People's Spring
✔
60K subscribers
71.6K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဩဂုတ်လတိုက်ပွဲတွေမှာ စစ်တပ် ၃၀၀ ကျော် သေဆုံးခဲ့ဟု NUG ကာကွယ်ရေး ထုတ်ပြန်

စက်တင်ဘာ ၂၅၊ ၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

ဩဂုတ်လအတွင်း စစ်တပ်ရဲ့ ထိခိုက်ကျရှုံး အချက်အလက်တွေကို အသိပေးထားတာဖြစ်ပြီး စစ်တပ် သေဆုံး၊ ထိခိုက်၊ အရာရှိ သေဆုံးထိခိုက်ဖမ်းမိနဲ့ စခန်း သိမ်းပိုက်ရရှိမှု အခြေအနေတွေ ပါရှိပါတယ်။

အသေးစိတ် အခြေအနေတွေ ဖော်ပြမထားပေမဲ့ ဩဂုတ်လမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄၄ဦး သေဆုံးကာ ၁၀၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သေဆုံး ဒဏ်ရာရနဲ့ ဖမ်းမိတဲ့ စစ်တပ် အရာရှိ ၁၀ဦး ရှိကြောင်းလည်း အသိပေးထားပါတယ်။

စစ်တပ်စခန်း တိုက်ခိုက်မှု ၁၂ကြိမ်ပြုလုပ်ခဲ့ရာ ၄ကြိမ် သိမ်းရခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လအတွင်းကလည်း စစ်တပ်က အရာရှိ တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးအောင်ချေမှုန်းနိုင်ခဲ့သလို ဒဏ်ရာရသူ ၄၇၀ ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။

ဇူလိုင်လမှာ စစ်တပ်စခန်း သိမ်းပိုက်တဲ့ စစ်ဆင်ရေး ၁၆ကြိမ်ဆင်နွှဲခဲ့ရာ တပ်စခန်း ၁၀ခု သိမ်းရခဲ့ကြောင်း အသိပေးထားပါတယ်။
👍37❤8🥰3👏3🤣3🖕2🥴1
(ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မကွေးတိုင်းစစ်ဌာနက ဖော်ဆောင်စစ်ဆင်ရေးအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - PDF)
👍42❤11🥰5🤣2🖕2👎1
နေအောင်ပါဝင်တဲ့ "အ​မွေ"ရုပ်ရှင် ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်

စက်တင်ဘာ-၂၅၊၂၀၂၆။ ဂန္ဓမာ/People's Spring

စစ်မှူထမ်းတာကို ထောက်ခံပြောဆိုခဲ့တဲ့ ရုပ်
ရှင်မင်းသား နေအောင်ပါဝင်ထားတဲ့ "အမွေ" ရုပ်ရှင်ဇာတ်ကားဟာ ပထမရက်မှာတင် ဝင်
ငွေအနည်းဆုံး စံချိန်တင်သွားခဲ့ကြောင်း ရုပ်
ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်မှာ စတင်ရုံတင်ပြသတဲ့ ဒါရိုက်တာ သြရသ ရိုက်ကူးပြီး နေအောင်၊ နေတိုး၊ ဇင်အောင်၊ နော်ဖော်အယ်ထားတို့ပါဝင်ထားတဲ့"အမွေ" ရုပ်ရှင်ဇာတ်ကားဟာ စတင်ပြသတဲ့ ဒီကနေ့မှာတင် ဝင်ငွေအနည်း
ဆုံး စံချိန်တင်သွားခဲ့တာဖြစ်ကြောင်း ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

"မြန်မာ့ရုပ်ရှင်လောကရဲ့ ဝင်ငွေစံချိန် အ
နည်းဆုံးကား အဖြစ် စံချိန်တင်သွားပြီဖြစ်။ နာမည်ကြီး မင်းသား နေတိုး ပါသည့်တိုင် ၊ နာမည်ကြီး ဒါရိုက်တာ သြရသ ရိုက်ကူးသည့်တိုင် ကို နေအောင်ကြောင့်ဖြစ်သွား.."လို့ မြန်မာ့ရုပ်ရှင်လောကသားတစ်ဦးက ပြောပါတယ်။

အမွေရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသူ ဒါရိုက်တာ သြရသဟာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သူဖြစ်ပြီး သူရိုက်တဲ့ ဇာတ်ကားအများစုဟာ ဝင်ငွေစံချိန်တင်တာ၊ ထိုက်သင့်တဲ့ဝင်ငွေရရှိတာတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ အလားတူ အမွေဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသား နေတိုးဟာလည်း လက်ရှိ ထိပ်တန်းသရုပ်ဆောင်ဖြစ်ပြီး သူရဲ့အရင်ကရုံတင်ဇာတ်ကား​တွေဟာ အခုဇာတ်ကားလောက် ဆိုးဆိုးရွားရွား စံချိန်တင် ဝင်ငွေအနည်းဆုံးဖြစ်တာမျိုး မရှိဖူးဘူးလို့ ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

နေအောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ စစ်မှုထမ်းတာနဲ့ ပတ်သက်ပြီး ထောက်ခံပြောဆိုခဲ့လို့ ပြည်သူ​တွေကအပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

