People's Spring
✔
60K subscribers
71.6K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မြောက်ဒဂုံမှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး နေအိမ်ရှေ့တင် ပျောက်ဆုံး

စက်တင်ဘာ ၂၅၊ ၂၀၂၆။ မေရီ/People's Spring

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ အသက်(၃၁) နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး နေအိမ်ရှေ့တင် ပျောက်ဆုံးသွားကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီခန့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ အမှတ်(၅၁)ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ မြောက်ဒဂုံကြိုးတံတားအနီးနေ ဆိုင်ကယ်ကယ်ရီဆွဲတဲ့ ကိုချမ်းမင်းပိုင်ဆိုသူဟာ နေအိမ်ရှေ့ ခေတ္တထွက်နေစဥ် ပျောက်ဆုံးသွားလို့ ၎င်းမိသားစုဝင်တွေက မကွေးကျောင်းဆရာတော် ဦးပါမောက္ခထံ သွားရောက်အကူညီတောင်းခံခဲ့ပါတယ်။

မိသားစုဝင်တွေဟာ မြောက်ဒဂုံရဲစခန်းမှာလည်း လူပျောက်တိုင်ကြားထားကြောင်း၊ မိသားစုဝင်တွေဟာ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေရတာကြောင့် သက်ဆိုင်သူတွေအနေနဲ့ အမြန်ဆုံးဆက်သွယ်ပေးဖို့ မကွေးကျောင်းဆရာတော်က မေတ္တာရပ်ခံထားပါတယ်။

ရန်ကုန်မြို့က လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ စမ်းချောင်းစတဲ့ မြို့နယ် ၁၀ ခုမှာ သြဂုတ်လအတွင်း ဖမ်းဆီးခံရသူ ၃၀ ထက်မနည်း ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းက မြေပြင်ကင်းထောက်သတင်းတွေ ဖြန့်ဝေပေးနေတဲ့ Rangoon Scout Network - RSN ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတယ်။ အဲဒီဖမ်းဆီးခံရသူတွေထဲမှာ လူမြင်သူမြင် ကားလမ်းမဘေးရှိနေချိန်၊ သွားလာနေချိန် အဖမ်းခံရသူက ၂၆ ဦးတောင် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးခံရမှုဟာ လူ ၉၀ ထက်မနည်း ရှိခဲ့တယ်လို့ RSN က ဖော်ပြပါတယ်။

အလားတူ စက်တင်ဘာ ၁ ရက်ကနေ ၁၀ ရက်အတွင်းမှာလည်း တရား ဖမ်းဆီးခံခဲ့ရသူအများအပြားရှိခဲ့ပြီး မြို့နယ် ၁၀ မြို့နယ် မှ လူ ၃၈ ဦးရှိခဲ့တယ်လို့ RSN ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်မြို့မှာ လူငယ်တွေကို ဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေတာကို ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ဝန်ခံခဲ့ပါတယ်။ ရန်ကုန်မြို့၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ လူဖမ်းပြီး စစ်မှုထမ်းရောင်းစားသူတွေ ဆိုးရွားနေပြီး စက်တင်ဘာ ၄ ရက်နေ့ကပဲ ၎င်းရပ်ကွက်ထဲက လူငယ်တစ်ဦး ဖမ်းဆီးခံလိုက်​ရကြောင်း ၎င်းအုပ်ကြီးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့စာရင်းတွေပြုစုထားတဲ့ RSNက စစ်တပ်ရဲ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်သစ် စခါနီးကာလတွေမှာ ၎င်းတို့သတ်မှတ်လူစာရင်း အရေအတွက်ပြည့်မှီဖို့အတွက် လူစုဆောင်းပေးနေသူတွေက နည်းလမ်းမျိုးစုံနဲ့လူလိုက်ဆွဲနေလို့ အဲဒီကာလတွေဟာ ဖမ်းဆီးတာပိုများတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့်အောက်တိုဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်နိုင်ဖို့အတွက် ဒေသအသီးသီးမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #မြောက်ဒဂုံဆိုင်ကယ်ကယ်ရီပျောက်ဆုံးမှု #ဆိုင်ကယ်ကယ်ရီသမားပျောက်ဆုံး #မြောက်ဒဂုံမြို့နယ် #ရန်ကုန်မြို့ပြသတင်း #NorthDagonMissingPerson #BikeTaxiDriverMissing #NorthDagonTownship #YangonUrbanNews #MyanmarNews
🤬34❤8👍2🤮2👎1🔥1🙏1🤣1
Media is too big
VIEW IN TELEGRAM
👍20😢5❤1👎1🔥1🤮1🤣1
ကောလင်းမြို့နယ်ကိုစစ်တပ် ဗုံးကြဲ သုံးဦးသေဆုံး ရှစ်ဦး ဒဏ်ရာရ

■အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

စက်တင်ဘာ-၂၅၊၂၀၂၆။ဇော်ရမ်း၊ကတ်သရင်း/People's Spring

အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်း၊​ကောလင်းမြို့နယ်အတွင်း စစ်​ဘေး​ရှောင်ပြည်သူ​တွေနေထိုင်ရာတွေကို ယမန်​နေ့ည​နေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသ
ခံပြည်သူ သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်
ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းမြို့နယ်၊ကိုက္ကိုကုန်းရွာကို စက်
တင်ဘာလ ၂၄ရက်ညနေ ၅နာရီ၂၀မိနစ်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့သိရ ပါတယ်။

"ဖိုက်တာနဲ့ ပေါင် ၃၀၀၊ပေါင် ၅၀၀ဗုံးတွေကြဲတာပါ။ ဒဏ်ရာရတဲ့အထဲမှာ ခြေလက်ဖြတ်တောက်ရမယ့်သူတွေပါတယ်။ ‌သေဆုံးသူတွေထဲမှာကျမဦး‌လေးပါတယ်"လို့ ကောလင်းမြို့ခံတစ်ဦးကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူသုံးဦးဟာ အသက်၆၀အရွယ်နဲ့ အသက်၂၀ ကျော်အရွယ်အမျိုးသား တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

"ဒီရွာကကောလင်းမြို့ကစစ်ရှောင်တွေပါနေတဲ့ရွာလေ။စစ်ရှောင်တွေ ရှိတဲ့ဘက်ကို သက်
သက်ဗုံးကြဲသွားတာ။ရော့ကတ်တွေနဲ့ပါချသွားတယ်။ဒဏ်ရာရတဲ့သူ တွေထဲမှာ ဒဏ်ရာပြင်းထန်တဲ့သူ တွေလည်းပါတယ်"လို့ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ရဲ့တံတားဦးလေတပ်က A-5 Bomder
အမျိုးအစား ဂျက်ဖိုက်တာနဲ့ ၂ကြိမ်တိုင်ဗုံး
ကြဲခဲ့တာဖြစ်ပြီး နေအိမ်၁၀လုံးခန့်လည်း ပျက်စီးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီး ညနေပိုင်းမှာ ပြည်သူတွေ ထိတ်လန့်ကာ ရွာအတွင်းမ​နေရဲ​တော့ဘဲ တိမ်းရှောင်ခဲ့ကြရတာ တွေလည်းရှိတယ်လို့ ‌ ဒေသခံ တွေကပြောပါတယ်။

စစ်တပ်က စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေကို အခုရက်ပိုင်းမကြာခဏဗုံးကြဲနေပါတယ်။ စက်တင်ဘာ၂၃ ရက်မနက်ကလည်း အင်းတော်မြို့နယ်ထဲက ဆီကားတန်းကို တိုက်​လေယာဥ်အုပ်နဲ့ဗုံးကြဲခဲ့တာကြောင့်ဒဏ်ရာရသူ တွေအနက် သုံးဦးထပ်မံသေဆုံးခဲ့ပြီး စုစု
ပေါင်းသေဆုံးသူငါးဦးရှိလာတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။ အဲဒီဗုံးကြဲတဲ့ဖြစ်စဉ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ကုန်
သည် တွေအပါအဝင်ငါးဦးသေဆုံးပြီး အမျိုး
သမီးတစ်ဦးအပါအဝင်ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အင်းတော်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်က အရပ်သားပြည်သူ​တွေကိုဦးတည်ပြီးတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှု​တွေဆက်
တိုက်ကျူးလွန် ​နေတာ​ကြောင်ပြင်းပြင်းထန်
ထန်ပြန်လည်တိုက်ခိုက်သွားမယ်လို့ အင်းတော်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ၂၅ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်

