ကျနော်တို့နိုင်ငံရဲ့ အမှောင်မိုက်ဆုံး ခေတ်ဆိုးကြီးအောက်မှာ ဂီဘုမ်းလို ချစ်သူနဲ့ မိသားစုဆီ ပြန်ချင်လှတဲ့ လူငယ်တွေ၊ အနာဂတ် အိပ်မက်တွေကိုယ်စီနဲ့ ပြည်သူတွေရဲ့ ဘဝတွေဟာ စစ်တပ်ရဲ့ မတရား ဖိနှိပ်မှုတွေကြားမှာ ရက်ရက်စက်စက် အနင်းခံခဲ့ရပါတယ်။ အိမ်ပြန်မရောက်ဘဲ လမ်းခုလတ်မှာ ကြွေလွင့်သွားခဲ့ရတဲ့ပြည်သူတွေအတွက် တရားမျှတမှုဆိုတာ မကြာခင် ပြန်ရောက်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
#ရုပ်ရှင်ခံစားမှု #လူထုနွေဦး
#ဂီဘုမ်းရဲ့အိမ်အပြန်လမ်း #PS
#theScarecrow
#ဝဇီရာ #PeoplesSpring
#ရုပ်ရှင်ခံစားမှု #လူထုနွေဦး
#ဂီဘုမ်းရဲ့အိမ်အပြန်လမ်း #PS
#theScarecrow
#ဝဇီရာ #PeoplesSpring
👍18❤5🖕3🤮2🤣1
စစ်ကိုင်းတိုင်းမှာ တော်လှန်ကျောင်းဆရာလုပ်နေတဲ့ နည်းပညာကျောင်းသားဟောင်း ကွယ်လွန်
စက်တင်ဘာ ၂၆၊ ၂၀၂၆။ဇေအောင်/People's Spring
စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။
နွေဦးတော်လှန်ရေးအတွင်း စစ်ကိုင်းတိုင်း ၅/ လူထုလှုပ်ရှားမှုတွေမှာ အဖိနှိပ်ခံ ပြည်သူတွေနဲ့အတူ ဦးဆောင်ပါဝင်ခဲ့သူ၊ မိတ္ထီလာနည်းပညာတက္ကသိုလ် ကျောင်းသားဟောင်း ကိုထက်ကျော်ဟာ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း တော်လှန်ပြည်သူ့ပညာရေး တာဝန်တွေကို ထမ်းဆောင်ရင်း စက်တင်ဘာ ၂၁ ရက်က ကွယ်လွန်သွားခဲ့ကြောင်း ဇေယျာတိုင်းရဲ့ ၅/အဖွဲ့က အသိပေးပါတယ်။
"၉၆ ပါး ရောဂါနဲ့ ဆုံးသွားတာပါ။ စာသင်ပေးနေရင်း နောက်ဖေးသွားတာကြာလို့သွားကြည့်တော့ လဲနေတာ။ အချိန်မမီလိုက်ဘူး"လို့ ဇေယျာတိုင်းရဲ့ ၅/အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကိုထက်ကျော်ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၀ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ၎င်းဟာ ခက်ခဲတဲ့ ကာလမှာ သူယုံကြည်ရာ ပြည်သူ့အရေးနဲ့ ပညာရေးအတွက်တတ်နိုင်သမျှ ပါဝင် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ဒေသလူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ပညာရေးမှာ မဆုတ်မနစ် တာဝန်ယူခဲ့တဲ့ သူ့ရဲ့ စိတ်ဓာတ်နဲ့ ပေးဆပ်မှုတွေဟာ အတူလက်တွဲခဲ့သူတွေရဲ့ အမှတ်တရတွေထဲ အမြဲ ရှိနေမှာဖြစ်ကြောင်း ဇေယျာတိုင်းရဲ့ ၅/အဖွဲ့က ထပ်မံအသိပေးပါတယ်။
"သပိတ်ခေါင်းဆောင်လည်း လုပ်ပါတယ်။ အခုနှစ်တွေမှသာ စစ်အုပ်စုရဲ့ လေကြောင်းက ရက်စက်မှုတွေ ပေါင်းစုံကြောင့် လူထု ဘေးကင်းရေးအတွက် ဦးစားပေးရလို့ မလှုပ်ရှားနိုင်တော့တာပါ"လို့ ၎င်းနဲ့နီးစပ်တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အတူဖြတ်သန်းခဲ့တဲ့ ခရီးလမ်း၊ မျှဝေခဲ့တဲ့ ယုံကြည်ချက်တွေနဲ့ ပြည်သူ့အတွက် ကြိုးပမ်းခဲ့မှုတွေဟာ ကျွန်တော်တို့အတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရတွေဖြစ်ကြောင်း၊ ရဲဘော် ကိုထက်ကျော် ကွယ်လွန်သွားတဲ့အတွက် ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရသလို သူပေးဆပ်ခဲ့တာတွေကိုလည်း လေးစားစွာ အမှတ်တရ ဂုဏ်ပြုကြောင်း ဇေယျာတိုင်းရဲ့ ၅/အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ စက်တင်ဘာ ၂၅ ရက်အထိ စစ်အုပ်စုနဲ့ ၎င်းလက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း အတည်ပြုပြီး စုစုပေါင်း သေဆုံးသူ ၈၄၂၇ ဦး ရှိနေပြီး အတည်မပြနိုင်သေးတဲ့သေဆုံးသူ ၅၃၀၀ ခန့် ရှိနေကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားပါတယ်။

😢50❤8👎2👍1👏1🤮1🖕1
လုပ်သား ၁၀၀၀ ခန့်ရှိတဲ့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံထပ်မံ ပိတ်သိမ်း
စက်တင်ဘာ -၂၆၊၂၀၂၆။ဇော်၀င်း/People's Spring
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၊သာဓုကန်စက်မှုဇုန်က စက်ရုံလုပ်သား ၁၀၀၀ခန့်ရှိတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ပိတ်သိမ်းတော့မယ်လို့ အဲဒီစက်ရုံရဲ့အလုပ်သမားနဲ့ အလုပ်သမား အရေးဆောင်ရွက်သူတချို့က လူထုနွေဦးကို ပြောပါတယ်။
၂၀၁၉ကတည်းက ဖွင့်လှစ်ခဲ့တဲ့ Sunrise (Myanmar) Fashion Co.,Ltd အထည်ချုပ်စက်ရုံဟာ အခု စက်တင်ဘာ၂၂ ရက်ကစပြီး အောက်တိုဘာ ၂၁ ရက်ထိ နို့တစ်ကာလသတ်မှတ်ကာ စက်ရုံပိတ်သိမ်းမယ့်အကြောင်း စက်ရုံတာဝန်ရှိသူတွေက အသိပေးထားတယ်လို့ ဆိုပါတယ်။
စက်ရုံပိတ်သိမ်းမှုမှာ အလုပ်၀င်ကာလ ၆လမပြည့်သေးတဲ့ အလုပ်သမားတွေ၊ခွင့်ခံစားနေတဲ့ အလုပ် သမားတွေ ၊ မီးဖွားခွင့်အလုပ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်လို့ တိကျတဲ့ ဖြေရှင်းမှုမရှိသေးဘူးလို့ အလုပ်သမားနဲ့အလုပ်သမားအရေးဆောင်ရွက်သူတချို့က အသိပေးပါတယ်။
"အလုပ်သမားတွေ နစ်နာမူတွေရှိလာရင် သက်ဆိုင်ရာ မြို့နယ်အထည်ချုပ်သမဂ္ဂအဖွဲ့အစည်းတွေနဲ့ အတူ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးနေတယ်"လို့ Sunrise အထည်ချုပ်စက်ရုံပိတ်သိမ်းမှုနဲ့ပတ်သက်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတစ်ဦး ကပြောပါတယ်။
