■အတွေးအမြင်
ပေါက်ကိုယ်တော် ပျူတွေကိုထိန်းမနိုင်တာလား၊ခေါင်းရှောင်တာလား
ဗေဒါ/People's Spring
Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။
"ပေါက်ကိုယ်တော် တပည့်လို့ မပြောနဲ့။ အောက်တန်းကျလွန်းလို့"ဆိုပြီး မန္တလေးမြို့ပေါ်မှာ လူမိုက်စတိုင်နဲ့ ထင်ရာစိုင်း အနိုင်ကျင့် ဗိုလ်ကျနေတဲ့ ပျူစောထီးတွေကို ရုပ်သံနဲ့တကွ ပြောဆိုခဲ့တာပါ။ စစ်တပ်ဘာလုပ်လုပ်
ထောက်ခံပြီး မန္တလေးမြို့မှာ ပျူစောထီးအဖွဲတွေ အများအပြား မွေးထုတ်ထားတဲ့ ပေါက်ကိုယ်တော် ကိုယ်တိုင်ကတောင် စိတ်ပျက်သွားရလောက်အောင် မန္တလေးကပျူတွေ ဘယ်လောက်အထိ ဆိုးသွမ်းနေပါသလဲ။ ဒါပေမယ့် တချို့ပြည်သူတွေကလည်း စစ်တပ်အမာခံ ဘုန်းကြီးဟာ သူမွေးထားတဲ့ ပျူတွေကို တာဝန်မခံချင်တော့လို့ ခေါင်းရှောင်တဲ့စကားပြောတာလို့ သုံးသပ်ကြပါတယ်။
မန္တလေးက ပျူစောထီးတွေဟာ သေနတ်ပြဆိုင်ကယ်လုယက်မှုတွေ အပါအဝင် အရက်ဘားတွေမှာ လူငယ်ချင်းပြဿနာဖြစ်ကြရာကနေ သေနတ်ထုတ်ပြပြီး ခြိမ်းခြောက်တာတွေ၊ ကားနဲ့လိုက်တိုက်လို့ လူငယ်အမျိုးသားတဦးသေကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လက မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကျောက်ကုန်
သည်တစ်ဦးဆီကနေ လက်နက်ကိုင်ပျူစောထီးတွေက ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ လောက်တန်တဲ့ကျောက်စိမ်းလက်ဝတ်ရတနာတွေကို လုယက် ယူဆောင်သွားခဲ့တယ်။ အဲဒီပျူစောထီးကလည်း ပေါက်ကိုယ်တော်တ
ပည့်လို့ပြောဆိုခဲ့ကြတယ်။ပေါက်ကိုယ်တော်
ကတော့သူ့တပည့်မဟုတ်ဘူးလို့ငြင်းပါတယ်။
မကြာပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးစက်မှုဇုန်မှာ ပျူစောထီးခေါင်းဆောင် မျိုးထွန်း ဦးဆောင်တဲ့အဖွဲ့ဟာလူငယ်တွေကိုစစ်မှုထမ်းဖို့အတွက် လိုက်
လံဖမ်းဆီးခေါ်ဆောင်ပြီး မိသားစုဝင်တွေဆီကနေ ငွေညှစ်ခဲ့တယ်။ အဲဒီအဖွဲ့ဟာ အမရပူ
ရမြို့နယ်၊ မြစ်ငယ်မြို့က လူငယ်တစ်ဦးကို ဖမ်းဆီးပြီး လူငယ်ရဲ့ မိသားစုဝင်တွေဆီကို ဆက်သွယ်ကာ ငွေကျပ် သိန်း ၃၅၀ နဲ့ လာရွေးဖို့၊ မရွေးရင် ခလရ (၉၅) တပ်ရင်းကို ပို့ဆောင်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရတယ်။
ခြိမ်းခြောက်ခံရတဲ့မိသားစုဟာ အခြား ပျူစောထီးအဖွဲ့တစ်ခုကို ဆက်သွယ်အကူအညီတောင်းကာ ငွေလာပေးမယ်ဆိုပြီး ချိန်းဆိုပြီးနောက် ငွေလာယူချိန်မှာ ဖမ်းဆီးလိုက်တယ်လို့ဆိုပါတယ်။ ပြည်ကြီးတံခွန်က ပျူတွေဆိုတာကလည်း ပေါက်ကိုယ်တော်ရဲ့အာဏာ
စက် သက်ရောက်တဲ့အဖွဲ့တွေလို့ ဒေသခံတွေက ပြောတယ်။
ဒါတွေဟာ ထင်ထင်ရှားရှား ထွက်ပေါ်လာတဲ့ ပျူစောထီးတွေရဲ့ ဖြစ်စဥ်တချို့ပဲ ရှိပါသေးတယ်။ လူမသိသူမသိ ကြိတ်ဖြေရှင်းလိုက်ကြတဲ့ ပျူစောထီးတွေရဲ့ သောင်းကျန်းမှုတွေက အများကြီးရှိနေသေးကြောင်း မြို့ခံတွေက ပြောတယ်။
ပျူစောထီးတွေဟာ မန္တလေးမြို့ထဲမှာ အလှူလှည့်သလို ဆိုင်ကယ်တွေ၊ ကားတွေ ယာဥ်တန်းကြီးတွေနဲ့ လက်နက်ကိုင်ပြီးလှည့်တာတွေဟာမန္တလေးသူမန္တလေးသားတွေအ
တွက်မဆန်းတော့တဲ့မြင်ကွင်းပါ။ လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း ပျူတွေက ဖမ်းဆီးငွေညှစ်တာ၊ ခြိမ်းခြောက်တာတွေ ပြလုပ်လေ့ရှိတယ်လို့ သိရတယ်။
"ငှက်ကြီးတောင် ဓားကြီးတွေကိုင်၊ ရှေ့မှာယူနီဖောင်းကြီးတွေပုံလို့ ပြည်သူ့စစ်တွေ။ ဂုဏ်သိက္ခာလည်း ကျတာပေါ့နော်" ပေါက်ကိုယ်တော်က ဆိုပါတယ်။
တကယ်တော့ ပေါက်ကိုယ်တော်ဟာ ဒီမီးကို သူကိုယ်တိုင်စမွှေးခဲ့တာပါ။ စစ်တပ်အာဏာ
သိမ်းပြီးတဲ့နောက်ပိုင်း မန္တလေးမြို့က ရပ်
ကွက်တွေထဲ လူရာမဝင် ပေတေသောက်စား မူးယစ်ရမ်းကားနေတဲ့သူတွေ၊ အုပ်စုဖွဲ့ လု
ယက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့လူတွေ၊ မကောင်းတာ မှန်သမျှ အကုန်လုပ်တဲ့ ဇိုးတွေကို စစ်တပ်က ပျူစောထီးတွေ ပြည်သူ့စစ်တွေဆိုပြီး လက်နက်တပ်ဆင်ပေးခဲ့ရာ ပေါက်ကိုယ်တော်ကလည်း အရေးပါတဲ့အခန်းကဏ္ဍကနေ အားပေးအားမြှောက်ပြုခဲ့တယ်။
စစ်တပ်မွေးထားတဲ့ပါတီဖြစ်တဲ့ တိုင်းရင်း
သားစည်းလုံးညီညွတ်ရေးပါတီ(တစည)က
နေမျိုးကျော်ကလည်း ၂၀၂၃ခုနှစ်မှာ ရဲမွန်တောင်ပြည်သူ့စစ်ကိုစတင်ဖွဲ့စည်းခဲ့တယ်။ ရဲမွန်တောင်ပြည်သူ့စစ်ပျူတွေဟာ အိမ်စီးကားနဲ့ ပေါ်တာဆွဲတာ၊လူငယ်ချင်းစကားများရာမှာ အုပ်စုဖွဲ့ သတ်ဖြတ်တာတွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ ပြည်ကြီးတံခွန်၊ အောင်
