ဒါပေမယ့်တရားစီရင်ခံရသူတွေဟာမလာဒီချ်လို ထိပ်တန်းခေါင်းဆောင်တွေပဲ မဟုတ်ခဲ့ပါဘူး။ အမိန့်တွေကို အကောင်အထည်ဖော်ခဲ့သူတွေနဲ့ တိုက်ရိုက်ကျူးလွန်ခဲ့သူတွေကိုလည်း သူတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့တဲ့ အပြုအမူတွေအပေါ် မူတည်ပြီးကျူးလွန်ခဲ့တဲ့အတိုင်း အပြစ်ဒဏ်ခံရစေတာ ဖြစ်ပါတယ်။
ဒီသဘောတရားအတိုင်းရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုအပြီးမှာလည်း ထပ်မံစီရင်ခံခဲ့ရပါတယ်။
၁၉၉၄ ခုနှစ် ရဝမ်ဒါနိုင်ငံမှာ လူပေါင်းရှစ်သိန်းခန့် သေဆုံးခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICTR) ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီခုံရုံးက နိုင်
ငံရေး ခေါင်းဆောင်တွေ၊ အစိုးရအရာရှိတွေနဲ့ တိုက်ရိုက်ပါဝင်ကျူးလွန်ခဲ့သူတွေအားလုံးကို စစ်ဆေးအရေးယူခဲ့ပါတယ်။
ရဝမ်ဒါ ဝန်ကြီးချုပ်ဟောင်းဂျင်းကမ်ဘာဒါ (Jean Kambanda)ကိုလည်းလူမျိုးတုံးသတ်
ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေအတွက် ၁၉၉၈ ခုနှစ်မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပြီး သူဟာ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရအကြီးအကဲအဖြစ် ဒီလိုပြစ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပထမဆုံးသူ ဖြစ်လာခဲ့ပါတယ်။
ရဝမ်ဒါဖြစ်ရပ်က ပြသခဲ့တာကတော့ ရာ
ဇဝတ်မှုကြီးတွေမှာ တာဝန်ရှိသူဆိုတာ ထိပ်ဆုံးမှာရှိတဲ့ ခေါင်းဆောင်တွေပဲ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ လူသတ်မှုတွေကို စီစဉ်သူ၊ အမိန့်ပေးသူ၊လှုံ့ဆော်သူ၊လက်တွေ့အ
ကောင်အထည်ဖော်သူ တစ်ဦးချင်းစီမှာ ကိုယ်ကျူးလွန်ခဲ့တာအတွက် ကိုယ်ပိုင်တာဝန် ရှိတယ်ဆိုတာ နိုင်ငံတကာတရားစီရင်မှုက ပြသခဲ့ပါတယ်။
ဒီအယူအဆကို ဆီယာရာလီယွန် (Sierra Leone) ပြည်တွင်းစစ်အပြီး ဖြစ်ပေါ်လာတဲ့ တရားစီရင်မှု မှာလည်း ထပ်မံတွေ့ရပါတယ်။
လိုက်ဘေးရီးယား (Liberia) သမ္မတဟောင်း ချားလ်စ် တေလာ (Charles Taylor) ဟာ ဆီယာရာလီယွန်ပြည်တွင်းစစ်အတွင်း ကျူးလွန်
ခဲ့တဲ့ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေမှာ တိုက်ရိုက် လက်နက်ကိုင်ပြီး ပါဝင်ခဲ့သူ မဟုတ်ပေမယ့် သူပေးခဲ့တဲ့ လက်နက်၊ အထောက်အပံ့နဲ့ နိုင်ငံရေးအကူအညီတွေကြောင့် တာဝန်ရှိသူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
၂၀၁၂ ခုနှစ်မှာ အထူးတရားရုံးက ချားလ်စ် တေလာကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေကို အားပေးကူညီခဲ့မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၅၀ နှစ် ချမှတ်ခဲ့ပါတယ်။
ဒီအမှုက ပြသခဲ့တဲ့ အချက်က ရှင်းပါတယ်။ ရာဇဝတ်မှုတစ်ခုမှာ တာဝန်ယူရမယ့်သူဆိုတာ ကိုယ်တိုင်လက်နက်ကိုင်ပြီး လုပ်ခဲ့မှ မဟုတ်ပါဘူး။ ရာဇဝတ်မှုဖြစ်လာအောင် အခြေအနေ ဖန်တီးပေးသူ၊ အထောက်အပံ့
ပေးသူ၊ သိသိကြီးနဲ့ ကူညီပေးသူတွေမှာလည်း တာဝန်ရှိနိုင်ပါတယ်။
ဒါကြောင့် “အမိန့်အတိုင်း လုပ်ခဲ့တာပါ” သို့မဟုတ် “ကိုယ်တိုင် တိုက်ရိုက်ကျူးလွန်ခဲ့တာ မဟုတ်ပါဘူး” ဆိုတဲ့ အကြောင်းပြချက်တွေဟာ ရာဇဝတ်မှုကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။
