People's Spring
✔
60K subscribers
71.6K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မိုးမိတ်မြို့က အရေးပါတဲ့စစ်တပ်စခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်ခဲယမ်းများသိမ်းရ

စက်တင်ဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ ၂၈ရက် မနက်ပိုင်းမှာ စစ်တပ် တပ်စွဲထားတဲ့ မိုးမိတ်မြို့ ရွှေမင်းတင်စေတီကုန်းက တပ်စခန်းကို သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

“မိုးမိတ်က အရေးကြီးတဲ့ ဗျူဟာကျတဲ့ စခန်းကုန်းပေါ့။ အဲဒါ ရွှေမင်းတင် စေတီကုန်းလို့ခေါ်တယ်။ ရွှေမင်းတင်စေတီကုန်းက စခတွေ နေရာယူထားတာ အဲဒါကို ကျနော်တို့ ဒီမနက် ၇နာရီခွဲလောက်မှာ သိမ်းလိုက်တာ။ လက်နက်ခဲယမ်းတွေတော့ အများကြီးရတယ်လို့ ကြားတယ်။ဒါပေမဲ့ အတိအကျ စာရင်းတော့ မသိရသေးဘူး” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

KIA ပူးပေါင်းတပ်ဟာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နမ့်မွန်းဒေသက စစ်တပ်နဲ့ ရှမ်းနီ SNA တပ်စခန်း ၁ခုကိုလည်း ဒီကနေ့ စက်တင်ဘာ ၂၈ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်မြေပြင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ SNA ဘက်က အထိနာခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် တိုက်ပွဲမှာလည်း စစ်တပ် တပ်စွဲရာ နေရာအချို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း KIAက အသိပေးထားပါတယ်။

" ဗန်းမော်ဘက်မှာတော့ ၂၅ရက်နေ့မှာ တိုက်ပွဲပြင်းထန်တဲ့ သတင်းရှိပါတယ်။ ကျနော်တို့ KIAနဲ့ ပူးပေါင်းတပ်တွေ ရန်သူရဲ့ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိပြီးမှ စစ်သုံ့ပန်းလည်း တချို့ရရှိတယ်လို့ ကျနော်တို့ သတင်းရပါတယ်။”လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်စစ်ရေး အခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၈ရက်မနက်ပိုင်းမှာ ပြောပြပါတယ်။

ဗန်းမော်မြို့က စစ်တပ်ရဲ့ သံချပ်ကာယာဉ်အချို့ သိမ်းရတယ်ဆိုတဲ့ ဖြစ်စဉ်ကိုတော့ လတ်တလော အတည်ပြုပေးလို့ မရဘူးလို့ ပြောပါတယ်။

“ လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ ပုံကတော့ အဲဒီ တိုက်ပွဲ(လတ်တလော ဗန်းမော်တိုက်ပွဲ)ထဲက ပုံဟုတ်မဟုတ်ကိုတော့ အတည်ပြုပေးလို့မရဘူး။ကျနော်တို့လည်း မေးမြန်းထားပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မိုးမိတ်နဲ့ မိုးညှင်း ဒေသတိုက်ပွဲ အခြေအနေတွေ မေးမြန်းနိုင်ဖို့ ဗိုလ်မှူးကြီးနော်ဘူထံ ထပ်မံ ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

KIA ပူးပေါင်းတပ်ဟာ ဩဂုတ်နဲ့ စက်တင်ဘာမှာ ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေမှာ စစ်တပ်အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သလို စက်တင်ဘာလကုန်ပိုင်းမှာ မိုးညှင်းနဲ့ မိုးမိတ်မှာ တိုက်ပွဲတွေ ထပ်မံ ဖော်ဆောင်လာတာလည်းဖြစ်ပါတယ်။

မိုးမိတ်မြို့ဟာ အရင်က တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့မြို့ဖြစ်ပြီး ၂၀၂၅ နှစ်ကုန်ပိုင်းမှာ TNLAနဲ့ စစ်တပ် အပစ်ရပ်ပြီးနောက် ပြန်လွှဲပေးထားတဲ့မြို့လည်းဖြစ်ပါတယ်။

အဲဒီဒေသမှာ KIA ပူးပေါင်းတပ်က အရင်ကတည်းက စစ်ရေးလှုပ်ရှား ဖော်ဆောင်မှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။
❤47👏14🥰3💩2👍1👎1🖕1
(ရှေ့တန်းစစ်မြေပြင်တနေရာမှာ တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Screengrab)
❤54🥰8👍7🖕3🤮1
ကျောက်တော်ဗုံးကြဲမှု စစ်တပ်နဲ့ ပါဝင်ပတ်
သက်သူတယောက်ချင်းစီကိုလက်တုံ့ပြန်မယ်လို့ AA ပြော

"ဒီအကြမ်းဖက်စစ်ရာဇဝတ်မှုအတွက်လည်းပဲ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမှာဖြစ်ပါတယ်"
-AA​ပြော​ရေးဆိုခွင့်ရှိသူ

စက်တင်ဘာ-၂၈၊၂၀၂၆။ခိုင်မြတ်/People’s Spring

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာ
ဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်
(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ ULA/AAအနေနဲ့ကတော့ဒီဖြစ်
စဉ်မှာအသက်ပေးသွားခဲ့ကြတဲ့ကျွန်တော်
တို့ရဲ့အပြစ်မဲ့ပြည်သူတွေအတွက်တရားမျှ
တမှုရရှိဖို့၊ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါ
ဝင်ပက်သက်တဲ့ အကြမ်းဖက်မြန်မာ့တပ်မ
တော်နဲ့ ပါဝင်ပက်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးတော့မှ လက်တုံံ့ပြန်တိုက်
ခိုက်သွားမှာဖြစ်ပါတယ်”လို့ ဦးခိုင်သုခက ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်အနေနဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ပြောင်
ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်လို့လည်း သူက ဆက်​ပြောပါတယ်။

“ဒီအကြမ်းဖက်စစ်ရာဇဝတ်မှုအတွက်လည်းပဲ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမှာဖြစ်ပါတယ်”လို့ ဦးခိုင်သုခက လူထု​နွေဦးကို​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ် နဲ့ ၁၂ နာရီ ၁၄ မိနစ်တို့မှာကျောက်တော်မြို့ပေါ် ရှိ
ကစ္ဆပနဒီတံတား အနီး နဲ့ အိန္ဒိယစျေးဝန်းကျင်
တို့ ကို ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး ကလေးငယ်တွေအပါအဝင် အရပ်သား ၃၃ ဦး သေဆုံးပြီး၊ ၃၆ ဦးဒဏ်ရာရခဲ့ပါတယ်။ဒါ့အပြင် သေဆုံးဒဏ်ရာရသူတွေထပ်တိုးလာနိုင်သေးတယ်လို့လည်းဒေသခံတွေနဲ့ AA
က​ပြောပါတယ်။

