People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ရွှေဘိုမြို့အဝင်မုဒ်ဦးကို တွေ့ရစဥ်။ ဓာတ်ပုံ - ဝီကီ)
👍25🤬16👎3👏2🔥1🤩1🙏1
ရေဘေးကြုံနေတဲ့ တနင်္သာရီကို စစ်တပ်က ၂ရက်ဆက် ဗုံးကြဲ

အောက်တိုဘာ ၁၊ ၂၀၂၆။ ထားမြတ်ꩻအိမ်သွင်/People’s Spring

ရေကြီးမြေပြိုမှုတွေဖြစ်နေလို့ လူသေဆုံးမှုတွေရှိနေတဲ့ တနင်္သာရီတိုင်းကဒေသအချို့ကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီတိုင်းက ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့ကို စစ်တပ်က စက်တင်ဘာ ၃၀ရက်နဲ့ ဒီကနေ့ အောက်တိုဘာ ၁ရက်တို့မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာပါ။

ဒီကနေ့ အောက်တိုဘာ ၁ရက် ညနေပိုင်းမှာလည်း သရက်ချောင်းမြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ မွန်းလွဲ ၃နာရီ ၁၅ မိနစ်ခန့်မှာသရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာကို စစ်တပ်က လေယာဉ်ဗုံးကြဲခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုက အသိပေးထားပါတယ်။အခု စစ်တပ် ဗုံးကြဲခဲ့တဲ့ ဒေသဟာ ရေဘေးကြုံနေရတဲ့ ဒေသ ဖြစ်တယ်လို့လည်း သူက အသိပေးပါတယ်။

" မနက်ကတည်က လေယာဉ်ပတ်နေတာ။ ညနေမှာ လာကြဲပြီး စက်သေနတ်နဲ့ပါ ပစ်တာ။ တိုက်ပွဲမဖြစ်ဘူးနော်။ တော်လှန်ရေးတပ်တွေအား ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေတာ။ စစ်ရေးဖော်ဆောင်တာဘာမှမရှိဘူး"လို့ သရက်ချောင်းမြို့ခံတစ်ဦးကပြောပါတယ်။

ရေဘေးသင့်ပြည်သူတစ်ဦးကလည်း " ဒေသခံတွေဘေးအန္တရာယ်ရင်ဆိုင်နေရချိန်မှာ အခုလိုဗုံးကြဲတာ။ ပြောစရာစကားတောင်မရှိဘူး"လို့ ပြောပါတယ်။

KNU မြိတ်ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထားဝယ်အ‌ရှေ့တောဒေသရှိ ရေဝိုင်းကျေးရွာကု စစ်တပ်က စက်တင်ဘာ ၃၀ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ပြည်သူ သေဆုံးထိခိုက်မှုမရှိပေမယ့် သဘာ၀ဘေး ဒဏ်ခံစားနေရတဲ့ ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့ အသိပေးပါတယ်။

စစ်တပ်က မြိတ်လေတပ်စခန်းဌာနချုပ် ကနေ တက်လာတဲ့ K8W Jet fighterနဲ့ ဗုံးနှစ်လုံးကြဲချပြီး စက်သေနတ်နဲ့ ပစ်ခတ်သွားတာလို့ နောက်ဆက်တွဲသတင်းရရှိပါတယ်။မြေပြင်ထိခိုက်ပျက်စီးမှုတွေကိုမသိရသေးပါဘူး။

“လူသားစာနာထောက်ထားမှုမရှိတဲ့ စစ်အစိုးရ ပြည်သူတွေ ဒုက္ခရောက်နေချိန် မကူဘဲ ဒုက္ခပေးနေတာ” လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ရပ်အပေါ် မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ စစ်ကိုင်း ငလျင်ဘေးကြုံရချိန်ကလည်း ငလျင်ဘေးသင့် ဒေသတွေအပါအဝင် နိုင်ငံတဝန်း လေကြောင်းဗုံးကြဲတာတွေ ရပ်နားခြင်းမရှိဘဲ လူထုကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။

လက်ရှိမှာ တနင်္သာရီတိုင်းအတွင်း လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ ရေဘေးနဲ့‌ မြေပြိုမှု ဘေး ကြုံတွေ့နေပါတယ်။ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာလ၂၆ရက်နေ့ကစတင်ကာ ဘေးကြုံတွေ့ခဲ့တာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။

တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
🤬30👎11🤣3👍2🙏2👏1🎉1😡1
ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ - ထားဝယ်/FB
👍25🤬10👏1🤣1
တနင်္သာရီတိုင်းရေဘေးသင့်ဒေသတွေကို စစ်‌တပ်က ပြည်သူအသွင်ယူ စိမ့်ဝင်နေ

■ကယ်ဆယ်ရေးကားတွေ အလံဖြူထောင်သွားလာခြင်းမပြုဖို့ တနင်္သာရီတိုင်းစစ်ဌာန မေတ္တာရပ်ခံ