မြေသာစံ၊ အမရပူရ၊ ချမ်းအေးသာစံစတဲ့မြို့နယ်တွေမှာလည်း ဒုစရိုက်သမားတွေ၊ လူရမ်းကားတွေဟာ ပျူစောထီးအဖွဲ့တွေထဲ ရောက်လာခဲ့ကြတယ်။
“ဇရှိတဲ့ဇိုး တော်တော်များများကို စည်းရုံးနိုင်ခဲ့တယ်။ မန္တလေးတကြော ဇိုးတော်တော်များများကို ကဲ မင်းတို့မဟုတ်တောင်မှ ဓားတရမ်းရမ်းနဲ့ မဟုတ်တောင်မင်းတို့ ရန်ဖြစ် နေသေးတယ်။အဲဒီတော့ တိုင်းပြည်အတွက် အကျိုးရှိရှိ သေနတ်ကိုင်”လို့ လူမိုက်တွေကို စစ်တပ်လက်အောက်ခံပျူတွေဖြစ်အောင်လုပ်ပေးခဲ့တာကို စစ်တပ်ထောက်ခံတဲ့ သံဃာန်းဝတ်ကဂုဏ်ယူစွာ ပြောခဲ့ဖူးပါတယ်။

🖕22😁6❤5🤣2👎1🤮1
မန္တလေးမှာများ ပျူတွေ ဘယ်လောက်အထိ ဆိုးလာသလဲဆိုရင် TikTok ဆယ်လီဇော်ဝင်းမောင် သူ့ဘာသာစီးပွါးရေးသမားချင်း လူ
မှုရေးပြဿနာဖြစ်တာကို မြင်းခေါင်းတီရှပ်အဖြူ၊ သော့တံဆိပ် ပလေကပ်ဝတ် ပျူစောထီးတွေခေါ်ပြီး ဆိုင်ရှေ့မှာတင် မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တယ်။
အခုတော့ ပေါက်ကိုယ်တော်တစ်ယောက် သူမွှေးတဲ့မီး သူ့ပြန်လောင်ပါပြီ။ "ပေါက်ကိုယ်တော်တို့တပည့်၊ ပေါက်ကိုယ်တော်တို့နာမည်သုံးတာသိက္ခာကျသေးတယ်။ အောက်
တန်းကျတဲ့အလုပ် လုပ်ကြတာလေ။ တို့အ
မည် နာမည်တော့ မသုံးပါနဲ့ကွာ။ နော်။ ဒီလိုစိတ်ဓါတ်မျိုးလည်း တပည့်မတော်ချင်ဘူး။ ဒီလိုအောက်တန်းကျတဲ့ စိတ်ဓါတ်မျိုး။ လူပါးဝတဲ့ စိတ်ဓာတ်မျိုးတွေ။ အထူးသဖြင့် ပေါက်ကိုယ်တော်တပည့်၊ ပေါက်ကိုယ်တော်တပည့် မလုပ်ကြနဲ့။ သိတဲ့အချိန်ကတော့ မလွယ်ဘူးသာမှတ်"လို့ ပေါက်ကိုယ်တော်က ဆိုပါတယ်။
တကယ်တော့ ပေါက်ကိုယ်တော်က ပျူတွေလောက်ကိုပဲ အဲလိုကြိမ်းမောင်းရဲတာပါ ။ပျူတွေထက် အဆပေါင်းများစွာ ဆိုးယုတ်ပြီး
စစ်ရာဇဝတ်မှုတွေ ကို နေ့စဥ်ထမင်စားရေသောက်ကျူးလွန်နေတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် နဲ့ စစ်အုပ်စုကိုတော့
လေသံတောင် သူမဟရဲပါဘူး ။ ။

😁33❤5🖕3🤣2🔥1
■အတွေးအမြင်
"ဘဝသေ မင်းတရားခံကြီး"
မသီတာ-စမ်းချောင်းရေးသားသည်။
ဖြစ်ချင်တာကတော့ ဘဝရှင်မင်းတြားကြီးပေါ့။
ခက်တာက "ဗလကြည့်တော့ ဝတ်ရုံတော်နဲ့
မဆန့်မပြဲ၊ ဇကြည့်တော့ ပါးကွက်သားငနဲ၊ ပါးစပ်ဟတာနဲ့ ပေါက်ပန်းလေဆယ် အံကျမြဲ"ဆိုတာမျိုး ဖြစ်နေလေရဲ့။
ခုရက်ပိုင်း သတင်းလူသားဖြစ်နေတဲ့ ဘဝသေ မင်းတရားခံကြီးရဲ့ ဖြစ်ရပ်ကို ကြည့်တဲ့အခါ တရားခံကြီးဘက်က မခံမရပ်နိုင်ဖြစ်ပြီး တိုင်းမ်မဂ္ဂဇင်းအင်တာဗျူးသူကို ကလိမ်ကကျစ်လို့ စွပ်စွဲတာနဲ့အတူ ပြန်ကြားရေးကနေ မူရင်းအင်တာဗျူးကို ထုတ်လွှင့်ချက်လည်း ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ ဒါနဲ့ပဲ အောင့်အည်းသည်းခံကာ ထုတ်လွှင့်ချက်ကိုကြည့်ပြီး ဘယ်သူက ကလိမ်ကကျစ် လုပ်ခဲ့သလဲဆိုတာကိုဆန်းစစ်ရတော့တာပေါ့။
တိုင်းမ်မဂ္ဂဇင်းက အင်တာဗျူး တောင်းတဲ့အခါ "မြန်မာနိုင်ငံအတွက် သာယာတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ဖော်ဆောင်ပေးမည့် လမ်းပြမြေပုံနှင့် အစီအစဉ်များကို ရှင်းလင်းပြောကြားနိုင်မည့် အခွင့်အ
ရေး၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုများကို အဘယ်ကြောင့် ရုပ်သိမ်းသင့်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်နှင့် အမေရိကန်ပြည်သူများထံ ရှင်းလင်းပြောကြားနိုင်မည့် အခွင့်အရေး"ဆိုပြီး မက်လုံးနှစ်ခု ပေးခဲ့တာကို တွေ့ရပါတယ်။ အဲဒီအခွင့်အရေးအ
တွက်လည်း သင့်တော်ရာရာ မေးခွန်းလေးတွေ ပြင်ဆင်လာခဲ့ပြီး မေးမြန်းခဲ့တာကို တွေ့ရပါတယ်။
ခက်တာက ဘဝသေ မင်းတရားခံကြီးက အိမ်
စာ မလုပ်ထားခဲ့ပေဘူးကိုး။ ဒီလိုအခွင့်အရေးအတွက် ဘယ်လိုအကြောင်းအရာတွေကို အ
ချက်အလက် အပြည့်အစုံနဲ့ ဖြေရှင်းတင်ပြသွားမယ်လို့ ပြင်ဆင်ထားတာမျိုး မရှိတာကို သူ့အဖြေတွေက သက်သေခံနေပါတယ်။ သူ လုပ်ခဲ့တဲ့ အိမ်စာကတော့ သူ့ကို ဓာတ်ပုံရိုက်တဲ့အခါ ဘဝတသက်တာလုံး ဆောင်းခဲ့တဲ့ စစ်ဦးထုတ်ဒဏ်ကြောင့် ပိပြားပါးလျနေတဲ့ ဆံပင်နဲ့ခေါင်းပိုင်းကို မမြင်သာအောင် ကင်မရာကို သူ့ရဲ့ ဘယ်ဘက်အခြမ်းကနေ ရိုက်ပါဆိုတာမျိုး ဖြစ်နေလေရဲ့။
