ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းတိုးလာပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရောက်နိုင်သေးတဲ့နေရာတွေ ရှိသေးတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ဒီနေ့ စက်တင်ဘာ ၃၀ရက်မှာ ထုတ်ပြန်ပါတယ်။ တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၂၉ရက် မနေ့က အထိ ရရှိခဲ့တဲ့ စာရင်းတွေအရ ထားဝယ်ဒေသတစ်ခုလုံးမှာ ပျက်စီးခဲ့တဲ့ အဆောက်အဦး ၂၆၀ ကျော်ရှိတာကနေ စာရင်းထပ်တိုးလာတာဖြစ်ပါတယ်။ အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က အသိပေးပါတယ်။ ကား၊ ဆိုင်ကယ်နဲ့ အခြားသော စက်ယန္တယားတွေ၊ တိရိစ္ဆာန်တွေလည်း ထိခိုက်သေဆုံးမှုရှိနေပြီး ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ အသိပေးထားပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ ယန္တရားလိုအပ်ချက်တွေကြောင့် ရှာဖွေကယ်ဆယ်ရေး နှောင့်နှေးနေတာအတွက် စိုးရိမ်နေတယ်လို့ လောင်းလုံးမြို့ဒေသခံတွေက ပြောပါတယ်။
◾️စစ်တပ်လက်အောက်ခံ SNA တပ်စခန်း ၂ခုကို KIA သိမ်းပိုက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၂၈ရက် မနက်ပိုင်းက ဆယ်ဇင်းဒေသ တောင်ယာကုန်းရွာမှာရှိတဲ့ SNAရဲ့ စခန်း ၂ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ SNA စခန်း ၂ခု သိမ်းပိုက်နိုင်မှုအတွင်း လက်နက်ခဲယမ်းအချို့ ရရှိတယ်လို့ အခြား သတင်းရင်းမြစ်တစ်ဦးကလည်း အသိပေးထားပါတယ်။ SNA စခန်းသိမ်းပိုက်နိုင်မှု အပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီ လူထုနွေဦးက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲပါ။
◾️တပ်စခန်းဗုံးကြဲခံရမှု အဓိက အကြောင်းအရင်းကို အထူးတိုင်းစစ်ဌာန ထုတ်ပြန်
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ရန်သူက ဖမ်းမိသွားတဲ့ တပ်ပြေး၊ နှုတ်ထွက် ရဲဘော်တွေနဲ့ ရန်သူ့ဆီ ဘက်ပြောင်း ခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်ဟာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၄ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ အထူးတိုင်းစစ်ဌာန တပ်စခန်းကို စစ်တပ် တိုက်လေယာဉ် ၂စီးက ဗုံးသီး ၄လုံး ကြဲချခဲ့ရာ ၂လုံး ထိမှန်ခဲ့လို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ဦး၊ ဆက်သွယ်ရေးရဲဘော် ၂ဦး ၊ CDM တပ်ကြပ်ကြီ ၁ဦး စုစုပေါင်း ၅ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ အခုလို ဗုံးကြဲခံရတဲ့ အကြောင်းအရင်းကို ထုတ်ပြန်တာဟာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်က အချင်းချင်း သွေးကွဲစေဖို့ ဝါဒဖြန်ချိနေတာကြောင့် ဖြစ်တယ်လို့လည်း အထူးတိုင်း စစ်ဌာနက ဖော်ပြထားပါတယ်။
◾️ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှုအကြောင်း ကုလအဆင့်မြင့်အစည်းအဝေးမှာ မြန်မာသံအမတ်ကြီး တင်ပြ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုအကြောင်း ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေးမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။ စက်တင်ဘာ ၂၉ရက် မနေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှတ်နဲ့ မြှင့်တင်ရေးဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်အစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သံအမတ်ကြီးက ကျောက်တော်မြို့ရှိ မြို့စျေးတန်းတစ်ခုအပေါ် စစ်အုပ်စုက ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့အခြေအနေကို တင်ပြခဲ့တာပါ။ အာဏာသိမ်းစစ်တပ်ရဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အမြောက်အများ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ကို စိုးစဉ်းမျှ ငဲ့ညှာထောက်ထားခြင်း မရှိတဲ့ စစ်အုပ်စုကို အရပ်သား ဒါမှမဟုတ် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို အပြုသဘောဆောင်သော ရည်ရွယ်ချက်နဲ့လုပ်ဆောင်မယ်ဆိုတာ ဘယ်လိုမျှ ယုံကြည်လို့ မရကြောင်းလည်း သံအမတ်ကြီးက ကုလအစည်းအဝေးမှာ ထောက်ပြပါတယ်။
◾️ကျောက်တော်မြို့စစ်တပ်ဗုံးကြဲမှု ကုလလူ့အခွင့်အရေးမဟာမင်းကြီး ပြင်းထန်စွာရှုတ်ချ

❤15👍11🤣2💩1🖕1
အရပ်သားပြည်သူ ၅၀ထက်မနည်းသေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ(OHCHR) မဟာမင်းကြီး ဗိုကာတာ့ခ်က ပြောပါတယ်။ ကျောက်တော်မြို့ဈေးတစ်ခု ဗုံးကြဲခံရမှုမှာ ကလေးသူငယ်တွေ၊အမျိုးသမီးတွေနဲ့ ဈေးရောင်းသူ၊ ဝယ်ယူသူတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်သားတွေ အနည်းဆုံး ၅၀ ၀န်းကျင် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေကို ပေါ်လွင်စေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပိုလို့တောင် ဆိုးရွားတယ်လို့ တာ့ခ်က ပြောပါတယ်။ စက်တင်ဘာ ၂၉ ရက် မနေ့က ညပိုင်းအထိ မြေပြင်အချက် အလက်တွေအရ ကျောက်တော်မြို့ပေါ်ဗုံးကြဲမှုကြောင့် သေဆုံးသူ ၅၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀ နီးပါးထိ ရှိလာပြီဖြစ်ပြီး ဒဏ်ရာပြင်းထန်ကာစိုးရိမ်ရသူ ၂၁ ဦး ရှိပါတယ်။ ဒါ့အပြင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်နေတဲ့ သတင်းတွေဆက်လက်ထွက်ပေါ်နေတာတွေကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ထောက်ပြပါတယ်။
