ကျောက်တော် ကစ္ဆပနဒီတံတားအနီးနဲ့အိန္ဒိယစျေး ဝန်းကျင်ကိုစစ်တပ်ဗုံးကြဲ ပြည်သူသေဆုံးထိခိုက်မှုများ
■ သံတွဲမြို့နဲ့ငပလီကမ်းခြေကိုလည်း စစ်တပ်ဗုံးကြဲ
စက်တင်ဘာ-၂၈၊၂၀၂၆။ခိုင်မြတ်/People’s Spring။
အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်နဲ့ သံတွဲမြို့၊ ငပလီမြို့ပေါ်တို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ ဗုံးကြဲခဲ့ပြီး သေဆုံး၊ ထိခိုက်သူ ဆယ်ချီရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့ရှိ လူစည်ကားတဲ့ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်နဲ့ အိန္ဒိယစျေးဝန်းကျင် တို့ကို စစ်တပ်ကဗုံးကြခဲ့ပြီး လမ်းသွားလမ်းလာပြည်သူတွေနဲ့ စျေးရောင်းစျေးဝယ်လုပ်နေသူတွေ အများအပြားသေဆုံး ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“အရေအတွက်တွေ မသိသေးဘူး။ သေတာက တဆယ်လောက်တောင်ရှိမလားပဲ၊ ငါးယောက်ကတော့ confirm လုပ်လို့ရတယ်။ ဒဏ်ရာရတာလည်း တော်တော်များမယ်။ အစတွေဆိုရင် နေရာအနှံ့ပဲ” လို့ ကျောက်တော်ဒေသခံ တဦးက ပြောပါတယ်။
အဆိုပါဗုံးကြဲမှုကြောင့်ပြည်သူသေဆုံးထိခိုက်မှုတွေရှိတယ်လို့ AA ကလည်းထုတ်ပြန်ထားပါတယ် ။
ဒါ့အပြင် ဒီနေ့ ၁၂ နာရီခွဲကျော်အချိန်မှာ သံတွဲမြို့ပေါ်နဲ့ သံတွဲမြို့နယ် ငပလီကမ်းခြေကိုလည်း စစ်တပ် ဗုံးကြဲခဲ့ ပြီး အထိအခိုက်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် စစ်တပ်ဟာ ဒီနေ့မနက်ပိုင်း ၇ နာရီကျော်အချိန်က လည်း မင်းပြားမြို့နယ် စွန်ရဲ၊ ကြောင်ရှည်ချောင်းရွာတို့ကို ဗုံးကြဲခဲ့တာကြောင့် ၁ ဦး သေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
“ဒဏ်ရာပြင်းလို့ ဆေးရုံရောက်တာနဲ့ တယောက်သေသွားတယ်။ စစ်တွေဘက်မှာလည်း အခုထိ လေယာဉ်တွေ ဝဲ နေတယ်” လို့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်ကသေဆုံးထိခိုက်မှုများနေပြီးအထိနာနေပြီး စစ်တပ်ဟာ အရပ်သားတွေကိုပစ်မှတ်ထားပြီး မြို့ရွာတွေကိုလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် တိုက်ခိုက်လာတာဖြစ်ပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အထိနာနေပြီး တပ်စခန်းတွေ လည်းဆက်တိုက်လက်
လွှတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အ
ချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ၂၇ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ် သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၉ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီစာရင်းထဲမှာဒီနေ့ ဗုံးကြဲခံရပြီးသေဆုံးထိခိုက်
သူတွေမပါဝင်သေးပါဘူး။

🤬29😱8❤4👎3👏3🔥1😢1🎉1

(ကျောက်တော်မြို့ ၊ကစ္ဆပနဒီ တံတားအနီးဝန်းကျင်နဲ့ အိန္ဒိယစျေးဝန်းကျင်ကိုစစ်တပ်ကဗုံးကြဲပြီးနောက်မြင်ကွင်း။ရုပ်သံ-AA Info Desk)
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ကျောက်တော်ဗုံးကြဲခံရမှု #ကစ္ဆပနဒီတံတား #အိန္ဒိယစျေးဗုံးကြဲခံရမှု #စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု #ပြည်သူသေဆုံးထိခိုက်မှု #ရခိုင်စစ်ရေး #မြန်မာ့စစ်ရေးသတင်း #KyauktawAirstrike #KissapanadiBridge #IndiaMarketAirstrike #JuntaAirstrike #CivilianCasualties #RakhineConflict #MyanmarConflict #MyanmarNews