နိုင်ငံ့ဦးသျှောင် ဘဝရှင် မင်းတြားကြီးဆိုတာမျိုး အမြင်ခံရဖို့၊ အသိအမှတ်ပြုခံရဖို့ ဘယ်လိုပြုမူ ပြောဆိုသင့်တယ်ဆိုတာလေးလောက်ကိုတောင် လေ့လာထားတာ မရှိဘဲ ကမ္ဘာကျော်မဂ္ဂဇင်းကြီးက ငါ့ကို ကြည်ညိုလွန်းလို့ လာမေးတာပဲလို့ထင်တလုံးနဲ့ ဝါဒဖြန့်အပြောတွေ ပြောလွှတ်လိုက်မယ်ဆိုပြီး ကလိမ်ကကျစ် တွေးခဲ့ လုပ်ခဲ့တာ သိပ်ကို ထင်ရှားနေတာပါ။ဒါနဲ့များတောင်အဆုံးသတ်
နားမှာ စာတွေဖတ်ခဲ့ဖြစ်အောင် မိဘကလည်း ပျိုးထောင်ပေးခဲ့သလို သူကိုယ်တိုင်ကလည်း ဖတ်တယ်ဆိုပဲ။ပြောရဲလိုက်တာ၊ ပေါရဲလိုက်တာလို့ အံ့ချီးမကုန်ရမယ့် အပေါက်ပါလား။
တကယ့်ကို ပေါက်ကရ ဖြေသွားလိုက်တာများ အချက်အလက်ကိုလည်း အခြေမခံ၊ ယုတ္တိဗေဒကိုလည်း မထည့်တွက်၊ မေးလာနိုင်တဲ့ မေးခွန်းတွေအတွက် ဘယ်လို တုံ့ပြန်မယ်ဆိုတဲ့ ခုခံရေးလိုင်းကြောင်းကိုလည်းမစဉ်း
စားထား၊ အခေါ်အဝေါ် အသုံးအနှုန်းကအစ ဘယ်မူဝါဒပေါ်မှာမှ အခြေမတည်ဘဲ ပါးစပ်က ထွက်ချင်ရာထွက် ပြောချ၊ ဒေါ်အောင်ဆန်းစုကြည်၊ အမေရိက၊ တရုတ်တို့နဲ့ ပတ်
သက်တဲ့ အကြောင်းအရာတွေက မေးခွန်းထဲ ပါလာမှာကို တွက်ဆနိုင်ရက်နဲ့ သူကိုယ်တိုင်ကရော သူ့မင်းဆရာ/မင်းတပည့်/မင်းဖော်လံဖားတွေကလည်း ပြင်ဆင်မထားဘဲ စိတ်ယုတ်မာအခံအတိုင်း သူများကို အပြစ်ပြော၊ လှီးလွှဲဖြေဆိုတဲ့ထုံးကိုသာ ကျင့်သုံးနဲ့ တကယ့်ကို ဝရုန်းသုံးကား ဖြစ်ခဲ့တာ မိနစ်သုံးဆယ်ဝန်းကျင်မို့သာ တော်တော့တယ်ဆိုရပါမယ်။
အင်တာဗျူးသူနေရာက နေကြည့်ရင် ဘာအချက်အလက်မှ မရလိုက်ဘဲ အသားလွတ် ဝါဒဖြန့် ကိုယ်ရည်သွေး ပေါက်ပန်းလေးဆယ် ပြောသွားတာတွေကိုမရယ်မိအောင်၊ ခေါင်းခါ
စိတ်ပျက်ဟန် မပြမိအောင် ကြိတ်မှိတ်နေခဲ့နိုင်ဖို့ မလွယ်ဘူးဆိုတာပါပဲ။ ဒီတော့ အခွင့်
အရေးတွေ ပေးဖို့ လာခဲ့သလောက် ဒင်းက အဆင်ပြေအောင် မကြိုးစားဘဲ စစ်အာဏာ
ရှင်ပီပီသသကြီး ကျနော်မျိုး ညံ့တာ တွေ့ပလား၊ မြန်မာနိုင်ငံကြီး မတိုးတက်ဘဲ မငြိမ်း
ချမ်းဘဲ ပျက်စီးသွားတာ ကျနော်မျိုးကြီးသာ တရားခံဆိုတာ ယုံပလားလို့ သတင်းစကား အပါးခံရသလို ဖြစ်တော့သကိုး။
ဒီတော့လည်း အင်တာဗျူးသားသက်သက်ကို ဒီအတိုင်း ဖော်ပြရအောင် ကမ္ဘာကျော်မဂ္ဂဇင်းကြီးက သူ့သိက္ခာလည်း ငဲ့ရဦးမှာလေ။ ဘဝသေနေပြီးနှင့်တဲ့ မင်းတြားရူး/မင်းတရားခံကြီးကသာ သိက္ခာဆိုတာ မရှိလို့ မငဲ့မကွက် မထောက်မရှုဘဲ ထင်တိုင်းကြဲ ဖြေရဲခဲ့တာကိုး။ အဲဒီလိုနဲ့ အင်မတန် ပြည့်စုံသေသပ်လှပတဲ့ သတင်းဆောင်းပါးတစ်စောင် ဖြစ်အောင် အားထုတ်တင်ဆက်ခဲ့ရပုံပါ။
ငါ ဘာလုပ်လုပ် အချိန်တန်တော့လည်း သမ္မတ/မင်းတြားကြီးဆိုတဲ့ အရှိန်အဝါကြောင့် ငါ့ကို လာခစားကြတာပဲ၊ ကမ္ဘာကို လူလုံးထွက်ပြခွင့်အတွက် အဗျူးခံလိုက်ပါ့မယ်လို့ ကလိမ်ကကျစ်ကျပြီး တွေးခဲ့ ပြုမူခဲ့တာက မြန်မာနိုင်ငံကို ဖျက်ဆီးခဲ့ ဖျက်ဆီးနေဆဲ ဒင်းတရားခံကြီးသာ ဖြစ်တာပါ။ ဒါကြောင့်လည်း သူ့ကြောင့် ဘဝဘဝတွေ သေကြေပျက်စီးရသလို သူကိုယ်တိုင်လည်း အသက်သာ မသေ အရှက်သိက္ခာအပါအဝင် လူရာဝင်မှုမှာ အခါခါ သေနေရတဲ့ ဘဝသေ မင်းတရားခံကြီးအဖြစ် ကမ္ဘာကျော်မဂ္ဂဇင်းကြီးမှာ မှတ်တမ်းတင်ခံလိုက်ရပေတာပဲ။ ကောင်းလှောင့်တည်း။ ။

😁48👍19❤7🤣3🖕3🌚2
■ဆောင်းပါး
စစ်ပွဲကြားက စာသင်ခန်း
●ဗုံးခိုကျင်းတွေကြားမှာ ဆက်လက်သင်ယူနေတဲ့ မြန်မာကလေးများ၏ ပညာရေး
- ရတနာ ရေးသားသည်။
ကလေးတစ်ယောက်အတွက် ကျောင်းဆိုတာ စာသင်ကြားရာ၊ ကစားရာ၊ အိပ်မက်များ စတင်ပုံဖော်ရာ နေရာဘဲ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ကျောင်းတက်ရတဲ့ နေ့တိုင်းဟာ စာသင်ယူဖို့ သာမက အသက်အန္တရာယ်ကိုပါ ရင်ဆိုင်ရတဲ့ နေ့ရက်များ ဖြစ်လာခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကောင်းကင်ယံကနေ အချိန်မရွေး ကျရောက်လာနိုင်တဲ့ ဗုံးအန္တရာယ်ကို ကလေးတွေဟာ စာသင်ယူရင်းနဲ့ပင် ကြောက်ရွံ့မှုများကြားက ရင်ဆိုင်နေရပါတယ်။
