အဲဒီလို လူမှုအသိုင်းအဝိုင်းရဲ့ မတူကွဲပြားတဲ့အမြင်တွေကြားမှာ သားသမီးရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို ဒေါ်ချိုချိုလိုပဲ နားလည်လက်ခံပေးဖို့ ကြိုးစားနေတဲ့ မိခင်တဦးလည်း ရှိပါသေးတယ်။မအေမီ (အမည်လွှဲ)ရဲ့အသက် ၁၁ နှစ်အရွယ် သမီးကြီးဟာ အသက် ၅နှစ်ကျော်အရွယ်ကတည်းကသူ့ခန္ဓာကိုယ်ပေါ်က မိန်း
ကလေးတွေရဲ့ ကိုယ်ခန္ဓာလက္ခဏာတချို့ကို မကြိုက်ကြောင်းပြောဆိုခဲ့သူဖြစ်ပါတယ်။
“သမီးလေးကတော့ အသက် ၇နှစ်၊ ၈နှစ်လောက်တုန်းကပြောဖူးတယ်။ သူ့မှာရင်သားတွေထွက်လာရင် လှီးထုတ်ချင်တယ်။ ခွဲထုတ်ချင်တယ်တဲ့။ ဒါဟာ ဘယ်လိုဆိုတာ သူသေချာမသိပါဘူး။ သူသိတာက အချို့ဆယ်လီတွေ မိန်းကလေးပေမယ့် တကယ့်ယောကျာ်းလေးလိုပုံစံအတိုင်းဖြစ်တည်နေသူတွေ၊ နှုတ်ခမ်းမွှေးလေးတွေနဲ့ ရင်သားမရှိတော့တဲ့သူတချို့ရဲ့ ဗီဒီယိုအင်တာဗျူးတွေကို သူကြည့်မိပြီး ပြောဆိုလာတဲ့စကားတွေပါ” လို့ မအေမီက ပြောပါတယ်။
မအေမီရဲ့ သမီးကြီးဟာ အသက်ခြောက်နှစ်အရွယ်လောက်မှာတော့ ယောကျ်ားလေး အဝတ်အစား တွေကို ပိုနှစ်သက်လာခဲ့တာဖြစ်ပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှ အဲဒီခံစားချက်တွေက ပိုမို ထင်ရှားလာခဲ့ပေမယ့် မိခင်ဖြစ်သူမအေမီအတွက်တော့ သမီးရဲ့ဖြစ်တည်မှုကိုအတိအကျသတ်မှတ်ဖို့ထက် သူ့ကို စိတ်ဒဏ်ရာမရစေဖို့ကိုသာ အလေး
ထားတွေးဖြစ်ခဲ့ပါတယ်။
အသက် ၁၁ နှစ်ကျော်လာချိန်မှာ ရင်သားတွေ စတင်ဖွံ့ဖြိုးလာပြီး အတွင်းခံအကြပ်တွေ ဝတ်ရတဲ့ အခြေအနေဟာ သမီးဖြစ်သူအ
တွက် စိတ်မသက်မသာဖြစ်စေတဲ့ အရာတစ်ခု ဖြစ်လာပါတယ်လို့ မအေမီက ဆိုပါတယ်။ အဲ့ဒါကြောင့်ပဲ မအေမီဟာ သမီးဖြစ်သူကို ခွဲစိတ်ကုသမှုတွေရဲ့အကျိုးဆက်တွေ အ
ကြောင်းရှင်းပြဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
သူမကတော့ သမီးကို ကိုယ်ဖြစ်ချင်တဲ့ပုံစံအတိုင်း နေထိုင်ခွင့်ပေးရင်း တဖက်မှာလည်း ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကနေ ကာကွယ်ပေးချင်နေခဲ့ပါတယ်။
“သူနေချင်သလို၊ ဝတ်ချင်သလို ဝတ်တာတွေကို မပိတ်ပင်ချင်ဘူး၊တဖက်ကလည်း တခြား
သူက တချက်ကလေး အမြင်မကြည်မှာကိုတောင် ကိုယ့်သားသမီးကို မခံစားစေချင်ဘူး” လို့ မအေမီက ပြောပါတယ်။
မအေမီကိုယ်တိုင်ကလည်း ကျား/မဖြစ်တည်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတွေကို လုပ်ငန်းခွင်အတွေ့အကြုံတွေကနေ နားလည်လက်ခံထားသူဖြစ်ပါတယ်။ ကလေး
သူငယ်ဆိုင်ရာစီမံချက်တွေမှာပါဝင်လုပ်ကိုင်ခဲ့ဖူးတာကြောင့်လူတဦးချင်းစီရဲ့ကျား/မဖြစ်တည်မှုဟာသမီးဖြစ်သူရဲ့အခွင့်အရေးတရပ်ဖြစ်တယ်ဆိုတာကိုလည်း သူ နားလည်ထားပါတယ်။
“မိန်းမဖြစ်ကို ဖြစ်ရမယ်၊ ယောကျ်ားဖြစ်ကို ဖြစ်ရမယ်ဆိုပြီး Instruction မပေးဘူး၊ ကိုယ်က ဒီမိုကရေစီဘက်ကိုသွားတယ်၊ သွားတယ်ဆိုတာမှာ ကိုယ့်ဆုံးဖြတ်တဲ့အရာ ကိုယ်ခံ သူ့ကိုအမြဲပြောတယ်”လို့မအေမီကသမီးဖြစ်သူအပေါ်ထားတဲ့သဘောထားကိုပြောပါတယ်။
သမီးဖြစ်သူကမိန်းကလေးလိုနေချင်ရင်လည်း အဲဒီအတိုင်းနေနိုင်အောင်ပံ့ပိုးပေးမယ်၊ ယောကျ်ား လေးလို နေချင်ရင်လည်း သူ့ရွေးချယ်မှုအတိုင်း နေခွင့်ပေးမယ်လို့ မအေမီက ဆိုပါတယ်။ တဖက်မှာတော့ သူရွေးချယ်တဲ့ပုံစံအတိုင်း နေထိုင်ရင်း ကြုံလာနိုင်တဲ့ ပတ်ဝန်းကျင်ရဲ့ အမြင်နဲ့ အကျိုးဆက်တွေကိုတော့ ကြိုတင်ရှင်းပြပေးမယ်လို့ ဆိုပါတယ်။
“ကိုယ့်သမီးလေးက အခုအချိန်မှာ on the margin လို့ပဲ ပြောရမယ်ထင်ပါတယ်၊ မကြာခင် လအနည်းငယ်မှာ အပျိုဖော်ဝင်တော့မှာဖြစ်လို့ သူဟာ မိန်းကလေးလိုပဲ ပြန်လည်ပြုမူနေထိုင်မလား၊ လက်ရှိသဘောကျနေတဲ့အတိုင်းပဲ ဆက်နေသွားမလား၊ ဒါမှမဟုတ် လက်ရှိထက် ပိုသေချာတဲ့ အခြား Gender တမျိုးအဖြစ်အပြီးပြောင်းလဲသွားမလားက
တော့ ကိုယ်တိုင်လည်း သိချင်တာကြောင့် စောင့်ကြည့်ရမယ့်အခြေအနေပါ” လို့ မအေမီက ဆိုပါတယ်။
မိခင်ဖြစ်သူကတော့ သမီးရဲ့ဖြစ်တည်မှုကို သူ့အစား ကြိုတင်ဆုံးဖြတ်ထားတာမျိုး မရှိဘဲ သမီးကိုယ် တိုင် ရွေးချယ်သွားနိုင်ဖို့ နေရာပေးထားတယ်လို့ ဆိုပါတယ်။
“မိဘတယောက်အနေနဲ့ကတော့ အများကြီးစဉ်းစားထားတာ၊ ဆုံးဖြတ်ထားတာ၊ စိတ်ပူတာတွေတော့ မရှိဘူး၊ သူကြိုက်တဲ့ဟာကို သူလုပ်ဆိုတာမျိုးတော့ ကျမဘက်မှာရှိတယ်” လို့ မအေမီက ပြောပါတယ်။
မအေမီတဦးတည်းကသာ သမီးဖြစ်သူရဲ့ရွေးချယ်မှုကို နားလည်ပေးနေတာမဟုတ်ပါဘူး။ သမီးဖြစ်သူကို မိန်းကလေးပီပီသသ နေထိုင်စေချင်တဲ့ ဖခင်ဖြစ်သူကလည်း တစ်
ခါတစ်ရံ ယောကျ်ားလေးဆန်ဆန် နေထိုင်တတ်တဲ့ သမီးကိုစနောက်တာမျိုးရှိပေမယ့် သမီးဖြစ်သူရဲ့ ရွေးချယ်မှုကို ဝင်ရောက်တား
ဆီးတာမျိုး မလုပ်ဘူးလို့ မအေမီက ပြောပါတယ်။
“တခါတလေကျရင်လည်းသူ့သမီးက ယောကျ်ားလို ကျားကျားလျားလျားနေတော့ ဟေ့ရောင်ထိုးမလားဘာညာစတာနောက်တာမျိုး
ရှိတယ်။သူ့အဖေဘီရိုထဲကအင်္ကျီတွေယူဝတ်တာ၊ သူ့အဖေကို အင်္ကျီတွေပေးပါဦးဆိုပြီး အတင်းတောင်း တာတွေရှိတယ်၊ အဲ့အခါကျရင် သူ့အဖေက ယောကျ်ားလေးလိုမဖြစ်စေချင်ဘူး ဆိုပေမယ့် သူ တောင်းရင်တော့ပေးပါတယ်”လို့ မအေမီက အမျိုးသားဖြစ်သူရဲ့ သမီးအပေါ်ထားရှိတဲ့သဘော ထားကို အခုလိုပြောပြပါတယ်။
တစ်ဖက်မှာတော့ သမီးဖြစ်သူအတွက် သူ့ရဲ့လုံခြုံရေးနဲ့ လိင်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေတွေကို မိခင်တယောက်အနေနဲ့ ဆက်လက်စောင့်ကြည့်ပေးသွားမယ်လို့ ဆိုပါတယ်။

👍12❤4🖕3🤮1🤣1
လိင်တူချင်းချစ်ကြတာကို မနှစ်မြို့ကြတာဟာ ယဉ်ကျေးမှုတရပ်လိုဖြစ်နေတဲ့လူ့အဖွဲ့
အစည်းကြားမှာ သမီးဖြစ်သူရဲ့ရွေးချယ်မှုကို လူတွေ လက်ညှိုးထိုးကြမှာကိုလည်း မိခင်ဖြစ်တဲ့ မအေမီက မလိုလား ပါဘူး။
