ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာကိုစစ်
တပ်ဗုံးကြဲ၊ ကလေးငယ်နဲ့အမျိုးသမီးလေးဦး သေဆုံး
စက်တင်ဘာ-၂၉-၂၀၂၆။ဇော်ရမ်း၊ကတ်သရင်း/ People's Spring
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာကို စစ်တပ်က ယမန်နေ့က ဗုံးကြဲခဲ့တာ ကြောင့်အမျိုးသမီး၂ဦး၊ကလေးငယ်၂ဦး စုစု ပေါင်း၄ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာလ၂၈ ရက်နေ့၊နေ့လည်ပိုင်းမှာအင်းလယ်ကြီးရွာကို လေကြောင်းက နေဗုံး
ခဲ့သလိုရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွားတာလို့ သိရပါတယ်။လေကြောင်းတိုက်ခိုက်မှု
ကြောင့် အသက်၂ နှစ်အရွယ်ကလေးတဦး၊အသက်၄နှစ်အရွယ် ကလေးတဦး၊အသက်
၃၀ အမျိုးသမီးတဦးနဲ့ အသက်၃၀ ကျော်အရွယ် အမျိုးသမီးတဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
"ဒဏ်ရာပြင်းထန်ရတဲ့သူတွေလည်းရှိတယ်။အထိခိုက်ကအမျိုးသမီး တွေပိုများတယ်။သေဆုံး၄ယောက်မှာ သားအမိနှစ်ယောက်လည်းပါတယ်"လို့ ဒေသခံတဦးကပြောပါတယ်။
ကနဦး စစ်တပ်က ကင်းထောက်လေယာဉ်တွေဝဲတာကြောင့် ဒေသခံပြည်သူတွေရှောင်
တိမ်းဖို့ပြင်ဆင်နေချိန်မှာ ဗုံးကြဲခံရတာဖြစ်ပါတယ်။သေဆုံးသူ တွေကို သက်တင်လာ ၂၈ ရက်နေ့မှာပဲ စုပေါင်းသဂြိုဟ်လိုက်ပြီး ဒဏ်
ရာရသူတွေကို ဆေးရုံပို့ ဆေးကုသနေကြရပါတယ်။ ဆေးကုသမှုခံယူနေသူတွေထဲမှာလည်းဒဏ်ရာပြင်းထန်ရသူ တွေ ပါဝင်တယ်လို့သိရပါတယ်။
"လေကြောင်းသတိပေးထားတဲ့ကြားကနေ ခံရတာပါ။တိုက်ပွဲကို မရှိဘဲကြဲတာ။ ဆက်
တိုက်ကြီးပဲ အရပ်သားတွေကို ဗုံးကြဲနေတာပါ"လို့ ကန့်ဘလူမြို့ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
စစ်တပ်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းနဲ့ စစ်
ကိုင်းတိုင်းထဲကမြို့နယ်တွေကို အခုရက်ပိုင်းမကြာခဏဗုံးကြဲနေပါတယ်။စက်တင်ဘာ
လ၂၃ရက် မနက်မှာ အင်းတော်မြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းအနီးဝန်းကျင်ကို ဗုံးကြဲဖြစ်စဉ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ကုန်သည် တွေအပါအဝင်ငါးဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအပါအဝင်ရှစ်ဦးဒဏ်ရာရခဲ့ပါတယ်။အရပ်သားပြည်သူကိုဦးတည်တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုဖြစ်ပြီး စစ်ကောင်စီကိုပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်သွားမယ်လို့ အင်းတော်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင်စက်တင်ဘာလ၂၃ရက်နေ့ညနေမှာပဲ ကသာမြို့နယ်ထဲကိုဗုံးကြဲလို့ သီလရှင်တစ်ဦးကွယ်လွန်ခဲ့ပါတယ်။ဒါ့အပြင်ဟုမ္မလင်းမြို့
နယ်နဲ့ ရွှေပြည်အေးမြို့ကိုလည်း ဗုံးကြဲခဲ့ပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက ဒေသခံတွေ ရွှေတူးနေတဲ့နေရာတွေကို ဗုံးကြဲလို့ အရပ်
သား သုံးဦးသေဆုံးခဲ့ပါတယ်။
အလားတူစက်တင်ဘာလ ၂၇ရက် မနက် အစောပိုင်းမှာ စစ်ကောင်စီက ကောလင်းမြို့
နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတဲ့အ
တွက် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုအတွက် စစ်ကောင်စီကို လက်တုန့်ပြန်သွားမယ်လို့ ကောလင်းခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ခဲ့ပါတယ်။
အခုရက်ပိုင်းမှာ စစ်တပ်က စစ်ကိုင်းတိုင်းအတွင်း ကသာ၊ကောလင်း၊ အင်း တော်၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်တွေကိုလေကြောင်းကနေမကြာခဏဗုံးကြဲ နေတဲ့အတွက် လုံ
ခြုံရေးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးနေကြပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့ တစ်နေ့တည်းမှာပဲ စစ်တပ်က စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နဲ့၊ ပဲခူးတိုင်း၊ကရင်နီပြည်၊ ဧရာဝတီတိုင်း နဲ့ မကွေးတိုင်းက မြို့
နယ်တွေကိုဗုံးကြဲခဲ့ပါတယ်။ရခိုင်ပြည်နယ် ၊ကျောက်တော်မြို့ လူစည်ကားတဲ့နေရာတွေကိုဗုံးကြဲခဲ့ပြီး ပြည်သူ၄၉ဦးအထိ သေဆုံးခဲ့ပြီး ၆၀ ဦးဒဏ်ရာရခဲ့ပါတယ်။

🤬30❤2👍2👎2👏2😢2🎉1
■ဆောင်းပါး
ပတ်စ်ပို့နောက်ကွယ်က စောင့်ကြည့်မှု
●ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ
- ရတနာ ရေးသားသည်။
မြန်မာနိုင်ငံမှာစစ်အုပ်စုရဲ့ဖိနှိပ်မှုဟာနိုင်ငံတွင်းမှာသာ မကတော့ပါဘူး။ပြည်ပကို ထွက်ခွာသွားတဲ့ အတိုက်အခံတွေ၊ အထူးသဖြင့် CDM မှာ ပါဝင်ခဲ့သူတွေကိုပါ နိုင်ငံရပ်ခြားကို ရောက်သွားတာနဲ့ လုံခြုံသွားပြီလို့ မခံစားနိုင်အောင် ပတ်စပို့၊ သံရုံးဝန်ဆောင်မှုတွေနဲ့ ဒစ်ဂျစ်တယ်အချက်အလက်စနစ် တွေကို အသုံး
ချပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ခြေရာခံတာ၊ ဖိအားပေးတာတွေနဲ့ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာနေပါတယ်။
ဒီအခြေအနေကို ထင်ထင်ရှားရှား မြင်ရတာက ထိုင်းနိုင်ငံမှာပညာသင်ယူရင်း နေထိုင်နေတဲ့ CDM ကျောင်းဆရာမဟောင်းတစ်ဦးရဲ့ အတွေ့အကြုံပါ။ ပတ်စပို့သက်တမ်းတိုးဖို့ ဘန်ကောက်မြို့က မြန်မာသံရုံးကို သွားခဲ့ချိန်မှာသူမရဲ့အလှည့်ကိုအကြာကြီးကျော်ထားခဲ့ပြီး နောက်ဆုံး လူကုန်သွားမှသာ အရာရှိက ခေါ်တွေ့ခဲ့ပါတယ်။ အဲဒီနေ့က သူမရဲ့ ပတ်စပို့ကို သိမ်းဆည်းပြီး ပယ်ဖျက်လိုက်ရင် ထိုင်းနိုင်ငံမှာ ဆက်နေလို့မရတော့သလို မြန်မာ
နိုင်ငံကို အတင်းအကျပ် ပြန်ပို့ခံရနိုင်တဲ့ အန္တရာယ်အထိ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပွဲစားတစ်ဦးရဲ့ အကူအညီကြောင့်သာ အဲဒီအခြေအနေကနေ လွတ်မြောက်ခဲ့တယ်လို့ သူမ ပြောပါတယ်။
အာဏာသိမ်းပြီးနောက် CDM မှာ ပါဝင်ခဲ့သူ ထောင်ပေါင်းများစွာလိုပဲ သူမဟာလည်း နိုင်ငံကနေ ထွက်ခွာခဲ့ရသူတစ်ယောက် ဖြစ်ပါတယ်။ တချို့က တော်လှန်ရေးနယ်မြေတွေမှာ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ကြသလို၊ တချို့ကတော့ လုံခြုံရေးနဲ့ အသက်
မွေးဝမ်းကျောင်းအတွက် ပြည်ပကို ရွှေ့
ပြောင်းခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရပ်ခြားရောက်သွားတာက ဖိအားတွေ အဆုံးသတ်သွားမယ် လို့တော့ မဆိုလိုပါဘူး။ လက်ရှိ မြန်မာနိုင်ငံသား သန်းနဲ့ချီ နေထိုင်နေကြတဲ့ ထိုင်းနိုင်ငံတ စ်နိုင်ငံတည်းမှာကို အများစုဟာ ပတ်စပို့သက်တမ်းတိုးရေး၊ ဗီဇာသက်တမ်း၊ ဖမ်းဆီးခံရနိုင်ခြင်းနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခံရနိုင်ခြင်းတို့ကို အမြဲစိုးရိမ်နေရဆဲ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်အုပ်စုဟာ ပြည်တွင်းမှာ CDM ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ အပြင်းအထန်အရေးယူတာတွေကို ဆက်
