People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍18👏2😁2🤬2
👍16🔥2❤1😁1😢1🤮1
စူပါအယ်လ်နီညိုကြောင့်မြန်မာမှာ လူ ၁၂၀၀ ​သေဆုံးနိုင်တယ်လို့ သိပ္ပံပညာရှင်​တွေခန့်မှန်း

​အောက်တိုဘာ၊၂၀၂၆။People's Spring

စူပါအယ်လ်နီညိုကြောင့်မြန်မာနိုင်ငံမှာလည်း​ခြောက်လအတွင်း (၂၀၂၆ ဇွန်လက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီ လအထိ)လူ​ပေါင်း (၁၂၀၀ ​) ဝန်းကျင်​သေဆုံးနိူင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab ကခန့်မှန်းတွက်ချက်ထားပါတယ်။

ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab က လူ​ပေါင်း ၄၅၁,၀၀၀ အန္တရာယ်ရှိ​နေပြီလို့ အဓိပ္ပါယ်ရတဲ့ (451,000
at Risk ) သု​တေသနစာတမ်းမှာ ၂၀၂၆ ဇွန်လက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီလအထိ ၉ လအတွင်း လူ​​ပေါင်း ​လေးသိန်းခွဲ​ကျော် ​သေဆုံးနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားတာဖြစ်ပါတယ် ။

၂၀၂၆ စက်တင်ဘာက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီလအထိခြောက်လအတွင်းမှာဆိုရင် ကမ္ဘာတစ်ဝန်း လူ​ပေါင်း ၂၃၉,၀၀၀ ​​​လောက်သေဆုံးနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ် ။ အမှန်တကယ်​သေဆုံးမှုဟာ ခန့်မှန်းထားတာရဲ့ အတိုးအ​လျှော့ ၁၁,၀၀၀ ​လောက်ရှိနိုင်တယ်လို့လည်း​ဖော်ပြထားတာပါ ။

မြန်မာနိုင်ငံဟာလည်း ၂၀၂၆ စက်တင်ဘာလက​နေ ၂၀၂၇ ​​ဖေ​ဖော်ဝါရီလအထိ ​ခြောက်လအတွင်း လူ​ပေါင်း ၁၂,၀၀ ​သေဆုံးနိုင်ပြီး အတိုးအ​လျှော့ ၉၀ ဦး​လောက်ရှိနိုင်တယ်လို့
Climate Impact Lab ကခန့်မှန်းထားတာပါ။​ဖေ​ဖော်ဝါရီလဟာ မြန်မာနိုင်ငံမှာ​ဆောင်း
ရာသီပဲရှိ​သေးပြီး ပိုမိုပူးပြင်းတဲ့​နွေရာသီကာလမှာ အယ်လ်နီညို​ကြောင့် လူ​ဘယ်​လောက်ထပ်မံသေဆုံးနိုင်တယ်ဆိုတာကို​တော့ သု​တေသနစာတမ်းမှာမတွက်ချက်
ထားသေးပါဘူး ။

ဒီအစီရင်ခံစာကို အမေရိကန်နိုင်ငံ၊ ချီကာဂို တက္ကသိုလ်မှာ ရာသီဥတု သက်ရောက်မှု သုတေသနဌာနကို ထူထောင်ထားသူ ပရော်ဖက်ဆာ မိုက်ကယ် ဂရင်းစတုန်းအပါအဝင်
ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတာဖြစ်ပါတယ် ။

အယ်လ်နီညိုဟာလာမယ့်လပိုင်းတွေအတွင်းအရှိန်ပိုမိုမြင့်တက်လာပြီးအင်ဒိုနီးရှားကနေ အိန္ဒိယထိ အာရှတောင်ပိုင်း ဒေသတွေ၊ နိုက်ဂျီးရီးယားကနေ အမေရိကန်ထိ ကျယ်ပြန့်တဲ့ ရပ်ဝန်းကြီးတွေမှာ ပြင်းပြင်းထန်ထန်သက်
ရောက်ထိခိုက်နိုင်ကြောင်း အစီရင်ခံစာက သုံးသပ်ထားပါတယ်။

အပူကြောင့်သေဆုံးမှုတွေဟာ ဒေသအလိုက် အရမ်းများပြားလာနိုင်ပြီး သက်ဆိုင်ရာ အစိုး
ရတွေ၊ အာဏာပိုင်တွေ အနေနဲ့ လိုအပ်တဲ့ တုံ့ပြန်ကိုင်တွယ်မှု အစီအစဉ်တွေကို ကြိုတင် ပြင်ဆင် ရေးဆွဲထားဖို့လည်း ပညာရှင်​တွေကတိုက်တွန်းခဲ့ပါတယ်။

အယ်လ်နီညိုနဲ့ ဆက်စပ်လို့ ကမ္ဘာအနှံ့မှာ သေဆုံးသူ အရေအတွက် ၄၅၁၀၀၀ လောက် ရှိနိုင်တယ်လို့ ပညာရှင်တွေကခန့်မှန်းထားတဲ့အပြင်၂၀၂၇ ဇွန် နဲ့ ဇူလိုင်လတွေမှာ အယ်လ်နီညိုကြောင့် သေပျောက်နှုန်းက ပိုတောင် မြင့်မားနိုင်သေးတယ်လို့ ဆိုပါတယ်။

အခု​ခြောက်လအတွင်း ရာသီဥတု ပူပြင်းမှုနဲ့ ဆက်စပ်တဲ့ သေဆုံးမှုတွေ အများဆုံး ကြုံ
တွေ့နိုင်တဲ့ နိုင်ငံတွေကတော့ နိုက်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ ဆူဒန်၊ အိန္ဒိယနဲ့ ဘရာဇီးတို့ ဖြစ်နိုင်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။