စက်ရုံပိတ်သိမ်းရတဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့ Sunrise (Myanmar) Fashion Co.,Ltdကို လူထုနွေဦးက ဖုန်းနဲ့ ၃ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန် တာမရှိခဲ့ပါဘူး။
"အလုပ်သမားတွေ ဆန္ဒ ခဏခဏပြလို့ ပိတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်ရုံတစ်ခုလုံးရပ်သွားရတယ်ဆိုတာမဟုတ်ပါဘူး။ကြားတာက ဘရန်းအပ်ထည်တွေ လျော့လာတာကြောင့်ပါ"လို့ Sunrise (Myanmar) အထည်ချုပ်၀န်ထမ်းတစ်ဦးက ပြောပါတယ်။
GLOBAL WORK၊ WOLLYTEC၊ CINEMA CLUB၊ HARE၊ LEPSIL၊ URBAL FUNCTION ၊ SINCE 1930 UNITED ATHLA၊ FINO-OUT၊ LOWRYS FARM ၊ AIRTHERMAL စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ZEROSTAGE နဲ့ AIRRICH FWANNEL အမှတ်တံဆိပ်တွေရဲ့ အော်ဒါတချို့သာရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကမ္ဘာကျော်အမှတ်တံဆိပ် H&M ကုမ္ပဏီရဲ့အ၀တ်အထည်တွေရဲ့ ကုန်ကြမ်းအမှာစာ မရတော့တာကြောင့်လည်း အောက်တိုဘာ ၁ ရက်ကစပြီး စက်ရုံပိတ်တော့မယ်လို့ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က Teng Hui Myanmar သိုးမွေးစက်ရုံ က ကြေညာထားပါတယ်။
၂၀၁၃ကစဖွင့်ခဲ့ပြီးလုပ်သား ၂၀၀၀ ကျော်ရှိတဲ့ Teng Hui Myanmar စက်ရုံကို ပိတ်သိမ်းမှုကြောင့် အလုပ်ရပ်နားရမယ့် အလုပ်သမားတွေကို လုပ်သက်အလိုက် နစ်နာကြေးပေးသွားမယ်လို့ စက်ရုံက တရားဝင် အသိပေးထားပါတယ်။
လွန်ခဲ့တဲ့လေးလခန့်ကလည်း H&M အ၀တ်အထည်တွေချုပ်နေရတဲ့ ရွှေပြည်သာမြို့နယ်က King Rich Fishion အထည်ချုပ်စက်ရုံဟာလည်း အော်ဒါမရတော့တာကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။
ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုကို အာဏာသိမ်း စစ်တပ်က အခုနှစ် ဇွန်လမှာ ကန့်သတ်လိုက်ပါတယ်။
ကျွမ်းကျင် အလုပ်သမားရှားပါးမှု၊ အလုပ်အပ်နှံရေး စိန်ခေါ်မှု၊ လျှပ်စစ်မီးရရှိရေး စိန်ခေါ်မှုတွေအပြင် ကုန်ကြမ်းပြတ်တောက်မှုတွေက အထည်ချုပ်လုပ်ငန်းတွေ ရုန်းကန်နေရတဲ့ စိန်ခေါ်မှု တွေဖြစ်နေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောထားပါတယ်။
နှစ်စဉ် ပြည်ပတင်ပို့မှုကနေ ဒေါ်လာ လေး ဘီလီယံ နဲ့ ငါးဘီလီယံကြားရရှိတဲ့ အထည်ချုပ်လုပ်ငန်းကနေ ကုန်ကြမ်းပြန်လည်တင်သွင်းမှုအရ ဒေါ်လာ သုံးဘီလီယံ ၀န်ကျင်ရှိတယ်လို့သိရပါတယ်။ဒါပေမယ့် စစ်တပ်က ဒေါ်လာငွေစီးဆင်းမှုထိန်းချုပ်လိုက်တာကြောင့် အထည်ချုပ်နဲ့ပတ်သက်တဲ့ သွင်းကုန်တွေ တင်သွင်းဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၅နှစ်အတွင်း အထည်ချုပ်ကဏ္ဍကနေ ထွက်ခွာသွားတဲ့ လုပ်ငန်း ၂၀၀ ကျော်ရှိခဲ့ပြီး ဩဂုတ်လကုန်ထိ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံ ၆၀၇ ခု ရှိပါတယ်။
အထည်ချုပ်လုပ်ငန်းတွေဆက်တိုက်ပိတ်သိမ်းရပ်နား မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကို စက်တင်ဘာ ၂၂ နေ့ကတည်းလူထု နွေဦးက ဖုန်းနဲ့ အီးလ်မေးကတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့်ပြန်လည်ဖြေကြားတာမရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကုမ္ပဏီတွေ ထွက်ခွာသွားတာ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့တာကြောင့် နိုင်ငံခြားငွေရရှိဖို့ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေစစ်တပ်ခန့်အပ်ထားတဲ့ ၀န်ကြီးတွေနဲ့ ၂၀၂၂ မှာ FESC ကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ပြည်ပကုန်သွယ်မှုကနေ ရတဲ့ ဒေါ်လာငွေတွေ နဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေ ရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ခဲ့ပါတယ်။
ပို့ကုန်လုပ်ငန်းရှင်တွေရတဲ့ဒေါ်လာငွေကို ရည်ညွှန်းစျေး(တစ်ဒေါ်လာကို ကျပ် ၂၁၀၀)လဲလှယ်ပြီး ဗဟိုဘဏ်ကို ပြန်အပ်ဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။
ပို့ကုန်ရငွေ ဒေါ်လာ သန်း ၁၀၀ရှိပါက ၆၅ သန်းကို မြန်မာကျပ်ငွေ လဲလှယ်ဖို့ သတ်မှတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ရငွေ ရဲ့ တစ်ဝက် နဲ့ ၂၀၂၅မှာ ၂၅ ရာခိုင်နှုန်းနဲ့ အခုနှစ်မှာ ၁၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်သွင်းရပါတယ်။

❤23🔥6👎5👍2👏1
လက်ရှိ ပြည်ပက စက်သုံးဆီ၊ဆေးဝါးနဲ့ ကုန်ချောပစ္စည်းအများစုဟာ အထည်ချုပ်လုပ်ငန်းရဲ့ပို့ကုန်၀င်ငွေကို စစ်တပ်က အသုံးပြုနေတာဖြစ်ပါတယ်။
❤15👍6🔥3🤬3👎2
စစ်တပ်က တော်သလင်းလပြည့်နေ့မှာ
ဂွမြို့နယ်ရှိဘုန်းကြီးကျောင်းနဲ့ လူနေရပ်ကွက်ကို ဗုံးကြဲ ပြည်သူ ၃ ဦးဒဏ်ရာရ
စက်တင်ဘာ ၂၆၊၂၀၂၆၊ ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်
ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေး
