ဝေးကွာလှတဲ့ နိုင်ငံတစ်ခုမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေရဲ့ တင်းမာမှုဟာ နယူးယောက်မြို့လယ်ပန်းခြံကြီး(Central Park)နဲ့ ဘလောက် တစ်ဝက်စာလောက်အကွာ၊ သဲ
ကျောက်တွေနဲ့ ဆောက်လုပ်ထားရာ လူနေတိုက် တစ်လုံးအထိ ကူးစက် ရောက်ရှိနေပါတယ်။
ငါးထပ်အဆောက်အအုံရဲ့အပေါ်ဆုံး နှစ်ထပ်မှာ အာဏာသိမ်း မြန်မာစစ်တပ်ကို သစ္စာခံတဲ့ အရာရှိတွေ နေထိုင်နေပါတယ်။ အောက်က သုံးထပ်ကတော့ အာဏာသိမ်း စစ်တပ်ကို တရားဝင် အစိုးရအဖြစ် လက်မခံဘဲအာဏာ ဖီဆန် ရပ်တည်နေတဲ့ သံအရာရှိ တစ်ဦးရဲ့ ပိုင်နက်လို့ သတ်မှတ်နိုင်ပါတယ်။
အဲဒီ သံအရာရှိကြီးကတော့ ဦးကျော်မိုးထွန်းပါပဲ။သူဟာ ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်ကပ်ရော
ဂါဆိုးကြီးဖိစီးနေတဲ့ကာလထဲမှာ ကုလသ
မဂ္ဂဆိုင်ရာ မြန်မာအစိုးရ ကိုယ်စားလှယ် အ
နေနဲ့ နယူးယောက်ကို ရောက်လာခဲ့ပါတယ်။ လပိုင်းလောက်အကြာမှာတော့ သူကိုယ်စားပြုတဲ့ ရွေးကောက်ခံမြန်မာအစိုးရကိုစစ်တပ်ကဖယ်ရှားပြီး အာဏာသိမ်းလိုက်ပါတော့တယ်။ အဲဒီအချိန်ကစပြီး ဦးကျော်မိုးထွန်းဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေအတွက် အလုပ်လုပ်ပေးဖို့ အစဉ်တစိုက်ဖီဆန်ပြီး ငြင်းဆိုခဲ့ပါတယ်။
သူဟာ စစ်ခေါင်းဆောင်တွေကိုအာခံရပ်တည်ရင်းကုလသမဂ္ဂမှာရှိနေတဲ့သူ့ရဲ့ရာထူးနေရာကိုရော၊သူနေထိုင်ရာနေရာကိုပါ အလျှော့မပေးစတမ်း ကာကွယ်ထားခဲ့ပါတယ်။ အဲဒီ ခိုင်မာမြဲမြံတဲ့အားထုတ်မှုကပဲ မြန်မာနိုင်ငံရဲ့ ရှည်လျားကြမ်းတမ်းတဲ့ ဒီမိုကရေစီရေး ရုန်း
ကန်မှုတွေအတွက် ပြတင်းပေါက် တံခါးတစ်ချပ် ဖြစ်နေခဲ့ပါတယ်။
တစ်ချိန်တုန်းကဦးကျော်မိုးထွန်းရဲ့လက်
အောက်ကအမှုထမ်းတွေဖြစ်ခဲ့ပြီး အခုတော့ စစ်တပ်ကို သစ္စာခံသွားတဲ့ အရာရှိတွေရော၊ ဦးကျော်မိုးထွန်းရဲ့ အဖွဲ့သားတွေကပါ သူတို့ ထိန်းသိမ်းထားတဲ့ အဆောက်အအုံ အစိတ်
အပိုင်း နေရာတွေမှာ လူမရှိဘဲ ထွက်မသွားရဲကြပါဘူး။ ပြိုင်ဘက်တွေက ဒါကို အခွင့်
ကောင်းယူပြီး သော့ပြောင်းခတ်သွားတာမျိုး လုပ်မှာကိုနှစ်ဖက်စလုံးကစိုးရိမ်နေကြပါတယ်။
“သော့ကတော့ကျွန်တော်တို့ကိုင်ထားတာပါ”
လို့ မကြာသေးခင်က စာရေးသူက ကုလ
သမဂ္ဂရဲ့ မြန်မာကိုယ်စားလှယ် ရုံးဆီ သွား
ရောက်ချိန်မှာ ဦးကျော်မိုးထွန်းက ပြောပြပါတယ်။ အပေါ်ထပ်က မလိုလားစရာ အိမ်နီး
ချင်းတွေနဲ့ပတ်သက်လို့တော့“သူတို့က ကျွန်
တော်တို့ ဘာလုပ်သလဲဆိုတာကို တောက်
