People's Spring
✔
59.9K subscribers
71.7K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - ရွှေဘိုသပိတ်အင်အားစု၊ ဆားလင်းကြီးလူထုသပိတ်
👍38❤12🥰4🤮3🖕3👏2😁1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၂၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ကန့်ဘလူနယ်ကို စစ်တပ်ဗုံးကြဲမှု ၄ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာကို စစ်တပ်က စက်တင်ဘာ ၂၈ရက် မနေ့က ဗုံးကြဲခဲ့ပြီး အမျိုးသမီး၂ဦး၊ ကလေးငယ်၂ဦး စုစုပေါင်း ၄ဦး သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက် မနေ့ နေ့လယ်ပိုင်းမှာ အင်းလယ်ကြီးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးခဲ့သလို ရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။​ အဲဒီလေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် အသက်၂ နှစ် နဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်နှစ်ဦးနဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးနှစ်ဦးတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်ရတဲ့သူတွေလည်း ရှိပြီး ထိခိုက်သူတွေထဲ အမျိုးသမီးတွေ ပိုများတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးခဲ့တဲ့ ၄ဦးထဲမှာ သားအမိနှစ်ဦးပါဝင်တယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။ သေဆုံးသူတွေကို မနေ့ကပဲ စုပေါင်းသင်္ဂြိုလ်လိုက်ပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ကနဦး စစ်တပ်ရဲ့ ကင်းထောက်လေယာဉ်တွေဝဲတာ​ကြောင့် ​ဒေသခံပြည်သူတွေ ရှောင်တိမ်းဖို့ပြင်ဆင်​နေချိန်မှာ ဗုံးကြဲခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဗုံးကြဲခဲ့တဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားနေတာလည်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

◾️ကျောက်တော်ကို စစ်တပ်ဗုံးကြဲမှု အာဆီယံလွှတ်တော်အမတ်များအဖွဲ့ ရှုတ်ချ

အာဆီယံလူ့အခွင့်အရေးဆိုင်ရာလွှတ်တော်အမတ်များအဖွဲ့ (APHR)က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအ​ပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ အရပ်သားပြည်သူတွေ အများအပြား ထိခိုက်သေကြေစေခဲ့တဲ့ လူမဆန်တဲ့ လုပ်ရပ်အတွက် စစ်တပ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့လည်း APHRက အလေးအနက် တောင်းဆိုလိုက်ပါတယ်။ မြေပြင်စစ်ဆင်ရေးတွေမှာ ရှေ့မတိုးနိုင်တဲ့ စစ်တပ်ဟာ လူထူထပ်ရာနေရာတွေကို လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာနေကြောင်းနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်က လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေတာတွေကို ရပ်တန့်ပစ်ဖို့ လိုကြောင်း APHRရဲ့ ဥက္ကဋ္ဌနဲ့ အင်ဒိုနီးရှား လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ မာစီခရစ္စတီဘာရန်စ်က ဒီနေ့ စက်တင်ဘာ ၂၉ရက်မှာ ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့ လိုကြောင်းလည်း APHR ဥက္ကဋ္ဌက ထောက်ပြပါတယ်။ ကျောက်တော်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း APHRက ထုတ်ပြန်ခဲ့ပြီး တရားမျှတမှု၊ စစ်တပ်ရဲ့ အကြမ်းဖက် အုပ်ချုပ်မှုတွေကို တွန်းလှန်နေတဲ့ မြန်မာပြည်သူတွေနဲ့ထပ်တူ မယိမ်းမယိုင် ဆက်လက် ရပ်တည်နေမယ်လို့ ကြေညာသွားပါတယ်။

