People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - ဝက်လက်လူထုသပိတ်
❤45👍5🥰5👏1😁1🤮1🤣1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(အောက်တိုဘာ ၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဘောလခဲမြို့နယ်က စစ်တပ်စခန်း ၁ခုကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်က အာဏာသိမ်းစစ်တပ်စခန်း ၁ခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတချို့ ရရှိတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ စက်တင်ဘာ နောက်ဆုံးပတ်က သိမ်းနိုင်ခဲ့တဲ့ အဲဒီစခန်းဟာ ၀မ့်မလန်းကျေးရွာအနီးက ဖြစ်ပြီး ကရင်နီတပ်ဖွဲ့တွေ ပူးပေါင်းထိုးစစ်ဆင်ရရှိခဲ့တာလို့ ဆိုပါတယ်။ BPDF(ဘောလခဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) အပါအဝင် တပ်ပေါင်းစုကနေ စစ်ကောင်စီရဲ့ စခန်း တစ်ခုကို သိမ်းတာဖြစ်ပြီး လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိကာ သုံးပန့် ၃ယောက် မိတယ်လို့ BPDF တာ၀န်ရှိသူက အတည်ပြုပါတယ်။ လက်ရှိစစ်ရေးအရလည်း ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်လျှောက် အခြေအနေတင်းမာမှုတွေရှိနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးပါတယ်။

◾️ကျောက်တော်မြို့ကို စစ်တပ်က လေယာဉ် ၈စီးနဲ့ ထပ်မံ ဗုံးကြဲ

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်အနှံ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဆက်တိုက်ဗုံးကြဲကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်နေလို့ သံဃာနဲ့ စစ်ရှောင်တွေအပါအဝင် ပြည်သူလူထု သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၈ရက်မှာ စစ်တပ်က ကျောက်တော်မြို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ပြည်သူ ၅၀ဦး သေဆုံးကာ ၅၇ ဦး ဒဏ်ရာရရှိခဲ့ရာ အဲဒီ ဖြစ်စဉ်အပြီးမှာ စစ်တပ်က ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ ရသေ့တောင်၊ ပေါက်တော မြို့နယ်တွေကို လေကြောင်းဆက်လက် ဗုံးကြဲနေတဲ့ အခြေအနေကို အသိပေးခဲ့တာပါ။ စက်တင်ဘာ ၃၀ရက် ညပိုင်းက ပုဏ္ဏားကျွန်းမြို့ကို စစ်တပ် ဗုံးကြဲလို့ ၄နှစ်အရွယ် ကလေးငယ် အပါအဝင် စစ်ရှောင် ၃ဦး ဒဏ်ရာရရှိခဲ့သလို အဲဒီညမှာပဲ ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာအနီး လေကြောင်းဗုံးကြဲမှု ဖြစ်စဉ်မှာလည်း အမျိုးသား ၁ဦးသေဆုံးကာ သူ့ရဲ့ ဇနီး ဒဏ်ရာရရှိခဲ့ပါတယ်။ စက်တင်ဘာ ၃၀ရက် ညသန်းခေါင်မှာ စစ်တပ်က ပေါက်တောမြို့ပေါ်နဲ့ ကျေးရွာအချို့ကို Y12နဲ့ ဗုံး အလုံးရေ ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ဦး ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းနဲ့လူနေအိမ်တွေ ပျက်စီးခဲ့ကြောင်း AAက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁ရက်မှာလည်း စစ်တပ်ဟာ ကျောက်တော်ကို လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ရာ သကြားစက်ကျေးရွာ ကျောင်းထိုင်ဆရာတော် ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းပျက်စီးခဲ့ရပါတယ်။ အောက်တိုဘာ ၁ရက်မှာပဲ စစ်တပ်ဟာ သံတွဲမြို၊ အမှတ် (၆) ရပ်ကွက်၊ ဗောဓိကုန်းဈေးအနီးကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ ပြည်သူ ၂ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနေ့ အောက်တိုဘာ ၂ရက် မနက်အစောမှာလည်း စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာမှ ကားဝပ်ရှော့ကို တိုက်လေယာဉ်နဲ့ဗုံးကြဲခဲ့ရာ ကားဝပ်ရှော့ပိုင်ရှင်ရဲ့ ဇနီးနဲ့ လုပ်သားအချို့ အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

