People's Spring
✔
59.9K subscribers
71.7K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှုကြောင့် မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - AA
😢36🤣3🔥2👏2🙏2👎1🤬1🎉1
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ပြတ်ပြတ်သားသား ပြောကြားထားပြီးဖြစ်ဟု ဗြိတိန်ပြော

▪️ကျောက်တော်မြို့ စစ်တပ်လေကြောင်း တိုက်ခိုက်မှု ပြင်းထန်စွာရှုတ်ချ

စက်တင်ဘာ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီးရဲ့ ပြောကြားချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ ဖော်ပြခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၂၈ရက်က ကျောက်တော်မြို၊ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၅၀ဦး သေဆုံးပြီး ၆၀ ဦးခန့် ဒဏ်ရာရရှိခဲ့တဲ့အပေါ် ဗြိတိန်နိုင်ငံက ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ဖော်ပြခဲ့ပါတယ်။

အဲဒီလို အစုလိုက်၊အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် အလွန်အမင်း စိုးရိမ်တုန်လှုပ်မိတယ်လို့လည်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Wintertonက ပြောပါတယ်။

"အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိပါ။ ယူကေအစိုးရအနေနဲ့ ဒီဆိုးရွားလှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ပါတယ်။ အရပ်သားပြည်သူအားလုံးကို အကာအကွယ်‌‌‌ပေးရန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ယူကေက ပြတ်ပြတ်သားသား ပြောကြားထားပြီး ဖြစ်ပါတယ်။” လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အရပ်သားပြည်သူ ၅၀ထက်မနည်းသေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ(UNHCR) မဟာမင်းကြီး ဖော်လ်ကာတာ့ခ်က ပြောပါတယ်။

“ဒီတိုက်ခိုက်မှုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေကို ပေါ်လွင်စေပါတယ်။အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပိုလို့တောင် ဆိုးရွားပါတယ်” လို့ တာ့ခ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး အရပ်သား ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရတဲ့ ဖြစ်စဉ်များစွာ ရှိခဲ့ပါတယ်။

မြောက်ဦးဆေးရုံကို ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူနေထိုင်ရာ စျေးတွေ၊ စာသင်ကျောင်းတွေ၊ လူနေအိမ်တွေ၊ စစ်ရှောင်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ စစ်ကောင်စီတပ်က ဆက်တိုက်ကျူးလွန်နေတာလည်းဖြစ်ပါတယ်။

စစ်တပ်ရဲ့ ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမိန့်ပေးစေခိုင်းသူ ကျူးလွန်သူ ပါဝင်ပတ်သက်သူ တွေအားလုံးကို လက်တုန့်ပြန်သွားမယ်လို့လည်း AAက ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေး အဖွဲ့အစည်းတွေကတော့ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ကျူးလွန်နေမှုများကို စာနဲ့ ထုတ်ပြန်ရုံသာမက လက်တွေ့ကျကျ ထိရောက်စွာ အရေးယူပေးဖို့ ကုလနဲ့ နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုထားပါတယ်။
👍38❤4💩4🤣3🥰1👌1🖕1
(ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှုကြောင့် မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - AA)
🔥22👍7💩3💔3😁2👏1🤬1😢1🖕1
ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှုအကြောင်း ကုလအဆင့်မြင့်အစည်းအဝေးမှာ မြန်မာသံအမတ်ကြီး တင်ပြ

စက်တင်ဘာ-၃၀၊ ၂၀၂၆။ People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုအကြောင်း ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေးမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြပါတယ်။

