People's Spring
✔
60K subscribers
71.5K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်​ရှောင်ရင် စာသင်ကြား​နေတဲ့က​လေး
ငယ်​တွေ။ ဓါတ်ပုံ-The Guardian
👍22😢9🥰3🖕2🤮1
မင်းပြား၊ အမ်းနဲ့ ကျောက်ဖြူမြို့နယ်တို့ကို စစ်တပ်ဗုံးကြဲ

■လူနေရပ်ကွက်နဲ့အကျဉ်းစခန်းကိုကျရောက်
ပေါက်ကွဲပြီးသေဆုံးထိခိုက်သူတချို့ရှိနေ

စက်တင်ဘာ-၂၇၊၂၀၂၆။ခိုင်မြတ်/People’s Spring။

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်မင်းပြားမြို့ပေါ်၊ အမ်းမြို့နယ် ဒလက်ချောင်းရှိ အကျဉ်းစခန်းနဲ့ ကျောက်ဖြူ မြို့နယ်အတွင်းက မင်းကြောင်းချောင်းတံတားတို့ကို ဗုံးကြဲခဲ့တာကြောင့် ထိခိုက်၊သေဆုံးသူတွေ ရှိခဲ့တယ်
လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ၂၇ရက်မနက်အစောပိုင်းအ
ချိန်မှာမင်းပြားမြို့ပေါ် စျေးဟောင်းပိုင်းရပ်
ကွက်နဲ့ အနီးဝန်းကျင် တောင်တန်းတွေကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးအလုံး တဆယ်ဝန်းကျင်ကြဲခဲ့တာဖြစ်ပြီး စျေးဟောင်းပိုင်းရပ် ကွက်မှ သက်ကြီးအမျိုးသားတဦးဒဏ်
ရာရခဲ့ပါတယ်။

“၁၂ နာရီကျော်ပြီ။ တချို့အိပ်နေကြပြီ။ အဲဒီအချိန်မှာ လာကြဲတာ။ အိမ်တချို့ပျက်သွားတယ်။ဦးလေး တယောက်လည်း ဒဏ်ရာရတယ်”လို့မင်းပြားမြို့ခံတဦးကပြောပါတယ်။

ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာပဲ အမ်းမြို့နယ် ဒလက်ချောင်းရှိ အာရက္ခတပ်တော်(AA)ရဲ့ အကျဉ်းစခန်းကိုလည်း ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပါသေးတယ်။ “အထိအခိုက်တွေ ရှိတယ်ကြားတယ်။ အဲဒီမှာ စစ်တပ်က သုံ့ပန်း တွေလည်း ရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့ အမ်းဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ကအထိနာပြီးတပ်ပြန်ဆုတ်ရတဲ့ ကျောက်ဖြူမြို့နယ်မှာလည်း ကျောက်ဖြူ - ရမ်းဗြဲအစပ်ရှိ မင်းကြောင်းချောင်းတံတားနဲ့ အနီးဝန်းကျင်တွေကိုလည်းစက်တင်ဘာလ ၂၆ ရက်နေ့ညမှာ ဗုံးကြဲခဲ့ပြီး အဲ ဒီဗုံးကြဲမှုကြောင့် မင်းကြောင်းချောင်းတံတား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“တောင်မော်ဦးဘက်က ရှေ့တိုးလို့မရတဲ့အခါ ရေကြောင်းကနေ ကမ်းတက်ဖို့ကြိုးစားနေတာ။အရင်ကလည်းနှစ်ကြိမ်၊သုံးကြိမ်ရှိပြီ ဒီတံတားကို ဗုံးကြဲတာ”လို့ ရမ်းဗြဲဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာစက်တင်ဘာ၂၆ ရက်နေ့မှာပဲ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့နဲ့ ရေကျော် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့ကို ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး ဘုန်းတော်ကြီးကျောင်းတခုလုံးလည်း ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာလ၂၅ ရက်မနက်အစောပိုင်းကလည်း စသ်တပ်ကကျောက်တော်မြို့ပေါ်နဲ့အနီးဝန်းကျင်တို့ကိုဗုံးကြဲတိုက်ခိုက်ခဲ့လို့က
လေးငယ်တွေအပါအဝင် ၈ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရသွားခဲ့ပါသေးတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့ စစ်တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်းလေကြောင်းကဗုံးကြဲတာ၊လက်
နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ ဒီနေ့ ၂၇ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ်သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၁ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
🤬28❤3👍3👎3👏3
ပြီးခဲ့တဲ့မတ်လ၈ ရက်နေ့ကအမ်းမြို့နယ်ရှိ အကျဉ်းစခန်းကိုစစ်တပ်ကဗုံးကြဲတာကြောင့် ဒဏ်ရာရခဲ့တဲ့စစ်သုံ့ပန်း​တွေ။
။ဓါတ်ပုံ - AA Info Desk
👍27❤3👎2🤬2
လောင်းလုံးမြို့နယ်မှာ မြေပြိုမှုနဲ့ ရေကြီးမှုကြောင့် လူ သေဆုံးပျောက်ဆုံးမှုရှိနေ

■ပိတ်မိနေသူတွေရှိတာကြောင့် ကူညီကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေဟုဆို

စက်တင်ဘာ-၂၇ ၊၂၀၂၆။မိုမို၊ဇော်ရမ်း/People's Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ မြေပြိုမှုနဲ့ ရေကြီးမှုကြောင့် လူ သေဆုံးပျောက်ဆုံးမှု တချို့ရှိနေပြီး ပိတ်မိနေတဲ့ဒေသခံတွေလည်းရှိတာကြောင့် ကူညီကယ်ဆယ်ရေးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံနဲ့ ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၂၇ ရက်) မနက် ၅ နာရီကျော်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောင်းလုံးမြို့နယ် အောက်ဘက်မှာ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။

"တောင်ကျရေလည်းများတယ်။အဓိက ထိတာတော့ ဝေဒီနဲ့ ကဒက်ငယ်ထိန် ရွာဘက်တွေ။မင်းရပ်ရွာမှာ‌ အမျိုးသမီးတစ်ဦး ဆုံးတာတွေ့ထားတယ်"လို့ လောင်းလုံးမြို့နယ် ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကဒက်ငယ်ထိန်ကျေးရွာဘက်မှာလည်း ပျောက်ဆုံးတဲ့သူတချို့ရှိပြီး ပိတ်မိတဲ့သူတွေလည်းရှိနေလို့ ကူညီပေးဖို့လည်း အဲဒီရွာခံတစ်ဦးက အသိပေးပါတယ်။

"ထား၀ယ်မြစ်ဘေးနဲ့ နီးနေတော့ရေကြီးတာ တော်တော်များတယ်။ကယ်ဆယ်ရေးကတော့ လိုအပ်ချက်တွေ ရှိတယ်။လောလောဆယ် မနိုင်ဘူး"လို့ လောင်းလုံးမြို့နယ် လူမှုကူညီရေးအသင်းတာ၀န်ရှိသူက လက်ရှိ အခြေအနေကို ရှင်းပြပါတယ်။

ဒါ့အပြင် လောင်းလုံးမြို့နယ် အောက်ဖက်ကျေးရွာတွေမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ
ဆောင်ရွက်ဖို့ ထွက်ခွာလာခဲ့ပေမယ့် ကမြောကြီးဒေသအနီးမှာ ရေကြီးရေလျှံမှု အလွန်များပြားနေတာကြောင့် ရှေ့ဆက်သွားလာလို့ မရသေးဘဲ လမ်းခရီးမှာ ပိတ်မိနေတယ်လို့ ထား၀ယ်အခြေစိုက် ဇမ္ဗူသီရိ လူမှုကူညီရေးအသင်းက ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ကယ်ဆယ်ရေးအတွက် အရေးပေါ်ထွက်ခွာလာရပေမယ့် လမ်းခရီးအခြေအနေကြောင့် အခုလို ရပ်တန့်စောင့်ဆိုင်းနေရတာကြောင့် အလွန်စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

" ကယ်ဆယ်ရေးလမ်းကြောင်းပြတ်တောက်သွားပြီ။ ရွာတွေကိုသွားလို့မရတော့ဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထား၀ယ်မြစ်ခြားထားတဲ့ လောင်းလုံးမြို့နယ်အရှေ့ဘက်က သရက်ချောင်းမြို့နယ်မှာလည်း မိုးသည်းထန်မှုကြောင့် သစ်ပင်လဲကျတာ၊မြေပြိုတာနဲ့ ဖုန်းလိုင်းပြတ်တောက်မှုတွေရှိတယ်လို့သိရပါတယ်။

ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာလည်း ဒေသတွင်း မြစ်ချောင်းတွေရေလျှံနေပြီး မိုးလည်းဆက်ရွာနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းမလည်း အပိုင်းလိုက် ရေလျှံနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ရေကြီးနေစဉ် ဒေသချင်းဆက်စပ်နေတဲ့ တနင်္သာရီတိုင်းမှာ ရေဘေးကြုံတွေ့နေတာဖြစ်ပါတယ်။ လက်ရှိရာသီဥတုအခြေအနေနဲ့ပတ်သက်လို့ စက်တင်ဘာ၂၉ရက်အထိ ရေဘေးနဲ့မြေပြိုမှု ဘေးသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

ဘန်ကောက်မြို့နဲ့ အနီးဝန်းကျင်အပါအဝင် ထိုင်းနိုင်ငံအောက်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန်စက်တင်ဘာ၂၈ရက်မှာ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားကာ အားလျော့ပျက်ပြယ်သွားနိုင်တယ်လို့ MoSLHA က ထုတ်ပြန်ထားပါတယ်။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့မကွေးတိုင်းမှာ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

တနင်္သာရီတိုင်းမှာ နေရာကွက်မိုးကြီးခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပြီး မိုးကြီးခြင်းနောက်ဆက်တွဲ ရေကြီးခြင်း၊ တောင်ကျချောင်းရေလျှံခြင်း၊ လျှပ်တစ်ပြက်ရေလွှမ်းမိုးခြင်းနဲ့မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သြဂုတ်က စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်း ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့ပြီး လူ ၄၀ထက်မနည်း သေဆုံးခဲ့ပါတယ်။ လက်ရှိမှာ တနင်္သာရီအတိုင်းအတွင်း ရေဘေးနဲ့ မြေပြို ဘေးကြုံတွေ့နေတာဖြစ်ပါတယ်။ တနင်္သာရီတိုင်းရေဘေးမှာ ဒီနေ့စက်တင်ဘာလ၂၇ရက်နေ့မနက်အထိ လူငါးဦးထက်မနည်းသေဆုံးထားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့အချို့ကပြောပါတယ်။ ကယ်ဆယ်ရေးအင်အား လုံးဝမလုံလောက်ဘူလို့ ဒေသခံတွေက ပြောပါတယ်။


(လောင်းလုံးမြို့နယ်မှာ ရေကြီးမှုဖြစ်နေစဉ်။ ဓာတ်ပုံ - ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့)
👍20😢6❤4🤣3🔥2👎1
👍22😱4😢4🤣2👎1🔥1
မန္တလေးအိုးဘိုထောင်မှာ စစ်တပ်က အကျဥ်းသားတွေ စစ်မှုထမ်းဖို့ ဖိအားပေး