◾️ကျောက်တော်လေကြောင်းတိုက်ခံရမှု သေဆုံးသူ ၅၀ဦး ရှိလာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၅၀ဦးရှိခဲ့ပြီလို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ ဒဏ်ရာပြင်းထန်သူများအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၅၈ဦးရှိပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအများဆုံး ဖြစ်စဉ်ဖြစ်တယ်လို့ AAက ဖော်ပြပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂၈ရက် နေ့လယ်ပိုင်းမှာ ကျောက်တော်မြို့ အိန္ဒိယဈေးအနီးပတ်ဝန်းကျင်နဲ့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်တို့ကို လေကြောင်းဗုံးကြဲခဲ့ရာ လမ်းသွားလမ်းလာ၊ ဈေးရောင်းဈေးဝယ်၊ ကုန်တင်ကုန်ချလုပ်သားများအပါအဝင် ပြည်သူလူထုအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ စစ်ရာဇဝတ်ကောင် အကြမ်းဖက် မင်းအောင်လှိုင် လက်ထက်နည်းတူ အကြမ်းဖက် ရဲဝင်းဦး လက်ထက်မှာလည်း စစ်ရာဇဝတ်ကောင်ရာထူးကို လက်ဆင့်ကမ်းရယူပြီး အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုကို ဂျက်တိုက်လေယာဉ် အုပ်စုလိုက်သုံးကာ အဆိုးဝါးဆုံးသော စစ်ရာဇဝတ်မှုမျိုးကို ဆက်လက်အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်လာနေတယ်လို့ AAက ဖော်ပြပါတယ်။ စစ်တပ်ရဲ့ အဆိုးဝါးဆုံးစစ်ရာဇဝတ်မှုကျူးလွန်နေခြင်းကို ပြင်းထန်စွာကန့်ကွက်ကြောင်း AAက ဖော်ပြခဲ့ပြီး အခုလိုအစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပေါ်စေတဲ့ တိုက်ခိုက်မှုတွေမှာ တိုက်ရိုက်တာဝန်ရှိသူတွေနဲ့ အဖွဲ့တွေကို ထိရောက်တဲ့လက်တုံ့ပြန်မှုတွေကို မနှေးမကြာ ပြုလုပ်သွားမယ်လို့ ဖော်ပြပါတယ်။

◾️တနင်္သာရီရေဘေး သေဆုံးသူ ၃၀ကျော်လာပြီး ဒါဇင်ချီပျောက်ဆုံးနေဆဲ
🤬14🤣4❤3👍2😢2🖕2
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့် သေဆုံးသူ ၃၂ဦး ရှိလာပြီး ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီ ရှိနေဆဲဖြစ်‌တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က စက်တင်ဘာ ၂၉ရက် ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း‌တွေ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သလို သေဆုံးမှုစာရင်း ဆက်လက်တိုးလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ထားဝယ်ဒေသတစ်ခုလုံးမှာ အဆောက်အဦးပေါင်း ၂၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အပျက်အစီးစာရင်းလည်း ဆက်လက်တိုးလာနိုင်​​သေးတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရေအနည်းငယ်ပြန်ကျနေပေမယ့် ဒေသခံတွေ အလျင်စလို ပြန်လည်နေထိုင်တာ မပြုလုပ်ကြဖို့နဲ့ မိုင်းအန္တရာယ်ကိုလည်းသတိပြုကြဖို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

