People's Spring
✔
59.9K subscribers
71.7K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဂန့်ဂေါစစ်ကြောင်းကို NUG က ပြည်သူ့သားကောင်းဆု ချီးမြှင့်

စက်တင်ဘာ-၃၀ ၊၂၀၂၆။ဖိုးသား/People's Spring

တိုင်းရင်းသားနယ်မြေရှေ့တန်းတစ်နေရာမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဂန့်ဂေါစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဂန့်ဂေါစစ်ကြောင်းအနေနဲ့ ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ကာ ဒီကနေ့အချိန်အထိ တိုင်းရင်းသားနယ်မြေရှေ့တန်းတစ်နေရာမှာ တာဝန်ထမ်းဆောင်နေဆဲလို့ ဆိုပါတယ်။

"စစ်ရေး နိုင်ငံရေး လိုအပ်ချက်အရ NUG MoD (အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေး၀န်ကြီးဌာန)ရဲ့ ကွပ်ကဲမှုအောက်ကနေ တာဝန်ထမ်းဆောင်နေရတာ ဖြစ်ပါတယ်"လို့ ဂန့်ဂေါခရိုင်စစ်ဌာနတာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စက်တင်ဘာ ဒုတိယပတ်ကထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တဲ့ စာရင်းထဲမှာ ဂန့်ဂေါစစ်‌ကြောင်း ပါ၀င်ခဲ့တာလို့ အသိပေးပါတယ်။

တိုင်းရင်းသားနယ်မြေရှေ့တန်းမှာ တာဝန်ထမ်းဆောင်စဉ် ကာလမှာ စစ်ကြောင်းက ရဲဘော် ၆ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက်နဲ့ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြတဲ့ရဲဘော်တွေ ကို လေးစားဂုဏ်ပြုမှုနဲ့အတူ မပြီးဆုံးသေးတဲ့ တော် လှန်ရေးကို အောင်မြင်ပြီးဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

"ရှမ်းမြောက် ၁၀၂၇ မှာလည်း ဂန့်ဂေါခရိုင်စစ်ဌာန ပါ၀င်ခဲ့သလို ကချင်စစ်ဒေသမှာလည်း ရောက်နေတယ်"လို့ ဂန့်ဂေါဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် အခု ၂၀၂၆နှစ်လယ်ပိုင်းကစပြီး ဆောမြို့နယ်တွင်းသို့ အင်အားအလုံး အရင်းနဲ့၀င်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်မှုတွေမှာလည်း လက်နက်ခဲယမ်းတွေအပြင်စစ်သုံ့ပန်း ဆယ်နဲ့ချီ ဖမ်းဆီးရမိထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ထုတ်ပြန်ထားပါတယ်။
❤49👍17🥰2👏2🤣2🔥1🖕1🫡1
(ဂန့်ဂေါစစ်ကြောင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂန့်ဂေါခရိုင်စစ်ဌာန)
❤54👍15🥰6🤮2🫡2🔥1👏1🖕1
ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှု NUGနဲ့ ချင်း၊ ယောတော်လှန်ရေးတပ်တွေ ရှုတ်ချ

▪️AAနဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး

စက်တင်ဘာ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်တပ် လေကြောင်းကနေဗုံးကြဲခဲ့လို့ ပြည်သူလူထု အစုလိုက်၊အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့ရာ စစ်တပ်ရဲ့ ရည်ရွယ်ချက် ရှိရှိ ရက်စက်ကြမ်းကြုတ်တဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ခဲ့ပြီး အဲဒီလိုကျူးလွန်ခဲ့မှုအပေါ် တရားမှုတမှုနဲ့ တာဝန်ခံမှု ရှိစေရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ စက်တင်ဘာ ၂၈ရက်နေ့လည်ပိုင်းမှာ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်တို့အား လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅၀ သေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာကို ပစ်မှတ်ထား တိုက်ခိုက်မှုဟာ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတို့ကို ကျူးလွန်တဲ့ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်ဆိုးကြီး တစ်ရပ်ဖြစ်တာကောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြပါတယ်။

NUG အနေနဲ့ AA အပါအဝင် ရခိုင်ပြည်သူလူထုနဲ့ နိုင်ငံရေး၊ စစ်ရေးအရ မဟာမိတ်ဆန်ဆန် ရင်းနှီးကျွမ်းဝင်စွာဖြင့် ခိုင်မာစွာ လက်တွဲရင်ဆိုင် ဖြတ်ကျော်လျက် ရှိ ကြောင်းထုတ်ပြန်ကာ အခုလို ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး အမိန့်ပေးစေခိုင်းသူ စစ်ခေါင်းဆောင်များနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်သူ တစ်ဦးချင်းစီတိုင်းကို တိကျစွာ မှတ်တမ်းတင်ထားကြောင်း ဖော်ပြပါတယ်။ ဒါအပြင် တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိစေရေးအတွက် တော်လှန်ရေး မဟာမိတ်အင်အားစုများနဲ့ အတူ ရဲရဲဝံ့ဝံ့ ဆက်လက် အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

စစ်အုပ်စုရဲ့ ပြည်သူအပေါ် သတ်ဖြတ်နေမှုတွေနဲ့ပတ်သက်ပြီး ကုလနဲ့ နိုင်ငံတကာက လက်တွေ့ကျ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ အမြန်ဆုံး လုပ်ဆောင်ပေးဖို့လည်း NUGက တိုက်တွန်းတောင်းဆိုပါတယ်။

ကျောက်တော်မြို့ လေကြောင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ချင်းပြည်သူ့အစည်းအရုံး၊ မရာတပ်ဖွဲ့ (MTC/MDF)၊ ယောဒေသကာကွယ်ရေးတပ်(YDF) တို့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ရာ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ဖော်ပြပါတယ်။

