ထားဝယ်ဒေသတွင်း ရေဘေးနဲ့ တောင်ပြိုမှုကြောင့် ပျက်စီးဆုံးရှုံးမှုတိုးလာ
▪️ကူညီကယ်ဆယ်ရေးအခက်ကြုံနေဆဲ
စက်တင်ဘာ-၃၀၊ ၂၀၂၆။ ဇော်ရမ်း/People's Spring
ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းတိုးလာပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရောက်နိုင်သေးတဲ့နေရာတွေ ရှိသေးတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၉ရက် မနေ့က အထိ ရရှိခဲ့တဲ့ စာရင်းတွေအရ ထားဝယ်ဒေသတစ်ခုလုံးမှာ ပျက်စီးခဲ့တဲ့ အဆောက်အဦး ၂၆၀ ကျော်ရှိတာကနေ စာရင်းထပ်တိုးလာတာဖြစ်ပါတယ်။ အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က အသိပေးပါတယ်။
သေဆုံးသူ ၃၂ဦးကို အတည်ပြုထားနိုင်ပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေဆဲဖြစ်ပါတယ်။ ကား၊ ဆိုင်ကယ်နဲ့ အခြားသော စက်ယန္တယားတွေ၊ တိရိစ္ဆာန်တွေလည်း ထိခိုက်သေဆုံးမှုရှိနေပြီး ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ အသိပေးထားပါတယ်။
ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီတိုင်း လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ စက်တင်ဘာ၂၆ရက်ကစပြီး ရေဘေးကြုံတွေ့နေတာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှု အဆိုးဆုံးကြုံတွေ့နေရပါတယ်။
လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ ယန္တရားလိုအပ်ချက်တွေကြောင့် ရှာဖွေကယ်ဆယ်ရေး နှောင့်နှေးနေတာအတွက် စိုးရိမ်နေတယ်လို့ လောင်းလုံးမြို့ဒေသခံတွေကပြောပါတယ်။
"ကျမတို့ ရွာမှာဆိုရင် မြေပိနေသူတချို့ရှိနေသေးတယ်။ ကယ်ဖို့က အရမ်းခက်ခဲနေတာ။ မသေဆုံးသင့်ဘဲ သေဆုံးရတာတွေအတွက် စိတ်မကောင်းဘူး။ အနယ်နယ်အရပ်ရပ်က အကူအညီတွေ လိုအပ်ပါတယ်"လို့ လောင်းလုံးမြို့ ကဒက်ငယ်ထိန်ရွာဒေသခံတစ်ဦးက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း တနင်္သာရီတိုင်းအတွင်း ရေဘေးနဲ့ မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ မနေ့ညမှာ ထုတ်ပြန်ပါတယ်။ ဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်နေရာထိုင်ခင်း၊ အစားအစာ၊ သန့်ရှင်းသောသောက်သုံးရေ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ သွားလာပို့ဆောင်ရေးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။ ရေလွှမ်းမိုးခံရတဲ့ ကျေးရွာတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်မြေတပ်ရင်းတွေက ရှာဖွေကယ်ဆယ်ရေးနဲ့ အပျက်အစီး ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့လည်း အသိပေးထားပါတယ်။
ထားဝယ်ဒေသအတွင်း ရေအနည်းငယ်ပြန်ကျနေပေမယ့် မြေပြိုနိုင်တဲ့အန္တရာယ်ရှိနေသေးတဲ့အတွက် ဒေသခံတွေ အလျင်စလို ပြန်လည်နေထိုင်ခြင်းမပြုကြဖို့နဲ့ မိုင်းအန္တရာယ်လည်းသတိပြုကြဖို့လည်း ထားဝယ်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။
လက်ရှိ ရေဘေးကြုံတဲ့ဒေသတွေဟာ စစ်ကောင်စီက မြို့ပေါ်တွေကိုသာ ထိန်းချုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီကိုဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။
