မင်းတုန်းတိုက်ပွဲစစ်သားတစ်ဆယ်ကျော်
AA ထံလက်နက်ချအညံ့ခံ
■စစ်တပ်က ပစတွေကိုမူးယစ်ဆေးကြွေးပြီးရှေ့ကတက်တိုက်ခိုင်းလို့ ဖမ်းမိသူတွေမှာဆေးသုံးစွဲထားသူတွေပါနေ
စက်တင်ဘာ-၂၆၊၂၀၂၆။ခိုင်မြတ်/ People's Spring
မကွေးတိုင်း၊မင်းတုန်းမြို့နယ်၊သဖန်ရောင်ရွာအနီးမှာ အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအပြင်း
အထန်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းစစ်တပ်ဘက်က လက်နက်ချအညံ့ခံလာ တဲ့ စစ်သုံ့
ပန်း တဆယ်ကျော် အရှင်ဖမ်းမိထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
မင်းတုန်းမြို့နယ်သဖန်ရောင်နဲ့ ကံကြိုးရွာအနီးဝန်းကျင်တို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတာဖြစ်ပြီး စစ်တပ်ဘက်ကသေဆုံးဒဏ်
ရာရသူများပြီယအထိနာနေကာ အရှင်ဖမ်းမိသူတွေပါ ရှိနေတာလို့ စုံစမ်းသိရပါတယ်။
“သုံ့ပန်းတွေ ရထားတာရှိတယ်။ ပထမတိုက်ပွဲတုန်းက သုံ့ပန်းတွေရော၊ အခုနောက်ပိုင်းသုံ့
ပန်းတွေရာ တဆယ် ကျော်လောက် ရှိမယ်။
မကြာခင်တော့ Info Desk ကနေ အင်တာဗျူးတွေ ထုတ်ပြန်မယ်ထင်တယ်”လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။
မင်းတုန်းတိုက်ပွဲအတွင်းဖမ်းဆီးရမိသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားသူတွေဖြစ်ပြီး တိုက်ပွဲအရှေ့ဆုံးထိ ပို့ခံရတဲ့ ပြည်သူ့စစ်(ပစ)တွေဖြစ်တယ်လို့ အထက်ပါပုဂ္ဂိုလ်ကပြောပါတယ်။
“စစ်မှုထမ်းသစ်တွေတော်တော်များလာတယ်။အခုဖမ်းရတဲ့ကောင်တွေဆိုရင် တိုက်ပွဲဖြစ်တော့ ဘယ်ပြေးလို့ပြေး ရမှန်းမလဲ၊ ဟိုငေး၊ ဒီငေးနဲ့ ကျန်နေခဲ့တဲ့ကောင်တွေ။ စကားတောင် ကောင်းကောင်းမွန်မွန် မပြောနိုင်ဘူး။ မူးယစ်ဆေးတွေ ပေးပြီး တိုက်ခိုင်းထားတာ” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။
အခုရက်ပိုင်းတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကလက်နက်ချအညံ့ခံသူတွေ ရှိသလို တိုက်ပွဲအတွင်းသေဆုံးသူလည်းတဆယ်ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
“နောက်တန်းကအင်အားထပ်ဖြည့်ပြီး တက်လာကြလို့ တိုက်ပွဲဖြစ် နေတာပါ။ဒီမနက်
(စက်တင်ဘာ ၂၆)ထိ တိုက်ပွဲဖြစ်ကြတယ်။ စခန်းတွေ ရတာတော့ မရှိသေးပါဘူး” လို့ အဆိုပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်တို့အတွင်း မင်းတုန်းမြို့နယ် ကံကြိုးကျေးရွာအနီးရှိ စစ်တပ်ရဲ့ ပွိုင့် ၉၄၈ ကုန်းအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲမှာလည်း စစ်တပ်ဘက်က သေဆုံးသူ သုံးဆယ်ဝန်း
ကျင်ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေအများအ
ပြားAA ကသိမ်းဆည်းရခဲ့ပါတယ်။
အခုအခါတပ်ဆုတ်ပြေးနေတဲ့စစ်တပ်နဲ့ တိုက်
ပွဲထပ်ဖြစ်နေတာဖြစ်ပြီး မင်းတုန်းမြို့နယ်အတွင်း စစ်တပ်က လေ ကြောင်း၊ လက်နက်
ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေပါတယ်။ အဲဒီလို တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်အနီးဝန်း
ကျင်ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေကြရသလိုကုန်စည်သယ်ယူရေးလမ်းကြောင်းပိတ်နေပါတယ်။
ဒါအပြင် စစ်တပ်က AA ထိန်းချုပ်ရာဒေသတွေဆီထိုးစစ်ဆင်ဖို့ ကြိုးစားနေတဲ့ စစ်တွေတိုက်ပွဲအတွင်းမှာလည်း စစ် တပ်ဘက်က အလောင်းတချို့နဲ့အရှင်ဖမ်းမိသူအချို့ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
“ကွမ်းတောင်ဘက်နဲ့ ဝါဘိုဘက်မှာပြင်းနေတယ်။အလောင်းတချို့ရတယ်။ အရှင်ရတာလည်း နှစ်ယောက်၊ သုံး ယောက်ရှိတယ်” စစ်တွေဒေသခံ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာတော့တိုက်ပွဲတွေပြန်ငြိမ်သက်နေပြီး စစ်တပ်ဘက်က အင်အားဖြည့်ကာ တောင်မော်ဦးရေတပ်အနီး အ၀
တောင်ကနေ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အလားတူပဲ AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ ကြိုးစားတဲ့ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း မြို့နယ် နတ်ရေကန်စစ်မျက်နှာနဲ့ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေဖြစ်ပါတယ်။
စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနဲ့ ရခိုင်ပြည်ဝင်ပေါက် မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်း ချုပ်ရာနေရာတွေကို စက်တင်ဘာ ၄ ရက်နေ့ကစကာ ထိုးစစ်ဆင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။
အဲဒီလို လေကြောင်း၊ ရေကြောင်းပစ်ကူပေးပြီး မြေပြင်က အင်အားအလုံးအရင်းနဲ့ ထိုး
စစ်ဆင်ဖို့ ကြိုးစားပေမယ့် လက်တွေ့မှာတော့ အထိနာနောက်ပြန်ဆုတ်ရပြီး စစ်ဆင်ရေး သုံးပတ်ကျော်အတွင်း စစ်တပ်ဘက်က သေ
ဆုံးသူ ရာချီရှိပြီဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့ဒေသခံစစ်ရေးလေ့လာသူတွေကပြောပါတယ်။

👍38👏10👎2😁2🖕2🥰1
နမ့်မွန်းမြို့က KBC ခရစ်ယာန်ဘုရားကျောင်းမှာ စစ်တပ်လက်အောက်ခံ SNAက စစ်သင်တန်းဆင်းပွဲပြုလုပ်
စက်တင်ဘာ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မွန်းမြို့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ရဲ့ ဘုရားကျောင်းဝင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရှမ်းနီတပ် (SNA) စစ်သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောပြပါတယ်။
စစ်တပ်လက်အောက်ခံ SNAက ဘုရားကျောင်းဝင်းအတွင်း စစ်အင်အားအများအပြားစုဝေးတက်ရောက်တဲ့ အခမ်းအနား တရပ်ကျင်းပနေတဲ့ မှတ်တမ်းဓာတ်ပုံအချို့နဲ့ ဘုရားကျောင်းဝင်းအတွင်းကခုန်နေတဲ့ ရုပ်သံ အချို့ အခုရက်ပိုင်းထွက်ပေါ်လာတဲ့အပေါ် ကချင်သတင်းရင်းမြစ်က ရှင်းပြတာပါ။
“ဟိုပင်ကနေအင်းတော်ကြီးသွားလမ်းကနမ့်မွန်းမြို့ KBC ဘုရားကျောင်းမှာ SNA အဖွဲ့တွေလုပ်နေတာပါ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီဒေသမှာရှိတဲ့ ကချင်လူမျိုးတွေ စစ်ရှောင်နေရချိန်မှာ ဘုရားကျောင်းဝင်းထဲမှာ အခုလိုစစ်သင်တန်းတွေ ပြုလုပ်တာ၊ ကခုန်တာတွေ ပြုလုပ်တာဖြစ်တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။ ဒီလုပ်ရပ်ဟာ လူမျိုးရေး၊ ဘာသာရေး အရ ပြဿနာ ဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တယ်လို့ မြင်ကြောင်းလည်း မှတ်ချက်ပြုပါတယ်။
