■အတွေးအမြင်
ဟူဒီယာရဲ့ လက်နှစ်ဖက်နဲ့
မြန်မာကလေးတွေရဲ့ အသံ
-အေးခိုင်ဦး ရေးသားသည်။
တစ်ခါတုန်းက ကမ္ဘာတစ်ဝန်းကို စိတ်နှလုံး
ကြေကွဲစေခဲ့တဲ့ ဓာတ်ပုံတစ်ပုံရှိခဲ့ပါတယ်။ ကလေးမလေးတစ်ယောက်။ လက်နှစ်ဖက်ကို မြှောက်ထားတယ်။မျက်နှာမှာ အပြုံးမရှိဘူး။ သူမရှေ့မှာ စစ်သားတစ်ယောက်လည်း မရှိပါဘူး။ ရှိတာက ကင်မရာတစ်လုံးပါပဲ။ ဒါပေမယ့် သူမက အဲဒီကင်မရာကို သေနတ်လို့ထင်ခဲ့တယ်။ ဆီးရီးယားကလေးမလေး ဟူဒီယာ (Hudea)ရဲ့ဒီဓာတ်ပုံဟာ၂၀၁၄ ခုနှစ်က အတ်မဲ (Atmeh) ဒုက္ခသည်စခန်းမှာ ဓာတ်ပုံဆရာ အော့စ်မန် ဆာအီးရ်လီ (Osman Sağırli) ရိုက်ကူးခဲ့တာဖြစ်ပြီး နောက်ပိုင်း ကမ္ဘာတစ်
ဝန်းမှာ အလွန်ပျံ့နှံ့ခဲ့ပါတယ်။
ဓာတ်ပုံဆရာက အဝေးကနေ telephoto lens နဲ့ ရိုက်ကူးခဲ့တာကြောင့် ကလေးမလေးက ကင်မရာကို လက်နက်လို့ ထင်ခဲ့တာဖြစ်ပါတယ်။ ပုံတစ်ပုံတည်းနဲ့ ကမ္ဘာကြီးက နား
လည်သွားခဲ့တယ်။ စစ်ပွဲဆိုတာ ကလေးတွေရဲ့ စိတ်ထဲအထိ ဝင်ရောက်သွားတဲ့အရာဆိုတာပါ။
ဒီနေ့ မြန်မာနိုင်ငံမှာလည်း အဲဒီလက်နှစ်ဖက်တွေ ရှိနေပါတယ်။အဲဒီဓာတ်ပုံကို မြန်မာနိုင်ငံကကလေးတစ်ယောက်မြင်မယ်ဆိုရင် သူ့အ
တွက်အဲဒီကလေးမလေးဟာမထူးဆန်းလောက်ပါဘူး။။ မြန်မာနိုင်ငံမှာ ကလေးတွေအတွက်တော့ စစ်မြေပြင်ဆိုတာ မြေပုံပေါ်က နေရာတစ်ခုတည်းမဟုတ်တော့ပါဘူး။တကယ့် တိုက်ပွဲနေရာမဟုတ်တော့ပါဘူး။ ကျောင်းဖြစ်နိုင်တယ်။ ဈေးဖြစ်နိုင်တယ်။
ဘုန်းကြီးကျောင်းဖြစ်နိုင်တယ်။ ဘုရားကျောင်းဖြစ်နိုင်တယ်။ စစ်ဘေးရှောင်စခန်း ဖြစ်နိုင်တယ်။ ရွာထဲက အိမ်တစ်အိမ်လည်း ဖြစ်နိုင်ပါတယ်။
ဟိုးအရင်က ကောင်းကင်မှာ လေယာဉ်သံကြားရင် လေယာဉ်လာပြီဆိုပြီး အိမ်ထဲကနေ ကလေးတွေ ပြေးထွက်ပြီး မော့ကြည့်တတ်ကြတာ။ မမြင်ရဘူးဆိုတာသိပေမယ့် ချစ်ခင်စွာနဲ့ လေယာဉ်ကို လက်ဝှေ့ယမ်းပြတတ်ကြတာ။ အခုတော့ မြန်မာနိုင်ငံမှာ လေယာဉ်သံကြားရင် လေယာဉ်သံဟာ ကြောက်စရာအသံလို့ ကလေးတွေ သိမှတ်နေခဲ့ပါပြီ။ လေယာဉ်သံကြားတာနဲ့ စာသင်ခန်းထဲက ပြေးထွက်ပြီး ဗုံးခိုကျင်းဆီပြေးရတဲ့ ကလေးတွေ၊ ပြေးချိန်မရတော့လို့စာသင်ခုံအောက်ဝပ်နေရတဲ့ က
လေးတွေ၊ စာသင်ခန်းထဲမှာ စာအုပ်ဖတ်နေရင်းကပဲ အသက်ဆုံးရှုံးခဲ့ရတဲ့ကလေးတွေ၊ ထမင်းစားနေရင်း အသက်ဆုံးရတဲ့ ကလေးတွေ။ ကလေးတွေအတွက် သွေးတွေစွန်း
ထင်းနေတဲ့ စာအုပ်တွေရှိတဲ့ စာသင်ခန်းဆိုတာ လုံခြုံတဲ့နေရာမဟုတ်တော့ပါဘူး။ အိမ်ဆိုတာ လုံခြုံတဲ့နေရာ မဟုတ်တော့ပါဘူး။ ဒုက္ခသည်စခန်းဆိုတာတောင် လုံခြုံတဲ့နေရာမဟုတ်တော့ပါဘူး။
UNICEFကမြန်မာနိုင်ငံမှာကျောင်းတွေ၊ ဆေး
ရုံတွေနဲ့ ကလေးတွေအတွက် အရေးကြီးတဲ့နေရာတွေ တိုက်ခိုက်ခံနေရတာကို အကြိမ်
ကြိမ် သတိပေးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကယားပြည်နယ်က ကျောင်းနှစ်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်း
သားလေးဦးနဲ့ ဆရာနှစ်ဦး သေဆုံးခဲ့ပြီး၊ အဲဒီအချိန်မှာ ကျောင်းထဲမှာ ကလေး ၁၀၀ ကျော်ရှိခဲ့တယ်လို့ UNICEF က ဖော်ပြခဲ့ပါတယ်။
၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့မှာ စစ်ကိုင်း
တိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းကုန်းကျေးရွာကအထက်တန်းကျောင်းတစ်ကျောင်းကို လေ
ကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် စာသင်ချိန်အတွင်း ကျောင်းသား ၂၂ ဦးနဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ OHCHR က မှတ်တမ်းတင်ထားပါတယ်။ အဲဒီနေရာမှာအရင်ကစစ်ရေးတိုက်ပွဲဖြစ်နေတယ်
ဆိုတဲ့ မှတ်တမ်းလည်း မရှိခဲ့ပါဘူး။
၂၀၂၅ ခုနှစ် စက်တင်ဘာလမှာလည်း ရခိုင်
ပြည်နယ် ကျောက်တော်မြို့နယ်က စာသင်
ကျောင်းနှစ်ကျောင်းတိုက်ခိုက်ခံရပြီး ကလေး
တွေ သေဆုံး၊ ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းတွေကို UNICEF က အလွန်စိုးရိမ်ဖွယ်အဖြစ် ထုတ်ပြန်ခဲ့ပါတယ်။၂၀၂၆ခုနှစ်ဖေဖော်ဝါရီ
လမှာလည်း ရခိုင်နဲ့ စစ်ကိုင်းမှာ လေကြောင်း
တိုက်ခိုက်မှုတွေကြောင့် ကလေးအနည်းဆုံး ငါးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ UNICEF က ထုတ်ပြန်ခဲ့ပါတယ်။ မကြာခင် စက်တင်ဘာ ၂၈ ရက် ဗုံးကြဲခံရတဲ့ ကျောက်တော်မြို့။ ဘာ စစ်မြေပြင်မှမဟုတ်တဲ့ သာမန်အရပ်သားတွေသာရှိနေတဲ့ ဈေးအတွင်းထဲ။ အခုထိ အယောက် ၅၀ ခန့် သေဆုံးခဲ့ရပြီ။ အဲဒီနေ့က ပုံတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ဗိုက်ထဲက ကလေးလေး မြန်မာတနိုင်ငံလုံးရဲ့ နှလုံးသားတို့ ကြေမွစေခဲ့တဲ့ပုံ။
