People's Spring
✔
60K subscribers
71.5K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းမှာ ခရီးသည်တွေကို လုယက်၊ အုပ်စုဖွဲ့ ဓမ္မပြုကျင့်နေသူတချို့ကို PDF ​တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်ပကဖက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ‌‌‌‌‌‌‌‌‌‌ကျူးလွန်သူတချို့ဟာ ပျူ​စောထီးအဖွဲ့ထဲ ဝင်ရောက်သွားတာကြောင့် လွတ်မြောက်နေသူ‌တွေလည်းရှိတယ်လို့ ဖော်ပြပါတယ််။ မြင်းခြံ- တောင်သာလမ်း၊ ညောင်ဦး- မြင်းခြံလမ်းတို့မှာ ခရီးသွားပြည်သူတွေရဲ့ကား၊ ဆိုင်ကယ်တွေကို အုပ်စုဖွဲ့လုယက်တာ၊ အမျိုးသမီးငယ်တွေကို အုပ်စုဖွဲ့အဓမ္မပြုကျင့်တာတွေ ပြုလုပ်ခဲ့တဲ့ ဓားပြအဖွဲ့ဝင် ၄ဦးကို ​တော်လှန်​ရေးအဖွဲ့​တွေက ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ကို ဖမ်းမိတာ တလနီးပါး ရှိပြီဖြစ်ပြီး နောက်ဆက်တွဲဖမ်းဆီးမှုတွေကို တောင်သာမြို့နယ် ပလဖဘက် လွှဲလိုက်တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ သူတို့က အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ၁၁မှု၊ ဓားပြတိုက်လုယက်မှု ၅၁ မှု ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့သူတွေကို လိုက်လံဖမ်းဆီးဖို့ လုပ်ချိန် စစ်တပ်လက်​အောက်ခံပျူစောထီးအဖွဲ့အတွင်း ဝင်ရောက်သွားတာကြောင့် မဖမ်းဆီးနိုင်သေးဘူးလို့ မြင်းခြံခရိုင်ပကဖက အသိပေးပါတယ်။ အုပ်စုဖွဲ့ဓားပြတိုက်မှု ကျူးလွန်သူတွေဟာ သီဟနိုင်၊ ဂျွန်စိုး၊ ဖိုးသား၊ လပြည့်၊ ငသန့်၊ ရဲရင့်‌အောင်၊ လပြည့်အောင်၊ ရာ‌​ကျော်၊ သိမ့်သိမ့်မိုး၊ သင်းသင်းမွှေးတို့ဖြစ်တယ်လို့​ ဖော်ပြပါတယ်။

◾️အာဆီယံမှာ မြန်မာ​က ငွေ​ကြေး​ဖောင်းပွမှုအများဆုံးဖြစ်

အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံက ငွေကြေး ဖောင်းပွမှုအမြင့်ဆုံးဖြစ်နေပြီး စီးပွားရေးကျဆင်းမယ့် အခြေအနေတွေရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က ထုတ်ပြန်ပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေးနဲ့လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုလေ့လာဆန်းစစ်ချက်အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ပြည်တွင်း မတည်ငြိမ်မှုတွေ ဆက်လက်ရှိနေတာနဲ့ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကြာရှည်စွာအနှောင့်အယှက်ဖြစ်နေတာကြောင့် စီးပွားရေး တိုးတက်မှု ပြန်လည်နှေးကွေးနေတာလို့ ADB ရဲ့စက်တင်ဘာ၂၃ ရက် ထုတ်ပြန်ချက်က ဆိုပါတယ်။ ပဋိပက္ခကြောင့် စက်သုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်တာ၊ ပို့ဆောင်ရေးတုံ့ဆိုင်းမှုတွေ ပြန်လည်ဖြစ်ပေါ်တာနဲ့ စီးပွားရေး ဖိအားတွေ ပိုမိုပြင်းထန်လာတာကြောင့် ပြည်တွင်းမတည်ငြိမ်မှုနဲ့ သဘာဝဘေး အန္တရာယ်တွေကြားက စီးပွားရေးမရေရာမှုက ပိုမိုကြီးထွားလာနေတာလို့ အသိပေးပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့်လည်း ငွေကြေးဖောင်းပွမှုက အရင်နှစ်ထက် ၇ ရာခိုင်နှုန်းပိုတိုးလာတယ်လို့ ADB က ဖော်ပြပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာငွေ ကြေးဖောင်းပွမှုက ၂၄ ရာခိုင်နှုန်းရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးက တခြား အရှေ့တောင်အာရှနိုင်ငံတွေထက် ငွေကြေးဖောင်းပွမှုနှုန်း သိသိသာသာ အလွန်မြင့်မားနေပြီး ဒုတိယငွေကြေးဖောင်းပွမှုနှုန်းအမြင့်ဆုံးဖြစ်တဲ့ လာအိုထက်​တောင် ၁၅ ရာခိုင်နှုန်း နီးပါး ပိုများနေပါတယ်။