အမိန့်ပေးသူဟာ အဓိကတာဝန်ရှိသူ ဖြစ်နိုင်ပေမယ့် အဲဒီအမိန့်ကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက် သေဆုံးနိုင်တယ်ဆိုတာ သိရှိနေပြီး အကောင်အထည်ဖော်ခဲ့သူတွေ၊ တားဆီးနိုင်တဲ့ အခွင့်အရေး ရှိပေမယ့် မတားဆီးခဲ့သူတွေမှာလည်းကိုယ်ပိုင်တာဝန်တွေရှိပါတယ်။
ယနေ့ခေတ်မှာတော့ ရာဇဝတ်မှုတွေကို ဖုံး
ကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အရပ်သားတွေရဲ့ လက်ထဲက ဖုန်းမှတ်တမ်းတွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ၊ မျက်မြင်သက်သေတွေ၊ ဆက်သွယ်ရေး မှတ်တမ်းတွေ ဒါတွေ အားလုံးဟာ တစ်နေ့နေ့မှာ တရားစီရင်ရေးအတွက် အရေးကြီးတဲ့ အထောက်အထားတွေ ဖြစ်လာနိုင်မှာမို့ပါပဲ။
အရပ်သားတွေ အသက်ဆုံးရှုံးမှု၊ မိသားစုတွေရဲ့ ဘဝပျက်စီးမှု၊ ကလေးလူငယ်တွေရဲ့ ပျောက်ဆုံးသွားတဲ့ အနာဂတ်တွေဟာ စစ်ရေးမှတ်တမ်းတွေထဲက ကိန်းဂဏန်းသာ မဟုတ်ပဲ ဆုံးရှုံးမှုကြီးမားတဲ့ လူသားတွေရဲ့ဘဝတွေမို့ ခွင့်လွှတ်လိုက်စရာ၊ မေ့ပစ်စရာ ဖြစ်ရပ်တွေ မဟုတ်ပါဘူး။
အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ကျူးလွန်ခဲ့ကြသူတွေဟာ အချိန်ကာလတစ်ခုမှာ တရားဥပဒေရဲ့ အဆုံးအဖြတ်နဲ့ မလွဲမသွေ ရင်ဆိုင်ရမှာဖြစ်ပြီး၊ ကိုယ်ကျူးလွန်ခဲ့သမျှအတွက် ကိုယ်ပြန်ပေးဆပ်ရမှာ ဖြစ်ပါတယ်။
အာဏာရှိနေချိန်မှာ တချို့လူတွေက မိမိတို့ကို ဘယ်သူမှ မထိနိုင်ဘူးလို့ ယုံကြည်တတ်ကြပါတယ်။ အာဏာ၊ လက်နက်နဲ့ အုပ်ချုပ်ရေးစနစ်တွေက မိမိတို့ကို ကာကွယ်ပေးနိုင်မယ်လို့ ထင်တတ်ကြပါတယ်။
သမိုင်းကို ပြန်ကြည့်ပါ။ ဘယ်အာဏာရှင်ရဲ့ လက်ထဲက အာဏာကမှ မတည်မြဲခဲ့ပါဘူး။ အာဏာပြိုလဲ သွားတဲ့အခါ ကျန်ရစ်တာကတော့ မိမိတို့ ဖုံးကွယ်ထားခဲ့တဲ့ ရာဇဝတ်မှုမှတ်တမ်းတွေနဲ့ အဲဒီလုပ်ရပ် တွေအတွက် ရင်ဆိုင်ရမယ့် တာဝန်ခံမှုတွေပဲ ဖြစ်ပါတယ်။
အချိန်ဟာ အမှန်တရားကို ခဏသာ ဖုံးကွယ်ပေးနိုင်ပေမယ့် ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ရရှိရေးကိုတော့ အဆုံးမဲ့တားဆီးနိုင်ခြင်း မရှိပါဘူး။
ကိုးကား –
• Geneva Conventions and International Humanitarian Law
• International Military Tribunal (Nuremberg Trials, 1945–1946)
• International Criminal Tribunal for the Former Yugoslavia (ICTY)

❤27👍10🔥3🤣1🖕1
ဆားလင်းကြီးနဲ့ ကလေးမြို့ဒေသခံတွေက သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာ ဆက်ရှိစေရေး လှုပ်ရှားမှုပြုလုပ်
အောက်တိုဘာ ၁၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ ကလေးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလမှာဆက်ရှိစေရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၁) ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်လူငယ်တွေနဲ့ ၅/ဆလက လူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်တို့ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဝန်းရံထောက်ခံကြောင်း ဆန္ဒပြခဲ့ပါတယ်။
