မုံရွာခရိုင်တပ်ရင်း(၁၅)ရင်းမှူးဟောင်း၊ချောင်းဦး(6+1)တပ်ပေါင်းစုတပ်ရေးဗိုလ်ပျံလွှား စစ်တပ်နဲ့ပူးပေါင်းသွားပြီးနောက် စစ်တပ်ကလေကြောင်းမှတိုက်ခိုက်လို့ပြည်သူသေဆုံးထိခိုက်မှုများ
အောက်တိုဘာ၂-၂၀၂၆။ကတ်သရင်း/ People's Spring
စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က မုံရွာခရိုင်တပ်ရင်း(၁၅)ရဲ့တပ်ရင်းမှူးဟောင်း၊လက်ရှိ ချောင်းဦးမြို့နယ်(6+1)တပ်ပေါင်းစုရဲ့တပ်ရေးဗိုလ် ပျံလွှား (ခေါ်) ဝေဇင်အောင် (ခ) ဝေကြီး ဟာ စစ်တပ်နဲ့ ပေါင်းသွားပြီးနောက် မုံရွာခရိုင်အတွင်းက နေရာတချို့ကို စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် ပြည်သူအများအပြားသေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အောက်တိုဘာလ၁ရက် ညနေပိုင်းမှာ ပျံလွှားဟာ စစ်တပ်နဲ့ ပေါင်းသွားတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါ
ပါတယ်။ ဒါပေမယ့်အချို့က အဖမ်းခံရတာလို့ပြောတာလည်းရှိပါတယ် ။
အောက်တိုဘာလ ၁ရက်ညနေ ၆ နာရီအချိန်
ခန့်မှာ မုံရွာမြို့နယ်၊ မြေနဲကျေးရွာ (စစ်တပ်ရှိ) နဲ့ အောင်သာကျေးရွာကြား မုံရွာ - မန္တလေး လမ်းပိုင်းအား ဖြတ်ကူးစဥ်စစ်တပ်က ပစ်
ခတ်ဖမ်းဆီးသွားတယ်လို့ ကနဦးသတင်း
ထွက်ခဲ့ပေမယ့် အမှန်မှာ စစ်တပ်ဂိတ်သို့သွားရောက်ပူးပေါင်းခဲ့တာလို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
၎င်းနဲ့အတူကျပ်သိန်းတစ်ရာကျော်နဲ့သေနတ် (၁ ) လက်ပါသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကလည်း
"အခုလောလောဆယ်သူတယောက်တည်း ပေါင်းသွားတယ်လို့သတင်းရတယ်။သူပေါင်းပြီးတဲ့နောက်နေခဲ့တဲ့နေရာ နဲ့ ဆေးရုံကို ဗုံးကြဲသွားတယ်။တပ်ရင်းကရဲဘော်တွေကအရင်ကတည်းကတပ်ပေါင်းစုဖွဲ့ထားပြီးပြီမို့အဆင်
ပြေပါတယ်"လို့ ပြောပါတယ်။
ပျံလွှားဆိုသူဟာမုံရွာခရိုင်တပ်ရင်း(၁၅)
စတင်တည်ထောင်စဥ်က တပ်ရင်းမှူးအဖြစ်တာဝန်ယူခဲ့ပေမယ့် ချောင်းဦးမြို့နယ်မှာ တော်လှန်ရေးအဖွဲ့ ခုနှစ်ဖွဲ့ ပူးပေါင်းပြီး
(6+1)တပ်ပေါင်းစုဖွဲ့ပြီးနောက်ပျံလွှားဟာ တပ်ရေးဗိုလ်အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။ပျံလွှားစစ်တပ် နဲ့ပေါင်းပြီးတော့ ဒီနေ့ညနေပိုင်းမှာ စစ်တပ်ကလေကြောင်းကနေ ဆက်တိုက်လာရောက်တိုက်ခိုက်ခဲ့တာလို့
တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ်။
ပျံလွှားစစ်တပ်နဲ့ပေါင်းသွားပြီးနောက် ဒီနေ့ ညနေ ပိုင်းမှာချောင်းဦးမြို့နယ်၊ ထန်းတောကုန်းရွာအနီးဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ၇ကြိမ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ (၈) ဦးသေဆုံးပြီး (၇) ဦးဒဏ်ရာရခဲ့တယ်လို့ကနဦးသတင်းရရှိပါတယ် ။ဒဏ်ရာရသူတွေထဲမှာ ၅ ဦးကပြင်းထန်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ဒါ့အပြင် မုံရွာခရိုင်၊အရာတော်မြို့နယ်တောင်
