People's Spring
✔
59.9K subscribers
71.7K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရန်ကုန်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော် ဈေးပေါက်

စက်တင်ဘာ၃၀၊၂၀၂၆။ရောင်နီ/People's Spring

ရန်ကုန်မြို့ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော်သွားအထိ ဈေးတက်လာပြီး တစ်လအတွင်း ဈေးနှစ်ဆ တက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိဈေးကွက်မှာ လက်လီဝယ်ယူသူတွေအနေနဲ့ ကြက်သွန်နီ တစ်ပိဿာ ၁၂၀၀၀ ကျပ် နဲ့ ဝယ်နေရပြီး ပိဿာလိုက်ဝယ်ယူသူတွေအတွက်တော့ ၁၁၀၀၀ ‌ကျပ် နဲ့ ဝယ်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။

ကြက်သွန်နီဈေးက ပြီးခဲ့တဲ့လတုန်းက တစ်ပိဿာ ၆၀၀၀ကျပ်ဝန်းကျင်သာရှိခဲ့ပြီး တစ်လအတွင်းမှာ ကျပ် ၈၀၀၀ ၊ ၁၀၀၀၀ ကနေ ၁၂၀၀၀ ကျပ် အထိရောက်လာတာလို့ သိရပါတယ်။

ကြက်သွန်နီ‌ဈေးတက်တာက လက်ရှိရေကြီးနေတဲ့ ဖြစ်စဉ်တွေကြောင့် ဖြစ်နိုင်ပြီး ဓာတ်မြေဩဇာအပါအဝင် စိုက်ပျိုးရေးစရိတ်နဲ့ သယ်ယူရတဲ့စရိတ်တွေပိုကုန်ကျတာကြောင့် ဈေးတက်တာဖြစ်နိုင်တယ်လို့ ပြည်သူတစ်ဦးကသုံးသပ်ထားပါတယ်။

ဒီကာလရောက်ရင်ကြက်သွန်နီက တောင်သူတွေလက်ထဲမှာ မရှိတော့ပဲ ကုန်သည်တွေရဲ့ လက်ထဲမှာပဲရှိတာကြောင့် ကုန်သည်တွေ ဈေးကစားတာဖြစ်နိုင်တယ်လို့ အခြားပြည်သူတစ်ဦးကလည်း ၎င်းရဲ့ အမြင်ကိုပြောပါတယ်။

ကြက်သွန်နီ အသစ်ပေါ်ဖို့ အချိန်အားဖြင့် တစ်လကျော်လောက် လိုနေသေးပြီး လက်ရှိရေကြီးတဲ့ ဖြစ်စဉ်တွေကြောင့် အဲဒီ့ထက်လည်း နောက်ကျနိုင်တယ်လို့ သိရပါတယ်။
🤬19👍15❤7🔥4😱3👎1🤣1
👍23🔥7😱4❤3👎3
သဘာဝဘေးဒဏ်သင့်နေတဲ့ ထားဝယ်ဒေသကို စစ်တပ်က ဗုံးကြဲပြီး စစ်ကြောင်းတွေ ဝင်လာ

စက်တင်ဘာ၃၀၊၂၀၂၆၊အိမ်သွင်/People's Spring

ရေဘေးနဲ့ မြေပြိုမှု ဘေးရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကို ဒီနေ့ စက်တင်ဘာ ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ထားဝယ်အရှေ့တောဒေသ ရေဝိုင်းရွာနဲ့ နဘုလယ်ရွာဒေသဖက်ကို ညနေ ၃နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာလို့ ဆိုပါတယ်။

" မနက်ကတည်းက ဖုန်းလိုင်းတွေ ဖြတ်ပစ်တယ်။လေယာဉ်ဗုံးကြဲတာက ဟုတ်တယ်။ရေဝိုင်းရွာလား နဘုလယ်ဒေသလားပဲ မသေချာ‌သေးတာ။ ဖုန်းက ဆက်မေးလို့မရဘူး။ စိတ်ပူနေရတယ်"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ထားဝယ်ခရိုင်က ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်မှာလည်း စစ်တပ်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်က အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းဟာ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာကို ဝင်လာပြီး စက်တင်ဘာ ၂၉ ရက်မှာ ရေဖြူမြို့နယ်၊ သစ်တိုထောင့်ကျေးရွာကိုလည်း စစ်ကြောင်းဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ထားဝယ်မြို့ပေါ်က ကြက်စားပြင်ရပ်ကွက်မှာနေတဲ့ လူငယ် တစ်ဦးကိုလည်း စက်တင်ဘာ၂၈ ရက်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။။

ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီတိုင်း၊ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ စက်တင်ဘာ၂၆ရက်ကစပြီး ရေဘေးကြုံတွေ့နေတာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံး ကြုံတွေ့နေရပါတယ်။

တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။ အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ရေဘေးနဲ့မြေပြိုမှု ဘေးကြောင့် ဒေသခံတွေအခက်အခဲကြုံတွေ့နေရစဉ်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်သလို မြေပြင်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေရှိနေတာဖြစ်ပါတယ်။
🤬44👏3❤2🙏2👎1😢1
(ထားဝယ်မြို့ရေကြီးနေတာကို စစ်တပ်အာဏာပိုင်တွေက ကြည့်ရှု့နေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
🤮25🖕18🤬7💩5👏3👎1😢1
ဖာပွန်ကို စစ်ကူပို့တဲ့ စစ်တပ်တိုက်ခိုက်မှု လက်နက် ၁၃လက်ရဟု KNU ထုတ်ပြန်

စက်တင်ဘာ ၃၀၊၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် ခရိုင်(ဖာပွန်ခရိုင်)ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၁၃လက် ရရှိခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာအတွင်း စစ်တပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ အခြေအနေကို အသိပေးတာဖြစ်ပါတယ်။

စက်တင်ဘာ ၂၅ရက်က ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် အတွင်း ကတိုင်တိ-ကမမောင်းဒေသ ဘုရားကုန်းအကြား စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ် စစ်ကြောင်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၇လက် သိမ်းရခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၁၆ရက်ကလည်း နိုဃဲထာဒေသရှိ စစ်တပ်ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရ လက်နက် ၃လက် သိမ်းရခဲ့ဟု ဖော်ပြပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၄ရက်နေ့မှာ ဝါသိုးခိုဒေသ အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်ကို KNLA ပူးပေါင်းတပ်က လက်နက် ၃လက် သိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ ဖာပွန်မြို့ကို စစ်ကူပေးနိုင်ရေး စစ်ကြောင်းထိုးမှု တွေ အဆက်မပြတ် လုပ်ဆောင်နေလို့ KNLA ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။

KNLA ပူးပေါင်းတပ်ဟာ စက်တင်ဘာ ၂၇ရက်ကလည်း ဖာပွန်အခြေစိုက် စစ်တပ်လက်ကျန် တပ်စခန်းတခုဖြစ်တဲ့ ဖာပွန်ဗျူဟာကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KNLAနဲ့ အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ Federal Revolution Force(FRF) တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို ပါဝင်တဲ့ ပူးပေါင်းအဖွဲနဲ့ FRF လက်နက်ကြီးထုတ်လုပ်ရေးအဖွဲဟာ စစ်တပ်ဗျူဟာကုန်းကို ၆၀ မမ လက်နက်ကြီး အလုံး ၄၅လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ် အဓိကတပ်စွဲထားတဲ့ ဗျူဟာကုန်းအဆောက်အဦးများ ထိမှန်ပြီး စကစအရာရှိများ နေထိုင်ရာအဆောက်အဦးများနဲ့ ဘားတိုက်များကိုလည်း တိကျစွာ ပစ်ခတ် ချေမှုန်းနိုင်ခဲ့ကြောင်း FRF က ရုပ်သံမှတ်တမ်းနဲ့ အတူ ထုတ်ပြန်ပါတယ်။
👏36❤13👍5👎1🥰1🤣1🖕1
(စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - KNU)
🥰33👏16👍10❤3👎2🖕2🤣1
ဂန့်ဂေါစစ်ကြောင်းကို NUG က ပြည်သူ့သားကောင်းဆု ချီးမြှင့်