ရွာတို့ကို တော်သလင်းလပြည့်နေမှာ ဗုံးကြဲခဲ့တာကြောင့် ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ ဥပုသ်သီလ ယူကြတဲ့
တော်သလင်းလပြည့်နေ့ မနက်အစောပိုင်း ၁ နာရီကျော်အချိန်လောက်မှာ စစ်တပ်က
ကျိန္တလီမြို့ပေါ်နဲ့ ရေကျော်ရွာဘုန်း တော်ကြီးကျောင်းတို့ကို တပြိုင်နက်တည်း ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
ဗုံးကြဲမှုကြောင့် ကျိန္တလီမြို့ အမှတ်( ၂) ရပ်
ကွက်မှ ဦးဆန်းမြင့်နေအိမ်အနီးကို ကျရောက်ပေါက်ကွဲပြီး အသက် ၇၄ နှစ်အရွယ် ဒေါ်မြင့်မြင့်၊ ၄၅နှစ်အရွယ် ဒေါ်ခင်သီတာဆန်းနဲ့ ၄၅ နှစ်အရွယ် ဦးမိုးလွင်တို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကာ နေအိမ် ၁၃ လုံးလည်းပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောတယ်။
ဒါ့အပြင် ရေကျော်ကျေးရွာရွာဘုန်းကြီး
ကျောင်းတခုလုံးလည်း လုံးဝပျက်စီးသွားခဲ့ပြီး လူအထိအခိုက် တော့မရှိဘူးလို့ ဒေသခံအချို့ကပြောပါတယ်။
“လူအိပ်ချိန်ကြဲတော့ ဗုံးခိုကျင်းတွေ ဘာတွေလည်း ဝင်ဖို့မရလိုက်ကြဘူး။ ဝါတွင်းကာလ ဥပုသ်နေ့တောင် မရှောင် ဘုန်းကြီးကျောင်းကို ဗုံးကြဲတယ်ဆိုတော့ သာသနာပြုမင်းရဲ့ မင်းအောင်လှိုင်ရဲ့ မိုက်ရိုင်းချက်ကတော့ ကမ်းကုန်းနေပြီ” လို့ ဂွဒေသခံတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းခြေမြို့တွေဖြစ်တဲ့ သံတွဲနဲ့ဂွမြို့တို့ကို စစ်သ င်္ဘောတွေကနေလက်နက်
ကြီးနဲ့ပစ်ခတ်တာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေလည်း မကြာခ ဏ ပြုလုပ်နေပါတယ်။
ရခိုင်ထိုးစစ်အတွင်းရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်ကနေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့ စစ် တပ်ဟာ အရပ်သားလူ နေကျေး
ရွာတွေကိုလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေပါတယ်။
စစ်တပ်ဟာစက်တင်ဘာ၂၅ ရက်နေ့ ၊မနက်အစောပိုင်း ၂ နာရီကျော်အချိန်ကလည်း ကျောက်တော်မြို့ပေါ်နဲ့အနီးဝန်းကျင်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရိုဟင်ဂျာကလေးငယ်တွေအပါအဝင် ၈ဦး ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့စစ်တပ်ဟာအရပ်သားလူနေကျေးရွာတွေကိုလည်းလေကြောင်း၊လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ စက်တင်ဘာ
၂၆ ရက်နေ့ထိ ၂၃ ရက်တာကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ် သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၀ ဦးထက်မနည်း ရှိနေခဲ့ပြီဖြစ်ပါတယ်။

🤬34❤4👎3🔥1👏1😢1🎉1
မြင်းခြံနယ်မှာ ဓားပြမှု နဲ့ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုပေါင်း ၆၀ကျော်ကျူးလွန်တဲ့ အဖွဲ့ကို တော်လှန်ရေးတပ်တွေဖမ်းဆီး
■ကျူးလွန်သူတချို့ ပျူထဲဝင်သွားကာ လွတ် မြောက်နေသူတွေလည်းရှိ
စက်တင်ဘာ-၂၆-၂၀၂၆။ကတ်သရင်း/ People's Spring
မြင်းခြံခရိုင်အတွင်းမှာ ခရီးသည် တွေကို လုယက်ဓါးပြတိုက်တာ ၊အုပ်စုဖွဲ့ ဓမ္မပြုကျင့်နေတဲ့အဖွဲ့ကို PDF တွေ၊ပကဖတွေကဖမ်းဆီးနိုင်ခဲ့ပြီး ကျူးလွန်သူတချို့ဟာ ပျူစောထီးအဖွဲ့ထဲ ဝင်ရောက်သွားကာ လွတ်မြောက်နေသူတွေလည်းရှိတယ်လို့ မြင်းခြံခရိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
မြင်းခြံခရိုင်အတွင်းက မြင်းခြံ- တောင်သာလမ်း၊ညောင်ဦး- မြင်းခြံလမ်းတို့မှာခရီးသွားပြည်သူ တွေရဲ့ကား၊ဆိုင်ကယ် တွေကို အုပ်စုဖွဲ့လုယက်တာ၊အမျိုးသမီးငယ် တွေကို အုပ်စုဖွဲ့အဓမ္မပြုကျင့်တာတွေပြုလုပ် ခဲ့တဲ့ ဓားပြအဖွဲ့ဝင် ၄ဦးကို တော်လှန်ရေးအဖွဲ့တွေကဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ် ။
သူတို့က အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု၁၁မှု၊ဓား
ပြတိုက်လုယက်မှု ၅၁ မှုတိုင် ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။
ကျန်တေသူတွေကို လိုက်လံဖမ်းဆီးဖို့လုပ်ချိန် စစ်တပ်လက်အောက်ခံပျူစောထီးအဖွဲ့အတွင်း ဝင်ရောက်သွားတာကြောင့်မဖမ်းဆီးနိုင်သေးတဲ့ လူတချို့လည်းရှိတယ်လို့ မြင်းခြံခရိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
"ဖမ်းမိတာတလနီးပါးရှိပြီ။နောက်ဆက်တွဲဖမ်းဆီးမှု တွေကို တောင်သာမြို့နယ်ပလဖ ဘက်ကိုလွှဲလိုက်တာပါ။တရားခံလွှဲပြောင်းမှု တွေပါလုပ်ခဲ့တယ်။ဒီလူတွေက လုယက်မှု တွေအများကြီးကိုလုပ်ခဲ့တာဗျ"လို့ တော်
လှန်ရေးရဲဘော်တဦးက ပြောပါတယ်။
အုပ်စုဖွဲ့ဓားပြတိုက်မှု ကျူးလွန်သူ တွေဟာ
သီဟနိုင်၊ ဂျွန်စိုး၊ဖိုးသား၊လပြည့်၊ငသန့်၊ရဲရင့် အောင်၊လပြည့်အောင်၊ရာကျော်၊သိမ့်သိမ့်မိုး၊သင်းသင်းမွှေး တို့ဖြစ်တယ်လို့ဖော်ပြပါတယ်။
အဲဒီအထဲက အဖွဲ့တင်ဝင်တချို့ဖမ်းမိထားပြီဖြစ်ပြီး ကျန်အဖွဲ့ဝင်၅ဦးလွတ်မြောက် နေဆဲဖြစ်ပါတယ် ။ဒါ့အပြင်သူတို့ထဲက ရဲရင့်အောင်ဆိုသူဟာ စစ်တပ်လက်အောက်ခံပျူစောထီးအဖွဲ့ထဲဝင် ရောက်သွားတယ်လို့ သိရပါတယ်။
