People's Spring
✔
60K subscribers
71.6K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်လို့ ပျက်စီးမှုများ။ ဓာတ်ပုံ - AA)
🤬31😢7❤2👍2👎2👏1🤩1
တနင်္သာရီတိုင်းက ရေဘေးသင့်ပြည်သူတွေကို တော်လှန်ရေးတပ်တွေ ကူညီကယ်ဆယ်နေ

စက်တင်ဘာ၂၈၊၂၀၂၆။အိမ်သွင်/People's Spring

တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ ရေဘေးကြုံတွေ့နေပြီး လောင်းလုံးမြို့ဟာ လက်ရှိမှာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရတဲ့ မြို့နယ်ဖြစ်ပါတယ်။ကယ်ဆယ်ရေး အကူအညီတွေ အရေး ပေါ်လိုအပ်နေတယ်လို့ဒေသခံတွေပြောပါတယ်။

တစ်မြို့နယ်လုံးအတွက် လွှမ်းခြုံဆောင်ရွက်နိုင်ရန်ဖို့ အကန့်သတ်တွေ ရှိနေပေမယ့် အန္တရာယ်ရှိနိုင်တဲ့ ကျေးရွာတွေက ပြည်သူတွေကို ဘေးကင်းနေရာသို့ ရွှေ့ပြောင်းပေးပြီးလိုအပ်တဲ့ အကူအညီတွေပေးနေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ရေကြီး၊ တောင်ပြိုအန္တရာယ်ရင်ဆိုင်နေရတဲ့ ကျေးရွာတွေမှာ အကူညီပေးနေတဲ့ အဖွဲ့အစည်း‌ေတွ၊ ဒေသခံပြည်သူတွေအနေနဲ့ အကူအညီလိုအပ်ရင် ဆက်သွယ်တောင်းခံဖို့လည် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်အတွင်း ရေဘေးရင်ဆိုင်နေရတဲ့ပြည်သူတွေကို လာရောက်ကူညီကြမယ့် ကယ်ဆယ်ရေးအဖွဲ့တွေ ဒေသတွင်းမှာ အဆင်ပြေပြေသွားရောက်နိုင်ဖို့အတွက်လည်း နည်းဗျူဟာ (၃၃)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ကူညီကြဖို့ တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ (၃၃)က ဒီကနေ့ စက်တင်ဘာ၂၈ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကလည်း စက်တင်ဘာ ၂၄ ရက်ကစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထားဝယ်ဒေသတစ်ဝန်း နေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေ ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေမှာ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းအထိ အရေး ပေါ်အခြေအနေတွေဖြစ်နေသေးတယ်လို့ တော်လှန်ရဲဘော်တွေနဲ့ဒေသခံတွေကပြောပါတယ်။ဒီနေ့မနက်မှာလည်း လောင်းလုံးမြို့နယ်ရဲ့ အနောက်ဘက်တောင်တန်းဟာ ဆက်လက် မြေပြိုနေပြီး အနီးပတ်ဝန်းကျင်မှာနေသူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

လက်ရှိ ရေ ဘေးကြုံတဲ့ဒေသတွေဟာ စစ်တပ်က မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ရေဘေးနဲ့ မြေပ်ြိုမှုအဆိုးဆုံးရင်ဆိုင်နေရတဲ့လောင်းလုံးမြို့မှာ မြို့ပေါ်ကိုပဲ ကူညီရေးလုပ်နိုင်ပြီး ကျေးရွာတွေကို မသွားရောက်နိုင်ဘူးလို့ စစ်တပ်က ယမန်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

" မြို့ပေါ်က မဆိုးရွားဘူး။ အခြေအနေကရွာတွေမှာ ဆိုးတာ။ မိုးက မရပ်တော့ ရှေ့ဆက်ပြီး ကြောက်နေရတယ်"လို့ လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။

သရက်ချောင်းမြို့နယ်မှာ ကြာအင်း ၊ ကြက်စာပြင် ၊ ကထီးဝ၊ညောင်ဇင်၊သူရဲတောင် ၊ ကင်းရှေ့ ၊ စော်ဖျား ၊သင်ကျွန်း၊ ဥတ္တူရွာ ၊ မဲနယ်အိုးရွာတွေမှာ ရေဘေးဆိုးရွားနေပြီ လူသေဆုံးမှုတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

ယခုရက်ပိုင်းမှာ ထိုင်းနိုင်ငံဘက်ကနေရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးကြီးပြီး တနင်္သာရီတိုင်းမှာ ရေဘေးနဲ့ မြေပြိုမှုဘေးရင်ဆိုင်နေရပါတယ်။ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA) က သတိပေးထားပါတယ်။
👍33❤11🖕3🫡3🤮1🤣1
(ထားဝယ်မြို့ပေါ် က ဘုမ္မော်ရပ်ကွက်ရုံး လမ်းဆုံရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Thet Paing Soe/FB)
😢15🔥14🙏3👎1😁1🤣1
ဘန်ကောက်မှာရေဘေးကြုံနေရချိန် ဂျက်စကီးစီးပြတဲ့အမျိုးသားဖမ်းခံရ၊
ဗီဒီယို ကူရိုက်ပေးတဲ့အမျိုးသားလည်း ကြံရာပါအဖြစ်ထိန်းသိမ်းခံရ

စက်တင်ဘာ - ၂၈ ၊၂၀၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ရေကြီးနေတဲ့ လမ်းမကြီးတစ်ခုမှာ ရေပေါ်လျှပ်ပြေးဆိုင်ကယ် (ဂျက်စကီး) လျှောက်စီးနေတဲ့ အမျိုးသား အဖမ်းခံလိုက်ရပါတယ်။

