“သူ့အတွက် အန်တီ တလောကလုံးနဲ့လည်း ရင်ဆိုင်နိုင်တယ်။ ဆွေမျိုးအားလုံးနဲ့လည်း ရင်ဆိုင်နိုင်တယ်” လို့ အသက် ၆၁ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ချိုချို (အမည်လွှဲ) က သမီးဖြစ်သူဘက်ကရပ်တည်မယ့် သူ့ရဲ့သဘောထားကို ပြတ်ပြတ်သားသားပဲ ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်တစုကျော်က သူ့ရဲ့တဦးတည်းသောသမီးအသက် ၂၉နှစ်အရွယ်ဖြိုး (အမည်လွှဲ) ကို အမျိုးသမီးအဝတ်အစားများသာ ဆင်ယင်ဖို့ ဆွေမျိုးအသိုင်းအဝိုင်းက ပြောဆိုလာမှုတွေအပေါ် ဒေါ်ချိုချိုက အမြဲငြင်းဆန်ခဲ့တာပါ။
“ငါ့သမီးမကြိုက်တာမလုပ်ကြပါနဲ့ဟယ်၊ ငါ့မှာဒါလေးတယောက်ပဲရှိတာပါ”ဆိုတဲ့စကားလုံးတွေဟာဖြိုးနဲ့ပတ်သက်ပြီး ဒေါ်ချိုချိုအစဉ်အမြဲပြောနေကျ စကားလုံးများပဲဖြစ်ပါတယ်။
“ရိုးရိုးသားသား သူ့ပင်ကိုယ်စိတ်ကိုယ်က ယောကျ်ားလေးစိတ်မျိုးဖြစ်တာ၊ ပြောင်းလဲလို့မရတာ သိလိုက်တဲ့အချိန် အန်တီ့စိတ်ကို ဒုံးဒုံးချလိုက်တယ်၊ သူဖြစ်ချင်တာတွေကိုပဲ အန်တီလိုက်လုပ် ပေးလိုက်တော့မယ်ဆိုပြီး” လို့ ဒေါ်ချိုချိုက ဆက်ပြောပါတယ်။
သားယောကျ်ားလေးမွေးတဲ့မိခင်က ပိုမြင့်
မြတ်တယ်ဆိုပြီး သက်သေမပြနိုင်တဲ့ ရှေးရိုးစွဲအယူဝါဒတွေ ဖုံးလွှမ်းနေဆဲ လူနေမှုအဖွဲ့ အစည်းရဲ့ဝေဖန်မှု တွေကြားကပဲ ဒေါချိုချိုဟာ ဖြိုးဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ မိခင်တယောက်ဖြစ်လာပါတယ်။
ဒေါ်ချိုချိုတယောက် ဖြိုးအသက် ၁၆ နှစ်အရွယ်လောက်အထိ မိန်းကလေးတယောက်လို ဖြစ်လာဖို့အတွက် ပြောင်းလဲဖို့ကြိုးစားခဲ့ပေမယ့် သူ့ကြိုးစားမှု မအောင်မြင်တာကို ရိပ်မိလိုက်ပါတယ်။
“မိန်းကလေးဘက်ကိုပြန်ပြီးစိတ်နွယ်လာမလားလို့ အန်တီပြောင်းကြည့်သေးတယ်၊အစကတော့ မိန်းကလေးစစ်စစ်ဖြစ်စေချင်တာပေါ့၊ သူ့စိတ်က လုံးဝ မနွယ်ဘူး၊ မိန်းကလေးလိုဝတ်ဆိုရင် ဝတ်ပေးတယ်၊ ဒါပေမယ့် အန်တီက သူ့တစ်ယောက်တည်းမွေးထားတာဆိုတော့ သူ့စိတ်ကို တဖြည်းဖြည်းနားလည်လာတယ်၊ သူ့စိတ်သန်ရာသန်ရာပေါ့နော်၊ ရိုးရိုးသားသားသူ့ပင်ကိုယ်စိတ်ကိုက ယောကျ်ားလေးလိုနေချင်တာ” လို့ ဒေါ်ချိုချိုက ဆိုပါတယ်။
အဲ့ဒီအချိန်ကစလို့ဒေါ်ချိုချိုဟာ ဖြိုးဖြစ်ချင်တဲ့ဆန္ဒတွေနောက်ကိုသာလိုက်ပြီး ပံ့ပိုးပေးတဲ့ မိခင်တဦး ဖြစ်လာပါတော့တယ်။
“သူစိတ်ဆင်းရဲရင်အန်တီလည်းစိတ်ဆင်းရဲရမယ်၊ အန်တီစိတ်ဆင်းရဲရင်လည်းသူစိတ်ဆင်းရဲရမယ်၊သူ့ရဲ့သန္ဓေစိတ်ကိုက ယောက်ျားလေးတယောက်လိုဖြစ်လာတော့အန်တီက သမီးရေ ဒီဘဝတော့ ယောကျ်ားလေးမဖြစ်ပေမယ့် နောက်ဘဝကျဖြစ်အောင် သမီးကြိုးစားနော်ဆိုပြီး ဘာသာရေးအရ အားပေးဖြစ်တယ်၊ ဒါပေမယ့် ဒီဘဝမှာလည်း သမီးနေချင်တဲ့ ယောက်ျားလေးလို ကြိုက်သလိုနေ စမ်းပါ၊ ဟော့ဟော့ရမ်းရမ်းတော့မဖြစ်စေနဲ့” ဆိုပြီးအမြဲတမ်း အားပေးခဲ့တယ်လို့ ဒေါ်ချိုချိုက ဆိုပါတယ်။
ဖြိုးရဲ့ ရွေးချယ်မှုတွေကို နားလည်လက်ခံပေးနိုင်ဖို့အတွက်လည်း ပတ်ဝန်းကျင်၊ ဆွေမျိုးနဲ့ လူတွေဘာပြောမလဲဆိုတဲ့ စိုးရိမ်မှုထက် သူ့ရဲ့ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုကသာ ပိုအရေး
ကြီးတယ်လို့ ဒေါ်ချိုချိုက မြင်ပါတယ်။
သမီးဖြစ်သူရဲ့ဖြစ်တည်မှုကို အပြည့်အလက်ခံအားပေးတဲ့ ဒေါ်ချိုချိုဟာ ငယ်စဉ်အချိန်က LGBT တွေအပေါ် အမြင်တိမ်းစောင်းခဲ့ဖူးပါတယ်။
“အန်တီငယ်ငယ်က အဲ့ဒါတွေသိပ်မုန်းတာ၊ မိန်းကလေးကယောကျ်ားစိတ်ဖြစ်တာ၊ ယောကျ်ားလေးက မိန်းကလေးစိတ်ဖြစ်တာတွေအပေါ် လက်မခံနိုင်ခဲ့ဘူး၊ အမြင်ကျဉ်းခဲ့တာပေါ့နော်။ ဒါပေမယ့် ကိုယ့်ကလေးက ဒီလိုဖြစ်လာတဲ့အခါ သူ့စိတ်တိုင်းကျ လုပ်ခွင့်ပေးထားတယ်၊ အန်တီက ဘေးက တည့်မတ်ပေးရုံပဲ၊ လူ့ဘဝက တိုတိုလေး၊ တိုတိုလေးဘဝမှာ တယောက်နဲ့တယောက် ငြိုငြင်နေရမှာကို အန်တီ စိတ်ပျက်တယ်၊ သူ ဒီလိုဖြစ်တာ ကိုလည်း အန်တီနောင်တမရဘူး၊ သူလျှောက်ရမယ့်လမ်း ကိုတည့်ပေးပြီးပြီ၊ ဆက်လျှောက်ဖို့ကတော့ သူ့တာဝန်ပဲ” လို့ ဒေါ်ချိုချိုက ပြောပါတယ်။
