People's Spring
✔
60K subscribers
71.6K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
အာဏာသိမ်းစစ်တပ်က ကျောက်တော်မြို့ကို ဒီနေ့ ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၃၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၆ ဦးအထိ ရှိလာပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်သေးတယ်လို့ AA နဲ့ လူမှုကူညီရေးလုပ်နေသူတွေက ပြောပါတယ်။ စစ်တပ်က စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့ထဲက လူစည်ကားတဲ့ အိန္ဒိယစျေးနဲ့ ဂစ္ဆပနဒီတံတားပေါ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ မီးထဲမှာ ပါသွားတဲ့အလောင်းတချို့ကို စာရင်းပြုစုလို့ မရနိုင်သေးသလို ဆွဲထုတ်လို့ မရနိုင်သေးတာတွေလည်း ရှိသေးတယ်လို့ မြေပြင်မှာ ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။ အခုလို အရပ်သားလူနေရပ်ကွက်၊ စျေးနဲ့ လူအသွားအလာများတဲ့တံတားတို့ကို စစ်တပ်က တမင်ရည်ရွယ်ပြီး ဗုံးကြဲတာဟာ အလွန်ယုတ်မာတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူက ဆက်​ပြောပါတယ်။ စစ်တပ်ဗုံးကြဲခဲ့တဲ့ အိန္ဒိယစျေးဟာ ကျောက်တော်မြို့ထဲမှာတည်ရှိပြီး လူအသွားအလာ၊ စျေးဝယ်သူတွေနဲ့ စည်း ကားတဲ့နေရာတခုဖြစ်ပါတယ်။ မြို့အဝင်က ဂစ္ဆပနဒီတံတားဟာလည်း လူအသွားအလာများတဲ့ တံတားဖြစ်ပါတယ်။ ဒါ​ကြောင့် စစ်တပ်က လူစည်ကားတဲ့​နေရာ​တွေကို ​​ရွေးပြီး ဗုံးကြဲသတ်ဖြတ်တာလို့ ဒေသခံ​တွေက​ ပြောပါတယ်။ အာရက္ခတပ်​တော်(AA)ကလည်း ကျောက်တော်မြို့ ဗုံးကြဲခံရမှု နောက်ဆက်တွဲသတင်းထုတ်ပြန်ရာ လက်ရှိအချိန်အထိ​ သေဆုံးသူ ၃၃ဦးခန့်နဲ့ ဒဏ်ရာရရှိသူ ၃၆ ဦး ရှိလာပြီး သေဆုံးတဲ့ အရေအတွက် ထပ်တိုးလာနိုင်ခြေရှိတယ်လို့​ ဖော်ပြပါတယ်။ အာရက္ခဒေသအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ ဖြစ်စဉ်​တွေထဲမှာ မြောက်ဦး ပြည်သူ့ဆေးရုံးကြီး တိုက်ခိုက်ခံရမှုနောက် ဒီနေ့​ ကျောက်​တော်မြို့ ဗုံးကြဲခံရမှုမှာ အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးမှု အများဆုံးဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ AAက ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်တပ်က ဒီနေ့ တရက်တည်းမှာ ကျောက်တော်မြို့အပြင် သံတွဲမြို့နယ်၊ မင်းပြားမြို့နယ် စွန်ရဲ၊ ကြောင်ရှည်ချောင်းရွာတို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် ၁ ဦး သေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

◾️ကျောက်တော်ဗုံးကြဲမှု စစ်တပ်နဲ့ ပါဝင်ပတ်သက်သူတွေကို လက်တုံ့ပြန်မယ်လို့ AA ပြော

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက်တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။ ကျောက်တော်မြို့ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်မှာ အပြစ်မဲ့ပြည်သူတွေအတွက်တရားမျှ
တမှုရရှိဖို့၊ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ပက်သက်တဲ့ အကြမ်းဖက်မြန်မာ့တပ်မတော်နဲ့ ပါဝင်ပက်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးတော့မှ လက်တုံံ့ပြန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်အနေနဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်လို့လည်း သူက ဆက်​ပြောပါတယ်။