​အောက်တိုဘာ-၁၊၂၀၂၆။ရွှေပြည်စိုး/People's Spring

တနင်္သာရီတိုင်းအတွင်းရေဘေးနဲ့ မြေပ်ြိမှု ဘေးကြုံတွေ့နေတဲ့ ဒေသတွေကို စစ်‌တပ်က ပြည်သူအသွင်ယူပြီး စိမ့်ဝင်နေတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ အလံဖြူထောင်သွားလာခြင်းမပြုကြဖို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊ တနင်္သာ
ရီတိုင်းစစ်ဌာန၊နည်းဗျူဟာ(၃၃)က ထုတ်ပြန်ပါတယ်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ဘေးသင့်ဒေသတွေဆီ အနယ်နယ် အရပ်ရပ်မှ ပရဟိတအဖွဲ့တွေ လူမှုကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ထောက်ပံ့မှုပြုလုပ်ပေးနေတဲ့ ပြည်သူ့အဖွဲ့အစည်းတွေက ကုန်းလမ်း၊ ရေလမ်းနဲ့ ဝင်ရောက်ကူညီ စောင့်
ရှောက်ပေးနေကြောင်းနဲ့ လာရောက်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အလံဖြူထောင်ပြီး သွားလာကြဖို့ စစ်ကောင်စီက ဖိအားပေးထားပြီး ပြည်သူအသွင်ယူစိမ့်ဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အလံဖြူထောင်ပြီး သွားလာရခြင်းက တော်
လှန်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေထင်ယောင် ထင်မှားဖြစ်အောင် စစ်ကောင်စီက ဝါဒဖြန့်ချီနေတာဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုအကြား စနစ်တကျ သပ်လျှိုသွေးခွဲနေတယ်လို့ တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ရှင်းလင်း​ဖော်ပြထားပါတယ်။ရေဘေးသင့် ပြည်သူတွေ့ရှိကိုလာရောက်ကူညီတဲ့သူတွေကိုလည်း စစ်ကောင်စီစစ်ဆေးဂိတ်တွေကနေ အာမခံလက်
မှတ်ထိုးခိုင်းနေသလို အခက်အခဲကြုံတွေ့နေတဲ့ပြည်သူကိုအသုံးချပြီး နိုင်ငံရေး၊ စစ်ရေးအရ ပုံဖော်နိုင်ဖို့အတွက်အလံဖြူထောင်သွား
လာခိုင်းနေတာလို့ ​​ဖော်ပြထားပါတယ်။

ဒါကြောင့် ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးယာဉ်တွေ အားလုံးမှာအောက်တိုဘာလ၁ရက်နေ့ကစပြီး အလံဖြူထောင် သွားလာခြင်းမလုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာလ၂၆ရက်နေ့ကစတင်ကာ ဘေးကြုံတွေ့ခဲ့တာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ ​သေဆုံးသူ အနည်းဆုံး ၃၂ ဦးရှိကြောင်း အ
တည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်
အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရေဘေးနဲ့ ​မြေပြိုမှု​ဘေးကြုံတဲ့ဒေသတွေဟာစစ်တပ်က မြို့ပေါ်တွေကိုသာထိန်း
ချုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကူညီကယ်ဆယ်ရေးမှာလည်း စစ်ကောင်စီကာဆောင်ရွက်ခြင်းမရှိဘဲ ဘေးသင့်ဒေသတွေကိုစစ်ကြောင်းတွေဝင်ရောက်လာတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတွေဘေးကြုံတွေ့နေစဉ်မှာပဲစက်
တင်ဘာ ၃၀ ရက်ညနေပိုင်း နဲ့ ​အောက်တိုဘာ ၁ ရက် ည​နေပိုင်းမှာ စစ်တပ်က ထားဝယ်မြို့နယ်နဲ့ သရက်​ချောင်းမြို့နယ်​တွေထဲကိုလေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်က​ရေ​ဘေးသင့်​ဒေသ​တွေကို ဗုံးကြဲပြီး ကယ်ဆယ်ရေးနဲ့ပတ်သက်လို့ လုံခြုံရေးအခြေအနေအရစိတ်မချရတဲ့အတွက် ကျေး
ရွာတွေကိုသွားရောက်နိုင်ခြင်းမရှိဘူးလို့ဝါဒ
ဖြန့်ထားပါတယ်။

လောင်းလုံးနဲ့သရက်ချောင်းမြို့နယ်အတွင်း ရေဘေးရင်ဆိုင်နေရတဲ့ပြည်သူတွေကို လာရောက်ကူညီကြမယ့်ကယ်ဆယ်ရေးအဖွဲ့တွေ ဒေသတွင်းမှာအဆင်ပြေပြေသွားရောက်နိုင်ဖို့အတွက်လည်း နည်းဗျူဟာ (၃၃)ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊တပ်ဖွဲ့တွေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ကူညီကြဖို့ တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ (၃၃)က စက်တင်ဘာလ၂၈ရက်နေ့မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီကိုဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။

တစ်မြို့နယ်လုံးအတွက် လွှမ်းခြုံဆောင်ရွက်နိုင်ရန်ဖို့ အကန့်သတ်တွေ ရှိနေပေမယ့် အန္တရာယ်ရှိနိုင်တဲ့ ကျေးရွာတွေက ပြည်သူတွေကို ဘေးကင်းနေရာသို့ ရွှေ့ပြောင်းပေးပြီး လိုအပ်တဲ့ အကူအညီတွေပေးနေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ရေကြီး၊ တောင်ပြိုအန္တရာယ်ရင်ဆိုင်နေရတဲ့ ကျေးရွာတွေမှာ အကူညီပေးနေတဲ့အဖွဲ့အစည်း​တွေ၊ဒေသခံပြည်သူတွေအနေနဲ့အကူအညီလိုအပ်ရင် ဆက်သွယ်တောင်းခံဖို့လည် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
🔥20🤬10👍7❤3👏1🤣1🖕1
တနင်္သာရီတိုင်းရေဘေးသင့်ဒေသတွေကို အကူအညီ​ပေးဖို့​ရောက်လာတဲ့အလံဖြူ​ထောင်ထားတဲ့ကား​တွေ။ဓါတ်ပုံ-နည်းဗျူဟာ-၃၃
👍31🤮3🤣2🖕2🔥1👏1🤔1🤬1
ကျောက်တော်အပါအဝင်ရခိုင် ၆ မြို့နယ်ကို စစ်တပ်က ဗုံးထပ်ကြဲ၊ ၁ ဦးသေပြီး ၁၀ ဦး ဒဏ်ရာရ

