People's Spring
✔
60K subscribers
71.5K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မုံရွာ ရပ်ကွက်အချို့ မိုးရွာတိုင်း ရေမြုပ်​နေလို့​ဒေသခံ​တွေကျန်းမာ​ရေး​နောက်ဆက်တွဲ
ပြသာနာစိုးရိမ်​နေ

စက်တင်ဘာ-၂၇၊၂၀၂၆။ဇေအောင်/People's Spring

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

မုံရွာမြို့ရုံးကြီးရပ်ကွက်အမှတ်(၁)နယ်မြေ
၊သလ္လာဝတီရပ်ကွက် နဲ့ ပိတောက်လမ်းမကြီး တစ်လျှောက်တို့ဟာ မိုးရွာတိုင်း ရေမြုပ်​နေကြောင်း ဒေသခံတွေက ပြောပါတယ်။

​ချင်းတွင်းမြစ်နဲ့ ကန်သာယာကြားမှာရှိတဲ့ သလ္လာဝတီရပ်ကွက်ထဲမှာ မိုးသည်းသည်းမည်းမည်း ရွာတဲ့အခါတိုင်း ​ရေနစ်​နေပြီးအချို့နေ
ရာတွေဆိုရင် ရေအနက် ၃ ပေလောက်အထိ ရေမြင့်တက်လာလေ့ ရှိကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

"ကျောက္ကာလမ်းလည်း ရေဝင်တယ်။ နန္ဒဝန်ဘက်တွေရောရေဝင်တယ်။ ရေကထွက်စရာမရှိ ဖြစ်နေတာ"လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မိုးများတဲ့အပြင် ပိတောက်လမ်းမကြီးအပါ
အဝင် အချို့နေရာတွေမှာ ရေစီးရေလာအ
တွက် ရေနုတ်မြောင်းစနစ် သေချာမရှိသေး
တာကြောင့် မိုးရွာလိုက်တာနဲ့ ရေတွေ မစီးဆင်းနိုင်ဘဲ လမ်းပေါ်နဲ့ ရပ်ကွက်ထဲမှာ ဝပ်ကျန်နေတာဖြစ်တယ်လို့ သိရပါတယ်။

“အခုက စည်ပင်တွေက လူကြီးလမ်းကြောင်း ရှိမယ့်နေရာလောက် အလုပ်လုပ်ကြတော့တာ။မြောင်းတွေလည်းအကုန်ပိတ်ဆို့နေတာ”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

ခုလို ရေဝပ်ပြီး ရေနစ်မြုပ်မှုတွေကြောင့် ရေ
ရှည်မှာ သန့်ရှင်းရေးနဲ့ ကျန်းမာရေး အခက်
အခဲတွေ ဖြစ်လာနိုင်ကြောင်း၊ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ မျက်စိဝေဒနာ၊ တုပ်ကွေးနဲ့ ရေညစ်ရေဝပ်ရာကနေ ဖြစ်ပွားနိုင်တဲ့ အခြားကျန်းမာရေး ပြဿနာတွေ ကြုံရမှာကိုလည်း ဒေသခံတွေက တော်တော်လေး စိုးရိမ်နေကြတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်
ထားရေး ဝန်ကြီးဌာနကတော့ ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မနက်က မိုးလေဝသအခြေအနေကို ထုတ်ပြန်ခဲ့ရာမှာ လက်ရှိ ဘန်ကောက်မြို့နဲ့ အနီးဝန်းကျင်အပါအဝင် ထိုင်းနိုင်ငံအောက်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း (Active Low-Pressure Cell)ဟာ ထိုင်းနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းပြီး လာမယ့် စက်
တင်ဘာ၂၈ရက်နေ့မှာ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားကာ အားလျော့ပျက်ပြယ် သွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်
တင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်
နယ်၊ ကရင်နီပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မကွေး တိုင်းတို့မှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး တန
င်္သာရီတိုင်းအလယ်ပိုင်းဒေသတွေမှာ နေရာ ကွက်ပြီး မိုးကြီးတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးကြီးခြင်းနောက်
ဆက်တွဲ ရေကြီးတာ၊ တောင်ကျချောင်းရေလျှံတာ၊ လျှပ်တစ်ပြက်ရေလွှမ်းမိုးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ် နိုင်ကြောင်း အသိပေးပါတယ်။

ကပ္ပလီပင်လယ်ပြင်မှာ အနောက်တောင်မုတ်သုံလေ ဆက်လက် အားကောင်းနေပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ ကမ်းနီးကမ်းဝေးရေလုပ်ငန်းတွေဆောင်ရွက်နေသူတွေအနေနဲ့ ပင်လယ်ပြင်ရေလုပ်ငန်း ဆောင်ရွက်မှုတွေကို ခေတ္တရပ်နားထားသင့်တယ်လို့ NUG က သတိပေးပါတယ်။