ကလေးမြို့နယ်မှာလည်း ဒေသခံတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိစေရေးအတွက် ရည်ရွယ်ပြီး အလံမလိပ်အသံမတိတ် လူထုလှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလူထုလှုပ်ရှားမှုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ နဲ့ ပြည်သူ့ပညာရေး သပိတ်စစ်ကြောင်း တို့ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကုလသမဂ္ဂမှာ ပြည်သူ့သံအမတ်ကြီး ဆက်ရှိစေရေးအတွက် ထောက်ခံဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။
တော်လှန်ပြည်သူတွေက " Our UN Ambassador U Kyaw Moe Tun The True Voice of Myanmar " အစရှိတဲ့ စာသားတွေနဲ့အတူ "ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ" ဆိုတဲ့ စာသားတွေ ကိုင်ဆွဲပြီးတော့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

👍32❤8👏4🤮2🖕2🥰1🤣1
ဓာတ်ပုံ - ဆားလင်းကြီးလူထုသပိတ်၊ ကလေးမြို့နယ်သပိတ်ဦးဆောင်ကော်မတီ
❤40👍8👏4🤮2🖕2🥰1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(အောက်တိုဘာ ၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ကျောက်တော်အပါအဝင် ရခိုင် ၆ မြို့နယ်ကို စစ်တပ်က ဗုံးထပ်ကြဲ
စစ်တွေတိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေနဲ့ ထိစပ်နေတဲ့ ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်က ၆ မြို့နယ်ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးထပ်ကြဲခဲ့တာကြောင့် အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၁ရက် နေ့လယ်ပိုင်းမှာကျောက်တော်မြို့နယ်၊ ဇီးချောင်းဆည်အနီးတဝိုက်၊ သကြားစက်ဘုန်းတော်ကြီးကျောင်း၊ ကျောက်ဖြူမြို့နယ်၊စနဲမြို့အနီးတဝိုက် နဲ့ သံတွဲမြို့ပေါ် အမှတ်(၆)ဗောဓိကုန်းရပ်ကွက်တို့ကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် သံတွဲမြို့မှ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၃၀ ရက် ညမှာလည်း ပေါက်တောမြို့ပေါ်ရပ်ကွက်တွေ၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာနဲ့ မြို့အနီးဝန်းကျင်နေရာတွေ၊ ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာတို့ကို ဗုံးကြဲခဲ့ပါတယ်။ ရသေ့တောင်မြို့နယ်၊ ဂူတောင်ရွာကို ဗုံးကြဲတာကြောင့် ဂူတောင်ရွာမှ အသက် ၅၀ နှစ်အရွယ် ဦးအောင်ထွန်းသိန်း သေဆုံးခဲ့ပြီး အသက် ၄၂ နှစ် အရွယ် ဒေါ်ဝင်းနု ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင်ပုဏ္ဏားကျွန်းမြို့နဲ့ ကျောက်ဆိပ်ရွာကို ဗုံးကြဲတာကြောင့် ရွာမှ ၂၆ နှစ်အရွယ်မခင်ခင်သန်း နဲ့ ပုဏ္ဏားကျွန်းမြို့မှ ၄ နှစ်အရွယ် စစ်ဘေးရှောင် မောင်နေကျော်လင်းတို့ ဒဏ်ရာရခဲ့ပါတယ်။ အလားတူ ပေါက်တောမြို့ပေါ် ဗုံးကြဲတာကြောင့် အသက်၅၄ နှစ်အရွယ် ဒေါ်လှကျော့ယဉ်၊ အသက် ၆၆ နှစ်အရွယ် ဒေါ်မသန်း၊ အသက် ၂၆ နှစ်အရွယ် မခင်ခင်ဌေး၊ အသက် ၄၃ နှစ်အရွယ် ဒေါ်မနွယ်စိုး နဲ့ အသက် ၄၀နှစ် အရွယ် ဒေါ်မချေတို့လည်း ဒဏ်ရာရခဲ့ပါတယ်။