ဘန်ကောက်ရဲ့ ရေလွှမ်းနေတဲ့ ဖက်ချာဘူရီ လမ်းမကြီးပေါ်မှာ ဂျက်စကီးတစ်စီး ဟိုဟိုဒီဒီ လှည့်လည်မောင်းနှင်နေတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်ပေါ်မှာ အတော်လေး လူပြောများခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဂျက်စကီး ပိုင်ရှင်ဟာ စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ အဖမ်းခံခဲ့ရပါတယ်။

ဗီဒီယိုထဲမှာတော့ သူဟာ ဂျက်စကီးကို ခပ်ကြမ်းကြမ်း ချိုးကွေ့တာမျိုး အစွမ်းပြပြီး စီးနင်းနေတာကြောင့် လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း အနီးတဝိုက်မှာ နေထိုင်သူတွေက သူ့ရဲ့လုပ်ရပ်က စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ်ဆိုပြီး ရဲတိုင်ခဲ့တာကြောင့် အသက် ၂၈ နှစ်အရွယ် အမျိုးသားဟာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဆွန်ကီယက်ဆီရီဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ဟာ BKK Driftလို့ အညွှန်းစာ တပ်ထားတဲ့ ဗီဒီယို တစ်ခုမှာ ရေဖုံးနေတဲ့လမ်းပေါ် ဂျက်စကီး စီးနေပုံကို စတင် ဝေမျှခဲ့ပါတယ်။ သူ့ရဲ့ ဂျက်စကီးက အရှိန်နဲ့ မောင်းသွားတဲ့အခါ ပလက်ဖောင်းတွေ၊ လူသွားစင်္ကြံ တံတားတွေနဲ့ လမ်းဘေး နံရံတွေကို ရေတွေ စဉ်ကုန်တာ တွေ့ရပါတယ်။ တချို့ကားတွေက ရေလွှမ်းနေတဲ့လမ်းကို ဖြတ်မောင်းဖို့ ကြိုးစားရင်း တချို့ကားတွေကတော့ အင်ဂျင်ထဲ ရေဝင်လို့ ထိုးရပ်ထားရတဲ့ အချိန်မှာ သူက ဂျက်စကီးနဲ့ အစွမ်းပြနေခဲ့တာပါ။

အခုတော့ မက္ကာဆန်မြို့နယ် ရဲတပ်ဖွဲ့က အဲဒီဂျက်စကီးသမားကို အများပြည်သူ အနှောင့်အယှက် ဖြစ်စေမှု၊ ယာဉ်ကြော အနှောင့်အယှက် ဖြစ်စေမှုတွေနဲ့ ဖမ်းဆီးထားပါတယ်။ သူ့ရဲ့ နာမည်ကိုတော့ ရဲတွေက မထုတ်ပြန်ပါဘူး။ ဗီဒီယို ကူရိုက်ပေးခဲ့သူ အမျိုးသားကလည်း ကြံရာပါအဖြစ် အထိန်းသိမ်း ခံခဲ့ရပါတယ်။

ကနဦး စုံစမ်းမေးမြန်းမှုတွေမှာတော့ ဂျက်စကီးသမားက သူဟာ နိုင်ငံရပ်ခြားမှာ ဘွဲ့ရခဲ့သူဖြစ်ပြီး အခုလိုလုပ်တာက ထိုင်းမှာ ပြစ်မှုမြောက်မှန်း မသိဘူးလို့ ထွက်ဆိုထားပါတယ်။ သူက ခက်ခဲနေတဲ့ ကာလမှာ လူတွေ သဘောကျ ပျော်ရွှင်အောင် လုပ်ပေးချင်တဲ့ ဆန္ဒပဲ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

လောလောဆယ်တော့ ရဲတွေက ဂျက်စကီးကိုလည်း ထိန်းသိမ်းထားပြီး အဲဒီသိမ်းဆည်းမှု တရားဝင်စေဖို့ တရားရုံး ခွင့်ပြုချက် တောင်းခံသွားမယ်လို့လည်း သိရပါတယ်။

ကိုးကား - Bangkok Post ၊ ရုပ်သံ - ဆိုရှယ်မီဒီယာ

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဘန်ကောက်ရေဘေး #ဂျက်စကီးစီးသူအဖမ်းခံရ #ထိုင်းနိုင်ငံသတင်း #နိုင်ငံတကာသတင်း #BangkokFloods #JetSkiArrested #BangkokFloodJetSki #ThailandNews #WorldNews
#ဗီဒီယိုရိုက်ကူးသူဖမ်းဆီးခံရ #ကြံရာပါအဖြစ်ထိန်းသိမ်းမှု #ထိုင်းနိုင်ငံသတင်း #နိုင်ငံတကာသတင်း #CameramanArrested #AccompliceDetained #ThailandNews #WorldNews
👍27👏6❤3👎1🔥1
Media is too big
VIEW IN TELEGRAM
👍25👏7😁5❤1👎1🔥1
ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေ

စက်တင်ဘာ -၂၈၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၂၈ ရက်)မနက်ပိုင်းကတည်းကနေ နေ့လယ် ၁၂ နာရီခွဲခန့်အထိ အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေနဲ့ စစ်ရှောင်ပြည်သူတွေ ရှိတဲ့နေရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းရှိနေတယ်လို့ ဆိုပါတယ်။