◾️SKDကားစက်ရုံထုတ်​ဈေးနဲ့ ပြင်ပ​ဈေး ကျပ်သိန်း ၂၀၀၀ ကျော် ကွာဟ

ပြည်တွင်း SKD ကားတွေရဲ့ စက်ရုံထုတ်ဈေးနဲ့ ပြင်ပပေါက်ဈေးဟာ ကျပ်သိန်း ၂၀၀၀ကျော် ကွာဟနေပြီး စရံငွေကြိုပေးထားသူတွေ တစ်နှစ်ကျော်တဲ့အထိ ကားမရသေးတဲ့အခြေအနေဖြစ်နေပါတယ်။ ပြည်ပကနေ ကားအစီးလိုက်တင်သွင်းမှုထက် အခွန်စရိတ်သက်သာတာကြောင့် တဝက်တပျက် တပ်ဆင်ပြီးသားအဖြစ် တင်သွင်းလာပြီး ပြည်တွင်း စက်ရုံတွေမှာ အပြီးသတ်တပ်ဆင်တဲ့ SKD ကားဈေးတွေ​တွေဟာ ပြင်ပဈေးကွက်မှာ အနည်းဆုံး ကျပ်သိန်း ၁၅၀၀ ကနေ ကျပ်သိန်း ၂၂၀၀ အထိပိုများနေတယ်လို့ မော်တော်ကားရောင်း၀ယ်သူတချို့က ​ပြောပါတယ်။ တိုယိုတာ၊ ဟွန်ဒိုင်း၊ ဆူဇူကီး၊ ဖို့ဒ် နဲ့ တရုတ်ကားဘရန်းတွေဖြစ်တဲ့ Changan ၊ Soueast ၊ Dongfeng နဲ့ Leap motor တွေဟာ SKD စနစ်နဲ့ မော်တော်ကားထုတ်လုပ်နေတာဖြစ်ပါတယ်။ တိုယိုတာ Travo ဆို စက်ရုံထုတ်ဈေးက ၂၈၀၀ ဆိုရင်ဈေးကွက်ထဲမှာ ၅၀၀၀ လောက်ဖြစ်နေတယ်လို့ ဝါရင့် ကား၀ယ်ရောင်းအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ SKD စက်ရုံနဲ့ ကား Showroom တွေရဲ့ နှစ်ဦးသဘောတူပူးပေါင်းရိုက်ချက်တွေလို့ သူက သုံးသပ်ပါတယ်။ ဒါ့အပြင် အများစုက အမှန်တကယ်အသုံးပြုမယ့်သူတွေ လက်ထဲ မရောက်ဘဲ ဝယ်ရောင်းလုပ်ကိုင်သူတွေ နဲ့ Car Showroom တွေရဲ့ လက်ထဲမှာပဲ ရှိနေတယ်လို့ SKD နဲ့ကားဝယ်ဖို့ ကျပ်သိန်း ၂၀၀ ​ငွေကြိုသွင်းထား​ပေမယ့် တစ်နှစ်​ကျော်ကြာတဲ့အထိ ကားဝယ်ခွင့်မရ​သေးသူတစ်ဦးက​ ပြောပါတယ်။