စက်တင်ဘာ-၃၀ ၊၂၀၂၆။ဖိုးသား/People's Spring

တိုင်းရင်းသားနယ်မြေရှေ့တန်းတစ်နေရာမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဂန့်ဂေါစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဂန့်ဂေါစစ်ကြောင်းအနေနဲ့ ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ကာ ဒီကနေ့အချိန်အထိ တိုင်းရင်းသားနယ်မြေရှေ့တန်းတစ်နေရာမှာ တာဝန်ထမ်းဆောင်နေဆဲလို့ ဆိုပါတယ်။

"စစ်ရေး နိုင်ငံရေး လိုအပ်ချက်အရ NUG MoD (အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေး၀န်ကြီးဌာန)ရဲ့ ကွပ်ကဲမှုအောက်ကနေ တာဝန်ထမ်းဆောင်နေရတာ ဖြစ်ပါတယ်"လို့ ဂန့်ဂေါခရိုင်စစ်ဌာနတာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စက်တင်ဘာ ဒုတိယပတ်ကထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တဲ့ စာရင်းထဲမှာ ဂန့်ဂေါစစ်‌ကြောင်း ပါ၀င်ခဲ့တာလို့ အသိပေးပါတယ်။

တိုင်းရင်းသားနယ်မြေရှေ့တန်းမှာ တာဝန်ထမ်းဆောင်စဉ် ကာလမှာ စစ်ကြောင်းက ရဲဘော် ၆ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက်နဲ့ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြတဲ့ရဲဘော်တွေ ကို လေးစားဂုဏ်ပြုမှုနဲ့အတူ မပြီးဆုံးသေးတဲ့ တော် လှန်ရေးကို အောင်မြင်ပြီးဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

"ရှမ်းမြောက် ၁၀၂၇ မှာလည်း ဂန့်ဂေါခရိုင်စစ်ဌာန ပါ၀င်ခဲ့သလို ကချင်စစ်ဒေသမှာလည်း ရောက်နေတယ်"လို့ ဂန့်ဂေါဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် အခု ၂၀၂၆နှစ်လယ်ပိုင်းကစပြီး ဆောမြို့နယ်တွင်းသို့ အင်အားအလုံး အရင်းနဲ့၀င်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်မှုတွေမှာလည်း လက်နက်ခဲယမ်းတွေအပြင်စစ်သုံ့ပန်း ဆယ်နဲ့ချီ ဖမ်းဆီးရမိထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ထုတ်ပြန်ထားပါတယ်။
❤49👍17🥰2👏2🤣2🔥1🖕1🫡1
(ဂန့်ဂေါစစ်ကြောင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂန့်ဂေါခရိုင်စစ်ဌာန)
❤54👍15🥰6🤮2🫡2🔥1👏1🖕1
ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှု NUGနဲ့ ချင်း၊ ယောတော်လှန်ရေးတပ်တွေ ရှုတ်ချ

▪️AAနဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး

စက်တင်ဘာ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်တပ် လေကြောင်းကနေဗုံးကြဲခဲ့လို့ ပြည်သူလူထု အစုလိုက်၊အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့ရာ စစ်တပ်ရဲ့ ရည်ရွယ်ချက် ရှိရှိ ရက်စက်ကြမ်းကြုတ်တဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ခဲ့ပြီး အဲဒီလိုကျူးလွန်ခဲ့မှုအပေါ် တရားမှုတမှုနဲ့ တာဝန်ခံမှု ရှိစေရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ စက်တင်ဘာ ၂၈ရက်နေ့လည်ပိုင်းမှာ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်တို့အား လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅၀ သေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာကို ပစ်မှတ်ထား တိုက်ခိုက်မှုဟာ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတို့ကို ကျူးလွန်တဲ့ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်ဆိုးကြီး တစ်ရပ်ဖြစ်တာကောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြပါတယ်။

