“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၂၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ရန်သူ့ လေကြောင်းတိုက်ခိုက်မှုကြုံရချိန် ခွန်အားရှိကြောင်းပြဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေပြော
အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့ လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။ စက်တင်ဘာ ၂၄ရက်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ရဲဘော်အချို့ ကျဆုံးကာ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားဒဏ်ရာရခဲ့တာရှိပေမယ့် အထူးတိုင်းစစ်ဌာနက လုပ်ဆောင်နေတဲ့ ဝိုင်းချစ်မယ့် တိုင်းစစ် ရန်ပုံငွေရှာဖွေတဲ့ ကမ်ပိန်းကို စက်တင်ဘာ ၂၅ရက်မှာ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကမ်ပိန်းမှာ မြေပြင်မှာရှိတဲ့ အထူးတိုင်းစစ်ဌာန ရဲဘော်တွေက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရလို့ ကျဆုံးသွားတဲ့ရဲဘော်တွေရှိသလို အထူးတိုင်းမှာ တာဝန်ထမ်းဆောင်ရင်းကျသွားတဲ့CDM ဆရာကြီးတဦးရှိကြောင်း၊ ရဲဘော်တွေကျပေမယ့် လုပ်ဆောင်ရမယ့်အရာတွေ ရပ်လိုက်လို့မရဘဲ ဆက်လုပ်ရမှာ ဖြစ်ကြောင်း အထူးတိုင်းရဲဘော်တစ်ဦးက ပြောပါတယ်။
◾️ကောလင်းနယ်ကို စစ်တပ် ဗုံးကြဲမှု ၃ဦး သေဆုံး
အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာတွေကို စက်တင်ဘာ ၂၄ရက် မနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံပြည်သူ ၃ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကောလင်းမြို့နယ်၊ကိုက္ကိုကုန်းရွာကို စက်တင်ဘာ ၂၄ရက် ညနေ ၅နာရီ၂၀မိနစ်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့ သိရပါတယ်။ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀၊ ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့ပြီး ဒဏ်ရာရတဲ့သူတွေထဲ ခြေလက်ဖြတ်ရမယ့်သူတွေ ပါတယ်လို့ ကောလင်းမြို့ခံတစ်ဦးက ပြောပါတယ်။ အဲဒီမြို့ခံရဲ့ ဦးလေးဖြစ်သူဟာ သေဆုံးတဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃ဦးဟာ အသက်၆၀အရွယ်နဲ့ အသက်၂၀ ကျော်အရွယ်အမျိုးသားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို အခုရက်ပိုင်း မကြာခဏဗုံးကြဲနေပါတယ်။ စက်တင်ဘာ၂၃ ရက် မနက်ကလည်း အင်းတော်မြို့နယ်ထဲက ဆီကားတန်းကို တိုက်လေယာဥ်အုပ်နဲ့ဗုံးကြဲခဲ့တာကြောင့် ဒဏ်ရာရသူတွေထဲက ၃ဦးထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၅ဦးရှိလာတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
◾️ကျောက်တော်မြို့ကို စစ်တပ်ဗုံးကြဲ