အောက်တိုဘာ-၁ ၊၂၀၂၆။ခိုင်မြတ်/People's Spring

စစ်တွေတိုက်ပွဲမှာ အထိနာ​နေတဲ့စစ်တပ်ဟာ စစ်တွေနဲ့ ထိစပ်နေတဲ့ကျောက်တော်အပါ
အဝင် ရခိုင်ပြည်နယ်က ၆မြို့နယ်ကို လေ
ယာဉ်အုပ်လိုက်နဲ့ ဗုံးထပ်ကြဲခဲ့တာကြောင့် အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာ၁ရက်၊နေ့လယ်ပိုင်းမှာကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်အနီးတဝိုက်၊ သကြားစက်ဘုန်းတော်ကြီးကျောင်း၊ ကျောက်ဖြူမြို့နယ်၊စနဲမြို့အနီးတဝိုက် နဲ့ သံတွဲမြို့ပေါ် အမှတ်(၆)ဗောဓိကုန်းရပ်ကွက်တို့ ကိုစစ်တပ်က ဗုံးကြခဲ့တာ​ကြောင့် သံတွဲမြို့မှ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

“ကျောက်တော်ကိုထပ်လာကြဲတာ။ ဘယ်
လောက်တောင်အငြိုးထားနေလဲမသိ။ဂျက်သုံးစီး၊ Y12 တစ်စီးနဲ့‌တောင် လာကြဲတယ် ၊ အသံတွေဟိန်းပြီးတော့ လိပ်ပြာတောင် စင်မလား မသိဘူး။ ဘုန်းကြီးကျောင်းကိုကျတယ်ပြောတယ်။ အဲဒီကျောင်းမှာလည်း ဘုန်းကြီးတပါးတည်း ရှိတာ။လူလည်း မရှိဘူး” လို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင်စက်တင်ဘာလ ၃၀ ရက်နေ့ညမှာလည်း ပေါက်တောမြို့ပေါ်ရပ်ကွက်တွေ၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာနဲ့ မြို့အနီးဝန်းကျင်နေရာတွေ၊ ရသေ့တာင်မြို့နယ် ဂူတောင်ကျေးရွာတို့ကိုဗုံးကြဲခဲ့ပါတယ်။

ရသေ့တာင်မြို့နယ်၊ ဂူတောင်ရွာကိုဗုံးကြဲတာ​ကြောင့်ဂူတောင်ရွာမှ အသက် ၅၀ နှစ်အရွယ်ဦးအောင်ထွန်းသိန်း သေဆုံးခဲ့ပြီး အသက် ၄၂ နှစ် အရွယ် ဒေါ်ဝင်းနု ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင်ပုဏ္ဏားကျွန်းမြို့နဲ့ ကျောက်ဆိပ်ရွာကိုဗုံးကြဲတာ​ကြောင့် ရွာမှ ၂၆ နှစ်အရွယ်မခင်ခင်သန်း နဲ့ ပုဏ္ဏားကျွန်းမြို့မှ ၄ နှစ်အရွယ် စစ်ဘေးရှောင် မောင်နေကျော်လင်းတို့ ဒဏ်
ရာရခဲ့ပါတယ်။

အလားတူ ပေါက်တောမြို့ပေါ် ဗုံးကြဲတာ​ကြောင့် အသက်၅၄ နှစ်အရွယ် ဒေါ်လှကျော့ယဉ်၊ အသက် ၆၆ နှစ်အရွယ် ဒေါ်မသန်း၊အသက် ၂၆ နှစ်အရွယ် မခင်ခင်ဌေး၊အသက် ၄၃ နှစ်အရွယ် ဒေါ်မနွယ်စိုး နဲ့ အသက် ၄၀နှစ် အရွယ်ဒေါ်မချေတို့လည်းဒဏ်ရာရခဲ့ပါတယ်။

“မနေ့က၉နာရီလောက်ကတည်းက လေယာဉ်
တွေ ပတ်ကြဲနေခဲ့တာ။ ပုဏ္ဏားကျွန်းကိုကြဲတယ်။နောက်ရသေ့တောင်ကိုကြဲတယ်။လူတွေကတော့ ဟိုဘက်ကမ်းတွေကို ကြဲနေတာဆိုပြီး သိပ်အလေးမထားကြဘူး။ အဲဒီမှာ ၁၂ နာရီလောက်ကျတော့ ပေါက်တောမြို့ထက်ကိုပါ Y12 နဲ့ လာကြဲသွားတယ်။ ဗုံးအလုံး တဆယ်ကျော်တယ်” လို့ ပေါက်တော်မြို့ပေါ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းမှာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ဝါဘိုကျွန်းနဲ့ကွမ်းတောင်
ရွာအနီးတိုက်ပွဲအတွင်း အင်အားသုံးဆယ်ဝန်းကျင်ရှိ စစ်ကြောင်းတခုလုံး သေဆုံးခဲ့ပြီးနောက် အရပ်သားလူနေ မြို့ရွာတွေကို ဗုံးပတ်ကြဲနေခဲ့တာဖြစ်ပါတယ်။

“စစ်ကို စစ်နဲ့တူအောင် တိုက်ဖို့လိုတယ်။အခု မင်းအောင်လှိုင်တို့စစ်တပ်လုပ်နေတာက ရွံ
စရာတော်တော်ကောင်း တယ်။ ဒီကောင်တွေကို ခိုင်နှိုင်းစရာစကားလုံးတောင် မမြင်ဘူး” လို့ရသေ့တာင်မြို့နယ်မှလူငယ်တဦးက ပြောပါ တယ်။

