People's Spring
✔
60K subscribers
71.5K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
Media is too big
VIEW IN TELEGRAM
👍26🤮7🖕6🥰1🤬1💩1🤣1
ကိုယ်အင်္ဂါစွန့်လွှတ်ရဲဘော်များ ပြန်လည်ထူထောင်ရေးကော်မတီ ဖွဲ့စည်းပြီးဖြစ်လို့ ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း NUG ကြေညာ

စက်တင်ဘာ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီ ကော်မတီကို ၂၀၂၆ သြဂုတ် ၃၀ ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရုံးချုပ်တို့က တာဝန်ရှိသူတွေ ပူးပေါင်းဖွဲ့စည်းထားတာလို့ ဆိုပါတယ်။

ကော်မတီအနေနဲ့ ကိုယ်အင်္ဂါစွန့်လွှတ်ရဲဘော်တွေရဲ့ အသက်မွေးဝမ်းကျောင်းပညာ အပါအဝင် ပညာဆက်လက်သင်ယူနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး နိုင်ရေး ရည်ရွယ်သော လုပ်ငန်းလမ်းညွှန်တရပ်ကို ရေးဆွဲပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း အသိပေးပါတယ်။

အဲဒီ လုပ်ငန်းလမ်းညွှန်ပါ မူဝါဒများနဲ့ ကတိကဝတ်များကို လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ဖို့ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပရှိ ပညာရှင်များနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ရာ အသက်မွေးဝမ်းကျောင်းပညာအပါဝင် ပညာဆက်လက်သင်ယူလိုသော၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိလိုသော ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ PDF၊ ပကဖနဲ့ အခြားတော်လှန်ရေးအဖွဲ့များမှ ရဲဘော်များများ အနေနဲ့ ကော်မတီသို့ ဆက်သွယ် သတင်းပေးပို့ဆောင်ရွက်ရန် NUG ကာကွယ်ရေးက တိုက်တွန်းထားပါတယ်။

NUG ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ စက်တင်ဘာ ၇ရက်ကလည်း တော်လှန်ရေး ၅နှစ်တာအတွင်း အသက်၊ခန္ဓာနဲ့ ကိုယ်ကျိုးစီးပွားများ မငဲ့ဘဲစစ်ရေး တာဝန်များ ရဲဝံ့စွာ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော် ၁၈၀၀ ဦးနီးပါးကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ဆုနဲ့တံဆိပ် ပေးအပ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

တော်လှန်ရေး ၅နှစ်တာ အတွင်းကျရာကဏ္ဍကနေအသက်၊သွေး၊ချွေးများပေးဆပ်ကာ ခုခံတွန်းလှန်စစ်ကိုဆက်လက် ပါဝင်ဆင်နွှဲနေကြတဲ့ တော်လှန်ရေးရဲဘော်အားလုံးနဲ့တော်လှန် ပြည်သူ တရပ်လုံးကို ဂုဏ်ယူလေးစားစွာ မှတ်တမ်းတင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောာကားခဲ့ပြီး စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေး တော်လှန်ရေး ပန်းတိုင်ဆီရောက်တဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းထားပါတယ်။
❤34👍9🥰2👏2🖕2🤮1🤣1
(နယ်စပ်မှာရှိတဲ့ ပြန်လည်သန်စွမ်းရေး ဆေးခန်းတစ်ခုကို တွေ့ရစဥ်။ ဓာတ်ပုံ − Getty Images)
👍26❤11🥰2👏2🤮2🖕2🤣1
■သ​ရော်စာ

Time မဂ္ဂဇင်းအား ကန့်ကွက်ရှုတ်ချခြင်း

-သျှီသျှား​ရေးသားသည်။

ဟောဒီက မောင်သျှားလည်း မီဒီယာသမားပါပဲ။သို့ပေတဲ့ ဒီတစ်ခေါက် Time မဂ္ဂဇင်းနဲ့ နိုင်ငံတော်ဇွတ်သမ္မတ အမှုမှာတော့ သူ့ဟာသူ အာဏာရှင်မကလို့ အာဏာရှင့်ဖအေဖြစ်နေ
ပါစေ မအလဘက်က မောင်သျှား အပြည့် အဝ ရပ်တည်တယ်။

ဟုတ်တယ်လေ။သူတို့ဆောင်းပါးအဖွင့်မှာတင်ကြည့်ဦးလေ။အခန်းထဲ မှန်ကြီးယူလာတဲ့အကြောင်းနဲ့ စဖွင့်ရတယ် လို့။ သူ့ဟာသူ မှန်ကြိုက်လို့ မှန်ယူလာတာပဲ ကိုယ်လုံးပေါ်မကလို့ ခန်းလုံးပြည့်ယူယူပေါ့။ နံရံပြည့်ကပ်ကပ်ပေါ့။ အဲဒါကို ထုတ်ပြောစရာလား။ အခုတော့ နိုင်ငံတော်ဇွတ်သမ္မတကြီး မှန်ကြိုက်တတ်မှန်း အကုန်သိကုန်ပြီ။ အဲဒါ ထက်ပိုခက်တာက နိုင်ငံတော်ဇွတ်သမ္မတကြီးအနား ကပ်ဖို့ချောင်းနေတဲ့ ခရိုနီ၊ ခရိုပြာ၊ ခရိုဝါ၊ ခရိုစိမ်းတွေက အခု မှန်ဆိုင်တွေမှာ တန်းစီတိုးနေကြပြီ။ ဆီတိုးတာထက်အောင် အတန်းက ရှည်နေသေး။ လမ်းတွေပါပိတ်လို့။ ဟို မင်းသမီးလေးယောကျ်ား ခရိုစိမ်းပေါက်စတောင် တန်းစီတဲ့အထဲပါသေး။

လာသေးတယ်။သူ့ဟာသူ အနောက်နဲ့ပြန်ဆက်ဆံချင်တယ်လို့ ဖွင့်ပြောလာတာမှာလည်း ခင်ဗျားတို့က အပြစ် မလွတ်ပြန်ဘူး။ ခေါင်းစဉ်ကြီးတောင် တင်လိုက်သေး။ သူ့ခ
မျာ အရှေ့နဲ့ဆက်ဆံလာရတဲ့အကြိမ်ပေါင်းက မနည်းတော့ဘူးမဟုတ်လား။ဒီတော့အနောက်
နဲ့လည်း ဆက်ဆံချင်ရှာမှာပေါ့။ တွက်ကြည့်လေ ရုရှားတို့၊ တရုတ်တို့နဲ့ ဆက်ဆံလာတာလည်း အကြိမ်ရေမနည်းတော့ဘူး မဟုတ်လား။ ဒီတော့ သူလည်း အပြောင်းအလဲလေးလုပ်ပြီး ဆက်ဆံချင်ရှာမှာပေါ့လို့ ဖြည့်တွေးလေး တွေးမပေးနိုင်ကြဘူးလား။

ကျန်သေးတယ်။ နိုင်ငံတော်ဇွတ်သမ္မတကြီး ဆံပင်ပါးလျှပ်နေတာကိုပါ သူတို့မချန်ဘူး။ လူသိအောင်ထုတ်ပြော ထားသေးတယ်။ အဲဒီပါးလျှပ်လျှပ်ဆံပင်တွေကို လူမြင်မခံနိုင်လို့ ဖုံးဖို့၊ ဖိဖို့ကြိုးစားနေတယ်။ ဘယ်ထောင့်ကနေ ကင်မရာယူရိုက်ပါဆိုတာထိ ထည့်ပြောလိုက်တာတော့ လွန်တာပေါ့။ အေး...အဲဒီတော့ ဘာဖြစ်သလဲ။ ဟုတ်လား။ အဲဒီတော့ မှန်ဆိုင်မှာတန်းစီနေတဲ့ ခရိုနီ၊ ခရိုပြာ၊ ခရိုဝါ၊ ခရိုစိမ်းတွေထဲကတစ်ဝက်လောက်က ဆံပင်သန်ဆေး၊ ဆံပင်ပြန်ပေါက်ဆေးဆိုင်တွေဘက်ပြောင်းပြီး တန်းစီရတော့တာပေါ့။ အွန်လိုင်းရှော့တွေမှာလည်း တန်းစီတိုးနေ ကြသတဲ့။ ဒါက ခရိုနီနိုင်ငံရေး၊ ခရိုနီစီးပွားရေးမဟုတ်လား။ အားစိုက်ကြရပေမပေါ့။