ပြည်သူလူထုတရပ်လုံးကို လက်နက်ဖြင့် ဗိုလ်ကျစိုးမိုးနေတဲ့ စစ်တပ်ကို AA အပါအဝင် တော်လှန်ရေး အဖွဲ့မျးနဲ့ အတူ ဆက်လက်တိုက်ပွဲဝင်မယ်လို့လည်း MTC/MDFက ထုတ်ပြန်ပါတယ်။

ချင်းပြည်သူအစည်းအရုံး(CPU/CPA) ရဲ့ ထုတ်ပြန်ချက်မှာလည်း အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်တပ် လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ပြီး သွေးချင်း မဟာမိတ် AA နဲ့ တလုံးတ၀တည်း ဆက်လက်ပူးပေါင်းကာ စစ်တပ်ကို အင်တိုက်အားတိုက် ခုခံတွန်းလှန်တိုက်ပွဲဝင်မယ်လို့ ဖော်ပြပါတယ်။

ယောဒေသကာကွယ်ရေးတပ် YDF ကလည်း စစ်တပ်ရဲ့ လူမဆန်တဲ့ လေကြောင်း တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်းနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုများအတွက် အာရက္ခပြည်သူတရပ်လုံးနဲ့အတူ ဝမ်းနည်းကြောင်း ဖော်ပြပါတယ်။

စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် အင်တိုက်အားတိုက် ဆက်လက် လုပ်ဆောင်တိုက်ပွဲဝင်သွားမယ်လို့လည်း YDFက ထုတ်ပြန်ပါတယ်။

AA အနေနဲ့လည်း စစ်တပ်ရဲ့ အခုလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်အပေါ် လက်တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
❤31👍22👏2🤣2🥰1🤬1💩1🖕1
(စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူတွေကို AA ရဲဘော်တွေက မြေမြှုပ်သဂြိုလ်ပေးနေစဉ်။ ဓါတ်ပုံ - One Nations News)
👍27😢9❤7🤣3👎1🤬1💩1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၃၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှု NUGနဲ့ ချင်း၊ ယောတော်လှန်ရေးတပ်တွေ ရှုတ်ချ

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်တပ် လေကြောင်းကနေဗုံးကြဲခဲ့လို့ ပြည်သူလူထု အစုလိုက်၊အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့ရာ စစ်တပ်ရဲ့ ရည်ရွယ်ချက် ရှိရှိ ရက်စက်ကြမ်းကြုတ်တဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ခဲ့ပြီး အဲဒီလိုကျူးလွန်ခဲ့မှုအပေါ် တရားမှုတမှုနဲ့ တာဝန်ခံမှု ရှိစေရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ စက်တင်ဘာ ၂၈ရက်နေ့လည်ပိုင်းမှာ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်တို့အား လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅၀ သေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာကို ပစ်မှတ်ထား တိုက်ခိုက်မှုဟာ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတို့ကို ကျူးလွန်တဲ့ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်ဆိုးကြီး တစ်ရပ်ဖြစ်တာကောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြပါတယ်။ NUG အနေနဲ့ AA အပါအဝင် ရခိုင်ပြည်သူလူထုနဲ့ နိုင်ငံရေး၊ စစ်ရေးအရ မဟာမိတ်ဆန်ဆန် ရင်းနှီးကျွမ်းဝင်စွာဖြင့် ခိုင်မာစွာ လက်တွဲရင်ဆိုင် ဖြတ်ကျော်လျက် ရှိ ကြောင်းထုတ်ပြန်ကာ အခုလို ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး အမိန့်ပေးစေခိုင်းသူ စစ်ခေါင်းဆောင်များနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်သူ တစ်ဦးချင်းစီတိုင်းကို တိကျစွာ မှတ်တမ်းတင်ထားကြောင်း ဖော်ပြပါတယ်။ ဒါအပြင် တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိစေရေးအတွက် တော်လှန်ရေး မဟာမိတ်အင်အားစုများနဲ့ အတူ ရဲရဲဝံ့ဝံ့ ဆက်လက် အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။ ကျောက်တော်မြို့ လေကြောင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ချင်းပြည်သူ့အစည်းအရုံး၊ မရာတပ်ဖွဲ့ (MTC/MDF)၊ ယောဒေသကာကွယ်ရေးတပ်(YDF) တို့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ရာ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ဖော်ပြပါတယ်။ ပြည်သူလူထုတရပ်လုံးကို လက်နက်ဖြင့် ဗိုလ်ကျစိုးမိုးနေတဲ့ စစ်တပ်ကို AA အပါအဝင် တော်လှန်ရေး အဖွဲ့မျးနဲ့ အတူ ဆက်လက်တိုက်ပွဲဝင်မယ်လို့လည်း MTC/MDFက ထုတ်ပြန်ပါတယ်။ ချင်းပြည်သူအစည်းအရုံး(CPU/CPA) ရဲ့ ထုတ်ပြန်ချက်မှာလည်း အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်တပ် လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ပြီး သွေးချင်း မဟာမိတ် AA နဲ့ တလုံးတ၀တည်း ဆက်လက်ပူးပေါင်းကာ စစ်တပ်ကို အင်တိုက်အားတိုက် ခုခံတွန်းလှန်တိုက်ပွဲဝင်မယ်လို့ ဖော်ပြပါတယ်။