တောင်မြေပြိုမှုတွေဆက်ရှိနေပြီး အခက်အခဲတွေကြားကနေ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့ အရပ်ဖက်အဖွဲ့အချို့ကပြောပါတယ်။ ဒေသအသီးသီးက ပရဟိတအဖွဲ့တွေအနေနဲ့လည်း ထားဝယ်ဒေသကို လာရောက်ကူညီကြဖို့ တောင်းဆိုထားကြပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ရေဘေးနဲ့မြေပြိုမှုဘေးဟာ ဒေသခံတွေအတွက် ထိခိုက်ဆုံးရှုံးမှုအလွန်ကြီးမားခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

🔥14😢13👍6❤3👎2🙏2🤣1
(သရက်ချောင်းအောက်ပိုင်းရှိ သဲချောင်းကြီးကျေးရွာကို စက်တင်ဘာ ၃၀ရက်မှာ တွေ့ရစဥ်။ ဓာတ်ပုံ - Felix Nolan/FB)
😢31👍4🔥3👎2🤣1
တပ်စခန်းဗုံးကြဲခံရမှု ဖမ်းခံရတဲ့ရဲဘော်တွေနဲ့ ဘက်ပြောင်းသူတွေရဲ့ ထွက်ဆိုချက်ကြောင့်ဟု အထူးတိုင်းစစ်ဌာန ထုတ်ပြန်
စက်တင်ဘာ ၃၀၊ ၂၀၂၆။ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ရန်သူက ဖမ်းမိသွားတဲ့ တပ်ပြေး၊နှုတ်ထွက် ရဲဘော်တွေနဲ့ ရန်သူ့ထံ ဘက်ပြောင်း ခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်ဟာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ စုံစမ်းသိရကြောင်း အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၄ရက်က အထူးတိုင်းစစ်ဌာန တပ်စခန်းကို စစ်တပ် တိုက်လေယာဉ် ၂စီးက ဗုံးသီး ၄လုံး ကြဲချခဲ့ရာ ၂လုံး ထိမှန်ခဲ့လို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ဦး၊ ဆက်သွယ်ရေးရဲဘော် ၂ဦး ၊ CDM တပ်ကြပ်ကြီ ၁ဦး စုစုပေါင်း ၅ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။
အခုလို ဗုံးကြဲခံရတဲ့ အကြောင်းအရင်းကို ထုတ်ပြန်တာဟာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်က အချင်းချင်း သွေးကွဲစေရန် ဝါဒဖြန်ချိနေတာကြောင့် ဖြစ်တယ်လို့လည်း အထူးတိုင်း စစ်ဌာနက ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားနဲ့ CDM အရာရှိ ဗိုလ်မှူးတင်လင်းအောင်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပေမဲ့ အခုထုတ်ပြန်ချက်မှာတော့ ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ဖော်ပြမထားပါဘူး။
PDF တပ်မှူးတစ်ဦးကတော့ ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား ဒဏ်ရာရခဲ့ပေမဲ့ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ စက်တင်ဘာ ၂၄ရက်က ပြောထားပါတယ်။
ဒါ့အပြင် အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက လေကြောင်းတိုက်ခိုက်ခံရအပြီး နောက်တနေ့မှာ ပြုလုပ်တဲ့ အထူးတိုင်းစစ်ဌာနရဲ့ ရန်ပုံငွေ ရှာဖွေရေးကမ်ပိန်းကတဆင့် စာနဲ့ သတင်းစကား ပြောကြားခဲ့ရာ စိတ်မပူကြဖို့ အတူတူ သန်မာကြစို့ဟု တိုက်တွန်းထားတာရှိပါတယ်။
အထူးတိုင်းစစ်ဌာန ရဲဘော်တွေကလည်း လေကြောင်းတိုက်ခိုက်ခံရချိန်မှာ ခွန်အားရှိကြောင်း ပြသကြရမှာ ဖြစ်ကြောင်း ပြောကြားကာ လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့ ရန်ပုံငွေရှာဖွေမှု ကမ်ပိန်းမှာ ပြောကြားကာ ပြည်သူတွေအနေနဲ့ ၀ိုင်းဝန်း ပါဝင်ပေးကြဖို့ တောင်းဆိုထားပါတယ်။

👍30😭7❤5🤬5🥰2🤣2👎1👏1😢1🎉1🖕1
စစ်ကိုင်းတံတားမှာ မီနီအိုးဝေသမား ပေါ်တာဆွဲခံရ
စက်တင်ဘာ-၃၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring
စစ်ကိုင်းတံတားမှာ မီနီအိုးဝေသမားတစ်ဦး စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီး အိုးဝေကိုပါ သိမ်းဆည်းခံလိုက်ရကြောင်း စစ်ကိုင်းဒေသခံအချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ တတိယပတ်အတွင်းက စစ်ကိုင်းမြို့အထွက် ရတနာပုံတံတား စစ်ဆေးရေးဂိတ်မှာ မန္တလေးမြို့ဘက်ကနေ မီနီအိုးဝေ သုံးဘီးယာဥ်မောင်းနှင်လာတဲ့ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း ပေါ်တာဆွဲသွားခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့ခံအချို့က ပြောပါတယ်။