SNAဟာ အာဏာသိမ်းပြီးနောက် စစ်တပ်အလိုကျ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်နေတဲ့ တပ်ဖွဲ့တခုဖြစ်ပါတယ်။ SNA ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့တိုက်ပွဲတွေ ဖြစ်ခဲ့သလို ကချင်လူမျိုးတွေကို ပစ်မှတ်ထားဖမ်းဆီးတာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့ သတင်းတွေလည်း အများအပြားရှိခဲ့ပါတယ်။
အခုလို ခရစ်ယာန်ဘုရားကျောင်းမှာ စစ်သင်တန်းပေး၊သီချင်းဖွှင့် ပျော်ပါးကခုန်ခဲ့တဲ့လုပ်ရပ်ဟာ ဘာသာရေးအရ ယုံကြည်မှုအပေါ် စော်ကားတာ၊ရန်စ စိန်ခေါ်တာ၊ဘာသာရေး လူမျိုးရေး ပဋိပက္ခ များ ဦးတည်စေဖို့လူမဆန်စွာ ဖန်တီးတာလို့ ကချင်အသိုင်းအဝိုင်းကရေးသားဖော်ပြတာတွေလည်းရှိပါတယ်။
“လူမှန်ရင် လူစိတ်ရှိရင် မလုပ်သင့်ပါဘူးဒေသခံ လူမျိုးများကို အနိုင်ကျင့် မောင်းထုတ်ပစ်ပြီး အဲဒီဒေသခံများရဲ့ အလှူငွေများနဲ့ ဆောက်လုပ်ထားတဲ့ ဘာသာရေး အဆောက်အအုံဖြစ်တဲ့ ခရစ်ယာန် ဘုရားကျောင်းထဲ စစ်သင်တန်းဆင်းပွဲ ပြုလုပ်တာ၊ ခရစ်ယာန်ဘာသာနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ မူးရစ်ဆေးဝါး အရက်သေစာ သောက်စားမူးရူးပြီး အရှက်မဲ့စွာ ပျော်ပါး ကခုန်ကြတဲ့ လုပ်ရပ်ဟာ ကမ္ဘာမှာ ရှမ်းနီတပ် SNA ပဲ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ အင်းတော်ကြီးဒေသက ၎င်း နမ့်မွန်း ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းဝင်ဟာ ရှမ်းနီ ပသစများရဲ့ အတင်း အဓမ္မလုယူခံရရုံမက ဒေသခံ ရာချီကို မောင်းထုတ်ပစ်ပြီး ဘုရားကျောင်းဝင်းကို စစ်သင်တန်းပေးတဲ့ ကွင်းအဖြစ် အသုံးပြုပြီး ဘုရားကျောင်းကိုတော့ စစ်သင်တန်းဆင်းပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်အသုံးချနေကြတာ ၅ နှစ်ခန့် ရှိလာပြီလို့ ဒေသခံများ ပြောပါတယ်” လို့ ကချင်သတင်းရင်းမြစ်တဦးက ရေးသားထားပါတယ်။
SNA တပ်ဖွဲ့ဟာ စက်တင်ဘာလလယ်ကလည်း မြစ်ကြီးနားက နေဖားကန့်ကို ပြန်လာတဲ့ ဒေသခံကျောက်လုပ်ငန်းရှင် ကချင် အမျိုးသားတဦးကို KIA အရာရှိဟု စွပ်စွဲ ဖမ်းဆီးထားတာလည်းရှိခဲ့ပါတယ်။
(နမ့်မွန်းမြို့က KBC ခရစ်ယာန်ဘုရားကျောင်းမှာ စစ်တပ်လက်အောက်ခံ SNAက စစ်သင်တန်းဆင်းပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - Kachin Soldiers)

🤬34❤5👎2🤔2👏1😁1🎉1🤮1🌚1
စစ်တပ်အင်အားသစ်တွေ ဝင်လာပြီးနောက် ဗန်းမော်မှာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေကြောင်း KIA ပြော
စက်တင်ဘာ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
တိုက်ပွဲ ၁နှစ်ခွဲကျော် ဖြစ်ပွားခဲ့တဲ့ ဗန်းမော်မြို့မှာ စစ်တပ်က စစ်သင်္ဘောတွေနဲ့ အင်အားဖြည့်တင်းတာ၊ စစ်ပန်းနေတဲ့ တပ်သားအချို့ကို တပ်ပြောင်းတာတွေ စစ်တပ်ဘက်က ပြုလုပ်ခဲ့ပြီး မြေပြင်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်လာတာလို့ဆိုပါတယ်။
လတ်တလောမှာ ဗန်းမော်တက္ကသိုလ်၊ တာမိုင်းလုံ၊ ဟန်တဲ၊ညောင်ပင်သာ စတဲ့ဒေသတွေ ဘက်သို့စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့ KIA အပြန်အလှန် ထိုးစစ်ဆင်တာ၊ အပြန်အလှန်တ ပ်ဆုတ်ရတာ စတဲ့ အခြေအနေလို့ အသိပေးပါတယ်။
မြေပြင်တိုက်ပွဲမရှိတဲ့ အချိန်တွေမှာဆိုရင်လည်း စစ်တပ်ဟာ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်ဗုံးကြဲတာတွေ ပြုလုပ်နေကြောင်းလည်း ဖော်ပြပါတယ်။
လတ်တလောမှာ ဗန်းမော်မြို့မှ အပ ကချင်ပြည်နယ် အခြားဒေသတွေမှာမြေပြင်တိုက်ပွဲတွေဖြစ်တာ မရှိဘူးလို့လည်း အသိပေးပါတယ်။ ဒါပေမဲ့ ဖားကန့်ဒေသ၊ ဧရာ၀တီမြစ်ရိုးတလျှောက် စင်းခန်း၊ဇင်းဘုံ တ၀ိုက်မှာစစ်တပ်က လေကြောင်းဗုံးကြဲတာတွေ ရံဖန်ရံခါ ဆက်လုပ်နေကြောင်း ဖော်ပြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဩဂုတ်လကုန်နဲ့စက်တင်ဘာမှာ ဗန်းမော်နဲ့ရွှေကူမြို့နယ် တိုက်ပွဲတွေအတွင်း အထိနာခဲ့ပါတယ်။
ဗန်းမော်မြို့ကို ရေကြောင်းက စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့အပေါ် KIA ပူးပေါင်းတပ်က စစ်သင်္ဘောတွေကို ကြားဖြတ်တိုက်ခိုက်တာ၊ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေကိုတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့လို့ စစ်တပ်သင်္ဘော အစီး ၂၀ ဝန်းကျင် ထိခိုက်ပျက်စီးနစ်မြုပ် မီးလောင်တာတွေရှိခဲ့သလို မြေပြင် စစ်ကြောင်းတွေဟာလည်း စစ်ကြောင်းပျက် တပ်လန်တာ၊ စစ်သုံ့ပန်းတွေဖမ်းရတာတွေရှိခဲ့ပါတယ်။
(ကချင်ပြည်နယ်၊ ဗန်းမော်မြို့တနေရာကို ၂၀၂၅က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

👍33😁5🥰2❤1👏1💩1
■အတွေးအမြင်
ငါတို့ရဲ့နိုင်ငံကို တစ်နေ့တော့ ပြန်တည်ဆောက်ကြမယ်
-အေးခိုင်ဦး ရေးသားသည်။
မြန်မာနိုင်ငံသားတို့ ငရဲကျရောက်ခဲ့ရတာ ခုဆို ရက်ပေါင်း နှစ်ထောင်ကျော်ခဲ့ပါပြီ။ ပြည်သူ့အစိုးရလက်ထက်က ၅ နှစ်တာကာလကို ပြန်တွေးမိတိုင်း အခုချိန်မှာ ပိုပြီးတန်ဖိုးထားမိတယ်။ အဲဒီအချိန်တုန်းကတော့ နေ့စဉ်ဘဝမှာ ကိုယ်လုပ်စရာရှိတာကို ကိုယ်အေးအေးချမ်းချမ်း လုပ်ကိုင်ရင်း ပုံမှန်လူတစ်ယောက်လိုပဲ နေထိုင်ခဲ့ကြနိုင်တယ်။ မိသားစုအတွက် အလုပ်လုပ်မယ်၊ စားဝတ်နေရေးအတွက် ရှာ
ဖွေမယ်၊ ကိုယ့်အနာဂတ်အတွက် စီစဉ်မယ်ဆိုတဲ့ သာမန်ဘဝလေးကို စိတ်အေးလက်အေး ဖြတ်သန်းနိုင်ခဲ့တယ်။ကိုယ့်ဘဝထဲကို အ
ကြောင်းမဲ့ ဝင်ရောက်ပြီး ဒုက္ခပေးမယ့်သူတွေ၊ မနက်ဖြန်ဘာဖြစ်မလဲဆိုပြီး စိုးရိမ်နေရတာမျိုးတွေ မရှိသလောက်ပါပဲ။
အဲဒီလိုဘဝမျိုးကို ကိုယ်တိုင်နေခဲ့ဖူးတဲ့အ
တွက် အခုအချိန်နဲ့ ပြန်နှိုင်းယှဉ်မိတိုင်း ပိုပြီးရင်နာမိတယ်။တစ်ချိန်က သာမန်လို့ ထင်ခဲ့တဲ့ လုံခြုံမှု၊ စိတ်အေးချမ်းမှုနဲ့ကိုယ့်ဘဝကို ကိုယ်
ပိုင်ဆုံးဖြတ်ပြီး နေထိုင်ခွင့်ရတာတွေဟာ တ
ကယ်တော့ အလွန်တန်ဖိုးရှိတဲ့အရာတွေ ဖြစ်နေခဲ့တာကို အခုမှ ပိုနားလည်လာတယ်။ လူတစ်ယောက်အနေနဲ့ ကိုယ့်မိသားစုနဲ့အတူ ကြောက်ရွံ့မှုကင်းကင်း၊ စိုးရိမ်မှုကင်းကင်း ပုံမှန်ဘဝမှာနေခွင့်ရဖို့ကလူသားတိုင်းရဲ့ အခွင့်
အရေးပါ။
ဒီရက် နှစ်ထောင်ကျော်အတွင်း ကိုယ့်ဘဝကိုကိုယ်ပြန်ကြည့်မိတယ်။မနက်မိုးလင်းလို့ အိမ်တံခါးကိုဖွင့်လိုက်တာနဲ့ ရောက်သွားတဲ့အ