"လူတွေက မြန်မာတစ်ပြည်လုံးပေါ့။ ကြောက်လို့ပြေးကြနိုင်ငံခြားပြေးကြနဲ့ အများကြီးပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အ
သက်မစွန့်ချင်ကြဘူးလား။ အသက်လည်း မစွန့်ခိုင်းပါဘူး။ ဒီမြေရယ်၊ ဒီရေရယ်၊ ဒီလေရယ်ရှုပြီး ဒီတိုင်းပြည်အတွက် ဘာမှအကျိုးမပြုရင် အဲဒီလူယောကျာ်း၊ အဲမိန်းမ ဘာဖြစ်သွားမှာတုန်း။ ကိုယ့်ဟာကို စဥ်းစားဖို့မေးတာနော်။ ကျွန်တော်မပြောဘူး။ ကျွန်တော်တို့ စစ်သား သားသမီး သတ်လည်းသေသွားမယ်။ စစ်တပ်မှားတယ်မှန်တယ် ကျွန်တော်မသိဘူး။ ယူနီဖောင်းမြင်ရင်ကိုချစ်တာလေ။ ဝင်ချင်တယ်ညီကိုနှစ်ယောက်လုံး။ မာမီကပေးမဝင်ဘူး"လို့ ပြောခဲ့ပါတယ်။

အဆိုပါဇာတ်ကားကို အာဏာသိမ်းခေါင်း
ဆောင်သမီး ခင်သီရိသက်မွန်ရဲ့ စီးပွားဖက် ရွှေမန်း ရဲ့ ခတ္တိယရုပ်ရှင်ထုတ်လုပ်ရေးနဲ့ MRTV-4 တို့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ကြောင်း သိရပါတယ်။စစ်တပ်နဲ့ နီးစပ်သူ​တွေရဲ့ ရုပ်ရှင် ဇာတ်ကားဖြစ်တာမို့ မဂ်လာရုပ်ရှင်ရုံအုပ်စု ၊ Junction ရုပ်ရှင်ရုံ​တွေမှာပြသတဲ့ J cineplex စတဲ့ရုပ်ရှင်ရုံ​တွေ အကုန်လုံးက ရုံတင်ပြသ​ပေးခဲ့ကြ​ပေမယ့်
ကြည့်ရှုသူစံချိန်တင်နည်းပြီး ရုံဝင်​ငွေအနည်း
ငယ်ပဲရကာ အနည်းဆုံးစံချိန်တင်ခဲ့တာလို့ ရုပ်ရှင်​လောကသားအချို့က​ပြောပါတယ် ။



#ရုပ်ရှင်ရုံတင်ငွေအနည်းဆုံးစံချိန်တင်
#အမွှေ #နေအောင် #ရွှေမန်း #နေတိုး
#peoplesspring #လူထုနွေဦး
😁38❤14👍11🤣3👎1💩1
စစ်တပ်​ထောက်ခံသူ​တွေ နဲ့ မင်း​အောင်လှိုင်သမီးမိတ်​ဆွေ​ ရွှေမန်းရဲ့ ရုပ်ရှင်ထုတ်လုပ်​ရေးက ရိုက်ကူးတဲ့အ​မွှေ ဇာတ်ကား​ကြော်ညာဓါတ်ပုံ
💩39🖕15😁9🤮8❤6🤣3👎2😘1
မန္တလေး-မြစ်ကြီးနားလမ်း Expressကား ဘယ်လိုသွားကြသလဲ

စက်တင်ဘာ ၂၅၊ ၂၀၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ ဧရာဝတီမြစ်အတွင်းမှာ မော်တော်တွေအပေါ် Express ကားနဲ့ ကုန်တင်ကားတစ်စီးကို တင်ပြီး မြစ်
ပြင်ဖြတ်ကူးနေတဲ့ရုပ်သံတစ်ခု TikTok မှာ လူကြိုက်များနေပါတယ်။

အဲဒီရုပ်သံထဲမှာ မော်တော်နှစ်စင်းပူးကာ ဖောင်ဖွဲ့ပြီး Express ကားတစ်စီးနဲ့ ကုန်တင် ဘောက်ကားတစ်စီးကို စွန့်စွန့်စားစားတင်ဆောင်ကာ ဧရာဝတီမြစ်အတွင်း ရေပြင်ကျယ်မှာ ကမ်းကူးပေးခဲ့တာကို မြင်တွေ့ရပါတယ်။ ကသာမြို့နယ်၊ ကလုံရွာဇက်ဆိပ်ကနေ အင်းရွာဘက်ကို ကူးတာလို့ သိရပါတယ်။ ဘေးကနေလည်း မော်တော်တစ်စင်းက အရံအနေနဲ့ ကပ်လိုက်ပေးခဲ့ပါတယ်။

"expressတစ်စီးတည်းထင်နေတာ ဘောက်ကားတစ်စီးပါ အပိုပါသေးတာဟ ကျွတ်ဆင်ကြီး။ လုပ်ရဲကိုင်ရဲတဲ့သတ္တိကိုတော့ လေးစားပါတယ်ဗျာ။ ဖြစ်သွားရင်တော့ တန်ဖိုးမသေးဘူး ဂရုစိုက်ကြပါ"လို့ လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ၊ လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် မန္တလေး-မြစ်ကြီးနားလမ်းဟာ တဖြောင့်တည်းသွားလို့မရတော့ဘဲ ကွင်းလမ်းတွေကတဆင့် သွားလာရသလို အခုလို ဧရာဝတီမြစ်ကို မော်တော်နဲ့ကူးဖြတ်ပြီးလည်း ခရီးဆက်နေရတာဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၅ ရက်မှာဆိုရင် ကသာကနေ ကလုံရွာကိုသွားတဲ့လမ်းပိုင်း ပိတ်ထားပြီး ကသာဇက်ဆိပ်မှာ ကားတွေရာချီ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

(ရုပ်သံ-Ko Phyo KMT Group)