ယောကျ်ားလေးဆန်ဆန်ဝတ်စားနေထိုင်လာတဲ့ သမီးဖြစ်သူနဲ့ပတ်သက်ပြီး အဖိုးအဖွားနဲ့ ဆွေမျိုး တချို့ကမိန်းကလေးက မိန်းကလေး
လို မနေဘူးလို့ သမီးဖြစ်သူအပေါ် ပြောဆိုလာမှုတွေကိုလည်း ရင်ဆိုင်ရတယ်လို့ သူမက ပြောပါတယ်။
“ကိုယ်တိုင်ကလည်း ကိုယ်ကြိုက်တာ ကိုယ်
လုပ်ဆိုတော့သိပ်ပြီးဂရုမစိုက်ပေမယ့် အပြော
အဆိုတော့ ခံရတာပေါ့၊ ပြောလာလို့ရှိရင် သူနေချင်သလိုနေပါစေ၊ ယောကျ်ားလေးလိုနေရင် အန္တရာယ်တောင် ကင်းသေးတယ်ဆိုပြီး ပြန်ပြောဖြစ်တယ်၊ ထိုးလာတဲ့လက်ညှိုးတွေကို ဖယ်ပစ်တဲ့သဘောပေါ့” လို့ သူကဖွင့်ဟ ပါတယ်။
မိသားစုအတွင်းမှာ လက်ခံပေးမှုနဲ့ ကာကွယ်ပေးလိုမှုတွေ ရှိလာနေသလို LGBT ဖြစ်တည်မှုကို လူမှုအသိုင်းအဝိုင်းအတွင်း ဘယ်လိုရင်ဆိုင်နေကြရသလဲဆိုတာကလည်း မိ
သားစုတစုနဲ့တစု မတူညီပါဘူး။ အဲဒီလို လူမှုအသိုင်းအဝိုင်းရဲ့ အမြင်တွေကြားမှာ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် လက်ခံပြီး ရပ်တည်နေတဲ့ LGBTQ+ တွေလည်း ရှိပါသေးတယ်။
●ကိုရဲ ရဲ့အတွေ့အကြုံ
“ကျွန်တော်က ငယ်ငယ်က နုနုရွရွနဲ့ သန့်သန့်ပြန့်ပြန့်လေးနေခဲ့တာ၊ငယ်ငယ်ကသူများတွေကအခြောက်ကလေး၊ အခြောက်ကလေးဆိုပြီး ဝိုင်းစခဲ့ကြတာ” လို့ ပြောလာသူကတော့ အသက် ၃၄ နှစ်အရွယ် ကိုရဲ ဖြစ်ပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသဇာတိဖြစ်တဲ့ ကိုရဲ ရဲ့ မိဘတွေဟာ နယ်ဘက်မှာ နေထိုင်ကြတာကြောင့် LGBTQ နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ နည်းပါးတယ်လို့ သူက ဆိုပါတယ်။
ကိုရဲအနေနဲ့ သူ့ရဲ့လိင်စိတ်တိမ်း ညွှတ်မှုကို မိသားစုထံ အခုချိန်ထိ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။
“ကျွန်တော် မြို့မှာ တယောက်တည်းနေတဲ့အခါ ကျွန်တော့်ရဲ့ဖြစ်တည်မှုကို လွတ်လွတ်လပ်လပ် နေလို့ရတယ်လို့ ခံစားရပေမယ့် နယ်ပြန်သွားတာတို့၊ ကျွန်တော့်အဖေအမေတွေ မြို့ပေါ်လာနေတဲ့အခါ တို့ဆို ကျွန်တော့်ရဲ့ဖြစ်တည်မှုက အရမ်းကျဉ်းမြောင်းသွားတယ်လို့ ခံစားရတယ်။ ဘာလို့ဆို ကိုယ့်ကိုယ်ကို ဖုံး
ကွယ်ပြီးနေရသလို ခံစားရတာ” လို့ ကိုရဲက
ဖွင့်ဟပါတယ်။
မိသားစုကိုယ်တိုင် သူ့ရဲ့ဖြစ်တည်မှုကို မသိသေးတဲ့အခြေအနေက ကိုရဲအတွက် ကိုယ့်ကိုယ်ကို အမြဲသတိထား ထိန်းချုပ်ပြီး နေ
ထိုင်နေရသလို ခံစားရစေပါတယ်။
“ကျွန်တော်ဆိုရင် ကျွန်တော့်ရဲ့ဖြစ်တည်မှုကို ပွင့်ပွင့်လင်းလင်းပြောပြီး မနေနိုင်သေးဘူး၊ လူ့အဖွဲ့အစည်းထဲမှာရော၊ ကျွန်တော့်မိသားစုထဲမှာရော ကျွန်တော့်မှာ လျှို့ဝှက်ပြီး ထိန်ချန်ထားရတဲ့ လျှို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းထားရသလိုကြီး သူတို့ရှေ့ရောက်ရင် မသက်မသာဖြစ်ရတယ်” လို့သူကဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ကိုယ့်ရဲ့လိင်စိတ်တိမ်း
ညွတ်မှုကို မိသားစုနဲ့ ဆွေမျိုးအသိုင်းအဝိုင်းထံ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့ အခက်အခဲရှိနေသေးပေမယ့် လုပ်ငန်းခွင်ပတ်ဝန်းကျင်က လုပ်ဖောက်ကိုင်ဖက်အများစုကတော့ သူ့ရဲ့ဖြစ်တည်မှုကို အလေးအနက်တန်ဖိုးထားကြပါတယ်။
●ကိုခ အတွေ့အကြုံ
မိဘရဲ့ တိတ်တဆိတ် နားလည်ပေးမှုအောက်မှာ ကိုယ့်ဖြစ်တည်မှုနဲ့ ရပ်တည်နေသူကတော့ အသက် ၂၄ နှစ်အရွယ် ကိုခ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေတဲ့ ကိုခဟာ မိမိကိုယ်ကို Non-binary အဖြစ်သတ်မှတ်ထားသူဖြစ်ပြီးသူ့မိခင်က
တော့ သားသမီးရဲ့ ဖြစ်တည်မှုကို လက်ခံကြောင်း အတိအလင်း ပြောဆိုထားခြင်းမရှိပေမယ့် ငြင်းပယ်တာ၊ တားဆီးတာ၊ ပြောင်း
လဲဖို့ ဖိအားပေးတာစတာတွေလည်း တခုမှ
မရှိခဲ့ပါဘူး။
ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်အစပ်၊ငဝန်မြစ်ကမ်းဘေးက ရွာလေးတရွာဟာ ကိုခ ရဲ့ မွေးဖွားရာဇာတိ ဖြစ်ပါတယ်။
ကိုခတို့ရွာက လူကြီးသူမတွေကြားမှာတော့ ယောက်ျားလေးဆိုရင် ခြင်းခတ်ရမယ်၊ ဘောလုံးကန် ရမယ်၊ ကျားကျားလျားလျား ရှိရမယ်ဆိုတဲ့ အယူအဆတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
“ကျနော်က ဝါသနာပါတာက ငယ်ငယ်တည်းက ဆောင်းရာသီဆို ဇာတ်ပွဲတွေကြည့်ရတာ ကြိုက်တယ်၊ ရှေ့ဆုံးကသွားကြည့်တယ်၊ ကတာခုန်တာတွေကို သဘောကျတယ်၊ ကြိုက်တယ်၊ ယောကျ်ားလေး သူငယ်ချင်းထက် မိန်းကလေးသူငယ်ချင်းတွေက ပိုများတယ်” လို့ သူ့ရဲ့ ငယ်ဘဝ အတွေ့အကြုံကို ပြောပါတယ်။
ကိုခအနေနဲ့ သူ့ရဲ့ ကျား/မ အမှတ်သညာဖော်ပြမှုပုံစံ (Gender Expression)ဟာ မိန်း
ကလေး ဆန်တဲ့အပြုအမူဘက်ကိုပိုရောက်နေတယ်ဆိုတာကို အသက် ၈ နှစ်အရွယ်၊ ၃တန်းကျောင်းသား ဘဝကတည်းက သူကိုယ်တိုင် သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ကျား/မ အပြုအမူပုံစံတွေဟာ ရွာကလူကြီးတွေ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီခဲ့တဲ့ အတွက် ကိုခဟာ ငယ်စဉ်ကတည်းက စနောက်ခံရတာတွေနဲ့အတူ ဆရာ၊ ဆရာမတွေဆီက ဖိအားပေးခံရတာတွေကိုလည်း ကြုံတွေ့ခဲ့ရပါသေးတယ်။
“သုံးတန်းအရွယ်မှာ အတန်းထဲမှာ ဆရာမက စာအော်ခိုင်းတာ၊ အားကောင်းမောင်းသန်အော်ခိုင်းတာ၊ ကျနော်က အော်လိုက်တော့ ဆရာမက ကျနော်အော်တာ ယောကျ်ားပုံစံမပေါက်ဘူးပေါ့နော်၊ ယောက်ျားဆိုတာ အားထည့်ပြီးအော်ရတယ်ဆိုပြီးပြောတာ မှတ်မှတ်
ရရမှတ်မိနေတယ်”လို့ ကိုခကသူ့ငယ်စဉ်အတွေ့အကြုံကို ပြောပါတယ်။

👍11❤5🖕3🤮1🤣1
ကိုခရဲ့အပြုအမူတွေကို မိဘတွေကသတိ
ထားမိခဲ့ပေမယ့် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို မသိခဲ့ကြ တာလို့ သူက ဆိုပါတယ်။