၎င်းတို့ကျူးလွန်ခဲ့တဲ့ အမှု တွေဟာ ဒေသခံပြည်သူတွေ ကြား လူသိမျာား ခဲ့တဲ့ ခရီးသည်တင် ကား( Express ကား) ဓားပြတိုက်မှု၊ကား ပေါ်မှာ မိန်းကလေးငယ်ကိုလည်း အဖွဲ့ဝင်
၃ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်တာမျိုးတွေလည်းပါဝင်ကာတယ် ။
ဒါ့အပြင် ၂၀၂၆ခုနှစ်၊ဩဂုတ်လမှာလည်း စက်ခါးရွာနဲ့ သံမဏိစက်ရုံကြားမှာ အမျိုး
သမီးတဦးစီးလာတဲ့ဆိုင်ကယ်ကို လုယက်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖမ်းမိသူ တွေကထွက်ဆိုထားပါတယ်။
ဒါ့အပြင် တပင်ကန်ရွာအနီးမှာလည်း Light Truckကား ပေါ်ပါလာသူ အမျိုးသမီး၄ဦးကို ဂျွန်စိုး၊ဖိုးသား၊ငသက်၊လပြည့် ဆိုသူတို့က အဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။
မြင်းခြံခရိုင်ကို ၂၀၂၅ခုနှစ် ဩဂုတ်လမှာ အင်အား ၄,၀၀၀ကျော်သုံးပြီးစစ်တပ်ကလမ်း
ပိုင်းတချို့ကို စိုးမိုးနိုင်ခဲ့ပါတယ် ။အဲဒီနောက်
ပိုင်းမှာဓားပြတိုက်မှု တွေ ဆက်တိုပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ပြည်သူတွေကို ဓါးပြတိုက် ၊ အဓမ္မပြုကျင့်တာတွေများလာတာကြောင့် တော်လှန်ရေး တပ်တွေက ပူးပေါင်းဖမ်းဆီးခဲ့လုပ်တာမှာ တောင်သာမြို့နယ် ရသစ်ရွာမှာ နေထိုင်တဲ့ ဓားပြတိုက်သူတချို့ကို ကနဦးဖမ်းဆီးမိပြီး နောက်ဆက်တွဲဖမ်းဆီးမှု တွေလုပ်ခဲ့တာလို့ သိရပါတယ်။
ဓါတ်ပုံ/ရုပ်သံ-မြင်းခြံပကဖ

❤23👍20🖕5👏3🥰2🤣1
စစ်တပ်မြို့တော် ပြင်ဦးလွင်က ဖုန်းဆိုင် ဓားပြတိုက်ခံရ
စက်တင်ဘာ၂၆၊၂၀၂၆/ရှိန်း/People's Spring
စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က 7Glory ဖုန်းဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ စက်တင်ဘာ ၂၆ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာရောက်ဖွင့်လှစ်ထားတဲ့ သုမင်္ဂလာခြောက်ထပ်ဈေးနဲ့ မျက်စောင်းထိုးမှာဖွင့်ထားတဲ့ 7 Glory ဖုန်းဆိုင် ဓားပြတိုက်ခံခဲ့ရတာလို့ သိရပါတယ်။အဲဒီဆိုင်ဟာ မိန်းလမ်းမပေါ်မှာပဲရှိပြီး မီးပွိုင့်လမ်းဆုံနားက အမြဲလူမပြတ်တဲ့ နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။
" VIPလမ်း လေ။အဲလမ်းက အကုန်နီးပါးစစ်တပ်အသိုင်းဝိုင်းတွေပဲ" လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။
7 Glory ဆိုင်ရဲ့ Pagesကလည်း "နေ့ခင်းကြောင် တောင်ဆိုင်ဓားပြတိုက်ခံရပါတယ်"လို့ ကြေညာထားပါတယ်။
ဓားပြတိုက်ခံရမှုမှာ ပါသွားတဲ့ ပစ္စည်းအရေအတွက်ကိုတော့မသိရ သေးပါဘူး။
စစ်တပ်ထိန်းချုပ်ထားတဲ့ ပြင်ဦးလွင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးမှ ရွှေဆိုင်ဓားပြတိုက်ခံရမှု၊ဆိုင်ကယ်လုယက်ခံရမှုတွေ ဆက်တိုက်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ရက်ကလည်း ပြင်ဦးလွင်မြို့က လူစည်ကားတဲ့ လမ်းတစ်လမ်းဖြစ်တဲ့ ချယ်ရီလမ်းမပေါ်က မေစိန်ရွှေရတနာဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့ လူငယ် ၂ဦးက သေနတ်ပစ်ဖောက် ဝင်ရောက်ဓားပြတိုက်မှု ဖြစ်ခဲ့ပါတယ်။
ဓားပြတိုက်တဲ့ လူငယ် ၂ဦးအနက် တစ်ဦးကိုသာ ဖမ်းမိထားပါတယ်။
ပြင်ဦးလွင်မြို့ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်မကြာခဏလာလေ့ရှိတဲ့ စစ်တပ်မြို့တော်တစ်ခုဖြစ်ပြီး လုံခြုံရေးအားကောင်းတဲ့ မြို့အဖြစ် နာမည်ကြီးပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၁၂ရက်ကလည်း ပြင်ဦးလွင်မြို့လယ်ခေါင်က အောင်စံပယ်ရွှေဆိုင် သေနတ်ကိုင်ထားသူ ၂ဦးက ဓားပြတိုက်ခံခဲ့ရပါတယ်။
ပြင်ဦးလွင်နဲ့တဆက်တည်းရှိတဲ့ မန္တလေးမြို့မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေပူးပေါင်းကျူးလွန်တဲ့ ရွှေဆိုင်ဓားပြတိုက်မှုတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်။
ပြင်ဦးလွင်မြို့မှာ ဆိုင်ကယ်ခိုးယူမှု၊ လုယက်မှုတွေလည်း ဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးကို စစ်ကောင်စီက မကိုင်တွယ်နိုင်ဘူးလို့မြို့ခံအချို့က ပြောပါတယ်။

👍23🔥6❤3😁3🤬3👎2👏1🖕1
မြင်းခြံနယ်မှာ ဓားပြမှု နဲ့ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုပေါင်း ၆၀ကျော်ကျူးလွန်တဲ့ အဖွဲ့ကို တော်လှန်ရေးတပ်တွေဖမ်းဆီး
■ကျူးလွန်သူတချို့ ပျူထဲဝင်သွားကာ လွတ် မြောက်နေသူတွေလည်းရှိ
စက်တင်ဘာ-၂၆-၂၀၂၆။ကတ်သရင်း/ People's Spring
မြင်းခြံခရိုင်အတွင်းမှာ ခရီးသည် တွေကို လုယက်ဓါးပြတိုက်တာ ၊အုပ်စုဖွဲ့ ဓမ္မပြုကျင့်နေတဲ့အဖွဲ့ကို PDF တွေ၊ပကဖတွေကဖမ်းဆီးနိုင်ခဲ့ပြီး ကျူးလွန်သူတချို့ဟာ ပျူစောထီးအဖွဲ့ထဲ ဝင်ရောက်သွားကာ လွတ်မြောက်နေသူတွေလည်းရှိတယ်လို့ မြင်းခြံခရိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
မြင်းခြံခရိုင်အတွင်းက မြင်းခြံ- တောင်သာလမ်း၊ညောင်ဦး- မြင်းခြံလမ်းတို့မှာ သေနတ်အတုဖြင့် ခရီးသွားပြည်သူတွေရဲ့ကား၊ဆိုင်ကယ် တွေကို အုပ်စုဖွဲ့လုယက်တာ၊အမျိုးသ