"သေဆုံး၊ ဒဏ် ရာရတဲ့အရေအတွက်က ပဏာမသတင်းတက်လာတဲ့ဟာကို အခြေခံပြီး ပြောတာဖြစ်ပါတယ်။ ဒီထက်လည်းပဲ သေဆုံး၊ ဒဏ်ရာရတဲ့အရေအတွက်က ထပ်ပြီးတိုးလာနိုင်ခြေရှိပါတယ်” လို့ ဦခိုင်သုခက လည်းပြောပါတယ်။

ကျောက်တော်ဒေသခံတဦးက စက်တင်ဘာ
၂၈ ရက် ညနေ ၇ နာရီခန့်မှာရတဲ့သတင်းအရ သေဆုံးသူ ၄၀ ကျော်ထိရှိသွားပြီဖြစ်တယ်လို့ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျောက်တော်မြို့အပြင် နာရီပိုင်းသာခြားပြီး မင်းပြားမြို့နယ် စွန်ရဲ နဲ့ ကြောင်ရှည် ချောင်းရွာတို့ကိုလည်း
Y12 နဲ့ ဗုံးကြဲခဲ့တာကြောင့်ပြည်သူ ၁ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေများလာတိုင်း အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ဖြစ်စဉ်မျိုးတွေ အရင်ကလည်းအများကြီးရှိခဲ့ပြီးအခုအကြိမ်မှာလည်း အဲဒီလိုမျိုး တိုက်ခိုက် တာဖြစ်တယ်လို့ သူကပြောပါတယ်။

“ရခိုင်ပြည်အနှံ့မှာ ဆိုလို့ရှိရင် မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ကြည့်မလား၊ နောက်တခြားနေရာတွေမှာလည်းပဲ အဓိက သာသနိကအ
ဆောက်အဦးတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ၊ စာ
သင်ကျောင်းတွေ နောက်ပြည်သူလူထု ထူ
ထပ် တဲ့နေရာတွေပေ့ါနော်၊ အဲဒီလို စျေးလိုနေရာမျိုးပေါ့၊ အဲဒီလိုနေရာမျိုးကို အဓိကပစ်မှတ်ထားပြီးတော့မှ အရပ်သား ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်ပြီးတော့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာ အကြိမ်ကြိမ်ရှိခဲ့ပါတယ်” လို့ ဆို ပါတယ်။

“အခုလည်းပဲ ရခိုင်စစ်မျက်နှာအပါအဝင်ပေါ့နော်၊ တခြားစစ်မျက်နှာတွေမှာ၊ စစ်မျက်နှာမျိုးစုံမှာ သူတို့ဘက်ကနေ ပြီးတော့ ထိခိုက်၊ ကျဆုံးမှုတွေများပြီးတော့ ရှုံးနိမ့်မှုတွေများလာတဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုး အပြစ်မဲ့အရပ် သားပြည်သူတွေနေတဲ့နေရာတွေကို ဦးတည်တိုက်ခိုက်ပြီးတော့မှ စစ်ရာဇဝတ်မှုကိုကျူးလွန်နေတာဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ အဲလိုမျိုးမြင်ပါတယ်”လို့ AA ​ပြော​ရေးဆိုခွင့်ရှိသုကဆက်ပြောပါတယ်။

စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေး
ကြော်ပြီး ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်
ဖြူနဲ့ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာ AA ထိန်း ချုပ်ရာနေရာတွေကို တန်
ပြန်ထိုးစစ်ဆင်ပေမယ့် ​မြေပြင်မှာ​သေဆုံးဒဏ်ရာရသူများပြီးအထိနာကာ စစ်စခန်း​တွေဆုံးရှုံး​နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ ဒီနေ့ ၂၈ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ် သားပြည်သူ အနည်းဆုံး ၄၃ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၇၂ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
❤40👍21👏7🤣3💩2🤬1🥴1🖕1
အာရက္ခတပ်​တော် တပ်ဖွဲ့ဝင်​​တွေ။
ဓါတ်ပုံ-AA Info Desk
❤49👍11🤮2🤣2💩1🖕1
စစ်တပ်ရဲ့ လေတပ် အုပ်မှူးတဦးဟာ တလကို ကျပ်သိန်း ထောင်ချီပြီးဝင် ငွေရပါတယ်။​လေတပ်မှာ​လေသူရဲ(ခေါ်)လေယာဉ်မောင်း
(ဗိုလ်ကြီး)တွေကို အဖွဲ့တွေခွဲထားပါတယ်။

ဒီအဖွဲ့ တွေဟာကိုယ့်​လေယာဥ်​မောင်းဗုံးကြဲရမယ့်​နေ့တွေမှာ လေယာဉ်​ပေါ်တက်ဖို့ အသင့်အနေအထား စောင့်နေရတာပါ။ဗုံးကြဲဖို့အမိန့်ကျလာရင် အလှည့်ကျဂျူတီထွက်ရပြီး အခုနောက်ပိုင်းဆိုရင် တကြိမ်ကို ၂စီး၊၃စီး လေတပ်စခန်းတခုတည်းက ထွက်သလို မိတ္ထီလာ၊တံတားဦး၊နေပြည်တော် ​အေလာလေတပ်စခန်းတွေကနေ ‌‌ချိတ်ဆက်ပြီး တပြိုင်တည်း ဗုံးကြဲစစ်ဆင် ရေးပြုလုပ်တာ တွေလည်းရှိတယ်လို့စုံစမ်းသိရပါတယ်။

သူတို့ရဲ့ဝင်ငွေဟာ လေယာဉ်ဆီ ရောင်းချမှု ခွဲတမ်းကနေရသလိုလေယာဉ်တက်တဲ့အခေါက် အရေအတွက်အတိုင်းလည်းရပါတယ်။တပတ်ကို အရာရှိငယ်တဦးဟာ‌ ငွေကျပ် ၄သိန်းကနေ ၆သိန်းကျပ်အထိရ​လေ့ရှိပြီး အပတ်စဉ် ကြီးတဲ့ဗိုလ်ကြီး တွေဟာကျပ် ၇သိန်းကနေ ၁၀သိန်း ကျော်အထိရတယ်လို့ စုံစမ်းသိရပါတယ်။