မိခင်ဖြစ်သူရဲ့ နားလည်လက်ခံပေးမှုက ဖြိုးအတွက်တော့ သူ ငယ်စဉ်ကတည်းကကြုံခဲ့ရတဲ့အခြားသူတွေရဲ့ဝေဖန်မှုတွေကြားမှာ ယုံကြည်အားကိုးရာတခု ဖြစ်လာခဲ့ပါတယ်။
“အခုချိန်မှာ ကိုယ့်ဘဝကိုယ့်ဘာသာပျော်ရွှင်ပြီးနေထိုင်နေတဲ့အပေါ်မှာ အပြစ်တင်တာ၊ ငြူစူတာ၊ စိတ်ကိုဖိအားပေးတာ ဘာတခုမှမရှိခဲ့ဘူး၊ ၁၀၀ ရာခိုင်နှုန်းအပြည့် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတယ်” လို့ ဖြိုးက ပြောပါတယ်။
မိခင်ဖြစ်သူရဲ့ နားလည်ပေးမှုက ဖြိုးအတွက်ကိုယ်ဖြစ်ချင်တဲ့ပုံစံအတိုင်း ကိုယ်ဖြစ်ခွင့်ရတယ်ဆိုတဲ့ ခံစားချက်ကို ရရှိစေခဲ့လို့ပဲဖြစ်ပါတယ်။
မိခင်ဖြစ်သူရဲ့ ကာကွယ်ပေးမှုတွေနဲ့ပတ်သက်ပြီး ဖြိုးက “မေမေက ကိုယ်နဲ့ပတ်သက်ရင် သူများ ပြောတာ လုံးဝမခံဘူး၊ ငါ့သမီး သူ့စိတ်တိုင်းကျနေပါစေ၊ သူမဟုတ်တာလုပ်နေတာ မဟုတ်ဘူးလို့ မေမေက အမြဲရပ်တည်ပေးတော့ ကိုယ့်ဘဝကိုယ်ပျော်တယ်” လို့ပြောပြပါတယ်။
မူလတန်းအရွယ်တည်းက မိန်းကလေးတယောက်လို ဝတ်စားဆင်ယင်ရတာတွေကို
မကြိုက်ခဲ့တဲ့ ဖြိုးဟာ သူ့ရဲ့ကျား/မအမှတ်
သညာဖော်ပြမှုတွေနဲ့ပတ်သက်ပြီး အသက် ၁၈ နှစ်လောက်အရောက်မှာ မိခင်ဖြစ်သူကို အရဲစွန့်ပြီးထုတ်ဖော်ပြောပြခဲ့တာဖြစ်ပါတယ်။

❤20🖕3👍2🤮1
“ကိုယ့်ရဲ့စိတ်ခံစားချက်က မိန်းကလေးတစ်ယောက်ကိုပဲ ချစ်နှစ်သက်ချင်တာ၊ လိင်တူမိန်းကလေးတ ယောက်နဲ့ပဲ အတူရှိချင်တာ၊ လက်တွဲချင်တာဆိုတဲ့အကြောင်း အမေ့ကို ပြောပြချင်တဲ့အချိန်ကအရမ်းကြောက်တယ်၊ တကိုယ်လုံး အသားတွေတုန်နေလောက်တဲ့အထိ ကြောက်ခဲ့တာ၊ ကြောက်ပေမယ့် အမေသိခဲ့တယ်၊ နည်းနည်းလေးမကြိုက်ကြောင်း၊ အဆင်မပြေကြောင်းဒါကြီးလက်မခံကြောင်းတော့ တော်တော်ပြတယ်၊ အမေက ပြပေမယ့်လည်း ကိုယ်က ရှေ့ဆက်ခဲ့တယ်၊ မိဘကို ကြောက်တာက တကဏ္ဍ၊ ကိုယ့်စိတ်နဲ့ကိုယ်ရှင်သန်ချင်တာက တကဏ္ဍဆိုတော့လေ” လို့ မိခင်ဖြစ်သူကို ပထမဆုံးအကြိမ်ထုတ်ဖော်ပြောဆိုခဲ့တဲ့အချိန်ကို သူက ပြန်ပြောင်းပြောပြပါတယ်။
အစပိုင်းမှာ လက်မခံနိုင်သေးတဲ့ မိခင်ဖြစ်သူဟာ သမီးရဲ့စိတ်ခံစားချက်ကိုပိုပြီးနားလည်လာတဲ့အချိန် မှာတော့ ဖြိုးကို သူ့ဘဝသူရွေးချယ်နေထိုင်ခွင့်ပေးဖို့အခွင့်အရေးကိုပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“အမေ့ကို ဘယ်လိုပြောခဲ့လဲဆိုတော့ ဖြိုးက အမျိုးသမီးကနေ အမျိုးသားတယောက် လိုပဲ နေချင်တာ။ အဲ့လိုမှမနေရရင် ဖြိုးရဲ့စိတ်က ကျဉ်းထဲကြပ်ထဲမှာရောက်မှာ။ဒါကြီးတွေကို ဖြိုးမဝတ်ချင်ဘူး။ မိန်းမလိုသာနေရမယ်ဆို မနေချင်တော့ဘူး။ သေလိုက်တာမှ ကောင်းဦးမယ် အဲ့လိုမျိုးနည်းနည်းချင်းစီ ငိုပြီး ဝမ်းနည်းပြီး ပြောပြ။ ကိုယ့်စိတ်ခံစားချက်တွေကို ပြဖြစ်တဲ့အချိန်မှ အမေက ဒါ့အတွက်တော့ ငါ့သမီးသေစရာမလိုဘူး။ ဒီလိုမျိုးနေချင်တာကြောင့် ငါ့သမီးသေသွားစရာမလိုဘူး။ ငါ့သမီး စိတ်ချမ်းသာမယ်ဆို နေလိုက်။ အမေဘာမှမပြောတော့ဘူးဆိုပြီးနေရင်းမှ ကိုယ်စိတ်ချမ်းသာဖို့အတွက် အမေလည်း သူ့ပျော်ရွှင်မှုတွေ စွန့်လွှတ်လိုက်ရတယ်ထင်ပါတယ်” လို့ ဖြိုးက ဆိုပါတယ်။
မိခင်ဖြစ်သူမြင်ချင်တဲ့မိန်းကလေးတယောက်လို သိမ်သိမ်မွေ့မွေ့ ပြုမူနေထိုင်တာတွေ၊ မိခင်ဖြစ်သူ ပုံဖော်ထားတဲ့ အမေနဲ့သမီး နှစ်ယောက်ရဲ့ဘဝကို ဒေါ်ချိုချိုတယောက် လက်လွှတ်လိုက်တယ်ဆိုတာကို ဖြိုး တစ်ယောက်ရိပ်မိခဲ့ပါတယ်။
“တိုက်ယူခဲ့ရတာလေးတွေ လည်းရှိပါတယ်”လို့ သူကြိုးစားယူခဲ့ရတဲ့မိခင်ဆီကနားလည်မှုတွေ အကြောင်း ဖြိုးကပြောပြ ပါတယ်။
မိခင်ဖြစ်သူရဲ့ ပံ့ပိုးနားလည်မှုတွေနဲ့ ဘဝကို ဖြတ်သန်းခဲ့တဲ့ ဖြိုးဟာအရွယ်ရောက်စအချိန် လုပ်ငန်းခွင် ဝင်တဲ့အချိန်မှာ သူ့ရဲ့ ကျား/မအမှတ်သညာ ဖော်ပြမှု (Gender Expression) နဲ့ပတ်သက်ပြီး အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပါသေးတယ်။