စစ်တပ်စခန်းတွေ လက်လွှတ်၊ အထိနာနေတဲ့ စစ်တပ်ဟာ လေယာဉ်အုပ်လိုက်အသုံးပြုကာ တိုက်ပွဲဆက်စပ် နေရာတွေအပြင် ရခိုင်ပြည်
နယ်အတွင်းက အရပ်သားနေရာတွေကိုပါ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်​​နေပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ရှိကစ္ဆပနဒီတံတားနဲ့
အိန္ဒိယစျေးနဲ့ တို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့်ကိုယ်ဝန်ဆောင်မိခင်၊ ကလေး
ငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင်
အပြစ် မဲ့အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ တန်ပြန်စစ်ဆင်
ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်တိုဘာ ၁ ရက်နေ့အထိ တစ်လခန်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ်သားပြည်သူ ၆၂ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၁၀၆ ဦးထက်မနည်း ရှိ​နေပြီဖြစ်ပါတယ်။
🤬49❤4😭3👏2👎1😁1🎉1😡1
ဗုံးကြဲခံရပြီးနောက် ကျောက်တော်မြို့နယ်၊သကြားစက်ဘုန်းကြီးကျောင်း မြင်ကွင်း/စက်တင်ဘာ ၃၀ညမှာစစ်တပ်ဗုံးကြဲမှုကြောင့် ပေါက်တောမြို့က ဒဏ်ရာရသွားသူတဦး။ ဓါတ်ပုံ-One Nations News
🤬41😢13❤3👏2👎1🤩1🙏1😡1
မူးမြစ်ရေပြန်တက်လာလို့ ဒေသခံတွေစိုးရိမ်

အောက်တိုဘာ ၁၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း မူးမြစ်ရေ ပြန်တက်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁ ရက် မနက် ၁၁ နာရီခန့်က မူးမြစ်(နတ်မှူး)အထက်ပိုင်း သဖန်းဆိပ်ဆည်ရေဝင်ဒေသတွေ ရေစတင်ဝင်ရောက်နေကြောင်း၊ သဖန်းဆိပ်ဆည်ရေကနေ ရေဆက်လက် ထုတ်လွှတ်နေတာကြောင့် မူးမြစ်ဘေးကျေးရွာတွေ ပြင်ဆင်ထားကြဖို့ မြစ်ရေစောင့်ကြည့်နေသူတွေက သတိပေးပါတယ်။

"ပြီးခဲ့တဲ့ ၈ လပိုင်းတုန်းကထက်ကို ရေကများနေတယ်"လို့ မြစ်ရေ စောင့်ကြည့်နေတဲ့ ဒေသခံတစ်ဥိးကပြောပါတယ်။

ရေအခြေအနေနဲ့ ပတ်သက်လို့ သဖန်းဆိပ်ဆည်ဟာ ပုံမှန်ရေ ၂၆၀၀၀ ကျူ့ဆက်ဝန်းကျင်ခန့်သာ လွှတ်ထားပြီး ကာဘိုးဆည်အတွင်း ရောက်ရှိနေတဲ့ ရေများဟာ မိုးရွာသွန်းမှုများလို့ ကြားရေများ စီးဆင်းနေခြင်းဖြစ်ပြီး ကာဘိုးဆည်မှ ရှပ်တားတံခါးလေးပေါက် လွှတ်ထားတာကြောင့် ပုံမှန်ရေထက် အနည်းငယ်သာ တိုးနိုင်ဖွယ်ရှိကြောင်း ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပင်မသတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ညနေ လေးနာရီခွဲက ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ မူးမြစ်ရေတက်နေပေမယ့် ကျေးရွာတွေထဲ ရေဝင်ရောက်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကလည်း စစ်ကိုင်းတိုင်းက ရွှေဘို၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ အရာတော်၊ ဝက်လက်၊ ဒီပဲယင်း အစရှိတဲ့ မြို့နယ်တွေမှာ သဖန်းဆိပ်ဆည်အပါအဝင် ဆည်ရေတွေဖောက်ချတာ၊ မူးမြစ်ရေကြီးတာတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​ခဲ့ပါတယ်။


လာမယ့် အောက်တိုဘာ ၄ရက်အထိ အရှေ့ဘက်ကလာတဲ့ မုန်တိုင်း အကြွင်းအကျန်တွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဒီတစ်ပတ်အတွင်း နေရာကွက်ပြီး မိုးကြီးတာ၊ လေပြင်းတိုက်ခိုက်တာ၊ လျှပ်စီးလက် မိုးကြိုးပစ်တာ၊ လျှပ်တစ်ပြက်ရေလွှမ်းမိုးတာ၊ မြေပြို တောင်ပြိုတာနဲ့ ကမ်းပါးပြိုတာတွေ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြု နေထိုင်သင့်ကြောင်း အထက်ပါဌာနက အကြံပြုထားပါတယ်။
👍14🔥14❤3👎2👏1🙏1😡1
(ယနေ့ မူးမြစ်ရေကြီးနေသည်ကို တွေ့ရစဥ် ဓါတ်ပုံ-Screen Grab)
🔥15🙏7👍5😱2👎1
ဗန်းမော်မြို့ကို အင်အားဖြည့်ထားတဲ့ စစ်တပ်အင်အား ၁ထောင်ကျော်ရှိ၊ အများစုဟာ စစ်မှုထမ်းတပ်သားလူငယ်တွေဟု KIA ပြော