စက်တင်ဘာ ၂၉ရက် မနေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှတ်နဲ့ မြှင့်တင်ရေးဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်အစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ကျောက်တော်မြို့ရှိ မြို့စျေးတန်းတစ်ခုအပေါ် စစ်အုပ်စုက ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့အခြေအနေကို တင်ပြခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အမြောက်အများ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ကို စိုးစဉ်းမျှ ငဲ့ညှာထောက်ထားခြင်း မရှိတဲ့ စစ်အုပ်စုကို အရပ်သား ဒါမှမဟုတ် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို အပြုသဘောဆောင်သော ရည်ရွယ်ချက်နဲ့လုပ်ဆောင်မယ်ဆိုတာ ဘယ်လိုမျှ ယုံကြည်လို့ မရကြောင်းလည်း သံအမတ်ကြီးက ကုလအစည်းအဝေးမှာ ထောက်ပြပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအတွင်းရှိ အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်အုပ်စုနဲ့ နျူးကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံတို့အကြားမှာ အမည်ခံ နျူးကလီးယား ဓာတ်အားပေးစက်ရုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများရှိနေတဲ့အပေါ် အလွန့်အလွန် စိုးရိမ်ရကြောင်းလည်း သံအမတ်ကြီးက တင်ပြပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ပြန်လည်တည်ဆောက်ကာ ဒီမိုကရေစီကို စစ်မှန်စွာ ပြန်လည်အသက်သွင်းနိုင်ပြီး စစ်တပ်က အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိတဲ့အခါမှသာလျှင် ငြိမ်းချမ်းသောအသုံးပြုမှုအတွက်ပင်ဖြစ်စေ နျူးကလီးယားစွမ်းအင်ဆိုင်ရာ နိုင်ငံတကာ အကူအညီများ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည် လုပ်ဆောင်သင့်ကြောင်း သံအမတ်ကြီးက အကြံပြုဆွေးနွေးပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ကို ကယ်တင်နိုင်ဖို့ စစ်အုပ်စုလက်ထဲကို စစ်လက်နက်ခဲယမ်းများ၊ လေယာဉ်ဆီနဲ့ စစ်ဘက်၊ အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းများပံ့ပိုးမှုကို ဖြတ်တောက်ရပ်စဲပေးကြဖို့လည်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တောင်းဆိုပါတယ်။
👍36🥰4🤣4👏2❤1🤮1💩1👌1🖕1
(နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာ ၂၉ရက်က ကျင်းပတဲ့ ကုလအဆင့်မြင့်အစည်းအဝေးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး)
👍35🥰7🤣4❤1👏1🤮1💩1👌1🖕1
ကျိုက်ထိုက ရွာတွေကို စစ်တပ် လေယာဉ်၊ ဒရုန်း၊လက်နက်ကြီးတွေနဲ့ထပ်မံ တိုက်ခိုက်

စက်တင်ဘာ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတာတွေ ဆက်လက်ပြုလုပ်လျက်ရှိဟု ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

KNU သထုံခရိုင် အတွင်းရှိ ကျိုက်ထိုမြို့နယ် ကျောက်ဖျာ၊ ဝင်းကံ၊ ခရွဲ၊ ငှက်ပျောတော စတဲ့ ကျေးရွာအုပ်စုတွေအတွင်းက ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲမရှိဘဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

စက်တင်ဘာ ၂၇ရက်က စစ်တပ် လေယာဉ် ၂စင်းဟာ ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ချောင်းစောက်ရွာသစ် ရွာအနီး ဝန်းကျင်ကို ဖျက်အားပြင်းဗုံးတွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သလို Y12 လေယာဉ်နဲ့လည်း ၁၂၀ မမ ဗုံးသီးတွေ ကြဲချခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြင် စစ်တပ်ရဲ့ တပ်မ(၄၄) က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို အသေခံ ဒရုန်း ၄စင်းနဲ့လည်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။

လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရှိမရှိ အခြေအနေတွေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၉ရက်မှာလည်း တပ်မ(၄၄)လက်အောက်ခံ ခမရ(၂၀၇ နဲ့ အမတ (၃၁၀) တပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဝင်းကံနဲ့ ခရွဲ ကျေးရွာအုပ်စုတွေအတွင်း ဝင်းကံရွာ၊ ကျောက်ရေတွင်းရွာ ကြားကအရပ်သား ပြည်သူ တွေရဲ့ လုပ်ငန်းခွင်တွေထဲ ပေါက်ကွဲကာ ခြံစိုက်ပျိုးပင်များ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ငှက်ပျောတောကျေးရွာအုပ်စု ငှက်ပျောတော ကျေးရွာ အနီးကိုလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ အရပ်သားပြည်သူလုပ်ငန်းခွင်ထဲတွင်ကျရောက်ပေါက်ကွဲပြီး ခြံ စိုက်ပျိုးပင်များ ပျက်စီးခဲ့ကြောင်း ပြောပါတယ်။
စစ်တပ်ဟာ ကျိုက်ထိုမြို့နယ်ကို အခု ရသတ္တပတ်အတွင်း လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူသေဆုံးထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၂ရက်က တပ်မ(၄၄) က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဇီးပြောင်းကျေးရွာအုပ်စုအတွင်းရှိ ရာဘာခြံမှ ခြံလုပ်သား ၁ဦး သေဆုံးခဲ့ရသလို ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၄ရက်ကလည်း ကျိုက်ထိုမြို့နယ် အလူးကျေးရွာအုပ်စု ရှမ်းစုရွာအတွင်း လက်နက်ကြီးကျလို့ ၉နှစ်ကလေးငယ် ဒဏ်ရာရရှိခဲ့ပါတယ်။
🤬23🔥11👍4❤2👎1👏1🎉1💩1🤣1
(ကျိုက်ထိုမြို့နယ်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှု ကြောင့် ပျက်စီးမှုအချို့။ ဓာတ်ပုံ - ပေးပို့)
🔥13🤬13💩3👎2❤1👏1🤩1
ဖားကန့် ဆယ်ဇင်းဒေသက စစ်တပ်လက်အောက်ခံ SNA တပ်စခန်း ၂ခုကို KIA သိမ်းပိုက်

စက်တင်ဘာ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၂၈ရက် မနက်ပိုင်းက ဆယ်ဇင်းဒေသ တောင်ယာကုန်းရွာမှာရှိတဲ့ SNA စခန်း ၂ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

SNAနဲ့ ရှမ်းနီ ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်ခြေရှိကြောင်းလည်း သတင်းရင်းမြစ်က အသိပေးပါတယ်။

စစ်တပ် လက်အောက်ခံ SNAနဲ့ ရှမ်းနီပြည်သူ့စစ်တွေဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ် စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ဗန်းမောက် မြို့နယ်တွေ အပါအဝင် ကချင်-စစ်ကိုင်းအစပ်ဒေသတွေမှာ ရှိပြီး စစ်ကောင်စီနဲ့ ပူးပေါင်းကာ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဆယ်ဇင်းဒေသ SNA စခန်း ၂ခု သိမ်းပိုက်နိုင်မှုမှာ လက်နက်ခဲယမ်းအချို့ ရရှိတယ်လို့ အခြား သတင်းရင်းမြစ်တစ်ဦးကလည်း အသိပေးထားပါတယ်။

SNA စခန်းသိမ်းပိုက်နိုင်မှု အပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

KIA နဲ့ စစ်တပ်တွေဟာ စက်တင်ဘာလအတွင်းမှာ ဗန်းမော်၊ ရွှေကူ၊ မိုးညှင်းအင်းတော်ကြီးဒေသ၊ ရှမ်းမြောက် မိုးမိတ်မြို့အနီး ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်တပ်စခန်းအချို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဖားကန့်တိုက်ပွဲ #ဆယ်ဇင်းစခန်းသိမ်းပိုက်မှု #KIA #SNA #ကချင်ပြည်နယ်စစ်ရေး #မြန်မာ့စစ်ရေးသတင်း #HpakantBattle #SezinCampCaptured #KachinIndependenceArmy #ShanniNationalArmy #KachinConflict #MyanmarConflict #MyanmarNews
❤29👍11👏8🥰2👎1😁1💩1🤣1🖕1
Media is too big
VIEW IN TELEGRAM
👍34🥰8👏5👌3❤2🖕2👎1🤣1
မလေးရှားရောက်ဒုက္ခသည်တွေ မြန်မာဆီဘယ်လိုပြန်ပို့ခံရလဲ

စက်တင်ဘာ - ၃၀ ၊၂၀၂၆

ကြိုတင်ကြေညာထားတဲ့အတိုင်းရွှေ့ပြောင်းဒုက္ခသည်ဦးရေ ၁,၅၀၀ လောက်ကိုမြန်မာဆီပြန်ပို့တဲ့အစီအစဉ်ကို မလေးရှားက(စက်တင်ဘာ ၂၉ ရက်) မှာ စတင် အကောင်အထည်ဖော်လိုက်ပါတယ်။