"သူက စစ်ကိုင်းဘက်ကို အလုပ်ကိစ္စရှိလို့လာတာကို ပေါ်တာဆွဲခံလိုက်ရတာ။ အိုးဝေလည်းသိမ်းသွားတယ်"လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။
အိုးဝေသမားကို စစ်မှုထမ်းသင်တန်းကျောင်းကို ချက်ချင်းပို့ဆောင်လိုက်တယ်လို့ မြို့ခံအချို့က ပြောပါတယ်။ ရတနာပုံတံတားက စစ်ဆေးရေးဂိတ်တွေဟာ လူငယ်တွေကို စစ်မှုထမ်းပေါ်တာဆွဲလေ့ရှိတာကြောင့် လူငယ်တွေ အသွားအလာနည်းပါးသွားကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့် အောက်တိုဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ၂၀၂၄ ဇူလိုင်ကနေ ၂၀၂၆ သြဂုတ်အတွင်း ပြည်သူ့စစ်မှုထမ်း(ပစ) အပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား (၁၃၅,၀၈၀) ခန့်ကို အဓမ္မစုစည်းခဲ့ကြောင်း၊ ယခုအခါ ၎င်းအင်အားကို အသုံးချပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း(ပစ) အင်အား (၈၀) ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတာကို တွေ့ရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က အသိပေးခဲ့ပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်အခြေအနေကိုကြည့်ရင် ပြည်သူ့စစ်မှုထမ်း(ပစ) သိန်းချီ အင်အားကို အလောင်းအစားပြုပြီး ကမူးရှုးထိုး ထိုးစစ်ဆင် ဆောင်ရွက်နေပေမဲ့ ဘယ်စစ်မျက်နှာမှာမှ လိုရာမရောက်ဘဲ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိရောက်တဲ့ တိုက်ခိုက်ချေမှုန်းမှုတွေကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များပြားနေတာကို တွေ့ရကြောင်း၊ ၎င်းထိခိုက်ဆုံးရှုံးမှုတွေအနက် အများစုမှာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)များ ဖြစ်တာကိုလည်း တွေ့ရကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးပါတယ်။
ဒါ့ကြောင့် အရွယ်ရောက်ပြီး လူငယ်တွေ အနေနဲ့လည်း စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရမယ့်အရေးကို နည်းလမ်းစုံသုံးပြီး ရှောင်ရှားကြဖို့ လိုအပ်နေကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ အသိပေးပါတယ်။

🤬36👍6❤5🤣2👎1🔥1🖕1
အမရပူရမှာ ဒုဋ္ဌဝတီမြစ်ကမ်းပြိုလို့ နေအိမ် ၅ လုံးပြိုကျပြီး နေအိမ်တွေ အရေးပေါ် ရွှေ့ပြောင်းရ
စက်တင်ဘာ ၃၀၊ ၂၀၂၆။ မေရီ/People's Spring
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာမှာ ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုလို့ နေအိမ် ၅ လုံး ပြိုကျခဲ့ပြီး ကျန်နေအိမ်တွေလည်း အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာ၊ ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ နေအိမ် ၅ လုံး ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ "လူတွေမပါဘူး။ အကုန်အိကျသွားတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေအဆိုအရ ယမန်နေ့က မိုးသည်းထန်စွာသွန်းတာအပြင် ယမန်နေ့ညပိုင်းက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုလည်း လှုပ်ခတ်သွားခဲ့တာကြောင့် မြေပြိုကျမှုတွေ ဖြစ်ပွားတာဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။