ဆက်လက်ပြီး တောင်ကုန်းတောင်တန်းတွေအနီးနဲ့ မြစ်ချောင်းတွေရဲ့ကမ်းပါးတွေအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုကမ်းပြိုဘေး အန္တရာယ်ကို အထူးသတိပြုနေထိုင်ကြဖို့ အသိပေးထားပါတယ်။
😢17🔥10👍2👎2❤1😁1🤣1
မုံရွာမြို့ရုံးကြီးရပ်ကွက်၊ အမှတ် (၁) နယ်
မြေ၊ သလ္လာဝတီရပ်ကွက်နဲ့ ပိတောက်လမ်းမကြီးမှာရေကြီးနေစဉ်။ ဓာတ်ပုံ −​ပေးပို့
🔥16👍7😢3🙏3👎1🖕1
KNPPပါတီ အမြဲတမ်း ပါတီဗဟိုကော်မတီဝင်နဲ့ KA ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

စက်တင်ဘာ -၂၇၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အမြဲတမ်းပါတီဗဟိုကော်မတီဝင်နဲ့ ကရင်နီတပ်မတော် (Karenni Army - KA) ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်သွားတယ်လို့ KNPP ပါတီဗဟိုဌာနချုပ်က ထုတ်ပြန်ပါတယ်။

အသက်(၇၆)နှစ်အရွယ် ဗိုလ်မှူးကြီး ဘုန်းနိုင်ဟာ ဒီကနေ့(စက်တင်ဘာ ၂၇ ရက်) မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားတာလို့ ဖော်ပြပါတယ်။

"ပြီးခဲ့တဲ့ လေးလောက်ငါးလလောက်ကတည်းက လူကြီးရောဂါနဲ့ ဗိုလ်မှူးကြီး ဆေးကုနေရတာ"လို့ ကရင်နီတပ်မတော်နဲ့ နီးစပ်သူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

ကရင်နီတပ်မတော် တပ်ဖွဲ့၀င်တစ်ဦးကလည်း "အရင်တလောက ဆေးရုံရောက်တယ်။ညနေက ဆုံးတယ်လို့ ကြားရတာပေါ့"လို့ ဗိုလ်မှူး
ကြီးဘုန်းနိုင်ကွယ်လွန်တဲ့မှုနဲ့ပတ်သက်ပြီး ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၃၀ ရက်မှာ ကရင်နီပြည်နယ်စပ်တစ်နေရာမှာ မြေမြှုပ်သဂြိုဟ်မယ့်အကြောင်းရပ်ဝေးရပ်နီးဆွေမျိုးမိတ်
ဆွေ‌တွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို KNPP က အသိပေးပါတယ်။

ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီတပ်မတော် (Karenni Army - KA)မှာစစ်ရေးဆိုင်ရာတာဝန်အဆင့်
ဆင့်ကို ရေရှည်ထမ်းဆောင်ခဲ့ပြီး ထင်ရှားတဲ့ စစ်ရေးခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

၂၀၂၁ နောက်ပိုင်း တော်လှန်ရေးကာလမှာလည်း ကရင်နီပြည်နယ်က စစ်ဆင်ရေးနဲ့စစ်ရေးပြင်ဆင်မှု တွေ ကရင်နီတပ်ပေါင်းစုရဲ့ မြေပြင်စစ်ဆင်ရးညှိနှိုင်းမှုတွေမှာအဓိက ပြောရေးဆိုခွင့်ရှိသူနဲ့ ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ကရင်နီပြည်သူတွေ အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်ပြတ်သားတဲ့ ရပ်
တည်ချက်ကို ထုတ်ဖော်ပြောဆိုထားခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၀ရက်ကလည်း KNPPရဲ့ အထွေ ထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကျောက်ကပ်ရောဂါ နဲ့ ကွယ်လွန်ခဲ့ပါတယ်။

နှစ် ၇၀ နီးပါး စစ်အစိုးရအဆက်ဆက်ကို တော်လှန်နေတဲ့ ကရင်နီတပ်မတော်(KA)က ၂၀၂၁ စစ်တပ်အာဏာ သိမ်းမှုကိုလက်မခံဘူးလို့ ကန့်ကွက်ခဲ့ပြီးနောက် ဒေသတွင်းအသစ်ထွက်ပေါ်လာတဲ့ ကရင်နီတော်လှန်ရေးတပ်တွေကို စစ်သင်တန်းပေးတာ နဲ့ ပူးတွဲစစ်ဆင်ရေးတွေ ရှိနေပါတယ်။