◾️လုပ်သား ၁၀၀၀ ခန့်ရှိတဲ့ အထည်ချုပ်စက်ရုံ ထပ်မံ ပိတ်သိမ်း

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်က စက်ရုံလုပ်သား ၁၀၀၀ခန့်ရှိတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ပိတ်သိမ်းတော့မယ်လို့ အဲဒီစက်ရုံရဲ့အလုပ်သမားနဲ့ အလုပ်သမားအရေးဆောင်ရွက်သူတချို့က လူထုနွေဦးကို ပြောပါတယ်။ ၂၀၁၉ကတည်းက ဖွင့်လှစ်ခဲ့တဲ့ Sunrise (Myanmar) Fashion Co.
👍13🖕3🤮2❤1😁1
,Ltd အထည်ချုပ်စက်ရုံဟာ စက်တင်ဘာ၂၂ ရက်ကစပြီး အောက်တိုဘာ ၂၁ ရက်အထိ အသိပေးကာလသတ်မှတ်ကာ စက်ရုံပိတ်သိမ်းမယ့်အကြောင်း စက်ရုံတာဝန်ရှိသူတွေက အသိပေးထားတယ်လို့ ဆိုပါတယ်။ စက်ရုံပိတ်သိမ်းမှုမှာ အလုပ်၀င်ကာလ ၆လမပြည့်သေးတဲ့ အလုပ်သမားတွေ၊ ခွင့်ခံစားနေတဲ့ အလုပ်သမားတွေ၊ မီးဖွားခွင့်အလုပ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်လို့ တိကျတဲ့ ဖြေရှင်းမှုမရှိသေးဘူးလို့ အလုပ်သမားနဲ့ အလုပ်သမားအရေးဆောင်ရွက်သူတချို့က ပြောပါတယ်။ အလုပ်သမားတွေ နစ်နာမူတွေရှိလာရင် သက်ဆိုင်ရာ မြို့နယ်အထည်ချုပ်သမဂ္ဂအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ Sunrise အထည်ချုပ်စက်ရုံပိတ်သိမ်းမှုနဲ့ပတ်သက်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

◾️သွေးခွဲမှုတွေကို ညီညွတ်မှုစွမ်းအားနဲ့ ကျော်လွှားကြဖို့ NUG ဝန်ကြီးချုပ် တိုက်တွန်း

ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးကြမ်းမှာ တော်လှန်ရေးအင်အားစုများအကြား သွေးခွဲစကားတွေနဲ့ စိန်ခေါ်မှုတွေကို ညီညွတ်မှုစွမ်းအားနဲ့ ကျော်လွှားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်ပါတယ်။ စက်တင်ဘာ ၂၅ရက် မနေ့က ကျင်းပတဲ့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ပုံမှန်အစည်းအဝေးကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သဝဏ်လွှာပေးပို့ခဲ့ရာ အခုလို တိုက်တွန်းခဲ့တာပါ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာအဖွဲ့အစည်းများအကြား အပြန်အလှန် သည်းခံမှု၊ နားလည် ယုံကြည်မှု၊ စေ့စပ်ညှိနှိုင်းမှုတို့နဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

◾️မြန်မာကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်းမှာ ဆက်ထည့်ထားဖို့ BRI တောင်းဆို