◾️SCEFနဲ့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကိုယ်စားလှယ်အဖွဲ့နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတို့ ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ SCEF က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၈ရက်က တွေ့ဆုံခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် SCEF အဖွဲ့ဝင် တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဩစတြေးလျကို သွားရောက်တဲ့ SCEF ကိုယ်စားလှယ်အဖွဲ့ကို SCEF အတွင်းရေးမှူး အဖွဲ့ဝင် ဝန်ကြီး ဒေါ်ဇင်မာအောင်က ဦးဆောင်ပြီး SCEF နိုင်ခြားရေးရာအဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး(၁) နဲနယ်ပလို ၊ ကရင်အမျိုးသားအစည်းအရုံး KNU နိုင်ငံခြားရေးဌာန အတွင်းရေးမှူး စောနီးမရော့ဒ်နဲ့ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင်ဖြစ်သူ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်တို့ ပါဝင်တယ်လို့ သိရပါတယ်။ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ SCEF တာဝန်ရှိသူတွေ တွေ့ဆုံစဉ် မြန်မာနိုင်ငံနဲ့ ဒေသတွင်းရှိ လက်ရှိအခြေအနေများ၊ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများနဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဆွေးနွေးမှု အသေးစိတ် အချက်အလက်တွေ ဖော်ပြမထားဘဲ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။ တွေ့ဆုံဆွေးနွေးမှုရဲ့ နောက်ဆက်တွဲ အဖြစ် SCEF ကိုယ်စားလှယ်အဖွဲ့က ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဆီ အချက်အလက်တွေ ထပ်မံ ပေးပို့သွားဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။
◾️KIA နဲ့ တိုက်ပွဲဖြစ်နေတဲ့ မိုးမိတ်ကို စစ်တပ် အင်အားဖြည့်
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က မန္တလေးဘက်ကနေ အင်အားတွေ ဖြည့်တင်းထားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ် ၃၆ စီးဟာ အောက်တိုဘာ ၁ရက် ဒီနေ့ မနက် ၁၀နာရီခွဲလောက်မှာ မိုးမြိတ်မြို့ကို ရောက်လာတာလို့ ဆိုပါတယ်။ KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်တပ်က KIAနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို အင်အားဖြည့်တာတွေ လုပ်နေတယ်လို့ အတည်ပြုပါတယ်။ မိုးမိတ်မြို့ကို စစ်တပ်က ကားတွေနဲ့ စစ်အင်အားဖြည့်တင်းဖို့ လုပ်နေတဲ့ သတင်းတွေ ရရှိထားသလို မိုးမိတ်မြို့က ဗျူဟာကျတဲ့ တပ်စခန်း ၁ခု သိမ်းပိုက်ရရှိတာကို ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။ မန္တလေးဘက်ကနေ ကားနဲ့ စစ်အင်အားတွေ တော်တော်များများ တက်လာတယ်ဆိုတဲ့ သတင်းတွေ ကြားသိထားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
◾️ဗန်းမော်ထောင်က အကျဥ်းသားတွေ စစ်သင်္ဘောပေါ်ကနေ ရေထဲခုန်ချ လွတ်မြောက်

👍21❤7🤣2👏1🖕1