တိုက်လုပ်ဆောင်ခဲ့ပြီး၊ ပြည်ပရောက်သူတွေအပေါ်မှာတော့ပတ်စပို့နဲ့ နိုင်ငံသားအ
ထောက်အထားတွေကို ထိန်းချုပ်ရေး ကိရိ
ယာအဖြစ် ပိုမိုအသုံးပြုလာပါတယ်။
ဒီဆောင်းပါးမှာတော့ စစ်အုပ်စုက ပြည်ပရောက် အတိုက်အခံတွေကို ခြေရာခံပုံ၊ ပတ်စပို့နဲ့ ဒစ်ဂျစ်တယ်စနစ်တွေကို အသုံးချနေပုံနဲ့ ပြည်ပရောက် မြန်မာတွေအပေါ် သက်ရောက်မှုတွေကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို ရုတ်
တရက် နောက်ပြန်လှည့်သွားစေခဲ့ပါတယ်။ အာဏာသိမ်းမှုမတိုင်မီမှာတော့ ပြည်သူအများအပြားဟာ စစ်အုပ်ချုပ်မှုကာလရှည်ကြီးပြီးဆုံးပြီး နိုင်ငံဟာ ပိုမိုပွင့်လင်းလာနေပြီလို့ ယုံကြည်ခဲ့ကြပါတယ်။
အာဏာသိမ်းပြီးနောက် နှစ်များအတွင်း လက်နက်မဲ့ ဆန္ဒပြသူတွေ လမ်းမတွေပေါ်မှာ ပစ်ခတ်ခံခဲ့ရပြီး၊ သတင်းသမားအများအပြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အချို့က စစ်ကြောရေးကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကိုပါ ကြုံတွေ့ခဲ့ရတယ်လို့ သတင်းများမှာ ဖေါ်ပြကြပါတယ်။ အာဏာသိမ်းမှုရဲ့ နောက်
ဆက်တွဲအဖြစ် မြန်မာပြည်သူတွေဟာ နိုင်ငံတဝှမ်းက လက်နက်ကိုင်ပဋိပက္ခအတွင်း တွန်းပို့ခံခဲ့ရပြီး၊ နေ့စဉ်ဘဝ၊ အသက်အိုးအိမ်နဲ့ အနာဂတ်တွေပါ ပြိုကွဲပျက်စီးလာခဲ့ပါတယ်။
တကယ်တော့ ဒီလိုဖိနှိပ်မှုတွေဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ စတင်ခဲ့တာ မဟုတ်ဘဲ မြန်မာစစ်တပ်ရဲ့ ဆယ်စုနှစ်များစွာကြာ ဖိနှိပ်အုပ်ချုပ်လာခဲ့တဲ့ အစဉ်အလာနဲ့လည်း ဆက်နွယ်နေပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ ဆယ်စုနှစ်များစွာ အသုံးပြုခဲ့တဲ့ ထိန်းချုပ်ရေးနည်းလမ်းတွေကို ဒီတခါ နိုင်ငံရေး အတိုက်အခံတွေအပေါ် ပါ ပြန်
လည်အသုံးချလာခဲ့တာပဲဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြ ပါတယ်။
မြန်မာနိုင်ငံဟာ မတူညီတဲ့လူမျိုးစု၊ ယဉ်ကျေး
မှုနဲ့ နယ်မြေတွေ ပေါင်းစည်းဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက် စစ်တပ်ရဲ့ နိုင်ငံရေးအာဏာလွှမ်းမိုးမှုအောက်မှာ တိုင်းရင်းသားအခွင့်အရေး၊ ဘာ
သာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရပိုင်ခွင့်တွေ ကန့်သတ်ခံခဲ့ရပြီး၊ ဒီသမိုင်းနောက်ခံဟာ ယနေ့ပဋိပက္ခတွေရဲ့ အခြေခံအကြောင်းရင်းတစ်ခုအဖြစ် ဆက်လက်ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ အထောက်အထားစာရွက်
စာတမ်းတွေဟာ နိုင်ငံသားအခွင့်အရေးနဲ့ လုံခြုံရေးအတွက် အရေးကြီးပေမဲ့၊ ပဋိပက္ခများပြင်းထန်လာပြီးနောက် တချို့သူတွေအတွက်တော့ အကာအကွယ်ထက် စောင့်ကြည့်ထိန်းချုပ်ဖို့ အသုံးချခံရတဲ့ နည်းလမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

❤21👍7🤮5🖕2
နိုင်ငံတစ်ဝန်း စစ်ဆေးရေးဂိတ်တွေ များပြားလာပြီး ခရီးသွားသူတွေဟာ မှတ်ပုံတင်နဲ့ အထောက်အထား စာရွက်စာတမ်းတွေ ပြသရပါတယ်။ အဲဒီအချက်အလက်တွေကြောင့် CDM ဝန်ထမ်းဟောင်းတွေ ဒါမှမဟုတ် စစ်အုပ်စုဆန့်ကျင်ရေး အားကောင်းတဲ့ ဒေသက လာသူတွေဟာ ဖမ်းဆီးစစ်ဆေးခံရနိုင်ခြေ ပိုများလာပါတယ်။
ဒီလို စာရွက်စာတမ်းအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေဟာ မြန်မာနိုင်ငံမှာ အခုမှ စတင်ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာကြာအောင် တိုင်းရင်းသားနဲ့ ဘာသာရေး လူနည်းစုတွေဟာ နိုင်ငံသားအထောက်အထားတွေကနေတစ်ဆင့် အခွင့်
အရေးကန့်သတ်ခံရမှုတွေကို ကြုံတွေ့လာခဲ့ကြပါတယ်။
မြန်မာနိုင်ငံက အသိအမှတ်ပြုထားတဲ့ တိုင်း
ရင်းသားမျိုးနွယ်စု ၁၃၅ စုထဲက အချို့ဟာ ဥပဒေအရ နိုင်ငံသားတွေ ဖြစ်ကြပေမဲ့ လက်
တွေ့ဘဝမှာတော့ ခွဲခြားဆက်ဆံမှုတွေ ဆက်
လက်ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ကလေးတွေ အသက် ၁၀ နှစ်ဝန်းကျင်မှာ ရရှိတဲ့ နိုင်
ငံသားစိစစ်ရေးကတ်ပြားမှာတောင် တိုင်း
ရင်းသားနွယ်ဖွားနဲ့ ဘာသာရေး အချက်အ
လက်တွေကို ထည့်သွင်းထားတာဟာ နှစ်
ရှည်လများ လူမျိုးရေးနှင့် ဘာသာရေးဆိုင်
ရာ ခွဲခြားဆက်ဆံမှု၊ အငြင်းပွားမှုများ၏ အဓိကအချက်တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။
အထူးသဖြင့် တောင်အာရှနွယ်ဖွား၊ တရုတ်နွယ်ဖွားနဲ့ အခြားမျိုးနွယ်စုအချို့ကို မှတ်
ပုံတင် စာရွက်စာတမ်းတွေမှာ “ဧည့်နိုင်ငံသား” သို့မဟုတ် “အပြည့်အဝမရသေးသောနိုင်ငံ
သား” အဖြစ် သတ်မှတ်ခံရတာတွေ ရှိခဲ့ပါတယ်။ ဒီလို အဆင့်ခွဲခြားသတ်မှတ်မှုတွေကြောင့် အချို့သူတွေဟာ အစိုးရရာထူးရယူခွင့်၊ နိုင်ငံ့ဝန်ထမ်းလုပ်ခွင့်နဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ရရှိရေးမှာ အခက်အခဲတွေ ကြုံခဲ့ကြရပါတယ်။
ရိုဟင်ဂျာ မွတ်စလင်လူနည်းစုတွေကတော့ ဒီပြဿနာရဲ့ အပြင်းထန်ဆုံး သက်ရောက်မှုကို ခံစားခဲ့ရသူတွေထဲက တစ်စု ဖြစ်ပါတယ်။
အခုအချိန်မှာတော့ စစ်အုပ်စုဟာ အဲဒီလို အ
ထောက်အထားစနစ်တွေကို ပြည်သူတွေကို စောင့်ကြည့်ထိန်းချုပ်ဖို့အတွက် ပိုမိုအသုံးချလာနေပါတယ်။ လမ်းပေါ်က စစ်ဆေးရေးဂိတ် တွေမှာ သာမက ပတ်စပို့နဲ့ နိုင်ငံသားအ
ထောက်အထားဆိုင်ရာ လုပ်ငန်းစဉ်တွေကနေတစ်ဆင့်လည်း ပြည်ပရောက်သူတွေနဲ့ အ
တိုက်အခံတွေကို ဖိအားပေးနိုင်တဲ့ အခြေ
အနေတွေ ဖြစ်လာနေပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာဖမ်းဆီးခံရသူအများ
စုဟာလည်းဥပဒေအရကာကွယ်မှုရရှိဖို့ အ
ခက်အခဲ ရှိပြီး၊ လူငယ်အမျိုးသားအများအပြားဟာလည်း ဖမ်းဆီးခံရပြီးနောက် အတင်းအကျပ် စစ်မှုထမ်းထဲ သွပ်သွင်းခံရတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။ အဲဒီအခြေ
အနေတွေက မြန်မာနိုင်ငံမှာ အထောက်အ
ထား စာရွက်စာတမ်းတွေဟာ လူတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ အရာတွေသာ မဟုတ်တော့ဘဲ၊ အာဏာပိုင်တွေက လူတွေကို စောင့်ကြည့်ခြင်း၊ ကန့်သတ်ခြင်းနှင့် ဖိအားပေးခြင်းအတွက် အသုံးချတဲ့ နည်းလမ်းတွေသာဖြစ်လာနေကြောင်း ပြသနေပါတယ်။
မြန်မာနိုင်ငံရဲ့ ပတ်စပို့စနစ်ဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ထူးခြားတဲ့ အချက်တစ်ခု ရှိပါတယ်။ ပတ်စပို့ဟာ နိုင်ငံပြင်ပကို ထွက်ခွာခွင့်ပေးတဲ့ ခရီးသွားစာရွက်စာတမ်းတစ်ခုသာ မဟုတ်ဘဲ၊ ထွက်ခွာခွင့်ပြုမိန့်တစ်မျိုးလို လုပ်ဆောင်နေတာပါ။ ခရီးသွားဖို့၊ ပညာသင်ဖို့၊ ပြည်ပမှာ အလုပ်လုပ်ဖို့ စတဲ့ ရည်ရွယ်
