People's Spring
✔
60K subscribers
71.6K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဘုတလင်မှာ ကိုဝေမိုးနိုင်မွေးနေ့ဂုဏ်ပြုပြီး ပန်ဒါလေး ရွေ့လျားစာကြည့်တိုက် စတင်

စက်တင်ဘာ ၂၆၊ ၂၀၂၆။ ဇေအောင်/People's Spring

ဘုတလင်မြို့နယ်မှာ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေမိုးနိုင် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်ဒါလေး ရွေ့လျားစာကြည့်တိုက်ကို စတင်ဖွင့်လှစ်လိုက်ပါတယ်။

​ဒီနေ့ စက်တင်ဘာ ၂၆ ရက်ဟာ မတရားဖမ်းဆီးခံထားရတဲ့ ကိုဝေမိုးနိုင်ရဲ့ (၃၁)နှစ်ပြည့် မွေးနေ့ဖြစ်ပြီး စစ်အာဏာရှင်ရဲ့ ယုတ်မာမှုကို အကျဉ်းထောင်အတွင်းကနေ ကြံ့ကြံ့ခံ ရင်ဆိုင်နေတဲ့ ကိုဝေမိုးနိုင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်သူလူထုက ချစ်စနိုးခေါ်ကြတဲ့ သူ့အမည် ပန်ဒါလေးကို အစွဲပြုပြီး ရွေ့လျားစာကြည့်တိုက်လေး (၁)ခု စတင်လိုက်ကြောင်း ဘုတလင်မြို့နယ် သပိတ်အင်အားစုက အသိပေးပါတယ်။

ကိုဝေမိုးနိုင်ဟာ ငယ်ကတည်းက စာဖတ်နာခဲ့သူဖြစ်ပြီး အသက်(၁၃)နှစ်ဝန်းကျင်ကတည်းက စာရေးခဲ့သူဖြစ်ကြောင်း၊ ဒါ့ကြောင့် ရွေ့လျားစာကြည့်တိုက်လေးမှာ သူ့အမည်ပေးကာ ဂုဏ်ပြုတာဖြစ်ကြောင်း ဘုတလင်မြို့နယ်သပိတ်အင်အားစုရဲ့ အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။

"သူ့ရဲ့မွေးနေ့ကိုလည်း ဂုဏ်ပြုချင်တာပါသလိူ ဒေသတွင်းမှာရှိတဲ့လူငယ်တွေ၊ ပိုပြီးတော့ စာဖတ်ရှိ မြှင့်တင်လာဖို့ရယ်၊ ပြီးရင် ကလေးငယ်တွေ စိတ်လက် ကြည်ကြည်သာသာနဲ့ ပျော်ပျော်ရွှင်ရွှင် ခဏတဖြုတ်ပဲ ဖြစ်ဖြစ် နားနေနိုုင်ဖို့အတွက် ရည်ရွယ်ချက်လည်း ပါပါတယ်"လို့ ကိုရှင်းသန့်က ပြောပါတယ်။

စစ်အာဏာရှင်ကို တော်လှန်ရင်း ပိုပြီးကောင်းမွန်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့အခါမှာ စာကြည့်တိုက်တွေကလည်း အရေးပါတဲ့နေရာမှာ တည်ရှိနေတာမို့ အခက်အခဲကြားက စတင်ခဲ့တာလို့ သိရပါတယ်။

ဒီစာကြည့်တိုက်လေးမှာ စာအုပ်တွေလည်း ဖတ်လို့ရတဲ့အပြင် ကလေးငယ်တွေ ခဏတာပဲဖြစ်ဖြစ် ပျော်ရွှင်စေဖို့ အရောင်ခြယ်တာ ကစားတာတွေလည်း လုပ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ အေးချမ်းစွာ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ဧပြီ ၁၅ ရက်မှာ စစ်တပ်က ကားနဲ့တိုက်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ အဲဒီနောက် ကိုဝေမိုးနိုင်ကို ပုဒ်မပေါင်းစုံနဲ့ စစ်ဝ၌္က တရားစွဲဆိုပြီး ထောင်ဒဏ် နှစ်(၇၀)ကျော် ချမှတ်ထားပါတယ်။
🥰35❤7👍6🤮2👎1🤣1
(ပန်ဒါလေးရွေ့လျားစာကြည့်တိုက်ကို တွေ့ရစဥ် ဓာတ်ပုံံ-ဘုတလင်မြို့နယ် သပိတ်အင်အားစု)
❤56🥰9👍6🖕2🤮1
SKDကားစက်ရုံထုတ်​ဈေးနဲ့ ပြင်ပ​ဈေး ကျပ်သိန်း ၂၀၀၀ ​ကျော်အထိကွာဟ

■စရံ​ငွေကြိုသွင်းပြီး​ကားဝယ်ဖို့စောင့်​နေသူ​တွေတစ်နှစ်​ကျော်တဲ့အထိကားမရဖြစ်​နေ

စက်တင်ဘာ-၂၆၊၂၀၂၆။ဇော်၀င်း/People's Spring

ပြည်တွင်း SKD ကားတွေရဲ့ စက်ရုံထုတ်ဈေးနဲ့ ပြင်ပပေါက်ဈေးဟာ ကျပ်သိန်းနှစ်ထောင်ကျော်ကွာဟနေပြီး စရံငွေကြိုပေးထားသူတွေ တစ်နှစ်ကျော်တဲ့အထိ ကားမရသေးတဲ့အခြေအနေဖြစ်နေပါတယ်။

လို့ စရံ​ငွေကြို​ပေးထားပြီးကားမရ​သေးသူ​တွေနဲ့ ကားဈေးကွက်ထဲက သိရပါတယ်။

ပြည်ပမှ ကားအစီးလိုက်တင်သွင်းမှုထက် အခွန်စရိတ်သက်သာတာကြောင့် တဝက်တပျက် တပ်ဆင်ပြီးသားအဖြစ် တင်သွင်းလာပြီး ပြည်တွင်း စက်ရုံတွေမှာအပြီးသတ်တပ်
ဆင်တဲ့ (Semi-Knocked Down-SKD )ကားဈေးတွေ​တွေဟာ ပြင်ပဈေးကွက်မှာ အ
နည်းဆုံး ကျပ်သိန်း ၁၅၀၀ ကနေ ကျပ်သိန်း ၂၂၀၀ အထိရှိပိုများနေတယ်လို့မော်တော် ကား ရောင်း၀ယ်သူတချို့က ​ပြောပါတယ်။

တိုယိုတာ၊ ဟွန်ဒိုင်း ၊ ဆူဇူကီး ၊ဖို့ဒ် နဲ့ တရုတ်ကားဘရန်း တွေဖြစ်တဲ့ Changan ၊Soueast ၊Dongfeng နဲ့ Leap motor တွေဟာ SKD စနစ်နဲ့ မော်တော်ကားထုတ်လုပ်နေတာဖြစ်ပါတယ်။