ပြီးတော့ရှိသေးတယ်။ မွေးကင်းစကနေ အခုသေခါနီးအရွယ်အထိ သူ့ဟာသူ ပြောနိုင်လို့ သီကာပတ်ကုံး ပြောတာ လေ။ မိနစ် ၃၀ စာမကလို့ နာရီ ၃၀ စာဖြစ်ဖြစ်ပေါ့။ ခင်ဗျားတို့က ဘာဖြစ်နေတာလဲ။အွန်လိုင်းက တင်တာလေ။ စက္ကူကုန်တာကျလို့။ထုတ်လွင့်ပေးလိုက်ပေါ့။ မကြည့်ချင်တဲ့သူတွေ ကျော်သွားပေါ့။ မဟုတ်ဘူးလား။ အေး... သူပြောသမျှ စက္ကူနဲ့ ပုံနှိပ် ရိုက်ထုတ်ပါဦး လွန်ရောကျွံရောကုန် စက္ကူတစ်တန်၊ နှစ်တန်လောက်ပဲပေါ့။ ဒါလေးကို ဘာတွေထဖြစ်။ ဘာတွေအဖြစ်
သည်း။ အဲ့သလောက် ကပ်စေးနည်းနေရင်လည်း အစကတည်းက လာမဗျူးပါနဲ့ တော့လား။

ကဲ...အခုတော့ အဲဒီမိနစ် ၃၀ စာကြီးကို သူ့လက်အောက် မီဒီယာပလက်ဖောင်းစုံကနေ ထုတ်လွှင့်နေပြီ။ နိုင်ငံတွင်း လှည်းနေလှေအောင်းမြင်းဇောင်းမကျန် အိမ်ပေါက်စေ့ မကြည့်မနေရဆိုပြီး ဥပဒေထုတ်လိုက်ရင် ပိုမခက်ချေဘူးလား။

ပြောဦးမယ်။ ဓာတ်ပုံကိစ္စ။ အဲဒီအိုမင်းရွတ်တွပုပ်သိုးနေတဲ့ ပုံကြီးကို လူအများကြား ချပြစရာလား။ (မောင်သျှားဆို အဲဒီညက အိပ်တောင်မပျော်ဘူး။ ကြောက်နေလို့။) ဒါက သူ့ပကတိရုပ်လေလို့တော့ လာမပြောနဲ့။ စော
စောကသိ လမ်းညွှန်ပေးလိုက်မယ်။ ကြေးမုံတို့ မြန်မာ့အလင်းတို့ဆီသွားပေါ့။ အဲဒီမှာက ဖိုတိုရှော့အရာမှာ တစ်ဖက်ကမ်းခပ် တဲ့ ဆရာ
ကြီးတွေရှိတယ်။ မယုံရင် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေသွားလှန်ကြည့်။ နိုင်ငံတော်ဇွတ်သမ္မတ ကြီးရဲ့ ပုံတွေများဆို နုဖပ်အုအပ်နေတာ။ အပြင်ပကတိနဲ့တခြားစီ။ အဲဒီတစ်ဖက်ကမ်းခပ်ဆရာကြီးတွေက ဆင် မည်းတောင် ဆင်ဖြူဖြစ်အောင် လုပ်နိုင်စွမ်းတယ်။ ဘာမှတ်လဲ။ အခုတော့ ဒီအိုမင်းရွတ်
တွပုပ်သိုးနေတဲ့ပုံကြီးကို အများပြည်သူအမြင်မသင့်အောင်ချပြမှတော့ နိုင်ငံတော်ဇွတ်သမ္မတကြီး ဒေါသမထွက်ဘဲနေမလား။ ခင်ဗျားတို့ ကလဲ။

ထပ်ပြောဦးမယ်။ မှတ်တမ်းယူဖို့ ခန်းမထဲကို ရုပ်သံကင်မရာကြီးတွေ သွင်းလာလို့ အံ့သြသလို၊ ကဲ့ရဲ့သလိုပြောနေ ကြသေးဆို။ ကျုပ်တို့ နိုင်ငံတော်ဇွတ်သမ္မတကြီးက ခေသူမဟုတ်ဘူးဆိုတာ ခင်ဗျားတို့ အခုသိပြီမဟုတ်လား။ အေမီစျာန်ဆီမှာ သုံးလပြတ်သင်တန်းတက်ထားဖူးတယ်။ ဒီတော့ ခင်ဗျားတို့ အခုလို လုပ်ချင်ရာလုပ်မယ်ဆိုတာ ကြိုသိလို့ သူ့လက်ထဲ မှတ်တမ်းကျန်အောင် ဒီလိုစီစဉ်ရတာလေ။ ကြိုမြင်လို့စီစဉ်တာလေ ဒါအပြစ်တဲ့လား။

အကယ်၍များ အဲ့ဒီလိုလုပ်မထားဘူး။ ခင်ဗျားတို့ဘက်လည်း အခုလိုတွေလုပ်လာမယ်ဟေ့ဆို နိုင်ငံတော်ဇွတ် သမ္မတကြီးဘက်မှာ ပြစရာအထောက်အထား ဘယ်ကျန်တော့မလဲ။ ဒီလိုဆိုရင် ခင်ဗျားတို့ကို သူ့ဆီပြန်ခေါ်၊ အင်တာဗျူးဖို့ စက်တင်တွေပြန်ချ။ ခန်းမထဲကို ကိုယ်လုံးပေါ်မှန်ကြီးပြန်သယ်။ ပြီးရင် အမြှုပ်ထွက်၊ တံတွေးစင်တဲ့ အထိ နောက်
ထပ်တစ်နာရီစာ အင်တာဗျူးကြီးကို ပြန်ရိုက်ပြီး မှတ်တမ်းပြန်ယူနေရမှာပေါ့။ အခုလိုကြိုသိပြီး ကြိုစီစဉ်ထားတော့ အဲဒီဘက်က ရော့ဆိုရင် ဒီဘက်ကလည်း ဂွက်ခနဲ နေ့မဆိုင်းတုံ့ပြန်လို့ရသွားတာပေါ့။ ဟင်း... ဟင်း...ဟင်း။
❤25👍12😁8🖕3🤣2👎1🤮1
ဒီနေရာမှာ Time မဂ္ဂဇင်းဘက်ကနေကြည့်မယ်ဆိုရင် တစ်ခုတော့ နားလည်ပေးနိုင်တာရှိတယ်။ အဲဒါက ဘာလဲဆို တော့ သူတို့ဘက်က “the Future of Myanmar”ဆိုတဲ့ခေါင်းစဉ်နဲ့ အင်တာဗျူးလုပ်လိုတယ်လို့ ဆက်သွယ်လာ တာ။ ဒါလည်း နိုင်ငံတော်ဇွတ်သမ္မတကြီး တပည့်တွေ စာထုတ်တုံ့ပြန်မှသိရတာ။ သူတို့လိုချင်တာ မြန်မာ့အနာ ဂတ်အကြောင်းလေ။ ဒါကို နိုင်ငံတော်ဇွတ်သမ္မတကြီးက အင်တာဗျူးချိန် ၁ နာရီအတွင်း သူ့ငယ်ဘဝတွေနဲ့ပဲ နောက်ကြောင်းပြန်နေတာ ရှေ့မှ မရောက်တော့တာကိုး။ ဒီတော့ Time က သူတို့လိုချင်တဲ့ Future ကို ရောက် မလာလို့ NUG ကော၊ ရှောင်တာနယ်ကော၊ ဦးဂမ္ဘီရကောနဲ့ သိုင်းကာဝိုင်းကာ အခုလိုဆောင်းပါး လုပ်ပစ်လိုက်တာ လည်းဖြစ်နိုင်တယ်။ သူတို့က Future ဆို ကိုယ်ကလည်း Future လိုက်ပေါ့။ အခုတော့ အူယားဖားယားနဲ့ ပြန်ရှင်းနေရပြီ။ တယ်ခက်ပါ့။