◾️ရေဘေးသင့်ထားဝယ်မှာ လူငယ်တွေကို စစ်တပ် ပေါ်တာဆွဲ

ရေဘေးနဲ့ ‌မြေပြိုဘေးကြုံနေတဲ့ ထားဝယ်မြို့နယ်မှာ စစ်တပ်က လူငယ်တွေကို ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေသလို ဒီ‌နေ့ အောက်တိုဘာ ၂ရက်မှာလည်း ကမြောကင်းတံတားဂိတ်မှာ လူငယ် နှစ်ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။ ထားဝယ်မြို့အဝင်မှာ စစ်တပ် တပ်စွဲထားတဲ့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသူတွေထဲက အသက် ၂၀ကျော်အရွယ် လူငယ် နှစ်ဦးကို ဖမ်းဆီးထားတာလို့ ဆိုပါတယ်။ မနက် ၇နာရီလောက်က အဖမ်းခံရတာဖြစ်ပြီး မြို့ထဲကို မဝင်ရဲလောက်အောင်ဖြစ်နေတယ်လို့ ထားဝယ်မြို့ခံတစ်ဦးက ပြောပါတယ်။ စက်တင်ဘာ၂၈ရက်ကလည်း စစ်တပ်က ထားဝယ်မြို့နယ် ကြက်စားပြင်ရပ်ကွက်မှာနေတဲ့ လူငယ်တစ်ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေကို မသိရသေးပါဘူး။ စစ်တပ်ရဲ့လုပ်ရပ်ကြောင့် လူငယ်တွေဟာ ရေဘေးကူညီကယ်ဆယ်ရေးကို မလိုက်ရဲအောင်ဖြစ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာကို သွားရောက်တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ စက်လှေနဲ့သွားရောက်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ကို ထားဝယ်မြစ်ဝနဲ့ဆက်စပ်တဲ့နေရာမှာ အောက်တိုဘာ ၂ရက် ဒီနေ့မနက် ၁၀နာရီခွဲခန့်က ဖမ်းဆီးသွားတာလို့ လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့လူမှုရေးအဖွဲ့အမည်နဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး။ တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃) ဗျူဟာမှုးစောဒါးကိုက ကျောက်နီ​မော်ဘက်​ လှေနဲ့သွားတဲ့ ကယ်ဆယ်​ရေးအဖွဲ့ကို​ ရေတပ်စစ်သ​​​င်္ဘောကနေပစ်ခတ်ပြီး ကယ်ဆယ်​ရေးအဖွဲ့ကို ဖမ်းဆီးထားတယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

◾️မိုးမိတ်မြို့ခံတွေကို စစ်တပ်က မြို့ပြင်ထွက်ခွင့်မ​ပေးဘဲ ပိတ်ဆို့ထား
❤19👍5🤮3🤬1🤣1🖕1
အာဏာသိမ်းစစ်တပ်က မိုးမိတ်မြို့ကို ပို့‌လိုက်တဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေကို မြို့အနှံ့ နေရာချထားပြီး မြို့ခံတွေကို ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတယ်လို့ ​သိရပါတယ်။ မိုးမိတ်မြို့ပေါ် ရပ်ကွက်လေးခုနဲ့ ပတ်ဝန်းကျင်အနှံ့မှာ စစ်တပ်က ​အောက်တိုဘာ ၁ ရက်ညကစပြီး နေရာယူလိုက်တာဖြစ်တယ်လို့ စစ်ရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ မြို့ကို စစ်တပ်က ပိတ်ဆို့လိုက်ပြီး မြို့အထွက် မြစ်ဆုံသွားတဲ့ဘက်မှာ တိုက်ပွဲဖြစ်နေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မိုးမိတ်မြို့အနီးက အုန်းကြောရွာသစ်မှာ အောက်တိုဘာ ၂ရက် ဒီနေ့ မနက် ၉နာရီခန့်က စပြီး တိုက်ပွဲဖြစ်နေတာပါ။ ဒေသခံတွေကတော့ စစ်တပ်ဟာ မြို့ခံတွေကို ပိတ်ဆို့ထားပြီး လူသားတံတိုင်းလုပ်နေတဲ့လုပ်ရပ်က စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြောပါတယ်။ တိုက်ပွဲက ပိုမိုပြင်းထန်လာနေပြီး ဘာဆက်ဖြစ်မယ်မသိတဲ့အနေအထားမှာ ဒေသခံတွေ ရှောင်မရအောင် ပိတ်ချလိုက်တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့ အဲဒီလုပ်ရပ်က အရပ်သားပြည်သူတွေကို အကာအကွယ်ယူပြီး ဓားစာခံလုပ်ထားတာလို့ အဲဒီမြို့ခံက ဆက်ပြောပါတယ်။