◾️သဘာဝဘေးဒဏ်သင့်နေတဲ့ ထားဝယ်ဒေသကို စစ်တပ်က ဗုံးကြဲပြီး စစ်ကြောင်းတွေ ဝင်လာ

ရေဘေးနဲ့ မြေပြိုမှု ဘေးရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကို ဒီနေ့ စက်တင်ဘာ ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ထားဝယ်အရှေ့တောဒေသ ရေဝိုင်းရွာနဲ့ နဘုလယ်ရွာဒေသဖက်ကို ညနေ ၃နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာလို့ ဆိုပါတယ်။ နောက်ပြီး ထားဝယ်ခရိုင်က ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်မှာလည်း စစ်တပ်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၈ ရက်က အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းဟာ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာကို ဝင်လာပြီး စက်တင်ဘာ ၂၉ ရက်မှာ ရေဖြူမြို့နယ်၊ သစ်တိုထောင့်ကျေးရွာကိုလည်း စစ်ကြောင်းဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ထားဝယ်မြို့ပေါ်က ကြက်စားပြင်ရပ်ကွက်မှာနေတဲ့ လူငယ်တစ်ဦးကိုလည်း စက်တင်ဘာ၂၈ ရက်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။။

◾️ထားဝယ် ရေဘေးနဲ့ တောင်ပြိုမှုကြောင့် ပျက်စီးဆုံးရှုံးမှုတိုးလာ
👍17🔥2🖕2❤1🤣1
ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းတိုးလာပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရောက်နိုင်သေးတဲ့နေရာတွေ ရှိသေးတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ဒီနေ့ စက်တင်ဘာ ၃၀ရက်မှာ ထုတ်ပြန်ပါတယ်။ တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၂၉ရက် မနေ့က အထိ ရရှိခဲ့တဲ့ စာရင်းတွေအရ ထားဝယ်ဒေသတစ်ခုလုံးမှာ ပျက်စီးခဲ့တဲ့ အဆောက်အဦး ၂၆၀ ကျော်ရှိတာကနေ စာရင်းထပ်တိုးလာတာဖြစ်ပါတယ်။ အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က အသိပေးပါတယ်။ ကား၊ ဆိုင်ကယ်နဲ့ အခြားသော စက်ယန္တယားတွေ၊ တိရိစ္ဆာန်တွေလည်း ထိခိုက်သေဆုံးမှုရှိနေပြီး ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ အသိပေးထားပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ ယန္တရားလိုအပ်ချက်တွေကြောင့် ရှာဖွေကယ်ဆယ်ရေး နှောင့်နှေးနေတာအတွက် စိုးရိမ်နေတယ်လို့ လောင်းလုံးမြို့ဒေသခံတွေက ပြောပါတယ်။

◾️စစ်တပ်လက်အောက်ခံ SNA တပ်စခန်း ၂ခုကို KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၂၈ရက် မနက်ပိုင်းက ဆယ်ဇင်းဒေသ တောင်ယာကုန်းရွာမှာရှိတဲ့ SNAရဲ့ စခန်း ၂ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ SNA စခန်း ၂ခု သိမ်းပိုက်နိုင်မှုအတွင်း လက်နက်ခဲယမ်းအချို့ ရရှိတယ်လို့ အခြား သတင်းရင်းမြစ်တစ်ဦးကလည်း အသိပေးထားပါတယ်။ SNA စခန်းသိမ်းပိုက်နိုင်မှု အပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီ လူထုနွေဦးက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲပါ။

◾️တပ်စခန်းဗုံးကြဲခံရမှု အဓိက အကြောင်းအရင်းကို အထူးတိုင်းစစ်ဌာန ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ရန်သူက ဖမ်းမိသွားတဲ့ တပ်ပြေး၊ နှုတ်ထွက် ရဲဘော်တွေနဲ့ ရန်သူ့ဆီ ဘက်ပြောင်း ခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်ဟာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၄ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ အထူးတိုင်းစစ်ဌာန တပ်စခန်းကို စစ်တပ် တိုက်လေယာဉ် ၂စီးက ဗုံးသီး ၄လုံး ကြဲချခဲ့ရာ ၂လုံး ထိမှန်ခဲ့လို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ဦး၊ ဆက်သွယ်ရေးရဲဘော် ၂ဦး ၊ CDM တပ်ကြပ်ကြီ ၁ဦး စုစုပေါင်း ၅ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ အခုလို ဗုံးကြဲခံရတဲ့ အကြောင်းအရင်းကို ထုတ်ပြန်တာဟာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်က အချင်းချင်း သွေးကွဲစေဖို့ ဝါဒဖြန်ချိနေတာကြောင့် ဖြစ်တယ်လို့လည်း အထူးတိုင်း စစ်ဌာနက ဖော်ပြထားပါတယ်။

◾️ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှုအကြောင်း ကုလအဆင့်မြင့်အစည်းအဝေးမှာ မြန်မာသံအမတ်ကြီး တင်ပြ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုအကြောင်း ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေးမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။ စက်တင်ဘာ ၂၉ရက် မနေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှတ်နဲ့ မြှင့်တင်ရေးဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်အစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သံအမတ်ကြီးက ကျောက်တော်မြို့ရှိ မြို့စျေးတန်းတစ်ခုအပေါ် စစ်အုပ်စုက ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့အခြေအနေကို တင်ပြခဲ့တာပါ။ အာဏာသိမ်းစစ်တပ်ရဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အမြောက်အများ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ကို စိုးစဉ်းမျှ ငဲ့ညှာထောက်ထားခြင်း မရှိတဲ့ စစ်အုပ်စုကို အရပ်သား ဒါမှမဟုတ် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို အပြုသဘောဆောင်သော ရည်ရွယ်ချက်နဲ့လုပ်ဆောင်မယ်ဆိုတာ ဘယ်လိုမျှ ယုံကြည်လို့ မရကြောင်းလည်း သံအမတ်ကြီးက ကုလအစည်းအဝေးမှာ ထောက်ပြပါတယ်။