ချက်အလိုက် ပတ်စပို့အမျိုးအစားတွေကို ခွဲခြားထုတ်ပေးထားပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာတော့ ဒီလို အထောက်အထားစနစ်တွေဟာ နိုင်ငံ
သားတွေကို ထိန်းချုပ်ဖို့ အသုံးချနိုင်တဲ့ အရာတွေ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ စစ်အုပ်စုက UID လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်အ
ထောက်အထားစနစ်ကို စတင်ခဲ့ပြီး လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဇီဝအချက်အလက်တွေနဲ့ ချိတ်ဆက်ဖို့ ကြိုး
ပမ်းခဲ့ပါတယ်။
ဒါ့အပြင် ပတ်စပို့ဆိုင်ရာ ဥပဒေသစ်တွေကြောင့်လည်း အာဏာပိုင်တွေဟာ ပတ်စပို့ထုတ်ပေးခြင်း၊ ရုပ်သိမ်းခြင်း ဒါမှမဟုတ် ကန့်သတ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပိုမိုလွတ်လပ်စွာ ချမှတ်နိုင်တဲ့ အခွင့်အာဏာ ရရှိလာပါတယ်။ ဒီနည်းတွေနဲ့ စစ်အုပ်စုဟာ ပြည်တွင်းမှာရှိသူတွေအပေါ်သာမက နိုင်ငံကနေ ထွက်ခွာတိမ်းရှောင်နေသူတွေအထိ စောင့်ကြည့်ထိန်းချုပ်မှုကို လွှမ်းမိုးနိုင်အောင် ကြိုးစားလာကြပါတယ်။
နှင်းအေးရဲ့ အဖြစ်အပျက်က ဒီအခြေအနေကို ထင်ဟပ်ပြနေပါတယ်။ သူမဟာ အာဏာ
သိမ်းမှု မတိုင်မီက NLD ကို အားပေးသူတစ်ဦးသာဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် လူထုသပိတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ကိုယ်
တိုင် ကျောင်းပြန်မတက်တော့ဘဲ ကျောင်း
သားတွေကို ဆက်လက်သင်ကြားပေးဖို့ ကြိုးစားခဲ့ပါတယ်။ သူမဟာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG ရဲ့ ဒေသခံပညာရေးလုပ်ငန်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ အခြေအနေတွေ ပိုမိုဆိုးရွားလာပြီး မိသားစုကို ထောက်ပံ့နိုင်ဖို့ ခက်ခဲလာတဲ့အခါ သူမဟာ ပြည်ပမှာ အလုပ်ထွက်လုပ်ဖို့ ဆုံး

❤17👍7🤮2🖕2
ဖြတ်ခဲ့ပါတယ်။ အစပိုင်းမှာ စင်ကာပူနိုင်ငံကို သွားရောက်ပြီး အိမ်အကူ ဒါမှမဟုတ် ပြုစုစောင့်ရှောက်ရေးအလုပ်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။
ပြည်ပအလုပ်အတွက် လျှောက်ထားပြီး လပေါင်းများစွာ စောင့်ဆိုင်းပြီးနောက်မှာ သူမဟာ နောက်ဆုံး မြန်မာပတ်စပို့စာအုပ်နီလေးကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပတ်စပို့ကို အသုံးပြုပြီး ခရီးထွက်ဖို့ အခွင့်အရေး မရခဲ့ပါဘူး။ သူမရဲ့ သူငယ်ချင်းတစ်ဦး လေ
ကြောင်းကနေ နိုင်ငံပြင်ပထွက်ဖို့ ကြိုးစားစဉ် ဖမ်းဆီးခံရခဲ့တာကြောင့် စင်ကာပူသွားမယ့် အစီအစဉ်ကို အကောင်အထည် မဖေါ်နိုင်ခဲ့ပါဘူး။
နောက်ဆုံးမှာတော့ သူမဟာ ထိုင်းနိုင်ငံကို နယ်စပ်ကနေ တရားမဝင် ဖြတ်ကျော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ CDM အရေးလှုပ်ရှားသူတစ်ဦးရဲ့ အကူအညီနဲ့ လူမှောင်ခိုကူးသူတွေနဲ့ ချိတ်ဆက်ခဲ့ပြီး ညဘက်နယ်စပ် ဖြတ်ကျော်စဉ် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အချုပ်ခန်းသေးသေးလေးထဲမှာ အခြားအမျိုးသမီးတွေနဲ့အတူ နှစ်ပတ်ခန့် ထိန်းသိမ်းခံခဲ့ရပေမဲ့ UNHCR ရဲ့ အကူအညီကြောင့် နောက်ဆုံး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရဖို့အတွက် စောင့်ဆိုင်းနေတဲ့ ကာလတစ်လျှောက် နှင်းအေးဟာ အထောက်အထားမပြည့်စုံတဲ့ အခြေအနေမှာ နေခဲ့ရပါတယ်။ နောက်ပိုင်း ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ နေထိုင်ခွင့်ကတ်ရရှိပြီးမှသာသူမဟာမြန်မာပတ်စပို့ကို အသုံး
ပြုပြီး ပြည်ပခရီးတွေသွားလာနိုင်ခဲ့ပါတယ်။
သူမဟာ သုတေသနအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့သလို၊ ဒစ်ဂျစ်တယ်အခွင့်အရေး ဆိုင်ရာ အစည်းအဝေးတစ်ခုအတွက်မလေးရှားနိုင်ငံကိုလည်းသွား
ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူမအတွက် သွားလာခွင့်မရှိတဲ့ တစ်ခုတည်းသော နေရာကတော့ သူမမွေးရပ်မြေဖြစ်တဲ့ မြန်မာနိုင်ငံပဲ ဖြစ်နေဆဲ ဖြစ်ပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် ပတ်စပို့သက်တမ်းတိုးခြင်းဟာ ရိုးရိုးရှင်းရှင်း လုပ်ငန်းစဉ်တစ်ခု မဟုတ်တော့ပါဘူး။ အထူးသဖြင့် စစ်အုပ်စုကို ဆန့်ကျင်ခဲ့သူတွေအတွက်တော့ ပတ်စပို့ရရှိရေးဟာ လုံခြုံရေးအန္တရာယ်၊ ငွေကြေးကုန်ကျမှုနဲ့ မသေချာမှုတွေနဲ့ ရင်ဆိုင်ရတဲ့ ခက်ခဲတဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ပြည်ပမှာ အခြေစိုက်လုပ်ကိုင်နေတဲ့ အတွေ့
အကြုံရှိ ပွဲစားတချို့ဟာ စစ်အုပ်စုရဲ့ သက်ဆိုင်ရာဌာနတွေအတွင်းအဆက်
အသွယ်တွေကို အသုံးပြုပြီး အမည်ပျက်စာရင်း (Black List) ဝင်ထားသူတွေ အတွက်တောင် တရားဝင်ပတ်စပို့အစစ် ရရှိအောင် ကူညီပေးနိုင်ကြပါတယ်။ ဒါပေမဲ့ ပွဲစားအများစု ကတော့ အန္တရာယ်များတဲ့ နည်းလမ်းတွေကို အသုံးပြုကြပြီး ပတ်စပို့အတုတွေ၊ ဒါမှမဟုတ် အစစ်စာအုပ်ထဲက စာမျက်
နှာတချို့ကို ပြန်လဲထားတဲ့ စာရွက်စာတမ်းတွေကို ပေးကြတာတွေ ရှိပါတယ်။
နှင်းအေးအတွက်လည်း ပတ်စပို့သက်တမ်းတိုးရေးဟာ ရိုးရှင်းတဲ့ကိစ္စ မဟုတ်ခဲ့ပါဘူး။ ထိုင်းနိုင်ငံမှာ နေထိုင်ရင်း ပညာသင်ယူခွင့်ရလာပြီးနောက် သူမဟာ နိုင်ငံရေးသိပ္ပံကို လေ့လာခဲ့သလို နိုင်ငံတကာ ပညာရှင်တွေ၊ သုတေသီတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးပွဲတွေ၊ ညီလာခံတွေမှာ ပါဝင်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ မြန်မာပတ်စပို့ သက်တမ်းကုန်ဆုံးမယ့်အချိန် နီးကပ်လာတာကြောင့် စိုးရိမ်မှုတွေ ဆက်ရှိနေခဲ့ပါတယ်။
မိသားစုကလည်း နေရပ်မှာ အခက်အခဲတွေ ကြုံနေရပေမဲ့ သူမမှာ ပုံမှန်ဝင်ငွေမရှိတဲ့အတွက် ကူညီပေးနိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။ USAID ပညာသင်ဆုကနေတစ်ဆင့် ပညာရေးနဲ့ နေထိုင်စရိတ် အချို့ကို အထောက်အပံ့ရခဲ့ပေမဲ့ ပတ်စပို့ပြဿနာကိုတော့ ကိုယ်တိုင် ဖြေရှင်းရဆဲ ဖြစ်ခဲ့ပါတယ်။
အဲဒီကာလအတွင်း ပတ်စပို့စည်းမျဉ်းတွေ မကြာခဏ ပြောင်းလဲနေသလို ဖြစ်နေခဲ့ပြီး လက်တွေ့အခြေအနေတွေကလည်း တရား
ဝင်ထုတ်ပြန်ချက်တွေနဲ့ မကိုက်ညီတာတွေ ရှိခဲ့ပါတယ်။ သူမနဲ့အတူ လေ့လာနေတဲ့ ကျောင်းသားတစ်ဦးက ပတ်စပို့သက်တမ်းတိုးနိုင်ခဲ့ပြီးနောက် ပွဲစားတစ်ဦးနဲ့ ချိတ်ဆက်ပေးခဲ့ပေမဲ့ CDM ပါဝင်သူတစ်ဦးဖြစ်တာကြောင့် အမှုက ပိုမိုရှုပ်ထွေးနိုင်ကြောင်း သတိပေးခံခဲ့ရပါတယ်။
နောက်ဆုံးမှာ နှင်းအေးဟာ ပွဲစားခနဲ့ ခရီး