◾️ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒီနေ့ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းကတည်းက နေ့လယ် ၁၂ နာရီခွဲခန့်အထိ အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေနဲ့ စစ်ရှောင်ပြည်သူတွေ ရှိတဲ့နေရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းရှိနေတယ်လို့ ဆိုပါတယ်။ ဘာတိုက်ပွဲမှ မရှိဘဲ စစ်တပ် လေကြောင်းတိုက်ခိုက်တဲ့နေရာတွေမှာ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ကြတာလို့ ကရင်နီဒေသခံတစ်ဦးက ‌ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကို နေ့စဉ်နီးပါး လုပ်နေပြီး အရပ်သားတွေကို ပစ်မှတ်ထားနေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာ၀န်ရှိသူက ပြောပါတယ်။

◾️မိုးမိတ်မြို့က စစ်တပ်စခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီနေ့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ စက်တင်ဘာ ၂၈ရက် မနက်ပိုင်းမှာ စစ်တပ် တပ်စွဲထားတဲ့ မိုးမိတ်မြို့ ရွှေမင်းတင်စေတီကုန်းက တပ်စခန်းကို သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစခန်းသိမ်းပိုက်မှုနဲ့အတူ လက်နက်ခဲယမ်းတွေ အများကြီးရတယ်လို့ သိရကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူ​ပေးဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာ ညောင်နီရွာမှာ စက်တင်ဘာ ၂၈ရက် ဒီနေ့ မနက်ပိုင်းကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂နာရီခန့်မှာ စစ်တပ်က​ လေ​ကြောင်းက​​နေ ဗုံးကြဲသွားတာလို့ သိရပါတယ်။ စစ်တပ်ဘက်က ဒရုန်းထိပြီး သေဆုံးတာများတယ်လို့ သိရပြီး လေကြောင်းတိုက်ခိုက်မှု ဆက်ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

◾️စစ်တပ်နဲ့ SNA ပူးပေါင်းတပ်စခန်းကို KIA သိမ်းပိုက်
👍21❤5💩2🖕2
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာက စစ်တပ်နဲ့ ရှမ်းနီတပ် SNA တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်မြေပြင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စက်တင်ဘာ ၂၈ရက် မနက်မှာ နမ့်မွန်းကျေးရွာအနီးက စစ်တပ်နဲ့ SNA ပူးပေါင်းစခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ တပ်စခန်းဟာ အရင်က KIA ထိုင်ထားတဲ့ စခန်းဖြစ်ပြီး လက်လွှတ်ခဲ့ရတဲ့ အခြေအနေမှာ ဒီနေ့ ပြန်သိမ်းပိုက်နိုင်ခဲ့တာလို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နမ့်မွန်းကျေးရွာမှာ စစ်တပ်လက်အောက်ခံ SNA တပ်ဟာ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအတွင်း စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါတယ်။ အင်အားအများအပြားနဲ့ ဘုရားကျောင်းဝင်းအတွင်း စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာအပြင် ကျောင်းဝင်းအတွင်း ကခုန်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေ့ နမ့်မွန်းရွာတိုက်ပွဲမှာလည်း ဘုရားကျောင်းမှာ သင်တန်းဆင်းပွဲလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင် သင်တန်းဆင်းတပ်သားတွေ ပါဝင်ခဲ့တယ်လို့ သိရကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။ ဘုရားကျောင်းအတွင်း SNA တပ်က စစ်သင်တန်းဆင်းပွဲ ကျင်းပတာဟာ လုံး၀ မလုပ်သင့်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