ဒါဟာ လေယာဉ်ထွက်ဗုံးကြဲရတာနည်းတဲ့မကွေး လေတပ်စခန်းကစာရင်းဖြစ်ပြီး ဗုံးပိုကြဲရတဲ့ တံတားဦး လေတပ်စခန်းက အရာရှိတွေရဲ့ ဝင်ငွေ ဟာဒီထက်ပိုများနိုင်ပါတယ်။

“လူအသေပျောက်များတဲ့အခါဆိုရင် ပစ်မှတ်
ထိတယ်ဆိုပြီးအပိုဆုကြေးတွေလည်းရတယ်။ချီးကျူးဂုဏ်ပြုဆိုလည်းလေတပ်က ကောင်တွေကပိုရလွယ်တယ်။စစ်သာမတိုက်တက်တာ လေပေါ်ကဗုံးကြဲရုံကို ရာထူးတက်ကြရင်လည်း ဒီကောင် တွေကပိုမြန်တယ်”လို့ ကြည်းတပ်အရာရှိတဦးက ပြောပြပါတယ်။

စစ်အုပ်စုအတွင်းချီးကျူးဂုဏ်ပြုတယ်ဆိုတာ ကာကွယ်ရေးဦးစီးချုပ်လက်မှတ်နဲ့ဂုဏ်ပြုမှတ်တမ်းဖြစ်ပြီး ဒီမှတ်တမ်းရထားသူ တွေဟာ ရာထူးတပ်ဖို့ပိုမြန်ပါတယ်။ဒီဝင်ငွေနဲ့ခံစားခွင့် တွေကြောင့် လေတပ်အရာရှိအများစုဟာ ပြည်သူ တွေကို ဗုံးကြဲသတ်ဖို့ လက်မရွံလူသတ်သမားအလုပ်ကို တက်တက်ကြွကြွလုပ်နေကြတာပါ။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံတစ်ဝန်းလူမျိုး ၊ဘာသာ ၊​ဒေသ မခွဲခြားဘဲပြည်သူ တွေကိုပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှု တွေကို စစ်တပ်က ဆက်တိုက်လုပ်ခဲ့၊ လုပ်​နေဆဲဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ ခုနှစ်က​နေ ၂၀၂၆ ဇွန်လကုန်အထိ ​လေ​ကြောင်းတိုက်ခိုက်မှု​ပေါင်း ၁၂ ၈၉၆ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ​ပေါင်း ၅၈၄၆ ဦး​သေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) လူ့အခွင့်အ​ရေးဝန်ကြီးဌာနကပြီးခဲ့တဲ့ ဇူလိုင်လမှာထုတ်ပြန်ထားပါတယ် ။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR)ကလည်း ၂၀၂၅ တစ်နှစ်တည်းမှာပဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ပြည်သူအနည်းဆုံး ၉၈၂ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။သေဆုံးသူ​တွေထဲမှာအမျိုးသမီးနဲ့ ကလေးငယ်ပါဝင်မှုဟာ ၅၀ရာခိုင်နှုန်း ကျော်ရှိတယ်လို့ သိရပါတယ်။

ရက်စက်မှုမှာထင်ရှားဖြစ်ခဲ့တဲ့ ၂၀၂၂ခုနှစ်၊စက်တင်ဘာလ၁၆ ရက် နေ့ကဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းရွာစာသင် ကျောင်း ဗုံးကြဲခံရမှု၊၂၀၂၃ခုနှစ်၊ဧပြီလ၁၁ရက်နေ့ကပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု၊၂၀၂၆ သြဂုတ်လ၂၁ ရက်မြောင်မြို့နယ်၊ဆွဲလွဲအိုရွာက တရားစခန်းဗုံးကြဲခံရမှု တွေဖြစ်ပါတယ်။

ဒီလိုစစ်ရာဇဝတ်ကျူးလွန်မှုမှာ ပူးပေါင်းပါဝင်သူအများအပြားရှိပါတယ်။လေတပ်အရာရှိကြီး တွေကစလို့ လေတပ်စခန်းရဲ့ စခန်းမှူး၊အုပ်မှူးကနေပိုင်းလော့(​လေသူရဲ)
ဗိုလ်ကြီးတွေအထိပါ။

ရုပ်ရှင်တွေထဲကကြေးစားလူသတ်သမား တွေဟာ ပစ်မှတ်တခုကိုပဲ လိုက်လံရှင်းလင်းခဲ့ပေမယ့် လေတပ်က စစ်ဗိုလ် တွေကတော့သံဃာနဲ့ကလေးငယ်၊​ကျောင်းသား၊သက်ကြီး​ရွယ်အို၊ကိုယ်ဝန်​ဆောင်တွေပါမချန်အစုလိုက်
အပြုံလိုက်သတ်ဖြတ်မှုတွေကိုကျူးလွန်နေကြတာပါ။


https://www.ludunwayoo.com/feature-mm/2026/09/17/168467/
🤬46❤7👍5🤮4👎3🤣3🔥1🫡1
မန္တလေး ကလေးဆေးရုံမှာ ကုသနေတဲ့ ကလေးငယ်တွေရဲ့ ဖခင်ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရ

စက်တင်ဘာ၂၈၊၂၀၂၆။နေ့သစ်/People's Spring

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက် နံနက်၉နာရီမှာ မန္တလေးမြို့ ၆၆လမ်း၂၇လမ်းနဲ့၂၈လမ်းကြား ၊လမ်းအနောက်ဘက်က ကလေးဆေးရုံကြီး ဖျားနာဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ ၈နှစ်အရွယ် ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ (၃၃)နှစ်အရွယ် ကိုဇော်မျိုးဦးဟာ သမီးဖြစ်သူအတွက် ဆေးထွက်ဝယ်တဲ့အချိန်မှာ ပျောက်သွားတာလို့ သိရပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ (၄)နှစ်အရွယ်ကလေးငယ်ရဲ့ဖခင်ဖြစ်သူ (၃၅)နှစ်အရွယ် ကိုလှိုင်တင် ဆိုသူလည်း ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