ကျောင်းဝင်းထဲမှာ စာသင်ခန်းတွေနဲ့အတူ လေကြောင်းရန် ဗုံးခိုကျင်းတွေပါ မရှိမဖြစ် ဆောက်လုပ်ထားရတဲ့ အခြေအနေဟာ စစ်ပွဲရဲ့ ခြိမ်းခြောက်မှုအရိပ်အောက်မှာ မြန်မာ့ပညာရေး ဘယ်လောက်အထိ ပြောင်းလဲသွားခဲ့သလဲဆိုတာ ဖော်ပြနေပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်ကြာလာချိန်မှာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။ နောက်ဆုံး သန်းခေါင်စာရင်းအရ ကျောင်းနေတဲ့အရွယ် ကလေးနဲ့ လူငယ်ဦးရေက ၁၃ သန်းခန့်ရှိနေပေမယ့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကျောင်းအပ်နှံထားသူ ၆.၇ သန်းရှိပဲ ရှိပါတယ်။ အဲဒီလိုတွက်ချက်လိုက်ရင် ကလေးနှင့် လူငယ် ၆.၃ သန်းကျော်ဟာ အခြေခံပညာ သင်ယူခွင့်မရဘဲ ကျောင်းပြင်ပမှာ ကျန်ရစ်နေကြပြီး၊ ကျောင်းနေအရွယ် လူငယ်များ၏ ထက်ဝက်နီးပါးဟာ ပုံမှန်ပညာရေးစနစ်အပြင်ဘက်မှာ ရောက်ရှိနေတဲ့ အခြေအနေ ဖြစ်လာပါတယ်။
ကျောင်းမတက်နိုင်တဲ့ အကြောင်းရင်းတွေထဲမှာ စစ်ဘေး၊ နေရပ်စွန့်ခွာရမှု၊ ဆင်းရဲနွမ်းပါးမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေ ပါဝင်သလို၊ အဆိုးဆုံးကတော့ ကျောင်းကိုယ်တိုင်က လုံခြုံမှုမရှိတော့တာ ဖြစ်ပါတယ်။ စာသင်ခန်းဟာ ဗုံးကျရောက်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာတဲ့အခါ မိဘတွေအတွက်လည်း ကလေးကို ကျောင်းပို့ဖို့ဆိုတာ အသက်အန္တရာယ်နဲ့ လောင်းကြေးထပ်ရတဲ့ အခက်ခဲဆုံးဆုံးဖြတ်ချက်တစ်ခု ဖြစ်လာပါတော့တယ်။
ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီး ဒေါ်ဂျာထွယ်ပန်က "ကျမတို့ကျောင်းရှိတဲ့ နေရာတွေကို နေရာအနှံ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကြတာပါ။ သူတို့က ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဆေးရုံတွေကိုပါ ပစ်မှတ်ထားနေတာ။ "လူငယ်တွေခမျာ ကြောက်လန့်တကြားနဲ့ စိတ်အေးချမ်းလုံခြုံမှု မရှိဘဲ အမြဲသတိထား စိုးရိမ်နေရပါတယ်" လို့ပြောပါတယ်။
"စစ်ပွဲကြားမှာ ကလေးတွေအတွက် ပုံမှန်ဘဝတစ်ခု ရှိနေသေးတယ်လို့ ခံစားရဖို့ အရမ်း အရေးကြီးပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အချိန်မှာ သူတို့ အားထားနိုင်တဲ့ နေရာတစ်ခုတော့ ရှိသင့်ပါတယ်" ဟု သူမက ထောက်ပြပါတယ်။
အသက် ၄၂ နှစ်အရွယ် လူမှုဗေဒသုတေသီတစ်ဦးဖြစ်တဲ့ သူမဟာ ကချင်နိုင်ငံရေး ကြားဖြတ်ညှိနှိုင်းရေး အဖွဲ့ (KPICT) ကို ကိုယ်စားပြုပြီး စစ်အုပ်စုကို ဆန့်ကျင်နေတဲ့ အတိုက်အခံအင်အားစုတွေအတွင်း အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။
သူမဟာ ယမန်နှစ်ကလည်း ဗုံးခိုကျင်းများ တည်ဆောက်နိုင်ဘို့ ရန်ပုံငွေ ရှာဖွေခဲ့ရကြောင်း Asia Times ကို ပြောပါတယ်။ ပြည်ပမှာ အဓိက လှုပ်ရှားနေရပေမယ့် ဒေါ်ဂျာထွယ်ပန်ဟာ မြေပြင်ကိုလည်း မကြာခဏ သွားရောက်လေ့ရှိပြီး သဲအိတ်များ၊ မြေသားများနဲ့ တည်ဆောက်ထားတဲ့ မြေအောက်ဗုံးခိုကျင်း အဝင်မှာ ရိုက်ကူးထားတဲ့ သူမရဲ့ဓာတ်ပုံက လက်ရှိအခြေအနေကို သက်သေပြ နေပါတယ်။
သူမကတော့ လွတ်မြောက်နယ်မြေတွေမှာ ပညာရေးကို တီထွင်ဖန်တီးမှုတွေနဲ့ ဆက်လက် ရှင်သန်အောင် ထိန်းသိမ်းထားနိုင်ပြီး မိဘပြည်သူတွေရဲ့ အားပေးထောက်ပံ့မှု ရှိနေသရွေ့ ပညာရေးနဲ့ တော်လှန်ရေးကို ဆက်လက်ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်ထားသူ ဖြစ်ပါတယ်။
ဝန်ကြီးရဲ့ အဆိုအရ လက်ရှိ NUG လက်အောက်မှာ ယာယီကျောင်းပေါင်း ၅,၀၀၀ ခန့် လည်ပတ်နေပြီး ကျောင်းသား ၈၀၀,၀၀၀ နီးပါးနဲ့ အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဆရာ၊ ဆရာမအများအပြားပါဝင်တဲ့ ဆရာ၊ ဆရာမ ၆၀,၀၀၀ ကျော်က ဒီပညာရေးစနစ် မပျောက်ကွယ်သွားအောင် ဆက်လက်ထိန်းသိမ်း စီမံကွပ်ကဲပေးနေကြပါတယ်။ ဒေသခံ လူမှုအသိုင်းအဝိုင်းတွေကတော့ ဆရာ၊ ဆရာမတွေအတွက် နေထိုင်ရေး၊ အခြေခံလိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးနေကြပြီး စစ်ဘေးကြားမှာတောင် ပညာရေးမရပ်တန့်စေဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
လုံခြုံရေးဟာ အခုဆိုရင် ကျောင်းတစ်ကျောင်း ဖွင့်နိုင်၊ မဖွင့်နိုင်ကို ဆုံးဖြတ်တဲ့ အဓိက စံနှုန်းတစ်ခု ဖြစ်လာပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပနိုင်ဖို့တောင် ကျောင်းမှာ လေကြောင်းရန် ဗုံးခိုကျင်း ရှိမရှိ၊ ဘေးကင်းရေးစံနှုန်းတွေ ပြည့်မီမပြည့်မီကို စစ်ဆေးရတဲ့အထိ အခြေအနေ ပြောင်းလဲသွားခဲ့ပါတယ်။ ကျောင်းဝင်းထဲမှာ သဲအိတ်အထပ်ထပ်၊ မြေအောက် ဗုံးခိုကျင်းဝင်ပေါက်တွေ မြင်တွေ့ရတာက စစ်ပွဲရဲ့ အရိပ်အယောင်တောင် မရှိသင့်တဲ့ နေရာဟာ စစ်ပွဲရဲ့အရိပ်မည်းအောက် ဘယ်လောက်အထိ ကျရောက်လာသလဲဆိုတာ ထင်ဟပ်နေပါတယ်။