လက်ရှိ ကမ်းပါးပြိုကျရာအနီးဝန်းကျင်က ကျန်တဲ့နေအိမ်တွေကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးနေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က ထုတ်ပြန်ထားပါတယ်။
လက်ရှိ ထားဝယ်မြို့နယ်မှာလည်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေဖြစ်ပွားနေပြီး ပြည်သူ ၃၂ ဦး သေဆုံးကာ လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

😢34🔥6❤4👍3😱1
(ပြိုကျသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓါတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်းရုံး)
😢34👍4🔥4❤3
ရန်ကုန်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော် ဈေးပေါက်
စက်တင်ဘာ၃၀၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော်သွားအထိ ဈေးတက်လာပြီး တစ်လအတွင်း ဈေးနှစ်ဆ တက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိဈေးကွက်မှာ လက်လီဝယ်ယူသူတွေအနေနဲ့ ကြက်သွန်နီ တစ်ပိဿာ ၁၂၀၀၀ ကျပ် နဲ့ ဝယ်နေရပြီး ပိဿာလိုက်ဝယ်ယူသူတွေအတွက်တော့ ၁၁၀၀၀ ကျပ် နဲ့ ဝယ်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။
ကြက်သွန်နီဈေးက ပြီးခဲ့တဲ့လတုန်းက တစ်ပိဿာ ၆၀၀၀ကျပ်ဝန်းကျင်သာရှိခဲ့ပြီး တစ်လအတွင်းမှာ ကျပ် ၈၀၀၀ ၊ ၁၀၀၀၀ ကနေ ၁၂၀၀၀ ကျပ် အထိရောက်လာတာလို့ သိရပါတယ်။
ကြက်သွန်နီဈေးတက်တာက လက်ရှိရေကြီးနေတဲ့ ဖြစ်စဉ်တွေကြောင့် ဖြစ်နိုင်ပြီး ဓာတ်မြေဩဇာအပါအဝင် စိုက်ပျိုးရေးစရိတ်နဲ့ သယ်ယူရတဲ့စရိတ်တွေပိုကုန်ကျတာကြောင့် ဈေးတက်တာဖြစ်နိုင်တယ်လို့ ပြည်သူတစ်ဦးကသုံးသပ်ထားပါတယ်။
ဒီကာလရောက်ရင်ကြက်သွန်နီက တောင်သူတွေလက်ထဲမှာ မရှိတော့ပဲ ကုန်သည်တွေရဲ့ လက်ထဲမှာပဲရှိတာကြောင့် ကုန်သည်တွေ ဈေးကစားတာဖြစ်နိုင်တယ်လို့ အခြားပြည်သူတစ်ဦးကလည်း ၎င်းရဲ့ အမြင်ကိုပြောပါတယ်။
ကြက်သွန်နီ အသစ်ပေါ်ဖို့ အချိန်အားဖြင့် တစ်လကျော်လောက် လိုနေသေးပြီး လက်ရှိရေကြီးတဲ့ ဖြစ်စဉ်တွေကြောင့် အဲဒီ့ထက်လည်း နောက်ကျနိုင်တယ်လို့ သိရပါတယ်။

🤬19👍15❤7🔥4😱3👎1🤣1
သဘာဝဘေးဒဏ်သင့်နေတဲ့ ထားဝယ်ဒေသကို စစ်တပ်က ဗုံးကြဲပြီး စစ်ကြောင်းတွေ ဝင်လာ
စက်တင်ဘာ၃၀၊၂၀၂၆၊အိမ်သွင်/People's Spring
ရေဘေးနဲ့ မြေပြိုမှု ဘေးရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကို ဒီနေ့ စက်တင်ဘာ ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ထားဝယ်အရှေ့တောဒေသ ရေဝိုင်းရွာနဲ့ နဘုလယ်ရွာဒေသဖက်ကို ညနေ ၃နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာလို့ ဆိုပါတယ်။
" မနက်ကတည်းက ဖုန်းလိုင်းတွေ ဖြတ်ပစ်တယ်။လေယာဉ်ဗုံးကြဲတာက ဟုတ်တယ်။ရေဝိုင်းရွာလား နဘုလယ်ဒေသလားပဲ မသေချာသေးတာ။ ဖုန်းက ဆက်မေးလို့မရဘူး။ စိတ်ပူနေရတယ်"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ထားဝယ်ခရိုင်က ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်မှာလည်း စစ်တပ်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၈ ရက်က အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းဟာ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာကို ဝင်လာပြီး စက်တင်ဘာ ၂၉ ရက်မှာ ရေဖြူမြို့နယ်၊ သစ်တိုထောင့်ကျေးရွာကိုလည်း စစ်ကြောင်းဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ထားဝယ်မြို့ပေါ်က ကြက်စားပြင်ရပ်ကွက်မှာနေတဲ့ လူငယ် တစ်ဦးကိုလည်း စက်တင်ဘာ၂၈ ရက်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။။
ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီတိုင်း၊ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ စက်တင်ဘာ၂၆ရက်ကစပြီး ရေဘေးကြုံတွေ့နေတာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံး ကြုံတွေ့နေရပါတယ်။
တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။ အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ရေဘေးနဲ့မြေပြိုမှု ဘေးကြောင့် ဒေသခံတွေအခက်အခဲကြုံတွေ့နေရစဉ်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်သလို မြေပြင်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေရှိနေတာဖြစ်ပါတယ်။

🤬44👏3❤2🙏2👎1😢1
ဖာပွန်ကို စစ်ကူပို့တဲ့ စစ်တပ်တိုက်ခိုက်မှု လက်နက် ၁၃လက်ရဟု KNU ထုတ်ပြန်
စက်တင်ဘာ ၃၀၊၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် ခရိုင်(ဖာပွန်ခရိုင်)ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၁၃လက် ရရှိခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာအတွင်း စစ်တပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ အခြေအနေကို အသိပေးတာဖြစ်ပါတယ်။
စက်တင်ဘာ ၂၅ရက်က ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် အတွင်း ကတိုင်တိ-ကမမောင်းဒေသ ဘုရားကုန်းအကြား စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ် စစ်ကြောင်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၇လက် သိမ်းရခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၁၆ရက်ကလည်း နိုဃဲထာဒေသရှိ စစ်တပ်ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရ လက်နက် ၃လက် သိမ်းရခဲ့ဟု ဖော်ပြပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၄ရက်နေ့မှာ ဝါသိုးခိုဒေသ အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်ကို KNLA ပူးပေါင်းတပ်က လက်နက် ၃လက် သိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ ဖာပွန်မြို့ကို စစ်ကူပေးနိုင်ရေး စစ်ကြောင်းထိုးမှု တွေ အဆက်မပြတ် လုပ်ဆောင်နေလို့ KNLA ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။
KNLA ပူးပေါင်းတပ်ဟာ စက်တင်ဘာ ၂၇ရက်ကလည်း ဖာပွန်အခြေစိုက် စစ်တပ်လက်ကျန် တပ်စခန်းတခုဖြစ်တဲ့ ဖာပွန်ဗျူဟာကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KNLAနဲ့ အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ Federal Revolution Force(FRF) တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို ပါဝင်တဲ့ ပူးပေါင်းအဖွဲနဲ့ FRF လက်နက်ကြီးထုတ်လုပ်ရေးအဖွဲဟာ စစ်တပ်ဗျူဟာကုန်းကို ၆၀ မမ လက်နက်ကြီး အလုံး ၄၅လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ် အဓိကတပ်စွဲထားတဲ့ ဗျူဟာကုန်းအဆောက်အဦးများ ထိမှန်ပြီး စကစအရာရှိများ နေထိုင်ရာအဆောက်အဦးများနဲ့ ဘားတိုက်များကိုလည်း တိကျစွာ ပစ်ခတ် ချေမှုန်းနိုင်ခဲ့ကြောင်း FRF က ရုပ်သံမှတ်တမ်းနဲ့ အတူ ထုတ်ပြန်ပါတယ်။

👏36❤13👍4👎1🥰1🤣1🖕1