တွေးက ဒီနေ့ ဘာတွေဖြစ်ဦးမှာလဲ၊ ဘာတွေကြားရဦးမှာလဲ၊ ဘယ်သူတွေ ဒုက္ခဖြစ်ကြဦးမှာလဲ ဆိုတဲ့ အတွေးမျိုးတွေက ခေါင်းထဲအရင်ရောက်လာရတယ်။ စိတ်နှလုံးမချမ်းမြေ့ခြင်းနဲ့ပဲမနက်ခင်းတိုင်းဟာစခဲ့တယ်။ အရင်တုန်းကမနက်အိပ်ရာထတာနဲ့ဒီနေ့လုပ်ရမယ့်အလုပ်တွေလုပ်မယ်၊ တွေ့ရမယ့်သူတွေ တွေ့မယ်၊ ညနေစာအတွက် စီစဉ်မယ်။ ဒီလောက်ပါပဲ။ဘဝဟာ ပုံမှန်လည်ပတ်နေခဲ့တယ်။ အခု
တော့ အဲဒီလို မဟုတ်တော့ဘူး။မီးလာမလား။ ဈေးတက်ဦးမှာလား။ ဆေးလိုရင် ရပါ့မလား။ အလုပ်က ဆက်ရှိပါ့မလား။ မိသားစုဝင်တွေ ဘေးကင်းပါ့မလား။ ကိုယ့်သားသမီးတွေရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲ။ ဒီလိုတွေနဲ့ တစ်နေ့ပြီးတစ်နေ့ ကိုယ့်ခေါင်းထဲမှာ လည်
ပတ်နေတယ်။
ကိုယ့်နိုင်ငံကောင်းပြီလို့ ထင်ခဲ့ဖူးပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေက ဦးဆောင်ပြီး နိုင်ငံ့အရေးလုပ်ကြမယ်။ ကိုယ်က ကိုယ့်အလုပ်ကိုယ်လုပ်ပြီး မိသားစုကို ကျွေးမွေးမယ်။သားသမီးတွေကသူတို့ဘဝအတွက် အနာဂတ်တွေ တည်ဆောက်မယ်။ ဘဝတွေဟာ သာယာပြီလို့ မျှော်လင့်ခဲ့တယ်။နောင်သားသမီးမြေးမြစ်တို့အတွက်နိုင်ငံဟာ အေးချမ်းပြီလို့ပေါ့။အခုတော့မင်းအောင်လှ်ိုင် သမတရူးတာနဲ့ တနိုင်ငံလုံး ချောက်ထဲ ကျရုံသာမက ငရဲထဲပါ ကျ ရ တော့တာပါပဲ။
စာသင်ကျောင်းတွေကို ဗုံးကြဲ၊ ဆေးရုံတွေကို ဗုံးကြဲ၊ ဘုန်းကြီးကျောင်းတွေကို ဗုံးကြဲ၊ စစ်ဘေးရှောင်တွေကို ဗုံးကြဲ။ အသက်သေဆုံးရတာ ကလေးငယ်လေးတွေကနေ အဖိုးအဖွား ထိ အရွယ်မျိုးစုံ၊ လူမျိုးမရွေး ဘာသာမရွေး။ ရှင်ကွဲ သေကွဲ ကွဲရတဲ့ မိသားစုတွေ၊ သားသ
မီးဆုံးရှုံးရတဲ့ မိဘတွေ၊ မိဘဆုံးရှုံးရတဲ့ သား
သမီးတွေ၊ ဇနီး ခင်ပွန်း ဆုံးရှုံးရသူတွေ၊ အိုး
အိမ်ဆုံးရှုံးရသူတွေ၊ ပညာရေးကို စွန့်လွှတ်လိုက်ရတဲ့လူငယ်တွေ။အသက်မွေးဝမ်း
ကျောင်းကို စွန့်လွှတ်လိုက်ရသူတွေ၊ကိုယ့်မှာအပြစ်မရှိပါပဲနဲ့ ရောက်လာရတဲ့ ဒုက္ခတွေဟာ ငရဲတမျှ။
အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးရဲ့ ကြပ်တည်းဒုက္ခမှာက တနိုင်ငံလုံး။ ဟိုတုန်းက လျှပ်စစ်မီးမှန်မှန်ရခဲ့ဖူးပါတယ်။ဘဝတွေဟာ အဆင်ပြေချောမွေ့ခဲ့တဲ့အချိန် ရှိခဲ့ဖူးပါတယ်။အခုတော့ မီးလာတဲ့အချိန်ကို စောင့်ရတဲ့ဘဝ။ မီးလာရင် အိမ်ကလူတိုင်းက ကိုယ့်အလုပ်ကိုယ် အမြန်လုပ်ကြရတယ်။ ဖုန်းအားသွင်းရတယ်။Power bank အားသွင်းရတယ်။ ရေတင်ရတယ်။ အလုပ်လုပ်လို့ရရင် အလုပ်လုပ်တယ်။ တစ်ခါတလေ မီးလာတဲ့အချိန်ကိုတောင် မိသားစုအတွက် ရှားပါးတဲ့အခွင့်အရေးတစ်ခုလို ဖြစ်လာရတယ်။
ဈေးထဲသွားတဲ့အခါလည်း အရင်လို မဟုတ်တော့ဘူး။ဟိုဟာဘယ်လောက်လဲ။ဒီဟာ ဘယ်လောက်လဲ။ မနေ့ကနဲ့ ဒီနေ့ ဘာလို့ဈေးကွာနေတာလဲ။ ကိုယ်လိုချင်တာကို ဝယ်တာထက် ကိုယ်တတ်နိုင်တာကို ရွေးဝယ်လာရတယ်။ တစ်ချိန်က အသားဟင်းစားမလား၊ ငါးစားမလားဆိုတာ စဉ်းစားခဲ့ကြတယ်။ အခုတော့ ဟင်းတစ်ခွက်လျှော့မလား၊ ထမင်းတစ်နပ် လျှော့မလားဆိုတာ စဉ်းစားရတဲ့မိသားစုတွေအများကြီး။ အဲဒီအချိန်မှာ “စီးပွားရေးကျဆင်းတယ်”ဆိုတဲ့စကားလုံးကသိပ်မကြီး
မားတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ အဲဒီစ
ကားရဲ့ အဓိပ္ပာယ်ကို ကိုယ့်မီးဖိုချောင်ထဲမှာ ကိုယ်မြင်နေရလို့ပဲ။
ဆေးဝါးအကြောင်းဆိုရင်တော့ ပိုပြီးရင်နာတယ်။ကျန်းမာရေးကောင်းနေတဲ့လူတစ်ယောက်က ဆေးတစ်လုံး ရှာမရတာကို အ
လွယ်တကူ ခံစားမိချင်မှ ခံစားမိမှာပါ။ ဒါပေမယ့်နေ့တိုင်းဆေးသောက်ရတဲ့လူတစ်ယောက်အတွက်တော့ ဆေးတစ်လုံးဆိုတာ သာမန်ပစ္စည်းမဟုတ်ဘူး။အသက်ရှင်ဖို့လိုတဲ့အရာ။ဆေးဆိုင်တစ်ဆိုင်ကနေ တစ်ဆိုင်ကို လိုက်ရှာရတာ။ရမရ မေးရတာ။ ဈေးကြီးနေရင်တောင် ဝယ်ရတာ။ မဝယ်နိုင်ရင် ဘာဖြစ်မလဲဆိုတာ မစဉ်းစားရဲတာ။ ဒီလိုအရာတွေကို ကိုယ်တိုင်မြင်လာရတဲ့အခါ “နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေးစနစ်”ဆိုတာဘာအဓိပ္ပာယ်လဲဆိုတာနားလည်လာတယ်။ကိုယ့်နိုင်ငံရဲ့ အဖြစ်ဆိုးကိုလည်း ပို

❤19👍9🖕3🥰2🤮1
ရင်နာရတယ်။
ပညာရေးအကြောင်းဆိုရင်လည်း အင်မတန် ရင်နာစရာကောင်းလှပါတယ်။ ကလေးတစ်ယောက်ဟာ လူအဖြစ်မွေးဖွားခဲ့ရတာ သူ့အ
ပြစ်ဘာမှမရှိပါဘူး။ ဘယ်အချိန်မှာ ဘယ်သူက အာဏာယူမလဲ ဆိုတာလည်း သူရွေးခဲ့တာမဟုတ်ဘူး ။ ဘယ်နေရာမှာ စစ်ဖြစ်မလဲဆိုတာလည်း သူရွေးခဲ့တာ မဟုတ်ပါဘူး ။ ဒါပေမယ့် အကျိုးဆက်ကိုတော့ သူက ခံနေရတယ်။ ကျောင်းမတက်နိုင်တာ။ပုံမှန်စာမသင်နိုင်တာ။ဆရာ၊ ဆရာမတွေနဲ့ ပုံမှန်မတွေ့နိုင်တာ။ သူ့အသက်အရွယ်မှာ ရသင့်တဲ့ ပညာ
ရေးအခွင့်အရေးတွေ ဆုံးရှုံးသွားတာ။ ဆုံးရှုံးသွားတဲ့ စာသင်ချိန်တွေကို ဘယ်တော့ ဘယ်
လိုပြန်ဖြည့်လို့ရမလဲဆိုတာမသိပါဘူး။ ဒါပေမယ့် သိတာတစ်ခုတော့ရှိပါတယ်။ ကလေး
တွေရဲ့ အနာဂတ်ကိုပျက်စီးစေပြီး နိုင်ငံတစ်
နိုင်ငံကို ပြန်ကောင်းအောင် တည်ဆောက်
လို့ မရဘူးဆိုတာပါပဲ။
လူငယ်တွေကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြပြီ။ တချို့က ပညာ
သင်ဖို့။ တချို့က အလုပ်လုပ်ဖို့။ တချို့က မိသားစုကို ထောက်ပံ့ဖို့။ တချို့က ကိုယ့်ဘဝကိုယ်လုံခြုံအောင်လုပ်ဖို့။တချို့ကမင်းအောင်
လှိုင်ကို တော်လှန်ဖို့။ လူငယ်တစ်ယောက်ဟာ သူ့ဘဝကို ကောင်းကောင်း တည်ဆောက်ချင်တာ သဘာဝပါပဲ၊လူငယ်တယောက်ရဲ့ တာ
ဝန်ပါပဲ။ လူငယ်တွေ သူတို့ရဲ့အနာဂတ်ကို သူတို့နိုင်ငံထဲမှာ တည်ဆောက်လို့မရတဲ့နိုင်ငံ၊ လူငယ်တွေ ဆက်နေလို့မရတော့တဲ့ နိုင်ငံ ဖြစ်သွားရတယ်။
ဒါပေမယ့် ဒီအရာတွေကြားထဲမှာမယုံကြည်ချင်တာတစ်ခုရှိပါတယ်။ “မြန်မာနိုင်ငံက
တော့ ပြီးသွားပြီ” ဆိုတဲ့စကား။ မပြီးသေးဘူးလို့ ထင်ပါတယ်။အာဏာရှင်ဟာ အဆုံးထိ ဒီအတိုင်းပြီးသွားရိုး ထုံးစံမရှိပါ။ အာဏာရှင်ဟာ ကျဆုံးမှာပါ။သူ့အချိန်ဟာ တနေ့ ရောက်
လာမှာ။ နိုင်ငံမှာ ပျက်စီးသွားတာတွေ အများကြီးရှိတယ်။ဆုံးရှုံးသွားတာတွေလည်းအများ
ကြီးရှိတယ်။ပြန်ပြင်ရမယ့်အရာတွေကလည်း မနည်းဘူး။ဒါပေမယ့်လူတွေ ရှိနေသေးတယ်။ ကလေးတွေ ရှိနေသေးတယ်။ လူငယ်တွေ ရှိနေသေးတယ်။ဆရာဝန်တွေ ရှိနေသေးတယ်။ ဆရာ၊ ဆရာမတွေ ရှိနေသေးတယ်။ အင်ဂျင်
နီယာတွေ ရှိနေသေးတယ်။တောင်သူတွေ ရှိနေသေးတယ်။ အလုပ်သမားတွေ ရှိနေသေးတယ်။ နိုင်ငံခြားကို ရောက်နေတဲ့ မြန်မာတွေလည်း ရှိနေသေးတယ်။ အရေးအကြီးဆုံးက ဒီနိုင်ငံကို လွတ်မြောက်စေချင်တဲ့စိတ် ရှိနေသေးတယ်။ဒါကြောင့် တစ်နေ့နေ့မှာ ပြန်တည်ဆောက်ခွင့်ရကြမယ်။
လူတစ်ယောက်ဟာ သူ့ရဲ့အမြင်၊ သူ့ရဲ့ယုံ