အာဏာသိမ်းစစ်တပ်ဟာ ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြောင်း ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားက ထွက်ဆိုတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ စစ်တပ်က သင်္ဘောနဲ့ ခေါ်တင်လာတဲ့ အကျဉ်းသားတွေ တိုက်ပွဲဖြစ်ချိန် ရေထဲခုန်ချ ထွက်ပြေးလို့ လွတ်မြောက်လာသူတွေရှိတယ်လို့လည်း အသိပေးပါတယ်။ ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားတွေကို စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း အကျဉ်းထောင်ကနေ လွတ်မြောက်လာသူ ဦးအိုက်စိုးက ပြောဆိုခဲ့တယ်လို့ KIA က ဖော်ပြခဲ့တာပါ။ ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ မန္တလေးကနေ ဆန်တက်လာစဉ်ကလည်း စစ်တပ်ဟာ ပြည်သူတွေနဲ့အတူ ရောနှောတက်လာသလို ဗန်းမော်မြို့ကနေ ပြန်စုန်ဆင်းချိန်မှာလည်း မီးမတော်တဆဖြစ်ရင် ငြှိမ်းသက်ဖို့ဆိုပြီး အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် တင်ဆောင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သင်္ဘောနဲ့ စုန်ဆင်းလာချိန် KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွှေကူမြို့အနီးမှာ အကျဉ်းသား ဦးအိုက်စိုးက ရေထဲခုန်ချပြီး စစ်တပ်လက်ကနေ လွတ်မြောက်လာတာ ဖြစ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ဦးအိုက်စိုးနဲ့အတူ အခြားအကျဉ်းသား ၇၀ ကျော်လည်း ရေထဲခုန်ချ လွတ်မြောက်သွားကြောင်း KIAက ဆိုပါတယ်။
◾️တနင်္သာရီတိုင်း ရေဘေးသင့်ဒေသတွေမှာ စစ်တပ်က ပြည်သူအသွင်ယူ စိမ့်ဝင်နေ
တနင်္သာရီတိုင်းအတွင်း ရေဘေးနဲ့ မြေပ်ြိမှု ဘေးကြုံတွေ့နေတဲ့ ဒေသတွေကို စစ်တပ်က ပြည်သူအသွင်ယူပြီး စိမ့်ဝင်နေတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ အလံဖြူထောင်သွားလာခြင်းမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က ထုတ်ပြန်ပါတယ်။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ဘေးသင့်ဒေသတွေဆီ အနယ်နယ် အရပ်ရပ်မှ ပရဟိတအဖွဲ့တွေ လူမှုကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ထောက်ပံ့မှုပြုလုပ်ပေးနေတဲ့ ပြည်သူ့အဖွဲ့အစည်းတွေက ကုန်းလမ်း၊ ရေလမ်းနဲ့ ဝင်ရောက်ကူညီ စောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ကတော့ လာရောက်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အလံဖြူထောင်ပြီး သွားလာကြဖို့ ဖိအားပေးထားသလို ပြည်သူအသွင်ယူစိမ့်ဝင်နေတယ်လို့လည်း နည်းဗျူဟာ ၃၃ က ထုတ်ပြန်ပါတယ်။ အလံဖြူထောင်ပြီး သွားလာရခြင်းက တော်လှန်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေ ထင်ယောင် ထင်မှားဖြစ်အောင် စစ်ကောင်စီက ဝါဒဖြန့်ချီနေတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုအကြား စနစ်တကျ သပ်လျှိုသွေးခွဲနေတယ်လို့ တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ရှင်းလင်းဖော်ပြထားပါတယ်။
◾️ရေဘေးကြုံနေတဲ့ တနင်္သာရီကို စစ်တပ်က ၂ရက်ဆက် ဗုံးကြဲ