စစ်တပ်စခန်းတွေ ဆက်တိုက်ဆုံးရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်နဲ့ အနီးဝန်းကျင်ကို Y12 လေယာဥ်နဲ့ ဗုံးအလုံးရေ ၃၀ ဝန်းကျင်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရိုဟင်ဂျာကလေးငယ်တွေအပါအဝင် အရပ်သား ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ စက်တင်ဘာ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်း ၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့ပေါ် ပြည်တော်သာရပ်ကွက်၊ ကျောက်တော်မြို့အနီး ပီစီ၊ ၀ကင်း၊ နိဒင်၊ ဒုံးရွာတို့ကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။ ဗုံးကြဲမှုကြောင့် ပီစီရွာက ရိုဟင်ဂျာတွေ မိသားစုလိုက် ဒဏ်ရာရကြပြီး အသက် ၁ နှစ်အရွယ်၊ ၈ နှစ်အရွယ် ကလေးငယ်တွေပါ ထိခိုက်ဒဏ်ရာရကြတယ်လို့ သိရပါတယ်။ ဒဏ်ရာရတာ အကုန်လုံး အရပ်သားတွေဖြစ်ပြီး အရပ်သားနေရာမှန်းသိရဲ့နဲ့ တမင်တကာကို ကြဲတာဆိုတော့ ပြောဖို့စကားတောင် မရှိဘူးလို့ ကျောက်တော်မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။
◾️မုံရွာမြို့မှာ အိမ်ခြံမြေပွဲစား မိသားစုလိုက် ပြန်ပေးဆွဲခံရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အိမ်ခြံမြေပွဲစားအပါအဝင် မိသားစုတစ်စုလုံး ပြန်ပေးဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၂၃ ရက် ညပိုင်းက မုံရွာမြို့ ၊ ကွေ့ကြီးရပ်ကွက်၊ ကန်သာယာအနီး နေထိုင်တဲ့ အိမ်ခြံမြေအကျိုးဆောင် ကိုမျိုးမင်းသန့်ရဲ့နေအိမ်ကို လူတစုက ဝင်ရောက်လာပြီး ကိုမျိုးမင်းသန့်၊ သူ့ဇနီးနဲ့ သမီး ၂ဦး စုစုပေါင်း ၄ ဦးကိုဖမ်းဆီးသွားတာလို့ သိရပါတယ်။ ညအချိန်ကြီးကို အိမ်ထဲဝင်ဆွဲသွားတယ်လို့ သိရပြီး မုံရွာက ကူကယ်ရာမဲ့နေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကိုမျိုးမင်းသန့်တို့ မိသားစုကို ဘယ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။ မုံရွာမြို့မှာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းကလည်း အင်ရွာသစ်နေ အိမ်ခြံမြေပွဲစား ဦးမောင်ဦးနဲ့ အဖော်တစ်ဦးတို့ကို အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသား ၄ ဦးက သုံးဘီးယာဥ်နဲ့ အိမ်ဝင်းလိုက်ပြဖို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီနောက် အောင်တော်မှုကျောင်းအနီး ရောက်ရှိချိန်မှာ မြေပွဲစား ဦးမောင်ဦးကို ဓားနဲ့ ၅ ချက်ခန့် ခုတ်သတ်ခဲ့ပြီး ပါလာတဲ့ အဖော်ဖြစ်သူကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
◾️NUGနဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်း ၅၀၀ စီ ထောက်ပံ့

👍23❤4🤣2👎1
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။ ကြားကာလဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းတို့က လူမှုစီးပွား တာဝန်ယူမှု (CSR) ရန်ပုံငွေမှရရှိငွေကို ပေါက်နဲ့ မြိုင်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ဖို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး တာဝန်ခံတွေနဲ့ ၊ လူသားစာနာတာဝန်ခံတွေကတဆင့် ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်တချို့ကိုလည်းပြန်လည်တည်ဆောက်ပေးဖို့ စတင်နေပြီလို့ သိရပါတယ်။