" ဘာတိုက်ပွဲမှ မရှိဘူး။အဲဒီဘက်က စစ်ရှောင်တွေ အများစုနေကြတာ"လို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာအကြောင်း သိရှိတဲ့ ကရင်နီဒေသခံတစ်ဦးက ‌ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်း၊လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေဟာ နေ့စဉ်နီးပါး လုပ်နေပြီး အရပ်သားတွေကို ပစ်မှတ်ထားနေတာလို့ ကရသ်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာ၀န်ရှိသူက လူထုနွေဦးကို အသိပေးပါတယ်။

"လေကြာင်းတိုက်ခိုက်မှု၊ ဒရုန်း လက်နက်ကြီးတိုက်ခိုက်မှုတွေကတော့ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်တွေမှာ ခစိပ်စိပ်ဖြစ်နေပါတယ််ခင်ဗျ။ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ စစ်ကောင်စီဘက်က တိုက်ခိုက်တာပေါ့"လို့ သူက ပြောပါတယ်။

အခုစက်တင်ဘာ အတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို၊လွိုင်ကော် နဲ့ မော်ချီး ဒေသမှာ ကလေးငယ်တွေ အပါအ၀င် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။

လက်ရှိ စစ်တပ်ဟာ မိုးဗြဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေသလို ဒီးမော့ဆိုမြို့အနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့မှုရှိပါတယ်။

စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့မတိုးနိုင်ဘဲ ရှမ်း-ကရင်နီနယ်စပ် အပါအ၀င် ဒီးမော့ဆို၊လွိုင်ကော် မြို့နယ် နေရာတချို့ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ် ခတ်တာတွေ ရှိနေပါတယ်။

ရုပ်သံ - Karenni Hope


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဒီးမော့ဆိုလေကြောင်းတိုက်ခိုက်မှု #စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု #ကယားစစ်ရေး #ကရင်နီစစ်ရေး #မြန်မာ့စစ်ရေးသတင်း
🤬32❤8👏2👎1🎉1🖕1
Media is too big
VIEW IN TELEGRAM
🤬36❤5👏2👍1👎1🤩1
နာဂဒေသမှာ လူငယ်တစ်ဦးကို သိန်း ၃၅၀နဲ့ ဝယ်ပြီး စစ်သင်တန်းပို့

စက်တင်ဘာ-၂၈၊ ၂၀၂၆။ ဇော်ရမ်း/People's Spring

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ စစ်အုပ်စုက လူထုဆီက အတင်းအကျပ်တောင်းယူခဲ့တဲ့ ကျပ်သိန်း၃၅၀နဲ့ လူငယ်တစ်ဦးကို ဝယ်ပြီး စစ်မှုထမ်းသင်တန်းဆီ ပို့ဆောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဆွမ္မရာမြို့ကနေ လေရှီးမြို့ကိုသွားတဲ့ ကားဆရာနဲ့ ယာဉ်နောက်လိုက် စုစုပေါင်း၁၁ဦးကို စစ်ကောင်စီက ဖမ်းပြီး အဲ့ဒီ ၁၁ဦးဆီကနေ တောင်းယူတဲ့ ငွေနဲ့ စစ်မှုထမ်းသင်တန်းတက်မယ့်လူငယ်တစ်ဦးကို ဝယ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။

"ပြန်ပေးဆွဲသလို ဖမ်းပြီး ငွေတောင်းတာ။ လူတွေရော ကားတွေရော ဖမ်းပြီး ပြန်ပေးဆွဲတာ။ အခုက လူကို ကျေးကျွန်လို့ အရောင်းအဝယ်လုပ်သွားတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၂၃ရက်က ဖမ်းဆီးတာဖြစ်ပြီး ကားကိုးစီးအနက် တစ်ချို့ကို ကျပ်သိန်း၄၀၊ တချို့ကို ၄၅သိန်း တောင်းယူပြီးမှ လူတွေကို ပြန်လွှတ်ပေးတာလို့ သတင်းရရှိပါတယ်။

"အကုန်ပြန်လွတ်ဖို့ဆိုရင် လူတစ်ယောက်အစားထိုးပေးရမယ်လို့တောင်းတယ်။ လူမပေးနိုင်တော့ ပိုက်ဆံတောင်းတယ်။ အဲဒီပိုက်ဆံနဲ့ လူဝယ်ပြီးထည့်လိုက်တယ်။ ဒါက နာဂဒေသမှာ လူမဆန်တဲ့လုပ်ရပ်ကိုလုပ်တာပဲ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလုပ်ရပ်ကို ဦးဆောင်ခဲ့သူတွေက လေရှီးမြို့နယ်ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်း၊ ဒုရဲအုပ်ဂျော့စိုင်းနဲ့ လေရှီးမြို့နယ်က ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၁၀ -၂၀၁၅ အမတ်ဟောင်း ဦးရှီးသီးတို့ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ၂၃ရက် မနက်မှာ ဦးရှီးသီးက ဒေသတွင်းကုန်စည်သယ်ယူပို့ဆောင်နေတဲ့ ကားကိုးစီးကို စစ်ဆေးဖို့အတွက် သူ့အိမ်ရှေ့ကို မောင်းလာခိုင်းပြီး အိမ်အရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ဆိုင်းပြီး ဖမ်းဆီးခဲ့တာလို့ လေရှီးမြို့ခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် နာဂယဉ်ကျေးမှုအဖွဲ့အစည်းတွေက လိုက်လံညှိနှိုင်းခဲ့ကြရပါတယ်။