◾️ခေါင်လန်ဖူးတိုက်ပွဲ ပြည်သူ့စစ်တွေ သေဆုံးထိခိုက်များ

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အာဏာသိမ်းစစ်တပ်က သူ့လက်အေက်ခံ ပြည်သူ့စစ်တွေကို ရှေ့တန်းက တိုက်ခိုက်ခိုင်းနေလို့ ပြည်သူ့စစ်တွေ ထိခိုက်သေဆုံးများပြားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာက ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသရှိ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်စခန်းကို KIA ပူးပေါင်းတပ်က သိမ်းရတာရှိပြီး အဲဒီနောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ရှိနေတာလို့ ဆိုပါတယ်။ လက်ရှိမှာ ခေါင်လန်ဖူးမြို့နယ်ထဲက အဲဒီနယ်မြေကို KIA က ထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်ပြီး သေဆုံးထိခိုက်မှုက စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တွေ များတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် စစ်တပ်ဟာ တိုက်ပွဲမှာ ရှေ့တန်းက မထွက်ဘဲ တိုင်းရင်းသား ပြည်သူ့စစ်အဖွဲ့တွေကိုပဲ ရှေ့တန်းထွက်ခိုင်းနေတာလို့လည်း ပြောပါတယ်။ ဒါကြောင့် ပြည်သူ့စစ်တွေ ထွက်ပြေးသွားတာလည်း အများကြီးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ပူတာအိုတကြောလုံးမှာလည်း ပြည်သူ့စစ် စုဆောင်းတာတွေ၊ စားနပ်ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေ ထမ်းပို့နိုင်ဖို့အတွက် ပေါ်တာဆွဲတာတွေ အများကြီးလုပ်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံက ဆက်ပြောပါတယ်။ ဒေသခံလူမျိုးစုအဖွဲ့အချို့ကလည်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေဟာ ပူတာအို၊ ခေါင်လန်ဖူးဒေသမှာ အင်အားထောင်ချီ စစ်သားစုဆောင်းဖို့လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

◾️မိုးအကုန်မှာ ကရင်နီပြည်ကို စစ်တပ်ထိုးစစ် အရှိန်မြှင့်လာနိုင်

အာဏာသိမ်းစစ်တပ်ဟာ ကရင်နီပြည်နယ်ကို မိုးရာသီအကုန်မှာ ထိုးစစ်အရှိန်မြှင့်လာနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်ရင်းမြစ်နဲ့‌ မြေပြင်တော်လှန်ရေးတပ်တာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။ စစ်တပ်ဟာ ရှမ်းပြည်နယ် ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ)ကို ကရင်နီပြည်နယ်က လွိုင်ကော်မြို့မှာ ပြောင်းလဲအခြေချတော့မှာဖြစ်လို့ ကရင်နီပြည်နယ်ကို စစ်ထိုးအရှိန်မြှင့်လာနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိလည်း စစ်တပ်က လေယာဥ်၊ ဒရုန်း၊ လက်နက်ကြီးတွေ သုံးကာ တိုက်ခိုက်နေသလို အခုထက်ပိုပြီး အာရုံစိုက်လာမယ်လို့ ယူဆကြောင်း ကရင်နီတပ်မတော်တပ်ရင်း(၅)တာ၀န်ရှိသူက ပြောပါတယ်။ ကရင်နီပူးပေါင်းတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးကလည်း ပွင့်လင်းရာသီ မိုးအကုန်မှာတော့ အာဏာသိမ်းစစ်တပ် စွန့်လွှတ်ထားရတဲ့ ဒေသတွေ အထူးသဖြင့် ကရင်နီအစပ်ဒေသတွေကို ထိုးစစ်ဆင်မယ့် အနေအထားမျိုးလို့ ခန့်မှန်းပါတယ်။

◾️စက်သုံးဆီဈေး ထပ်တက်

ပြည်တွင်း စက်သုံးဆီစျေးကွက်မှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ‌ဈေးတွေ ထပ်မံမြင့်တက်လာပါတယ်။ အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းထားတဲ့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီရဲ့ ဒီနေ့ သတ်မှတ်ဈေးအရ တစ်လီတာကို အနည်းဆုံး ၂၅ ကျပ်ကနေ ၁၃၀ ကျပ်အထိ ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက စက်သုံးဆီ အမျိုးအစားအလိုက် ရည်ညွှန်းဈေးက တစ်လီတာကို ကျပ် ၆၀၀ ကျော်မြင့်တက်ခဲ့ပါတယ်။ အောက်တိုဘာ ၂ရက် ဒီနေ့ထုတ်ပြန်တဲ့ စစ်တပ်ရဲ့ စက်သုံးဆီရည်ညွှန်းဈေးတွေအရ ရန်ကုန်မြို့မှာ ဓာတ်‌ဆီ 92 တစ်လီတာ ၄,၅၄၀ ကျပ် ၊ ဓာတ်‌ဆီ 95 တစ်လီတာ ၄,၇၃၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၄,၈၁၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅,၇၉၅ ကျပ် သတ်မှတ်ထားပါတယ်။ အဲဒီဈေးနှုန်းတွေအရ ရန်ကုန်မြို့ လက်လီဈေးဟာ ပြီးခဲ့တဲ့တစ်ပတ်ဈေးနှုန်းတွေနဲ့ယှဉ်ရင် ဓာတ်‌ဆီ 92 တစ်လီတာ ၉၀ ကျပ် ၊ ဓာတ်‌ဆီ 95 တစ်လီတာ ၁၃၀ ကျပ် နဲ့ ဒီဇယ်တစ်လီတာ ၂၅ ကျပ် အသီးသီးမြင့်တက်ခဲ့တာပါ။