ခြမ်း၊ ကံရင်းရွာကိုလည်းစစ်တပ်က လေ
ကြောင်းမှတိုက်ခိုက်ခဲ့ပြီး ပြည်သူ (၂) ဦးဒဏ်ရာရခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ် ။
စစ်တပ်က အရာတော်မြို့နယ်တောင်ခြမ်းကို
တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာဖြင့်ညနေ ၄နာရီ ၄၀မိနစ်မှာတစ်ကြိမ်၊ မိတ္ထီလာရှမ်းတဲကတက်လာတဲ့ဂျက်ဖိုက်တာဖြင့်
ညနေ ၄ နာရီ ၄၅ မိနစ်တစ်ကြိမ်လေကြောင်းမှတိုက်ခိုက်ခဲ့ပါတယ် ။
ဒါ့အပြင် ချောင်းဦးမြို့နယ်အတွင်းကိုလည်း မိတ္ထီလာရှမ်းတဲလေတပ်ကတက်တဲ့ ဂျက်ဖိုက်တာ ၂စီး နဲ့ ညနေ ၄ နာရီ ၅၀ မိနစ် ခန့်၊ ၄ နာရီ ၄၃မိနစ် ခန့်၊ ၄ နာရီ ၄၅ မိနစ် ခန့်၊ ၄ နာရီ ၅၉ မိနစ် ခန့် တို့မှာ စုစုပေါင်းဗုံး ၄ ကြိမ် ဗုံးကြဲခဲ့ပါတယ်။ ဒါ့အပြင်ညောင်ဦးလေဆိပ်တက် MI -35 တစ်စီးကလည်း ညနေ ၅ နာရီ ၅ မိနစ်အချိန် မှာချောင်းဦး မြို့နယ်အတွင်း လေ
ကြောင်းကနေတိုက်ခိုက်ခဲ့ပါသေးတယ် ။
ပျံလွှားဟာ စစ်တပ်နဲ့ပူးပေါင်းသွားတာ
ကြောင့်သူနဲ့ဖေစ်ဘွခ်အပါအဝင် လူမှုကွန်ယက်မှာ Friend ဖြစ်နေရင် unfriend လုပ်ထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ ပြည်သူအချို့ကြား အပြန်အလှန်သတိပေးနေကြပါတယ်။

😡24🤬10❤5👍4👎2🔥1👏1🎉1
စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဗိုက်ထဲကကလေးပါမကျန် သေဆုံးသွားခဲ့ကြရတဲ့အရပ်သားပြည်သူတွေနဲ့သူတို့ရဲ့ ကျန်ရစ်မိသားစုတွေ ပူဆွေးသောကရောက် ငိုကြွေးနေကြတဲ့အပေါ် ဘယ်လိုသဘောထား အမြင်ရှိပါသလဲ။
ဒီမေးခွန်းတွေအတွက်အဖြေကို စစ်တပ်လော်ဘီတစ်ယောက်ကတော့ စောလျင်စွာပဲ လူသိရှင်ကြား ထုတ်ဖော် ဖြေဆိုထားပါတယ်။
မပုတုဆိုသူ စစ်တပ်လော်ဘီ အမျိုးသမီးတစ်ဦးပါ။ ကျောက်တော်ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့သတင်းတွေကြားပြီးချိန် ချက်ချင်းဆိုသလိုပဲ “ဒီနေ့သောက်တဲ့ ရခိုင်မုန့်တီကပိုပြီးအရသာရှိတယ်။ မိုးအေး
အေးနဲ့ ဆွေးရတာ ဖီးလ်ပဲ”ဆိုတဲ့ စကားနဲ့အတူ ရခိုင်မုန့်တီကို စားပြတဲ့ဗီဒီယိုကလစ်တစ်ခု TikTok မှာ တင်ခဲ့သလို အဆိုတော်ကိုင်ဇာရဲ့ “ကစ္ဆပနဒီလှိုင်းသံ” ဆိုတဲ့သီချင်းကိုလည်းနောက်ခံအဖြစ်ထည့်သုံးထားပါသေးတယ်။အဲဒီနေ့မှာပဲ နောက်ထပ်ဗီဒီယိုကလစ်တစ်ခုကို TikTok မှာ ထပ်တင်လာခဲ့ပြီး အဲဒီထဲမှာလည်းအတော်လေးဆိုးဝါးတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့အတူ ထိခိုက်သေဆုံးရတဲ့ ပြည်သူတွေအပေါ် စော်ကားပြော ဆိုမှုတွေ ပြုထားပါသေးတယ်။