သု​တေသန စာတမ်းခန့်မှန်းချက်မှာမြန်မာ
နိုင်ငံက​တော့ စူပါအယ်လ်နီညိုနဲ့ဆက်စပ်ပြီးလူ​သေဆုံးမှုအများဆုံး နိုင်ငံ ၅၀ ထဲမှာပါဝင်ပါတယ် ။ဒါ​ပေမယ့် အိမ်နီးချင်းနိုင်ငံ​တွေထဲမှာလူ​ပေါင်း ၁၅,၈၀၀ ​သေဆုံးနိုင်တဲ့ အိန္ဒိယ ၊လူ​ပေါင်း ၅,၀၀၀ ​သေဆုံးနိုင်တဲ့ထိုင်းတို့က မြန်မာနိုင်ငံထက် အ​ခြေအ​နေပိုဆိုး​နေပါတယ်။ ​​စူပါအယ်လ်နီညို​ကြောင့် ခြောက်လအတွင်းလူအများဆုံး​သေဆုံးနိုင်တဲ့နိုင်ငံ ၅၀ ထဲမှာ တရုတ်မပါဝင်ပါဘူး။

သိပ္ပံပညာရှင်တွေကလက်ရှိ အယ်လ်နီညို ဖြစ်စဉ်ဟာ ထူးထူးကဲကဲ ပြင်းထန် ကြမ်း
တမ်းလွန်းကြောင်း ပြောဆိုထားပြီး တချို့ကတော့ ဂေါ်ဇီလာ အယ်လ်နီညိုလို့တောင် တင်စားကြပါတယ်။

အရေးပေါ် အခြေအနေတုံ့ပြန်မှုတွေ၊ပိုပြီး ကောင်းမွန်တဲ့ ပြင်ဆင်လေ့ကျင့်မှုတွေ စီစဉ်ထားနိုင်ရင်တော့ အယ်လ်နီညိုကြောင့် သေ
ဆုံးမယ့် အသက်တွေကို ထိထိရောက်ရောက် လျှော့ချနိုင်လိမ့်မယ်လို့ ဘာကလေမှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ ပါမောက္ခ တစ်ဦးဖြစ်ပြီး အစီရင်ခံစာကို ပူးပေါင်း ရေး
သားခဲ့သူ ဒေါက်တာ တမ်မာ ကာလီတန်က ပြောကြားခဲ့ပါတယ်။

ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေက
ကမ္ဘာ့ စားနပ်ရိက္ခာ ကဏ္ဍကိုပါ ထိခိုက်လာနိုင်ပြီးကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီး (WFP)
ကတော့ အယ်လ်နီညို ဒဏ်ကြောင့် လူပေါင်း သန်း၅၀လောက်အကြီးအကျယ်ဆာလောင်
မွတ်သိပ်မှုပြဿနာမျိုးကြုံလာရနိုင်ကြောင်း သတိပေးထားပါတယ်။ဒါ့အပြင် အစားအသောက်စျေးတွေမြင့်တက်လာနိုင်ကြောင်း ဩဂုတ်လမှာ သတိပေးထားပါတယ်။

၁၈၇၇ နဲ့ ၁၈၇၈ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အယ်လ်နီညို ဖြစ်စဉ်တုန်းကလည်း အငတ်ဘေး ဆိုက်မှုတွေ ကြုံခဲ့ပြီးဘရာဇီး၊အိန္ဒိယနဲ့တရုတ်
တို့မှာ ပြင်းပြင်းထန်ထန် သက်ရောက် ခံစားခဲ့ရသလို လူပေါင်း သန်း ၅၀ ကျော် သေကြေပျက်စီးခဲ့ဖူးကြောင်း သိရပါတယ်။

ဒါ့အပြင်လက်ရှိကြုံတွေ့နေတဲ့ စူပါအယ်လ်နီညိုအပူလှိုင်းဖြတ်မှုဟာအမြင့်ဆုံးအဆင့် (peak) အခြေအနေ မရောက်သေးတာတောင် အပူဒဏ်နဲ့ ပတ်သက်လို့ စံချိန်ဟောင်းတွေကို ဆက်တိုက် ချိုးဖျက်နေကြောင်း မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။
❤21👍13🔥5😱2🤣2👎1
"အံ့ဩတုန်လှုပ်စရာကောင်းလောက်အောင် ပြင်းထန်တယ်"လို့တချို့မိုးလေဝသပညာရှင်တွေကရည်ညွှန်းပြီးတချို့ကတော့ ‘ဂေါ်ဇီလာ အယ်လ်နီညို’လို့တင်စားသုံးနှုန်းတဲ့အပူလှိုင်း
ဖြတ်မှု ဖြစ်စဉ်ဟာအမြင့်ဆုံး၊အပြင်းထန်ဆုံး အခြေအနေကိုရောက်လာဖို့ လအတော်ကြာ
လိုပါသေးတယ်။ အဲဒီလို အမြင့်ဆုံး အဆင့်ကိုမရောက်သေးတာတောင်မှ အယ်လ်နီညို
ဒဏ် အဓိက သက်ရောက် ခံစားရတဲဲ့ နယ်မြေတွေမှာ အပူချိန်အမြင့်ဆုံး စံချိန်အသစ်တွေကို တင်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးတိုင်းတာရရှိမှုတွေအရပစိဖိတ် သ
မုဒ္ဒရာထဲက အယ်လ်နီညို အားအကောင်းဆုံး ဇုန်တွေမှာ အပူချိန် မြင့်တက်နှုန်းဟာ ၃.၀၅ ဒီဂရီ ဆဲလ်ဆီးရပ်စ် တိုးလာနေပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက စံချိန်တင်ခဲ့ဖူးတဲ့အပူချိန်တိုးနှုန်း ၃.၀၂ ဒီဂရီဆဲလ်ဆီးရပ်စ်ကို ကျော်လွန်သွားတာ ဖြစ်ပါတယ်။ ပြီးတော့နှစ်ပေါင်း၁၅၀အတွင်းသိပ္ပံနည်းကျ
တိုင်းတာရရှိဖူးသမျှအမြင့်ဆုံးအပူချိန်လည်း ဖြစ်လာပါတယ်။