◾️ရခိုင် မြို့နယ် ၈ခုကို စစ်တပ် ဆက်တိုက်ဗုံးကြဲ

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၈ခုကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း AAက သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၇ရက်ကနေ ၂၇ရက်အထိ စစ်တပ်က မြောက်ဦး၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ဂွ၊ ကျောက်တော်၊ မင်းပြားနဲ့ အမ်း စတဲ့ မြို့နယ်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပါတယ်။ AAက ဖော်ပြတဲ့ စာရင်းအရ ၁၁ရက်တာကာလ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၆ဦးထက်မနည်းသေဆုံးကာ ၁၆ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူအများစုဟာ သက်ကြီးရွယ်အိုတွေဖြစ်ပြီး ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကလေးငယ်အချို့လည်း ပါဝင်ပါတယ်။ စစ်တပ်ဟာ စစ်မျက်နှာပြင်တိုင်း စစ်ရေးအရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့် အာရက္ခပြည်အနှံ့ မြို့ရွာတွေကို ရှုံးမဲမဲကာ လေကြောင်း တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

◾️ဗန်းမော်မြို့က စစ်တပ်စခန်းတစ်ခုကို KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်တပ် နေရာယူနေတဲ့ စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ဗန်းမော်မြို့ နမ့်ဖားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို စက်တင်ဘာ ၂၆ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ စက်တင်ဘာ ၂၇ရက်မှာလည်း ဗန်းမော်မြို့မှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။ လတ်တလောမှာ စစ်တပ်ဟာ ဗန်းမော်မြို့တွင်း စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်တာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။ ကချင်သတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ ဒီရက်ပိုင်း ဗန်းမော်တိုက်ပွဲအတွင်း စစ်တပ်ဆီက အလောင်းနဲ့ လက်နက် သိမ်းရတာ၊ သုံ့ပန်းတွေ ဖမ်းမိတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

◾️ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်း စီးနင်းတိုက်ခိုက်ခံရ

ရန်ကုန် - ပြည်လမ်းပိုင်းက အာဏာသိမ်းစစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးတပ်တွေက ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တာ၀န်ရှိသူက ပြောပါတယ်။စက်တင်ဘာ ၂၇ရက် မနေ့ မနက် ၄နာရီ၀န်းကျင်ကစပြီး အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ဂုံညင်းတန်းတာဆုံ စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။​ ရန်ကုန်-ပြည်လမ်းပိုင်းကဆိုတော့ အာဏာသိမ်းစစ်တပ်အတွက် အတော်အရေးပါတဲ့နေရာတစ်ခုဖြစ်ပြီး စစ်ကြောင်းလိုက် စစ်ကူလာလို့ ပြန်ဆုတ်ခဲ့ရကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ရှင်းပြပါတယ်။ တစ်နာရီ၀န်းကျင်ကြာတိုက်ပွဲအတွင်း စစ်တပ်က ထိခိုက်မှုရှိပြီး အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းဆဲလို့ အဲဒီတာဝန်ရှိသူက အသိပေးပါတယ်။ အဲဒီစခန်းမှာ အင်အား ၁၅ဦးကနေ ၂၀ဦးအကြားရှိပြီး လမ်းပိုင်းကို ဖြတ်သန်းသွားလာတဲ့ ကားတွေကို ဆက်ကြေး တောင်းသလို ပေါ်တာဆွဲကြမ်းတဲ့ ပျူခေါင်းဆောင်စိုးမင်းဂိတ်ထိုင်ရာ စခန်းလည်းဖြစ်တယ်လို့ အုတ်ဖိုဒေသခံတစ်ဦးက ဂုံညင်းတန်းတာဆုံဂိတ်အကြောင်းကို ပြောပါတယ်။ စစ်တပ်စစ်ကူစစ်ကြောင်းက ဂုံညင်းတန်းတာဆုံဂိတ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒီးဒူးပင်နဲ့ ဘုတ်သိုးကျေးရွာတွေဘက်အထိ ၀င်ရောက်ခဲ့ပြီး ဒေသခံ ၂ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ ‌ပြည်သူ ၂ဦးနဲ့ပတ်သက်တဲ့နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