"Toyota Travo ဆို စက်ရုံထုတ်ဈေးက ၂၈၀၀ ဆိုရင်ဈေးကွက်ထဲမှာ ၅၀၀၀ လောက်ဖြစ်နေတာပေါ့။SKD စက်ရုံ နဲ့ ကား Showroom တွေရဲ့ နှစ်ဦးသဘောတူပူးပေါင်းရိုက်ချက်တွေ"
လို့ ဝါရင့် ကား၀ယ်ရောင်း အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

"နိုင်ငံတစ်ဝန်းလက်ရှိ Toyota Travoကားတွေရဲ့ ရရှိမှုအခြေအနေကို ကြည့်မယ်ဆိုရင် အ
များစုကအမှန်တကယ်အသုံးပြုမယ့် Customer တွေလက်ထဲကို မရောက်ဘဲ ဝယ်ရောင်းလုပ်ကိုင်သူတွေ နဲ့ Car Showroom တွေရဲ့ လက်ထဲမှာပဲ ရှိနေတယ်လို့ တွေ့မြင်နေရပါတယ်"လို့ SKD နဲ့ကားဝယ်ဖို့ ကျပ်သိန်း ၂၀၀ ​ငွေကြိုသွင်းထား​ပေမယ့် တစ်နှစ်​ကျော်ကြာတဲ့အထိကားဝယ်ခွင့်မရ​သေးသူတဦးက​ပြောပါတယ် ။

ကားဝယ်စီးလိုတဲ့ပြည်သူ​တွေက ​ Pre-Order တင်ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့အချိန်မှာ ကားအသစ်တွေက ကားအ​ရောင်းပြခန်း( Car Showroom ) တွေမှာ အများအပြားရောက်ရှိနေတာကို တွေ့နေရတယ်လို့လည်းသူကဆက်​ပြောပါတယ်။ ဒါ​ကြောင့် SKD နဲ့ကားဆင်​ပေးတဲ့စက်ရုံတွေရဲ့ကားခွဲဝေမှုစနစ်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာဖြစ်​စေချင်တယ်လို့လည်းသူက​ပြောပါတယ်။

SKD စနစ်နဲ့ ကားတွေကသုံးစွဲသူတွေကိုတ
ကယ်အကျိုးမဖြစ်ဘဲ ကားဈေးကွက်ကိုပါ ကမောက်ကမ ပိုဖြစ်​စေတယ်လို့လည်း မော်
တော်ယာဉ်ဈေးကွက်စောင့်ကြည့်သူတစ်ဦးက အသိပေးပါတယ်။

"နိုင်ငံခြားငွေ မထုတ်ပေးနိုင်လို့ ကားသွင်းခွင့် မရကြဘူး။အဲ့ဒါကြောင့် ရောက်ပြီးသား အ
သစ်တွေက ထိုးတက်တယ်။နောက် အခု SKD ကားခွဲတမ်းကပါ ရှုပ်ထွေးပြီး အမှန်တကယ် စီးမယ့်သူတွေဆီ လိုတဲ့သူတွေဆီ မရောက်တော့ ဈေးကွက်က တနေ့တခြားပိုပိုဆိုးလာတယ်"လို့ သူ့အမြင်ကိုရှင်းပြပါတယ်။

လက်ရှိ ပြည်တွင်းကားဈေးကွက်မှာလည်း ဂျ
ပန်တပတ်ရစ်ကားတွေအပါအ၀င်မော်ဒယ်လ်
အမျိုးအစားအလိုက်ကျပ်သိန်းရာဂဏန်းမှ ထောင်ဂဏန်းအထိ ဈေးတက်နေတယ်လို့လည်း ဆိုပါတယ်။

"လက်ထဲ ကားတွေ အများကြီး လှောင်ထားတဲ့ သူတွေ အကျိုးအမြတ်ရနေတယ်"လို့ ဒေါပုံမြို့နယ်က ကား၀ယ်ရောင်းတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော် မတီ (FESC) က ကားတင်သွင်းခွင့်ပါမစ်အားလုံးကို ရက်အကန့် အသတ်မရှိ ယာယီရပ်ဆိုင်းခဲ့တာကြောင့်လည်း အရည်ကြိုကားအပ်ပြီး EV သွင်းဖို့ စောင့်နေသူတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်မှာလူတန်းစားတွေလက်လှမ်းမီခဲ့တဲ့ကားဈေး
ကွက်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်း ကစပြီး ကျပ်သိန်း ၁၀၀ ၀န်းကျင် ပရိုဘောက်ကားက အနည်းဆုံး သိန်း ၆၀၀ ဖြစ်နေပြီး သိန်း ၁၅၀ နဲ့ ၀ယ်လို့ရခဲ့တဲ့ ၂၀၀၈ ဟွန်ဒါဖစ် ကားတွေက သိန်း တစ်ထောင်၀န်းကျင်အထိဖြစ်နေပါတယ်။ဒါ​ကြောင့်ငွေ​ကြေတက်
နိုင်သူ​တွေဘဲ ကားဝယ်စီးနိုင်​တော့ပြီး ကားဝယ်စီးနိုင်သူ​တွေ ပိုနည်းလာပါတယ် ။
👎24❤10🔥4👍2😁2😢2🤬1🤣1
မန္တ​လေးမြို့ရှိ ကားအ​ရောင်းပြခန်းအချို့မှ္ SKD စနစ်နဲ့တပ်ဆင်ထုတ်လုပ်ထားတဲ့ကားအချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-​ပေးပို့
❤14👍13👎3🔥3🤔1🤣1
တော်လှန်ရေခရီးကြမ်းမှာ သွေးခွဲမှုတွေကို ညီညွတ်မှုစွမ်းအားနဲ့ ကျော်လွှားကြဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

စက်တင်ဘာ ၂၆၊၂၀၂၆။ထားမြတ်/People’s Spring

ရှေ့ဆက်ရမယ့်တော်လှန်ရေးခရီးကြမ်းမှာ တော်လှန်ရေးအင်အားစုများအကြား သွေးခွဲစကားတွေနဲ့ စိန်ခေါ်မှုတွေကို ညီညွတ်သော စွမ်းအားနဲ့ ကျော်လွှားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်ပါတယ်။

စက်တင်ဘာ ၂၅ရက်မှာကျင်းပတဲ့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ပုံမှန်အစည်းအဝေးကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သဝဏ်လွှာပေးပို့ခဲ့ရာ အခုလို တိုက်တွန်းခဲ့တာပါ။

ဒါ့အပြင်ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာအဖွဲ့အစည်းများအကြား အပြန်အလှန် သည်းခံမှု၊ နားလည် ယုံကြည်မှု၊ စေ့စပ်ညှိနှိုင်းမှုတို့ဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း အထူးတိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