◾️ရေဘေးကြုံနေရချိန် လေကြောင်းတိုက်ခိုက်တဲ့ စစ်တပ်လုပ်ရပ် တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီ ရှုတ်ချ
❤16👍7🖕2🤬1🤮1🤣1
သဘာဝဘေးအန္တရာယ်ထိခိုက်ခံစားနေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များအား အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း တနင်္သာရီ ဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ နောက်ဆုံးပတ်မှာ ဖြစ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် သမိုင်းတလျှောက် အမြင့်ဆုံးမိုးရေချိန်ဖြင့် ပြင်းထန်စွာ မိုးရွာသွန်းမှုဖြစ်ခဲ့တဲ့ တနင်္သာရီတိုင်း ထားဝယ် ခရိုင်အတွင်းရှိ လောင်းလုံ၊ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်တွေမှာ ပြည်သူတွေအနေနဲ့ တောင်ပြို၊ မြေပြို၊ ရေဘေး စတဲ့ အန္တရာယ်တွေ ခံစားနေရချိန် စစ်တပ်က ကျေးရွာအချို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်လာတဲ့အပေါ် အခုလို ထုတ်ပြန် ခဲ့တာလည်းဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ရေဘေးကြုံနေရတဲ့ဒေသတွေဖြစ်တဲ့ ထားဝယ်မြို့နယ်၊ ရေဝိုင်းကျေးရွာကို စက်တင်ဘာ ၃၀ရက်မှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့သလို အောက်တိုဘာ ၁ရက်မှာ သရက်ချောင်းမြို့နယ်ရှိ ပိတိုင်ကျေးရွာ၊ လဘကျေးရွာနဲ့ ဆင်ကျန်းကျေးရွာတို့ကို လေယာဉ်နဲ့ ဆက်လက် ဗုံးကြဲတာ စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ပေမဲ့ တိုက်ခိုက်ခံရတဲ့ နေရာတွေဟာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ခဲ့တဲ့ ဒေသများဖြစ်ပြီး ရှင်းလင်းရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေတဲ့နေရာတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

◾️ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှု ပြည်သူတွေအစုလိုက်သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတပ် CNF ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူများ၊ မိသားစုဝင်များနဲ့အတူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။ စစ်တပ်က စက်တင်ဘာ ၂၈ရက်မှာ ကျောက်တော်မြို့ကို လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅၀ သေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရခဲ့တာပါ။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါဝင်ခဲ့ပြီး စစ်တပ်ရဲ့ အခုလို အရပ်သား ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် ရပ်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု လုပ်ရပ်ဖြစ်လို့ ပြင်းထန်စွာ ရှုတ်ချကြောင်း CNFက ထုတ်ပြန်ပါတယ်။ ချင်းအမျိုးသားတပ်ဦး(CNF)အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနဲ့ ဆင်နွှဲနေတဲ့ ပြည်သူ့တော်လှန်ရေး အောင်မြင်ရေးအတွက် ဘုံရည်မှန်းချက်တူတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

◾️မြန်မာဆီ ဒုက္ခသည်တွေပြန်ပို့တာ ရပ်ဆိုင်းပေးဖို့ မလေးရှားကို UNလူ့အခွင့်အရေးပညာရှင် တောင်းဆို

မြန်မာဆီ ဒုက္ခသည်တွေ ပြန်ပို့နေတာကို ရပ်တန့်ဖို့ မလေးရှားအစိုးရကို ကုလသမဂ္ဂ (UN)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပညာရှင်တစ်ဦးလည်းဖြစ် ၊မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး အခြေအနေ အထူးအစီရင်ခံစာကို တင်သွင်းရသူလည်းဖြစ်တဲ့ ကယ်လီအီးကာရီက တောင်းဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေနဲ့ တခြားမြန်မာဒုက္ခသည်တွေ စုစုပေါင်း ၁၅၀၀ နီးပါးလောက်ကို မလေးရှားက အခုသီတင်းပတ်ထဲမှာ မြန်မာဆီ ပြန်ပို့ခဲ့တဲ့နောက် ကယ်လီကာရီက အဲဒီကိစ္စကို အမြန်ဆုံး ရပ်တန့်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။ မလေးရှားဟာ မြန်မာဒုက္ခသည်တွေကြောင့် အကျပ်အတည်းတွေ ကြုံနေရင်လည်း UN အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးမှ ဖြေရှင်းသင့်တယ်လို့ ကာရီက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အထူးအစီရင်ခံစာကို တင်သွင်းရသူလည်းဖြစ်တဲ့ ကာရီက မလေးရှားနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ဆန္ဒအလျောက် နေရပ်ပြန်မယ်လို့ ပြောဆိုထားသူ ၅,၀၀၀ လောက်ကို မြန်မာဖက် ပြန်ပို့မယ်ဆိုတဲ့ ကိစ္စအတွက် အထူးစိုးရိမ်မိကြောင်း ပြောပါတယ်။