ပညာရှင်တချို့ကတော့ကမ္ဘာပေါ်မှာအယ်လ်နီညိုဖြစ်စဉ်တွေ အခါအားလျော်စွာကြုံရတတ်ပေမယ့် လက်ရှိအခြေအနေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၁,၀၀၀ အတွင်းကမ္ဘာကြီးမှာအပြင်း
ထန်ဆုံးအပူလှိုင်းဖြတ်မှုဖြစ်နိုင်ကြောင်း ပြောပါတယ်။မိုးလေဝသနဲ့ရာသီဥတုကြောင့်
ကမ္ဘာ့အပူချိန် မြင့်တက်လာတာကို လူသားတွေရဲ့စနက်ကြောင့် ပိုပြီး အပူဖြည့်ပေးသလိုလည်း ဖြစ်နေပါတယ်။အဲဒီအခြေအနေနှစ်
ခု ပေါင်းစပ်သွားတဲ့အခါ လာမယ့် ၂၀၂၇ ခုနှစ်ဟာ ကမ္ဘာပေါ်မှာကြုံဖူးသမျှ အပူချိန် မှတ်
တမ်းဟောင်းတွေကို ချိုးဖျက်ပြီး အပူဆုံးနှစ် ဖြစ်လာဖို့ တာစူနေတယ်လို့လည်းဆိုပါတယ်။

အယ်လ်နီညိုဟာ အပူချိန် လွန်လွန်ကဲကဲ မြင့်တက်စေပေမယ့် တချို့ဒေသတွေမှာတော့ မိုးသည်းသည်းထန်ထန် ရွာပြီး ရေကြီးမှုတွေ ပိုဆိုးလာအောင် ပြောင်းလဲ သက်ရောက်စေပါတယ်။
👍26🔥8🤣3❤2
Climate Impact Lab ကခန့်မှန်းတဲ့
၂၀၂၆ စက်တင်ဘာလက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီလအထိ စူပါအယ်လ်နီညို​ကြောင့်လူ​​သေဆုံးမှုအများဆုံး နိုင်ငံ ၅၀ ထဲမှာမြန်မာပါဝင်​​နေပါတယ်။ဓါတ်ပုံ-EPA-EFE
👍25😱4🖕3😁2🔥1😢1🙏1
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ် သီတင်းကျွတ်ကာလတွေမှာ ပြည်သူတွေ အပျော်ခရီးသွားကြလာကြတာ နည်းပါးခဲ့ပေမယ့် ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ် သီတင်းကျွတ်ကာလတွေမှာတော့ ပုံမှန်ကာလလိုပဲ အပျော်ခရီးသွားတာတွေ ပြန်လည်များပြားလာခဲ့ပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ် သီတင်းကျွတ်ကာလမှာလည်း အပျော်ခရီးသွားကြမယ့်သူတွေ စီစဥ်နေကြပြီလို့ သိရတယ်။ ပုဂံညောင်ဦးမှာဆိုရင် သီ
တင်းကျွတ်ကာလအတွက်ဟိုတယ်တွေတည်း
ခိုခန်းတွေ အားလုံးနီးပါး ပြည့်နေပါပြီတဲ့။

တချိန်တည်းမှာပဲ အာဏာသိမ်းစစ်တပ်နဲ့ အပေါင်းအပါတွေက ရန်ကုန်၊ မန္တလေးအပါ
အဝင် မြို့ကြီးတွေမှာ ပေါ်တာဆွဲနေသလို အဝေးပြေးလမ်းတွေ၊ ဂိတ်တွေမှာလည်း လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ သီ
တင်းကျွတ်လပြည့်နေ့ဟာအောက်တိုဘာ ၂၆ ရက်နေ့မှာ ကျရောက်ပြီး အာဏာသိမ်းစစ်
တပ် ပေါ်တာဆွဲလေ့ရှိတဲ့ လကုန်ရက်တွေနဲ့ပါ တိုက်ဆိုင်နေပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ ဓားပြတိုက် လူပြန်ပေးဆွဲမှုတွေကြောင့် ခရီး
သွားသိသိသာသာလျော့ကျသွားတဲ့ပုဂံဒေသဟာ ခရီးသွားတွေကို ဆွဲဆောင်တဲ့အနေနဲ့ လာမယ့် သီတင်းကျွတ်ကာလမှာ မီးပုံးပျံအလုံးသုံးထောင် လွှတ်တင်ဖို့ စီစဥ်ထားတယ်လို့ သိရတယ်။

ဒါပေမယ့် ကြုံရင်ကြုံသလို ဆွဲနေတဲ့ စစ်ကောင်စီတပ်ရဲ့ ပေါ်တာနဲ့ ဓားပြတိုက်လူပြန်ပေးဆွဲမှုတွေကိုတော့ ဒေသခံတွေလည်း မတက်နိုင်ကြပါဘူး။ ကံကောင်းသူတွေ လွတ်ကြပေမယ့် ကံဆိုးသူတွေတော့ ဆိုက်ဆိုက်
မြိုက်မြိုက် ကြုံရတတ်ပါတယ်။

ပုဂံညောင်ဦးက ခရီးသွားတွေ သွားရောက်လည်ပတ်လေ့ရှိတဲ့ ပုပ္ပါးတောင်ရှိရာ ကျောက်ပန်းတောင်းမြို့မှာဆိုရင် ကျောင်းသားတွေကအစ ပေါ်တာဆွဲခံနေရကြောင်း မြို့ခံတွေက ပြောပါတယ်။