အညာဒေသ မကွေးယူနစ်ဟာ စစ်အုပ်စုရဲ့အဓိက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံများ တည်ရှိရာဒေသဖြစ်သကဲ့သို့ ခုခံတွန်းလှန်စစ်ရဲ့ မဟာဗျူဟာကျသော ဆုံချက်တစ်ခုလည်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

အဲဒီလို ဗျူဟာမြောက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်တာ၊ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးတာစတဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်နဲ့အမျှ ရက်စက်စွာ ကျူးလွန်နေကြောင်းလည်း ဖော်ပြထားပါတယ်။

ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုများကြားမှပင် မကွေး ပြည်သူလူထု၊ မြေပြင် သပိတ်ကော်မတီများ၊ CDM ဝန်ထမ်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နဲ့ ဒေသခံတော်လှန်ရေး အင်အားစုများရဲ့ စည်းလုံးညီညွတ်မှု၊ ရွပ်ရွပ်ချွံချွံ တွန်းလှန်တိုက်ပွဲဝင်မှုတို့ ကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာ မြေပြင်တွင် လက်တွေ့ပုံပေါ်လာနေပြီလို့လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးဟူသော အန္တိမပန်းတိုင်သို့ ပြည်သူလူထုနဲ့ အတူ လက်တွဲညီညီ မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် အောင်မြင်စွာ ချီတက်နိုင်ပါစေလို့လည်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
👍39❤13👏6🤮2🖕2🥰1🤣1
(NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ရှေ့တန်းစစ်စခန်းတစ်ခု သွားရောက်ပြီး PDF ရဲဘော်တွေနဲ့ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ − Mahn Winn Khaing Thann - Prime Minister of NUG)
❤47👍8🥰3🖕2👏1🤮1🤣1
ရုပ်ရှင်ခံစားမှု

ဂီဘုမ်းရဲ့ အိမ်အပြန်လမ်း

the Scarecrow 2026

ဝဇီရာ/People's Spring

ဒီတစ်ပတ်တော့ ကြည်မိတဲ့ တောင်ကိုရီးယားစီးရီး the Scarecrow ထဲက ဇာတ်ကောင်တ
ချို့အကြောင်း စိတ်ထဲရှိနေမိတယ်။ ဒီဇာတ်
လမ်းတွဲက ပြီးခဲ့တဲ့ ဧပြီနဲ့ မေလက ထုတ်လွှင့်ပြသခဲ့တာမို့ အတော်များများ ကြည့်ပြီးကြပါပြီ။ ဒီဇာတ်ကားဟာ တချိန်က တောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဟွာဆောင်းကွင်းဆက်လူသတ်မှုဖြစ်စဥ်ကို အ
ခြေခံပြီး ဇာတ်အိမ်တည်ဆောက်ထားတာပါ။ ဒီဖြစ်ရပ်ကိုပဲ မှီငြမ်းပြီး ရုပ်ရှင်တွေ ထွက်ခဲ့ဖူးပါတယ်။

ဇာတ်လမ်းက ဒီလိုပါ။ ၁၉၈၈ ခုနှစ်က တောင်ကိုရီးယားနိုင်ငံရဲ့မြို့ငယ်လေးတစ်ခုမှာ ကွင်း
ဆက်လူသတ်မှုတွေ ဖြစ်ပွားနေပါတယ်။ နစ်
နာသူတွေကတော့ အမျိုးသမီးတွေပါ။ အဲဒီမြို့မှာပဲ လူငယ်လေးတစ်ယောက်ဟာ စာအုပ်ဆိုင်လေးဖွင့်ရင်းဘဝကိုအေးအေးလူလူဖြတ်
သန်းနေတယ်။ သူ့နာမည်က ဂီဘုမ်းတဲ့။

ဂီဘုမ်းတို့မြို့လေး လူသတ်မှုတွေ ဖြစ်ပွားနေချိန်မှာပဲ စစ်တပ်က တိုင်းပြည်ကို အာဏာ
သိမ်းလိုက်ပါတယ်။ ဂီဘုမ်းလည်း ဆန္ဒပြလူငယ်တွေကို ဝင်ရောက်ကူညီခဲ့မိတယ်။ တ
ရက်တော့ သူ့ကောင်မလေး ဆွန်ယောင်းကို နစ်နာအောင်လုပ်ခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့တူ အမျိုးသားတစ်ဦးကို ဂီဘုမ်း ထိုးကြိတ်ခဲ့တယ်။ အဲဒီအမျိုးသား သေလောက်အောင် ဒဏ်ရာတွေရသွားခဲ့တယ်။

ဆွန်ယောင်းက သူ့ကောင်လေးကို အိမ်မှာတင် ဖွက်ထားခဲ့တယ်။ နောက်တော့ နှစ်ယောက်
လုံး တူတူပြေးမယ်ဆိုပြီး အိမ်ကထွက်ချိန် ဂီဘုမ်းဟာ အိမ်အပြင်ရောက်တာနဲ့ တံခါးကိုပိတ်လိုက်တယ်။ ဆွန်ယောင်းကို ဒုက္ခတွေထဲ ဆွဲမနစ်ခဲ့ရက်တာ။

ဒါပေမယ့်ဆွန်ယောင်းဟာ ဂီဘုမ်းနောက် ဇွတ်ပြေးလိုက်တယ်။ ပြေးလိုက်ရင်း အဲဒီညမှာပဲ ဆွန်ယောင်းကွင်းဆက်လူသတ်သမားနဲ့ တည့်
တည့်တိုးတယ်။သူကံကောင်းလို့ အသက်
မသေခဲ့ဘူး။ ဂီဘုမ်းကတော့ ပျောက်ဆုံးသွားခဲ့တယ်။

တဖက်မှာလည်း ဂီဘုမ်းဟာ ရပ်ကွက်လမ်း
ကြားတစ်ခုမှာ ရဲတွေရဲ့လိုက်ဖမ်းခြင်းကို ခံလိုက်ရတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဂီဘုမ်းကိုတွေ့တဲ့အနီးနားက အိမ်မှာ ကောင်မလေးတစ်ယောက် ထပ်မံအသတ်ခံလိုက်ရပါတယ်။

ကွင်းဆက်လူသတ်မှုတွေကြောင့် အထက်ကနေ ဖိအားတွေ ဆက်တိုက်အပေးခံနေရတဲ့ ရဲတွေဟာ မြို့တော်ဝန်တူကို ရိုက်တဲ့အမှုနဲ့ ဆန္ဒပြသူတွေကို အားပေးကူညီမှုတွေကြောင့် ဖမ်းထားတဲ့ ဂီဘုမ်းကို ကွင်းဆက်လူသတ်မှုတရားခံအဖြစ် စွပ်စွဲကာ တိုက်ပိတ် ရိုက်နှက် စစ်​​ဆေးပါတော့တယ်။