◾️ဝက်လက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်းဘုတ်တွေ စိုက်ထူ
👏17👍6🖕2🤮1🤣1
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက အဝေးပြေးလမ်းမကြီးတွေပေါ်မှာ သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့အသံနဲ့ ပြည်သူ့သဘောထားကို ဦးစားပေးရပ်တည်ပေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံပါ ဆိုင်းဘုတ်တွေ စိုက်ထူပြီး ဒီနေ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပြည်သူတို့ရဲ့ အသံကို ကမ္ဘာက သိရှိအောင် ကိုယ်စားပြုဖော်ပြပေးနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ (UN) မှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရရှိရေးအတွက် ပြည်သူ့ကိုယ်စား ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက စိုက်ထူခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်သူ​တွေရဲ့ အသံကို ကိုယ်စားပြုဖော်ပြနိုင်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးက အရေးကြီးသကဲ့သို့ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန်အတွက် မြန်မာပြည်သူတွေရဲ့ ထောက်ခံတဲ့ အသံဟာလည်း အလွန်အရေးပါကြောင်း ဝက်လက်သပိတ်က အသိပေးခဲ့ပါတယ်။ ဒါ့အပြင် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက မြန်မာပြည်သူတွေရဲ့ အသံကို မတိတ်ဆိတ်စေရေး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ပြုရေး၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒကို လေးစားလိုက်နာပေးရေးနဲ့ "ဦးကျော်မိုးထွန်းသည်သာလျှင် ငါတို့၏ တရားဝင် သံအမတ်ဖြစ်သည်၊ ငါတို့ သံအမတ် - ငါတို့ အသံ" ဟု ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
❤19👍9🖕2🥰1🤮1🤣1
👍21🖕3🔥1
❤22👍5🔥1🤮1🖕1
မုံရွာခရိုင်တပ်ရင်း(၁၅)ရင်းမှူး​ဟောင်း၊ချောင်းဦး(6+1)တပ်ပေါင်းစုတပ်​ရေးဗိုလ်ပျံလွှား စစ်တပ်နဲ့ပူး​ပေါင်းသွားပြီး​နောက် စစ်တပ်က​လေ​​​ကြောင်းမှတိုက်ခိုက်လို့ပြည်သူ​သေဆုံးထိခိုက်မှုများ

အောက်တိုဘာ၂-၂၀၂၆။ကတ်သရင်း/ People's Spring

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က မုံရွာခရိုင်တပ်ရင်း(၁၅)ရဲ့တပ်ရင်းမှူးဟောင်း၊လက်ရှိ ချောင်းဦးမြို့နယ်(6+1)တပ်ပေါင်းစုရဲ့တပ်​ရေးဗိုလ် ပျံလွှား (​ခေါ်) ဝေဇင်အောင် (ခ) ဝေကြီး ဟာ စစ်တပ်နဲ့ ပေါင်းသွားပြီးနောက် မုံရွာခရိုင်အတွင်းက နေရာတချို့ကို စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် ပြည်သူအများအပြား​သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာလ၁ရက် ညနေပိုင်းမှာ ပျံလွှားဟာ စစ်တပ်နဲ့ ပေါင်းသွားတယ်လို့ ​ဒေသခံနဲ့စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါ
ပါတယ်။ ဒါ​ပေမယ့်အချို့က အဖမ်းခံရတာလို့​ပြောတာလည်းရှိပါတယ် ။

အောက်တိုဘာလ ၁ရက်ညနေ ၆ နာရီအချိန်
ခန့်မှာ မုံရွာမြို့နယ်၊ မြေနဲကျေးရွာ (စစ်တပ်ရှိ) နဲ့ အောင်သာကျေးရွာကြား မုံရွာ - မန္တလေး လမ်းပိုင်းအား ဖြတ်ကူးစဥ်စစ်တပ်က ပစ်
ခတ်ဖမ်းဆီးသွားတယ်လို့ ကနဦးသတင်း
ထွက်ခဲ့​ပေမယ့် အမှန်မှာ စစ်တပ်ဂိတ်သို့သွား​ရောက်ပူး​ပေါင်းခဲ့တာလို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

