စက်သုံးဆီဈေး ထပ်တက်
အောက်တိုဘာ-၂၊၂၀၂၆။ဇော်ဝင်း၊ရောင်နီ/People's Spring
ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ဈေးတွေ ထပ်မံတက်လာတယ်လို့ ပြည်တွင်းစက်သုံးဆီဈေးကွက်ထံက စုံစမ်းသိရပါတယ်။
အပတ်စဉ် သောကြာနေ့တိုင်း အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းထားတဲ့စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီရဲ့ ဒီကနေ့ သတ်မှတ်ဈေးအရ တစ်လီတာကို အနည်းဆုံး ၂၅ ကျပ်ကနေ ၁၃၀ ကျပ်အထိ ဈေးတက်လာပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့အပတ်ကတည်းက စက်သုံးဆီ အမျိုးအစားအလိုက် ရည်ညွှန်းဈေးက တစ်လီတာကို ကျပ် ၆၀၀ ကျော်မြင့်တက်ခဲ့တာဖြစ်ပါတယ်။
"ကမ္ဘာ့ရေနံစိမ်း ဈေးတက်တယ်။တရုတ်က စက်သုံးဆီ တင်ပို့တာရပ်လိုက်သလို အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း စစ်ရေးအင်အားတိုးလိုက်တာကြောင့်ပါတယ်။မြန်မာအပါအ၀င် အာရှစက်သုံးဆီဈေးကွက်ရည်ညွှန်ဈေးလို့ပြောရမယ့် စင်ကာပူက သန့်စင်ထုတ်လုပ်ပြီး စက်သုံးဆီဈေးတွေလည်း ဆက်တိုက်တက်နေတယ်"လို့ ရေနံစည်ဈေးကွက်ကို လေ့လာသူတစ်ဦးက ပြောပါတယ်။
ဒီနေ့(အောက်တိုဘာ ၂ ရက်)) ထုတ်ပြန်တဲ့ စစ်တပ်ရဲ့ စက်သုံးဆီရည်ညွှန်းဈေးတွေအရ ရန်ကုန်မြို့မှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၄၅၄၀ ကျပ် ၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၄၇၃၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၄၈၁၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅၇၉၅ ကျပ် သတ်မှတ်ထားပါတယ်။
အဲဒီဈေးနှုန်းတွေအရ ရန်ကုန်မြို့ လက်လီဈေးဟာ ပြီးခဲ့တဲ့တစ်ပတ်ဈေးနှုန်းတွေနဲ့ယှဉ်ရင် ဓာတ်ဆီ ၉၂ တစ်လီတာ ၉၀ ကျပ် ၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၁၃၀ ကျပ် နဲ့ ဒီဇယ်တစ်လီတာ ၂၅ ကျပ် မြင့်တက်ခဲ့တာပါ။
"ဈေးကတက်ရင် လေယာဉ်လိုပဲ။ ကျရင်တော့ လိပ်အတိုင်းပဲ လုပ်စားကိုင်စားရတာ တော်တော်ကို မလွယ်တာ" လို့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
စက်သုံးဆီဈေးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက အမေရိကန်-အီရန် ပဋိပက္ခတွေကြောင့် တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီလအထိ တစ်လကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၂၀၀၀ကျော် ကနေ ၅၀၀၀ အထိ တက်ခဲ့တာပါ။ ပရီမီယံဒီဇယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၇,၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့တာပါ။
အဲဒီနောက် ဧပြီလလယ်ကစတင်ပြီး စက်သုံးဆီဈေးတွေ ပြန်လည်ကျဆင်းလာခဲ့ပေမယ့် ဖေဖော်ဝါရီက ရည်ညွန်းဈေးအထိတော့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။
ဧပြီလလယ်ကနေ ဇူလိုင်လလယ်အထိသုံးလအတွင်း ကျဆင်းလာတဲ့ စက်သုံးဆီဈေးက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဈေးပြန်တက်လာခဲ့ပြီး စက်တင်ဘာအထိ အတက်အကျအနည်းငယ်သာအပြောင်းအလဲရှိခဲ့တာပါ။

👍27🔥6❤1👎1
မိုးမိတ်စစ်ရေးတင်းမာနေချိန်မြို့ခံတွေကို စစ်
တပ်ကမြို့ပြင်ထွက်ခွင့်မပေးဘဲပိတ်ဆို့ထား
● "ဒါကအရပ်သားကိုအကာအကွယ်ယူတာ။ဓါးစာခံလုပ်ထားတာ"- မြို့ခံတဦး
အောက်တိုဘာ-၂၊၂၀၂၆။ရွှေပြည်စိုး/People's Spring
အာဏာသိမ်းစစ်တပ်ကမိုးမိတ်မြို့ကို ပို့လိုက်တဲ့ စစ်မှုထမ်းသင်တန်းဆင်း(ပစ)စစ်သားသစ်တွေကို မြို့အနှံ့ နေရာချထားပြီး မြို့ခံတွေကို ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားသလို တိုက်ပွဲလည်းဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုးမိတ်မြို့ပေါ် ရပ်ကွက်လေးခုနဲ့ပတ်ဝန်းကျင်အနှံ့မှာ စစ်တပ်က အောက်တိုဘာ ၁ ရက်ညကစပြီး နေရာယူလိုက်တာဖြစ်တယ်လို့ စစ်ရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။
"မြို့ကို ပိတ်ဆို့ထားလိုက်ပြီ။ဘယ်သူမှမထွက်ရဘူးတဲ့။အခုမိုးမိတ်မြို့အထွက်မြစ်ဆုံသွားတဲ့ ဘက်မှာ တိုက်ပွဲဖြစ်နေပြီ"လို့ ၎င်းက ပြောပါတယ်။
မိုးမိတ်မြို့အနီးက အုန်းကြောရွာသစ်မှာ မနက် ၉နာရီခန့်က စပြီး တိုက်ပွဲဖြစ်နေတာပါ။ စစ်တပ်က မြို့ခံတွေကို ပိတ်ဆို့ထားပြီး လူသားတံတိုင်းလုပ်နေတဲ့လုပ်ရပ်က စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"တိုက်ပွဲက တစ်ရက်ထက်တစ်ရက် ပြင်းလာတယ်။ဘာဆက်ဖြစ်မယ်မသိတဲ့အနေအထားမှာ ဒေသခံတွေကရှောင်ဖို့လုပ်တော့ ပိတ်ချလိုက်တယ်။ ဒါက အရပ်သားကို အကာအ
ကွယ်ယူတာ။ဓါးစာခံလုပ်ထားတာ"လို့ မြို့ခံတဦးက ပြောပါတယ်။
မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာညောင်နီရွာအနီးမှာစက်တင်ဘာလ၂၈ရက်မနက်ပိုင်းကစပြီး
စစ်ကောင်စီနဲ့ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA)တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ ဒီနေ့အထိ စစ်ရေးတင်းမာနေတာပါ။
အောက်တိုလာလ ၁ရက်နေ့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေစစ်အင်အားတွေကို မန္တလေး - မတ္တရာ- သပိတ်ကျင်း
-တကောင်း- ထီးချိုင့် - မိုးမိတ်လမ်းအတိုင်း
ပို့ဆောင်ခဲ့ပါတယ်။ လေကြောင်းလုံခြုံရေးအကူအညီနဲ့ ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်
မတော်(TNLA)နဲ့မဟာမိတ်တွေကထိုးစစ်ဆင်သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ဒါပေမယ့် တရုတ်အစိုးရရဲ့ကြားဝင်စွက်ဖက်မှုနဲ့စစ်ကောင်စီထံကို ၂၀၂၅ အောက်တိုဘာလမှာပြန်ပေးခဲ့တာပါ။ TNLA ကပြန်လွှဲပေးပေမယ့်နောက်ပိုင်းဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။မတ်လဆန်းထဲမှာ တိုက်ပွဲတွေပိုမိုပြင်း
ထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်း စစ်တပ်က မြို့ထဲမှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မ တော် (SSPP/SSA)လည်း တပ်စွဲထားပါတယ်။
မိုးမိတ်မြို့အနီး၊ညောင်နီကျေးရွာကရွှေသမင်ကုန်း စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ၂၈ရက်နဲ့ ၂၉
ရက်တိုက်ပွဲမှာ စစ်တပ်ကလေကြောင်းက ဗုံးကြဲခဲ့ပြီး ဒီနေ့(အောက်တိုဘာ ၂ ရက်)
လည်း လေယာဉ်ပတ်ပျံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

👍22🤬7❤4👎1🥰1👏1🤣1🖕1
ရေဘေးကြုံနေရချိန် လေကြောင်းတိုက်ခိုက်တဲ့ စစ်တပ်လုပ်ရပ် တနင်္သာရီဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီ ရှုတ်ချ
အောက်တိုဘာ ၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
သဘာဝဘေးအန္တရာယ်ထိခိုက်ခံစားနေရသော တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များအား အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း တနင်္သာရီ ဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ နောက်ဆုံးပတ်မှာ ဖြစ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် သမိုင်းတလျှောက် အမြင့်ဆုံးမိုးရေချိန်ဖြင့် ပြင်းထန်စွာ မိုးရွာသွန်းမှုဖြစ်ခဲ့တဲ့ တနင်္သာရီတိုင်း ၊ ထားဝယ် ခရိုင်အတွင်းရှိ လောင်းလုံ၊ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်တွေမှာ ပြည်သူတွေအနေနဲ့ တောင်ပြို၊ မြေပြို၊ ရေဘေး စတဲ့ အန္တရာယ်တွေ ခံစားနေရချိန် စစ်တပ်က ကျေးရွာအချို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်လာတဲ့အပေါ် အခုလို ထုတ်ပြန် ခဲ့တာလည်းဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရေဘေးကြုံနေရတဲ့ဒေသတွေဖြစ်တဲ့ ထားဝယ်မြို့နယ်၊ ရေဝိုင်းကျေးရွာကို စက်တင်ဘာ ၃၀ရက်မှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့သလို အောက်တိုဘာ ၁ရက်မှာ သရက်ချောင်းမြို့နယ်ရှိ ပိတိုင်ကျေးရွာ၊ လဘကျေးရွာနဲ့ ဆင်ကျန်းကျေးရွာတို့ကို လေယာဉ်နဲ့ ဆက်လက် ဗုံးကြဲတာ စက်သေနတ်နဲ့ ပစ်တာ ပြုလုပ်ခဲပါတယ်။
စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ပေမဲ့ တိုက်ခိုက်ခံရတဲ့ နေရာတွေဟာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ခဲ့တဲ့ ဒေသများဖြစ်ပြီး ရှင်းလင်းရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေတဲ့နေရာတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။
“သဘာဝဘေးထိခိုက်ခံစားနေရသော ပြည်သူများအပေါ် ကူညီထောက်ပံ့မှုများ ဆောင်ရွက် ရမည့်အစား အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်အဆင့်ဖြင့်ကူညီဆောင်ရွက်ခြင်း မရှိသည့်အပြင် သဘာဝဘေးသင့် ထားဝယ်ခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ် နေသည့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် တနင်္သာရီ ဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေး ကောင်စီ (TFUCC) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်”လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်တပ်ရဲ့ အခုလို လုပ်ရပ်ဟာ သဘာဝဘေးသင့် ပြည်သူများအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ ရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နှောင့်ယှက်ဟန့်တားရန် ရည်ရွယ်တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ရပ်တွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအပေါ် နှောင့်ယှက် ဟန့်တားမှုများအားလုံးကို စနစ်တကျ မှတ်တမ်းတင်ထားကြောင်း TFUCCက ထုတ်ပြန်ခဲ့ပြီး ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူများရဲ့ လုံခြုံရေးနဲ့ အကူအညီ ထောက်ပံ့များ ဆက်လက်ပံ့ပိုးနိုင်ရေးအတွက် သက်ဆိုင်ရာတော်လှန်ရေး ၊ ကာကွယ်ရေး အဖွဲ့အစည်း များနဲ့ လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အသိပေးပါတယ်။
တနင်္သာရီတိုင်းအတွင်း သဘာ၀ဘေးကြုံနေရချိန် စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ထားပြီး စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် သဘာ၀ဘေးကြုံနေရတဲ့ ပြည်သူတွေဟာ ထိတ်လန့်ကြောက်ရွံ့နေရကြောင်း ဖော်ပြထားပါတယ်။

👍26🤮10❤4🥰1🤣1🖕1
နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအရ စစ်ဖြစ်နေကြချိန် စစ်ရေးရည်ရွယ်ချက်ရှိနေတောင် အရပ်သားထိခိုက်မှု မရှိအောင် ကာကွယ်ပေးရမယ့် တာဝန်က တိုက်ခိုက်သူဘက်မှာပဲ ရှိပါတယ်။ တိုက်ခိုက်မှုတစ်ခု မလုပ်ခင် အရပ်သားတွေ ထိခိုက်နိုင်မှုကို ကြိုတင်စဉ်းစားပြီး၊ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တဲ့ တိုက်ခိုက်မှုတွေကိုလည်း ရှောင်ရှားရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေ၊ အရပ်သားတွေ ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းတွေ ဒါမှမဟုတ် လူနေအိမ်တွေလို နေရာတွေကို တိုက်ခိုက်ပြီးနောက် “အဲဒီနေရာမှာ လက်နက်ကိုင်တွေ ရှိနေခဲ့တယ်” ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ အဲဒီလုပ်ရပ်ကို ဥပဒေကခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ပါဘူး။