◾️မလေးရှားက ဒုက္ခသည်တွေကို မြန်မာဆီပြန်ပို့တဲ့ကိစ္စ စိုးရိမ်ကြောင်း ကုလပြော

ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို မလေးရှားက မြန်မာနိုင်ငံဆီ ပြန်ပို့နေတာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလသမဂ္ဂ(UN)ကပြောကြားပါတယ်။ မလေးရှားအစိုးရကတော့ ကလေးတွေ အပါအဝင် လူပေါင်း ၁,၄၇၆ ဦးကို မြန်မာနိုင်ငံဆီ ပြန်ပို့တာဟာ ကာယကံရှင်တွေရဲ့ သဘောဆန္ဒနဲ့အညီ လုပ်ဆောင်တာလို့ ပြောပေမယ့် UNကတော့ စစ်ရေးပဋိပက္ခ ထူထပ်နေတဲ့ မြန်မာနိုင်ငံဆီ သူတို့ရဲ့ အပြန်ခရီးဟာ ဘေးကင်းတဲ့၊ ဂုဏ်သိက္ခာရှိတဲ့၊ ရေရှည်အဆင်ပြေမယ့် အခြေအနေ မဖြစ်နိုင်ဘူးလို့ သတိပေးခဲ့ပါတယ်။ အာဏာသိမ်းမြန်မာစစ်တပ်ဟာ မလေးရှားရောက် ဒုက္ခသည် ၅,၀၀၀ လောက်ကို နေရပ်ပြန်ပို့တာလက်ခံမယ်လို့သဘောတူထားကြောင်း မလေးရှားအစိုးရက ဇူလိုင်မှာ ကြေညာခဲ့ပါတယ်။ အဲဒီထဲက ပထမအသုတ်အဖြစ် အမျိုးသား ၁,၃၇၀၊ အမျိုးသမီး ၇၉ ဦး၊ ကလေးငယ် ယောက်ျားလေး ၂၀ နဲ့ မိန်းကလေး ၇ ဦးတို့ကို စက်တင်ဘာ ၂၉ ရက်မှာ မလေးရှားက ပြန်ပို့ခဲ့တာပါ။ သူတို့တွေကို မြန်မာစစ်တပ်ရဲ့ ရေတပ်သင်္ဘောတွေက လာရောက်ခေါ်ယူသွားခဲ့ပါတယ်။

◾️ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာလို့ တိုက်ပွဲဖြစ်နေ

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။ ချင်းကာကွယ်ရေးတပ်-ကန်ပက်လက် ၊ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေ၊ ယောကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေက ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ၂၀၂၄ ဧပြီ ၂၉ ရက်က သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်တပ်က ပထမဆုံးအကြိမ် တန်ပြန်ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။ စက်တင်ဘာ ၂၆ ရက်ကစပြီး စစ်တပ်က အင်အား ၅၀၀ လောက်နဲ့ ထိုးစစ်ဆင်နေပြီး ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ လောင်းရှည်မြို့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂၆ ရက်ကစပြီး ဒီနေ့ စက်တင်ဘာ ၂၈ ရက်အထိ သုံးရက်ဆက် လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။ စစ်တပ်စစ်ကြောင်းက မဆာတွီကျေးရွာမှာ အထိုင်ချတပ်စွဲဖို့ ကနဦးကြိုးပမ်းနေတာဖြစ်ပြီး အဲဒီကျေးရွာကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာလို့ စစ်တပ်စစ်ကြောင်းကို ခုခံနေတဲ့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် မဆာတွီကျေးရွာအပါအ၀င် ကျင်ဒွေး-လောင်းရှည်လမ်းပိုင်းပေါ်က ကျေးရွာ‌ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

◾️လက်ပံတန်းအရှေ့ခြမ်းက စစ်ဘေးရှောင်တွေ စား၀တ်နေရေး အခက်တွေ့နေ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့ခြမ်းမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ဟာ စား၀တ်နေရေးအခက်တွေ့နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတချို့က ပြောပါတယ်။ အဲဒီ ပြည်သူတစ်ထောင်ကျော်ဟာ အရင်က လက်ပံတန်းမြို့နယ်အနောက်ခြမ်း ရေငံကျေးရွာ ဒေသခံတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂နှစ်က စစ်တပ်အထိုင်ချတပ်စွဲကာ နေအိမ်တွေ မီးရှို့ခံရတာကြောင့် စစ်ရှောင်နေကြရတာလို့ ကူညီဆောင်ရွက်ပေးသူတချို့က ဆိုပါတယ်။ စစ်ရှောင်ပြည်သူတွေ စုဖွဲ့နေထိုင်ကြတဲ့ တောတိုက် အိမ်စုတွေကို စက်တင်ဘာ ၁၄ ရက်မှာ ထပ်မံမီးရှို့ခံရတာကြောင့် ဒုက္ခရောက်ကြတာဖြစ်တယ်လို့ လက်ပံတန်းမြို့နယ်စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ ချက်ပြုပ်စားသောက်စရာ အိုးခွပ်၊အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