“မြို့အဝင် မြို့အထွက်ကကို စောင့်ဆွဲနေတာ”လို့ ကားသမားတစ်ဦးက ပြောပါတယ်။

ကားသမားတွေဆိုရင် ကျောက်ပန်းတောင်းမြို့ဝင်ကာနီး ကားရပ်ပြီး စောင့်ကြည့်တာမျိုး၊ ယာဥ်နောက်လိုက် စပယ်ယာကို မခေါ်တော့တာမျိုးတွေကအစ စီမံနေရတယ်လို့ ကားသမားအချို့က ပြောပါတယ်။

​ကျောက်ပန်းတောင်းမှာ ပေါ်တာတအားဆွဲတာကြောင့် ပုပ္ပါးဒေသမှာပြုလုပ်နေတဲ့ အဘထွက်ပွဲ လူမစည်မှာစိုးလို့ စက်တင်ဘာ ၂၅ ရက်နောက်ပိုင်း ပေါ်တာဆွဲတာရပ်ထားတယ်ဆိုပြီး ပျူခေါင်းဆောင်တွေကတောင် လူမှုကွန်ရက်ကနေ လိမ်လည်စည်းရုံးခဲ့ပါသေးတယ်။ သို့သော် ပေါ်တာကတော့ ပုံမှန်အတိုင်း ဆက်ဆွဲနေကြောင်း မြို့ခံတွေက ပြောပါတယ်။

ကျောက်ပန်းတောင်း-ညောင်ဦးလမ်းနဲ့ ညောင်ဦး-မြင်းခြံလမ်းတွေ၊ ညောင်ဦးနဲ့ ပုဂံမြို့ဟောင်းမှာလည်း စစ်မှုထမ်းပေါ်တာဆွဲခံရတာတွေရှိကြောင်း ဒေသခံအချို့က ပြောပါတယ်။ “ပေါ်တာတွေဆွဲလွန်းလို့ လူငယ်ယောကျာ်းလေးတွေလည်း မရှိတော့ဘူး။ သွားလာနေကြသူမှန်သမျှ အမျိုးသမီးတွေချည့်ပဲ”လို့ ယခုစက်တင်ဘာလအတွင်း ပုဂံကို ခရီးသွားခဲ့သူတစ်ဦးက ပြောပါတယ်။



https://www.ludunwayoo.com/feature-mm/2026/09/29/169592/
👍24❤9🔥4👎1👏1
မိုးရာသီအကုန်မှာ ကရင်နီပြည်ကို စစ်တပ်ထိုးစစ်အရှိန်မြှင့်လာနိုင်တယ်လို့ စစ်ရေးသတင်ရင်းမြစ်နဲ့ ရဲဘော်တွေ ပြော

အောက်တိုဘာ−၂ ၊၂၀၂၆။ဇော်၀င်း/People's Spring

အာဏာသိမ်းစစ်တပ်ဟာ ကရင်နီပြည်နယ်ကို မိုးရာသီအကုန်မှာ ထိုးစစ်အရှိန်မြှင့်လာနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်ရင်းမြစ်နဲ့‌ မြေပြင်တော်လှန်ရေးတပ်တာ၀န်ရှိသူတွေက လူထုနွေဦးကို ‌ပြောပါတယ်။

စစ်တပ်ဟာ ရှမ်းပြည်နယ် ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ)ကို ကရင်နီပြည်နယ်က လွိုင်ကော်မြို့မှာ ပြောင်းလဲအခြေချတော့မှာဖြစ်လို့ ကရင်နီပြည်နယ်ကို စစ်ထိုးအရှိန်မြှင့်လာနိုင်တယ်လို့ ဆိုပါတယ်။

"ဒါကတော့ ရှင်းပါတယ်။ရှမ်းပြည်နယ်မှာက စစ်ရေးမျက်နှာနည်းတယ်လို့ ကျွန်တော့် တစ်ယောက်အနေနဲ့ မြင်တယ်။ဒါကြောင့် ကရင်နီဘက်ကို ပိုပြီး ဖိဖိစီးစီးလုပ်လာဖို့ရှိမယ်။အခုလည်း စတော့လုပ်နေတာပေါ့။ဒရုန်းတွေရော လေယာဉ်တွေရော လက်နက်ကြီးနဲ့ရော။ဒီဘက်ကို အာရုံစိုက်လာတယ်လို့ မြင်တယ်"လို့ ကရင်နီတပ်မတော်တပ်ရင်း(၅)တာ၀န်ရှိသူက ပြောပါတယ်။

ကရင်နီပူးပေါင်းတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးကလည်း "ပွင့်လင်းရာသီ မိုးအကုန်မှာတော့ သူတို့ (အာဏာသိမ်းစစ်တပ်)စွန့်လွှတ်ထားတဲ့ ဒေသတွေကို ထိုးစစ်ဆင်မယ့် အနေအထားမျိုးကို မြင်မိတယ်။အထူးသဖြင့်ကရင်နီ နယ်စပ်ဒေသမျိုးမှာပါ"လို့ သူ့အမြင်ကို ရှင်းပြပါတယ်။

လက်ရှိမှာလည်း စစ်တပ်စစ်ကြောင်းတွေက ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်အစပ် လွိုင်ကော်-မိုးဗြဲ ကြားက ဝါရီဆူးပလိုင်ကျေးရွာနဲ့ မိုးဗြဲမြို့ တဝိုက်စစ်ကြောင်း ထိုးနေတာရှိတယ်လို့ အသိပေးပါတယ်။

စက်တင်ဘာအတွင်း စစ်တပ်ရဲ့လေကြောင်း၊လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကလည်း အရင်လတွေထက် ပိုများပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ အပြင် တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးခဲ့ရပါတယ်။