🤬33👏3❤2🔥2👎1🎉1
လေဖိအားနည်းရပ်ဝန်း အားကောင်းလာပြီး မုန်တိုင်းငယ်ဖြစ်လာ၊ မြန်မာမှာ မိုးဆက်ကြီးနိုင်
စက်တင်ဘာ-၂၈၊၂၀၂၆။ရွှေပြည်စိုး/People's Spring
ထိုင်းနိုင်ငံဘက်က လေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီးနဲ့ ကပ္ပလီပင်လယ်ပြင်မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ရောက်ရှိလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MoSLHA)က ထုတ်ပြန်ထားပါတယ်။
လေဖိအားနည်းရပ်ဝန်းက အားလျော့သွားခြင်းမရှိဘဲ ပင်လယ်ပြင်မှာ ပိုပြီးအားကောင်းလာတဲ့အနေအထားဖြစ်ပါတယ်။ လက်ရှိ ခန့်မှန်းချက်တွေအရ မုန်တိုင်းငယ်ဟာ မြန်မာ–ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအနီးမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ MoSLHA က ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံအပြားမှာ မိုးရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊စစ်ကိုင်းတိုင်းနှနဲ့ မန္တလေးတိုင်းမှာ မိုးသည်းထန်နိုင်တယ်လို့သတိပေးထားပါတယ်။
အထူးသဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ နေရာကွက်၍ မိုးကြီးပြီး လေပြင်းဘေးလည်းသတိပြုဖို့လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။ မိုးကြီးတဲ့ ဒေသတွေမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေကို ရေဘေးအန္တရာယ်လွတ်ကင်းတဲ့ နေရာတွေဆီ ကြိုတင်ပြောင်းရွှေ့နေရာချထားပေးသင့်တယ်လို့ MoSLHA က တိုက်တွန်းထားပါတယ်။
စက်တင်ဘာ၂၆ရက်က ထိုင်းနိုင်ငံဘက်ကနေရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးကြီးပြီး တနင်္သာရီတိုင်းမှာ ရေဘေးနဲ့ မြေပြိုမှုဘေးရင်ဆိုင်နေရပါတယ်။ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ ရေဘေးကြုံတွေ့နေပြီး လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ လက်ရှိမှာရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။ကယ်ဆယ်ရေး အကူအညီတွေ အရေး ပေါ်လိုအပ်နေတယ်လို့ဒေသခံတွေ ပြောပါတယ်။
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ ရေကြီးပြီး လေပြင်းတိုက်ခတ်နေစဉ်။ ရုပ်သံ - KK Gifts Shop& Group Service-Dawei
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #မုန်တိုင်းငယ်သတိပေးချက် #လေဖိအားနည်းရပ်ဝန်း #မြန်မာ့မိုးလေဝသ #မိုးကြီးနိုင်မှုသတိပေးချက် #မြန်မာ့သတင်း #DepressionWarning #LowPressureArea #MyanmarWeather #HeavyRainAlert #MyanmarNews

👍30❤6🙏3🔥2🤣2👎1
ခရစ်ယာန်ဘုရားကျောင်းအတွင်း စစ်သင်တန်းဆင်းပွဲလုပ်တာ လုံး၀မလုပ်သင့်တဲ့ အရာလို့ KIA ပြော
စက်တင်ဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ စစ်တပ်လက်အောက်ခံ SNA တပ်က စစ်သင်တန်းဆင်းပွဲ လုပ်တာဟာ လုံး၀ မလုပ်သင့်တဲ့ အရာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