စရိတ်အတွက် ငွေချေးယူပြီး ကြိုးစားခဲ့ပါတယ်။ သို့သော် ပထမဆုံးကြိုးပမ်းမှုမှာ အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ သံရုံးဘက်က သူမရဲ့ အခြေအနေကြောင့် ပတ်စပို့သက်
တမ်းတိုးပေးဖို့ ထိုင်းမှာ မဖြစ်နိုင်ကြောင်း ပြောခဲ့ပြီး၊ ဆက်လက်ပညာသင်ယူလိုပါက ပညာရေးအတွက် ပတ်စပို့အမျိုးအစားကို လျှောက်ထားရန်နှင့် မြန်မာနိုင်ငံသို့ ပြန်သွားရမည်ဟု ဆိုခဲ့ပါတယ်။
နောက်ပိုင်းမှာ သတင်းသမားတစ်ဦးကတစ်ဆင့် အရေးကြီးအမှုတွေ ကိုင်တွယ်လေ့ရှိတဲ့ ပွဲစားတစ်ဦးနဲ့ ဆက်သွယ်နိုင်ခဲ့ပါတယ်။ အဲဒီပွဲစားက တရားဝင်နည်းလမ်းနဲ့ ပတ်စပို့သက်တမ်းတိုးပေးနိုင်ကြောင်း ပြောခဲ့ပေမဲ့ တောင်းတဲ့ငွေပမာဏက ဒေါ်လာထောင်ချီရှိတာကြောင့် နှင်းအေးအတွက် မတတ်နိုင်တဲ့ ပမာဏဖြစ်ခဲ့ပါတယ်။
ဒီလိုအခြေအနေတွေက မြန်မာနိုင်ငံသားအ

👍18🤮2🖕2❤1🤣1
များအပြား ဘာကြောင့် ပွဲစားကွန်ရက်တွေကို အားကိုးနေရသလဲ ဆိုတာကို ပြသနေပါတယ်။ တချို့အေးဂျင့်တွေဟာ ရှုပ်ထွေးတဲ့ အုပ်ချုပ်ရေးစနစ် ထဲမှာ လူတွေကို လမ်းညွှန်ပေးတဲ့ ဝန်ဆောင်မှုပေးသူတွေ ဖြစ်ပေမဲ့၊ တချို့ကတော့ စိုးရိမ်နေတဲ့ ပြည်ပရောက်သူတွေရဲ့ အခက်အခဲကို အမြတ်ထုတ်အသုံးချကြပါတယ်။
သမိုင်းကြောင်းအရလည်း နိုင်ငံကူးလက်မှတ်တွေကို လူတွေရဲ့ သွားလာခွင့်ကို ထိန်းချုပ်ဖို့ အသုံးပြုခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ ပထမကမ္ဘာစစ်ကာလအတွင်း ရွှေ့ပြောင်းသွားလာမှုကို စောင့်ကြည့်ဖို့ စတင်အသုံးပြုခဲ့တဲ့ စနစ်တွေဟာ နောက်ပိုင်းမှာ အာဏာရှင်အစိုးရတွေက နိုင်ငံရေးအရ မလိုလားသူတွေကို ကန့်သတ်ထိန်းချုပ်ဖို့ အသုံးချခဲ့ကြပါတယ်။
ဒါကြောင့် ယနေ့မြန်မာနိုင်ငံမှာ ပတ်စပို့ဟာ ခရီးသွားခွင့်ပေးတဲ့ စာရွက်စာတမ်းတစ်ခုသာ မဟုတ်တော့ဘဲ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လှုပ်ရှားခွင့်တွေကိုပါ သက်
ရောက်စေနိုင်တဲ့ အသုံးချခံ တစ်ခု ဖြစ်လာနေပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားအချို့ဟာ ပတ်စပို့သက်တမ်းတိုးတဲ့အချိန်မှာ ငြင်းပယ်ခံရမှာကို စိုးရိမ်တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ စစ်အုပ်စုကို ပွင့်ပွင့်လင်းလင်း ဝေဖန်တာ၊ ရန်ပုံငွေရှာပွဲတွေ၊ ဆန္ဒပြပွဲတွေလို စောင့်ကြည့်ခံရနိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တာတွေကို စိုးရိမ်လာကြပါတယ်။ သံရုံးကို ပုံမှန် ဝန်ဆောင်မှုရယူဖို့ သွားရောက်ခြင်းတောင် ကိုယ့်ရဲ့အချက်အလက်တွေစောင့်ကြည့်ခံရနိုင်တဲ့အခြေအနေတစ်ခုဖြစ်လာနေပါတယ်။
ဒီလို နိုင်ငံသားအထောက်အထားတွေကို ထိန်းချုပ်ရေးအတွက် အသုံးချခဲ့တဲ့ ဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာ မ
ဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာလည်း ၁၉၄၀ နဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေက မက်ကာသီခေတ် (McCarthy Era) လို့ လူသိများတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး စွပ်စွဲမှုများ ပြင်းထန်ခဲ့သည့် ကာလအတွင်း၊ ကွန်မြူနစ်ဝါဒနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူတွေ၊ နိုင်ငံ
ရေးအမြင်မတူသူတွေရဲ့ ပတ်စပို့တွေကို ပယ်
ဖျက်ခြင်း၊ ထုတ်ပေးရန် ငြင်းဆိုခြင်းတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ လူမည်းတေးသံရှင် ပေါလ် ရော့ဘ်ဆန်ဟာလည်း နိုင်ငံရေးအမြင်ကြောင့် ၁၉၅၀ ခုနှစ်မှာ ပတ်စပို့ သိမ်းဆည်းခံခဲ့ရပြီး တရားရုံးဆုံးဖြတ်ချက်ကြောင့် နှစ်အတော်ကြာပြီးမှ ပြန်လည်ရရှိခဲ့ပါတယ်။
မကြာသေးမီနှစ်တွေမှာလည်း ဘီလာရုစ်နဲ့ အီရီထရီးယားလို နိုင်ငံတွေမှာ အစိုးရက ပတ်စပို့စနစ်ကို နိုင်ငံရေးအတိုက်အခံတွေကို ဖိအားပေးဖို့ အသုံးပြုခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ ပြည်ပရောက် အတိုက်အခံတွေရဲ့ ပတ်စပို့တွေကို ပယ်ဖျက်ခြင်း၊ နိုင်ငံသားတွေကို ထွက်ခွာခွင့် ကန့်သတ်ခြင်းတွေဟာ အာဏာ
ရှင်စနစ်တွေမှာ တွေ့ရလေ့ရှိတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း အလားတူပဲ ပြည်ပရောက်သူတွေအတွက် ပတ်စပို့သက်တမ်းတိုးရေးဟာ နိုင်ငံရေးဖိအားတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ အမေရိကန်ရောက် မြန်မာအရေးလှုပ်ရှားသူတစ်ဦးက စည်းမျဉ်းအသစ်တွေဟာ ပြည်ပရောက်သူတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းနဲ့ လှုပ်ရှားခြင်းတွေမှာပင် စိုးရိမ်ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာစေပြီး၊ မိမိကိုယ်တိုင် မပါဝင်ရဲတော့တဲ့ အခြေအနေသို့ ရောက်ရှိစေတယ်လို့ ပြောပါတယ်။
“ပတ်စပို့မရှိရင် နေထိုင်နေတဲ့နိုင်ငံရဲ့ လူဝင်
မှုကြီးကြပ်ရေးပြဿနာတွေ ရှိလာနိုင်တယ်။ ဒါပေမဲ့ ပတ်စပို့သက်တမ်းတိုးဖို့ ကြိုးစားရင်လည်း မြန်မာနိုင်ငံကို ပြန်သွားရပြီး အန္တရာယ်ကြုံရနိုင်တယ်” လို့ သူမက ပြောပါတယ်။
စစ်အုပ်စုဟာ သံသယရှိတဲ့ အတိုက်အခံတွေကို ပတ်စပို့သက်တမ်းတိုးပေးဖို့ ငြင်းဆိုပြီး မြန်မာနိုင်ငံ ပြန်လာကာ ဖြေရှင်းဖို့ ဖိအားပေးလေ့ရှိပါတယ်။ စစ်အုပ်စုဘက်ကတော့ ဒါကို “ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ လမ်းဖွင့်ပေးထားခြင်း” လို့ ပြောဆိုပေမဲ့ အများစုကတော့ ယုံကြည်စရာ မရှိပါဘူးလို့ ဆိုကြပါတယ်။
၂၀၂၆ ခုနှစ် အစောပိုင်းမှာတော့ နှင်းအေးရဲ့ ဘဝဟာ ပိုမိုကျဉ်းကျပ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံရတဲ့ သတင်းတွေကိုတောင် ဖတ်ဖို့ ကြောက်လာခဲ့ပြီး လူများတဲ့နေရာတွေကို ရှောင်ကာ တဖြည်းဖြည်း သီးခြားနေထိုင်လာခဲ့ပါတယ်။ သူမရဲ့ အကြီးမားဆုံး စိုးရိမ်မှုကတော့ နေထိုင်ခွင့်ဆုံးရှုံးပြီး အိမ်ရှင်ကနေ ဖယ်ရှားခံရမှာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ USAID အထောက်အပံ့အစီအစဉ်တွေ လျှော့ချခံရတာကလည်း သူမရဲ့ဘဝကို ထပ်မံထိခိုက်စေခဲ့ပါတယ်။ ပညာ
သင်ဆုကနေ ရရှိခဲ့တဲ့ ဗီဇာကြေး၊ ကျန်းမာ
ရေးအာမခံနဲ့ နေထိုင်စရိတ်အကူအညီတွေ မရတော့တာကြောင့် မြန်မာစာသင်ပေးခြင်း၊ အိမ်မွေးတိရစ္ဆာန်စောင့်ရှောက်ခြင်းလို အ
လုပ်ငယ်တွေ လုပ်ကိုင်ပြီး ရပ်တည်နေရပါတယ်။
ဒါပေမဲ့ အခက်အခဲတွေကြားထဲမှာပဲ CDM ပါဝင်ခဲ့တဲ့ သူမရဲ့ ဆုံးဖြတ်ချက်ကို နောင်တမရဘူးလို့ နှင်းအေးက ပြောပါတယ်။ တစ်ချိန်တည်းမှာတော့ အဲဒီလို ဆုံးဖြတ်ချက်မချနိုင်ခဲ့သူတွေရဲ့ အခက်အခဲကိုလည်း ပိုမိုနားလည်လာပြီလို့ ဆိုပါတယ်။

👍20❤3🤮2🖕2🥰1🤣1
နောက်ဆုံးမှာတော့ ပတ်စပို့သက်တမ်းကုန်