“LGBT တွေ မခန့်ဘူး၊ Tomboy တွေ မခန့်ဘူး၊ နင်က ဒုတိယမြောက်ပဲ၊ နင့်ပြီးရင် မခန့်တော့ဘူး ဆိုတော့ ကိုယ်ကပဲ တိုက်မှာ နေ့စဉ်နဲ့အမျှ အပြစ်ကြီးတခုကျူးလွန်ပြီး အလုပ်တက်နေရသလိုပဲ” လို့ ဖြိုးက သူ့ရဲ့လုပ်ငန်းခွင်အတွေ့အကြုံအကြောင်းကို ဆိုပါတယ်။
ဖြိုးတယောက် ခွဲခြားဆက်ဆံခံခဲ့ရတဲ့အလုပ်ဌာနဟာ အဲ့ဒီအချိန်က လူသိများတဲ့ သတင်းမီဒီယာဌာန တခုဖြစ်ပါတယ်။ LGBT ဖြစ်တည်မှုနဲ့ ကျား/မ အမှတ်သညာဖော်ပြမှုအပေါ် ခွဲခြားဆက်ဆံခဲ့တဲ့ လူပုဂ္ဂိုလ်ဟာ အဲ့ဒီသတင်းဌာနရဲ့တိုက်ပိုင်ရှင်အမှုဆောင်အရာရှိချုပ်ကိုယ်တိုင်ဖြစ်ပါတယ်။
အမျိုးသမီးဝန်ထမ်းတွေကို မြန်မာဆန်ဆန် ရင်ဖုံးအင်္ကျီနဲ့ ထဘီဝတ်ဆင်ဖို့သတ်မှတ်ထားတာကြောင့် လုပ်ငန်းခွင်စတင်ဝင်ရောက်ချိန်ကနေ ၃နှစ်ကြာအထိ ဖြိုးတယောက်သူမနှစ်သက်တဲ့ ယူနီဖောင်းကို ဝတ်ဆင်ခဲ့ရပါတယ်။ ၃ နှစ်ခန့်အကြာမှာတော့ လုပ်ငန်းခွင်မှာ သတ်မှတ်ထားတဲ့ ဝတ်စားဆင်ယင်မှုပုံစံကို ဖြိုးတစ်ယောက် မလိုက်နာချင်တော့တာကြောင့် ထဘီမဝတ်ဘဲ ရုံးကို ဒဏ်ကြေးဆောင်ပြီး ကိုယ်နှစ်သက်ရာဝတ်စုံက ကိုသာ ဝတ်ဆင်ခဲ့ပြီး လုပ်ငန်းခွင်ရဲ့ဖိအားကို ရင်ဆိုင်ခဲ့ပါတယ်။
“ဖြိုးမှ ထဘီမဝတ်ချင်တာ၊ ထဘီဝတ်လိုက်ရင်ကို ဖြိုးအတွက် အရှက်ရစရာလို့ ဖြစ်နေတာ” လို့ ထဘီဝတ်ရခြင်းနဲ့ပတ်သက်တဲ့ ခံစားချက်ကို ဖြိုးက ဆိုပါတယ်။
ရုံးဖယ်ရီပေါ်မှာဖြစ်စေ၊ ရုံးခန်းအတွင်းဖြစ်စေ ဖြိုးတယောက် နေ့တဓူဝဖြေရှင်းနေရတဲ့ စကားလုံးတွေကယောကျ်ားယူမှာလား၊မိန်းမယူမှာလားဆိုတာတွေပဲဖြစ်ပါတယ်။
ဖြိုးရဲ့ဘဝမှာ သူ့ကိုယ်သူဖြစ်ခွင့်ရဖို့ အမြဲတမ်းလွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ရဲ့မိခင်ကိုယ်တိုင် လည်းသမီးကို နားလည်လက်ခံနိုင်ဖို့ အချိန်ယူခဲ့ရသူတဦး ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ နေ့စဉ် ကြုံတွေ့ခဲ့ရတဲ့ ဝေဖန်မှုတွေနဲ့ မေးခွန်းတွေအကြား ဖြိုးအတွက် မိခင်ဖြစ်သူရဲ့အိမ်ဟာ ကိုယ့်ကိုယ် ကိုယ် ပြောင်းလဲဖို့မလိုတဲ့ ကိုယ့်စိတ်ကြိုက်နေနိုင်တဲ့နေရာတခု ဖြစ်လာခဲ့ပါတယ်။
https://www.ludunwayoo.com/feature-mm/2026/09/28/169492/

LuduNwayOo
ဖြစ်တည်မှုကို မတားတဲ့အိမ် | LuduNwayOo
“သူ့အတွက် အန်တီ တလောကလုံးနဲ့လည်း ရင်ဆိုင်နိုင်တယ်။ ဆွေမျိုးအားလုံးနဲ့လည်း ရင်ဆိုင်နိုင်တယ်” လို့ အသက် ၆၁ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ချိုချို (အမည်လွှဲ) က သမီးဖြစ်သူဘက်ကရပ်တည်မယ့် သူ့ရဲ့သဘောထားကို ပြတ်ပြတ်သားသားပဲ ပြောလိုက်ပါတယ်။
👍21🖕3❤2🥰1🤮1
တနင်္သာရီရေဘေး သေဆုံးသူ ၃၀ကျော်လာပြီး ဒါဇင်ချီပျောက်ဆုံးနေဆဲ
စက်တင်ဘာ-၂၉၊၂၀၂၆။အိမ်သွင်/People's Spring
ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့်သေဆုံးသူ ၃၂ဦးရှိလာပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေဆဲဖြစ်တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကစက်တင်ဘာလ၂၉ရက်ညနေပိုင်းမှာထုတ်ပြန်ပါတယ်။
စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်း တွေဆက်လက်ဆောင်ရွက်နေရဆဲဖြစ်သလို သေ
ဆုံးမှုစာရင်းဆက်လက်တိုးပွားလာနိုင်တယ်လို့ဖော်ပြထားပါတယ်။
ထားဝယ်ဒေသတစ်ခုလုံးမှာအဆောက်အဦးပေါင်း ၂၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အ
ပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်သေးတယ်လို့ သိရပါတယ်။
ရေအနည်းငယ်ပြန်ကျနေပေမယ့် ဒေသခံတွေ အလျင်စလို ပြန်လည်နေထိုင်တာမပြုလုပ်ကြဖို့နဲ့ မိုင်းအန္တရာယ်ကိုလည်းသတိပြုကြဖို့ထားဝယ်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံဖက်ကလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်တနင်္သာရီတိုင်း၊ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့