"၂ယောက်လုံး ပေါ်တာဆွဲခံရတယ်ဆိုတာ။ ရဲတွေကိုယ်တိုင်က အတည်ပြုထားတာ။ပြီးတော့ဘယ်သူဆွဲလဲဆိုတာ သူတို့လည်း မသိသေးဘူး။ဒါပေမယ့် ဒီလူတွေကိုဆွဲထားတော့ ဘယ်ရောက်မှာလဲ။ပုံမှန်‌ဆို ထွေအုပ်၊နန်းတွင်းနောက်ထပ်ရောက်ရင်အလွန်ဆုံးက မတ္တရာထီးတော်မိုး တပ်ပဲ။အခုသတင်းထွက်တော့ တခြားနယ်မှာ ရောင်းစားဖို့ပိုများသွားတာ‌ပေါ့။နေ့ခင်းကြီး ဒီနေရာမှာ ဘယ်သူလုပ်ရဲမှာလဲ"လို့ စစ်တပ်နဲ့ နီးစပ်သူတ‌စ်ဦးက ပြောပါတယ်။

အဲဒီကလေးဆေးရုံဟာ မန္တလေးမြို့လယ် လူစည်ကားရာမှာရှိတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

ဆေးရုံရဲ့ရှေ့မှာ အိုးဝေသုံးဘီး တွေဂိတ်ရှိပြီး ဈေးသည်တချို့လည်းရှိတယ်လို့သိရပါတယ်။
ဒီဆေးရုံရဲ့ အရှေ့ဘက်မှာ ရဲအရာရှိသင်တန်းကျောင်း ရှိပြီး ၆၆လမ်း၊၂၈လမ်းမှာဆိုရင် ရဲအရာရှိအိမ်ယာက ရဲဂိတ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တွေလည်းရှိတယ်လို့ သိရပါတယ်။ အဲဒီရဲဂိတ်ဟာ ဆေးရုံထွက်ပေါက်နဲ့လှမ်းမြင်နိုင်တဲ့ အနေအထားမှာရှိတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအပြီးမှာ ဒီဂိတ်ကို ရဲတွေမထိုင်ပေမယ့် တံတားဦး လေတပ်တိုက်ခိုက်ခံရမှုအပြီးမှာ ရဲ၂ဦး ပုံမှန်လုံခြုံရေး စောင့်လေ့ရှိတယ်လို့ သိရပါတယ်။

ကလေးဆေးရုံကိုလာသူအများစု ဝယ်ယူလေ့ရှိတဲ့ ဆေးဆိုင်တွေဟာ ၆၆လမ်းနဲ့၂၇လမ်း ထောင့်က ဆေးဆိုင်မှာ ဝယ်ယူကြပါတယ်။ နယ်ကနေ ဆေးရုံတက်လာသူအများစုဟာ ဆေးရုံကနေလမ်းကူးပြီး အဲဒီဆေးဆိုင်တွေကို သွားရောက်ဝယ်ယူသူများတယ်လို့ ဆေးဝန်ထမ်းတချို့က ပြောပါတယ်။

စက်တင်ဘာလအတွင်းမှာ စစ်အုပ်စုကစစ်မှုအတွက် ပေါ်တာဆွဲထားတဲ့၊အဓမ္မစစ်သားစု​ဆောင်းထားပြီးနန်းတွင်းထဲမှာ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ပုသိမ်ကြီးမြို့နယ်က စစ်မှုထမ်းသင်တန်း​တွေဆီပို့တာ ၃ ကြိမ်ရှိပြီ ဖြစ်ပါတယ် ။

စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာအများစုဖြစ်ပြီး စစ်သားစုဆောင်းရေးတပ်ကို တစ်ဦး ကျပ်သိန်း ၈၀ က​နေ သိန်းရာဂဏန်းနဲ့ ပြန်ရောင်းစားတာဖြစ်တယ်လို့ စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးအချို့က ​ပြောပါတယ်။

စစ်တပ်က နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ အဓမ္မစု​ဆောင်းထားတဲ့စစ်သားသစ်​တွေနဲ့အဓိက​စေလွှတ်တိုက်ခိုက်​နေပြီး ​သေဆုံးဒဏ်ရာရတာ ၊ ထွက်​ပြေးတာ ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သွားတာ​တွေများ​နေသလို ၊စစ်သားသစ်စု​ဆောင်းဖို့ ပိုခက်ခဲလာတဲ့အတွက် ​နည်းမျိုးစုံနဲ့ ​ပေါ်တာဆွဲတာ​တွေကိုပိုလုပ်လာတာဖြစ်တယ်လို့ ​တော်လှန်​ရေးအင်အားစု​တွေက ​ပြောပါတယ်။ ဒါ​ကြောင့် လူငယ်​တွေ ၊ပြည်သူ​တွေအ​နေနဲ့​ ပေါ်တာဆွဲမခံရ​​အောင်ပါးနပ်စွာ​နေထိုင်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေက တိုက်တွန်း​ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု စက်တင်ဘာမှာ လုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၂၈)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
🤬50❤7👎3🤮1🤣1
(မန္တလေးမြို့က ကလေးဆေးရုံကြီးကို တွေ့ရစဉ်။ ဓာတ်ပုံ - SKC)
🤬24👍8🔥3👎1🤣1
တနင်္သာရီတိုင်းရေဘေး သေဆုံးသူ ထပ်တိုး၊ လောင်းလုံးမှာရုပ်အလောင်း၉ခုထပ်တွေ့

စက်တင်ဘာ-၂၈၊၂၀၂၆။အိမ်သွင်/People's Spring

တနင်္သာရီတိုင်းရေဘေးမှာ‌ဒေသတချို့ရေပြန်ကျစဉ် ရုပ်အလောင်းတွေပေါ်လာလို့ သေဆုံးသူအ​ရေအတွက်ထပ်တိုးလာ​နေပြီး လောင်းလုံးမြို့နယ်မှာဒီနေ့ညနေပိုင်းကရုပ်အလောင်း
၉ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။

လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ကျေးရွာမှာ ရုပ်အလောင်း ၇ လောင်းနဲ့ ကဒက်ကြီးကျေး
ရွာမှာ ၂ လောင်းတွေ့ရှိပြီး ပျောက်ဆုံးနေသူတွေလည်းရှိ​နေ​သေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"တောင်ခြေမှာက ဥယျာဉ်ခြံတွေများတယ်လေ။ပြိုကျနေတာတွေများတယ်။ရှာဖွေကယ်
ဆယ်ရေးက အခက်အခဲတွေများတယ်။သေ
ဆုံးသူဦးရေ သေချာပေါက်တိုးလာနိုင်တယ်"
လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးကလည်း ပြောပါတယ်။