ကြည်ချက်၊ သူ့ရဲ့လူ့ဂုဏ်သိက္ခာနဲ့ လွတ်လပ်စွာ အသက်ရှင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ ပြန်တည်ဆောက်ခွင့်ရကြမှာပါ။ အဲဒီအလုပ်ကို ဘယ်အာဏာရှင်တစ်ယောက်ကမှ လွယ်လွယ်နဲ့တော့ ခွင့်ပြုမှာမဟုတ်ပါဘူး။ ပြည်သူတွေကိုယ်တိုင်၊ ပညာရှင်တွေကိုယ်တိုင်၊ လူ
ငယ်တွေကိုယ်တိုင်၊ နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေကိုယ်တိုင် တစ်ယောက်တစ်ဖက်ကပါဝင်ပြီးတည်ဆောက်နိုင်မယ့်နေ့ ရောက်
လာမယ်လို့ ယုံကြည်ပါတယ်။
တစ်နေ့ကျရင် ဒီနေ့တွေကို ပြန်မှတ်မိကြမယ်။ မီးမလာတဲ့ညတွေကို။ ဈေးတက်လို့
မဝယ်နိုင်ခဲ့တဲ့နေ့တွေကို။ ဆေးရှာမတွေ့လို့ စိတ်ပူခဲ့ရတဲ့အချိန်တွေကို။ ကျောင်းမတက်နိုင်ခဲ့တဲ့ ကလေးတွေကို။ နိုင်ငံခြားထွက်သွားတဲ့ သူငယ်ချင်းတွေကို။မိသားစုနဲ့ ဝေးကွာသွားတဲ့သူတွေကို။ ဆုံးရှုံးခဲ့ရတဲ့သူတွေကို။
အဲဒီအချိန်မှာ တစ်ယောက်ကိုတစ်ယောက် ပြန်ပြောကြမယ်။ "ဒီအရာတွေကို ငါတို့ မေ့မသွားဘူး။ ဒါပေမယ့် ဒီအရာတွေကြောင့် ငါတို့နိုင်ငံကိုလည်း မစွန့်လွှတ်ဘူး”လို့။ နိုင်ငံတစ်
နိုင်ငံရဲ့ အနာဂတ်ဆိုတာ အာဏာရှိသူတစ်ယောက်ရဲ့လက်ထဲမှာပဲ ရှိတာမဟုတ်ဘူး။ စိတ်ပျက်နေတဲ့ပြည်သူတစ်ယောက်ရဲ့ မျှော်
လင့်ချက်ထဲမှာလည်း ရှိပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေရတဲ့ လူငယ်တစ်ယောက်ရဲ့ အိပ်မက်ထဲမှာလည်း ရှိပါတယ်။ CDM ဆရာမတစ်ယောက်ရဲ့ လက်ထဲမှာလည်း ရှိတယ်။ တောထဲမှာဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ယောက်ရဲ့ လက်ထဲမှာလည်း ရှိတယ်။ ကိုယ့်ရဲ့မြေယာကို စွန့်ခွာပြေးရတဲ့ တောင်သူတစ်ယောက်ရဲ့ လက်ထဲမှာလည်း ရှိပါတယ်။ PDF လူငယ်လေးတယောက်ရဲ့ လက်ထဲမှာလည်း ရှိပါတယ်။ ပြီးတော့ ဒီနေ့အခြေအနေကို မကျေနပ်ပေမယ့် မနက်ဖြန်အတွက်မျှော်လင့်ချက်ကိုမစွန့်လွှတ်သေးတဲ့ ငါတို့အားလုံးရဲ့လက်ထဲမှာလည်း ရှိပါတယ်။
တစ်နေ့တော့ ပြန်တည်ဆောက်ကြမယ်။ တို့ရဲ့ သားသမီးတွေ အေးအေးချမ်းချမ်းနဲ့ လူဖြစ်ခွင့်ရဖို့၊ လူတ်ိုင်း ကိုယ်တိုင် လူသားတစ်ယောက်လို ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့။ ပြီးတော့ “ဒီနိုင်ငံဟာ ငါတို့နိုင်ငံပဲ” လို့ ပြန်ပြောနိုင်ဖို့အတွက်။
အဲဒီနေ့ရောက်တဲ့အခါခံခဲ့ရတဲ့နာကျင်မှုတွေဟာအလဟဿဖြစ်မနေစေရဘူး။ဘာလို့လဲ
ဆိုတော့ပြန်တည်ဆောက်မယ့်မြန်မာနိုင်ငံဟာအရင်လိုပဲပြန်ဖြစ်ဖို့မဟုတ်ဘဲ၊အရင်ထက် ပိုကောင်းတဲ့ နိုင်ငံဖြစ်ဖို့ ဖြစ်ရမယ်။ ။

👍28❤10🖕3🥰1🤮1👌1
မင်းပြား၊ အမ်းနဲ့ ကျောက်ဖြူမြို့နယ်တို့ကို စစ်တပ်ဗုံးကြဲ
■လူနေရပ်ကွက်နဲ့အကျဉ်းစခန်းကိုကျရောက်
ပေါက်ကွဲပြီးသေဆုံးထိခိုက်သူတချို့ရှိနေ
စက်တင်ဘာ-၂၇၊၂၀၂၆။ခိုင်မြတ်/People’s Spring။
အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်မင်းပြားမြို့ပေါ်၊ အမ်းမြို့နယ် ဒလက်ချောင်းရှိ အကျဉ်းစခန်းနဲ့ ကျောက်ဖြူ မြို့နယ်အတွင်းက မင်းကြောင်းချောင်းတံတားတို့ကို ဗုံးကြဲခဲ့တာကြောင့် ထိခိုက်၊သေဆုံးသူတွေ ရှိခဲ့တယ်
လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ၂၇ရက်မနက်အစောပိုင်းအ
ချိန်မှာမင်းပြားမြို့ပေါ် စျေးဟောင်းပိုင်းရပ်
ကွက်နဲ့ အနီးဝန်းကျင် တောင်တန်းတွေကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးအလုံး တဆယ်ဝန်းကျင်ကြဲခဲ့တာဖြစ်ပြီး စျေးဟောင်းပိုင်းရပ် ကွက်မှ သက်ကြီးအမျိုးသားတဦးဒဏ်
ရာရခဲ့ပါတယ်။
“၁၂ နာရီကျော်ပြီ။ တချို့အိပ်နေကြပြီ။ အဲဒီအချိန်မှာ လာကြဲတာ။ အိမ်တချို့ပျက်သွားတယ်။ဦးလေး တယောက်လည်း ဒဏ်ရာရတယ်”လို့မင်းပြားမြို့ခံတဦးကပြောပါတယ်။
ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာပဲ အမ်းမြို့နယ် ဒလက်ချောင်းရှိ အာရက္ခတပ်တော်(AA)ရဲ့ အကျဉ်းစခန်းကိုလည်း ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပါသေးတယ်။ “အထိအခိုက်တွေ ရှိတယ်ကြားတယ်။ အဲဒီမှာ စစ်တပ်က သုံ့ပန်း တွေလည်း ရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့ အမ်းဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ကအထိနာပြီးတပ်ပြန်ဆုတ်ရတဲ့ ကျောက်ဖြူမြို့နယ်မှာလည်း ကျောက်ဖြူ - ရမ်းဗြဲအစပ်ရှိ မင်းကြောင်းချောင်းတံတားနဲ့ အနီးဝန်းကျင်တွေကိုလည်းစက်တင်ဘာလ ၂၆ ရက်နေ့ညမှာ ဗုံးကြဲခဲ့ပြီး အဲ ဒီဗုံးကြဲမှုကြောင့် မင်းကြောင်းချောင်းတံတား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“တောင်မော်ဦးဘက်က ရှေ့တိုးလို့မရတဲ့အခါ ရေကြောင်းကနေ ကမ်းတက်ဖို့ကြိုးစားနေတာ။အရင်ကလည်းနှစ်ကြိမ်၊သုံးကြိမ်ရှိပြီ ဒီတံတားကို ဗုံးကြဲတာ”လို့ ရမ်းဗြဲဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဟာစက်တင်ဘာ၂၆ ရက်နေ့မှာပဲ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့နဲ့ ရေကျော် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့ကို ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး ဘုန်းတော်ကြီးကျောင်းတခုလုံးလည်း ပျက်စီးခဲ့ပါတယ်။
စက်တင်ဘာလ၂၅ ရက်မနက်အစောပိုင်းကလည်း စသ်တပ်ကကျောက်တော်မြို့ပေါ်နဲ့အနီးဝန်းကျင်တို့ကိုဗုံးကြဲတိုက်ခိုက်ခဲ့လို့က
လေးငယ်တွေအပါအဝင် ၈ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရသွားခဲ့ပါသေးတယ်။
၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့ စစ်တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်းလေကြောင်းကဗုံးကြဲတာ၊လက်
နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ ဒီနေ့ ၂၇ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ်သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၁ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

🤬28❤3👍3👎3👏3
လောင်းလုံးမြို့နယ်မှာ မြေပြိုမှုနဲ့ ရေကြီးမှုကြောင့် လူ သေဆုံးပျောက်ဆုံးမှုရှိနေ
■ပိတ်မိနေသူတွေရှိတာကြောင့် ကူညီကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေဟုဆို
စက်တင်ဘာ-၂၇ ၊၂၀၂၆။မိုမို၊ဇော်ရမ်း/People's Spring