ပြည်သူတွေထိခိုက်သေဆုံးရလို့ စိတ်မကောင်းဖြစ်၊ ဝမ်းနည်းနေချိန် ဒီဗီဒီယိုကလစ်တွေကို တွေ့လိုက်ရတော့ စိတ်ထဲမှာအတော်လေးနေလို့မကောင်းဖြစ်ခဲ့ရပါတယ်။ အကြောင်းရင်းက ကျောက်တော်ဖြစ်စဉ်နဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြည်သူတစ်ယောက်အနေနဲ့ တားမြစ်ဆန့်ကျင်ရမယ့်အစား၊ ကန့်ကွက်ရှုတ်ချရမယ့်အစား အကြမ်းဖက်မှုအပေါ် စိတ်လိုလက်ရ အားပေးအား မြှောက်လုပ်လာတဲ့အတွက်ကြောင့်ပါ။ “သူက နဂိုကတည်းက စစ်တပ်အားပေး ထောက်ခံသူပဲ”ဆိုတာမျိုးနဲ့ ဖြေ သိမ့်တွေးတွေးပေးလို့ မရပါဘူး။ ဒါဟာ လက်နက်ကိုင်တပ်ဖွဲ့ချင်းဖြစ်တဲ့ တိုက်ခိုက်မှုမဟုတ်ပါဘူး။ ပြည်သူလူထု အပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်တာ၊ အပြစ်မဲ့ပြည်သူ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတာသာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကုလအပါအဝင် နိုင်ငံတကာက လက်မခံဘဲ ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချနေကြတာပါ။
နောက်တစ်ယောက်ရှိပါသေးတယ်။ စစ်တပ်လော်ဘီကျော်မျိုးမင်းပါ။သတင်းသမားအမည်ခံ ကျော်မျိုးမင်းဟာ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် ချဉ်းကပ်တဲ့အခါ စစ်တပ်ထောက်ခံသူပီပီ စစ်တပ်ဘက်ကို အသာစီးအကြည့်၊ တစ်ဖက်စောင်းအမြင်တွေနဲ့ ကြည့်မြင်ပြောဆိုချက်တွေကြောင့် ဝေဖန်ခံရမှုတွေနဲ့ ကြုံရသူတစ်ယောက်ဖြစ်ပါတယ်။ အခု ကျောက်တော်ဖြစ်စဉ်မှာလည်း သူဟာထိုနည်းတူပါပဲ။
အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အပေါ် သူက “ဒုတိယကမ္ဘာစစ်ကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ။ ဒေသတစ်ခုနဲ့တစ်ခု။ စစ်တပ်တစ်တပ်နဲ့တစ်တပ်။ မြို့တစ်မြို့နဲ့ တစ်မြို့။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ကြခိုက်ကြတဲ့ အခါမှာ ကိုယ့်မှာရှိတဲ့ အားသာမှုကို အသုံးချပြီးပဲ တိုက်တယ်။ ဘယ်သူ ကမှတော့ ကိုယ့်မှာ ဓားရှိလျက်နဲ့ လက်သီးနဲ့ ပြေးမထိုးဘူး။ ကိုယ့်မှာသေနတ်ရှိလျက်နဲ့သေချာတယ် ဘောလ်ပင်လေးနဲ့လှမ်းမထိုးဘူး”ဆိုတဲ့စကားကို ပြောခဲ့ ပါတယ်။
ဒီနေရာမှာ ကျော်မျိုးမင်းကို တစ်ခုပဲမေးချင်တာက အခုအာဏာသိမ်းစစ်တပ်ဗုံးကြဲခဲ့တဲ့နေရာဟာ စစ်ရေး ပစ်မှတ်နေရာလား။ အများပြည်သူတွေ သွားလာကျင်လည်နေထိုင်ရာနေရာလားဆိုတဲ့တစ်ချက်ကိုပဲ အရင်ဖြေ ကြည့်စေချင်တာပါ။
အခုအာဏာသိမ်းစစ်တပ် ဗုံးကြဲခဲ့တဲ့နေရာဟာ ဓား-ဓားချင်း၊ သေနတ်-သေနတ်ချင်း ယှဉ်ခုတ်၊ ယှဉ်ပစ်ရမယ့်နေရာ မဟုတ်နေဘူးဆိုတာ မြန်မာလူထုသာမက ကမ္ဘာကပါသိပါတယ်။ ဒီကျောက်တော်ဖြစ်စဉ်မှာ မပုတုလို၊ ကျော်မျိုး မင်းလို အကြမ်းဖက်အားပေး၊ စစ်ရာဇဝတ်မှုအပေါ် ထောက်ခံတဲ့အခြားသော စစ်တပ်လော်ဘီများစွာလည်း ရှိနေပါ သေးတယ်။ သူတို့ဟာ စစ်တပ်ကကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတိုင်းမှာဆန့်ကျင်တားမြစ်၊ကန့်ကွက်ရှုတ်ချရမယ့်အစားအားပေးအားမြှောက်ပြုသူတွေအဖြစ် အခိုင်အမာတည်ရှိနေသူတွေပါ။
အာဏာသိမ်းစစ်တပ် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နာမည်ကြီးဖြစ်စဉ်တွေဖြစ်တဲ့ လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက်၊ ကျောက်တော်တို့အပါအဝင် အာဏာ
သိမ်းစစ်တပ်ဘက်က လူအစုလိုက်အပြုံ