“ဒါဟာ မြန်မာနိုင်ငံက ‘ရှင်သန်ကျန်ရစ်သူများအတွက် ပညာရေး’ ရဲ့ လက်တွေ့အရှိတရားပါပဲ” လို့ ဒေါ်ဂျာထွယ်ပန်က AsiaNews ကို ပြောပါတယ်။

😢21❤6🤮2🖕2🤣1
၂၀၂၃ နဲ့ ၂၀၂၄ နှစ်နှစ်အတွင်းမှာပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေ တိုက်ခိုက်ခံရမှု အနည်းဆုံး ၂၁၇ ကြိမ် ရှိခဲ့ပြီး၊ ကျောင်း ၁၄၁ ကျောင်းကို စစ်ရေးအရ အသုံးပြုခဲ့ကြောင်း အချက်အလက်တွေက ဖော်ပြထားပါတယ်။ ကျောင်းဆိုတာ ကလေးတွေအတွက် အလုံခြုံဆုံး နေရာဖြစ်သင့်ပေမယ့် လက်တွေ့မှာတော့ တိုက်ပွဲရဲ့ သက်ရောက်မှုကို တိုက်ရိုက်ခံနေရတဲ့ နေရာတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒီအန္တရာယ်ဟာ စိုးရိမ်မှုသက်သက် မဟုတ်ဘဲ မြေပြင်မှာ အသက်ပေးခဲ့ရတဲ့ ကလေးငယ်တွေ၊ ဆရာဆရာမတွေရဲ့ ဖြစ်ရပ်တွေနဲ့ မှတ်တမ်းတင်ထားရတဲ့ အဖြစ်ဆိုးတွေဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေဟာလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုများ ခံခဲ့ရပြီး ကလေးငယ်များနဲ့ ဆရာ၊ ဆရာမများ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၇ ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနဲ့ ဆရာ၊ ဆရာမများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ် မေလ ၁၂ ရက်မှာလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသူ ၂၀ ဦးနဲ့ ဆရာမ ၂ ဦးအပါအဝင် စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ပါတယ်။
၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှာတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရက်တပင်ရွာရှိ ပညာပန်းခင်းနဲ့ အမြင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းများ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကျောင်းသားအများစုအပါအဝင် ၂၂ ဦး သေဆုံးကာ အနည်းဆုံး ၂၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ထို့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့နယ်ရှိ ဒွေးစီအီးကျေးရွာ စာသင်ကျောင်းနှင့် လွိုင်နန်းဖာကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ကလေးငယ် ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေက စာသင်ကျောင်းတွေဟာ ကလေးတွေအတွက် လုံခြုံရာနေရာဖြစ်သင့်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကလေးတွေရဲ့ ပညာသင်ယူခွင့်ဟာ ဘယ်လောက်အထိ ခက်ခဲပြီး အန္တရာယ်များတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသလဲဆိုတာ မြင်နိုင်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ ၃.၅ သန်းကျော် ရှိနေပြီး၊ အဲဒီမိသားစုတွေထဲက ကလေးအများစု ပညာကို ဆက်လက်သင်ကြားနိုင်ဖို့က အနာဂတ်ကို ထိန်းထားနိုင်တဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေပါတယ်။ ဒါကြောင့် ပညာရေးဟာ စာသင်ပေးရုံသက်သက် မဟုတ်တော့ဘဲ စစ်ဘေးဒဏ်ကြောင့် ပြိုကွဲသွားတဲ့ လူ့အသိုင်းအဝိုင်းကို ပြန်လည်တည်ဆောက်နိုင်ဖို့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာပါတယ်။
ဒေါ်ဂျာထွယ်ပန် ပြောသလို "ကျောင်းမှာ ဗုံးခိုကျင်းရှိတယ်၊ ဆရာမတွေရှိတယ်၊ တစ်ခုခုဖြစ်ရင် ထွက်ပြေးဖို့ လမ်းကြောင်းရှိတယ်။ ကလေးတွေအတွက် သူတို့အိမ်မှာထက် ကျောင်းမှာ လုံခြုံရေး ပိုရှိနိုင်အောင်" ဆိုတဲ့ စကားက ယနေ့ မြန်မာနိုင်ငံက ကလေးတွေ ပညာသင်ကြားနေရတဲ့ ဘဝအခြေအနေကို အနက်ရှိုင်းဆုံး ဖော်ပြနေပါတယ်။
ကလေးတစ်ယောက် ကျောင်းတက်နိုင်ဖို့အတွက် စာအုပ်နဲ့ သင်ကြားရေးပစ္စည်းတွေသာ မလုံလောက်တော့ဘဲ ဗုံးခိုကျင်း၊ လေကြောင်းရန် သတိပေးစနစ်နဲ့ အသက်ရှင်ကျန်ရစ်နိုင်မယ့် အကာအကွယ်တွေပါ လိုအပ်လာတဲ့ အခြေအနေဟာ ပညာသင်ယူခွင့်ကို အသက်ရှင်ရပ်တည်ရေးနဲ့ တွဲဖက်စဉ်းစားနေရတဲ့ မြန်မာကလေးတွေရဲ့ နာကျင်ဖွယ် အမှန်တရား ဖြစ်နေပါတယ်။
ကိုးကား - Asia News, Myanmar Now, Mon Independent News, Mizzima, DVB

😢25❤4👍2🖕2🤮1🙏1🤣1
ကရင်နီကမြေအောက်စာသင်ခန်း / NUG ပညာရေးဝန်ကြီး/ အညာကမြေအောက်စာသင်ခန်း တစ်ခု ။