ဒါတွေဟာ အနီးစပ်ဆုံး မကြာသေးခင်က ကိန်းဂဏန်းတချို့သာပါ။ဒါပေမယ့်ကိန်းဂ
ဏန်း တစ်ခုချင်းစီရဲ့နောက်မှာမိခင်တစ်ယောက်ရှိတယ်။ဖခင်တစ်ယောက်ရှိတယ်။ ညီအစ်ကိုမောင်နှမတွေ ရှိတယ်။ ပြီးတော့ ပြန်မရနိုင်တော့တဲ့ ကလေးဘဝတစ်ခု ရှိပါတယ်။ သူတို့ဟာ တစ်စုံတစ်ယောက်ရဲ့ မိခင်၊ ဖခင်၊ သား၊ သမီး၊ ညီမ၊ အစ်ကို ဖြစ်ကြပါတယ်။ ပြီးတော့ အဲဒီအထဲမှာ ကလေးတွေ ပါလာတဲ့အခါ ကလေးတစ်ယောက်အတွက် ဘယ်နေရာက လုံခြုံရမလဲ။
မြန်မာကလေးတစ်ယောက်ရဲ့ အသံကို ကမ္ဘာကြီးက တကယ်ကြားနိုင်မယ်ဆိုရင် သူက ဒီလိုမေးလိမ့်မယ် ထင်ပါတယ်။ ကျွန်တော်တို့က စာသင်ချင်တာပါ။ ဘာလို့ စာအုပ်အစား ဗုံးသံကို နားထောင်နေရတာလဲ”၊ “ကျွန်တော်တို့က အိမ်မှာ မိဘတွေနဲ့အတူ အိပ်ချင်တာပါ။ ဘာလို့ ညတိုင်း ဘယ်မှာပုန်းရမလဲ စဉ်း
စားနေရတာလဲ”၊ “ကျွန်တော်တို့က အသက်ရှင်ချင်တာပါ။ ဒါဟာ တောင်းဆိုမှုများလွန်းတာလား”

👍20❤2🔥2😢1🤮1🤣1🖕1
ဟူဒီယာ က ကင်မရာကိုသေနတ်လို့ထင်ပြီး လက်မြှောက်ခဲ့တယ်။ မြန်မာနိုင်ငံက ကလေးတွေကလည်းတကယ့်လေယာဉ်တွေ၊တကယ့်
ဗုံးတွေ၊ တကယ့်ပေါက်ကွဲသံတွေကြားမှာ ကြီးပြင်းနေရပါပြီ။ သူမက ကင်မရာကို သေ
နတ်လို့ထင်ခဲ့တယ်။ မြန်မာကလေးတွေကလည်း သေနတ်နဲ့ ဗုံးတွေကို တကယ်သိနေကြပါပြီ။ ဒီအချက်ကို ကမ္ဘာကြီးက မမေ့သင့်ပါဘူး။
ကလေးတစ်ယောက်ဟာ လေယာဉ်သံကြားတဲ့အခါ ကောင်းကင်ကို မော့ကြည့်ပြီး “လေယာဉ်ကြီး” လို့ ပြောသင့်တာပါ။ “ဗုံးကျမလား” လို့ မေးစရာ မဖြစ်သင့်ပါဘူး။ ကလေးတစ်ယောက်ဟာ ကျောင်းကိုသွားတဲ့အခါ “ဒီနေ့ ဘာစာသင်မလဲ” လို့ စိတ်ဝင်စားသင့်တာပါ။ “ဒီနေ့ ကျောင်းကို ဗုံးကျမလား” လို့ စဉ်းစားရတာ မဖြစ်သင့်ပါဘူး။ သူတို့လိုချင်တာက မိခင်ရဲ့ရင်ခွင်။ ဖခင်ရဲ့လက်။ ကျောင်းစာအုပ်။သူငယ်ချင်းတွေနဲ့ ကစားရတဲ့နေ့ရက်တွေ။ ညဘက်မှာ ဗုံးသံမကြားဘဲ အိပ်ရတဲ့ အိပ်ရာတစ်ခု။ ဒီလောက်ကလေးသာပါ။
ဟူဒီယာ ရဲ့ပုံကို နောက်တစ်ကြိမ် ပြန်ကြည့်
ပါ။ကလေးမလေးရဲ့ လက်နှစ်ဖက်ကို ကြည့်
ပါ။ အဲဒီလက်တွေမှာ လက်နက်မရှိဘူး။ ရန်
လိုမှုမရှိဘူး။နိုင်ငံရေးမရှိဘူး။ ကြောက်ရွံ့မှုတစ်ခုပဲ ရှိပါတယ်။ပြီးတော့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ မြန်မာနိုင်ငံက ကလေးတွေဟာလည်း ဒီလိုလက်တွေ မြှောက်ပြီး“ကျွန်တော်တို့ကို မပစ်ပါနဲ့” “ကျွန်တော်တို့ကို ဗုံးမကြဲပါနဲ့” “ကျွန်တော်တို့ကို စာသင်ခွင့်ပေးပါ” “ကျွန်တော်တို့ကို ကလေးဘဝပြန်ပေးပါ”လို့ ကမ္ဘာကြီးကို ပြောနေကြတာ မဟုတ်ပါဘူးလား။ အဲဒီအသံတွေကို ကမ္ဘာကြီး မကြားဘဲ နေသင့်ပါသလား။
ကလေးတစ်ယောက်ရဲ့ လက်မြှောက်ထားမှုဟာ အညံ့ခံခြင်း မဟုတ်ပါဘူး။ တစ်ခါတ
လေမှာ လူကြီးတွေက သူတို့ကို ကာကွယ်ပေးဖို့ မအောင်မြင်ခဲ့ကြောင်း ပြောနေတဲ့ အော်သံတစ်ခုသာ ဖြစ်ပါတယ်။ ပြီးတော့ ဒီကလေးတွေဟာ စစ်ပွဲတစ်ခုရဲ့ “ဘေးထွက်ဆိုးကျိုး” မဟုတ်ပါဘူး။ သူတို့ဟာ ကာကွယ်ရမယ့် လူသားတွေပါ။ ကမ္ဘာကြီးရဲ့ အနာဂတ်ပါ။ သူတို့အတွက် အနာဂတ်တစ်ခု ရှိနေဖို့အတွက် ဒီနေ့ သူတို့ကို အသက်ရှင်ခွင့်၊ လုံခြုံခွင့်၊ စာသင်ခွင့် ပေးရပါမယ်။
ဟူဒီယာ ရဲ့ လက်နှစ်ဖက်ကို ကမ္ဘာကြီးက တစ်ခါမြင်ခဲ့ပြီး နာကျင်ခဲ့ဖူးပါတယ်။ မြန်မာကလေးတွေရဲ့ လက်နှစ်ဖက်ကိုလည်း ကမ္ဘာကြီး မြင်ပါစေ။ သူတို့ မေးနေတဲ့ မေးခွန်းကို ကြားပါစေ။မြန်မာကလေးတွေရဲ့ လက်
မြှောက်သံကို ကမ္ဘာကြီးကြားပါစေ။ ။

😢24👍3🖕2🔥1🥰1🤮1🤣1
ကျောက်တော်ဗုံးကြဲမှု ဥရောပသမဂ္ဂရှုတ်ချ
အောက်တိုဘာ-၁၊၂၀၂၆။People's Spring
မြန်မာလေတပ်ကကျောက်တော်မြို့ကို စက်တင်ဘာ ၂၈ရက်နေ့က ကျူးလွန်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အများအပြား ထိခိုက် သေဆုံးခဲ့တာကို ဥရောပ သမဂ္ဂ (EU)က ရှုတ်ချလိုက်ပါတယ်။
နိုင်ငံတကာလူသားချင်း စာနာမှု ဥပဒေတွေဟာ လူသားအားလုံးနဲ့ သက်ဆိုင်ပြီး တိတိ
ကျကျ လေးစားလိုက်နာရမှာဖြစ်ကြောင်း၊ ထိခိုက်သေဆုံးသူတွေနဲ့ နစ်နာသူ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်း၊ မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ဆက်လက် ရပ်