“ခုနောက်ပိုင်း မေမေနဲ့စကားပြောတဲ့အချိန်မှာကျ ငယ်ငယ်က ကျနော့ကိုစကြတဲ့အချိန်မှာ မေမေတို့က အဲ့လောက်ထိ ကာကွယ်မပေးနိုင်ဘူး၊ ကျနော့ကိုယ် ကျနော်ပဲ ကာကွယ်ခဲ့ရတာများတယ်၊ ကျနော့ကို စရင် လူကြီးလဲမသိဘူးဆဲပြီးပြန်ခဲ့တာ။အိမ်ပြန်ရောက်ရင် အဆူခံရပြီ၊ ဘာဖြစ်လို့ဆဲတာလဲဆိုပြီး” လို့ ကိုခက ပြောပါတယ်။
ကိုခကတော့အနာဂတ်မှာလက်တွဲဖော်ရွေး
ချယ်တဲ့အခါ ယောက်ျားလေးဖြစ်စေ၊ မိန်းက
လေးဖြစ်စေ အပြန်အလှန်မေတ္တာရှိမှု၊ ကိုယ့်အပေါ်ကောင်းမွန်မှုနဲ့ ရေရှည်လက်တွဲနိုင်မှုတို့အပေါ် မူတည်ပြီး ရွေးချယ်သွားမယ်လို့ မိခင်ဖြစ်သူကို ပြောပြထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်က မိန်းကလေးတယောက်ပဲဖြစ်ဖြစ်၊ ယောက်ျားလေးတယောက်ပဲဖြစ်ဖြစ် လက်တွဲတဲ့ အခါ ဆိုရင် ရွေးချယ်ပြီဆိုရင် အမေက လက်ခံနိုင်တယ်ဆိုတဲ့ ခံစားချက်ကိုတော့ရတယ်” လို့ ကိုခရဲ့ ဖြစ်တည်မှုနဲ့ပတ်သက်ပြီး ဆိတ်ဆိတ်နေလေ့ရှိတဲ့ မိခင်ဖြစ်သူရဲ့ပံ့ပိုးပေးမှုနဲ့ပတ်သက်ပြီး ကိုခက ပြောပါတယ်။
မိခင်ဖြစ်သူနဲ့ပိုမိုရင်းရင်းနှီးနှီးနေလေ့ရှိတဲ့ ကိုခဟာ LGBT တွေနဲ့ပတ်သက်တဲ့အကြောင်း တွေကို မိခင်ဖြစ်သူနားလည်နိုင်မယ့် စကား
လုံးမျိုးတွေနဲ့ ဖြည်းဖြည်းချင်း ရှင်းပြဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကိုခရဲ့ဖြစ်တည်မှုကို မိခင်ဖြစ်သူက နားလည်ပေးနိုင်တယ်လို့သူခံစားမိပေမယ့်ဆွေမျိုးတွေကို ထုတ်ဖော်ပြောဖို့အတွက်တော့ သူ့ဘက်က အဆင်သင့်မဖြစ်သေးဘူးလို့လည်း ပြောပါတယ်။
“ဒါနဲ့ပတ်သက်တဲ့အကြောင်းတွေ အသိပညာပေးတာမျိုးကို အရင်လုပ်ရမယ်လို့ထင်တယ်” လို့ ဆွေမျိုးတွေနဲ့ပတ်သက်ပြီး ကိုခက ပြောပါတယ်။
ကိုယ့်ဖြစ်တည်မှုကို မိသားစုထံ အပြည့်အဝဖွင့်ပြောနိုင်သေးတဲ့အခြေအနေမဟုတ်ပေမယ့် မိသားစုရဲ့ နားလည်လက်ခံပေးမှုကို မျှော်လင့်နိုင်တဲ့ လူငယ်တွေလည်း ရှိပါတယ်။ ညီဖြစ်သူ ငယ်စဉ်ကတည်းက မိန်းကလေးသူငယ်ချင်းတွေနဲ့ ပိုရင်းနှီးတာတွေကို သတိ
ထားမိခဲ့တဲ့အစ်ကိုတစ်ယောက်ကတော့ အ
စောပိုင်းမှာ သူကိုယ်တိုင် စနောက်တာမျိုးတွေရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ညီဖြစ်သူကို အရင်ကထက်ပိုပြီး အားပေးဖြစ်တယ်လို့ဆိုပါတယ်။
“အခုလူကြီးဖြစ်လာတော့ ဒါက အမှားမဟုတ်ဘူးဆိုတာကို နားလည်လာတယ်။ LGBTQ ဖြစ်ခြင်းက အမှားလုပ်ထားတာမျိုးမဟုတ်တာကြောင့် သူ့အနေနဲ့ ဒီအပေါ်မှာ စိုးရွံ့နေတာမျိုး၊ အားနာနေတာမျိုးမရှိဘဲ လွတ်လွတ်လပ်လပ် ပြောစေချင်၊ နေစေချင်တယ်” လို့ အစ်ကိုဖြစ်သူ ကိုပြည့်က ပြောပါတယ်။
ကိုပြည့်အဆိုအရ သူတို့ရဲ့ဖခင်ဟာ ညီဖြစ်သူငယ်စဉ်က“ယောကျ်ားဖြစ်ပြီး ကျားကျား
လျားလျားမနေဘူး” ဆိုပြီး ဆူပူခဲ့ဖူးပေမယ့် အသက်ကြီးလာတဲ့နောက်မှာတော့ အရင်လို ပြောဆိုတာမျိုး မရှိတော့ဘဲ LGBTQ+ အ
ကြောင်း ပိုမိုနားလည် လက်ခံလာနိုင်ခဲ့ပါတယ်။
●ဒေါက်တာနွေရဲ့အကြံပြုချက်
ကလေးတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်ပုံ၊ ကစားစရာရွေးချယ်မှုနဲ့ အပြုအမူတွေက သူ့ရဲ့ကျား၊မအမှတ်သညာကိုတိတိကျကျ သတ်
မှတ်ပေးနိုင်တာမဟုတ်ဘူးလို့ နယ်စပ်ဒေသတိုင်းရင်းသားကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းတစ်ခုမှာလုပ်ကိုင်နေတဲ့ CDM ဒေါက်တာနွေ က ရှင်းပြပါတယ်။
“ယောက်ျားလေးမွေးထားတယ်၊ မိန်းကလေးလိုမနေရဘူး၊ မိန်းကလေးအသုံးအဆောင်တွေ မသုံးရဘူးဆိုပြီး မှတ်လောက်သားလောက်အောင် ရိုက်တာမျိုးတွေရှိပါတယ်။ အဲ့ဒီလို ကလေးကို အတင်းအကြပ်ဖိအားပေးတာတွေကြောင့် ငါတကယ်ပဲ မကောင်းတာတွေလုပ်ခဲ့လို့လား၊ မိဘတွေက ဘာလို့ငါ့ကို မချစ်တာလဲ၊ ငါက တကယ်အသုံးမကျတဲ့သူလားဆိုတဲ့ အတွေးတွေ ဖြစ်လာနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုနည်းပါးလာနိုင်ပါတယ်” လို့ ဒေါက်တာနွေက ဆက်ပြောပါတယ်။
မိဘတွေအနေနဲ့ ကလေးရဲ့ဖြစ်တည်မှုကို အတင်းအကျပ်ပြောင်းလဲဖို့ ကြိုးစားမယ့်အစား နားလည်ပေးပြီး စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရရှိအောင် ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ဒေါက်တာနွေက အကြံပြုပါတယ်။
“ကလေးငယ်တစ်ယောက်ဟာ ဘယ်လိုပုံစံ၊ ဘယ်လိုလိင်စိတ်ခံယူမှုပဲရှိနေပါစေ၊သူဟာ မိဘတွေရဲ့ အဖိုးတန်ကလေးတစ်ဦးပဲဖြစ်ပါတယ်။ သူဟာ အချစ်ခံဖို့ထိုက်တန်ပါတယ်” လို့လည်းသူကဆက်ပြောပါတယ်။
●စစ်အာဏာသိမ်းမှုအောက် ပိုဆုံးရှုံးလာတဲ့အခွင့်အရေးတွေ
ခေတ်ကာလတွေပြောင်းလဲလာပြီးနောက် သားသမီးတွေရဲ့ LGBT တွေနဲ့ပတ်သက်တဲ့ဖြစ်တည်မှုတွေကို လက်ခံပေးတဲ့မိဘတွေရှိလာခဲ့ပေမယ့် စစ်တပ်လက်အောက်ရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ဥပဒေကတော့ လက်ခံပေးခြင်းမရှိဘူးလို့လည်း တက္ကသိုလ်ကျောင်း
သား ကိုခကပြောပါတယ်။
မြန်မာနိုင်ငံမှာ လိင်တူဆက်ဆံမှုကို ရာဇသတ်ကြီးပုဒ်မ ၃၇၇ နဲ့ တားမြစ်အပြစ်ပေးထားပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးနဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေတွေကြောင့် LGBTQ+ တွေဟာ စစ်တပ်ရဲ့ ဖိနှိပ်မှု၊ နှောင့်
ယှက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကိုလည်း ပိုမိုရင်ဆိုင်လာရပါတယ်။ ဒါကြောင့် လိင်တူ ချစ်သူအချို့ဟာ လိင်တူလက်ထပ်ခွင့်ကို ဥပဒေအရ အသိအမှတ်ပြုထားတဲ့ အိမ်နီး
ချင်းထိုင်းနိုင်ငံ အပါအဝင် နိုင်ငံခြားကို ရွှေ့ပြောင်းပြီး လွတ်လပ်စွာထိမ်းမြားလက်
ထပ်ခွင့်တွေကို ကိုယ်တိုင် ရှာဖွေ လာကြပါတယ်။

👍11🖕3❤1🥰1🤮1🤣1