ကရင်နီဒေသမှာ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ပိုပြီးစည်းလုံးဖို့နဲ့ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကို ဂရုတစိုက်စောင့်ကြည့်ဖို့လည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က တိုက်တွန်းပါတယ်။

"စစ်တပ်ရဲ့လှုပ်ရှားမှုနဲ့ အနေအထားကို အမြဲတမ်းလေ့လာပြီး ပြင်ဆင်ထားဖို့လိုတယ်"လို့ သူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကရင်နီဒေသတွင်းက တော်လှန်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကို ဖြေရှင်းဖို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်မ(၅၅)နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဲခူးတိုင်းအခြေစိုက် တပ်မ(၆၆)တပ်ရင်းတွေ အသုံးပြုခဲ့ဖူးပေမယ့် တပ်ရင်းမှူးတွေ သေဆုံးခဲ့တာ အပါအ၀င် တပ်ရင်းတွေ လိုက် ပြုတ်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

"ဒကစ(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) နဲ့ မနိုင်လို့ စစ်တိုင်းရုံးဖွင့်လိုက်တာနဲ့ မပြီးဘူး။စစ်မျက်နှာစာဖွင့်လိုက်တဲ့သဘောပဲ။ချင်းပြည်နယ်အတွက်လည်း ကလေးမြို့ ဒကစ ကို စစ်တိုင်းအဖြစ် ဖွင့်မယ့် အခြေအနေ ကြားထားပါသေးတယ်"လို့ CDM ဗိုလ်ကြီး တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေ ပိုထိုးလာနိုင်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုများလာနိုင်ပြီးဒေသတွင်းလူထုအနေနဲ့ ပိုမိုသတိပြုနေထိုင်ဖို့လည်း သူက တိုက်တွန်းပါတယ်။

"တိုင်းစစ်ဌာနချုပ်ပြောင်းလာခြင်းအားဖြင့် ဖြစ်လာနိုင် ခြေကြိုတွေးဆထားကြတာကတော့ ဒကစ အဆင့်မှာထက်လုပ်ပိုင်ခွင့်တွေပိုလာမှာဖြစ်တဲ့အတွက် အရင်ထက်ပိုသတိထားရမယ်။အများကြီးတော့ပြောစရာမရှိပေမယ့်အထင်လည်းမသေးသလို အထင်လည်းမကြီးပါဘူး ။လေကြောင်းတိုက်ခိုက်မှုပိုစိပ်လာနိုင်တယ် Suicide Drone တွေပိုသတိထားရမယ် မြေပြင်ထိုးစစ်ကတော့ သိပ်ပြီးစိုးရိမ်တာမရှိဘူး။ အဘက်ဘက်က ကာလနဲ့အမျှ ကျဆင်းနေတဲ့ အရည်အချင်းတွေနဲ့ စစ်တပ်ရယ် အောင်စိတ်နဲ့ မဆုတ်မနစ် တော်လှန်နေတဲ့ ကျွန်တော်တို့ရယ် ကြားမှာက ကွာခြားချက်အတော်ကြီးမားပါတယ်။ ဒါက ဘယ်လိုမှညှိယူလို့ရလာမှာမဟုတ်ပါဘူး အတွေးအခေါ်စိတ်နေစိတ်ထားပိုင်းပေါ့ခုပြောတာ ဒါ့အပြင်နည်းစနစ်ပိုင်းမှာနဲ့ စုဖွဲ့မှုအားကောင်းမယ် လူထုကိုအလုပ်အကျွေးပြုလိုသူတွေက လူထုအပေါ်စိတ်စေတနာ မှန်နေရင် ဘာမှကြောက်စရာမရှိပါဘူး" လို့ ကရင်နီရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ရေးအချက်အလက်တွေအရ ၂၀၁၁က ဖွဲ့စည်းခဲ့တဲ့ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်ဗျူဟာ (ကွန်ဟိန်း)၊ စစ်ဗျူဟာ (လင်းခေး) နဲ့ သီခြားလှုပ်ရှား စစ်ဗျူဟာနဲ့ ကွပ်ကဲမှုအောက်က ခြေလျင်၊ခြေမြန်တပ်ရင်း (၁၆)ရင်းရှိပါတယ်။

လွိုင်ကော်မြို့နယ် ဒကစ လက်အောက်ခံတပ်တွေ နဲ့ ဒီးမော့ဆို၊ဖရူဆို ၊ ဖားဆောင် မြို့နယ်တွေကခြေလျင်၊ ခြေမြန်တပ်ရင်းတွေအပါအ၀င် အခြေခံစစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွေ နဲ့ ဆက်သွယ်ရေးတပ်ပေါင်း ၂၀ ၀န်းကျင် ကရင်နီပြည်နယ်မှာ ရှိပါတယ်။

ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက် နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဟာ အင်အားအတောင့်တင်းဆုံးဖြစ်ပြီး ရဲဘော်စုစုပေါင်း ၈,၀၀၀ နဲ့ ၁၀,၀၀၀ ကြားရှိနိုင်တယ်လို့ သိရပါတယ်။
🔥17👍10❤1👎1👏1🤔1🖕1
ဒါ့အပြင် ကယန်းအမျိုးသားတပ်မတော် KNA အပါအ၀င် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်းတွေ ဖွဲ့စည်းထားတာရှိပါတယ်။

၂၀၂၃ နိုဝင်ဘာက ၁၁၁၁ စစ်ဆင်ရေးနဲ့ ကရင်နီပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲ
ခဲ့ပြီး မြို့တော်လွိုင်ကော်ကို သိမ်းနိုင်ဖို့ လက်တကမ်းအလိုထိ ရောက်ခဲ့ဖူးပါတယ်။