" ၁၁ယောက်လုံး ပြန်လွတ်လာပေမယ့် တခြား ရွာက နာဂလူငယ်တစ်ယောက်ကတော့ ပါသွားပြီ။ အခုဆို ဘယ်သူမှလည်းခရီးမထွက်ရဲကြတော့ဘူး"လို့ နာဂဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ပါဝင်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဒေသခံတွေဟာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေကြရပါတယ်။ စစ်ကောင်စီက ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကနေစောင့်ပြီး စစ်မှုထမ်းဖို့ လူငယ်တွေဖမ်းဆီးနေတဲ့အတွက် အခက်အခဲတွေပိုပြီးကြုံတွေ့နေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

နိုင်ငံအနှံ့ စစ်မှုထမ်းအင်အားလိုအပ်နေတဲ့စစ်ကောင်စီက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း အသက်၁၈နှစ်အထက် လူငယ်တွေကို စစ်မှုထမ်းစာရင်းသွင်းပြီး လိုက်လံဖမ်းဆီးမှုတွေရှိတယ်လို့ သိရပါတယ်။ စစ်မှုထမ်းစာရင်းမှာပါတဲ့ လူငယ်တွေကို လေရှီးမြို့နယ်တရားရုံးက ဖမ်းဝရမ်း ထုတ်ပြီး စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

လေရှီးမြို့နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေ၊ လူငယ်တွေအနေနဲ့ မလိုအပ်ဘဲ ခရီးမထွက်ကြဖို့နဲ့ စစ်မှုထမ်းစာရင်းမှာ ပါဝင်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူတွေအနေနဲ့ လုံခြုံရေးအထူး ဂရုပြုကြဖို့ ဒေသခံတွေအချင်းချင်းတိုက်တွန်းသတိပေးနေကြပါတယ်။
🤬19🔥13🤣3❤2👎2💩1
(နာဂဒေသ ဆွမ္မရာမြို့အဝင်မုဒ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)
👍20🤬10👎2🤣2💩1
ကျောက်တော် ကစ္ဆပနဒီတံတားအနီးနဲ့အိန္ဒိယစျေး ဝန်းကျင်ကိုစစ်တပ်ဗုံးကြဲ ပြည်သူ​သေဆုံးထိခိုက်မှုများ

■ သံတွဲမြို့နဲ့ငပလီကမ်း​ခြေကိုလည်း စစ်တပ်ဗုံးကြဲ

စက်တင်ဘာ-၂၈၊၂၀၂၆။ခိုင်မြတ်/People’s Spring။

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်နဲ့ သံတွဲမြို့၊ ငပလီမြို့ပေါ်တို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ ဗုံးကြဲခဲ့ပြီး သေဆုံး၊ ထိခိုက်သူ ဆယ်ချီရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့ရှိ လူစည်ကားတဲ့ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်နဲ့ အိန္ဒိယစျေးဝန်းကျင် တို့ကို စစ်တပ်ကဗုံးကြခဲ့ပြီး လမ်းသွားလမ်းလာပြည်သူတွေနဲ့ စျေးရောင်းစျေးဝယ်လုပ်နေသူတွေ အများအပြားသေဆုံး ထိခိုက်ခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

“အရေအတွက်တွေ မသိသေးဘူး။ သေတာက တဆယ်လောက်တောင်ရှိမလားပဲ၊ ငါးယောက်ကတော့ confirm လုပ်လို့ရတယ်။ ဒဏ်ရာရတာလည်း တော်တော်များမယ်။ အစတွေဆိုရင် နေရာအနှံ့ပဲ” လို့ ကျောက်တော်ဒေသခံ တဦးက ပြောပါတယ်။

အဆိုပါဗုံးကြဲမှု​ကြောင့်ပြည်သူ​သေဆုံးထိခိုက်မှု​တွေရှိတယ်လို့ AA ကလည်းထုတ်ပြန်ထားပါတယ် ။

ဒါ့အပြင် ဒီနေ့ ၁၂ နာရီခွဲကျော်အချိန်မှာ သံတွဲမြို့ပေါ်နဲ့ သံတွဲမြို့နယ် ငပလီကမ်းခြေကိုလည်း စစ်တပ် ဗုံးကြဲခဲ့ ပြီး အထိအခိုက်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် စစ်တပ်ဟာ ဒီနေ့မနက်ပိုင်း ၇ နာရီကျော်အချိန်က လည်း မင်းပြားမြို့နယ် စွန်ရဲ၊ ကြောင်ရှည်ချောင်းရွာတို့ကို ဗုံးကြဲခဲ့တာကြောင့် ၁ ဦး သေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

“ဒဏ်ရာပြင်းလို့ ဆေးရုံရောက်တာနဲ့ တယောက်သေသွားတယ်။ စစ်တွေဘက်မှာလည်း အခုထိ လေယာဉ်တွေ ဝဲ နေတယ်” လို့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်ကသေဆုံးထိခိုက်မှုများနေပြီးအထိနာ​​​​နေပြီး စစ်တပ်ဟာ အရပ်သား​တွေကိုပစ်မှတ်ထားပြီး မြို့ရွာတွေကိုလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် တိုက်ခိုက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ​အထိနာနေပြီး တပ်စခန်းတွေ လည်းဆက်တိုက်လက်
လွှတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အ
ချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ၂၇ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ် သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၉ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီစာရင်းထဲမှာဒီ​နေ့ ဗုံးကြဲခံရပြီး​သေဆုံးထိခိုက်
သူ​တွေမပါဝင်​သေးပါဘူး။
🤬29😱8❤4👎3👏3🔥1😢1🎉1
(​​ကျောက်​တော်မြို့ ၊ကစ္ဆပနဒီ တံတားအနီးဝန်းကျင်နဲ့ အိန္ဒိယစျေးဝန်းကျင်ကိုစစ်တပ်ကဗုံးကြဲပြီး​​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့
😢27🤬8👏4👎1🤩1🤮1😭1
ကျောက်တော် ကစ္ဆပနဒီတံတားအနီးနဲ့အိန္ဒိယစျေး ဝန်းကျင်ကိုစစ်တပ်ဗုံးကြဲ ပြည်သူ​သေဆုံးထိခိုက်မှုများ