#မန္တလေးမြစ်ကြီးနားလမ်း #ကသာ #ဧရာဝတီမြစ် #လမ်းခရီးသတင်း #စစ်ကိုင်း #ကချင် #MandalayMyitkyina #Katha #AyeyarwadyRiver #MyanmarRoads #TravelUpdateMyanmar #PeoplesSpring
🔥18❤8👍6🖕2👎1🥰1
Media is too big
VIEW IN TELEGRAM
👍41🔥5😱3❤2👎1💩1
NUGနဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်း ၅၀၀ စီ ထောက်ပံ့

စက်တင်ဘာ-၂၅၊၂၀၂၆။ဖိုးသား/People's Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကြားကာလဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းတို့က လူမှုစီးပွား တာဝန်ယူမှု (CSR) ရန်ပုံငွေမှရရှိငွေကို ပေါက်နဲ့ မြိုင်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ဖို့ သက် ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး တာဝန်ခံတွေနဲ့ ၊ လူသားစာနာတာဝန်ခံတွေကတဆင့် ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်တချို့ကိုလည်းပြန်လည်တည်ဆောက်ပေးဖို့ စတင်နေပြီလို့ သိရပါတယ်။

"လောလောဆယ် သုံးအိမ် စဆောက်နေပြီ"လို့ ပခုက္ကူခရိုင် အမှတ်(၆)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒု၀န်ကြီးဒေါက်တာ ငိုင်းတမ်မောင်းဦး‌ဆောင်တဲ့ လူမှုစီးပွားတာဝန်ယူမှုလုပ်ငန်းများ (CSR) ကော်မတီ နဲ့ မကွေးဖက်ဒရယ်ယူနစ် CSR committee တို့ပူးပေါင်းမှုရလာဒ်လို့ ဒေါက်တာရဲထွန်းဇော်က သူ့ရဲ့လူမှုကွန်ယက်ကတဆင့် အသိပေးပါတယ်။

ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ပေါက်နဲ့ မြိုင်အစပ်က ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ဝဲဝမ်း (Well-1) နဲ့ ဝဲတူး (Well-2) ရေနံမြေကို ခေတ်အ ဆက်ဆက် အစိုးရကထိန်းချုပ်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ၊ ကန်ထရိုက်စနစ်တွေနဲ့ ရေနံတူးဖော်လုပ်ကိုင်ကြပြီးအာဏာသိမ်းပြီး ၂၀၂၄ နောက်ပိုင်းမှာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ကာ လုပ်ငန်တွေဆက်လည်ပတ်နေတာဖြစ်ပါတယ်။

လက်ရှိ စစ်တပ်တပ်စွဲထားတဲ့ တဲကြီးရွာအပါအ၀င် သုံးလအတွင်း ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခဲ့တာကြောင့်နေအိမ်အလုံး ၅၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃၀ နီးပါးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ထားပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်အနောက်ခြမ်းကျေးရွာ‌တွေက ပြည်သူ တစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အရပ်ဘက်စစ်ရှောင်ကူညီရေးအဖွဲ့တွေရဲ့စစ်တမ်းအရ သိရပါတယ်။

စစ်တပ်စစ်ကြောင်းလှုပ်ရှား‌မှုပေါ်မှုတည်ပြီး ထိတွေတိုက်ပွဲရှိနေကာ စစ်ကြောင်းဆီကလက်နက်ခဲယမ်းတွေ ရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးထားပါတယ်။
👍51❤13🖕4😁2🥰1🤣1
(ပေါက်နဲ့ မြိုင်မြို့နယ်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်း ၅၀၀ စီ ထောက်ပံ့ပေးနေစဉ်။ ဓာတ်ပုံ - KoKo Paing/Fb)
❤52👍13🤣5🖕2🥰1🤮1
မစိုးရိမ်ကြဖို့ နဲ့ အတူသန်မာကြစို့ ဟု
PDFအထူးတိုင်းစစ်ဌာနသတင်းစကားပါး

■CDM တပ်ကြပ်ကြီးနေဝင်းအောင်ကျဆုံးရတဲ့အပေါ် ဝမ်းနည်းကြောင်း၊အာဇာနည်အ
ဖြစ်အလေးပြုကြောင်းNUG ဝန်ကြီးချုပ်ရုံးဝန်ကြီးဖော်ပြ

စက်တင်ဘာ-၂၅၊၂၀၂၆။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အ
ထူးတိုင်းစစ်ဌာနအတွက် မစိုးရိမ်ကြဖို့ နဲ့ အားလုံးအတူတူ သန်မာကြဖို့ အထူးတိုင်းစစ်ဌာန ကပြုလုပ်လျက်ရှိတဲ့ ၀ိုင်းချစ်မယ့် တိုင်းစစ် ကမ်ပိန်းစာမျက်နှာကနေ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာထုတ်ပြန်ပါတယ်။

အထူးတိုင်းစစ်ဌာနရဲ့တပ်စခန်းတနေရာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၄ရက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဲဘော်အချို့နဲ့ CDM တပ်ကြပ်ကြီးနေဝင်းအောင် တို့ကျဆုံးခဲ့ပါတယ် ။

၀ိုင်းချစ်မယ့်တိုင်းစစ် ကမ်ပိန်း စာမျက်နှာက လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေတွေကိုဖော်ပြမထားပေမဲ့ “ကျနော်တို့ကိုမစိုးရိမ်ပါနဲ့။ အဓိကလိုအပ်နေတဲ့ အရာတွေအတွက်ပဲ အင်အားတွေဖြည့်ပေးကြပါ။”လို့ စက်တင်
ဘာ ၂၅ ရက်မှာထုတ်ပြန်ပါတယ်။