လျှောက် စောင့်ကြည့်နေတာဗျ။ ဒီနေ့ ခင်ဗျားလာတဲ့ အကြောင်းကိုလည်း သူတို့ အစီရင်ခံကြလိမ့်မယ်”လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းဖယ်ရှားလိုက်တဲ့ အ
ရပ်သား အစိုးရကို ကုလသမဂ္ဂက တရားဝင် မြန်မာ အစိုးရအဖြစ် သတ်မှတ်ထားဆဲပါ။ တစ်ဖက်မှာတော့အခုသီတင်းပတ်မှာကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ကုလ
သမဂ္ဂအထွေထွေညီလာခံမတိုင်ခင် ဦးကျော်မိုးထွန်းရဲ့ နေရာကို ဖိအားပေးဖို့ မြန်မာစစ်
တပ်က ပိုပြီး အရှိန်မြှင့် ကြိုးစားလာပါတယ်။
နိုင်ငံတကာ အသိအမှတ် ပြုမှုကို အငမ်းမရ လိုချင်နေတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရတဲ့ ရွေး
ကောက်ပွဲ တစ်ခုကို အသုံးချပြီး သူ့ကိုယ်သူ သမ္မတဂုဏ်ပုဒ် ကောက်တပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့လို နိုင်ငံခေါင်းဆောင်တွေနဲ့ ကော်ဇောနီ လျှောက်လမ်းပေါ် အတူလျှောက်ပြတဲ့ ပုံရိပ်တွေကို ဖန်တီးယူလာနေပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လမှာတော့အရပ်သားအစိုးရ မျက်နှာဖုံး တပ်ထားတဲ့ အာဏာသိမ်း စစ်တပ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဆီကို စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ ဆက်ရှိနေခွင့်ရဖို့ ဒေါ်လာ ၂.၆ သန်းလောက်ကို မလျော်မကန် အသုံးပြုခဲ့ကြောင်း စွပ်စွဲရေးသားထားပါတယ်။ စစ်
တပ်ဟာ ဦးကျော်မိုးထွန်းကို ဝရမ်းပြေး၊ သူခိုး၊ သစ္စာဖောက်စတဲ့ အသုံးအနှုန်းတွေနဲ့လည်း အမျိုးစုံ ပုတ်ခတ်ခဲ့ဖူးပါတယ်။ ဒီလထဲမှာတော့ အဲဒီ အပုပ်ချ ဝေါဟာရတွေကို စစ်တပ်က ပိုပြီး ဖောဖောသီသီ သုံးစွဲလာသ
လို ဦးကျော်မိုးထွန်းကို ဖမ်းဆီးဖို့ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)နဲ့ပါ ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။
“ဒီနှစ်မှာသူတို့ကအစွမ်းကုန် ပုံအောပြီး ကြိုး
စားလာတာဗျ”လို့ ၂၀၂၁ ကတည်းက စစ်
တပ်က အသိအမှတ် မပြုကြောင်း ကြေညာတာ ခံထားရတဲ့ ဦးကျော်မိုးထွန်းကပြောပါတယ်။ ၂၀၂၁ နောက်ပိုင်း စစ်တပ်ဟာ သူ့
ပတ်စ်ပို့တ်ကို ပယ်ဖျက်ခဲ့သလို ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးရဲ့ဘဏ်အကောင့်ကို ထိန်း
ချုပ် ပိတ်ဆို့ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်း သူက ရှင်းပြပါတယ်။
စစ်တပ်ကို ဖီဆန်ခဲ့တဲ့ သူ့ရဲ့ အမှတ်ရစရာ အ
ကောင်းဆုံး အခိုက်အတန့် တစ်ခုကတော့ ၂၀၂၁ ခုနှစ်တုန်းက ကုလသမဂ္ဂ ဌာနချုပ်ထဲမှာမိန့်ခွန်းပြောရင်းစစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်းလက်သုံးချောင်းထောင်ခဲ့တာ ဖြစ်ပါတယ်။