စက်တင်ဘာ ၂၇၊၂၀၂၆။ ဇေအောင်/People's Spring

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်အတွင်းမှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဥ်းသားတွေကိုစစ်မှုထမ်းဖို့ ဖိအားပေး စည်းရုံးတာ၊ သီးခြားခွဲထုတ်တာနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ)က ခြိမ်းခြောက်ဖိနှိပ်တာတွေ အကွက်ကျကျ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

အိုးဘိုထောင်အာဏာပိုင်တွေဟာ မသင်္ကာမှုနဲ့ ထိန်းသိမ်းထားတဲ့ မန္တလေးမြို့က "ကျားပေါက်" ဆိုသူကို ထောင်အလုပ်ရုံမှာ နေရာပေးပြီး ထောင်တွင်း အုပ်ချုပ်ရေးနဲ့စည်းရုံးရေးဆိုင်ရာ လုပ်ငန်းတွေမှာ အသုံးချနေကြောင်း၊ အဲဒီ ကျားပေါက်ဦးဆောင်တဲ့ အုပ်စုဟာ အကျဉ်းသားတွေဆီသွားပြီး စစ်မှုထမ်းပါက ပြစ်ဒဏ်လျှော့ရက် ရရှိမယ်ဆိုကာ မက်လုံးပေး လိုက်လံစည်းရုံးနေကြောင်း PPNMက အသိပေးပါတယ်။

ဒါ့အပြင် စစ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို စစ်အာဏာပိုင်တွေအတွက် တာဝန်ပြန်ထမ်းဆောင်ဖို့ ဆန္ဒ ရှိ/မရှိ စာရင်းကောက်ယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ စစ်မှုထမ်းဖို့ သဘောမတူသူတွေကို မူလအဆောင်တွေကို ပြန်လည်ပို့ဆောင်ပြီး၊ သဘောတူညီသူတွေကိုတော့ ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွှတ်ဖို့အတွက် ယာယီဆောင် (၂)မှာ သီးခြားခွဲထုတ်ထားကြောင်း PPNMက ထပ်မံအသိပေးပါတယ်။

ဖြစ်စဉ်များအနက် စစ်ဆေးအရေးယူမှုအပြင် စစ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အကြမ်းဖက်မှူတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၂)တို့နဲ့ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးအပါအဝင် အကျဉ်းသားအချို့ကို အကျရုံးသို့ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးစဉ် စရဖ တာဝန်ရှိသူတစ်ဦးက "သဘောမတူလည်း လွတ်ရက်စေ့ရင် လာခေါ်မှာပဲ"လို့ ပြောဆိုကာ လွတ်မြောက်ပြီးနောက် ပြန်လည်ဖမ်းဆီးမှာဖြစ်ကြောင်း ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ PPNMက ဆိုပါတယ်။

အလားတူ စစ်တပ်က အင်အား မလုံလောက်မှုကြောင့် အိုးဘိုထောင်ရှိ ထောင်ဝန်ထမ်းတွေကိုပါအလှည့်ကျ စစ်မြေပြင်သို့ လိုက်ပါစေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

"၂၀၂၆ ထဲမှာမှ ဒီကိစ္စ(စစ်မှုထမ်းကိစ္စ)ကို ကြားတာဖြစ်တယ်။ အဲဒါကြောင့် ဒီနေ့ အတည်ပြုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီသတင်းကို ၇ လပိုင်းလကုန် ၈ လပိုင်းလောက်ကတည်းက ကြားတာဖြစ်ပြီးတော့ ကျနော်တို့ ဒီဟာကို အတည်ပြုစုံစမ်းရင်းနဲ့မှ ဒီနေ့မှ ထုတ်ပြန်ဖြစ်တာ ဖြစ်ပါတယ်။ အခုက စစ်မှုထမ်းဖို့အတွက် ဆွဲဆောင်စည်းရုံးနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ နိုင်ကျဥ်းတွေရော၊ အခြားအကျဥ်းသားတွေရော စစ်မှုထမ်းထဲကို မထည့်သေးပါဘူး"လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

အကျဉ်းထောင်အာဏာပိုင်တွေအနေနဲ့ အခြားရာဇဝတ်ပြစ်မှုနဲ့ ထိန်းသိမ်းခံရသူတွေကို အာဏာပေးပြီး အကျဉ်းသားအချင်းချင်း ဖိနှိပ်ခိုင်းခြင်းဟာ ကုလသမဂ္ဂ အကျဉ်းသားများ ဆက်ဆံရေးဆိုင်ရာ စံသတ်မှတ်ချက် (Nelson Mandela Rules - Rule 40) ပါ "မည်သည့် အကျဉ်းသားကိုမျှ ထောင်တွင်း စည်းကမ်းထိန်းသိမ်းခွင့် အာဏာ မလွှဲအပ်ရ" ဆိုတဲ့ တားမြစ်ချက်ကို ချိုးဖောက်နေခြင်း ဖြစ်ကြောင်း PPNMက ထောက်ပြပါတယ်။

ဒါ့အပြင် အကျဉ်းသားတွေကို အဓမ္မ စစ်မှုထမ်းခိုင်းဖို့ဖိအားပေးတာ၊ စရဖရဲ့ ခြိမ်းခြောက်မှုတွေဟာ စစ်အုပ်စုနဲ့ထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ကျူးလွန်မှုတွေဖြစ်ကြောင်း၊ PPNM အနေနဲ့ ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ပြီး အဆိုပါ ကျူးလွန်မှုတွေကို ဆက်လက် စောင့်ကြည့် မှတ်တမ်းတင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

(မန္တလေးအိုးဘိုအကျဥ်းထောင်အား တွေ့ရစဥ်။ ဓါတ်ပုံံ - Lucie et Philippe)
🤬33❤5👎4😁2👏1🤔1
👎25🖕9❤2🔥2😁2🤣1
တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ NLD ပါတီအကြား အပြန်အလှန် လက်တွဲဆောင်ရွက်ဖို့ IEC တိုက်တွန်း

စက်တင်ဘာ -၂၇၊၂၀၂၆။ဇော်၀င်း/People's Spring

တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့အကြား အပြန်အလှန် လေးစားမှု၊တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်က ဒီကနေ့(စက်တင်ဘာ ၂၇ရက်) NLD ပါတီတည်ထောင်တာ (၃၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် IEC ကပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ပါရှိပါတယ်။

ဒီကနေ့ကာလ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည် ဆောက်ရေး တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ NLD ပါတီတို့အကြား အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် တိုင်းရင်းသားပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်မူတွေကို အပြည့်အဝ အသိ အမှတ်ပြုကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုကြီး ပေါ်ထွန်းလာဖို့အတွက် တိုင်းရင်းသား အင်အားစု အသီးသီးနဲ့အတူ ဟန်ချက်ညီညီ ဆက်လက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားဖို့လည်း IEC က တိုက်တွန်းပါတယ်။

" ကျွန်တော်တို့ရဲ့ အခု IEC ပဲပြောပြော ကရင်နီပြည်ရဲ့ ချီတက်နေတဲ့ Bottom up Federalism ရဲ့ အစိတ် အပိုင်း တစ်ခုလို ပြောလို့ရပါတယ်။အဲ့တော့ ပြောရရင်တော့ ခုဏပြောသလို ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးမျိုး ဖြစ်တာပေါ့နော်။ ထို့အတွက်ကြောင့်မလို့ ပြည်နယ်တစ်ခုချင်းစီမှာ ရှိနေတဲ့ မတူညီကွဲပြားတဲ့ လူမျိုးစုတွေ၊ တိုင်းရင်းသား၊ အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ ရှိတာပေါ့နော်။ အဲ့ဒီအပေါ်မှာ ပါတီကြီးတွေ ဖြစ်စေ၊ ငယ်သည် ဖြစ်စေ၊ လူမျိုးကြီးတွေ ဖြစ်စေ၊ လူနည်းစုတွေ ဖြစ်စေမတူညီကွဲပြားမှုပေါ့နော်။ ဒီကြားမှာ လူ့အခွင့်အရေးစံနဲ့ပေါ့နော်၊ တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာလွတ်လပ်မှု ကို ကျွန်တော်တို့ အတူတကွ ကျွန်တော်တို့ ဖော်ဆောင်ပြီးတော့မှပေါ့နော် အဲ့ဒါကို ဦးစားပေးတစ်ရပ်အနေနဲ့ ကျွန်တော်တို့ တိုက်တွန်းခြင်း ဖြစ်တယ်"လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက သ၀ဏ်လွှာပေးပို့မှုအပေါ် မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် ၎င်းကဆက်ပြီး " ဒါမှလည်း ကျွန်တော်တို့ အခု တော်လှန်နေတဲ့ အာ စစ်အာဏာရှင်ပြုတ်ကျရေးမှာ ကျွန်တော်တို့ ပိုပြီးတော့မှ ဟန်ချက်ညီမယ်၊ ပြီးတော့မှ ကျွန်တော်တို့ တွေကြားမှာ ပိုပြီးတော့မှ အားကောင်းတဲ့ ရည်မှန်းချက် ကျွန်တော်တို့ ချိတ်ဆက်ပြီးတော့မှ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဟန်ချက်ညီညီနဲ့ ကျွန်တော်တို့ ကအပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျွန်တော်တို့ တည်ဆောက်နိုင်မှာ ဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ ပေးပို့ရခြင်းဖြစ်ပါတယ်"လို့ ရှင်းပြပါတယ်။

NLD ပါတီက ၁၉၈၈ စက်တင်ဘာ ၂၇ရက်မှာ စတင်တည်ထောင်ခဲ့ပြီးချိန်မှစကာ ဒီကနေ့အထိ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှု ပုံစံမျိုးစုံကြားကနေ ပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် မဆုတ်မနစ် မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ သမိုင်းဝင်ပါတီကြီးတစ်ခုဖြစ်တယ်လို့ အသိပေးပါတယ်။

သမိုင်းစဉ်တစ်လျှောက် ဒီမိုကရေစီအရေးအတွက် အသက်၊ ခန္ဓာနဲ့ လွတ်လပ်မှုတွေကို စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ ၊မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေကို လေးနက်စွာ ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

NLD ပါတီဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ခိုင်မာယုံကြည်အားကိုးမှုကို အပြည့်အဝရရှိထားပြီး ပြည်သူ့ဆန္ဒနဲ့အညီ ဒီမိုကရေစီစံနှုန်းတွေ စိုက်ထူနိုင်တာ၊ တရားဥပဒေစိုးမိုးရေးနဲ့ လူထုလူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်တာက ပါတီရဲ့ ထင်ရှားတဲ့ အားသာချက်တွေလို့ ဆိုပါတယ်။

အထူးသဖြင့် စစ်အာဏာရှင်အဆက်ဆက်ရဲ့ မတရားမှုကို ရဲရင့်ပြတ်သားစွာ ယှဉ်ပြိုင်တွန်းလှန်နိုင်ပြီးစည်းလုံးညီညွတ်တဲ့ ပြည်သူ့အင်အားကို စုစည်းနိုင်တာ နဲ့ သမိုင်းဝင်အောင်ပွဲ တွေကို ပြည်သူနဲ့အတူ လက်တွဲဖန်တီးနိုင်ခဲ့တာက စံနမူနာယူဖွယ် အားကောင်းချက်လို့ IEC က ပြောပါတယ်။