အခုရက်ပိုင်းမှာ လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့နေတဲ့ ဘုရားကျောင်းဝင်းထဲသင်တန်းဆင်းပွဲလုပ်တာ၊ ကခုန်နေတာ စတဲ့ မှတ်တမ်းဓာတ်ပုံနဲ့ ရုပ်သံတွေ နဲ့ပတ်သက်ပြီး အခုလို ပြောကြားတာပါ။
“အင်းတော်ကြီး နမ့်မွန်းရွာက ကျနော်တို့ခရစ်ယာန်ဘုရားကျောင်းမှာ SNA တပ်ကတော့ စစ်သင်တန်းဆင်းပွဲတွေ လုပ်တာ။ အဆိုအကတွေ ဘာတွေ ပျော်ပွဲတွေလုပ်တာပုံတွေပျံ့နှံ့နေပါတယ်။ ဒါက လုံး၀ မလုပ်သင့်တဲ့ အရာတခုဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဘုရားကျောင်းမှာ အခုလိုမျိုးလုပ်လိုက်တာဟာ ရှမ်းတိုင်းရင်းသားနဲ့ ကချင်တိုင်းရင်းသားတွေ ကြားမှာ ဘာသာရေးပြဿနာတွေလည်းဖြစ်ပေါ်နိုင်တာမို့ မလုပ်သင့်တာဖြစ်ကြောင်းလည်း ပြောပါတယ်။
ခရစ်ယာန်ဘုရားကျောင်းအတွင်း စစ်သင်တန်းဆင်းပွဲ လုပ်တဲ့ အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနကလည်း ဖော်ပြခဲ့ပါတယ်။
နမ့်မွန်းရွာမှာ ကွင်းပြင်အလွတ်နေရာတွေ အများကြီးရှိပါလျက်နဲ့ ခရစ်ယာန်များအထွဋ်အမြတ်ထားရာ ဘုရားကျောင်းထဲမှာ သင်တန်းဆင်းပွဲ ကျင်းပခြင်းဟာ မလုပ်သင့်တဲ့ အပြုအမူဖြစ်တဲ့အပြင် ယုံကြည်မှု ဘာသာတရားကို စော်ကားရာရောက်ကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
SNA ပြည်သူ့စစ်ဟာ နမ့်မွန်းခရစ်ယာန် ဘုရားကျောင်းဝင်းကို သင်တန်းကွင်းအဖြစ် အသုံးပြုနေတာ ၅နှစ်ခန့်ရှိပြီလို့ သိရကြောင်းလည်း ဖော်ပြထားပါတယ်။
ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြတဲ့ နမ့်မွန်းကျေးရွာနေ ကချင်ပြည်သူအများစုဟာ စစ်တပ်၊ SNA ပူးပေါင်းတပ်နဲ့ KIA တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ရှောင်နေကြရတာလို့ဆိုပါတယ်။ ရှမ်းနဲ့ ကချင်ဟာ ရှေးကတည်းက အတူနေတိုင်းရင်းသားများ ဖြစ်တဲ့အလျောက် နောင်မှာလည်း အတူတကွယှဉ်တွဲနေထိုင်ကြရအုံးမှာဖြစ်တယ်လို့လည်း KIA က ဖော်ပြထားပါတယ်။

👍39❤3🔥2🤬2👎1🙏1🤣1🖕1
မိုးမိတ်မြို့အနီးတိုက်ပွဲပြင်းထန် ၊စစ်တပ်က လေကြောင်းပစ်ကူသုံးဗုံးကြဲ
စက်တင်ဘာ-၂၈၊၂၀၂၆။အိမ်သွင်၊ကတ်သရင်း/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေ
ကြောင်းကနေပစ်ကူပေးဗုံးကြဲနေပါတယ်။
မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာညောင်နီရွာမှာစက်တင်ဘာလ၂၈ရက်မနက်ပိုင်းကနေတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂နာရီ
ခန့်မှာ စစ်တပ်ကလေကြောင်းကနေဗုံးကြဲသွားတာဖြစ်ပါတယ်။
"လေယာဉ်က ရွာဘက်နားထိခေါင်းကြီးထိုး
စိုက်ပီးပစ်တာ"လို့ဒေသခံတစ်ဦးကပြောပါတယ်။
အခြားဒေသခံတစ်ဦးက" စစ်တပ်ဘက်မှာ ဒရုန်းထိပြီး သေဆုံးတာတွေများတယ်လို့ကြားတယ်။ လေယာဉ်ကတော့ ဆက်ပြီး လာနေတုန်းပဲ။ တိုက်ပွဲဖြစ်တဲ့အသံတွေလည်းကြားနေရတယ်"လို့ပြောပါတယ်။
စစ်တပ်ရဲ့စခန်းအချို့ကို ကချင်လွတ်လပ်
ရေးတပ်မတော်(KIA) ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့မဟာမိတ်တွေက တိုက်ခိုက်ပြီးတိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံအချို့ကပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့စစ်ရေးရင်း