နယ်တွေမှာ စက်တင်ဘာလ၂၆ရက်နေ့ကစပြီး ရေဘေးကြုံတွေ့နေတာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တိုွဟာ ရေဘေး နဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့ခဲ့ပါတယ်။
ဒါပေမယ့် စက်တင်ဘာလ၂၈ရက်ညနေပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းခြင်းမရှိတော့ဘဲ အချို့ဒေသများမှာ ရေအနည်းငယ်ပြန်လည်ကျဆင်းလာပေမယ့် လက်ရှိအ
ခြေအနေဟာပုံမှန် အခြေအနေပြန်လည်ရောက်ရှိလာပြီလို့ မမှတ်ယူဖို့ထားဝယ်အမျိုး
သားအဖွဲ့ချုပ်က သတိပေးထားပါတယ်။
ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုကြောင့် မြေသား တွေရွေ့လျားတာ ၊ ရေစီးကြောင်းပြောင်းလဲခြင်းတို့ကြောင့် အရင်ကမတွေ့ခဲ့တဲ့ မြေမြှုပ်မိုင် းနဲ့ မပေါက်ကွဲသေးတဲ့ စစ်
လက်နက်ပစ္စည်းတွေ ရေစီးနဲ့အတူမျောပါလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ရေကျပြီးနောက်လမ်းတွေ ၊ခြံဝင်းတွေ၊ လယ်ယာမြေတွေ၊ တောတောင်ဥယျာဥ်ခြံတွေနဲ့ အခြားသောနေရာတွေမှာ သံထည်ပစ္စည်းနဲ့စစ်လက်နက်ပစ္စည်းတွေ သို့မဟုတ် သံသယဖြစ်ဖွယ်ပစ္စည်းတွေ တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ ဖယ်ရှားခြင်းမပြုလုပ်ဘဲ တပ်ရင်းတပ်ဖွဲ့တွေကိုအသိပေးဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိရေဘေးကြုံတဲ့ဒေသတွေဟာ စစ်တပ်
က မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီကိုဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။
တစ်မြို့နယ်လုံးအတွက် လွှမ်းခြုံဆောင်ရွက်နိုင်ဖို့ အကန့်သတ်တွေရှိနေပေမယ့် အန္တရာယ်ရှိနိုင်တဲ့ ကျေးရွာတွေကပြည်သူတွေကို ဘေး
ကင်းနေရာသို့ ရွှေ့ပြောင်းပေးပြီး လိုအပ်တဲ့ အကူအညီတွေပေးနေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ရေကြီး၊တောင်ပြိုအန္တရာယ်
ရင်ဆိုင်နေရတဲ့ ကျေးရွာတွေမှာ အကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေအနေနဲ့ အကူအညီလိုအပ်ရင် ဆက်သွယ်တောင်းခံဖို့လည်း အသိပေးထားပါတယ်။
လောင်းလုံးနဲ့သရက်ချောင်းမြို့နယ်အတွင်း ရေဘေးရင်ဆိုင်နေရတဲ့ပြည်သူတွေကို လာရောက်ကူညီကြမယ့်ကယ်ဆယ်ရေးအဖွဲ့တွေ ဒေသတွင်းမှာအဆင်ပြေပြေသွားရောက်နိုင်ဖို့အတွက်လည်း နည်းဗျူဟာ (၃၃)ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊တပ်ဖွဲ့တွေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ကူညီကြဖို့ တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ (၃၃)က စက်တင်ဘာလ၂၈ရက်မှာ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၉ ရက်ညနေပိုင်းအထိ တောင်မြေပြိုမှုတွေဆက်ရှိနေပြီး အခက်အခဲတွေကြားကနေ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတယ်လို့ အရပ်ဖက်အဖွဲ့အချို့ကပြောပါတယ်။ဒေသအသီးသီးကပရဟိတအဖွဲ့တွေအနေနဲ့လည်း ထားဝယ်ဒေသကိုလာရောက်ကူညီကြဖို့ မေတ္တာရပ်ခံထားကြပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ရေဘေးနဲ့မြေပြိုမှုဘေးဟာ ဒေသခံတွေအတွက် ထိခိုက်ဆုံးရှုံးမှုအလွန်ကြီးမားခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်တယ်လို့ဒေ
သခံတွေကပြောပါတယ်။
" တစ်ရွာလုံး မြေပြင်ကြီးဖြစ်သွားတဲ့ရွာတွေလည်းရှိတယ်။သေဆုံးသူဦးရေသေချာ
ပေါက်တိုးလာမှာပါ။ မူလအခြေအနေပြန်ရဖို့မလွယ်တော့ဘူး"လို့လောင်းလုံး မြို့ဒေသခံတစ်ဦးကပြောပါတယ်။

😢40🤣4👍3👎2❤1😭1
လက်ပံတန်းအရှေ့ခြမ်းက စစ်ဘေးရှောင်တွေ စား၀တ်နေရေး အခက်တွေ့နေ
စက်တင်ဘာ -၂၉၊၂၀၂၆။မိုမို/People's Spring
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့ခြမ်းမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ဟာ စား၀တ်နေရေးအခက်တွေ့နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတချို့က ပြောပါတယ်။