လိုက်သတ်ဖြတ် မှု၊ အကြမ်းဖက်မှုဖြစ်စဉ်တိုင်းမှာ စစ်တပ်လော်ဘီတွေဟာ အဲဒီသူတို့ထောက်ခံတဲ့စစ်တပ်ဘက်ကိုသာ ဖာထေး ဝန်းရံပေးခဲ့ရုံသာမက နောက်ထပ်၊ နောက်
ထပ်သော စစ်ရာဇဝတ်မှုတွေ ကျူးလွန်လာအောင်၊ လူအစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုတွေကို လက်မရွံ့ကျူးလွန်လာအောင် သွေးထိုးလှုံ့ဆော်ပေးနေသူတွေဖြစ်တယ်ဆိုတာ သူတို့ရဲ့ ပြောဆိုချက်၊ ရပ်တည်ချက်တွေကနေ သိသာထင်ရှားစွာ တွေ့မြင်ရပါတယ်။
ဒီတော့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ကျူးလွန်လာသမျှ စစ်ရာဇဝတ်မှုတွေ တိုင်းမှာ အဲဒီစစ်တပ်လော်ဘီတွေဟာလည်း ပူးတွဲတရားခံတွေဖြစ်တယ်ဆိုတာပါပဲ။
https://www.ludunwayoo.com/opinion-mm/2026/10/02/169843/

LuduNwayOo
စစ်တပ်လော်ဘီ (သို့) စစ်ရာဇဝတ်မှု ပူးတွဲတရားခံ | LuduNwayOo
ရခိုင်ပြည်နယ်ထဲကကျောက်တော်ကိုအာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတယ်။ပြည်သူ ၅၀ ကျော်သေတယ်။ ရှာမရသေးတာ။ အစအနပျောက်သွားတာတွေ ရှိသေးတယ်။ပြည်သူ ၆၀ ကျော်ထိခိုက်ဒဏ်ရာရတယ်။
👍27❤7🤬5🔥1🤣1🖕1
လူတစ်ယောက်ဟာ သူ့ရဲ့အမြင်၊ သူ့ရဲ့ယုံ
ကြည်ချက်၊ သူ့ရဲ့လူ့ဂုဏ်သိက္ခာနဲ့ လွတ်လပ်စွာ အသက်ရှင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ ပြန်တည်ဆောက်ခွင့်ရကြမှာပါ။ အဲဒီအလုပ်ကို ဘယ်အာဏာရှင်တစ်ယောက်ကမှ လွယ်လွယ်နဲ့တော့ ခွင့်ပြုမှာမဟုတ်ပါဘူး။ ပြည်သူတွေကိုယ်တိုင်၊ ပညာရှင်တွေကိုယ်တိုင်၊ လူငယ်တွေကိုယ်တိုင်၊ နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေကိုယ်တိုင် တစ်ယောက်တစ်ဖက်ကပါဝင်ပြီးတည်ဆောက်နိုင်မယ့်နေ့ ရောက်လာမယ်လို့ ယုံကြည်ပါတယ်။
တစ်နေ့ကျရင် ဒီနေ့တွေကို ပြန်မှတ်မိကြမယ်။ မီးမလာတဲ့ညတွေကို။ ဈေးတက်လို့မဝယ်နိုင်ခဲ့တဲ့နေ့တွေကို။ ဆေးရှာမတွေ့လို့ စိတ်ပူခဲ့ရတဲ့အချိန်တွေကို။ ကျောင်းမတက်နိုင်ခဲ့တဲ့ ကလေးတွေကို။ နိုင်ငံခြားထွက်သွားတဲ့ သူငယ်ချင်းတွေကို။မိသားစုနဲ့ ဝေးကွာသွားတဲ့သူတွေကို။ ဆုံးရှုံးခဲ့ရတဲ့သူတွေကို။
အဲဒီအချိန်မှာ တစ်ယောက်ကိုတစ်ယောက် ပြန်ပြောကြမယ်။ “ဒီအရာတွေကို ငါတို့ မေ့မသွားဘူး။ ဒါပေမယ့် ဒီအရာတွေကြောင့် ငါတို့နိုင်ငံကိုလည်း မစွန့်လွှတ်ဘူး”လို့။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဆိုတာ အာဏာရှိသူတစ်ယောက်ရဲ့လက်ထဲမှာပဲ ရှိတာမဟုတ်ဘူး။ စိတ်ပျက်နေတဲ့ပြည်သူတစ်ယောက်ရဲ့ မျှော်လင့်ချက်ထဲမှာလည်း ရှိပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေရတဲ့ လူငယ်တစ်ယောက်ရဲ့ အိပ်မက်ထဲမှာလည်း ရှိပါတယ်။ CDM ဆရာမတစ်ယောက်ရဲ့ လက်ထဲမှာလည်း ရှိတယ်။ တောထဲမှာဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ယောက်ရဲ့ လက်ထဲမှာလည်း ရှိတယ်။ ကိုယ့်ရဲ့မြေယာကို စွန့်ခွာပြေးရတဲ့ တောင်သူတစ်ယောက်ရဲ့ လက်ထဲမှာလည်း ရှိပါတယ်။ PDF လူငယ်လေးတယောက်ရဲ့ လက်ထဲမှာလည်း ရှိပါတယ်။ ပြီးတော့ ဒီနေ့အခြေအနေကို မကျေနပ်ပေမယ့် မနက်ဖြန်အတွက်မျှော်လင့်ချက်ကိုမစွန့်လွှတ်သေးတဲ့ ငါတို့အားလုံးရဲ့လက်ထဲမှာလည်း ရှိပါတယ်။