◾️မိုးမိတ်မြို့အနီး တိုက်ပွဲဆက်ပြင်းထန်
🤬10👍4❤3🤣3🖕2
မိုးမိတ်မြို့အနီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒီနေ့ စက်တင်ဘာ ၂၉ရက် မနက်ပိုင်းမှာလည်း စစ်တပ်က Y12၊ ဂျက်ဖိုက်တာ‌တွေနဲ့ဗုံးကြဲနေလို့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့်အကွာက ညောင်နီကျေးရွာအနီးမှာ စက်တင်ဘာ ၂၈ရက်မနက်ပိုင်းကစပြီး စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ စက်တင်ဘာ ၂၈ရက်က တိုက်ပွဲဖြစ်ပွားနေချိန်မှာလည်း ရဟတ်ယာဉ်အပြင် ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စက်တင်ဘာ ၂၈ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

◾️မုံရွာ-မန္တလေးလမ်းမှာ မိုင်းကွဲပြီး ခရီးသည် ၁ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည် ၁ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ် မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီးမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး AD Van အမျိုးအစား ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် အမျိုးသမီး ၁ဦး မိုင်းစထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အလားတူ ကားပေါ်ပါ ယာဥ်မောင်းနဲ့ သံဃာတော် ၁ပါးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အရင်ကလည်း မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီယာဥ်တွေ ဖြတ်သန်းချိန် မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိတာကြောင့် စစ်တပ်ဟာ ခရီးသွားတွေကို ရှေ့ကနေ လူသားဒိုင်းအဖြစ် သွားခိုင်းတာ၊ မိုင်းရှင်းခိုင်းတာတွေ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံလှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုက ဦးဆောင်ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ဦးကျော်မိုးထွန်းရဲ့ပုံပါ ဗီနိုင်းတွေ စိုက်ထူ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့အသံကို ကုလသမဂ္ဂမှာ ဆက်လက်ဖော်ပြနိုင်ရေးအတွက် ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုဖို့လည်း ရွှေဘိုသပိတ်အင်အားစုက တောင်းဆိုထားပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း စစ်ရှောင်ပြည်သူတွေနဲ့အတူ လက်ပံတောင်းတောင်ပင်မသပိတ်မှ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဖို့ ထောက်ခံပွဲ လုပ်ဆောင်ခဲ့ပါတယ်။
အလားတူ ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ၅/ဆလက လူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေး ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
👍22❤4🤣3🖕3🕊1
👍26🤬3🖕3🤮2
■​ဆောင်းပါး

ပညာ​ရေးခါးဆက်ပြတ်ခဲ့ရတဲ့
စစ်ရှောင်က​လေး​တွေ

-ဇွန်ပွင့်​ရေးသားသည်။

မြဝတီမြို့တောင်ဘက်မှာ ရှိတဲ့ DKBA တပ်ဖွဲ့ရဲ့ ကင်းစခန်းဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဘိလပ်မြေဖျော်တဲ့သူ​တွေ၊ အုတ်ထမ်းတဲ့သူတွေ၊သံချောင်းတွေနေရာရွှေ့သူ​တွေ၊ အုတ်စီတဲ့သူ​တွေနဲ့ ကိုယ်စီအလုပ်ရှုပ်​နေကြပါတယ်။အဲဒီဆောက်လုပ်ရေးလုပ်သား​တွေထဲမှာ အသက်၁၇ နှစ် အရွယ် ဖြိုးကျော်လည်းပါဝင်ပါတယ်။

ဖြိုးကျော်ရဲ့လက်တွေဟာအုတ်ခဲထမ်း၊ ဘိ
လပ်မြေဖျော်ရတာကြောင့် ကြမ်းတမ်းနေသလို နေပူထဲ ချွေးတွေစိုနေတဲ့ သူ့အင်္ကျီပေါ်မှာ အုတ်ခဲအမှုန့်နဲ့ ဘိလပ်မြေမှုန့်တွေ ကပ်နေပြီး၊ ခြေထောက်တွေကလည်း ဖုန်မှုန့်တွေနဲ့ ညစ်ထေးလို့နေပါတယ်။