သိုင်းတယ်၊ ဝိုင်းတယ်ဆိုလို့ ပြောရဦးမယ် Time က လာဗျူးမယ်ဆိုတော့ Time ကို သူလေ့လာတယ်။ ကြေးမုံနဲ့ မြန်မာ့အလင်းက ဖိုတိုရှော့ဆရာတွေရဲ့လက်စွမ်းလို ဝင်းပကြည်တောက်နေမယ့်သူ့မျက်နှာကြီး Time မဂ္ဂဇင်း မျက်နှာဖုံးကြီးမှာ ဖော်ပြခံရတော့မယ်လို့ သူ့ခမျာထင်ရှာတယ်။ တကယ့်လက်တွေ့ကျ ခင်ဗျားတို့က အဲ့ဒီလိုမဟုတ် မည်းသည်းပြဲကွဲနေတဲ့ မျက်နှာကြီးကို ထုတ်ပြလာသလို မျက်နှာဖုံးမှာလည်းမဟုတ် အွန်လိုင်းမှာ။ အဲဒီထက် ပိုဆိုးတာက သီးသန့်အင်တာဗျူးဆိုပြီး တကယ်လုပ်လာတော့ ဆောင်းပါး။

ဆောင်းပါးမှာမှ ဆိုခဲ့သလို NUG ယာယီသမ္မတ ဒူဝါလရှီလ၊ အမေရိကန်သံအမတ်ကြီးဟောင်းစကော့မာစီရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး ရှောင်တာနဲလ်၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများဆိုင်ရာရုံး(UNODC)က ဂျာရမီဒေါက် ကလတ်စ်၊ ရွှေဝါရောင်သံဃာ့အရေးအခင်းဦးဆောင်ဆရာတော်ဦးဂမ္ဘီရ၊ သတင်းစာဆရာ ဦးအောင်ဇော်၊ ဒေါ်မွန်မွန် မြတ်တို့နဲ့ သိုင်းဝိုင်းထားတဲ့ဆောင်းပါးကြီး။ ဆိုးသထက်ပိုဆိုးတာက အဲဒီဆောင်းပါးမှာ သူ့ခမျာ ဇာတ်လိုက်မင်း သားနေရာက မပါရဘဲ ဗီလိန်နေရာကြီးကဆိုတော့ ခင်ဗျားတို့မလွန် ဘယ်သူလွန်သလဲ။ ကဲ...ပြော။

ဒီတော့ ဘာဖြစ်သလဲ...ဟုတ်လား။ အခု နိုင်ငံ
တော်ဇွတ်သမ္မတကြီးက သူ့အခန်းအပြင်ကို ထွက်မလာတော့ဘူး။ ရှက်လို့ ထွက်မလာတာ မဟုတ်ဘူးနော်။ သူလိုလူမှာ မွေးကတည်းက အဲဒါပါမလာဘူး။ မထွက်တာက ခင်ဗျားတို့
မီဒီယာမျက်ခွက်ကို မကြည့်ချင်လို့တဲ့။ သူ့အခန်းရှေ့မှာတောင် စာတွေ သေချာကပ်ထားသေးတယ်။ “မီဒီယာ မဝင်ရ”တဲ့။ “အင်တာမဗျူးရ”တဲ့။ “မေးခွန်းမမေးရ”တဲ့။ အခုဆို “အဘ ထမင်းစားမလား။ ရေသောက်မလား” ဆိုတဲ့ မေးခွန်းမျိုးတောင် အမေးမခံတော့ဘူးတဲ့။ အင်တာဗျူးကို အဲ့လောက်အထိ စိတ်နာသွားတာ။ ကဲ...မခက်ချေ ဘူးလား။

သူဒီလိုအပြင်မထွက် လူလုံးမပြ။ အရင်လို လတ်လျားလတ်လျားနဲ့ ပွဲတွေမတက်။ မေး
ခွန်းတွေ အမေးမခံ။ မိန့်ခွန်း တွေ မပြောတော့ဘူးဆိုတော့ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ၊ ဘဝဆင်းရဲနဲ့ မွန်းကျပ်လှောင်ပိတ်နေတဲ့ ကျုပ်တို့အတွက် စိတ်အပန်းဖြေစရာတစ်ခုဖြစ်တဲ့ သူ့ရဲ့ ဆာဝါဒီစကပ်တို့၊ စပိုင်စီဘတ်တို့၊ ပါဝါပိုင့်တို့ဆိုတဲ့ စကားအသစ်အဆန်းတွေ၊ ကြက်ဥတစ်လုံး...ဘလာ...ဘလာ၊ လျှပ်စစ်ကား ဘလာ...ဘလာ၊ အာကာသဆီ ဘလာ ...ဘလာ၊ ကုန်စျေးနှုန်း ဘလာ...ဘလာ၊ မြန်မာ့ဒီမိုကရေစီ ဘလာ...ဘလာဆိုတာတွေ မကြားရတော့ဘူးပေါ့။

ဒါကြောင့် ဟောဒီက မောင်သျှားကလည်း ခင်ဗျားတို့ Time မဂ္ဂဇင်းကို နိုင်ငံတော်ဇွတ်သမ္မတကြီးနဲ့အတူ ပြင်းထန် စွာ ကန့်ကွက်ရှုတ်ချလိုက်ရပါကြောင်း။ ။
😁38🤣10❤7🖕2🥰1🤮1
🤣43🖕15🤮10💩7❤1👍1🔥1🤬1😘1
စစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးရဲ့ထိမ်း
မြားပေးပိုင်ခွင့်လိုင်စင်တွေကိုပယ်ဖျက်ပြီး​နောက်မြန်မာကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်းမှာ ဆက်ထည့်ထားဖို့ BRI တောင်းဆို

စက်တင်ဘာ-၂၆၊၂၀၂၆။People's Spring

အာဏာသိမ်းစစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးဆီကနေ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့် လိုင်စင်တွေကိုပယ်ဖျက်ခဲ့တဲ့နောက် မြန်မာကို ‘ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်း’မှာ ဆက်လက် ထည့်သွင်းပေးဖို့ အမေရိကန် အစိုးရကို Burma Research Institue (BRI)က တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ BRI ထုတ်ပြန်ချက်မှာတော့စစ်တပ်ခန့်အပ်ထားတဲ့ပြည်ထောင်
စု တရားသူကြီးချုပ် သာဌေးက လက်မှတ်ရေးထိုးထားပြီး နှစ်ချင်း ခရစ်ယာန် သင်းအုပ်ဆရာ ၃ ဦးဆီက ထိမ်းမြားလက်ထပ်ပေးခွင့် လိုင်စင်တွေကို ပယ်ဖျက်မှုနဲ့ ပတ်သက်ပြီး အ
ထူးစိုးရိမ်ကြောင်း ပါရှိခဲ့ပါတယ်။

ခရစ်ယာန် ဘာသာရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီထိမ်းမြားလက်ထက်ပေးခွင့်ပယ်ဖျက်
ခံရသူ သိက္ခာတော်ရ ဓမ္မ ဆရာတွေကတော့ မန္တလေးတိုင်းရဲ့ ပြင်ဦးလွင် မြို့နယ်မှာရှိတဲ့ဒေါက်တာဇော်တောင် (ခေါ်) ခေါင်းလွမ်း၊ရှမ်းပြည်နယ်ရဲ့ ကျောက်မဲ မြို့နယ်ထဲက ဦးဂျိုးဇက် (ခေါ်)ဦးဇော်လင်း၊ ရန်ကုန်တိုင်းရဲ့
အင်းစိန်မြို့နယ်ထဲက ဦးစောမြင့်ထွန်းတို့ ဖြစ်ပါတယ်။