အာဏာသိမ်းစစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးဆီကနေ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့် လိုင်စင်တွေကိုပယ်ဖျက်ခဲ့တဲ့နောက် မြန်မာကို ‘ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်း’မှာ ဆက်လက် ထည့်သွင်းပေးဖို့ အမေရိကန် အစိုးရကို Burma Research Institue (BRI)က တောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ BRI ထုတ်ပြန်ချက်မှာ စစ်တပ်ခန့်အပ်ထားတဲ့ပြည်ထောင်စု တရားသူကြီးချုပ် သာဌေးက လက်မှတ်ရေးထိုးထားပြီး နှစ်ချင်း ခရစ်ယာန် သင်းအုပ်ဆရာ ၃ ဦးဆီက ထိမ်းမြားလက်ထပ်ပေးခွင့် လိုင်စင်တွေကို ပယ်ဖျက်မှုနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ပါရှိခဲ့ပါတယ်။ ခရစ်ယာန် ဘာသာရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီထိမ်းမြားလက်ထက်ပေးခွင့်ပယ်ဖျက်ခံရသူ သိက္ခာတော်ရ ဓမ္မ ဆရာတွေကတော့ မန္တလေးတိုင်းရဲ့ ပြင်ဦးလွင် မြို့နယ်မှာရှိတဲ့ဒေါက်တာဇော်တောင် (ခေါ်) ခေါင်းလွမ်း၊ရှမ်းပြည်နယ်ရဲ့ ကျောက်မဲ မြို့နယ်ထဲက ဦးဂျိုးဇက် (ခေါ်)ဦးဇော်လင်း၊ ရန်ကုန်တိုင်းရဲ့ အင်းစိန်မြို့နယ်ထဲက ဦးစောမြင့်ထွန်းတို့ ဖြစ်ပါတယ်။ တရားသူကြီးချုပ် သာဌေးဟာ ဇွန်လ ၉ ရက်နေ့ အမိန့်အရ ထိမ်းမြားလက်ထပ်ခွင့် လိုင်စင် ရုပ်သိမ်းလိုက်ကြောင်းကို ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။
👍13🤮3🖕3🤣2❤1
👍16🤮3🔥2🖕2❤1
လောက်ကိုင်မှာကျင်းပတဲ့လမုန့်စားပွဲမှာ AAနဲ့ TNLA၊MNDAA ခေါင်းဆောင်တွေတက်ရောက်

စက်တင်ဘာ-၂၆၊၂၀၂၆။ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူ
တကွတက်ရောက်ခဲ့ကြပါတယ်။

စက်တင်ဘာ ၂၅ရက်က ပြုလုပ်တဲ့ အခမ်း
အနားမှာ ကိုးကန့်ခေါင်းဆောင် ဖုန်တဲရင်၊ TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းနဲ့ ဒုဥက္ကဋ္ဌတာခူးလန်း၊ AA ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်တို့ တက်ရောက်ခဲ့ကြောင်း ကိုးကန့်သတင်းပြန်ကြားရေးက တ
ရုတ်ဘာသာနဲ့ ထုတ်ပြန်တဲ့ သတင်းမှာမှတ်
တမ်းဓာတ်ပုံတွေ ​ဖော်ပြထားပါတယ်။

ညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့ ကိုးကန့်၊တအာင်း၊ရက္ခိုင်တပ်ဖွဲ့တွေအနက်ကိုးကန့်နဲ့ တအာင်းတပ်တွေဟာ ရှမ်းမြောက်ဒေသ နယ်
မြေဆိုင်ရာ အငြင်းပွားမှုနဲ့ပတ်သက်ပြီး အခုနှစ်မတ်လမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဝက်ခန့်အကြာမှာ ကိုးကန့်တပ်က ပြုလုပ်တဲ့ လမုန့်စားပွဲကို TNLA ထိပ်ပိုင်းခေါင်း
ဆောင်တွေ တက်ရောက်လာတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

ကိုးကန့်တပ်ဟာTNLAထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်း
ပိုက်ခဲ့တာဖြစ်ပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့အနက် AAဟာ အာ
ဏာသိမ်းစစ်တပ်ကို လက်ရှိအချိန်ထိတိုက်
ခိုက်နေဆဲဖြစ်ပြီး MNDAAနဲ့ TNLA တို့က
တော့ စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေးလုပ်ဆောင်ထားကြပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကဟန်ပြလုပ်ဆောင်နေတဲ့ ငြိမ်း
ချမ်းရေးဖိတ်ခေါ်မှုမှာလည်း TNLAနဲ့ MNDAA တို့က လက်ခံခဲ့ပြီး နှစ်ဖွဲ့လုံးက ခေါင်းဆောင်တွေဟာ နေပြည်တော်ကို သွား
ရောက်ကာစစ်အုပ်စုနဲ့ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလို ကိုးကန့်နဲ့ တအာင်းတပ်က စစ်အုပ်စုနဲ့ ဆွေးနွေးနေချိန် အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော် AA ထိန်းချုပ်ရာ မြို့နယ်တွေကိုလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ အများအပြား ဖြစ်ပေါ်လျက်ရှိပါတယ်။ဒါ့အပြင်စစ်တပ်က AA ထိန်းချုပ်​ဒေသ​တွေကို စက်တင်ဘာ ၄ ရက်ကစပြီးအင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေ ​ရှေ့မတိုးနိုင်ဘဲ ​လန်ကျပြီးစစ်ဦးကျိုးကာ စစ်တပ်စခန်း​တွေကို AA ကပြန်သိမ်းပိုက်​နေပါတယ် ။
👍25❤5🖕4🤮2
ဓာတ်ပုံ - The Kokang
👍17🖕4❤2👏1🤮1
မြန်မာ့အရေး ကမ္ဘာ့အာရုံစိုက်မှုကနေ ပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း ကုလအတွင်းရေးမှူးချုပ်ပြော