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ ၊တိုင်းရင်းသားလက်နက်
ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်တွေနဲ့အ
စည်းအဝေးပြုလုပ်ခဲ့ပြီး KNPP က ၂၀၂၁ ဧပြီမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို ဖွဲ့စည်းထားပါတယ်။
😢38❤6👎1👏1🎉1🤮1💩1
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အမြဲတမ်းပါတီဗဟိုကော်မတီဝင်နဲ့ ကရင်နီတပ်မတော် (Karenni Army - KA) ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်။
ဓါတ်ပုံ-KNPP
😢47🤮2❤1🔥1🤩1💩1🖕1
သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံတဲ့ လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းက ပြည်သူတွေ ပြုလုပ်

စက်တင်ဘာ-၂၇၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့
နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်
ရှားမှုတွေကိုဒီကနေ့ (စက်တင်ဘာ ၂၇) ပြု
လုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှာသပိတ်အင်
အားစုက ဦးဆောင်ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်
အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရေးအတွက် အားပေးထောက်ခံဖို့ ရွာစဉ်အလိုက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေကာ တိုက်
တွန်းနှိုးဆော်ခဲ့ပါတယ်။

ရွေဘိုသပိတ်အင်အားစုက "မြန်မာပြည်သူတွေရဲ့ အသံကို မတိတ်ဆိတ်စေပါနဲ့"၊ "ဦးကျော်မိုးထွန်းကို UNမှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုပါ" ၊"မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို လေးစားပေးပါ"၊ "ဦးကျော်မိုးထွန်းကသာလျှင့်ငါတို့ရဲ့ တရားဝင်သံအ
မတ်ဖြစ်တယ်။ ငါတို့ သံအမတ် ၊ ငါတို့အသံ" စတဲ့ စာသားပါ လက်ကမ်းစာစောင်တွေကို
ဖြန့်ဝေခဲ့ပါတယ်။

ပုလဲမြို့နယ်ကျေးရွာတစ်ရွာမှာလည်း သပိတ်
ကော်မတီဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီး ကုလသမဂ္ဂမှာ သံအ
မတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ရှိစေရေးအတွက် လူထုထောက်ခံပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

ဝက်လက်မြို့နယ်မှာလည်းလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထောက်
အထားဆိုင်ရာကော်မတီမှာ သံအမတ်ကြီး
ဦးကျော်မိုးထွန်း ဆက်လက်နေရာရရေးအ
တွက် အထောက်အကူပြုစာစောင်များကို စက်တင်ဘာ ၂၆ ရက်က ဖြန့်ဝေခဲ့ပါတယ်။

ပြည့်သူအသံကို ကိုယ်စားပြုသော သံအမတ်ကြီးဖြစ်ကြောင်းနဲ့ ပြည်သူ့အသံရဲ့ အရေးပါမှုကိုလက်တွေ့သက်သေပြနိုင်ရန်အတွက် ပြည့်သူထောက်ခံအားပေးမှုကို ဖော်ပြနိုင်မယ့် အ
သိပေးစာစောင်တွေကိုဖြန်ဝေခဲ့ခြင်းဖြစ်တယ်လို့ ဝက်လက်လူထုသပိတ်က ဆိုပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအ
ဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်
လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကိုမြန်မာနိုင်ငံအပါအဝင်ကမ္ဘာ့နိုင်ငံအ
သီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
❤31👍3🥰2👏2🤮1💩1🤣1🖕1
ဓာတ်ပုံ - ရွှေဘိုသပိတ်အင်အားစု၊ ဝက်လက်လူထုသပိတ်၊ ပုလဲလူထုသပိတ်
🥰34❤6👍4👏2🤮2😁1💩1🤣1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၂၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