မြစ်အချို့က စစ်တပ်စခန်းအချို့ကို KIA ၊PDF ပူးပေါင်းတပ်က တိုက်ခိုက်တာဖြစ်ပြီး စစ်စခန်းတစ်ခုကိုသိမ်းပိုက်ထားတယ်လို့ ပြောပါတယ် ။
တော်လှန်ရေး ရဲဘော်တဦးကလည်း
"စခန်းကုန်းတချို့ရထားတာရှိတယ်လို့သိရတယ်။အရင်ထဲက ဒီနေရာ တွေကိုလိုချင်လို့ စစ်တပ်ကထိုးစစ် ဆင်ဖို့ကြိုးစားခဲ့ဘူးတယ်။ဒီတကြိမ်ကကိုယ့်ဘက်ကထိုးစစ်ပါ"လို့
ပြောပါတယ်။
ညောင်နီရွာအနီးကို စစ်တပ်က နယ် မြေတိုးချဲ့ ထိန်းချုပ်ချင်တာ ကြောင့် ပြီးခဲ့တဲ့ ဩ
ဂုတ်လပဲ မြေပြင်စစ် ကြောင်းထိုးတာ တွေ ၊မိုးမိတ်မြို့ကိုအင်အားတိုးတာ တွေပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်စစ်တပ်က လေကြောင်းပစ်ကူနဲ့ စစ် ကြောင်းထိုးခဲ့ ပေမယ့် အထိနာကာ ပြန်ဆုတ်သွားပါတယ်။
မိုးမိတ်မြို့အနီးမှာရှမ်းပြည်တိုးတက်ရေးပါတီ ၊ရှမ်းပြည်တပ်မတော်(SSPP/SSA)
လည်း တပ်စွဲထားပြီး ပြီးခဲ့တဲ့သြဂုတ်လကလည်း ညောင်နီရွာအနီးမှာ စစ်တပ်နဲ့ SSPP/SSA တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
သြဂုတ်လကဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အ
ရပ်သားတချို့ထိခိုက်သေဆုံးခဲ့ဖူးပါတယ်။
ဒီနေ့မနက်ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးမှုရှိ ၊မရှိကိုတော့မသိရသေးပါဘူး။
မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တ
အာင်းအမျိုးသားလွတ်မြောက်ရေတပ်မတော်
(TNLA)နဲ့မဟာမိတ်တွေက သိမ်းပိုက်ထိန်း
ချုပ်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ဒါပေမယ့် တရုတ်အစိုးရရဲ့ကြားဝင်မှုနဲ့ မိုးမိတ်မြို့နဲ့ မိုးကုတ်မြို့ကို စစ်တပ်ကကျည်တချက်မဖောက်ရဘဲ ၂၀၂၅ အောက်တိုဘာလမှာTNLA ကပြန်လွှဲပေးခဲ့တာပါ။ အဲဒီနောက်ပိုင်း ဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး စစ်
တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။
မတ်လဆန်းထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။
အဲ့ဒီနောက်ပိုင်း စစ်တပ်က မြို့ထဲမှာတပ်စွဲထားပြီးကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင်SSPP/SSA
လည်း တပ်စွဲလှုပ်ရှားနေပါတယ်။
#မိုးကုတ်တိုက်ပွဲ #KIAPDF #ludunwayoo
#စစ်တပ်ပစ်ကူပေးဗုံးကြဲ #peoplesspring

🔥23🤬10❤4👍2👎2🥰1👏1👌1😐1🖕1
ရေကြီးလာလို့ထိုင်းဘုရားကျောင်းတစ်ခုမှာမွေးထားတဲ့မိကျောင်းကြီးကို အရေးပေါ် ပြောင်းရွှေ့
စက်တင်ဘာ - ၂၈ ၊ ၂၀၂၆
ထိုင်းက ဘုရားကျောင်း တစ်ခုမှာရှိတဲ့ မိကျောင်းကြီးတစ်ကောင် ရေကြီးလာချိန် လွတ်သွားမှာစိုးလို့ တာဝန်ရှိသူတွေက နေရာရွှေ့ပြောင်းပေးထားရကြောင်း သိရပါတယ်။
ပရာချင်ဘူရီမှာ ရေကြီးရာကနေ ဝတ်ဖိုသောင် ဗုဒ္ဓဘာသာ ဘုရားကျောင်းမှာ မွေးထားတဲ့ အသက် ၂၇ နှစ်အရွယ် မိကျောင်းကြီးကို ထားရှိတဲ့ ခြံဝင်းထဲ ရေတွေ စတင် ဝင်ရောက်လာတာကြောင့် ဘုရားကျောင်း တာဝန်ရှိသူတွေက အဲဒီ တွားသွား သတ္တဝါကြီး လွတ်သွားမှာကို စိုးရိမ်လာပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာ အာဏာပိုင်တွေဆီ အကြောင်းကြားပြီး မိကျောင်းကြီးကို ရွှေ့ပြောင်းပေးရေး ကူညီပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