အကြောင်းကတော့ စစ်ရေးပစ်မှတ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားတွေရဲ့ အသက်အန္တရာယ်ကို လျစ်လျူရှုခွင့် မရှိတဲ့အတွက် ဖြစ်ပါတယ်။
သမိုင်းတစ်လျှောက်မှာ အာဏာရှင်အစိုးရတွေနဲ့ စစ်ခေါင်းဆောင်တွေဟာ ကိုယ်ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို အကြောင်းပြချက်မျိုးစုံနဲ့ ကာကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ တချို့က “နိုင်ငံတော် လုံခြုံရေးအတွက်” လို့ ပြောခဲ့ကြသလို၊ တချို့ကလည်း “ရန်သူကို တိုက်ခိုက်တာပဲ ဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။ တချို့ကတော့ “အထက်က အမိန့်ပေးလို့ လုပ်ခဲ့တာပါ” ဆိုတဲ့ စကားနောက်ကွယ်မှာ ပုန်းကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒါပေမယ့် နိုင်ငံတကာ တရားစီရင်ရေးသမိုင်းက ပြသခဲ့တဲ့ အချက်ကတော့ ရှင်းပါတယ်။ အမိန့်ပေးခံရတာ၊အမိန့်ရှိခဲ့တာဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့သူ တစ်ဦးကို အပြစ်ကင်းလွတ်
ခွင့် မပေးနိုင်ပါဘူး။
ဒုတိယကမ္ဘာစစ်အပြီးနာဇီဂျာမနီ ခေါင်း
ဆောင်တွေကို စီရင်ခဲ့တဲ့ နူရင်ဘတ် (Nuremberg) တရားစီရင်မှုဟာ ဒီအခြေခံသဘောတရားကို ကမ္ဘာ့တရားစီရင်ရေးသမိုင်းမှာ အရေးအကြီးဆုံးအဖြစ် သတ်မှတ်ခံရတဲ့ အမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ်ကနေ ၁၉၄၆ ခုနှစ်အထိ ပြုလုပ်ခဲ့တဲ့ နူရင်ဘတ်တရားစီရင်မှုမှာ နာဇီဂျာမနီရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ စစ်ဘက်အရာရှိတွေကို စစ်ပွဲကျူးလွန်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်ဆေးခဲ့ပါတယ်။တရားခံ ၂၂ ဦးအနက် ၁၉ ဦးကို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး ၁၂ ဦးကို သေဒဏ်၊ ၃ ဦးကိုထောင်ဒဏ်တစ်သက်၊ ၄ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။
အဲဒီတရားစီရင်မှုမှာ “ခေါင်းဆောင်က အမိန့်ပေးလို့ လုပ်ခဲ့တာပါ”ဆိုတဲ့ အကြောင်းပြချက်ကိုလက်မခံခဲ့ပါဘူး။အကြောင်းကတော့ လူတစ်ဦးချင်းစီဟာ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် ကိုယ်တိုင်တာဝန်ယူရမယ်ဆိုတဲ့အခြေ
ခံမူကြောင့် ဖြစ်ပါတယ်။
နူရင်ဘတ်တရားစီရင်မှုနောက်ပိုင်းမှာဒီအခြေခံမူဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို စီရင်ရာမှာ အရေးကြီးတဲ့ စံနှုန်းတစ်ခု ဖြစ်
လာခဲ့ပါတယ်။
ယူဂိုဆလားဗီးယား ပြိုကွဲမှုအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ဆေးဖို့ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICTY)ကလည်း ထိပ်တန်းခေါင်းဆောင်တွေတင်မကဘဲ အဲဒီကျူးလွန်မှုတွေမှာ ပါဝင်ခဲ့သူတိုင်းကိုစီရင်ခဲ့ပါတယ်။
ဘော့စနီးယားဆာ့ဘ်တပ်ဖွဲ့ရဲ့စစ်ခေါင်း
ဆောင်ရတ်ကိုမလာဒီချ်(Ratko Mladić)ကို ဆရီဘရီနီဆာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့မှုအတွက်၂၀၁၇ခုနှစ်မှာထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့်တရားစီရင်ခံရသူတွေဟာမလာဒီချ်လို ထိပ်တန်းခေါင်းဆောင်တွေပဲ မဟုတ်ခဲ့ပါဘူး။ အမိန့်တွေကို အကောင်အထည်ဖော်ခဲ့သူတွေနဲ့ တိုက်ရိုက်ကျူးလွန်ခဲ့သူတွေကိုလည်း သူတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့တဲ့ အပြုအမူတွေအပေါ် မူတည်ပြီးကျူးလွန်ခဲ့တဲ့အတိုင်း အပြစ်ဒဏ်ခံရစေတာ ဖြစ်ပါတယ်။
ဒီသဘောတရားအတိုင်းရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုအပြီးမှာလည်း ထပ်မံစီရင်ခံခဲ့ရပါတယ်။
၁၉၉၄ ခုနှစ် ရဝမ်ဒါနိုင်ငံမှာ လူပေါင်းရှစ်သိန်းခန့် သေဆုံးခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICTR) ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီခုံရုံးက နိုင်ငံရေး ခေါင်းဆောင်တွေ၊ အစိုးရအရာရှိတွေနဲ့ တိုက်ရိုက်ပါဝင်ကျူးလွန်ခဲ့သူတွေအားလုံးကို စစ်ဆေးအရေးယူခဲ့ပါတယ်။
ရဝမ်ဒါ ဝန်ကြီးချုပ်ဟောင်းဂျင်းကမ်ဘာဒါ (Jean Kambanda)ကိုလည်းလူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူး
လွန်မှုတွေအတွက် ၁၉၉၈ ခုနှစ်မှာ ထောင်
ဒဏ်တစ်သက် ချမှတ်ခဲ့ပြီး သူဟာ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရအကြီးအကဲအဖြစ် ဒီလိုပြစ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပထမဆုံးသူ ဖြစ်လာခဲ့ပါတယ်။
ရဝမ်ဒါဖြစ်ရပ်က ပြသခဲ့တာကတော့ ရာဇ
ဝတ်မှုကြီးတွေမှာ တာဝန်ရှိသူဆိုတာ ထိပ်ဆုံးမှာရှိတဲ့ ခေါင်းဆောင်တွေပဲ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ လူသတ်မှုတွေကို စီစဉ်သူ၊ အမိန့်ပေးသူ၊လှုံ့ဆော်သူ၊လက်တွေ့အကောင်
အထည်ဖော်သူ တစ်ဦးချင်းစီမှာ ကိုယ်ကျူး
လွန်ခဲ့တာအတွက် ကိုယ်ပိုင်တာဝန် ရှိတယ်ဆိုတာ နိုင်ငံတကာတရားစီရင်မှုက ပြသခဲ့ပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/10/02/169855/

LuduNwayOo
အာဏာရဲ့အရိပ်အောက်မှာ ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုများ တာဝန်ခံရမယ့်နေ့ | LuduNwayOo
လူသားသမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ၊လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကနေ သင်ခန်းစာယူပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ပွဲအတွင်းမှာတောင် လိုက်နာရမယ့်စည်းမျဉ်းဥပဒေတွေ၊စည်းကမ်းချက်တွေကို တည်ဆောက် ထားပါတယ်။
👍36❤5🖕3🤣1
ရေဘေးသင့်ထားဝယ်မြို့မှာ စစ်တပ်က လူငယ်တွေ ပေါ်တာဆွဲဖမ်းဆီးနေ