◾️ကျောက်တော်မြို့စစ်တပ်ဗုံးကြဲမှု ကုလလူ့အခွင့်အရေးမဟာမင်းကြီး ပြင်းထန်စွာရှုတ်ချ
❤15👍11🤣2💩1🖕1
အရပ်သားပြည်သူ ၅၀ထက်မနည်းသေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ(OHCHR) မဟာမင်းကြီး ဗိုကာတာ့ခ်က ပြောပါတယ်။ ကျောက်တော်မြို့ဈေးတစ်ခု ဗုံးကြဲခံရမှုမှာ ကလေးသူငယ်‌တွေ၊အမျိုးသမီးတွေနဲ့ ဈေးရောင်းသူ၊ ဝယ်ယူသူတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်သားတွေ အနည်းဆုံး ၅၀ ၀န်းကျင် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေကို ပေါ်လွင်စေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပိုလို့တောင် ဆိုးရွားတယ်လို့ တာ့ခ်က ပြောပါတယ်။ စက်တင်ဘာ ၂၉ ရက် မနေ့က ညပိုင်းအထိ မြေပြင်အချက် အလက်တွေအရ ကျောက်တော်မြို့ပေါ်ဗုံးကြဲမှုကြောင့် သေဆုံးသူ ၅၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀ နီးပါးထိ ရှိလာပြီဖြစ်ပြီး ဒဏ်ရာပြင်းထန်ကာစိုးရိမ်ရသူ ၂၁ ဦး ရှိပါတယ်။ ဒါ့အပြင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်နေတဲ့ သတင်းတွေဆက်လက်ထွက်ပေါ်နေတာတွေကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ထောက်ပြပါတယ်။

◾️စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ပြတ်ပြတ်သားသား ပြောကြားထားပြီးလို့ ဗြိတိန်ပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီးရဲ့ ပြောကြားချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဒီနေ့ စက်တင်ဘာ ၃၀ရက်မှာ ဖော်ပြခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၂၈ရက်က ကျောက်တော်မြို၊ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၅၀ဦး သေဆုံးပြီး ၆၀ ဦးခန့် ဒဏ်ရာရရှိခဲ့တဲ့အပေါ် ဗြိတိန်နိုင်ငံက ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ဖော်ပြခဲ့ပါတယ်။ အဲဒီလို အစုလိုက်၊အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် အလွန်အမင်း စိုးရိမ်တုန်လှုပ်မိတယ်လို့လည်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Wintertonက ပြောပါတယ်။ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ ဗြိတိန်အစိုးရအနေနဲ့ ဒီဆိုးရွားလှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။ ဗြိတိန်အစိုးရဟာ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ကြောင်း ထပ်လောင်းအသိပေးပါတယ်။

◾️ဒုဋ္ဌဝတီမြစ်ကမ်းပြိုလို့ နေအိမ် ၅ လုံးပြိုကျပြီး နေအိမ်တွေ အရေးပေါ် ရွှေ့ပြောင်းရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာမှာ ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုလို့ နေအိမ် ၅ လုံး ပြိုကျခဲ့ပြီး ကျန်နေအိမ်တွေလည်း အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာ၊ ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ နေအိမ် ၅ လုံး ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က မိုးသည်းထန်စွာသွန်းတာအပြင် ညပိုင်းမှာလည်း အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာကြောင့် မြေပြိုကျမှုတွေ ဖြစ်ပွားတာဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။ လက်ရှိ ကမ်းပါးပြိုကျရာအနီးဝန်းကျင်က ကျန်တဲ့နေအိမ်တွေကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးနေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က ထုတ်ပြန်ထားပါတယ်။

◾️ကျိုက်ထိုက ရွာတွေကို စစ်တပ် လေယာဉ်၊ ဒရုန်း၊လက်နက်ကြီးတွေနဲ့ ထပ်မံ တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတာတွေ ဆက်လက်ပြုလုပ်လျက်ရှိဟု ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ KNU သထုံခရိုင် အတွင်းရှိ ကျိုက်ထိုမြို့နယ် ကျောက်ဖျာ၊ ဝင်းကံ၊ ခရွဲ၊ ငှက်ပျောတော စတဲ့ ကျေးရွာအုပ်စုတွေအတွင်းက ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲမရှိဘဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ စက်တင်ဘာ ၂၇ရက်က စစ်တပ် လေယာဉ် ၂စင်းဟာ ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ချောင်းစောက်ရွာသစ် ရွာအနီး ဝန်းကျင်ကို ဖျက်အားပြင်းဗုံးတွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သလို Y12 လေယာဉ်နဲ့လည်း ၁၂၀ မမ ဗုံးသီးတွေ ကြဲချခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် စစ်တပ်ရဲ့ တပ်မ(၄၄) က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို အသေခံ ဒရုန်း ၄စင်းနဲ့လည်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရှိမရှိ အခြေအနေတွေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

◾️ဖာပွန်ကို စစ်ကူပို့တဲ့ စစ်တပ်ကို တိုက်ခိုက်မှု လက်နက် ၁၃လက်ရဟု KNU ထုတ်ပြန်
👍17❤2👏1😁1🤣1🖕1
ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် ခရိုင်(ဖာပွန်ခရိုင်)ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၁၃လက် ရရှိခဲ့ကြောင်း KNU ဗဟိုက ဒီနေ့ စက်တင်ဘာ ၃၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာအတွင်း စစ်တပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ အခြေအနေကို အသိပေးတာဖြစ်ပါတယ်။ စက်တင်ဘာ ၂၅ရက်က ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် အတွင်း ကတိုင်တိ-ကမမောင်းဒေသ ဘုရားကုန်းအကြား စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ် စစ်ကြောင်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၇လက် သိမ်းရခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၁၆ရက်ကလည်း နိုဃဲထာဒေသရှိ စစ်တပ်ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရ လက်နက် ၃လက် သိမ်းရခဲ့ဟု ဖော်ပြပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၄ရက်နေ့မှာ ဝါသိုးခိုဒေသ အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်ကို KNLA ပူးပေါင်းတပ်က လက်နက် ၃လက် သိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။