NUG အနေနဲ့ AA အပါအဝင် ရခိုင်ပြည်သူလူထုနဲ့ နိုင်ငံရေး၊ စစ်ရေးအရ မဟာမိတ်ဆန်ဆန် ရင်းနှီးကျွမ်းဝင်စွာဖြင့် ခိုင်မာစွာ လက်တွဲရင်ဆိုင် ဖြတ်ကျော်လျက် ရှိ ကြောင်းထုတ်ပြန်ကာ အခုလို ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး အမိန့်ပေးစေခိုင်းသူ စစ်ခေါင်းဆောင်များနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်သူ တစ်ဦးချင်းစီတိုင်းကို တိကျစွာ မှတ်တမ်းတင်ထားကြောင်း ဖော်ပြပါတယ်။ ဒါအပြင် တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိစေရေးအတွက် တော်လှန်ရေး မဟာမိတ်အင်အားစုများနဲ့ အတူ ရဲရဲဝံ့ဝံ့ ဆက်လက် အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

စစ်အုပ်စုရဲ့ ပြည်သူအပေါ် သတ်ဖြတ်နေမှုတွေနဲ့ပတ်သက်ပြီး ကုလနဲ့ နိုင်ငံတကာက လက်တွေ့ကျ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ အမြန်ဆုံး လုပ်ဆောင်ပေးဖို့လည်း NUGက တိုက်တွန်းတောင်းဆိုပါတယ်။

ကျောက်တော်မြို့ လေကြောင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ချင်းပြည်သူ့အစည်းအရုံး၊ မရာတပ်ဖွဲ့ (MTC/MDF)၊ ယောဒေသကာကွယ်ရေးတပ်(YDF) တို့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ရာ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ဖော်ပြပါတယ်။

ပြည်သူလူထုတရပ်လုံးကို လက်နက်ဖြင့် ဗိုလ်ကျစိုးမိုးနေတဲ့ စစ်တပ်ကို AA အပါအဝင် တော်လှန်ရေး အဖွဲ့မျးနဲ့ အတူ ဆက်လက်တိုက်ပွဲဝင်မယ်လို့လည်း MTC/MDFက ထုတ်ပြန်ပါတယ်။

ချင်းပြည်သူအစည်းအရုံး(CPU/CPA) ရဲ့ ထုတ်ပြန်ချက်မှာလည်း အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်တပ် လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ပြီး သွေးချင်း မဟာမိတ် AA နဲ့ တလုံးတ၀တည်း ဆက်လက်ပူးပေါင်းကာ စစ်တပ်ကို အင်တိုက်အားတိုက် ခုခံတွန်းလှန်တိုက်ပွဲဝင်မယ်လို့ ဖော်ပြပါတယ်။

ယောဒေသကာကွယ်ရေးတပ် YDF ကလည်း စစ်တပ်ရဲ့ လူမဆန်တဲ့ လေကြောင်း တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်းနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုများအတွက် အာရက္ခပြည်သူတရပ်လုံးနဲ့အတူ ဝမ်းနည်းကြောင်း ဖော်ပြပါတယ်။

စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် အင်တိုက်အားတိုက် ဆက်လက် လုပ်ဆောင်တိုက်ပွဲဝင်သွားမယ်လို့လည်း YDFက ထုတ်ပြန်ပါတယ်။

AA အနေနဲ့လည်း စစ်တပ်ရဲ့ အခုလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်အပေါ် လက်တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
❤31👍22👏2🤣2🥰1🤬1💩1🖕1
(စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူတွေကို AA ရဲဘော်တွေက မြေမြှုပ်သဂြိုလ်ပေးနေစဉ်။ ဓါတ်ပုံ - One Nations News)
👍27😢9❤7🤣3👎1🤬1💩1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၃၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှု NUGနဲ့ ချင်း၊ ယောတော်လှန်ရေးတပ်တွေ ရှုတ်ချ