လက်ရှိမှာ ကရင်နီပြည်နယ်နဲ့ ထိုင်းနယ်စပ် မယ်စဲ့၊ရှားတောမြို့နဲ့ သတ္တုထွက်ရှိရာ မော်ချီးဒေသတွေကို ကရင်နီပူးပေါင်းတပ်တွေက အလုံးစုံသိမ်းပိုက်ထားပြီး ဒီးမော့ဆို၊ ဖားဆောင်း၊ ဘောလခဲ ၊ဖရူဆိုနှင့် မိုးဗြဲ မြို့အနီးတဝိုက်ကို ထိန်းချုပ်ထားဆဲလို့ သိရပါတယ်။
🔥15❤7👍3👎1🤔1🤬1🤣1🖕1
(လွိုင်ကော်တက္ကသိုလ်ကို ထိန်းချုပ်အပြီး KNDF တပ်ဖွဲ့ဝင်များကို ၂၀၂၃ နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် ။ဓာတ်ပုံ - KNDF)
❤26👍11🔥3🖕2🤮1
ခေါင်လန်ဖူးတိုက်ပွဲ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေ သေဆုံးထိခိုက်များဟု KIA ပြော

▪️ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်က ရန်တိုက်တာ၊ ပြဿနာတွေ ဖန်တီးတာတွေလည်းရှိဟုဆို

အောက်တိုဘာ ၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အာဏာသိမ်းစစ်တပ်က သူ့လက်အေက်ခံ ပြည်သူ့စစ်တွေကို ရှေ့တန်းက တိုက်ခိုက်ခိုင်းနေလို့ ပြည်သူ့စစ်တွေ ထိခိုက်သေဆုံးများပြားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စက်တင်ဘာလတုန်းက ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသရှိ စစ်တပ် နဲ့ ပြည်သူ့စစ်ပူးပေါင်း တပ်စခန်းကို KIA ပူးပေါင်းတပ်က သိမ်းရတာရှိပြီး အဲဒီနောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ရှိနေတာလို့ ဆိုပါတယ်။

“ဖြေးဖြေးနဲ့ ကျနော်တို့လည်း နယ်မြေကတော့ ထိန်းချုပ်နိုင်တဲ့ နေအထားတော့ရှိပါတယ်။
ရဟတ်ယာဉ်ကွင်းငယ်လေး တခုကိုလည်း ကျနော်တို့ သိမ်းရတာရှိပါတယ်။ ဒါကတော့ လွန်ခဲ့တဲ့လမှာ ဖြစ်ပါတယ်။ အခုလည်း သူတို့လည်း တော်တော်ကြိုးစားတာကို တွေ့ရပါတယ်။ ပြဿနာကတော့ ပြည်သူ့စစ်တွေများပါတယ်။ ထိခိုက်တာလည်း ပြည်သူ့စစ်များပါတယ်။ ဆိုတော့ ကျနော်တို့ အချင်းချင်း ပစ်ရခတ်ရတဲ့ အနေအထားပုံစံမျိုးဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ခေါင်လန်ဖူးဒေသ စစ်ရေး အခြေအနေကို ပြောပါတယ်။

ဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် စစ်တပ်ဟာ တိုက်ပွဲမှာ ရှေ့တန်းကမထွက်ဘဲ တိုင်းရင်းသား ပြည်သူ့စစ်အဖွဲ့တွေကိုပဲ ရှေ့တန်းထွက်ခိုင်းနေတာလို့လည်း ပြောပြပါတယ်။

“ဒါကြောင့် ပြည်သူ့စစ်တွေကတော့ ထွက်ပြေးသွားတာ အများကြီးရှိပါတယ်။ နောက်ထိခိုက်သွားတာ ကျသွားတာ ဒဏ်ရာရတာတွေ ဆေးရုံပြည့်နေတယ်လို့ ပြောပါတယ်။ အခု တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ နေရာကို မလွတ်အောင် ကြိုးစားဖို့အတွက် ပူတာအိုတကြောလုံးမှာလည်း စစ်သား ပြန်ပြီးမှ ပြည်သူ့စစ်စုဆောင်းတာတွေ နောက် သူတို့ရဲ့ စားနပ်ရိက္ခာတွေ လက်နက်ခဲယမ်းတွေ ထမ်းပို့နိုင်ဖို့ အတွက် ပေါ်တာဆွဲတာတွေ အများကြီးလုပ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေဟာ ပူတာအို၊ ခေါင်လန်ဖူးဒေသမှာ အင်အား ထောင်ချီ စစ်သားစုဆောင်းဖို့ လုပ်ဆောင်နေကြောင်း ဒေသခံ လူမျိုးစုအဖွဲ့အချို့က ထုတ်ပြန်ထားတာရှိပါတယ်။
ဒါကြောင့် ပူတာအို ဒေသခံ လူထုတွေအတွက် လုံခြုံမှုမရှိတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့လည်း ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