NLD ပါတီဟာ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးက တစ်ဆင့် ပေါက်ဖွားလာခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ်မြေ အများစုမှာ အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း စစ်အာဏာရှင်တွေက တိုင်းပြည်အာဏာကို လွှဲပြောင်းမပေးခဲ့ပါဘူး။

အဲဒီနောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း NLD ပါတီက ပြည်သူ လူထု တစ်ခဲနက်ထောက်ခံအားပေးမှုနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၀ ရွေးကောင်ပွဲမှာ မဲမသမာမှုတွေရှိတယ်လို့စစ်တပ်က စွပ်စွဲကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့ပါတယ်။
👍24❤8🥰2🤮1💩1🖕1
အာဏာသိမ်းပြီးနောက် စစ်တပ်က NLDပါတီအဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေအပါအ၀င် ဒီမိုကရေစီအရေး ကြိုးပမ်းနေသူတွေကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချသတ်ဖြတ်ခဲ့ပါတယ်။


(၂၀၂၀ ရွေးကောက်ပွဲမှာ NLDပါတီ အောင်နိုင်ရေးမဲဆွယ်နေစဉ်။ ဓာတ်ပုံ - KZT/D)
👍27❤3🥰2🤣2👏1🤬1💩1🖕1
👍28🥰5❤3🤣3💩1🖕1
■​ဆောင်းပါး

Human Rights Watch အစီရင်ခံစာက ပြောတဲ့ မြန်မာ့အကျဥ်းထောင်ငရဲခန်းထဲမှ အကျဉ်းသူများ
(အပိုင်း - ၂)

- ဥဂ္ဂါ ရေးသားသည်။

မြန်မာ့အကျဉ်းထောင်များနှင့် စစ်ကြောရေးစခန်းများအတွင်း နိုင်ငံရေးအကျဉ်းသူတွေဟာ လိုအပ်တဲ့ ဆေးဝါးကုသခွင့်များကို အ
ချိန်မီ မရရှိတာကြောင့် အသက်ဆုံးရှုံးသည့် ဖြစ်ရပ်များပင် ရှိခဲ့သလို၊ ညှင်းပန်းနှိပ်စက်မှုများ၊ လက်စားချေသည့် လုပ်ရပ်များနှင့် အ
ခြား ဆိုးရွားတဲ့ အခွင့်အရေး ချိုးဖောက်မှု တွေကိုပါ ရင်ဆိုင်ခဲ့ကြရကြောင်း Human Rights Watch အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာထဲက အသေးစိတ်အချက်
အလက်တွေကို ဒီအပိုင်း (၂) မှာ ဆက်လက်ဖတ်ရှု နိုင်ပါတယ်။ မေးမြန်းခံခဲ့ရသူများရဲ့ လုံခြုံရေးအတွက် အမည်ရင်းများကို ဖော်ပြခြင်းမပြုဘဲအမည်လွှဲများဖြင့် ဖော်ပြထားပါတယ်။

●ကျန်းမာရေး အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် အခြား မတရားပြုမူမှုများ

အကျဉ်းသူဟောင်းတွေက ထောင်ထဲမှာ လို
အပ်တဲ့ ဆေးဝါးကုသမှုတွေ မရခဲ့တဲ့ အခြေ
အနေတွေကို ပြောပြကြပါတယ်။ ကျွမ်းကျင်တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ လိုအပ်တဲ့ ဆေးဝါးနဲ့ ကုသရေး ပစ္စည်းတွေ၊ အရေးပေါ် ဆေးကုသမှုဝန်ဆောင်မှုတွေ မလုံလောက်ခဲ့ဘဲ၊ လိုအပ်တဲ့အချိန်မှာ အချိန်မီ ဆေးကုသခွင့်လည်းမရခဲ့ကြပါဘူး။တရားဝင်ဆေးဝန်
ထမ်းတွေ မရှိတဲ့အချိန်တွေမှာတော့ ကျန်းမာ
ရေးဆိုင်ရာ အတွေ့အကြုံ နောက်ခံရှိတဲ့ အ
ခြားအကျဉ်းသူတွေရဲ့ အကူအညီကိုပဲ အား
ကိုးခဲ့ရပါတယ်။

အချို့အကျဉ်းထောင်တွေမှာတော့ အခြေအ
နေပေါ်မူတည်ပြီး ဆေးဝါးတွေကို ဝယ်ယူခွင့်ရတာ ဒါမှမဟုတ် မိသားစုထံကနေ ပါဆယ်နဲ့ တောင်းယူနိုင်တာတွေ ရှိခဲ့ပါတယ်။ “ထောင်ထဲမှာ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်စောင့်ရှောက်ကြရပါတယ်။ ဆေးဝါးတွေကိုလည်း လျှို့ဝှက်ပြီး အချင်းချင်း မျှဝေကြရပါတယ်။ ထောင်ထဲမှာ ဆေးဝါးဆိုတာ အရမ်းတန်ဖိုးရှိတဲ့ အရာတစ်ခုပါ” ဟု ခင်စန်းဝင်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းအာဏာဖီဆန်ရေး
လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း အများအပြား ဖမ်းဆီးခံခဲ့ရတာကြောင့် ဆေးကုသပေးနိုင်တဲ့ ကျန်းမာရေးဝန်ထမ်းအင်အားက ပိုမိုလျော့နည်းလာခဲ့ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကွန်
ရက်မှကိုယ်စားလှယ်တစ်ဦးရဲ့ပြောကြားချက်အရ သာယာဝတီထောင်မှာ အကျဉ်းသား ၃,၀၀၀ ကျော်အတွက် ဆရာဝန် ၃ ဦးသာ ရှိပြီး၊အင်းစိန်ထောင်မှာတော့ အကျဉ်းသား ၈,၀၀၀ ကျော်ကို ဆရာဝန် ၄ ဦး ဒါမှမဟုတ်
၅ ဦးနဲ့သာ ကုသပေးနေရပါတယ်။ ညောင်ရွှေထောင်က အကျဉ်းသူဟောင်းတစ်ဦးကလည်း ၂၀၂၁ ခုနှစ်မှာ အကျဉ်းသား ၂,၀၀၀ အတွက် ဆရာဝန် ၁ ဦးသာ ရှိခဲ့တယ်လို့ ပြောပါတယ်။ အကျဉ်းသား ၁,၀၀၀ အောက်သာရှိတဲ့ ထောင်တွေမှာတော့ ဆရာဝန် ဒါမှမဟုတ် ဆေးခန်းတောင် မရှိတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ထိန်းသိမ်းခံခဲ့ရသည့်အေးမြင့်က ဒိုက်ဦးထောင်မှာ ဆေး
ဝါးအရာရှိ တစ်ဦးသာ ရှိပြီး ဘာရောဂါပဲဖြစ်
ဖြစ် ပေးတဲ့ဆေးက ပါရာစီတမော တစ်မျိုးတည်းသာပေးကြောင်း ပြောပါတယ်။

CDM သူနာပြုတဦးဖြစ်တဲ့အသက် ၃၃ နှစ်အရွယ် နုနု ဟာအတိုက်အခံတက်ကြွလှုပ်ရှားသူ​တွေကိုဆေးဝါးကုသပေးခဲ့တာကြောင့်
ဆိုပြီး ၂၀၂၂ ခုနှစ်မှာဖမ်းဆီးခံခဲ့ရပါတယ်။ သူမဟာ အင်းစိန်နှင့် သာယာဝတီအကျဉ်း
ထောင်​တွေမှာ၂ နှစ်ခွဲကြာ ထိန်းသိမ်းခံခဲ့ရပါ
တယ် ။

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ CDM ဆရာဝန်တစ်ဦးကို ဆေးဝါးအရာရှိအဖြစ် တာဝန် ပေးထားခဲ့ပေမယ့် “လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ဘာတစ်ခုမှ မရှိသလို၊ ဘယ်လို ကုသရမလဲဆိုတဲ့ ဆေးဘက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကိုလည်း ချခွင့်မရှိခဲ့ပါဘူး” ဟု သူမက ပြောပါတယ်။

သာယာဝတီထောင်မှာတော့ သူမရဲ့ သူနာပြုအတွေ့အကြုံကြောင့် ဆေးဝါးအရာရှိအဖြစ် တာဝန်ပေးခံခဲ့ ရပါတယ်။ “အမျိုးသားဆ
ရာဝန်တစ်ဦးတော့ ရှိပါတယ်။ ဒါပေမယ့် သူ
က အမြဲတမ်း မူးနေတတ်လို့ လူနာတွေကို စစ်ဆေးပေးရတဲ့ အလုပ်တွေကို ကျွန်မပဲ လုပ်ခဲ့ရပါတယ်” ဟု သူမက ပြောပါတယ်။

အကျဉ်းသူဟောင်းတွေရဲ့ ပြောပြချက်အရ အခြေခံကုသမှုထက် ပိုမိုလိုအပ်တဲ့ ဆေးဝါးကုသမှုတွေရယူလိုရင် ထောင်အုပ်ချုပ်ရေး
မှူးတွေဆီက ခွင့်ပြုချက် တောင်းခံရပါတယ်။ ဒါပေမယ့်အဲဒီလုပ်ငန်းစဉ်ကအချိန်ကြာမြင့်
သလို ​ထောင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်နေလေ့ရှိပါတယ်။ ဆေးကုသခွင့် တောင်းဆိုမှုအများစုဟာလည်း ပယ်ချခံရလေ့ ရှိတယ်လို့ ​သိရပါတယ်။

သူမ ကြုံတွေ့ခဲ့ရတဲ့ အဆိုးရွားဆုံး အဖြစ်
အပျက်တွေထဲမှာ ကျောက်ကပ်ကျောက်
တည်ရာကနေ ကျောက်ကပ်ပိုးဝင်ပြီး ဖျားနာနေတဲ့ လူနာတစ်ဦးကို ကုသပေးခဲ့ရတာလည်း ပါဝင်ပါတယ်။“ကျွန်မကပဋိဇီဝဆေးကို သွေး
ကြောထဲ ထည့်သွင်းပေးဖို့ လိုအပ်တဲ့ ဆေးကုသမှု ရနိုင်ဖို့ ထောင်ဘက်ကို တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် နှစ်လကြာအောင် တောင်းဆိုပြီးမှသာ ဆေးရုံမှာ ကုသခွင့် ရခဲ့ပါတယ်” ဟု သူမက ပြောပါတယ်။
👍15😢7🤣2🖕2❤1
အသက် ၄၇ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦးရဲ့ ပြောပြချက်အရ ဒိုက်ဦးထောင်မှာ အသက်ကြီးတဲ့ အကျဉ်းသူတစ်ဦး ချော်လဲပြီး ခြေထောက်ကျိုးသွားခဲ့ပေမယ့် ဓာတ်မှန်ရိုက်ခွင့်ရဖို့ ခြောက်လကြာစောင့်ခဲ့ရပါတယ်။ သူမရဲ့ အခန်းဖော်ဖြစ်သူ ကျောက်ကပ်ရောဂါရှိတဲ့ အကျဉ်းသူတစ်ဦးလည်း ဓာတ်မှန်ရိုက်ဖို့ ခွင့်ပြုချက်ရရှိရန် ၄၅ ရက်ကြာ စောင့်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