LGBTQ+ တွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်မှုတွေကို အာ
ဏာသိမ်း စစ်ကော်မရှင်ဟာ ဆက်လက်ပြုလုပ်နေတာကို တွေ့ရပါတယ်။ ၂၀၂၆ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ရက်စွဲနဲ့ အာဏာ
သိမ်းစစ်တပ်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက လိင်တူချစ်ကြိုက်မှုနဲ့ပတ်သက်တဲ့အ
ကြောင်းအရာတွေကို ရေးသားခြင်း၊ ထုတ်ဝေခြင်း၊ ဖြန့်ချိရောင်းချခြင်းတွေ ပြုလုပ်ပါက တည်ဆဲ ဥပဒေတွေနဲ့ အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလို ထုတ်ပြန်မှုဟာ LGBTQ+ ဖြစ်တည်မှုနဲ့ လိင်တူချစ်ကြိုက်မှုဆိုင်ရာ အကြောင်းအရာတွေကို လူငယ်တွေအပေါ် “အတွေးအမြင် လွဲမှားစေနိုင်တယ်”၊ “မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူး” ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကန့်သတ်ဖို့ ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ BL နဲ့ GL စာအုပ်တွေကိုအွန်လိုင်းကနေကြော်ငြာရောင်း
ချနေတဲ့ စာပေနဲ့ စာအုပ်ဆိုင် Facebook စာမျက်နှာ ၉ ခုကိုလည်း စစ်ကော်မရှင်ဟာ တရားစွဲဆို အရေးယူသွားမယ်လို့ သိရပါတယ်။ပိုဆိုးတာကတော့ အာဏာသိမ်းစစ်တပ်က အမျိုးသားဆိုရင် LGBTQ တွေကိုပါမရှောင် စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ဖိအားပေးစစ်မှုထမ်းခိုင်းနေတာဖြစ်ပါတယ် ။
“အခုလက်ရှိအုပ်ချုပ်မှုအောက်မှာ နေထိုင်နေရတဲ့ လူငယ်တယောက်အနေနဲ့ပြောရရင် ဘဝကိုရှေ့ဆက်ရမယ့်အောင်မြင်မှုတွေဆုံးရှုံးသွားတယ်လို့ ခံစားရတယ်။ ဒီလိုအခြေအနေတွေ ကြားမှာ LGBTQ တစ်ယောက်ဖြစ်တာ အများကြီးခက်ခဲပါတယ်။ လူတွေရဲ့လက်ခံခြင်း၊ မခံခြင်း ပေါ်မှာရော လုပ်ငန်းခွင်ထဲမှာရော ခက်ခဲတယ်။ အခုအလိုအခြေအနေမျိုးမှာလည်း ကိုယ့်ရဲ့ဖြစ်တည်မှုကိုလည်း ပွင့်ပွင့်လင်းလင်းထုတ်ပြောဖို့အတွက်ကိုလည်း လုံခြုံမှုရှိတယ်လို့လည်း မခံစားရပါဘူး” လို့ အသက် ၃၀ကျော်အရွယ် လူငယ် Make-up and hairstylistလည်းဖြစ်LGBTQ တဦးလည်းဖြစ်တဲ့ ကိုမြတ်က ဆိုပါတယ်။
မိသားစုအတွင်းမှာ နားလည်လက်ခံပေးမှုတွေ ရှိလာနေပေမယ့်လည်း LGBTQ+ တွေအနေနဲ့တော့ လူမှုအသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေ၊ ခွဲခြားဆက်ဆံမှုတွေအပြင်အာဏာသိမ်ယ စစ်တပ်ရဲ့ဖိနှိပ်ကန့်သတ်ချက်တွေ
ကြောင့်ပိုအခက်တွေ့လာကြပါတယ်။
ဒီလိုအခြေအနေတွေကြားမှာပဲ မိသားစုရဲ့ နားလည်ပံ့ပိုးပေးမှုက LGBTQ+ လူငယ်တွေရဲ့ မတူကွဲပြားတဲ့ဖြစ်တည်မှုတွေအပေါ် ယုံ
ကြည်မှုအပြည့်နဲ့ လွတ်လပ်စွာ ရပ်တည်နိုင်ဖို့ အရေးပါတဲ့ ခွန်အားတစ်ခု ဖြစ်လာပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အဖွဲ့အစည်းအသီးသီးမှာ LGBTQ+ တွေပိုမိုပါဝင်လာနေပါတယ်။စစ်အာဏာသိမ်းမှုကိုလက်မခံဘဲ ကိုယ်ရောက်ရာနေရာကတော်လှန်နေကြတဲ့ ပြည်သူတွေထဲမှာလည်း သူတို့တွေ ပိုမိုပါဝင်လာကြပါတယ် ။
“သင်္ကြန်မိုးဇာတ်ကားထဲကအတိုင်းပြောရမယ်ဆိုရင် ကလေးတွေကို လွတ်လပ်ခွင့်ပေးလိုက်ပါ ကိုငြိမ်းမောင်ရယ်လို့ပဲ အန်တီက ပြောချင်ပါတယ်” လို့ ဖြိုးရဲ့မိခင် ဒေါ်ချိုချိုက လူငယ်တွေရဲ့ မတူကွဲပြားတဲ့ လိင်စိတ်ခံယူချက်နဲ့ ဖြစ်တည်မှုတွေကို မိသားစုနဲ့ လူမှုပတ်ဝန်းကျင်တွေက လက်ခံပေးဖို့အတွက် ပြောလိုက်ပါတယ်။ ။

👍21🖕3❤1🤮1🤣1
တိုင်းနဲ့ ပြည်နယ်အချို့မှာ မိုးကြီးပြီး တောင်ပြို၊မြေပြိုဘေးအန္တရာယ်ဧရိယာ ပိုများလာ
စက်တင်ဘာ ၂၇၊၂၀၂၆။အိမ်သွင်/People's Spring
ထိုင်းနိုင်ငံဘက်ကနေရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးကြီးပြီး ကရင်နဲ့မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ ရေကြီးမြေပြိုဘေးအန္တရာယ်ကြီးမားနေတယ်လို့ထိုင်းမိုးလေဝသဌာန (TMD) က သတိပေးချက်ထုတ်ပြန်ပါတယ်။
TMD ရဲ့ ဒီနေ့စက်တင်ဘာ ၂၇ရက်မနက်ပိုင်းထုတ်ပြန်ချက်မှာ လေဖိအားနည်းရပ်ဝန်းက အားပျော့သွားပေမယ့် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နဲ့၊ ကရင်နီပြည်နယ်တွေမှာ ဒီနေ့ စက်တင်ဘာ ၂၇ရက်နဲ့၂၈ရက် ၂ရက်ဆက် မိုးကြီးနိုင်ပြီး တောင်ကျရေနဲ့မြေပြိုမှု အန္တရာယ်ကြီးမားနေတယ်လို့သတိပေးထားပါတယ်။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကမ်းရိုးတန်းဒေသတွေမှာလည်း မုတ်သုန်လေအားအလွန်ကောင်းနေပြီး မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့သတိပေးထားပါတယ်။တောင်တန်းဒေသတွေမှာ တောင်ကျရေကျဆင်းခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း(Flash Floods)နဲ့ တောင်ပြို၊မြေပြိုခြင်း (Landslides) အန္တရာယ် အလွန်မြင့်မားနေတယ်လို့ TMDက ထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နဲ့၊ ကရင်နီပြည်နယ်တွေဟာ တောင်တန်းဒေသတွေဖြစ်ပြီး မိုးများရင် မြေပြိုတဲ့အန္တရာယ်ရှိတဲ့ဒေသတွေ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)ကလည်း ထိုင်းနိုင်ငံဘက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလ ၂၇ ရက်ကနေ ၂၉ ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့မကွေး တိုင်းမှာမိုးကြီးနိုင်တယ်လို့ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ တနင်္သာရီအတိုင်းအတွင်း ရေဘေးနဲ့ မြေပြို ဘေးကြုံတွေ့နေပါတယ်။
လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ ရေ ဘေးကြုံတွေ့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။လောင်းလုံးမြို့ဟာ လက်ရှိမှာရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရတဲ့ မြို့နယ်ဖြစ်ပြီး ကူညီကယ်ဆယ်ရေးတွေလည်းမလုပ်နိုင်သေးဘူးလို့ သတင်းရရှိပါတယ်။လောင်းလုံးမြို့နယ်ရဲ့ အနောက်ဘက်တောင်တန်းဟာ ဆက်လက် မြေပြိုနေပြီး အနီးပတ်ဝန်းကျင်မှာနေသူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
" အခြေအနေတွေကတော့ ဆိုးလွန်းတယ်။ စီးပွားရေးလုပ်ငန်းတွေပါ ရပ်ကုန်တာ။ အိမ်တွေပျက်တာလည်း မနည်းမနောပဲ"လို့ လောင်းလုံးဒေသခံတစ်ဦးက ပြောပါတယ်။
တောင်ပြိုမှုတွေနဲ့ အိမ်ပြိုမှုတွေကြောင့် ၁၀ဦးထက်မနည်း သေဆုံးပြီး ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတွေကထုတ်ပြန်ထားကြပါတယ်။ စက်တင်ဘာ ၂၄ ရက်မှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထားဝယ်ဒေသတစ်ဝန်း နေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေ ဖြစ်ပွားနေပြီး ပြည်သူ တွေကဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်ပျက်စီးနေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ဒီနေ့နေ့လယ်ပိုင်းမှာထုတ်ပြန်ပါတယ်။ ဆက်သွယ်ရေးတွေလည်းပြတ်တောက်နေပြီး ဒေသခံတွေကအခက်အခဲမျိုးစုံကြုံတွေ့နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိ ရာသီဥတုအခြေအနေကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းလည်း မိုးကြီးနိုင်ပြီး စက်တင်ဘာလ၂၉ရက်မှပဲ နိုင်ငံတဝန်းမိုးအားလျော့နိုင်တယ်လို့ သတိပေးချက်တွေ ရှိနေပါတယ်။လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန် စက်တင်ဘာ၂၈ရက်မှာ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားကာ အားလျော့ပျက်ပြယ်သွားနိုင်တယ်လို့ MoSLHAက ထုတ်ပြန်ထားပါတယ်။
(လောင်းလုံးမြို့နယ်မှာ ရေကြီးမှုဖြစ်နေစဉ်။ ဓာတ်ပုံ - ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့)

👍29❤6🔥5👎1🤣1
မုံရွာ ရပ်ကွက်အချို့ မိုးရွာတိုင်း ရေမြုပ်နေလို့ဒေသခံတွေကျန်းမာရေးနောက်ဆက်တွဲ
ပြသာနာစိုးရိမ်နေ
စက်တင်ဘာ-၂၇၊၂၀၂၆။ဇေအောင်/People's Spring
မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ရေနှုတ်မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်နေတာကြောင့် နောက်ဆက်တွဲကျန်းမာရေးပြသာနာတွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။
မုံရွာမြို့ရုံးကြီးရပ်ကွက်အမှတ်(၁)နယ်မြေ
၊သလ္လာဝတီရပ်ကွက် နဲ့ ပိတောက်လမ်းမကြီး တစ်လျှောက်တို့ဟာ မိုးရွာတိုင်း ရေမြုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ချင်းတွင်းမြစ်နဲ့ ကန်သာယာကြားမှာရှိတဲ့ သလ္လာဝတီရပ်ကွက်ထဲမှာ မိုးသည်းသည်းမည်းမည်း ရွာတဲ့အခါတိုင်း ရေနစ်နေပြီးအချို့နေ
ရာတွေဆိုရင် ရေအနက် ၃ ပေလောက်အထိ ရေမြင့်တက်လာလေ့ ရှိကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
"ကျောက္ကာလမ်းလည်း ရေဝင်တယ်။ နန္ဒဝန်ဘက်တွေရောရေဝင်တယ်။ ရေကထွက်စရာမရှိ ဖြစ်နေတာ"လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
မိုးများတဲ့အပြင် ပိတောက်လမ်းမကြီးအပါ
အဝင် အချို့နေရာတွေမှာ ရေစီးရေလာအ
တွက် ရေနုတ်မြောင်းစနစ် သေချာမရှိသေး
တာကြောင့် မိုးရွာလိုက်တာနဲ့ ရေတွေ မစီးဆင်းနိုင်ဘဲ လမ်းပေါ်နဲ့ ရပ်ကွက်ထဲမှာ ဝပ်ကျန်နေတာဖြစ်တယ်လို့ သိရပါတယ်။
“အခုက စည်ပင်တွေက လူကြီးလမ်းကြောင်း ရှိမယ့်နေရာလောက် အလုပ်လုပ်ကြတော့တာ။မြောင်းတွေလည်းအကုန်ပိတ်ဆို့နေတာ”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
ခုလို ရေဝပ်ပြီး ရေနစ်မြုပ်မှုတွေကြောင့် ရေ
ရှည်မှာ သန့်ရှင်းရေးနဲ့ ကျန်းမာရေး အခက်
အခဲတွေ ဖြစ်လာနိုင်ကြောင်း၊ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ မျက်စိဝေဒနာ၊ တုပ်ကွေးနဲ့ ရေညစ်ရေဝပ်ရာကနေ ဖြစ်ပွားနိုင်တဲ့ အခြားကျန်းမာရေး ပြဿနာတွေ ကြုံရမှာကိုလည်း ဒေသခံတွေက တော်တော်လေး စိုးရိမ်နေကြတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်
ထားရေး ဝန်ကြီးဌာနကတော့ ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မနက်က မိုးလေဝသအခြေအနေကို ထုတ်ပြန်ခဲ့ရာမှာ လက်ရှိ ဘန်ကောက်မြို့နဲ့ အနီးဝန်းကျင်အပါအဝင် ထိုင်းနိုင်ငံအောက်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း (Active Low-Pressure Cell)ဟာ ထိုင်းနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းပြီး လာမယ့် စက်
တင်ဘာ၂၈ရက်နေ့မှာ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားကာ အားလျော့ပျက်ပြယ် သွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်
တင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်
နယ်၊ ကရင်နီပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မကွေး တိုင်းတို့မှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး တန
င်္သာရီတိုင်းအလယ်ပိုင်းဒေသတွေမှာ နေရာ ကွက်ပြီး မိုးကြီးတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးကြီးခြင်းနောက်
ဆက်တွဲ ရေကြီးတာ၊ တောင်ကျချောင်းရေလျှံတာ၊ လျှပ်တစ်ပြက်ရေလွှမ်းမိုးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ် နိုင်ကြောင်း အသိပေးပါတယ်။
ကပ္ပလီပင်လယ်ပြင်မှာ အနောက်တောင်မုတ်သုံလေ ဆက်လက် အားကောင်းနေပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ ကမ်းနီးကမ်းဝေးရေလုပ်ငန်းတွေဆောင်ရွက်နေသူတွေအနေနဲ့ ပင်လယ်ပြင်ရေလုပ်ငန်း ဆောင်ရွက်မှုတွေကို ခေတ္တရပ်နားထားသင့်တယ်လို့ NUG က သတိပေးပါတယ်။