ရိုဟင်ဂျာ အများစု ပါဝင်တယ်လို့ ယုံကြည်ရတဲ့ ဒုက္ခသည် ၁,၅၀၀ ဝန်းကျင်လောက်ကို ပထမ အသုတ်အဖြစ် မြန်မာဆီ ပြန်ပို့ဖို့ မလေးရှား အစိုးရက ပြန်ပို့လိုက်တာပါ။

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က မလေးရှားရောက် ဒုက္ခသည်တွေထဲက ဆန္ဒအလျောက် နေရပ်ပြန်လိုသူ ၅,၀၀၀ လောက်ကို လက်ခံဖို့ အာဏာသိမ်း မြန်မာစစ်တပ်က သဘောတူ လက်ခံထားကြောင်း ဇူလိုင်လတုန်းက ပြောကြားဖူးပါတယ်။

စက်တင်ဘာ ၂၉ ရက်မှာတော့ ရဲအစောင့်အရှောက်တွေနဲ့အတူ ဒါဇင်နဲ့ချီ များပြားတဲ့ ဘတ်စ်ကားတွေဟာ မလေးရှားနိုင်ငံ အနောက်မြောက်ဖက်က လူမွတ် ရေတပ်စခန်းနားက မက်ဂျ်လစ် ပါဘန်ဒါရန် မန်ဂျွန် အားကစားရုံကြီးဆီ ဆက်တိုက် ရောက်ရှိလာနေခဲ့ပါတယ်။

အာဏာပိုင်တွေက အားကစားရုံထဲကိုတော့ သတင်းထောက်တွေကို ဝင်ခွင့် မပေးပါဘူး။

အားကစားကွင်းထဲ စုဝေးရောက်ရှိနေတဲ့ ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ပြီးရင်တော့ ရေတပ်စခန်းဆီ လွှဲပြောင်းပေးပြီး အဲဒီကမှ မြန်မာဖက်ဆီ သင်္ဘောနဲ့ ပြန်ပို့တာပါ။

မလေးရှားအာဏာပိုင်တွေဘက်က ထုတ်ပြန်လာတဲ့ ဓာတ်ပုံမှာတော့ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အာဏာသိမ်းမြန်မာရေတပ်ရဲ့စစ်ရေယာဉ်တွေဖြစ်တဲ့မုတ္တမ ၊ ဆင်ဖြူရှင်စစ်ရေယာဉ်နှစ်စီးပေါ်လူတွေတင်ပေးဖို့ပြင်ဆင်နေတာတွေ့ရပါတယ်။

အစောပိုင်း သတင်းတွေတုန်းက မလေးရှားဟာ ရိုဟင်ဂျာ အများစုပါဝင်တဲ့ ရွှေ့ပြောင်း ဒုက္ခသည် ၁,၅၀၀ ကို မြန်မာဖက် ပြန်ပို့မယ်လို့ ဖော်ပြခဲ့ဖူးပေမယ့် လက်ရှိ ပြန်ပို့မယ့်သူတွေက ရိုဟင်ဂျာတွေလား ဆိုတာကို မလေးရှား အာဏာပိုင်တွေက ရှင်းလင်း ပြောဆိုထားတာ မရှိပါဘူး။

မြန်မာကနေ မလေးရှားကို ရောက်ရှိနေတဲ့ ဒုက္ခသည် ၁၉,၀၀၀ ထဲမှာ သုံးပုံနှစ်ပုံလောက်ကတော့ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ (UN)က ထုတ်ပြန်ထားပါတယ်။

မလေးရှားမှာ ရိုဟင်ဂျာတွေနဲ့ ဒေသခံ လူ့အဖွဲ့အစည်းတွေကြား ပဋိပက္ခ အခြေအနေ တချို့ကလည်း ဒုက္ခသည်တွေကို မြန်မာဖက် ပြန်ပို့ဖို့ မလေးရှား အစိုးရအပေါ် ဖိအားပိုများလာစေခဲ့ပါတယ်။