ဂီဘုမ်းဟာ သူမသ​တ်လို့ မသတ်ကြောင်း တွင်တွင်ငြင်းပါတယ်။ရဲတွေကလည်း ဂီဘုမ်းငြင်းလေ ရိုက်လေပါ။ ဂီဘုမ်းရဲ့မိသားစုဝင်၊ သူငယ်ချင်းတွေကိုပါ ဖမ်းမယ်ဆီးမယ်ဆိုတဲ့အထိ ရဲတွေက ခြိမ်းခြောက်လာတယ်။ နောက်ဆုံးတော့ ဂီဘုမ်းဟာ သူမလုပ်ခဲ့တဲ့ လူသတ်မှုတွေရဲ့တရားခံအဖြစ် ဝန်ခံလိုက်ရပါတော့တယ်။

ဆွန်ယောင်းရဲ့အကိုက ဒီဇာတ်လမ်းရဲဇာတ်လိုက် စုံထောက် ဂန်ထယ်ဂျူပါ။ဂီဘုမ်းကို လူ
သတ်သမားအဖြစ် သံသယဝင်ခဲ့သူထဲလည်း သူထိပ်ဆုံးကပါသလို ဂီဘုမ်း တရားခံမဟုတ်ဘူးဆိုတာကိုလည်း ဂန်ထယ်ဂျူကပဲ သက်
သေပြပေးခဲ့တာပါ။

တနေ့တော့ ဂီဘုမ်းအိမ်မှာ လူတွေစည်စည်
ကားကားနဲ့ ချက်ပြုတ်ပြင်ဆင်နေကြတယ်။ အစောပိုင်းက ဂီဘုမ်းနဲ့ ဆွန်ယောင်းကို သဘောမတူခဲ့​​ပေမယ့် ခုတော့ အဆင်ပြေသွားလို့ ဆွန်ယောင်းတောင် ဂီဘုမ်းအိမ်မှာ ရောက်နေခဲ့ပြီ။ အားလုံးလည်း ပျော်လို့ ရွှင်လို့။ ခဏနေ ဂီဘုမ်းရောက်လာတော့မှာကိုး။

အကိုဖြစ်သူက ဂီဘုမ်းကို ကားလေးနဲ့သွားကြိုတယ်။ဂီဘုမ်းကားပေါ်တက်တယ်။
ဂီဘုမ်း ခဏလေး အိပ်လိုက်ဦးမယ်နော်လို့ ပြောတယ်။ အိမ်ရောက်တော့ ဂီဘုမ်းဟာ ထိုင်ခုံပေါ်ကနေအိပ်နေတာ ထမလာတော့ဘူး။ ဂီဘုမ်းသိပ်ချစ်ရတဲ့ ဆွန်ယောင်းလည်း ပြေးလာနှိုးတယ်။ ဂီဘုမ်းက မနိုးတော့ဘူး။ ဂီဘုမ်းဟာ ရဲတွေရဲ့ စစ်ကြောရေးမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ရတာပါ။

အပြင်က ဖြစ်ရပ်မှန်ကလည်း ရုပ်ရှင်ထဲကလိုပါပဲ။ဟွာဆောင်းကွင်းဆက်လူသတ်မှု ဖြစ်
ပွားချိန်မှာ အာဏာပိုင်တွေနဲ့ ရဲအင်အား အ
များစုဟာ ဆန္ဒပြကျောင်းသားတွေကို နှိမ်နင်းဖို့နဲ့ စစ်အစိုးရ တည်မြဲရေးအတွက်ပဲ အဓိက အသုံးပြုခဲ့ကြပါတယ်။

​အမှန်တကယ် လူသတ်နေတဲ့ ကွင်းဆက်လူ
သတ်သမားကို ရှာဖွေဖို့ထက် သံသယရှိသူ သာမန်ပြည်သူတွေကို ဖမ်းဆီး နှိပ်စက်ပြီး အမှုပိတ်ဖို့ပဲ ကြိုးစားခဲ့ကြတာကြောင့် အပြစ်မဲ့သူများစွာ ထိခိုက်သေဆုံးခဲ့ရပြီး အဓိက တရားခံအစစ် လီချွန်းဂျယ်ကို နှစ်ပေါင်း ၃၀ နီးပါး ကြာသည်အထိ မဖမ်းဆီးနိုင်ခဲ့ပါဘူး။

ဂီဘုမ်းရဲ့အိမ်အပြန်လမ်းဟာ ကျနော်တို့ရင်ကို တည့်တည့်ထိခဲ့ပါတယ်။ ဂီဘုမ်းကမှ အ
သက်မဲ့နေတဲ့ခန္ဓာ အိမ်ဝ ရောက်လာခဲ့ပါသေးတယ်။ ကျနော်တို့ဆီမှာတော့ မတရားဖမ်းဆီးခံရပြီး ရိုက်နှက် နှိပ်စက်သတ်​ဖြတ်ခံခဲ့ရသူတွေဟာ အိမ်တောင် ရုပ်အလောင်း ပြန်မရောက်နိုင်ခဲ့ပါဘူး။ လမ်းဘေးခြုံနွယ်တွေထဲမှာ၊ အမှိုက်ပုံတွေထဲမှာ၊ ချောင်းကြားမြောင်းကြားမှာ ကြက်ကလေး ငှက်ကလေးတွေလို အလွယ်တကူ စွန့်ပစ်ခံခဲ့ရတယ်။ တခြားနည်းတွေနဲ့လည်း အလောင်းဖျောက် ဖျက်ဆီးခံလိုက်ရတယ်။
👍16❤6🖕3🤮2🤬1🤣1
ကျနော်တို့နိုင်ငံရဲ့ အမှောင်မိုက်ဆုံး ခေတ်ဆိုးကြီးအောက်မှာ ဂီဘုမ်းလို ချစ်သူနဲ့ မိသားစုဆီ ပြန်ချင်လှတဲ့ လူငယ်တွေ၊ အနာဂတ် အိပ်မက်တွေကိုယ်စီနဲ့ ပြည်သူတွေရဲ့ ဘဝတွေဟာ စစ်တပ်ရဲ့ မတရား ဖိနှိပ်မှုတွေကြားမှာ ရက်ရက်စက်စက် အနင်းခံခဲ့ရပါတယ်။ အိမ်ပြန်မရောက်ဘဲ လမ်းခုလတ်မှာ ကြွေလွင့်သွားခဲ့ရတဲ့ပြည်သူတွေအတွက် တရားမျှတမှုဆိုတာ မကြာခင် ပြန်ရောက်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

#ရုပ်ရှင်ခံစားမှု #လူထုနွေဦး
#ဂီဘုမ်းရဲ့အိမ်အပြန်လမ်း #PS
#theScarecrow
#ဝဇီရာ #PeoplesSpring
👍18❤5🖕3🤮2🤣1
👍19😢4🤮2🖕2
စစ်ကိုင်းတိုင်းမှာ တော်လှန်ကျောင်းဆရာလုပ်နေတဲ့ နည်းပညာကျောင်းသားဟောင်း ကွယ်လွန်