ထားဝယ်ဒေသတစ်ခုလုံး ကျေးရွာပေါင်း ၆၀ ကျော်မှာ ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုဘေး ရင်ဆိုင်နေရပြီး ပျောက်ဆုံးနေသူ ၃၀ ဦးရှိသလို သေဆုံးသူအနည်းဆုံး ၁၇ ဦးရှိကြောင်းအတည်ပြုထားနိုင်တယ်လို့ ထားဝယ်အမျိုး
သားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့နယ်မှာ ၁၀ ဦး၊ ထားဝယ်မြို့နယ်မှာ ၂ ဦးနဲ့ သရက်ချောင်းမြို့နယ်မှာ ၁ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်တယ်လို့ စက်တင်ဘာ ၂၈ ရက်မနက်ပိုင်းထုတ်ပြန်ထားပါတယ်။ ဒေသခံတွေဆီက‌နေ ဒီနေ့ညနေပိုင်းမှာ ထပ်မံသိရတဲ့သတင်းအချက်
အလက်တွေအရ လောင်းလုံးမြို့နယ်တစ်မြို့နယ်မှာမှာတင် ရုပ်အလောင်း ၁၂လောင်းအထိ ရှာဖွေတွေ့ရှိထားပြီလို့ သိရပါတယ်။

ဒေသအချို့မှာရေ ပြန်ကျနေပေမယ့်မိုးဆက်
လက်ရွာသွန်းမှုနဲ့အတူ တောင်မြေပြိုမှုတွေလည်းရှိနေလို့ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကနေအမြန်ဆုံးရွှေ့ပြောင်းနေထိုင်ကြဖို့လည်း တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်။

လက်ရှိအခြေအနေမှာပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်ရေး၊သဘာဝဘေးသင့်ပြည်သူတွေကို ရွှေ့ပြောင်းကယ်ဆယ်ရေးနဲ့ပျက်
စီးနေတဲ့ လမ်းတွေရှင်းလင်းနိုင်ရေးတို့အ
တွက်ထွယ်တာ (Tractor)၊ ဘက်ဟိုး၊ ဘူဒိုဇာ၊ ကရိန်းနဲ့ အခြားစက်ယန္တရားကြီးများ အရေးပေါ်လိုအပ်နေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

သဘာဝဘေးဒဏ်သင့်ပြည်သူတွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ရေနဲ့ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ အသိပေးထားပါတယ်။

ထိုင်းနိုင်ငံဘက်က ရွေ့လျားလာတဲ့ လေဖိ
အားနည်းရပ်ဝန်းကြောင့် တနင်္သာရီတိုင်းမှာ စက်တင်လာလ၂၆ရက်နေ့ကစပြီး ရေဘေးနဲ့ မြေပြိုမှုဘေးရင်ဆိုင်နေရပါတယ်။ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာရေဘေးကြုံတွေ့နေပြီးလောင်း
လုံးနဲ့ သရက်ချောင်းမြို့ဟာ လက်ရှိမှာရေ
ဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။ကယ်ဆယ်ရေး အကူအညီတွေ အရေး ပေါ်လိုအပ်နေတယ်လို့ဒေသခံတွေ ပြောပါတယ်။

တနင်္သာရီတိုင်းမှာတ​ရက်တည်း၂၈၀ မီလီ
မီတာအထိစံချိန်တင်မိုးရွာသွန်းခဲ့မှုကြောင့် လောင်းလုံးမြို့နယ်မှာနေအိမ် ၈၀ ကျော် မြေပြိုနစ်မြုပ်ပြီး ပြည်သူ ၃ ဦး​သေဆုံးကာ ပျောက်ဆုံး​နေသူ ၁၂ ဦးကျော်ရှိ​နေသလိုဒေသခံ ၅၆၀ ကျော်​ရေ​ဘေးယာယီခိုလှုံနေရ
ပါတယ်။သရက်ချောင်းမြို့နယ်မှာလည်းပြည်သူ ၁၈,၀၀၀ ကျော် ရေဘေးသင့်​နေပါတယ်။

ရေဘေးသင့်ပြည်သူများထံအမျိုးသားညီ
ညွတ်ရေးအစိုးရ(NUG) လူမှုရေးရာ၊ အလုပ်
သမားနှင့် လူသားချင်းစာနာထောက်ထားရေး၀န်ကြီးဌာန(MoSLHA)ကအရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့အဖြစ်ကျပ်သိန်း ၆၀ နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ ၄၅,၀၀၀ ကို ကနဦး ထောက်ပံ့ထားပြီး မြေပြင်အချက်
အလက်များ ဆက်လက်ရယူကာ ထောက်ပံ့သွားမယ်လို့ထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာမြန်မာနိုင်ငံတောင်
ပိုင်းကမ်းရိုးတန်းအနီးနဲ့ ကပ္ပလီပင်လယ်ပြင်ဘက်မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ရောက်ရှိလာပါတယ်။ မုန်တိုင်းငယ်ဟာ ဒီနေ့ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းမှာရန်ကုန်နဲ့ ကျိုက်ထိုမြို့ကြားကနေ ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ပြီး ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်
ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ အနီးပတ်ဝန်း
ကျင်မှာမိုးဆက်ကြီးနိုင်လို့ သတိပြုနေထိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှု
ရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ညပိုင်းမှာ မွန်ပြည်နယ်အတွင်း မိုးကြီးပြီး လေပြင်းတိုက်ခတ်​မှုကြောင့် ထိခိုက်ပျက်
စီးမှုတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။
😢21❤18👍3👎3
လောင်းလုံမြို့နယ် ၊ကဒတ်ငယ်ရွာမှာ မိုးကြီး​​မြေပြိုပြီး​နောက် ရုပ်အလောင်း ၁လောင်းကိုထုတ်ယူ​နေစဥ်။ဓါတ်ပုံ-ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထားဝယ်၊
​ဒေသခံ
😢35❤2👍2👎1👏1😭1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၂၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မုန်တိုင်းငယ်ကြောင့် မိုးဆက်ကြီးနိုင်