မီးငယ်တွေကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်တာတွေလုပ်ခဲ့တဲ့ဓားပြအဖွဲ့ဝင် ၄ဦးကို တော်လှန်ရေးအဖွဲ့တွေကဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
သူတို့က အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု၁၁မှု၊ဓား
ပြတိုက်လုယက်မှု ၅၁ မှုတိုင် ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။
ကျန်နေသူတွေကို လိုက်လံဖမ်းဆီးဖို့လုပ်ချိန် စစ်တပ်လက်အောက်ခံပျူစောထီးအဖွဲ့အ
တွင်း ဝင်ရောက်သွားတာကြောင့်မဖမ်းဆီးနိုင်သေးတဲ့ လူတချို့လည်းရှိတယ်လို့ မြင်းခြံခရိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
"ဖမ်းမိတာတလနီးပါးရှိပြီ။နောက်ဆက်တွဲဖမ်းဆီးမှု တွေကို တောင်သာမြို့နယ်ပလဖ ဘက်ကိုလွှဲလိုက်တာပါ။တရားခံလွှဲပြောင်းမှု တွေပါလုပ်ခဲ့တယ်။ဒီလူတွေက လုယက်မှု တွေအများကြီးကိုလုပ်ခဲ့တာဗျ"လို့ တော်
လှန်ရေးရဲဘော်တဦးက ပြောပါတယ်။
အုပ်စုဖွဲ့ဓားပြတိုက်မှု ကျူးလွန်သူ တွေဟာ
သီဟနိုင်၊ ဂျွန်စိုး၊ဖိုးသား၊လပြည့်၊ငသန့်၊ရဲရင့် အောင်၊လပြည့်အောင်၊ရာကျော်၊သိမ့်သိမ့်မိုး၊သင်းသင်းမွှေး တို့ဖြစ်တယ်လို့ဖော်ပြပါတယ်။
အဲဒီအထဲက အဖွဲ့တင်ဝင်တချို့ဖမ်းမိထားပြီဖြစ်ပြီး ကျန်အဖွဲ့ဝင်၅ဦးလွတ်မြောက် နေဆဲဖြစ်ပါတယ် ။ဒါ့အပြင်သူတို့ထဲက ရဲရင့်အောင်ဆိုသူဟာ စစ်တပ်လက်အောက်ခံပျူစောထီးအဖွဲ့ထဲဝင် ရောက်သွားတယ်လို့ သိရပါတယ်။
၎င်းတို့ကျူးလွန်ခဲ့တဲ့ အမှု တွေဟာ ဒေသခံပြည်သူတွေ ကြား လူသိမျာား ခဲ့တဲ့ ခရီးသည်တင် ကား( Express ကား) ဓားပြတိုက်မှု၊ကား ပေါ်မှာ မိန်းကလေးငယ်ကိုလည်း အဖွဲ့ဝင်
၃ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်တာမျိုးတွေလည်းပါဝင်ကာတယ် ။
ဒါ့အပြင် ၂၀၂၆ခုနှစ်၊ဩဂုတ်လမှာလည်း စက်ခါးရွာနဲ့ သံမဏိစက်ရုံကြားမှာ အမျိုး
သမီးတဦးစီးလာတဲ့ဆိုင်ကယ်ကို လုယက်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖမ်းမိသူ တွေကထွက်ဆိုထားပါတယ်။
ဒါ့အပြင် တပင်ကန်ရွာအနီးမှာလည်း Light Truckကား ပေါ်ပါလာသူ အမျိုးသမီး၄ဦးကို ဂျွန်စိုး၊ဖိုးသား၊ငသက်၊လပြည့် ဆိုသူတို့က အဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။
မြင်းခြံခရိုင်ကို ၂၀၂၅ခုနှစ် ဩဂုတ်လမှာ အင်အား ၄,၀၀၀ကျော်သုံးပြီးစစ်တပ်ကလမ်း
ပိုင်းတချို့ကို စိုးမိုးနိုင်ခဲ့ပါတယ် ။အဲဒီနောက်
ပိုင်းမှာဓားပြတိုက်မှု တွေ ဆက်တိုပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ပြည်သူတွေကို ဓါးပြတိုက် ၊ အဓမ္မပြုကျင့်တာတွေများလာတာကြောင့် တော်လှန်ရေး တပ်တွေက ပူးပေါင်းဖမ်းဆီးခဲ့လုပ်တာမှာ တောင်သာမြို့နယ် ရသစ်ရွာမှာ နေထိုင်တဲ့ ဓားပြတိုက်သူတချို့ကို ကနဦးဖမ်းဆီးမိပြီး နောက်ဆက်တွဲဖမ်းဆီးမှု တွေလုပ်ခဲ့တာလို့ သိရပါတယ်။
ဓါတ်ပုံ-မြင်းခြံခရိုင် ပကဖ

👍28❤6🥰2🖕2🤮1🤣1
ကိုယ်အင်္ဂါစွန့်လွှတ်ရဲဘော်များ ပြန်လည်ထူထောင်ရေးကော်မတီ ဖွဲ့စည်းပြီးဖြစ်လို့ ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း NUG ကြေညာ
စက်တင်ဘာ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီ ကော်မတီကို ၂၀၂၆ သြဂုတ် ၃၀ ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရုံးချုပ်တို့က တာဝန်ရှိသူတွေ ပူးပေါင်းဖွဲ့စည်းထားတာလို့ ဆိုပါတယ်။
ကော်မတီအနေနဲ့ ကိုယ်အင်္ဂါစွန့်လွှတ်ရဲဘော်တွေရဲ့ အသက်မွေးဝမ်းကျောင်းပညာ အပါအဝင် ပညာဆက်လက်သင်ယူနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး နိုင်ရေး ရည်ရွယ်သော လုပ်ငန်းလမ်းညွှန်တရပ်ကို ရေးဆွဲပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း အသိပေးပါတယ်။
အဲဒီ လုပ်ငန်းလမ်းညွှန်ပါ မူဝါဒများနဲ့ ကတိကဝတ်များကို လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ဖို့ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပရှိ ပညာရှင်များနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ရာ အသက်မွေးဝမ်းကျောင်းပညာအပါဝင် ပညာဆက်လက်သင်ယူလိုသော၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိလိုသော ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ PDF၊ ပကဖနဲ့ အခြားတော်လှန်ရေးအဖွဲ့များမှ ရဲဘော်များများ အနေနဲ့ ကော်မတီသို့ ဆက်သွယ် သတင်းပေးပို့ဆောင်ရွက်ရန် NUG ကာကွယ်ရေးက တိုက်တွန်းထားပါတယ်။
NUG ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ စက်တင်ဘာ ၇ရက်ကလည်း တော်လှန်ရေး ၅နှစ်တာအတွင်း အသက်၊ခန္ဓာနဲ့ ကိုယ်ကျိုးစီးပွားများ မငဲ့ဘဲစစ်ရေး တာဝန်များ ရဲဝံ့စွာ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော် ၁၈၀၀ ဦးနီးပါးကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ဆုနဲ့တံဆိပ် ပေးအပ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။