တရားသူကြီးချုပ် သာဌေးဟာ ဇွန်လ ၉ ရက်နေ့ အမိန့်အရ ထိမ်းမြားလက်ထပ်ခွင့် လိုင်စင် ရုပ်သိမ်းလိုက်ကြောင်းကို ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဖော်ပြပါ ၃ ဦးဟာ ခရစ်
ယာန် လက်ထပ်ထိမ်းမြားခြင်း ဥပဒေ ပုဒ်မ ၆ နဲ့ ၉ ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး အခုလို လိုင်စင် ပယ်ဖျက်ခဲ့တာပါ။ ပုဒ်မ ၆ အရ လိုင်
စင်ရရှိသူသည် ခရစ်ယာန် နှစ်ဦးအကြား၊ ဒါမှမဟုတ် ခရစ်ယာန်တစ်ဦးနဲ့ အတခြားဘာသာဝင်တစ်ဦးအကြား လက်ထပ်ထိမ်းမြားမှုကို ဆောင်ရွက်ပေးခွင့်ရှိပြီးပုဒ်မ ၉ အရ မြန်
မာနိုင်ငံသား ခရစ်ယာန် နှစ်ဦးကို ထိမ်းမြားလက်ထပ်ပေးခွင့် ရှိပါတယ်။

အဲဒီ ဓမ္မဆရာတွေတာဝန်ယူပေးခဲ့တဲ့ လက်
ထပ်ထိမ်းမြားမှု တချို့မှာ ဘာသာကူးပြောင်းကြောင်း ကြေညာထားမှုတွေနဲ့ ပတ်သက်ပြီး တရားရုံးက လက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ကိုးကွယ်ယုံကြည်မှု ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေပါ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီး လက်ထပ်မှုတွေကို ဦးစီးပေးခဲ့တယ်လို့ ဆုံးဖြတ်ပြီး အခုလို လိုင်စင်တွေ ရုပ်သိမ်းခဲ့တာပါ။

သမ္မတ ဦးသိန်းစိန်လက်ထက်၊ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လတုန်းက ပြဋ္ဌာန်းခဲ့ပြီး မျိုးစောင့်ဥပဒေလို့ လူသိများတဲ့ မြန်မာအမျိုးစောင့် ဥပဒေထဲကမြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေခွဲကိုအခြေ
ခံပြီး တရားရုံးကအခုလို ဆုံးဖြတ်ခဲ့တာပါ။

မျိုးစောင့်ဥပဒေအရ ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေးတွေက တခြားဘာသာဝင်တွေနဲ့ ထိမ်းမြားလက်ထပ်ခွင့်ကို တင်းကျပ်ထားပြီး သက်ဆိုင်ရာက ခွင့်ပြုထားတဲ့ အုပ်ချုပ်ရေး အရာရှိကသာ လက်ထပ်ပေးခွင့် ရှိပါတယ်။ အသက် ၁၈ နှစ် ကျော်သူတွေ ကိုးကွယ်ယုံ
ကြည်မှုအပြောင်းအလဲလုပ်မယ်ဆိုရင်လည်း မြို့နယ် ဘာသာကူးပြောင်းရေး မှတ်ပုံတင်ရုံးဆီ လျှောက်ထားတာမျိုး၊ ရက် ၉၀ စောင့်ကြည့်ကာလကို ဖြတ်သန်းရတာမျိုးတွေ သတ်မှတ်ထားပါတယ်။

BRIရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ပူးဇို
တုမ်မှုန်းကတော့ စစ်တပ် လက်အောက်ခံ တရားရုံးချုပ်ရဲ့ အမိန့်တွေဟာ ဘာသာရေး လွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွား ချိုးဖောက်နေတဲ့ နောက်ထပ် မြင်သာတဲ့ သာဓကတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရဟာမြန်မာကိုဘာသာရေး လွတ်
လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်းထဲ ဆက်လက် ထည့်သွင်းသင့်ကြောင်း သူက တိုက်တွန်းခဲ့ပါတယ်။

အလားတူအမေရိကန်အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF)ရဲ့ ၂၀၂၆ ခုနှစ် အစီရင်ခံစာမှာလည်း မြန်မာကို အဲဒီစာရင်းထဲ ထည့်သွင်းဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဆီကို အကြံပြုထားကြောင်းသိရပါတယ်။

အဲဒီစာရင်းကိုနှစ်အလိုက်ထုတ်ပြန်သတ်မှတ်ပြီး မြန်မာဟာ ၁၉၉၉ ခုနှစ်ကစလို့ နှစ်တိုင်းလိုလို ဘာသာ​ရေးလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံစာရင်းမှာ နာမည်ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

ကိုးကား-BRI

(USCIRF ထုတ်ပြန်တဲ့၂၀၂၆ ခုနှစ်ရဲ့ ဘာသာ​ရေးလွတ်လပ်ခွင့်ရှိတဲ့နိုင်ငံ​တွေနဲ့ ဘာသာ​ရေးလွတ်လပ်ခွင့်စိုးရိမ်ရတဲ့ နိုင်ငံအ​ခြေပြ အင်ဖိုဂရပ်)

#ဘာသာရေးလွတ်လပ်ခွင့် #USCRIF
#ခရစ်ယာန်ဓမ္မဆရာ၃ဦးထိမ်းမြားလက်ထပ်ပေးပိုင်ခွင့်လိုင်စင်ရုပ်သိမ်းခံရ
#poplesspring #ludunwayoo
🔥17👍8❤2🖕2🥰1🤬1🤣1
(USCIRF ထုတ်ပြန်တဲ့၂၀၂၆ ခုနှစ်ရဲ့ ဘာသာ​ရေးလွတ်လပ်ခွင့်ရှိတဲ့နိုင်ငံ​တွေနဲ့ ဘာသာ​ရေးလွတ်လပ်ခွင့်စိုးရိမ်ရတဲ့ နိုင်ငံအ​ခြေပြ အင်ဖိုဂရပ်
👍22🔥3🖕3🥰1👏1
■ကဗျာ

"အတိတ်ကောင်း"

◾ နေမိုးဝေး - ရေဆင်း

မင်းတို့မှာ ဆိုစရာဆိုလို့
ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလား
ညတိုင်းကြားပေမယ့်
ငါလည်းမရိုးအီနိုင်ပါဘူးလေ
ဆိုချိန်တန်လို့မကြားရင်
နားတစွင့်စွင့်၊ မျှော်တလင့်လင့်
အိပ်ယာဝင်ဖို့ခက်ပေါ့။

တော်လှန်ညများရဲ့
ခါးသက်မှုတွေအကြောင်း
ပြန်ပြောင်းပြောဆိုခွင့်ဟာ
ရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်
ငါပြောခွင့်ရှိချင်မှရှိမယ်
မင်းပြောခွင့်ရှိချင်မှရှိမယ်
ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်
ပျက်ဖို့ လွယ်လွန်းတယ်။

မင်းရှင်ကျန်ခဲ့သော်
ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်
ငါရှင်ကျန်ခဲ့သော်
မင်းမကောင်းကြောင်းတော့မပြောချင်
ဒီတော့
ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့
နေကြရအောင်လေ။ ။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'နေမိုးဝေး - ရေဆင်း'ရဲ့ "အတိတ်​ကောင်း”
ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
❤25👍6🖕3🥰2🤮1
👍21🖕3🥰2❤1🤮1
အရပ်ဘက်သုံးလေယာဉ်တွေကို စစ်ရေးအတွက် စစ်တပ် အသုံးပြုနိုင်တယ်လို့ အီးယူဥပဒေအကြံပေးပြော

စက်တင်ဘာ-၂၆၊ ၂၀၂၆။ တေဇ/People's Spring

မြန်မာလေတပ်အမှုမှာ အရပ်ဘက်သုံးလေယာဉ်တွေကို စစ်ရေးအတွက် အသုံးပြုနိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ အီးယူဥပဒေအကြံပေးချက်ရဲ့ သဘောထားမှတ်ချက်ကို ကြိုဆိုတယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