■ သံတွဲမြို့နဲ့ငပလီကမ်း​ခြေကိုလည်း စစ်တပ်ဗုံးကြဲ

စက်တင်ဘာ-၂၈၊၂၀၂၆။ခိုင်မြတ်/People’s Spring။

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်နဲ့ သံတွဲမြို့၊ ငပလီမြို့ပေါ်တို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ ဗုံးကြဲခဲ့ပြီး သေဆုံး၊ ထိခိုက်သူ ဆယ်ချီရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့ရှိ လူစည်ကားတဲ့ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်နဲ့ အိန္ဒိယစျေးဝန်းကျင် တို့ကို စစ်တပ်ကဗုံးကြခဲ့ပြီး လမ်းသွားလမ်းလာပြည်သူတွေနဲ့ စျေးရောင်းစျေးဝယ်လုပ်နေသူတွေ အများအပြားသေဆုံး ထိခိုက်ခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

“အရေအတွက်တွေ မသိသေးဘူး။ သေတာက တဆယ်လောက်တောင်ရှိမလားပဲ၊ ငါးယောက်ကတော့ confirm လုပ်လို့ရတယ်။ ဒဏ်ရာရတာလည်း တော်တော်များမယ်။ အစတွေဆိုရင် နေရာအနှံ့ပဲ” လို့ ကျောက်တော်ဒေသခံ တဦးက ပြောပါတယ်။

အဆိုပါဗုံးကြဲမှု​ကြောင့်ပြည်သူ​သေဆုံးထိခိုက်မှု​တွေရှိတယ်လို့ AA ကလည်းထုတ်ပြန်ထားပါတယ် ။

ဒါ့အပြင် ဒီနေ့ ၁၂ နာရီခွဲကျော်အချိန်မှာ သံတွဲမြို့ပေါ်နဲ့ သံတွဲမြို့နယ် ငပလီကမ်းခြေကိုလည်း စစ်တပ် ဗုံးကြဲခဲ့ ပြီး အထိအခိုက်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် စစ်တပ်ဟာ ဒီနေ့မနက်ပိုင်း ၇ နာရီကျော်အချိန်က လည်း မင်းပြားမြို့နယ် စွန်ရဲ၊ ကြောင်ရှည်ချောင်းရွာတို့ကို ဗုံးကြဲခဲ့တာကြောင့် ၁ ဦး သေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

“ဒဏ်ရာပြင်းလို့ ဆေးရုံရောက်တာနဲ့ တယောက်သေသွားတယ်။ စစ်တွေဘက်မှာလည်း အခုထိ လေယာဉ်တွေ ဝဲ နေတယ်” လို့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်ကသေဆုံးထိခိုက်မှုများနေပြီးအထိနာ​​​​နေပြီး စစ်တပ်ဟာ အရပ်သား​တွေကိုပစ်မှတ်ထားပြီး မြို့ရွာတွေကိုလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် တိုက်ခိုက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ​အထိနာနေပြီး တပ်စခန်းတွေ လည်းဆက်တိုက်လက်
လွှတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အ
ချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ၂၇ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ် သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၉ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီစာရင်းထဲမှာဒီ​နေ့ ဗုံးကြဲခံရပြီး​သေဆုံးထိခိုက်
သူ​တွေမပါဝင်​သေးပါဘူး။

(​​ကျောက်​တော်မြို့ ၊ကစ္ဆပနဒီ တံတားအနီးဝန်းကျင်နဲ့ အိန္ဒိယစျေးဝန်းကျင်ကိုစစ်တပ်ကဗုံးကြဲပြီး​​နောက်​မြင်ကွင်း။ရုပ်သံ-​AA Info Desk)

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ကျောက်တော်ဗုံးကြဲခံရမှု #ကစ္ဆပနဒီတံတား #အိန္ဒိယစျေးဗုံးကြဲခံရမှု #စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု #ပြည်သူသေဆုံးထိခိုက်မှု #ရခိုင်စစ်ရေး #မြန်မာ့စစ်ရေးသတင်း #KyauktawAirstrike #KissapanadiBridge #IndiaMarketAirstrike #JuntaAirstrike #CivilianCasualties #RakhineConflict #MyanmarConflict #MyanmarNews
🤬33👏3❤2🔥2👎1🎉1
Media is too big
VIEW IN TELEGRAM
🤬37😡6👏3👎1🤩1🙏1😭1
လေဖိအားနည်းရပ်ဝန်း အားကောင်းလာပြီး မုန်တိုင်းငယ်ဖြစ်လာ၊ မြန်မာမှာ မိုးဆက်ကြီးနိုင်

စက်တင်ဘာ-၂၈၊၂၀၂၆။ရွှေပြည်စိုး/People's Spring

ထိုင်းနိုင်ငံဘက်က လေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီးနဲ့ ကပ္ပလီပင်လယ်ပြင်မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ရောက်ရှိလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MoSLHA)က ထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်းက အားလျော့သွားခြင်းမရှိဘဲ ပင်လယ်ပြင်မှာ ပိုပြီးအားကောင်းလာတဲ့အနေအထားဖြစ်ပါတယ်။ လက်ရှိ ခန့်မှန်းချက်တွေအရ မုန်တိုင်းငယ်ဟာ မြန်မာ–ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအနီးမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ MoSLHA က ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံအပြားမှာ မိုးရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊စစ်ကိုင်းတိုင်းနှနဲ့ မန္တလေးတိုင်းမှာ မိုးသည်းထန်နိုင်တယ်လို့သတိပေးထားပါတယ်။

အထူးသဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ နေရာကွက်၍ မိုးကြီးပြီး လေပြင်းဘေးလည်းသတိပြုဖို့လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။ မိုးကြီးတဲ့ ဒေသတွေမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေကို ရေဘေးအန္တရာယ်လွတ်ကင်းတဲ့ နေရာတွေဆီ ကြိုတင်ပြောင်းရွှေ့နေရာချထားပေးသင့်တယ်လို့ MoSLHA က တိုက်တွန်းထားပါတယ်။

စက်တင်ဘာ၂၆ရက်က ထိုင်းနိုင်ငံဘက်ကနေရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးကြီးပြီး တနင်္သာရီတိုင်းမှာ ရေဘေးနဲ့ မြေပြိုမှုဘေးရင်ဆိုင်နေရပါတယ်။ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ ရေဘေးကြုံတွေ့နေပြီး လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ လက်ရှိမှာရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။ကယ်ဆယ်ရေး အကူအညီတွေ အရေး ပေါ်လိုအပ်နေတယ်လို့ဒေသခံတွေ ပြောပါတယ်။


တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ ရေကြီးပြီး လေပြင်းတိုက်ခတ်နေစဉ်။ ရုပ်သံ - KK Gifts Shop& Group Service-Dawei

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #မုန်တိုင်းငယ်သတိပေးချက် #လေဖိအားနည်းရပ်ဝန်း #မြန်မာ့မိုးလေဝသ #မိုးကြီးနိုင်မှုသတိပေးချက် #မြန်မာ့သတင်း #DepressionWarning #LowPressureArea #MyanmarWeather #HeavyRainAlert #MyanmarNews
👍30❤6🙏3🔥2🤣2👎1
Media is too big
VIEW IN TELEGRAM
👍24😢13❤4👎1🤣1
ခရစ်ယာန်ဘုရားကျောင်းအတွင်း စစ်သင်တန်းဆင်းပွဲလုပ်တာ လုံး၀မလုပ်သင့်တဲ့ အရာလို့ KIA ပြော

စက်တင်ဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ စစ်တပ်လက်အောက်ခံ SNA တပ်က စစ်သင်တန်းဆင်းပွဲ လုပ်တာဟာ လုံး၀ မလုပ်သင့်တဲ့ အရာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

အခုရက်ပိုင်းမှာ လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့နေတဲ့ ဘုရားကျောင်းဝင်းထဲသင်တန်းဆင်းပွဲလုပ်တာ၊ ကခုန်နေတာ စတဲ့ မှတ်တမ်းဓာတ်ပုံနဲ့ ရုပ်သံတွေ နဲ့ပတ်သက်ပြီး အခုလို ပြောကြားတာပါ။

“အင်းတော်ကြီး နမ့်မွန်းရွာက ကျနော်တို့ခရစ်ယာန်ဘုရားကျောင်းမှာ SNA တပ်ကတော့ စစ်သင်တန်းဆင်းပွဲတွေ လုပ်တာ။ အဆိုအကတွေ ဘာတွေ ပျော်ပွဲတွေလုပ်တာပုံတွေပျံ့နှံ့နေပါတယ်။ ဒါက လုံး၀ မလုပ်သင့်တဲ့ အရာတခုဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဘုရားကျောင်းမှာ အခုလိုမျိုးလုပ်လိုက်တာဟာ ရှမ်းတိုင်းရင်းသားနဲ့ ကချင်တိုင်းရင်းသားတွေ ကြားမှာ ဘာသာရေးပြဿနာတွေလည်းဖြစ်ပေါ်နိုင်တာမို့ မလုပ်သင့်တာဖြစ်ကြောင်းလည်း ပြောပါတယ်။

ခရစ်ယာန်ဘုရားကျောင်းအတွင်း စစ်သင်တန်းဆင်းပွဲ လုပ်တဲ့ အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနကလည်း ဖော်ပြခဲ့ပါတယ်။

နမ့်မွန်းရွာမှာ ကွင်းပြင်အလွတ်နေရာတွေ အများကြီးရှိပါလျက်နဲ့ ခရစ်ယာန်များအထွဋ်အမြတ်ထားရာ ဘုရားကျောင်းထဲမှာ သင်တန်းဆင်းပွဲ ကျင်းပခြင်းဟာ မလုပ်သင့်တဲ့ အပြုအမူဖြစ်တဲ့အပြင် ယုံကြည်မှု ဘာသာတရားကို စော်ကားရာရောက်ကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

SNA ပြည်သူ့စစ်ဟာ နမ့်မွန်းခရစ်ယာန် ဘုရားကျောင်းဝင်းကို သင်တန်းကွင်းအဖြစ် အသုံးပြုနေတာ ၅နှစ်ခန့်ရှိပြီလို့ သိရကြောင်းလည်း ဖော်ပြထားပါတယ်။

ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြတဲ့ နမ့်မွန်းကျေးရွာနေ ကချင်ပြည်သူအများစုဟာ စစ်တပ်၊ SNA ပူးပေါင်းတပ်နဲ့ KIA တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ရှောင်နေကြရတာလို့ဆိုပါတယ်။ ရှမ်းနဲ့ ကချင်ဟာ ရှေးကတည်းက အတူနေတိုင်းရင်းသားများ ဖြစ်တဲ့အလျောက် နောင်မှာလည်း အတူတကွယှဉ်တွဲနေထိုင်ကြရအုံးမှာဖြစ်တယ်လို့လည်း KIA က ဖော်ပြထားပါတယ်။
👍39❤3🔥2🤬2👎1🙏1🤣1🖕1
(မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ စစ်တပ်လက်အောက်ခံ SNA တပ်က စစ်သင်တန်းဆင်းပွဲ လုပ်နေစဉ်။ ဓာတ်ပုံ - Kachin Soldiers)
🤬32🤮9🖕6👏2🔥1🤣1🫡1
မိုးမိတ်မြို့အနီးတိုက်ပွဲပြင်းထန် ၊စစ်တပ်က လေကြောင်းပစ်ကူသုံးဗုံးကြဲ

စက်တင်ဘာ-၂၈၊၂၀၂၆။အိမ်သွင်၊ကတ်သရင်း/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေ
ကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာညောင်နီရွာမှာစက်တင်ဘာလ၂၈ရက်မနက်ပိုင်းကနေတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂နာရီ
ခန့်မှာ စစ်တပ်က​လေ​ကြောင်းက​​နေဗုံးကြဲသွားတာဖြစ်ပါတယ်။

"လေယာဉ်က ရွာဘက်နားထိခေါင်းကြီးထိုး
စိုက်ပီးပစ်တာ"လို့ဒေသခံတစ်ဦးကပြောပါတယ်။

အခြားဒေသခံတစ်ဦးက" စစ်တပ်ဘက်မှာ ဒရုန်းထိပြီး သေဆုံးတာတွေများတယ်လို့ကြားတယ်။ လေယာဉ်ကတော့ ဆက်ပြီး လာနေတုန်းပဲ။ တိုက်ပွဲဖြစ်တဲ့အသံတွေလည်းကြားနေရတယ်"လို့ပြောပါတယ်။

စစ်တပ်ရဲ့စခန်းအချို့ကို ကချင်လွတ်လပ်
ရေးတပ်မတော်(KIA) ၊ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (PDF) နဲ့မဟာမိတ်​တွေက တိုက်ခိုက်ပြီးတိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံအချို့ကပြောပါတယ်။

​တော်လှန်​ရေးအဖွဲ့​တွေနဲ့နီးစပ်တဲ့စစ်​ရေးရင်း
မြစ်အချို့က စစ်တပ်စခန်းအချို့ကို KIA ၊PDF ပူး​ပေါင်းတပ်က တိုက်ခိုက်တာဖြစ်ပြီး စစ်စခန်းတစ်ခုကိုသိမ်းပိုက်ထားတယ်လို့ ​ပြောပါတယ် ။

တော်လှန်ရေး ရဲဘော်တဦးကလည်း
"စခန်းကုန်းတချို့ရထားတာရှိတယ်လို့သိရတယ်။အရင်ထဲက ဒီနေရာ တွေကိုလိုချင်လို့ စစ်တပ်ကထိုးစစ် ဆင်ဖို့ကြိုးစားခဲ့ဘူးတယ်။ဒီတကြိမ်ကကိုယ့်ဘက်ကထိုးစစ်ပါ"လို့
ပြောပါတယ်။

ညောင်နီရွာအနီးကို စစ်တပ်က နယ် မြေတိုးချဲ့ ထိန်းချုပ်ချင်တာ ကြောင့် ပြီးခဲ့တဲ့ ဩ
ဂုတ်လပဲ မြေပြင်စစ် ကြောင်းထိုးတာ တွေ ၊မိုးမိတ်မြို့ကိုအင်အားတိုးတာ တွေပြုလုပ်ခဲ့ပါတယ်။ဒါ​ပေမယ့်စစ်တပ်က လေကြောင်းပစ်ကူနဲ့ စစ် ကြောင်းထိုးခဲ့ ပေမယ့် အထိနာကာ ပြန်ဆုတ်သွားပါတယ်။

မိုးမိတ်မြို့အနီးမှာရှမ်းပြည်တိုးတက်ရေးပါတီ ၊ရှမ်းပြည်တပ်မတော်(SSPP/SSA)
လည်း တပ်စွဲထားပြီး ပြီးခဲ့တဲ့သြဂုတ်လကလည်း ညောင်နီရွာအနီးမှာ စစ်တပ်နဲ့ SSPP/SSA တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

သြဂုတ်လကဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အ
ရပ်သားတချို့ထိခိုက်သေဆုံးခဲ့ဖူးပါတယ်။
ဒီနေ့မနက်ဗုံးကြဲမှုကြောင့် ထိခိုက်​​​သေဆုံးမှုရှိ ၊မရှိကို​တော့မသိရသေးပါဘူး။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တ
အာင်းအမျိုးသားလွတ်မြောက်ရေတပ်မတော်
(TNLA)နဲ့မဟာမိတ်​တွေက သိမ်းပိုက်ထိန်း
ချုပ်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ဒါ​ပေမယ့် တရုတ်အစိုးရရဲ့ကြားဝင်မှုနဲ့ မိုးမိတ်မြို့နဲ့ မိုးကုတ်မြို့ကို စစ်တပ်ကကျည်တချက်မ​ဖောက်ရဘဲ ၂၀၂၅ အောက်တိုဘာလမှာTNLA ကပြန်လွှဲပေးခဲ့တာပါ။ အဲဒီနောက်ပိုင်း ဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး စစ်
တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။
မတ်လဆန်းထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။