စက်တင်ဘာ ၂၆၊ ၂၀၂၆။ဇေအောင်/People's Spring

စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

နွေဦးတော်လှန်ရေးအတွင်း စစ်ကိုင်းတိုင်း ၅/ လူထုလှုပ်ရှားမှုတွေမှာ အဖိနှိပ်ခံ ပြည်သူတွေနဲ့အတူ ဦးဆောင်ပါဝင်ခဲ့သူ၊ မိတ္ထီလာနည်းပညာတက္ကသိုလ် ကျောင်းသားဟောင်း ကိုထက်ကျော်ဟာ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း တော်လှန်ပြည်သူ့ပညာရေး တာဝန်တွေကို ထမ်းဆောင်ရင်း စက်တင်ဘာ ၂၁ ရက်က ကွယ်လွန်သွားခဲ့ကြောင်း ဇေယျာတိုင်းရဲ့ ၅/အဖွဲ့က အသိပေးပါတယ်။

"၉၆ ပါး ရောဂါနဲ့ ဆုံးသွားတာပါ။ စာသင်ပေးနေရင်း နောက်ဖေးသွားတာကြာလို့သွားကြည့်တော့ လဲနေတာ။ အချိန်မမီလိုက်ဘူး"လို့ ဇေယျာတိုင်းရဲ့ ၅/အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကိုထက်ကျော်ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၀ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ၎င်းဟာ ခက်ခဲတဲ့ ကာလမှာ သူယုံကြည်ရာ ပြည်သူ့အရေးနဲ့ ပညာရေးအတွက်တတ်နိုင်သမျှ ပါဝင် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ဒေသလူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ပညာရေးမှာ မဆုတ်မနစ် တာဝန်ယူခဲ့တဲ့ သူ့ရဲ့ စိတ်ဓာတ်နဲ့ ပေးဆပ်မှုတွေဟာ အတူလက်တွဲခဲ့သူတွေရဲ့ အမှတ်တရတွေထဲ အမြဲ ရှိနေမှာဖြစ်ကြောင်း ဇေယျာတိုင်းရဲ့ ၅/အဖွဲ့က ထပ်မံအသိပေးပါတယ်။

"သပိတ်ခေါင်းဆောင်လည်း လုပ်ပါတယ်။ အခုနှစ်တွေမှသာ စစ်အုပ်စုရဲ့ လေကြောင်းက ရက်စက်မှုတွေ ပေါင်းစုံကြောင့် လူထု ဘေးကင်းရေးအတွက် ဦးစားပေးရလို့ မလှုပ်ရှားနိုင်တော့တာပါ"လို့ ၎င်းနဲ့နီးစပ်တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အတူဖြတ်သန်းခဲ့တဲ့ ခရီးလမ်း၊ မျှဝေခဲ့တဲ့ ယုံကြည်ချက်တွေနဲ့ ပြည်သူ့အတွက် ကြိုးပမ်းခဲ့မှုတွေဟာ ကျွန်တော်တို့အတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရတွေဖြစ်ကြောင်း၊ ရဲဘော် ကိုထက်ကျော် ကွယ်လွန်သွားတဲ့အတွက် ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရသလို သူပေးဆပ်ခဲ့တာတွေကိုလည်း လေးစားစွာ အမှတ်တရ ဂုဏ်ပြုကြောင်း ဇေယျာတိုင်းရဲ့ ၅/အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ စက်တင်ဘာ ၂၅ ရက်အထိ စစ်အုပ်စုနဲ့ ၎င်းလက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း အတည်ပြုပြီး စုစုပေါင်း သေဆုံးသူ ၈၄၂၇ ဦး ရှိနေပြီး အတည်မပြနိုင်သေးတဲ့သေဆုံးသူ ၅၃၀၀ ခန့် ရှိနေကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားပါတယ်။
😢50❤8👎2👍1👏1🤮1🖕1
(ပညာရေး Volunteer ကျောင်းဆရာ ကိုထက်ကျော်အား မကွယ်လွန်မီက ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဥ်။ ဓါတ်ပုံံ-ဇေယျာတိုင်းရဲ့ ၅/)
😢49👍5❤3👎2🫡2🤮1🤣1🖕1
လုပ်သား ၁၀၀၀ ခန့်ရှိတဲ့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံထပ်မံ ပိတ်သိမ်း

စက်တင်ဘာ -၂၆၊၂၀၂၆။ဇော်၀င်း/People's Spring

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၊သာဓုကန်စက်မှုဇုန်က စက်ရုံလုပ်သား ၁၀၀၀ခန့်ရှိတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ပိတ်သိမ်းတော့မယ်လို့ အဲဒီစက်ရုံရဲ့အလုပ်သမားနဲ့ အလုပ်သမား အရေးဆောင်ရွက်သူတချို့က လူထုနွေဦးကို ပြောပါတယ်။

၂၀၁၉ကတည်းက ဖွင့်လှစ်ခဲ့တဲ့ Sunrise (Myanmar) Fashion Co.,Ltd အထည်ချုပ်စက်ရုံဟာ အခု စက်တင်ဘာ၂၂ ရက်ကစပြီး အောက်တိုဘာ ၂၁ ရက်ထိ နို့တစ်ကာလသတ်မှတ်ကာ စက်ရုံပိတ်သိမ်းမယ့်အကြောင်း စက်ရုံတာဝန်ရှိသူတွေက အသိပေးထားတယ်လို့ ဆိုပါတယ်။

စက်ရုံပိတ်သိမ်းမှုမှာ အလုပ်၀င်ကာလ ၆လမပြည့်သေးတဲ့ အလုပ်သမားတွေ၊ခွင့်ခံစားနေတဲ့ အလုပ် သမားတွေ ၊ မီးဖွားခွင့်အလုပ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်လို့ တိကျတဲ့ ဖြေရှင်းမှုမရှိသေးဘူးလို့ အလုပ်သမားနဲ့အလုပ်သမားအရေးဆောင်ရွက်သူတချို့က အသိပေးပါတယ်။

"အလုပ်သမားတွေ နစ်နာမူတွေရှိလာရင် သက်ဆိုင်ရာ မြို့နယ်အထည်ချုပ်သမဂ္ဂအဖွဲ့အစည်းတွေနဲ့ အတူ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးနေတယ်"လို့ Sunrise အထည်ချုပ်စက်ရုံပိတ်သိမ်းမှုနဲ့ပတ်သက်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတစ်ဦး ကပြောပါတယ်။

စက်ရုံပိတ်သိမ်းရတဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့ Sunrise (Myanmar) Fashion Co.,Ltdကို လူထုနွေဦးက ဖုန်းနဲ့ ၃ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန် တာမရှိခဲ့ပါဘူး။

"အလုပ်သမားတွေ ဆန္ဒ ခဏခဏပြလို့ ပိတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်ရုံတစ်ခုလုံးရပ်သွားရတယ်ဆိုတာမဟုတ်ပါဘူး။ကြားတာက ဘရန်းအပ်ထည်တွေ လျော့လာတာကြောင့်ပါ"လို့ Sunrise (Myanmar) အထည်ချုပ်၀န်ထမ်းတစ်ဦးက ပြောပါတယ်။