လဆန်းပိုင်းမှာတော့ အာဏာသိမ်း မြန်မာစစ်တပ်က ပြည်ပရောက် နိုင်ငံသားတွေကို ဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်လာခွင့် ရစေမယ်လို့ အာမခံခဲ့ပါတယ်။

ပြီးတော့ ဝန်ကြီးချုပ် အန်ဝါက သူဟာ ဒုက္ခသည်တွေကို ပြန်ပို့ရေးကိစ္စ ဆွေးနွေး ညှိနှိုင်းဖို့အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဘဝကနေ ကိုယ်တိုင်ခန့် သမ္မတ ရာထူး ရယူထားသူ မင်းအောင်လှိုင်ကို မလေးရှားဆီ ဖိတ်ခေါ်မယ်လို့ အတည်ပြုထားပါတယ်။

ကိုးကား - AFP

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #မလေးရှားရောက်မြန်မာများ #ဒုက္ခသည်များပြန်ပို့ခံရမှု #မလေးရှားလူဝင်မှုကြီးကြပ်ရေး #စစ်ကောင်စီသံရုံး #လူ့အခွင့်အရေး #မြန်မာ့ရေးရာသတင်း #MyanmarRefugeesInMalaysia #DeportationToMyanmar #ImmigrationDepot #UNHCRMalaysia #HumanRights #MyanmarNews
👎24❤4🔥4👌3🤮2👍1👏1😢1🥴1
Media is too big
VIEW IN TELEGRAM
🤬29👎8🔥3😡2👏1🥴1
ရေကြီး၊ မြေပြိုဘေးအဆိုးဆုံးကြုံရတဲ့ကဒက်ငယ်ထိန်ရွာမှာ အ​ရေး​ပေါ်အကူအညီ​တွေလို​နေဆဲ

စက်တင်ဘာ-၃၀၊၂၀၂၆။အိမ်သွင်/People's Spring

ထားဝယ်ဒေသအတွင်းရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေမှာ လောင်းလုံမြို့နယ်ထဲက ကဒက်ငယ်ထိန်ကျေးရွာဟာထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့တဲ့ကျေးရွာတွေမှာပါဝင်ပါတယ်။

မြေပြိုမှုကြောင့်ပျောက်ဆုံးနေသူကိုရှာဖွေနေစဉ် ဒီနေ့မနက်ပိုင်းမှာ နေအိမ်တစ်အိမ်ထဲကနေ ငြီးတွားသံကြားလို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့​တွေက ရှာ​ဖွေကယ်ဆယ်​ရေးလုပ်နေကြတာဖြစ်ပါတယ်။

တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး ပျောက်ဆုံးနေသူတွေဒါဇင်နဲ့ချီပြီးရှိနေသေးတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကစက်တင်ဘာလ၃၀ ရက်မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ကဒက်ငယ်ထိန်ကျေးရွာတစ်ခုတည်းမှာ ရေဘေးနဲ့ မြေပြိုဘေးကြောင့် သေဆုံးသူ ၁၅ဦးရှိပြီး ၁၀ဦးရဲ့ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိထားပါတယ်။ ငါးဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ ကယ်ဆယ်​ရေး​ထောက်ကူယန္တရားလိုအပ်ချက်တွေကြောင့် အ​ရေး​ပေါ်ရှာဖွေကယ်ဆယ်ရေး နှောင့်နှေးနေတဲ့အတွက် အသက်ရှင်ကျန်ပြီးပိတ်မိ​နေသူ​တွေရှိ​သေးရင် အချိန်မီမကယ်တင်နိုင်မှာ စိုးရိမ်နေတယ်လို့ လောင်းလုံးမြို့ဒေသခံတွေကပြောပါတယ်။

တနင်္သာရီတိုင်းအတွင်း ရေဘေးနဲ့ မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးအပါအဝင်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ထုတ်ပြန်ထားပါတယ်။ PDF နဲ့​တော်လှန်​ရေးအင်အားစု​တွေကလည်းကယ်ဆယ်​ရေးလုပ်ငန်း​တွေမှာ ဝင်​ရောက်ကူညီ​နေကြပါတယ် ။
😢30👍3🤮2😡2👎1🤣1
Media is too big
VIEW IN TELEGRAM
😢31👍3🔥3👎1🤣1
ထားဝယ်ဒေသတွင်း ရေဘေးနဲ့ တောင်ပြိုမှုကြောင့် ပျက်စီးဆုံးရှုံးမှုတိုးလာ