“ကုသရခက်ခဲတဲ့ ပြင်းထန်တဲ့ရောဂါအခြေ
အနေရှိတဲ့ လူနာတွေကို နောက်ကျလွန်းမှသာ ပြင်ပဆေးရုံကို လွှဲပေးကြတာပါ”လို့ အကျဉ်း
သား​တွေကို ကူညီစောင့်ရှောက်ပေးသူတစ်ဦးက ပြောပါတယ်။

ဒိုက်ဦးထောင်မှ လွတ်မြောက်လာတဲ့ အကျဉ်းသူဟောင်း နှစ်ဦးရဲ့ ပြောပြချက်အရ၊ ထောင်ဆရာဝန်တွေက ပြင်ပဆေးရုံကို လွှဲပြောင်း
ကုသဖို့ ထောက်ခံစာရေးပေးထားပေမယ့် အာဏာပိုင်တွေက ကင်ဆာရောဂါရှိတဲ့ အ
ကျဉ်းသူတွေကို ထွက်ခွင့်မပေးခဲ့ကြောင်း သိရပါတယ်။

“ကင်ဆာလူနာတွေဆိုရင် သေခါနီးအခြေအ
နေရောက်မှပဲ လွှဲစာရကြတာပါ” လို့ အကျဉ်းသူတွေကို ကူညီစောင့်ရှောက်ပေးသူတစ်ဦးက ပြောပါတယ်။

ထောင်အများစုမှာ ညဘက်အချိန်တွေမှာ အ
ရေးပေါ် ဆေးကုသခွင့်မရှိကြပါဘူး။အသက် ၂၈နှစ်အရွယ်နိုင်ငံ​ရေးအကျဥ်းသားဝင်းကြည်က ၂၀၂၁ ခုနှစ် မန္တလေး အိုးဘိုထောင်မှာ တံခါးတွေ ပိတ်ထားပြီးနောက် ညဘက်အချိန်အတက်ရောဂါဖြစ်ခဲ့တဲ့အဖြစ်အပျက်
ကို ပြောပြပါတယ်။ “ထောင်ဆရာဝန်လို့ ပြောတဲ့သူတစ်ယောက် ရောက်လာပေမယ့် တံခါးဖွင့်ပေးလို့မရတာကြောင့်အခန်းသံတိုင်အပြင်ကနေပဲ စစ်ဆေးခဲ့ရပါတယ်”လို့သူမက ပြော
ပါတယ်။

ခိုင်ဇာကတော့ ဒိုက်ဦးထောင်မှာ ညဘက်အ
ရေးပေါ် ဆေးကုသမှုရရှိဖို့ ခက်ခဲ ခဲ့တဲ့ အခြေ
အနေကိုပြောပြခဲ့ပါတယ်။ “ကျောက်ကပ်ပျက်စီးနေတဲ့ အကျဉ်းသူတစ်ဦးဟာ မနက်
၁ နာရီလောက်မှာအန်တာမရပ်တော့ဘဲဆေး
ကုသမှုရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်ညဘက်ဖြစ်နေပြီးထောင်တံခါးတွေ ပိတ်ထားပြီးသားဆိုတဲ့အကြောင်းပြချက်နဲ့ ထောင်ဝန်ထမ်းတွေကဆရာဝန်ခေါ်ပေးဖို့ ငြင်းခဲ့ပါတယ်။မနက် ၆ နာရီလောက်ရောက်မှ ကျွန်မတို့အားလုံး ဝိုင်းပြီး အရေးပေါ် အကူ
အညီတောင်းဆိုတဲ့အခါမှ ဝန်ထမ်းတွေက ဆရာဝန်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်”လို့ သူမက ပြောပါတယ်။

ဝန်ထမ်းတွေ ပြန်လာပြီး ဆရာဝန်က လာဖို့ ငြင်းလိုက်တယ်လို့ ပြောပါတယ်။ "နောက်ဆုံးတော့ဖမ်းဆီးခံထားရတဲ့အမျိုးသားCDM ဆ
ရာဝန်တစ်ဦးကို ခေါ်လာပြီးကူညီခိုင်းခဲ့ရပါတယ်"။

အမျိုးသမီးအကျဉ်းသူတွေက ပြောပြချက်အရ အာဏာပိုင်တွေဟာ ဆေးဝါးကုသခွင့်ကို “စည်းကမ်းထိန်းသိမ်းရေး” အနေနဲ့ အသုံးချပြီး ကန့်သတ်ခဲ့ကြပါတယ်။ စစ်ကြောရေးအတွင်းမှာလည်း သူတို့ သိလိုတဲ့ အချက်အ
လက်တွေ ရရှိဖို့ ဆေးကုသပေးမယ်ဆိုလို့အကြပ်ကိုင် တာ​တွေရှိတယ်လို့ ဆိုပါတယ်။

ခိုင်ဇာရဲ့ ပြောပြချက်အရ ဒိုက်ဦးထောင် တာ
ဝန်ခံက စစ်ကြောရေးမှာ ရိုက်နှက်ခံရပြီးနောက် အတက်ရောဂါ နှစ်ကြိမ်ဖြစ်ခဲ့တဲ့ အ
ကျဉ်းသူတစ်ဦးကို ခြိမ်းခြောက်ခဲ့ပါတယ်။ “နောက်တစ်ကြိမ် အတက်ရောဂါ ထပ်ဖြစ်ရဲရင် သီးသန့်ထောင်ခန်းထဲ ထည့်မယ်လို့ သူမကို ကြိမ်းမောင်းခဲ့ပါတယ်” ဟု ခိုင်ဇာက ပြောပါတယ်။

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်
နယ်တောင်ပိုင်း ညောင်ရွှေထောင်မှာ ထိန်း
သိမ်းခံခဲ့ရသည့် မြစိန်က အခြားနိုင်ငံရေးအ
ကျဉ်းသူတစ်ဦး မနက်ပိုင်းမှာ သတိလစ်သွားခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြခဲ့ပါတယ်။

“သူမကလေဖြတ်သွားတာပါ။ကျွန်မတို့ ဆေး
ခန်းကို အရေးပေါ် ဆေးပေးဖို့ တောင်းဆိုခဲ့ပြီး ဘယ်လောက် ကုန်ကျကုန်ကျ ပေးမယ်လို့ ပြောခဲ့ပါတယ်။ သူတို့ဘက်ကလည်း ပေးတာကိုယူမယ်လို့ပြောပေမယ့်ထောင်ပိုင်ကတော့
အထက်ကို တင်ပြပြီး ခွင့်ပြုချက်တောင်းရမယ်လို့ ပြောပါတယ်။ သူမ လဲကျပြီး မိနစ် ၃၀ လောက်ကြာမှ ဆရာဝန်ရောက်လာခဲ့ပါ
တယ်"လို့ မြစိန်ကပြောပြပါတယ်။

"သတိပြန်ရလာပေမဲ့လမ်းမလျှောက်နိုင်တော့ဘူး။ညာဘက်ကိုယ်တစ်ခြမ်း သေသွားပါပြီ။ ခဏခဏ အန်နေတယ်။ လေဖြတ်ရင်ကုသတဲ့ ဆေးကိုသုံးနာရီအတွင်းယူပေးဖို့ ဆရာဝန်ကို တောင်းဆိုတော့ ဆရာဝန်ကသူ့မှာ မရှိဘူးလို့ ပြောပါတယ်"

နိုင်ငံရေးအကျဉ်းသူတွေဟာအမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ရရှိဖို့နဲ့ တစ်ကိုယ်ရေသန့်
ရှင်းရေး အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အသုံးပြုခွင့်ရဖို့ ပြင်းထန်တဲ့ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ကြရပါတယ်။ ဒီလို အခြေအ
နေတွေကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က မျိုးဆက်ပွားဆိုင်ရာ အကြမ်းဖက်မှု ပုံစံတစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။

မချိုချိုဝင်းက ၂၀၂၄ ခုနှစ်မှာ အရပ်ဝတ်နဲ့ရဲ ၁၀ ဦး ဝင်ရောက်စီးနင်းဖမ်းဆီးမှု ခံခဲ့ရပါတယ်။အဲဒီအချိန်မှာ သူတို့က သူမရဲ့အိမ်ကို မွှေနှောက်ရှာဖွေပြီး မျက်လုံး​ကိုဖုံးအုပ်ကာ လက်တွေကို ကြိုးနဲ့ ချည်နှောင်ခဲ့ပါတယ်။

“ကျွန်မ ဖမ်းဆီးခံရတဲ့အချိန်မှာ ရာသီလာနေပါတယ်။ထောင်ကို ရောက်တဲ့အထိ နှစ်ရက်လုံး လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံကို မလဲနိုင်ခဲ့ပါဘူး” ဟု သူမက ပြောပါတယ်။ စစ်ကြောရေးမှာလည်းအရာရှိတွေကသူမကိုသတ်ပစ်မယ်၊ အစိတ်စိတ်အပိုင်းပိုင်းခုတ်ထစ်ပစ်မယ်လို့ ခြိမ်းခြောက် ခဲ့ကြတယ်လို့ ဆိုပါတယ်။
😢16👍4🤣2🖕2❤1🤬1
"ကျွန်မ သေမတတ် ကြောက်ခဲ့ရတာ။ အဲဒီ ဒဏ်ရာကြောင့် ဟော်မုန်း အပြောင်းအလဲဖြစ်ပြီး ပြည်ထောင်ရောက်ပြီးတဲ့နောက် တစ်လလုံး ရာသီလာနေခဲ့တယ်။ထောင်ထဲမှာ ကျွန်မက အသစ် ဖြစ်နေလို့ ပထမနှစ်လလုံး အမျိုး
သမီးလစဉ်သုံးပစ္စည်းငြင်းပယ်ခံခဲ့ရပါတယ်။ ကုမ္ပဏီတွေကအဲဒီပစ္စည်းလှူပေမဲ့ထောင်ဝန်
ထမ်းတွေက ကျွန်မတို့ကို ပြန်ရောင်းကြတယ်"။

အခြားအမျိုးသမီးအများစုကလည်း စိတ်ဖိစီးမှုတွေကြောင့် ရာသီစက်ဝန်း မမှန်တာတွေ ကြုံတွေ့ခဲ့ရ တယ်လို့ ပြောကြပါတယ်။ ဖြူဖြူကတော့ ထောင်ကျနေစဉ်အတွင်း ရာ
သီလာတာ ရပ်သွားခဲ့ပြီး နောက်ပိုင်းမှာ သား
အိမ်အကျိတ်ကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ ပြောပြပါတယ်။


●ညှင်းပန်းနှိပ်စက်မှု နှင့် လက်စားချေမှုများ

မြန်မာနိုင်ငံကအကျဉ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေ၊ စစ်စခန်းတွေနဲ့ အခြား ထိန်း
သိမ်းရေး နေရာတွေမှာ ရိုက်နှက်တာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊အချိန်ကြာရှည်စွာ ဒူးထောက်ခိုင်းပြီး ဒဏ်ခတ်တာ၊လျှပ်စစ်ရှော့ခ်ပေးခြင်းနဲ့ အစားအစာ၊ ရေနဲ့ အိပ်စက်ခွင့်တွေမပေးပဲတမင်တကာနှိပ်စက်ထားတာစတဲ့ နည်းလမ်းတွေကို အများအပြား အသုံး
ပြုကြတယ်လို့ သိရပါတယ်။