GLOBAL WORK၊ WOLLYTEC၊ CINEMA CLUB၊ HARE၊ LEPSIL၊ URBAL FUNCTION ၊ SINCE 1930 UNITED ATHLA၊ FINO-OUT၊ LOWRYS FARM ၊ AIRTHERMAL စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ZEROSTAGE နဲ့ AIRRICH FWANNEL အမှတ်တံဆိပ်တွေရဲ့ အော်ဒါတချို့သာရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကမ္ဘာကျော်အမှတ်တံဆိပ် H&M ကုမ္ပဏီရဲ့အ၀တ်အထည်တွေရဲ့ ကုန်ကြမ်းအမှာစာ မရတော့တာကြောင့်လည်း အောက်တိုဘာ ၁ ရက်ကစပြီး စက်ရုံပိတ်တော့မယ်လို့ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က Teng Hui Myanmar သိုးမွေးစက်ရုံ က ကြေညာထားပါတယ်။

၂၀၁၃ကစဖွင့်ခဲ့ပြီးလုပ်သား ၂၀၀၀ ကျော်ရှိတဲ့ Teng Hui Myanmar စက်ရုံကို ပိတ်သိမ်းမှုကြောင့် အလုပ်ရပ်နားရမယ့် အလုပ်သမားတွေကို လုပ်သက်အလိုက် နစ်နာကြေးပေးသွားမယ်လို့ စက်ရုံက တရားဝင် အသိပေးထားပါတယ်။

လွန်ခဲ့တဲ့လေးလခန့်ကလည်း H&M အ၀တ်အထည်တွေချုပ်နေရတဲ့ ရွှေပြည်သာမြို့နယ်က King Rich Fishion အထည်ချုပ်စက်ရုံဟာလည်း အော်ဒါမရတော့တာကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုကို အာဏာသိမ်း စစ်တပ်က အခုနှစ် ဇွန်လမှာ ကန့်သတ်လိုက်ပါတယ်။

ကျွမ်းကျင် အလုပ်သမားရှားပါးမှု၊ အလုပ်အပ်နှံရေး စိန်ခေါ်မှု၊ လျှပ်စစ်မီးရရှိရေး စိန်ခေါ်မှုတွေအပြင် ကုန်ကြမ်းပြတ်တောက်မှုတွေက အထည်ချုပ်လုပ်ငန်းတွေ ရုန်းကန်‌နေရတဲ့ စိန်ခေါ်မှု တွေဖြစ်နေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောထားပါတယ်။

နှစ်စဉ် ပြည်ပတင်ပို့မှုကနေ ဒေါ်လာ လေး ဘီလီယံ နဲ့ ငါးဘီလီယံကြားရရှိတဲ့ အထည်ချုပ်လုပ်ငန်းကနေ ကုန်ကြမ်းပြန်လည်တင်သွင်းမှုအရ ဒေါ်လာ သုံးဘီလီယံ ၀န်ကျင်ရှိတယ်လို့သိရပါတယ်။ဒါပေမယ့် စစ်တပ်က ဒေါ်လာငွေစီးဆင်းမှုထိန်းချုပ်လိုက်တာကြောင့် အထည်ချုပ်နဲ့ပတ်သက်တဲ့ သွင်းကုန်တွေ တင်သွင်းဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၅နှစ်အတွင်း အထည်ချုပ်ကဏ္ဍကနေ ထွက်ခွာသွားတဲ့ လုပ်ငန်း ၂၀၀ ကျော်ရှိခဲ့ပြီး ဩဂုတ်လကုန်ထိ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံ ၆၀၇ ခု ရှိပါတယ်။

အထည်ချုပ်လုပ်ငန်းတွေဆက်တိုက်ပိတ်သိမ်းရပ်နား မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကို စက်တင်ဘာ ၂၂ နေ့ကတည်းလူထု‌ နွေဦးက ဖုန်းနဲ့ အီးလ်မေးကတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့်ပြန်လည်ဖြေကြားတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကုမ္ပဏီတွေ ထွက်ခွာသွားတာ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့တာကြောင့် နိုင်ငံခြားငွေရရှိဖို့ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေစစ်တပ်ခန့်အပ်ထားတဲ့ ၀န်ကြီးတွေနဲ့ ၂၀၂၂ မှာ FESC ကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ပြည်ပကုန်သွယ်မှုကနေ ရတဲ့ ဒေါ်လာငွေတွေ နဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေ ရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ခဲ့ပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေရတဲ့ဒေါ်လာငွေကို ရည်ညွှန်းစျေး(တစ်ဒေါ်လာကို ကျပ် ၂၁၀၀)လဲလှယ်ပြီး ဗဟိုဘဏ်ကို ပြန်အပ်ဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။

ပို့ကုန်ရငွေ ဒေါ်လာ သန်း ၁၀၀ရှိပါက ၆၅ သန်းကို မြန်မာကျပ်ငွေ လဲလှယ်ဖို့ သတ်မှတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ရငွေ ရဲ့ တစ်ဝက် နဲ့ ၂၀၂၅မှာ ၂၅ ရာခိုင်နှုန်းနဲ့ အခုနှစ်မှာ ၁၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်သွင်းရပါတယ်။
❤24🔥6👎5👍2👏1
လက်ရှိ ပြည်ပက စက်သုံးဆီ၊ဆေးဝါးနဲ့ ကုန်ချောပစ္စည်းအများစုဟာ အထည်ချုပ်လုပ်ငန်းရဲ့ပို့ကုန်၀င်ငွေကို စစ်တပ်က အသုံးပြုနေတာဖြစ်ပါတယ်။
❤16👍6🔥3🤬3👎2
(လုပ်ခလစာတိုးမြှင့်ပေးဖို့အတွက် Sunrise (Myanmar) အထည်ချုပ်စက်ရုံက လုပ်သားတွေ ၂၀၂၆ မေလက ဆန္ဒထုတ်ဖော်နေစဉ်။ ဓာတ်ပုံ − STUM)
❤14😢12👍5👎1🤬1🤣1
စစ်တပ်က ​တော်သလင်းလပြည့်​နေ့မှာ
ဂွမြို့နယ်ရှိဘုန်းကြီးကျောင်းနဲ့ လူနေရပ်ကွက်ကို ဗုံးကြဲ ပြည်သူ ၃ ဦးဒဏ်ရာရ