YouTube
ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးကို ခံတပ်တစ်ခုလိုကာကွယ်နေတဲ့ ဦးကျော်မိုးထွန်းနဲ့ ဒီမိုကရေစီဘက်တော်သားများ
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးကို ခံတပ်တစ်ခုလို ကာကွယ်နေတဲ့ ဦးကျော်မိုးထွန်းနဲ့ ဒီမိုကရေစီ ဘက်တော်သားများ
People's Spring
ဝေးကွာလှတဲ့ နိုင်ငံတစ်ခုမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေရဲ့ တင်းမာမှုဟာ နယူးယောက်မြို့လယ်ပန်းခြံကြီး(Central Park)နဲ့ ဘလောက် တစ်ဝက်စာလောက်အကွာ၊…

👍31❤11🖕3🥰2🤮1🤣1
ပြီးခဲ့တဲ့ ဇွန်လတုန်းက လုံခြုံရေး ကောင်စီ မိန့်ခွန်းမှာ ဦးကျော်မိုးထွန်းက လုံခြုံရေး ကောင်စီဟာ မြန်မာနဲ့ ပတ်သက်ပြီး အပ်နှင်းခံထားရတဲ့တာဝန်ဝတ္တရားတွေကို ပျက်ကွက်ခဲ့တယ်လို့ ထည့်သွင်းစွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့အဲဒီနောက်ပိုင်းနှစ်တွေနည်းတူ ဒီလမှာကျင်း
ပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်းပဲ ဦးကျော်မိုးထွန်းဟာ မိန့်ခွန်းပြောခွင့် ရဖွယ် မရှိပါဘူး။
၂၀၂၁ တုန်းက ဦးကျော်မိုးထွန်းဟာ သူ့အ
သက်ကို လုပ်ကြံမယ့် အခြေအနေ တစ်ခုကို ကြုံတွေ့ခဲ့ရဖူးပါတယ်။နောက်တော့သူ့အ
တွက် လပေါင်း အတော်ကြာအောင် အမေရိကန် အစိုးရက လုံခြုံရေး စီစဉ်ပေးခဲ့ရပါတယ်။“Costco (လက္ကား စျေးဝယ်စင်တာ)
ကိုတောင် ကျွန်တော်က ကျည်ကာ ဗင်ကားနဲ့ သွားခဲ့ရတာ”လို့ သူ့ရဲ့အပတ်စဉ်လိုအပ်တဲ့ ကုန်စုံတွေ သွားဝယ်ယူရတဲ့ အကြောင်းကို ဦးကျော်မိုးထွန်းက ပြောပြပါတယ်။
သူ့မိသားစုလည်း ထိခိုက်ခံစားရတာတွေ ရှိခဲ့တာပါပဲ။
နယူးယောက်မှာရှိတဲ့ သံအမတ်ကြီး အိမ်တော်မှာ သုတ်ထားတဲ့ ဆေးတွေထဲ ခဲဓာတ်တွေ ပါဝင်နေတာကြောင့် သူတို့ မိသားစု အ
နေနဲ့ အဲဒီမှာ ဆက်မနေသင့်ဘူးလို့ ကျန်းမာ
ရေးဆိုင်ရာ တာဝန်ရှိသူတွေက အကြံပေးပါတယ်။ဒါပေမဲ့ အိမ်ကိုစစ်တပ်ကသိမ်းယူသွားမှာကို စိုးရိမ်လို့ ဒါမျိုး အဖြစ်မခံနိုင်ကြောင်း ဦးကျော်မိုးထွန်းက ရှင်းပြခဲ့ပါတယ်။ဒီဆုံး
ဖြတ်ချက်ဟာအဲဒီတုန်းကတောက်တောက်
ပြေးတတ်စအရွယ် သားငယ်လေးကို ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေး ပညာရှင်တွေက သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မိသားစုက ဆက်နေခဲ့ပါတယ်။ နောက်တော့ အမေရိကန်ရောက် မြန်မာပြည်သူတွေရဲ့ စေတနာအ