■တိုင်းနဲ့ ပြည်နယ်အချို့မှာမိုးကြီးပြီး
တောင်ပြို၊မြေပြိုဘေးအန္တရာယ်ရှိ​နေ

ထိုင်းနိုင်ငံဘက်ကနေရွေ့လျားလာတဲ့ လေ
ဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးကြီးပြီး ကရင်နဲ့မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ ရေကြီးမြေပြိုဘေး
အန္တရာယ်ကြီးမားနေတယ်လို့ထိုင်းမိုးလေ
ဝသဌာန (TMD)ကသတိပေးချက်ထုတ်ပြန်ပါတယ်။TMD ရဲ့စက်တင်ဘာ ၂၇ရက်မနက်ပိုင်းထုတ်ပြန်ချက်မှာ လေဖိအားနည်းရပ်ဝန်းက အားပျော့သွားပေမယ့် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နဲ့၊ ကရင်နီပြည်နယ်တွေမှာ ဒီနေ့ စက်တင်ဘာ ၂၇ရက်နဲ့၂၈ရက် ၂ရက်ဆက် မိုးကြီးနိုင်ပြီး တောင်ကျရေနဲ့မြေပြိုမှုအန္တရာယ်ကြီးမားနေတယ်လို့သတိ
ပေးထားပါတယ်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကမ်းရိုးတန်းဒေသတွေမှာလည်း မုတ်သုန်လေအားအလွန်ကောင်းနေပြီး မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့သတိပေးထားပါတယ်။တောင်တန်းဒေသတွေမှာ တောင်ကျရေကျဆင်းခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း(Flash Floods)နဲ့ တောင်ပြို၊မြေပြိုခြင်း (Landslides) အန္တရာယ် အလွန်မြင့်မားနေတယ်လို့ TMDက ထုတ်ပြန်ပါတယ်။

◾️ထားဝယ်မှာမိုးကြီးပြီးရေကြီး၊တောင်ပြိုမှုတွေကြောင့် လူငါး ဦးထက်မနည်းသေဆုံး

မြန်မာနိုင်ငံတောင်ပိုင်း ၊တနင်္သာရီတိုင်း ၊ ထားဝယ်ဒေသတဝှမ်းမှာ မိုးကြီးပြီးနောက်ရေကြီးရေလျှံမှုတွေနဲ့ တောင်ပြိုမှုတွေဖြစ်
ပွားနေပြီးလူငါးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ဒီနေ့ (စက်တင်ဘာ ၂၇ ) မှာထုတ်ပြန်ပါတယ်။ သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့မဖော်ပြထားပါဘူး။ ထားဝယ်ဒေသက ကျေးရွာပေါင်း ၄၀ နီးပါးမှာ ရေကြီးနေပြီးတောင်ပြိုမှုတွေလည်းဖြစ်နေကာအိမ်ခြေ ၂၀ ထက်မနည်းပြိုကျပျက်
စီး ခဲ့တယ်လို့လည်း ထားဝယ်တော်လှန်ရေးအဖွဲ့အစည်းတွေစုစည်းထားတဲ့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာအသိပေးထားတာတွေ့ရပါတယ်။ ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာ ၊အခြားသောအခက်အခဲတွေကြောင့် သဘာဝဘေးကြုံနေရတဲ့နေရာတွေရဲ့အခြေအနေအပြည့်အစုံကိုလက်ရှိမှာမရနိုင်သေးဘူးလို့လည်းဆိုထားပါတယ်။

◾️လောင်းလုံးမြို့နယ်မှာမြေပြိုမှုနဲ့ ရေကြီးမှုကြောင့်လူသေဆုံးပျောက်ဆုံးမှုရှိနေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ မြေပြိုမှုနဲ့ ရေကြီးမှုကြောင့် လူသေဆုံးပျောက်
ဆုံးမှု တချို့ရှိနေပြီး ပိတ်မိနေတဲ့ဒေသခံတွေလည်းရှိတာကြောင့် ကူညီကယ်ဆယ်ရေးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံ​တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောပါတယ်။ ဒီကနေ့(စက်တင်ဘာ ၂၇ ရက်) မနက် ၅ နာရီကျော်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောင်းလုံးမြို့နယ် အောက်ဘက်မှာ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။ ဒါ့အပြင် ကဒက်ငယ်ထိန်ကျေးရွာဘက်မှာလည်း ပျောက်ဆုံးတဲ့သူတချို့ရှိပြီး ပိတ်မိတဲ့သူတွေလည်းရှိနေလို့ ကူညီပေးဖို့လည်း အဲဒီရွာခံတစ်ဦးက အသိပေးပါတယ်။