◾️ရန်ကုန်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော် ဈေးပေါက်

ရန်ကုန်မြို့ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော်သွားအထိ ဈေးတက်လာပြီး တစ်လအတွင်း ဈေးနှစ်ဆ တက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိဈေးကွက်မှာ လက်လီဝယ်ယူသူတွေအနေနဲ့ ကြက်သွန်နီ တစ်ပိဿာ ၁၂,၀၀၀ ကျပ် နဲ့ ဝယ်နေရပြီး ပိဿာလိုက်ဝယ်ယူသူတွေအတွက်တော့ ၁၁,၀၀၀ ‌ကျပ် နဲ့ ဝယ်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ ကြက်သွန်နီဈေးက ပြီးခဲ့တဲ့လတုန်းက တစ်ပိဿာ ၆၀၀၀ကျပ်ဝန်းကျင်သာရှိခဲ့ပြီး တစ်လအတွင်းမှာ ကျပ် ၈၀၀၀ ၊ ၁၀၀၀၀ ကနေ ၁၂၀၀၀ ကျပ် အထိရောက်လာတာလို့ သိရပါတယ်။ ဒီကာလရောက်ရင် ကြက်သွန်နီက တောင်သူတွေလက်ထဲမှာ မရှိတော့ဘဲ ကုန်သည်တွေရဲ့ လက်ထဲမှာပဲရှိတာကြောင့် ကုန်သည်တွေ ဈေးကစားတာဖြစ်နိုင်တယ်လို့ ပြည်သူတစ်ဦးက သုံးသပ်ပါတယ်။
👍21❤5🤣2💩1🖕1
👍17❤3🔥2🤣2🖕2
🔥15👎5
■​ဆောင်းပါး

လူ​မဖြစ်​သေးတဲ့ ကိုးလသားရင်​သွေးကို​တောင် အလွတ်မ​ပေးခဲ့တဲ့ ​စစ်တပ်ရဲ့ ကျောက်​တော်စစ်ရာဇဝတ်မှု

ခိုင်မြတ်/People’s Spring

မပျက်ယွင်းတဲ့မေတ္တာတွေနဲ့ လေးသိန်း၊ လေး
သန်း၊ လေးကမ္ဘာတိုင်အောင် အတူတကွ လက်တွဲသွားကြဖို့ မနေ့က မှ အိမ်ထောင်
သက် (၁၁) နှစ်ပြည့် ဆုတောင်းခဲ့ကြတဲ့ ဇနီးမောင်နှံ...။

"အလုပ်အကိုင်တွေ အဆင်ပြေပြီးတော့ မိသားစုကို ပံ့ပိုးနိုင်တဲ့ သမီးကြီးတယောက်အဖြစ် အမြဲတမ်း ရပ်တည်နိုင် ပါစေ" လို့ လွန်ခဲ့တဲ့ နှစ်ရက်ကမှ မွေးနေ့ဆုတောင်းခဲ့တဲ့ စစ်တွေသူ စစ်ဘေးရှောင် လူငယ်အမျိုးသမီး…။

သမီးကြီးအတွက် ဖိနပ်လှလှလေးတစ်ရံ ဝယ်ပေးချင်လို့ ဗိုက်ထဲက ကိုးလသားအရွယ် ရင်သွေးငယ်ကိုလွယ်ထားရင်း ဈေးဆီကို ထွက်လာခဲ့တဲ့ မိခင်နဲ့ ဖခင်။

ရက်စက်လှတဲ့ နေ့လယ်ခင်းတခုမှာတော့ အဲဒီရိုးရှင်းလှတဲ့ အိပ်မက်တွေ၊ ဆုတောင်းတွေနဲ့ ချစ်ခြင်းမေတ္တာ ကတိကဝတ်တွေအားလုံးဟာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းဗုံးကြဲမှုအောက်မှာ ခဏချင်းအတွင်း ပြာကျပျက်စီးသွားခဲ့ကြရပါ တယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊မြို့အဝင် ကစ္ဆပနဒီတံတား နဲ့ အိန္ဒိယဈေး တို့ကို စစ်တပ်က စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှာ ဂျက် ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၅၀ ထက်မနည်း အသက်ဆုံး ရှုံးခဲ့ရပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ရပါတယ်။

ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူတွေထဲ အိမ်
ထောင်သက် ၁၁ နှစ်ပြည့်ခဲ့တာတစ်ရက်သာရှိသေးတဲ့ ကျောက်တော် မြို့မှ အသက်သုံးဆယ်ကျော်အရွယ် ကိုဇွဲညီနိုင်(ခ)ကိုရွှေအိုးနဲ့ မသွယ်သွယ်မော်(ခ)မလတ်တို့ ဇနီးမောင်နှံပါဝင်သလို ၊ စစ်ရှောင်မိသားစုကို ပံ့ပိုးနိုင်သူဖြစ်ဖို့ ဆုတောင်းခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် သမီးကြီး မအေးစုမွန် လည်းပါခဲ့ပါတယ်။ဒါ့အပြင် ရက်ပိုင်းအတွင်း လူ့ဘ၀ရောက်လာတော့မယ့် ရင်သွေးငယ်​လေးကိုလွယ်ပြီး သမီးကြီးအတွက် ဖိနပ်သွားဝယ်ပေးခဲ့တဲ့ ၃၂ နှစ်အရွယ် ကျောက်တော်မြို့ခံ မခင်မာနွယ်နဲ့ခင်ပွန်းဖြစ်သူတို့လည်းပါဝင်ပါတယ်။