"ကိုယ်တတ်နိုင်တဲ့ဘက်က၊ ကိုယ်ရောက်နေတဲ့နေရာကနေ တစ်ယောက်တစ်လက် ဝိုင်း
ဝန်းပေးကြရင်း အားတစ်ခု ဖြစ်ပေးကြပါ။
တစ်ယောက်တည်း သန်မာဖို့ မဟုတ်ဘူး။
အားလုံး အတူတူ သန်မာကြမယ်။ အတူတူ
ရှိမယ်၊အတူတူရပ်တည်မယ်၊အတူတူသန်
မာကြမယ်" လို့ လည်းဆက်လက်​ရေးသားထားပါတယ်။

အထက်ပါစာကိုအထူးတိုင်းစစ်ဌာနကွပ်ကဲ​ရေးမှူးရဲဘော်အောင်စံရှား​ရေးသား​ပေးပို့တာဖြစ်လို့ စစ်ဌာနရဲ့ "ဝိုင်းချစ်မယ်တိုင်းစစ်" ကန်ပိန်းက ဒီက​နေ့ညမှာလုပ်တဲ့စကားဝိုင်း​ဆွေး​နွေးပွဲမှာရဲ​​ဘော်​တွေက ပြောပါတယ်။အဆိုပါ စကားဝိုင်းမှာ အထူးတိုင်းစစ်ဌာနရဲ့ရုံးကိုဗုံး
ကြဲခံရတာမဟုတ်ဘဲ စစ်ဌာနရဲ့ အခြား​​နေရာတစ်ခုကို စက်တင်ဘာ ၂၄ ရက်မှာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ရဲ​ဘော်​တွေက​ပြောခဲ့ပါတယ်။မနက်ပိုင်းကတည်းက အရင်​နေ့​တွေလို လက်နက်ကြီး​တွေနဲ့ပစ်ခတ်ခဲ့ပြီး တိုက်​လေယာဥ်​တွေနဲ့ အကြိမ်ကြိမ်ဗုံး
ကြဲခဲ့တယ်လို့ရဲ​​ဘော်​တွေက​ပြောပါတယ်။

ဒါအပြင် ဗုံးကြဲခံရပြီးသတင်းဌာန တချို့က​အလျင်အမြန်ဖော်ပြခဲ့တဲ့အတွက် တည်​နေရာအတည်ပြု​ပေးသလိုဖြစ်သွားပြီး ​​နေရာ​ရွေ့​ပြောင်းတာ ၊လုံခြုံ​ရေးတာဝန်ခွဲ​ဝေ​နေတာ​တွေအတွက် အချိန်နည်းသွားခဲ့တယ်လို့လည်း ပါဝင်​ဆွေး​​နွေးခဲ့တဲ့PDF ရဲ​ဘော်​တွေက​ဆိုပါတယ် ။ဒါ​ကြောင့် စစ်​ရေးနဲ့ပတ်သက်တဲ့သ
တင်း​တွေကို​ဖော်ပြတဲ့အခါ ​တော်လှန်​ရေးရဲ​​ဘော်နဲ့ ပြည်သူ​တွေအတွက်အလျင်စလို
မ​ဖော်ပြကြဖို့လည်း အထူးတိုင်းစစ်ဌာန ကတာဝန်ရှိသူ​တွေကစကားဝိုင်းမှာ​ဆွေး​နွေးသွားပါတယ် ။စစ်တပ်က စက်တင်ဘာ မနက်ကဗုံးကြဲတဲ့အပြင်ည​နေ ၄ နာရီခွဲ ၊ည ၉ နာရီ​ကျော် နဲ့ ည ၁၁ နာရီ​ကျော် တို့မှာပါဗုံးကြဲပြီး တစ်​နေလုံး ဗုံးအလုံး​ရေ ၉၀ ​ကျော်ကြဲခဲ့တယ်လို့အထူးတိုင်းစစ်ဌာန ၊စစ်​ရေးအရာရှိ
တိုးကြီးက​ပြောပါတယ် ။

အထူးတိုင်းစစ်ဌာနဟာကရင်ပြည်နယ်၊ မွန်ပြည်နယ် ၊ပဲခူးတိုင်း ၊ရန်ကုန်တိုင်း (​တောင်ပိုင်းခရိုင်)တို့ကို​ရွေ့လျားစစ်​ရေး​ဆောင်ရွက်ရတဲ့ စစ်ဌာနဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်ကလေကြောင်းတိုက်ခိုက်ခံရတာဟာတိုင်းစစ်ဌာနရုံးမဟုတ်ဘဲ ရပ်ရွာအ​ခြေပြု​နေရာမှာဗုံးကြဲခံခဲ့ရတာဖြစ်တယ်လို့စစ်​ရေးအရာရှိ
တိုးကြီးက​ဆိုပါတယ်။

အထူးတိုင်းစစ်ဌာနရဲ့ ​နေရာတစ်ခုလေ
ကြောင်းတိုက်ခိုက်ခံရလို့ ရဲဘော် အချို့ကျဆုံးခဲ့ပြီး ကွပ်ကဲ​ရေးမှူးရဲ​ဘော်​အောင်စံရှားဟာ ဒဏ်ရာရခဲ့​ပေမယ့် စိုးရိမ်စရာမရှိဘူးလို့လည်းPDFတပ်မှူးတဦးကလည်းပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ ကျဆုံးခဲ့သူတွေထဲမှာ CDM တပ်ကြပ်ကြီး ဆရာကြီးနေဝင်းအောင်လည်း ပါဝင်ခဲ့ရာ အဲဒီလိုကျဆုံးမှုအတွက်မိသားစုနဲ့အတူ တော်လှန်ပြည်သူတွေနဲ့အတူ ဝမ်းနည်းပူဆွေးရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်
ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်
တာဇော်ဝေစိုးကစက်တင်ဘာ ၂၅ရက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