◾️KNPPပါတီ အမြဲတမ်း ပါတီဗဟိုကော်
မတီဝင်နဲ့ KA ဒုတိယစစ်ဦးစီးချုပ်
ဗိုလ်မှူးကြီးဘုန်းနိုင်ကွယ်လွန်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အမြဲတမ်း ပါတီဗဟိုကော်မတီဝင်နဲ့ ကရင်နီတပ်မတော် (Karenni Army - KA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်သွားတယ်လို့ KNPP ပါတီဗဟိုဌာနချုပ်က ထုတ်ပြန်ပါတယ်။ အသက်(၇၆)
နှစ်အရွယ်ဗိုလ်မှူးကြီး ဘုန်းနိုင်ဟာ ဒီကနေ့
(စက်တင်ဘာ ၂၇ ရက်) မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားတာလို့ ဖော်ပြပါတယ်။စက်တင်ဘာ ၃၀ ရက်မှာ ကရင်နီပြည်နယ်စပ်တစ်နေရာမှာ မြေမြှုပ်သဂြိုဟ်မယ့်အကြောင်းရပ်ဝေးရပ်နီး ဆွေမျိုးမိတ်ဆွေ‌တွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို KNPP က အသိပေးပါတယ်။ ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီတပ်မတော် (Karenni Army - KA) မှာ စစ်ရေးဆိုင်ရာ တာဝန်အဆင့်ဆင့်ကို ရေရှည်ထမ်းဆောင်ခဲ့ပြီး ထင်ရှားတဲ့ စစ်ရေးခေါင်း
ဆောင်တစ်ဦး ဖြစ်ပါတယ်။

◾️ကမ္ဘာ့မြစ်ချောင်းများနေ့မှာကချင်ဒေသခံ ၁၀၀ကျော် မြစ်ဆုံဆည်စီမံကိန်းအလိုမရှိကြောင်း ဆန္ဒပြ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသမှာ ဒေသခံ ၁၀၀ ကျော်ကမြစ်ဆုံဆည်စီမံကိန်းမလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဆက်လက် ပြုလုပ်ခဲ့ပါတယ်။ စစ်အုပ်စုဘက်က မြစ်ဆုံစီမံကိန်းပြန်စဖို့ လူထုတွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ် စည်းရုံးဟောပြောနေတဲ့ အခြေအနေမှာ ဒေသခံတွေကလည်း စီမံကိန်း အလိုမရှိကြောင်း ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ မကြာခဏ ပြုလုပ်လျက်ရှိရာ စက်တင်ဘာ ၂၆ရက်က ကျရောက်တဲ့ ကမ္ဘာ့မြစ်ချောင်းများနေ့မှာ စီမံကိန်း အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တာ၊ မြစ်ဆုံဆည်စီမံကိန်း ကန့်
👍17❤4🔥1🤣1🖕1
ကွက်ကြောင်း ဟောပြောတာ စတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။ စီမံကိန်းကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို မေခနဲ့ မေလိခမြစ်ဆုံရာ မြစ်ဆုံရဲ့ အထက်ဘက် တနေရာမှာ ၃နာရီကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၀ိုင်းမော်မြို့နယ်က ဒေသခံ၁၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ ပြည်သူတွေက အစဉ်အမြဲ ကန့်ကွက်ကြောင်း ပြသခြင်းလည်းဖြစ်တယ်လို့ သူက ပြောပါတယ်။

◾️ဖာပွန်ခရိုင်တိုက်ပွဲ စစ်တပ်ထံကလက်နက် ၇ လက် KNLA ပူးပေါင်းတပ် ထပ်မံသိမ်းရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မ
ဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်
နက် ၇လက်သိမ်းရခဲ့ကြောင်းKNU တပ်မဟာ
(၅)က စက်တင်ဘာ ၂၇ရက်မှာသတင်းထုတ်ပြန်ပါတယ်။ တပ်မဟာ(၅)က ကရင်ဘာသာနဲ့.ထုတ်ပြန်ချက်ကိုလည်း ကရင်သတင်းရင်းမြစ်က ရှင်းပြထားရာ စက်တင်ဘာ ၂၅ရက်က စစ်ကောင်စီရဲ့ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ကမမောင်း - ကတိုင်တိလမ်းပိုင်း ဘုရားကုန်းရှိ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ လက်နက်ငယ် ၇လက် သိမ်းရခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံ ဖော်ပြ အသိပေးပါတယ်။ KNU တပ်မဟာ(၅) ပူး
ပေါင်းတပ်တွေဟာ စက်တင်ဘာလလယ်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ရာလက်နက်အချို့သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။

◾️ဗန်းမော်တိုက်ပွဲ စစ်သား၁၀ဦးကို KIA ပူးပေါင်းတပ်ဖမ်းမိ၊ ရုပ်အလောင်းနဲ့လက်နက်တွေ သိမ်းရ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်းကချင် သ
တင်းရင်းမြစ်အချို့က ပြောပါတယ်။ ဗန်းမော်မြို့မှာ စစ်တပ်က အင်အားတွေဖြည့်
တင်းပြီးနောက် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာလို့ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတာလို့ KIAက အသိပေးထားပါတယ်။ ဒီကနေ့ ဗန်းမော်မြို့တိုက်ပွဲမှာ စစ်တပ်က ရုပ်အလောင်း ၆လောင်း၊ လက်နက် ၁၀ လက် သိမ်းရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အခြားကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးနိုင်ခဲ့မှု၊ အလောင်းလက်နက်ရရှိမှု ဖြစ်စဉ်ကို အ
တည်ပြုပြီး ဗန်းမော်တက္ကသိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ အသိပေးပါတယ်။