◾️စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ပြတ်ပြတ်သားသား ပြောကြားထားပြီးလို့ ဗြိတိန်ပြော
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီးရဲ့ ပြောကြားချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဒီနေ့ စက်တင်ဘာ ၃၀ရက်မှာ ဖော်ပြခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၂၈ရက်က ကျောက်တော်မြို၊ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၅၀ဦး သေဆုံးပြီး ၆၀ ဦးခန့် ဒဏ်ရာရရှိခဲ့တဲ့အပေါ် ဗြိတိန်နိုင်ငံက ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ဖော်ပြခဲ့ပါတယ်။ အဲဒီလို အစုလိုက်၊အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် အလွန်အမင်း စိုးရိမ်တုန်လှုပ်မိတယ်လို့လည်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Wintertonက ပြောပါတယ်။ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ ဗြိတိန်အစိုးရအနေနဲ့ ဒီဆိုးရွားလှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။ ဗြိတိန်အစိုးရဟာ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ကြောင်း ထပ်လောင်းအသိပေးပါတယ်။
◾️ဒုဋ္ဌဝတီမြစ်ကမ်းပြိုလို့ နေအိမ် ၅ လုံးပြိုကျပြီး နေအိမ်တွေ အရေးပေါ် ရွှေ့ပြောင်းရ
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာမှာ ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုလို့ နေအိမ် ၅ လုံး ပြိုကျခဲ့ပြီး ကျန်နေအိမ်တွေလည်း အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာ၊ ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ နေအိမ် ၅ လုံး ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က မိုးသည်းထန်စွာသွန်းတာအပြင် ညပိုင်းမှာလည်း အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာကြောင့် မြေပြိုကျမှုတွေ ဖြစ်ပွားတာဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။ လက်ရှိ ကမ်းပါးပြိုကျရာအနီးဝန်းကျင်က ကျန်တဲ့နေအိမ်တွေကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးနေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က ထုတ်ပြန်ထားပါတယ်။
◾️ကျိုက်ထိုက ရွာတွေကို စစ်တပ် လေယာဉ်၊ ဒရုန်း၊လက်နက်ကြီးတွေနဲ့ ထပ်မံ တိုက်ခိုက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတာတွေ ဆက်လက်ပြုလုပ်လျက်ရှိဟု ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ KNU သထုံခရိုင် အတွင်းရှိ ကျိုက်ထိုမြို့နယ် ကျောက်ဖျာ၊ ဝင်းကံ၊ ခရွဲ၊ ငှက်ပျောတော စတဲ့ ကျေးရွာအုပ်စုတွေအတွင်းက ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲမရှိဘဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ စက်တင်ဘာ ၂၇ရက်က စစ်တပ် လေယာဉ် ၂စင်းဟာ ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ချောင်းစောက်ရွာသစ် ရွာအနီး ဝန်းကျင်ကို ဖျက်အားပြင်းဗုံးတွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သလို Y12 လေယာဉ်နဲ့လည်း ၁၂၀ မမ ဗုံးသီးတွေ ကြဲချခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် စစ်တပ်ရဲ့ တပ်မ(၄၄) က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို အသေခံ ဒရုန်း ၄စင်းနဲ့လည်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရှိမရှိ အခြေအနေတွေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။
◾️ဖာပွန်ကို စစ်ကူပို့တဲ့ စစ်တပ်ကို တိုက်ခိုက်မှု လက်နက် ၁၃လက်ရဟု KNU ထုတ်ပြန်

👍17❤2👏1😁1🤣1🖕1
ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် ခရိုင်(ဖာပွန်ခရိုင်)ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၁၃လက် ရရှိခဲ့ကြောင်း KNU ဗဟိုက ဒီနေ့ စက်တင်ဘာ ၃၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာအတွင်း စစ်တပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ အခြေအနေကို အသိပေးတာဖြစ်ပါတယ်။ စက်တင်ဘာ ၂၅ရက်က ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် အတွင်း ကတိုင်တိ-ကမမောင်းဒေသ ဘုရားကုန်းအကြား စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ် စစ်ကြောင်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၇လက် သိမ်းရခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၁၆ရက်ကလည်း နိုဃဲထာဒေသရှိ စစ်တပ်ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရ လက်နက် ၃လက် သိမ်းရခဲ့ဟု ဖော်ပြပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၄ရက်နေ့မှာ ဝါသိုးခိုဒေသ အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်ကို KNLA ပူးပေါင်းတပ်က လက်နက် ၃လက် သိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။
◾️ရန်ကုန်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော် ဈေးပေါက်