ဆက်လက်ပြီး တောင်ကုန်းတောင်တန်းတွေအနီးနဲ့ မြစ်ချောင်းတွေရဲ့ကမ်းပါးတွေအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုကမ်းပြိုဘေး အန္တရာယ်ကို အထူးသတိပြုနေထိုင်ကြဖို့ အသိပေးထားပါတယ်။

😢16🔥10👍2👎2❤1😁1🤣1
မုံရွာမြို့ရုံးကြီးရပ်ကွက်၊ အမှတ် (၁) နယ်
မြေ၊ သလ္လာဝတီရပ်ကွက်နဲ့ ပိတောက်လမ်းမကြီးမှာရေကြီးနေစဉ်။ ဓာတ်ပုံ −ပေးပို့

🔥16👍7😢3🙏3👎1🖕1
KNPPပါတီ အမြဲတမ်း ပါတီဗဟိုကော်မတီဝင်နဲ့ KA ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်
စက်တင်ဘာ -၂၇၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အမြဲတမ်းပါတီဗဟိုကော်မတီဝင်နဲ့ ကရင်နီတပ်မတော် (Karenni Army - KA) ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်သွားတယ်လို့ KNPP ပါတီဗဟိုဌာနချုပ်က ထုတ်ပြန်ပါတယ်။
အသက်(၇၆)နှစ်အရွယ် ဗိုလ်မှူးကြီး ဘုန်းနိုင်ဟာ ဒီကနေ့(စက်တင်ဘာ ၂၇ ရက်) မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားတာလို့ ဖော်ပြပါတယ်။
"ပြီးခဲ့တဲ့ လေးလောက်ငါးလလောက်ကတည်းက လူကြီးရောဂါနဲ့ ဗိုလ်မှူးကြီး ဆေးကုနေရတာ"လို့ ကရင်နီတပ်မတော်နဲ့ နီးစပ်သူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
ကရင်နီတပ်မတော် တပ်ဖွဲ့၀င်တစ်ဦးကလည်း "အရင်တလောက ဆေးရုံရောက်တယ်။ညနေက ဆုံးတယ်လို့ ကြားရတာပေါ့"လို့ ဗိုလ်မှူး
ကြီးဘုန်းနိုင်ကွယ်လွန်တဲ့မှုနဲ့ပတ်သက်ပြီး ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၃၀ ရက်မှာ ကရင်နီပြည်နယ်စပ်တစ်နေရာမှာ မြေမြှုပ်သဂြိုဟ်မယ့်အကြောင်းရပ်ဝေးရပ်နီးဆွေမျိုးမိတ်
ဆွေတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို KNPP က အသိပေးပါတယ်။
ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီတပ်မတော် (Karenni Army - KA)မှာစစ်ရေးဆိုင်ရာတာဝန်အဆင့်
ဆင့်ကို ရေရှည်ထမ်းဆောင်ခဲ့ပြီး ထင်ရှားတဲ့ စစ်ရေးခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။
၂၀၂၁ နောက်ပိုင်း တော်လှန်ရေးကာလမှာလည်း ကရင်နီပြည်နယ်က စစ်ဆင်ရေးနဲ့စစ်ရေးပြင်ဆင်မှု တွေ ကရင်နီတပ်ပေါင်းစုရဲ့ မြေပြင်စစ်ဆင်ရးညှိနှိုင်းမှုတွေမှာအဓိက ပြောရေးဆိုခွင့်ရှိသူနဲ့ ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ကရင်နီပြည်သူတွေ အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်ပြတ်သားတဲ့ ရပ်
တည်ချက်ကို ထုတ်ဖော်ပြောဆိုထားခဲ့သူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃၀ရက်ကလည်း KNPPရဲ့ အထွေ ထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကျောက်ကပ်ရောဂါ နဲ့ ကွယ်လွန်ခဲ့ပါတယ်။
နှစ် ၇၀ နီးပါး စစ်အစိုးရအဆက်ဆက်ကို တော်လှန်နေတဲ့ ကရင်နီတပ်မတော်(KA)က ၂၀၂၁ စစ်တပ်အာဏာ သိမ်းမှုကိုလက်မခံဘူးလို့ ကန့်ကွက်ခဲ့ပြီးနောက် ဒေသတွင်းအသစ်ထွက်ပေါ်လာတဲ့ ကရင်နီတော်လှန်ရေးတပ်တွေကို စစ်သင်တန်းပေးတာ နဲ့ ပူးတွဲစစ်ဆင်ရေးတွေ ရှိနေပါတယ်။
ဒါ့အပြင် ၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ ၊တိုင်းရင်းသားလက်နက်
ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်တွေနဲ့အ
စည်းအဝေးပြုလုပ်ခဲ့ပြီး KNPP က ၂၀၂၁ ဧပြီမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို ဖွဲ့စည်းထားပါတယ်။

😢34❤6👎1👏1🎉1🤮1💩1
သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံတဲ့ လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းက ပြည်သူတွေ ပြုလုပ်
စက်တင်ဘာ-၂၇၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့
နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်
ရှားမှုတွေကိုဒီကနေ့ (စက်တင်ဘာ ၂၇) ပြု
လုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှာသပိတ်အင်
အားစုက ဦးဆောင်ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်
အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရေးအတွက် အားပေးထောက်ခံဖို့ ရွာစဉ်အလိုက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေကာ တိုက်
တွန်းနှိုးဆော်ခဲ့ပါတယ်။
ရွေဘိုသပိတ်အင်အားစုက "မြန်မာပြည်သူတွေရဲ့ အသံကို မတိတ်ဆိတ်စေပါနဲ့"၊ "ဦးကျော်မိုးထွန်းကို UNမှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုပါ" ၊"မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို လေးစားပေးပါ"၊ "ဦးကျော်မိုးထွန်းကသာလျှင့်ငါတို့ရဲ့ တရားဝင်သံအ
မတ်ဖြစ်တယ်။ ငါတို့ သံအမတ် ၊ ငါတို့အသံ" စတဲ့ စာသားပါ လက်ကမ်းစာစောင်တွေကို
ဖြန့်ဝေခဲ့ပါတယ်။
ပုလဲမြို့နယ်ကျေးရွာတစ်ရွာမှာလည်း သပိတ်
ကော်မတီဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီး ကုလသမဂ္ဂမှာ သံအ
မတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ရှိစေရေးအတွက် လူထုထောက်ခံပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
ဝက်လက်မြို့နယ်မှာလည်းလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထောက်
အထားဆိုင်ရာကော်မတီမှာ သံအမတ်ကြီး
ဦးကျော်မိုးထွန်း ဆက်လက်နေရာရရေးအ
တွက် အထောက်အကူပြုစာစောင်များကို စက်တင်ဘာ ၂၆ ရက်က ဖြန့်ဝေခဲ့ပါတယ်။
ပြည့်သူအသံကို ကိုယ်စားပြုသော သံအမတ်ကြီးဖြစ်ကြောင်းနဲ့ ပြည်သူ့အသံရဲ့ အရေးပါမှုကိုလက်တွေ့သက်သေပြနိုင်ရန်အတွက် ပြည့်သူထောက်ခံအားပေးမှုကို ဖော်ပြနိုင်မယ့် အ