၎င်းနဲ့အတူကျပ်သိန်းတစ်ရာကျော်နဲ့သေနတ် (၁ ) လက်ပါသွားတယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကလည်း
"အခုလောလောဆယ်သူတ‌ယောက်တည်း ပေါင်းသွားတယ်လို့သတင်းရတယ်။သူပေါင်းပြီးတဲ့နောက်နေခဲ့တဲ့နေရာ နဲ့ ဆေးရုံကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးကြဲသွားတယ်။တပ်ရင်းကရဲဘော်တွေကအရင်ကတည်းကတပ်ပေါင်းစုဖွဲ့ထားပြီးပြီမို့အဆင်
ပြေပါတယ်"လို့ ပြောပါတယ်။

ပျံလွှားဆိုသူဟာမုံရွာခရိုင်တပ်ရင်း(၁၅)
စတင်တည်​ထောင်စဥ်က တပ်ရင်းမှူးအဖြစ်တာဝန်ယူခဲ့​ပေမယ့် ချောင်းဦးမြို့နယ်မှာ ​​တော်လှန်​ရေးအဖွဲ့ ခုနှစ်ဖွဲ့ ပူး​ပေါင်းပြီး
(6+1)တပ်ပေါင်းစုဖွဲ့ပြီးနောက်ပျံလွှားဟာ တပ်ရေးဗိုလ်အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။ပျံလွှားစစ်တပ် နဲ့​ပေါင်းပြီး​တော့ ဒီနေ့ည​နေပိုင်းမှာ စစ်တပ်က​လေ​ကြောင်းက​နေ ဆက်တိုက်လာ​ရောက်တိုက်ခိုက်ခဲ့တာလို့
​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

ပျံလွှားစစ်တပ်နဲ့​ပေါင်းသွားပြီး​နောက် ဒီ​နေ့ ညနေ ပိုင်းမှာ‌ချောင်းဦးမြို့နယ်၊ ထန်းတောကုန်းရွာအနီးဝန်းကျင်ကို စစ်တပ်က​လေ​ကြောင်းက​နေ ၇ကြိမ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ (၈) ဦးသေဆုံးပြီး (၇) ဦးဒဏ်ရာရခဲ့တယ်လို့ကနဦးသတင်းရရှိပါတယ် ။ဒဏ်ရာရသူ​တွေထဲမှာ ၅ ဦးကပြင်းထန်တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဒါ့အပြင် မုံရွာခရိုင်၊အရာတော်မြို့နယ်တောင်
ခြမ်း၊ ကံရင်းရွာကိုလည်းစစ်တပ်က လေ
ကြောင်းမှတိုက်ခိုက်ခဲ့ပြီး ပြည်သူ (၂) ဦးဒဏ်ရာရခဲ့တယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

စစ်တပ်က အရာတော်မြို့နယ်တောင်ခြမ်းကို
တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာဖြင့်ည​နေ ၄နာရီ ၄၀မိနစ်မှာတစ်ကြိမ်၊ မိတ္ထီလာရှမ်းတဲကတက်လာတဲ့ဂျက်ဖိုက်တာဖြင့်
ည​နေ ၄ နာရီ ၄၅ မိနစ်တစ်ကြိမ်လေကြောင်းမှတိုက်ခိုက်ခဲ့ပါတယ် ။

ဒါ့အပြင် ချောင်းဦးမြို့နယ်အတွင်းကိုလည်း မိတ္ထီလာရှမ်းတဲ​လေတပ်ကတက်တဲ့ ဂျက်ဖိုက်တာ ၂စီး နဲ့ ည​နေ ၄ နာရီ ၅၀ မိနစ် ခန့်၊ ၄ နာရီ ၄၃မိနစ် ခန့်၊ ၄ နာရီ ၄၅ မိနစ် ခန့်၊ ၄ နာရီ ၅၉ မိနစ် ခန့် တို့မှာ စုစုပေါင်းဗုံး ၄ ကြိမ် ဗုံးကြဲခဲ့ပါတယ်။ ဒါ့အပြင်ညောင်ဦးလေဆိပ်တက် MI -35 တစ်စီးကလည်း ည​နေ ၅ နာရီ ၅ မိနစ်အချိန် မှာချောင်းဦး မြို့နယ်အတွင်း လေ
ကြောင်းက​နေတိုက်ခိုက်ခဲ့ပါ​သေးတယ် ။