ရန်ကုန်မြို့ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော်သွားအထိ ဈေးတက်လာပြီး တစ်လအတွင်း ဈေးနှစ်ဆ တက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိဈေးကွက်မှာ လက်လီဝယ်ယူသူတွေအနေနဲ့ ကြက်သွန်နီ တစ်ပိဿာ ၁၂,၀၀၀ ကျပ် နဲ့ ဝယ်နေရပြီး ပိဿာလိုက်ဝယ်ယူသူတွေအတွက်တော့ ၁၁,၀၀၀ ကျပ် နဲ့ ဝယ်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ ကြက်သွန်နီဈေးက ပြီးခဲ့တဲ့လတုန်းက တစ်ပိဿာ ၆၀၀၀ကျပ်ဝန်းကျင်သာရှိခဲ့ပြီး တစ်လအတွင်းမှာ ကျပ် ၈၀၀၀ ၊ ၁၀၀၀၀ ကနေ ၁၂၀၀၀ ကျပ် အထိရောက်လာတာလို့ သိရပါတယ်။ ဒီကာလရောက်ရင် ကြက်သွန်နီက တောင်သူတွေလက်ထဲမှာ မရှိတော့ဘဲ ကုန်သည်တွေရဲ့ လက်ထဲမှာပဲရှိတာကြောင့် ကုန်သည်တွေ ဈေးကစားတာဖြစ်နိုင်တယ်လို့ ပြည်သူတစ်ဦးက သုံးသပ်ပါတယ်။

👍21❤5🤣2💩1🖕1
■ဆောင်းပါး
လူမဖြစ်သေးတဲ့ ကိုးလသားရင်သွေးကိုတောင် အလွတ်မပေးခဲ့တဲ့ စစ်တပ်ရဲ့ ကျောက်တော်စစ်ရာဇဝတ်မှု
ခိုင်မြတ်/People’s Spring
မပျက်ယွင်းတဲ့မေတ္တာတွေနဲ့ လေးသိန်း၊ လေး
သန်း၊ လေးကမ္ဘာတိုင်အောင် အတူတကွ လက်တွဲသွားကြဖို့ မနေ့က မှ အိမ်ထောင်
သက် (၁၁) နှစ်ပြည့် ဆုတောင်းခဲ့ကြတဲ့ ဇနီးမောင်နှံ...။
"အလုပ်အကိုင်တွေ အဆင်ပြေပြီးတော့ မိသားစုကို ပံ့ပိုးနိုင်တဲ့ သမီးကြီးတယောက်အဖြစ် အမြဲတမ်း ရပ်တည်နိုင် ပါစေ" လို့ လွန်ခဲ့တဲ့ နှစ်ရက်ကမှ မွေးနေ့ဆုတောင်းခဲ့တဲ့ စစ်တွေသူ စစ်ဘေးရှောင် လူငယ်အမျိုးသမီး…။
သမီးကြီးအတွက် ဖိနပ်လှလှလေးတစ်ရံ ဝယ်ပေးချင်လို့ ဗိုက်ထဲက ကိုးလသားအရွယ် ရင်သွေးငယ်ကိုလွယ်ထားရင်း ဈေးဆီကို ထွက်လာခဲ့တဲ့ မိခင်နဲ့ ဖခင်။
ရက်စက်လှတဲ့ နေ့လယ်ခင်းတခုမှာတော့ အဲဒီရိုးရှင်းလှတဲ့ အိပ်မက်တွေ၊ ဆုတောင်းတွေနဲ့ ချစ်ခြင်းမေတ္တာ ကတိကဝတ်တွေအားလုံးဟာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းဗုံးကြဲမှုအောက်မှာ ခဏချင်းအတွင်း ပြာကျပျက်စီးသွားခဲ့ကြရပါ တယ်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊မြို့အဝင် ကစ္ဆပနဒီတံတား နဲ့ အိန္ဒိယဈေး တို့ကို စစ်တပ်က စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှာ ဂျက် ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၅၀ ထက်မနည်း အသက်ဆုံး ရှုံးခဲ့ရပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ရပါတယ်။
ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူတွေထဲ အိမ်
ထောင်သက် ၁၁ နှစ်ပြည့်ခဲ့တာတစ်ရက်သာရှိသေးတဲ့ ကျောက်တော် မြို့မှ အသက်သုံးဆယ်ကျော်အရွယ် ကိုဇွဲညီနိုင်(ခ)ကိုရွှေအိုးနဲ့ မသွယ်သွယ်မော်(ခ)မလတ်တို့ ဇနီးမောင်နှံပါဝင်သလို ၊ စစ်ရှောင်မိသားစုကို ပံ့ပိုးနိုင်သူဖြစ်ဖို့ ဆုတောင်းခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် သမီးကြီး မအေးစုမွန် လည်းပါခဲ့ပါတယ်။ဒါ့အပြင် ရက်ပိုင်းအတွင်း လူ့ဘ၀ရောက်လာတော့မယ့် ရင်သွေးငယ်လေးကိုလွယ်ပြီး သမီးကြီးအတွက် ဖိနပ်သွားဝယ်ပေးခဲ့တဲ့ ၃၂ နှစ်အရွယ် ကျောက်တော်မြို့ခံ မခင်မာနွယ်နဲ့ခင်ပွန်းဖြစ်သူတို့လည်းပါဝင်ပါတယ်။
●ဗိုက်ထဲကကိုးလအရွယ်သန္ဓေသားနဲ့ မိခင်ကိုပါ သတ်ဖြတ်ခဲ့တဲ့ စစ်တပ်
တနင်္လာနေ့၊စက်တင်ဘာလ၂၈ ရက်၊၂၀၂၆ ခုနှစ်။မိုးကုန်ခါစပူပြင်းလှတဲ့နေရောင်အောက်မှာ ကျောက်တော်မြို့ရှိ အိန္ဒိယဈေးဟာ စျေးသွား၊ စျေးဝယ်၊ ကုန်သည်တွေ၊ ကုန်တင် ကုန်ချအလုပ်သမားတွေ၊ ဆိုင်ကယ်၊ ဘေးတွဲ၊ တုတ်တုတ်(သုံးဘီး)၊ ကားစတဲ့ ကယ်ရီသမားတွေနဲ့ ပုံမှန်အတိုင်း စည်ကားနေပါတယ်။ဈေးဟာ ကစ္ဆပနဒီတံတားအောက်လမ်းကနေဝင်ရတာပါ။
စျေးဖွင့်ရက် တနင်္လာနေ့ဆိုတော့ ရခိုင်ပြည်တဝှမ်း မြို့နယ်၊ ကျေးရွာတွေက စျေးလာဝယ်သူတွေရောက်နေပြီး ပုံမှန်နေ့တွေထက်
ပိုပြီးတော့စည်းကားနေပါတယ်။ကျောက်တော်မြို့ဟာကုလားတန်မြစ်ရဲ့ အနောက်ဘက်မြစ်ကမ်းမှာ၊ မြစ်နဲ့ကပ်လျက်တည်ရှိပါတယ်။ မြို့အဝင်မှာ ကုလားတန်မြစ်ပေါ်
ကစ္ဆပနဒီတံတားဆောက်လုပ်ထားပါတယ်။
နေ့ခင်း ၁၂ နာရီ ၁၀ မိနစ်မှာတော့ကျောက်တော်မြို့ကောင်းကင်ယံကို တိုက်လေယာဉ်တစီး ရုတ်ချည်းရောက်လာပြီး ကစ္ဆပနဒီတံ
တားအောက် ကုလားတန်မြစ်ကမ်းဘေး အိန္ဒိယစျေးအဝင်ရှိ တုတ်တုတ်၊ ဘေးတွဲ၊ ကား
ဂိတ်နဲ့ ဆိုင်ခန်းတွေအပေါ် တည့်တည့်ကို ပေါင်ငါးရာ ဗုံးတလုံး ကျလာပါတယ်။ ဗုံးက တံတားအောက်က ဈေးအဝင်ဝကို တစ်လုံး ၊တံတားပေါ်ကိုတစ်လုံးကြဲတာပါ။
ကျယ်လောင်တဲ့အသံတွေနဲ့ မီးခိုးလုံးကြီးထွက်လာပြီးတော့ စက္ကန့်ပိုင်းအတွင်းဈေး
ဆိုင်ခန်းတွေ၊ ကားတွေ၊တုတ်တုတ်တွေ မီးလောင်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးဖွာလန်ကြဲစုပ်ပြတ်သွားပါတယ်။ စျေးကွင်း ပြင်မှာ တော့ အော်ဟစ်ငိုကြွေးသံတွေ၊ အကူအညီတောင်းသံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
“စျေးအဝင်နေရာ၊ကုန်ထမ်းသမားတွေ၊ ကယ်
ရီသမားတွေလည်းအများကြီးစုနေတာ။ ကုန်
ပစ္စည်းတွေနဲ့ဆိုတော့မီးထလောင်ပြီး
အလောင်းတွေ၊ ဒဏ်ရာရတဲ့သူတွေ ပုံထပ်နေတာ။ ငိုပြီးတော့ အကူအညီတောင်းတာတွေလည်း အများကြီး။ မီးကလည်း လောင်နေတယ်၊ လေယာဉ်ကလည်း ရှိနေသေးတော့ ဘယ်သူမှ ဝင်မကူရဲ။ မီးသတ်ကား တွေ ရောက်လာမှပဲ လူတွေကို ဆွဲထုတ်နိုင်တာ”
ဗုံးကြဲနေတုန်း အိန္ဒိယစျေးအနား ရှိနေခဲ့တဲ့ ကျောက်တော်မြို့ခံတဦးက ပြန်ပြောပြပါတယ်။
