲ့ ရဟတ်ယာဉ်တွေ ၄စီးထက်မနည်းသုံးကာ စစ်တပ်ရဲ့ လေကြောင်းခြိမ်းခြောက်မှုတွေ ဆက်ရှိနေတယ်လို့ ချောင်းဦးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
"လေကြောင်းတိုက်ခိုက်မှုတွေက လာနိုင်သေးတယ်။ဒီမနက်တင်လေးစီးလောက်ဝဲနေတာ"
လို့ သူကဆက်ပြောပါတယ်။
အောက်တိုဘာ ၁ရက် ညနေပိုင်းမှာ ပျံလွှားဟာ စစ်တပ်ထံ အညံ့ခံသွားတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ၎င်းဟာ ကျပ်သိန်း ၁၀၀ကျော်နဲ့သေနတ် ၁လက်ပါသွားတယ်လို့ သိရပါတယ်။
ဒေသခံတော်လှန်ရေးရဲဘော်တဦးကလည်း "အခုလောလောဆယ်သူတယောက်တည်း ပေါင်းသွားတယ်လို့သတင်းရတယ်။သူပေါင်းပြီးတဲ့နောက် နေခဲ့တဲ့နေရာ နဲ့ ဆေးရုံကို ဗုံးကြဲသွားတယ်။တပ်ရင်းကရဲဘော်တွေကအရင်ကတည်းကတပ်ပေါင်းစုဖွဲ့ထားပြီးပြီမို့အ
ဆင်ပြေပါတယ်"လို့ပြောပါတယ်။
ပျံလွှားဟာမုံရွာခရိုင်တပ်ရင်း(၁၅) စတင်တည်ထောင်စဥ်က တပ်ရင်းမှူးအဖြစ်တာဝန်ယူခဲ့ပေမယ့် ချောင်းဦးမြို့နယ်မှာ တော်လှန်
ရေးအဖွဲ့ ၇ဖွဲ့ ပူးပေါင်းပြီး (6+1)တပ်ပေါင်းစုဖွဲ့ပြီးနောက် ပျံလွှားဟာ တပ်ရေးဗိုလ်အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။
ဒါ့အပြင် ချောင်းဦးမြို့နယ်၊ ထန်းတောကုန်းရွာအနီးဝန်းကျင်နဲ့ အရာတော်မြို့နယ်တောင်ခြမ်း၊ ကံရင်းကျေးရွာကိုလည်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ (၂) ဦးဒဏ်ရာရခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
လေကြောင်းဆိုင်ရာသတင်းအချက်အလက်တွေအရစစ်တပ်ကအရာတော်မြို့နယ်တောင်ခြမ်းကိုတံတား ဦးကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မနေ့က ညနေ ၄နာရီ ၄၀မိနစ်မှာ ၁ကြိမ်၊ မိတ္ထီလာရှမ်းတဲကတက်လာတဲ့ဂျက်ဖိုက်တာနဲ့ ညနေ ၄ နာရီ ၄၅ မိနစ်မှာ ၁ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ချောင်းဦးမြို့နယ်လည်း မိတ္ထီလာရှမ်းတဲလေတပ်ကတက်တဲ့ ဂျက်ဖိုက်တာ ၂ စီး နဲ့ လေကြောင်တိုက်ခိုက်ခဲ့ပါသေးတယ်။

🤬32❤5👎4😡2👏1🎉1
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးတွေနဲ့ သေဆုံးခဲ့တဲ့ပြည်သူရုပ်အလောင်း။ ဓာတ်ပုံ -ပေးပို့
🤬32👎3😭3❤2👏1🤩1😡1

🤬32❤3😡2👎1👏1🎉1