◾️မြင်းခြံနယ်မှာ စစ်တပ်စစ်ကြောင်းက ပြည်သူတွေရဲ့ အဝတ်အစားတွေပါ ခိုးယူနေ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်လက်အောက်ခံလက်နက်ကိုင်အဖွဲ့တွေဟာ ပြည်သူတွေရဲ့နေအိမ်တွေက အင်္ကျီ၊ လုံချည်၊ ထဘီတွေကိုပါ ခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၅ ရက်ကစပြီး နွားထိုးကြီးမြို့နယ်ဘက်ကနေ မြင်းခြံမြို့နယ်ဘက်ကို အင်အား ၄၀၀ ခန့်နဲ့ ရဲကွန်မန်ဒိုဆိုတဲ့ ရဲတွေ၊ စစ်သားတွေပါဝင်တဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေရဲ့နေအိမ်တွေက အဝတ်အစား၊ ထဘီ၊ အင်္ကျီတွေပါမချန် တွေ့သမျှ ပစ္စည်းတွေကို ကား၊ ဆိုင်ကယ်တွေနဲ့ ခိုးယူသယ်ဆောင်နေတာလို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်အချို့က ပြောပါတယ်။ အဲလိုခိုးယူလာတဲ့ ပစ္စည်းတွေကို နောက်ချန်စစ်တပ်က နွားထိုးကြီး-မြင်းခြံလမ်းပိုင်းအထိ ကားအကြီးတွေနဲ့ လာသယ်တာတွေလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
◾️နာဂဒေသမှာ ကြံ့ခိုင်ရေးအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို ပေါ်တာဆွဲ
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စက်တင်ဘာ ၂၃ရက် မနက် ၁၁နာရီခန့်က ဆွမ္မရာမြို့ကနေ လေရှီးမြို့ကိုသွားတဲ့ ကားဆရာနဲ့ ဒေသခံ ၁၀ဦးကို လေရှီးမြို့အဝင် ရေတောင်ရွာမှာ စစ်အုပ်စုက ဖမ်းသွားတာလို့ သိရပါတယ်။ လေရှီးမြို့နယ်က ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၁၀ -၂၀၁၅ အမတ်ဟောင်း ဦးရှီးသီးက ဒေသတွင်းကုန်စည်သယ်ယူပို့ဆောင်နေတဲ့ ကား ၉စီးကို စစ်ဆေးဖို့အတွက် သူ့အိမ်ရှေ့ကို မောင်းခိုင်းပြီး အိမ်အရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ဆိုင်းပြီး ဖမ်းဆီးသွားတာလို့ လေရှီးမြို့ခံတစ်ဦးက ပြောပါတယ်။
◾️စစ်တပ်နဲ့ ပြည်သူ့စစ်က ကချင်လူငယ်တွေကို စစ်သားစုဆောင်းဖို့ ကြိုးပမ်းနေ
ကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ မြစ်ကြီးနားစတဲ့ဒေသတွေမှာ လူငယ်အများအပြားကို စစ်သားစုဆောင်းဖို့ ကြိုးစားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောကြားသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနကလည်း သတင်းဖော်ပြပါတယ်။ ပြီးခဲ့တဲ့ တပတ်အတွင်း KIAသတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်တွေအရ အာဏာသိမ်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီးမြို့ စတဲ့ ကချင်ဒေသ အများအပြားမှာ စစ်သားစုဆောင်းတာ၊ လူငယ်တွေစစ်မှုထမ်းဖို့ အမည်စာရင်းသွင်းခိုင်းတာတွေရှိတယ်လို့ သိရပါတယ်။ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာ အဲဒီဒေသကိုစစ်အင်အားဖြည့်တင်းဖို့ ပူတာအို ၊ မချမ်းဘော၊ နောင်မွန်းနဲ့ အနီးတဝိုက်ရွာတွေက လူငယ် ၁၉၀ ကျော်ကို အဓမ္မစုဆောင်းရေးခေါ်ဆောင်သွားသလို ပစ္စည်းသယ်ပေးဖို့ ရွာတိုင်းမှာ ပေါ်တာဆွဲနေတယ်လို့ KIAက အသိပေးထားပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့မှာလည်း စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ အမည်စာရင်းတွေ ထပ်မံတောင်းဆိုနေကြောင်းလည်း ဖော်ပြထားပါတယ်။