ရေတက်လာတဲ့ အချိန်ကျရင် မိကျောင်းကြီးဟာ အနီးမှာရှိတဲ့ ပရာချင်ဘူရီ မြစ်ထဲကို လွတ်မြောက်သွားနိုင်တာကြောင့်လည်း အခုလို အပူတပြင်း ရွှေ့ပြောင်းဖို့ လိုအပ်လာတာပါ။ စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ ဒေသခံ ရေလုပ်ငန်းဌာန၊ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ မိကျောင်းကြီးကို ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ပရာချင်ဘူရီရဲ့ ဆီမဟာဖို မြို့နယ် အုပ်ချုပ်ရေးမှူး ဂျူသာမက်စ် ဘွာဖူအန်းက ပြောကြားခဲ့ပါတယ်။
နွမ်သောင်လို့ နာမည်ပေးထားတဲ့ မိကျောင်းကြီးရဲ့ မေးရိုးနဲ့ ခြေလက်တွေကို မလှုပ်ရှားနိုင်တာ သေချာအောင် ကြိုးတွေနဲ့ အရင်ချည်ပြီးတဲ့နောက် ကရိန်းကား တစ်စီးကို သုံးပြီး ထရပ်ကား တစ်စီးပေါ် တင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၁၃ ပေလောက်ရှည်တဲ့ သားရဲကြီးကို ၁၂ မိုင်လောက် ဝေးလံတဲ့ တခြားသင့်တော်ရာ တစ်နေရာဆီကို ယာယီ ရွှေ့ပြောင်းထားလိုက်ပါတယ်။
ဝတ်ဖိုသောင် တဝိုက်မှာ ရေကလေးပေခွဲလောက်ထိ တက်လာတာကြောင့်လည်း မိကျောင်းကြီးကို ပြောင်းရွှေ့ဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။
အခြေအနေတွေ ပိုဆိုးမလာခင် မိကျောင်းကြီးကို အချိန်မီ ပြောင်းရွှေ့ထားနိုင်ခဲ့တဲ့အတွက် စိတ်သက်သာရ ရမိကြောင်း ဘုရားကျောင်းရဲ့ ကျောင်းထိုင် ဘုန်းတော်ကြီးက မိန့်ပါတယ်။
ထိုင်းမှာတော့ ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်း တချို့မှာ ဘေးမဲ့လွှတ်ထားတဲ့၊ လာရောက်လှူဒါန်းထားတဲ့၊ ကယ်ဆယ်ထားတဲ့ တောရိုင်း တိရစ္ဆာန်တွေကို စောင့်ရှောက် မွေးမြူတတ်ကြပါတယ်။
ကိုးကား: The Nation
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ထိုင်းဘုရားကျောင်းမိကျောင်းပြောင်းရွှေ့မှု #ဘန်ကောက်ရေကြီးမှု #ထိုင်းနိုင်ငံရေကြီးရေလျှံမှု #ထိုင်းနိုင်ငံသတင်း #နိုင်ငံတကာသတင်း #ThailandTempleCrocodileRelocation #BangkokFloods #ThailandFlooding #ThailandNews #WorldNews

❤22👍7🔥3👎1🥰1
ကျောက်တော်ဗုံးကြဲခံရမှု သေဆုံးသူ ၃၃ ဦး၊ ဒဏ်ရာရသူ ၃၆ ဦးထိရှိလာ
■မီးထဲပါသွားတဲ့အလောင်းတချို့ ဆွဲထုတ်မရနိုင်သေးတာမို့ သေဆုံးသူထပ်တိုးနိုင်သေး
စက်တင်ဘာ-၂၈၊၂၀၂၆။ခိုင်မြတ်/People’s Spring။
အာဏာသိမ်းစစ်တပ်က ကျောက်တော်မြို့ကိုဒီကနေ့ ဗုံးကြဲတာကြောင့်သေဆုံးသူ ၃၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၆ ဦးထိ ရှိလာပြီးသေ
ဆုံးသူအရေအတွက် ထပ်တိုးလာနိုင်သေးတယ်လို့ AA နဲ့ ဒေသခံလူမှုကူညီရေးလုပ်နေသူတွေက ပြောပါတယ်။
စစ်တပ်က စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့ထဲ က လူစည်ကားတဲ့ အိန္ဒိယစျေးနဲ့ ဂစ္ဆပနဒီတံတားပေါ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
“၃၃ ယောက်၊ ဒီဟာက စာရင်းအတည်ပြုလို့ရတယ်။ဒဏ်ရာရတာ ၃၆ ယောက်၊ သေတဲ့လူက တိုးနိုင်သေးတယ်။ မီးထဲမှာ ပါသွားတဲ့အလောင်းတချို့ကို စာရင်းပြုစုလို့မရနိုင်သေး၊ ဆွဲထုတ်လို့ မရနိုင်သေးတာတွေ ရှိသေးတယ်” လို့ မြေပြင်မှာ ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။