လျောက် ဝိုင်းဝန်း အကူအညီပေးမှုနဲ့အတူ အိမ်ကို ဆေးပြန်သုတ်ခဲ့ကြပါတယ်။
အခုတော့သူ့သားလေးဟာအသက် ၇ နှစ် ရှိနေပြီဖြစ်ပြီးခဲဓာတ်နဲ့ ထိတွေ့မိခဲ့တဲ့ဒဏ်ကြောင့် စကားပြောဆိုမှု အပိုင်းမှာ ဖွံ့ဖြိုးမှု နည်းနည်း နောက်ကျနေကြောင်း ဦးကျော်မိုးထွန်းက ပြောပြပါတယ်။ သူ့မှာ ဆယ်ကျော်
သက်အရွယ် သမီးတစ်ယောက်လည်း ရှိပါတယ်။
သူ့ရုံးမှာတော့ ဦးကျော်မိုးထွန်းဟာ ထောက်ခံသူတွေဆီက ပေးပို့တဲ့ လက်ဆောင်တွေ၊ ပေး
စာတွေကို၊ အခမ်းအနား ပေါင်းစုံကနေ ရရှိခဲ့တဲ့ နာမည်ကတ်တွေကို သေချာ သိမ်းဆည်းထားပါတယ်။ အဲဒါတွေက သူဟာ မြန်မာနိုင်
ငံအတွက် အမှန်တကယ် ကိုယ်စားပြုပေးနေတယ် ဆိုတာကို သူ့ကိုယ်သူ ပြန်သတိပေးနေသလိုပါပဲ။ နံရံပေါ်မှာတော့ နိုင်ငံတော် အတိုင်
ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်
ပုံပါတဲ့ ၂၀၂၀ ပြည့်နှစ် ပြက္ခဒိန်ဟောင်း တစ်ခုကို ချိတ်ဆွဲထားဆဲ ဖြစ်ပါတယ်။
သူဟာ အဲဒီကနေတဆင့် မြန်မာနိုင်ငံမှာ ရှိနေပြီး ကမ္ဘာပေါ်က အကြမ်းတမ်းဆုံး စစ်ရေးပဋိပက္ခတွေထဲက တစ်ခုမှာ ပါဝင်ရုန်းကန် လှုပ်ရှားနေသူတွေဆီ ပုံမှန် video callတွေ ခေါ်ပြီး ဆက်သွယ် စကားပြောခဲ့ပါတယ်။ ကြမ်းတမ်းခက်ထန်လှတဲ့ ပြည်တွင်းစစ်အ
တွင်း လူပေါင်း ၁ သိန်းကျော်လောက် သေ
ဆုံးခဲ့ပြီးပြီလို့ ယုံကြည်ရသလို ၄ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ အဲဒီစစ်ပွဲဟာ အရပ်သားတွေအပေါ် ရက်ရက်စက်စက် ဖြိုခွင်းမှုကို ဗျူဟာတစ်ခုအဖြစ် ကျင့်သုံးတဲ့ စစ်တပ် နဲ့ ပြည်သူကို ကာကွယ်နေတဲ့ တော်
လှန်ရေး အင်အားစုတွေကြားမှာ ဖြစ်ပွားနေပါတယ်။
“ပြည်သူတွေအတွက်ရပ်တည်ပေးမယ့် သံ
အမတ်ကြီးက သူ(ဦးကျော်မိုးထွန်း) တစ်ယောက်ပဲ ကျန်တော့တာ”လို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ မြန်မာသံရုံးကနေ တော်
လှန်ရေးဖက်ကိုကူးပြောင်းခိုလှုံခဲ့ပြီးဦးကျော်မိုးထွန်းကို ကူညီပေးနေတဲ့ ဂျွန်ဆုက ပြောပါတယ်။
https://youtu.be/MxosTvFtQ5I?si=g3WPh3xv2-Wb1PGO

🥰38❤17👍11🖕3👏2🤮1🤣1
အင်းလေးမှာ လေပြင်းတိုက်လို့ နေအိမ် ၃၀ကျော် ပျက်စီး
စက်တင်ဘာ-၂၈၊၂၀၂၉။အိမ်သွင်/People's Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စက်တင်ဘာ ၂၇ရက် ညနေက လေပြင်းတိုက်ခတ်လို့ နေအိမ် ၃၀ ကျော် ပျက်စီးခဲ့ပါတယ်။
အင်းလေးဒေသ၊ ငါးဖယ်ချောင်းကျေးရွာအုပ်စု ပျားပင်တောင်ကျေးရွာမှာ ညနေ ၃နာရီခန့်က လေပြင်းတိုက်ခတ်တာပါ။