စစ်ဘက်အာဏာပိုင်တွေဟာ အသက် ၃၆ နှစ်အရွယ် ဖြူဖြူကို ၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်မြောက်ပိုင်းရှိ ရွှေပြည်သာနဲ့ မရမ်းကုန်းမြို့နယ် ၈ မိုင် စစ်ကြောရေးစခန်းတွေကို သုံးလခွဲကြာ ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနေရာမှာ သူမဟာ မေးမြန်းစစ်ဆေးခံရပြီး ထပ်ခါတလဲလဲ ရိုက်နှက်ခံခဲ့ရတယ်လို့ ပြောပြပါတယ်။

“သူတို့က နည်းလမ်းအမျိုးမျိုး သုံးပါတယ်။ အသက်ကြီးတဲ့ လူတစ်ယောက်ဆိုရင် ‘နင် ငါ့သမီးလိုပဲ၊ မေးတာဖြေရင် ဘာမှမလုပ်ဘူး’ လို့ပြောပါတယ်။ဒါပေမယ့်မေးတာကို မကျေ
နပ်ရင်တုတ်နဲ့ ရိုက်ပါတယ်။ ‘နင်ငါတို့ကို လိမ်နေတာ’ လို့ ပြောပါတယ်။

သူတို့က ကျွန်မတို့ကို အချိန်မရွေး သတ်ပစ်နိုင်တယ်လို့ ခြိမ်းခြောက်ပါတယ်။ ‘နင် ဒီမှာရှိတာဘယ်သူမှမသိဘူး။နင့်ကိုအချိန်မရွေး သတ်ပစ်ဖို့ ငါတို့မှာခွင့်ပြုချက်ရှိတယ်’လို့ ပြောကြပါတယ်”။

အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရပြီးနောက် ဖြူဖြူဟာ စစ်ကြောရေးအတွင်း ရိုက်နှက်ခံ ခဲ့ရမှုကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုနဲ့ ခေါင်းမူးခြင်းများအတွက်ဆေးရုံပြသခွင့်
တောင်းဆိုခဲ့ပါတယ်။သို့သော် အကြိမ်ကြိမ် တောင်းဆိုပြီး ၁၀ လခန့်ကြာမှသာ ဆေးရုံဆရာဝန်နဲ့ ပြသခွင့်ရခဲ့ပြီး၊ဆရာဝန်ကသူမရဲ့ဘယ်ဘက်ပုခုံးရိုးဟာကြေမွသွားခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လမှာ အသက် ၂၆ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ ဝတ်ရည်အောင်ဟာလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ဖမ်း
ဆီးခံရစဉ်ရိုက်နှက်ခံရမှုကြောင့်ရရှိခဲ့တဲ့ ခေါင်းဒဏ်ရာတွေကို သင့်တော်တဲ့ ဆေးဝါးကုသမှု မရရှိဘဲ နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးနောက် အင်းစိန်အကျဉ်းထောင်အတွင်း သေ
ဆုံးသွားခဲ့ပါတယ်။

သူမ မသေဆုံးမီ နှစ်လအလိုမှာ သူမရဲ့ အမှုကို ကူညီပေးနေသူတစ်ဦးက ဝတ်ရည်အောင်ဟာ မကြာခဏ အတက်ရောဂါ ဖြစ်ပွားနေတယ်လို့ Human Rights Watch ကို ပြောခဲ့ပါတယ်။

အကျဉ်းထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို “ပြဿနာရှာသူတွေ” လို့ သတ်မှတ်ပြီး အခြားအကျဉ်းသားတွေနဲ့ ခွဲထားလေ့ရှိတယ်လို့ အမျိုးသမီးအကျဉ်းသူတွေက ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် ခိုင်ဇာက ပဲခူးတိုင်း ဒိုက်ဦး အမျိုးသမီးအကျဉ်းထောင် တာဝန်ခံအမျိုးသမီးဟာ “သူ့အာဏာကို စနစ်တကျ လွဲမှားစွာ အသုံးချခဲ့တယ်” လို့ ပြောပြပါတယ်။ "သူမဟာ အခြားအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသူ သုံးဦးကို သံကြိုးတွေနဲ့ ရိုက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒဏ်ရာက အ
ရမ်းပြင်းထန်လွန်းလို့ ဒဏ်ရာရသူတစ်ဦးကို စောင်နဲ့ ထမ်းထုတ်သွားရပါတယ်” ဟု ခိုင်ဇာက ပြောပြပါတယ်။

အင်းစိန်အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတစ်ခုမှာ ပါဝင်ခဲ့ခြင်းမရှိပေမယ့် အရင်က တောင်းဆိုမှုတွေမှာ ပါဝင်ခဲ့ဖူးတာကြောင့် ပစ်မှတ်ထားခံခဲ့ရတဲ့ နီလာဦး(၃၁ နှစ်) ဟာလည်း ထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျွန်မက တခြားတောင်းဆိုချက်တွေမှာ ပါ
ဝင်ခဲ့ဖူးလို့ ပစ်မှတ်ထားခံရတာပါ။ အမျိုး
သား၊ အမျိုးသမီး ထောင်ဝန်ထမ်းတွေက ကျွန်မနဲ့ အခြားအကျဉ်းသူတွေကို ရိုက်ကြပါတယ်။ လူလေးယောက်ကကျွန်မကို တစ်ပြိုင်
နက်တည်း ကန်ကြပါတယ်။ ဖြစ်စဉ်ပြီးတဲ့နောက် ပြစ်ဒဏ်အနေနဲ့ နှစ်ပတ်ကြာ သီးသန့်ထောင်ခန်းထဲ ထည့်ခံခဲ့ရပါတယ်” ဟု သူမက ပြောပါတယ်။

ထောင်ထဲမှာ လူစာရင်းစစ်တဲ့ အချိန်တွေမှာလည်း ထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေကို “ပုံစံ” လို့ခေါ်တဲ့ ဒူးထောက်ပြီး စကွတ်ထိုင်တဲ့ အနေအထားနဲ့ တစ်နာရီကြာ ထိုင်ခိုင်းလေ့ရှိတယ်လို့ အကျဉ်းသူဟောင်းတွေက ပြောပါတယ်။

ထောင်တွင်း ညစ်ပတ်ပြီးနေထိုင် မသင့်လျော်တဲ့ အခြေအနေတွေ ဒါမှမဟုတ် ဆိုးရွားတဲ့ ပြုမူဆက်ဆံမှုတွေကို မိသားစုဝင်တွေ ဒါမှမဟုတ် လာရောက်စစ်ဆေးတဲ့ အရာရှိတွေထံ တိုင်ကြားတဲ့အကျဉ်းသားတွေဟာလည်း လက်စားချေမှုတွေနဲ့ ရင်ဆိုင်ရတယ်လို့ မေး
😢18👍5🤬2🤣2🖕2
မြန်းခံရသူတွေက ပြောပါတယ်။

အဲဒီလို လက်စားချေမှုတွေထဲမှာ ပါဆယ်ထုပ်နဲ့ စာအိတ်တွေ သိမ်းဆည်းခံရတာ၊ အစား
အစာ ရိက္ခာ လျှော့ချခံရတာ၊ ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ခံရတာ၊ ဆေးကုသခွင့် ငြင်းပယ်ခံရတာ၊ သီးသန့် ထောင်ခန်းထဲ ပို့ဆောင်ခံရတာ နဲ့ ပိုမိုကြမ်းတမ်းတဲ့ဒါမှမဟုတ် ဝေးလံတဲ့ အကျဉ်းထောင် တွေကို ပြောင်းရွှေ့ခံရခြင်းတွေ ပါဝင်ပါတယ်။

အရာရှိတွေဟာ ထောင်ရဲ့အဆောင်တစ်ခုလုံးကို ပိတ်လှောင်ထားခြင်းလိုမျိုး အစုအဖွဲ့လိုက် ပြစ်ဒဏ်ပေးတဲ့ နည်းလမ်းတွေကိုလည်း “စည်းကမ်းထိန်းသိမ်းမှု” ဆိုတဲ့ အ
ကြောင်းပြချက်နဲ့ အသုံးပြုခဲ့ ကြတယ်လို့ ဆိုပါတယ်။

“ထောင်ပိုင်ဆီ တိုင်ကြားဖို့ ကြိုးစားရင် တ
ခြားထောင်ကို ပြောင်းပစ်လိုက်တာပါပဲ။ တိုင်ကြားသူတွေကို လက်စားချေမယ်ဆိုတာကို နမူနာပြထားတာပါ”လို့ အသက် ၂၉ နှစ်အရွယ် နှင်းနှင်းက ပြောပါတယ်။

အမျိုးသမီး အများစုကတော့ နိုင်ငံရေးအ
ကျဉ်းသားတွေအပေါ် ထောင်ဝန်ထမ်းတွေရဲ့ စနစ်တကျ ရက်စက်တဲ့ ဆက်ဆံမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ ခံခဲ့ရတယ်လို့ ပြောကြပါတယ်။

ဖြူဖြူဟာ ၂၀၂၃ ခုနှစ်မှာ အင်းစိန်အကျဉ်း
ထောင်ကနေ သာယာဝတီအကျဉ်းထောင်ကို အခြားနိုင်ငံရေး အကျဉ်းသား ၃၀၀ ခန့်နဲ့အတူ ပြောင်းရွှေ့ခံခဲ့ရပါတယ်။ အဲဒီထဲမှာ အမျိုးသမီး ၁၀၀ နဲ့ အမျိုးသား ၂၀၀ ခန့် ပါဝင်ပါတယ်။ သူမကို ‘နင်တို့က တခြားထောင်မှာ စကားနားမထောင်လို့ ဒီထောင်ကို ပို့လိုက်တာ’ လို့ ပြောကြတယ်” လို့ ဆိုပါတယ်။

မကြာသေးမီက လွတ်မြောက်လာသူတွေရဲ့ ပြောကြားချက်အရ သာယာဝတီထောင်ကို အသစ် ရောက်လာတဲ့ အကျဉ်းသားတွေဟာ ရိုက်နှက်ခံရလေ့ရှိတယ်လို့ ဆိုပါတယ်။ နန္ဒာလှိုင် (၃၂ နှစ်) ကလည်း သာယာဝတီထောင်မှာ ရိုက်နှက်ခံရပြီးနောက် သီးသန့်ထောင်ခန်းထဲမှာ နှစ်ပတ်ကြာ ထားရှိခံခဲ့ရတယ်လို့ ပြောပြပါတယ်။

“၂၄ နာရီမှာ ၁၅ မိနစ်ပဲ အပြင်ထွက်ခွင့် ရပါတယ်။ ၁၀ x ၆ ပေ အခန်းထဲမှာပဲ တစ်နေကုန် နေရပါတယ်။ အဲဒီမှာပဲ စားရတယ်၊ အဲဒီမှာပဲ အိမ်သာတက်ရပါတယ်။ မီးလည်းမရှိဘူး၊ ဘာလုပ်စရာမှ မရှိဘူး၊ ဖတ်စရာလည်း ဘာမှမရှိဘဲ အမှောင်ထုထဲမှာပဲ နေရပါတယ်”လို့သူမအ​တွေ့အကြုံကိုဖွင့်ဟပါတယ်။

