People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
သဘာဝဘေးအန္တရာယ်ထိခိုက်ခံစားနေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များအား အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း တနင်္သာရီ ဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ နောက်ဆုံးပတ်မှာ ဖြစ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် သမိုင်းတလျှောက် အမြင့်ဆုံးမိုးရေချိန်ဖြင့် ပြင်းထန်စွာ မိုးရွာသွန်းမှုဖြစ်ခဲ့တဲ့ တနင်္သာရီတိုင်း ထားဝယ် ခရိုင်အတွင်းရှိ လောင်းလုံ၊ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်တွေမှာ ပြည်သူတွေအနေနဲ့ တောင်ပြို၊ မြေပြို၊ ရေဘေး စတဲ့ အန္တရာယ်တွေ ခံစားနေရချိန် စစ်တပ်က ကျေးရွာအချို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်လာတဲ့အပေါ် အခုလို ထုတ်ပြန် ခဲ့တာလည်းဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ရေဘေးကြုံနေရတဲ့ဒေသတွေဖြစ်တဲ့ ထားဝယ်မြို့နယ်၊ ရေဝိုင်းကျေးရွာကို စက်တင်ဘာ ၃၀ရက်မှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့သလို အောက်တိုဘာ ၁ရက်မှာ သရက်ချောင်းမြို့နယ်ရှိ ပိတိုင်ကျေးရွာ၊ လဘကျေးရွာနဲ့ ဆင်ကျန်းကျေးရွာတို့ကို လေယာဉ်နဲ့ ဆက်လက် ဗုံးကြဲတာ စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ပေမဲ့ တိုက်ခိုက်ခံရတဲ့ နေရာတွေဟာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ခဲ့တဲ့ ဒေသများဖြစ်ပြီး ရှင်းလင်းရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေတဲ့နေရာတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

◾️ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှု ပြည်သူတွေအစုလိုက်သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတပ် CNF ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူများ၊ မိသားစုဝင်များနဲ့အတူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။ စစ်တပ်က စက်တင်ဘာ ၂၈ရက်မှာ ကျောက်တော်မြို့ကို လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅၀ သေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရခဲ့တာပါ။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါဝင်ခဲ့ပြီး စစ်တပ်ရဲ့ အခုလို အရပ်သား ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် ရပ်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု လုပ်ရပ်ဖြစ်လို့ ပြင်းထန်စွာ ရှုတ်ချကြောင်း CNFက ထုတ်ပြန်ပါတယ်။ ချင်းအမျိုးသားတပ်ဦး(CNF)အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနဲ့ ဆင်နွှဲနေတဲ့ ပြည်သူ့တော်လှန်ရေး အောင်မြင်ရေးအတွက် ဘုံရည်မှန်းချက်တူတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

◾️မြန်မာဆီ ဒုက္ခသည်တွေပြန်ပို့တာ ရပ်ဆိုင်းပေးဖို့ မလေးရှားကို UNလူ့အခွင့်အရေးပညာရှင် တောင်းဆို

မြန်မာဆီ ဒုက္ခသည်တွေ ပြန်ပို့နေတာကို ရပ်တန့်ဖို့ မလေးရှားအစိုးရကို ကုလသမဂ္ဂ (UN)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပညာရှင်တစ်ဦးလည်းဖြစ် ၊မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး အခြေအနေ အထူးအစီရင်ခံစာကို တင်သွင်းရသူလည်းဖြစ်တဲ့ ကယ်လီအီးကာရီက တောင်းဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေနဲ့ တခြားမြန်မာဒုက္ခသည်တွေ စုစုပေါင်း ၁၅၀၀ နီးပါးလောက်ကို မလေးရှားက အခုသီတင်းပတ်ထဲမှာ မြန်မာဆီ ပြန်ပို့ခဲ့တဲ့နောက် ကယ်လီကာရီက အဲဒီကိစ္စကို အမြန်ဆုံး ရပ်တန့်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။ မလေးရှားဟာ မြန်မာဒုက္ခသည်တွေကြောင့် အကျပ်အတည်းတွေ ကြုံနေရင်လည်း UN အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးမှ ဖြေရှင်းသင့်တယ်လို့ ကာရီက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အထူးအစီရင်ခံစာကို တင်သွင်းရသူလည်းဖြစ်တဲ့ ကာရီက မလေးရှားနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ဆန္ဒအလျောက် နေရပ်ပြန်မယ်လို့ ပြောဆိုထားသူ ၅,၀၀၀ လောက်ကို မြန်မာဖက် ပြန်ပို့မယ်ဆိုတဲ့ ကိစ္စအတွက် အထူးစိုးရိမ်မိကြောင်း ပြောပါတယ်။