" တနေကုန် ပူပြင်းနေတာကနေ ညနေမှာ ရုတ်တရက် လေတိုက်တာ။ စစချင်းမပြင်းဘူးထင်တာပါ။ အိမ် ၃၁ အိမ်ပျက်တဲ့အထိ ပြင်းသွားပါတယ်"လို့ ပျားပင်တောင်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
နေအိမ်အများစု အမိုးလံပြီး တိမ်းစောင်းသွားတဲ့ နေအိမ်အချို့ လည်းရှိတယ်လို့ သိရပါတယ်။
ယခုရက်ပိုင်းမှာ ထိုင်းနိုင်ငံဘက်ကနေရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးကြီးပြီး တနင်္သာရီတိုင်းမှာ ရေဘေးနဲ့ မြေပြိုမှုဘေးရင်ဆိုင်နေရပါတယ်။ ရန်ကုန်၊ဧရာဝတီ၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာလည်း နေရာကွက်ပြီးမိုးကြီးနေပါတယ်။ လေပြင်းတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က စက်တင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့မကွေးတိုင်းမှာ မိုးကြီးနိုင်သလို ဒေသအများအပြားမှာ မိုးသက်လေပြင်း အန္တရာယ်သတိပြုဖို့ ထုတ်ပြန်ထားပါတယ်။
အင်းလေးဒေသဟာ ၂၀၂၄ မိုးရွာသီကာလက ထိုင်းနိုင်ငံဘက်ကနေ ရွေ့လျှားလာတဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့်မိုးကြီးပြီး လေပြင်းတိုက်ခတ်တဲ့ဖြစ်စဉ်မှာလည်း ထိခိုက်ပျက်စီးမှုမှုတွေများပြားခဲ့ပါတယ်။ ကျေးရွာ ၁၇၀ခန့် ရေဘေးနဲ့ လေပြင်းဘေးရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ရေးအကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။

🔥21😢11👍3👎2
မင်းပြားမြို့နယ်က စွန်ရဲနဲ့ ကြောင်ရှည်ချောင်းရွာ စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၈ဦးထက်မနည်း ဒဏ်ရာရ
စက်တင်ဘာ၂၈၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စွန်ရဲနဲ့ ကြောင်ရှည်ချောင်းကျေးရွာတို့ကို ဒီနေ့ စက်တင်ဘာ ၂၈ရက် မနက်ပိုင်း ၇နာရီကျော်မှာ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၈ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်တွေအများအပြားနေထိုင်တဲ့ စွန်ရဲရွာကို ဗုံး ၂လုံး၊ စွန်ရဲကျေးရွာနဲ့ ကပ်ရပ် ကြောင်ရှည် ချောင်းကျေးရွာကို ဗုံး ၁လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
“ စွန်ရဲမှာ ဆေးရုံကိုကျတယ်လို့လည်း ပြောကြတယ်။ အတိအကျ မသိရသေးဘူး။ ဒဏ်ရာရတာ ရှစ်ယောက်က တော့ အတိအကျသိရတယ်။ ဒီထက်လည်း များနိုင်သေးတယ်။ သေတာတွေလည်း ရှိတယ်ကြားပါတယ်။ ကလေး တွေပါတယ်”လို့ ပေါက်တောဒေသခံတစ်ဦးက ပြောပါတယ်။