ဓါတ်ပုံ-hope ၊Asia News ၊ S&C
ဓါတ်ပုံ-hope ၊Asia News ၊ S&C
👍29🥰10😢6❤2🖕2😁1🤮1🤣1
ကျိုက်ထိုမြို့နယ်ကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်၊ကလေးငယ် ၁ဦး ဒဏ်ရာရ
စက်တင်ဘာ ၂၆၊၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၂၄ရက်မှာ ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်စု၊ အလူး ကျေးရွာအုပ်စု တွေက ရွာတွေကို လက်နက်ကြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့လို့ အလူးကျေးရွာအုပ်စု ရှမ်းစုရွာနေ အသက် ၉နှစ်ကလေးငယ် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်းလည်း သူက ပြောပြပါတယ်။ စစ်ကောင်စီရဲ့ တပ်မ(၄၄)က ကျောက်ဖျာကျေးရွာအုပ်စု ကို လက်နက်ကြီး ၁၀လုံး၊ ငှက်ပျောတောကျေးရွာအုပ်စုကို အသေခံဒရုန်း ၁စီးနဲ့ တိုက်ခိုက်ခဲ့သလို အလူးကျေးရွာအုပ်စုကိုလက်နက်ကြီး ၁လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်မှုကြောင့် အရပ်သားပိုင် နေအိမ်အချို့လည်း ပျက်စီးခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂၂ရက်ကလည်း တိုက်ပွဲမရှိဘဲ ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာအုပ်စုအတွင်းရှိ ရာဘာခြံတခုမှ ရာဘာခြံလုပ်သား ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေက အရပ်သား ပြည်သူနေထိုင်ရာရွာတွေကိုပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူလူထုသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။ဒါ့အပြင် စစ်ကောင်စီဟာ စာသင်ကျောင်းနဲ့ ကျန်းမာရေး၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။

🔥18😡11👏4🤬3❤2👎2🎉1🤮1
အာဆီယံမှာ မြန်မာငွေကြေးဖောင်းပွမှုအများဆုံး၊ စီးပွားရေးဆက်လက်နှေးကွေးမယ်
စက်တင်ဘာ-၂၆၊၂၀၂၆။ဇော်၀င်း/People's Spring
အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုအမြင့်ဆုံး(ငွေစက္ကူတန်ဖိုးလျော့ကျတာ)ဖြစ်နေပြီး စီးပွားရေးကျဆင်းမယ့် အခြေအနေတွေရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Develo pment Bank - ADB)ကထုတ်ပြန်ပါတယ်။
အာရှနဲ့ပစိဖိတ်ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွား
ရေးနဲ့လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုလေ့လာဆန်း
စစ်ချက်အစီရင်ခံစာအရမြန်မာနိုင်ငံဟာပြည်
တွင်း မတည်ငြိမ်မှုတွေ ဆက်လက်ရှိနေတာ နဲ့ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် (Supply Chain)ကြာရှည်စွာအနှောင့်အယှက်ဖြစ်နေ
တာကြောင့် စီးပွားရေး တိုးတက်မှု ပြန်လည်နှေးကွေးနေတာလို့ ADB ရဲ့စက်တင်ဘာ၂၃
ရက်ထုတ်ပြန်ချက်က ဆိုပါတယ်။
ပဋိပက္ခကြောင့် စက်သုံးဆီဈေးနှုန်းတွေ အ
ဆမတန်မြင့်တက်တာ၊ ပို့ဆောင်ရေးတုံ့ဆိုင်းမှုတွေ ပြန်လည်ဖြစ်ပေါ်တာနဲ့စီးပွားရေး ဖိ
အားတွေ ပိုမိုပြင်းထန်လာတာကြောင့် ပြည်
တွင်းမတည်ငြိမ်မှုနဲ့ သဘာဝဘေး အန္တရာယ်တွေကြားက စီးပွားရေးမရေရာမှုက ပိုမိုကြီးထွားလာနေတာလို့ အသိပေးပါတယ်။
"ကုန်ဈေးနှုန်းတက်တာကက အဆမတန်မြင့်နေတာကိုအဓိကပြဿနာဖြစ်နေတာ။နောက် သွင်းကုန်ကန့်သတ်မှုနဲ့ နိုင်ငံခြားငွေရရှိဖို့ ခက်
ခဲတာ၊ထုတ်လုပ်မှုကုန်ကျ စရိတ်တက်တာတွေက မြန်မာ့စီးပွားရေးရဲ့အားနည်းချက်ဖြစ်နေတာတွေရဲ့ အကြောင်းအရင်း ဖြစ်နေတာကို ADB ရဲ့ အစီရင်ခံစာမှာတွေ့ရတယ်"လို့ အသက် ၅၀ အရွယ်ကုန်စည်ဒိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင်ကုန်ကြမ်းတင်သွင်းမှုကန့်သတ်ချက်
တွေ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုတွေ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေမြင့်မားနေတာတွေကြောင့် အခုဘဏ္ဍာ
နှစ် မြန်မာ့စီးပွားရေးတိုးတက်မှု နှုန်းကို ADB က ၂ ဒသမ ၄ ရာခိုင်နှုန်း ကနေ ၂ ဒသမ ၂ သို့ လျှော့ချသတ်မှတ်လိုက်ပါတယ်။
ကုန်ဈေးနှုန်း ကြီးမြင့်မှု (Inflation)ကြောင့်လည်း ငွေကြေးဖောင်းပွမှုက အရင်နှစ် ထက် ၇ ရာခိုင်နှုန်းပိုတိုးလာတယ်လို့ ADB က ဖော်ပြပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာငွေ ကြေးဖောင်းပွမှုက ၂၄ ရာခိုင်နှုန်းရှိပါတယ်။