●ဗိုက်ထဲကကိုးလအရွယ်သ​​န္ဓေသားနဲ့ မိခင်ကိုပါ သတ်ဖြတ်ခဲ့တဲ့ စစ်တပ်

တနင်္လာနေ့၊စက်တင်ဘာလ၂၈ ရက်၊၂၀၂၆ ခုနှစ်။မိုးကုန်ခါစပူပြင်းလှတဲ့နေရောင်အောက်မှာ ကျောက်တော်မြို့ရှိ အိန္ဒိယ​ဈေးဟာ စျေးသွား၊ စျေးဝယ်၊ ကုန်သည်တွေ၊ ကုန်တင် ကုန်ချအလုပ်သမားတွေ၊ ဆိုင်ကယ်၊ ဘေးတွဲ၊ တုတ်တုတ်(သုံးဘီး)၊ ကားစတဲ့ ကယ်ရီသမားတွေနဲ့ ပုံမှန်အတိုင်း စည်ကားနေပါတယ်။​ဈေးဟာ ကစ္ဆပနဒီတံတား​အောက်လမ်းက​နေဝင်ရတာပါ။

စျေးဖွင့်ရက် တနင်္လာနေ့ဆိုတော့ ရခိုင်ပြည်တဝှမ်း မြို့နယ်၊ ကျေးရွာတွေက စျေးလာဝယ်သူတွေရောက်နေပြီး ပုံမှန်နေ့တွေထက်
ပိုပြီးတော့စည်းကားနေပါတယ်။ကျောက်တော်မြို့ဟာကုလားတန်မြစ်ရဲ့ အနောက်ဘက်မြစ်ကမ်းမှာ၊ မြစ်နဲ့ကပ်လျက်တည်ရှိပါတယ်။ မြို့အဝင်မှာ ကုလားတန်မြစ်​ပေါ်
ကစ္ဆပနဒီတံတား​ဆောက်လုပ်ထားပါတယ်။

နေ့ခင်း ၁၂ နာရီ ၁၀ မိနစ်မှာတော့ကျောက်တော်မြို့ကောင်းကင်ယံကို တိုက်လေယာဉ်တစီး ရုတ်ချည်းရောက်လာပြီး ကစ္ဆပနဒီတံ
တားအောက် ကုလားတန်မြစ်ကမ်းဘေး အိန္ဒိယစျေးအဝင်ရှိ တုတ်တုတ်၊ ဘေးတွဲ၊ ကား
ဂိတ်နဲ့ ဆိုင်ခန်းတွေအပေါ် တည့်တည့်ကို ပေါင်ငါးရာ ဗုံးတလုံး ကျလာပါတယ်။ ဗုံးက ​တံတား​အောက်က ​ဈေးအဝင်ဝကို တစ်လုံး ၊တံတား​ပေါ်ကိုတစ်လုံးကြဲတာပါ။

ကျယ်​လောင်တဲ့အသံ​တွေနဲ့ မီးခိုးလုံးကြီးထွက်လာပြီး​​တော့ စက္ကန့်ပိုင်းအတွင်း​ဈေး
ဆိုင်ခန်းတွေ၊ ကား​တွေ၊တုတ်တုတ်တွေ မီး​လောင်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးဖွာလန်ကြဲစုပ်ပြတ်သွားပါတယ်။ စျေးကွင်း ပြင်မှာ ​တော့ အော်ဟစ်ငိုကြွေးသံတွေ၊ အကူအညီတောင်းသံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

“စျေးအဝင်နေရာ၊ကုန်ထမ်းသမားတွေ၊ ကယ်
ရီသမားတွေလည်းအများကြီးစုနေတာ။ ကုန်
ပစ္စည်းတွေနဲ့ဆိုတော့မီးထလောင်ပြီး
အလောင်းတွေ၊ ဒဏ်ရာရတဲ့သူတွေ ပုံထပ်နေတာ။ ငိုပြီးတော့ အကူအညီတောင်းတာတွေလည်း အများကြီး။ မီးကလည်း လောင်နေတယ်၊ လေယာဉ်ကလည်း ရှိနေသေးတော့ ဘယ်သူမှ ဝင်မကူရဲ။ မီးသတ်ကား တွေ ရောက်လာမှပဲ လူတွေကို ဆွဲထုတ်နိုင်တာ”
ဗုံးကြဲနေတုန်း အိန္ဒိယစျေးအနား ရှိနေခဲ့တဲ့ ကျောက်တော်မြို့ခံတဦးက ပြန်ပြောပြပါတယ်။

ကိုးလအရွယ် ရင်သွေးလေးကို ဝမ်းမှာလွယ်ထားတဲ့ မခင်မာနွယ်ဟာလည်း ဖိနပ်ဝယ်ပေးဖို့ ပူဆာတဲ့ ၇ နှစ်အရွယ် သမီးကြီးနဲ့အတူ ဗုံးမကြဲခင် မိနစ်ပိုင်းအလိုမှာ အိန္ဒိယစျေးကို ကံဆိုးစွာနဲ့ ရောက်လာခဲ့တာပါ။

“သမီးကို ဖိနပ်ဝယ်ပေးဖို့ သွားတယ်။ ဖိနပ်ဆိုင်မှာ ဝယ်နေတုန်းဂျက်လာတယ်။ ဂျက်လာတော့ သူ့ဆီမှာထိသွားတယ်ထင်တယ်။ သမီးလေးကိုသမီးလေးပြေးပြေးလို့ ပြောတယ်တဲ့။ သမီးလေးက ပြေးလာခဲ့တယ်။ အဲဒီကလေး မှာလည်း (ဗုံး)အစလေးတွေ
စင်ပြီးတော့” လို့ မခင်မာနွယ်စျေးသွားခဲ့ပုံ၊ သေဆုံးခဲ့ရပုံတို့ကို သူမရဲ့အဒေါ်က ပြန်ပြောပါတယ်။