◾️စစ်တပ်အင်အားသစ်တွေဝင်လာပြီးနောက် ဗန်းမော်မှာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေကြောင်း KIA ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်
ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်
(KIO/KIA)သတင်းပြန်ကြားရေးဌာနက ဖော်
ပြပါတယ်။ တိုက်ပွဲ ၁နှစ်ခွဲကျော် ဖြစ်ပွားခဲ့တဲ့ ဗန်းမော်မြို့မှာ စစ်တပ်က စစ်သင်္ဘောတွေနဲ့ အင်အားဖြည့်တင်းတာ၊စစ်ပန်းနေတဲ့ တပ်
သားအချို့ကို တပ်ပြောင်းတာတွေ စစ်တပ်ဘက်က ပြုလုပ်ခဲ့ပြီး မြေပြင်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်လာတာလို့ဆိုပါတယ်။လတ်
တလောမှာ ဗန်းမော်တက္ကသိုလ်၊ တာမိုင်းလုံ၊ ဟန်တဲ၊ညောင်ပင်သာ စတဲ့ဒေသတွေ ဘက်သို့စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့ KIA အပြန်အလှန် ထိုးစစ်ဆင်တာ၊ အပြန်အလှန်တ ပ်ဆုတ်ရတာ စတဲ့ အခြေအနေလို့ အသိ
ပေးပါတယ်။မြေပြင်တိုက်ပွဲမရှိတဲ့ အချိန်တွေမှာဆိုရင်လည်း စစ်တပ်ဟာ ဒရုန်းနဲ့ တိုက်
ခိုက်တာ၊ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်ဗုံးကြဲတာတွေ ပြုလုပ်နေကြောင်းလည်း ဖော်ပြပါတယ်။လတ်တ
လောမှာ ဗန်းမော်မြို့မှ အပ ကချင်ပြည်နယ် အခြားဒေသတွေမှာမြေပြင်တိုက်ပွဲတွေဖြစ်တာ မရှိဘူးလို့လည်း အသိပေးပါတယ်။ ဒါပေမဲ့ ဖားကန့်ဒေသ၊ ဧရာ၀တီမြစ်ရိုးတလျှောက် စင်းခန်း၊ဇင်းဘုံ တ၀ိုက်မှာစစ်တပ်က လေကြောင်းဗုံးကြဲတာတွေ ရံဖန်ရံခါ ဆက်လုပ်နေကြောင်း ဖော်ပြပါတယ်။

◾️ပွင့်လင်းကာလမှာ စစ်တပ်ကထိုးစစ်ကြီးလုပ်လာနိုင်လို့ စစ်မျက်နှာ ၇ခုမှာ တိုက်ပွဲတွေပိုပြင်းထန်နိုင်ဟုAAဒုစစ်ဦးစီးချုပ်သတိပေး

ပွင့်လင်းကာလဖြစ်တဲ့ မိုးအကုန်ဆောင်းအစမှာ ရက္ခိုင်ကို ဦးတည်တဲ့စစ်တပ်ထိုးစစ်ဟာ လက်ရှိထက် ပိုများတဲ့ အင်အားတွေနဲ့ ထိုးစစ်ကြီးတပြိုင်တည်း ပြုလုပ်လာနိုင်လို့တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားပါတယ်။ရက္ခိုင်အမျိုး
သားအဖွဲ့ချုပ်(ULA/AA) က ပထမဆုံး ထုတ်ဝေတဲ့ပါတီ စာဆောင်ကို ဒီကနေ့စက်တင်ဘာ ၂၇ရက်မှာ ထုတ်ပြန်ခဲ့ရာ စာစောင် အယ်ဒီတာ့အာဘော်မှာဒေါက်တာညိုထွန်းအောင်က စစ်ရေး အခြေအနေတွေကို အခုလို အသိပေးခဲ့တာဖြစ်ပါတယ်။ ဒီနှစ် မိုးနှောင်းရာသီမှာ စစ်တပ်က အရင်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့နေရာတွေဖြစ်တဲ့ စစ်တွေ၊ကျောက်ဖြူ၊အာရက္ခ-မကွေးအစပ်၊ အာရက္ခ-ပဲခူးအစပ်၊ အာရက္ခ-ဧရာဝတီတိုင်းအစပ်၊ ချင်းပြည်-ပလက်ဝ-အာရက္ခအစပ်နဲ့ အာရက္ခကမ်းရိုးတန်းဖက်တွေမှာ လက်ရှိအသုံးပြုနေတဲ့ စစ်အင်အားထက် နှစ်ဆ သုံးဆတိုးပြီး ကြည်း၊ရေ၊လေ
👍14❤3🔥1🤣1🖕1
ထိုးစစ်ကြီးကိုတပြိုင်တည်းလုပ်လာနိုင်လို့စစ်ရိပ်စစ်ငွေ့သန်းလာနေတာကို တွေ့နေရတယ်လို့ ဒေါက်တာညိုထွန်းအောင်က ရက္ခိုင်ဘာသာနဲ့ အသိပေးထားပါတယ်။