■ကမ္ဘာ့ခေါင်းဆောင်တွေမိန့်ခွန်းမှာ မြန်မာ့အရေးကို ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊တီမောလက်စ်
တေတို့ ထည့်ပြော၊ တရုတ်ထည့်မပြော

စက်တင်ဘာ-၂၆၊ ၂၀၂၆။သော်မွန်/People’s Spring

လက်ရှိကျင်းပနေတဲ့ (၈၁)ကြိမ်မြောက် ကုလ
သမဂ္ဂအထွေထွေညီလာခံ ကမ္ဘာ့ခေါင်းဆောင်တွေမိန့်ခွန်းပြောကြားတဲ့ သီတင်းပတ်(High Level Week)အတွင်းမြန်မာ့အရေးနဲ့ပတ်
သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါ
အဝင် ခေါင်းဆောင်တချို့က ထည့်သွင်းပြောကြားခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ မြင့်တက်လာခြင်း၊ လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်းနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုများ ကျယ်ပြန့်လာခြင်းတို့ ရှိနေပေမယ့် ကမ္ဘာ့အာရုံစိုက်မှုကနေ ပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ ရင်
ဆိုင်နေရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

“မြန်မာပြည်သူတွေကို မေ့လျော့မထားသင့်ပါဘူး။ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ အရပ်သားပြည်သူများကို အကာအကွယ်ပေးမှု၊ လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်ခွင့်ပြုမှုနဲ့ တာဝန်ခံမှုရှိစေရေးဆိုင်ရာကြိုးပမ်းအား
ထုတ်မှုများကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆက်လက်ထောက်ခံပံ့ပိုးပေးဖို့ လို
အပ်ပါတယ်”လို့ ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းပြောဆိုပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေ မိန့်ခွန်းမပြောကြားမီ အတွင်းရေးမှူးချုပ်ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ မြန်မာ့အရေး၊ ဆူဒန်အရေး၊ ယူကရိန်းအရေးတို့နဲ့ ဆက်စပ်လို့ အရပ်သားပြည်သူတွေကို ခြွင်းချက်မရှိ အကာအကွယ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုပေးဖို့၊ နျူကလီးယားမပြန့်ပွားရေးနဲ့ လက်နက်ဖျက်သိမ်းရေးတို့ ချက်
ချင်းဆောင်ရွက်ဖို့ အချက်တွေလည်း ပါဝင်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်တွေက ထည့်သွင်းပြောကြားပါတယ်။

ထိုင်းဝန်ကြီးချုပ်အနုတင်က အိမ်နီးချင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့စိန်ခေါ်မှုတွေကိုဖြေရှင်းဆောင်ရွက်ပေးဖို့ ကတိကဝတ်က မြန်မာ့အ
ရေး ချဥ်းကပ်ဆောင်ရွက်မှုရဲ့ လမ်းညွှန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ အမျိုးသား
ပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာပြည်သူတွေ ဦးဆောင်တဲ့၊မြန်မာပြည်သူတွေပိုင်ဆိုင်တဲ့
(Myanmar led and Myanmar owned)
ရေရှည်တည်တံ့တဲ့အဖြေတစ်ခုထွက်ပေါ်ရေးကို ထိုင်းနိုင်ငံကထောက်ခံအားပေးတယ်လို့ ဝန်ကြီးချုပ်အနုတင်က ပြောပါတယ်။