◾️ဩဂုတ်လတိုက်ပွဲတွေမှာ စစ်တပ် ၃၀၀ ကျော် သေဆုံးခဲ့ဟု NUG ကာကွယ်ရေး ထုတ်ပြန်

👍21❤6🤣2👎1🖕1
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။ ဩဂုတ်လအတွင်း စစ်တပ်ရဲ့ ထိခိုက်ကျရှုံး အချက်အလက်တွေကို အသိပေးထားတာဖြစ်ပြီး စစ်တပ် သေဆုံး၊ ထိခိုက်၊ အရာရှိ သေဆုံးထိခိုက်ဖမ်းမိနဲ့ စခန်း သိမ်းပိုက်ရရှိမှု အခြေအနေတွေ ပါရှိပါတယ်။ အသေးစိတ် အခြေအနေတွေ ဖော်ပြမထားပေမယ့် ဩဂုတ်လမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄၄ဦး သေဆုံးကာ ၁၀၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သေဆုံး ဒဏ်ရာရနဲ့ ဖမ်းမိတဲ့ စစ်တပ် အရာရှိ ၁၀ဦး ရှိကြောင်းလည်း အသိပေးထားပါတယ်။ စစ်တပ်စခန်း တိုက်ခိုက်မှု ၁၂ကြိမ်ပြုလုပ်ခဲ့ရာ ၄ကြိမ် သိမ်းရခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
◾️စက်သုံးဆီဈေး တစ်လီတာ ကျပ် ၆၀၀ကျော်အထိ မြင့်တက်
ရန်ကုန်မြို့ စက်သုံးဆီ ဈေးကွက်မှာ အမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၆၀၀ ကျော်မြင့်တက်ခဲ့ပြီး ဓာတ်ဆီဈေးတွေ ၄၀၀၀ကျော်ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ ယာဉ်ပိုင်ရှင်တွေကပြောပါတယ်။ ဒီနေ့ စက်တင်ဘာ၂၅ရက် ထုတ်ပြန်တဲ့ စစ်တပ်ရဲ့ စက်သုံးဆီရည်ညွှန်းဈေးတွေအရ ရန်ကုန်မြို့မှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၄၄၅၀ ကျပ် ၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၄၆၀၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၄၇၉၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅၇၉၅ ကျပ် သတ်မှတ်ထားပါတယ်။ အဲဒီဈေးနှုန်းတွေက ပြီးခဲ့တဲ့တစ်ပတ်ဈေးနှုန်းတွေနဲ့ယှဉ်ရင် ဓာတ်ဆီ ၉၂ တစ်လီတာ ၆၂၅ ကျပ် ၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၆၅၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၆၄၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၇၄၅ ကျပ် မြင့်တက်လာခဲ့တာပါ။
◾️နေအောင်ပါဝင်တဲ့ ရုပ်ရှင် ဝင်ငွေအနည်းဆုံး စံချိန်တင်
စစ်မှုထမ်းတာကို ထောက်ခံပြောဆိုခဲ့တဲ့ ရုပ်ရှင်မင်းသား နေအောင်ပါဝင်ထားတဲ့ ‘အမွေ’ရုပ်ရှင်ဇာတ်ကားဟာ ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်သွားတယ်လို့ ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။ စက်တင်ဘာ ၂၅ ရက် ဒီနေ့ စတင်ရုံတင်ပြသတဲ့ ဒါရိုက်တာ သြရသ ရိုက်ကူးပြီး နေအောင်၊ နေတိုး၊ ဇင်အောင်၊ နော်ဖော်အယ်ထားတို့ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ဇာတ်ကားဟာ စတင်ပြသတဲ့ နေ့မှာပဲ ဝင်ငွေအနည်းဆုံး စံချိန်တင်သွားခဲ့တာလို့ ဆိုပါတယ်။ နာမည်ကြီး မင်းသား နေတိုးနဲ့ နာမည်ကြီး ဒါရိုက်တာ သြရသတို့ ပါဝင်ရိုက်ကူးပေမယ့် နေအောင်ကြောင့် အခုလိုဖြစ်သွားတာလို့ မြန်မာ့ရုပ်ရှင်လောကသားတစ်ဦးက ပြောပါတယ်။
◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ သပိတ်အင်အားစုဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေက ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်ရှိစေရေးအတွက် ထောက်ခံပွဲကို ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက "Our UN Ambassador U Kyaw Moe Tun The True Voice of Myanmar"၊ "ငါတို့ရဲ့ သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့ အသံဖြစ်သည်" ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

👍25🖕5❤4
■အတွေးအမြင်
ပေါက်ကိုယ်တော် ပျူတွေကိုထိန်းမနိုင်တာလား၊ခေါင်းရှောင်တာလား
ဗေဒါ/People's Spring
Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။
"ပေါက်ကိုယ်တော် တပည့်လို့ မပြောနဲ့။ အောက်တန်းကျလွန်းလို့"ဆိုပြီး မန္တလေးမြို့ပေါ်မှာ လူမိုက်စတိုင်နဲ့ ထင်ရာစိုင်း အနိုင်ကျင့် ဗိုလ်ကျနေတဲ့ ပျူစောထီးတွေကို ရုပ်သံနဲ့တကွ ပြောဆိုခဲ့တာပါ။ စစ်တပ်ဘာလုပ်လုပ်
ထောက်ခံပြီး မန္တလေးမြို့မှာ ပျူစောထီးအဖွဲတွေ အများအပြား မွေးထုတ်ထားတဲ့ ပေါက်ကိုယ်တော် ကိုယ်တိုင်ကတောင် စိတ်ပျက်သွားရလောက်အောင် မန္တလေးကပျူတွေ ဘယ်လောက်အထိ ဆိုးသွမ်းနေပါသလဲ။ ဒါပေမယ့် တချို့ပြည်သူတွေကလည်း စစ်တပ်အမာခံ ဘုန်းကြီးဟာ သူမွေးထားတဲ့ ပျူတွေကို တာဝန်မခံချင်တော့လို့ ခေါင်းရှောင်တဲ့စကားပြောတာလို့ သုံးသပ်ကြပါတယ်။
မန္တလေးက ပျူစောထီးတွေဟာ သေနတ်ပြဆိုင်ကယ်လုယက်မှုတွေ အပါအဝင် အရက်ဘားတွေမှာ လူငယ်ချင်းပြဿနာဖြစ်ကြရာကနေ သေနတ်ထုတ်ပြပြီး ခြိမ်းခြောက်တာတွေ၊ ကားနဲ့လိုက်တိုက်လို့ လူငယ်အမျိုးသားတဦးသေကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လက မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကျောက်ကုန်
သည်တစ်ဦးဆီကနေ လက်နက်ကိုင်ပျူစောထီးတွေက ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ လောက်တန်တဲ့ကျောက်စိမ်းလက်ဝတ်ရတနာတွေကို လုယက် ယူဆောင်သွားခဲ့တယ်။ အဲဒီပျူစောထီးကလည်း ပေါက်ကိုယ်တော်တ
ပည့်လို့ပြောဆိုခဲ့ကြတယ်။ပေါက်ကိုယ်တော်
ကတော့သူ့တပည့်မဟုတ်ဘူးလို့ငြင်းပါတယ်။
မကြာပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးစက်မှုဇုန်မှာ ပျူစောထီးခေါင်းဆောင် မျိုးထွန်း ဦးဆောင်တဲ့အဖွဲ့ဟာလူငယ်တွေကိုစစ်မှုထမ်းဖို့အတွက် လိုက်
လံဖမ်းဆီးခေါ်ဆောင်ပြီး မိသားစုဝင်တွေဆီကနေ ငွေညှစ်ခဲ့တယ်။ အဲဒီအဖွဲ့ဟာ အမရပူ
ရမြို့နယ်၊ မြစ်ငယ်မြို့က လူငယ်တစ်ဦးကို ဖမ်းဆီးပြီး လူငယ်ရဲ့ မိသားစုဝင်တွေဆီကို ဆက်သွယ်ကာ ငွေကျပ် သိန်း ၃၅၀ နဲ့ လာရွေးဖို့၊ မရွေးရင် ခလရ (၉၅) တပ်ရင်းကို ပို့ဆောင်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရတယ်။
ခြိမ်းခြောက်ခံရတဲ့မိသားစုဟာ အခြား ပျူစောထီးအဖွဲ့တစ်ခုကို ဆက်သွယ်အကူအညီတောင်းကာ ငွေလာပေးမယ်ဆိုပြီး ချိန်းဆိုပြီးနောက် ငွေလာယူချိန်မှာ ဖမ်းဆီးလိုက်တယ်လို့ဆိုပါတယ်။ ပြည်ကြီးတံခွန်က ပျူတွေဆိုတာကလည်း ပေါက်ကိုယ်တော်ရဲ့အာဏာ