စက်တင်ဘာ ၂၆၊၂၀၂၆၊ ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်
ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေး
ရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်​တွေ ဥပုသ်သီလ ယူကြတဲ့
​တော်သလင်းလပြည့်​​​​နေ့ မနက်အစောပိုင်း ၁ နာရီကျော်အချိန်လောက်မှာ စစ်တပ်က
ကျိန္တလီမြို့ပေါ်နဲ့ ရေကျော်ရွာဘုန်း တော်ကြီးကျောင်းတို့ကို တပြိုင်နက်တည်း ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲမှုကြောင့် ကျိန္တလီမြို့ အမှတ်( ၂) ရပ်
ကွက်မှ ဦးဆန်းမြင့်နေအိမ်အနီးကို ကျရောက်ပေါက်ကွဲပြီး အသက် ၇၄ နှစ်အရွယ် ဒေါ်မြင့်မြင့်၊ ၄၅နှစ်အရွယ် ဒေါ်ခင်သီတာဆန်းနဲ့ ၄၅ နှစ်အရွယ် ဦးမိုးလွင်တို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကာ နေအိမ် ၁၃ လုံးလည်းပျက်စီးခဲ့တယ်လို့​ဒေသခံ​တွေက​ပြောတယ်။

ဒါ့အပြင် ရေကျော်ကျေးရွာရွာဘုန်းကြီး
ကျောင်းတခုလုံးလည်း လုံးဝပျက်စီးသွားခဲ့ပြီး လူအထိအခိုက် တော့မရှိဘူးလို့ ဒေသခံအချို့က​ပြောပါတယ်။

“လူအိပ်ချိန်ကြဲတော့ ဗုံးခိုကျင်းတွေ ဘာတွေလည်း ဝင်ဖို့မရလိုက်ကြဘူး။ ဝါတွင်းကာလ ဥပုသ်နေ့တောင် မရှောင် ဘုန်းကြီးကျောင်းကို ဗုံးကြဲတယ်ဆိုတော့ သာသနာပြုမင်းရဲ့ မင်းအောင်လှိုင်ရဲ့ မိုက်ရိုင်းချက်ကတော့ ကမ်းကုန်းနေပြီ” လို့ ဂွဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းခြေမြို့တွေဖြစ်တဲ့ သံတွဲနဲ့ဂွမြို့တို့ကို စစ်သ င်္ဘောတွေကနေလက်နက်
ကြီးနဲ့ပစ်ခတ်တာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေလည်း မကြာခ ဏ ပြုလုပ်နေပါတယ်။

ရခိုင်ထိုးစစ်အတွင်းရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်ကနေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့ စစ် တပ်ဟာ အရပ်သားလူ နေကျေး
ရွာတွေကိုလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေပါတယ်။

စစ်တပ်ဟာစက်တင်ဘာ၂၅ ရက်​​နေ့ ၊မနက်အစောပိုင်း ၂ နာရီကျော်အချိန်ကလည်း ကျောက်တော်မြို့ပေါ်နဲ့အနီးဝန်းကျင်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရိုဟင်ဂျာကလေးငယ်တွေအပါအဝင် ၈ဦး ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့စစ်တပ်ဟာအရပ်သားလူနေကျေးရွာတွေကိုလည်းလေကြောင်း၊လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ စက်တင်ဘာ
၂၆ ရက်နေ့ထိ ၂၃ ရက်တာကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ် သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၀ ဦးထက်မနည်း ရှိ​နေခဲ့ပြီဖြစ်ပါတယ်။
🤬35❤4👎3🔥1👏1😢1🎉1
ဘုန်းကြီး​ကျောင်းကိုဗုံးကြဲခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-Dwayarwady Regional Information Centre
🤬38👎4❤2⚡1🔥1👏1🤩1🙏1
မြင်းခြံနယ်မှာ ဓားပြမှု နဲ့ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု​ပေါင်း ၆၀​ကျော်ကျူးလွန်တဲ့ အဖွဲ့ကို ​တော်လှန်​ရေးတပ်​တွေဖမ်းဆီး

■ကျူးလွန်သူတချို့ ပျူထဲဝင်သွားကာ လွတ် မြောက်နေသူတွေလည်းရှိ

စက်တင်ဘာ-၂၆-၂၀၂၆။ကတ်သရင်း/ People's Spring

မြင်းခြံခရိုင်အတွင်းမှာ ခရီးသည် တွေကို လုယက်ဓါးပြတိုက်တာ ၊အုပ်စုဖွဲ့ ဓမ္မပြုကျင့်နေတဲ့အဖွဲ့ကို PDF ​တွေ၊ပကဖ​တွေကဖမ်းဆီးနိုင်ခဲ့ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျူးလွန်သူတချို့ဟာ ပျူ​စောထီးအဖွဲ့ထဲ ဝင်ရောက်သွားကာ လွတ်မြောက်နေသူ‌တွေလည်းရှိတယ်လို့ မြင်းခြံခရိုင်ပကဖက ထုတ်ပြန်ထားပါတယ်။

မြင်းခြံခရိုင်အတွင်းက မြင်းခြံ- တောင်သာလမ်း၊ညောင်ဦး- မြင်းခြံလမ်းတို့မှာခရီးသွားပြည်သူ တွေရဲ့ကား၊ဆိုင်ကယ် တွေကို အုပ်စုဖွဲ့လုယက်တာ၊အမျိုးသမီးငယ် တွေကို အုပ်စုဖွဲ့အဓမ္မပြုကျင့်တာတွေပြုလုပ် ခဲ့တဲ့ ဓားပြအဖွဲ့ဝင် ၄ဦးကို ​တော်လှန်​ရေးအဖွဲ့​တွေကဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ် ။

သူတို့က အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု၁၁မှု၊ဓား
ပြတိုက်လုယက်မှု ၅၁ မှုတိုင် ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။

ကျန်​တေသူတွေကို လိုက်လံဖမ်းဆီးဖို့လုပ်ချိန် စစ်တပ်လက်​အောက်ခံပျူစောထီးအဖွဲ့အတွင်း ဝင်ရောက်သွားတာကြောင့်မဖမ်းဆီးနိုင်သေးတဲ့ လူတချို့လည်းရှိတယ်လို့ မြင်းခြံခရိုင်ပကဖက ထုတ်ပြန်ထားပါတယ်။

"ဖမ်းမိတာတလနီးပါးရှိပြီ။နောက်ဆက်တွဲဖမ်းဆီးမှု တွေကို တောင်သာမြို့နယ်ပလဖ ဘက်ကိုလွှဲလိုက်တာပါ။တရားခံလွှဲပြောင်းမှု တွေပါလုပ်ခဲ့တယ်။ဒီလူတွေက လုယက်မှု တွေအများကြီးကိုလုပ်ခဲ့တာဗျ"လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်
လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

အုပ်စုဖွဲ့ဓားပြတိုက်မှု ကျူးလွန်သူ တွေဟာ
သီဟနိုင်၊ ဂျွန်စိုး၊ဖိုးသား၊လပြည့်၊ငသန့်၊ရဲရင့်‌ အောင်၊လပြည့်အောင်၊ရာ‌​ကျော်၊သိမ့်သိမ့်မိုး၊သင်းသင်းမွှေး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တို့ဖြစ်တယ်လို့​ဖော်ပြပါတယ်။