အဲဒီ ပြည်သူတစ်ထောင်ကျော်ဟာ အရင်က လက်ပံတန်းမြို့နယ်အနောက်ခြမ်း ရေငံကျေးရွာ ဒေသခံတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂နှစ်က စစ်တပ်အထိုင်ချတပ်စွဲကာ နေအိမ်တွေ မီးရှို့ခံရတာကြောင့် စစ်ရှောင်နေကြရတာလို့ ကူညီဆောင်ရွက်ပေးသူတချို့က ဆိုပါတယ်။
"စစ်ရှောင်ပြည်သူတွေ စုဖွဲ့နေထိုင်ကြတဲ့ တောတိုက် အိမ်စုတွေကို အခုလ ၁၄ ရက်မှာ မီးရှို့ခံရတာကြောင့် နှစ်ကြိမ်မြောက် ဒုက္ခရောက်ကြတာဖြစ်ပါတယ်"လို့ လက်ပံတန်းမြို့နယ်စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ ချက်ပြုပ်စားသောက်စရာ အိုးခွပ်၊အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့သူက အသိပေးပါတယ်။
စစ်ရှောင်ကူညီရေးအချက်အလက်တွေအရ အခုစက်တင်ဘာအတွင်း စစ်တပ်စစ်ကြောင်းက တောင်တန်းမြိုင်ကျေးရွာက နေအိမ် ၄၀၊ ရိုးမအတွင်းအခြေပြုနေထိုင်ကြတဲ့ နေအိမ် ၂၀ ၊ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတေါရဲ့ နေအိမ် ၈၂ လုံးနဲ့ ချင်းကုန်းရွာက ရန်ကုန်ဘုန်းကြီးကျောင်းကိုလည်း မီးရှို့ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က အိမ်ထောင်စုတစ်စုကို ဆန် ၄ပြည်နှုန်းနဲ့ အိမ်ထောင်စု ၁၀၀ အတွက် ပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် သာယာဝတီခရိုင်တပ်ရင်း (၃) Myanmar Defense Force ကလည်း လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး စစ်ရှောင်ပြည်သူတွေကို ပံ့ပိုးပေးဖို့ရှိပြီး ပါ၀င်လှူဒါန်းလိုသူတွေလည်း ကူညီကြဖို့တိုက်တွန်းထားပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း မင်းလှနဲ့ လက်ပံတန်းမြို့နယ်ကို ဩဂုတ်လလယ်ကစပြီး စစ်တပ်၊ရဲကွန်မန်ဒို ၊ ပြည်သူ့စစ်စုဖွဲ့ထားတဲ့ အင်အား ၄၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲ ၇ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ဆိုင်ထားတယ်လို့ တော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။
လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင်ကျေးရွာနဲ့ ရေငံကျေးရွာမှာ စစ်တပ်ကအထိုင်ချထားပြီး မကြာခဏ လက်နက်ကြီး၊ဒရုန်းနဲ့ တိုက်ခိုက်နေပါတယ်။

😢40👍5🔥3👏2🤮2❤1👎1🤬1🎉1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ရွှေဘိုနဲ့ ဆားလင်းကြီး ဒေသခံပြည်သူတွေ ဆန္ဒထုတ်ဖော်
စက်တင်ဘာ ၂၉၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၉) ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုက ဦးဆောင်ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ဦးကျော်မိုးထွန်းရဲ့ပုံပါ ဗီနိုင်းတွေ စိုက်ထူ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့အသံကို ကုလသမဂ္ဂမှာ ဆက်လက်ဖော်ပြနိုင်ရေးအတွက် ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုဖို့လည်း ရွှေဘိုသပိတ်အင်အားစုက တောင်းဆိုထားပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း စစ်ရှောင်ပြည်သူတွေနဲ့အတူ လက်ပံတောင်းတောင်ပင်မသပိတ်မှ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဖို့ ထောက်ခံပွဲ လုပ်ဆောင်ခဲ့ပါတယ်။
အလားတူ ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ၅/ဆလက လူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေး ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

❤35🥰5👏3🤣3🖕3