ပဲခူးတိုင်း၊အုတ်ဖိုဇာတီ သူတို့မိသားစုဟာ
မြဝတီမြို့တောင်ဘက်မှာ ရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာနေထိုင်တာလေးနှစ်ကျော်လို့ ငါးနှစ်ထဲရောက်နေပါပြီ။စစ်ပွဲတွေကြောင့်
နေရပ်ကို မစွန့်ခွာခင်တုန်းက ၇ တန်းအထိကျောင်းနေခဲ့တဲ့ ဖြိုးကျော်ဟာ စစ်ရှာင်စခန်းမှာ နေထိုင်တဲ့ လေးနှစ် အတွင်း တိုက်ပွဲတွေကြောင့်​နေရာနှစ်ကြိမ်​ပြောင်းခဲ့ရပြီး ရှစ်တန်းတစ်နှစ်သာကျောင်းတက်ခွင့်ရခဲ့ပါတယ်။

ဖခင်ဖြစ်သူ စခန်း အနီးအနားက စိုက်ပျိုး
ရေး လုပ်ခန်းခွင်တစ်ခုမှာ နေ့စားလိုက်လုပ်ရင်းလယ်ထွန်စက်ပေါ်က ပြုတ်ကျပြီး ပေါင်အဆစ်ပြုတ်သွားတဲ့ အချိန်မှာတော့ မိသားစုစားဝတ်နေရေးက သားဖြစ်သူဖြိုးကျော်ရဲ့ ပခုံးပေါ်ကို ရောက်လာခဲ့ပါတယ်။

“ညီလေးတို့မှာ စီးပွားရေးက အဆင်မပြေဘူး၊ ကျပ်တယ်။ ညီလေးတစ်ယောက်ပဲ အလုပ်လုပ်မယ့်လူရှိတော့တာလေ။အဖေက ခြေ
ထောက်မကောင်း အမေကလည်း အသက်
ကြီးတော့ အလုပ်မလုပ်နိုင်တော့ဘူး၊ အဖွားနဲ့ဆိုတော့ ကျောင်းက မထွက်လို့မရတော့ဘူး။ အဲဒါကြောင့်ထွက်လိုက်ရတာ” လို့ ဖြိုးကျော်က ​ပြော ပါတယ်။

အသက် ၇၀အရွယ် အဖွား၊ အာရုံကြော ရော
ဂါရှိတဲ့ အမေနဲ့ ပေါင်ဆစ်ရိုး ပြုတ်ပြီး အိပ်ယာထဲလဲ နေတဲ့ ဖခင်ဖြစ်သူကို ရှာဖွေကျွေး
မွေးဖို့အတွက် ဖြိုးကျော်ဟာ စာသင်ခန်းကိုကျောခိုင်းပြီး လုပ်ငန်းခွင်ထဲကို ဝင်ရောက်ခဲ့ရပါတယ်။

UNICEF ရဲ့ ၂၀၂၆ ခုနှစ်အတွက်လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေအစီရင်ခံစာ
(Humanitarian Situation Report )အရကလေးငယ်၃.၅သန်းခန့် (ကလေးဦးရေစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းနီးပါး) ဟာ ကျောင်းပြင်ပကို ရောက်ရှိနေပြီး ပညာသင်ယူခွင့် ဆုံးရှုံးနေရပြီး ပြင်းထန်တဲ့ ချိုးဖောက်မှု၊ အလွဲသုံးစားပြုခံရနိုင်ခြေ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