◾️ဝက်လက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်းဘုတ်တွေ စိုက်ထူ
👏17👍6🖕2🤮1🤣1
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက အဝေးပြေးလမ်းမကြီးတွေပေါ်မှာ သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့အသံနဲ့ ပြည်သူ့သဘောထားကို ဦးစားပေးရပ်တည်ပေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံပါ ဆိုင်းဘုတ်တွေ စိုက်ထူပြီး ဒီနေ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပြည်သူတို့ရဲ့ အသံကို ကမ္ဘာက သိရှိအောင် ကိုယ်စားပြုဖော်ပြပေးနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ (UN) မှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရရှိရေးအတွက် ပြည်သူ့ကိုယ်စား ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက စိုက်ထူခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်သူ​တွေရဲ့ အသံကို ကိုယ်စားပြုဖော်ပြနိုင်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးက အရေးကြီးသကဲ့သို့ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန်အတွက် မြန်မာပြည်သူတွေရဲ့ ထောက်ခံတဲ့ အသံဟာလည်း အလွန်အရေးပါကြောင်း ဝက်လက်သပိတ်က အသိပေးခဲ့ပါတယ်။ ဒါ့အပြင် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက မြန်မာပြည်သူတွေရဲ့ အသံကို မတိတ်ဆိတ်စေရေး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ပြုရေး၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒကို လေးစားလိုက်နာပေးရေးနဲ့ "ဦးကျော်မိုးထွန်းသည်သာလျှင် ငါတို့၏ တရားဝင် သံအမတ်ဖြစ်သည်၊ ငါတို့ သံအမတ် - ငါတို့ အသံ" ဟု ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
❤19👍9🖕2🥰1🤮1🤣1
👍21🖕3🔥1
❤22👍5🔥1🤮1🖕1
မုံရွာခရိုင်တပ်ရင်း(၁၅)ရင်းမှူး​ဟောင်း၊ချောင်းဦး(6+1)တပ်ပေါင်းစုတပ်​ရေးဗိုလ်ပျံလွှား စစ်တပ်နဲ့ပူး​ပေါင်းသွားပြီး​နောက် စစ်တပ်က​လေ​​​ကြောင်းမှတိုက်ခိုက်လို့ပြည်သူ​သေဆုံးထိခိုက်မှုများ

အောက်တိုဘာ၂-၂၀၂၆။ကတ်သရင်း/ People's Spring

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က မုံရွာခရိုင်တပ်ရင်း(၁၅)ရဲ့တပ်ရင်းမှူးဟောင်း၊လက်ရှိ ချောင်းဦးမြို့နယ်(6+1)တပ်ပေါင်းစုရဲ့တပ်​ရေးဗိုလ် ပျံလွှား (​ခေါ်) ဝေဇင်အောင် (ခ) ဝေကြီး ဟာ စစ်တပ်နဲ့ ပေါင်းသွားပြီးနောက် မုံရွာခရိုင်အတွင်းက နေရာတချို့ကို စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် ပြည်သူအများအပြား​သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာလ၁ရက် ညနေပိုင်းမှာ ပျံလွှားဟာ စစ်တပ်နဲ့ ပေါင်းသွားတယ်လို့ ​ဒေသခံနဲ့စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါ
ပါတယ်။ ဒါ​ပေမယ့်အချို့က အဖမ်းခံရတာလို့​ပြောတာလည်းရှိပါတယ် ။

အောက်တိုဘာလ ၁ရက်ညနေ ၆ နာရီအချိန်
ခန့်မှာ မုံရွာမြို့နယ်၊ မြေနဲကျေးရွာ (စစ်တပ်ရှိ) နဲ့ အောင်သာကျေးရွာကြား မုံရွာ - မန္တလေး လမ်းပိုင်းအား ဖြတ်ကူးစဥ်စစ်တပ်က ပစ်
ခတ်ဖမ်းဆီးသွားတယ်လို့ ကနဦးသတင်း
ထွက်ခဲ့​ပေမယ့် အမှန်မှာ စစ်တပ်ဂိတ်သို့သွား​ရောက်ပူး​ပေါင်းခဲ့တာလို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

၎င်းနဲ့အတူကျပ်သိန်းတစ်ရာကျော်နဲ့သေနတ် (၁ ) လက်ပါသွားတယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကလည်း
"အခုလောလောဆယ်သူတ‌ယောက်တည်း ပေါင်းသွားတယ်လို့သတင်းရတယ်။သူပေါင်းပြီးတဲ့နောက်နေခဲ့တဲ့နေရာ နဲ့ ဆေးရုံကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးကြဲသွားတယ်။တပ်ရင်းကရဲဘော်တွေကအရင်ကတည်းကတပ်ပေါင်းစုဖွဲ့ထားပြီးပြီမို့အဆင်
ပြေပါတယ်"လို့ ပြောပါတယ်။