“ကျဆုံးသွားသော အာဇာနည်များနှင့်အတူ
တကွ နွေဦးတော်လှန်ရေး အာဇာနည်တဦးအဖြစ် အလေးပြုပါတယ်။ကျန်ရစ်သူမိသား
စုအား အကောင်းဆုံး စောင့်ရှောက်သွားနိုင်ရေးစီစဉ်သွားကြရမှာဖြစ်ပါတယ်”လို့ ဒေါက်
တာဇော်ဝေစိုးက​ရေးသားထားပါတယ်။

အမေရိကန်စစ်တပ်မှာ ဒုဗိုလ်မှူးကြီး အဖြစ်တာဝန်ယူခဲ့ဖူးပြီး နွေဦး​တော်လှန်​ရေးကို ကူညီ​နေတဲ့ ဒေါက်တာမီမီဝင်းဘက်ကလည်း “မနေ့က ဆရာကြီး နေဝင်းအောင် ကျဆုံးမှုကို ကြားသိရတဲ့အတွက် အင်မတန်မှာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ သူဟာ တော်
လှန်ရေးအစဦးကတည်းက CDM ပါဝင်လာခဲ့သူတစ်ဦးပြီးတဲ့အပြင် တော်လှန်ရေးဘက်
တော်သားများအတွက် လေကြောင်းရန်ကာကွယ်မှုများအတွက် ပညာပေးလမ်းပြပေးခဲ့သူတစ်ဦးဖြစ်တဲ့အတွက် တာဝန်ကျေတာထက်ကို ပိုတဲ့ သူတစ်ဦး ဖြစ်ပါတယ်။ကိုယ်ရွေးချယ်ထားတဲ့လမ်းကို သစ္စာမဖောက်ဘဲ အသက်ပေးပြီး ပြည်သူတွေဘက်က ပါဝင်ပေးတဲ့ ကိုနေဝင်းအောင်လို စစ်သားကောင်းတွေကို အမြဲဂုဏ်ယူနေမှာပါ။”လို့ လူမှုကွန်
ရက်မှာ ရေးသားထားပါတယ်။

စစ်သားကောင်းပီသတဲ့ စစ်သားပြည်သူဘက်မှာမားမားမတ်မတ်အမြဲရှိခဲ့တဲ့စစ်သားကောင်းကိုနေဝင်းအောင်ရဲ့ နာမည်ဟာ ဘယ်
တော့မှ သေဆုံးမှာမဟုတ်သလို အမြဲအမှတ်
ရနေမယ်လို့လည်း ဒေါ်မီမီဝင်းဘက်က ရေး
သားထားပါတယ်။
❤67👍12🫡7🥰2🤮2🖕2💩1🙏1🤣1
မြင့်မြတ်စွာကျဆုံးသွားတဲ့ ကိုနေဝင်းအောင် ကောင်းရာမွန်ရာ ရောက်ပေးဖို့ ဆုတောင်းပေးသလို ကိုနေဝင်းအောင်နဲ့ အတူကျဆုံးသွားတဲ့ ဂုဏ်သိက္ခာရှိတဲ့ ရဲဘော်တွေအားလုံးကို အ
လေးပြုလိုက်ကြောင်းလည်းသူမက ရေးသားထားပါတယ်။
❤48👍14🫡11👏3🥰2🤣2🖕2👎1🤮1🙏1
PDF အထူးတိုင်းစစ်ဌာနကရဲ​ဘော်​တွေနဲ့
စက်တင်ဘာ ၂၄ ရက်မှာကျဆုံးခဲ့တဲ့ CDM တပ်ကြပ်ကြီးနေဝင်းအောင် ။ ဓါတ်ပုံ-အထူးတိုင်းစစ်ဌာန ၊​ဒေါ်မိမိဝင်းဘတ်​ဖေစ်ဘွခ်
😭57🫡21❤12👏4🖕3👍2🥰2🤮2👎1😢1
ရန်သူ့ လေကြောင်းတိုက်ခိုက်မှုကြုံရချိန်မှာ ခွန်အားရှိကြောင်းပြဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေပြော

စက်တင်ဘာ ၂၅၊၂၀၂၆။ ထားမြတ်/People’s Spring

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

စက်တင်ဘာ ၂၄ရက်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ရဲဘော်အချို့ ကျဆုံးကာ တိုင်းကွပ်ကဲရေးမှူးရဲဘော်အောင်စံရှားဒဏ်ရာရခဲ့တာရှိပေမဲ့ အထူးတိုင်းစစ်ဌာနက လုပ်ဆောင်နေတဲ့ ၀ိုင်းချစ်မယ့် တိုင်းစစ် ရန်ပုံငွေရှာဖွေတဲ့ ကမ်ပိန်းကို စက်တင်ဘာ ၂၅ရက်မှာ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကမ်ပိန်းမှာ မြေပြင်မှာရှိတဲ့ အထူးတိုင်းစစ်ဌာန ရဲဘော်တွေက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အထူးတိုင်းစစ်ဌာနအနေနဲ့ စက်တင်ဘာ၂၄ရက်က လေကြောင်း တိုက်ခိုက်မှုခံရပေမဲ့ ဒီကနေ့ ရန်ပုံငွေ ရှာဖွေပွဲ ကမ်ပိန်းလိုက်ဖ်လွှင့်တာဖြစ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော် ကဗျာဆရာသင့်သူကပြောပါတယ်။

“ရန်သူစစ်ကောင်စီကို ရင်ဆိုင်နေရတဲ့အခါမှာ အခက်အခဲတွေအများကြီးရှိတယ်။ လုံခြုံရေးသတိ တော်တော်ကြီးကြီးမားမားထားပြီးလုပ်ရတယ်။ဒါပေမဲ့လို့ အဲဒီလိုပဲဒီကမ်ပိန်းကလည်း တကယ်ကို အောင်မြင်ဖို့လိုတယ်” လို့ ရဲဘော်သင့်သူကပြောပါတယ်။