ဆုံးဖို့ ရက်ပိုင်းအလိုမှာ သူငယ်ချင်းတစ်ဦးရဲ့ အကူအညီနဲ့ ဒေါ်လာထောင်ချီကုန်ကျတဲ့ ပွဲစားဝန်ဆောင်မှုကို အသုံးပြုပြီး ပတ်စပို့သက်တမ်းတိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပတ်စပို့ရဲ့ နောက်ကွယ်က လုပ်ငန်းစဉ် ဘယ်
လောက်အထိ လုံခြုံပြီး တရားဝင်သလဲဆိုတာ သူမကိုယ်တိုင်တောင် အပြည့်အဝ မသေချာပါဘူး။
သေချာတာတစ်ခုကတော့ စစ်အုပ်စု အာဏာရှိနေသရွေ့ သူမအတွက် ပတ်စပို့ဟာ နေရပ်ပြန်ဖို့ လမ်းညွှန်ပေးမယ့် စာအုပ်တစ်အုပ် မဟုတ်တော့ပါဘူး။ အဲဒီအစား ပြည်ပမှာ မိမိဘဝကို ဆက်လက်တည်ဆောက်နိုင်ဖို့၊
မသေချာတဲ့ အနာဂတ်ကြားထဲမှာ ကိုင်ဆောင်ထားရတဲ့ တစ်ခုတည်းသော အရေးကြီးအ
ထောက်အထားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ။
ကိုးကား - The Dial

👍16🤮5❤2🖕2🤣1
ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာကိုစစ်တပ်ဗုံးကြဲ၊ ကလေးငယ်နဲ့အမျိုးသမီးလေးဦး သေဆုံး
စက်တင်ဘာ-၂၉-၂၀၂၆။ဇော်ရမ်း၊ကတ်သရင်း/ People's Spring
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာကို စစ်တပ်က ယမန်နေ့က ဗုံးကြဲခဲ့တာ ကြောင့်အမျိုးသမီး၂ဦး၊ကလေးငယ်၂ဦး စုစု ပေါင်း၄ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာလ၂၈ ရက်နေ့၊နေ့လည်ပိုင်းမှာအင်းလယ်ကြီးရွာကို လေကြောင်းက နေဗုံး
ခဲ့သလိုရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွားတာလို့ သိရပါတယ်။လေကြောင်းတိုက်ခိုက်မှု
ကြောင့် အသက်၂ နှစ်အရွယ်ကလေးတဦး၊အသက်၄နှစ်အရွယ် ကလေးတဦး၊အသက်
၃၀ အမျိုးသမီးတဦးနဲ့ အသက်၃၀ ကျော်အရွယ် အမျိုးသမီးတဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
"ဒဏ်ရာပြင်းထန်ရတဲ့သူတွေလည်းရှိတယ်။အထိခိုက်ကအမျိုးသမီး တွေပိုများတယ်။သေဆုံး၄ယောက်မှာ သားအမိနှစ်ယောက်လည်းပါတယ်"လို့ ဒေသခံတဦးကပြောပါတယ်။
ကနဦး စစ်တပ်က ကင်းထောက်လေယာဉ်တွေဝဲတာကြောင့် ဒေသခံပြည်သူတွေရှောင်
တိမ်းဖို့ပြင်ဆင်နေချိန်မှာ ဗုံးကြဲခံရတာဖြစ်ပါတယ်။သေဆုံးသူ တွေကို သက်တင်လာ ၂၈ ရက်နေ့မှာပဲ စုပေါင်းသဂြိုဟ်လိုက်ပြီး ဒဏ်
ရာရသူတွေကို ဆေးရုံပို့ ဆေးကုသနေကြရပါတယ်။ ဆေးကုသမှုခံယူနေသူတွေထဲမှာလည်းဒဏ်ရာပြင်းထန်ရသူ တွေ ပါဝင်တယ်လို့သိရပါတယ်။
"လေကြောင်းသတိပေးထားတဲ့ကြားကနေ ခံရတာပါ။တိုက်ပွဲကို မရှိဘဲကြဲတာ။ ဆက်
တိုက်ကြီးပဲ အရပ်သားတွေကို ဗုံးကြဲနေတာပါ"လို့ ကန့်ဘလူမြို့ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
စစ်တပ်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းနဲ့ စစ်
ကိုင်းတိုင်းထဲကမြို့နယ်တွေကို အခုရက်ပိုင်းမကြာခဏဗုံးကြဲနေပါတယ်။စက်တင်ဘာ
လ၂၃ရက် မနက်မှာ အင်းတော်မြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းအနီးဝန်းကျင်ကို ဗုံးကြဲဖြစ်စဉ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ကုန်သည် တွေအပါအဝင်ငါးဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအပါအဝင်ရှစ်ဦးဒဏ်ရာရခဲ့ပါတယ်။အရပ်သားပြည်သူကိုဦးတည်တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုဖြစ်ပြီး စစ်ကောင်စီကိုပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်သွားမယ်လို့ အင်းတော်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင်စက်တင်ဘာလ၂၃ရက်နေ့ညနေမှာပဲ ကသာမြို့နယ်ထဲကိုဗုံးကြဲလို့ သီလရှင်တစ်ဦးကွယ်လွန်ခဲ့ပါတယ်။ဒါ့အပြင်ဟုမ္မလင်းမြို့
နယ်နဲ့ ရွှေပြည်အေးမြို့ကိုလည်း ဗုံးကြဲခဲ့ပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက ဒေသခံတွေ ရွှေတူးနေတဲ့နေရာတွေကို ဗုံးကြဲလို့ အရပ်
သား သုံးဦးသေဆုံးခဲ့ပါတယ်။
အလားတူစက်တင်ဘာလ ၂၇ရက် မနက် အစောပိုင်းမှာ စစ်ကောင်စီက ကောလင်းမြို့
နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတဲ့အ
တွက် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုအတွက် စစ်ကောင်စီကို လက်တုန့်ပြန်သွားမယ်လို့ ကောလင်းခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ခဲ့ပါတယ်။
အခုရက်ပိုင်းမှာ စစ်တပ်က စစ်ကိုင်းတိုင်းအတွင်း ကသာ၊ကောလင်း၊ အင်း တော်၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်တွေကိုလေကြောင်းကနေမကြာခဏဗုံးကြဲ နေတဲ့အတွက် လုံ
ခြုံရေးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးနေကြပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့ တစ်နေ့တည်းမှာပဲ စစ်တပ်က စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နဲ့၊ ပဲခူးတိုင်း၊ကရင်နီပြည်၊ ဧရာဝတီတိုင်း နဲ့ မကွေးတိုင်းက မြို့
နယ်တွေကိုဗုံးကြဲခဲ့ပါတယ်။ရခိုင်ပြည်နယ် ၊ကျောက်တော်မြို့ လူစည်ကားတဲ့နေရာတွေကိုဗုံးကြဲခဲ့ပြီး ပြည်သူ၄၉ဦးအထိ သေဆုံးခဲ့ပြီး ၆၀ ဦးဒဏ်ရာရခဲ့ပါတယ်။
(ရုပ်သံ -ရပ်ကျေးပကဖ )
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ကန့်ဘလူဗုံးကြဲခံရမှု #အင်းလယ်ကြီးရွာဗုံးကြဲခံရမှု #စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု #ကလေးနှင့်အမျိုးသမီးများသေဆုံး #စစ်ကိုင်းတိုင်းသတင်း #မြန်မာ့စစ်ရေးသတင်း #KanbaluAirstrike #InnLelGyiVillage #JuntaAirstrike #CivilianCasualties #SagaingRegion #MyanmarConflict #MyanmarNews

🤬24❤8👎2👏1😢1🎉1
မုံရွာ-မန္တလေးလမ်းမှာ မိုင်းကွဲပြီး ခရီးသည် ၁ဦး သေဆုံး
စက်တင်ဘာ၂၉၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည် ၁ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ် မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီးမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး AD Van အမျိုးအစား ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် အမျိုးသမီး ၁ဦး မိုင်းစထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အလားတူ ကားပေါ်ပါ ယာဥ်မောင်းနဲ့ သံဃာတော် ၁ပါးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
"ဘာကြောင့် ကွဲတယ်တော့ မသိရဘူး။ အဲဒီ ၂၈ ရက်နေ့ မနေ့က ယာဉ်တန်းတွေတော့ ကူးနေတယ်"လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