တော်လှန်ရေး ၅နှစ်တာ အတွင်းကျရာကဏ္ဍကနေအသက်၊သွေး၊ချွေးများပေးဆပ်ကာ ခုခံတွန်းလှန်စစ်ကိုဆက်လက် ပါဝင်ဆင်နွှဲနေကြတဲ့ တော်လှန်ရေးရဲဘော်အားလုံးနဲ့တော်လှန် ပြည်သူ တရပ်လုံးကို ဂုဏ်ယူလေးစားစွာ မှတ်တမ်းတင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောာကားခဲ့ပြီး စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေး တော်လှန်ရေး ပန်းတိုင်ဆီရောက်တဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းထားပါတယ်။

❤36👍9🥰2👏2🖕2🤮1🤣1
■သရော်စာ
Time မဂ္ဂဇင်းအား ကန့်ကွက်ရှုတ်ချခြင်း
-သျှီသျှားရေးသားသည်။
ဟောဒီက မောင်သျှားလည်း မီဒီယာသမားပါပဲ။သို့ပေတဲ့ ဒီတစ်ခေါက် Time မဂ္ဂဇင်းနဲ့ နိုင်ငံတော်ဇွတ်သမ္မတ အမှုမှာတော့ သူ့ဟာသူ အာဏာရှင်မကလို့ အာဏာရှင့်ဖအေဖြစ်နေ
ပါစေ မအလဘက်က မောင်သျှား အပြည့် အဝ ရပ်တည်တယ်။
ဟုတ်တယ်လေ။သူတို့ဆောင်းပါးအဖွင့်မှာတင်ကြည့်ဦးလေ။အခန်းထဲ မှန်ကြီးယူလာတဲ့အကြောင်းနဲ့ စဖွင့်ရတယ် လို့။ သူ့ဟာသူ မှန်ကြိုက်လို့ မှန်ယူလာတာပဲ ကိုယ်လုံးပေါ်မကလို့ ခန်းလုံးပြည့်ယူယူပေါ့။ နံရံပြည့်ကပ်ကပ်ပေါ့။ အဲဒါကို ထုတ်ပြောစရာလား။ အခုတော့ နိုင်ငံတော်ဇွတ်သမ္မတကြီး မှန်ကြိုက်တတ်မှန်း အကုန်သိကုန်ပြီ။ အဲဒါ ထက်ပိုခက်တာက နိုင်ငံတော်ဇွတ်သမ္မတကြီးအနား ကပ်ဖို့ချောင်းနေတဲ့ ခရိုနီ၊ ခရိုပြာ၊ ခရိုဝါ၊ ခရိုစိမ်းတွေက အခု မှန်ဆိုင်တွေမှာ တန်းစီတိုးနေကြပြီ။ ဆီတိုးတာထက်အောင် အတန်းက ရှည်နေသေး။ လမ်းတွေပါပိတ်လို့။ ဟို မင်းသမီးလေးယောကျ်ား ခရိုစိမ်းပေါက်စတောင် တန်းစီတဲ့အထဲပါသေး။
လာသေးတယ်။သူ့ဟာသူ အနောက်နဲ့ပြန်ဆက်ဆံချင်တယ်လို့ ဖွင့်ပြောလာတာမှာလည်း ခင်ဗျားတို့က အပြစ် မလွတ်ပြန်ဘူး။ ခေါင်းစဉ်ကြီးတောင် တင်လိုက်သေး။ သူ့ခ
မျာ အရှေ့နဲ့ဆက်ဆံလာရတဲ့အကြိမ်ပေါင်းက မနည်းတော့ဘူးမဟုတ်လား။ဒီတော့အနောက်
နဲ့လည်း ဆက်ဆံချင်ရှာမှာပေါ့။ တွက်ကြည့်လေ ရုရှားတို့၊ တရုတ်တို့နဲ့ ဆက်ဆံလာတာလည်း အကြိမ်ရေမနည်းတော့ဘူး မဟုတ်လား။ ဒီတော့ သူလည်း အပြောင်းအလဲလေးလုပ်ပြီး ဆက်ဆံချင်ရှာမှာပေါ့လို့ ဖြည့်တွေးလေး တွေးမပေးနိုင်ကြဘူးလား။
ကျန်သေးတယ်။ နိုင်ငံတော်ဇွတ်သမ္မတကြီး ဆံပင်ပါးလျှပ်နေတာကိုပါ သူတို့မချန်ဘူး။ လူသိအောင်ထုတ်ပြော ထားသေးတယ်။ အဲဒီပါးလျှပ်လျှပ်ဆံပင်တွေကို လူမြင်မခံနိုင်လို့ ဖုံးဖို့၊ ဖိဖို့ကြိုးစားနေတယ်။ ဘယ်ထောင့်ကနေ ကင်မရာယူရိုက်ပါဆိုတာထိ ထည့်ပြောလိုက်တာတော့ လွန်တာပေါ့။ အေး...အဲဒီတော့ ဘာဖြစ်သလဲ။ ဟုတ်လား။ အဲဒီတော့ မှန်ဆိုင်မှာတန်းစီနေတဲ့ ခရိုနီ၊ ခရိုပြာ၊ ခရိုဝါ၊ ခရိုစိမ်းတွေထဲကတစ်ဝက်လောက်က ဆံပင်သန်ဆေး၊ ဆံပင်ပြန်ပေါက်ဆေးဆိုင်တွေဘက်ပြောင်းပြီး တန်းစီရတော့တာပေါ့။ အွန်လိုင်းရှော့တွေမှာလည်း တန်းစီတိုးနေ ကြသတဲ့။ ဒါက ခရိုနီနိုင်ငံရေး၊ ခရိုနီစီးပွားရေးမဟုတ်လား။ အားစိုက်ကြရပေမပေါ့။
ပြီးတော့ရှိသေးတယ်။ မွေးကင်းစကနေ အခုသေခါနီးအရွယ်အထိ သူ့ဟာသူ ပြောနိုင်လို့ သီကာပတ်ကုံး ပြောတာ လေ။ မိနစ် ၃၀ စာမကလို့ နာရီ ၃၀ စာဖြစ်ဖြစ်ပေါ့။ ခင်ဗျားတို့က ဘာဖြစ်နေတာလဲ။အွန်လိုင်းက တင်တာလေ။ စက္ကူကုန်တာကျလို့။ထုတ်လွင့်ပေးလိုက်ပေါ့။ မကြည့်ချင်တဲ့သူတွေ ကျော်သွားပေါ့။ မဟုတ်ဘူးလား။ အေး... သူပြောသမျှ စက္ကူနဲ့ ပုံနှိပ် ရိုက်ထုတ်ပါဦး လွန်ရောကျွံရောကုန် စက္ကူတစ်တန်၊ နှစ်တန်လောက်ပဲပေါ့။ ဒါလေးကို ဘာတွေထဖြစ်။ ဘာတွေအဖြစ်
သည်း။ အဲ့သလောက် ကပ်စေးနည်းနေရင်လည်း အစကတည်းက လာမဗျူးပါနဲ့ တော့လား။
ကဲ...အခုတော့ အဲဒီမိနစ် ၃၀ စာကြီးကို သူ့လက်အောက် မီဒီယာပလက်ဖောင်းစုံကနေ ထုတ်လွှင့်နေပြီ။ နိုင်ငံတွင်း လှည်းနေလှေအောင်းမြင်းဇောင်းမကျန် အိမ်ပေါက်စေ့ မကြည့်မနေရဆိုပြီး ဥပဒေထုတ်လိုက်ရင် ပိုမခက်ချေဘူးလား။
ပြောဦးမယ်။ ဓာတ်ပုံကိစ္စ။ အဲဒီအိုမင်းရွတ်တွပုပ်သိုးနေတဲ့ ပုံကြီးကို လူအများကြား ချပြစရာလား။ (မောင်သျှားဆို အဲဒီညက အိပ်တောင်မပျော်ဘူး။ ကြောက်နေလို့။) ဒါက သူ့ပကတိရုပ်လေလို့တော့ လာမပြောနဲ့။ စော
စောကသိ လမ်းညွှန်ပေးလိုက်မယ်။ ကြေးမုံတို့ မြန်မာ့အလင်းတို့ဆီသွားပေါ့။ အဲဒီမှာက ဖိုတိုရှော့အရာမှာ တစ်ဖက်ကမ်းခပ် တဲ့ ဆရာ
ကြီးတွေရှိတယ်။ မယုံရင် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေသွားလှန်ကြည့်။ နိုင်ငံတော်ဇွတ်သမ္မတ ကြီးရဲ့ ပုံတွေများဆို နုဖပ်အုအပ်နေတာ။ အပြင်ပကတိနဲ့တခြားစီ။ အဲဒီတစ်ဖက်ကမ်းခပ်ဆရာကြီးတွေက ဆင် မည်းတောင် ဆင်ဖြူဖြစ်အောင် လုပ်နိုင်စွမ်းတယ်။ ဘာမှတ်လဲ။ အခုတော့ ဒီအိုမင်းရွတ်
တွပုပ်သိုးနေတဲ့ပုံကြီးကို အများပြည်သူအမြင်မသင့်အောင်ချပြမှတော့ နိုင်ငံတော်ဇွတ်သမ္မတကြီး ဒေါသမထွက်ဘဲနေမလား။ ခင်ဗျားတို့ ကလဲ။