အောက်တိုဘာ ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်ꩻ ဗန်းမော်မြို့ကို စစ်တပ်က အင်အား ၁၀၀၀ ကျော် ဖြည့်တင်းထားပြီး အများစုဟာ စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ လူငယ်တွေဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗန်းမော်မြို့မှာ လတ်တလော စစ်ရေးအခြေအနေ ပြင်းထန်နေတာနဲ့ပတ်သက်ပြီး မေးမြန်းတဲ့ အပေါ် ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပြတာပါ။

“ဗန်းမော်ဘက်က အခြေအနေကတော့ သူတို့ သင်္ဘောတွေဝင်တဲ့ရောက်တဲ့ နောက်ပိုင်းမှာ သူတို့က ဗန်းမော်တမြို့လုံးကိုထိန်းချုပ်နိုင်ဖို့အတွက် သူတို့ ကြိုးစားပုံရပါတယ်။ အရင် တိုက်ပွဲမဖြစ်တဲ့နေရာမှာလည်း ရပ်ကွက်တချို့မှာ တိုက်ပွဲဖော်ဆောင်တာ တွေ့ရပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အထူးသဖြင့် ဗန်းမော်တက္ကသိုလ်၊ နမ့်ဖား၊ ခလရ(၄၇) ပတ်ဝန်းကျင်ဖြစ်တဲ့ ကုန်းမဟက်နဲ့ ဟန်တဲ တကြော နေရာတွေ၊ မိုးမောက်သွားလမ်း သုံးမိုင်ဘက် စတဲ့ဒေသတွေမှာ တိုက်ပွဲတွေရှိနေပြီး စစ်တပ်ဘက်က လေကြောင်း၊လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုတွေ ပါဝင်တယ်လို့ အသိပေးပါတယ်။

“ဗန်းမော်ဘက်ကို ဝင်လာတဲ့ သင်္ဘောမှာ ပါတဲ့ သူတို့ရဲ့ စစ်အင်အားတွေကတော့ ၁၀၀၀ ကျော် အများဆုံး ၁၅၀၀ လောက်တော့ ပြန်ဝင်တယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ အဲဒီ အင်အားတွေထဲမှာ အသက်မပြည့်တဲ့ ၁၆နှစ် ၁၇နှစ်ပေါ့နော် အဲဒီလိုမျိုး ကျောင်းနေဘ၀က ကလေးတွေကို စစ်မှုထမ်း သူတို့ရဲ့ မထမ်းမနေရ ဥပဒေအောက်ကနေ စုဆောင်းထားတဲ့ ကလေးတွေပဲ ဖြစ်တာတွေ့ရပါတယ်။ ဘာမှ တိုက်ပွဲဝင်မယ့် စစ်သားတွေလည်း မဟုတ်ပါဘူး။ ဒါမျိုးလုပ်တာ လုံး၀ မဖြစ်သင့်တဲ့ဟာ ဖြစ်တယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းပိုင်းမှာ ဗန်းမော်မြို့ကို ရေကြောင်းက စစ်အင်အားတွေ ဖြည့်တင်းတာပြုလုပ်ခဲ့ပါတယ်။ သင်္ဘော များစွာနဲ့ စစ်အင်အားဖြည့်လာတဲ့အပေါ် KIA ပူးပေါင်းတပ်က ရွှေကူ-ဗန်းမော်ကြားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်တပ်သင်္ဘောတွေထိခိုက်ပျက်စီးတာတွေ မီးလောင်တာ၊ နစ်မြုပ်တာတွေ ရှိခဲ့လို့ စစ်အင်အားဖြည့်တင်းမှု အပြည့်အ၀ အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ သင်္ဘောအချို့ ထိခိုက်ပြီး ကမ်းကပ်လက်နက်ချလို့ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၁၈ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ တပ်မိသားစု စုစုပေါင်း ၁၅၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် KIA ပူးပေါင်းတပ်က ဖမ်းမိခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်တပ်က ဗန်းမော်မြို့မှာ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ နေ့တိုင်းလိုလို ရှိနေပြီး တိုက်ပွဲအချို့မှာ စစ်တပ်က အထိနာတာ၊ စစ်သုံ့ပန်းအချို့နဲ့ လက်နက်တွေ ရတာရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။
👍39🔥4❤3👎1👏1🎉1🤣1🖕1
(ကချင်ပြည်နယ်၊ ဗန်းမော်မြို့တနေရာကို ၂၀၂၅က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍31🤮3🖕2👎1🤩1🤣1
■အ​တွေးအမြင်

အာဏာရဲ့အရိပ်အောက်မှာ ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုများ တာဝန်ခံရမယ့်နေ့

●ဆင်ခြေများဖြင့်ဖုံးကွယ်၍မရသောပြည်သူတို့၏သွေးနှင့်ရေးထားသည့်တရားခံစာရင်း

-ခါကာဘို ရေးသားသည်။

စစ်ပွဲဆိုတိုင်း ဥပဒေမဲ့ လုပ်ချင်သလို လုပ်လို့မရဘူးဆိုတာ သင်သိပါသလား။

လူသားသမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ စစ်
ပွဲတွေ၊လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အရပ်
သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကနေ သင်ခန်းစာယူပြီး၊ နိုင်ငံတကာအ
သိုင်းအဝိုင်းက စစ်ပွဲအတွင်းမှာတောင် လိုက်
နာရမယ့်စည်းမျဉ်းဥပ‌ဒေတွေ၊စည်းကမ်း
ချက်တွေကို တည်ဆောက် ထားပါတယ်။