အောက်တိုဘာ-၂၊၂၀၂၆။အိမ်သွင်/People's Spring
ရေဘေးနဲ့ မြေပြိုဘေးကြုံနေတဲ့ ထားဝယ်မြို့နယ်မှာ စစ်တပ်က လူငယ်တွေ ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေသလို ဒီနေ့ အောက်တိုဘာ ၂ရက်မှာလည်း မြို့အဝင်၊ကမြောကင်းတံတားဂိတ်မှာ လူငယ် ၂ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။
ထားဝယ်မြို့အဝင်မှာ စစ်တပ် တပ်စွဲထားတဲ့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသူတွေအနက် အသက် ၂၀ကျော်အရွယ် လူငယ် ၂ဦးကို ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
"မနက်၇နာရီလောက်က ဖမ်းတာ။ အရင်ရက်ကလည်း မြို့ထဲမှာတစ်ယောက် အဖမ်းခံရတယ်။ အခု နှစ်ယောက်။ မြို့ထဲကိုတောင် မဝင်ရဲလောက်အောင်ဖြစ်နေတယ်"လို့ မြို့ခံတစ်ဦးက ၁ပြောပါတယ်။
စက်တင်ဘာ၂၈ရက်ကလည်း စစ်တပ်က ထားဝယ်မြို့နယ် ကြက်စားပြင်ရပ်ကွက်မှာနေတဲ့ လူငယ် ၁ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေကို မသိရသေးပါဘူး။
စစ်တပ်ရဲ့လုပ်ရပ်ကြောင့် လူငယ်တွေဟာ ရေဘေးကူညီကယ်ဆယ်ရေးကို မလိုက်ရဲအောင်ဖြစ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်း လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလ၂၆ရက်နေ့ကစပြီး ရေဘေးကြုံတွေ့နေတာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပြီး ဒေသခံတွေကအရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
စစ်တပ်က လူငယ်တွေ ဖမ်းဆီးနေသလို ဘေးသင့်ဒေသတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိနေပါတယ်။စက်တင်ဘာ ၃၀ရက်က ထားဝယ်အရှေ့တောဒေသ ရေဝိုင်းရွာကို လေယာဉ်နဲ့ဗုံးကြဲခဲ့ပြီး အောက်တိုဘာ ၁ရက်မှာတော့ သရက်ချောင်းမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပတ်ချာလည်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေ သဘာဝဘေးရင်ဆိုင်နေရချိန်မှာ လေကြောင်းတိုက်ခိုက်တဲ့လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း တနင်္သာရီဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် ထားဝယ်ခရိုင်က ရေဖြူမြို့နယ်နဲ့လောင်းလုံးမြို့နယ်ထဲမှာလည်း မြေပြင်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ရေဘေးနဲ့ မြေပ်ြိမှု ဘေးကြုံတွေ့နေတဲ့ ဒေသတွေကို စစ်တပ်တွေက ပြည်သူအသွင်ယူပြီး စိမ့်ဝင်နေတဲ့အတွက်လည်း ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ အလံဖြူထောင်သွားလာခြင်းမပြုကြဖို့ တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ထုတ်ပြန်ထားပါတယ်။

🤬31❤3👍2👎2🤣1🖕1
ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှု ပြည်သူတွေအစုလိုက်သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတပ် CNF ထုတ်ပြန်
အောက်တိုဘာ ၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူများ၊ မိသားစုဝင်များနဲ့အတူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။
စစ်တပ်က စက်တင်ဘာ ၂၈ရက်မှာ ကျောက်တော်မြို့ကို လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅၀ သေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရခဲ့တာပါ။
သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါဝင်ခဲ့ပြီး စစ်တပ်ရဲ့ အခုလို အရပ်သား ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် ရပ်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု လုပ်ရပ်ဖြစ်လို့ ပြင်းထန်စွာ ရှုတ်ချကြောင်း CNFက ထုတ်ပြန်ပါတယ်။
“အကြမ်းဖက်စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော ပြည်သူများ ၏ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ ထိခိုက်ဒါဏ်ရာရရှိသူ ပြည်သူများလည်း အမြန်ဆုံး သက်သာကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့ပါသည်” လို့ ဖော်ပြထားပါတယ်။
ချင်းအမျိုးသားတပ်ဦး(CNF)အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနဲ့ ဆင်နွှဲနေတဲ့ ပြည်သူ့တော်လှန်ရေး အောင်မြင်ရေးအတွက် ဘုံရည်မှန်းချက်တူတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
ပြည်သူတွေ အစုလိုက်၊အပြုံလိုက်သေဆုံးထိခိုက်မှု ဖြစ်ခဲ့တဲ့ ကျောက်တော်မြို့ စစ်တပ်လေကြောင်းဗုံးကြဲမှုကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြနေပေမဲ့ စစ်အုပ်စုဟာ ကျောက်တော်မြို့ အပါအဝင် အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်နယ်က မြို့နယ်တွေကို လေကြောင်းဗုံးကြဲတာတွေ ဆက်လက်ပြုလုပ်နေဆဲပါ။
စက်တင်ဘာ ၃၀ရက်နဲ့ အောက်တိုဘာ ၁ရက်နေ့တွေမှာ စစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ သံတွဲမြို့တွေက စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို တိုက်လေယာဉ်အုပ်နဲ့ ဗုံးကြဲတိုက်ခိုက်နေကြောင်း AAက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်လို့ ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိခဲ့တဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်တွေက ကျေးရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ သဘာ၀ဘေးသင့် ပြည်သူတွေကို ကူညီတာမရှိတဲ့အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ တနင်္သာရီတိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန် ခဲ့ပါတယ်။

👍28😢7🤣2💩1🖕1
လောင်းလုံးမှာရေဘေးကူညီနေတဲ့လူမှုကယ်