မြန်မာ နိုင်ငံရဲ့ ငွေကြေးက တခြား အရှေ့
တောင်အာရှနိုင်ငံတွေဖြစ်တဲ့ (ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်းကာပူ၊ ထိုင်း၊ တီမော-လက်စတေ၊ ဗီယက်နမ်) ထက် ငွေကြေးဖောင်းပွမှုနှုန်း (Inflation) သိသိသာသာ အလွန်မြင့်မားနေပြီး ဒုတိယငွေကြေးဖောင်းပွမှုနှုန်းအမြင့်ဆုံးဖြစ်တဲ့ လာအိုထက်တောင် ၁၅ ရာခိုင်နှုန်း နီးပါး ပိုများနေပါတယ်။
မြန်မာနဲ့ အာဆီယံနိုင်ငံတွေရဲ့ငွေကြေးဖောင်း
ပွမှုက၂၀၂၆ နှစ်ကုန် နဲ့ လာမယ့်နှစ်အထိ မြင့်မားတဲ့အဆင့်မှာပဲ ဆက်လက်ရှိနေမယ်လို့ ADB က ခန့်မှန်းပါတယ်။
"အရင် နှစ်ရက်လောက်က တစ်သောင်းနှစ်ထောင် ပေးရတဲ့ စားအုန်းဆီက အခုတစ်ပိဿာ နှစ်သောင်း ဖြစ်နေတယ်။ဒါတောင် လွယ်လွယ်ကူကူ၀ယ်မရဘူး"လို့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က အိမ်ရှင်မတစ်ဦးက ကုန်
ဈေးနှုန်းတက်နေတဲ့အခြေအနေကို ပြောပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်း ဖိအားတွေနဲ့ ပြည်
တွင်း ဒါမှမဟုတ် ပြည်ပ မတည်ငြိမ်မှု ဘယ်အရာမဆို ထပ်မံဖြစ်ပေါ်လာရင်လည်း မြန်မာ့ ငွေကြေးဖောင်းပွမှုကို ဆက်လက် မြင့်တက်နိုင်လိမ့်မယ်လို့ အစီရင်စာမှာ ပါရှိပါတယ်။
နိုင်ငံခြားငွေ ရရှိနိုင်မှု ပိုမိုဆိုးရွားလာရင် သွင်း
ကုန် ကန့်သတ်ချက်တွေ ပိုမိုတင်းကြပ်စေနိုင်ပြီး ဖွံ့ဖြိုးရေး အရင်းအမြစ်တွေကိုပါ ကန့်
သတ်စေကာ ဆက်လက်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မရေရာမှုတွေ၊ စီးပွားရေး ယုံကြည်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး တိုးတက်မှု အလားအလာတွေကို ဆက်လက် ပျက်စီးစေလိမ့်မယ်လို့လည်း ADB က သတိပေးထားပါတယ်။

🤬29🔥10❤4👍3🖕2👎1👏1😢1🤣1
ဘုတလင်မှာ ကိုဝေမိုးနိုင်မွေးနေ့ဂုဏ်ပြုပြီး ပန်ဒါလေး ရွေ့လျားစာကြည့်တိုက် စတင်
စက်တင်ဘာ ၂၆၊ ၂၀၂၆။ ဇေအောင်/People's Spring
ဘုတလင်မြို့နယ်မှာ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေမိုးနိုင် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်ဒါလေး ရွေ့လျားစာကြည့်တိုက်ကို စတင်ဖွင့်လှစ်လိုက်ပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၆ ရက်ဟာ မတရားဖမ်းဆီးခံထားရတဲ့ ကိုဝေမိုးနိုင်ရဲ့ (၃၁)နှစ်ပြည့် မွေးနေ့ဖြစ်ပြီး စစ်အာဏာရှင်ရဲ့ ယုတ်မာမှုကို အကျဉ်းထောင်အတွင်းကနေ ကြံ့ကြံ့ခံ ရင်ဆိုင်နေတဲ့ ကိုဝေမိုးနိုင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်သူလူထုက ချစ်စနိုးခေါ်ကြတဲ့ သူ့အမည် ပန်ဒါလေးကို အစွဲပြုပြီး ရွေ့လျားစာကြည့်တိုက်လေး (၁)ခု စတင်လိုက်ကြောင်း ဘုတလင်မြို့နယ် သပိတ်အင်အားစုက အသိပေးပါတယ်။
ကိုဝေမိုးနိုင်ဟာ ငယ်ကတည်းက စာဖတ်နာခဲ့သူဖြစ်ပြီး အသက်(၁၃)နှစ်ဝန်းကျင်ကတည်းက စာရေးခဲ့သူဖြစ်ကြောင်း၊ ဒါ့ကြောင့် ရွေ့လျားစာကြည့်တိုက်လေးမှာ သူ့အမည်ပေးကာ ဂုဏ်ပြုတာဖြစ်ကြောင်း ဘုတလင်မြို့နယ်သပိတ်အင်အားစုရဲ့ အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။
"သူ့ရဲ့မွေးနေ့ကိုလည်း ဂုဏ်ပြုချင်တာပါသလိူ ဒေသတွင်းမှာရှိတဲ့လူငယ်တွေ၊ ပိုပြီးတော့ စာဖတ်ရှိ မြှင့်တင်လာဖို့ရယ်၊ ပြီးရင် ကလေးငယ်တွေ စိတ်လက် ကြည်ကြည်သာသာနဲ့ ပျော်ပျော်ရွှင်ရွှင် ခဏတဖြုတ်ပဲ ဖြစ်ဖြစ် နားနေနိုုင်ဖို့အတွက် ရည်ရွယ်ချက်လည်း ပါပါတယ်"လို့ ကိုရှင်းသန့်က ပြောပါတယ်။
စစ်အာဏာရှင်ကို တော်လှန်ရင်း ပိုပြီးကောင်းမွန်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့အခါမှာ စာကြည့်တိုက်တွေကလည်း အရေးပါတဲ့နေရာမှာ တည်ရှိနေတာမို့ အခက်အခဲကြားက စတင်ခဲ့တာလို့ သိရပါတယ်။
ဒီစာကြည့်တိုက်လေးမှာ စာအုပ်တွေလည်း ဖတ်လို့ရတဲ့အပြင် ကလေးငယ်တွေ ခဏတာပဲဖြစ်ဖြစ် ပျော်ရွှင်စေဖို့ အရောင်ခြယ်တာ ကစားတာတွေလည်း လုပ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ အေးချမ်းစွာ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ဧပြီ ၁၅ ရက်မှာ စစ်တပ်က ကားနဲ့တိုက်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ အဲဒီနောက် ကိုဝေမိုးနိုင်ကို ပုဒ်မပေါင်းစုံနဲ့ စစ်ဝ၌္က တရားစွဲဆိုပြီး ထောင်ဒဏ် နှစ်(၇၀)ကျော် ချမှတ်ထားပါတယ်။