အဲဒီစည်းမျဉ်းတွေထဲမှာ အခြေခံအကျဆုံး အချက်တစ်ခုကတော့ စစ်ရေးပစ်မှတ်နဲ့ အ
ရပ်သားတွေကို ခွဲခြားပြီး ဆောင်ရွက်ရမယ်ဆိုတဲ့မူပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝှမ်း စစ်အာဏာရှင်ကို တော်လှန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အဲဒီအခြေအနေမှာ စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေကို အကြောက်တရားနဲ့ ထိန်း
ချုပ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေအင်အားကောင်းလာတဲ့ ဒေသတွေ၊ ၎င်းတို့မစိုးမိုးနိုင်တော့တဲ့ ဒေသ တွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေပြင်းထန်စွာ ပြု
လုပ်နေပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေကြောင့် အရပ်သား အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှု အ‌ရေအတွက်ဟာ ဆက်တိုက်မြင့်မားနေပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနဲ့ကစ္ဆပနဒီတံတားအနီး လေ
ကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆၀ နီးပါး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အဲဒီအခြေ
အနေကို ထင်ရှားစွာ ပြသနေတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအရ စစ်ဖြစ်နေကြချိန် စစ်ရေးရည်ရွယ်ချက်ရှိနေတောင် အရပ်သားထိခိုက်မှု မရှိအောင် ကာကွယ်ပေးရမယ့် တာဝန်က တိုက်ခိုက်သူဘက်မှာပဲ ရှိပါတယ်။ တိုက်ခိုက်မှုတစ်ခု မလုပ်ခင် အရပ်သားတွေ ထိခိုက်နိုင်မှုကို ကြိုတင်စဉ်း
စားပြီး၊ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တဲ့ တိုက်ခိုက်မှုတွေကိုလည်း ရှောင်ရှားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေ၊ အရပ်သားတွေ ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းတွေ ဒါမှမဟုတ် လူနေအိမ်တွေလို နေရာတွေကို တိုက်ခိုက်ပြီးနောက် “အဲဒီနေရာမှာ လက်
နက်ကိုင်တွေ ရှိနေခဲ့တယ်” ဆိုတဲ့ အကြောင်း
ပြချက်တစ်ခုတည်းနဲ့ အဲဒီလုပ်ရပ်ကို ဥပဒေကခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

အကြောင်းကတော့ စစ်ရေးပစ်မှတ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားတွေရဲ့ အသက်အန္တရာယ်ကို လျစ်လျူရှုခွင့် မရှိတဲ့အတွက် ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက်မှာ အာဏာရှင်အစိုးရတွေနဲ့ စစ်ခေါင်းဆောင်တွေဟာ ကိုယ်ကျူး
လွန်ခဲ့တဲ့ လုပ်ရပ်တွေကို အကြောင်းပြချက်မျိုးစုံနဲ့ ကာကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ တချို့က “နိုင်ငံတော် လုံခြုံရေးအတွက်” လို့ ပြောခဲ့ကြသလို၊ တချို့ကလည်း “ရန်သူကို တိုက်ခိုက်တာပဲ ဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။ တချို့ကတော့ “အထက်က အမိန့်ပေးလို့ လုပ်ခဲ့တာပါ” ဆိုတဲ့ စကားနောက်ကွယ်မှာ ပုန်းကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒါပေမယ့် နိုင်ငံတကာ တရားစီရင်ရေးသမိုင်းက ပြသခဲ့တဲ့ အချက်ကတော့ ရှင်းပါတယ်။ အမိန့်ပေးခံရတာ၊အမိန့်ရှိခဲ့တာဆိုတဲ့ အ
ကြောင်းပြချက်တစ်ခုတည်းနဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့သူ တစ်ဦးကို အပြစ်ကင်းလွတ်
ခွင့် မပေးနိုင်ပါဘူး။

ဒုတိယကမ္ဘာစစ်အပြီးနာဇီဂျာမနီ ခေါင်း
ဆောင်တွေကို စီရင်ခဲ့တဲ့ နူရင်ဘတ် (Nuremberg) တရားစီရင်မှုဟာ ဒီအခြေခံသဘောတရားကို ကမ္ဘာ့တရားစီရင်ရေးသ
မိုင်းမှာ အရေးအကြီးဆုံးအဖြစ် သတ်မှတ်ခံရတဲ့ အမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ်ကနေ ၁၉၄၆ ခုနှစ်အထိ ပြုလုပ်ခဲ့တဲ့ နူရင်ဘတ်တရားစီရင်မှုမှာ နာဇီဂျာမနီရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ စစ်ဘက်အရာရှိတွေကို စစ်ပွဲကျူးလွန်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်
ဆေးခဲ့ပါတယ်။တရားခံ ၂၂ ဦးအနက် ၁၉ ဦးကို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး ၁၂ ဦးကို သေဒဏ်၊ ၃ ဦးကိုထောင်ဒဏ်တစ်
သက်၊ ၄ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။

အဲဒီတရားစီရင်မှုမှာ “ခေါင်းဆောင်က အမိန့်ပေးလို့ လုပ်ခဲ့တာပါ”ဆိုတဲ့ အကြောင်းပြချက်ကိုလက်မခံခဲ့ပါဘူး။အကြောင်းကတော့ လူတစ်ဦးချင်းစီဟာ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် ကိုယ်တိုင်တာဝန်ယူရမယ်ဆိုတဲ့အခြေ
ခံမူကြောင့် ဖြစ်ပါတယ်။

နူရင်ဘတ်တရားစီရင်မှုနောက်ပိုင်းမှာဒီအခြေ
ခံမူဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို စီရင်ရာမှာ အရေးကြီးတဲ့ စံနှုန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ယူဂိုဆလားဗီးယား ပြိုကွဲမှုအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ဆေးဖို့ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICTY)ကလည်း ထိပ်တန်းခေါင်းဆောင်တွေတင်မကဘဲ အဲဒီကျူးလွန်မှုတွေမှာ ပါဝင်ခဲ့သူတိုင်းကိုစီရင်ခဲ့ပါတယ်။