ကျောင်းပြင်ပရောက်နေတဲ့ ကလေးငယ်တွေရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ အသက် ၁၅ ကနေ ၁၇ နှစ်အတွင်းရှိ ဆယ်ကျော်သက်တွေ ဖြစ်ကြတယ်လို့ UNICEF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွတ်လပ်စွာပညာသင်ကြားခွင့်ဟာ အခြေခံ လူ့အခွင့်အရေးဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာတဲ့ကာလရှည်ပဋိပက္ခတွေကြောင့်ကလေးငယ်တွေဟာမကြာခဏ နေ
ရပ်စွန့်ခွာ စစ်ရှောင်ကြရပြီး စာသင်ခန်းကို ကျောခိုင်းရတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့လာရတယ်လို့ ပညာရေး ကျွမ်းကျင်သူတွေက ​ပြောပါတယ်။

ပညာရေးတစ်ပိုင်းတစ်စနဲ့ စာသင်ခန်းကို စွန့်ခွာသွားတာဟာ ကလေးတွေရဲ့ အနာဂါတ် အတွက် စိုးရိမ်စရာ အခြေအနေလို့ CDM ကျောင်းအုပ်ဆရာမတစ်ဦး ဖြစ်တဲ့ ဆရာမပန်းအိကိုကို ကပြောပါတယ်။

"အတန်းပညာလည်း ကောင်းကောင်း မသင်ရ၊ ပညာအရည်အချင်းလဲမရှိတော့ကလေးတွေဟာ အောက်ခြေအလုပ်တွေမှာပဲ လုပ်
ကိုင်ရင်း ရှေ့ဆက်နေရတယ်။ ဒါဟာ အညွန့်လူလူတက်မယ့် သူတို့ရဲ့ အနာဂတ်တွေကို စိုးရိမ်စရာဖြစ်အောင် ဆုတ်ယုတ်သွားစေတယ်”လို့ သူက​ပြောပါတယ်။

●အရွယ်မတိုင်ခင်လုပ်ငန်းခွင်ထဲကိုရောက်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)က၂၀၁၅ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ အမျိုးသားအဆင့် စစ်တမ်းအရ မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၁ . ၁၂၅ သန်းလောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အခြေ
အနေ​တွေက ပိုဆိုးလာပါတယ်။

"ကလေးတွေက အသက် ၁၃၊ ၁၄ နှစ်အရွယ်လောက်ရောက်တာနဲ့ ကျောင်းထွက်ပြီး အ
လုပ်လုပ်ကြတာများတယ်။ သူတို့ လုပ်ရတဲ့ အလုပ်တွေကတော့ အမျိုးမျိုးပဲ။ တချို့ က
လေးတွေဆိုရင် ပြောင်းစိုက်ကြတယ်၊ တချို့က ပန်းရံလုပ်တယ်၊ တချို့ကျတော့လည်း တရုတ်ဆိုဒ်(ကျားဖြန့်လုပ်ငန်း)တွေမှာ အလုပ်မျိုးစုံ ဝင်လုပ်ကြတာပေါ့။” လို့ မြဝတီမြို့တောင်ပိုင်းက စစ်ရှောင်ကလေးတွေကို စာသင်ကြားပေးနေတဲ့ CDM ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ ဆရာ သက်ပိုင်က ပြောပါတယ်။

ကလေးတွေစာသင်ခန်းကိုကျောခိုင်းလိုက်ကြရတဲ့အဓိကအကြောင်းရင်းကတော့မိသားစု စားဝတ်နေရေးကြောင့်ဖြစ်ပြီး စစ်ဘေးရှောင်နေကြရတဲ့အခါ ပုံမှန်ဝင်ငွေရတဲ့ အလုပ်ဆိုတာမျိုး မရှိကြတာမို့ ကလေးတွေလည်း မဖြစ်မနေ အလုပ်ဆင်းကြရတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

စစ်ရေးအခြေအနေတွေကြောင့် ကျောင်းတွေ မကြာခဏ ရပ်နားခဲ့ရပြီး အသက်အရွယ်နဲ့ အတန်းပညာ မမျှတော့ဘဲပညာရေး အဆက်
ပြတ်သွားတာကလည်းကလေးတွေ စာ
သင်ခန်းကို စွန့်ခွာသွားစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်တယ်လို ဆရာမပန်းအိကိုကို က​ပြောပါတယ်။
👍20😢3🤣3🖕2🔥1