အခုလိုအရပ်သားလူနေရပ်ကွက်၊စျေးနဲ့ လူအသွားအလာများတဲ့တံတားတို့ကိုစစ်တပ်က တမင်ရည်ရွယ်ပြီး ဗုံးကြဲတာဟာ အလွန်ယုတ်
မာတဲ့ လုပ ရပ်ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
“ဒီဟာကတော့ တကူးတက လာရောက်ဖျက်စီးတာဖြစ်တယ်။ ဆိုတော့ သူရဲဘောကြောင်တဲ့လုပ်ရပ်လည်းဖြစ်တယ်၊ ဒီဟာကဆိုရင် တော်တော်ကြီး ရက်စက်၊ ယုတ်မာတာလည်းဖြစ်တယ်လို့ မြင်မိတယ်” လို့ စာရေးဆရာ
ဝေဟင်အောင်က ပြောပါတယ်။
စစ်တပ်ဗုံးကြဲခဲ့တဲ့ အိန္ဒိယစျေးဟာ ကျောက်တော်မြို့ထဲမှာတည်ရှိပြီး လူအသွားအလာ၊ စျေးဝယ်သူတွေနဲ့ စည်း ကားတဲ့နေရာတခုဖြစ်ပါတယ် ။ ဂစ္ဆပနဒီတံတားဟာလည်း မြို့အဝင်က လူအသွားအလာများတဲ့တံတားတခုဖြစ်ပါတယ်။ဒါကြောင့် စစ်တပ်က လူစည်ကားတဲ့နေရာတွေကို ရွေးပြီး ဗုံးကြဲသတ်ဖြတ်တာလို့ ဒေသခံတွေကပြောပါတယ်။
အာရက္ခတပ်တော်(AA)ကလည်း ကျောက်တော်မြို့ဗုံးကြဲခံရမှုနောက်ဆက်တွဲသတင်းထုတ်ပြန်ရာလက်ရှိအချိန်ထိသေဆုံးသူ (၃၃) ဦးခန့်နဲ့ဒဏ်ရာရရှိသူ၃၆ ဦးအထိ ရှိလာပြီး
သေဆုံးသည့်အရေအတွက်ထပ်တိုးလာနိုင်ခြေရှိတယ်လို့ဖော်ပြပါတယ်။
အာရက္ခဒေသအတွင်း စစ်တပ်အကြမ်းဖက်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေထဲမှာ မြောက်ဦး ပြည်သူ့ဆေးရုံးကြီး တိုက်ခိုက်ခံရမှုနောက်
ယနေ့ကျောက်တော်မြို့ဗုံးကြဲခံရမှုမှာအရပ်
သားပြည်သူအစုလိုက်အပြုံလိုက် သေဆုံးမှု အများဆုံးဖြစ်စဉ်တစ်ခုဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။
“စျေးရောင်းနေတဲ့ မိသားစုတွေပါသွားတယ်။ အလောင်းတွေတောင် ရုပ်ပျက်ဆင်းပျက်သေချာရွေးရတယ် ပြောတယ်။ကမ္ဘာမှာ ဒီလောက်အောက်တန်းကျတာ မတွေ့ဖူးဘူး။ ကလေးငယ်ငယ်လေးတွေရောပါတယ်” လို့ စစ်တပ် ဗုံးကြဲမှုကြောင့် မိသားစုဝင်တွေ သေ
ဆုံးခဲ့ရတဲ့ စစ်တွေဒေသခံတဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဒီနေ့တရက်တည်းမှာ ကျောက်တော်မြို့အပြင် သံတွဲမြို့နယ်၊ မင်းပြားမြို့နယ် စွန်ရဲ၊ ကြောင်ရှည်ချောင်းရွာတို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် ၁ ဦး သေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာAAသိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေထဲကအချို့ကိုစစ်တပ်က၄၉၂၆
စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး တန်ပြန်
ထိုးစစ်ဆင်ပေမယ့် ၃ ပါတ်ကျော်တဲ့တိုင်စခန်းတစ်ခုမှမသိမ်းနိုင်ဘဲ စစ်တပ်အထိနာပြီးစခန်းတွေလက်လွတ်ဆုံးရှုံးနေပါတယ်။
စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေပြီးနောက် စစ်တပ်ကလူနေ မြို့ရွာတွေကိုပါ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေကာ တပ်စခန်းတွေ လည်း ဆက်တိုက်လက်လွှတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ စက်တင်ဘာ ၂၇ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ် သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၉ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒီစာရင်းထဲမှာဒီနေ့ ဗုံးကြဲခံရတဲ့ကျောက်တော် ၊သံတွဲ ၊မင်းပြားမြို့နယ်ကသေဆုံးထိခိုက်မှုတွေမပါသေးပါဘူး။