သာယာဝတီအာဏာပိုင်တွေဟာ ခင်စန်းဝင်း (၂၆ နှစ်) ကိုလည်း အင်းစိန်ထောင်ကနေ ပြောင်းရွှေ့ လာပြီးနောက် သီးသန့်ထောင်ခန်းထဲမှာ ကိုးလကြာ ထားရှိခဲ့ပါတယ်။

“ကျွန်မတို့ကို ထောင်အဆောင်ကနေ သီးသန့်ထောင်ခန်းကို ပြောင်းတဲ့အချိန် အမျိုးသား၊ အမျိုးသမီး ထောင်ဝန်ထမ်းတွေက ဆဲဆိုကြတယ်။ထောင်ခွေးတွေနဲ့လွှတ်ကိုက်ခိုင်းတယ်။လောက်လေးခွ တွေနဲ့လည်း ပစ်ကြတယ်” ဟု ခင်စန်းဝင်းက ပြောပါတယ်။

ကုလသမဂ္ဂ ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူများကလည်း ၁၅ ရက်ထက် ပိုမိုကြာမြင့်တဲ့ သီးသန့်ချုပ်နှောင်မှုဟာ ညှင်းပန်းနှိပ်စက်မှု ပုံစံတစ်မျိုးအဖြစ် သတ်မှတ်နိုင်ကြောင်း အတည်ပြုထားပါတယ်။

သူမရဲ့ ပြောကြားချက်အရ အိုးဘို၊ သာယာဝတီနဲ့ ဒိုက်ဦးအကျဉ်းထောင်တွေမှာ အမျိုး
သား ထောင်ဝန်ထမ်းတွေဟာ ဖျားနာနေတဲ့ အမျိုးသမီးအကျဉ်းသူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အပေါ်မှာတောင် လောက်
လေးခွတွေ အသုံးပြုပြီး ထိန်းချုပ်တာမျိုး လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးရဲ့ ပြောကြားချက်အရ အစောပိုင်းကာလတွေမှာ အမျိုးသားထောင်ဝန်ထမ်းတွေဟာ အမျိုးသမီးအကျဉ်းသူတွေအပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက်တာကို ရှောင်လေ့ရှိခဲ့ပေမယ့်၊ နောက်ပိုင်း ငါးနှစ်အတွင်းမှာတော့ အဲဒီလို စံနှုန်းတွေ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်လို့ ပြောပါတယ်။ ။


နိဂုံး (အပိုင်း - ၃) ဆက်ရန်

ကိုးကား - Human Rights Watch
👍15😢10❤3🤬2🤣2🖕2😁1🤮1
😢24🤣3👎1🤬1
ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး KIA ပူးပေါင်းတပ် ဖမ်းမိ၊ ရုပ်အလောင်းနဲ့လက်နက်တွေ သိမ်းရ

စက်တင်ဘာ ၂၇၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဗန်းမော်မြို့မှာ စစ်တပ်က အင်အားတွေဖြည့်တင်းပြီးနောက် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာလို့ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတာလို့ KIAက အသိပေးထားပါတယ်။

ဒီကနေ့ ဗန်းမော်မြို့တိုက်ပွဲမှာ စစ်တပ်က ရုပ်အလောင်း ၆လောင်း၊ လက်နက် ၁၀ လက် သိမ်းရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အခြားကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးနိုင်ခဲ့မှု၊ အလောင်းလက်နက်ရရှိမှု ဖြစ်စဉ်ကို အတည်ပြုပြီး ဗန်းမော်တက္ကသိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ အသိပေးပါတယ်။

KIA သတင်းပြန်ကြားရေးဌာနရဲ့ စက်တင်ဘာ၂၆ရက်သတင်းဖော်ပြချက်မှာလည်းဗန်းမော်မှာနေ့တိုင်းနီးပါးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ အသိပေးပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်တပ်က အင်အားအသစ်တွေဝင်ရောက်လာပြီးနောက် မြေပြင်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်လာလို့ လတ်တလောမှာ ဗန်းမော်တက္ကသိုလ်၊ တာမိုင်းလုံ၊ ဟန်တဲ၊ညောင်ပင်သာ စတဲ့ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ဆိုပါတယ်။

စစ်တပ်နဲ့ KIA အပြန်အလှန် ထိုးစစ်ဆင်တာရှိသလို မြေပြင်တိုက်ပွဲမရှိတဲ့ အချိန်တွေမှာဆိုရင်လည်း စစ်ကောင်စီတပ်ဟာ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်ဗုံးကြဲတာတွေ ပြုလုပ်နေကြောင်းဖော်ပြပါတယ်။

စစ်တပ်ဟာ ဩဂုတ်လကုန်ပိုင်းနဲ့စက်တင်ဘာလအတွင်း ဗန်းမော်မြို့ကို ရေကြောင်းက စစ်အင်အားတွေဖြည့်တင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်အင်အားဖြည့်တင်းမှုအပြည့်အ၀မလုပ်ဆောင်နိုင်ခဲ့ဘဲ သင်္ဘောအချို့သာ ဗန်းမော်မြို့ကို ဆိုက်ရောက်ခဲ့ပါတယ်။ ဩဂုတ်နဲ့စက်တင်ဘာအတွင်း ကချင်ပြည်နယ် ဗန်းမော်-ရွှေကူ-ကသာရေလမ်းကြောင်းမှာ KIA ပူးပေါင်းတပ် တိုက်ခိုက်လို့ စစ်တပ်သင်္ဘော အစီး ၂၀ ခန့် ပျက်စီး၊နစ်မြုပ်၊မီးလောင်တာတွေ ဖြစ်ခဲ့ပါတယ်။


(ဗန်း​မော်မြို့သိမ်းတိုက်ပွဲမှာ KIA နဲ့ မဟာမိတ်များ ​၂၀၂၅ ဖေ​ဖော်ဝါရီလဆန်းမှာ သိမ်းဆည်းရရှိ​တဲ့ တင့်ကားတပ်ရင်း ၅၀၁၄။ ဓါတ်ပုံ- ကချင်​တောင်တန်း)
❤35👏10🥰5🤣2👎1🖕1
👍28❤15🥰4👏3😁1💩1🤣1🖕1
လောင်းလုံးမြို့နယ်မှာမြေပြိုမှုနဲ့ ရေကြီးမှုကြောင့်လူသေဆုံးပျောက်ဆုံးမှုရှိနေ

■ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာလည်းမိုးသည်းပြီး​ရေကြီး

စက်တင်ဘာ-၂၇ ၊၂၀၂၆။ဇော်ရမ်း၊မိုမို/People's Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ မြေပြိုမှုနဲ့ ရေကြီးမှုကြောင့် လူသေဆုံးပျောက်ဆုံးမှု တချို့ရှိနေပြီး ပိတ်မိနေတဲ့ဒေသခံတွေလည်းရှိတာကြောင့် ကူညီကယ်ဆယ်ရေးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံ​တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၂၇ ရက်) မနက် ၅ နာရီကျော်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောင်းလုံးမြို့နယ် အောက်ဘက်မှာ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။

"တောင်ကျရေလည်းများတယ်။အဓိက ထိတာတော့ ဝေဒီနဲ့ ကဒက်ငယ်ထိန် ရွာဘက်တွေ။မင်းရပ်ရွာမှာ‌ အမျိုးသမီးတစ်ဦး ဆုံးတာတွေ့ထားတယ်"လို့ လောင်းလုံးမြို့နယ် ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကဒက်ငယ်ထိန်ကျေးရွာဘက်မှာလည်း ပျောက်ဆုံးတဲ့သူတချို့ရှိပြီး ပိတ်မိတဲ့သူတွေလည်းရှိနေလို့ ကူညီပေးဖို့လည်း အဲဒီရွာခံတစ်ဦးက အသိပေးပါတယ်။

"ထား၀ယ်မြစ်ဘေးနဲ့ နီးနေတော့ရေကြီးတာ တော်တော်များတယ်။ကယ်ဆယ်ရေးကတော့ လိုအပ်ချက်တွေ ရှိတယ်။လောလောဆယ် မနိုင်ဘူး"လို့ လောင်းလုံးမြို့နယ် လူမှုကူညီရေးအသင်းတာ၀န်ရှိသူက လက်ရှိ အခြေအနေကို ရှင်းပြပါတယ်။

ဒါ့အပြင်လောင်းလုံးမြို့နယ်အောက်ဖက်ကျေးရွာတွေမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ထွက်ခွာလာခဲ့ပေမယ့် ကမြောကြီးဒေသအနီးမှာ ရေကြီးရေလျှံမှု အလွန်များပြားနေတာကြောင့် ရှေ့ဆက်သွားလာလို့ မရသေးဘဲ လမ်းခရီးမှာ ပိတ်မိနေတယ်လို့ ထား၀ယ်အခြေစိုက် ဇမ္ဗူသီရိ လူမှုကူညီရေးအသင်းက ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ကယ်ဆယ်ရေးအတွက် အရေးပေါ်ထွက်ခွာလာရပေမယ့် လမ်းခရီးအခြေအနေကြောင့် အခုလို ရပ်တန့်စောင့်ဆိုင်းနေရတာကြောင့် အလွန်စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

"ကယ်ဆယ်ရေးလမ်းကြောင်းပြတ်တောက်သွားပြီ။ ရွာတွေကိုသွားလို့မရတော့ဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ထား၀ယ်မြစ်ခြားထားတဲ့ လောင်းလုံးမြို့နယ်အရှေ့ဘက်က သရက်ချောင်းမြို့နယ်မှာလည်း မိုးသည်းထန်မှုကြောင့် သစ်
ပင်လဲကျတာ၊မြေပြိုတာနဲ့ ဖုန်းလိုင်းပြတ်တောက်မှုတွေရှိတယ်လို့သိရပါတယ်။

ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာလည်း ဒေသတွင်း မြစ်ချောင်းတွေရေလျှံနေပြီး မိုးလည်းဆက်ရွာနေတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းမလည်း အပိုင်းလိုက် ရေလျှံနေတယ်လို့ ​ဒေသခံ​တွေက​ပြောတယ်။

ထိုင်းနိုင်ငံမှာ ရေကြီးနေစဉ် ဒေသချင်းဆက်စပ်နေတဲ့ တနင်္သာရီတိုင်းမှာ ရေဘေးကြုံတွေ့နေတာဖြစ်ပါတယ်။ လက်ရှိရာသီဥတုအခြေအနေနဲ့ပတ်သက်လို့ စက်တင်ဘာ၂၉ရက်အထိ ရေဘေးနဲ့မြေပြိုမှု ဘေးသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ အနီးဝန်းကျင်အပါအဝင် ထိုင်းနိုင်ငံအောက်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ စက်တင်ဘာ၂၈ရက်မှာ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားကာ အားလျော့ပျက်ပြယ်သွားနိုင်တယ်လို့ MoSLHA က ထုတ်ပြန်ထားပါတယ်။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့မကွေးတိုင်းမှာ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