တစ်နေ့တော့ ပြန်တည်ဆောက်ကြမယ်။ တို့ရဲ့ သားသမီးတွေ အေးအေးချမ်းချမ်းနဲ့ လူဖြစ်ခွင့်ရဖို့၊ လူတ်ိုင်း ကိုယ်တိုင် လူသားတစ်ယောက်လို ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့။ ပြီးတော့ “ဒီနိုင်ငံဟာ ငါတို့နိုင်ငံပဲ” လို့ ပြန်ပြောနိုင်ဖို့အတွက်။
အဲဒီနေ့ရောက်တဲ့အခါခံခဲ့ရတဲ့နာကျင်မှုတွေဟာအလဟဿဖြစ်မနေစေရဘူး။ဘာလို့လဲဆိုတော့ပြန်တည်ဆောက်မယ့်မြန်မာနိုင်ငံဟာအရင်လိုပဲပြန်ဖြစ်ဖို့မဟုတ်ဘဲ၊အရင်ထက် ပိုကောင်းတဲ့ နိုင်ငံဖြစ်ဖို့ ဖြစ်ရမယ်။
https://www.ludunwayoo.com/opinion-mm/2026/09/28/169464/

ငါတို့ရဲ့နိုင်ငံကို တစ်နေ့တော့ ပြန်တည်ဆောက်ကြမယ် | LuduNwayOo
မြန်မာနိုင်ငံသားတို့ ငရဲကျရောက်ခဲ့ရတာ ခုဆို ရက်ပေါင်း နှစ်ထောင်ကျော်ခဲ့ပါပြီ။ ပြည်သူ့အစိုးရလက်ထက်က ၅ နှစ်တာကာလကို ပြန်တွေးမိတိုင်း အခုချိန်မှာ ပိုပြီးတန်ဖိုးထားမိတယ်။ အဲဒီအချိန်တုန်းကတော့ နေ့စဉ်ဘဝမှာ ကိုယ်လုပ်စရာရှိတာကို ကိုယ်အေးအေးချမ်းချမ်း လုပ်ကိုင်ရင်း…
❤45👍13🥰2🔥1🤣1🖕1
AA ထိုးစစ်အရှိန်မြင့်လာပြီး စစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်နေ
●စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို
AAထပ်မံသိမ်းပိုက်
အောက်တိုဘာ-၃၊၂၀၂၆။ခိုင်မြတ်/People's Spring
ရခိုင်ပြည်နယ်အတွင်းစစ်တပ်ထိန်းချုပ်ထားတဲ့သုံးမြို့နယ်ထဲမှ စစ်တွေနဲ့ ကျောက်ဖြူမြို့ နယ်ကစစ်စခန်းတွေကို အာရက္ခတပ်တော်
(AA)က အရှိန်အဟုန်မြင့် ထိုးစစ်ဆင်နေပြီး မြေပြင်တိုက်ပွဲတွေ ပြင်းနေကြတယ် လို့ AA သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရခဲ့တဲ့ စစ်တပ်ရဲ့ကျောက်တော်မြို့ဗုံးကြဲမှုအပြီးမှာ AA က ထိုးစစ်အရှိန်ကို မြင့်လာခဲ့တာဖြစ်ပါတယ်။
“ကိုယ့်ဘက်က ပြင်းပြင်းထန်ထန်ထိုးစစ်လုပ်နေတယ်။စစ်တွေမှာရော၊ ကျောက်ဖြူမှာရော တိုက်ပွဲပြင်းနေတယ်။စစ်တွေမှာဆိုရင် တောကန်၊သိန်းတန်၊နာရီကန်ဘက်မှာတပြိုင်တည်း ထိုးနေတယ်လို့ သိရတယ်။ကျောက်ဖြူ မှာလည်း စစ်မျက်နှာနှစ်ခုလောက်မှာ တိုက်ပွဲဖြစ်နေတယ်” AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်တွေမြို့နယ်အတွင်း စက်တင်ဘာလနောက်ဆုံးပါတ်မှာတိုက်ပွဲတွေခတ္တရပ်နေခဲ့ရာစက်တင်ဘာ ၃၀ ရက်ကစ တိုက်ပွဲပြန်ဖြစ်ခဲ့ တာဖြစ်ပါတယ်။အောက်တိုဘာလဆန်းမှာ စစ်တပ်စစ်ကြောင်းတွေရှိနေတဲ့ ဝါဘိုကျွန်း၊ ကွမ်းတောင်ရွာအနီးဝန်းကျင်နဲ့ စစ်တပ်ကာကင်း တွေရှိရာ ကံ့ကော်ကျွန်း၊ သိန်းတန်၊ ရာတန်၊ နာရီကန်ရွာဝန်းကျင်တို့မှာ တိုက်ပွဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။