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၂၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ကန့်ဘလူနယ်ကို စစ်တပ်ဗုံးကြဲမှု ၄ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာကို စစ်တပ်က စက်တင်ဘာ ၂၈ရက် မနေ့က ဗုံးကြဲခဲ့ပြီး အမျိုးသမီး၂ဦး၊ ကလေးငယ်၂ဦး စုစုပေါင်း ၄ဦး သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက် မနေ့ နေ့လယ်ပိုင်းမှာ အင်းလယ်ကြီးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးခဲ့သလို ရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်၂ နှစ် နဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်နှစ်ဦးနဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးနှစ်ဦးတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်ရတဲ့သူတွေလည်း ရှိပြီး ထိခိုက်သူတွေထဲ အမျိုးသမီးတွေ ပိုများတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးခဲ့တဲ့ ၄ဦးထဲမှာ သားအမိနှစ်ဦးပါဝင်တယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။ သေဆုံးသူတွေကို မနေ့ကပဲ စုပေါင်းသင်္ဂြိုလ်လိုက်ပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ကနဦး စစ်တပ်ရဲ့ ကင်းထောက်လေယာဉ်တွေဝဲတာကြောင့် ဒေသခံပြည်သူတွေ ရှောင်တိမ်းဖို့ပြင်ဆင်နေချိန်မှာ ဗုံးကြဲခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဗုံးကြဲခဲ့တဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားနေတာလည်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
◾️ကျောက်တော်ကို စစ်တပ်ဗုံးကြဲမှု အာဆီယံလွှတ်တော်အမတ်များအဖွဲ့ ရှုတ်ချ
အာဆီယံလူ့အခွင့်အရေးဆိုင်ရာလွှတ်တော်အမတ်များအဖွဲ့ (APHR)က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ အရပ်သားပြည်သူတွေ အများအပြား ထိခိုက်သေကြေစေခဲ့တဲ့ လူမဆန်တဲ့ လုပ်ရပ်အတွက် စစ်တပ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့လည်း APHRက အလေးအနက် တောင်းဆိုလိုက်ပါတယ်။ မြေပြင်စစ်ဆင်ရေးတွေမှာ ရှေ့မတိုးနိုင်တဲ့ စစ်တပ်ဟာ လူထူထပ်ရာနေရာတွေကို လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာနေကြောင်းနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်က လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေတာတွေကို ရပ်တန့်ပစ်ဖို့ လိုကြောင်း APHRရဲ့ ဥက္ကဋ္ဌနဲ့ အင်ဒိုနီးရှား လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ မာစီခရစ္စတီဘာရန်စ်က ဒီနေ့ စက်တင်ဘာ ၂၉ရက်မှာ ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့ လိုကြောင်းလည်း APHR ဥက္ကဋ္ဌက ထောက်ပြပါတယ်။ ကျောက်တော်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း APHRက ထုတ်ပြန်ခဲ့ပြီး တရားမျှတမှု၊ စစ်တပ်ရဲ့ အကြမ်းဖက် အုပ်ချုပ်မှုတွေကို တွန်းလှန်နေတဲ့ မြန်မာပြည်သူတွေနဲ့ထပ်တူ မယိမ်းမယိုင် ဆက်လက် ရပ်တည်နေမယ်လို့ ကြေညာသွားပါတယ်။
◾️ကျောက်တော်လေကြောင်းတိုက်ခံရမှု သေဆုံးသူ ၅၀ဦး ရှိလာ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၅၀ဦးရှိခဲ့ပြီလို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ ဒဏ်ရာပြင်းထန်သူများအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၅၈ဦးရှိပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအများဆုံး ဖြစ်စဉ်ဖြစ်တယ်လို့ AAက ဖော်ပြပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂၈ရက် နေ့လယ်ပိုင်းမှာ ကျောက်တော်မြို့ အိန္ဒိယဈေးအနီးပတ်ဝန်းကျင်နဲ့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်တို့ကို လေကြောင်းဗုံးကြဲခဲ့ရာ လမ်းသွားလမ်းလာ၊ ဈေးရောင်းဈေးဝယ်၊ ကုန်တင်ကုန်ချလုပ်သားများအပါအဝင် ပြည်သူလူထုအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ စစ်ရာဇဝတ်ကောင် အကြမ်းဖက် မင်းအောင်လှိုင် လက်ထက်နည်းတူ အကြမ်းဖက် ရဲဝင်းဦး လက်ထက်မှာလည်း စစ်ရာဇဝတ်ကောင်ရာထူးကို လက်ဆင့်ကမ်းရယူပြီး အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုကို ဂျက်တိုက်လေယာဉ် အုပ်စုလိုက်သုံးကာ အဆိုးဝါးဆုံးသော စစ်ရာဇဝတ်မှုမျိုးကို ဆက်လက်အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်လာနေတယ်လို့ AAက ဖော်ပြပါတယ်။ စစ်တပ်ရဲ့ အဆိုးဝါးဆုံးစစ်ရာဇဝတ်မှုကျူးလွန်နေခြင်းကို ပြင်းထန်စွာကန့်ကွက်ကြောင်း AAက ဖော်ပြခဲ့ပြီး အခုလိုအစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပေါ်စေတဲ့ တိုက်ခိုက်မှုတွေမှာ တိုက်ရိုက်တာဝန်ရှိသူတွေနဲ့ အဖွဲ့တွေကို ထိရောက်တဲ့လက်တုံ့ပြန်မှုတွေကို မနှေးမကြာ ပြုလုပ်သွားမယ်လို့ ဖော်ပြပါတယ်။
◾️တနင်္သာရီရေဘေး သေဆုံးသူ ၃၀ကျော်လာပြီး ဒါဇင်ချီပျောက်ဆုံးနေဆဲ

🤬14🤣4❤3👍2😢2🖕2
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့် သေဆုံးသူ ၃၂ဦး ရှိလာပြီး ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီ ရှိနေဆဲဖြစ်တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က စက်တင်ဘာ ၂၉ရက် ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သလို သေဆုံးမှုစာရင်း ဆက်လက်တိုးလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ထားဝယ်ဒေသတစ်ခုလုံးမှာ အဆောက်အဦးပေါင်း ၂၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အပျက်အစီးစာရင်းလည်း ဆက်လက်တိုးလာနိုင်သေးတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရေအနည်းငယ်ပြန်ကျနေပေမယ့် ဒေသခံတွေ အလျင်စလို ပြန်လည်နေထိုင်တာ မပြုလုပ်ကြဖို့နဲ့ မိုင်းအန္တရာယ်ကိုလည်းသတိပြုကြဖို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။
◾️မလေးရှားက ဒုက္ခသည်တွေကို မြန်မာဆီပြန်ပို့တဲ့ကိစ္စ စိုးရိမ်ကြောင်း ကုလပြော
ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို မလေးရှားက မြန်မာနိုင်ငံဆီ ပြန်ပို့နေတာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလသမဂ္ဂ(UN)ကပြောကြားပါတယ်။ မလေးရှားအစိုးရကတော့ ကလေးတွေ အပါအဝင် လူပေါင်း ၁,၄၇၆ ဦးကို မြန်မာနိုင်ငံဆီ ပြန်ပို့တာဟာ ကာယကံရှင်တွေရဲ့ သဘောဆန္ဒနဲ့အညီ လုပ်ဆောင်တာလို့ ပြောပေမယ့် UNကတော့ စစ်ရေးပဋိပက္ခ ထူထပ်နေတဲ့ မြန်မာနိုင်ငံဆီ သူတို့ရဲ့ အပြန်ခရီးဟာ ဘေးကင်းတဲ့၊ ဂုဏ်သိက္ခာရှိတဲ့၊ ရေရှည်အဆင်ပြေမယ့် အခြေအနေ မဖြစ်နိုင်ဘူးလို့ သတိပေးခဲ့ပါတယ်။ အာဏာသိမ်းမြန်မာစစ်တပ်ဟာ မလေးရှားရောက် ဒုက္ခသည် ၅,၀၀၀ လောက်ကို နေရပ်ပြန်ပို့တာလက်ခံမယ်လို့သဘောတူထားကြောင်း မလေးရှားအစိုးရက ဇူလိုင်မှာ ကြေညာခဲ့ပါတယ်။ အဲဒီထဲက ပထမအသုတ်အဖြစ် အမျိုးသား ၁,၃၇၀၊ အမျိုးသမီး ၇၉ ဦး၊ ကလေးငယ် ယောက်ျားလေး ၂၀ နဲ့ မိန်းကလေး ၇ ဦးတို့ကို စက်တင်ဘာ ၂၉ ရက်မှာ မလေးရှားက ပြန်ပို့ခဲ့တာပါ။ သူတို့တွေကို မြန်မာစစ်တပ်ရဲ့ ရေတပ်သင်္ဘောတွေက လာရောက်ခေါ်ယူသွားခဲ့ပါတယ်။
◾️ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာလို့ တိုက်ပွဲဖြစ်နေ
အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ချင်းကာကွယ်ရေးတပ်-ကန်ပက်လက် ၊ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေ၊ ယောကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေက ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ၂၀၂၄ ဧပြီ ၂၉ ရက်က သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်တပ်က ပထမဆုံးအကြိမ် တန်ပြန်ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။ စက်တင်ဘာ ၂၆ ရက်ကစပြီး စစ်တပ်က အင်အား ၅၀၀ လောက်နဲ့ ထိုးစစ်ဆင်နေပြီး ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ လောင်းရှည်မြို့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂၆ ရက်ကစပြီး ဒီနေ့ စက်တင်ဘာ ၂၈ ရက်အထိ သုံးရက်ဆက် လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။ စစ်တပ်စစ်ကြောင်းက မဆာတွီကျေးရွာမှာ အထိုင်ချတပ်စွဲဖို့ ကနဦးကြိုးပမ်းနေတာဖြစ်ပြီး အဲဒီကျေးရွာကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာလို့ စစ်တပ်စစ်ကြောင်းကို ခုခံနေတဲ့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် မဆာတွီကျေးရွာအပါအ၀င် ကျင်ဒွေး-လောင်းရှည်လမ်းပိုင်းပေါ်က ကျေးရွာဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