သိပေးစာစောင်တွေကိုဖြန်ဝေခဲ့ခြင်းဖြစ်တယ်လို့ ဝက်လက်လူထုသပိတ်က ဆိုပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအ
ဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်
လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကိုမြန်မာနိုင်ငံအပါအဝင်ကမ္ဘာ့နိုင်ငံအ
သီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

❤28👍3👏2🥰1🤮1💩1🤣1🖕1
ဓာတ်ပုံ - ရွှေဘိုသပိတ်အင်အားစု၊ ဝက်လက်လူထုသပိတ်၊ ပုလဲလူထုသပိတ်
🥰31❤5👍4🤮2👏1😁1💩1🤣1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၂၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
■တိုင်းနဲ့ ပြည်နယ်အချို့မှာမိုးကြီးပြီး
တောင်ပြို၊မြေပြိုဘေးအန္တရာယ်ရှိနေ
ထိုင်းနိုင်ငံဘက်ကနေရွေ့လျားလာတဲ့ လေ
ဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးကြီးပြီး ကရင်နဲ့မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ ရေကြီးမြေပြိုဘေး
အန္တရာယ်ကြီးမားနေတယ်လို့ထိုင်းမိုးလေ
ဝသဌာန (TMD)ကသတိပေးချက်ထုတ်ပြန်ပါတယ်။TMD ရဲ့စက်တင်ဘာ ၂၇ရက်မနက်ပိုင်းထုတ်ပြန်ချက်မှာ လေဖိအားနည်းရပ်ဝန်းက အားပျော့သွားပေမယ့် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နဲ့၊ ကရင်နီပြည်နယ်တွေမှာ ဒီနေ့ စက်တင်ဘာ ၂၇ရက်နဲ့၂၈ရက် ၂ရက်ဆက် မိုးကြီးနိုင်ပြီး တောင်ကျရေနဲ့မြေပြိုမှုအန္တရာယ်ကြီးမားနေတယ်လို့သတိ
ပေးထားပါတယ်။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကမ်းရိုးတန်းဒေသတွေမှာလည်း မုတ်သုန်လေအားအလွန်ကောင်းနေပြီး မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့သတိပေးထားပါတယ်။တောင်တန်းဒေသတွေမှာ တောင်ကျရေကျဆင်းခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း(Flash Floods)နဲ့ တောင်ပြို၊မြေပြိုခြင်း (Landslides) အန္တရာယ် အလွန်မြင့်မားနေတယ်လို့ TMDက ထုတ်ပြန်ပါတယ်။
◾️ထားဝယ်မှာမိုးကြီးပြီးရေကြီး၊တောင်ပြိုမှုတွေကြောင့် လူငါး ဦးထက်မနည်းသေဆုံး
မြန်မာနိုင်ငံတောင်ပိုင်း ၊တနင်္သာရီတိုင်း ၊ ထားဝယ်ဒေသတဝှမ်းမှာ မိုးကြီးပြီးနောက်ရေကြီးရေလျှံမှုတွေနဲ့ တောင်ပြိုမှုတွေဖြစ်
ပွားနေပြီးလူငါးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ဒီနေ့ (စက်တင်ဘာ ၂၇ ) မှာထုတ်ပြန်ပါတယ်။ သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့မဖော်ပြထားပါဘူး။ ထားဝယ်ဒေသက ကျေးရွာပေါင်း ၄၀ နီးပါးမှာ ရေကြီးနေပြီးတောင်ပြိုမှုတွေလည်းဖြစ်နေကာအိမ်ခြေ ၂၀ ထက်မနည်းပြိုကျပျက်
စီး ခဲ့တယ်လို့လည်း ထားဝယ်တော်လှန်ရေးအဖွဲ့အစည်းတွေစုစည်းထားတဲ့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာအသိပေးထားတာတွေ့ရပါတယ်။ ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာ ၊အခြားသောအခက်အခဲတွေကြောင့် သဘာဝဘေးကြုံနေရတဲ့နေရာတွေရဲ့အခြေအနေအပြည့်အစုံကိုလက်ရှိမှာမရနိုင်သေးဘူးလို့လည်းဆိုထားပါတယ်။
◾️လောင်းလုံးမြို့နယ်မှာမြေပြိုမှုနဲ့ ရေကြီးမှုကြောင့်လူသေဆုံးပျောက်ဆုံးမှုရှိနေ
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ မြေပြိုမှုနဲ့ ရေကြီးမှုကြောင့် လူသေဆုံးပျောက်
ဆုံးမှု တချို့ရှိနေပြီး ပိတ်မိနေတဲ့ဒေသခံတွေလည်းရှိတာကြောင့် ကူညီကယ်ဆယ်ရေးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောပါတယ်။ ဒီကနေ့(စက်တင်ဘာ ၂၇ ရက်) မနက် ၅ နာရီကျော်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောင်းလုံးမြို့နယ် အောက်ဘက်မှာ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။ ဒါ့အပြင် ကဒက်ငယ်ထိန်ကျေးရွာဘက်မှာလည်း ပျောက်ဆုံးတဲ့သူတချို့ရှိပြီး ပိတ်မိတဲ့သူတွေလည်းရှိနေလို့ ကူညီပေးဖို့လည်း အဲဒီရွာခံတစ်ဦးက အသိပေးပါတယ်။
◾️KNPPပါတီ အမြဲတမ်း ပါတီဗဟိုကော်
မတီဝင်နဲ့ KA ဒုတိယစစ်ဦးစီးချုပ်
ဗိုလ်မှူးကြီးဘုန်းနိုင်ကွယ်လွန်
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အမြဲတမ်း ပါတီဗဟိုကော်မတီဝင်နဲ့ ကရင်နီတပ်မတော် (Karenni Army - KA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်သွားတယ်လို့ KNPP ပါတီဗဟိုဌာနချုပ်က ထုတ်ပြန်ပါတယ်။ အသက်(၇၆)
နှစ်အရွယ်ဗိုလ်မှူးကြီး ဘုန်းနိုင်ဟာ ဒီကနေ့
(စက်တင်ဘာ ၂၇ ရက်) မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားတာလို့ ဖော်ပြပါတယ်။စက်တင်ဘာ ၃၀ ရက်မှာ ကရင်နီပြည်နယ်စပ်တစ်နေရာမှာ မြေမြှုပ်သဂြိုဟ်မယ့်အကြောင်းရပ်ဝေးရပ်နီး ဆွေမျိုးမိတ်ဆွေတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို KNPP က အသိပေးပါတယ်။ ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီတပ်မတော် (Karenni Army - KA) မှာ စစ်ရေးဆိုင်ရာ တာဝန်အဆင့်ဆင့်ကို ရေရှည်ထမ်းဆောင်ခဲ့ပြီး ထင်ရှားတဲ့ စစ်ရေးခေါင်း
ဆောင်တစ်ဦး ဖြစ်ပါတယ်။
◾️ကမ္ဘာ့မြစ်ချောင်းများနေ့မှာကချင်ဒေသခံ ၁၀၀ကျော် မြစ်ဆုံဆည်စီမံကိန်းအလိုမရှိကြောင်း ဆန္ဒပြ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသမှာ ဒေသခံ ၁၀၀ ကျော်ကမြစ်ဆုံဆည်စီမံကိန်းမလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဆက်လက် ပြုလုပ်ခဲ့ပါတယ်။ စစ်အုပ်စုဘက်က မြစ်ဆုံစီမံကိန်းပြန်စဖို့ လူထုတွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ် စည်းရုံးဟောပြောနေတဲ့ အခြေအနေမှာ ဒေသခံတွေကလည်း စီမံကိန်း အလိုမရှိကြောင်း ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ မကြာခဏ ပြုလုပ်လျက်ရှိရာ စက်တင်ဘာ ၂၆ရက်က ကျရောက်တဲ့ ကမ္ဘာ့မြစ်ချောင်းများနေ့မှာ စီမံကိန်း အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တာ၊ မြစ်ဆုံဆည်စီမံကိန်း ကန့်