ကမ်ပိန်းလိုက်ဖ်လွှင့်တာဟာ တဖက်မှာအန္တရာယ်ရှိသလို တဖက်မှာအကျိုးအမြတ်ရှိကြောင်း ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ ကျဆုံးသွားတဲ့ရဲဘော်တွေရှိသလို အထူးတိုင်းမှာ တာဝန်ထမ်းဆောင်ရင်းကျသွားတဲ့CDM ဆရာကြီးတဦးရှိကြောင်း၊ ရဲဘော်တွေကျပေမဲ့ လုပ်ဆောင်ရမယ့်အရာတွေ ရပ်လိုက်လို့မရဘဲ ဆက်လုပ်ရမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

ရန်သူစစ်တပ်အနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာကြောင်း၊ ဒီလို လေကြောင်းတိုက်ခိုက်မှု တိုးလုပ်လာတာဟာ စစ်ကောင်စီဟာမြေပြင်စိုးမိုးမှုတွေလျော့လာတဲ့အတွက် မြေပြင်စစ်ကြောင်းထိုးမရတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုလုပ်တာဖြစ်ကြောင်း အသိပေးပါတယ်။

အထူးတိုင်းစစ်ဌာနရဲ့စစ်ဆင်ရေးနယ်မြေဟာမဟာဗျူဟာအရများစွာ အရေးကြီးတဲ့နေရာဖြစ်လို့ အရေးကြီးတဲ့လမ်းပိုင်းတွေ ရှိတဲ့ စစ်ဒေသ ဖြစ်လို့ စစ်တပ်ဟာသဲသဲမဲမဲတိုက်ခိုက်နေကြောင်းလည်း သူက ပြောပါတယ်။

“ ကျနော်တို့ အထူးတိုင်းအနေနဲ့ ထိခိုက်နစ်နာမှုရှိပေမဲ့ကျနော်တို့မရပ်ဘူး ဆက်သွားမှာ ဖြစ်တဲ့အတွက်လိုအပ်တာတွေကိုကျနော်တို့ကိုကူပေးပါ ပြည်သူလူထုအနေနဲ့” လို့ ရဲဘော်သင့်သူက ပြောပါတယ်။

အထူးတိုင်းစစ်ဌာန ရဲဘော်တစ်ဦးဖြစ်တဲ့ ရဲဘော်စည်သူကလည်း ရန်သူက လေကြောင်းတိုက်ခိုက်ပြလို့ ကြောက်ပါတယ်လို့ လုပ်လို့မရကြောင်း ပြောပါတယ်။ ဘယ်လိုအခက်အခဲ အကြပ်အတည်းကြုံကြုံ လုပ်ရမယ့် အလုပ်တွေ ဆက်လုပ်ရမယ်လို့လည်း သူက ပြောပါတယ်။

ရဲဘော်ကျဆုံးမှုအတွက် ဝမ်းနည်းလို့ရပေမဲ့ အချိန်ကြာမြင့်စွာဝမ်းနည်းနေလို့မရဘဲ အလုပ်တွေ ပိုလုပ်ဆောင်ရမှာတွေရှိတယ်လို့ ရဲဘော်ကိုစည်သူက ပြောပါတယ်။

ဒီလိုလုပ်ဆောင်နိုင်ဖို့ ပြည်သူတွေ ပံ့ပိုးမှုလိုအပ်ကြောင်း၊ ဒီလို ပံ့ပိုးမှုရှိမှသာဆက်လက်တော်လှန်၊ဆက်လက်ချေမှုန်းလို့မှာ ဖြစ်ကြောင်း ရဲဘော်စည်သူက ပြောပါတယ်။

“ ဒီလိုမျိုး(လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်)ဖြစ်လာပြီဆိုရင် ကျနော်တို့က ဒီထက်ပိုခွန်အားပြဖို့လိုပါတယ်။ ဟေ့ရောင် မင်းတို့ပဲ လုပ်နိုင်တာမဟုတ်ဘူး ငါတို့လည်းလုပ်နိုင်တယ်ဆိုတဲ့ခွန်အားမျိုးကို ပြဖို့ လိုပါတယ်” လို့ ရဲဘော်စည်သူကပြောပါတယ်။ ဒီလိုခွန်အားပြနိုင်ဖို့ စစ်ဆင်ရေးအတွက်လိုအပ်တဲ့ ခဲယမ်းရိက္ခာတွေ ဖြည့်တင်းမှရမယ်လို့ ပြောပြပြီး တော်လှန်ပြည်သူတွေအနေနဲ့ အထူးတိုင်းစစ်ဌာနရဲ့ ကမ်ပိန်းကိုတက်နိုင်သမျှ ပံ့ပိုး ပါဝင်ကြဖို့ တိုက်တွန်းပါတယ်။

ကမ်ပိန်းမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုထောက်ပို့မှုဟာမြေပြင်ကရဲဘော်တွေရဲ့ အသက်နဲ့ဆက်စပ်နေလို့တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပါတယ်။