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်တပ် လေကြောင်းကနေဗုံးကြဲခဲ့လို့ ပြည်သူလူထု အစုလိုက်၊အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့ရာ စစ်တပ်ရဲ့ ရည်ရွယ်ချက် ရှိရှိ ရက်စက်ကြမ်းကြုတ်တဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ခဲ့ပြီး အဲဒီလိုကျူးလွန်ခဲ့မှုအပေါ် တရားမှုတမှုနဲ့ တာဝန်ခံမှု ရှိစေရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ စက်တင်ဘာ ၂၈ရက်နေ့လည်ပိုင်းမှာ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်တို့အား လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၅၀ သေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာကို ပစ်မှတ်ထား တိုက်ခိုက်မှုဟာ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတို့ကို ကျူးလွန်တဲ့ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်ဆိုးကြီး တစ်ရပ်ဖြစ်တာကောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြပါတယ်။ NUG အနေနဲ့ AA အပါအဝင် ရခိုင်ပြည်သူလူထုနဲ့ နိုင်ငံရေး၊ စစ်ရေးအရ မဟာမိတ်ဆန်ဆန် ရင်းနှီးကျွမ်းဝင်စွာဖြင့် ခိုင်မာစွာ လက်တွဲရင်ဆိုင် ဖြတ်ကျော်လျက် ရှိ ကြောင်းထုတ်ပြန်ကာ အခုလို ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး အမိန့်ပေးစေခိုင်းသူ စစ်ခေါင်းဆောင်များနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်သူ တစ်ဦးချင်းစီတိုင်းကို တိကျစွာ မှတ်တမ်းတင်ထားကြောင်း ဖော်ပြပါတယ်။ ဒါအပြင် တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိစေရေးအတွက် တော်လှန်ရေး မဟာမိတ်အင်အားစုများနဲ့ အတူ ရဲရဲဝံ့ဝံ့ ဆက်လက် အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။ ကျောက်တော်မြို့ လေကြောင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ချင်းပြည်သူ့အစည်းအရုံး၊ မရာတပ်ဖွဲ့ (MTC/MDF)၊ ယောဒေသကာကွယ်ရေးတပ်(YDF) တို့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ရာ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ဖော်ပြပါတယ်။ ပြည်သူလူထုတရပ်လုံးကို လက်နက်ဖြင့် ဗိုလ်ကျစိုးမိုးနေတဲ့ စစ်တပ်ကို AA အပါအဝင် တော်လှန်ရေး အဖွဲ့မျးနဲ့ အတူ ဆက်လက်တိုက်ပွဲဝင်မယ်လို့လည်း MTC/MDFက ထုတ်ပြန်ပါတယ်။ ချင်းပြည်သူအစည်းအရုံး(CPU/CPA) ရဲ့ ထုတ်ပြန်ချက်မှာလည်း အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်တပ် လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ပြီး သွေးချင်း မဟာမိတ် AA နဲ့ တလုံးတ၀တည်း ဆက်လက်ပူးပေါင်းကာ စစ်တပ်ကို အင်တိုက်အားတိုက် ခုခံတွန်းလှန်တိုက်ပွဲဝင်မယ်လို့ ဖော်ပြပါတယ်။

◾️သဘာဝဘေးဒဏ်သင့်နေတဲ့ ထားဝယ်ဒေသကို စစ်တပ်က ဗုံးကြဲပြီး စစ်ကြောင်းတွေ ဝင်လာ

ရေဘေးနဲ့ မြေပြိုမှု ဘေးရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကို ဒီနေ့ စက်တင်ဘာ ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ထားဝယ်အရှေ့တောဒေသ ရေဝိုင်းရွာနဲ့ နဘုလယ်ရွာဒေသဖက်ကို ညနေ ၃နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာလို့ ဆိုပါတယ်။ နောက်ပြီး ထားဝယ်ခရိုင်က ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်မှာလည်း စစ်တပ်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၈ ရက်က အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းဟာ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာကို ဝင်လာပြီး စက်တင်ဘာ ၂၉ ရက်မှာ ရေဖြူမြို့နယ်၊ သစ်တိုထောင့်ကျေးရွာကိုလည်း စစ်ကြောင်းဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ထားဝယ်မြို့ပေါ်က ကြက်စားပြင်ရပ်ကွက်မှာနေတဲ့ လူငယ်တစ်ဦးကိုလည်း စက်တင်ဘာ၂၈ ရက်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။။