ဆယ်ရေးအဖွဲ့ကို စစ်တပ်ဖမ်းဆီးထားဟုဒေသခံတွေပြော
အောက်တိုဘာ-၂၊၂၀၂၆။ရွှေပြည်စိုး/
People's Spring
ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်း
လုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်
တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။
စက်လှေနဲ့သွားရောက်တဲ့ကူညီကယ်ဆယ်ရေးအဖွဲ့ကိုထားဝယ်မြစ်ဝနဲ့ဆက်စပ်တဲ့နေရာမှာမနက်၁၀နာရီခွဲခန့်ကဖမ်းဆီးသွားတာလို့ လောင်းလုံးမြို့ခံတစ်ဦးကပြောပါတယ်။
"ဖမ်းသွားတာဟုတ်တယ်။ကျွန်မတို့ကစိတ်ပူနေပြီ။ကျောက်နီမော်မှာအကူအညီတွေအ
ရမ်းလိုလို့ သွားကြတာ။အခုဆို တခြားလူမူရေးအဖွဲ့တွေလည်းနောက်ကြောင်းကိုပြန်ခေါက်နေရတယ်"လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
ဖမ်းဆီးခံရတဲ့လူမှုရေးအဖွဲ့အမည်နဲ့ အရေ
အတွက်ကိုလတ်တလောမှာပြောပြလိုခြင်းမရှိသေးဘူးလို့၎င်းကပြောပါတယ်။စစ်ကောင်
စီကသရက်ချောင်းမြို့နယ်ထဲမှာလည်းလူမှုကူညီအဖွဲ့တွေကို ဖိအားပေးစစ်ဆေးနေလို့ နောက်ပြန်လှည့်ရတဲ့အဖွဲ့တွေရှိတယ်လို့ဒေသ
ခံတွေကပြောပါတယ်။လတ်တလောမှာ ဖမ်း
ဆီးခံထားရတဲ့အဖွဲ့နဲ့ ပတ်သက်တဲ့အချက်အ
လက်အသေးစိပ်ကိုတော့မသိရသေးပါဘူး။
တနင်္သာရီတိုင်းစစ်ဌာန ၊နည်းဗျူဟာ(၃၃)၊ဗျူ
ဟာမှုးစောဒါးကိုကလည်း "တောကျဲဘက်ကနေဆင်းပြီးလောင်းလုံမြို့နယ်၊ကျောက်နီမော်
ဖက်လှေနဲ့သွားတဲ့ကယ်ဆယ်ရေးအဖွဲ့ကိုရေ
တပ်စစ်သဘော်မှပစ်ခတ်ပြီးကယ်ဆယ်ရေးအဖွဲ့ကိုဖမ်းဆီးထားတယ် .2.9.2026 ။
11:00 am"လို့ လူမှုကွန်ရက်မှာရေးထားထားပါတယ်။
တနင်္သာရီတိုင်းအတွင်းထိုင်းနိုင်ငံဖက်ကလေ
ဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်မိုးကြီးပြီး စက်တင်ဘာလ၂၆ရက်နေ့ကစတင်ကာဘေး
ကြုံတွေ့ခဲ့တာပါ။လောင်းလုံးနဲ့သရက်ချောင်းမြို့ဟာရေဘေးနဲ့မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့်ထားဝယ်ဒေသတစ်ခုလုံးမှာစုစုပေါင်း
၃၂ ဦးသေဆုံးကြောင်းအတည်ပြုထားနိုင်ပြီးလူနေအိမ်နဲ့ဘာသာရေးအဆောက်အဦးတွေ
အပါအဝင်အဆောက်အဦးပေါင်း(၃၀၀)ဝန်း
ကျင်၊ငါးဖမ်းလှေအစီးရေ (၅၀)ဝန်းကျင်ပျက်
စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအ
ဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။အပျက်အစီး
စာရင်းဆက်လက်တိုးလာနိုင်ပြီးဒေသခံတွေ
အတွက်အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိရေဘေးကြုံတဲ့ဒေသတွေဟာ စစ်ကောင်စီက မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီးပတ်ဝန်းကျင်ကျေးရွာတွေကိုတော်လှန်
ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။
ရေဘေးနဲ့ မြေပ်ြိမှု ဘေးကြုံတွေ့နေတဲ့ ဒေသတွေကို စစ်ကောင်စီတပ်တွေကပြည်သူအ
သွင်ယူပြီး စိမ့်ဝင်နေတဲ့အတွက်ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ အလံဖြူထောင်သွားလာခြင်းမပြုကြဖို့ တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က အောက်တိုဘာလ
၁ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ဘေးသင့်ဒေသတွေဆီ အနယ်နယ် အရပ်ရပ်မှ ပရဟိတအဖွဲ့တွေ လူမှုကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ထောက်ပံ့မှုပြု
လုပ်ပေးနေတဲ့ ပြည်သူ့အဖွဲ့အစည်းတွေက ကုန်းလမ်း၊ ရေလမ်းနဲ့ ဝင်ရောက်ကူညီစောင့်
ရှောက်ပေးနေကြောင်းနဲ့ လာရောက်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အလံဖြူထောင်ပြီးသွားလာကြဖို့စစ်ကောင်စီကဖိအားပေးထားပြီးပြည်သူအသွင်ယူစိမ့်ဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်ရှိဒေသတွင်းလုံခြုံရေးအခြေအနေတွေကြောင့်ဘေးသင့်ပြည်သူတွေကိုကူညီကယ်
ဆယ်ရေးမှာအခက်အခဲတွေကြုံတွေ့နေတယ်လို့ လူမှုကူညီ ရေးအဖွဲ့အချို့ကပြောပါတယ်။

🤬38👍4❤3🖕2👏1🤣1
ရှေးဟောင်းမြို့တော်ပုဂံမှာ မီးပုံးပျံလွှတ်တင်မှု အန္တရာယ်ရှိကြောင်း ပညာရှင်နဲ့ ဒေသခံတွေပြော
အောက်တိုဘာ ၂၊ ၂၀၂၆။ဇေအောင်/People's Spring
ယူနက်စကိုစာရင်းဝင် ရှေးဟောင်းမြို့တော်ပုဂံဒေသမှာ လာမယ့်သီတင်းကျွတ်ကာလ မီး
ပုံးပျံ ၃၀၀၀ဝ လွှတ်မယ့်အစီအစဥ်ဟာ ရှေး
ဟောင်းအမွေအနှစ်တွေအတွက်အန္တရာယ်
ရှိနေကြောင်း ရှေးဟောင်းအမွေအနှစ်ထိန်း
သိမ်းရေးပညာရှင်နဲ့ ဒေသခံတွေက ဝေဖန်ထားပါတယ်။
စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ ဓားပြတိုက် လူပြန်ပေးဆွဲမှုတွေကြောင့် ခရီးသွား သိသိသာသာလျော့ကျသွားတဲ့ ပုဂံဒေသမှာ ခရီးသွားတွေကို ဆွဲဆောင်တဲ့အနေနဲ့ လာမယ့် သီတင်းကျွတ်ကာလမှာ မီးပုံးပျံအလုံးသုံးသောင်းလွှတ်တင်ဖို့ စီစဥ်နေပြီး အဲဒီအပေါ် ဒေသခံအချို့ကလည်းဝေဖန်နေကြပါတယ်။
ပုဂံမှာ မီးပုံးပျံ ၃၀၀၀၀ လွှတ်တင်တာဟာ များပြားတဲ့ ပမာဏတစ်ခုဖြစ်ပြီး ဒေသအတွက် မီးဘေးလည်း စိုးရိမ်ရကြောင်း၊ ဒါ့အပြင် စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုအတွက် ထောင်ချောက်လည်း ဖြစ်နိုင်တာကြောင့် လူငယ်တွေ မသွားကြဖို့ ညောင်ဦးမြို့နယ် လူငယ်ခေါင်းဆောင် ကိုမျိုးမြတ်ကျော်က သတိပေးပါတယ်။
"ခေတ်ကာလ လူငယ်လူရွယ် ကိုယ့်ကြောင့် စကစ လက်ထဲ ခင်ဗျားကိုယ်တိုင် အလိုတူ
အလိုပါ ထည့်ချင်ကြတာလား လို့ မေးခွန်း
ထုတ်ချင်ပါတယ်။ အခု အုပ်ချုပ်နေတဲ့ မင်းဆိုးလား ကောင်းလား သိဖို့လိုမယ်။ လူငယ်တွေ ကို ခင်ဗျားတို့ကြောင့် အနာဂတ် ရည်
မှန်းချက် တွေ မပျက်စီးစေချင်ပါဘူး ။ပွဲဖြစ်ရင် နောင်ဖြစ်လာမယ့်အရာတွေ ဘယ်သူမှ တာဝန်ယူမှာမဟုတ် ကိုယ်တိုင်ခံရမှာ။ ဖြစ်သွားရင်လည်း ဝမ်းနည်းပူဆွေးဖြစ်ကြရမှာ"လို့ ကိုမျိူးမြတ်ကျော်က ပြောပါတယ်။