တည်မယ်လို့ အသိပေးလိုကြောင်း EU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့အဆိုပါဗုံးကြဲမှု
ကြောင့် ပြည်သူအနည်းဆုံး ၅၀ ဦးသေဆုံးပြီး
၆၀ ခန့် ဒဏ်ရာရခဲ့ပါတယ် ။
ကုလသမဂ္ဂ လူ့အခွင့်အရေဆိုင်ရာ(OHCHR)
မဟာမင်းကြီး ဗိုကာတာ့ခ်ကလည်း စစ်တပ်ရဲ့ကျောက်တော်ဗုံးကြဲမှုအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ပြောပါတယ်။ဒီတိုက်ခိုက်
မှုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အလွန်စိုးရိမ်ဖွယ်ရာအခြေအနေကိုပေါ်လွင်စေပြီး အထူးသဖြင့်
ရခိုင်ပြည်နယ်မှာ ပိုလို့တောင် ဆိုးရွားတယ်လို့ တာ့ခ်က ပြောပါတယ်။
ဗြိတိန်ကလည်းစစ်တပ်ရဲ့ ကျောက်တော်လေကြောင်းတိုက်ခိုက်မှုအပေါ် အပြင်း
အထန်ကန့်ကွက်ပြီးလေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ပြတ်ပြတ်သားသား ပြောကြားထားပြီးဖြစ်တယ်လို့ ဗြိိတိန်သံရုံးကထုတ်
ပြန်ပါတယ်။ အစုလိုက်၊အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် အလွန်အမင်း စိုးရိမ်တုန်လှုပ်မိတယ်လို့လည်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Wintertonက ပြောပါတယ်။ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ ဗြိတိန်အစိုးရအနေနဲ့ ဒီဆိုးရွားလှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။ ဗြိတိန်အစိုးရဟာ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ကြောင်း ထပ်လောင်းအသိပေးပါတယ်။
#ကျောက်တော် #ဥရောပသမဂ္ဂကရှုတ်ချ
#အီးယူ #လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု #peoplesspring #ludunwayoo

👍39🤣6🥰2💩1🖕1
မင်းအောင်လှိုင် အောက်တိုဘာလထဲ
မလေးရှား သွားနိုင်တယ်လို့ဆို
■မလေးရှားက မြန်မာ ၃၅၀၀ကျော်ကိုဒုတိယအသုတ်ထပ်ပို့ဖို့အစီအစဥ်အထမြောက်ဖို့မင်းအောင်လှိုင်လာဖို့ရှိဟု မလေးရှားပြော
■ဒုက္ခသည်တွေပြန်ပို့တာဟာ ဘဏ္ဍာရေး ဝန်
ထုပ်ဝန်ပိုးဖြစ်လာတာနဲ့ လုံခြုံရေးအရ စပြီးခြိမ်းခြောက်မှုတွေကြုံတွေ့လာတာကြောင့်လို့
မလေးရှားဝန်ကြီးချုပ်ပြော
အောက်တိုဘာ-၁၊၂၀၂၆။People's Spring
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာ အောက်တိုဘာလထဲမှာ မလေးရှားနိုင်ငံကို သွားရောက်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာကြောင်းရိုက်တာသတင်းဌာနကဖော်ပြပါတယ်။
မလေးရှားကိုရောက်နေတဲ့ဒုက္ခသည်တွေ၊ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ စုစုပေါင်း ၁၅၀၀ နီးပါးကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံကို ပြန်ပို့ပြီး နောက်တစ်နေ့မှာပဲ မလေးရှား ဆက်သွယ်ရေး ဝန်ကြီးနဲ့ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်တဲ့ ဖာဟ်မီ ဖက်ဒ်ဇဲလ်ကမင်းအောင်လှိုင်ဟာသိပ်မဝေးတဲ့ အနာဂတ်မှာမလေးရှားကိုလာရောက်ဖွယ်ရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
မလေးရှားဟာ နောက်ထပ် မြန်မာနိုင်ငံသား ၃၅၂၄ ဦးကို ဒုတိယ အသုတ်အဖြစ် ပြန်ပို့ဖို့ အစီအစဉ်ရှိကြောင်း၊ဒီကိစ္စအထမြောက်စေဖို့မင်းအောင်လှိုင်ဟာ မလေးရှားကိုလာရောက်ပြီး ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ ဆွေး
နွေးနိုင်ခြေရှိကြောင်း ဖာဟ်မီက စက်တင်ဘာ ၃၀ မှာ ပြောကြားခဲ့ပါတယ်။
မလေးရှားမီဒီယာတချို့ကတော့မင်းအောင်
လှိုင်ရဲ့ ကွာလာလမ်ပူ ခရီးစဉ်ဟာ အောက်တို
ဘာလထဲမှာ အထမြောက်လာနိုင်တယ်လို့ ရေးသားနေကြပါတယ်။
ဝန်ကြီးချုပ် အန်ဝါက မလေးရှားဟာ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရင် အန္တရာယ်တွေ ရှိနိုင်မှန်း သိလျက်နဲ့ အတင်းအကျပ် ပြန်ပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ နောက်ပြီး အဲဒီ ဒုက္ခသည်တွေ၊ ရွှေပြောင်း အခြေချသူတွေကို လက်ခံထားရတာဟာ မလေးရှားအတွက် ဘဏ္ဍာရေး ဝန်ထုပ်
ဝန်ပိုး ဖြစ်စေရုံသာ မကဘဲ လုံခြုံရေးအရ စပြီး ခြိမ်းခြောက်မှုတွေ ကြုံတွေ့လာနေတယ်လို့ အန်ဝါကအကြောင်းပြထားပါတယ်။
ဒါပေမဲ့ သူတို့ကို ပြန်ပို့ဖို့ အရမ်းတွန်းအားပေးခဲ့တယ် ဆိုတာတော့ မဟုတ်ကြောင်း၊ မလေးရှားအစိုးရဟာအဲဒီကိစ္စအတွက်ညှိညှိနှိုင်းနှိုင်း လုပ်ခဲ့ကြောင်းအန်ဝါက သတင်း
ထောက်တွေကို စက်တင်ဘာ ၂၉ ရက်နေ့တုန်းက ပြောကြားခဲ့ပါတယ်။