◾️တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ NLD ပါတီအကြား အပြန်အလှန် လက်တွဲဆောင်ရွက်ဖို့ IEC တိုက်တွန်း

တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်
ရေးအင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့အကြား အပြန်အ
လှန် လေးစားမှု၊တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။အဲဒီထုတ်ပြန်ချက်က ဒီကနေ့(စက်တင်ဘာ ၂၇ရက်) NLD ပါတီတည်ထောင်တာ(၃၈)နှစ်ပြည့်အထိမ်းအမှတ်
အဖြစ် IEC ကပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာ
မှာ ပါရှိပါတယ်။ ဒီကနေ့ကာလ စစ်အာဏာ
ရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည် ဆောက်ရေး တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ NLD ပါတီတို့အကြား အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်
ရွက်ဖို့ လိုအပ်တယ်လို့ ဖော်ပြပါတယ်။ ဒါကြောင့် တိုင်းရင်းသားပြည်သူတွေရဲ့ ကိုယ်
ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်မူတွေကိုအပြည့်အ
ဝ အသိ အမှတ်ပြုကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်း
လာဖို့အတွက် တိုင်းရင်းသား အင်အားစု အ
သီးသီးနဲ့အတူ ဟန်ချက်ညီညီ ဆက်လက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားဖို့လည်း IEC က တိုက်တွန်းပါတယ်။

◾️မန္တလေးအိုးဘိုထောင်မှာ စစ်တပ်က အကျဥ်းသားတွေ စစ်မှုထမ်းဖို့ ဖိအားပေး

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်
မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။ မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်အတွင်းမှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဥ်းသားတွေကိုစစ်မှုထမ်းဖို့ ဖိအားပေး စည်းရုံးတာ၊ သီးခြားခွဲထုတ်တာနဲ့ နိုင်ငံရေးအကျဉ်း
သားတွေကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ)က ခြိမ်းခြောက်ဖိနှိပ်တာတွေ အကွက်
ကျကျ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်
ရက် (PPNM) က ထုတ်ပြန်ပါတယ်။ အိုးဘိုထောင်အာဏာပိုင်တွေဟာ မသင်္ကာမှုနဲ့ ထိန်း
သိမ်းထားတဲ့ မန္တလေးမြို့က "ကျားပေါက်" ဆိုသူကို ထောင်အလုပ်ရုံမှာ နေရာပေးပြီး ထောင်တွင်း အုပ်ချုပ်ရေးနဲ့စည်းရုံးရေးဆိုင်
ရာ လုပ်ငန်းတွေမှာ အသုံးချနေကြောင်း၊ အဲဒီ ကျားပေါက်ဦးဆောင်တဲ့ အုပ်စုဟာ အကျဉ်း
သားတွေဆီသွားပြီး စစ်မှုထမ်းပါက ပြစ်ဒဏ်လျှော့ရက် ရရှိမယ်ဆိုကာ မက်လုံးပေး လိုက်
လံစည်းရုံးနေကြောင်း PPNMက အသိပေးပါတယ်။

◾️စစ်တပ်ကောလင်းကိုဗုံးထပ်ကြဲ
ပြည်သူ ၂ဦးဒဏ်ရာရ

စစ်တပ်က ကောလင်းမြို့နယ်ထဲကို ယ​မန်​နေ့ညသန်း​ခေါင်ယံမှာလေကြောင်းကနေ ဗုံးထပ်ကြဲတာ​ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုအတွက် စစ်တပ်ကို လက်တုန့်ပြန်သွားမယ်လို့ ကောလင်းခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ပါတယ်။ ကောလင်းမြို့နယ်အရှ့ရှမ်း ကချင်ကုန်းရွာနဲ့ ရှောက်ပင်ဝိုင်းရွာကို စက်တင်လာလ ၂၆ရက် ညသန်း​ခေါင်အ​ကျော် ၁၂နာရီ ၅နစ်နစ်နဲ့ ၁၂နာရီ ၈မိနစ် (စက်တင်ဘာ ၂၇ မနက်အ​စော) မှာ ဗုံး ခြောက်လုံးကြဲသွားတာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာပြည်သူနှစ်ဦးဒဏ် ရာရပြီးနေအိမ်တစ်လုံးလည်းပျက်စီးခဲ့သလို စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူကို ပစ်မှတ်ထားတာလို့ ကောလင်းခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။ဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးဟာစိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။