အရင်ကလည်း မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီယာဥ်တွေ ဖြတ်သန်းချိန် မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိတာကြောင့် စစ်တပ်ဟာ ခရီးသွားတွေကို ရှေ့ကနေ လူသားဒိုင်းအဖြစ် သွားခိုင်းတာ၊ မိုင်းရှင်းခိုင်းတာတွေ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
မုံရွာ-မန္တလေးကားလမ်းမှာ ၂၀၂၂ ဇူလိုင်ကလည်း ခရီးသည်တင်ယာဉ် ၁စီး မိုင်းထိမှန်ပြီး ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၁၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ဖူးပါတယ်။

❤14👍10🔥5😢5🖕5😁1🤬1
“သူ့အတွက် အန်တီ တလောကလုံးနဲ့လည်း ရင်ဆိုင်နိုင်တယ်။ ဆွေမျိုးအားလုံးနဲ့လည်း ရင်ဆိုင်နိုင်တယ်” လို့ အသက် ၆၁ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ချိုချို (အမည်လွှဲ) က သမီးဖြစ်သူဘက်ကရပ်တည်မယ့် သူ့ရဲ့သဘောထားကို ပြတ်ပြတ်သားသားပဲ ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်တစုကျော်က သူ့ရဲ့တဦးတည်းသောသမီးအသက် ၂၉နှစ်အရွယ်ဖြိုး (အမည်လွှဲ) ကို အမျိုးသမီးအဝတ်အစားများသာ ဆင်ယင်ဖို့ ဆွေမျိုးအသိုင်းအဝိုင်းက ပြောဆိုလာမှုတွေအပေါ် ဒေါ်ချိုချိုက အမြဲငြင်းဆန်ခဲ့တာပါ။
“ငါ့သမီးမကြိုက်တာမလုပ်ကြပါနဲ့ဟယ်၊ ငါ့မှာဒါလေးတယောက်ပဲရှိတာပါ”ဆိုတဲ့စကားလုံးတွေဟာဖြိုးနဲ့ပတ်သက်ပြီး ဒေါ်ချိုချိုအစဉ်အမြဲပြောနေကျ စကားလုံးများပဲဖြစ်ပါတယ်။
“ရိုးရိုးသားသား သူ့ပင်ကိုယ်စိတ်ကိုယ်က ယောကျ်ားလေးစိတ်မျိုးဖြစ်တာ၊ ပြောင်းလဲလို့မရတာ သိလိုက်တဲ့အချိန် အန်တီ့စိတ်ကို ဒုံးဒုံးချလိုက်တယ်၊ သူဖြစ်ချင်တာတွေကိုပဲ အန်တီလိုက်လုပ် ပေးလိုက်တော့မယ်ဆိုပြီး” လို့ ဒေါ်ချိုချိုက ဆက်ပြောပါတယ်။
သားယောကျ်ားလေးမွေးတဲ့မိခင်က ပိုမြင့်
မြတ်တယ်ဆိုပြီး သက်သေမပြနိုင်တဲ့ ရှေးရိုးစွဲအယူဝါဒတွေ ဖုံးလွှမ်းနေဆဲ လူနေမှုအဖွဲ့ အစည်းရဲ့ဝေဖန်မှု တွေကြားကပဲ ဒေါချိုချိုဟာ ဖြိုးဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ မိခင်တယောက်ဖြစ်လာပါတယ်။
ဒေါ်ချိုချိုတယောက် ဖြိုးအသက် ၁၆ နှစ်အရွယ်လောက်အထိ မိန်းကလေးတယောက်လို ဖြစ်လာဖို့အတွက် ပြောင်းလဲဖို့ကြိုးစားခဲ့ပေမယ့် သူ့ကြိုးစားမှု မအောင်မြင်တာကို ရိပ်မိလိုက်ပါတယ်။
“မိန်းကလေးဘက်ကိုပြန်ပြီးစိတ်နွယ်လာမလားလို့ အန်တီပြောင်းကြည့်သေးတယ်၊အစကတော့ မိန်းကလေးစစ်စစ်ဖြစ်စေချင်တာပေါ့၊ သူ့စိတ်က လုံးဝ မနွယ်ဘူး၊ မိန်းကလေးလိုဝတ်ဆိုရင် ဝတ်ပေးတယ်၊ ဒါပေမယ့် အန်တီက သူ့တစ်ယောက်တည်းမွေးထားတာဆိုတော့ သူ့စိတ်ကို တဖြည်းဖြည်းနားလည်လာတယ်၊ သူ့စိတ်သန်ရာသန်ရာပေါ့နော်၊ ရိုးရိုးသားသားသူ့ပင်ကိုယ်စိတ်ကိုက ယောကျ်ားလေးလိုနေချင်တာ” လို့ ဒေါ်ချိုချိုက ဆိုပါတယ်။
အဲ့ဒီအချိန်ကစလို့ဒေါ်ချိုချိုဟာ ဖြိုးဖြစ်ချင်တဲ့ဆန္ဒတွေနောက်ကိုသာလိုက်ပြီး ပံ့ပိုးပေးတဲ့ မိခင်တဦး ဖြစ်လာပါတော့တယ်။
“သူစိတ်ဆင်းရဲရင်အန်တီလည်းစိတ်ဆင်းရဲရမယ်၊ အန်တီစိတ်ဆင်းရဲရင်လည်းသူစိတ်ဆင်းရဲရမယ်၊သူ့ရဲ့သန္ဓေစိတ်ကိုက ယောက်ျားလေးတယောက်လိုဖြစ်လာတော့အန်တီက သမီးရေ ဒီဘဝတော့ ယောကျ်ားလေးမဖြစ်ပေမယ့် နောက်ဘဝကျဖြစ်အောင် သမီးကြိုးစားနော်ဆိုပြီး ဘာသာရေးအရ အားပေးဖြစ်တယ်၊ ဒါပေမယ့် ဒီဘဝမှာလည်း သမီးနေချင်တဲ့ ယောက်ျားလေးလို ကြိုက်သလိုနေ စမ်းပါ၊ ဟော့ဟော့ရမ်းရမ်းတော့မဖြစ်စေနဲ့” ဆိုပြီးအမြဲတမ်း အားပေးခဲ့တယ်လို့ ဒေါ်ချိုချိုက ဆိုပါတယ်။
ဖြိုးရဲ့ ရွေးချယ်မှုတွေကို နားလည်လက်ခံပေးနိုင်ဖို့အတွက်လည်း ပတ်ဝန်းကျင်၊ ဆွေမျိုးနဲ့ လူတွေဘာပြောမလဲဆိုတဲ့ စိုးရိမ်မှုထက် သူ့ရဲ့ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုကသာ ပိုအရေး
ကြီးတယ်လို့ ဒေါ်ချိုချိုက မြင်ပါတယ်။
သမီးဖြစ်သူရဲ့ဖြစ်တည်မှုကို အပြည့်အလက်ခံအားပေးတဲ့ ဒေါ်ချိုချိုဟာ ငယ်စဉ်အချိန်က LGBT တွေအပေါ် အမြင်တိမ်းစောင်းခဲ့ဖူးပါတယ်။
“အန်တီငယ်ငယ်က အဲ့ဒါတွေသိပ်မုန်းတာ၊ မိန်းကလေးကယောကျ်ားစိတ်ဖြစ်တာ၊ ယောကျ်ားလေးက မိန်းကလေးစိတ်ဖြစ်တာတွေအပေါ် လက်မခံနိုင်ခဲ့ဘူး၊ အမြင်ကျဉ်းခဲ့တာပေါ့နော်။ ဒါပေမယ့် ကိုယ့်ကလေးက ဒီလိုဖြစ်လာတဲ့အခါ သူ့စိတ်တိုင်းကျ လုပ်ခွင့်ပေးထားတယ်၊ အန်တီက ဘေးက တည့်မတ်ပေးရုံပဲ၊ လူ့ဘဝက တိုတိုလေး၊ တိုတိုလေးဘဝမှာ တယောက်နဲ့တယောက် ငြိုငြင်နေရမှာကို အန်တီ စိတ်ပျက်တယ်၊ သူ ဒီလိုဖြစ်တာ ကိုလည်း အန်တီနောင်တမရဘူး၊ သူလျှောက်ရမယ့်လမ်း ကိုတည့်ပေးပြီးပြီ၊ ဆက်လျှောက်ဖို့ကတော့ သူ့တာဝန်ပဲ” လို့ ဒေါ်ချိုချိုက ပြောပါတယ်။
မိခင်ဖြစ်သူရဲ့ နားလည်လက်ခံပေးမှုက ဖြိုးအတွက်တော့ သူ ငယ်စဉ်ကတည်းကကြုံခဲ့ရတဲ့အခြားသူတွေရဲ့ဝေဖန်မှုတွေကြားမှာ ယုံကြည်အားကိုးရာတခု ဖြစ်လာခဲ့ပါတယ်။
“အခုချိန်မှာ ကိုယ့်ဘဝကိုယ့်ဘာသာပျော်ရွှင်ပြီးနေထိုင်နေတဲ့အပေါ်မှာ အပြစ်တင်တာ၊ ငြူစူတာ၊ စိတ်ကိုဖိအားပေးတာ ဘာတခုမှမရှိခဲ့ဘူး၊ ၁၀၀ ရာခိုင်နှုန်းအပြည့် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတယ်” လို့ ဖြိုးက ပြောပါတယ်။
မိခင်ဖြစ်သူရဲ့ နားလည်ပေးမှုက ဖြိုးအတွက်ကိုယ်ဖြစ်ချင်တဲ့ပုံစံအတိုင်း ကိုယ်ဖြစ်ခွင့်ရတယ်ဆိုတဲ့ ခံစားချက်ကို ရရှိစေခဲ့လို့ပဲဖြစ်ပါတယ်။
မိခင်ဖြစ်သူရဲ့ ကာကွယ်ပေးမှုတွေနဲ့ပတ်သက်ပြီး ဖြိုးက “မေမေက ကိုယ်နဲ့ပတ်သက်ရင် သူများ ပြောတာ လုံးဝမခံဘူး၊ ငါ့သမီး သူ့စိတ်တိုင်းကျနေပါစေ၊ သူမဟုတ်တာလုပ်နေတာ မဟုတ်ဘူးလို့ မေမေက အမြဲရပ်တည်ပေးတော့ ကိုယ့်ဘဝကိုယ်ပျော်တယ်” လို့ပြောပြပါတယ်။
မူလတန်းအရွယ်တည်းက မိန်းကလေးတယောက်လို ဝတ်စားဆင်ယင်ရတာတွေကို
မကြိုက်ခဲ့တဲ့ ဖြိုးဟာ သူ့ရဲ့ကျား/မအမှတ်
သညာဖော်ပြမှုတွေနဲ့ပတ်သက်ပြီး အသက် ၁၈ နှစ်လောက်အရောက်မှာ မိခင်ဖြစ်သူကို အရဲစွန့်ပြီးထုတ်ဖော်ပြောပြခဲ့တာဖြစ်ပါတယ်။

❤20🖕3👍2🤮1
“ကိုယ့်ရဲ့စိတ်ခံစားချက်က မိန်းကလေးတစ်ယောက်ကိုပဲ ချစ်နှစ်သက်ချင်တာ၊ လိင်တူမိန်းကလေးတ ယောက်နဲ့ပဲ အတူရှိချင်တာ၊ လက်တွဲချင်တာဆိုတဲ့အကြောင်း အမေ့ကို ပြောပြချင်တဲ့အချိန်ကအရမ်းကြောက်တယ်၊ တကိုယ်လုံး အသားတွေတုန်နေလောက်တဲ့အထိ ကြောက်ခဲ့တာ၊ ကြောက်ပေမယ့် အမေသိခဲ့တယ်၊ နည်းနည်းလေးမကြိုက်ကြောင်း၊ အဆင်မပြေကြောင်းဒါကြီးလက်မခံကြောင်းတော့ တော်တော်ပြတယ်၊ အမေက ပြပေမယ့်လည်း ကိုယ်က ရှေ့ဆက်ခဲ့တယ်၊ မိဘကို ကြောက်တာက တကဏ္ဍ၊ ကိုယ့်စိတ်နဲ့ကိုယ်ရှင်သန်ချင်တာက တကဏ္ဍဆိုတော့လေ” လို့ မိခင်ဖြစ်သူကို ပထမဆုံးအကြိမ်ထုတ်ဖော်ပြောဆိုခဲ့တဲ့အချိန်ကို သူက ပြန်ပြောင်းပြောပြပါတယ်။