မြန်မာနိုင်ငံကမ်းရိုးတန်းအနီးက မုန်တိုင်းငယ်ဟာ ဒီနေ့ ညနေပိုင်းမှာ ရန်ကုန်နဲ့ ကျိုက်ထိုမြို့ကြားကနေ ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး မိုးကြီးနိုင်လို့ ဒေသငါးခု သဘာဝဘေးသတိပြုနေထိုင်ဖို့ အမျိုးသားညီညွတ်​ရေးအစိုးရ-NUGက သတိပေးချက်ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ အနီးပတ်ဝန်းကျင်မှာ မိုးသက်လေပြင်းကျရောက်နိုင်ပြီး လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်ခတ်တာနဲ့အတူ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။ ထိုင်းနိုင်ငံဘက်က လေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းအနီးနဲ့ ကပ္ပလီပင်လယ်ပြင်မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့် ရောက်ရှိလာတာပါ။ မိုးကြီးတဲ့ဒေသတွေမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေကို ရေဘေးအန္တရာယ်လွတ်ကင်းတဲ့နေရာတွေဆီ ကြိုတင်ပြောင်းရွှေ့နေရာချထားပေးသင့်တယ်လို့ NUGက တိုက်တွန်းထားပါတယ်။ မုန်တိုင်းငယ်ဟာ မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး နောက်လာမယ့်နှစ်ရက်အတွင်း မြန်မာနိုင်ငံအောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေကို ဖြတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

◾️တနင်္သာရီတိုင်းရေဘေး သေဆုံးသူ ထပ်တိုး

တနင်္သာရီတိုင်းရေဘေးမှာ‌ ဒေသတချို့ရေပြန်ကျစဉ် ရုပ်အလောင်းတွေပေါ်လာလို့ သေဆုံးသူအ​ရေအတွက်ထပ်တိုးလာ​နေပြီး လောင်းလုံးမြို့နယ်မှာ ဒီနေ့ညနေပိုင်းက ရုပ်အလောင်း ၉ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။ လောင်းလုံးမြို့နယ် ကဒက်ငယ်ကျေးရွာမှာ ရုပ်အလောင်း ၇ လောင်းနဲ့ ကဒက်ကြီးကျေးရွာမှာ ၂ လောင်းတွေ့ရှိပြီး ပျောက်ဆုံးနေသူတွေလည်း ရှိ​နေ​သေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ထားဝယ်ဒေသတစ်ခုလုံး ကျေးရွာပေါင်း ၆၀ ကျော်မှာ ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုဘေး ရင်ဆိုင်နေရပြီး ပျောက်ဆုံးနေသူ ၃၀ ဦးရှိသလို သေဆုံးသူအနည်းဆုံး ၁၇ ဦးရှိကြောင်း အတည်ပြုထားနိုင်တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ လောင်းလုံးမြို့နယ်မှာ ၁၀ ဦး၊ ထားဝယ်မြို့နယ်မှာ ၂ ဦးနဲ့ သရက်ချောင်းမြို့နယ်မှာ ၁ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်တယ်လို့ စက်တင်ဘာ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ဒေသအချို့မှာ ရေပြန်ကျနေပေမယ့် မိုးဆက်လက် ရွာသွန်းမှုနဲ့အတူ တောင်မြေပြိုမှုတွေလည်း ရှိနေလို့ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကနေ အမြန်ဆုံးရွှေ့ပြောင်းနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။ တောင်ပြိုမှုတွေကြောင့် အိမ်ခြေအနည်းဆုံး ၅၀ကျော် ၊ တံတား ၁၀ စင်းထက်မနည်း ပျက်စီးခဲ့တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က အသိပေးပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စက်တင်ဘာ ၂၇ရက် မနေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်လို့ နေအိမ် ၃၀ ကျော် ပျက်စီးခဲ့ပါတယ်။ အင်းလေးဒေသ ငါးဖယ်ချောင်းကျေးရွာအုပ်စု ပျားပင်တောင်ကျေးရွာမှာ မနေ့ ညနေ ၃နာရီဝန်းကျင်က လေပြင်းတိုက်ခတ်တာပါ။

◾️ကျောက်တော်မြို့ပေါ်ကို စစ်တပ်ဗုးကြဲမှု အရပ်သား ၃၀ ကျော် သေဆုံး
👎12😭6👍2🔥2❤1🖕1
အာဏာသိမ်းစစ်တပ်က ကျောက်တော်မြို့ကို ဒီနေ့ ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၃၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၆ ဦးအထိ ရှိလာပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်သေးတယ်လို့ AA နဲ့ လူမှုကူညီရေးလုပ်နေသူတွေက ပြောပါတယ်။ စစ်တပ်က စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့ထဲက လူစည်ကားတဲ့ အိန္ဒိယစျေးနဲ့ ဂစ္ဆပနဒီတံတားပေါ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ မီးထဲမှာ ပါသွားတဲ့အလောင်းတချို့ကို စာရင်းပြုစုလို့ မရနိုင်သေးသလို ဆွဲထုတ်လို့ မရနိုင်သေးတာတွေလည်း ရှိသေးတယ်လို့ မြေပြင်မှာ ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။ အခုလို အရပ်သားလူနေရပ်ကွက်၊ စျေးနဲ့ လူအသွားအလာများတဲ့တံတားတို့ကို စစ်တပ်က တမင်ရည်ရွယ်ပြီး ဗုံးကြဲတာဟာ အလွန်ယုတ်မာတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူက ဆက်​ပြောပါတယ်။ စစ်တပ်ဗုံးကြဲခဲ့တဲ့ အိန္ဒိယစျေးဟာ ကျောက်တော်မြို့ထဲမှာတည်ရှိပြီး လူအသွားအလာ၊ စျေးဝယ်သူတွေနဲ့ စည်း ကားတဲ့နေရာတခုဖြစ်ပါတယ်။ မြို့အဝင်က ဂစ္ဆပနဒီတံတားဟာလည်း လူအသွားအလာများတဲ့ တံတားဖြစ်ပါတယ်။ ဒါ​ကြောင့် စစ်တပ်က လူစည်ကားတဲ့​နေရာ​တွေကို ​​ရွေးပြီး ဗုံးကြဲသတ်ဖြတ်တာလို့ ဒေသခံ​တွေက​ ပြောပါတယ်။ အာရက္ခတပ်​တော်(AA)ကလည်း ကျောက်တော်မြို့ ဗုံးကြဲခံရမှု နောက်ဆက်တွဲသတင်းထုတ်ပြန်ရာ လက်ရှိအချိန်အထိ​ သေဆုံးသူ ၃၃ဦးခန့်နဲ့ ဒဏ်ရာရရှိသူ ၃၆ ဦး ရှိလာပြီး သေဆုံးတဲ့ အရေအတွက် ထပ်တိုးလာနိုင်ခြေရှိတယ်လို့​ ဖော်ပြပါတယ်။ အာရက္ခဒေသအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ ဖြစ်စဉ်​တွေထဲမှာ မြောက်ဦး ပြည်သူ့ဆေးရုံးကြီး တိုက်ခိုက်ခံရမှုနောက် ဒီနေ့​ ကျောက်​တော်မြို့ ဗုံးကြဲခံရမှုမှာ အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးမှု အများဆုံးဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ AAက ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်တပ်က ဒီနေ့ တရက်တည်းမှာ ကျောက်တော်မြို့အပြင် သံတွဲမြို့နယ်၊ မင်းပြားမြို့နယ် စွန်ရဲ၊ ကြောင်ရှည်ချောင်းရွာတို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် ၁ ဦး သေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