ပျံလွှားဆိုသူဟာမုံရွာခရိုင်တပ်ရင်း(၁၅)
စတင်တည်​ထောင်စဥ်က တပ်ရင်းမှူးအဖြစ်တာဝန်ယူခဲ့​ပေမယ့် ချောင်းဦးမြို့နယ်မှာ ​​တော်လှန်​ရေးအဖွဲ့ ခုနှစ်ဖွဲ့ ပူး​ပေါင်းပြီး
(6+1)တပ်ပေါင်းစုဖွဲ့ပြီးနောက်ပျံလွှားဟာ တပ်ရေးဗိုလ်အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။ပျံလွှားစစ်တပ် နဲ့​ပေါင်းပြီး​တော့ ဒီနေ့ည​နေပိုင်းမှာ စစ်တပ်က​လေ​ကြောင်းက​နေ ဆက်တိုက်လာ​ရောက်တိုက်ခိုက်ခဲ့တာလို့
​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

ပျံလွှားစစ်တပ်နဲ့​ပေါင်းသွားပြီး​နောက် ဒီ​နေ့ ညနေ ပိုင်းမှာ‌ချောင်းဦးမြို့နယ်၊ ထန်းတောကုန်းရွာအနီးဝန်းကျင်ကို စစ်တပ်က​လေ​ကြောင်းက​နေ ၇ကြိမ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ (၈) ဦးသေဆုံးပြီး (၇) ဦးဒဏ်ရာရခဲ့တယ်လို့ကနဦးသတင်းရရှိပါတယ် ။ဒဏ်ရာရသူ​တွေထဲမှာ ၅ ဦးကပြင်းထန်တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဒါ့အပြင် မုံရွာခရိုင်၊အရာတော်မြို့နယ်တောင်
ခြမ်း၊ ကံရင်းရွာကိုလည်းစစ်တပ်က လေ
ကြောင်းမှတိုက်ခိုက်ခဲ့ပြီး ပြည်သူ (၂) ဦးဒဏ်ရာရခဲ့တယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

စစ်တပ်က အရာတော်မြို့နယ်တောင်ခြမ်းကို
တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာဖြင့်ည​နေ ၄နာရီ ၄၀မိနစ်မှာတစ်ကြိမ်၊ မိတ္ထီလာရှမ်းတဲကတက်လာတဲ့ဂျက်ဖိုက်တာဖြင့်
ည​နေ ၄ နာရီ ၄၅ မိနစ်တစ်ကြိမ်လေကြောင်းမှတိုက်ခိုက်ခဲ့ပါတယ် ။

ဒါ့အပြင် ချောင်းဦးမြို့နယ်အတွင်းကိုလည်း မိတ္ထီလာရှမ်းတဲ​လေတပ်ကတက်တဲ့ ဂျက်ဖိုက်တာ ၂စီး နဲ့ ည​နေ ၄ နာရီ ၅၀ မိနစ် ခန့်၊ ၄ နာရီ ၄၃မိနစ် ခန့်၊ ၄ နာရီ ၄၅ မိနစ် ခန့်၊ ၄ နာရီ ၅၉ မိနစ် ခန့် တို့မှာ စုစုပေါင်းဗုံး ၄ ကြိမ် ဗုံးကြဲခဲ့ပါတယ်။ ဒါ့အပြင်ညောင်ဦးလေဆိပ်တက် MI -35 တစ်စီးကလည်း ည​နေ ၅ နာရီ ၅ မိနစ်အချိန် မှာချောင်းဦး မြို့နယ်အတွင်း လေ
ကြောင်းက​နေတိုက်ခိုက်ခဲ့ပါ​သေးတယ် ။

ပျံလွှားဟာ စစ်တပ်နဲ့ပူး​ပေါင်းသွားတာ​
ကြောင့်သူနဲ့​ဖေစ်ဘွခ်အပါအဝင် လူမှုကွန်ယက်မှာ Friend ဖြစ်​နေရင် unfriend လုပ်ထားကြဖို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်နဲ့ ပြည်သူအချို့ကြား အပြန်အလှန်သတိ​ပေး​​နေကြပါတယ်။
😡24🤬10❤5👍4👎2🔥1👏1🎉1
ပျံလွှား (​ခေါ်) ဝေဇင်အောင် (ခ) ဝေကြီး။
ဓါတ်ပုံ-ပျံလွှား​ဖေစ်ဘွခ်
🖕39👎3🤮3👏2💩2😡2🤩1
စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဗိုက်ထဲကကလေးပါမကျန် သေဆုံးသွားခဲ့ကြရတဲ့အရပ်သားပြည်သူတွေနဲ့သူတို့ရဲ့ ကျန်ရစ်မိသားစုတွေ ပူဆွေးသောကရောက် ငိုကြွေးနေကြတဲ့အပေါ် ဘယ်လိုသဘောထား အမြင်ရှိပါသလဲ။