“ ရဲဘော်တွေ အားလုံးပြောကြားတဲ့ စကားတွေကြည့်ခြင်းအားဖြင့် ကျနော်တို့တွေမှာ အင်အားကြီးမားတဲ့ရန်သူကိုရင်ဆိုင်နေရတဲ့အခါကျတော့ ကျနော်တို့တွေ တခါတခါကျရင် လက်ဝှေ့ပွဲနဲ့ ပြောရင်ကျနော်တို့လည်း အထိုးခံရတာတွေရှိတာပေါ့နော်။ ဒါပေမဲ့ ဘယ်ထိုးနှက်ချက်ကမှ ကျနော်တို့ကို လဲပြိုကျသွားစေမှာ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့တွေ မဖြစ်မနေကျနော်တို့ ပန်းတိုင်ရောက်တဲ့အထိ ဒီလိုမျိုး ဒဏ်ရာဒဏ်ချက်တွေနဲ့ပဲ မရရအောင် ဆက်ပြီးတော့လျှောက်ကြမယ် ဆိုတဲ့ စိတ်အား သတ္တိကိုရဲဘော်တွေ ပြောသွားကြတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ ဒါဟာ စကား၀ိုင်းမှာ ပါတဲ့ ရဲဘော်တွေသာမက မြေပြင်ကရဲဘော်တွေရော ပြည်သူတွေရော အခုအချိန်ထိတစိုက်မတ်မတ် ရှိနေတယ်လို့ ဦးနေဘုန်းလတ်က ပြောကြားပါတယ်။
❤43👍15🥰3👎1😁1🤮1🤣1🖕1
အထူးတိုင်းစစ်ဌာနက အခု လုပ်ဆောင်နေတဲ့ ကမ်ပိန်းရဲ့ ရည်မှန်းချက်ဟာ သိန်း၅၀၀၀ ဖြစ်တာမို့ သတ်မှတ် ရည်မှန်းချက် ပြည့်၀ ကျော်လွန်အောင် ပါဝင်ပေးကြဖို့လည်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြည်သူလူထုကို တိုက်တွန်းခဲ့ပါတယ်။ စစ်ဆင်ရေးအတွက် ခဲယမ်းတွေ ရိက္ခာတွေဟာ မဖြစ်မနေလိုအပ်တာမို့ ပြည်သူတွေရဲ့ ပါဝင်မှုအားဟာ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

တော်လှန်ရေးဟာ အောင်မြင်မှုလမ်းစ ပေါ်ရောက်လာတာနဲ့အမျှ သတင်းတွေလုံခြုံမှုရှိဖို့လိုအပ်ကြောင်း လည်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။ တချို့သတင်းတွေဟာ အသက်တွေနဲ့ဆက်စပ်နေလို့ တော်လှန်ရေးရေချိန်နဲ့ ဆက်စပ်နေတာကို မီဒီယာတွေကို သိစေချင်ကြောင်းလည်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေကပြောပါတယ်။ ဒါကြောင့် သတင်းလုံခြုံမှုအတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့ အထူးတိုင်း စစ်ဌာန ရဲဘော်တွေက ပန်ကြားပါတယ်။

ဒါ့အပြင် လူထုအနေနဲ့ ရန်သူစစ်တပ်ရဲ့ သွေးခွဲမှုတွေကို သတိထားဖို့လည်း အထူးတိုင်းစစ်ဌာနရဲဘော်တွေက ပြောပါတယ်။ ရန်သူဟာ တော်လှန်ရေးနဲ့ ပြည်သူကို သွေးခွဲဖို့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိတယ်လို့ ပြောပါတယ်။
❤41👍14🥰2👎1😁1🤮1🤣1🖕1
(အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးအဖွဲ့နှင့် နည်းဗျူဟာမှူးများ၊ တပ်ရင်းမှူးများ အစည်းအဝေးပြုလုပ်နေတာကို ဩဂုတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - အထူးတိုင်းစစ်ဌာန)
❤54👍13🥰2🖕2🤮1💩1🫡1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆားလင်းကြီးဒေသခံတွေ လှုပ်ရှားမှုပြုလုပ်

စက်တင်ဘာ ၂၅၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ သပိတ်အင်အားစုဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေက ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်ရှိစေရေးအတွက် ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၂၅) ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေက "Our UN Ambassador U Kyaw Moe Tun The True Voice of Myanmar"၊ "ငါတို့ရဲ့ သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့ အသံဖြစ်သည်" ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆက်လက် အသိအမှတ်ပြုရေးအတွက် ကမ္ဘာ့မြို့ကြီးတွေမှ နိုင်ငံတကာရောက် နွေဦးတော်လှန်ရေးမိသားစုတွေနဲ့ ပြ​ည်တွင်းမှ တော်လှန်ပြည်သူတွေက ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
👍31❤6👏4🤣2🥰1🤮1💩1🖕1
ဓာတ်ပုံ - ဆားလင်းကြီးလူထုသပိတ်
❤45👏5🖕2🥰1😁1🤮1💩1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၂၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ရန်သူ့ လေကြောင်းတိုက်ခိုက်မှုကြုံရချိန် ခွန်အားရှိကြောင်းပြဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေပြော

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့ လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။ စက်တင်ဘာ ၂၄ရက်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ရဲဘော်အချို့ ကျဆုံးကာ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားဒဏ်ရာရခဲ့တာရှိပေမယ့် အထူးတိုင်းစစ်ဌာနက လုပ်ဆောင်နေတဲ့ ဝိုင်းချစ်မယ့် တိုင်းစစ် ရန်ပုံငွေရှာဖွေတဲ့ ကမ်ပိန်းကို စက်တင်ဘာ ၂၅ရက်မှာ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကမ်ပိန်းမှာ မြေပြင်မှာရှိတဲ့ အထူးတိုင်းစစ်ဌာန ရဲဘော်တွေက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရလို့ ကျဆုံးသွားတဲ့ရဲဘော်တွေရှိသလို အထူးတိုင်းမှာ တာဝန်ထမ်းဆောင်ရင်းကျသွားတဲ့CDM ဆရာကြီးတဦးရှိကြောင်း၊ ရဲဘော်တွေကျပေမယ့် လုပ်ဆောင်ရမယ့်အရာတွေ ရပ်လိုက်လို့မရဘဲ ဆက်လုပ်ရမှာ ဖြစ်ကြောင်း အထူးတိုင်းရဲဘော်တစ်ဦးက ပြောပါတယ်။