◾️မန္တလေး ကလေးဆေးရုံမှာ ကုသနေတဲ့ ကလေးငယ်တွေရဲ့ ဖခင်ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရ
👍16❤3🖕3
မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ စက်တင်ဘာ ၂၆ ရက် မနက်၉နာရီမှာ မန္တလေးမြို့ ၆၆လမ်း၂၇လမ်းနဲ့၂၈လမ်းကြား လမ်းအနောက်ဘက်က ကလေးဆေးရုံကြီး ဖျားနာဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ ၈နှစ်အရွယ် ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ (၃၃)နှစ်အရွယ် ကိုဇော်မျိုးဦးဟာ သမီးဖြစ်သူအတွက် ဆေးထွက်ဝယ်တဲ့အချိန်မှာ ပျောက်သွားတာလို့ သိရပါတယ်။ ဒါ့အပြင် အဲဒီနေ့မှာပဲ (၄)နှစ်အရွယ်ကလေးငယ်ရဲ့ဖခင်ဖြစ်သူ (၃၅)နှစ်အရွယ် ကိုလှိုင်တင် ဆိုသူလည်း ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖခင်နှစ်ဦးစလုံး ပေါ်တာဆွဲခံရတယ်ဆိုတာ စစ်တပ်လက်အောက်ခံ ရဲတွေကိုယ်တိုင်က အတည်ပြုထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့က ပေါ်တာဆွဲသွားသလဲဆိုတာ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

◾️နာဂဒေသမှာ လူငယ်တစ်ဦးကို သိန်း ၃၅၀နဲ့ ဝယ်ပြီး စစ်သင်တန်းပို့

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ စစ်အုပ်စုက လူထုဆီက အတင်းအကျပ်တောင်းယူခဲ့တဲ့ ကျပ်သိန်း၃၅၀နဲ့ လူငယ်တစ်ဦးကို ဝယ်ပြီး စစ်မှုထမ်းသင်တန်းဆီ ပို့ဆောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။ ဆွမ္မရာမြို့ကနေ လေရှီးမြို့ကိုသွားတဲ့ ကားဆရာနဲ့ ယာဉ်နောက်လိုက် စုစုပေါင်း ၁၁ဦးကို အာဏာသိမ်းစစ်အုပ်စုက ဖမ်းပြီး အဲ့ဒီ ၁၁ဦးဆီကနေ တောင်းယူတဲ့ ငွေနဲ့ စစ်မှုထမ်းသင်တန်းတက်မယ့်လူငယ်တစ်ဦးကို ဝယ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။ စစ်အုပ်စုက ဒေသခံ ၁၁ဦးကို စက်တင်ဘာ ၂၃ရက်က ဖမ်းဆီးတာဖြစ်ပြီး ကားကိုးစီးအနက် တစ်ချို့ကို ကျပ်သိန်း၄၀၊ တချို့ကို ၄၅သိန်း တောင်းယူပြီးမှ လူတွေကို ပြန်လွှတ်ပေးတာလို့ သတင်းရရှိပါတယ်။ အဲဒီလုပ်ရပ်ကို ဦးဆောင်ခဲ့သူတွေက လေရှီးမြို့နယ်ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်း၊ ဒုရဲအုပ်ဂျော့စိုင်းနဲ့ လေရှီးမြို့နယ်က ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၁၀ -၂၀၁၅ အမတ်ဟောင်း ဦးရှီးသီးတို့ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာ၂၃ရက် မနက်မှာ ဦးရှီးသီးက ဒေသတွင်းကုန်စည်သယ်ယူပို့ဆောင်နေတဲ့ ကားကိုးစီးကို စစ်ဆေးဖို့အတွက် သူ့အိမ်ရှေ့ကို မောင်းလာခိုင်းပြီး အိမ်အရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ဆိုင်းပြီး ဖမ်းဆီးခဲ့တာလို့ လေရှီးမြို့ခံတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် နာဂယဉ်ကျေးမှုအဖွဲ့အစည်းတွေက လိုက်လံညှိနှိုင်းခဲ့ကြရပါတယ်။
💩15👍4😁3🖕3❤2
👍20❤6👎2🤬2🔥1👏1😁1
🤬19❤4💩3🤣2👎1
ကျောက်တော်မြို့ စစ်တပ်လေကြောင်းတိုက်ခိုက် မှု သေဆုံးသူ ၄၉ဦး ရှိလာ၊ တိုက်ရိုက်တာဝန်ရှိသူတွေနဲ့ အဖွဲ့တွေကို လက်တုံံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