ဒီမေးခွန်းတွေအတွက်အဖြေကို စစ်တပ်လော်ဘီတစ်ယောက်ကတော့ စောလျင်စွာပဲ လူသိရှင်ကြား ထုတ်ဖော် ဖြေဆိုထားပါတယ်။

မပုတုဆိုသူ စစ်တပ်လော်ဘီ အမျိုးသမီးတစ်ဦးပါ။ ကျောက်တော်ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့သတင်းတွေကြားပြီးချိန် ချက်ချင်းဆိုသလိုပဲ “ဒီနေ့သောက်တဲ့ ရခိုင်မုန့်တီကပိုပြီးအရသာရှိတယ်။ မိုးအေး

အေးနဲ့ ဆွေးရတာ ဖီးလ်ပဲ”ဆိုတဲ့ စကားနဲ့အတူ ရခိုင်မုန့်တီကို စားပြတဲ့ဗီဒီယိုကလစ်တစ်ခု TikTok မှာ တင်ခဲ့သလို အဆိုတော်ကိုင်ဇာရဲ့ “ကစ္ဆပနဒီလှိုင်းသံ” ဆိုတဲ့သီချင်းကိုလည်းနောက်ခံအဖြစ်ထည့်သုံးထားပါသေးတယ်။အဲဒီနေ့မှာပဲ နောက်ထပ်ဗီဒီယိုကလစ်တစ်ခုကို TikTok မှာ ထပ်တင်လာခဲ့ပြီး အဲဒီထဲမှာလည်းအတော်လေးဆိုးဝါးတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့အတူ ထိခိုက်သေဆုံးရတဲ့ ပြည်သူတွေအပေါ် စော်ကားပြော ဆိုမှုတွေ ပြုထားပါသေးတယ်။

ပြည်သူတွေထိခိုက်သေဆုံးရလို့ စိတ်မကောင်းဖြစ်၊ ဝမ်းနည်းနေချိန် ဒီဗီဒီယိုကလစ်တွေကို တွေ့လိုက်ရတော့ စိတ်ထဲမှာအတော်လေးနေလို့မကောင်းဖြစ်ခဲ့ရပါတယ်။ အကြောင်းရင်းက ကျောက်တော်ဖြစ်စဉ်နဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြည်သူတစ်ယောက်အနေနဲ့ တားမြစ်ဆန့်ကျင်ရမယ့်အစား၊ ကန့်ကွက်ရှုတ်ချရမယ့်အစား အကြမ်းဖက်မှုအပေါ် စိတ်လိုလက်ရ အားပေးအား မြှောက်လုပ်လာတဲ့အတွက်ကြောင့်ပါ။ “သူက နဂိုကတည်းက စစ်တပ်အားပေး ထောက်ခံသူပဲ”ဆိုတာမျိုးနဲ့ ဖြေ သိမ့်တွေးတွေးပေးလို့ မရပါဘူး။ ဒါဟာ လက်နက်ကိုင်တပ်ဖွဲ့ချင်းဖြစ်တဲ့ တိုက်ခိုက်မှုမဟုတ်ပါဘူး။ ပြည်သူလူထု အပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်တာ၊ အပြစ်မဲ့ပြည်သူ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတာသာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကုလအပါအဝင် နိုင်ငံတကာက လက်မခံဘဲ ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချနေကြတာပါ။

နောက်တစ်ယောက်ရှိပါသေးတယ်။ စစ်တပ်လော်ဘီကျော်မျိုးမင်းပါ။သတင်းသမားအမည်ခံ ကျော်မျိုးမင်းဟာ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် ချဉ်းကပ်တဲ့အခါ စစ်တပ်ထောက်ခံသူပီပီ စစ်တပ်ဘက်ကို အသာစီးအကြည့်၊ တစ်ဖက်စောင်းအမြင်တွေနဲ့ ကြည့်မြင်ပြောဆိုချက်တွေကြောင့် ဝေဖန်ခံရမှုတွေနဲ့ ကြုံရသူတစ်ယောက်ဖြစ်ပါတယ်။ အခု ကျောက်တော်ဖြစ်စဉ်မှာလည်း သူဟာထိုနည်းတူပါပဲ။

အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အပေါ် သူက “ဒုတိယကမ္ဘာစစ်ကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ။ ဒေသတစ်ခုနဲ့တစ်ခု။ စစ်တပ်တစ်တပ်နဲ့တစ်တပ်။ မြို့တစ်မြို့နဲ့ တစ်မြို့။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ကြခိုက်ကြတဲ့ အခါမှာ ကိုယ့်မှာရှိတဲ့ အားသာမှုကို အသုံးချပြီးပဲ တိုက်တယ်။ ဘယ်သူ ကမှတော့ ကိုယ့်မှာ ဓားရှိလျက်နဲ့ လက်သီးနဲ့ ပြေးမထိုးဘူး။ ကိုယ့်မှာသေနတ်ရှိလျက်နဲ့သေချာတယ် ဘောလ်ပင်လေးနဲ့လှမ်းမထိုးဘူး”ဆိုတဲ့စကားကို ပြောခဲ့ ပါတယ်။

ဒီနေရာမှာ ကျော်မျိုးမင်းကို တစ်ခုပဲမေးချင်တာက အခုအာဏာသိမ်းစစ်တပ်ဗုံးကြဲခဲ့တဲ့နေရာဟာ စစ်ရေး ပစ်မှတ်နေရာလား။ အများပြည်သူတွေ သွားလာကျင်လည်နေထိုင်ရာနေရာလားဆိုတဲ့တစ်ချက်ကိုပဲ အရင်ဖြေ ကြည့်စေချင်တာပါ။

အခုအာဏာသိမ်းစစ်တပ် ဗုံးကြဲခဲ့တဲ့နေရာဟာ ဓား-ဓားချင်း၊ သေနတ်-သေနတ်ချင်း ယှဉ်ခုတ်၊ ယှဉ်ပစ်ရမယ့်နေရာ မဟုတ်နေဘူးဆိုတာ မြန်မာလူထုသာမက ကမ္ဘာကပါသိပါတယ်။ ဒီကျောက်တော်ဖြစ်စဉ်မှာ မပုတုလို၊ ကျော်မျိုး မင်းလို အကြမ်းဖက်အားပေး၊ စစ်ရာဇဝတ်မှုအပေါ် ထောက်ခံတဲ့အခြားသော စစ်တပ်လော်ဘီများစွာလည်း ရှိနေပါ သေးတယ်။ သူတို့ဟာ စစ်တပ်ကကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတိုင်းမှာဆန့်ကျင်တားမြစ်၊ကန့်ကွက်ရှုတ်ချရမယ့်အစားအားပေးအားမြှောက်ပြုသူတွေအဖြစ် အခိုင်အမာတည်ရှိနေသူတွေပါ။

အာဏာသိမ်းစစ်တပ် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နာမည်ကြီးဖြစ်စဉ်တွေဖြစ်တဲ့ လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက်၊ ကျောက်တော်တို့အပါအဝင် အာဏာ
သိမ်းစစ်တပ်ဘက်က လူအစုလိုက်အပြုံ
လိုက်သတ်ဖြတ် မှု၊ အကြမ်းဖက်မှုဖြစ်စဉ်တိုင်းမှာ စစ်တပ်လော်ဘီတွေဟာ အဲဒီသူတို့ထောက်ခံတဲ့စစ်တပ်ဘက်ကိုသာ ဖာထေး ဝန်းရံပေးခဲ့ရုံသာမက နောက်ထပ်၊ နောက်
ထပ်သော စစ်ရာဇဝတ်မှုတွေ ကျူးလွန်လာအောင်၊ လူအစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုတွေကို လက်မရွံ့ကျူးလွန်လာအောင် သွေးထိုးလှုံ့ဆော်ပေးနေသူတွေဖြစ်တယ်ဆိုတာ သူတို့ရဲ့ ပြောဆိုချက်၊ ရပ်တည်ချက်တွေကနေ သိသာထင်ရှားစွာ တွေ့မြင်ရပါတယ်။

ဒီတော့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ကျူးလွန်လာသမျှ စစ်ရာဇဝတ်မှုတွေ တိုင်းမှာ အဲဒီစစ်တပ်လော်ဘီတွေဟာလည်း ပူးတွဲတရားခံတွေဖြစ်တယ်ဆိုတာပါပဲ။