စွန်ရဲကျေးရွာဟာ တိုက်နယ်အဆင့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး မင်းပြားမြို့နယ်ရဲ့အစွန်ဆုံး ပေါက်တောမြို့နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။ အဲဒီစွန်ရဲနဲ့ ကြောင်ရှည်ချောင်းကျေးရွာတို့မှာ ပေါက်တော၊ စစ်တွေစတဲ့ဒေသတွေမှ စစ်ဘေးရှောင်တွေအများအပြား ခိုလှုံနေကြရပြီး စစ်ရှောင်စခန်းလည်း တည်ရှိပါတယ်။
“စစ်ဘက်နဲ့ ပက်သက်တာဆိုရင် တခုမှကို မရှိဘူး ဒီရွာမှာ။ AA စခန်းရှိဖို့မပြောနဲ့ AA ကိုတောင် မမြင်ဖူးဘူး ဒီရွာမှာ”လို့ စွန်ရဲရွာသားတစ်ဦးက ပြောပါတယ်။
စစ်တပ်ဟာ မနေ့က စက်တင်ဘာ ၂၇ ရက်မှာလည်း မင်းပြားမြို့ပေါ် စျေးဟောင်းပိုင်းရပ်ကွက်၊ အမ်းမြို့နယ် ဒလက်ချောင်းရှိ အကျဉ်းစခန်းတို့ကို ဗုံးကြဲခဲ့ပြီး မင်းပြားမြို့မှ သက်ကြီးအမျိုးသားတစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ကျောက်ဖြူ - ရမ်းဗြဲအစပ်ရှိ မင်းကြောင်းချောင်းတံတား၊ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရကာ ဘုန်းတော်ကြီးကျောင်းတစ်ခုလုံးလည်း ပျက်စီးသွားခဲ့ပါတယ်။
စစ်တပ်ဟာ စက်တင်ဘာ ၂၅ ရက် မနက်အစောပိုင်းကလည်း ကျောက်တော်မြို့ပေါ်နဲ့အနီးဝန်းကျင်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရိုဟင်ဂျာကလေးငယ်တွေအပါအဝင် ၈ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရသွားခဲ့ပါသေးတယ်။
၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့ စစ်တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အကျအဆုံးများနေကာ တပ်စခန်းတွေ လည်း ဆက်တိုက်လက်လွှတ်နေရတယ်လို့ ဒေသခံဗတွက ပြောပါတယ်။
“စစ်တွေမှာ မနေ့က တိုက်ပွဲတော်တော် ပြင်းတယ်။ တညလုံးလည်း အသံတွေကြားရတယ်။ အဲဒီမှာ သူတို့နာလို့ ဒီဘက်ကို ဗုံးလာကြဲတာထင်တယ်”လို့ ပေါက်တောဒေသခံတစ်ဦးက ဒီနေ့ စက်တင်ဘာ ၂၈ ရက်မနက်မှာ ပြောပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့ အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်ကနေ ဒီကနေ့ စက်တင်ဘာ ၂၈ရက်ထိ ၃ပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ်သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၉ ဦးထက်မနည်း ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

🤬33❤3👎2👏2😢2🎉1
ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်
စက်တင်ဘာ-၂၈၊၂၀၂၆။မိုမို/People's Spring