▪️မင်းအောင်လှိုင်နည်းတူ ရဲဝင်းဦး လက်ထက် မှာလည်း စစ်ရာဇဝတ်ကောင်ရာထူးကို လက်ဆင့်ကမ်းရယူကာ စစ်ရာဇဝတ်မှုများ အရှိန်နဲ့ တိုးလုပ်နေဟု ဖော်ပြ

စက်တင်ဘာ ၂၉၊၂၀၂၆။ ထားမြတ်/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၄၉ဦးရှိခဲ့ပြီးဒဏ်ရာ ပြင်းထန်သူများ အပါအဝင် ၅၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ထုတ် ပြန်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအများဆုံး ဖြစ်စဉ်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ စက်တင်ဘာ ၂၈ရက် နေ့လည်ပိုင်းမှာ ကျောက်တော်မြို့၊ အိန္ဒိယဈေးအနီးပတ်ဝန်းကျင်နဲ့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်တို့အား လေကြောင်းဗုံးကြဲခဲ့ရာ လမ်းသွားလမ်းလာ၊ ဈေးရောင်းဈေးဝယ်၊ ကုန်တင်ကုန်ချလုပ်သားများအပါအဝင် ပြည်သူလူထုအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။

ဒဏ်ရာရသူတွေမှာ ပြင်းထန် ဒဏ်ရာရသူတွေလည်း ပါဝင်တာမို့ သေဆုံးသူဦးရေထပ်တိုးလာနိုင်ကြောင်းလည်း အသိပေးပါတယ်။

စစ်တပ်ဟာ ကျောက်တော်မြို့ကို လေကြောင်းဗုံးကြဲခဲ့သလိုတနေ့တည်းမှာပဲ မင်းပြားမြို့နယ် စွန်ရဲရွာနဲ့သံတွဲမြို့ ငပလီကမ်းခြေကို လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၉ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

" စစ်ရာဇဝတ်ကောင် အကြမ်းဖက် မင်းအောင်လှိုင် လက်ထက်နည်းတူ အကြမ်းဖက် ရဲဝင်းဦး လက်ထက်တွင်လည်း စစ် ရာဇဝတ် ကောင်ရာထူးကို လက်ဆင့်ကမ်းရယူလျက် အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုကို ဂျက်တိုက်လေယာဉ် အုပ်စုလိုက်သုံးကာ အဆိုးဝါးဆုံးသော စစ်ရာဇဝတ်မှုမျိုးကို ဆက်လက်အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်လာနေ” ဟုလည်း AA ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်ရဲ့ အဆိုးဝါးဆုံးစစ်ရာဇဝတ်မှုကျူးလွန်နေခြင်းကိုပြင်းထန်စွာကန့်ကွက်ကြောင်း AAက ဖော်ပြခဲ့ပြီး လူနေထူထပ်သော ဈေး၊ စာသင်ကျောင်းများ၊ အရပ်သားပြည်သူလူထု၊ အိုးအိမ်တိုက်တာအဆောက်အအုံများကို အဓိကပစ်မှတ်ထားကာ လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လို့ အစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပေါ်စေတဲ့တိုက်ခိုက်မှုတွေမှာ တိုက်ရိုက်တာဝန်ရှိသူတွေနဲ့အဖွဲ့တွေကိုထိရောက်တဲ့လက်တုံံ့ပြန်မှုများကိုမနှေးမကြာ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