စက် သက်ရောက်တဲ့အဖွဲ့တွေလို့ ဒေသခံတွေက ပြောတယ်။
ဒါတွေဟာ ထင်ထင်ရှားရှား ထွက်ပေါ်လာတဲ့ ပျူစောထီးတွေရဲ့ ဖြစ်စဥ်တချို့ပဲ ရှိပါသေးတယ်။ လူမသိသူမသိ ကြိတ်ဖြေရှင်းလိုက်ကြတဲ့ ပျူစောထီးတွေရဲ့ သောင်းကျန်းမှုတွေက အများကြီးရှိနေသေးကြောင်း မြို့ခံတွေက ပြောတယ်။
ပျူစောထီးတွေဟာ မန္တလေးမြို့ထဲမှာ အလှူလှည့်သလို ဆိုင်ကယ်တွေ၊ ကားတွေ ယာဥ်တန်းကြီးတွေနဲ့ လက်နက်ကိုင်ပြီးလှည့်တာတွေဟာမန္တလေးသူမန္တလေးသားတွေအ
တွက်မဆန်းတော့တဲ့မြင်ကွင်းပါ။ လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း ပျူတွေက ဖမ်းဆီးငွေညှစ်တာ၊ ခြိမ်းခြောက်တာတွေ ပြလုပ်လေ့ရှိတယ်လို့ သိရတယ်။
"ငှက်ကြီးတောင် ဓားကြီးတွေကိုင်၊ ရှေ့မှာယူနီဖောင်းကြီးတွေပုံလို့ ပြည်သူ့စစ်တွေ။ ဂုဏ်သိက္ခာလည်း ကျတာပေါ့နော်" ပေါက်ကိုယ်တော်က ဆိုပါတယ်။
တကယ်တော့ ပေါက်ကိုယ်တော်ဟာ ဒီမီးကို သူကိုယ်တိုင်စမွှေးခဲ့တာပါ။ စစ်တပ်အာဏာ
သိမ်းပြီးတဲ့နောက်ပိုင်း မန္တလေးမြို့က ရပ်
ကွက်တွေထဲ လူရာမဝင် ပေတေသောက်စား မူးယစ်ရမ်းကားနေတဲ့သူတွေ၊ အုပ်စုဖွဲ့ လု
ယက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့လူတွေ၊ မကောင်းတာ မှန်သမျှ အကုန်လုပ်တဲ့ ဇိုးတွေကို စစ်တပ်က ပျူစောထီးတွေ ပြည်သူ့စစ်တွေဆိုပြီး လက်နက်တပ်ဆင်ပေးခဲ့ရာ ပေါက်ကိုယ်တော်ကလည်း အရေးပါတဲ့အခန်းကဏ္ဍကနေ အားပေးအားမြှောက်ပြုခဲ့တယ်။
စစ်တပ်မွေးထားတဲ့ပါတီဖြစ်တဲ့ တိုင်းရင်း
သားစည်းလုံးညီညွတ်ရေးပါတီ(တစည)က
နေမျိုးကျော်ကလည်း ၂၀၂၃ခုနှစ်မှာ ရဲမွန်တောင်ပြည်သူ့စစ်ကိုစတင်ဖွဲ့စည်းခဲ့တယ်။ ရဲမွန်တောင်ပြည်သူ့စစ်ပျူတွေဟာ အိမ်စီးကားနဲ့ ပေါ်တာဆွဲတာ၊လူငယ်ချင်းစကားများရာမှာ အုပ်စုဖွဲ့ သတ်ဖြတ်တာတွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ ပြည်ကြီးတံခွန်၊ အောင်
မြေသာစံ၊ အမရပူရ၊ ချမ်းအေးသာစံစတဲ့မြို့နယ်တွေမှာလည်း ဒုစရိုက်သမားတွေ၊ လူရမ်းကားတွေဟာ ပျူစောထီးအဖွဲ့တွေထဲ ရောက်လာခဲ့ကြတယ်။
“ဇရှိတဲ့ဇိုး တော်တော်များများကို စည်းရုံးနိုင်ခဲ့တယ်။ မန္တလေးတကြော ဇိုးတော်တော်များများကို ကဲ မင်းတို့မဟုတ်တောင်မှ ဓားတရမ်းရမ်းနဲ့ မဟုတ်တောင်မင်းတို့ ရန်ဖြစ် နေသေးတယ်။အဲဒီတော့ တိုင်းပြည်အတွက် အကျိုးရှိရှိ သေနတ်ကိုင်”လို့ လူမိုက်တွေကို စစ်တပ်လက်အောက်ခံပျူတွေဖြစ်အောင်လုပ်ပေးခဲ့တာကို စစ်တပ်ထောက်ခံတဲ့ သံဃာန်းဝတ်ကဂုဏ်ယူစွာ ပြောခဲ့ဖူးပါတယ်။

🖕22😁6❤5🤣2👎1🤮1
မန္တလေးမှာများ ပျူတွေ ဘယ်လောက်အထိ ဆိုးလာသလဲဆိုရင် TikTok ဆယ်လီဇော်ဝင်းမောင် သူ့ဘာသာစီးပွါးရေးသမားချင်း လူ
မှုရေးပြဿနာဖြစ်တာကို မြင်းခေါင်းတီရှပ်အဖြူ၊ သော့တံဆိပ် ပလေကပ်ဝတ် ပျူစောထီးတွေခေါ်ပြီး ဆိုင်ရှေ့မှာတင် မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တယ်။
အခုတော့ ပေါက်ကိုယ်တော်တစ်ယောက် သူမွှေးတဲ့မီး သူ့ပြန်လောင်ပါပြီ။ "ပေါက်ကိုယ်တော်တို့တပည့်၊ ပေါက်ကိုယ်တော်တို့နာမည်သုံးတာသိက္ခာကျသေးတယ်။ အောက်