https://www.ludunwayoo.com/opinion-mm/2026/10/02/169843/
👍27❤7🤬5🔥1🤣1🖕1
လူတစ်ယောက်ဟာ သူ့ရဲ့အမြင်၊ သူ့ရဲ့ယုံ
ကြည်ချက်၊ သူ့ရဲ့လူ့ဂုဏ်သိက္ခာနဲ့ လွတ်လပ်စွာ အသက်ရှင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ ပြန်တည်ဆောက်ခွင့်ရကြမှာပါ။ အဲဒီအလုပ်ကို ဘယ်အာဏာရှင်တစ်ယောက်ကမှ လွယ်လွယ်နဲ့တော့ ခွင့်ပြုမှာမဟုတ်ပါဘူး။ ပြည်သူတွေကိုယ်တိုင်၊ ပညာရှင်တွေကိုယ်တိုင်၊ လူငယ်တွေကိုယ်တိုင်၊ နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေကိုယ်တိုင် တစ်ယောက်တစ်ဖက်ကပါဝင်ပြီးတည်ဆောက်နိုင်မယ့်နေ့ ရောက်လာမယ်လို့ ယုံကြည်ပါတယ်။

တစ်နေ့ကျရင် ဒီနေ့တွေကို ပြန်မှတ်မိကြမယ်။ မီးမလာတဲ့ညတွေကို။ ဈေးတက်လို့မဝယ်နိုင်ခဲ့တဲ့နေ့တွေကို။ ဆေးရှာမတွေ့လို့ စိတ်ပူခဲ့ရတဲ့အချိန်တွေကို။ ကျောင်းမတက်နိုင်ခဲ့တဲ့ ကလေးတွေကို။ နိုင်ငံခြားထွက်သွားတဲ့ သူငယ်ချင်းတွေကို။မိသားစုနဲ့ ဝေးကွာသွားတဲ့သူတွေကို။ ဆုံးရှုံးခဲ့ရတဲ့သူတွေကို။

အဲဒီအချိန်မှာ တစ်ယောက်ကိုတစ်ယောက် ပြန်ပြောကြမယ်။ “ဒီအရာတွေကို ငါတို့ မေ့မသွားဘူး။ ဒါပေမယ့် ဒီအရာတွေကြောင့် ငါတို့နိုင်ငံကိုလည်း မစွန့်လွှတ်ဘူး”လို့။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဆိုတာ အာဏာရှိသူတစ်ယောက်ရဲ့လက်ထဲမှာပဲ ရှိတာမဟုတ်ဘူး။ စိတ်ပျက်နေတဲ့ပြည်သူတစ်ယောက်ရဲ့ မျှော်လင့်ချက်ထဲမှာလည်း ရှိပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေရတဲ့ လူငယ်တစ်ယောက်ရဲ့ အိပ်မက်ထဲမှာလည်း ရှိပါတယ်။ CDM ဆရာမတစ်ယောက်ရဲ့ လက်ထဲမှာလည်း ရှိတယ်။ တောထဲမှာဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ယောက်ရဲ့ လက်ထဲမှာလည်း ရှိတယ်။ ကိုယ့်ရဲ့မြေယာကို စွန့်ခွာပြေးရတဲ့ တောင်သူတစ်ယောက်ရဲ့ လက်ထဲမှာလည်း ရှိပါတယ်။ PDF လူငယ်လေးတယောက်ရဲ့ လက်ထဲမှာလည်း ရှိပါတယ်။ ပြီးတော့ ဒီနေ့အခြေအနေကို မကျေနပ်ပေမယ့် မနက်ဖြန်အတွက်မျှော်လင့်ချက်ကိုမစွန့်လွှတ်သေးတဲ့ ငါတို့အားလုံးရဲ့လက်ထဲမှာလည်း ရှိပါတယ်။

တစ်နေ့တော့ ပြန်တည်ဆောက်ကြမယ်။ တို့ရဲ့ သားသမီးတွေ အေးအေးချမ်းချမ်းနဲ့ လူဖြစ်ခွင့်ရဖို့၊ လူတ်ိုင်း ကိုယ်တိုင် လူသားတစ်ယောက်လို ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့။ ပြီးတော့ “ဒီနိုင်ငံဟာ ငါတို့နိုင်ငံပဲ” လို့ ပြန်ပြောနိုင်ဖို့အတွက်။

အဲဒီနေ့ရောက်တဲ့အခါခံခဲ့ရတဲ့နာကျင်မှုတွေဟာအလဟဿဖြစ်မနေစေရဘူး။ဘာလို့လဲဆိုတော့ပြန်တည်ဆောက်မယ့်မြန်မာနိုင်ငံဟာအရင်လိုပဲပြန်ဖြစ်ဖို့မဟုတ်ဘဲ၊အရင်ထက် ပိုကောင်းတဲ့ နိုင်ငံဖြစ်ဖို့ ဖြစ်ရမယ်။


https://www.ludunwayoo.com/opinion-mm/2026/09/28/169464/
❤45👍13🥰2🔥1🤣1🖕1
AA ထိုးစစ်အရှိန်မြင့်လာပြီး စစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်နေ

●စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို
AAထပ်မံသိမ်းပိုက်

အောက်တိုဘာ-၃၊၂၀၂၆။ခိုင်မြတ်/People's Spring

ရခိုင်ပြည်နယ်အတွင်းစစ်တပ်ထိန်းချုပ်ထားတဲ့သုံးမြို့နယ်ထဲမှ စစ်တွေနဲ့ ကျောက်ဖြူမြို့ နယ်ကစစ်စခန်း​တွေကို အာရက္ခတပ်တော်
(AA)က အရှိန်အဟုန်မြင့် ထိုးစစ်ဆင်နေပြီး မြေပြင်တိုက်ပွဲတွေ ပြင်းနေကြတယ် လို့ AA သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရခဲ့တဲ့ စစ်တပ်ရဲ့ကျောက်တော်မြို့ဗုံးကြဲမှုအပြီးမှာ AA က ထိုးစစ်အရှိန်ကို မြင့်လာခဲ့တာဖြစ်ပါတယ်။

“ကိုယ့်ဘက်က ပြင်းပြင်းထန်ထန်ထိုးစစ်လုပ်နေတယ်။စစ်တွေမှာရော၊ ကျောက်ဖြူမှာရော တိုက်ပွဲပြင်းနေတယ်။စစ်တွေမှာဆိုရင် တောကန်၊သိန်းတန်၊နာရီကန်ဘက်မှာတပြိုင်တည်း ထိုးနေတယ်လို့ သိရတယ်။ကျောက်ဖြူ မှာလည်း စစ်မျက်နှာနှစ်ခုလောက်မှာ တိုက်ပွဲဖြစ်နေတယ်” AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း စက်တင်ဘာလ​နောက်ဆုံးပါတ်မှာတိုက်ပွဲတွေခတ္တရပ်နေခဲ့ရာစက်တင်ဘာ ၃၀ ရက်ကစ တိုက်ပွဲပြန်ဖြစ်ခဲ့ တာဖြစ်ပါတယ်။​အောက်တိုဘာလဆန်းမှာ စစ်တပ်စစ်ကြောင်းတွေရှိနေတဲ့ ဝါဘိုကျွန်း၊ ကွမ်းတောင်ရွာအနီးဝန်းကျင်နဲ့ စစ်တပ်ကာကင်း တွေရှိရာ ကံ့ကော်ကျွန်း၊ သိန်းတန်၊ ရာတန်၊ နာရီကန်ရွာဝန်းကျင်တို့မှာ တိုက်ပွဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

“စစ်တပ်ကကျွံလာတဲ့စစ်ကြောင်းတွေနဲ့လည်း တိုက်ပွဲဖြစ်နေတယ်။ တဖက်မှာလည်း ကိုယ့်ဘက်က ရှေ့တက်ပြီး ထိုးစစ်လုပ်နေတယ်။ ကံ့ကော်ကျွန်းနားတိုက်ပွဲမှာ အောင်မြင်မှုရတာတွေရှိတယ်၊နောက်မှ တရားဝင် ထုတ်ပြန် မယ်ထင်တယ်” လို့ မြေပြင်မှာ ရှိနေတဲ့ AA နဲ့ နီးစပ်သူ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ကံ့ကော်ကျွန်းအနီးတိုက်ပွဲမှာစစ်တပ်ရဲ့ အ
ထိုင်ချစခန်းငယ်တခုကို AA က သိမ်းပိုက်ရရှိခဲ့တယ်လို့စုံစမ်းသိရပါတယ်။ ဒါ​ပေမယ့်တိုက် ပွဲအခြေအနေအသေးစိတ်တွေကိုတော့ မသိရ​သေးပါဘူး။စက်တင်ဘာ ၃၀ ရက်နေ့ကလည်း စစ်တွေမြို့နယ် ဝါဘိုကျွန်း၊ကွမ်းတောင်ရွာအနီးတဝိုက်ရှိ အင်အား သုံးဆယ်ဝန်းကျင်ရှိ စစ်တပ်စစ်ကြောင်းတခုလုံးပြုတ်သွား​အောင် AA တပ်ဖွဲ့ဝင်​တွေကတိုက် နိုင်ခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