🥰35❤7👍6🤮2👎1🤣1
(ပန်ဒါလေးရွေ့လျားစာကြည့်တိုက်ကို တွေ့ရစဥ် ဓာတ်ပုံံ-ဘုတလင်မြို့နယ် သပိတ်အင်အားစု)
❤57🥰9👍6🖕2🤮1
SKDကားစက်ရုံထုတ်ဈေးနဲ့ ပြင်ပဈေး ကျပ်သိန်း ၂၀၀၀ ကျော်အထိကွာဟ
■စရံငွေကြိုသွင်းပြီးကားဝယ်ဖို့စောင့်နေသူတွေတစ်နှစ်ကျော်တဲ့အထိကားမရဖြစ်နေ
စက်တင်ဘာ-၂၆၊၂၀၂၆။ဇော်၀င်း/People's Spring
ပြည်တွင်း SKD ကားတွေရဲ့ စက်ရုံထုတ်ဈေးနဲ့ ပြင်ပပေါက်ဈေးဟာ ကျပ်သိန်းနှစ်ထောင်ကျော်ကွာဟနေပြီး စရံငွေကြိုပေးထားသူတွေ တစ်နှစ်ကျော်တဲ့အထိ ကားမရသေးတဲ့အခြေအနေဖြစ်နေပါတယ်။
လို့ စရံငွေကြိုပေးထားပြီးကားမရသေးသူတွေနဲ့ ကားဈေးကွက်ထဲက သိရပါတယ်။
ပြည်ပမှ ကားအစီးလိုက်တင်သွင်းမှုထက် အခွန်စရိတ်သက်သာတာကြောင့် တဝက်တပျက် တပ်ဆင်ပြီးသားအဖြစ် တင်သွင်းလာပြီး ပြည်တွင်း စက်ရုံတွေမှာအပြီးသတ်တပ်
ဆင်တဲ့ (Semi-Knocked Down-SKD )ကားဈေးတွေတွေဟာ ပြင်ပဈေးကွက်မှာ အ
နည်းဆုံး ကျပ်သိန်း ၁၅၀၀ ကနေ ကျပ်သိန်း ၂၂၀၀ အထိရှိပိုများနေတယ်လို့မော်တော် ကား ရောင်း၀ယ်သူတချို့က ပြောပါတယ်။
တိုယိုတာ၊ ဟွန်ဒိုင်း ၊ ဆူဇူကီး ၊ဖို့ဒ် နဲ့ တရုတ်ကားဘရန်း တွေဖြစ်တဲ့ Changan ၊Soueast ၊Dongfeng နဲ့ Leap motor တွေဟာ SKD စနစ်နဲ့ မော်တော်ကားထုတ်လုပ်နေတာဖြစ်ပါတယ်။
"Toyota Travo ဆို စက်ရုံထုတ်ဈေးက ၂၈၀၀ ဆိုရင်ဈေးကွက်ထဲမှာ ၅၀၀၀ လောက်ဖြစ်နေတာပေါ့။SKD စက်ရုံ နဲ့ ကား Showroom တွေရဲ့ နှစ်ဦးသဘောတူပူးပေါင်းရိုက်ချက်တွေ"
လို့ ဝါရင့် ကား၀ယ်ရောင်း အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
"နိုင်ငံတစ်ဝန်းလက်ရှိ Toyota Travoကားတွေရဲ့ ရရှိမှုအခြေအနေကို ကြည့်မယ်ဆိုရင် အ
များစုကအမှန်တကယ်အသုံးပြုမယ့် Customer တွေလက်ထဲကို မရောက်ဘဲ ဝယ်ရောင်းလုပ်ကိုင်သူတွေ နဲ့ Car Showroom တွေရဲ့ လက်ထဲမှာပဲ ရှိနေတယ်လို့ တွေ့မြင်နေရပါတယ်"လို့ SKD နဲ့ကားဝယ်ဖို့ ကျပ်သိန်း ၂၀၀ ငွေကြိုသွင်းထားပေမယ့် တစ်နှစ်ကျော်ကြာတဲ့အထိကားဝယ်ခွင့်မရသေးသူတဦးကပြောပါတယ် ။
ကားဝယ်စီးလိုတဲ့ပြည်သူတွေက Pre-Order တင်ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့အချိန်မှာ ကားအသစ်တွေက ကားအရောင်းပြခန်း( Car Showroom ) တွေမှာ အများအပြားရောက်ရှိနေတာကို တွေ့နေရတယ်လို့လည်းသူကဆက်ပြောပါတယ်။ ဒါကြောင့် SKD နဲ့ကားဆင်ပေးတဲ့စက်ရုံတွေရဲ့ကားခွဲဝေမှုစနစ်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာဖြစ်စေချင်တယ်လို့လည်းသူကပြောပါတယ်။
SKD စနစ်နဲ့ ကားတွေကသုံးစွဲသူတွေကိုတ
ကယ်အကျိုးမဖြစ်ဘဲ ကားဈေးကွက်ကိုပါ ကမောက်ကမ ပိုဖြစ်စေတယ်လို့လည်း မော်
တော်ယာဉ်ဈေးကွက်စောင့်ကြည့်သူတစ်ဦးက အသိပေးပါတယ်။
"နိုင်ငံခြားငွေ မထုတ်ပေးနိုင်လို့ ကားသွင်းခွင့် မရကြဘူး။အဲ့ဒါကြောင့် ရောက်ပြီးသား အ
သစ်တွေက ထိုးတက်တယ်။နောက် အခု SKD ကားခွဲတမ်းကပါ ရှုပ်ထွေးပြီး အမှန်တကယ် စီးမယ့်သူတွေဆီ လိုတဲ့သူတွေဆီ မရောက်တော့ ဈေးကွက်က တနေ့တခြားပိုပိုဆိုးလာတယ်"လို့ သူ့အမြင်ကိုရှင်းပြပါတယ်။
လက်ရှိ ပြည်တွင်းကားဈေးကွက်မှာလည်း ဂျ
ပန်တပတ်ရစ်ကားတွေအပါအ၀င်မော်ဒယ်လ်
အမျိုးအစားအလိုက်ကျပ်သိန်းရာဂဏန်းမှ ထောင်ဂဏန်းအထိ ဈေးတက်နေတယ်လို့လည်း ဆိုပါတယ်။
"လက်ထဲ ကားတွေ အများကြီး လှောင်ထားတဲ့ သူတွေ အကျိုးအမြတ်ရနေတယ်"လို့ ဒေါပုံမြို့နယ်က ကား၀ယ်ရောင်းတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော် မတီ (FESC) က ကားတင်သွင်းခွင့်ပါမစ်အားလုံးကို ရက်အကန့် အသတ်မရှိ ယာယီရပ်ဆိုင်းခဲ့တာကြောင့်လည်း အရည်ကြိုကားအပ်ပြီး EV သွင်းဖို့ စောင့်နေသူတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်မှာလူတန်းစားတွေလက်လှမ်းမီခဲ့တဲ့ကားဈေး
ကွက်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်း ကစပြီး ကျပ်သိန်း ၁၀၀ ၀န်းကျင် ပရိုဘောက်ကားက အနည်းဆုံး သိန်း ၆၀၀ ဖြစ်နေပြီး သိန်း ၁၅၀ နဲ့ ၀ယ်လို့ရခဲ့တဲ့ ၂၀၀၈ ဟွန်ဒါဖစ် ကားတွေက သိန်း တစ်ထောင်၀န်းကျင်အထိဖြစ်နေပါတယ်။ဒါကြောင့်ငွေကြေတက်
နိုင်သူတွေဘဲ ကားဝယ်စီးနိုင်တော့ပြီး ကားဝယ်စီးနိုင်သူတွေ ပိုနည်းလာပါတယ် ။

👎24❤12🔥4👍2😁2😢2🤬1🤣1