ထပ်ပြောဦးမယ်။ မှတ်တမ်းယူဖို့ ခန်းမထဲကို ရုပ်သံကင်မရာကြီးတွေ သွင်းလာလို့ အံ့သြသလို၊ ကဲ့ရဲ့သလိုပြောနေ ကြသေးဆို။ ကျုပ်တို့ နိုင်ငံတော်ဇွတ်သမ္မတကြီးက ခေသူမဟုတ်ဘူးဆိုတာ ခင်ဗျားတို့ အခုသိပြီမဟုတ်လား။ အေမီစျာန်ဆီမှာ သုံးလပြတ်သင်တန်းတက်ထားဖူးတယ်။ ဒီတော့ ခင်ဗျားတို့ အခုလို လုပ်ချင်ရာလုပ်မယ်ဆိုတာ ကြိုသိလို့ သူ့လက်ထဲ မှတ်တမ်းကျန်အောင် ဒီလိုစီစဉ်ရတာလေ။ ကြိုမြင်လို့စီစဉ်တာလေ ဒါအပြစ်တဲ့လား။
အကယ်၍များ အဲ့ဒီလိုလုပ်မထားဘူး။ ခင်ဗျားတို့ဘက်လည်း အခုလိုတွေလုပ်လာမယ်ဟေ့ဆို နိုင်ငံတော်ဇွတ် သမ္မတကြီးဘက်မှာ ပြစရာအထောက်အထား ဘယ်ကျန်တော့မလဲ။ ဒီလိုဆိုရင် ခင်ဗျားတို့ကို သူ့ဆီပြန်ခေါ်၊ အင်တာဗျူးဖို့ စက်တင်တွေပြန်ချ။ ခန်းမထဲကို ကိုယ်လုံးပေါ်မှန်ကြီးပြန်သယ်။ ပြီးရင် အမြှုပ်ထွက်၊ တံတွေးစင်တဲ့ အထိ နောက်
ထပ်တစ်နာရီစာ အင်တာဗျူးကြီးကို ပြန်ရိုက်ပြီး မှတ်တမ်းပြန်ယူနေရမှာပေါ့။ အခုလိုကြိုသိပြီး ကြိုစီစဉ်ထားတော့ အဲဒီဘက်က ရော့ဆိုရင် ဒီဘက်ကလည်း ဂွက်ခနဲ နေ့မဆိုင်းတုံ့ပြန်လို့ရသွားတာပေါ့။ ဟင်း... ဟင်း...ဟင်း။

❤26👍12😁9🖕3🤣2👎1🤮1
ဒီနေရာမှာ Time မဂ္ဂဇင်းဘက်ကနေကြည့်မယ်ဆိုရင် တစ်ခုတော့ နားလည်ပေးနိုင်တာရှိတယ်။ အဲဒါက ဘာလဲဆို တော့ သူတို့ဘက်က “the Future of Myanmar”ဆိုတဲ့ခေါင်းစဉ်နဲ့ အင်တာဗျူးလုပ်လိုတယ်လို့ ဆက်သွယ်လာ တာ။ ဒါလည်း နိုင်ငံတော်ဇွတ်သမ္မတကြီး တပည့်တွေ စာထုတ်တုံ့ပြန်မှသိရတာ။ သူတို့လိုချင်တာ မြန်မာ့အနာ ဂတ်အကြောင်းလေ။ ဒါကို နိုင်ငံတော်ဇွတ်သမ္မတကြီးက အင်တာဗျူးချိန် ၁ နာရီအတွင်း သူ့ငယ်ဘဝတွေနဲ့ပဲ နောက်ကြောင်းပြန်နေတာ ရှေ့မှ မရောက်တော့တာကိုး။ ဒီတော့ Time က သူတို့လိုချင်တဲ့ Future ကို ရောက် မလာလို့ NUG ကော၊ ရှောင်တာနယ်ကော၊ ဦးဂမ္ဘီရကောနဲ့ သိုင်းကာဝိုင်းကာ အခုလိုဆောင်းပါး လုပ်ပစ်လိုက်တာ လည်းဖြစ်နိုင်တယ်။ သူတို့က Future ဆို ကိုယ်ကလည်း Future လိုက်ပေါ့။ အခုတော့ အူယားဖားယားနဲ့ ပြန်ရှင်းနေရပြီ။ တယ်ခက်ပါ့။
သိုင်းတယ်၊ ဝိုင်းတယ်ဆိုလို့ ပြောရဦးမယ် Time က လာဗျူးမယ်ဆိုတော့ Time ကို သူလေ့လာတယ်။ ကြေးမုံနဲ့ မြန်မာ့အလင်းက ဖိုတိုရှော့ဆရာတွေရဲ့လက်စွမ်းလို ဝင်းပကြည်တောက်နေမယ့်သူ့မျက်နှာကြီး Time မဂ္ဂဇင်း မျက်နှာဖုံးကြီးမှာ ဖော်ပြခံရတော့မယ်လို့ သူ့ခမျာထင်ရှာတယ်။ တကယ့်လက်တွေ့ကျ ခင်ဗျားတို့က အဲ့ဒီလိုမဟုတ် မည်းသည်းပြဲကွဲနေတဲ့ မျက်နှာကြီးကို ထုတ်ပြလာသလို မျက်နှာဖုံးမှာလည်းမဟုတ် အွန်လိုင်းမှာ။ အဲဒီထက် ပိုဆိုးတာက သီးသန့်အင်တာဗျူးဆိုပြီး တကယ်လုပ်လာတော့ ဆောင်းပါး။
ဆောင်းပါးမှာမှ ဆိုခဲ့သလို NUG ယာယီသမ္မတ ဒူဝါလရှီလ၊ အမေရိကန်သံအမတ်ကြီးဟောင်းစကော့မာစီရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး ရှောင်တာနဲလ်၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများဆိုင်ရာရုံး(UNODC)က ဂျာရမီဒေါက် ကလတ်စ်၊ ရွှေဝါရောင်သံဃာ့အရေးအခင်းဦးဆောင်ဆရာတော်ဦးဂမ္ဘီရ၊ သတင်းစာဆရာ ဦးအောင်ဇော်၊ ဒေါ်မွန်မွန် မြတ်တို့နဲ့ သိုင်းဝိုင်းထားတဲ့ဆောင်းပါးကြီး။ ဆိုးသထက်ပိုဆိုးတာက အဲဒီဆောင်းပါးမှာ သူ့ခမျာ ဇာတ်လိုက်မင်း သားနေရာက မပါရဘဲ ဗီလိန်နေရာကြီးကဆိုတော့ ခင်ဗျားတို့မလွန် ဘယ်သူလွန်သလဲ။ ကဲ...ပြော။
ဒီတော့ ဘာဖြစ်သလဲ...ဟုတ်လား။ အခု နိုင်ငံ
တော်ဇွတ်သမ္မတကြီးက သူ့အခန်းအပြင်ကို ထွက်မလာတော့ဘူး။ ရှက်လို့ ထွက်မလာတာ မဟုတ်ဘူးနော်။ သူလိုလူမှာ မွေးကတည်းက အဲဒါပါမလာဘူး။ မထွက်တာက ခင်ဗျားတို့
မီဒီယာမျက်ခွက်ကို မကြည့်ချင်လို့တဲ့။ သူ့အခန်းရှေ့မှာတောင် စာတွေ သေချာကပ်ထားသေးတယ်။ “မီဒီယာ မဝင်ရ”တဲ့။ “အင်တာမဗျူးရ”တဲ့။ “မေးခွန်းမမေးရ”တဲ့။ အခုဆို “အဘ ထမင်းစားမလား။ ရေသောက်မလား” ဆိုတဲ့ မေးခွန်းမျိုးတောင် အမေးမခံတော့ဘူးတဲ့။ အင်တာဗျူးကို အဲ့လောက်အထိ စိတ်နာသွားတာ။ ကဲ...မခက်ချေ ဘူးလား။
သူဒီလိုအပြင်မထွက် လူလုံးမပြ။ အရင်လို လတ်လျားလတ်လျားနဲ့ ပွဲတွေမတက်။ မေး
ခွန်းတွေ အမေးမခံ။ မိန့်ခွန်း တွေ မပြောတော့ဘူးဆိုတော့ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ၊ ဘဝဆင်းရဲနဲ့ မွန်းကျပ်လှောင်ပိတ်နေတဲ့ ကျုပ်တို့အတွက် စိတ်အပန်းဖြေစရာတစ်ခုဖြစ်တဲ့ သူ့ရဲ့ ဆာဝါဒီစကပ်တို့၊ စပိုင်စီဘတ်တို့၊ ပါဝါပိုင့်တို့ဆိုတဲ့ စကားအသစ်အဆန်းတွေ၊ ကြက်ဥတစ်လုံး...ဘလာ...ဘလာ၊ လျှပ်စစ်ကား ဘလာ...ဘလာ၊ အာကာသဆီ ဘလာ ...ဘလာ၊ ကုန်စျေးနှုန်း ဘလာ...ဘလာ၊ မြန်မာ့ဒီမိုကရေစီ ဘလာ...ဘလာဆိုတာတွေ မကြားရတော့ဘူးပေါ့။
ဒါကြောင့် ဟောဒီက မောင်သျှားကလည်း ခင်ဗျားတို့ Time မဂ္ဂဇင်းကို နိုင်ငံတော်ဇွတ်သမ္မတကြီးနဲ့အတူ ပြင်းထန် စွာ ကန့်ကွက်ရှုတ်ချလိုက်ရပါကြောင်း။ ။

😁40🤣11❤7🖕2🥰1🤮1
စစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးရဲ့ထိမ်း
မြားပေးပိုင်ခွင့်လိုင်စင်တွေကိုပယ်ဖျက်ပြီးနောက်မြန်မာကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်းမှာ ဆက်ထည့်ထားဖို့ BRI တောင်းဆို