“အီးယူရဲ့ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းဆိုင်ရာပြဌာန်းချက်အရ ‘နှစ်မျိုးသုံးပစ္စည်းများ’ ကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုသင့်ကြောင်း၊ ဖော်ပြထားတဲ့ အီးယူတရားရုံးဥပဒေအကြံပေးချုပ် Ćapeta ရဲ့ သဘောထားမှတ်ချက်ကို ကျွန်မတို့ ကြိုဆိုပါတယ်။
ဒီသဘောထားမှတ်ချက်က စစ်ဘက်လေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားပေးရာမှာ အသုံးပြုတဲ့ လေယာဉ်တွေဟာ စစ်ရေးအရ အသုံးပြုနိုင်စွမ်းရှိတယ်ဆိုတဲ့ အများသိ အခြေခံအသိတရားကို အတည်ပြုပေးလိုက်တာပဲ ဖြစ်ပါတယ်။" လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

စက်တင်ဘာလ ၂၄ ရက်က ဥရောပသမဂ္ဂတရားရုံး (CJEU)ရဲ့ ဥပဒေအကြံပေးချုပ် Tamara Ćapeta ကဩစတြီးယား လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက မြန်မာလေတပ်ဆီကို လေယာဉ်‌ တွေ ဆက်စပ်ပစ္စည်းတွေနဲ့ နည်းပညာ တွေတင်ပို့ရောင်းချခဲ့တာနဲ့ပတ်သက်ပြီး မှတ်ချက်ထုတ်ပြန်ခဲ့တာပါ။

စစ်တပ်အနေနဲ့ နိုင်ငံတကာရာဇဝတ်မှု တွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နိုင်တဲ့ နည်းလမ်းတွေ ရရှိနေတာကို တားဆီးဖို့အတွက် နောက်ထပ်ခြေလှမ်းတစ်ရပ်အနေနဲ့ JFM က ကြိုဆိုတာလို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ပြုလုပ်ပြီး နောက်ပိုင်းမှာ စစ်တပ်ဆီကို လေယာဉ်တင်ပို့တာတွေ မလုပ်ဆောင်သင့်ဘူးလို့ မရတနာမောင်က ထောက်ပြထားပါတယ်။

ဒီအမှုက အီးယူဥပဒေအောက်မှာရှိတဲ့ နှစ်မျိုးသုံးပစ္စည်းတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အီးယူတရားရုံးမှာ ပထမဆုံးအကြိမ် ကိုင်တွယ်ဖြေရှင်းရတာဖြစ်ပြီး တရားရုံးအနေနဲ့ ဒီသဘောထားမှတ်ချက်ကို လက်ခံကျင့်သုံးခြင်း ဖြင့် အီးယူတစ်ဝန်းမှာရှိတဲ့ နောက်ထပ် ပို့ကုန်လိုင်စင်တွေအတွက် အရေးပါတဲ့ ဥပဒေအရ စည်းနှောင်မှုရှိတဲ့ စီရင်ထုံးတစ်ခုကို ချမှတ်ပေးနိုင်မယ်လို့ ၎င်းကသုံးသပ်ထားပါတယ်။

လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီရဲ့နာမည်ကို တရားရုံးက ဖော်ပြထားခြင်းမရှိ‌ပေမယ့် ဒီအမှုက Diamond Aircraft Industries နဲ့ ဆက်စပ်နေတယ်လို့ JFM ကယူဆထားပါတယ်။

ဒီလိုသုံးသပ်တာက မြန်မာနိုင်ငံမှာ Diamond Aircraft Industries ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ အပေါ် စုံစမ်းဖော်ထုတ်မှုနဲ့ ဩစတြီးယားနိုင်ငံ စီးပွားရေးဝန်ကြီးဌာနကို မေးမြန်းခွင့်အရ တောင်းခံရရှိခဲ့တဲ့ အချက်အလက် တွေအပေါ် အခြေခံထားတယ်လို့ဆိုပါတယ်။

အချက်အလက် တွေအရ ၂၀၁၈ ဇန်နဝါရီကနေ ၂၀၂၄ ရဲ့ အစောပိုင်းကာလအတွင်းမှာ မြန်မာနိုင်ငံအတွက် လေကြောင်းဆိုင်ရာ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်း တင်ပို့ခွင့်လိုင်စင် တစ်ခုတည်းကို ၂၀၁၉ ဇွန်လ ၁၄ ရက်မှာ ခွင့်ပြုပေးခဲ့တယ်လို့ JFM ကထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဒီမှတ်ချက်က Diamond Aircraft Industries ရဲ့ DART-450 လေယာဉ်‌တွေနဲ့ ဆက်စပ်စနစ်တွေ စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ နည်းပညာတွေ မြန်မာ့လေတပ်ဆီကို တင်ပို့ခဲ့တာနဲ့ သက်ဆိုင်တယ်လို့ JFM ကဆိုပါတယ်။

DART-450 က အခြေခံလေယာဉ်မှူးသင်တန်းအတွက် ဒီဇိုင်းထုတ်ထားတဲ့ ထိုင်ခုံနှစ်ခုပါ အရပ်ဘက် လေယာဉ်တစ်မျိုး ဖြစ်ပြီး မြန်မာစစ်တပ်က ဝေဟင်ကင်းထောက်လုပ်ငန်း‌ တွေအတွက်အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ JFM ရဲ့ သတင်းရင်းမြစ် တွေဆီကသိရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Diamond Aircraft Industries က ၂၀၁၉ မှာ ဩစတြီးယားနိုင်ငံက ထုတ်ပေးခဲ့တဲ့ တင်ပို့ခွင့်လိုင်စင်အရ မြန်မာနိုင်ငံကို DART-450လေယာဉ်‌တွေနဲ့ ဆက်စပ်ပစ္စည်းတွေ တင်ပို့ခဲ့တာပါ။

JFM ရဲ့ စုံစမ်းဖော်ထုတ်မှုအရ ၂၀၁၉ မှာ Diamond Aircraft Industries က ဩစတြီး ယားနိုင်ငံ၊ Wiener Neustadt မြို့မှာရှိတဲ့ သူတို့ရဲ့ လုပ်ငန်းဌာနတွေမှာ မြန်မာလေတပ်တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံက ရှမ်းတဲလေတပ်စခန်းမှာလည်း ဆက်လက်လေ့ကျင့်သင် ကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တရားရုံးရဲ့ ထုတ်ပြန်ချက်အရ အဲဒီ့လေယာဉ်တွေကို လေတပ်က အသုံးပြုဖို့ရည်ရွယ်ထားပြီး ၂၀၂၃ မှာDiamond Aircraft Industries မြန်မာနိုင်ငံကို ဆက်လက်တင်ပို့ခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမယ့် ဩစတြီးယားအာဏာပိုင်များက ဒီပစ္စည်းတွေက အီးယူရဲ့ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းဆိုင်ရာ ပြဌာန်းချက်တွေနဲ့ အကြုံးဝင်တဲ့ ပစ္စည်းတွေလို့ သတ်မှတ်ထားတာကြောင့် ပိတ်ပင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ‌ ‌ ဖော်ပြထားပါတယ်။

ဒီလေယာဉ်တွေကို ကင်းထောက်ပျံသန်းတာနဲ့ စစ်ဘက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ အသုံးပြုနိုင်တာ‌ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ ဆက်စပ်ပြီး အသုံးပြုနိုင်တဲ့အတွက် ဩစတြီးယားအာဏာပိုင်များက ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
👍27🖕2👎1🥴1🤣1
Diamond Aircraft Industries က တင်ပို့ခွင့်ပါမစ်တွေငြင်းပယ်ခံရတာကို ဩစတြီးယားဖက်ဒရယ်အုပ်ချုပ်ရေး တရားရုံးမှာအယူခံစိန်ခေါ်ခဲ့ပြီး တရားရုံးက ၂၀၂၅ ဩဂုတ်မှာ ဒီအမှုကို ဥရောပ သမဂ္ဂတရားရုံး (CJEU) သို့ လွှဲပြောင်းပေးခဲ့တာပါ။

ဒီအမှုကို အီးယူတရားရုံးကိုလွှဲပြောင်းခဲ့ရတာကအရပ်ဘက်လေယာဉ်တစ်စင်းအနေနဲ့ အီးယူရဲ့ အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံး ပစ္စည်းဆိုင်ရာပြဌာန်းချက်အောက််မှာ အကျုံးဝင်ခြင်း ရှိ၊ မရှိဆိုတဲ့ မေးခွန်းက အဓိကနေရာတွင် ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