◾️မင်းပြား၊ အမ်းနဲ့ ကျောက်ဖြူမြို့နယ်တို့ကို စစ်တပ်ဗုံးကြဲ

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်မင်းပြားမြို့ပေါ်၊ အမ်းမြို့နယ် ဒလက်ချောင်းရှိ အကျဉ်းစခန်းနဲ့ ကျောက်ဖြူ မြို့နယ်အတွင်းက မင်းကြောင်းချောင်းတံတားတို့ကို ဗုံးကြဲခဲ့တာကြောင့် ထိခိုက်၊သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်
ဘာလ၂၇ရက်မနက်အစောပိုင်းအချိန်မှာ
မင်းပြားမြို့ပေါ် စျေးဟောင်းပိုင်းရပ်ကွက်နဲ့ အနီးဝန်းကျင် တောင်တန်းတွေကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးအလုံး တဆယ်ဝန်းကျင်ကြဲခဲ့တာဖြစ်ပြီး စျေးဟောင်းပိုင်းရပ် ကွက်မှ သက်ကြီးအမျိုးသားတဦးဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာပဲ အမ်းမြို့နယ် ဒလက်ချောင်းရှိ အာရက္ခတပ်တော်(AA)ရဲ့ အကျဉ်းစခန်းကိုလည်း ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပါသေးတယ်။

◾️နမ့်မွန်းမြို့က KBC ခရစ်ယာန်ဘုရားကျောင်းမှာ စစ်တပ်လက်အောက်ခံ SNA က စစ်သင်တန်းဆင်းပွဲပြုလုပ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မွန်းမြို့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ရဲ့ ဘုရားကျောင်းဝင်းအတွင်းမှာ အာဏာ
👎9❤3🔥3🖕2🤮1🤣1
သိမ်းစစ်တပ်လက်အောက်ခံရှမ်းနီတပ် (SNA)စစ်သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောပြပါတယ်။ စစ်တပ်လက်
အောက်ခံ SNAက ဘုရားကျောင်းဝင်းအတွင်း စစ်အင်အားအများအပြားစုဝေးတက်ရောက်တဲ့ အခမ်းအနား တရပ်ကျင်းပနေတဲ့မှတ်တမ်းဓာတ်ပုံအချို့နဲ့ဘုရားကျောင်းဝင်းအတွင်းကခုန်နေတဲ့ ရုပ်သံ အချို့ အခုရက်ပိုင်းထွက်ပေါ်လာတဲ့အပေါ် ကချင်သ
တင်းရင်းမြစ်က ရှင်းပြတာပါ။ အဲဒီဒေသမှာရှိတဲ့ ကချင်လူမျိုးတွေ စစ်ရှောင်နေရချိန်မှာ ဘုရားကျောင်းဝင်းထဲမှာ အခုလိုစစ်သင်တန်းတွေ ပြုလုပ်တာ၊ ကခုန်တာတွေ ပြုလုပ်တာဖြစ်တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။ ဒီလုပ်ရပ်ဟာ လူမျိုးရေး၊ ဘာသာရေး အရ ပြဿနာ ဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တယ်လို့ မြင်ကြောင်းလည်း မှတ်ချက်ပြုပါတယ်။

◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံတဲ့ လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းက ပြည်သူတွေ ပြုလုပ်

စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့
နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၇) ပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုက ဦးဆောင်ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်
လက်နေရာရရေးအတွက် အားပေးထောက်ခံဖို့ ရွာစဉ်အလိုက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေကာ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ပုလဲမြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်ကော်မတီဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီး ကုလသမဂ္ဂမှာ သံအ
မတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ရှိစေရေးအတွက် လူထုထောက်ခံပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ (၈၁)
ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထောက်အထားဆိုင်ရာကော်မတီမှာ သံအ
မတ်ကြီးဉီးကျော်မိုးထွန်း ဆက်လက်နေရာရရေးအတွက် အထောက်အကူပြုစာစောင်များကို စက်တင်ဘာ ၂၆ ရက်က ဖြန့်ဝေခဲ့ပါတယ်။
👍21❤3🔥1🤣1🖕1
👍18🤮2🖕2🔥1