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ မြေပြိုမှုနဲ့ ရေကြီးမှုကြောင့် လူ သေဆုံးပျောက်ဆုံးမှု တချို့ရှိနေပြီး ပိတ်မိနေတဲ့ဒေသခံတွေလည်းရှိတာကြောင့် ကူညီကယ်ဆယ်ရေးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံနဲ့ ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောပါတယ်။
ဒီကနေ့(စက်တင်ဘာ ၂၇ ရက်) မနက် ၅ နာရီကျော်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောင်းလုံးမြို့နယ် အောက်ဘက်မှာ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။
"တောင်ကျရေလည်းများတယ်။အဓိက ထိတာတော့ ဝေဒီနဲ့ ကဒက်ငယ်ထိန် ရွာဘက်တွေ။မင်းရပ်ရွာမှာ အမျိုးသမီးတစ်ဦး ဆုံးတာတွေ့ထားတယ်"လို့ လောင်းလုံးမြို့နယ် ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကဒက်ငယ်ထိန်ကျေးရွာဘက်မှာလည်း ပျောက်ဆုံးတဲ့သူတချို့ရှိပြီး ပိတ်မိတဲ့သူတွေလည်းရှိနေလို့ ကူညီပေးဖို့လည်း အဲဒီရွာခံတစ်ဦးက အသိပေးပါတယ်။
"ထား၀ယ်မြစ်ဘေးနဲ့ နီးနေတော့ရေကြီးတာ တော်တော်များတယ်။ကယ်ဆယ်ရေးကတော့ လိုအပ်ချက်တွေ ရှိတယ်။လောလောဆယ် မနိုင်ဘူး"လို့ လောင်းလုံးမြို့နယ် လူမှုကူညီရေးအသင်းတာ၀န်ရှိသူက လက်ရှိ အခြေအနေကို ရှင်းပြပါတယ်။
ဒါ့အပြင် လောင်းလုံးမြို့နယ် အောက်ဖက်ကျေးရွာတွေမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ
ဆောင်ရွက်ဖို့ ထွက်ခွာလာခဲ့ပေမယ့် ကမြောကြီးဒေသအနီးမှာ ရေကြီးရေလျှံမှု အလွန်များပြားနေတာကြောင့် ရှေ့ဆက်သွားလာလို့ မရသေးဘဲ လမ်းခရီးမှာ ပိတ်မိနေတယ်လို့ ထား၀ယ်အခြေစိုက် ဇမ္ဗူသီရိ လူမှုကူညီရေးအသင်းက ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ကယ်ဆယ်ရေးအတွက် အရေးပေါ်ထွက်ခွာလာရပေမယ့် လမ်းခရီးအခြေအနေကြောင့် အခုလို ရပ်တန့်စောင့်ဆိုင်းနေရတာကြောင့် အလွန်စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။
" ကယ်ဆယ်ရေးလမ်းကြောင်းပြတ်တောက်သွားပြီ။ ရွာတွေကိုသွားလို့မရတော့ဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထား၀ယ်မြစ်ခြားထားတဲ့ လောင်းလုံးမြို့နယ်အရှေ့ဘက်က သရက်ချောင်းမြို့နယ်မှာလည်း မိုးသည်းထန်မှုကြောင့် သစ်ပင်လဲကျတာ၊မြေပြိုတာနဲ့ ဖုန်းလိုင်းပြတ်တောက်မှုတွေရှိတယ်လို့သိရပါတယ်။
ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာလည်း ဒေသတွင်း မြစ်ချောင်းတွေရေလျှံနေပြီး မိုးလည်းဆက်ရွာနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းမလည်း အပိုင်းလိုက် ရေလျှံနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ရေကြီးနေစဉ် ဒေသချင်းဆက်စပ်နေတဲ့ တနင်္သာရီတိုင်းမှာ ရေဘေးကြုံတွေ့နေတာဖြစ်ပါတယ်။ လက်ရှိရာသီဥတုအခြေအနေနဲ့ပတ်သက်လို့ စက်တင်ဘာ၂၉ရက်အထိ ရေဘေးနဲ့မြေပြိုမှု ဘေးသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။
ဘန်ကောက်မြို့နဲ့ အနီးဝန်းကျင်အပါအဝင် ထိုင်းနိုင်ငံအောက်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန်စက်တင်ဘာ၂၈ရက်မှာ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားကာ အားလျော့ပျက်ပြယ်သွားနိုင်တယ်လို့ MoSLHA က ထုတ်ပြန်ထားပါတယ်။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့မကွေးတိုင်းမှာ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။
တနင်္သာရီတိုင်းမှာ နေရာကွက်မိုးကြီးခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပြီး မိုးကြီးခြင်းနောက်ဆက်တွဲ ရေကြီးခြင်း၊ တောင်ကျချောင်းရေလျှံခြင်း၊ လျှပ်တစ်ပြက်ရေလွှမ်းမိုးခြင်းနဲ့မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သြဂုတ်က စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်း ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့ပြီး လူ ၄၀ထက်မနည်း သေဆုံးခဲ့ပါတယ်။ လက်ရှိမှာ တနင်္သာရီအတိုင်းအတွင်း ရေဘေးနဲ့ မြေပြို ဘေးကြုံတွေ့နေတာဖြစ်ပါတယ်။ တနင်္သာရီတိုင်းရေဘေးမှာ ဒီနေ့စက်တင်ဘာလ၂၇ရက်နေ့မနက်အထိ လူငါးဦးထက်မနည်းသေဆုံးထားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့အချို့ကပြောပါတယ်။ ကယ်ဆယ်ရေးအင်အား လုံးဝမလုံလောက်ဘူလို့ ဒေသခံတွေက ပြောပါတယ်။
(လောင်းလုံးမြို့နယ်မှာ ရေကြီးမှုဖြစ်နေစဉ်။ ဓာတ်ပုံ - ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့)

👍20😢6❤4🤣3🔥2👎1
မန္တလေးအိုးဘိုထောင်မှာ စစ်တပ်က အကျဥ်းသားတွေ စစ်မှုထမ်းဖို့ ဖိအားပေး
စက်တင်ဘာ ၂၇၊၂၀၂၆။ ဇေအောင်/People's Spring
မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်အတွင်းမှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဥ်းသားတွေကိုစစ်မှုထမ်းဖို့ ဖိအားပေး စည်းရုံးတာ၊ သီးခြားခွဲထုတ်တာနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ)က ခြိမ်းခြောက်ဖိနှိပ်တာတွေ အကွက်ကျကျ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
အိုးဘိုထောင်အာဏာပိုင်တွေဟာ မသင်္ကာမှုနဲ့ ထိန်းသိမ်းထားတဲ့ မန္တလေးမြို့က "ကျားပေါက်" ဆိုသူကို ထောင်အလုပ်ရုံမှာ နေရာပေးပြီး ထောင်တွင်း အုပ်ချုပ်ရေးနဲ့စည်းရုံးရေးဆိုင်ရာ လုပ်ငန်းတွေမှာ အသုံးချနေကြောင်း၊ အဲဒီ ကျားပေါက်ဦးဆောင်တဲ့ အုပ်စုဟာ အကျဉ်းသားတွေဆီသွားပြီး စစ်မှုထမ်းပါက ပြစ်ဒဏ်လျှော့ရက် ရရှိမယ်ဆိုကာ မက်လုံးပေး လိုက်လံစည်းရုံးနေကြောင်း PPNMက အသိပေးပါတယ်။
ဒါ့အပြင် စစ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို စစ်အာဏာပိုင်တွေအတွက် တာဝန်ပြန်ထမ်းဆောင်ဖို့ ဆန္ဒ ရှိ/မရှိ စာရင်းကောက်ယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ စစ်မှုထမ်းဖို့ သဘောမတူသူတွေကို မူလအဆောင်တွေကို ပြန်လည်ပို့ဆောင်ပြီး၊ သဘောတူညီသူတွေကိုတော့ ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွှတ်ဖို့အတွက် ယာယီဆောင် (၂)မှာ သီးခြားခွဲထုတ်ထားကြောင်း PPNMက ထပ်မံအသိပေးပါတယ်။
ဖြစ်စဉ်များအနက် စစ်ဆေးအရေးယူမှုအပြင် စစ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အကြမ်းဖက်မှူတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၂)တို့နဲ့ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးအပါအဝင် အကျဉ်းသားအချို့ကို အကျရုံးသို့ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးစဉ် စရဖ တာဝန်ရှိသူတစ်ဦးက "သဘောမတူလည်း လွတ်ရက်စေ့ရင် လာခေါ်မှာပဲ"လို့ ပြောဆိုကာ လွတ်မြောက်ပြီးနောက် ပြန်လည်ဖမ်းဆီးမှာဖြစ်ကြောင်း ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ PPNMက ဆိုပါတယ်။