◾️ကျောက်တော်ဗုံးကြဲမှု စစ်တပ်နဲ့ ပါဝင်ပတ်သက်သူတွေကို လက်တုံ့ပြန်မယ်လို့ AA ပြော

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက်တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။ ကျောက်တော်မြို့ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်မှာ အပြစ်မဲ့ပြည်သူတွေအတွက်တရားမျှ
တမှုရရှိဖို့၊ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ပက်သက်တဲ့ အကြမ်းဖက်မြန်မာ့တပ်မတော်နဲ့ ပါဝင်ပက်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးတော့မှ လက်တုံံ့ပြန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်အနေနဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်လို့လည်း သူက ဆက်​ပြောပါတယ်။

◾️ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒီနေ့ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းကတည်းက နေ့လယ် ၁၂ နာရီခွဲခန့်အထိ အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေနဲ့ စစ်ရှောင်ပြည်သူတွေ ရှိတဲ့နေရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းရှိနေတယ်လို့ ဆိုပါတယ်။ ဘာတိုက်ပွဲမှ မရှိဘဲ စစ်တပ် လေကြောင်းတိုက်ခိုက်တဲ့နေရာတွေမှာ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ကြတာလို့ ကရင်နီဒေသခံတစ်ဦးက ‌ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကို နေ့စဉ်နီးပါး လုပ်နေပြီး အရပ်သားတွေကို ပစ်မှတ်ထားနေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာ၀န်ရှိသူက ပြောပါတယ်။

◾️မိုးမိတ်မြို့က စစ်တပ်စခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီနေ့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ စက်တင်ဘာ ၂၈ရက် မနက်ပိုင်းမှာ စစ်တပ် တပ်စွဲထားတဲ့ မိုးမိတ်မြို့ ရွှေမင်းတင်စေတီကုန်းက တပ်စခန်းကို သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစခန်းသိမ်းပိုက်မှုနဲ့အတူ လက်နက်ခဲယမ်းတွေ အများကြီးရတယ်လို့ သိရကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူ​ပေးဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာ ညောင်နီရွာမှာ စက်တင်ဘာ ၂၈ရက် ဒီနေ့ မနက်ပိုင်းကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂နာရီခန့်မှာ စစ်တပ်က​ လေ​ကြောင်းက​​နေ ဗုံးကြဲသွားတာလို့ သိရပါတယ်။ စစ်တပ်ဘက်က ဒရုန်းထိပြီး သေဆုံးတာများတယ်လို့ သိရပြီး လေကြောင်းတိုက်ခိုက်မှု ဆက်ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

◾️စစ်တပ်နဲ့ SNA ပူးပေါင်းတပ်စခန်းကို KIA သိမ်းပိုက်
👍21❤4💩2🖕1
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာက စစ်တပ်နဲ့ ရှမ်းနီတပ် SNA တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်မြေပြင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စက်တင်ဘာ ၂၈ရက် မနက်မှာ နမ့်မွန်းကျေးရွာအနီးက စစ်တပ်နဲ့ SNA ပူးပေါင်းစခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ တပ်စခန်းဟာ အရင်က KIA ထိုင်ထားတဲ့ စခန်းဖြစ်ပြီး လက်လွှတ်ခဲ့ရတဲ့ အခြေအနေမှာ ဒီနေ့ ပြန်သိမ်းပိုက်နိုင်ခဲ့တာလို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နမ့်မွန်းကျေးရွာမှာ စစ်တပ်လက်အောက်ခံ SNA တပ်ဟာ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအတွင်း စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါတယ်။ အင်အားအများအပြားနဲ့ ဘုရားကျောင်းဝင်းအတွင်း စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာအပြင် ကျောင်းဝင်းအတွင်း ကခုန်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေ့ နမ့်မွန်းရွာတိုက်ပွဲမှာလည်း ဘုရားကျောင်းမှာ သင်တန်းဆင်းပွဲလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင် သင်တန်းဆင်းတပ်သားတွေ ပါဝင်ခဲ့တယ်လို့ သိရကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။ ဘုရားကျောင်းအတွင်း SNA တပ်က စစ်သင်တန်းဆင်းပွဲ ကျင်းပတာဟာ လုံး၀ မလုပ်သင့်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

◾️ရခိုင် မြို့နယ် ၈ခုကို စစ်တပ် ဆက်တိုက်ဗုံးကြဲ

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၈ခုကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း AAက သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၇ရက်ကနေ ၂၇ရက်အထိ စစ်တပ်က မြောက်ဦး၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ဂွ၊ ကျောက်တော်၊ မင်းပြားနဲ့ အမ်း စတဲ့ မြို့နယ်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပါတယ်။ AAက ဖော်ပြတဲ့ စာရင်းအရ ၁၁ရက်တာကာလ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၆ဦးထက်မနည်းသေဆုံးကာ ၁၆ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူအများစုဟာ သက်ကြီးရွယ်အိုတွေဖြစ်ပြီး ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကလေးငယ်အချို့လည်း ပါဝင်ပါတယ်။ စစ်တပ်ဟာ စစ်မျက်နှာပြင်တိုင်း စစ်ရေးအရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့် အာရက္ခပြည်အနှံ့ မြို့ရွာတွေကို ရှုံးမဲမဲကာ လေကြောင်း တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

◾️ဗန်းမော်မြို့က စစ်တပ်စခန်းတစ်ခုကို KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်တပ် နေရာယူနေတဲ့ စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ဗန်းမော်မြို့ နမ့်ဖားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို စက်တင်ဘာ ၂၆ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ စက်တင်ဘာ ၂၇ရက်မှာလည်း ဗန်းမော်မြို့မှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။ လတ်တလောမှာ စစ်တပ်ဟာ ဗန်းမော်မြို့တွင်း စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်တာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။ ကချင်သတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ ဒီရက်ပိုင်း ဗန်းမော်တိုက်ပွဲအတွင်း စစ်တပ်ဆီက အလောင်းနဲ့ လက်နက် သိမ်းရတာ၊ သုံ့ပန်းတွေ ဖမ်းမိတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