အဲဒီအထဲက အဖွဲ့တင်ဝင်တချို့ဖမ်းမိထားပြီဖြစ်ပြီး ကျန်အဖွဲ့ဝင်၅ဦးလွတ်မြောက် နေဆဲဖြစ်ပါတယ် ။ဒါ့အပြင်သူတို့ထဲက ရဲရင့်အောင်ဆိုသူဟာ စစ်တပ်​လက်​အောက်ခံပျူစောထီးအဖွဲ့ထဲဝင် ရောက်သွားတယ်လို့ သိရပါတယ်။

၎င်းတို့ကျူးလွန်ခဲ့တဲ့ အမှု တွေဟာ ​ဒေသခံပြည်သူတွေ ကြား လူသိမျာား ခဲ့တဲ့ ခရီးသည်တင် ကား( Express ကား) ဓားပြတိုက်မှု၊ကား ပေါ်မှာ မိန်းကလေးငယ်ကိုလည်း အဖွဲ့ဝင်
၃ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်တာမျိုး​တွေလည်းပါဝင်ကာတယ် ။

ဒါ့အပြင် ၂၀၂၆ခုနှစ်၊ဩဂုတ်လမှာလည်း စက်ခါးရွာနဲ့ သံမဏိစက်ရုံကြားမှာ အမျိုး
သမီးတဦးစီးလာတဲ့ဆိုင်ကယ်ကို လုယက်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖမ်းမိသူ တွေကထွက်ဆိုထားပါတယ်။

ဒါ့အပြင် တပင်ကန်ရွာအနီးမှာလည်း Light Truckကား ပေါ်ပါလာသူ အမျိုးသမီး၄ဦးကို ဂျွန်စိုး၊ဖိုးသား၊ငသက်၊လပြည့် ဆိုသူတို့က အဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။

မြင်းခြံခရိုင်ကို ၂၀၂၅ခုနှစ် ဩဂုတ်လမှာ အင်အား ၄,၀၀၀ကျော်သုံးပြီးစစ်တပ်ကလမ်း
ပိုင်းတချို့ကို စိုးမိုးနိုင်ခဲ့ပါတယ် ။အဲဒီနောက်
ပိုင်းမှာဓားပြတိုက်မှု တွေ ဆက်တိုပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပြည်သူ​တွေကို ဓါးပြတိုက် ၊ အဓမ္မပြုကျင့်တာ​​တွေများလာတာ​ကြောင့် တော်လှန်ရေး တပ်တွေက ပူးပေါင်းဖမ်းဆီးခဲ့လုပ်တာမှာ တောင်သာမြို့နယ် ရသစ်ရွာမှာ နေထိုင်တဲ့ ဓားပြတိုက်သူတချို့ကို ကနဦးဖမ်းဆီးမိပြီး နောက်ဆက်တွဲဖမ်းဆီးမှု တွေလုပ်ခဲ့တာလို့ သိရပါတယ်။

ဓါတ်ပုံ/ရုပ်သံ-မြင်းခြံပကဖ
❤24👍20🖕5👏3🥰2🤣1
ါတ်ပုံ-မြင်းခြံပကဖ
🖕32👍8🤮6❤2👎1🥰1🤣1
စစ်တပ်မြို့တော် ပြင်ဦးလွင်က ဖုန်းဆိုင် ဓားပြတိုက်ခံရ

စက်တင်ဘာ၂၆၊၂၀၂၆/ရှိန်း/People's Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က 7Glory ဖုန်းဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ စက်တင်ဘာ ၂၆ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာရောက်ဖွင့်လှစ်ထားတဲ့ သုမင်္ဂလာခြောက်ထပ်ဈေးနဲ့ မျက်စောင်းထိုးမှာဖွင့်ထားတဲ့ 7 Glory ဖုန်းဆိုင် ဓားပြတိုက်ခံခဲ့ရတာလို့ သိရပါတယ်။အဲဒီဆိုင်ဟာ မိန်းလမ်းမပေါ်မှာပဲရှိပြီး မီးပွိုင့်လမ်းဆုံနားက အမြဲလူမပြတ်တဲ့ နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။

" VIPလမ်း လေ။အဲလမ်းက အကုန်နီးပါးစစ်တပ်အသိုင်းဝိုင်းတွေပဲ" လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။

7 Glory ဆိုင်ရဲ့ Pagesကလည်း "နေ့ခင်းကြောင် တောင်ဆိုင်ဓားပြတိုက်ခံရပါတယ်"လို့ ကြေညာထားပါတယ်။

ဓားပြတိုက်ခံရမှုမှာ ပါသွားတဲ့ ပစ္စည်းအရေအတွက်ကိုတော့မသိရ သေးပါဘူး။

စစ်တပ်ထိန်းချုပ်ထားတဲ့ ပြင်ဦးလွင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးမှ ရွှေဆိုင်ဓားပြတိုက်ခံရမှု၊ဆိုင်ကယ်လုယက်ခံရမှုတွေ ဆက်တိုက်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ရက်ကလည်း ပြင်ဦးလွင်မြို့က လူစည်ကားတဲ့ လမ်းတစ်လမ်းဖြစ်တဲ့ ချယ်ရီလမ်းမပေါ်က မေစိန်ရွှေရတနာဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့ လူငယ် ၂ဦးက သေနတ်ပစ်ဖောက် ဝင်ရောက်ဓားပြတိုက်မှု ဖြစ်ခဲ့ပါတယ်။

ဓားပြတိုက်တဲ့ လူငယ် ၂ဦးအနက် တစ်ဦးကိုသာ ဖမ်းမိထားပါတယ်။

ပြင်ဦးလွင်မြို့ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်မကြာခဏလာလေ့ရှိတဲ့ စစ်တပ်မြို့တော်တစ်ခုဖြစ်ပြီး လုံခြုံရေးအားကောင်းတဲ့ မြို့အဖြစ် နာမည်ကြီးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၁၂ရက်ကလည်း ပြင်ဦးလွင်မြို့လယ်ခေါင်က အောင်စံပယ်ရွှေဆိုင် ​သေနတ်ကိုင်ထားသူ ၂ဦးက ဓားပြတိုက်ခံခဲ့ရပါတယ်။

ပြင်ဦးလွင်နဲ့တဆက်တည်းရှိတဲ့ မန္တလေးမြို့မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေပူးပေါင်းကျူးလွန်တဲ့ ရွှေဆိုင်ဓားပြတိုက်မှုတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်။

ပြင်ဦးလွင်မြို့မှာ ဆိုင်ကယ်ခိုးယူမှု၊ လုယက်မှုတွေလည်း ဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးကို စစ်ကောင်စီက မကိုင်တွယ်နိုင်ဘူးလို့မြို့ခံအချို့က ပြောပါတယ်။
👍24🔥6❤3😁3🤬3👎2👏1🖕1