◾️ထားဝယ် ရေဘေးနဲ့ တောင်ပြိုမှုကြောင့် ပျက်စီးဆုံးရှုံးမှုတိုးလာ
👍17🔥2🖕2❤1🤣1
ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းတိုးလာပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရောက်နိုင်သေးတဲ့နေရာတွေ ရှိသေးတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ဒီနေ့ စက်တင်ဘာ ၃၀ရက်မှာ ထုတ်ပြန်ပါတယ်။ တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၂၉ရက် မနေ့က အထိ ရရှိခဲ့တဲ့ စာရင်းတွေအရ ထားဝယ်ဒေသတစ်ခုလုံးမှာ ပျက်စီးခဲ့တဲ့ အဆောက်အဦး ၂၆၀ ကျော်ရှိတာကနေ စာရင်းထပ်တိုးလာတာဖြစ်ပါတယ်။ အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က အသိပေးပါတယ်။ ကား၊ ဆိုင်ကယ်နဲ့ အခြားသော စက်ယန္တယားတွေ၊ တိရိစ္ဆာန်တွေလည်း ထိခိုက်သေဆုံးမှုရှိနေပြီး ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ အသိပေးထားပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ ယန္တရားလိုအပ်ချက်တွေကြောင့် ရှာဖွေကယ်ဆယ်ရေး နှောင့်နှေးနေတာအတွက် စိုးရိမ်နေတယ်လို့ လောင်းလုံးမြို့ဒေသခံတွေက ပြောပါတယ်။

◾️စစ်တပ်လက်အောက်ခံ SNA တပ်စခန်း ၂ခုကို KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၂၈ရက် မနက်ပိုင်းက ဆယ်ဇင်းဒေသ တောင်ယာကုန်းရွာမှာရှိတဲ့ SNAရဲ့ စခန်း ၂ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ SNA စခန်း ၂ခု သိမ်းပိုက်နိုင်မှုအတွင်း လက်နက်ခဲယမ်းအချို့ ရရှိတယ်လို့ အခြား သတင်းရင်းမြစ်တစ်ဦးကလည်း အသိပေးထားပါတယ်။ SNA စခန်းသိမ်းပိုက်နိုင်မှု အပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီ လူထုနွေဦးက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲပါ။

◾️တပ်စခန်းဗုံးကြဲခံရမှု အဓိက အကြောင်းအရင်းကို အထူးတိုင်းစစ်ဌာန ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ရန်သူက ဖမ်းမိသွားတဲ့ တပ်ပြေး၊ နှုတ်ထွက် ရဲဘော်တွေနဲ့ ရန်သူ့ဆီ ဘက်ပြောင်း ခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်ဟာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၄ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ အထူးတိုင်းစစ်ဌာန တပ်စခန်းကို စစ်တပ် တိုက်လေယာဉ် ၂စီးက ဗုံးသီး ၄လုံး ကြဲချခဲ့ရာ ၂လုံး ထိမှန်ခဲ့လို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ဦး၊ ဆက်သွယ်ရေးရဲဘော် ၂ဦး ၊ CDM တပ်ကြပ်ကြီ ၁ဦး စုစုပေါင်း ၅ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ အခုလို ဗုံးကြဲခံရတဲ့ အကြောင်းအရင်းကို ထုတ်ပြန်တာဟာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်က အချင်းချင်း သွေးကွဲစေဖို့ ဝါဒဖြန်ချိနေတာကြောင့် ဖြစ်တယ်လို့လည်း အထူးတိုင်း စစ်ဌာနက ဖော်ပြထားပါတယ်။

◾️ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှုအကြောင်း ကုလအဆင့်မြင့်အစည်းအဝေးမှာ မြန်မာသံအမတ်ကြီး တင်ပြ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုအကြောင်း ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေးမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။ စက်တင်ဘာ ၂၉ရက် မနေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှတ်နဲ့ မြှင့်တင်ရေးဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်အစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သံအမတ်ကြီးက ကျောက်တော်မြို့ရှိ မြို့စျေးတန်းတစ်ခုအပေါ် စစ်အုပ်စုက ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့အခြေအနေကို တင်ပြခဲ့တာပါ။ အာဏာသိမ်းစစ်တပ်ရဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အမြောက်အများ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ကို စိုးစဉ်းမျှ ငဲ့ညှာထောက်ထားခြင်း မရှိတဲ့ စစ်အုပ်စုကို အရပ်သား ဒါမှမဟုတ် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို အပြုသဘောဆောင်သော ရည်ရွယ်ချက်နဲ့လုပ်ဆောင်မယ်ဆိုတာ ဘယ်လိုမျှ ယုံကြည်လို့ မရကြောင်းလည်း သံအမတ်ကြီးက ကုလအစည်းအဝေးမှာ ထောက်ပြပါတယ်။