ရေကြီးမြေပြိုမှုတွေဖြစ်နေလို့ လူသေဆုံးမှုတွေရှိနေတဲ့ တနင်္သာရီတိုင်းက ဒေသအချို့ကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တနင်္သာရီတိုင်းက ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့ကို စစ်တပ်က စက်တင်ဘာ ၃၀ရက်နဲ့ ဒီနေ့ အောက်တိုဘာ ၁ရက်တို့မှာ နှစ်ရက်ဆက် လေယာဉ်နဲ့ ဗုံးကြဲခဲ့တာပါ။ ဒီနေ့ ညနေ ၃နာရီ ၁၅ မိနစ်ခန့်မှာ သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာကို စစ်တပ်က လေယာဉ်ဗုံးကြဲခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုက ပြောပါတယ်။ အခု စစ်တပ် ဗုံးကြဲခဲ့တဲ့ ဒေသဟာ ရေဘေးကြုံနေရတဲ့ ဒေသ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သရက်ချောင်းမြို့ခံတစ်ဦးက ပြောပါတယ်။ တော်လှန်ရေးတပ်တွေက ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေတာလို့ သူက ဆက်ပြောပါတယ်။
◾️ဗန်းမော်မြို့ကို အင်အားဖြည့်ထားတဲ့ စစ်တပ်အင်အား ၁ထောင်ကျော်ရှိ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်တပ်က အင်အား ၁၀၀၀ ကျော် ဖြည့်တင်းထားပြီး အများစုဟာ စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ လူငယ်တွေဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဗန်းမော်မြို့မှာ လတ်တလော စစ်ရေးအခြေအနေ ပြင်းထန်နေတာနဲ့ပတ်သက်ပြီး မေးမြန်းတဲ့ အပေါ် ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပြတာပါ။ ဗန်းမော်ဘက်က အခြေအနေကတော့ စစ်တပ် သင်္ဘောတွေဝင်ရောက်တဲ့ နောက်ပိုင်းမှာ ဗန်းမော်တမြို့လုံးကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်က ကြိုးစားပုံရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ အရင် တိုက်ပွဲမဖြစ်တဲ့နေရာမှာလည်း ရပ်ကွက်တချို့မှာ တိုက်ပွဲဖော်ဆောင်တာ တွေ့ရတယ်လို့ သူက ပြောပါတယ်။ အထူးသဖြင့် ဗန်းမော်တက္ကသိုလ်၊ နမ့်ဖား၊ ခလရ(၄၇) ပတ်ဝန်းကျင်ဖြစ်တဲ့ ကုန်းမဟက်နဲ့ ဟန်တဲ တကြော နေရာတွေ၊ မိုးမောက်သွားလမ်း သုံးမိုင်ဘက် စတဲ့ဒေသတွေမှာ တိုက်ပွဲတွေရှိနေပြီး စစ်တပ်ဘက်က လေကြောင်း၊လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုတွေ ပါဝင်တယ်လို့ အသိပေးပါတယ်။
◾️ရွှေဘိုနယ် အနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုးပြီး ဒရုန်းနဲ့ဗုံးကြဲနေ

🤮13👍3🤣2🖕2❤1👏1
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးကာ ဒရုန်းနဲ့ ချီပါရွာအနီးကို ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာနောက်ဆုံးပတ်မှာ စစ်တပ်က ရွှေဘိုမြို့အနောက်အထွက်က မင်းကုန်းရွာကနေ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းတကြောင်း၊ ကျွန်းတောရွာဘက်ကနေ အင်အား ၃၀၀ ပါ စစ်ကြောင်းတကြောင်း ထွက်လာတယ်လို့ သိရပါတယ်။ ကျွန်းတောရွာက စစ်ကြောင်းဟာ ချီပါရွာရဲ့ အရှေ့ဘက်က ကင်းပြားရွာကို ဝင်ရောက်စီးနင်းထားပြီး မင်းကုန်းရွာက စစ်ကြောင်းဟာ ချီပါရွာရဲ့ မြောက်ဘက်က အိုးဘိုရွာရှိ မျိုးသန့်ခြံမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️မင်းအောင်လှိုင် အောက်တိုဘာလထဲ မလေးရှား သွားနိုင်တယ်လို့ဆို