အလားတူ စစ်တပ်က အင်အား မလုံလောက်မှုကြောင့် အိုးဘိုထောင်ရှိ ထောင်ဝန်ထမ်းတွေကိုပါအလှည့်ကျ စစ်မြေပြင်သို့ လိုက်ပါစေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
"၂၀၂၆ ထဲမှာမှ ဒီကိစ္စ(စစ်မှုထမ်းကိစ္စ)ကို ကြားတာဖြစ်တယ်။ အဲဒါကြောင့် ဒီနေ့ အတည်ပြုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီသတင်းကို ၇ လပိုင်းလကုန် ၈ လပိုင်းလောက်ကတည်းက ကြားတာဖြစ်ပြီးတော့ ကျနော်တို့ ဒီဟာကို အတည်ပြုစုံစမ်းရင်းနဲ့မှ ဒီနေ့မှ ထုတ်ပြန်ဖြစ်တာ ဖြစ်ပါတယ်။ အခုက စစ်မှုထမ်းဖို့အတွက် ဆွဲဆောင်စည်းရုံးနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ နိုင်ကျဥ်းတွေရော၊ အခြားအကျဥ်းသားတွေရော စစ်မှုထမ်းထဲကို မထည့်သေးပါဘူး"လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
အကျဉ်းထောင်အာဏာပိုင်တွေအနေနဲ့ အခြားရာဇဝတ်ပြစ်မှုနဲ့ ထိန်းသိမ်းခံရသူတွေကို အာဏာပေးပြီး အကျဉ်းသားအချင်းချင်း ဖိနှိပ်ခိုင်းခြင်းဟာ ကုလသမဂ္ဂ အကျဉ်းသားများ ဆက်ဆံရေးဆိုင်ရာ စံသတ်မှတ်ချက် (Nelson Mandela Rules - Rule 40) ပါ "မည်သည့် အကျဉ်းသားကိုမျှ ထောင်တွင်း စည်းကမ်းထိန်းသိမ်းခွင့် အာဏာ မလွှဲအပ်ရ" ဆိုတဲ့ တားမြစ်ချက်ကို ချိုးဖောက်နေခြင်း ဖြစ်ကြောင်း PPNMက ထောက်ပြပါတယ်။
ဒါ့အပြင် အကျဉ်းသားတွေကို အဓမ္မ စစ်မှုထမ်းခိုင်းဖို့ဖိအားပေးတာ၊ စရဖရဲ့ ခြိမ်းခြောက်မှုတွေဟာ စစ်အုပ်စုနဲ့ထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ကျူးလွန်မှုတွေဖြစ်ကြောင်း၊ PPNM အနေနဲ့ ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ပြီး အဆိုပါ ကျူးလွန်မှုတွေကို ဆက်လက် စောင့်ကြည့် မှတ်တမ်းတင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
(မန္တလေးအိုးဘိုအကျဥ်းထောင်အား တွေ့ရစဥ်။ ဓါတ်ပုံံ - Lucie et Philippe)

🤬33❤5👎4😁2👏1🤔1
တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ NLD ပါတီအကြား အပြန်အလှန် လက်တွဲဆောင်ရွက်ဖို့ IEC တိုက်တွန်း
စက်တင်ဘာ -၂၇၊၂၀၂၆။ဇော်၀င်း/People's Spring
တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့အကြား အပြန်အလှန် လေးစားမှု၊တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်က ဒီကနေ့(စက်တင်ဘာ ၂၇ရက်) NLD ပါတီတည်ထောင်တာ (၃၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် IEC ကပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ပါရှိပါတယ်။
ဒီကနေ့ကာလ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည် ဆောက်ရေး တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ NLD ပါတီတို့အကြား အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဖော်ပြပါတယ်။
ဒါကြောင့် တိုင်းရင်းသားပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်မူတွေကို အပြည့်အဝ အသိ အမှတ်ပြုကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုကြီး ပေါ်ထွန်းလာဖို့အတွက် တိုင်းရင်းသား အင်အားစု အသီးသီးနဲ့အတူ ဟန်ချက်ညီညီ ဆက်လက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားဖို့လည်း IEC က တိုက်တွန်းပါတယ်။
" ကျွန်တော်တို့ရဲ့ အခု IEC ပဲပြောပြော ကရင်နီပြည်ရဲ့ ချီတက်နေတဲ့ Bottom up Federalism ရဲ့ အစိတ် အပိုင်း တစ်ခုလို ပြောလို့ရပါတယ်။အဲ့တော့ ပြောရရင်တော့ ခုဏပြောသလို ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးမျိုး ဖြစ်တာပေါ့နော်။ ထို့အတွက်ကြောင့်မလို့ ပြည်နယ်တစ်ခုချင်းစီမှာ ရှိနေတဲ့ မတူညီကွဲပြားတဲ့ လူမျိုးစုတွေ၊ တိုင်းရင်းသား၊ အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ ရှိတာပေါ့နော်။ အဲ့ဒီအပေါ်မှာ ပါတီကြီးတွေ ဖြစ်စေ၊ ငယ်သည် ဖြစ်စေ၊ လူမျိုးကြီးတွေ ဖြစ်စေ၊ လူနည်းစုတွေ ဖြစ်စေမတူညီကွဲပြားမှုပေါ့နော်။ ဒီကြားမှာ လူ့အခွင့်အရေးစံနဲ့ပေါ့နော်၊ တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာလွတ်လပ်မှု ကို ကျွန်တော်တို့ အတူတကွ ကျွန်တော်တို့ ဖော်ဆောင်ပြီးတော့မှပေါ့နော် အဲ့ဒါကို ဦးစားပေးတစ်ရပ်အနေနဲ့ ကျွန်တော်တို့ တိုက်တွန်းခြင်း ဖြစ်တယ်"လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက သ၀ဏ်လွှာပေးပို့မှုအပေါ် မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် ၎င်းကဆက်ပြီး " ဒါမှလည်း ကျွန်တော်တို့ အခု တော်လှန်နေတဲ့ အာ စစ်အာဏာရှင်ပြုတ်ကျရေးမှာ ကျွန်တော်တို့ ပိုပြီးတော့မှ ဟန်ချက်ညီမယ်၊ ပြီးတော့မှ ကျွန်တော်တို့ တွေကြားမှာ ပိုပြီးတော့မှ အားကောင်းတဲ့ ရည်မှန်းချက် ကျွန်တော်တို့ ချိတ်ဆက်ပြီးတော့မှ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဟန်ချက်ညီညီနဲ့ ကျွန်တော်တို့ ကအပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျွန်တော်တို့ တည်ဆောက်နိုင်မှာ ဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ ပေးပို့ရခြင်းဖြစ်ပါတယ်"လို့ ရှင်းပြပါတယ်။
NLD ပါတီက ၁၉၈၈ စက်တင်ဘာ ၂၇ရက်မှာ စတင်တည်ထောင်ခဲ့ပြီးချိန်မှစကာ ဒီကနေ့အထိ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှု ပုံစံမျိုးစုံကြားကနေ ပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် မဆုတ်မနစ် မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ သမိုင်းဝင်ပါတီကြီးတစ်ခုဖြစ်တယ်လို့ အသိပေးပါတယ်။
သမိုင်းစဉ်တစ်လျှောက် ဒီမိုကရေစီအရေးအတွက် အသက်၊ ခန္ဓာနဲ့ လွတ်လပ်မှုတွေကို စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ ၊မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေကို လေးနက်စွာ ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။