ကိုးကား: Reuters

💩29👎8❤6👍1👏1🤬1🎉1
ဗန်းမော်ထောင်ကအကျဉ်းသားတွေ စစ်တပ်သင်္ဘောနဲ့ ခေါ်ဆောင်စုန်ဆင်းချိန် တိုက်ပွဲဖြစ်လို့ ၇၀ ကျော် ရေထဲခုန်ချ လွတ်မြောက်
■သင်္ဘောမီးလောင်ရင် မီးငြှိမ်းဖို့ အကျဉ်းသားတွေကို ခိုင်းစေ၊ တိုက်ခိုက်ခံရလို့ သင်္ဘောမြုပ်စဉ် သေဆုံး တဲ့ အကျဉ်းသားများလည်းရှိ
အောက်တိုဘာ ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ဟာ ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြောင်း ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားက ထွက်ဆိုကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ပြီး စစ်တပ်က သင်္ဘောနဲ့ ခေါ်တင်လာတဲ့ အကျဉ်းသားတွေလည်း တိုက်ပွဲဖြစ်ချိန် ရေထဲခုန်ချ ထွက်ပြေးလို့ လွတ်မြောက်လာသူတွေရှိတယ်လို့ အသိပေးပါတယ်။
ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားတွေကို စစ်တပ်က လုံခြုံရေးအတွက် လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း အကျဉ်းထောင်မှ လွတ်မြောက်လာသူ ဦးအိုက်စိုးက ပြောဆိုခဲ့တယ်လို့ KIA က ဖော်ပြခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ မန္တလေးကနေ ဆန်တက်လာစဉ်ကလည်း စစ်တပ်ဟာ ပြည်သူတွေနဲ့အတူ ရောနှောတက်လာသလို ဗန်းမော်မြို့မှ ပြန်စုန်ဆင်းချိန်မှာလည်း မီးမတော်တဆဖြစ်ရင် ငြိမ်းသက်ရန်ဟုဆိုကာ အကျဉ်းသားများအား လူသားဒိုင်းအဖြစ် တင်ဆောင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သင်္ဘောနဲ့ စုန်ဆင်းလာချိန် KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွှေကူမြို့အနီးမှာ အကျဉ်းသား ဦးအိုက်စိုးက ရေထဲခုန်ချပြီး စစ်တပ်လက်မှ လွတ်မြောက်လာတာဖြစ်ကြောင်းဖော်ပြပါတယ်။ ဦးအိုက်စိုးနဲ့အတူ အခြားအကျဉ်းသား ၇၀ ကျော်လည်း ရေထဲခုန်ချ လွတ်မြောက်သွားကြောင်း KIAက အသိပေးပါတယ်။
“ဗန်းမော်အကျဉ်းထောင်ထဲက တချို့ တွေကို လွှတ်တာရှိပါတယ်။ လွှတ်ပေမဲ့လည်း သူတို့နဲ့အတူတူ မန္တလေး ရောက်ရမယ် ဆိုပြီးသူတို့(စစ်ကောင်စီတပ်) အမိန့်တွေ ချပေးတာ။ ဆိုတော့ အကျဉ်းသားတွေလည်း မန္တလေးဘက်ကို လိုက်သွားရတာဖြစ်ပါတယ်တဲ့။ ဆိုတော့ အဲဒီလမ်းကြားမှာ ကျနော်တို့ ကြားဖြတ်ပြီး တိုက်ခိုက်တဲ့နေရာမှာ သင်္ဘောမြုပ်သွားတဲ့နေရာမှာ ပါတာလည်း သေသွားတာ အများကြီးပါတယ်လို့ ပြောတယ်” လို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အကျဉ်းသားတွေကို စုန်ဆင်းလာတဲ့သင်္ဘောတွေပေါ် မျှတင်လာတာဖြစ်ပြီး သင်္ဘောတိုက်ခိုက်ခံရပြီး မီးလောင်တဲ့အခါ မီးသတ်ဖို့ စေခိုင်းခဲ့တာလို့ ဆိုပါတယ်။
“မန္တလေးရောက်ပြီးမှ ကိုယ့်အိမ်ကိုယ် ပြန်ရောက်တဲ့ သူတွေလည်း တော်တော်များများတော့ရှိတယ်လို့ ပြောပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
ဗန်းမော်အကျဉ်းထောင်မှာ အကျဉ်းသား ၄၀၀ ကျော်ကျန်ရှိနေပြီး အကျဉ်းသားတွေဟာ သင်္ဘောပေါ်မှ ပစ္စည်းတွေ သယ်ပေးရတာ၊ ခေါင်းစဉ်အမျိုးမျိုးတပ် ငွေကောက်ခံခြင်း၊ ငွေမပေးနိုင်သူတွေကို ရိုက်နှက်တာ ဒဏ်ပေးတာရှိခဲ့တယ်လို့ လွတ်မြောက်အကျဉ်းသား ဦးအိုက်စိုးက ထွက်ဆိုကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ဒါ့အပြင် သင်္ဘောရိက္ခာ မရောက်ခင် အကျဉ်းသားတွေဟာ ပြောင်းဖူးများသာ လနဲ့ချီ စားခဲ့ရလို့
ကျန်းမာရေးထိခိုက်သူတွေရှိသလို ဖျားနာသူတွေကို ဆေးကုသပေးတာမရှိဘူးလို့လည်း သတင်းဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ် သင်္ဘောတွေဟာ ဩဂုတ်လကုန်ပိုင်းမှာ ကချင်ပြည်နယ်ကို ဝင်ရောက်လာတာဖြစ်ပြီး ကသာ-ရွှေကူကြား၊ ရွှေကူ-ဗန်းမော်ကြားမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာ ဒုတိယပတ်ကစပြီး ဗန်းမော်မြို့ကနေ သင်္ဘောတွေ ပြန်စုန်ဆင်းခဲ့ရာ KIA ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေကြောင့် သင်္ဘောတွေ မီးလောင်၊ နစ်မြုပ်၊ ပျက်စီးတာတွေရှိခဲ့ပြီး KIA သတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်အရ စက်တင်ဘာ ရေကြောင်းတိုက်ပွဲအတွင်း စစ်တပ်သင်္ဘော အစီး ၂၀ခန့် ထိခိုက်ပျက်စီးနစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းရာမှာ အရပ်သားသင်္ဘောတွေကိုပါ အဓမ္မ ခေါ်ဆောင်အသုံးပြုခဲ့ရာ တိုက်ခိုက်ခံရလို့ ပျက်စီးခဲ့တဲ့ သင်္ဘောတွေထဲမှာလည်း ပုဂ္ဂလိကပိုင် သင်္ဘောများစွာ ပါဝင်ကြောင်း KIAက အသိပေးထားပါတယ်။