ဘော့စနီးယားဆာ့ဘ်တပ်ဖွဲ့ရဲ့စစ်ခေါင်း
ဆောင်ရတ်ကိုမလာဒီချ်(Ratko Mladić)ကို ဆရီဘရီနီဆာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့မှုအတွက်၂၀၁၇
ခုနှစ်မှာထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပါတယ်။
👍26❤8🤮1🤣1🖕1
ဒါပေမယ့်တရားစီရင်ခံရသူတွေဟာမလာဒီချ်လို ထိပ်တန်းခေါင်းဆောင်တွေပဲ မဟုတ်ခဲ့ပါဘူး။ အမိန့်တွေကို အကောင်အထည်ဖော်ခဲ့သူတွေနဲ့ တိုက်ရိုက်ကျူးလွန်ခဲ့သူတွေကိုလည်း သူတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့တဲ့ အပြုအမူတွေအပေါ် မူတည်ပြီးကျူးလွန်ခဲ့တဲ့အတိုင်း အပြစ်ဒဏ်ခံရစေတာ ဖြစ်ပါတယ်။

ဒီသဘောတရားအတိုင်းရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုအပြီးမှာလည်း ထပ်မံစီရင်ခံခဲ့ရပါတယ်။

၁၉၉၄ ခုနှစ် ရဝမ်ဒါနိုင်ငံမှာ လူပေါင်းရှစ်သိန်းခန့် သေဆုံးခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICTR) ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီခုံရုံးက နိုင်
ငံရေး ခေါင်းဆောင်တွေ၊ အစိုးရအရာရှိတွေနဲ့ တိုက်ရိုက်ပါဝင်ကျူးလွန်ခဲ့သူတွေအားလုံးကို စစ်ဆေးအရေးယူခဲ့ပါတယ်။

ရဝမ်ဒါ ဝန်ကြီးချုပ်ဟောင်းဂျင်းကမ်ဘာဒါ (Jean Kambanda)ကိုလည်းလူမျိုးတုံးသတ်
ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေအတွက် ၁၉၉၈ ခုနှစ်မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပြီး သူဟာ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရအကြီးအကဲအဖြစ် ဒီလိုပြစ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပထမဆုံးသူ ဖြစ်လာခဲ့ပါတယ်။

ရဝမ်ဒါဖြစ်ရပ်က ပြသခဲ့တာကတော့ ရာ
ဇဝတ်မှုကြီးတွေမှာ တာဝန်ရှိသူဆိုတာ ထိပ်ဆုံးမှာရှိတဲ့ ခေါင်းဆောင်တွေပဲ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ လူသတ်မှုတွေကို စီစဉ်သူ၊ အမိန့်ပေးသူ၊လှုံ့ဆော်သူ၊လက်တွေ့အ
ကောင်အထည်ဖော်သူ တစ်ဦးချင်းစီမှာ ကိုယ်ကျူးလွန်ခဲ့တာအတွက် ကိုယ်ပိုင်တာဝန် ရှိတယ်ဆိုတာ နိုင်ငံတကာတရားစီရင်မှုက ပြသခဲ့ပါတယ်။

ဒီအယူအဆကို ဆီယာရာလီယွန် (Sierra Leone) ပြည်တွင်းစစ်အပြီး ဖြစ်ပေါ်လာတဲ့ တရားစီရင်မှု မှာလည်း ထပ်မံတွေ့ရပါတယ်။

လိုက်ဘေးရီးယား (Liberia) သမ္မတဟောင်း ချားလ်စ် တေလာ (Charles Taylor) ဟာ ဆီယာရာလီယွန်ပြည်တွင်းစစ်အတွင်း ကျူးလွန်
ခဲ့တဲ့ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေမှာ တိုက်ရိုက် လက်နက်ကိုင်ပြီး ပါဝင်ခဲ့သူ မဟုတ်ပေမယ့် သူပေးခဲ့တဲ့ လက်နက်၊ အထောက်အပံ့နဲ့ နိုင်ငံရေးအကူအညီတွေကြောင့် တာဝန်ရှိသူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်မှာ အထူးတရားရုံးက ချားလ်စ် တေလာကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေကို အားပေးကူညီခဲ့မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၅၀ နှစ် ချမှတ်ခဲ့ပါတယ်။

ဒီအမှုက ပြသခဲ့တဲ့ အချက်က ရှင်းပါတယ်။ ရာဇဝတ်မှုတစ်ခုမှာ တာဝန်ယူရမယ့်သူဆိုတာ ကိုယ်တိုင်လက်နက်ကိုင်ပြီး လုပ်ခဲ့မှ မဟုတ်ပါဘူး။ ရာဇဝတ်မှုဖြစ်လာအောင် အခြေအနေ ဖန်တီးပေးသူ၊ အထောက်အပံ့
ပေးသူ၊ သိသိကြီးနဲ့ ကူညီပေးသူတွေမှာလည်း တာဝန်ရှိနိုင်ပါတယ်။

ဒါကြောင့် “အမိန့်အတိုင်း လုပ်ခဲ့တာပါ” သို့မဟုတ် “ကိုယ်တိုင် တိုက်ရိုက်ကျူးလွန်ခဲ့တာ မဟုတ်ပါဘူး” ဆိုတဲ့ အကြောင်းပြချက်တွေဟာ ရာဇဝတ်မှုကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