NLD ပါတီဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ခိုင်မာယုံကြည်အားကိုးမှုကို အပြည့်အဝရရှိထားပြီး ပြည်သူ့ဆန္ဒနဲ့အညီ ဒီမိုကရေစီစံနှုန်းတွေ စိုက်ထူနိုင်တာ၊ တရားဥပဒေစိုးမိုးရေးနဲ့ လူထုလူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်တာက ပါတီရဲ့ ထင်ရှားတဲ့ အားသာချက်တွေလို့ ဆိုပါတယ်။
အထူးသဖြင့် စစ်အာဏာရှင်အဆက်ဆက်ရဲ့ မတရားမှုကို ရဲရင့်ပြတ်သားစွာ ယှဉ်ပြိုင်တွန်းလှန်နိုင်ပြီးစည်းလုံးညီညွတ်တဲ့ ပြည်သူ့အင်အားကို စုစည်းနိုင်တာ နဲ့ သမိုင်းဝင်အောင်ပွဲ တွေကို ပြည်သူနဲ့အတူ လက်တွဲဖန်တီးနိုင်ခဲ့တာက စံနမူနာယူဖွယ် အားကောင်းချက်လို့ IEC က ပြောပါတယ်။
NLD ပါတီဟာ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးက တစ်ဆင့် ပေါက်ဖွားလာခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ်မြေ အများစုမှာ အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း စစ်အာဏာရှင်တွေက တိုင်းပြည်အာဏာကို လွှဲပြောင်းမပေးခဲ့ပါဘူး။
အဲဒီနောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း NLD ပါတီက ပြည်သူ လူထု တစ်ခဲနက်ထောက်ခံအားပေးမှုနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၀ ရွေးကောင်ပွဲမှာ မဲမသမာမှုတွေရှိတယ်လို့စစ်တပ်က စွပ်စွဲကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့ပါတယ်။

👍24❤8🥰2🤮1💩1🖕1
အာဏာသိမ်းပြီးနောက် စစ်တပ်က NLDပါတီအဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေအပါအ၀င် ဒီမိုကရေစီအရေး ကြိုးပမ်းနေသူတွေကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချသတ်ဖြတ်ခဲ့ပါတယ်။
(၂၀၂၀ ရွေးကောက်ပွဲမှာ NLDပါတီ အောင်နိုင်ရေးမဲဆွယ်နေစဉ်။ ဓာတ်ပုံ - KZT/D)

👍27❤3🥰2🤣2👏1🤬1💩1🖕1
■ဆောင်းပါး
Human Rights Watch အစီရင်ခံစာက ပြောတဲ့ မြန်မာ့အကျဥ်းထောင်ငရဲခန်းထဲမှ အကျဉ်းသူများ
(အပိုင်း - ၂)
- ဥဂ္ဂါ ရေးသားသည်။
မြန်မာ့အကျဉ်းထောင်များနှင့် စစ်ကြောရေးစခန်းများအတွင်း နိုင်ငံရေးအကျဉ်းသူတွေဟာ လိုအပ်တဲ့ ဆေးဝါးကုသခွင့်များကို အ
ချိန်မီ မရရှိတာကြောင့် အသက်ဆုံးရှုံးသည့် ဖြစ်ရပ်များပင် ရှိခဲ့သလို၊ ညှင်းပန်းနှိပ်စက်မှုများ၊ လက်စားချေသည့် လုပ်ရပ်များနှင့် အ
ခြား ဆိုးရွားတဲ့ အခွင့်အရေး ချိုးဖောက်မှု တွေကိုပါ ရင်ဆိုင်ခဲ့ကြရကြောင်း Human Rights Watch အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာထဲက အသေးစိတ်အချက်
အလက်တွေကို ဒီအပိုင်း (၂) မှာ ဆက်လက်ဖတ်ရှု နိုင်ပါတယ်။ မေးမြန်းခံခဲ့ရသူများရဲ့ လုံခြုံရေးအတွက် အမည်ရင်းများကို ဖော်ပြခြင်းမပြုဘဲအမည်လွှဲများဖြင့် ဖော်ပြထားပါတယ်။
●ကျန်းမာရေး အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် အခြား မတရားပြုမူမှုများ
အကျဉ်းသူဟောင်းတွေက ထောင်ထဲမှာ လို
အပ်တဲ့ ဆေးဝါးကုသမှုတွေ မရခဲ့တဲ့ အခြေ
အနေတွေကို ပြောပြကြပါတယ်။ ကျွမ်းကျင်တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ လိုအပ်တဲ့ ဆေးဝါးနဲ့ ကုသရေး ပစ္စည်းတွေ၊ အရေးပေါ် ဆေးကုသမှုဝန်ဆောင်မှုတွေ မလုံလောက်ခဲ့ဘဲ၊ လိုအပ်တဲ့အချိန်မှာ အချိန်မီ ဆေးကုသခွင့်လည်းမရခဲ့ကြပါဘူး။တရားဝင်ဆေးဝန်
ထမ်းတွေ မရှိတဲ့အချိန်တွေမှာတော့ ကျန်းမာ
ရေးဆိုင်ရာ အတွေ့အကြုံ နောက်ခံရှိတဲ့ အ
ခြားအကျဉ်းသူတွေရဲ့ အကူအညီကိုပဲ အား
ကိုးခဲ့ရပါတယ်။
အချို့အကျဉ်းထောင်တွေမှာတော့ အခြေအ
နေပေါ်မူတည်ပြီး ဆေးဝါးတွေကို ဝယ်ယူခွင့်ရတာ ဒါမှမဟုတ် မိသားစုထံကနေ ပါဆယ်နဲ့ တောင်းယူနိုင်တာတွေ ရှိခဲ့ပါတယ်။ “ထောင်ထဲမှာ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်စောင့်ရှောက်ကြရပါတယ်။ ဆေးဝါးတွေကိုလည်း လျှို့ဝှက်ပြီး အချင်းချင်း မျှဝေကြရပါတယ်။ ထောင်ထဲမှာ ဆေးဝါးဆိုတာ အရမ်းတန်ဖိုးရှိတဲ့ အရာတစ်ခုပါ” ဟု ခင်စန်းဝင်းက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်းအာဏာဖီဆန်ရေး
လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း အများအပြား ဖမ်းဆီးခံခဲ့ရတာကြောင့် ဆေးကုသပေးနိုင်တဲ့ ကျန်းမာရေးဝန်ထမ်းအင်အားက ပိုမိုလျော့နည်းလာခဲ့ပါတယ်။
မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကွန်
ရက်မှကိုယ်စားလှယ်တစ်ဦးရဲ့ပြောကြားချက်အရ သာယာဝတီထောင်မှာ အကျဉ်းသား ၃,၀၀၀ ကျော်အတွက် ဆရာဝန် ၃ ဦးသာ ရှိပြီး၊အင်းစိန်ထောင်မှာတော့ အကျဉ်းသား ၈,၀၀၀ ကျော်ကို ဆရာဝန် ၄ ဦး ဒါမှမဟုတ်
၅ ဦးနဲ့သာ ကုသပေးနေရပါတယ်။ ညောင်ရွှေထောင်က အကျဉ်းသူဟောင်းတစ်ဦးကလည်း ၂၀၂၁ ခုနှစ်မှာ အကျဉ်းသား ၂,၀၀၀ အတွက် ဆရာဝန် ၁ ဦးသာ ရှိခဲ့တယ်လို့ ပြောပါတယ်။ အကျဉ်းသား ၁,၀၀၀ အောက်သာရှိတဲ့ ထောင်တွေမှာတော့ ဆရာဝန် ဒါမှမဟုတ် ဆေးခန်းတောင် မရှိတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ထိန်းသိမ်းခံခဲ့ရသည့်အေးမြင့်က ဒိုက်ဦးထောင်မှာ ဆေး
ဝါးအရာရှိ တစ်ဦးသာ ရှိပြီး ဘာရောဂါပဲဖြစ်
ဖြစ် ပေးတဲ့ဆေးက ပါရာစီတမော တစ်မျိုးတည်းသာပေးကြောင်း ပြောပါတယ်။
CDM သူနာပြုတဦးဖြစ်တဲ့အသက် ၃၃ နှစ်အရွယ် နုနု ဟာအတိုက်အခံတက်ကြွလှုပ်ရှားသူတွေကိုဆေးဝါးကုသပေးခဲ့တာကြောင့်
ဆိုပြီး ၂၀၂၂ ခုနှစ်မှာဖမ်းဆီးခံခဲ့ရပါတယ်။ သူမဟာ အင်းစိန်နှင့် သာယာဝတီအကျဉ်း
ထောင်တွေမှာ၂ နှစ်ခွဲကြာ ထိန်းသိမ်းခံခဲ့ရပါ
တယ် ။
အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ CDM ဆရာဝန်တစ်ဦးကို ဆေးဝါးအရာရှိအဖြစ် တာဝန် ပေးထားခဲ့ပေမယ့် “လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ဘာတစ်ခုမှ မရှိသလို၊ ဘယ်လို ကုသရမလဲဆိုတဲ့ ဆေးဘက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကိုလည်း ချခွင့်မရှိခဲ့ပါဘူး” ဟု သူမက ပြောပါတယ်။
သာယာဝတီထောင်မှာတော့ သူမရဲ့ သူနာပြုအတွေ့အကြုံကြောင့် ဆေးဝါးအရာရှိအဖြစ် တာဝန်ပေးခံခဲ့ ရပါတယ်။ “အမျိုးသားဆ
ရာဝန်တစ်ဦးတော့ ရှိပါတယ်။ ဒါပေမယ့် သူ
က အမြဲတမ်း မူးနေတတ်လို့ လူနာတွေကို စစ်ဆေးပေးရတဲ့ အလုပ်တွေကို ကျွန်မပဲ လုပ်ခဲ့ရပါတယ်” ဟု သူမက ပြောပါတယ်။
အကျဉ်းသူဟောင်းတွေရဲ့ ပြောပြချက်အရ အခြေခံကုသမှုထက် ပိုမိုလိုအပ်တဲ့ ဆေးဝါးကုသမှုတွေရယူလိုရင် ထောင်အုပ်ချုပ်ရေး