◾️ကျောက်တော်မြို့စစ်တပ်ဗုံးကြဲမှု ကုလလူ့အခွင့်အရေးမဟာမင်းကြီး ပြင်းထန်စွာရှုတ်ချ
❤15👍11🤣2💩1🖕1
အရပ်သားပြည်သူ ၅၀ထက်မနည်းသေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ(OHCHR) မဟာမင်းကြီး ဗိုကာတာ့ခ်က ပြောပါတယ်။ ကျောက်တော်မြို့ဈေးတစ်ခု ဗုံးကြဲခံရမှုမှာ ကလေးသူငယ်‌တွေ၊အမျိုးသမီးတွေနဲ့ ဈေးရောင်းသူ၊ ဝယ်ယူသူတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်သားတွေ အနည်းဆုံး ၅၀ ၀န်းကျင် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေကို ပေါ်လွင်စေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပိုလို့တောင် ဆိုးရွားတယ်လို့ တာ့ခ်က ပြောပါတယ်။ စက်တင်ဘာ ၂၉ ရက် မနေ့က ညပိုင်းအထိ မြေပြင်အချက် အလက်တွေအရ ကျောက်တော်မြို့ပေါ်ဗုံးကြဲမှုကြောင့် သေဆုံးသူ ၅၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀ နီးပါးထိ ရှိလာပြီဖြစ်ပြီး ဒဏ်ရာပြင်းထန်ကာစိုးရိမ်ရသူ ၂၁ ဦး ရှိပါတယ်။ ဒါ့အပြင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်နေတဲ့ သတင်းတွေဆက်လက်ထွက်ပေါ်နေတာတွေကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ထောက်ပြပါတယ်။

◾️စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ပြတ်ပြတ်သားသား ပြောကြားထားပြီးလို့ ဗြိတိန်ပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီးရဲ့ ပြောကြားချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဒီနေ့ စက်တင်ဘာ ၃၀ရက်မှာ ဖော်ပြခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၂၈ရက်က ကျောက်တော်မြို၊ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၅၀ဦး သေဆုံးပြီး ၆၀ ဦးခန့် ဒဏ်ရာရရှိခဲ့တဲ့အပေါ် ဗြိတိန်နိုင်ငံက ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ဖော်ပြခဲ့ပါတယ်။ အဲဒီလို အစုလိုက်၊အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် အလွန်အမင်း စိုးရိမ်တုန်လှုပ်မိတယ်လို့လည်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Wintertonက ပြောပါတယ်။ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ ဗြိတိန်အစိုးရအနေနဲ့ ဒီဆိုးရွားလှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။ ဗြိတိန်အစိုးရဟာ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ကြောင်း ထပ်လောင်းအသိပေးပါတယ်။

◾️ဒုဋ္ဌဝတီမြစ်ကမ်းပြိုလို့ နေအိမ် ၅ လုံးပြိုကျပြီး နေအိမ်တွေ အရေးပေါ် ရွှေ့ပြောင်းရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာမှာ ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုလို့ နေအိမ် ၅ လုံး ပြိုကျခဲ့ပြီး ကျန်နေအိမ်တွေလည်း အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာ၊ ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ နေအိမ် ၅ လုံး ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က မိုးသည်းထန်စွာသွန်းတာအပြင် ညပိုင်းမှာလည်း အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာကြောင့် မြေပြိုကျမှုတွေ ဖြစ်ပွားတာဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။ လက်ရှိ ကမ်းပါးပြိုကျရာအနီးဝန်းကျင်က ကျန်တဲ့နေအိမ်တွေကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးနေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က ထုတ်ပြန်ထားပါတယ်။