◾️ကောလင်းနယ်ကို စစ်တပ် ဗုံးကြဲမှု ၃ဦး သေဆုံး

အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်း၊​ ကောလင်းမြို့နယ်အတွင်း စစ်​ဘေး​ရှောင်ပြည်သူ​တွေ နေထိုင်ရာတွေကို စက်တင်ဘာ ၂၄ရက် မနေ့ ည​နေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံပြည်သူ ၃ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကောလင်းမြို့နယ်၊ကိုက္ကိုကုန်းရွာကို စက်တင်ဘာ ၂၄ရက် ညနေ ၅နာရီ၂၀မိနစ်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့ သိရပါတယ်။ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀၊ ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့ပြီး ဒဏ်ရာရတဲ့သူတွေထဲ ခြေလက်ဖြတ်ရမယ့်သူတွေ ပါတယ်လို့ ကောလင်းမြို့ခံတစ်ဦးက ပြောပါတယ်။ အဲဒီမြို့ခံရဲ့ ဦးလေးဖြစ်သူဟာ သေဆုံးတဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃ဦးဟာ အသက်၆၀အရွယ်နဲ့ အသက်၂၀ ကျော်အရွယ်အမျိုးသားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို အခုရက်ပိုင်း မကြာခဏဗုံးကြဲနေပါတယ်။ စက်တင်ဘာ၂၃ ရက် မနက်ကလည်း အင်းတော်မြို့နယ်ထဲက ဆီကားတန်းကို တိုက်​လေယာဥ်အုပ်နဲ့ဗုံးကြဲခဲ့တာကြောင့် ဒဏ်ရာရသူတွေထဲက ၃ဦးထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၅ဦးရှိလာတယ်လို့​ ဒေသခံအချို့က​ ပြောပါတယ်။

◾️ကျောက်တော်မြို့ကို စစ်တပ်ဗုံးကြဲ

စစ်တပ်စခန်းတွေ ဆက်တိုက်ဆုံးရှုံး​နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်နဲ့ အနီးဝန်းကျင်ကို Y12 ​လေယာဥ်နဲ့ ဗုံးအလုံးရေ ၃၀ ဝန်းကျင်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရိုဟင်ဂျာကလေးငယ်​တွေအပါအဝင် အရပ်သား ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ စက်တင်ဘာ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်း ၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့ပေါ် ပြည်တော်သာရပ်ကွက်၊ ကျောက်တော်မြို့အနီး ပီစီ၊ ၀ကင်း၊ နိဒင်၊ ဒုံးရွာတို့ကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။ ဗုံးကြဲမှုကြောင့် ပီစီရွာက ရိုဟင်ဂျာတွေ မိသားစုလိုက် ဒဏ်ရာရကြပြီး အသက် ၁ နှစ်အရွယ်၊ ၈ နှစ်အရွယ် ကလေးငယ်တွေပါ ထိခိုက်ဒဏ်ရာရကြတယ်လို့ သိရပါတယ်။ ဒဏ်ရာရတာ အကုန်လုံး အရပ်သားတွေဖြစ်ပြီး အရပ်သားနေရာမှန်းသိရဲ့နဲ့ တမင်တကာကို ကြဲတာဆိုတော့ ပြောဖို့စကားတောင် မရှိဘူးလို့ ကျောက်တော်မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

◾️မုံရွာမြို့မှာ အိမ်ခြံမြေပွဲစား မိသားစုလိုက် ပြန်ပေးဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အိမ်ခြံမြေပွဲစားအပါအဝင် မိသားစုတစ်စုလုံး ပြန်ပေးဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၂၃ ရက် ညပိုင်းက မုံရွာမြို့ ၊ ကွေ့ကြီးရပ်ကွက်၊ ကန်သာယာအနီး နေထိုင်တဲ့ အိမ်ခြံမြေအကျိုးဆောင် ကိုမျိုးမင်းသန့်ရဲ့နေအိမ်ကို လူတစုက ဝင်ရောက်လာပြီး ကိုမျိုးမင်းသန့်၊ သူ့ဇနီးနဲ့ သမီး ၂ဦး စုစုပေါင်း ၄ ဦးကိုဖမ်းဆီးသွားတာလို့ သိရပါတယ်။ ညအချိန်ကြီးကို အိမ်ထဲဝင်ဆွဲသွားတယ်လို့ သိရပြီး မုံရွာက ကူကယ်ရာမဲ့နေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကိုမျိုးမင်းသန့်တို့ မိသားစုကို ဘယ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။ မုံရွာမြို့မှာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းကလည်း အင်ရွာသစ်နေ အိမ်ခြံမြေပွဲစား ‌ဦးမောင်ဦးနဲ့ အဖော်တစ်ဦးတို့ကို အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသား ၄ ဦးက သုံးဘီးယာဥ်နဲ့ အိမ်ဝင်းလိုက်ပြဖို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီနောက် အောင်တော်မှုကျောင်းအနီး ရောက်ရှိချိန်မှာ မြေပွဲစား ဦးမောင်ဦးကို ဓားနဲ့ ၅ ချက်ခန့် ခုတ်သတ်ခဲ့ပြီး ပါလာတဲ့ အဖော်ဖြစ်သူကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

◾️NUGနဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်း ၅၀၀ စီ ထောက်ပံ့
👍23❤4🤣2👎1