မြေပြင်မှာ လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ပေါ်ထွက်လာစေဖို့ တွန်းအားပေးနေတဲ့တချိန်တည်းမှာ အာဆီယံမူဘောင်အတွင်းကဖြစ်စေ၊သက်ဆိုင်ရာမိတ်ဖက်နိုင်ငံတွေနဲ့ ပေါင်း
စပ်ညှိနှိုင်းပြီးဖြစ်စေ အပြုသဘောဆောင်ပြီး ချိန်ညှိထားတဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှုမျိုးကို ယုံကြည်ကြောင်းလည်း အနုတင်က ပြောပါတယ်။

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားအရေးနဲ့ မြန်မာ့အရေး နှစ်ခုစလုံးမှာ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်
လာစေရေးနဲ့ တိုးတက်မှုတွေကို လက်တွေ့ ရရှိနိုင်စေရေး ဖော်ဆောင်ပေးဖို့ ဖြစ်တယ်လို့ အနုတင်ကကုလညီလာခံမှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာမန်ကလည်း မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာထွက်ပြေးလာကြရတဲ့ ရိုဟင်ဂျာ ၁ ဒသမ ၂သန်းကျော်ကို ခိုလှုံခွင့်ပေးထားရတာ ၉ နှစ်ကျော်ရှိလာပြီဖြစ်ပြီးရိုဟင်ဂျာအကျပ်အတည်းရဲ့မူလဇာစ်
မြစ်နဲ့ အစပြုရာဟာ မြန်မာနိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းအတွက်တခုတည်း
သော ဖြေရှင်းနည်းမှာ နေရပ်စွန့်ခွာလာရတဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့မူရင်းဇာတိဖြစ်တဲ့ မြန်မာနိုင်ငံကိုစောလျင်စွာနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ဖို့ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြောပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေကို သူတို့နေရပ်ကို ပြန်လည်
မပို့ဆောင်နိုင်ခင်ကာလအတွင်း အသက်ကယ်ဆယ်ရေးဆိုင်ရာ အကူအညီပေးရေးအစီအစဥ်တွေ ဆက်လက်ဆောင်ရွက်ပေးကြဖို့ ဝန်ကြီးချုပ်ရာမန်က တိုက်တွန်းပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာပြည်သူတွေအတွက် တရားမျှတမှုကို အာမခံမပေးနိုင်ပါက မဝေးတော့တဲ့အနာဂတ်မှာကြီးမားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီးတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က သ
တိပေးပါတယ်။

တီမောလက်စ်တေသမ္မတရာမို့ဟော်တာကလည်း ဒီကနေ့ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီးတစ်ခု ဖြစ်နေတဲ့ ဆူဒန်နိုင်ငံရဲ့ အခြေအနေကို လေ့လာကြည့်ရှုဖို့ သတိပေးရင်း တောင်ဆူဒန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အာဖဂန်နစ္စတန်၊ မြန်မာနဲ့ ယီမင်နိုင်ငံတို့ရဲ့ အခြေ
အနေတွေကို လေ့လာကြည့်ရှုကြဖို့ကုလညီ
လာခံမှာ ထည့်သွင်းပြောကြားပါတယ်။
👍22❤4👏3🖕2🥰1😁1🤮1
တီမောလက်စ်တေးသမ္မတအနေနဲ့ မြန်မာ
နိုင်ငံကို မေ့လျော့မသွားစေဖို့ ကမ္ဘာကြီးကို သတိပေးရင်း မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတဒူဝါလရှီးလကထုတ်ပြန်ထားပါတယ်။

တီမောသမ္မတရာမို့ဟော်တာအနေနဲ့ မြန်
မာနိုင်ငံသားတွေအပေါ် ခိုင်မာသော ထောက်
ခံအားပေးမှုနဲ့ စည်းလုံးညီညွတ်မှုတို့အတွက် ကျေးဇူးတင်ကြောင်း NUG ယာယီသမ္မတက ဆိုပါတယ်။