အလားတူကျောက်ဖြူမြို့နယ်မှာလည်း တောင်မော်ဦးရေတပ်စခန်းရဲ့ကာကင်း အ၀တောင်ရွာဝန်းကျင် နဲ့ မင်းပြင်ရွာဝန်းကျင်တို့မှာ တိုက်ပွဲဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“တိုက်ပွဲပြင်းနေတယ်လို့ပြောပါတယ်။စစ်
တပ်ကလည်း လေယာဉ်နဲ့ ချနေတာလည်းနှစ်ရက်ဆက်တိုက်ရှိပြီ။စနဲနားက ရွာတွေကိုပဲ ကြဲနေတာ။အဲဒီရွာတွေမှာလူတော့မရှိပေမယ့် အိမ်တွေကတော့ အပျက်အစီးရှိတယ်”လို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်
ဘာလ ၂၈ ရက်နေ့မှာ ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတ တားပေါ်တို့ကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် မွေးခါနီး ကိုယ်ဝန်ဆာင်အမျိုးသ မီး၊ မွေးပြီးစ မိနစ်ပိုင်းအကြာ ရင်သွေးငယ်နဲ့ ဒေသခံရိုဟင်ဂျာတွေအပါအဝင်အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီလို ကြီးမားပြီး စစ်ရာဇဝတ်မှုမြောက်တဲ့၊ အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ အကြမ်း
ဖက်ဗုံးကြဲ တိုက်ခိုက်မှုဖြစ် စဉ်တွေအတွင်း အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီးပစ်ခတ်တိုက်ခိုက်သူတွေနဲ့ ပါဝင်ပက်သက်သူတွေအားလုံး၊ ပက်သက်ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေအားလုံးကို အထူးမှတ်တမ်းတင်ထားသလို တူညီပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုမျိုး မနှေးမကြာအချိန်အတွင်း လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။

အဲဒီလို ထုတ်ပြန်ပြီးနောက်မှာပဲ AA ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို ထိုးစစ်အရှိန် မြင့်ကာ တိုက်ခိုက်လာတာဖြစ်ပါတယ်။

“တိုက်ပွဲတွေကတော့အခုထက် ပြင်းလာနိုင်တယ်လို့ မြင်တယ်။စစ်တပ်ကလည်းအလျော့မပေးဘူး၊ ပြည်သူတွေ ကို လိုက်သတ်နေတယ်။ AA ကလည်း တုံ့ပြန်မယ်လို့ပြောထားပြီဆိုတော့သူတို့စကားအတိုင်းလုပ်လိမ့်မယ်။ ဒါဆို ရင် တိုက်ပွဲက ပြင်းလာဖို့ပဲ ရှိတယ်။ ပြည်သူတွေအနေနဲ့လည်း ပြင်ဆင်ထားကြဖို့လိုမယ်” လို့ ရခိုင်ဒေသခံစစ်ရေး လေ့လာသူတဦးက ပြောပါတယ်။

စစ်တပ်က ရခိုင်ပြည်နယ်မှာ စစ်​တွေ၊​ကျောက်ဖြူ ၊မာန်​အောင် သုံးမြို့နယ်ကိုပဲထိန်းချုပ်ထားနိုင်​တော့ပြီး ကျန် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်ကပလက်ဝမြို့နယ်ကို AA ကသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

စစ်တပ်ဟာရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်
ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူး တိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးဆိုပြီး တန်ပြန်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။
❤34👍16👎1🔥1👏1🖕1
တန်ပြန်ထိုးစစ်တလနီးပါးအတွင်း စစ်တပ်ဟာAA စခန်း​တွေကိုသိမ်းနိုင်တာမရှိဘဲ စစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်း ၉ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းကစခန်း ၁ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၁ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပါတယ် ။တိုက်ပွဲ​တွေအတွင်းစစ်တပ်ဘက်က အကျအဆုံးတွေလည်း ရာချီ ရှိနေပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

အဲဒီလို တပ်စခန်းတွေ လက်လွှတ်၊ အထိနာနေတဲ့ စစ်တပ်ဟာ လေယာဉ်အုပ်လိုက်အသုံးပြုကာ တိုက်ပွဲဆက်စပ် နေရာတွေအပြင် ရခိုင်ပြည်နယ်အတွင်းက အရပ်သားနေရာတွေကိုပါ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

လူထုနွေဦးကကောက်ယူပြုစုထားတဲ့အ
ချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့အောက်တိုဘာ ၂ ရက်နေ့ထိ တလနီးပါးအတွင်း စစ်တပ်လက်
ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံပြည်သူ ၆၂ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၁၀၈ ဦးထက်မနည်း ရှိ​နေပြီဖြစ်ပါတယ်။
👍43👏3❤2🔥1🥰1🤣1🖕1
သံတွဲမြို့နယ် ၊ငပလီကမ်း​​ခြေ ကို အာရက္ခတပ်​တော်သိမ်းပိုက်ခဲ့စဥ်က AA တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-AA Info Desk
👍36❤12🥰4🤮2🫡2🤣1🖕1