◾️ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်း စီးနင်းတိုက်ခိုက်ခံရ

ရန်ကုန် - ပြည်လမ်းပိုင်းက အာဏာသိမ်းစစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးတပ်တွေက ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တာ၀န်ရှိသူက ပြောပါတယ်။စက်တင်ဘာ ၂၇ရက် မနေ့ မနက် ၄နာရီ၀န်းကျင်ကစပြီး အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ဂုံညင်းတန်းတာဆုံ စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။​ ရန်ကုန်-ပြည်လမ်းပိုင်းကဆိုတော့ အာဏာသိမ်းစစ်တပ်အတွက် အတော်အရေးပါတဲ့နေရာတစ်ခုဖြစ်ပြီး စစ်ကြောင်းလိုက် စစ်ကူလာလို့ ပြန်ဆုတ်ခဲ့ရကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ရှင်းပြပါတယ်။ တစ်နာရီ၀န်းကျင်ကြာတိုက်ပွဲအတွင်း စစ်တပ်က ထိခိုက်မှုရှိပြီး အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းဆဲလို့ အဲဒီတာဝန်ရှိသူက အသိပေးပါတယ်။ အဲဒီစခန်းမှာ အင်အား ၁၅ဦးကနေ ၂၀ဦးအကြားရှိပြီး လမ်းပိုင်းကို ဖြတ်သန်းသွားလာတဲ့ ကားတွေကို ဆက်ကြေး တောင်းသလို ပေါ်တာဆွဲကြမ်းတဲ့ ပျူခေါင်းဆောင်စိုးမင်းဂိတ်ထိုင်ရာ စခန်းလည်းဖြစ်တယ်လို့ အုတ်ဖိုဒေသခံတစ်ဦးက ဂုံညင်းတန်းတာဆုံဂိတ်အကြောင်းကို ပြောပါတယ်။ စစ်တပ်စစ်ကူစစ်ကြောင်းက ဂုံညင်းတန်းတာဆုံဂိတ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒီးဒူးပင်နဲ့ ဘုတ်သိုးကျေးရွာတွေဘက်အထိ ၀င်ရောက်ခဲ့ပြီး ဒေသခံ ၂ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ ‌ပြည်သူ ၂ဦးနဲ့ပတ်သက်တဲ့နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

◾️မန္တလေး ကလေးဆေးရုံမှာ ကုသနေတဲ့ ကလေးငယ်တွေရဲ့ ဖခင်ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရ
👍16❤3🖕2
မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ စက်တင်ဘာ ၂၆ ရက် မနက်၉နာရီမှာ မန္တလေးမြို့ ၆၆လမ်း၂၇လမ်းနဲ့၂၈လမ်းကြား လမ်းအနောက်ဘက်က ကလေးဆေးရုံကြီး ဖျားနာဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ ၈နှစ်အရွယ် ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ (၃၃)နှစ်အရွယ် ကိုဇော်မျိုးဦးဟာ သမီးဖြစ်သူအတွက် ဆေးထွက်ဝယ်တဲ့အချိန်မှာ ပျောက်သွားတာလို့ သိရပါတယ်။ ဒါ့အပြင် အဲဒီနေ့မှာပဲ (၄)နှစ်အရွယ်ကလေးငယ်ရဲ့ဖခင်ဖြစ်သူ (၃၅)နှစ်အရွယ် ကိုလှိုင်တင် ဆိုသူလည်း ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖခင်နှစ်ဦးစလုံး ပေါ်တာဆွဲခံရတယ်ဆိုတာ စစ်တပ်လက်အောက်ခံ ရဲတွေကိုယ်တိုင်က အတည်ပြုထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့က ပေါ်တာဆွဲသွားသလဲဆိုတာ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

◾️နာဂဒေသမှာ လူငယ်တစ်ဦးကို သိန်း ၃၅၀နဲ့ ဝယ်ပြီး စစ်သင်တန်းပို့

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ စစ်အုပ်စုက လူထုဆီက အတင်းအကျပ်တောင်းယူခဲ့တဲ့ ကျပ်သိန်း၃၅၀နဲ့ လူငယ်တစ်ဦးကို ဝယ်ပြီး စစ်မှုထမ်းသင်တန်းဆီ ပို့ဆောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။ ဆွမ္မရာမြို့ကနေ လေရှီးမြို့ကိုသွားတဲ့ ကားဆရာနဲ့ ယာဉ်နောက်လိုက် စုစုပေါင်း ၁၁ဦးကို အာဏာသိမ်းစစ်အုပ်စုက ဖမ်းပြီး အဲ့ဒီ ၁၁ဦးဆီကနေ တောင်းယူတဲ့ ငွေနဲ့ စစ်မှုထမ်းသင်တန်းတက်မယ့်လူငယ်တစ်ဦးကို ဝယ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။ စစ်အုပ်စုက ဒေသခံ ၁၁ဦးကို စက်တင်ဘာ ၂၃ရက်က ဖမ်းဆီးတာဖြစ်ပြီး ကားကိုးစီးအနက် တစ်ချို့ကို ကျပ်သိန်း၄၀၊ တချို့ကို ၄၅သိန်း တောင်းယူပြီးမှ လူတွေကို ပြန်လွှတ်ပေးတာလို့ သတင်းရရှိပါတယ်။ အဲဒီလုပ်ရပ်ကို ဦးဆောင်ခဲ့သူတွေက လေရှီးမြို့နယ်ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်း၊ ဒုရဲအုပ်ဂျော့စိုင်းနဲ့ လေရှီးမြို့နယ်က ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၁၀ -၂၀၁၅ အမတ်ဟောင်း ဦးရှီးသီးတို့ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာ၂၃ရက် မနက်မှာ ဦးရှီးသီးက ဒေသတွင်းကုန်စည်သယ်ယူပို့ဆောင်နေတဲ့ ကားကိုးစီးကို စစ်ဆေးဖို့အတွက် သူ့အိမ်ရှေ့ကို မောင်းလာခိုင်းပြီး အိမ်အရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ဆိုင်းပြီး ဖမ်းဆီးခဲ့တာလို့ လေရှီးမြို့ခံတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် နာဂယဉ်ကျေးမှုအဖွဲ့အစည်းတွေက လိုက်လံညှိနှိုင်းခဲ့ကြရပါတယ်။
💩15👍4😁3❤2🖕2
👍19❤6👎2🤬2🔥1👏1😁1