ပြဌာန်းချက်အရ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းဆိုတာက “အရပ်ဘက်နှင့် စစ်ဘက် ရည်ရွယ်ချက်နှစ်ရပ်လုံးအတွက် အသုံးပြုနိုင်သည့် ပစ္စည်းများ”လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

"အီးယူတရားရုံး၏ ဥပဒေအကြံပေးချုပ် Ćapeta သူမ၏ သဘောထားမှတ်ချက်တွင် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းဆိုင်ရာ အယူအဆကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုမှုတစ်ရပ်ကို အဆိုပြုခဲ့ပြီး၊ ပစ္စည်း တစ်ခု၏ နှစ်မျိုးသုံးနိုင်မှု ရှိ၊ မရှိကို တင်ပို့သည့်အချိန်တွင် ထိုပစ္စည်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များကို အခြေခံ၍ ဆန်းစစ်သတ်မှတ်သင့်ကြောင်း အကြံပြုထားသည်။" လို့ JFM ကဖော်ပြထားပါတယ်။

DART-450 လေယာဉ်တွေကို စစ်ဘက်လေယာဉ်မှူးတွေ လေ့ကျင့်ပေးဖို့ အသုံးပြုနိုင်ခြေရှိတာက ဒီလေယာဉ်ကို စစ်ဘက်ဆိုင်ရာ အသုံးပြုနိုင်စွမ်းရှိတယ်လို့ သတ်မှတ်ဖို့ လုံလောက်တယ်လို့ အီးယူတရားရုံး၏ ဥပဒေ အကြံပေးအရာရှိချုပ် Ćapeta က သုံးသပ်ထားပါတယ်။

ဒီသဘောထားမှတ်ချက်က အီးယူတရားရုံးအပေါ် ဥပဒေအရ စည်းနှောင်မှု မရှိဘဲ၊ အပြီးသတ် စီရင်ချက်ကို နောက်ပိုင်းတွင် ချမှတ်သွားမယ်လို့သိရပါတယ်။

ဩစတြီးယားနိုင်ငံမှာ ရုံးချုပ်တည်ရှိတဲ့Diamond Aircraft Industries ကို တရုတ်ကုမ္ပဏီ Wanfeng Aviation Industry က ၂၀၁၇ ဒီဇင်ဘာမှာ ဝယ်ယူခဲ့တာပါ။

Diamond Aircraft Industries နဲ့ စစ်အုပ်စုတို့အကြား သဘောတူညီချက်ကို မြန်မာကုမ္ပဏီ Miya Win International က ကြားပွဲစားအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး၊ ဒီကုမ္ပဏီက ယူကေ၊ ကနေဒါနဲ့ အမေရိကန်ပို့ကုန်ဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုတွေ ချမှတ်ခံထားပေမယ့် အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒါကြောင့် အီးယူရဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုမ္ပဏီ‌ တွေအနေနဲ့ Miya Win International ကုမ္ပဏီ ပိုင်ရှင်တွေ ဒါရိုက်တာ တွေနဲ့ ဆက်စပ်ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်အရေးယူပေးဖို့ JFM ကတောင်းဆိုထားပါတယ်။

Diamond Aircraft Industries အနေနဲ့လည်း Miya Win International၊ မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ ဆက်စပ်ပတ်သက်နေသူတွေနဲ့ ပူးပေါင်းဆောင်ရွက်‌မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံကို ထပ်မံပေးပို့ဖို့ သဘောတူထားတဲ့ စစ်ဘက်ဆိုင်ရာပစ္စည်း‌ တွေ ဆက်စပ်ပစ္စည်း‌တွေနဲ့ လေ့ကျင့်သင်ကြားမှု တွေကို ရပ်တန့်ဖို့ JFM ကတောင်းဆိုထားပါတယ်။

ဒီလိုဆောင်ရွက်တာမရှိရင် Diamond Aircraft Industries အနေနဲ့ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု တွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု တွေမှာ အားပေးကူညီတဲ့အတွက် ဥပဒေကြောင်းအရ တာဝန်ခံရမယ့် အခြေအနေကို ရောက်ရှိနိုင်တယ်လို့ JFM ကထောက်ပြထားပါတယ်။

"အစိုးရအားလုံးအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ၊ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် လေယာဉ်ဆီများ ထောက်ပံ့ပေးနေမှုကို တားဆီးပိတ်ပင်ရန်နှင့် ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေး ဆက်လက်ဆင်နွှဲနိုင်သည့် ၎င်းတို့၏ စွမ်းရည်ကို တားဆီးရန် Justice For Myanmar က တောင်းဆိုသည်။" လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
👍23❤2🖕2👎1👏1🥴1🤣1
🖕20🔥4🤬1🥴1🤣1
ရန်ကုန်မြို့ရဲ့ ယ​နေ့(စက်တင်ဘာ ၂၆) ကုန်​ဈေးနှုန်း နဲ့စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလ ၃၁ ကုန်​ဈေးနှုန်း

#ကုန်ဈေးနှုန်း #ရန်ကုန် #ps
#စစ်တပ်အာဏာသိမ်း #peoplesspring
👍14🔥6🤣2❤1👎1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၂၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ကိုယ်အင်္ဂါစွန့်လွှတ်ရဲဘော်များ ပြန်လည်ထူထောင်ရေးကော်မတီ NUG ဖွဲ့စည်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီ ကော်မတီကို ၂၀၂၆ သြဂုတ် ၃၀ ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရုံးချုပ်တို့က တာဝန်ရှိသူတွေ ပူးပေါင်းဖွဲ့စည်းထားတာလို့ ဆိုပါတယ်။ ကော်မတီအနေနဲ့ ကိုယ်အင်္ဂါစွန့်လွှတ်ရဲဘော်တွေရဲ့ အသက်မွေးဝမ်းကျောင်းပညာ အပါအဝင် ပညာဆက်လက်သင်ယူနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး နိုင်ရေး ရည်ရွယ်သော လုပ်ငန်းလမ်းညွှန်တရပ်ကို ရေးဆွဲပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း အသိပေးပါတယ်။

◾️ချင်း-မကွေးအစပ် နေရာ ၄ခုထက်မနည်း စစ်တပ် ဗုံးကြဲ

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ စက်တင်ဘာ ၂၆ရက်မှာ မင်းတပ်မြို့အနီး၊ ကန်ပက်လက်မြို့နယ်ကကျေးရွာတစ်ရွာ၊ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသ ၊မကွေးတိုင်း ဆောမြို့နယ်ကျောက်ထုနဲ့ထီးလင်းမြို့နယ် အစပ်နေရာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ဟာ ရှေ့တန်းနေရာတွေကို လေကြောင်း တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း မင်းတပ်မြို့နယ် ဒေသခံက ပြောပါတယ်။ မင်းတပ်မြို့အနီးကို စစ်တပ်က ဒီနေ့ ညနေပိုင်းမှာ တိုက်လေယာဉ် ၅စီးနဲ့ ၁ကြိမ် ဗုံး ၂လုံး နဲ့ ၁၀ကြိမ် ကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Y12 လေယာဉ်နဲ့လည်း ၁ကြိမ် ဗုံး ၈လုံးနှုန်းနဲ့ ၂ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။ ကျင်ဒွေးဒေသ တနေရာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့သလို ကျောက်ထု-ထီးလင်း အစပ်နေရာကိုလည်း တိုက်လေယာဉ် ၂စီးနဲ့ ၄ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ကန်ပက်လက်မြို့နယ် လူသားစာနာ ဘေးစီမံဌာနကလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု သတင်းကို ထုတ်ပြန်ထားရာ ဒီနေ့ နေ့လယ်ပိုင်းမှာ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး ဒဏ်ရာရပြီး နေအိမ် ၅လုံး ပျက်စီးကာ အခြားနေအိမ်ပျက်စီးမှုများလည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