▪️ကူညီကယ်ဆယ်ရေးအခက်ကြုံနေဆဲ

စက်တင်ဘာ-၃၀၊ ၂၀၂၆။ ဇော်ရမ်း/People's Spring

ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းတိုးလာပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရောက်နိုင်သေးတဲ့နေရာတွေ ရှိသေးတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။

တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၉ရက် မနေ့က အထိ ရရှိခဲ့တဲ့ စာရင်းတွေအရ ထားဝယ်ဒေသတစ်ခုလုံးမှာ ပျက်စီးခဲ့တဲ့ အဆောက်အဦး ၂၆၀ ကျော်ရှိတာကနေ စာရင်းထပ်တိုးလာတာဖြစ်ပါတယ်။ အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က အသိပေးပါတယ်။

သေဆုံးသူ ၃၂ဦးကို အတည်ပြုထားနိုင်ပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေဆဲဖြစ်ပါတယ်။ ကား၊ ဆိုင်ကယ်နဲ့ အခြားသော စက်ယန္တယားတွေ၊ တိရိစ္ဆာန်တွေလည်း ထိခိုက်သေဆုံးမှုရှိနေပြီး ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ အသိပေးထားပါတယ်။

ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီတိုင်း လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ စက်တင်ဘာ၂၆ရက်ကစပြီး ရေဘေးကြုံတွေ့နေတာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှု အဆိုးဆုံးကြုံတွေ့နေရပါတယ်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ ယန္တရားလိုအပ်ချက်တွေကြောင့် ရှာဖွေကယ်ဆယ်ရေး နှောင့်နှေးနေတာအတွက် စိုးရိမ်နေတယ်လို့ လောင်းလုံးမြို့ဒေသခံတွေကပြောပါတယ်။

"ကျမတို့ ရွာမှာဆိုရင် မြေပိနေသူတချို့ရှိနေသေးတယ်။ ကယ်ဖို့က အရမ်းခက်ခဲနေတာ။ မသေဆုံးသင့်ဘဲ သေဆုံးရတာတွေအတွက် စိတ်မကောင်းဘူး။ အနယ်နယ်အရပ်ရပ်က အကူအညီတွေ လိုအပ်ပါတယ်"လို့ လောင်းလုံးမြို့ ကဒက်ငယ်ထိန်ရွာဒေသခံတစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း တနင်္သာရီတိုင်းအတွင်း ရေဘေးနဲ့ မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ မနေ့ညမှာ ထုတ်ပြန်ပါတယ်။ ဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်နေရာထိုင်ခင်း၊ အစားအစာ၊ သန့်ရှင်းသောသောက်သုံးရေ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ‌သွားလာပို့ဆောင်ရေးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။ ရေလွှမ်းမိုးခံရတဲ့ ကျေးရွာတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်မြေတပ်ရင်းတွေက ရှာဖွေကယ်ဆယ်ရေးနဲ့ အပျက်အစီး ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့လည်း အသိပေးထားပါတယ်။

ထားဝယ်ဒေသအတွင်း ရေအနည်းငယ်ပြန်ကျနေပေမယ့် မြေပြိုနိုင်တဲ့အန္တရာယ်ရှိနေသေးတဲ့အတွက် ဒေသခံတွေ အလျင်စလို ပြန်လည်နေထိုင်ခြင်းမပြုကြဖို့နဲ့ မိုင်းအန္တရာယ်လည်းသတိပြုကြဖို့လည်း ထားဝယ်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

လက်ရှိ ရေဘေးကြုံတဲ့ဒေသတွေဟာ စစ်ကောင်စီက မြို့ပေါ်တွေကိုသာ ထိန်းချုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီကိုဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။