(၈၁)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ High Level Week မှာ တရုတ်နိုင်ငံရဲ့ ဒုတိယသမ္မတ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ တစုံတရာ ထည့်သွင်းပြောကြားခြင်းမရှိပါဘူး။ တရုတ်ဒုတိယသမ္မတက အရှေ့အလယ်ပိုင်းနဲ့ ပင်လယ်ကွေ့နိုင်ငံများအရေး၊ ပါလက်စတိုင်းအရေး၊ ယူကရိန်းအရေးနဲ့ ကျူးဘားအရေးတို့ကိုတော့ ထည့်သွင်းပြောကြားတာ တွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မြန်
မာပြည်သူလူထုနဲ့အတူ ရပ်တည်တဲ့ ကုလ
သမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက High Level Week မှာ တက်ရောက်မိန့်ခွန်းပြောကြားခြင်းမရှိပေမယ့်(၈၁)ကြိမ်မြောက် ကု
လသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲအခမ်း
အနားကို တက်ရောက်ခဲဲ့ပါတယ်။​ ဒါ့အပြင် လာမယ့်သီတင်းပတ်မှာ စတင်မယ့် ကုလ
သမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအ
စည်းအဝေးတွေနဲ့ ကုလသမဂ္ဂ ပင်ပကော်မတီတွေရဲ့အစည်းအဝေးတွေမှာတက်ရောက်သွားမယ်လို့ သိရပါတယ်။
👍26❤5🥰4🖕2😁1🤮1🤣1
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် နဲ့ ထိုင်း၊
ဘင်္ဂလားဒေ့ရှ်၊တီမောလက်စ်တေနိုင်ငံ​ခေါင်း​ဆောင်​တွေက(၈၁)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်း​ပြောကြားစဥ်။ ။ဓါတ်ပုံ-UN
👍21❤4🥰3🤮2🖕2😁1
မင်းတုန်းတိုက်ပွဲစစ်သားတစ်ဆယ်​​ကျော်
AA ထံလက်နက်ချအညံ့ခံ

■စစ်တပ်က ပစ​တွေကိုမူးယစ်​ဆေး​ကြွေးပြီး​ရှေ့ကတက်တိုက်ခိုင်းလို့ ဖမ်းမိသူ​တွေမှာ​ဆေး​သုံးစွဲထားသူ​တွေပါ​နေ

စက်တင်ဘာ-၂၆၊၂၀၂၆။ခိုင်မြတ်/ People's Spring

မကွေးတိုင်း၊မင်းတုန်းမြို့နယ်၊သဖန်ရောင်ရွာအနီးမှာ အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအပြင်း
အထန်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းစစ်တပ်ဘက်က လက်နက်ချအညံ့ခံလာ တဲ့ စစ်သုံ့
ပန်း တဆယ်ကျော် အရှင်ဖမ်းမိထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

မင်းတုန်းမြို့နယ်သဖန်ရောင်နဲ့ ကံကြိုးရွာအနီးဝန်းကျင်တို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတာဖြစ်ပြီး စစ်တပ်ဘက်က​သေဆုံးဒဏ်
ရာရသူများပြီယအထိနာနေကာ အရှင်ဖမ်းမိသူတွေပါ ရှိနေတာလို့ စုံစမ်းသိရပါတယ်။

“သုံ့ပန်းတွေ ရထားတာရှိတယ်။ ပထမတိုက်ပွဲတုန်းက သုံ့ပန်းတွေရော၊ အခုနောက်ပိုင်းသုံ့
ပန်းတွေရာ တဆယ် ကျော်လောက် ရှိမယ်။
မကြာခင်တော့ Info Desk ကနေ အင်တာဗျူးတွေ ထုတ်ပြန်မယ်ထင်တယ်”လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။

မင်းတုန်းတိုက်ပွဲအတွင်းဖမ်းဆီးရမိသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားသူတွေဖြစ်ပြီး တိုက်ပွဲအရှေ့ဆုံးထိ ပို့ခံရတဲ့ ပြည်သူ့စစ်(ပစ)တွေဖြစ်တယ်လို့ အထက်ပါပုဂ္ဂိုလ်က​ပြောပါတယ်။