ကိုးလအရွယ် ရင်သွေးလေးကို ဝမ်းမှာလွယ်ထားတဲ့ မခင်မာနွယ်ဟာလည်း ဖိနပ်ဝယ်ပေးဖို့ ပူဆာတဲ့ ၇ နှစ်အရွယ် သမီးကြီးနဲ့အတူ ဗုံးမကြဲခင် မိနစ်ပိုင်းအလိုမှာ အိန္ဒိယစျေးကို ကံဆိုးစွာနဲ့ ရောက်လာခဲ့တာပါ။
“သမီးကို ဖိနပ်ဝယ်ပေးဖို့ သွားတယ်။ ဖိနပ်ဆိုင်မှာ ဝယ်နေတုန်းဂျက်လာတယ်။ ဂျက်လာတော့ သူ့ဆီမှာထိသွားတယ်ထင်တယ်။ သမီးလေးကိုသမီးလေးပြေးပြေးလို့ ပြောတယ်တဲ့။ သမီးလေးက ပြေးလာခဲ့တယ်။ အဲဒီကလေး မှာလည်း (ဗုံး)အစလေးတွေ
စင်ပြီးတော့” လို့ မခင်မာနွယ်စျေးသွားခဲ့ပုံ၊ သေဆုံးခဲ့ရပုံတို့ကို သူမရဲ့အဒေါ်က ပြန်ပြောပါတယ်။
သွေးပျက်ဖွယ် ပတ်ဝန်းကျင်ကြားကနေ မိခင်စကားအတိုင်း လွတ်ရာသို့ ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးခဲ့ရတဲ့ မ ခင်မာနွယ်ရဲ့ သမီးကြီးဟာ တခြားမိသားစုဝင်တွေနဲ့ တွေ့ချိန် “မမ(သမီး)မှာ မေမေရော၊ ဖေဖေရော မရှိတော့ဘူး၊ ရှာမတွေ့တော့ဘူး”လို့ပြောရှာပါတယ်။

😢30👍5🖕5❤4🤬1
မိသားစုဝင်တွေဟာမခင်မာနွယ်တို့ ဇနီးမောင်
နှံကို စျေးတဝိုက် လိုက်ရှာကြတယ်၊ မခင်မာနွယ်ရဲ့ အမျိုးသားကို အသက်ရှင်လျက်တွေ့ပေမယ့် မခင်မာနွယ်ကိုတော့ ရှာမတွေ့ပါဘူး။ဒဏ်ရာရသွားတယ် အထင်နဲ့ ကျောက်တော်မြို့အပါအဝင် အနီးတဝိုက် ဆေးရုံ၊ ဆေးခန်းတွေကို ပတ်ရှာ၊ စုံစမ်းကြည့်ပေမယ့်မတွေ့ပါဘူး။ နောက်ဆုံးတော့အိန္ဒိယစျေးဝင်းထဲရှာတော့မှ ချက်ကြိုးတန်းလန်း မွေးကင်းစ ကလေးငယ်နဲ့အတူ သေဆုံးလျက်သားတွေ့ခဲ့ရပါတော့တယ်။
“ကလေးတယောက်နဲ့၊ ချက်ကြိုးတန်းလန်းနဲ့ ကလေး၊ အရုပ် မှတ်မရတော့ဘူး” လို့ ဆိုပါတယ်။
ဖိနပ်ဆိုင်လေးထဲမှာ ၇ နှစ်အရွယ်သမီးကြီးအတွက် ဖိနပ်ရွေးပေးနေတဲ့မွေးဖွားခါနီး ကိုယ်ဝန်လွယ်ထားရတဲ့မခင်မာနွယ်ရဲ့ စိတ်ထဲမှာတော့ မကြာခင် ရောက်ရှိလာတော့မယ့် ရင်သွေးငယ်သစ်လေးအတွက် ပျော်ရွှင် စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့မှာပါ။ ဒါပေမယ့် စစ်တပ်ကြဲချခဲ့တဲ့ ဗုံးကသူတို့မိသားစုဘဝကို တစစီချေမွဖျက်ဆီးခဲ့ပါတယ်။
မခင်မာနွယ်ဟာ ဗုံးစထိမှန် ဒဏ်ရာရပြီး ဗိုက်ထဲ လွယ်ထားတဲ့ ကိုးလအရွယ်သမီးရင်သွေးကို အဲဒီနေရာမှာပဲ မွေးဖွားခဲ့ပြီး၊ မွေးပြီး မိနစ်ပိုင်းသာ ရှိသေးတဲ့ ချက်ကြိုးတန်းလန်း ရင်
သွေးငယ်နဲ့အတူသေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ ရင်သွေးငယ်လေးဟာလည်း လူဘဝတောင်မရောက်သေးခင် စစ်တပ်ဗုံးကြဲတာကြုံပြီးကွယ်လွန်ခဲ့ရတာပါ။ ရုပ်အလောင်းဟာလည်းဗုံးကြဲခံရပြီး လောင်ကျွမ်းပျက်စီးသွားလို့ သားလေးလား၊သမီးလေးလားခွဲဖို့တောင်ခက်ခဲပေမယ့် မိသားစုဝင်တွေက ရုပ်အလောင်းအကျွင်းအကျန်ကို ကြည့်ပြီး သမီးလေးလို့သုံးသပ်ကြပါတယ်။
“အဲဒီမှာ (ဗုံး)ကျပြီးနောက်ပိုင်းမှာ ကြည့်ရတာက ကြောက်ပြီးတော့ယိုကျသွားလိမ့်မယ်ထင်တယ်။ မျက်မြင်လည်းမရှိတဲ့အတွက် အဲဒီကလေးနဲ့ အချင်း(ချက်ကြိုး)တန်းလန်းတွေ့တဲ့အခါမှ သူ့ကလေးနဲ့ သူ့ကိုယ်ဝန်ဆိုတာသိရတာ ။ အမှန်က အလောင်းကိုတောင် မှတ်မရတော့ဘူး။ ကလေးရော၊ မိခင်ရော၊ သို့သော် မိသားစုကတော့ သူတို့ဟာ သူ့သမီးနဲ့ သူ့မြေးဖြစ်တယ်ဆိုတာကို တထစ်ချ Confirm လုပ်ပေးတယ်။ ဘာလို့ဆိုတော့ အချင်းတန်းလန်းတွဲနေတာဖြစ်တဲ့အတွက်” လို့ မြေပြင်မှာကူ
ညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။
● ၂၉ နှစ်ပြည့်ပြီးနောက် ၂ ရက်မှာသေခြင်းတရားကြုံရတဲ့ မအေးစုမွန်
စစ်တွေမြို့ကနေ ကျောက်တော်ကို စစ်ဘေးရှောင်ဖို့ ရောက်နေပြီး အိန္ဒိယစျေးမှာ စျေးဆိုင်ရောင်းတဲ့ မအေးစုမွန် ဟာလည်း အဲဒီဗုံးကြဲမှုကြောင့် မခင်မာနွယ်တူနဲ့အတူ သေ
ဆုံးတဲ့ထဲ ပါသွားခဲ့ရပါတယ်။
“Happy Birthday to Me 20+9 အေနိန့်ကျရောက်ရေ မွေးနေ့ကပင်စကလို့ အလုပ်
အကိုင်တိ အဆင်ပြေပနာ မိသားစုကို ပံ့ပိုးနိုင်ရေ သမီးကြီးတစ်ယောက်အဖြစ် အမြဲတမ်းရပ်တည်နိုင်ပါစီ”
မွေးနေ့မှစ အလုပ်အကိုင်အဆင်ပြေပြီး မိ
သားစုကို ပံ့ပိုးနိုင်တဲ့ သမီးကြီးဖြစ်ဖို့ ဆု
တောင်းကြောင်း မအေးစုမွန်က မကွယ်လွန်ခင် နှစ်ရက်အလို သူမမွေးနေ့မှာ ဆုတောင်စာတင်ခဲ့တာပါ။ ဒါပေမယ့် သူမရဲ့ ဆုတောင်းဟာ စစ်တပ်ဗုံး ကြဲပြီးနောက် အပျက်အစီး၊ မီးခိုးငွေ့တွေနဲ့အတူ လွင့်မျောပါသွားခဲ့ရပါပြီ။
“မွေးနေ့ပြီးတာသေး၊ မယုံနိုင်ဘူး၊ ကြားကြားချင်း ရူးမတတ် ခံစားရတယ်။ ရုတ်တရက်ကျလွန်းတယ် ညီမလေးရေ၊ စစ်တွေကို အတူပြန်ကြဖို့ ပြောနေကြရုံရှိသေး” လို့ မအေးစုမွန်ရဲ့ သူငယ်ချင်းတဦးက ပြောပါတယ်။
●လေးကမ္ဘာဆက်ပေါင်းဖက်ဖို့ဆုတောင်းပြီး လူမမယ်ကလေး ၂ ဦးချန်ခဲ့ရတဲ့ဇနီးမောင်နှံ
အိန္ဒိယစျေးကို ဗုံးတလုံးချပြီးနောက် ဘေးကင်းကျန်နေခဲ့သူတွေဟာ တံတားအောက်အပါအဝင် ဘေးလွတ်မယ်လို့ ယူဆတဲ့နေရာတွေမှာ အပြေးအလွှား ဝင်ပုန်းကြပါတယ်။ ဒါပေမယ့ မိနစ်ပိုင်းအကြာမှာပဲ စစ်တပ်တိုက်လေယာဥ်က ကစ္ဆပနဒီတံတားပေါ်
ကိုနောက်ထပ်ဗုံးတလုံး ကြဲချလာပါတယ်။
အဲဒီအချိန် တံတားပေါ် ဆိုင်ကယ်နဲ့ ရောက်နှင့်၊ သွားလာနေကြတဲ့ ကိုရွှေအိုးတို့ဇနီး
မောင်နှံအပါအဝင်အပြစ်မဲ့အ ရပ်သားပြည်သူ ဆယ်ဦးထက်မနည်း ထပ်မံသေဆုံးပြီး တံတားအောက်ပုန်းနေသူတွေထဲက အချို့ဟာလည်း ထိခိုက် ၊ ဒဏ်ရာရခဲ့ရပါတယ်။
“သူတော်စင် မဟုတ်ခကေတောင် ဖြူစင်ရေ အချစ်တိနဲ့ ဖြတ်သန်းလာကတ်စွာ ရက်ပေါင်း လေးထောင်ကျော် ဟိမ့် ယာထွား မပျက်ယွင်းရေ မေတ္တာတိနဲ့ ထပ်လို့ လေးသိန်း လေးသန်း လေးကမ္ဘာလောက် ဆက်လားကတ်ဖို့ သိမ့် တစ်ပျင်းချစ်ပါရေနန်း ပျော်ရွှင်စရာ 11 နှစ်ပြည့်ပါ ချစ်ရရေ အမျိုးသမီးချေ (အသည်းပုံ အီမိုဂျီ လေးခု)”