ပုဂံဒေသဟာ ပူပြင်းခြောက်သွေ့တဲ့ဒေသဖြစ်ပြီး ရှေးဟောင်းစေတီပုထိုးတွေ၊ ထန်းရွက်မိုး ထန်းရွက်ကာ တဲအိမ်တွေ၊ ဝါးကပ်ထရံအိမ်တွေများတဲ့အတွက် မီးပုံးပျံ ပျက်ကျလာခဲ့ရင် မီးလောင်မှာကို စိုးရိမ်နေရတယ်လို့ ဒေ
သခံတွေကတညီတညွတ်တည်းပြောပါတယ်။
"မီးလောင်မှာကို စိုးရိမ်တာ။ ပုဂံက ခြောက်
သွေ့တဲ့ရာသီဥတုမို့လို့"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၁ ရက် ညပိုင်းကလည်း ပုဂံမြို့ မြင်းကပါရွာအတွင်း မီးပုံးပျံပျက်ကျကာ ထနောင်းပင်ပေါ် လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Outstanding Universal Value ရှိကြောင်း ကမ္ဘာကအသိအမှတ်ပြုထားတဲ့ ပုဂံယဉ်ကျေးမှုလွင်ပြင်ကြီးမှာ မြန်မာနိုင်ငံရဲ့ မူလအစ စေတီပုထိုးဘုရားကျောင်းကန်များ၊ မြေပေါ်မြေအောက်အမွေအနှစ်များ၊ သစ်သား၊ဝါး၊ ကျူထရံ အဆောက်အအုံများ၊ သစ်ပင်များ၊ ကောက်ပဲသီးနှံများ၊ ချုံနွယ်ပိတ်ပေါင်းများ၊ လောင်စာဆီများ တစ်စုတစ်ဝေးတည်းရှိနေသောနေရာဖြစ်ကြောင်းနဲ့ အရေးပေါ်လာပါက မီးသတ်ကားတွေတောင် မဝင်နိုင်တဲ့ နေရာတွေ အများအပြား ရှိနေကြောင်းရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင်ဒေါ်ဥမ္မာမျိုးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
"ရန်သူမျိုးငါးပါးထဲမှာတစ်ပါးအပါအဝင်ဖြစ်တဲ့မီး နဲ့မှ အမွေအနှစ်ဒေသကိုအလှဆင်ချင်သူများ၊ ပျော်ရွှင်ချင်သူများ၊ ငွေရှာချင်သူ
များကြောင့် အမွေအနှစ်ရော လူများပါ ထိခိုက်ပျက်စီးနိုင်သည့်ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကိုလွယ်ကူစွာတွေးဆနိုင်ပါတယ်"လို့ ဒေါ်ဥမ္မာမျိုးက ရေးသားထားပါတယ်။
ဒေါ်ဥမ္မာမျိုးကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပေမယ့်ဆက်သွယ်လို့မရသေးပါဘူး။
ပုဂံဒေသကို ၂၀၁၉ ဇူလိုင်က အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးမှာ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ပုဂံရဲ့ တဖက်ကမ်း ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာလည်း ပြီးခဲ့တဲ့ ဇွန်လဆန်းက ပြည်သူ ၄၀ ကျော် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရဖူးပြီး နေအိမ်ရာချီ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ ဇူလိုင် ၁၀ ရက်ကလည်း ညောင်ဦးနဲ့ နယ်ချင်းဆက်နေတဲ့ ချောက်မြို့နယ်မှာ တော်လှန်ရေးရဲဘော် ၂၃ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ညောင်ဦးမြို့နယ်မှာ စစ်ရှောင်တွေလည်း ရှိနေပါတယ်။

👍28🔥5❤2👎2🥰1👏1😢1🥴1🖕1
ရန်ကုန်က ကွန်ဒို ကြိုပွိုင့်ပြသာနာတာဝန်ယူဖြေရှင်းပေးမည့်သူမရှိဖြစ်နေ
အောက်တိုဘာ-၂၊၂၀၂၆။ဇော်၀င်း /People's Spring
ဒေါ်လာတစ်သန်း၀န်းကျင်တန်တဲ့ အခန်းတွေ အပါအ၀င် ရန်ကုန်မြို့က ကွန်ဒိုတွေမှာ ကြိုပွိုင့် ၀ယ်ယူထားသူတွေ အခန်းရဖို့ မရေမရာဖြစ်နေပြီးတာဝန်ယူ၊တာဝန်ခံကာဖြေရှင်းပေမယ့် သူမရှိဖြစ်နေတယ်လို့ နစ်နာသူတွေက လူထုနွေဦးကို ပြောပါတယ်။
လတ်တလောလူထုနွေဦးက ရရှိထားတဲ့အချက်အလက်တွေအရ ရန်ကုန်မြို့က နာမည်ကြီး ကွန်ဒိုတွေ ဖြစ်တဲ့ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်က The Central Tower 8 ၊ သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းအနီးက Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံစီမံကိန်းက အခန်းတွေ နဲ့ အလုံမြို့နယ်က The Park Projectကွန်ဒိုတွေဟာ ဆောက်လုပ်နိုင်ခြင်းမရှိသေးဘဲ ကြိုပွိုင့်၀ယ်ယူထားမိသူတွေဆီက ငွေတောင်းခံတာတွေဆက်ရှိနေတယ်လို့ဝယ်ယူထားသူတွေကပြောပါတယ်။
"အင်လျား view ပါတဲ့အခန်းတွေက အနည်းဆုံးဒေါ်လာလေးသိန်းကနေဒေါ်လာတစ်သန်းထိရှိတယ်။နောက်ပြီးကြိုပွိုင့်ပေးရတဲ့လစဉ် ကြေးကလည်းအပြင်ဒေါ်လာပေါက်ဈေး(မြန်မာငွေလဲနှုန်းအတိုင်း)သွင်းရတယ်။ နိုင်ငံခြားသားတွေလည်းပါတယ်။သူတို့ဆိုရင်လည်းတရားစွဲထားတာတွေပါ ရှိတယ်။နစ်နာသူ ၁၀၀ ကျော် ကျော်လောက်ရှိတယ်။ရှေ့မှာသွင်းထားတဲ့ငွေတွေဆုံးမှာစိုးလို့ ငွေဆက်သွင်းနေတဲ့လူတစ်စုက သပ်သပ်ရှိနေသေးတယ်။ကျွန်တော်ဆို ၂၀၂၂ ကတည်းကနေ အခုချိန်ထိ အခန်းခရဲ့ ၆၀ ရာခိုင်နှုန်းအထိ ပေးသွင်းပြီးပြီ"လို့ The Central Tower 8မှာ ကြိုပွိုင့်၀ယ်ယူထားတဲ့ အမျိုးသားတစ်ဦးက သူရဲ့ဖြစ်စဉ်ကို ရှင်းပြပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၃၀ ရက်က The Central Tower 8 ရုံးခန်းကို ကြိုပွိုင့်၀ယ်ယူထားသူတွေစုပြီး သွားရောက်မေးမြန်းကာ ဖြေရှင်းပေးဖို့တောင်းဆိုမှုကိုလည်း ကုမ္ပဏီဘက်က လျစ်လျူရှုခဲ့တယ်လို့သူကဆက်ပြောပါတယ်။
"ထွက်လည်းမတွေ့ဘူး။ဘာမှလည်းမလုပ်ပေးဘူး။ဆောက်လုပ်ရေးဘယ်နေ့ပြီးမလဲ အခန်းဘယ်တော့အပ်မလဲ ဆိုတာ သူတို့တွေတောင် မသိတဲ့ အခြေအနေ"လို့ အထက်ပါအမျိုးသားကဆက်ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး The Central Tower 8 ကိုတည်ဆောက်တဲ့ တရုတ်နိုင်ငံသား အိမ်ခြံမြေကျွမ်းကျင်သူ စတီဖင် ဆိုသူပိုင်တဲ့ Marga Group ရဲ့ Marga Land mark Development ကုမ္ပဏီကို လူထုနွေဦးကသုံးကြိမ်ထက်မနည်းဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်တာမရှိခဲ့ပါဘူး။