“စစ်တပ်ကကျွံလာတဲ့စစ်ကြောင်းတွေနဲ့လည်း တိုက်ပွဲဖြစ်နေတယ်။ တဖက်မှာလည်း ကိုယ့်ဘက်က ရှေ့တက်ပြီး ထိုးစစ်လုပ်နေတယ်။ ကံ့ကော်ကျွန်းနားတိုက်ပွဲမှာ အောင်မြင်မှုရတာတွေရှိတယ်၊နောက်မှ တရားဝင် ထုတ်ပြန် မယ်ထင်တယ်” လို့ မြေပြင်မှာ ရှိနေတဲ့ AA နဲ့ နီးစပ်သူ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။
ကံ့ကော်ကျွန်းအနီးတိုက်ပွဲမှာစစ်တပ်ရဲ့ အ
ထိုင်ချစခန်းငယ်တခုကို AA က သိမ်းပိုက်ရရှိခဲ့တယ်လို့စုံစမ်းသိရပါတယ်။ ဒါပေမယ့်တိုက် ပွဲအခြေအနေအသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။စက်တင်ဘာ ၃၀ ရက်နေ့ကလည်း စစ်တွေမြို့နယ် ဝါဘိုကျွန်း၊ကွမ်းတောင်ရွာအနီးတဝိုက်ရှိ အင်အား သုံးဆယ်ဝန်းကျင်ရှိ စစ်တပ်စစ်ကြောင်းတခုလုံးပြုတ်သွားအောင် AA တပ်ဖွဲ့ဝင်တွေကတိုက် နိုင်ခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
အလားတူကျောက်ဖြူမြို့နယ်မှာလည်း တောင်မော်ဦးရေတပ်စခန်းရဲ့ကာကင်း အ၀တောင်ရွာဝန်းကျင် နဲ့ မင်းပြင်ရွာဝန်းကျင်တို့မှာ တိုက်ပွဲဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“တိုက်ပွဲပြင်းနေတယ်လို့ပြောပါတယ်။စစ်
တပ်ကလည်း လေယာဉ်နဲ့ ချနေတာလည်းနှစ်ရက်ဆက်တိုက်ရှိပြီ။စနဲနားက ရွာတွေကိုပဲ ကြဲနေတာ။အဲဒီရွာတွေမှာလူတော့မရှိပေမယ့် အိမ်တွေကတော့ အပျက်အစီးရှိတယ်”လို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်
ဘာလ ၂၈ ရက်နေ့မှာ ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတ တားပေါ်တို့ကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် မွေးခါနီး ကိုယ်ဝန်ဆာင်အမျိုးသ မီး၊ မွေးပြီးစ မိနစ်ပိုင်းအကြာ ရင်သွေးငယ်နဲ့ ဒေသခံရိုဟင်ဂျာတွေအပါအဝင်အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီလို ကြီးမားပြီး စစ်ရာဇဝတ်မှုမြောက်တဲ့၊ အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ အကြမ်း
ဖက်ဗုံးကြဲ တိုက်ခိုက်မှုဖြစ် စဉ်တွေအတွင်း အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီးပစ်ခတ်တိုက်ခိုက်သူတွေနဲ့ ပါဝင်ပက်သက်သူတွေအားလုံး၊ ပက်သက်ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေအားလုံးကို အထူးမှတ်တမ်းတင်ထားသလို တူညီပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုမျိုး မနှေးမကြာအချိန်အတွင်း လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။
အဲဒီလို ထုတ်ပြန်ပြီးနောက်မှာပဲ AA ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို ထိုးစစ်အရှိန် မြင့်ကာ တိုက်ခိုက်လာတာဖြစ်ပါတယ်။
“တိုက်ပွဲတွေကတော့အခုထက် ပြင်းလာနိုင်တယ်လို့ မြင်တယ်။စစ်တပ်ကလည်းအလျော့မပေးဘူး၊ ပြည်သူတွေ ကို လိုက်သတ်နေတယ်။ AA ကလည်း တုံ့ပြန်မယ်လို့ပြောထားပြီဆိုတော့သူတို့စကားအတိုင်းလုပ်လိမ့်မယ်။ ဒါဆို ရင် တိုက်ပွဲက ပြင်းလာဖို့ပဲ ရှိတယ်။ ပြည်သူတွေအနေနဲ့လည်း ပြင်ဆင်ထားကြဖို့လိုမယ်” လို့ ရခိုင်ဒေသခံစစ်ရေး လေ့လာသူတဦးက ပြောပါတယ်။