စစ်တပ်ဟာ AAနဲ့ဖြစ်ပွားနေတဲ့စစ်မျက်နှာအနည်းဆုံး၇ခုရှိပြီး အဲဒီနေရာတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်ကြောင်း ဖော်ပြပါတယ်။ စက်တင်ဘာ ၄ရက်မှာ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ် (၄) နေရာမှ ထိုးစစ်ကြီးဆင်နွှဲခဲ့ပေမဲ့ အခုအချိန်မှာ တပ်လန်ကာ မြေပြင်ထိုးစစ် အထိအခိုက်အကျအဆုံးများစွာရှိခဲ့ကြောင်းလည်း အသိပေးပါတယ်။ အထိအခိုက်အကျအဆုံးများစွာနဲ့စစ်ရှုံးတပ်အဖြစ်ရောက်နေတဲ့ စစ်တပ်ဟာသူ့တို့ရဲ့ထိုးစစ်တွေတိုးမပေါက်တာ၊အရေးမလှတာကိုပြည်သူ့ဘက်ပုံလွှဲချတဲ့ပုံစံမျိုးနဲ့ တ်မာစိတ်ဓာတ်မျိုးဖြင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်နေတာဖြစ်ကြောင်း AAက ပြောပါတယ်။

ဒါကြောင့် စက်တင်ဘာ ၂၈ရက် ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သားပြည်သူ (၄၉) ဦးအထိ အစုလိုက်၊ အပြုံလိုက် သေဆုံးကာ (၆၀) နီးပါး ထိခိုက်
ဒဏ်ရာရရှိခဲ့ရတယ်လို့ဆိုပါတယ်။

အလားတူ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်ခဲ့ရမှု ဖြစ်စဉ်တွေကိုလည်း AAက ဖော်ပြခဲ့ပါတယ်။ ၂၀၂၅ဒီဇင်ဘာက မြောက်ဦးဆေးရုံဗုံးကြဲခံရလို့ပြည်သူ ၃၃ဦးသေဆုံးကာ၇၇ဦးဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ကိုအသိပေးထားသလို ရက္ခိုင်ဒေသ အတွင်းစစ်တပ်ဗုံးကြဲလို့လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေကိုလည်း ဖော်ပြထားပါတယ်။

အခု ၂၀၂၆ဇန်နဝါရီ ၂၀ရက် ပုဏ္ဏားကျွန်းမြို့နယ်၊ ချောင်းတူရွာက AA စစ်သုံ့ပန်း စခန်း ဗုံးကြဲခံရမှုမှာလွတ်ငြိမ်း ချမ်းသာခွင့်ရဖို့ရက်အနည်းငယ်သာ လိုတော့တဲ့စစ်သုံ့ပန်းနဲ့မိသားစုဝင် ၂၁ဦး သေဆုံးကာ ၃၀ဦး ဒဏ်ရာရခဲ့ကြောင်း AAက အသိပေးပါတယ်။

ဖေဖော်ဝါရီ ၂၄ရက် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ၊ လေကြောင်းတိုက်ခိုက်ခံရမှုမှာလည်း ကလေးသူငယ်များ၊ အမျိုးသမီးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၁၇) ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကာ (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

မတ်လ ၈ရက်မှာ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသအကျဉ်းထောင်စခန်းတိုက်ခိုက်ခံရမှုမှာလည်း အကျဉ်းသား (၁၁၆) ဦးထိ သေဆုံးခဲ့ပြီး (၃၂) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ဟုဖော်ပြပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့မြို့နယ်၉ခုထက်မနည်းကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူများစွာသေဆုံးထိခိုက်ခဲ့ရတဲ့ အခြေအနေတွေကိုလည်း အသိပေးထားပါတယ်။
👍26😢10❤6🤬6😁3🖕2💩1🤣1
(ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - AA)
👍27🤬21🔥2😭2👎1👏1😁1😢1🤮1🖕1
ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာလို့ တိုက်ပွဲဖြစ်နေ