◾️ကျိုက်ထိုက ရွာတွေကို စစ်တပ် လေယာဉ်၊ ဒရုန်း၊လက်နက်ကြီးတွေနဲ့ ထပ်မံ တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတာတွေ ဆက်လက်ပြုလုပ်လျက်ရှိဟု ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ KNU သထုံခရိုင် အတွင်းရှိ ကျိုက်ထိုမြို့နယ် ကျောက်ဖျာ၊ ဝင်းကံ၊ ခရွဲ၊ ငှက်ပျောတော စတဲ့ ကျေးရွာအုပ်စုတွေအတွင်းက ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲမရှိဘဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ စက်တင်ဘာ ၂၇ရက်က စစ်တပ် လေယာဉ် ၂စင်းဟာ ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ချောင်းစောက်ရွာသစ် ရွာအနီး ဝန်းကျင်ကို ဖျက်အားပြင်းဗုံးတွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သလို Y12 လေယာဉ်နဲ့လည်း ၁၂၀ မမ ဗုံးသီးတွေ ကြဲချခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် စစ်တပ်ရဲ့ တပ်မ(၄၄) က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို အသေခံ ဒရုန်း ၄စင်းနဲ့လည်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရှိမရှိ အခြေအနေတွေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

◾️ဖာပွန်ကို စစ်ကူပို့တဲ့ စစ်တပ်ကို တိုက်ခိုက်မှု လက်နက် ၁၃လက်ရဟု KNU ထုတ်ပြန်
👍17❤2👏1😁1🤣1🖕1
ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် ခရိုင်(ဖာပွန်ခရိုင်)ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၁၃လက် ရရှိခဲ့ကြောင်း KNU ဗဟိုက ဒီနေ့ စက်တင်ဘာ ၃၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာအတွင်း စစ်တပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ အခြေအနေကို အသိပေးတာဖြစ်ပါတယ်။ စက်တင်ဘာ ၂၅ရက်က ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် အတွင်း ကတိုင်တိ-ကမမောင်းဒေသ ဘုရားကုန်းအကြား စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ် စစ်ကြောင်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၇လက် သိမ်းရခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၁၆ရက်ကလည်း နိုဃဲထာဒေသရှိ စစ်တပ်ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရ လက်နက် ၃လက် သိမ်းရခဲ့ဟု ဖော်ပြပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၄ရက်နေ့မှာ ဝါသိုးခိုဒေသ အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်ကို KNLA ပူးပေါင်းတပ်က လက်နက် ၃လက် သိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။

◾️ရန်ကုန်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော် ဈေးပေါက်

ရန်ကုန်မြို့ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော်သွားအထိ ဈေးတက်လာပြီး တစ်လအတွင်း ဈေးနှစ်ဆ တက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိဈေးကွက်မှာ လက်လီဝယ်ယူသူတွေအနေနဲ့ ကြက်သွန်နီ တစ်ပိဿာ ၁၂,၀၀၀ ကျပ် နဲ့ ဝယ်နေရပြီး ပိဿာလိုက်ဝယ်ယူသူတွေအတွက်တော့ ၁၁,၀၀၀ ‌ကျပ် နဲ့ ဝယ်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ ကြက်သွန်နီဈေးက ပြီးခဲ့တဲ့လတုန်းက တစ်ပိဿာ ၆၀၀၀ကျပ်ဝန်းကျင်သာရှိခဲ့ပြီး တစ်လအတွင်းမှာ ကျပ် ၈၀၀၀ ၊ ၁၀၀၀၀ ကနေ ၁၂၀၀၀ ကျပ် အထိရောက်လာတာလို့ သိရပါတယ်။ ဒီကာလရောက်ရင် ကြက်သွန်နီက တောင်သူတွေလက်ထဲမှာ မရှိတော့ဘဲ ကုန်သည်တွေရဲ့ လက်ထဲမှာပဲရှိတာကြောင့် ကုန်သည်တွေ ဈေးကစားတာဖြစ်နိုင်တယ်လို့ ပြည်သူတစ်ဦးက သုံးသပ်ပါတယ်။
👍21❤5🤣2💩1🖕1
👍17❤3🔥2🤣2🖕2
🔥15👎5