တနင်္သာရီတိုင်းမှာ နေရာကွက်မိုးကြီးခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပြီး မိုးကြီးခြင်းနောက်ဆက်တွဲ ရေကြီးခြင်း၊ တောင်ကျချောင်းရေလျှံခြင်း၊ လျှပ်တစ်ပြက်ရေလွှမ်းမိုးခြင်းနဲ့မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သြဂုတ်က စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်း ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့ပြီး လူ ၄၀ထက်မနည်း သေဆုံးခဲ့ပါတယ်။ လက်ရှိမှာ တနင်္သာရီအတိုင်းအတွင်း ရေဘေးနဲ့ မြေပြို ဘေးကြုံတွေ့နေတာဖြစ်ပါတယ်။ တနင်္သာရီတိုင်းရေဘေးမှာ ဒီနေ့စက်တင်ဘာလ၂၇ရက်နေ့မနက်အထိ လူငါးဦးထက်မနည်းသေဆုံးထားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့အချို့ကပြောပါတယ်။ ကယ်ဆယ်ရေးအင်အား လုံးဝမလုံလောက်ဘူလို့ ဒေသခံတွေက ပြောပါတယ်။

(လောင်းလုံးမြို့နယ်မှာ ရေကြီးပြီး ​မြေပြိုပြီး​နောက်မြင်ကွင်များ ။ရုပ်သံ-​ဒေသခံ)

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA
😢21🔥6❤5👍4😭3👎2😁1
Media is too big
VIEW IN TELEGRAM
😭22🔥6❤5😢3👎2👍1
■​ဆောင်းပါး

ဖြစ်တည်မှုကို မတားတဲ့အိမ်

-ယုဇနကိုကို​ရေးသားသည်။

“သူ့အတွက် အန်တီ တလောကလုံးနဲ့လည်း ရင်ဆိုင်နိုင်တယ်။ ဆွေမျိုးအားလုံးနဲ့လည်း ရင်ဆိုင်နိုင်တယ်” လို့ အသက် ၆၁ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ချိုချို (အမည်လွှဲ) က သမီးဖြစ်သူဘက်ကရပ်တည်မယ့် သူ့ရဲ့သဘောထားကို ပြတ်ပြတ်သားသားပဲ ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်တစုကျော်က သူ့ရဲ့တဦးတည်းသောသမီးအသက် ၂၉နှစ်အရွယ်ဖြိုး (အမည်လွှဲ) ကို အမျိုးသမီးအဝတ်အစားများသာ ဆင်ယင်ဖို့ ဆွေမျိုးအသိုင်းအဝိုင်းက ပြောဆိုလာမှုတွေအပေါ် ဒေါ်ချိုချိုက အမြဲငြင်းဆန်ခဲ့တာပါ။

“ငါ့သမီးမကြိုက်တာမလုပ်ကြပါနဲ့ဟယ်၊ ငါ့မှာဒါလေးတယောက်ပဲရှိတာပါ”ဆိုတဲ့စကား
လုံးတွေဟာဖြိုးနဲ့ပတ်သက်ပြီး ဒေါ်ချိုချိုအစဉ်အမြဲပြောနေကျ စကားလုံးများပဲဖြစ်ပါတယ်။

“ရိုးရိုးသားသား သူ့ပင်ကိုယ်စိတ်ကိုယ်က ယောကျ်ားလေးစိတ်မျိုးဖြစ်တာ၊ ပြောင်းလဲလို့မရတာ သိလိုက်တဲ့အချိန် အန်တီ့စိတ်ကို ဒုံးဒုံးချလိုက်တယ်၊ သူဖြစ်ချင်တာတွေကိုပဲ အန်တီလိုက်လုပ် ပေးလိုက်တော့မယ်ဆိုပြီး” လို့ ဒေါ်ချိုချိုက ဆက်ပြောပါတယ်။

သားယောကျ်ားလေးမွေးတဲ့မိခင်က ပိုမြင့်မြတ်တယ်ဆိုပြီး သက်သေမပြနိုင်တဲ့ ရှေးရိုးစွဲအယူဝါဒတွေ ဖုံးလွှမ်းနေဆဲ လူနေမှုအဖွဲ့ အစည်းရဲ့ဝေဖန်မှု တွေကြားကပဲ ဒေါချိုချိုဟာ ဖြိုးဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ မိခင်တယောက်ဖြစ်လာပါတယ်။

●​ဒေါ်ချိုချို နဲ့ ဖြိုး

ဒေါ်ချိုချိုတယောက် ဖြိုးအသက် ၁၆ နှစ်အရွယ်လောက်အထိ မိန်းကလေးတယောက်လို ဖြစ်လာဖို့အတွက် ပြောင်းလဲဖို့ကြိုးစားခဲ့ပေမယ့် သူ့ကြိုးစားမှု မအောင်မြင်တာကို ရိပ်မိလိုက်ပါတယ်။

“မိန်းကလေးဘက်ကိုပြန်ပြီးစိတ်နွယ်လာမလားလို့ အန်တီပြောင်းကြည့်သေးတယ်၊အစကတော့ မိန်းကလေးစစ်စစ်ဖြစ်စေချင်တာပေါ့၊ သူ့စိတ်က လုံးဝ မနွယ်ဘူး၊ မိန်းကလေးလိုဝတ်ဆိုရင် ဝတ်ပေးတယ်၊ ဒါပေမယ့် အန်တီက သူ့တစ်ယောက်တည်းမွေးထားတာဆိုတော့ သူ့စိတ်ကို တဖြည်းဖြည်းနားလည်လာတယ်၊ သူ့စိတ်သန်ရာသန်ရာပေါ့နော်၊ ရိုးရိုးသားသားသူ့ပင်ကိုယ်စိတ်ကိုက ယောကျ်ားလေးလိုနေချင်တာ” လို့ ဒေါ်ချိုချိုက ဆိုပါတယ်။

အဲ့ဒီအချိန်ကစလို့ဒေါ်ချိုချိုဟာ ဖြိုးဖြစ်ချင်တဲ့ဆန္ဒတွေနောက်ကိုသာလိုက်ပြီး ပံ့ပိုးပေးတဲ့ မိခင်တဦး ဖြစ်လာပါတော့တယ်။

“သူစိတ်ဆင်းရဲရင်အန်တီလည်းစိတ်ဆင်းရဲရမယ်၊ အန်တီစိတ်ဆင်းရဲရင်လည်းသူစိတ်ဆင်းရဲရမယ်၊သူ့ရဲ့သန္ဓေစိတ်ကိုက ယော
က်ျားလေးတယောက်လိုဖြစ်လာတော့အန်တီက သမီးရေ ဒီဘဝတော့ ယောကျ်ားလေးမဖြစ်ပေမယ့် နောက်ဘဝကျဖြစ်အောင် သမီးကြိုးစားနော်ဆိုပြီး ဘာသာရေးအရ အားပေးဖြစ်တယ်၊ ဒါပေမယ့် ဒီဘဝမှာလည်း သမီးနေချင်တဲ့ ယောက်ျားလေးလို ကြိုက်သလိုနေ စမ်းပါ၊ ဟော့ဟော့ရမ်းရမ်းတော့မဖြစ်စေနဲ့” ဆိုပြီးအမြဲတမ်း အားပေးခဲ့တယ်လို့ ဒေါ်ချိုချိုက ဆိုပါတယ်။

ဖြိုးရဲ့ ရွေးချယ်မှုတွေကို နားလည်လက်ခံပေးနိုင်ဖို့အတွက်လည်း ပတ်ဝန်းကျင်၊ ဆွေမျိုးနဲ့ လူတွေဘာပြောမလဲဆိုတဲ့ စိုးရိမ်မှုထက် သူ့ရဲ့ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုကသာ ပိုအရေး
ကြီးတယ်လို့ ဒေါ်ချိုချိုက မြင်ပါတယ်။

သမီးဖြစ်သူရဲ့ဖြစ်တည်မှုကို အပြည့်အလက်ခံအားပေးတဲ့ ဒေါ်ချိုချိုဟာ ငယ်စဉ်အချိန်က LGBT တွေအပေါ် အမြင်တိမ်းစောင်းခဲ့ဖူးပါတယ်။

“အန်တီငယ်ငယ်က အဲ့ဒါတွေသိပ်မုန်းတာ၊ မိန်းကလေးကယောကျ်ားစိတ်ဖြစ်တာ၊ ယောကျ်ားလေးက မိန်းကလေးစိတ်ဖြစ်တာတွေအပေါ် လက်မခံနိုင်ခဲ့ဘူး၊ အမြင်ကျဉ်းခဲ့တာပေါ့နော်။ ဒါပေမယ့် ကိုယ့်ကလေးက ဒီလိုဖြစ်လာတဲ့အခါ သူ့စိတ်တိုင်းကျ လုပ်ခွင့်ပေးထားတယ်၊ အန်တီက ဘေးက တည့်မတ်ပေးရုံပဲ၊ လူ့ဘဝက တိုတိုလေး၊ တိုတိုလေးဘဝမှာ တယောက်နဲ့တယောက် ငြိုငြင်နေရမှာကို အန်တီ စိတ်ပျက်တယ်၊ သူ ဒီလိုဖြစ်တာ ကိုလည်း အန်တီနောင်တမရဘူး၊ သူလျှောက်ရမယ့်လမ်း ကိုတည့်ပေးပြီးပြီ၊ ဆက်လျှောက်ဖို့ကတော့ သူ့တာဝန်ပဲ” လို့ ဒေါ်ချိုချိုက ပြောပါတယ်။

မိခင်ဖြစ်သူရဲ့ နားလည်လက်ခံပေးမှုက ဖြိုးအတွက်တော့ သူ ငယ်စဉ်ကတည်းကကြုံခဲ့ရတဲ့အခြားသူတွေရဲ့ဝေဖန်မှုတွေကြားမှာ ယုံ
ကြည်အားကိုးရာတခု ဖြစ်လာခဲ့ပါတယ်။

“အခုချိန်မှာ ကိုယ့်ဘဝကိုယ့်ဘာသာပျော်ရွှင်ပြီးနေထိုင်နေတဲ့အပေါ်မှာ အပြစ်တင်တာ၊ ငြူစူတာ၊ စိတ်ကိုဖိအားပေးတာ ဘာတခုမှမရှိခဲ့ဘူး၊ ၁၀၀ ရာခိုင်နှုန်းအပြည့် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတယ်” လို့ ဖြိုးက ပြောပါတယ်။

မိခင်ဖြစ်သူရဲ့ နားလည်ပေးမှုက ဖြိုးအတွက်ကိုယ်ဖြစ်ချင်တဲ့ပုံစံအတိုင်း ကိုယ်ဖြစ်ခွင့်ရတယ်ဆိုတဲ့ ခံစားချက်ကို ရရှိစေခဲ့လို့ပဲဖြစ်ပါတယ်။

မိခင်ဖြစ်သူရဲ့ ကာကွယ်ပေးမှုတွေနဲ့ပတ်သက်ပြီး ဖြိုးက “မေမေက ကိုယ်နဲ့ပတ်သက်ရင် သူများ ပြောတာ လုံးဝမခံဘူး၊ ငါ့သမီး သူ့စိတ်တိုင်းကျနေပါစေ၊ သူမဟုတ်တာလုပ်နေတာ မဟုတ်ဘူးလို့ မေမေက အမြဲရပ်တည်ပေးတော့ ကိုယ့်ဘဝကိုယ်ပျော်တယ်” လို့​ပြောပြပါတယ်။