🤬46❤10👎2👏2😭2😢1🎉1
(စစ်တပ်ဗုံးကြဲပြီးနောက်မြင်ကွင်း။
ဓါတ်ပုံ-AA Info Desk၊ ဝေဟင်အောင်
ဓါတ်ပုံ-AA Info Desk၊ ဝေဟင်အောင်
🤬40😭12👍5😢5👏2❤1👎1🔥1🤩1
ဘုရားကျောင်းမှာ စစ်သင်တန်းလုပ်တဲ့ နမ့်မွန်းရွာက စစ်တပ်နဲ့ SNA ပူးပေါင်းတပ်စခန်းကို KIA သိမ်းပိုက်
စက်တင်ဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာက စစ်တပ်နဲ့ ရှမ်းနီတပ် SNA တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်မြေပြင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၂၈ရက် မနက်မှာ နမ့်မွန်းကျေးရွာအနီးက စစ်တပ်နဲ့ SNA ပူးပေါင်းစခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ တပ်စခန်းဟာ အရင်က KIA ထိုင်ထားတဲ့ စခန်းဖြစ်ပြီး လက်လွှတ်ခဲ့ရတဲ့ အခြေအနေမှာ ဒီကနေ့ ပြန်သိမ်းပိုက်နိုင်ခဲ့တာလို့လည်း ပြောပါတယ်။
" SNA ဘက်ကတော့ တော်တော်အထိနာသွားကြပုံပါပဲ။ ထုံစံအတိုင်း တိုက်ပွဲမှာ လေယာဉ်နဲ့ ဗုံးအများကြီး လာကြဲသွားတယ်"လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နမ့်မွန်းကျေးရွာမှာ စစ်တပ်လက်အောက်ခံ SNA တပ်ဟာ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအတွင်း စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါတယ်။
အင်အားအများအပြားနဲ့ ဘုရားကျောင်းဝင်းအတွင်း စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာအပြင် ကျောင်းဝင်းအတွင်း ကခုန်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
ဒီကနေ့ နမ့်မွန်းရွာတိုက်ပွဲမှာလည်း ဘုရားကျောင်းမှာ သင်တန်းဆင်းပွဲလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင် သင်တန်းဆင်းတပ်သားတွေ ပါဝင်ခဲ့တယ်လို့ သိရကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။
" သင်တန်းဆင်းတပ်သားတွေနဲ့ နန့်မွန်းရွာက SNAတပ်ဖွဲ့ဝင်တွေ တိုက်ပွဲထဲမှာပါဝင်ခဲ့တယ်လို့ပဲ သိထားရပါတယ်ဗျ။ ဘုရားကျောင်းထဲ သင်တန်းလုပ်ခဲ့လို့ စစ်ဆင်ရေးအရ တိုက်ခိုက်တာလားတော့ မသိနိုင်ပါဘူး”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
နမ့်မွန်းရွာ ဒီကနေ့ တိုက်ပွဲနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ဗိုလ်မှူးကြီးနော်ဘူရဲ့ ဒီကနေ့ မနက် People’s Spring သို့ဖြေကြားချက်မှာ ဘုရားကျောင်းအတွင်း SNA တပ်က စစ်သင်တန်းဆင်းပွဲ ကျင်းပတာဟာ လုံး၀ မလုပ်သင့်တဲ့ အရာလို ပြောကြားခဲ့ပါတယ်။ ဘုရားကျောင်းမှာ အခုလိုမျိုးလုပ်လိုက်တာဟာ ရှမ်းတိုင်းရင်းသားနဲ့ကချင်တိုင်းရင်းသားတွေ ကြားမှာ ဘာသာရေးပြဿနာတွေလည်းဖြစ်ပေါ်နိုင်တာမို မလုပ်သင့်တာဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့ပါတယ်။
နမ့်မွန်းရွာမှာ ကွင်းပြင်အလွတ်နေရာတွေ အများကြီးရှိပါလျက်နဲ့ ခရစ်ယာန်များ အထွဋ် အမြတ် ထားရာ ဘုရားကျောင်းမှာ သင်တန်းဆင်းပွဲ ကျင်းပခြင်းဟာ မလုပ်သင့်တဲ့ အပြုအမူဖြစ်တဲ့အပြင် ယုံကြည်မှု ဘာသာတရားကို စော်ကားရာရောက်ကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