အစပိုင်းမှာ လက်မခံနိုင်သေးတဲ့ မိခင်ဖြစ်သူဟာ သမီးရဲ့စိတ်ခံစားချက်ကိုပိုပြီးနားလည်လာတဲ့အချိန် မှာတော့ ဖြိုးကို သူ့ဘဝသူရွေးချယ်နေထိုင်ခွင့်ပေးဖို့အခွင့်အရေးကိုပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“အမေ့ကို ဘယ်လိုပြောခဲ့လဲဆိုတော့ ဖြိုးက အမျိုးသမီးကနေ အမျိုးသားတယောက် လိုပဲ နေချင်တာ။ အဲ့လိုမှမနေရရင် ဖြိုးရဲ့စိတ်က ကျဉ်းထဲကြပ်ထဲမှာရောက်မှာ။ဒါကြီးတွေကို ဖြိုးမဝတ်ချင်ဘူး။ မိန်းမလိုသာနေရမယ်ဆို မနေချင်တော့ဘူး။ သေလိုက်တာမှ ကောင်းဦးမယ် အဲ့လိုမျိုးနည်းနည်းချင်းစီ ငိုပြီး ဝမ်းနည်းပြီး ပြောပြ။ ကိုယ့်စိတ်ခံစားချက်တွေကို ပြဖြစ်တဲ့အချိန်မှ အမေက ဒါ့အတွက်တော့ ငါ့သမီးသေစရာမလိုဘူး။ ဒီလိုမျိုးနေချင်တာကြောင့် ငါ့သမီးသေသွားစရာမလိုဘူး။ ငါ့သမီး စိတ်ချမ်းသာမယ်ဆို နေလိုက်။ အမေဘာမှမပြောတော့ဘူးဆိုပြီးနေရင်းမှ ကိုယ်စိတ်ချမ်းသာဖို့အတွက် အမေလည်း သူ့ပျော်ရွှင်မှုတွေ စွန့်လွှတ်လိုက်ရတယ်ထင်ပါတယ်” လို့ ဖြိုးက ဆိုပါတယ်။
မိခင်ဖြစ်သူမြင်ချင်တဲ့မိန်းကလေးတယောက်လို သိမ်သိမ်မွေ့မွေ့ ပြုမူနေထိုင်တာတွေ၊ မိခင်ဖြစ်သူ ပုံဖော်ထားတဲ့ အမေနဲ့သမီး နှစ်ယောက်ရဲ့ဘဝကို ဒေါ်ချိုချိုတယောက် လက်လွှတ်လိုက်တယ်ဆိုတာကို ဖြိုး တစ်ယောက်ရိပ်မိခဲ့ပါတယ်။
“တိုက်ယူခဲ့ရတာလေးတွေ လည်းရှိပါတယ်”လို့ သူကြိုးစားယူခဲ့ရတဲ့မိခင်ဆီကနားလည်မှုတွေ အကြောင်း ဖြိုးကပြောပြ ပါတယ်။
မိခင်ဖြစ်သူရဲ့ ပံ့ပိုးနားလည်မှုတွေနဲ့ ဘဝကို ဖြတ်သန်းခဲ့တဲ့ ဖြိုးဟာအရွယ်ရောက်စအချိန် လုပ်ငန်းခွင် ဝင်တဲ့အချိန်မှာ သူ့ရဲ့ ကျား/မအမှတ်သညာ ဖော်ပြမှု (Gender Expression) နဲ့ပတ်သက်ပြီး အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပါသေးတယ်။
“LGBT တွေ မခန့်ဘူး၊ Tomboy တွေ မခန့်ဘူး၊ နင်က ဒုတိယမြောက်ပဲ၊ နင့်ပြီးရင် မခန့်တော့ဘူး ဆိုတော့ ကိုယ်ကပဲ တိုက်မှာ နေ့စဉ်နဲ့အမျှ အပြစ်ကြီးတခုကျူးလွန်ပြီး အလုပ်တက်နေရသလိုပဲ” လို့ ဖြိုးက သူ့ရဲ့လုပ်ငန်းခွင်အတွေ့အကြုံအကြောင်းကို ဆိုပါတယ်။
ဖြိုးတယောက် ခွဲခြားဆက်ဆံခံခဲ့ရတဲ့အလုပ်ဌာနဟာ အဲ့ဒီအချိန်က လူသိများတဲ့ သတင်းမီဒီယာဌာန တခုဖြစ်ပါတယ်။ LGBT ဖြစ်တည်မှုနဲ့ ကျား/မ အမှတ်သညာဖော်ပြမှုအပေါ် ခွဲခြားဆက်ဆံခဲ့တဲ့ လူပုဂ္ဂိုလ်ဟာ အဲ့ဒီသတင်းဌာနရဲ့တိုက်ပိုင်ရှင်အမှုဆောင်အရာရှိချုပ်ကိုယ်တိုင်ဖြစ်ပါတယ်။
အမျိုးသမီးဝန်ထမ်းတွေကို မြန်မာဆန်ဆန် ရင်ဖုံးအင်္ကျီနဲ့ ထဘီဝတ်ဆင်ဖို့သတ်မှတ်ထားတာကြောင့် လုပ်ငန်းခွင်စတင်ဝင်ရောက်ချိန်ကနေ ၃နှစ်ကြာအထိ ဖြိုးတယောက်သူမနှစ်သက်တဲ့ ယူနီဖောင်းကို ဝတ်ဆင်ခဲ့ရပါတယ်။ ၃ နှစ်ခန့်အကြာမှာတော့ လုပ်ငန်းခွင်မှာ သတ်မှတ်ထားတဲ့ ဝတ်စားဆင်ယင်မှုပုံစံကို ဖြိုးတစ်ယောက် မလိုက်နာချင်တော့တာကြောင့် ထဘီမဝတ်ဘဲ ရုံးကို ဒဏ်ကြေးဆောင်ပြီး ကိုယ်နှစ်သက်ရာဝတ်စုံက ကိုသာ ဝတ်ဆင်ခဲ့ပြီး လုပ်ငန်းခွင်ရဲ့ဖိအားကို ရင်ဆိုင်ခဲ့ပါတယ်။
“ဖြိုးမှ ထဘီမဝတ်ချင်တာ၊ ထဘီဝတ်လိုက်ရင်ကို ဖြိုးအတွက် အရှက်ရစရာလို့ ဖြစ်နေတာ” လို့ ထဘီဝတ်ရခြင်းနဲ့ပတ်သက်တဲ့ ခံစားချက်ကို ဖြိုးက ဆိုပါတယ်။
ရုံးဖယ်ရီပေါ်မှာဖြစ်စေ၊ ရုံးခန်းအတွင်းဖြစ်စေ ဖြိုးတယောက် နေ့တဓူဝဖြေရှင်းနေရတဲ့ စကားလုံးတွေကယောကျ်ားယူမှာလား၊မိန်းမယူမှာလားဆိုတာတွေပဲဖြစ်ပါတယ်။
ဖြိုးရဲ့ဘဝမှာ သူ့ကိုယ်သူဖြစ်ခွင့်ရဖို့ အမြဲတမ်းလွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ရဲ့မိခင်ကိုယ်တိုင် လည်းသမီးကို နားလည်လက်ခံနိုင်ဖို့ အချိန်ယူခဲ့ရသူတဦး ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ နေ့စဉ် ကြုံတွေ့ခဲ့ရတဲ့ ဝေဖန်မှုတွေနဲ့ မေးခွန်းတွေအကြား ဖြိုးအတွက် မိခင်ဖြစ်သူရဲ့အိမ်ဟာ ကိုယ့်ကိုယ် ကိုယ် ပြောင်းလဲဖို့မလိုတဲ့ ကိုယ့်စိတ်ကြိုက်နေနိုင်တဲ့နေရာတခု ဖြစ်လာခဲ့ပါတယ်။
https://www.ludunwayoo.com/feature-mm/2026/09/28/169492/

LuduNwayOo
ဖြစ်တည်မှုကို မတားတဲ့အိမ် | LuduNwayOo
“သူ့အတွက် အန်တီ တလောကလုံးနဲ့လည်း ရင်ဆိုင်နိုင်တယ်။ ဆွေမျိုးအားလုံးနဲ့လည်း ရင်ဆိုင်နိုင်တယ်” လို့ အသက် ၆၁ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ချိုချို (အမည်လွှဲ) က သမီးဖြစ်သူဘက်ကရပ်တည်မယ့် သူ့ရဲ့သဘောထားကို ပြတ်ပြတ်သားသားပဲ ပြောလိုက်ပါတယ်။
👍21🖕3❤2🥰1🤮1
တနင်္သာရီရေဘေး သေဆုံးသူ ၃၀ကျော်လာပြီး ဒါဇင်ချီပျောက်ဆုံးနေဆဲ
စက်တင်ဘာ-၂၉၊၂၀၂၆။အိမ်သွင်/People's Spring
ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့်သေဆုံးသူ ၃၂ဦးရှိလာပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေဆဲဖြစ်တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကစက်တင်ဘာလ၂၉ရက်ညနေပိုင်းမှာထုတ်ပြန်ပါတယ်။
စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်း တွေဆက်လက်ဆောင်ရွက်နေရဆဲဖြစ်သလို သေ
ဆုံးမှုစာရင်းဆက်လက်တိုးပွားလာနိုင်တယ်လို့ဖော်ပြထားပါတယ်။
ထားဝယ်ဒေသတစ်ခုလုံးမှာအဆောက်အဦးပေါင်း ၂၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အ
ပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်သေးတယ်လို့ သိရပါတယ်။
ရေအနည်းငယ်ပြန်ကျနေပေမယ့် ဒေသခံတွေ အလျင်စလို ပြန်လည်နေထိုင်တာမပြုလုပ်ကြဖို့နဲ့ မိုင်းအန္တရာယ်ကိုလည်းသတိပြုကြဖို့ထားဝယ်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံဖက်ကလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်တနင်္သာရီတိုင်း၊ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့
နယ်တွေမှာ စက်တင်ဘာလ၂၆ရက်နေ့ကစပြီး ရေဘေးကြုံတွေ့နေတာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တိုွဟာ ရေဘေး နဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့ခဲ့ပါတယ်။
ဒါပေမယ့် စက်တင်ဘာလ၂၈ရက်ညနေပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းခြင်းမရှိတော့ဘဲ အချို့ဒေသများမှာ ရေအနည်းငယ်ပြန်လည်ကျဆင်းလာပေမယ့် လက်ရှိအ
ခြေအနေဟာပုံမှန် အခြေအနေပြန်လည်ရောက်ရှိလာပြီလို့ မမှတ်ယူဖို့ထားဝယ်အမျိုး
သားအဖွဲ့ချုပ်က သတိပေးထားပါတယ်။
ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုကြောင့် မြေသား တွေရွေ့လျားတာ ၊ ရေစီးကြောင်းပြောင်းလဲခြင်းတို့ကြောင့် အရင်ကမတွေ့ခဲ့တဲ့ မြေမြှုပ်မိုင် းနဲ့ မပေါက်ကွဲသေးတဲ့ စစ်