ပျံလွှားဟာ စစ်တပ်နဲ့ပူး​ပေါင်းသွားတာ​
ကြောင့်သူနဲ့​ဖေစ်ဘွခ်အပါအဝင် လူမှုကွန်ယက်မှာ Friend ဖြစ်​နေရင် unfriend လုပ်ထားကြဖို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်နဲ့ ပြည်သူအချို့ကြား အပြန်အလှန်သတိ​ပေး​​နေကြပါတယ်။
😡24🤬10❤5👍4👎2🔥1👏1🎉1
ပျံလွှား (​ခေါ်) ဝေဇင်အောင် (ခ) ဝေကြီး။
ဓါတ်ပုံ-ပျံလွှား​ဖေစ်ဘွခ်
🖕39👎3🤮3👏2💩2😡2🤩1
စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဗိုက်ထဲကကလေးပါမကျန် သေဆုံးသွားခဲ့ကြရတဲ့အရပ်သားပြည်သူတွေနဲ့သူတို့ရဲ့ ကျန်ရစ်မိသားစုတွေ ပူဆွေးသောကရောက် ငိုကြွေးနေကြတဲ့အပေါ် ဘယ်လိုသဘောထား အမြင်ရှိပါသလဲ။

ဒီမေးခွန်းတွေအတွက်အဖြေကို စစ်တပ်လော်ဘီတစ်ယောက်ကတော့ စောလျင်စွာပဲ လူသိရှင်ကြား ထုတ်ဖော် ဖြေဆိုထားပါတယ်။

မပုတုဆိုသူ စစ်တပ်လော်ဘီ အမျိုးသမီးတစ်ဦးပါ။ ကျောက်တော်ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့သတင်းတွေကြားပြီးချိန် ချက်ချင်းဆိုသလိုပဲ “ဒီနေ့သောက်တဲ့ ရခိုင်မုန့်တီကပိုပြီးအရသာရှိတယ်။ မိုးအေး

အေးနဲ့ ဆွေးရတာ ဖီးလ်ပဲ”ဆိုတဲ့ စကားနဲ့အတူ ရခိုင်မုန့်တီကို စားပြတဲ့ဗီဒီယိုကလစ်တစ်ခု TikTok မှာ တင်ခဲ့သလို အဆိုတော်ကိုင်ဇာရဲ့ “ကစ္ဆပနဒီလှိုင်းသံ” ဆိုတဲ့သီချင်းကိုလည်းနောက်ခံအဖြစ်ထည့်သုံးထားပါသေးတယ်။အဲဒီနေ့မှာပဲ နောက်ထပ်ဗီဒီယိုကလစ်တစ်ခုကို TikTok မှာ ထပ်တင်လာခဲ့ပြီး အဲဒီထဲမှာလည်းအတော်လေးဆိုးဝါးတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့အတူ ထိခိုက်သေဆုံးရတဲ့ ပြည်သူတွေအပေါ် စော်ကားပြော ဆိုမှုတွေ ပြုထားပါသေးတယ်။

ပြည်သူတွေထိခိုက်သေဆုံးရလို့ စိတ်မကောင်းဖြစ်၊ ဝမ်းနည်းနေချိန် ဒီဗီဒီယိုကလစ်တွေကို တွေ့လိုက်ရတော့ စိတ်ထဲမှာအတော်လေးနေလို့မကောင်းဖြစ်ခဲ့ရပါတယ်။ အကြောင်းရင်းက ကျောက်တော်ဖြစ်စဉ်နဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြည်သူတစ်ယောက်အနေနဲ့ တားမြစ်ဆန့်ကျင်ရမယ့်အစား၊ ကန့်ကွက်ရှုတ်ချရမယ့်အစား အကြမ်းဖက်မှုအပေါ် စိတ်လိုလက်ရ အားပေးအား မြှောက်လုပ်လာတဲ့အတွက်ကြောင့်ပါ။ “သူက နဂိုကတည်းက စစ်တပ်အားပေး ထောက်ခံသူပဲ”ဆိုတာမျိုးနဲ့ ဖြေ သိမ့်တွေးတွေးပေးလို့ မရပါဘူး။ ဒါဟာ လက်နက်ကိုင်တပ်ဖွဲ့ချင်းဖြစ်တဲ့ တိုက်ခိုက်မှုမဟုတ်ပါဘူး။ ပြည်သူလူထု အပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်တာ၊ အပြစ်မဲ့ပြည်သူ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတာသာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကုလအပါအဝင် နိုင်ငံတကာက လက်မခံဘဲ ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချနေကြတာပါ။

နောက်တစ်ယောက်ရှိပါသေးတယ်။ စစ်တပ်လော်ဘီကျော်မျိုးမင်းပါ။သတင်းသမားအမည်ခံ ကျော်မျိုးမင်းဟာ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် ချဉ်းကပ်တဲ့အခါ စစ်တပ်ထောက်ခံသူပီပီ စစ်တပ်ဘက်ကို အသာစီးအကြည့်၊ တစ်ဖက်စောင်းအမြင်တွေနဲ့ ကြည့်မြင်ပြောဆိုချက်တွေကြောင့် ဝေဖန်ခံရမှုတွေနဲ့ ကြုံရသူတစ်ယောက်ဖြစ်ပါတယ်။ အခု ကျောက်တော်ဖြစ်စဉ်မှာလည်း သူဟာထိုနည်းတူပါပဲ။

အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အပေါ် သူက “ဒုတိယကမ္ဘာစစ်ကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ။ ဒေသတစ်ခုနဲ့တစ်ခု။ စစ်တပ်တစ်တပ်နဲ့တစ်တပ်။ မြို့တစ်မြို့နဲ့ တစ်မြို့။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ကြခိုက်ကြတဲ့ အခါမှာ ကိုယ့်မှာရှိတဲ့ အားသာမှုကို အသုံးချပြီးပဲ တိုက်တယ်။ ဘယ်သူ ကမှတော့ ကိုယ့်မှာ ဓားရှိလျက်နဲ့ လက်သီးနဲ့ ပြေးမထိုးဘူး။ ကိုယ့်မှာသေနတ်ရှိလျက်နဲ့သေချာတယ် ဘောလ်ပင်လေးနဲ့လှမ်းမထိုးဘူး”ဆိုတဲ့စကားကို ပြောခဲ့ ပါတယ်။

ဒီနေရာမှာ ကျော်မျိုးမင်းကို တစ်ခုပဲမေးချင်တာက အခုအာဏာသိမ်းစစ်တပ်ဗုံးကြဲခဲ့တဲ့နေရာဟာ စစ်ရေး ပစ်မှတ်နေရာလား။ အများပြည်သူတွေ သွားလာကျင်လည်နေထိုင်ရာနေရာလားဆိုတဲ့တစ်ချက်ကိုပဲ အရင်ဖြေ ကြည့်စေချင်တာပါ။

အခုအာဏာသိမ်းစစ်တပ် ဗုံးကြဲခဲ့တဲ့နေရာဟာ ဓား-ဓားချင်း၊ သေနတ်-သေနတ်ချင်း ယှဉ်ခုတ်၊ ယှဉ်ပစ်ရမယ့်နေရာ မဟုတ်နေဘူးဆိုတာ မြန်မာလူထုသာမက ကမ္ဘာကပါသိပါတယ်။ ဒီကျောက်တော်ဖြစ်စဉ်မှာ မပုတုလို၊ ကျော်မျိုး မင်းလို အကြမ်းဖက်အားပေး၊ စစ်ရာဇဝတ်မှုအပေါ် ထောက်ခံတဲ့အခြားသော စစ်တပ်လော်ဘီများစွာလည်း ရှိနေပါ သေးတယ်။ သူတို့ဟာ စစ်တပ်ကကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတိုင်းမှာဆန့်ကျင်တားမြစ်၊ကန့်ကွက်ရှုတ်ချရမယ့်အစားအားပေးအားမြှောက်ပြုသူတွေအဖြစ် အခိုင်အမာတည်ရှိနေသူတွေပါ။

အာဏာသိမ်းစစ်တပ် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နာမည်ကြီးဖြစ်စဉ်တွေဖြစ်တဲ့ လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက်၊ ကျောက်တော်တို့အပါအဝင် အာဏာ
သိမ်းစစ်တပ်ဘက်က လူအစုလိုက်အပြုံ
လိုက်သတ်ဖြတ် မှု၊ အကြမ်းဖက်မှုဖြစ်စဉ်တိုင်းမှာ စစ်တပ်လော်ဘီတွေဟာ အဲဒီသူတို့ထောက်ခံတဲ့စစ်တပ်ဘက်ကိုသာ ဖာထေး ဝန်းရံပေးခဲ့ရုံသာမက နောက်ထပ်၊ နောက်
ထပ်သော စစ်ရာဇဝတ်မှုတွေ ကျူးလွန်လာအောင်၊ လူအစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုတွေကို လက်မရွံ့ကျူးလွန်လာအောင် သွေးထိုးလှုံ့ဆော်ပေးနေသူတွေဖြစ်တယ်ဆိုတာ သူတို့ရဲ့ ပြောဆိုချက်၊ ရပ်တည်ချက်တွေကနေ သိသာထင်ရှားစွာ တွေ့မြင်ရပါတယ်။

ဒီတော့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ကျူးလွန်လာသမျှ စစ်ရာဇဝတ်မှုတွေ တိုင်းမှာ အဲဒီစစ်တပ်လော်ဘီတွေဟာလည်း ပူးတွဲတရားခံတွေဖြစ်တယ်ဆိုတာပါပဲ။


https://www.ludunwayoo.com/opinion-mm/2026/10/02/169843/
👍27❤7🤬5🔥1🤣1🖕1