မူလတန်းအရွယ်တည်းက မိန်းကလေးတယောက်လို ဝတ်စားဆင်ယင်ရတာတွေကို
မကြိုက်ခဲ့တဲ့ ဖြိုးဟာ သူ့ရဲ့ကျား/မအမှတ်
သညာဖော်ပြမှုတွေနဲ့ပတ်သက်ပြီး အသက် ၁၈ နှစ်လောက်အရောက်မှာ မိခင်ဖြစ်သူကို အရဲစွန့်ပြီးထုတ်ဖော်ပြောပြခဲ့တာဖြစ်ပါတယ်။
👍7❤4🖕3🤮1
“ကိုယ့်ရဲ့စိတ်ခံစားချက်က မိန်းကလေးတစ်ယောက်ကိုပဲ ချစ်နှစ်သက်ချင်တာ၊ လိင်တူမိန်းကလေးတ ယောက်နဲ့ပဲ အတူရှိချင်တာ၊ လက်တွဲချင်တာဆိုတဲ့အကြောင်း အမေ့ကို ပြောပြချင်တဲ့အချိန်ကအရမ်းကြောက်တယ်၊ တကိုယ်လုံး အသားတွေတုန်နေလောက်တဲ့အထိ ကြောက်ခဲ့တာ၊ ကြောက်ပေမယ့် အမေသိခဲ့တယ်၊ နည်းနည်းလေးမကြိုက်ကြောင်း၊ အဆင်မပြေကြောင်းဒါကြီးလက်မခံကြောင်းတော့ တော်တော်ပြတယ်၊ အမေက ပြပေမယ့်လည်း ကိုယ်က ရှေ့ဆက်ခဲ့တယ်၊ မိဘကို ကြောက်တာက တကဏ္ဍ၊ ကိုယ့်စိတ်နဲ့ကိုယ်ရှင်သန်ချင်တာက တကဏ္ဍဆိုတော့လေ” လို့ မိခင်ဖြစ်သူကို ပထမဆုံးအကြိမ်ထုတ်ဖော်ပြောဆိုခဲ့တဲ့အချိန်ကို သူက ပြန်ပြောင်းပြောပြပါတယ်။

အစပိုင်းမှာ လက်မခံနိုင်သေးတဲ့ မိခင်ဖြစ်သူဟာ သမီးရဲ့စိတ်ခံစားချက်ကိုပိုပြီးနားလည်လာတဲ့အချိန် မှာတော့ ဖြိုးကို သူ့ဘဝသူရွေး
ချယ်နေထိုင်ခွင့်ပေးဖို့အခွင့်အရေးကိုပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“အမေ့ကို ဘယ်လိုပြောခဲ့လဲဆိုတော့ ဖြိုးက အမျိုးသမီးကနေ အမျိုးသားတယောက် လိုပဲ နေချင်တာ။ အဲ့လိုမှမနေရရင် ဖြိုးရဲ့စိတ်က ကျဉ်းထဲကြပ်ထဲမှာရောက်မှာ။ဒါကြီးတွေကို ဖြိုးမဝတ်ချင်ဘူး။ မိန်းမလိုသာနေရမယ်ဆို မနေချင်တော့ဘူး။ သေလိုက်တာမှ ကောင်းဦးမယ် အဲ့လိုမျိုးနည်းနည်းချင်းစီ ငိုပြီး ဝမ်းနည်းပြီး ပြောပြ။ ကိုယ့်စိတ်ခံစားချက်တွေကို ပြဖြစ်တဲ့အချိန်မှ အမေက ဒါ့အတွက်တော့ ငါ့သမီးသေစရာမလိုဘူး။ ဒီလိုမျိုးနေချင်တာကြောင့် ငါ့သမီးသေသွားစရာမလိုဘူး။ ငါ့သမီး စိတ်ချမ်းသာမယ်ဆို နေလိုက်။ အမေဘာမှမပြောတော့ဘူးဆိုပြီးနေရင်းမှ ကိုယ်စိတ်ချမ်းသာဖို့အတွက် အမေလည်း သူ့ပျော်ရွှင်မှုတွေ စွန့်လွှတ်လိုက်ရတယ်ထင်ပါတယ်” လို့ ဖြိုးက ဆိုပါတယ်။

မိခင်ဖြစ်သူမြင်ချင်တဲ့မိန်းကလေးတယောက်
လို သိမ်သိမ်မွေ့မွေ့ ပြုမူနေထိုင်တာတွေ၊ မိ
ခင်ဖြစ်သူ ပုံဖော်ထားတဲ့ အမေနဲ့သမီး နှစ်ယောက်ရဲ့ဘဝကို ဒေါ်ချိုချိုတယောက် လက်
လွှတ်လိုက်တယ်ဆိုတာကို ဖြိုး တစ်ယောက်ရိပ်မိခဲ့ပါတယ်။

“တိုက်ယူခဲ့ရတာလေးတွေ လည်းရှိပါတယ်”
လို့ သူကြိုးစားယူခဲ့ရတဲ့မိခင်ဆီကနားလည်
မှုတွေ အကြောင်း ဖြိုးကပြောပြ ပါတယ်။

မိခင်ဖြစ်သူရဲ့ ပံ့ပိုးနားလည်မှုတွေနဲ့ ဘဝကို ဖြတ်သန်းခဲ့တဲ့ ဖြိုးဟာအရွယ်ရောက်စအချိန် လုပ်ငန်းခွင် ဝင်တဲ့အချိန်မှာ သူ့ရဲ့ ကျား/မအမှတ်သညာ ဖော်ပြမှု (Gender Expression) နဲ့ပတ်သက်ပြီး အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပါသေးတယ်။

“LGBT တွေ မခန့်ဘူး၊ Tomboy တွေ မခန့်ဘူး၊ နင်က ဒုတိယမြောက်ပဲ၊ နင့်ပြီးရင် မခန့်တော့ဘူး ဆိုတော့ ကိုယ်ကပဲ တိုက်မှာ နေ့စဉ်နဲ့အမျှ အပြစ်ကြီးတခုကျူးလွန်ပြီး အလုပ်တက်နေရသလိုပဲ” လို့ ဖြိုးက သူ့ရဲ့လုပ်ငန်းခွင်အတွေ့အကြုံအကြောင်းကို ဆိုပါတယ်။

ဖြိုးတယောက် ခွဲခြားဆက်ဆံခံခဲ့ရတဲ့အလုပ်ဌာနဟာ အဲ့ဒီအချိန်က လူသိများတဲ့ သတင်းမီဒီယာဌာန တခုဖြစ်ပါတယ်။ LGBT ဖြစ်တည်မှုနဲ့ ကျား/မ အမှတ်သညာဖော်ပြမှုအပေါ် ခွဲခြားဆက်ဆံခဲ့တဲ့ လူပုဂ္ဂိုလ်ဟာ အဲ့ဒီသတင်းဌာနရဲ့တိုက်ပိုင်ရှင်အမှုဆောင်အရာရှိချုပ်ကိုယ်တိုင်ဖြစ်ပါတယ်။

အမျိုးသမီးဝန်ထမ်းတွေကို မြန်မာဆန်ဆန် ရင်ဖုံးအင်္ကျီနဲ့ ထဘီဝတ်ဆင်ဖို့သတ်မှတ်ထားတာကြောင့် လုပ်ငန်းခွင်စတင်ဝင်ရောက်ချိန်ကနေ ၃နှစ်ကြာအထိ ဖြိုးတယောက်သူမနှစ်သက်တဲ့ ယူနီဖောင်းကို ဝတ်ဆင်ခဲ့ရပါတယ်။ ၃ နှစ်ခန့်အကြာမှာတော့ လုပ်ငန်းခွင်မှာ သတ်မှတ်ထားတဲ့ ဝတ်စားဆင်ယင်မှုပုံစံကို ဖြိုးတစ်ယောက် မလိုက်နာချင်တော့တာကြောင့် ထဘီမဝတ်ဘဲ ရုံးကို ဒဏ်ကြေးဆောင်ပြီး ကိုယ်နှစ်သက်ရာဝတ်စုံက ကိုသာ ဝတ်ဆင်ခဲ့ပြီး လုပ်ငန်းခွင်ရဲ့ဖိအားကို ရင်ဆိုင်ခဲ့ပါတယ်။

“ဖြိုးမှ ထဘီမဝတ်ချင်တာ၊ ထဘီဝတ်လိုက်ရင်ကို ဖြိုးအတွက် အရှက်ရစရာလို့ ဖြစ်နေတာ” လို့ ထဘီဝတ်ရခြင်းနဲ့ပတ်သက်တဲ့ ခံစားချက်ကို ဖြိုးက ဆိုပါတယ်။

ရုံးဖယ်ရီပေါ်မှာဖြစ်စေ၊ ရုံးခန်းအတွင်းဖြစ်စေ ဖြိုးတယောက် နေ့တဓူဝဖြေရှင်းနေရတဲ့ စ
ကားလုံးတွေကယောကျ်ားယူမှာလား၊မိန်းမယူမှာလားဆိုတာတွေပဲဖြစ်ပါတယ်။

ဖြိုးရဲ့ဘဝမှာ သူ့ကိုယ်သူဖြစ်ခွင့်ရဖို့ အမြဲ
တမ်းလွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ရဲ့မိခင်ကိုယ်တိုင် လည်းသမီးကို နားလည်လက်ခံနိုင်ဖို့ အချိန်ယူခဲ့ရသူတဦး ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ နေ့စဉ် ကြုံတွေ့ခဲ့ရတဲ့ ဝေဖန်မှုတွေနဲ့ မေးခွန်းတွေအကြား ဖြိုးအတွက် မိခင်ဖြစ်သူရဲ့အိမ်ဟာ ကိုယ့်ကိုယ် ကိုယ် ပြောင်းလဲဖို့မလိုတဲ့ ကိုယ့်စိတ်ကြိုက်နေနိုင်တဲ့နေရာတခု ဖြစ်လာခဲ့ပါတယ်။

ဖြိုးလို ကိုယ့်ရဲ့ဖြစ်တည်မှုကို မိသားစုက နားလည်လက်ခံပေးဖို့ ကြိုးစားခဲ့ရသူတွေရှိသလို၊ သားသမီးရဲ့ ကျား/မအမှတ်သညာနဲ့ လိင်စိတ်တိမ်းညွတ်မှုကို နားလည်ဖို့ ကြိုးစားနေဆဲ မိဘတွေလည်း ရှိပါတယ်။ သားသမီးရဲ့ဖြစ်တည်မှုကိုလက်ခံတယ်လို့အတိအလင်း
မပြောနိုင်သေးတဲ့တိုင် ဖိအားလည်း မပေးဘဲ လွတ်လပ်စွာ နေခွင့်ပေးထားကြတဲ့ မိဘတွေလည်းရှိနေပါတယ်။ ဖိုဝါဒလွှမ်းမိုးနေတဲ့ ယဉ်
ကျေးမှုကြား မှာ လူငယ်အချို့ကတော့ ကိုယ့်ရဲ့ဖြစ်တည်မှုတွေကို မိသားစုထံ ထုတ်ဖော်မပြောနိုင်ကြသေးပါဘူး။

●မ​အေမီတို့သားအမိ
👍10❤4🖕3🥰1🤮1