အဲ့ဒီနောက်ပိုင်း စစ်တပ်က မြို့ထဲမှာတပ်စွဲထားပြီးကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင်SSPP/SSA
လည်း တပ်စွဲလှုပ်ရှား​နေပါတယ်။


#မိုးကုတ်တိုက်ပွဲ #KIAPDF #ludunwayoo
#စစ်တပ်ပစ်ကူပေးဗုံးကြဲ #peoplesspring
🔥23🤬10❤4👍2👎2🥰1👏1👌1😐1🖕1
မိုးကုတ်မြို့အနီး​တော်လှန်​​ရေးတပ်ဖွဲ့ဝင်​တွေကို၂၀၂၆နှစ်ဆန်းပိုင်းက​တွေ့ရစဥ်။
ဓါတ်ပုံ-​ပေးပို့
👍32❤3👏3🔥2🖕2🎉1🫡1
ရေကြီးလာလို့ထိုင်းဘုရားကျောင်းတစ်ခုမှာမွေးထားတဲ့မိကျောင်းကြီးကို အရေးပေါ် ပြောင်းရွှေ့

စက်တင်ဘာ - ၂၈ ၊ ၂၀၂၆

ထိုင်းက ဘုရားကျောင်း တစ်ခုမှာရှိတဲ့ မိကျောင်းကြီးတစ်ကောင် ရေကြီးလာချိန် လွတ်သွားမှာစိုးလို့ တာဝန်ရှိသူတွေက နေရာရွှေ့ပြောင်းပေးထားရကြောင်း သိရပါတယ်။

ပရာချင်ဘူရီမှာ ရေကြီးရာကနေ ဝတ်ဖိုသောင် ဗုဒ္ဓဘာသာ ဘုရားကျောင်းမှာ မွေးထားတဲ့ အသက် ၂၇ နှစ်အရွယ် မိကျောင်းကြီးကို ထားရှိတဲ့ ခြံဝင်းထဲ ရေတွေ စတင် ဝင်ရောက်လာတာကြောင့် ဘုရားကျောင်း တာဝန်ရှိသူတွေက အဲဒီ တွားသွား သတ္တဝါကြီး လွတ်သွားမှာကို စိုးရိမ်လာပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာ အာဏာပိုင်တွေဆီ အကြောင်းကြားပြီး မိကျောင်းကြီးကို ရွှေ့ပြောင်းပေးရေး ကူညီပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ရေတက်လာတဲ့ အချိန်ကျရင် မိကျောင်းကြီးဟာ အနီးမှာရှိတဲ့ ပရာချင်ဘူရီ မြစ်ထဲကို လွတ်မြောက်သွားနိုင်တာကြောင့်လည်း အခုလို အပူတပြင်း ရွှေ့ပြောင်းဖို့ လိုအပ်လာတာပါ။ စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ ဒေသခံ ရေလုပ်ငန်းဌာန၊ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ မိကျောင်းကြီးကို ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ပရာချင်ဘူရီရဲ့ ဆီမဟာဖို မြို့နယ် အုပ်ချုပ်ရေးမှူး ဂျူသာမက်စ် ဘွာဖူအန်းက ပြောကြားခဲ့ပါတယ်။

နွမ်သောင်လို့ နာမည်ပေးထားတဲ့ မိကျောင်းကြီးရဲ့ မေးရိုးနဲ့ ခြေလက်တွေကို မလှုပ်ရှားနိုင်တာ သေချာအောင် ကြိုးတွေနဲ့ အရင်ချည်ပြီးတဲ့နောက် ကရိန်းကား တစ်စီးကို သုံးပြီး ထရပ်ကား တစ်စီးပေါ် တင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၁၃ ပေလောက်ရှည်တဲ့ သားရဲကြီးကို ၁၂ မိုင်လောက် ဝေးလံတဲ့ တခြားသင့်တော်ရာ တစ်နေရာဆီကို ယာယီ ရွှေ့ပြောင်းထားလိုက်ပါတယ်။

ဝတ်ဖိုသောင် တဝိုက်မှာ ရေကလေးပေခွဲလောက်ထိ တက်လာတာကြောင့်လည်း မိကျောင်းကြီးကို ပြောင်းရွှေ့ဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။

အခြေအနေတွေ ပိုဆိုးမလာခင် မိကျောင်းကြီးကို အချိန်မီ ပြောင်းရွှေ့ထားနိုင်ခဲ့တဲ့အတွက် စိတ်သက်သာရ ရမိကြောင်း ဘုရားကျောင်းရဲ့ ကျောင်းထိုင် ဘုန်းတော်ကြီးက မိန့်ပါတယ်။

ထိုင်းမှာတော့ ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်း တချို့မှာ ဘေးမဲ့လွှတ်ထားတဲ့၊ လာရောက်လှူဒါန်းထားတဲ့၊ ကယ်ဆယ်ထားတဲ့ တောရိုင်း တိရစ္ဆာန်တွေကို စောင့်ရှောက် မွေးမြူတတ်ကြပါတယ်။

ကိုးကား: The Nation

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ထိုင်းဘုရားကျောင်းမိကျောင်းပြောင်းရွှေ့မှု #ဘန်ကောက်ရေကြီးမှု #ထိုင်းနိုင်ငံရေကြီးရေလျှံမှု #ထိုင်းနိုင်ငံသတင်း #နိုင်ငံတကာသတင်း #ThailandTempleCrocodileRelocation #BangkokFloods #ThailandFlooding #ThailandNews #WorldNews
❤22👍7🔥3👎1🥰1