KIA ပူးပေါင်းတပ်နဲ့ စစ်တပ် လက်အောက်ခံ တပ်တွေ၊ ပြည်သူ့စစ်တွေဟာ ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အင်းတော်ကြီးဒေသ နမ့်မွန်း ပတ်ဝန်းကျင်ရှိ စစ်တပ်လက်အောက်ခံတပ်တွေရဲ့ ကာကင်းစခန်းအချို့ သိမ်းရထားတာရှိတယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“နောက်တခုရှိတာက SNA ဆိုတဲ့ တပ်ဖွဲ့တွေက ကျနော်တို့ အင်းတော်ကြီး နမ့်မွန်း ခရစ်ယာန်ဘုရားကျောင်းမှာပဲ သူတို့က နေပြီးတော့ စစ်သင်တန်းတွေဖွင့်တာ။ အဲဒီ ဘုရားကျောင်းကို မခန့်မလေးစား လုပ်ပြီးမှ သူတို့ ပျော်ပွဲရွှင်ပွဲတွေ လုပ်တာ ဒါကတော့ ကျနော်တို့ လုံး၀ လက်ခံနိုင်စရာ အကြောင်းမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ရှမ်းနဲ့ ကချင် ကြားမှာလည်း ပြဿနာတွေ ပိုပြီးတော့မှ အငြင်းပွားမှုတွေ တိုးပွားစေနိုင်တဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။ ဒါကတော့ စကစရဲ့ သွေးထိုးမှုကြောင့် သူတို့ရဲ့ လမ်းညွှန်မှုအောက်မှာ အခုလိုလုပ်တာကတော့ ကျနော်တို့ တိုင်းရင်းသား အချင်းချင်းကို ရန်ဖြစ်စေတဲ့ အချင်းချင်း ပြဿနာဖြစ်စေတဲ့ သူတို့ရဲ့ ဖန်တီးမှု တခုဖြစ်တယ်လို့ မြင်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်တပ်နဲ့ ရှမ်းနီ SNA တပ်တွေဟာ အင်းတော်ကြီးဒေသ ဟဲလုံလမ်းဆုံရှိ KIA တပ်စခန်းကို စက်တင်ဘာလကုန်ပိုင်းမှာထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်ရဲ့ စစ်ကြောင်းထိုးလာတဲ့အကြောင်း ကြိုတင်သတင်းကြားသိထားတဲ့ KIA ဘက်က စနစ်တကျ စောင့်ကြို တိုက်ခိုက်ခဲ့လို စစ်ကောင်စီ ပူးပေါင်းတပ် အထိနာ ပြန်ဆုတ်ခွာသွားတယ်လို့လည်း အသိပေးထားပါတယ်။
❤25👍19👏4🥰2👎1👌1🤣1🖕1
(စစ်ခေါင်းဆောင်မင်းအောင်နဲ့အဖွဲ့ ခေါင်လန်ဖူးဒေသကို ၂၀၁၉ ဖေဖော်ဝါရီက ရောက်လာစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
👏18🖕7👍5👎4❤2🥰1👌1🤣1🫡1
စက်သုံးဆီဈေး ထပ်တက်

အောက်တိုဘာ-၂၊၂၀၂၆။ဇော်ဝင်း၊ရောင်နီ/People's Spring

ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ‌ဈေးတွေ ထပ်မံတက်လာတယ်လို့ ပြည်တွင်းစက်သုံးဆီဈေးကွက်ထံက စုံစမ်းသိရပါတယ်။

အပတ်စဉ် သောကြာနေ့တိုင်း အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းထားတဲ့စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီရဲ့ ဒီကနေ့ သတ်မှတ်ဈေးအရ တစ်လီတာကို အနည်းဆုံး ၂၅ ကျပ်ကနေ ၁၃၀ ကျပ်အထိ ဈေးတက်လာပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အပတ်ကတည်းက စက်သုံးဆီ အမျိုးအစားအလိုက် ရည်ညွှန်းဈေးက တစ်လီတာကို ကျပ် ၆၀၀ ကျော်မြင့်တက်ခဲ့တာဖြစ်ပါတယ်။

"ကမ္ဘာ့ရေနံစိမ်း ဈေးတက်တယ်။တရုတ်က စက်သုံးဆီ တင်ပို့တာရပ်လိုက်သလို အ‌မေရိကန်ရဲ့ အရှေ့အလယ်ပိုင်း စစ်ရေးအင်အားတိုးလိုက်တာကြောင့်ပါတယ်။မြန်မာအပါအ၀င် အာရှစက်သုံးဆီဈေးကွက်ရည်ညွှန်ဈေးလို့ပြောရမယ့် စင်ကာပူက သန့်စင်ထုတ်လုပ်ပြီး စက်သုံးဆီဈေးတွေလည်း ဆက်တိုက်တက်နေတယ်"လို့ ရေနံစည်ဈေးကွက်ကို လေ့လာသူတစ်ဦးက ပြောပါတယ်။

ဒီ‌နေ့(အောက်တိုဘာ ၂ ရက်)) ထုတ်ပြန်တဲ့ စစ်တပ်ရဲ့ စက်သုံးဆီရည်ညွှန်းဈေးတွေအရ ရန်ကုန်မြို့မှာ ဓာတ်‌ဆီ ၉၂ တစ်လီတာ ၄၅၄၀ ကျပ် ၊ ဓာတ်‌ဆီ ၉၅ တစ်လီတာ ၄၇၃၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၄၈၁၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅၇၉၅ ကျပ် သတ်မှတ်ထားပါတယ်။

အဲဒီဈေးနှုန်းတွေအရ ရန်ကုန်မြို့ လက်လီဈေးဟာ ပြီးခဲ့တဲ့တစ်ပတ်ဈေးနှုန်းတွေနဲ့ယှဉ်ရင် ဓာတ်‌ဆီ ၉၂ တစ်လီတာ ၉၀ ကျပ် ၊ ဓာတ်‌ဆီ ၉၅ တစ်လီတာ ၁၃၀ ကျပ် နဲ့ ဒီဇယ်တစ်လီတာ ၂၅ ကျပ် မြင့်တက်ခဲ့တာပါ။

"ဈေးကတက်ရင် လေယာဉ်လိုပဲ။ ကျရင်တော့ လိပ်အတိုင်းပဲ လုပ်စားကိုင်စားရတာ တော်တော်ကို မလွယ်တာ" လို့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

စက်သုံးဆီဈေးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက အမေရိကန်-အီရန် ပဋိပက္ခတွေကြောင့် တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီလအထိ တစ်လကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၂၀၀၀ကျော် ကနေ ၅၀၀၀ အထိ တက်ခဲ့တာပါ။ ပရီမီယံဒီဇယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၇,၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့တာပါ။