◾️ဂွမြို့နယ် ဘုန်းကြီးကျောင်းနဲ့ လူနေရပ်ကွက်ကို စစ်တပ် ဗုံးကြဲ

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေ့ ဒီနေ့ စက်တင်ဘာ ၂၆ရက်မှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗုဒ္ဓဘာသာဝင်​တွေ ဥပုသ်သီလ ယူကြတဲ့​တော်သလင်းလပြည့်​​​​နေ့ မနက်အစောပိုင်း ၁ နာရီကျော်လောက်မှာ စစ်တပ်က ကျိန္တလီမြို့ပေါ်နဲ့ ရေကျော်ရွာဘုန်းတော်ကြီးကျောင်းတို့ကို တပြိုင်နက် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ ဗုံးကြဲမှုကြောင့် ကျိန္တလီမြို့ အမှတ်(၂) ရပ်ကွက်မှ ဦးဆန်းမြင့်နေအိမ်အနီးကို ကျရောက်ပေါက်ကွဲပြီး အသက် ၇၄ နှစ်အရွယ် ဒေါ်မြင့်မြင့်၊ အသက် ၄၅နှစ်အရွယ် ဒေါ်ခင်သီတာဆန်းနဲ့ အသက် ၄၅ နှစ်အရွယ် ဦးမိုးလွင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နေအိမ် ၁၃ လုံးလည်း ပျက်စီးခဲ့တယ်လို့​ ဒေသခံ​တွေက​ ပြောတယ်။ ဒါ့အပြင် ရေကျော်ကျေးရွာ ဘုန်းကြီးကျောင်းတခုလုံးလည်း လုံးဝပျက်စီးသွားခဲ့ပြီး လူအထိအခိုက်တော့မရှိဘူးလို့ ဒေသခံအချို့က​ ပြောပါတယ်။

◾️ကျိုက်ထိုမြို့နယ်ကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၂၄ရက်မှာ ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်စု၊ အလူး ကျေးရွာအုပ်စု တွေက ရွာတွေကို လက်နက်ကြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့လို့ အလူးကျေးရွာအုပ်စု ရှမ်းစုရွာနေ အသက် ၉နှစ်ကလေးငယ် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်းလည်း သူက ပြောပြပါတယ်။ စစ်ကောင်စီရဲ့ တပ်မ(၄၄)က ကျောက်ဖျာကျေးရွာအုပ်စု ကို လက်နက်ကြီး ၁၀လုံး၊ ငှက်ပျောတောကျေးရွာအုပ်စုကို အသေခံဒရုန်း ၁စီးနဲ့ တိုက်ခိုက်ခဲ့သလို အလူးကျေးရွာအုပ်စုကိုလက်နက်ကြီး ၁လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

◾️မြင်းခြံမှာ ဓားပြတိုက် အုပ်စုဖွဲ့အဓမ္မပြုကျင့်တဲ့ အဖွဲ့ကို ဖမ်းမိ
❤11👍5🖕3🤮2🤣1
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းမှာ ခရီးသည်တွေကို လုယက်၊ အုပ်စုဖွဲ့ ဓမ္မပြုကျင့်နေသူတချို့ကို PDF ​တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်ပကဖက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ‌‌‌‌‌‌‌‌‌‌ကျူးလွန်သူတချို့ဟာ ပျူ​စောထီးအဖွဲ့ထဲ ဝင်ရောက်သွားတာကြောင့် လွတ်မြောက်နေသူ‌တွေလည်းရှိတယ်လို့ ဖော်ပြပါတယ််။ မြင်းခြံ- တောင်သာလမ်း၊ ညောင်ဦး- မြင်းခြံလမ်းတို့မှာ ခရီးသွားပြည်သူတွေရဲ့ကား၊ ဆိုင်ကယ်တွေကို အုပ်စုဖွဲ့လုယက်တာ၊ အမျိုးသမီးငယ်တွေကို အုပ်စုဖွဲ့အဓမ္မပြုကျင့်တာတွေ ပြုလုပ်ခဲ့တဲ့ ဓားပြအဖွဲ့ဝင် ၄ဦးကို ​တော်လှန်​ရေးအဖွဲ့​တွေက ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ကို ဖမ်းမိတာ တလနီးပါး ရှိပြီဖြစ်ပြီး နောက်ဆက်တွဲဖမ်းဆီးမှုတွေကို တောင်သာမြို့နယ် ပလဖဘက် လွှဲလိုက်တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ သူတို့က အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ၁၁မှု၊ ဓားပြတိုက်လုယက်မှု ၅၁ မှု ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့သူတွေကို လိုက်လံဖမ်းဆီးဖို့ လုပ်ချိန် စစ်တပ်လက်​အောက်ခံပျူစောထီးအဖွဲ့အတွင်း ဝင်ရောက်သွားတာကြောင့် မဖမ်းဆီးနိုင်သေးဘူးလို့ မြင်းခြံခရိုင်ပကဖက အသိပေးပါတယ်။ အုပ်စုဖွဲ့ဓားပြတိုက်မှု ကျူးလွန်သူတွေဟာ သီဟနိုင်၊ ဂျွန်စိုး၊ ဖိုးသား၊ လပြည့်၊ ငသန့်၊ ရဲရင့်‌အောင်၊ လပြည့်အောင်၊ ရာ‌​ကျော်၊ သိမ့်သိမ့်မိုး၊ သင်းသင်းမွှေးတို့ဖြစ်တယ်လို့​ ဖော်ပြပါတယ်။

◾️အာဆီယံမှာ မြန်မာ​က ငွေ​ကြေး​ဖောင်းပွမှုအများဆုံးဖြစ်

အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံက ငွေကြေး ဖောင်းပွမှုအမြင့်ဆုံးဖြစ်နေပြီး စီးပွားရေးကျဆင်းမယ့် အခြေအနေတွေရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က ထုတ်ပြန်ပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေးနဲ့လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုလေ့လာဆန်းစစ်ချက်အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ပြည်တွင်း မတည်ငြိမ်မှုတွေ ဆက်လက်ရှိနေတာနဲ့ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကြာရှည်စွာအနှောင့်အယှက်ဖြစ်နေတာကြောင့် စီးပွားရေး တိုးတက်မှု ပြန်လည်နှေးကွေးနေတာလို့ ADB ရဲ့စက်တင်ဘာ၂၃ ရက် ထုတ်ပြန်ချက်က ဆိုပါတယ်။ ပဋိပက္ခကြောင့် စက်သုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်တာ၊ ပို့ဆောင်ရေးတုံ့ဆိုင်းမှုတွေ ပြန်လည်ဖြစ်ပေါ်တာနဲ့ စီးပွားရေး ဖိအားတွေ ပိုမိုပြင်းထန်လာတာကြောင့် ပြည်တွင်းမတည်ငြိမ်မှုနဲ့ သဘာဝဘေး အန္တရာယ်တွေကြားက စီးပွားရေးမရေရာမှုက ပိုမိုကြီးထွားလာနေတာလို့ အသိပေးပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့်လည်း ငွေကြေးဖောင်းပွမှုက အရင်နှစ်ထက် ၇ ရာခိုင်နှုန်းပိုတိုးလာတယ်လို့ ADB က ဖော်ပြပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာငွေ ကြေးဖောင်းပွမှုက ၂၄ ရာခိုင်နှုန်းရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးက တခြား အရှေ့တောင်အာရှနိုင်ငံတွေထက် ငွေကြေးဖောင်းပွမှုနှုန်း သိသိသာသာ အလွန်မြင့်မားနေပြီး ဒုတိယငွေကြေးဖောင်းပွမှုနှုန်းအမြင့်ဆုံးဖြစ်တဲ့ လာအိုထက်​တောင် ၁၅ ရာခိုင်နှုန်း နီးပါး ပိုများနေပါတယ်။