စက်တင်ဘာ-၂၉၊၂၀၂၆။ဖိုးသား/People's Spring

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

ချင်းကာကွယ်ရေးတပ်-ကန်ပက်လက် ၊ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေ၊ ယောကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေက ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ၂၀၂၄ ဧပြီ ၂၉ ရက်က သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်တပ်က ပထမဆုံးအကြိမ် တန်ပြန်ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။

"အခုလ ၂၆ ရက်နေ့ကစပြီး အင်အား ၅၀၀ လောက်နဲ့ ထိုးစစ်ဆင်နေတာ။လောင်းရှည် ဆွဲလွဲကျင်းရွာဘက်ကနေ။ထိတွေ့မှု‌တွေလည်းရှိနေတယ်"လို့ လောင်းရှည်မြို့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က စက်တင်ဘာ ၂၆ ရက်ကစပြီး စက်တင်ဘာ ၂၈ ရက်အထိ ၃ရက်ဆက်
လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း သူက အသိပေးပါတယ်။

"ဆွဲလွဲကျင်းနဲ့ မဆာတွီရွာ(ကျင်ဒွေး-လောင်းရှည် လမ်းပိုင်း)ကြားမှာ စစ်ကြောင်းရောက်နေတယ်ကြားတယ်။မနေ့ကလည်း ထိတွေ့မှုရှိတယ်။‌လောင်းရှည်ဆေးရုံမှာတော့ အတိုအပြတ်တွေရောက်နေတယ်လည်း ကြားတယ်"လို့ စစ်တပ်စစ်ကြောင်းကို ခုခံနေတဲ့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းက မဆာတွီကျေးရွာမှာ အထိုင်ချတပ်စွဲဖို့ ကနဦးကြိုးပမ်းနေတာဖြစ်ပြီး အဲဒီကျေးရွာကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာလို့ သူက ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် မဆာတွီကျေးရွာအပါအ၀င် ကျင်ဒွေး-လောင်းရှည်လမ်းပိုင်းပေါ်က ကျေးရွာ‌ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လတ်တလောစစ်ကြောင်းထိုးလာမှု စစ်ရေးအခြေ အနေတွေနဲ့ပတ်သက်လို့ ချင်းကာကွယ်ရေးတပ်-ကန်ပက်လက်မြို့နယ်တာ၀န်ရှိသူထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ဆောမြို့နယ်က အဓိကလမ်းပိုင်းတွေနဲ့ ချင်း ပြည်နယ်တောင်ဘက် မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ထိန်းချုပ်ချင်‌နေတဲ့ စစ်တပ်က ပြိးခဲ့တဲ့ မေလကစပြီး စက်တင်ဘာ၂၈ရက်အထိ ဆောမြို့နယ်ကို ၅လအတွင်း အင်အား ၄၅၀၀ ၀န်းကျင် ပို့ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။

အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) နဲ့ ‌ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။

ကပစ (၂၅)မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ (၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့ပါတယ်။

ချင်းတောင်ပိုင်း ထိုးစစ်ဆင်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်တပ်က ထိခိုက်သေဆုံးသူတွေများတာကြောင့် ထိုးစစ်အရှိန်‌လျော့ခဲ့ပေမယ့် နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေရှိနေပါတယ်။