လက်ရှိမှာ စရံငွေပေးသွင်းထားတဲ့ကွန်ဒိုအခန်းတွေနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ အကာအကွယ်ဖြစ်နိုင်မယ့် သတင်းစာတွေထဲ အသိပေးကြေညာထားပြီး ဆောက်လုပ်မယ့် ကုမ္ပဏီဘက်က တဖက်သတ် စာချုပ်ဖျက်သိမ်းတာ၊ ထပ်ဆင့်ရောင်းချတာ တွေ မရှိအောင် တားမြစ်ကန့်ကွက်တာမျိုးသာ လုပ်နိုင်တယ်လို့ ကြိုပွိုင့်၀ယ်ယူထားသူတချို့က ဆိုပါတယ်။
"တရားရုံးတွေမှာ တရားစွဲဆိုထားတာလည်း ဘာမှမထူးဘူး။ဌာနဆိုင်ရာတွေစာပို့ထားတာလည်းအကြောင်းပြန်တာမရှိသေးဘူး"လို့ The Park Project ကွန်ဒိုမှာ အခန်းတခန်းငွေကြိုသွင်း၀ယ်ယူထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုဖြစ်စဉ်တွေက စီးပွားရေးအသိုက်အ၀န်းကို ရိုက်ခတ်နိုင်ပြီး ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေလောကရဲ့နာတာရှည်ရောဂါဖြစ်ကာ စားသုံးသူ(၀ယ်ယူသူ)အကျိုးစီးပွားကို ကာကွယ်ဖို့ အစီအမံတွေ အရေးပေါ်လိုအပ်နေတဲ့ အခြေအနေဖြစ်တယ်လို့ စီးပွားရေးအကြံပေး တစ်ဦးကသုံးသပ်ပြောကြားပါတယ်။
"ကွန်ဒိုတိုက်ခန်းတွေကို မဆောက်လုပ်မီ ကြိုပွိုင့်စနစ်နဲ့ ကြိုတင်ရောင်းချတာဟာ developer တွေအတွက် ဆောက်လုပ်ရေးအရင်းအနှီးလွယ်ကူစွာရရှိစေသလို၊ဝယ်သူတွေအတွက်လည်းဈေးနှုန်းသက်သာစွာ ရွေးချယ် ဝယ်ယူခွင့်ရစေတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ဒါပေမဲ့မြေပြင်မှာ အဆောက်အအုံအမှန်တကယ်မပေါ်ပေါက်လာခင် စာရွက်ပေါ်က အစီအမံကိုပဲယုံပြီး ငွေကြိုပေးရတာဖြစ်တဲ့အတွက် ပရောဂျက်ရပ်တန့်သွားတာ၊ ဆောက်လက်စတန်းလန်းနဲ့ developer ဒေဝါလီခံသွားတာ၊ အချိန်မီ မအပ်နှံနိုင်တာနဲ့ ဝယ်သူဆီကရတဲ့ငွေကို အခြားစီမံကိန်းတွေမှာ လှည့်သုံးလိုက်တာစတဲ့ အန္တရာယ်ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်"လို့ သူက ပြောပါတယ်။
ဒါကြောင့် ကွန်ဒိုကြိုပွိုင့်စနစ်တွင် ဝယ်ယူသူတွေအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် တည်ဆောက်မယ့်(developer )ရဲ့နာမည်ဂုဏ် သတင်းတစ်ခုတည်းအပေါ် ယုံကြည်ရုံနဲ့ မလုံလောက်ဘဲ ငွေကြေးကို သီးသန့်အကောင့်ထဲထိန်းချုပ်ထားတာ၊ဆောက်လုပ်မှုအဆင့်အလိုက်သာ ထုတ်ယူစေတာ နဲ့ တတိယအဖွဲ့အစည်း (ဘဏ်/အာမခံ) ရဲ့ တာဝန်ခံမှု ထားရှိတဲ့ငွေကြေးနစ်နာမှု ကင်းဝေးစေမယ့်စနစ်ဖြစ်ထွန်းလာဖို့ သူက တိုက်တွန်းပါတယ်။
တဖက်မှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းဆောက်လုပ်ရေးလောက အကျပ်အတည်းတွေ့ နေပါတယ်။ စစ်တပ်ကပြည်ပက ဆောက်လုပ်ရေးပစ္စည်းတင်သွင်းခွင့်တားမြစ်ထားတာနဲ့ ငွေကြေးဖောင်းပွတာကြောင့် ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ဈေးကြီးကုန်သလို ၊စစ်မှုထမ်းစုဆောင်းမှုကြောင့်လုပ်သားရှားပါးတာတွေကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ကြိုပွိုင့်နဲ့ရောင်းထားတဲ့ဈေးနဲ့ မရောင်းနိုင်တော့နဲ့အခြေအနေ ကြုံနေကြတယ်လို့ လုပ်ငန်းရှင်တချို့ကပြောပါတယ်။

🤬17❤9🔥6👍3👎1
"အိမ်ဆောက်ပစ္စည်းရဲ့အခြေခံဖြစ်တဲ့ သံချောင်း တွေသွင်းခွင့်မရတော့ဘူး။အရင် တစ်တန် ၁၆ သိန်းက အခု သိန်း ၆၀ ဖြစ်နေတယ်။ဒါကြောင့် အခုလိုအချိန်မှ သွင်းကုန်ပါမစ်တွေ ခက်ခဲတာ နဲ့ ဈေးကွက်မှာပစ္စည်းတွေ၀ယ်မရတာ၊ရှားပါးတာ ကြုံနေရတယ်။အဲဒီပြဿနာတွေအပြင် လုပ်သားအင်အားထုရှားပါးနေတာကလည်း ဆောက်လုပ်ရေးလောက က ပိုဆိုးရွာလာတယ်"လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါကြောင့် ဆောက်လုပ်ရေးကုမ္ပဏီတွေ ဆက်မလုပ်နိုင်တော့ဘဲ ရပ်နားသွားတာတွေရှိပါတယ်။ စက်တင်ဘာလထဲမှာပဲ ဆောက်လုပ်ရေးကုမ္ပဏီသုံးခုထက်မနည်းစာရင်းရှင်းလင်းဖျက်သိမ်းကြောင်းကြေညာခဲ့သလို ဆောက်လုပ်ရေးလောကဟာ ရေရှည် ပိုဆိုးလာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပေးပါတယ်။
စစ်တပ်အာဏာသိမ်းမှုကြောင့်ပြည်ပရင်းနှီးမြှပ်နှံမှုနည်းပါးတာ၊ပြည်ပချေးငွေမရတာ၊ကုန်သွယ်ရေးကျဆင်းတာ စတာတွေကြောင့် စစ်တပ်က နိုင်ငံခြားငွေနည်းပါးတာကိုအကြောင်းပြပြီးပြည်ပကကုန်ပစ္စည်းတင်သွင်းမှုတွေအားလုံးကို တင်းကြပ်ကန့်သတ်ထားတာဖြစ်ပါတယ်။စားသောက်ကုန်၊ဆေးဝါးကအစ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကိုပါ ကန့်သတ်တားမြစ်နေတာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်မှာ ဘီလပ်မြေတစ်အိပ် ၆၀၀၀ ကျပ်သာရှိပေမယ့် အခုအခါ သုံးဆကျော်ဈေးတက်သွားပြီ တစ်အိတ် ၂၀၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ် ။နယ်တွေမှာတော့ ဈေးနှုန်းကပိုကြီးပါတယ် ။
အာဏာသိမ်းစစ်တပ်လက်အောက်မှာ ပြည်သူတွေဟာ ဘဏ်တွေမှာ ငွေအပ်ထားရတာကိုမယုံကြည်တဲ့အပြင် ၊ငွေကြေးဖောင်းပွမှုကြောင့် ငွေသားအနေနဲ့မထားချင်ကြဘဲ ၊အိမ်ခြံမြေဝယ်ယူစုဆောင်းသူတွေရှိတဲ့အတွက် ဝယ်လိုအားကရှိနေတယ်လို့စုံစမ်းသိရပါတယ်။
ဒါ့အပြင် အခုနာက်ပိုင်း ပြည်တွင်းမှာ ပိုမိုများပြားလာတဲ့ ကျားဖြန့်လုပ်ငန်း(အွန်လိုင်းငွေလိမ်လုပ်ငန်း)တွေကလည်း အိမ်ခြံမြေဝယ်ယူပြီး တရားမဝင်ရတဲ့ငွေ(ငွေမည်း)ကို တရားဝင်ဖြစ်အောင်(ငွေဖြူဖြစ်အောင်)အိမ်ခြံမြေဝယ်ယူတာတွေရှိတယ်လို့ လုပ်ငန်းရှင်အချို့ကပြောပါတယ် ။
ဒါ့အပြင် ရန်ကုန်မြို့ဆောက်လုပ်ရေလောကမှာ ရပ်ကွက်တွေထဲမှာ ကန်ထရိုက်တာတွေ၊စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေ ၊ရန်ကုန်စည်ပင် ယာအုံက အကျင့်ပျက်သူတွေပေါင်းပြီး အများပြည်သူပိုင်မြေတွေမှာရော ၊ ပုဂ္ဂလိကပိုင်မြေတွေပေါ်မှာရော ကန်ထရိုက်တိုက်တွေကြိုပွိုင့်နဲ့ ရောင်းပြီး ဆောက်လုပ်နေကြတာမှာ အချင်းချင်းပြန်တိုင်တဲ့အတွက် စစ်တပ်လက် အောက်ခံ စရဖ နဲ့ စစစ တို့ကပါ လိုက်စစ်ပြီး ဆောက်ပြီးတိုက်တွေကို တရာမဝင်ဆောက်တယ်ဆိုပြီး နေထိုင်ခွင့်ချမပေးဘဲ ပါဝင်သူတွေကို ဖမ်းဆီးစစ်ဆေးတဲ့ အရှုပ်အထွေးတွေလည်းဖြစ်ပွားနေပါတယ် ။