တန်းကျတဲ့အလုပ် လုပ်ကြတာလေ။ တို့အ
မည် နာမည်တော့ မသုံးပါနဲ့ကွာ။ နော်။ ဒီလိုစိတ်ဓါတ်မျိုးလည်း တပည့်မတော်ချင်ဘူး။ ဒီလိုအောက်တန်းကျတဲ့ စိတ်ဓါတ်မျိုး။ လူပါးဝတဲ့ စိတ်ဓာတ်မျိုးတွေ။ အထူးသဖြင့် ပေါက်ကိုယ်တော်တပည့်၊ ပေါက်ကိုယ်တော်တပည့် မလုပ်ကြနဲ့။ သိတဲ့အချိန်ကတော့ မလွယ်ဘူးသာမှတ်"လို့ ပေါက်ကိုယ်တော်က ဆိုပါတယ်။
တကယ်တော့ ပေါက်ကိုယ်တော်က ပျူတွေလောက်ကိုပဲ အဲလိုကြိမ်းမောင်းရဲတာပါ ။ပျူတွေထက် အဆပေါင်းများစွာ ဆိုးယုတ်ပြီး
စစ်ရာဇဝတ်မှုတွေ ကို နေ့စဥ်ထမင်စားရေသောက်ကျူးလွန်နေတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် နဲ့ စစ်အုပ်စုကိုတော့
လေသံတောင် သူမဟရဲပါဘူး ။ ။

😁33❤5🖕3🤣2🔥1
■အတွေးအမြင်
"ဘဝသေ မင်းတရားခံကြီး"
မသီတာ-စမ်းချောင်းရေးသားသည်။
ဖြစ်ချင်တာကတော့ ဘဝရှင်မင်းတြားကြီးပေါ့။
ခက်တာက "ဗလကြည့်တော့ ဝတ်ရုံတော်နဲ့
မဆန့်မပြဲ၊ ဇကြည့်တော့ ပါးကွက်သားငနဲ၊ ပါးစပ်ဟတာနဲ့ ပေါက်ပန်းလေဆယ် အံကျမြဲ"ဆိုတာမျိုး ဖြစ်နေလေရဲ့။
ခုရက်ပိုင်း သတင်းလူသားဖြစ်နေတဲ့ ဘဝသေ မင်းတရားခံကြီးရဲ့ ဖြစ်ရပ်ကို ကြည့်တဲ့အခါ တရားခံကြီးဘက်က မခံမရပ်နိုင်ဖြစ်ပြီး တိုင်းမ်မဂ္ဂဇင်းအင်တာဗျူးသူကို ကလိမ်ကကျစ်လို့ စွပ်စွဲတာနဲ့အတူ ပြန်ကြားရေးကနေ မူရင်းအင်တာဗျူးကို ထုတ်လွှင့်ချက်လည်း ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ ဒါနဲ့ပဲ အောင့်အည်းသည်းခံကာ ထုတ်လွှင့်ချက်ကိုကြည့်ပြီး ဘယ်သူက ကလိမ်ကကျစ် လုပ်ခဲ့သလဲဆိုတာကိုဆန်းစစ်ရတော့တာပေါ့။
တိုင်းမ်မဂ္ဂဇင်းက အင်တာဗျူး တောင်းတဲ့အခါ "မြန်မာနိုင်ငံအတွက် သာယာတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ဖော်ဆောင်ပေးမည့် လမ်းပြမြေပုံနှင့် အစီအစဉ်များကို ရှင်းလင်းပြောကြားနိုင်မည့် အခွင့်အ
ရေး၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုများကို အဘယ်ကြောင့် ရုပ်သိမ်းသင့်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်နှင့် အမေရိကန်ပြည်သူများထံ ရှင်းလင်းပြောကြားနိုင်မည့် အခွင့်အရေး"ဆိုပြီး မက်လုံးနှစ်ခု ပေးခဲ့တာကို တွေ့ရပါတယ်။ အဲဒီအခွင့်အရေးအ
တွက်လည်း သင့်တော်ရာရာ မေးခွန်းလေးတွေ ပြင်ဆင်လာခဲ့ပြီး မေးမြန်းခဲ့တာကို တွေ့ရပါတယ်။
ခက်တာက ဘဝသေ မင်းတရားခံကြီးက အိမ်
စာ မလုပ်ထားခဲ့ပေဘူးကိုး။ ဒီလိုအခွင့်အရေးအတွက် ဘယ်လိုအကြောင်းအရာတွေကို အ
ချက်အလက် အပြည့်အစုံနဲ့ ဖြေရှင်းတင်ပြသွားမယ်လို့ ပြင်ဆင်ထားတာမျိုး မရှိတာကို သူ့အဖြေတွေက သက်သေခံနေပါတယ်။ သူ လုပ်ခဲ့တဲ့ အိမ်စာကတော့ သူ့ကို ဓာတ်ပုံရိုက်တဲ့အခါ ဘဝတသက်တာလုံး ဆောင်းခဲ့တဲ့ စစ်ဦးထုတ်ဒဏ်ကြောင့် ပိပြားပါးလျနေတဲ့ ဆံပင်နဲ့ခေါင်းပိုင်းကို မမြင်သာအောင် ကင်မရာကို သူ့ရဲ့ ဘယ်ဘက်အခြမ်းကနေ ရိုက်ပါဆိုတာမျိုး ဖြစ်နေလေရဲ့။