ရန်ကုန် - ပြည်လမ်းပိုင်းက အာဏာသိမ်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
မနေ့က(စက်တင်ဘာ ၂၇ရက်) မနက် ၄နာရီ၀န်းကျင်ကစပြီး အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ဂုံညင်းတန်းတာဆုံ စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့မှုအတွင်း စစ်တပ်က ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။
"ရန်ကုန်ပြည်လမ်းဆိုတော့ နေရာက သူတို့ (အာဏာသိမ်းစစ်တပ်)အတွက် အတော်အရေးပါတဲ့နေရာတစ်ခုပါ။စစ်ကြောင်းအလိုက် စစ်ကူလာလို့ ပြန်ဆုတ်ခဲ့ရတယ်"လို့ အထက်ပါတာ၀န်ရှိသူက တိုက်ခိုက်မှု ဖြစ်စဉ်ကို ရှင်းပြပါတယ်။
၁နာရီ၀န်းကျင်ကြာတိုက်ပွဲအတွင်း စစ်တပ်က ထိခိုက်မှုရှိပြီး အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းဆဲလို့ အသိပေးပါတယ်။
"ပုံမှန်တွေ့နေကြအင်အားက ၁၅ ယောက်ကနေ ၂၀ ကြားရှိတယ်။ကားတွေကို ဆက်ကြေးတောင်းကြမ်းသလို ပေါ်တာဆွဲကြမ်းတဲ့ ပျူခေါင်းဆောင်စိုးမင်းဂိတ်ထိုင်ရာ စခန်းလဲဖြစ်ပါတယ်"လို့ အုတ်ဖိုဒေသခံတစ်ဦးက ဂုံညင်းတန်းတာဆုံဂိတ်အကြောင်းကို ပြောပါတယ်။
စစ်တပ်စစ်ကူစစ်ကြောင်းက ဂုံညင်းတန်းတာဆုံဂိတ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒီးဒူးပင်နဲ့ ဘုတ်သိုးကျေးရွာတွေဘက်ထိ ၀င်ရောက်ခဲ့ပြီး ဒေသခံ ၂ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ဖမ်းဆီးခံရတဲ့ ပြည်သူ ၂ဦးနဲ့ပတ်သက်တဲ့နောက်ဆက်တွဲအခြေအနေကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အိုးသည်ကုန်းမြို့ အောက်ဘက်ခြမ်းမှာရှိတဲ့ မင်းလှနဲ့ လက်ပံတန်းမြို့နယ်တွေမှာလည်း စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် အခု စက်တင်ဘာထဲ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပါတယ်။
တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမအနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်ကို နယ်မြေ အသာစီးရယူဖို့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ကြိုးစားနေပါတယ်။
ဒါကြောင့်လည်း တိုက်ပွဲတွေမကြာခဏ ဖြစ်နေပြီး ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့က စခန်းတွေနဲ့ စစ်တပ်ဂိတ်စခန်းတွေ အပါအ၀င် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ် အထိုင်စခန်းကြီးတစ်ခုကို ပြီးခဲ့တဲ့နှစ်ကုန် ပိုင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖူးပါတယ်။

❤26👍13👏12🖕3👎1🥴1🤣1