သွေးပျက်ဖွယ် ပတ်ဝန်းကျင်ကြားကနေ မိခင်စကားအတိုင်း လွတ်ရာသို့ ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးခဲ့ရတဲ့ မ ခင်မာနွယ်ရဲ့ သမီးကြီးဟာ တခြားမိသားစုဝင်တွေနဲ့ တွေ့ချိန် “မမ(သမီး)မှာ မေမေရော၊ ဖေဖေရော မရှိတော့ဘူး၊ ရှာမတွေ့တော့ဘူး”လို့ပြောရှာပါတယ်။
😢30👍5🖕5❤4🤬1
မိသားစုဝင်တွေဟာမခင်မာနွယ်တို့ ဇနီးမောင်
နှံကို စျေးတဝိုက် လိုက်ရှာကြတယ်၊ မခင်မာနွယ်ရဲ့ အမျိုးသားကို အသက်ရှင်လျက်တွေ့ပေမယ့် မခင်မာနွယ်ကိုတော့ ရှာမတွေ့ပါဘူး။ဒဏ်ရာရသွားတယ် အထင်နဲ့ ကျောက်တော်မြို့အပါအဝင် အနီးတဝိုက် ဆေးရုံ၊ ဆေးခန်းတွေကို ပတ်ရှာ၊ စုံစမ်းကြည့်ပေမယ့်မတွေ့ပါဘူး။ နောက်ဆုံးတော့အိန္ဒိယစျေးဝင်းထဲရှာ​တော့မှ ချက်ကြိုးတန်းလန်း မွေးကင်းစ ကလေးငယ်နဲ့အတူ သေဆုံးလျက်သားတွေ့ခဲ့ရပါ​တော့တယ်။

“ကလေးတယောက်နဲ့၊ ချက်ကြိုးတန်းလန်းနဲ့ ကလေး၊ အရုပ် မှတ်မရတော့ဘူး” လို့ ဆိုပါတယ်။

ဖိနပ်ဆိုင်လေးထဲမှာ ၇ နှစ်အရွယ်သမီးကြီးအတွက် ဖိနပ်ရွေးပေးနေတဲ့မွေးဖွားခါနီး ကိုယ်ဝန်လွယ်ထားရတဲ့မခင်မာနွယ်ရဲ့ စိတ်ထဲမှာတော့ မကြာခင် ရောက်ရှိလာတော့မယ့် ရင်သွေးငယ်သစ်လေးအတွက် ပျော်ရွှင် စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့မှာပါ။ ဒါပေမယ့် စစ်တပ်ကြဲချခဲ့တဲ့ ဗုံးကသူတို့မိသားစုဘဝကို တစစီ​ချေမွဖျက်ဆီးခဲ့ပါတယ်။

မခင်မာနွယ်ဟာ ဗုံးစထိမှန် ဒဏ်ရာရပြီး ဗိုက်ထဲ လွယ်ထားတဲ့ ကိုးလအရွယ်သမီးရင်သွေးကို အဲဒီနေရာမှာပဲ မွေးဖွားခဲ့ပြီး၊ မွေးပြီး မိနစ်ပိုင်းသာ ရှိသေးတဲ့ ချက်ကြိုးတန်းလန်း ရင်
သွေးငယ်နဲ့အတူသေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ ရင်​သွေးငယ်​လေးဟာလည်း လူဘဝ​တောင်မ​ရောက်​သေးခင် စစ်တပ်ဗုံးကြဲတာကြုံပြီးကွယ်လွန်ခဲ့ရတာပါ။ ရုပ်အ​လောင်း​ဟာလည်းဗုံးကြဲခံရပြီး ​လောင်ကျွမ်းပျက်စီးသွားလို့ သား​လေးလား၊​သမီးလေးလားခွဲဖို့​တောင်ခက်ခဲ​ပေမယ့် မိသားစုဝင်​တွေက ရုပ်အ​လောင်းအကျွင်းအကျန်ကို ကြည့်ပြီး သမီး​လေးလို့သုံးသပ်ကြပါတယ်။

“အဲဒီမှာ (ဗုံး)ကျပြီးနောက်ပိုင်းမှာ ကြည့်ရတာက ကြောက်ပြီးတော့ယိုကျသွားလိမ့်မယ်ထင်တယ်။ မျက်မြင်လည်းမရှိတဲ့အတွက် အဲဒီကလေးနဲ့ အချင်း(ချက်ကြိုး)တန်းလန်းတွေ့တဲ့အခါမှ သူ့ကလေးနဲ့ သူ့ကိုယ်ဝန်ဆိုတာသိရတာ ။ အမှန်က အလောင်းကိုတောင် မှတ်မရတော့ဘူး။ ကလေးရော၊ မိခင်ရော၊ သို့သော် မိသားစုကတော့ သူတို့ဟာ သူ့သမီးနဲ့ သူ့မြေးဖြစ်တယ်ဆိုတာကို တထစ်ချ Confirm လုပ်ပေးတယ်။ ဘာလို့ဆိုတော့ အချင်းတန်းလန်းတွဲနေတာဖြစ်တဲ့အတွက်” လို့ မြေပြင်မှာကူ
ညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

● ​၂၉ နှစ်ပြည့်​ပြီးနောက် ၂ ရက်မှာ​သေခြင်းတရားကြုံရတဲ့ မ​အေးစုမွန်

စစ်တွေမြို့ကနေ ကျောက်တော်ကို စစ်ဘေးရှောင်ဖို့ ရောက်နေပြီး အိန္ဒိယစျေးမှာ စျေးဆိုင်ရောင်းတဲ့ မအေးစုမွန် ဟာလည်း အဲဒီဗုံးကြဲမှုကြောင့် မခင်မာနွယ်တူနဲ့အတူ သေ
ဆုံးတဲ့ထဲ ပါသွားခဲ့ရပါတယ်။