စက်တင်ဘာ-၂၆၊၂၀၂၆။People's Spring
အာဏာသိမ်းစစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးဆီကနေ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့် လိုင်စင်တွေကိုပယ်ဖျက်ခဲ့တဲ့နောက် မြန်မာကို ‘ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်း’မှာ ဆက်လက် ထည့်သွင်းပေးဖို့ အမေရိကန် အစိုးရကို Burma Research Institue (BRI)က တောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ BRI ထုတ်ပြန်ချက်မှာတော့စစ်တပ်ခန့်အပ်ထားတဲ့ပြည်ထောင်
စု တရားသူကြီးချုပ် သာဌေးက လက်မှတ်ရေးထိုးထားပြီး နှစ်ချင်း ခရစ်ယာန် သင်းအုပ်ဆရာ ၃ ဦးဆီက ထိမ်းမြားလက်ထပ်ပေးခွင့် လိုင်စင်တွေကို ပယ်ဖျက်မှုနဲ့ ပတ်သက်ပြီး အ
ထူးစိုးရိမ်ကြောင်း ပါရှိခဲ့ပါတယ်။
ခရစ်ယာန် ဘာသာရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီထိမ်းမြားလက်ထက်ပေးခွင့်ပယ်ဖျက်
ခံရသူ သိက္ခာတော်ရ ဓမ္မ ဆရာတွေကတော့ မန္တလေးတိုင်းရဲ့ ပြင်ဦးလွင် မြို့နယ်မှာရှိတဲ့ဒေါက်တာဇော်တောင် (ခေါ်) ခေါင်းလွမ်း၊ရှမ်းပြည်နယ်ရဲ့ ကျောက်မဲ မြို့နယ်ထဲက ဦးဂျိုးဇက် (ခေါ်)ဦးဇော်လင်း၊ ရန်ကုန်တိုင်းရဲ့
အင်းစိန်မြို့နယ်ထဲက ဦးစောမြင့်ထွန်းတို့ ဖြစ်ပါတယ်။
တရားသူကြီးချုပ် သာဌေးဟာ ဇွန်လ ၉ ရက်နေ့ အမိန့်အရ ထိမ်းမြားလက်ထပ်ခွင့် လိုင်စင် ရုပ်သိမ်းလိုက်ကြောင်းကို ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဖော်ပြပါ ၃ ဦးဟာ ခရစ်
ယာန် လက်ထပ်ထိမ်းမြားခြင်း ဥပဒေ ပုဒ်မ ၆ နဲ့ ၉ ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး အခုလို လိုင်စင် ပယ်ဖျက်ခဲ့တာပါ။ ပုဒ်မ ၆ အရ လိုင်
စင်ရရှိသူသည် ခရစ်ယာန် နှစ်ဦးအကြား၊ ဒါမှမဟုတ် ခရစ်ယာန်တစ်ဦးနဲ့ အတခြားဘာသာဝင်တစ်ဦးအကြား လက်ထပ်ထိမ်းမြားမှုကို ဆောင်ရွက်ပေးခွင့်ရှိပြီးပုဒ်မ ၉ အရ မြန်
မာနိုင်ငံသား ခရစ်ယာန် နှစ်ဦးကို ထိမ်းမြားလက်ထပ်ပေးခွင့် ရှိပါတယ်။
အဲဒီ ဓမ္မဆရာတွေတာဝန်ယူပေးခဲ့တဲ့ လက်
ထပ်ထိမ်းမြားမှု တချို့မှာ ဘာသာကူးပြောင်းကြောင်း ကြေညာထားမှုတွေနဲ့ ပတ်သက်ပြီး တရားရုံးက လက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ကိုးကွယ်ယုံကြည်မှု ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေပါ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီး လက်ထပ်မှုတွေကို ဦးစီးပေးခဲ့တယ်လို့ ဆုံးဖြတ်ပြီး အခုလို လိုင်စင်တွေ ရုပ်သိမ်းခဲ့တာပါ။
သမ္မတ ဦးသိန်းစိန်လက်ထက်၊ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လတုန်းက ပြဋ္ဌာန်းခဲ့ပြီး မျိုးစောင့်ဥပဒေလို့ လူသိများတဲ့ မြန်မာအမျိုးစောင့် ဥပဒေထဲကမြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေခွဲကိုအခြေ
ခံပြီး တရားရုံးကအခုလို ဆုံးဖြတ်ခဲ့တာပါ။
မျိုးစောင့်ဥပဒေအရ ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေးတွေက တခြားဘာသာဝင်တွေနဲ့ ထိမ်းမြားလက်ထပ်ခွင့်ကို တင်းကျပ်ထားပြီး သက်ဆိုင်ရာက ခွင့်ပြုထားတဲ့ အုပ်ချုပ်ရေး အရာရှိကသာ လက်ထပ်ပေးခွင့် ရှိပါတယ်။ အသက် ၁၈ နှစ် ကျော်သူတွေ ကိုးကွယ်ယုံ
ကြည်မှုအပြောင်းအလဲလုပ်မယ်ဆိုရင်လည်း မြို့နယ် ဘာသာကူးပြောင်းရေး မှတ်ပုံတင်ရုံးဆီ လျှောက်ထားတာမျိုး၊ ရက် ၉၀ စောင့်ကြည့်ကာလကို ဖြတ်သန်းရတာမျိုးတွေ သတ်မှတ်ထားပါတယ်။
BRIရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ပူးဇို
တုမ်မှုန်းကတော့ စစ်တပ် လက်အောက်ခံ တရားရုံးချုပ်ရဲ့ အမိန့်တွေဟာ ဘာသာရေး လွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွား ချိုးဖောက်နေတဲ့ နောက်ထပ် မြင်သာတဲ့ သာဓကတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရဟာမြန်မာကိုဘာသာရေး လွတ်
လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်းထဲ ဆက်လက် ထည့်သွင်းသင့်ကြောင်း သူက တိုက်တွန်းခဲ့ပါတယ်။
အလားတူအမေရိကန်အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF)ရဲ့ ၂၀၂၆ ခုနှစ် အစီရင်ခံစာမှာလည်း မြန်မာကို အဲဒီစာရင်းထဲ ထည့်သွင်းဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဆီကို အကြံပြုထားကြောင်းသိရပါတယ်။
အဲဒီစာရင်းကိုနှစ်အလိုက်ထုတ်ပြန်သတ်မှတ်ပြီး မြန်မာဟာ ၁၉၉၉ ခုနှစ်ကစလို့ နှစ်တိုင်းလိုလို ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံစာရင်းမှာ နာမည်ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။
ကိုးကား-BRI
(USCIRF ထုတ်ပြန်တဲ့၂၀၂၆ ခုနှစ်ရဲ့ ဘာသာရေးလွတ်လပ်ခွင့်ရှိတဲ့နိုင်ငံတွေနဲ့ ဘာသာရေးလွတ်လပ်ခွင့်စိုးရိမ်ရတဲ့ နိုင်ငံအခြေပြ အင်ဖိုဂရပ်)
#ဘာသာရေးလွတ်လပ်ခွင့် #USCRIF
#ခရစ်ယာန်ဓမ္မဆရာ၃ဦးထိမ်းမြားလက်ထပ်ပေးပိုင်ခွင့်လိုင်စင်ရုပ်သိမ်းခံရ
#poplesspring #ludunwayoo

🔥18👍9❤2🖕2🥰1🤬1🤣1