❤15🔥10👍6🤣2👎1
ကျောက်တော်မြို့ကို စစ်တပ်က လေယာဉ် ၈စီးနဲ့ ထပ်မံ ဗုံးကြဲ
လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်လို့ သံဃာနဲ့ စစ်ရှောင်အပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိဟု AA ထုတ်ပြန်
အောက်တိုဘာ ၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်အနှံ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဆက်တိုက်ဗုံးကြဲကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်နေလို့ သံဃာနဲ့ စစ်ရှောင်တွေအပါအဝင် ပြည်သူလူထု သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၈ရက်မှာ စစ်တပ်က ကျောက်တော်မြို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ပြည်သူ ၅၀ဦး သေဆုံးကာ ၅၇ ဦး ဒဏ်ရာရရှိခဲ့ရာ အဲဒီ ဖြစ်စဉ်အပြီးမှာ စစ်တပ်က ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ ရသေ့တောင်၊ ပေါက်တော မြို့နယ်တွေကို လေကြောင်းဆက်လက် ဗုံးကြဲနေတဲ့ အခြေအနေကို အသိပေးခဲ့တာပါ။
စက်တင်ဘာ ၃၀ရက်ညပိုင်းက ပုဏ္ဏားကျွန်းမြို့ကို စစ်တပ် ဗုံးကြဲလို့ ၄နှစ်အရွယ် ကလေးငယ် အပါအဝင် စစ်ရှောင် ၃ဦး ဒဏ်ရာရရှိခဲ့သလို အဲဒီညမှာပဲ ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာအနီး လေကြောင်းဗုံးကြဲမှု ဖြစ်စဉ်မှာလည်း အမျိုးသား ၁ဦးသေဆုံးကာ သူ့ရဲ့ ဇနီး ဒဏ်ရာရရှိခဲ့ပါတယ်။
စက်တင်ဘာ ၃၀ရက်ညသန်းခေါင်မှာ စစ်တပ်က ပေါက်တောမြို့ပေါ်နဲ့ ကျေးရွာအချို့ကို Y12နဲ့ ဗုံး အလုံးရေ ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ဦး ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းနဲ့လူနေအိမ်တွေ ပျက်စီးခဲ့ကြောင်း AAက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁ရက်မှာလည်း စစ်တပ်ဟာ ကျောက်တော် ကို လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ရာ သကြားစက်ကျေးရွာ ကျောင်းထိုင်ဆရာတော် ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းပျက်စီးခဲ့ရပါတယ်။ စစ်ကောင်စီတပ်ဟာ ကျောက်တော် သစ်တစ်ပုံဆည်အနီးဝန်းကျင်နဲ့ သကြားစက်ကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ် (၇) စီး၊ Y-12 လေယာဉ်တစ်စီးတိုနဲ့ ဗုံးအလုံးရေ ၄၀ ခန့်ကြဲချခဲ့တာလို့ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁ရက်မှာပဲ စစ်တပ်ဟာ သံတွဲမြို၊ အမှတ် (၆) ရပ်ကွက်၊ ဗောဓိကုန်းဈေးအနီးကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ ပြည်သူ ၂ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂ရက် မနက်အစောမှာလည်း စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာမှ ကားဝပ်ရှော့ကို တိုက်လေယာဉ်နဲ့ဗုံးကြဲခဲ့ရာ ကားဝပ်ရှော့ပိုင်ရှင်ရဲ့ ဇနီးနဲ့ လုပ်သား အချို့ အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်ရဲ့လေကြောင်းဗုံးကြဲမှုတွေကြောင့် ပြည်သူတွေ အစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရတဲ့ ကျောက်တော်မြို့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်အပေါ် ပြည်တွင်းပြည်ပက ကန့်ကွက်ရှုတ်ချမှုတွေရှိနေတဲ့ ကြားက စစ်တပ်ဟာ ရခိုင်ပြည်နယ်က မြို့တွေကို နေ့စဉ်ရက်ဆက် လေကြောင်း တိုက်ခိုက်နေတာဖြစ်ပါတယ်။

🤬37👎4🔥2😢2😡2❤1👏1🎉1
သဖန်းဆိပ်ဆည်ရေလွှတ်လို့ထိုင်းမှာရေမကြီးနိုင်ကြောင်းထိုင်းမိုးလေဝသဌာနရှင်းလင်းနေရ
အောက်တိုဘာ-၂၊၂၀၂၆။People's Spring
မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာလောလောလတ်လတ် ရေကြီးမှုတွေနဲ့ ကြုံတွေ့ထားရပါတယ်။အိမ်နီးချင်း မြန်မာနိုင်ငံဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လိုက်တယ်ဆိုတဲ့ သတင်းတချို့ကြောင့် ထိုင်းမှာရေကြီးမလားဆိုတဲ့စိုးရိမ်မှုတွေ ပေါ်ပေါက်
လာတာကြောင့် TMDက ပြန်လည် ဖြေရှင်းခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့က TMDရဲ့ ထုတ်ပြန်ချက်မှာတော့ သဖန်းဆိပ်ဆည်ဟာ ထိုင်းနိုင်ငံနဲ့ သီးခြားစီ တည်ရှိရာ မြစ်တစ်ခုပေါ်မှာ တည်ဆောက်ထားတာလို့ ဖော်ပြထားပါတယ်။ အဲဒီဆည်ဟာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွန်းလှမြို့နယ်ထဲက မူးမြစ်ပေါ်မှာ တည်ရှိပါတယ်။ ဆည်ရဲ့ အောက်ဖက်မှာ စီးဆင်းတဲ့ မူးမြစ်ဟာ နောက်ဆုံးမှာ ဧရာဝတီ မြစ်ထဲကို စီးဝင်သွားတာကြောင့် ထိုင်းနိုင်ငံနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိပါဘူးလို့ TMDက ရှင်းပြထားပါတယ်။
မြန်မာဖက်မှာ သဖန်းဆိပ်ဆည် ရေလွှတ်တဲ့ သတင်းကြောင့် ထိုင်းပြည်သူတွေ အနေနဲ့ စိုးရိမ်စရာ မလိုကြောင်း၊ ဆည်ရဲ့ တည်နေရာဟာ ထိုင်းနဲ့ ဘယ်လိုမှ ပတ်သက်ဆက်နွှယ်မှု မရှိကြောင်း TMDက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံရဲ့ ရာသီဥတု အခြေအနေတွေက အချိန်နဲ့အမျှ အပြောင်း
အလဲတွေ ဖြစ်နေနိုင်ပြီး ပြည်တွင်းက မိုးရွာသွန်းမှု အခြေအနေတွေကိုတော့ အနီးကပ် ဆက်လက် စောင့်ကြည့်ဖို့လိုကြောင်း TMDက ထောက်ပြထားပါတယ်။
မိုးလေဝသ သတင်းတွေ၊ ရာသီဥတု အခြေ
အနေတွေနဲ့ ပတ်သက်ရင် ကောလာဟလတွေကြောင့် အထိတ်တလန့် ဖြစ်မယ့်အစား TMD
ရဲ့တရားဝင်ထုတ်ပြန်ချက်တွေကိုပဲယုံကြည်
ကြဖို့လည်းဌာနကတိုက်တွန်းထားခဲ့ပါတယ်။
ကိုးကား: The Nation

👍30🥴9❤4😁4👎1🔥1