အဲဒီနောက် ဧပြီလလယ်ကစတင်ပြီး စက်သုံးဆီဈေးတွေ ပြန်လည်ကျဆင်းလာခဲ့ပေမယ့် ဖေဖော်ဝါရီက ရည်ညွန်းဈေးအထိတော့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။

ဧပြီလလယ်ကနေ ဇူလိုင်လလယ်အထိသုံးလအတွင်း ကျဆင်းလာတဲ့ စက်သုံးဆီဈေးက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဈေးပြန်တက်လာခဲ့ပြီး စက်တင်ဘာအထိ အတက်အကျအနည်းငယ်သာအပြောင်းအလဲရှိခဲ့တာပါ။
👍27🔥6❤1👎1
👎22🔥8👍1🤣1
မိုးမိတ်စစ်​ရေးတင်းမာ​နေချိန်မြို့ခံတွေကို စစ်
တပ်ကမြို့ပြင်ထွက်ခွင့်မ​ပေးဘဲပိတ်ဆို့ထား

● "ဒါကအရပ်သားကိုအကာအကွယ်ယူတာ။ဓါးစာခံလုပ်ထားတာ"- မြို့ခံတဦး


​အောက်တိုဘာ-၂၊၂၀၂၆။ရွှေပြည်စိုး/People's Spring

အာဏာသိမ်းစစ်တပ်ကမိုးမိတ်မြို့ကို ပို့‌လိုက်တဲ့ စစ်မှုထမ်းသင်တန်းဆင်း(ပစ)စစ်သားသစ်တွေကို မြို့အနှံ့ နေရာချထားပြီး မြို့ခံတွေကို ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားသလို တိုက်ပွဲလည်းဖြစ်နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

မိုးမိတ်မြို့ပေါ် ရပ်ကွက်လေးခုနဲ့ပတ်ဝန်းကျင်အနှံ့မှာ စစ်တပ်က ​အောက်တိုဘာ ၁ ရက်ညကစပြီး နေရာယူလိုက်တာဖြစ်တယ်လို့ စစ်ရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။

"မြို့ကို ပိတ်ဆို့ထားလိုက်ပြီ။ဘယ်သူမှမထွက်ရဘူးတဲ့။အခုမိုးမိတ်မြို့အထွက်မြစ်ဆုံသွားတဲ့ ဘက်မှာ တိုက်ပွဲဖြစ်နေပြီ"လို့ ၎င်းက ပြောပါတယ်။

မိုးမိတ်မြို့အနီးက အုန်းကြောရွာသစ်မှာ မနက် ၉နာရီခန့်က စပြီး တိုက်ပွဲဖြစ်နေတာပါ။ စစ်တပ်က မြို့ခံတွေကို ပိတ်ဆို့ထားပြီး လူသားတံတိုင်းလုပ်နေတဲ့လုပ်ရပ်က စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တိုက်ပွဲက တစ်ရက်ထက်တစ်ရက် ပြင်းလာတယ်။ဘာဆက်ဖြစ်မယ်မသိတဲ့အနေအထားမှာ ဒေသခံတွေကရှောင်ဖို့လုပ်တော့ ပိတ်ချလိုက်တယ်။ ဒါက အရပ်သားကို အကာအ
ကွယ်ယူတာ။ဓါးစာခံလုပ်ထားတာ"လို့ မြို့ခံတဦးက ပြောပါတယ်။

မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာညောင်နီရွာအနီးမှာစက်တင်ဘာလ၂၈ရက်မနက်ပိုင်းကစပြီး
စစ်ကောင်စီနဲ့ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA)တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ ဒီ‌နေ့အထိ စစ်ရေးတင်းမာနေတာပါ။

အောက်တိုလာလ ၁ရက်နေ့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေစစ်အင်အားတွေကို မန္တလေး - မတ္တရာ- သပိတ်ကျင်း
-တကောင်း- ထီးချိုင့် - မိုးမိတ်လမ်းအတိုင်း
ပို့ဆောင်ခဲ့ပါတယ်။ လေကြောင်းလုံခြုံရေးအကူအညီနဲ့ ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်
မတော်(TNLA)နဲ့မဟာမိတ်​တွေကထိုးစစ်ဆင်သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ဒါ​ပေမယ့် တရုတ်အစိုးရရဲ့ကြားဝင်စွက်ဖက်မှုနဲ့စစ်ကောင်စီထံကို ၂၀၂၅ အောက်တိုဘာလမှာပြန်ပေးခဲ့တာပါ။ TNLA ကပြန်လွှဲ​ပေး​ပေမယ့်နောက်ပိုင်းဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။မတ်လဆန်းထဲမှာ တိုက်ပွဲတွေပိုမိုပြင်း
ထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်း စစ်တပ်က မြို့ထဲမှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မ တော် (SSPP/SSA)လည်း တပ်စွဲထားပါတယ်။

မိုးမိတ်မြို့အနီး၊ညောင်နီကျေးရွာကရွှေသမင်ကုန်း စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ၂၈ရက်နဲ့ ၂၉
ရက်တိုက်ပွဲမှာ စစ်တပ်ကလေကြောင်းက ဗုံးကြဲခဲ့ပြီး ဒီနေ့(​အောက်တိုဘာ ၂ ရက်)
လည်း လေယာဉ်ပတ်ပျံနေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။
👍22🤬7❤4👎1🥰1👏1🤣1🖕1
မိုးမိတ်မြို့အနီးဝန်းကျင်ကို Google Earth မှာမြင်​တွေ့ရပုံ
👍28👎2❤1🔥1🥰1🤣1🖕1