လက်နက်ပစ္စည်းတွေ ရေစီးနဲ့အတူမျောပါလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ရေကျပြီးနောက်လမ်းတွေ ၊ခြံဝင်းတွေ၊ လယ်ယာမြေတွေ၊ တောတောင်ဥယျာဥ်ခြံတွေနဲ့ အခြားသောနေရာတွေမှာ သံထည်ပစ္စည်းနဲ့စစ်လက်နက်ပစ္စည်းတွေ သို့မဟုတ် သံသယဖြစ်ဖွယ်ပစ္စည်းတွေ တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ ဖယ်ရှားခြင်းမပြုလုပ်ဘဲ တပ်ရင်းတပ်ဖွဲ့တွေကိုအသိပေးဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိရေဘေးကြုံတဲ့ဒေသတွေဟာ စစ်တပ်
က မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီကိုဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။
တစ်မြို့နယ်လုံးအတွက် လွှမ်းခြုံဆောင်ရွက်နိုင်ဖို့ အကန့်သတ်တွေရှိနေပေမယ့် အန္တရာယ်ရှိနိုင်တဲ့ ကျေးရွာတွေကပြည်သူတွေကို ဘေး
ကင်းနေရာသို့ ရွှေ့ပြောင်းပေးပြီး လိုအပ်တဲ့ အကူအညီတွေပေးနေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ရေကြီး၊တောင်ပြိုအန္တရာယ်
ရင်ဆိုင်နေရတဲ့ ကျေးရွာတွေမှာ အကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေအနေနဲ့ အကူအညီလိုအပ်ရင် ဆက်သွယ်တောင်းခံဖို့လည်း အသိပေးထားပါတယ်။
လောင်းလုံးနဲ့သရက်ချောင်းမြို့နယ်အတွင်း ရေဘေးရင်ဆိုင်နေရတဲ့ပြည်သူတွေကို လာရောက်ကူညီကြမယ့်ကယ်ဆယ်ရေးအဖွဲ့တွေ ဒေသတွင်းမှာအဆင်ပြေပြေသွားရောက်နိုင်ဖို့အတွက်လည်း နည်းဗျူဟာ (၃၃)ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊တပ်ဖွဲ့တွေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ကူညီကြဖို့ တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ (၃၃)က စက်တင်ဘာလ၂၈ရက်မှာ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၉ ရက်ညနေပိုင်းအထိ တောင်မြေပြိုမှုတွေဆက်ရှိနေပြီး အခက်အခဲတွေကြားကနေ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတယ်လို့ အရပ်ဖက်အဖွဲ့အချို့ကပြောပါတယ်။ဒေသအသီးသီးကပရဟိတအဖွဲ့တွေအနေနဲ့လည်း ထားဝယ်ဒေသကိုလာရောက်ကူညီကြဖို့ မေတ္တာရပ်ခံထားကြပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ရေဘေးနဲ့မြေပြိုမှုဘေးဟာ ဒေသခံတွေအတွက် ထိခိုက်ဆုံးရှုံးမှုအလွန်ကြီးမားခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်တယ်လို့ဒေ
သခံတွေကပြောပါတယ်။
" တစ်ရွာလုံး မြေပြင်ကြီးဖြစ်သွားတဲ့ရွာတွေလည်းရှိတယ်။သေဆုံးသူဦးရေသေချာ
ပေါက်တိုးလာမှာပါ။ မူလအခြေအနေပြန်ရဖို့မလွယ်တော့ဘူး"လို့လောင်းလုံး မြို့ဒေသခံတစ်ဦးကပြောပါတယ်။

😢39🤣4👍3👎2❤1😭1
လက်ပံတန်းအရှေ့ခြမ်းက စစ်ဘေးရှောင်တွေ စား၀တ်နေရေး အခက်တွေ့နေ
စက်တင်ဘာ -၂၉၊၂၀၂၆။မိုမို/People's Spring
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့ခြမ်းမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ဟာ စား၀တ်နေရေးအခက်တွေ့နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတချို့က ပြောပါတယ်။
အဲဒီ ပြည်သူတစ်ထောင်ကျော်ဟာ အရင်က လက်ပံတန်းမြို့နယ်အနောက်ခြမ်း ရေငံကျေးရွာ ဒေသခံတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂နှစ်က စစ်တပ်အထိုင်ချတပ်စွဲကာ နေအိမ်တွေ မီးရှို့ခံရတာကြောင့် စစ်ရှောင်နေကြရတာလို့ ကူညီဆောင်ရွက်ပေးသူတချို့က ဆိုပါတယ်။
"စစ်ရှောင်ပြည်သူတွေ စုဖွဲ့နေထိုင်ကြတဲ့ တောတိုက် အိမ်စုတွေကို အခုလ ၁၄ ရက်မှာ မီးရှို့ခံရတာကြောင့် နှစ်ကြိမ်မြောက် ဒုက္ခရောက်ကြတာဖြစ်ပါတယ်"လို့ လက်ပံတန်းမြို့နယ်စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ ချက်ပြုပ်စားသောက်စရာ အိုးခွပ်၊အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့သူက အသိပေးပါတယ်။
စစ်ရှောင်ကူညီရေးအချက်အလက်တွေအရ အခုစက်တင်ဘာအတွင်း စစ်တပ်စစ်ကြောင်းက တောင်တန်းမြိုင်ကျေးရွာက နေအိမ် ၄၀၊ ရိုးမအတွင်းအခြေပြုနေထိုင်ကြတဲ့ နေအိမ် ၂၀ ၊ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတေါရဲ့ နေအိမ် ၈၂ လုံးနဲ့ ချင်းကုန်းရွာက ရန်ကုန်ဘုန်းကြီးကျောင်းကိုလည်း မီးရှို့ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က အိမ်ထောင်စုတစ်စုကို ဆန် ၄ပြည်နှုန်းနဲ့ အိမ်ထောင်စု ၁၀၀ အတွက် ပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် သာယာဝတီခရိုင်တပ်ရင်း (၃) Myanmar Defense Force ကလည်း လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး စစ်ရှောင်ပြည်သူတွေကို ပံ့ပိုးပေးဖို့ရှိပြီး ပါ၀င်လှူဒါန်းလိုသူတွေလည်း ကူညီကြဖို့တိုက်တွန်းထားပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း မင်းလှနဲ့ လက်ပံတန်းမြို့နယ်ကို ဩဂုတ်လလယ်ကစပြီး စစ်တပ်၊ရဲကွန်မန်ဒို ၊ ပြည်သူ့စစ်စုဖွဲ့ထားတဲ့ အင်အား ၄၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲ ၇ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ဆိုင်ထားတယ်လို့ တော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။
လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင်ကျေးရွာနဲ့ ရေငံကျေးရွာမှာ စစ်တပ်ကအထိုင်ချထားပြီး မကြာခဏ လက်နက်ကြီး၊ဒရုန်းနဲ့ တိုက်ခိုက်နေပါတယ်။

😢39👍5🔥3👏2🤮2❤1👎1🤬1🎉1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ရွှေဘိုနဲ့ ဆားလင်းကြီး ဒေသခံပြည်သူတွေ ဆန္ဒထုတ်ဖော်
စက်တင်ဘာ ၂၉၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၉) ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုက ဦးဆောင်ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ဦးကျော်မိုးထွန်းရဲ့ပုံပါ ဗီနိုင်းတွေ စိုက်ထူ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့အသံကို ကုလသမဂ္ဂမှာ ဆက်လက်ဖော်ပြနိုင်ရေးအတွက် ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုဖို့လည်း ရွှေဘိုသပိတ်အင်အားစုက တောင်းဆိုထားပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း စစ်ရှောင်ပြည်သူတွေနဲ့အတူ လက်ပံတောင်းတောင်ပင်မသပိတ်မှ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဖို့ ထောက်ခံပွဲ လုပ်ဆောင်ခဲ့ပါတယ်။
အလားတူ ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ၅/ဆလက လူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေး ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

❤34🥰5👏3🤣3🖕3