❤36👍27🖕2👎1
မန္တလေးမှာ စစ်မှုထမ်းမဲပေါက်သူတွေ စစ်မှုလာမထမ်းရင် နေအိမ်ပေါ်အထိ တက်ဆွဲမယ်လို့ ပေါက်ကိုယ်တော် ခြိမ်းခြောက်
▪️လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း
အောက်တိုဘာ ၁၊ ၂၀၂၆။ မေရီ/People's Spring
မန္တလေးမြို့မှာ စစ်မှုထမ်းမဲပေါက်သူတွေ စစ်မှုလာမထမ်းရင် နေအိမ်ပေါ်အထိ တက်ဆွဲမယ်လို့ စစ်တပ်ကို စစ်ကူတိုက်ပေးနေတဲ့ ပျူစောထီးခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ခြိမ်းခြောက်နေပါတယ်။
စစ်မှုထမ်းမဲနှိုက်တာတွေ ပြုလုပ်နေတဲ့ မန္တလေးမြို့မှာ ကိုယ်ပေါက်တဲ့ အမှတ်အစဥ်အလိုက် စစ်မှုထမ်းရမှာဖြစ်ပြီး စစ်မှုလာမထမ်းပါက နေအိမ်ပေါ်အထိ တက်ကာဆွဲရမှာဖြစ်ကြောင်း ပေါက်ကိုယ်တော်က သူ့ရဲ့ TikTok ကနေ ပြောပါတယ်။
"မဲပေါက်တဲ့စနစ် မဲစနစ်အရဆိုရင်တော့ ဥပမာ ကံကြီးကုန်းရပ်ထဲက အုပ်ကြီးက မဲနှိုက်ပေးလိုက်တယ်။ မောင်ဖြူက မဲပေါက်တယ်။ မောင်ဖြူက နံပါတ်တစ်ဆိုရင်တော့ မောင်ဖြူရှိတဲ့နေရာကိုတော့ ဆွဲရမှာပဲ။ သူ့အလှည့်ကျလို့ လာရင်လာ။ မလာရင်ဆွဲရမှာပဲ"လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။
အလားတူ စစ်မှုထမ်းတိမ်းရှောင်သူတွေကိုလည်း တရားစွဲဆိုမှာဖြစ်ပြီး တိမ်းရှောင်သူရဲ့အမှတ်စဥ်နောက်ကလူတွေက အစဥ်အတိုင်း စစ်မှုထမ်းရမယ်လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။ ဒါ့အပြင် စစ်မှုထမ်းမဲပေါက်သူတွေ ထွက်မပြေးနိုင်အောင် စီမံဖို့ဆိုပြီး အာဏာသိမ်းစစ်တပ်ကို တိုက်တွန်းသွားပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုအောက်တိုဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ၂၀၂၄ ဇူလိုင်ကနေ ၂၀၂၆ သြဂုတ်အတွင်း ပြည်သူ့စစ်မှုထမ်း(ပစ) အပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား (၁၃၅,၀၈၀) ခန့်ကို အဓမ္မစုစည်းခဲ့ကြောင်း၊ ယခုအခါ ၎င်းအင်အားကို အသုံးချပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း(ပစ) အင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတာကို တွေ့ရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က အသိပေးခဲ့ပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်အခြေအနေကိုကြည့်ရင် ပြည်သူ့စစ်မှုထမ်း(ပစ) သိန်းချီ အင်အားကို အလောင်းအစားပြုပြီး ကမူးရှုးထိုး ထိုးစစ်ဆင် ဆောင်ရွက်နေပေမဲ့ ဘယ်စစ်မျက်နှာမှာမှ လိုရာမရောက်ဘဲ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိရောက်တဲ့ တိုက်ခိုက်ချေမှုန်းမှုတွေကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များပြားနေတာကို တွေ့ရကြောင်း၊ ၎င်းထိခိုက်ဆုံးရှုံးမှုတွေအနက် အများစုမှာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)များ ဖြစ်တာကိုလည်း တွေ့ရကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးပါတယ်။
ဒါ့ကြောင့် အရွယ်ရောက်ပြီး လူငယ်တွေ အနေနဲ့လည်း စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရမယ့်အရေးကို နည်းလမ်းစုံသုံးပြီး ရှောင်ရှားကြဖို့ လိုအပ်နေကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ အသိပေးပါတယ်။
စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်ကို စစ်ကူတိုက်ပေးနေသူဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမြို့က လူရမ်းကားတွေ၊ လူမိုက်တွေကို ပျူစောထီးခေါ် ပြည်သူ့စစ်တွေဆိုပြီး လက်နက်တပ်ဆင်ပေးခဲ့ရာမှာ ဦးဆောင်ဖွဲ့စည်းသူတွေထဲ ပါဝင်ခဲ့ပါတယ်။ ပေါက်ကိုယ်တော်ရဲ့ တပည့် ပျူစောထီးတွေဟာ မန္တလေးမြို့မှာ လက်နက်ကိုင်ရမ်းကားပြီး ပြည်သူတွေကို ဖိနှိပ်ပြီး စစ်တပ်အလိုကျ အကြမ်းဖက်တာတွေ၊ လူငယ်တွေကို ပေါ်တာဆွဲ ရောင်းစားတာ၊ ငွေညှစ်တာတွေ ပြုလုပ်နေပါတယ်။

😡38❤10🤬7🤣5👎4🤮3👏1🎉1
တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၁၃ ပေကျော် မြင့်တက်၊ မြို့ခံတွေ ရေဘေးကြုံ
အောက်တိုဘာ−၁၊၂၀၂၆။ရွှေပြည်စိုး/People's Spring
တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၁၃ ပေကျော် မြင့်တက်နေပြီး မြိုခံတွေ ဘေးလွတ်ရာကို ယာယီရှောင်တိမ်းနေရပါတယ်။
ဒီနေ့ အောက်တိုဘာ ၁ ရက်မနက်မှာ တနင်္သာရီမြစ်ရေဟာတနင်္သာရီမြို့မှာ ပေ ၃၀နဲ့ ၂လက်မအထိ မြင့်တက်နေတယ်လို့ မြို့ခံတွေ ပြောပါတယ်။
" ရေက ဆက်တက်နေတာမို့ မြစ်ကမ်းဘေးရပ်ကွက်တွေကနေ ဘေးလွတ်ရာကို ရွှေ့နေကြရတယ်။ ရေမြုပ်တဲ့နေရာတွေမှာ အိမ်စောင့်တွေပဲ ထားပြီး ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို ယာယီစခန်းတွေမှာ ထားရတယ်"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်အဖြစ် ၁၇ပေ သတ်မှတ်ထားတာပါ။ အခုဆိုရင် စိုးရိမ်ရေမှတ်အထက် ၁၃ပေ ၂လက်မအထိ ကျော်နေတာဖြစ်ပါတယ်။
တနင်္သာရီမြစ်ရေဟာ ယခင် မှတ်တမ်းတွေအရ အမြင့်ဆုံးရေမှတ်အဖြစ် ၁၉၉၄ ခုနှစ်မှာ၃၆ပေ၄လက်မအထိမြင့်တက်ခဲ့ပြီး ဒုတိယအမြင့်ဆုံးအဖြစ် ၂၀၂၄ ခုနှစ်မှာ ၃၁ ပေအထိ မြင့်တက်ခဲ့ဖူးပါတယ်။နှစ်ကြိမ်စလုံးမှာ ရေဘေးဒဏ်ကို တနင်္သာရီမြို့နယ်လုံးကျွတ် ကြုံတွေ့ခဲ့ရတယ်လို့ ဒေသအခြေစိုက် သတင်းဌာနဖြစ်တဲ့ Dawei Watch က ဖော်ပြထားပါတယ်။
လက်ရှိမှာ တနင်္သာရီတိုင်းအတွင်း လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ ရေဘေးနဲ့ မြေပြိုမှု ဘေး ကြုံတွေ့နေပါတယ်။ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာလ၂၆ရက်နေ့ကစတင်ကာ ဘေးကြုံတွေ့ခဲ့တာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။
တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။ အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
တနင်္သာရီမြစ်ကတော့ ထားဝယ်ဒေသမှာ မြစ်ဖျားခံတာမို့ ယခင်ရက်က ရေတွေ ဆင်းလာပြီး မြင့်တက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

👍18🔥5❤4😱4😢3🙏3👎1
KIA နဲ့ တိုက်ပွဲဖြစ်နေတဲ့ မိုးမိတ်မြို့ကို စစ်တပ် အင်အားဖြည့်
အောက်တိုဘာ ၁၊ ၂၀၂၆။ ထားမြတ်၊ရွှေပြည်စိုး/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က မန္တလေးဘက်ကနေ အင်အားတွေ ဖြည့်တင်းထားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ် ၃၆ စီးဟာ အောက်တိုဘာ ၁ရက် မနက် ၁၀နာရီခွဲလောက်မှာ မိုးမြိတ်မြို့ကို ရောက်လာတာလို့ ဆိုပါတယ်။
KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်တပ်က KIAနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို အင်အားဖြည့်တာတွေ လုပ်နေတယ်လို့ အတည်ပြုပါတယ်။ မိုးမိတ်မြို့ကို စစ်တပ်က ကားတွေနဲ့ စစ်အင်အားဖြည့်တင်းဖို့ လုပ်နေတဲ့ သတင်းတွေ ရရှိထားသလို မိုးမိတ်မြို့က ဗျူဟာကျတဲ့ တပ်စခန်း ၁ခု သိမ်းပိုက်ရရှိတာဟာလည်း အတည်ပြုလို့ရတယ်လို့ ပြောပါတယ်။
" မိုးမိတ်က သူတို့ရဲ့ ဗျူဟာကုန်းတခုကိုတော့ KIAနဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်တယ်ဆိုတာ သတင်းအချက်အလက် အပြည့်အစုံမရှိလည်း အတည်ပြုနိုင်တဲ့ သတင်းတော့ ရပါတယ်။
မန္တလေးဘက်ကနေ ကားနဲ့ စစ်အင်အားတွေ တော်တော်များများ တက်လာတယ်ဆိုတဲ့ သတင်းတွေ ကြားပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA သတင်းပြန်ကြားရေးဌာနရဲ့ စက်တင်ဘာ ၃၀ရက် သတင်းဖော်ပြချက်မှာ မိုးမိတ်မြို့တိုက်ပွဲ အကြောင်း ဖော်ပြထားပါတယ်။ မြိုနဲ့ (၃)မိုင်ခန့်အကွာမှာရှိတဲ့ ညောင်နီကျေးရွာ ရွှေသမင်ကုန်း တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။
သိမ်းပိုက်ရရှိခဲ့တဲ့ တပ်စခန်းနေရာဟာ အရင်က KIA တပ်စခန်း နေရာဖြစ်ပြီး စစ်တပ် ထိုးစစ်ဆင် သိမ်းပိုက်ထားလို အခု ပြန်လည်ရယူခဲ့တာလို့ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ စစ်ကူတွေကို မိုးမိတ်မြို့အဝင်မှာ တိုက်ခိုက်ခဲ့တာရှိကြောင်းလည်း သတင်းရင်းမြစ်က ပြောပြပါတယ်။
စစ်ရေးတင်းမာနေတဲ့မိုးမိတ်မြို့ကို မန္တလေး-မိုးမိတ်လမ်းအတိုင်း လေကြောင်းလုံခြုံရေးအကူအညီနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ စစ်အင်အားတွေပို့ဆောင်နေပြီး ဒီကမှာလည်း မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။
" အပေါ်က Y12 တောက် လျှောက်ပတ်တယ်။ လမ်းမှာ အရပ်သားတွေကို ရပ်ခိုင်းတယ်။ သူတို့ကားတန်းလွန်မှ သွားခိုင်းတယ်။ အဲဒီကားတန်းကမိုးမိတ်မြို့ထဲအထိရောက်သွားပြီ"လို့ ကားတန်းနဲ့ ဆုံခဲ့တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ကားတွေပေါ်မှာ စစ်သင်တန်းဆင်းလူငယ်အများအပြားတွေ့ရတယ်လို့ ပြောပါတယ်။
မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပြီး တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်တပ်ထံ ၂၀၂၅ အောက်တိုဘာမှာပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်း ဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်မှာ ဖွဲ့စည်းခဲ့ပြီး စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။မတ်လဆန်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်း စစ်တပ်က မြို့ထဲမှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မ တော် (SSPP/SSA)လည်း တပ်စွဲထားပါတယ်။ပြီးခဲ့တဲ့ သြဂုတ်ကလည်း ညောင်နီရွာအနီးမှာ စစ်တပ်နဲ့ SSPP/SSA တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မှတ်ချက် - သတင်းကို ဖြည့်စွက်ထားပါတယ်။

❤29👎8🔥3👏2🤣2👍1🎉1🍌1
SCEF ကိုယ်စားလှယ်အဖွဲ့နဲ့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
အောက်တိုဘာ ၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတို့ ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ လွှတ်တော် အဆောက်အအုံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF က ထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုကို စက်တင်ဘာ ၂၈ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် SCEF အဖွဲ့ဝင် တိုင်းရင်းသား အဖွဲ့တွေက တာဝန်ရှိသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ SCEF တာဝန်ရှိသူတွေ တွေ့ဆုံစဉ် မြန်မာနိုင်ငံနဲ့ ဒေသတွင်းရှိ လက်ရှိအခြေအနေများ၊ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများနဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ဟု ဖော်ပြပါတယ်။ ဆွေးနွေးမှု အသေးစိတ် အချက်အလက်တွေ ဖော်ပြမထားဘဲ အပြုသဘောဆောင်သောဆွေးနွေးမှုဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။ တွေ့ဆုံဆွေးနွေးမှုရဲ့ နောက်ဆက်တွဲ အဖြစ် SCEF ကိုယ်စားလှယ်အဖွဲ့က ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးထံ အချက်အလက်တွေ ထပ်မံ ပေးပို့သွားဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဩစတြေးလျ နိုင်ငံ သွားရောက်ခဲ့တဲ့ SCEF ကိုယ်စားလှယ်အဖွဲ့ကို SCEF အတွင်းရေးမှူး အဖွဲ့ဝင် ဝန်ကြီး ဒေါ်ဇင်မာအောင်က ဦးဆောင်ပြီး SCEF နိုင်ခြားရေးရာအဖွဲ့ဝင်များဖြစ်ကြတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) နဲနယ်ပလို ၊ ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာန အတွင်းရေးမှူး စောနီးမရော့ဒ်နဲ့ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင်ဖြစ်သူ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့ဟာ ဩဂုတ်ကလည်း ဂျပန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အဲဒီတုန်းက KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်လည်း ပါဝင်ပြီး ဂျပန်နိုင်ငံရောက် မြန်မာတွေနဲ့ တွေ့ဆုံတာ၊ ဂျပန် မီဒီယာတွေနဲ့ တွေ့ဆုံသတင်းစာ ရှင်းလင်းပွဲ ကျင်းပတာ ပြုလုပ်ခဲ့ပါတယ်။
SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့နဲ့ အခုနှစ်မတ်လမှာ ကနဦးဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်သစ်တွေ ထပ်မံ တိုးလာရေး လုပ်ဆောင်သွားမယ်လို့ အသိပေးပါတယ်။ SCEF အနေနဲ့ စစ်ရေး ၊နိုင်ငံ ရေး အပါအဝင် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။

❤38👍8👏3🤮2🤣1🖕1
ရွှေဘိုနယ် အနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုးပြီး ဒရုန်းနဲ့ဗုံးကြဲနေ
အောက်တိုဘာ-၁၊ ၂၀၂၆။ သရင်း/People's Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးကာ ဒရုန်းနဲ့ ချီပါရွာအနီးကို ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာနောက်ဆုံးပတ်မှာ စစ်တပ်က ရွှေဘိုမြို့အနောက်အထွက်က မင်းကုန်းရွာကနေ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းတကြောင်း၊ ကျွန်းတောရွာဘက်ကနေ အင်အား ၃၀၀ ပါ စစ်ကြောင်းတကြောင်း ထွက်လာတယ်လို့ သိရပါတယ်။