◾️လက်ပံတန်းအရှေ့ခြမ်းက စစ်ဘေးရှောင်တွေ စား၀တ်နေရေး အခက်တွေ့နေ
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့ခြမ်းမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ဟာ စား၀တ်နေရေးအခက်တွေ့နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတချို့က ပြောပါတယ်။ အဲဒီ ပြည်သူတစ်ထောင်ကျော်ဟာ အရင်က လက်ပံတန်းမြို့နယ်အနောက်ခြမ်း ရေငံကျေးရွာ ဒေသခံတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂နှစ်က စစ်တပ်အထိုင်ချတပ်စွဲကာ နေအိမ်တွေ မီးရှို့ခံရတာကြောင့် စစ်ရှောင်နေကြရတာလို့ ကူညီဆောင်ရွက်ပေးသူတချို့က ဆိုပါတယ်။ စစ်ရှောင်ပြည်သူတွေ စုဖွဲ့နေထိုင်ကြတဲ့ တောတိုက် အိမ်စုတွေကို စက်တင်ဘာ ၁၄ ရက်မှာ ထပ်မံမီးရှို့ခံရတာကြောင့် ဒုက္ခရောက်ကြတာဖြစ်တယ်လို့ လက်ပံတန်းမြို့နယ်စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ ချက်ပြုပ်စားသောက်စရာ အိုးခွပ်၊အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
◾️မိုးမိတ်မြို့အနီး တိုက်ပွဲဆက်ပြင်းထန်

🤬10👍4❤3🤣3🖕2
မိုးမိတ်မြို့အနီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒီနေ့ စက်တင်ဘာ ၂၉ရက် မနက်ပိုင်းမှာလည်း စစ်တပ်က Y12၊ ဂျက်ဖိုက်တာတွေနဲ့ဗုံးကြဲနေလို့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့်အကွာက ညောင်နီကျေးရွာအနီးမှာ စက်တင်ဘာ ၂၈ရက်မနက်ပိုင်းကစပြီး စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ စက်တင်ဘာ ၂၈ရက်က တိုက်ပွဲဖြစ်ပွားနေချိန်မှာလည်း ရဟတ်ယာဉ်အပြင် ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စက်တင်ဘာ ၂၈ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
◾️မုံရွာ-မန္တလေးလမ်းမှာ မိုင်းကွဲပြီး ခရီးသည် ၁ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည် ၁ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ် မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီးမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး AD Van အမျိုးအစား ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် အမျိုးသမီး ၁ဦး မိုင်းစထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အလားတူ ကားပေါ်ပါ ယာဥ်မောင်းနဲ့ သံဃာတော် ၁ပါးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အရင်ကလည်း မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီယာဥ်တွေ ဖြတ်သန်းချိန် မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိတာကြောင့် စစ်တပ်ဟာ ခရီးသွားတွေကို ရှေ့ကနေ လူသားဒိုင်းအဖြစ် သွားခိုင်းတာ၊ မိုင်းရှင်းခိုင်းတာတွေ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံလှုပ်ရှားမှု
စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုက ဦးဆောင်ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ဦးကျော်မိုးထွန်းရဲ့ပုံပါ ဗီနိုင်းတွေ စိုက်ထူ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့အသံကို ကုလသမဂ္ဂမှာ ဆက်လက်ဖော်ပြနိုင်ရေးအတွက် ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုဖို့လည်း ရွှေဘိုသပိတ်အင်အားစုက တောင်းဆိုထားပါတယ်။

👍21❤4🤣3🖕3🕊1