စစ်တပ်က ရခိုင်ပြည်နယ်မှာ စစ်တွေ၊ကျောက်ဖြူ ၊မာန်အောင် သုံးမြို့နယ်ကိုပဲထိန်းချုပ်ထားနိုင်တော့ပြီး ကျန် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်ကပလက်ဝမြို့နယ်ကို AA ကသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်တပ်ဟာရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်
ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူး တိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးဆိုပြီး တန်ပြန်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။

❤34👍16👎1🔥1👏1🖕1
တန်ပြန်ထိုးစစ်တလနီးပါးအတွင်း စစ်တပ်ဟာAA စခန်းတွေကိုသိမ်းနိုင်တာမရှိဘဲ စစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်း ၉ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းကစခန်း ၁ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၁ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပါတယ် ။တိုက်ပွဲတွေအတွင်းစစ်တပ်ဘက်က အကျအဆုံးတွေလည်း ရာချီ ရှိနေပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
အဲဒီလို တပ်စခန်းတွေ လက်လွှတ်၊ အထိနာနေတဲ့ စစ်တပ်ဟာ လေယာဉ်အုပ်လိုက်အသုံးပြုကာ တိုက်ပွဲဆက်စပ် နေရာတွေအပြင် ရခိုင်ပြည်နယ်အတွင်းက အရပ်သားနေရာတွေကိုပါ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
လူထုနွေဦးကကောက်ယူပြုစုထားတဲ့အ
ချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့အောက်တိုဘာ ၂ ရက်နေ့ထိ တလနီးပါးအတွင်း စစ်တပ်လက်
ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံပြည်သူ ၆၂ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၁၀၈ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

👍43👏3❤2🔥1🥰1🤣1🖕1
■ဆောင်းပါး
"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"
Zack/People's Spring
"ပြေးကြ..ပြေးကြ"
ဒီအသံတွေထွက်ပေါ်နေတာက စစ်ဘေးကြောင့် ပြေးနေရတဲ့ ကျေးရွာတွေမှာလို့ထင်ပါသလား။
မဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်လို့ သတ်
မှတ်ထားတဲ့ ရန်ကုန်မြို့မှာဖြစ်နေတာပါ။
ဘာကြောင့်လဲဆိုတော့ အပေါ် အောက် အပြာရောင်တူညီဝတ်စုံတွေ ဝတ်ထားသူတွေ လာတာကြောင့် ဈေးသည်တွေ အချင်းချင်းထွက်
ပြေးဖို့သတိပေးနေကြတာပါ။
ရှင်းရှင်းလင်းလင်းပြောပြရရင်တော့ စစ်တပ်လက်အောက်ကနေ ပြည်သူတွေကို အနုနည်းနဲ့ နှိပ်စက်နေတဲ့ စည်ပင်ဝန်ထမ်းတွေပါ။
ဒီဖြစ်စဉ်အစကတော့သမ္မတရာထူကိုမတရား
ရယူထားတဲ့အာဏာသိမ်းခေါင်းဆောင်ရဲ့စနက်ပါ။သမ္မတရူးမင်းအောင်လှိုငရဲ့ ရက် ၁၀၀ စီမံချက် အကျိုးဆက်ပါ။