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာ အောက်တိုဘာလထဲမှာ မလေးရှားနိုင်ငံကို သွားရောက်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ မလေးရှားကို ရောက်နေတဲ့ဒုက္ခသည်တွေ၊ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ စုစုပေါင်း ၁၅၀၀ နီးပါးကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံကို ပြန်ပို့ပြီး နောက်တစ်နေ့မှာပဲ မလေးရှား ဆက်သွယ်ရေးဝန်ကြီးနဲ့ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်တဲ့ ဖာဟ်မီ ဖက်ဒ်ဇဲလ်ကမင်းအောင်လှိုင်ဟာ သိပ်မဝေးတဲ့ အနာဂတ်မှာ မလေးရှားကို လာရောက်ဖွယ်ရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ မလေးရှားဟာ နောက်ထပ် မြန်မာနိုင်ငံသား ၃၅၂၄ ဦးကို ဒုတိယ အသုတ်အဖြစ် ပြန်ပို့ဖို့ အစီအစဉ်ရှိကြောင်း၊ ဒီကိစ္စအထမြောက်စေဖို့ မင်းအောင်လှိုင်ဟာ မလေးရှားကိုလာရောက်ပြီး ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ ဆွေးနွေးနိုင်ခြေရှိကြောင်း ဖာဟ်မီက စက်တင်ဘာ ၃၀ရက် မှာ ပြောကြားခဲ့ပါတယ်။ မလေးရှားမီဒီယာတချို့ကတော့ မင်းအောင်လှိုင်ရဲ့ ကွာလာလမ်ပူ ခရီးစဉ်ဟာ အောက်တိုဘာလထဲမှာ အထမြောက်လာနိုင်တယ်လို့ ရေးသားနေကြပါတယ်။
◾️တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၁၃ ပေကျော် မြင့်တက်
တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၁၃ ပေကျော် မြင့်တက်နေပြီး မြိုခံတွေ ဘေးလွတ်ရာကို ယာယီရှောင်တိမ်းနေရပါတယ်။ ဒီနေ့ အောက်တိုဘာ ၁ ရက်မနက်မှာ တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့မှာ ပေ ၃၀နဲ့ ၂လက်မအထိ မြင့်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်အဖြစ် ၁၇ပေ သတ်မှတ်ထားတာပါ။ အခုဆိုရင် စိုးရိမ်ရေမှတ်အထက် ၁၃ပေ ၂လက်မအထိ ကျော်နေတာဖြစ်ပါတယ်။
◾️မူးမြစ်ရေပြန်တက်လာလို့ ဒေသခံတွေစိုးရိမ်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း မူးမြစ်ရေ ပြန်တက်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဒီနေ့ အောက်တိုဘာ ၁ ရက် မနက် ၁၁ နာရီခန့်က မူးမြစ်(နတ်မှူး)အထက်ပိုင်း သဖန်းဆိပ်ဆည်ရေဝင်ဒေသတွေ ရေစတင်ဝင်ရောက်နေကြောင်း၊ သဖန်းဆိပ်ဆည်ရေကနေ ရေဆက်လက် ထုတ်လွှတ်နေတာကြောင့် မူးမြစ်ဘေးကျေးရွာတွေ ပြင်ဆင်ထားကြဖို့ မြစ်ရေစောင့်ကြည့်နေသူတွေက သတိပေးပါတယ်။ ရေအခြေအနေနဲ့ ပတ်သက်လို့ သဖန်းဆိပ်ဆည်ဟာ ပုံမှန်ရေ ၂၆၀၀၀ ကျူ့ဆက်ဝန်းကျင်ခန့်သာ လွှတ်ထားပြီး ကာဘိုးဆည်အတွင်း ရောက်ရှိနေတဲ့ ရေများဟာ မိုးရွာသွန်းမှုများလို့ ကြားရေများ စီးဆင်းနေခြင်းဖြစ်ပြီး ကာဘိုးဆည်မှ ရှပ်တားတံခါးလေးပေါက် လွှတ်ထားတာကြောင့် ပုံမှန်ရေထက် အနည်းငယ်သာ တိုးနိုင်ဖွယ်ရှိကြောင်း ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပင်မသတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ ညနေ လေးနာရီခွဲက ထုတ်ပြန်ခဲ့ပါတယ်။
◾️သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာ ဆက်ရှိစေရေး လှုပ်ရှားမှုပြုလုပ်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ ကလေးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလမှာဆက်ရှိစေရေး လူထုလှုပ်ရှားမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

❤24👍10🤣2😁1🖕1