အမိန့်ပေးသူဟာ အဓိကတာဝန်ရှိသူ ဖြစ်နိုင်ပေမယ့် အဲဒီအမိန့်ကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက် သေဆုံးနိုင်တယ်ဆိုတာ သိရှိနေပြီး အကောင်အထည်ဖော်ခဲ့သူတွေ၊ တားဆီးနိုင်တဲ့ အခွင့်အရေး ရှိပေမယ့် မတားဆီးခဲ့သူတွေမှာလည်းကိုယ်ပိုင်တာဝန်တွေရှိပါတယ်။

ယနေ့ခေတ်မှာတော့ ရာဇဝတ်မှုတွေကို ဖုံး
ကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အရပ်သားတွေရဲ့ လက်ထဲက ဖုန်းမှတ်တမ်းတွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ၊ မျက်မြင်သက်သေတွေ၊ ဆက်သွယ်ရေး မှတ်တမ်းတွေ ဒါတွေ အားလုံးဟာ တစ်နေ့နေ့မှာ တရားစီရင်ရေးအတွက် အရေးကြီးတဲ့ အထောက်အထားတွေ ဖြစ်လာနိုင်မှာမို့ပါပဲ။

အရပ်သားတွေ အသက်ဆုံးရှုံးမှု၊ မိသားစုတွေရဲ့ ဘဝပျက်စီးမှု၊ ကလေးလူငယ်တွေရဲ့ ပျောက်ဆုံးသွားတဲ့ အနာဂတ်တွေဟာ စစ်ရေးမှတ်တမ်းတွေထဲက ကိန်းဂဏန်းသာ မဟုတ်ပဲ ဆုံးရှုံးမှုကြီးမားတဲ့ လူသားတွေရဲ့ဘဝတွေမို့ ခွင့်လွှတ်လိုက်စရာ၊ မေ့ပစ်စရာ ဖြစ်ရပ်တွေ မဟုတ်ပါဘူး။

အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ကျူးလွန်ခဲ့ကြသူတွေဟာ အချိန်ကာလတစ်ခုမှာ တရားဥပဒေရဲ့ အဆုံးအဖြတ်နဲ့ မလွဲမသွေ ရင်ဆိုင်ရမှာဖြစ်ပြီး၊ ကိုယ်ကျူးလွန်ခဲ့သမျှအတွက် ကိုယ်ပြန်ပေးဆပ်ရမှာ ဖြစ်ပါတယ်။

အာဏာရှိနေချိန်မှာ တချို့လူတွေက မိမိတို့ကို ဘယ်သူမှ မထိနိုင်ဘူးလို့ ယုံကြည်တတ်ကြပါတယ်။ အာဏာ၊ လက်နက်နဲ့ အုပ်ချုပ်ရေးစနစ်တွေက မိမိတို့ကို ကာကွယ်ပေးနိုင်မယ်လို့ ထင်တတ်ကြပါတယ်။

သမိုင်းကို ပြန်ကြည့်ပါ။ ဘယ်အာဏာရှင်ရဲ့ လက်ထဲက အာဏာကမှ မတည်မြဲခဲ့ပါဘူး။ အာဏာပြိုလဲ သွားတဲ့အခါ ကျန်ရစ်တာကတော့ မိမိတို့ ဖုံးကွယ်ထားခဲ့တဲ့ ရာဇဝတ်မှုမှတ်တမ်းတွေနဲ့ အဲဒီလုပ်ရပ် တွေအတွက် ရင်ဆိုင်ရမယ့် တာဝန်ခံမှုတွေပဲ ဖြစ်ပါတယ်။

အချိန်ဟာ အမှန်တရားကို ခဏသာ ဖုံးကွယ်ပေးနိုင်ပေမယ့် ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ရရှိရေးကိုတော့ အဆုံးမဲ့တားဆီးနိုင်ခြင်း မရှိပါဘူး။

ကိုးကား –

• Geneva Conventions and International Humanitarian Law
• International Military Tribunal (Nuremberg Trials, 1945–1946)
• International Criminal Tribunal for the Former Yugoslavia (ICTY)
❤26👍9🔥3🤣1🖕1
🔥22👍12❤3👌2🖕2🤣1
ဆားလင်းကြီးနဲ့ ကလေးမြို့ဒေသခံတွေက သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာ ဆက်ရှိစေရေး လှုပ်ရှားမှုပြုလုပ်

အောက်တိုဘာ ၁၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ ကလေးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလမှာဆက်ရှိစေရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၁) ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်လူငယ်တွေနဲ့ ၅/ဆလက လူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်တို့ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဝန်းရံထောက်ခံကြောင်း ဆန္ဒပြခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း ဒေသခံတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိစေရေးအတွက် ရည်ရွယ်ပြီး အလံမလိပ်အသံမတိတ် လူထုလှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလူထုလှုပ်ရှားမှုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ နဲ့ ပြည်သူ့ပညာရေး သပိတ်စစ်ကြောင်း တို့ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကုလသမဂ္ဂမှာ ပြည်သူ့သံအမတ်ကြီး ဆက်ရှိစေရေးအတွက် ထောက်ခံဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

တော်လှန်ပြည်သူတွေက " Our UN Ambassador U Kyaw Moe Tun The True Voice of Myanmar " အစရှိတဲ့ စာသားတွေနဲ့အတူ "ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ" ဆိုတဲ့ စာသားတွေ ကိုင်ဆွဲပြီးတော့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
👍31❤8👏4🤮2🖕2🥰1🤣1
ဓာတ်ပုံ - ဆားလင်းကြီးလူထုသပိတ်၊ ကလေးမြို့နယ်သပိတ်ဦးဆောင်ကော်မတီ
❤40👍8👏4🤮2🖕2🥰1🤣1