“Happy Birthday to Me 20+9 အေနိန့်ကျရောက်ရေ မွေးနေ့ကပင်စကလို့ အလုပ်
အကိုင်တိ အဆင်ပြေပနာ မိသားစုကို ပံ့ပိုးနိုင်ရေ သမီးကြီးတစ်ယောက်အဖြစ် အမြဲတမ်းရပ်တည်နိုင်ပါစီ”

မွေးနေ့မှစ အလုပ်အကိုင်အဆင်ပြေပြီး မိ
သားစုကို ပံ့ပိုးနိုင်တဲ့ သမီးကြီးဖြစ်ဖို့ ဆု
တောင်းကြောင်း မအေးစုမွန်က မကွယ်လွန်ခင် နှစ်ရက်အလို သူမမွေးနေ့မှာ ဆုတောင်စာတင်ခဲ့တာပါ။ ဒါပေမယ့် သူမရဲ့ ဆုတောင်းဟာ စစ်တပ်ဗုံး ကြဲပြီးနောက် အပျက်အစီး၊ မီးခိုးငွေ့တွေနဲ့အတူ လွင့်မျောပါသွားခဲ့ရပါပြီ။

“မွေးနေ့ပြီးတာသေး၊ မယုံနိုင်ဘူး၊ ကြားကြားချင်း ရူးမတတ် ခံစားရတယ်။ ရုတ်တရက်ကျလွန်းတယ် ညီမလေးရေ၊ စစ်တွေကို အတူပြန်ကြဖို့ ပြောနေကြရုံရှိသေး” လို့ မအေးစုမွန်ရဲ့ သူငယ်ချင်းတဦးက ပြောပါတယ်။

●​လေးကမ္ဘာ​ဆက်ပေါင်းဖက်ဖို့ဆု​တောင်းပြီး လူမမယ်က​လေး ၂ ဦးချန်ခဲ့ရတဲ့ဇနီး​​မောင်နှံ

အိန္ဒိယစျေးကို ဗုံးတလုံးချပြီးနောက် ဘေးကင်းကျန်နေခဲ့သူတွေဟာ တံတားအောက်အပါအဝင် ဘေးလွတ်မယ်လို့ ယူဆတဲ့နေရာတွေမှာ အပြေးအလွှား ဝင်ပုန်းကြပါတယ်။ ဒါပေမယ့ မိနစ်ပိုင်းအကြာမှာပဲ စစ်တပ်တိုက်​လေယာဥ်က ကစ္ဆပနဒီတံတားပေါ်
ကိုနောက်ထပ်ဗုံးတလုံး ကြဲချလာပါတယ်။

အဲဒီအချိန် တံတားပေါ် ဆိုင်ကယ်နဲ့ ရောက်နှင့်၊ သွားလာနေကြတဲ့ ကိုရွှေအိုးတို့ဇနီး
မောင်နှံအပါအဝင်အပြစ်မဲ့အ ရပ်သားပြည်သူ ဆယ်ဦးထက်မနည်း ထပ်မံသေဆုံးပြီး တံတားအောက်ပုန်းနေသူတွေထဲက အချို့ဟာလည်း ထိခိုက် ၊ ဒဏ်ရာရခဲ့ရပါတယ်။

“သူတော်စင် မဟုတ်ခကေတောင် ဖြူစင်ရေ အချစ်တိနဲ့ ဖြတ်သန်းလာကတ်စွာ ရက်ပေါင်း လေးထောင်ကျော် ဟိမ့် ယာထွား မပျက်ယွင်းရေ မေတ္တာတိနဲ့ ထပ်လို့ လေးသိန်း လေးသန်း လေးကမ္ဘာလောက် ဆက်လားကတ်ဖို့ သိမ့် တစ်ပျင်းချစ်ပါရေနန်း ပျော်ရွှင်စရာ 11 နှစ်ပြည့်ပါ ချစ်ရရေ အမျိုးသမီးချေ (အသည်းပုံ အီမိုဂျီ လေးခု)”

“သူတော်စင်မဟုတ်ခဲ့ရင်တောင် ဖြူစင်တဲ့ အချစ်တွေနဲ့ ဖြတ်သန်းလာကြတာရက်ပေါင်း လေးထောင်ကျော် ရှိပြီ လေ၊ မပျက်ယွင်းတဲ့ မေတ္တာတွေနဲ့ ထပ်ပြီး လေးသိန်း၊ လေးသန်း၊ လေးကမ္ဘာလောက် ဆက်သွားကြအုံးမယ်၊ အရမ်းချစ်ပါတယ်နော်၊ ပျော်ရွှင်စရာ ၁၁ နှစ်ပြည့်ပါ ချစ်ရတဲ့ အမျိုးသမီးလေး” လို့ အဓိပ္ပါယ်ရတဲ့ စာသားကို ကိုရွှေ အိုးကသူ့ရဲ့ Facebook အကောင့်မှာ သူ့အမျိုးသမီးကို Tag တွဲပြီး ဗုံးမကြဲခင် တရက်အလိုက ​ရေးတင်ထားခဲ့တာဖြစ် ပါတယ်။

ကိုရွှေအိုးတို့ဇနီးမောင်နှံဟာနောက်ထပ် နှစ်​ပေါင်းလေးသိန်း၊ လေးသန်း၊လေးကမ္ဘာအတူ
နေရဖို့ တောင်းဆုပြုခဲ့ကြပေမယ့် တရက်အကြာမှာပဲ သေကွဲကွဲခဲ့ကြရပြီဖြစ်ပါတယ်။ ကိုးရွှေအိုးနဲ့ မသွယ်သွယ်မော်တို့မှာ ဆယ်နှစ်အောက်အရွယ် သမီးတယောက် နဲ့ သားတယောက် ကျန်နေခဲ့ပါတယ်။
😢25👍7❤6🤣3🤬1🖕1