“စစ်မှုထမ်းသစ်တွေတော်တော်များလာတယ်။အခုဖမ်းရတဲ့ကောင်တွေဆိုရင် တိုက်ပွဲဖြစ်တော့ ဘယ်ပြေးလို့ပြေး ရမှန်းမလဲ၊ ဟိုငေး၊ ဒီငေးနဲ့ ကျန်နေခဲ့တဲ့ကောင်တွေ။ စကားတောင် ကောင်းကောင်းမွန်မွန် မပြောနိုင်ဘူး။ မူးယစ်ဆေးတွေ ပေးပြီး တိုက်ခိုင်းထားတာ” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

အခုရက်ပိုင်းတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကလက်နက်ချအညံ့ခံသူတွေ ရှိသလို တိုက်ပွဲအတွင်းသေဆုံးသူလည်းတဆယ်ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

“နောက်တန်းကအင်အားထပ်ဖြည့်ပြီး တက်လာကြလို့ တိုက်ပွဲဖြစ် နေတာပါ။ဒီမနက်
(စက်တင်ဘာ ၂၆)ထိ တိုက်ပွဲဖြစ်ကြတယ်။ စခန်းတွေ ရတာတော့ မရှိသေးပါဘူး” လို့ အဆိုပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်တို့အတွင်း မင်းတုန်းမြို့နယ် ကံကြိုးကျေးရွာအနီးရှိ စစ်တပ်ရဲ့ ပွိုင့် ၉၄၈ ကုန်းအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲမှာလည်း စစ်တပ်ဘက်က သေဆုံးသူ သုံးဆယ်ဝန်း
ကျင်ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေအများအ
ပြားAA ကသိမ်းဆည်းရခဲ့ပါတယ်။

အခုအခါတပ်ဆုတ်ပြေးနေတဲ့စစ်တပ်နဲ့ တိုက်
ပွဲထပ်ဖြစ်နေတာဖြစ်ပြီး မင်းတုန်းမြို့နယ်အတွင်း စစ်တပ်က လေ ကြောင်း၊ လက်နက်
ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေပါတယ်။ အဲဒီလို တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်အနီးဝန်း
ကျင်ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေကြရသလိုကုန်စည်သယ်ယူရေးလမ်းကြောင်းပိတ်နေပါတယ်။

ဒါအပြင် စစ်တပ်က AA ထိန်းချုပ်ရာဒေသတွေဆီထိုးစစ်ဆင်ဖို့ ကြိုးစားနေတဲ့ စစ်တွေတိုက်ပွဲအတွင်းမှာလည်း စစ် တပ်ဘက်က အလောင်းတချို့နဲ့အရှင်ဖမ်းမိသူအချို့ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

“ကွမ်းတောင်ဘက်နဲ့ ဝါဘိုဘက်မှာပြင်းနေတယ်။အလောင်းတချို့ရတယ်။ အရှင်ရတာလည်း နှစ်ယောက်၊ သုံး ယောက်ရှိတယ်” စစ်တွေဒေသခံ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာတော့တိုက်ပွဲ​​တွေပြန်ငြိမ်သက်နေပြီး စစ်တပ်ဘက်က အင်အားဖြည့်ကာ တောင်မော်ဦးရေတပ်အနီး အ၀
တောင်ကနေ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အလားတူပဲ AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ ကြိုးစားတဲ့ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း မြို့နယ် နတ်ရေကန်စစ်မျက်နှာနဲ့ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေဖြစ်ပါတယ်။

စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနဲ့ ရခိုင်ပြည်ဝင်ပေါက် မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်း ချုပ်ရာနေရာတွေကို စက်တင်ဘာ ၄ ရက်နေ့ကစကာ ထိုးစစ်ဆင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

အဲဒီလို လေကြောင်း၊ ရေကြောင်းပစ်ကူပေးပြီး မြေပြင်က အင်အားအလုံးအရင်းနဲ့ ထိုး
စစ်ဆင်ဖို့ ကြိုးစားပေမယ့် လက်တွေ့မှာတော့ အထိနာနောက်ပြန်ဆုတ်ရပြီး စစ်ဆင်ရေး သုံးပတ်ကျော်အတွင်း စစ်တပ်ဘက်က သေ
ဆုံးသူ ရာချီရှိပြီဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့ဒေသခံစစ်ရေးလေ့လာသူတွေကပြောပါတယ်။
👍38👏10👎2😁2🖕2🥰1