◾️SKDကားစက်ရုံထုတ်​ဈေးနဲ့ ပြင်ပ​ဈေး ကျပ်သိန်း ၂၀၀၀ ကျော် ကွာဟ

ပြည်တွင်း SKD ကားတွေရဲ့ စက်ရုံထုတ်ဈေးနဲ့ ပြင်ပပေါက်ဈေးဟာ ကျပ်သိန်း ၂၀၀၀ကျော် ကွာဟနေပြီး စရံငွေကြိုပေးထားသူတွေ တစ်နှစ်ကျော်တဲ့အထိ ကားမရသေးတဲ့အခြေအနေဖြစ်နေပါတယ်။ ပြည်ပကနေ ကားအစီးလိုက်တင်သွင်းမှုထက် အခွန်စရိတ်သက်သာတာကြောင့် တဝက်တပျက် တပ်ဆင်ပြီးသားအဖြစ် တင်သွင်းလာပြီး ပြည်တွင်း စက်ရုံတွေမှာ အပြီးသတ်တပ်ဆင်တဲ့ SKD ကားဈေးတွေ​တွေဟာ ပြင်ပဈေးကွက်မှာ အနည်းဆုံး ကျပ်သိန်း ၁၅၀၀ ကနေ ကျပ်သိန်း ၂၂၀၀ အထိပိုများနေတယ်လို့ မော်တော်ကားရောင်း၀ယ်သူတချို့က ​ပြောပါတယ်။ တိုယိုတာ၊ ဟွန်ဒိုင်း၊ ဆူဇူကီး၊ ဖို့ဒ် နဲ့ တရုတ်ကားဘရန်းတွေဖြစ်တဲ့ Changan ၊ Soueast ၊ Dongfeng နဲ့ Leap motor တွေဟာ SKD စနစ်နဲ့ မော်တော်ကားထုတ်လုပ်နေတာဖြစ်ပါတယ်။ တိုယိုတာ Travo ဆို စက်ရုံထုတ်ဈေးက ၂၈၀၀ ဆိုရင်ဈေးကွက်ထဲမှာ ၅၀၀၀ လောက်ဖြစ်နေတယ်လို့ ဝါရင့် ကား၀ယ်ရောင်းအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ SKD စက်ရုံနဲ့ ကား Showroom တွေရဲ့ နှစ်ဦးသဘောတူပူးပေါင်းရိုက်ချက်တွေလို့ သူက သုံးသပ်ပါတယ်။ ဒါ့အပြင် အများစုက အမှန်တကယ်အသုံးပြုမယ့်သူတွေ လက်ထဲ မရောက်ဘဲ ဝယ်ရောင်းလုပ်ကိုင်သူတွေ နဲ့ Car Showroom တွေရဲ့ လက်ထဲမှာပဲ ရှိနေတယ်လို့ SKD နဲ့ကားဝယ်ဖို့ ကျပ်သိန်း ၂၀၀ ​ငွေကြိုသွင်းထား​ပေမယ့် တစ်နှစ်​ကျော်ကြာတဲ့အထိ ကားဝယ်ခွင့်မရ​သေးသူတစ်ဦးက​ ပြောပါတယ်။

◾️လုပ်သား ၁၀၀၀ ခန့်ရှိတဲ့ အထည်ချုပ်စက်ရုံ ထပ်မံ ပိတ်သိမ်း

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်က စက်ရုံလုပ်သား ၁၀၀၀ခန့်ရှိတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ပိတ်သိမ်းတော့မယ်လို့ အဲဒီစက်ရုံရဲ့အလုပ်သမားနဲ့ အလုပ်သမားအရေးဆောင်ရွက်သူတချို့က လူထုနွေဦးကို ပြောပါတယ်။ ၂၀၁၉ကတည်းက ဖွင့်လှစ်ခဲ့တဲ့ Sunrise (Myanmar) Fashion Co.
👍13🖕3🤮2❤1😁1
,Ltd အထည်ချုပ်စက်ရုံဟာ စက်တင်ဘာ၂၂ ရက်ကစပြီး အောက်တိုဘာ ၂၁ ရက်အထိ အသိပေးကာလသတ်မှတ်ကာ စက်ရုံပိတ်သိမ်းမယ့်အကြောင်း စက်ရုံတာဝန်ရှိသူတွေက အသိပေးထားတယ်လို့ ဆိုပါတယ်။ စက်ရုံပိတ်သိမ်းမှုမှာ အလုပ်၀င်ကာလ ၆လမပြည့်သေးတဲ့ အလုပ်သမားတွေ၊ ခွင့်ခံစားနေတဲ့ အလုပ်သမားတွေ၊ မီးဖွားခွင့်အလုပ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်လို့ တိကျတဲ့ ဖြေရှင်းမှုမရှိသေးဘူးလို့ အလုပ်သမားနဲ့ အလုပ်သမားအရေးဆောင်ရွက်သူတချို့က ပြောပါတယ်။ အလုပ်သမားတွေ နစ်နာမူတွေရှိလာရင် သက်ဆိုင်ရာ မြို့နယ်အထည်ချုပ်သမဂ္ဂအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ Sunrise အထည်ချုပ်စက်ရုံပိတ်သိမ်းမှုနဲ့ပတ်သက်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

◾️သွေးခွဲမှုတွေကို ညီညွတ်မှုစွမ်းအားနဲ့ ကျော်လွှားကြဖို့ NUG ဝန်ကြီးချုပ် တိုက်တွန်း

ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးကြမ်းမှာ တော်လှန်ရေးအင်အားစုများအကြား သွေးခွဲစကားတွေနဲ့ စိန်ခေါ်မှုတွေကို ညီညွတ်မှုစွမ်းအားနဲ့ ကျော်လွှားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်ပါတယ်။ စက်တင်ဘာ ၂၅ရက် မနေ့က ကျင်းပတဲ့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ပုံမှန်အစည်းအဝေးကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သဝဏ်လွှာပေးပို့ခဲ့ရာ အခုလို တိုက်တွန်းခဲ့တာပါ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာအဖွဲ့အစည်းများအကြား အပြန်အလှန် သည်းခံမှု၊ နားလည် ယုံကြည်မှု၊ စေ့စပ်ညှိနှိုင်းမှုတို့နဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

◾️မြန်မာကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်းမှာ ဆက်ထည့်ထားဖို့ BRI တောင်းဆို

အာဏာသိမ်းစစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးဆီကနေ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့် လိုင်စင်တွေကိုပယ်ဖျက်ခဲ့တဲ့နောက် မြန်မာကို ‘ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်း’မှာ ဆက်လက် ထည့်သွင်းပေးဖို့ အမေရိကန် အစိုးရကို Burma Research Institue (BRI)က တောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ BRI ထုတ်ပြန်ချက်မှာ စစ်တပ်ခန့်အပ်ထားတဲ့ပြည်ထောင်စု တရားသူကြီးချုပ် သာဌေးက လက်မှတ်ရေးထိုးထားပြီး နှစ်ချင်း ခရစ်ယာန် သင်းအုပ်ဆရာ ၃ ဦးဆီက ထိမ်းမြားလက်ထပ်ပေးခွင့် လိုင်စင်တွေကို ပယ်ဖျက်မှုနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ပါရှိခဲ့ပါတယ်။ ခရစ်ယာန် ဘာသာရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီထိမ်းမြားလက်ထက်ပေးခွင့်ပယ်ဖျက်ခံရသူ သိက္ခာတော်ရ ဓမ္မ ဆရာတွေကတော့ မန္တလေးတိုင်းရဲ့ ပြင်ဦးလွင် မြို့နယ်မှာရှိတဲ့ဒေါက်တာဇော်တောင် (ခေါ်) ခေါင်းလွမ်း၊ရှမ်းပြည်နယ်ရဲ့ ကျောက်မဲ မြို့နယ်ထဲက ဦးဂျိုးဇက် (ခေါ်)ဦးဇော်လင်း၊ ရန်ကုန်တိုင်းရဲ့ အင်းစိန်မြို့နယ်ထဲက ဦးစောမြင့်ထွန်းတို့ ဖြစ်ပါတယ်။ တရားသူကြီးချုပ် သာဌေးဟာ ဇွန်လ ၉ ရက်နေ့ အမိန့်အရ ထိမ်းမြားလက်ထပ်ခွင့် လိုင်စင် ရုပ်သိမ်းလိုက်ကြောင်းကို ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။
👍13🤮3🖕3🤣2❤1
👍16🤮3🔥2🖕2❤1