မှူးတွေဆီက ခွင့်ပြုချက် တောင်းခံရပါတယ်။ ဒါပေမယ့်အဲဒီလုပ်ငန်းစဉ်ကအချိန်ကြာမြင့်
သလို ထောင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်နေလေ့ရှိပါတယ်။ ဆေးကုသခွင့် တောင်းဆိုမှုအများစုဟာလည်း ပယ်ချခံရလေ့ ရှိတယ်လို့ သိရပါတယ်။
သူမ ကြုံတွေ့ခဲ့ရတဲ့ အဆိုးရွားဆုံး အဖြစ်
အပျက်တွေထဲမှာ ကျောက်ကပ်ကျောက်
တည်ရာကနေ ကျောက်ကပ်ပိုးဝင်ပြီး ဖျားနာနေတဲ့ လူနာတစ်ဦးကို ကုသပေးခဲ့ရတာလည်း ပါဝင်ပါတယ်။“ကျွန်မကပဋိဇီဝဆေးကို သွေး
ကြောထဲ ထည့်သွင်းပေးဖို့ လိုအပ်တဲ့ ဆေးကုသမှု ရနိုင်ဖို့ ထောင်ဘက်ကို တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် နှစ်လကြာအောင် တောင်းဆိုပြီးမှသာ ဆေးရုံမှာ ကုသခွင့် ရခဲ့ပါတယ်” ဟု သူမက ပြောပါတယ်။

👍15😢7🤣2🖕2❤1
အသက် ၄၇ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦးရဲ့ ပြောပြချက်အရ ဒိုက်ဦးထောင်မှာ အသက်ကြီးတဲ့ အကျဉ်းသူတစ်ဦး ချော်လဲပြီး ခြေထောက်ကျိုးသွားခဲ့ပေမယ့် ဓာတ်မှန်ရိုက်ခွင့်ရဖို့ ခြောက်လကြာစောင့်ခဲ့ရပါတယ်။ သူမရဲ့ အခန်းဖော်ဖြစ်သူ ကျောက်ကပ်ရောဂါရှိတဲ့ အကျဉ်းသူတစ်ဦးလည်း ဓာတ်မှန်ရိုက်ဖို့ ခွင့်ပြုချက်ရရှိရန် ၄၅ ရက်ကြာ စောင့်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။
“ကုသရခက်ခဲတဲ့ ပြင်းထန်တဲ့ရောဂါအခြေ
အနေရှိတဲ့ လူနာတွေကို နောက်ကျလွန်းမှသာ ပြင်ပဆေးရုံကို လွှဲပေးကြတာပါ”လို့ အကျဉ်း
သားတွေကို ကူညီစောင့်ရှောက်ပေးသူတစ်ဦးက ပြောပါတယ်။
ဒိုက်ဦးထောင်မှ လွတ်မြောက်လာတဲ့ အကျဉ်းသူဟောင်း နှစ်ဦးရဲ့ ပြောပြချက်အရ၊ ထောင်ဆရာဝန်တွေက ပြင်ပဆေးရုံကို လွှဲပြောင်း
ကုသဖို့ ထောက်ခံစာရေးပေးထားပေမယ့် အာဏာပိုင်တွေက ကင်ဆာရောဂါရှိတဲ့ အ
ကျဉ်းသူတွေကို ထွက်ခွင့်မပေးခဲ့ကြောင်း သိရပါတယ်။
“ကင်ဆာလူနာတွေဆိုရင် သေခါနီးအခြေအ
နေရောက်မှပဲ လွှဲစာရကြတာပါ” လို့ အကျဉ်းသူတွေကို ကူညီစောင့်ရှောက်ပေးသူတစ်ဦးက ပြောပါတယ်။
ထောင်အများစုမှာ ညဘက်အချိန်တွေမှာ အ
ရေးပေါ် ဆေးကုသခွင့်မရှိကြပါဘူး။အသက် ၂၈နှစ်အရွယ်နိုင်ငံရေးအကျဥ်းသားဝင်းကြည်က ၂၀၂၁ ခုနှစ် မန္တလေး အိုးဘိုထောင်မှာ တံခါးတွေ ပိတ်ထားပြီးနောက် ညဘက်အချိန်အတက်ရောဂါဖြစ်ခဲ့တဲ့အဖြစ်အပျက်
ကို ပြောပြပါတယ်။ “ထောင်ဆရာဝန်လို့ ပြောတဲ့သူတစ်ယောက် ရောက်လာပေမယ့် တံခါးဖွင့်ပေးလို့မရတာကြောင့်အခန်းသံတိုင်အပြင်ကနေပဲ စစ်ဆေးခဲ့ရပါတယ်”လို့သူမက ပြော
ပါတယ်။
ခိုင်ဇာကတော့ ဒိုက်ဦးထောင်မှာ ညဘက်အ
ရေးပေါ် ဆေးကုသမှုရရှိဖို့ ခက်ခဲ ခဲ့တဲ့ အခြေ
အနေကိုပြောပြခဲ့ပါတယ်။ “ကျောက်ကပ်ပျက်စီးနေတဲ့ အကျဉ်းသူတစ်ဦးဟာ မနက်
၁ နာရီလောက်မှာအန်တာမရပ်တော့ဘဲဆေး
ကုသမှုရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်ညဘက်ဖြစ်နေပြီးထောင်တံခါးတွေ ပိတ်ထားပြီးသားဆိုတဲ့အကြောင်းပြချက်နဲ့ ထောင်ဝန်ထမ်းတွေကဆရာဝန်ခေါ်ပေးဖို့ ငြင်းခဲ့ပါတယ်။မနက် ၆ နာရီလောက်ရောက်မှ ကျွန်မတို့အားလုံး ဝိုင်းပြီး အရေးပေါ် အကူ
အညီတောင်းဆိုတဲ့အခါမှ ဝန်ထမ်းတွေက ဆရာဝန်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်”လို့ သူမက ပြောပါတယ်။
ဝန်ထမ်းတွေ ပြန်လာပြီး ဆရာဝန်က လာဖို့ ငြင်းလိုက်တယ်လို့ ပြောပါတယ်။ "နောက်ဆုံးတော့ဖမ်းဆီးခံထားရတဲ့အမျိုးသားCDM ဆ
ရာဝန်တစ်ဦးကို ခေါ်လာပြီးကူညီခိုင်းခဲ့ရပါတယ်"။
အမျိုးသမီးအကျဉ်းသူတွေက ပြောပြချက်အရ အာဏာပိုင်တွေဟာ ဆေးဝါးကုသခွင့်ကို “စည်းကမ်းထိန်းသိမ်းရေး” အနေနဲ့ အသုံးချပြီး ကန့်သတ်ခဲ့ကြပါတယ်။ စစ်ကြောရေးအတွင်းမှာလည်း သူတို့ သိလိုတဲ့ အချက်အ
လက်တွေ ရရှိဖို့ ဆေးကုသပေးမယ်ဆိုလို့အကြပ်ကိုင် တာတွေရှိတယ်လို့ ဆိုပါတယ်။
ခိုင်ဇာရဲ့ ပြောပြချက်အရ ဒိုက်ဦးထောင် တာ
ဝန်ခံက စစ်ကြောရေးမှာ ရိုက်နှက်ခံရပြီးနောက် အတက်ရောဂါ နှစ်ကြိမ်ဖြစ်ခဲ့တဲ့ အ
ကျဉ်းသူတစ်ဦးကို ခြိမ်းခြောက်ခဲ့ပါတယ်။ “နောက်တစ်ကြိမ် အတက်ရောဂါ ထပ်ဖြစ်ရဲရင် သီးသန့်ထောင်ခန်းထဲ ထည့်မယ်လို့ သူမကို ကြိမ်းမောင်းခဲ့ပါတယ်” ဟု ခိုင်ဇာက ပြောပါတယ်။
၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်
နယ်တောင်ပိုင်း ညောင်ရွှေထောင်မှာ ထိန်း
သိမ်းခံခဲ့ရသည့် မြစိန်က အခြားနိုင်ငံရေးအ
ကျဉ်းသူတစ်ဦး မနက်ပိုင်းမှာ သတိလစ်သွားခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြခဲ့ပါတယ်။
“သူမကလေဖြတ်သွားတာပါ။ကျွန်မတို့ ဆေး
ခန်းကို အရေးပေါ် ဆေးပေးဖို့ တောင်းဆိုခဲ့ပြီး ဘယ်လောက် ကုန်ကျကုန်ကျ ပေးမယ်လို့ ပြောခဲ့ပါတယ်။ သူတို့ဘက်ကလည်း ပေးတာကိုယူမယ်လို့ပြောပေမယ့်ထောင်ပိုင်ကတော့
အထက်ကို တင်ပြပြီး ခွင့်ပြုချက်တောင်းရမယ်လို့ ပြောပါတယ်။ သူမ လဲကျပြီး မိနစ် ၃၀ လောက်ကြာမှ ဆရာဝန်ရောက်လာခဲ့ပါ
တယ်"လို့ မြစိန်ကပြောပြပါတယ်။
"သတိပြန်ရလာပေမဲ့လမ်းမလျှောက်နိုင်တော့ဘူး။ညာဘက်ကိုယ်တစ်ခြမ်း သေသွားပါပြီ။ ခဏခဏ အန်နေတယ်။ လေဖြတ်ရင်ကုသတဲ့ ဆေးကိုသုံးနာရီအတွင်းယူပေးဖို့ ဆရာဝန်ကို တောင်းဆိုတော့ ဆရာဝန်ကသူ့မှာ မရှိဘူးလို့ ပြောပါတယ်"
နိုင်ငံရေးအကျဉ်းသူတွေဟာအမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ရရှိဖို့နဲ့ တစ်ကိုယ်ရေသန့်
ရှင်းရေး အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အသုံးပြုခွင့်ရဖို့ ပြင်းထန်တဲ့ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ကြရပါတယ်။ ဒီလို အခြေအ
နေတွေကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က မျိုးဆက်ပွားဆိုင်ရာ အကြမ်းဖက်မှု ပုံစံတစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။
မချိုချိုဝင်းက ၂၀၂၄ ခုနှစ်မှာ အရပ်ဝတ်နဲ့ရဲ ၁၀ ဦး ဝင်ရောက်စီးနင်းဖမ်းဆီးမှု ခံခဲ့ရပါတယ်။အဲဒီအချိန်မှာ သူတို့က သူမရဲ့အိမ်ကို မွှေနှောက်ရှာဖွေပြီး မျက်လုံးကိုဖုံးအုပ်ကာ လက်တွေကို ကြိုးနဲ့ ချည်နှောင်ခဲ့ပါတယ်။
“ကျွန်မ ဖမ်းဆီးခံရတဲ့အချိန်မှာ ရာသီလာနေပါတယ်။ထောင်ကို ရောက်တဲ့အထိ နှစ်ရက်လုံး လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံကို မလဲနိုင်ခဲ့ပါဘူး” ဟု သူမက ပြောပါတယ်။ စစ်ကြောရေးမှာလည်းအရာရှိတွေကသူမကိုသတ်ပစ်မယ်၊ အစိတ်စိတ်အပိုင်းပိုင်းခုတ်ထစ်ပစ်မယ်လို့ ခြိမ်းခြောက် ခဲ့ကြတယ်လို့ ဆိုပါတယ်။

😢16👍4🤣2🖕2❤1🤬1