“သူတော်စင်မဟုတ်ခဲ့ရင်တောင် ဖြူစင်တဲ့ အချစ်တွေနဲ့ ဖြတ်သန်းလာကြတာရက်ပေါင်း လေးထောင်ကျော် ရှိပြီ လေ၊ မပျက်ယွင်းတဲ့ မေတ္တာတွေနဲ့ ထပ်ပြီး လေးသိန်း၊ လေးသန်း၊ လေးကမ္ဘာလောက် ဆက်သွားကြအုံးမယ်၊ အရမ်းချစ်ပါတယ်နော်၊ ပျော်ရွှင်စရာ ၁၁ နှစ်ပြည့်ပါ ချစ်ရတဲ့ အမျိုးသမီးလေး” လို့ အဓိပ္ပါယ်ရတဲ့ စာသားကို ကိုရွှေ အိုးကသူ့ရဲ့ Facebook အကောင့်မှာ သူ့အမျိုးသမီးကို Tag တွဲပြီး ဗုံးမကြဲခင် တရက်အလိုက ရေးတင်ထားခဲ့တာဖြစ် ပါတယ်။
ကိုရွှေအိုးတို့ဇနီးမောင်နှံဟာနောက်ထပ် နှစ်ပေါင်းလေးသိန်း၊ လေးသန်း၊လေးကမ္ဘာအတူ
နေရဖို့ တောင်းဆုပြုခဲ့ကြပေမယ့် တရက်အကြာမှာပဲ သေကွဲကွဲခဲ့ကြရပြီဖြစ်ပါတယ်။ ကိုးရွှေအိုးနဲ့ မသွယ်သွယ်မော်တို့မှာ ဆယ်နှစ်အောက်အရွယ် သမီးတယောက် နဲ့ သားတယောက် ကျန်နေခဲ့ပါတယ်။

😢25👍7❤6🤣3🤬1🖕1
“သူတို့မိသားစုကအရမ်းချစ်ဖို့ကောင်းတယ်။ ချစ်လည်း တော်တော်ချစ်ကြတယ်။ ဗုံးမကြဲခင်တရက်ကတောင်သူတင်ထားတာကိုကြည့်
ပြီး ကြည်နူးနေတာ။ သားလေးဆိုရင် အမေနဲ့ အဖေအလောင်းနားမှာ ပတ်သွားပြီး အဖေ့ကို ကြည့်လိုက်၊ အမေ့ကို ကြည့်လိုက်လုပ်နေတာ၊ ကြည့်ရတာ ဘယ်လိုမှ မခံစားနိုင်ဘူး” လို့ ကိုရွှေအိုးရဲ့ မိတ်ဆွေအ မျိုးသမီးတဦးက ပြောပါတယ်။ တံတားပေါ်မှာ သေဆုံးချိန်မှာတောင် ဆိုင်ကယ်စီးရင်း ဗုံးကြဲခံရကာ အတူသေဆုံးခဲ့တာဟာ ဇနီးမောင်နှံနှစ်ဦးဖြစ်ပါတယ်။
●သေဆုံးဒဏ်ရာရသူတွေထဲမှာ ရိုဟင်ဂျာတွေလည်းပါဝင်
ကျောက်တော်မြို့ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ မိသားစုလိုက် သေဆုံးခဲ့ရ တာတွေလည်း ရှိပါတယ်။ “ပုဏ္ဏားကျွန်းက ကျောင်းဆရာ မိသားစုဆိုရင် သမီးလေးရော၊ သူ့မိန်းမရော သေသွား တယ်။ နောက်ဒီလိုဘ၀မျိုး မကြုံရပါစေနဲ့ ဆုတောင်းပါတယ်” လို့ သူ့မိတ်ဆွေတဦးက ပြောပါတယ်။
ဒါ့အပြင် သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ ကုန်တင်၊ ကုန်ချအလုပ်လုပ်ပြီး ဝမ်းရေးရုန်းကန်နေရတဲ့ ဒေသခံတွေ၊ စစ် ဘေးရှောင်ဒုက္ခ
သည်တွေ နဲ့ ရိုဟင်ဂျာတွေလည်း ပါဝင်ပါတယ်။
“မူဆလင်လူမျိုး ၁၆ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်၊ ၅ ဦးပျောက်နေပါတယ်။၁၀ဦးဒဏ်ရာရပါတယ်။ မူဆလင်ရော၊ ဗုဒ္ဓဘာသာရော၊ ရခိုင်ရော၊ ခရစ္စယာန်ဘာသာရော ဘယ်လူ
မျိုးပင်မဆို ဒီဟာက လူသားကို လူသားက ဒီလိုလုပ် တာက လုံး၀မသင့်တော်တဲ့အလုပ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီဟာက ရာဇ
ဝတ်မှုမြောက်တယ်လို့ မြင်ပါတယ်” လို့ ကျောက်တော်ဒေသခံ မူဆလင်ဘာသာရေးဆရာတဦးဖြစ်တဲ့ ရှိုင်ခိုလ်အစ္စလာမ်က ပြောပါတယ်။
ဗုံးကြဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေထဲ အိန္ဒိယစျေးကို စျေးဝယ်ဖို့၊ ကုန်တင်ကုန်ချအလုပ်လုပ်ဖို့ရောက်နေတဲ့ ကျောက်တော်ဒေသခံ ရိုဟင်ဂျာတွေပါဝင်သလို မြောက်ဦးမြို့နယ်အတွင်းက စျေးလာဝယ်တဲ့ ရိုဟင်ဂျာတွေလည်း ပါဝင်ပါတယ်။
ဗုံးကြဲမှုထဲ မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာက ညီဖြစ်သူ ဦးညီညီဝင်းသေဆုံးခဲ့ရတဲ့အကြောင်းသူ့အစ်ကို ဦးနော်ဇူခန်က ပြောပါတယ်။
“ကျွန်တော့ညီလည်းမိသားစုနဲ့ပါ။သူက စကားလည်း မပြော(စကားမများ၊ ရန်မလို) အေးအေးပါ။ကျွန်တော့်မိန်းမက အစ်ကို၊ အစ်ကို့ညီတယောက် အိန္ဒိယစျေးမှာ ဗုံးမှာကျနေတယ်လို့ လာပြီးတော့ ပြောတယ်။ အဲဒီခါ ကျွန်တော် ငိုလို့ သတိတောင် လွတ်သွားပါတယ်။.. ချက်ချင်း ကားနဲ့ လိုက်သွားပါတယ်” လို့ သူကပြောပါတယ် ။ ဦးနော်ဇူခန် ရဲ့ညီဖြစ်သူဟာအိန္ဒိယဈေးထဲမှာဗုံးကြဲခံရပြီးသေဆုံးခဲ့တာပါ။
စစ်တပ်အနေနဲ့ အခုလို ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်တာဟာ ရခိုင်ပြည်တွင်း အုပ်ချုပ်နေတဲ့ အာရက္ခတပ်တော် (AA) ခေါင်းဆောင်ကို လူထုက မုန်းတီးလာအောင် လုပ်တာဖြစ်ပြီး စစ်တပ်အနေနဲ့ သတ္တိရှိရင် မြေပြင်မှာ သူနိုင်၊ ကိုယ်နိုင်တိုက်စေချင်တယ်လို့ ဦးနော်ဇူခန်က ဆိုပါတယ်။
“ဗိုလ်ချုပ်ကိုကျွန်တော်တို့မုန်းအောင်အတွက် လုပ်နေတာ ဒီဟာ၊ အဓိကအချက်ပါ ဒီဟာ၊ ပြည်သူတွေကိုသတ်တာအဲဒါပါ။ အခုစစ်ကောင်စီ ဒီလယ်ပြင်မှာ သူတို့ သေနတ်နဲ့တက်လာရင် ကျွန်တော်တို့ရှေ့ကသွားပြီးတော့ သူတို့ကို သေနတ်နဲ့ ပစ်ဖို့အသင့်ပါ။သူသေ၊ ငါသေ။ ကျွန်တော်တို့ တပ်တော် ဗိုလ်မှူးကြီး ထွန်းမြတ်နိုင် (ဗိုလ်ချုပ် ထွန်းမြတ် နိုင်) ကို
မမုန်းပါ၊ အခါတရာမှာ တရာ ချစ်နေပါတယ်။ ရှေ့ကသွားပြီးတော့ရှေ့တန်းမှာသွားပြီးတော့ ကျွန်တော်တို့ တိုက်ပွဲဝင်ချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။
သေဆုံးသွားသူ ၅၀ ကျော်အပြင် ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော်ထဲမှာလည်း ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူ ၂၁ ဦး ရှိနေပါသေးတယ်။သူတို့ဟာဆေးဝါးနဲ့ ဆေးပစ္စည်းကရိယာမလုံလောက်၊ ဆရာဝန်အင်အား အားနည်းတဲ့ ရခိုင် ပြည်တွင်းက ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေကြရပြီး ဆေးကုသစရိတ်အကူအညီတွေလည်းလိုအပ်နေကြပါ တယ်။
“အရမ်းနွမ်းပါးတဲ့သူတွေပါတယ်။နိုင်သ
လောက် ဝိုင်းကူကြဖို့လိုတယ်” လို့ ကျောက်တော်ဒေသခံလူငယ်တဦးက ပြောပါတယ်။