တောင်မြေပြိုမှုတွေဆက်ရှိနေပြီး အခက်အခဲတွေကြားကနေ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့ အရပ်ဖက်အဖွဲ့အချို့ကပြောပါတယ်။ ဒေသအသီးသီးက ပရဟိတအဖွဲ့တွေအနေနဲ့လည်း ထားဝယ်ဒေသကို လာရောက်ကူညီကြဖို့ တောင်းဆိုထားကြပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ရေဘေးနဲ့မြေပြိုမှုဘေးဟာ ဒေသခံတွေအတွက် ထိခိုက်ဆုံးရှုံးမှုအလွန်ကြီးမားခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
🔥14😢13👍6❤3👎2🙏2🤣1
(သရက်ချောင်းအောက်ပိုင်းရှိ သဲချောင်းကြီးကျေးရွာကို စက်တင်ဘာ ၃၀ရက်မှာ တွေ့ရစဥ်။ ဓာတ်ပုံ - Felix Nolan/FB)
😢31👍4🔥3👎2🤣1
တပ်စခန်းဗုံးကြဲခံရမှု ဖမ်းခံရတဲ့ရဲဘော်တွေနဲ့ ဘက်ပြောင်းသူတွေရဲ့ ထွက်ဆိုချက်ကြောင့်ဟု အထူးတိုင်းစစ်ဌာန ထုတ်ပြန်

စက်တင်ဘာ ၃၀၊ ၂၀၂၆။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ရန်သူက ဖမ်းမိသွားတဲ့ တပ်ပြေး၊နှုတ်ထွက် ရဲဘော်တွေနဲ့ ရန်သူ့ထံ ဘက်ပြောင်း ခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်ဟာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ စုံစမ်းသိရကြောင်း အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၄ရက်က အထူးတိုင်းစစ်ဌာန တပ်စခန်းကို စစ်တပ် တိုက်လေယာဉ် ၂စီးက ဗုံးသီး ၄လုံး ကြဲချခဲ့ရာ ၂လုံး ထိမှန်ခဲ့လို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ဦး၊ ဆက်သွယ်ရေးရဲဘော် ၂ဦး ၊ CDM တပ်ကြပ်ကြီ ၁ဦး စုစုပေါင်း ၅ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

အခုလို ဗုံးကြဲခံရတဲ့ အကြောင်းအရင်းကို ထုတ်ပြန်တာဟာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်က အချင်းချင်း သွေးကွဲစေရန် ဝါဒဖြန်ချိနေတာကြောင့် ဖြစ်တယ်လို့လည်း အထူးတိုင်း စစ်ဌာနက ဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားနဲ့ CDM အရာရှိ ဗိုလ်မှူးတင်လင်းအောင်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပေမဲ့ အခုထုတ်ပြန်ချက်မှာတော့ ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ဖော်ပြမထားပါဘူး။

PDF တပ်မှူးတစ်ဦးကတော့ ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား ဒဏ်ရာရခဲ့ပေမဲ့ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ စက်တင်ဘာ ၂၄ရက်က ပြောထားပါတယ်။

ဒါ့အပြင် အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက လေကြောင်းတိုက်ခိုက်ခံရအပြီး နောက်တနေ့မှာ ပြုလုပ်တဲ့ အထူးတိုင်းစစ်ဌာနရဲ့ ရန်ပုံငွေ ရှာဖွေရေးကမ်ပိန်းကတဆင့် စာနဲ့ သတင်းစကား ပြောကြားခဲ့ရာ စိတ်မပူကြဖို့ အတူတူ သန်မာကြစို့ဟု တိုက်တွန်းထားတာရှိပါတယ်။

အထူးတိုင်းစစ်ဌာန ရဲဘော်တွေကလည်း လေကြောင်းတိုက်ခိုက်ခံရချိန်မှာ ခွန်အားရှိကြောင်း ပြသကြရမှာ ဖြစ်ကြောင်း ပြောကြားကာ လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့ ရန်ပုံငွေရှာဖွေမှု ကမ်ပိန်းမှာ ပြောကြားကာ ပြည်သူတွေအနေနဲ့ ၀ိုင်းဝန်း ပါဝင်ပေးကြဖို့ တောင်းဆိုထားပါတယ်။
👍30😭7❤5🤬5🥰2🤣2👎1👏1😢1🎉1🖕1
(အထူးတိုင်းစစ်ဌာနက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - အထူးတိုင်းစစ်ဌာန)
❤32👍12🥰2🤣2🫡2👎1🤮1💩1🖕1