ကျွန်းတောရွာက စစ်ကြောင်းဟာ ချီပါရွာရဲ့ အရှေ့ဘက်က ကင်းပြားရွာကို ဝင်ရောက်စီးနင်းထားပြီး မင်းကုန်းရွာက စစ်ကြောင်းဟာ ချီပါရွာရဲ့ မြောက်ဘက်က အိုးဘိုရွာရှိ မျိုးသန့်ခြံမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချီပါရွာရဲ့ တောင်ဘက်မှာ ပလိုင်းပျူစောထီးရွာရှိတယ်လို့ သိရပါတယ်။
"စကစက ချီပါကိုလိုချင်တဲ့ပုံပဲ။ ဒါမှမဟုတ် သူတို့ပလိုင်းကိုပဲ သွားချင်လားမသိဘူး။ ပလိုင်းမှာလည်း ပျူတွေ ကျန်သေးတယ်လေ။ အခုကတော့ သူ့ဘက်၊ကိုယ့်ဘက်ဒရုန်းနဲ့ချနေကြတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ ဒရုန်းနှစ်စီးက ချီပါရွာအနီးမှာ ဆက်တိုက်ဝဲနေပြီး ဗုံးကြဲတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပလိုင်းရွာသိမ်းစစ်ဆင်ရေး ပြုလုပ်ခဲ့ပေမယ့် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ ဒါပေမဲ့ ပလိုင်းကျေးရွာတွင်းက ပျူစောထီးအဖွဲ့ဝင် ၂၀ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

🤬36👍6👏3👎2❤1🎉1
ရေဘေးကြုံနေတဲ့ တနင်္သာရီကို စစ်တပ်က ၂ရက်ဆက် ဗုံးကြဲ
အောက်တိုဘာ ၁၊ ၂၀၂၆။ ထားမြတ်ꩻအိမ်သွင်/People’s Spring
ရေကြီးမြေပြိုမှုတွေဖြစ်နေလို့ လူသေဆုံးမှုတွေရှိနေတဲ့ တနင်္သာရီတိုင်းကဒေသအချို့ကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
တနင်္သာရီတိုင်းက ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့ကို စစ်တပ်က စက်တင်ဘာ ၃၀ရက်နဲ့ ဒီကနေ့ အောက်တိုဘာ ၁ရက်တို့မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာပါ။
ဒီကနေ့ အောက်တိုဘာ ၁ရက် ညနေပိုင်းမှာလည်း သရက်ချောင်းမြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ မွန်းလွဲ ၃နာရီ ၁၅ မိနစ်ခန့်မှာသရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာကို စစ်တပ်က လေယာဉ်ဗုံးကြဲခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုက အသိပေးထားပါတယ်။အခု စစ်တပ် ဗုံးကြဲခဲ့တဲ့ ဒေသဟာ ရေဘေးကြုံနေရတဲ့ ဒေသ ဖြစ်တယ်လို့လည်း သူက အသိပေးပါတယ်။
" မနက်ကတည်က လေယာဉ်ပတ်နေတာ။ ညနေမှာ လာကြဲပြီး စက်သေနတ်နဲ့ပါ ပစ်တာ။ တိုက်ပွဲမဖြစ်ဘူးနော်။ တော်လှန်ရေးတပ်တွေအား ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေတာ။ စစ်ရေးဖော်ဆောင်တာဘာမှမရှိဘူး"လို့ သရက်ချောင်းမြို့ခံတစ်ဦးကပြောပါတယ်။
ရေဘေးသင့်ပြည်သူတစ်ဦးကလည်း " ဒေသခံတွေဘေးအန္တရာယ်ရင်ဆိုင်နေရချိန်မှာ အခုလိုဗုံးကြဲတာ။ ပြောစရာစကားတောင်မရှိဘူး"လို့ ပြောပါတယ်။
KNU မြိတ်ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထားဝယ်အရှေ့တောဒေသရှိ ရေဝိုင်းကျေးရွာကု စစ်တပ်က စက်တင်ဘာ ၃၀ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ပြည်သူ သေဆုံးထိခိုက်မှုမရှိပေမယ့် သဘာ၀ဘေး ဒဏ်ခံစားနေရတဲ့ ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့ အသိပေးပါတယ်။
စစ်တပ်က မြိတ်လေတပ်စခန်းဌာနချုပ် ကနေ တက်လာတဲ့ K8W Jet fighterနဲ့ ဗုံးနှစ်လုံးကြဲချပြီး စက်သေနတ်နဲ့ ပစ်ခတ်သွားတာလို့ နောက်ဆက်တွဲသတင်းရရှိပါတယ်။မြေပြင်ထိခိုက်ပျက်စီးမှုတွေကိုမသိရသေးပါဘူး။
“လူသားစာနာထောက်ထားမှုမရှိတဲ့ စစ်အစိုးရ ပြည်သူတွေ ဒုက္ခရောက်နေချိန် မကူဘဲ ဒုက္ခပေးနေတာ” လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ရပ်အပေါ် မှတ်ချက်ပြုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ စစ်ကိုင်း ငလျင်ဘေးကြုံရချိန်ကလည်း ငလျင်ဘေးသင့် ဒေသတွေအပါအဝင် နိုင်ငံတဝန်း လေကြောင်းဗုံးကြဲတာတွေ ရပ်နားခြင်းမရှိဘဲ လူထုကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။
လက်ရှိမှာ တနင်္သာရီတိုင်းအတွင်း လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ ရေဘေးနဲ့ မြေပြိုမှု ဘေး ကြုံတွေ့နေပါတယ်။ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာလ၂၆ရက်နေ့ကစတင်ကာ ဘေးကြုံတွေ့ခဲ့တာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။
တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

🤬30👎11🤣3🙏2👍1👏1🎉1😡1