ကျောက်တော်ဗုံးကြဲမှုမှာ အတည်ပြုနိုင်တဲ့ သေဆုံးသူ ၅၀ ရှိတယ်ဆိုပေမယ့်အစအနပျောက်သွားတဲ့အလောင်းတွေလည်း ရှိနိုင်တာကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုနိုင်တယ်လို့ မြေပြင်မှာ ကူညီပေးနေသူတွေကသုံးသပ်ကြပါတယ်။ ဗုံးကပြင်းထန်တာကြောင့် ရုပ်အလောင်းတချို့ဟာ ရုပ်ပျက်
ဆင်းပျက်ဖြစ်သွားပြီး ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆိုတာကိုအတည်ပြုဖို့ခက်ခဲပြီး ၊ အချို့
အလောင်းတွေဟာ ခန္ဒာကိုယ်အပြည့်အစုံ
မရကြပါဘူး။
“ပိုင်ရှင်မရောက်ဘဲနဲ့ တချို့အလောင်းတွေကတော့ အစိုးရဘက်က တာဝန်ယူပြီးတော့ သဂြိုလ်လိုက်တာတွေ ရှိ တယ်၊ မှတ်တမ်းမှတ်ရာတွေ ယူထားလိုက်ပြီးတော့လေ” လို့ မြေပြင်မှာ ကူညီနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။
ဒါ့အပြင် အိန္ဒိယစျေးအတွင်း ရှိနေခဲ့တဲ့သူတွေထဲက အချို့ကို အစအနရှာမရတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
“အလောင်း ဘယ်လိုမှ ရှာမတွေ့ဘူး။ ခန့်မှန်းပြီးတော့ သဂြိုလ်လိုက်ရတယ်။ နောက်ဆုံးအချိန် မျက်နှာလေးတောင် မြင့်ခွင့်မရလိုက်ဘူး”လို့ ဗုံးကြဲမှုအတွင်း သေဆုံးခဲ့ရတဲ့ စစ်တွေမြို့မှ စစ်ဘေးရှောင်တဦးရဲ့တူဖြစ်သူက ဖွင့်ဟပါတယ်။
●အာဏာသိမ်းခေါင်းဆောင်တွေနဲ့စစ်တပ်ကို ထိရောက်စွာအရေးယူဖို့လို

😢23👍7🤣3❤2🤬2🖕1
ရခိုင်ပြည်နယ်ကျောက်တော်မြို့ ဗုံးကြဲမှုဟာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ် ထားတိုက်ခိုက်တဲ့ ဗုံးကြဲမှုတွေထဲ အခုချိန်ထိလူသေဆုံး၊ ဒဏ်
ရာရသူအများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ဒီမတိုင်ခင်က လည်း ရခိုင်ပြည်တွင်း လူဆယ်ချီသေဆုံးခဲ့ဗုံးကြဲမှုများစွာကို အာဏာသိမ်းစစ်တပ်က ဆက်တိုက်လုပ်ခဲ့ပါသေး တယ်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်နေ့ကဆိုရင် မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲခဲ့ပြီး ဆေးရုံတက်ကုသနေတဲ့လူနာ၊ လူနာစောင့်နဲ့ ဝန်ထမ်းစတဲ့ အပြစ်မဲ့ပြည်သူ ၃၃ ဦး သေဆုံးပြီး ၇၇ ဦးဒဏ်ရာရကာ ရခိုင်ပြည်တွင် ဒုတိယလူသေဆုံးမှုအ
များဆုံး ဗုံးကြဲမှုဖြစ်ခဲ့ပါတယ်။
“တော်တော်ကြီး အော့နှလုံးကျပြီးတော့ ရွံ့စရာကောင်းတဲ့ အစိုးရတရပ်ဖြစ်သွားပြီ၊ ဘုရားကို ဘုရားမသိ၊ ပြည်သူကို ပြည်သူမသိ၊ တာလီဘန်တွေထက်တောင်မှ ဆိုးရွားတဲ့ပုဂ္ဂိုလ်တွေဖြစ်နေပြီလို့ မြင်တယ်” လို့ ရခိုင်ဒေသတွင်း လူမှုကူညီရေးလုပ်ငန်းတွေလုပ်နေတဲ့စာရေးဆရာဝေဟင်အောင်ကမှတ်ချက်
ပြုပါ တယ်။
ညီဖြစ်သူအပါအဝင် အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်တဲ့ စစ်တပ်ကို တရားစွဲ၊ အရေးယူပြီး ပြည်သူတွေ စိတ်ကျေနပ်တဲ့အထိ လုပ်ပေးကြဖို့ မြောက်ဦးမြို့နယ် ပေါင်းတုတ်(ရိုဟင်ဂျာ)ကျေးရွာမှ ဦးနော်ဇူခန်က တောင်းဆို ပါတယ်။
“လေယာဉ်နဲ့လာပြီးတော့ မဟုတ်မမှန်လူတွေကို သတ်ပစ်တာ။ အဲဒီလူတွေကို စစ်ကောင်စီကို ရှိတဲ့ တရားစွဲလို့ရတဲ့ နေရာတွေမှာ သွားပြီးတော့ တရားစွဲချင်တယ်။ကျွန်တော့်ရည်
ရွယ်ချက် အဲဒါတခုပါ။ ပြည်သူတယောက်အနေနဲ့ တောင်းဆိုရမယ်ဆိုရင်လေယာဉ်နဲ့ လာလို့ပစ်တဲ့လူတွေကို ဥပဒေအရ ထိရောက်အောင် အရေးယူပေးရဖို့အတွက်တခြားတိုင်း
ပြည်တွေမှာတရားရုံးရှိတယ်မဟုတ်လား၊အဲဒီ
မှာတရားစွဲပြီးတော့ … စိတ်ကျေနပ်အောင်
လုပ်ပေးရမှာကို တာဝန်ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ကျောက်တော်မြို့မှ ဘာသာရေးဆရာတဦးဖြစ်တဲ့ ရှိုင်ခိုလ်အစ္စလာမ်ကလည်း “မီဒီယာကနေတဆင့် တောင်းဆိုချင်တာက ဒီလိုဖြစ်ရပ်ချည်းဖြစ်နေရင် အာရက္ခပြည်မှာရှိတဲ့ ရခိုင်ပြည်မှာရှိတဲ့လူသားမျိုးနွယ်စု ပျောက်ကွယ်သွားဖို့ အခြေအနေရှိနေပါပြီ။.. မလုပ်ပါနဲ့ တားချင်ပါတယ်။ ကျွန်တော်တို့မတားနိုင်ရင်တောင် နိုင်ငံတကာအသိုက်အဝန်း ကနေ ပြီးတော့ …ဒီသူတို့(စစ်တပ်)က မလုပ်ရ
အောင် တားမြစ်ဖို့ပြောချင်ပါတယ်” လို့သူ့ဆန္ဒကို ပြောပါတယ်။
ကျောက်တော်ဒေသခံ မောလဝီ ဖိုယ်ဆောလ်ကတော့ ရခိုင်ပြည်တွင်း နေထိုင်ရသူတွေဟာ လုံခြုံမှုလုံး၀မရှိတာ ကြောင့်ကယ်တင်ပေးကြဖို့နဲ့ စစ်ခေါင်းဆောင်ကို အရေးယူပေးကြဖို့ တောင်းဆိုပါတယ်။
“မင်းအောင်လှိုင်ကို ကြိုးမိန့်ပေးဖို့လည်း တောင်းဆိုပါတယ်။ ICJ လိုမျိုး အပြည်ပြည်ဆိုင်ရာတရားရုံးတွေကို ခေါ် သွားဖို့ တောင်းဆိုချင်ပါတယ်။ မြန်မာအစိုးရဟာ တကယ့်ကို အကြမ်းဖက်မှုတွေ လုပ်ပြီးတော့ လူ့အခွင့်
အရေးကို လည်း ချိုးဖောက်နေတာဖြစ်ပါတယ်။ ဒါကို တကမ္ဘာလုံးကို အသိပေးချင်ပါတယ်” လို့ ပြောပါတယ်။
ရခိုင်ဒေသခံအရပ်ဖက်အဖွဲ့တွေဖြစ်ကြတဲ့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်း
များကွန်ရက်၊ ရခိုင်အရပ်ဖက် အစည်းများကွန်ရက်၊Arakan Against Dictatorship
(AAD) တို့ ကလည်း စစ်တပ်ရဲ့ဗုံးကြဲမှုဟာ
ဂျီနီဗာကွန်ဗန်းရှင်း အပါအဝင် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထား မှုဆိုင်ရာဥပဒေတွေနဲ့ ကုလသမဂ္ဂပဋိညာန်တွေကို ပြောင်ပြောင်တင်းတင်းချိုး ဖောက်လိုက်တဲ့ စစ်ရာဇဝတ်မှုဖြစ် ပြီး ပြင်းထန်စွာရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။
“ဒီလောက် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့သူတယောက်ကိုဘာလို့ ICC တို့ ICJ တို့ကိုမတင်ရလဲ၊ပြည်သူတွေဒီလောက်နစ်နာဆုံးရှုံးတယ်