ရက် ၁၀၀ စီမံချက်ဆိုတာက ရန်ကုန်မြို့ရဲ့ မြို့နယ်တွေက လမ်းဘေး ဝဲ ၊ ယာတွေမှာ စားဝတ်နေရေးအတွက် ဈေးရောင်းချသူတဲ့ အခြေခံ လူတန်းစားပြည်သူတွေအပေါ် သက်
ရောက်မှု အများဆုံးလို့ ပြောရင်လည်းမမှားပါဘူး။
"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေး
ရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေး
ရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။
ရက် ၁၀၀ စီမံချက်ကာလကစလို့အခုချိန်ထိ
လမ်းမဘေးက ရေမြောင်းတွေကို ကျော်ပြီးဆိုင်ထွက်ရင် စည်ပင်တွေက သိမ်းမယ်လို့ ကြေညာထားတာပါ။
တချို့ဆိုင်တွေက နေကာအနေနဲ့ သုံးထားတဲ့ အမိုးတွေကိုတောင်လက်မခံပါဘူး။အပြာဝတ်တွေလာချိန် အမိုးတွေချထားရငဖျက်မှာစိုးတာကြောင့် အမိုးတွေကို တင်လိုက်ချလိုက် လုပ်နေကြတာလည်း အလုပ်တစ်ခုဖြစ်လာပါတယ်။
တစ်ခါတစ်လေဆိုရင် စည်ပင်ကားတွေနဲ့လာပြီး သူတို့သတ်မှတ်ထားတဲ့နေရာကိုကျော်နေလို့ဆိုပြီး ပစ္စည်းမှန်သမျှကောက်တင်သွားကြတာပါ။ဒါကြောင့် လမ်းဘေးမှာ ဈေးရောင်းရသူတွေက ကျီးလန့်စာစား ဖြစ်နေကြတာပါ။
"ဒီခေတ်မှာဈေးရောင်းလို့လည်းမချမ်းသာပါဘူး။ သူတို့ကအကုန်သိမ်းတော့ အရင်းပြုတ်ပြီးပိုဒုက္ခရောက်ရတာပေါ့" လို့ လမ်းဘေးမှာ အသုပ်စုံရောင်းချသူတစ်ဦးကရင်ဖွင့်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး အခြေခံပြည်သူတွေစားဝတ်နေရေးပိုခက်ခဲကျပ်တည်းလာချိန်မှာ ဝမ်းတထွာအတွက် ဈေးရောင်းတဲ့ဈေးသည်တွေဟာ အုပ်ချုပ်နေတယ်ဆိုတဲ့စစ်အုပ်စုဆီက ဘာအကူအညီမရဘဲ ပိုခက်ခဲကြပ်တည်းအောင်သာအလုပ်ခံနေရတာပါ ။
ရန်ကုန်ရဲ့ မြို့နယ်တွေက ရပ်ကွက်တိုင်းရဲ့ လမ်းမပေါ်မှာ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ဟင်းသီးဟင်းရွက် ၊ သား ငါးကစလို့ တိုလီ
မိုလီပစ္စည်း ရောင်းချသူတွေရှိကြပါတယ်။
ဒီဈေးသည်တွေက ဈေးတွေထဲအထိမသွားနိုင်တဲ့ ရပ်ကွက်ထဲက ပြည်သူတွေ အတွက်လည်း အားကိုးရာတစ်ခုပါပဲ။
"ရောင်းတဲ့သူတွေတင်မဟုတ်ဘူး။ ဝယ်တဲ့လူတွေပါ အဆင်မပြေဖြစ်တာ" လို့ လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒါကြောင့် ပြည်သူတွေကိုယ်တိုင်ကစစ်တပ်လက်အောက်ခံစည်ပင်တွေလာတာမြင်ရင် ဈေးသည်တွေကို သတိပေးတာမျိုးလုပ်ကြပါတယ်။အချင်းချင်းရိုင်းပင်းကြတာပါ။တချို့ပြည်သူတွေဆိုရင် ဆိုင်သိမ်းတာ ပစ္စည်းတွေ ရွှေ့တာက အစ ကူညီပေးတာတွေရှိပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေ့စဉ် အကြမ်း
ဖက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်တပ်ကတော့ ပြည်သူတွေရဲ့ ခက်ခဲမှုတွေကို လျစ်လျူရှုဆဲပါပဲ။စစ်တပ်က နယ်တကာလှည့်ပြီး တိုက်လေယာဥ်တွေနဲ့ ဗုံးပတ်ကြဲ ပြည်သူတွေကိုသတ်ဖြတ်နေသလို ရန်ကုန်မြို့မှာလည်း စစ်တပ်လက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက လမ်းဘေးဈေးသည်တွေကို ရက် ၁၀၀ စီမံချက် ဆိုတာစကတည်းက မကြာခဏ နှိပ်ကွပ်နေပါတော့တယ် ။ ။

👍33❤7🤬3🤮2🖕2🔥1🤣1