နိုင်ငံ့ဦးသျှောင် ဘဝရှင် မင်းတြားကြီးဆိုတာမျိုး အမြင်ခံရဖို့၊ အသိအမှတ်ပြုခံရဖို့ ဘယ်လိုပြုမူ ပြောဆိုသင့်တယ်ဆိုတာလေးလောက်ကိုတောင် လေ့လာထားတာ မရှိဘဲ ကမ္ဘာကျော်မဂ္ဂဇင်းကြီးက ငါ့ကို ကြည်ညိုလွန်းလို့ လာမေးတာပဲလို့ထင်တလုံးနဲ့ ဝါဒဖြန့်အပြောတွေ ပြောလွှတ်လိုက်မယ်ဆိုပြီး ကလိမ်ကကျစ် တွေးခဲ့ လုပ်ခဲ့တာ သိပ်ကို ထင်ရှားနေတာပါ။ဒါနဲ့များတောင်အဆုံးသတ်
နားမှာ စာတွေဖတ်ခဲ့ဖြစ်အောင် မိဘကလည်း ပျိုးထောင်ပေးခဲ့သလို သူကိုယ်တိုင်ကလည်း ဖတ်တယ်ဆိုပဲ။ပြောရဲလိုက်တာ၊ ပေါရဲလိုက်တာလို့ အံ့ချီးမကုန်ရမယ့် အပေါက်ပါလား။
တကယ့်ကို ပေါက်ကရ ဖြေသွားလိုက်တာများ အချက်အလက်ကိုလည်း အခြေမခံ၊ ယုတ္တိဗေဒကိုလည်း မထည့်တွက်၊ မေးလာနိုင်တဲ့ မေးခွန်းတွေအတွက် ဘယ်လို တုံ့ပြန်မယ်ဆိုတဲ့ ခုခံရေးလိုင်းကြောင်းကိုလည်းမစဉ်း
စားထား၊ အခေါ်အဝေါ် အသုံးအနှုန်းကအစ ဘယ်မူဝါဒပေါ်မှာမှ အခြေမတည်ဘဲ ပါးစပ်က ထွက်ချင်ရာထွက် ပြောချ၊ ဒေါ်အောင်ဆန်းစုကြည်၊ အမေရိက၊ တရုတ်တို့နဲ့ ပတ်
သက်တဲ့ အကြောင်းအရာတွေက မေးခွန်းထဲ ပါလာမှာကို တွက်ဆနိုင်ရက်နဲ့ သူကိုယ်တိုင်ကရော သူ့မင်းဆရာ/မင်းတပည့်/မင်းဖော်လံဖားတွေကလည်း ပြင်ဆင်မထားဘဲ စိတ်ယုတ်မာအခံအတိုင်း သူများကို အပြစ်ပြော၊ လှီးလွှဲဖြေဆိုတဲ့ထုံးကိုသာ ကျင့်သုံးနဲ့ တကယ့်ကို ဝရုန်းသုံးကား ဖြစ်ခဲ့တာ မိနစ်သုံးဆယ်ဝန်းကျင်မို့သာ တော်တော့တယ်ဆိုရပါမယ်။
အင်တာဗျူးသူနေရာက နေကြည့်ရင် ဘာအချက်အလက်မှ မရလိုက်ဘဲ အသားလွတ် ဝါဒဖြန့် ကိုယ်ရည်သွေး ပေါက်ပန်းလေးဆယ် ပြောသွားတာတွေကိုမရယ်မိအောင်၊ ခေါင်းခါ
စိတ်ပျက်ဟန် မပြမိအောင် ကြိတ်မှိတ်နေခဲ့နိုင်ဖို့ မလွယ်ဘူးဆိုတာပါပဲ။ ဒီတော့ အခွင့်
အရေးတွေ ပေးဖို့ လာခဲ့သလောက် ဒင်းက အဆင်ပြေအောင် မကြိုးစားဘဲ စစ်အာဏာ
ရှင်ပီပီသသကြီး ကျနော်မျိုး ညံ့တာ တွေ့ပလား၊ မြန်မာနိုင်ငံကြီး မတိုးတက်ဘဲ မငြိမ်း
ချမ်းဘဲ ပျက်စီးသွားတာ ကျနော်မျိုးကြီးသာ တရားခံဆိုတာ ယုံပလားလို့ သတင်းစကား အပါးခံရသလို ဖြစ်တော့သကိုး။
ဒီတော့လည်း အင်တာဗျူးသားသက်သက်ကို ဒီအတိုင်း ဖော်ပြရအောင် ကမ္ဘာကျော်မဂ္ဂဇင်းကြီးက သူ့သိက္ခာလည်း ငဲ့ရဦးမှာလေ။ ဘဝသေနေပြီးနှင့်တဲ့ မင်းတြားရူး/မင်းတရားခံကြီးကသာ သိက္ခာဆိုတာ မရှိလို့ မငဲ့မကွက် မထောက်မရှုဘဲ ထင်တိုင်းကြဲ ဖြေရဲခဲ့တာကိုး။ အဲဒီလိုနဲ့ အင်မတန် ပြည့်စုံသေသပ်လှပတဲ့ သတင်းဆောင်းပါးတစ်စောင် ဖြစ်အောင် အားထုတ်တင်ဆက်ခဲ့ရပုံပါ။
ငါ ဘာလုပ်လုပ် အချိန်တန်တော့လည်း သမ္မတ/မင်းတြားကြီးဆိုတဲ့ အရှိန်အဝါကြောင့် ငါ့ကို လာခစားကြတာပဲ၊ ကမ္ဘာကို လူလုံးထွက်ပြခွင့်အတွက် အဗျူးခံလိုက်ပါ့မယ်လို့ ကလိမ်ကကျစ်ကျပြီး တွေးခဲ့ ပြုမူခဲ့တာက မြန်မာနိုင်ငံကို ဖျက်ဆီးခဲ့ ဖျက်ဆီးနေဆဲ ဒင်းတရားခံကြီးသာ ဖြစ်တာပါ။ ဒါကြောင့်လည်း သူ့ကြောင့် ဘဝဘဝတွေ သေကြေပျက်စီးရသလို သူကိုယ်တိုင်လည်း အသက်သာ မသေ အရှက်သိက္ခာအပါအဝင် လူရာဝင်မှုမှာ အခါခါ သေနေရတဲ့ ဘဝသေ မင်းတရားခံကြီးအဖြစ် ကမ္ဘာကျော်မဂ္ဂဇင်းကြီးမှာ မှတ်တမ်းတင်ခံလိုက်ရပေတာပဲ။ ကောင်းလှောင့်တည်း။ ။

😁48👍19❤7🤣3🖕3🌚2