၊ ပျက်စီးတယ်၊အဲဒါကို ဘာဖြစ်လို့ မလုပ်လဲ၊ နိုင်ငံတကာအပါအဝင် ကုလသမဂ္ဂလူ့ အ ခွင့်အရေးကောင်စီအနေနဲ့ မင်းအောင်လှိုင်အစိုးရကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်စေချင်တယ်လို့ ပြောချင်ပါတယ်” လို့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ ကုလသမဂ္ဂလူ့အခွင့်အ
ရေးဆိုင်ရာ မဟာမင်းကြီး ဗိုကာတာ့ခ်၊ အင်ဒို - ပစိဖိတ်ရေးရာဝန်ကြီးBaroness Winterton တို့ကလည်း ကျောက်တော်မြို့ဗုံးကြဲမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း၊အစုလိုက်၊ အပြုံ
လိုက်သေ ဆုံးရတဲ့ဖြစ်ရပ်အပေါ် အလွန်အ
မင်းစိုးရိမ်တုန်လှုပ်မိ ကြောင်း ထုတ်ပြန်ပြောဆိုလာကြပါတယ်။
ဒါဟာ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံအဝှမ်း အရပ်သားတွေကို ဗုံးကြဲ၊ သတ်ဖြတ်စစ်ရာဇဝတ်မှုတွေကျူးလွန်ထားတဲ့ ဖြစ်စဉ်
ရာပေါင်းများစွာထဲက ဖြစ်ရပ်တခုမျှသာ
ဖြစ်ပါသေးတယ်။
သမီးကြီးကို ဖိနပ်ဝယ်ပေးဖို့သွားရင် ရင်သွေးလေးနဲ့အတူကျောက်တော်၊ အိန္ဒိယစျေးဗုံးကြဲမှုမှာ သေဆုံးခဲ့ရတဲ့ မခင်မာနွယ်ရဲ့ အဒေါ်ကတော့ သူ့တူမလေးအပါအဝင် ကလေးငယ်တွေ၊ အမျိုးသမီးတွေကို အုပ်စုလိုက် သေဆုံး အောင် ဗုံးကြဲခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ တန်ပြန်အကျိုးသက်ရောက်မှုကို ခံစားရမှာဖြစ်တယ်လို့ ပြောပါတယ်။
“လူတွေကို နှိပ်စက်နေတဲ့အတွက်သူတို့လည်း ဝဋ်လည်လိမ့်မယ်၊ သူတို့ ဝဋ်နဲ့သူတို့ တန်ပြန်ခံရမှာပါ။”လို့ ပြောလိုက်ပါတယ်။ ။

😢28👍10🤬3🤣3❤2🤮1🖕1
ပခုံးဒဏ်ရာကြောင့် နောက်နှစ်လယ်ပိုင်းမှသာ ပွဲပြန်ထိုးနိုင်ဖွယ်ရှိ ဟု ဂျိုရှုအာဗန်ပြော
■လတ်တလောလေ့ကျင့်နိုင်ခြင်းမရှိသေးဘဲ တစ်လဝန်းကျင်ခန့် အနားယူရမယ်
စက်တင်ဘာ-၃၀၊၂၀၂၆။သုည/People's Spring
UFC ရဲ့ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ညာဘက်ပခုံးဒဏ်ရာကြောင့် နောက်နှစ်လယ်ပိုင်းမှသာ ပွဲပြန်ထိုးနိုင်ဖွယ်ရှိတယ်လို့ မြန်မာအားကစားမီဒီယာတွေနဲ့ အွန်လိုင်းအင်တာဗျူးမှာ ဖြေ
ကြားခဲ့ပါတယ်။
“ဒဏ်ရာကို MRI စစ်ပြီးပါပြီ။ ရလဒ်ကတော့ မကောင်းပါဘူး။နောက်နှစ် အစောပိုင်းလောက်အထိ ပွဲမထိုးနိုင်သေးဘူး။နှစ်လယ်ပိုင်းလောက်မှသာ ပွဲပြန်ထိုးနိုင်ဖွယ်ရှိပါမယ်” လို့ ဂျိုရှုအာဗန်က အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။
ဒဏ်ရာကြောင့် လတ်တလောမှာ လေ့ကျင့်မှု လုပ်နိုင်ခြင်း မရှိသေးဘဲတစ်လဝန်းကျင်ခန့် အနားယူရမယ်လို့လည်း ဗန်ကဆိုပါတယ်။
ဂျိုရှုအာဗန်ဟာ ညာဘက်ပခုံးအဆစ်အရွတ်ပြဲ (AC Joint Tear)ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ယင်းဒဏ်ရာကို ပန်တိုဂျာနဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲ မထိုးသတ်မီ တစ်လခန့်က လေ့
ကျင့်ရေးမှာရရှိခဲ့တာဖြစ်ပါတယ်။
ဗန်ဟာ ယင်းဒဏ်ရာကြောင့် လက်သီးထိုးခြင်း၊ နပန်းသတ်ခြင်း တို့ကို မပြုလုပ်နိုင်ခဲ့ဘဲ ပွဲမတိုင်မီနှစ်ပတ်အလိုမှသာလေ့ကျင့်မှုအ
ပြည့်အ၀လုပ်ခဲ့ရကြောင်း ပန်တိုဂျာနဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း ဗန်က ပြောခဲ့ပါတယ်။
ဒဏ်ရာရှိနေပေမယ့်လည်း ပွဲကိုမရွှေ့ဆိုင်းလိုတာကြောင့် ပန်တိုဂျာနဲ့ ထိုးသတ်ပွဲပြီးမှသာ MRI ရိုက် စစ်ဆေးမှုကို လုပ်ခဲ့တာလို့ ဗန်က ဆိုပါတယ်။
ယင်းပွဲမှာ ဗန်ဟာပန်တိုဂျာကို ငါးချီထိုးသတ်ကာဒိုင်အားလုံးရဲ့အမှတ်ပေးစနစ်နဲ့ အပြတ်
အသတ် အနိုင်ရပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။
ချန်ပီယံခါးပတ်ကာကွယ်ပွဲအပြီးမှာတော့ ဗန်ရဲ့ ခန္ဓာကိုယ် နာလန်ပြန်ထူနိုင်ဖို့နဲ့ ဒဏ်ရာပြန်ကောင်းဖို့အတွက် ကာယကုထုံးလေ့ကျင့်ခန်း အစီအစဉ်တွေ လုပ်ပေးထားတယ်လို့ UFC Performance Institute ရဲ့ကာယကုထုံး ဆ
ရာဝန် ဒေါက်တာဟယ်သာလင်ဒန်ကလည်း ဖော်ပြထားပါတယ်။
“ဗန်ရဲ့ နည်းပြအဖွဲ့နဲ့ ဒဏ်ရာဆက်ကုနိုင်မယ့် ကာယကုထုံးလေ့ကျင့်ခန်းအစီအစဉ်ဆွဲပေး
လိုက်တယ်။ကိုယ်ခံပညာ အားကစားနည်းသမားအတွက်ဒီလေ့ကျင့်ခန်းတွေက အကိုက်
ညီဆုံးဖြစ်အောင်ကုသပေးနိုင်ပါတယ်။အ
ဝေးကနေ ဆက်ကုပေးနိုင်မယ့် ဒဏ်ရာကုထုံး အစီအစဉ် အပြည့်အစုံလည်း ပေးထားတယ်။ သူ (ဗန်) အမြန်ဆုံး လမ်းကြောင်းပေါ် ပြန်ရောက်နိုင်ဖို့ အကောင်းဆုံး လုပ်ပေးသွားပါမယ်” လို့ ဒေါက်တာဟယ်သာလင်ဒန်က ဆိုပါတယ်။
ဗန်ဟာ UFC မှာ ၂၀၂၃ နှစ်လယ်မှ လက်ရှိ ၂၀၂၆ ခုနှစ်အထိ (၃) နှစ်အတွင်း ၁၂ ပွဲအထိ ထိုးသတ်ခဲ့တဲ့အတွက် ပျမ်းမျှ တစ်နှစ်လျှင် သုံးပွဲခန့် ထိုးသတ်နိုင်တဲ့ ဖိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဗန်ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ပန်တိုဂျာကို အနိုင်ယူခဲ့တဲ့အတွက် UFC မှာ ၈ ပွဲဆက် အနိုင်ရပြီး ဖလိုင်းဝိတ်တန်းရဲ့ အချိန်အကြာဆုံး နိုင်ပွဲရရှိမှုမှာလည်း အဆင့် ၂ နေရာကို ရောက်ရှိလာပါတယ်။
ဗန်ဟာ UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အ
ကျော်ကြားဆုံး UFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့တာပါ။
စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်တဲ့ UFC ရဲ့ ဝိတ်တန်းစုံ အကောင်းဆုံး အမျိုးသားဖိုက်တာ အဆင့်သတ်မှတ်ချက်မှာလည်း ဖလိုင်းဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျိုရှုအာဗန်က အဆင့် ၅ ဆင့် ခုန်တက်ပြီး နံပတ် ၆ နေရာကို ရောက်ရှိလာပါတယ်။