လက်ရှိ စစ်တပ်ထိုးစစ်ဆင်နေတဲ့ ကျင်ဒွေးမြို့ဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ပလက်၀ မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေနဲ့လည်း ထိစပ်နေပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ချင်းပြည်-ပလက်ဝ-ရခိုင်အစပ်အပါအ၀င် ပွင့်လင်းကာလမှာ ထိုးစစ်ကြီးလုပ်လာနိုင်လို့ စစ်မျက်နှာ ၇ခုမှာ တိုက်ပွဲတွေပိုပြင်းထန်နိုင်တယ်လို့ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးပြောဆိုထားပါတယ်။
👎23❤12👍10👏2🔥1🥰1🤬1
(ကျင်ဒွေးမြို့ရဲစခန်းကို သိမ်းပိုက်ပြီးတွေ့ရတဲ့ တော်လှန်ရေးအဖွဲ့ဝင်များ။ ဓာတ်ပုံ - ပေးပို့)
❤47👍12🔥3🖕3👏2💩2🥰1
မိုးမိတ်မြို့အနီး တိုက်ပွဲဆက်ပြင်းထန်

▪️စခန်းဆုံးရှုံးပြီးနောက် စစ်တပ်က ဗုံးကြဲနေပြီး မိုးမိတ်-မိုးကုတ်လမ်းပိုင်း ပိတ်

စက်တင်ဘာ ၂၉၊၂၀၂၆။အိမ်သွင်/People's Spring

မိုးမိတ်မြို့အနီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒီကနေ့ စက်တင်ဘာ ၂၉ရက် မနက်ပိုင်းမှာလည်း စစ်တပ်က Y12၊ဂျက်ဖိုက်တာ‌ တွေနဲ့ဗုံးကြဲနေလို့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့်အကွာက ညောင်နီကျေးရွာအနီးမှာ စက်တင်ဘာ၂၈ရက်မနက်ပိုင်းကစပြီး
စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။

" တစ်ညလုံး တဝုန်းဝုန်းတဒိုင်းဒိုင်း ချနေတာပါ။ ဒီနေ့မနက်ပိုင်းမှာ Y12ရော ဂျက်ဖိုက်တာရော လာကြဲနေတယ်။ ဒေသခံတွေကတော့ ရှောင်ကြရပြီဗျ"လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၂၈ရက်က တိုက်ပွဲဖြစ်ပွားနေချိန်မှာလည်း ရဟတ်ယာဉ်အပြင် ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်ရဲ့စခန်းတစ်ခုကို KIA ပူးပေါင်းတပ်က သိမ်းယူလိုက်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါကြောင့် စစ်တပ်က လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲနေသလို မိုးမိတ်- မိုးကုတ်လမ်းကိုလည်း စက်တင်ဘာ၂၈ရက်ညနေကစပြီး သွားလာခွင့် ပိတ်ဆို့လိုက်တယ်လို့ သိရပါတယ်။

" လမ်းကို စစ်တပ်က ပိတ်လိုက်တာ။ ဘာအကြောင်းနဲ့မှ ဖြတ်ခွင့်မပေးတော့ဘူးတဲ့။ မိုးကုတ်ကို ကျန်းမာရေးကိစ္စ သွားဖို့ ပြင်ထားတာ ခရီးစဉ်ဖျက်လိုက်ရပြီ"လို့ မိုးမိတ်ဒေသခံတစ်ဦးကပြောပါတယ်။

မိုးမိတ်မြို့နဲ့ ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပြီး တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်တပ်ထံ ၂၀၂၅ အောက်တိုဘာမှာပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်း ဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ရက်မှာဖွဲ့စည်းခဲ့ပြီး စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။ မတ်လဆန်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။

အဲ့ဒီနောက်ပိုင်း စစ်တပ်က မြို့ထဲမှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)လည်း တပ်စွဲထားပါတယ်။ပြီးခဲ့တဲ့သြဂုတ်ကလည်း ညောင်နီကျေးရွာအနီးမှာ စစ်တပ်နဲ့ SSPP/SSA တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
🔥19👍11❤3🤬3👎2👏2🥰1
(၂၀၂၄က မိုးကုတ်မြို့အနီးမှာ တွေ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- မိုးကုတ်ဗျူဟာ)
❤42🖕4👍2🔥2🥰1💩1🤣1