👍14❤2🔥1🤣1🖕1
ကွက်ကြောင်း ဟောပြောတာ စတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။ စီမံကိန်းကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို မေခနဲ့ မေလိခမြစ်ဆုံရာ မြစ်ဆုံရဲ့ အထက်ဘက် တနေရာမှာ ၃နာရီကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၀ိုင်းမော်မြို့နယ်က ဒေသခံ၁၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ ပြည်သူတွေက အစဉ်အမြဲ ကန့်ကွက်ကြောင်း ပြသခြင်းလည်းဖြစ်တယ်လို့ သူက ပြောပါတယ်။
◾️ဖာပွန်ခရိုင်တိုက်ပွဲ စစ်တပ်ထံကလက်နက် ၇ လက် KNLA ပူးပေါင်းတပ် ထပ်မံသိမ်းရ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မ
ဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်
နက် ၇လက်သိမ်းရခဲ့ကြောင်းKNU တပ်မဟာ
(၅)က စက်တင်ဘာ ၂၇ရက်မှာသတင်းထုတ်ပြန်ပါတယ်။ တပ်မဟာ(၅)က ကရင်ဘာသာနဲ့.ထုတ်ပြန်ချက်ကိုလည်း ကရင်သတင်းရင်းမြစ်က ရှင်းပြထားရာ စက်တင်ဘာ ၂၅ရက်က စစ်ကောင်စီရဲ့ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ကမမောင်း - ကတိုင်တိလမ်းပိုင်း ဘုရားကုန်းရှိ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ လက်နက်ငယ် ၇လက် သိမ်းရခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံ ဖော်ပြ အသိပေးပါတယ်။ KNU တပ်မဟာ(၅) ပူး
ပေါင်းတပ်တွေဟာ စက်တင်ဘာလလယ်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ရာလက်နက်အချို့သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။
◾️ဗန်းမော်တိုက်ပွဲ စစ်သား၁၀ဦးကို KIA ပူးပေါင်းတပ်ဖမ်းမိ၊ ရုပ်အလောင်းနဲ့လက်နက်တွေ သိမ်းရ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်းကချင် သ
တင်းရင်းမြစ်အချို့က ပြောပါတယ်။ ဗန်းမော်မြို့မှာ စစ်တပ်က အင်အားတွေဖြည့်
တင်းပြီးနောက် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာလို့ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတာလို့ KIAက အသိပေးထားပါတယ်။ ဒီကနေ့ ဗန်းမော်မြို့တိုက်ပွဲမှာ စစ်တပ်က ရုပ်အလောင်း ၆လောင်း၊ လက်နက် ၁၀ လက် သိမ်းရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အခြားကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးနိုင်ခဲ့မှု၊ အလောင်းလက်နက်ရရှိမှု ဖြစ်စဉ်ကို အ
တည်ပြုပြီး ဗန်းမော်တက္ကသိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ အသိပေးပါတယ်။
◾️စစ်တပ်အင်အားသစ်တွေဝင်လာပြီးနောက် ဗန်းမော်မှာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေကြောင်း KIA ပြော
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်
ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်
(KIO/KIA)သတင်းပြန်ကြားရေးဌာနက ဖော်
ပြပါတယ်။ တိုက်ပွဲ ၁နှစ်ခွဲကျော် ဖြစ်ပွားခဲ့တဲ့ ဗန်းမော်မြို့မှာ စစ်တပ်က စစ်သင်္ဘောတွေနဲ့ အင်အားဖြည့်တင်းတာ၊စစ်ပန်းနေတဲ့ တပ်
သားအချို့ကို တပ်ပြောင်းတာတွေ စစ်တပ်ဘက်က ပြုလုပ်ခဲ့ပြီး မြေပြင်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်လာတာလို့ဆိုပါတယ်။လတ်
တလောမှာ ဗန်းမော်တက္ကသိုလ်၊ တာမိုင်းလုံ၊ ဟန်တဲ၊ညောင်ပင်သာ စတဲ့ဒေသတွေ ဘက်သို့စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့ KIA အပြန်အလှန် ထိုးစစ်ဆင်တာ၊ အပြန်အလှန်တ ပ်ဆုတ်ရတာ စတဲ့ အခြေအနေလို့ အသိ
ပေးပါတယ်။မြေပြင်တိုက်ပွဲမရှိတဲ့ အချိန်တွေမှာဆိုရင်လည်း စစ်တပ်ဟာ ဒရုန်းနဲ့ တိုက်
ခိုက်တာ၊ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်ဗုံးကြဲတာတွေ ပြုလုပ်နေကြောင်းလည်း ဖော်ပြပါတယ်။လတ်တ
လောမှာ ဗန်းမော်မြို့မှ အပ ကချင်ပြည်နယ် အခြားဒေသတွေမှာမြေပြင်တိုက်ပွဲတွေဖြစ်တာ မရှိဘူးလို့လည်း အသိပေးပါတယ်။ ဒါပေမဲ့ ဖားကန့်ဒေသ၊ ဧရာ၀တီမြစ်ရိုးတလျှောက် စင်းခန်း၊ဇင်းဘုံ တ၀ိုက်မှာစစ်တပ်က လေကြောင်းဗုံးကြဲတာတွေ ရံဖန်ရံခါ ဆက်လုပ်နေကြောင်း ဖော်ပြပါတယ်။
◾️ပွင့်လင်းကာလမှာ စစ်တပ်ကထိုးစစ်ကြီးလုပ်လာနိုင်လို့ စစ်မျက်နှာ ၇ခုမှာ တိုက်ပွဲတွေပိုပြင်းထန်နိုင်ဟုAAဒုစစ်ဦးစီးချုပ်သတိပေး
ပွင့်လင်းကာလဖြစ်တဲ့ မိုးအကုန်ဆောင်းအစမှာ ရက္ခိုင်ကို ဦးတည်တဲ့စစ်တပ်ထိုးစစ်ဟာ လက်ရှိထက် ပိုများတဲ့ အင်အားတွေနဲ့ ထိုးစစ်ကြီးတပြိုင်တည်း ပြုလုပ်လာနိုင်လို့တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားပါတယ်။ရက္ခိုင်အမျိုး
သားအဖွဲ့ချုပ်(ULA/AA) က ပထမဆုံး ထုတ်ဝေတဲ့ပါတီ စာဆောင်ကို ဒီကနေ့စက်တင်ဘာ ၂၇ရက်မှာ ထုတ်ပြန်ခဲ့ရာ စာစောင် အယ်ဒီတာ့အာဘော်မှာဒေါက်တာညိုထွန်းအောင်က စစ်ရေး အခြေအနေတွေကို အခုလို အသိပေးခဲ့တာဖြစ်ပါတယ်။ ဒီနှစ် မိုးနှောင်းရာသီမှာ စစ်တပ်က အရင်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့နေရာတွေဖြစ်တဲ့ စစ်တွေ၊ကျောက်ဖြူ၊အာရက္ခ-မကွေးအစပ်၊ အာရက္ခ-ပဲခူးအစပ်၊ အာရက္ခ-ဧရာဝတီတိုင်းအစပ်၊ ချင်းပြည်-ပလက်ဝ-အာရက္ခအစပ်နဲ့ အာရက္ခကမ်းရိုးတန်းဖက်တွေမှာ လက်ရှိအသုံးပြုနေတဲ့ စစ်အင်အားထက် နှစ်ဆ သုံးဆတိုးပြီး ကြည်း၊ရေ၊လေ

👍10❤3🔥1🤣1🖕1