အသက် ၂၄နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၂ ပွဲအထိ ထိုးသတ်ထားပြီး ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့မှတ်တမ်းရရှိထားပါတယ်။
ဗန်ဟာ မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့ အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့ ဗန်ဟာ UFC ပြိုင်ပွဲ အောင်ပွဲခံတိုင်း မြန်မာအလံနဲ့ အတူ အောင်ပွဲခံလေ့ရှိသူ ဖြစ်ပြီး ပြီးခဲ့တဲ့ပွဲမှာလည်း မြန်မာအလံခြုံပြီး အောင်ပွဲခံခဲ့ပါတယ်။

👍29🥰5🤣3❤1😢1🖕1
စစ်တွေတိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းတခုလုံးပြုတ်သွားပြီးနောက်စစ်တပ်က ပုဏ္ဏားကျွန်းကိုလေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲ
စက်တင်ဘာ-၃၀၊၂၀၂၆။ခိုင်မြတ်/People's Spring
စစ်တွေ၊ပုဏ္ဏားကျွန်းအစပ်ဝါဘိုကျွန်းနဲ့ကွမ်းတောင်ရွာအနီး ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲအ
တွင်း အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့စစ်တပ် စစ်ကြောင်းတစ်ကြောင်းလုံးသေဆုံးခဲ့ပြီးနောက်စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့အနီးဝန်း
ကျင်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ယနေ့ညမှာ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်း
မြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းကစပြီး ဝါဘိုကျွန်းနဲ့ ကွမ်းတောင်ရွာအနီးဝန်းကျင်တို့မှာစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ စစ်တပ်စစ်ကြောင်းတခုလုံး သေဆုံးသွားခဲ့တာလို့ စုံစမ်းသိရပါတယ်။
“ညနေက ကွမ်းတောင်ဘက်မှာ စစ်ကြောင်းတကြောင်း ရလိုက်တယ်။ သုံးဆယ်လောက်ရှိမယ်။အလောင်းတွေရော၊အရှင်ရတာရောပါတယ်။အရှင်ရတာကတော့နည်းတယ်။တယောက်၊ နှစ်ယောက်ပဲ”လို့ AA နဲ့ နီးစပ်တဲ့ မြေ ပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။
တိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ လေယာဉ်အုပ်လိုက်နဲ့ စက်တင်ဘာ၃၀ ည၉ နာရီလောက် ကနေ လေယာဉ်အုပ်လိုက်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဗုံးပတ်ကြဲနေပြီး ည ၁၁ လောက်ထိလေယာဉ်တွေပျံသန်းနေသေးတယ်လို့ဒေသခံတွေကပြောပါတယ်။
“လေယာဉ် နှစ်စီးလောက်လာတယ်ကြဲတယ်။ ပြန်သွားတယ်။ နောက်တက်လာတယ် အဲလိုမျိုးလုပ်နေတာ။ဘယ်နားတွေကို ကျလဲတော့ အတိအကျမသိရသေးဘူး။ ပုဏ္ဏားကျွန်း ကျောက်ဆိပ်(ရွာ)ဘက်မှာ ဒဏ်ရာရတဲ့သူတွေ ရှိတယ်လို့ သိရတယ်။ အတိအကျ မသိသေးဘူး” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဟာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေသလို စစ်တွေမြို့ပေါ် တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ လည်းလှမ်းပစ်နေတယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ်အတွင်းမှာတိုက်ပွဲမရှိတာ နှစ်ရက်လောက်ကြာနေခဲ့ပြီး စက်တင်ဘာ ၃၀
နေ့လယ်ပိုင်းမှာ တိုက်ပွဲတွေ ပြန်စဖြစ် ခဲ့တာဖြစ်ကာ ပစ်ခတ်သံတွေကြားနေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “တညနေလုံး အသံကြားရပါ တယ်။ ဝါဘိုဘက်က ကြားရတာ။ခုနှစ်နာရီ၊ရှစ်နာရီလောက်ထိ ကြားလိုက်
ရသေးတယ်” လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။
စစ်တွေမြို့နယ်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပြီးခဲ့တဲ့စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေး
ကြော်ပြီး ထိုးစစ်ဆင်နေခဲ့တဲ့ စစ်တပ်ဟာ တိုက်ပွဲသုံးပတ် ကျော်အတွင်း စခန်းသိမ်းရတာမရှိဘဲ စစ်တွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ်အစပ်က စစ်တပ်စခန်းနဲ့ ခြေကုတ်နေရာ ၉ ခု ထက်မနည်းကို လက်လွှတ်ခဲ့ရပါတယ်။
ဒါ့အပြင် စစ်တပ်က ထိုးစစ်ဆင်နေခဲ့တဲ့ ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူး တိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာလည်း တပ်စခန်းအချို့ လက်
လွှတ်ထားရကာ အထိနာနေပါတယ်။
အဲဒီလို တပ်စခန်းတွေ လက်လွှတ်၊ အထိနာနေတဲ့ စစ်တပ်ဟာ လေယာဉ်အုပ်လိုက်အသုံးပြုကာ တိုက်ပွဲဆက်စပ် နေရာတွေအပြင် ရခိုင်ပြည်နယ်အတွင်းက အရပ်သားနေရာတွေကိုပါ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင်ပြည်သူ ၅၀ ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေစက်တင်ဘာ၃၀ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သားပြည်သူ ၆၀ ဦးထက်မနည်း
နဲ့ ထိခိုက်ဏ်ရာရသူ ၉၆ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

👍37🤬13👎2😁2🙏2❤1😢1🤣1
ကျောက်တော်ဗုံးကြဲခံရပြီးနောက်မြင်ကွင်း/
ဗိုက်ထဲက ၉လသားရင်သွေးငယ်ရော မိခင်ပါသေဆုံးခဲ့တဲ့ မခင်မာနွယ် / တံတားပေါ်မှာဆိုင်ကယ်စီးနေရင်းဗုံးထိမှန်သေဆုံးခဲ့တဲ့
ကိုဇွဲညီနိုင်(ခ)ကိုရွှေအိုးနဲ့ မသွယ်သွယ်မော်(ခ)မလတ်တို့ ဇနီးမောင် / ၂၉ နှစ်ပြည့်မွေးနေ့ အပြီး ၂ ရက်အကြာမှာကွယ်လွန်ခဲ့တဲ့
မအေးစုမွန် ။
ဓါတ်ပုံ-AA Info Desk ၊ကွယ်လွန်သူတွေရဲ့လူမှုကွန်ယက်

😢58😁3❤2🔥2👏1🖕1😭1