SNA ပြည်သူ့စစ်ဟာ နမ့်မွန်းခရစ်ယာန် ဘုရားကျောင်းဝင်းကို သင်တန်းကွင်းအဖြစ် အသုံးပြုနေတာ ၅နှစ်ခန့်ရှိပြီလို သိရကြောင်းလည်း ဖော်ပြထားပါတယ်။ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြတဲ့ နမ့်မွန်းကျေးရွာနေ ကချင်ပြည်သူအများစုဟာ စစ်တပ်၊ SNA ပူးပေါင်းတပ်နဲ့ KIA တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့လို စစ်ရှောင်နေကြရတာလို့ ဆိုပါတယ်။

👍41❤10👏4🤬3🤮2🖕2🤣1
မုန်တိုင်းငယ် ရန်ကုန်နဲ့ကျိုက်ထိုမြို့ကြားမှဖြတ်ကျော်တိုက်ခတ်နိုင်ပြီးမိုးဆက်ကြီးမယ်
■ဒေသငါးခုသဘာဝဘေးသတိပြုနေထိုင်ဖို့ NUGကသတိပေး
စက်တင်ဘာ-၂၈၊၂၀၂၆။အိမ်သွင်/People's Spring
မြန်မာနိုင်ငံကမ်းရိုးတန်းအနီးကမုန်တိုင်းငယ်ဟာဒီနေ့ ညနေပိုင်းမှာရန်ကုန်နဲ့ ကျိုက်ထိုမြို့ကြားကနေ ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး မိုးကြီးနိုင်လို့ ဒေသငါးခု သဘာဝဘေးသတိပြုနေထိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGကသတိပေးချက်ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ အနီးပတ်ဝန်းကျင်မှာမိုးသက်လေပြင်းကျရောက်နိုင်ပြီး လျှပ်စီးလက်တာ၊မိုးကြိုးပစ်တာ၊လေပြင်းတိုက်ခတ်တာနဲ့အတူရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။
ထိုင်းနိုင်ငံဘက်ကလေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းအနီးနဲ့ ကပ္ပလီပင်လယ်ပြင်မှာ ပိုမိုအားကောင်းလာပြီးမုန်တိုင်းငယ်အဆင့်ရောက်ရှိလာတာပါ။
ဒီနေ့ ညနေပိုင်းကနေ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းအထိ လေတိုက် နှုန်း ၃၅ မိုင်မှ မိုင် ၄ဝ ခန့်အပြင် လေပြင်းတိုက်ခတ်ချိန်မှာတစ်နာရီလျှင် ၄၅ မိုင်အထိရှိနိုင်တယ်လို့ NUG ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။
မိုးကြီးတဲ့ဒေသတွေမှာသက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေကိုရေဘေးအန္တရာယ်လွတ်ကင်းတဲ့နေရာတွေဆီ ကြိုတင်ပြောင်းရွှေ့နေရာချထားပေးသင့်တယ်လို့ MoSLHAက တိုက်တွန်းထားပါတယ်။
မုန်တိုင်းငယ်ဟာမြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီးနောက်လာမယ့်နှစ်ရက်အတွင်းမြန်မာနိုင်ငံအောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေကိုဖြတ်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုရွေ့လျားနိုင်တယ်လို့ လည်းခန့်မှန်းထားပါတယ်။
လက်ရှိမှာဒေသများအပြားမိုးကြီးနေပြီး တနင်္သာရီတိုင်းမှာရေဘေးနဲ့ မြေပြိုမှုဘေးဆိုးရွားစွာရင်ဆိုင်နေရပါတယ်။ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာရေဘေးကြုံတွေ့နေပြီး လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ လက်ရှိမှာရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။
ကယ်ဆယ်ရေးအကူအညီတွေ အရေး ပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။
ဓာတ်ပုံ - Zoom Earth
#မုန်တိုင်းငယ် #ရန်ကုန် #ကျိုက်ထို
#လေဖိအားနည်းရပ်ဝန်း
#peoplesspring #လူထုနွေဦး

❤28👍14🔥3👎2👏1💩1