ဒါ့အပြင် စစ်တပ်က စက်တင်ဘာလ၂၃ရက်နေ့ညနေမှာပဲ ကသာမြို့နယ်ထဲကိုဗုံးကြဲလို့ သီလရှင်တစ်ဦးကွယ်လွန်ခဲ့ပါတယ်။ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့ကိုလည်းစစ်
တပ်က ဗုံးကြဲခဲ့ပါ​သေးတယ်။​ရွှေပြည်​အေး
မြို့ကို PDF ၊ပကဖ ​နဲ့​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ် ။

စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလာနိုင်တဲ့အတွက် လုံခြုံရေးသတိပြုကြဖို့ စစ်ကိုင်း
တိုင်းထဲက တော်လှန်ရေးအင်အားစုတွေကသတိပေးနေကြပါတယ်။



#ကောလင်းမြို့နယ် #ကိုက္ကိုကုန်းရွာ
#ဗုံးကြဲခံရ #စစ်ရှောင်ပြည်သူ
#peoplesspring #ps
🤬36❤7😢3👍2👎2🔥2👏1🎉1
ဗုံးကြဲခံရပြီး​နောက် မြင်ကွင်း။ ဓါတ်ပုံ-​CJ
😢33🤬8👎3🔥3👏2🤩1
ကျောက်မဲမြို့မှာ ရွှေဆိုင် ထပ်မံ ဓားပြတိုက်ခံရ

စက်တင်ဘာ-၂၅၊၂၀၂၆။ဇော်ရမ်း/People's Spring

စစ်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဒီနေ့စက်တင်ဘာ ၂၅ရက် မနက်ပိုင်းမှာ ဓားပြတိုက်ခံရမှု ဖြစ်ခဲ့ပါတယ်။

ဒီကနေ့ မနက်၁၁နာရီခန့်မှာ ကျောက်မဲမြို့၊ရိုးမဘဏ်အနီးက ရွှေဆိုင်ကို အမျိုးသား ၂ဦးက ဓားပြတိုက်ပြီး ထွက်ပြေးသွားတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။

"ကျောက်မဲကဓားပြမှုမကြာခဏဖြစ်နေတယ်။ ခဏခဏကြီးဖြစ်နေတာ။ တကယ်တော့ မြို့က စစ်ရေးအခြေအနေမထူးပေမယ့် နေလို့ထိုင်လို့မကောင်းဘူး"လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းကလည်း ကျောက်မဲမြို့ဈေးအတွင်းက ရွှေဆိုင်တစ်ဆိုင်ဟာ ဓားပြတိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ဓားပြတိုက်ချိန်ဝင်ရောက်တားဆီးတဲ့သူတွေ‌ သေနတ်နဲ့ပစ်ခံခဲ့ရပြီး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဓားပြတိုက်သူ ၃ဦးစလုံးကို ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

ဒီနေ့မနက်ဖြစ်ပွားတဲ့ ဓားပြတိုက်မှုနဲ့ပတ်သက်လို့အသေးစိတ်အခြေအနေကိုဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။

ကျောက်မဲမြို့ဟာ ၂၀၂၃ အောက်တိုဘာ၂၇ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်((TNLA)က သိမ်းယူခဲ့ပြီး ‌၂၀၂၅ အောက်တိုဘာမှာ စစ်တပ်ကပြန်လည်ထိန်းချုပ်သွားတဲ့ မြို့ဖြစ်ပါတယ်။‌ လက်ရှိအချိန်အထိ စစ်တပ်က မြို့ပေါ်မှာပဲ တပ်စွဲထားနိုင်သလို တရားဥပဒေစိုးမိုးရေးလည်း မလုပ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
❤15🔥11👎3👍2🤬1💩1
ဓာတ်ပုံ - Shannews
❤18🔥10👎3🤬2🤣1
ကျောက်တော်မြို့ကိုစစ်တပ်ဗုံးကြဲ၊ ရိုဟင်ဂျာကလေးငယ်တွေအပါအဝင် ၈ ဦး ဒဏ်ရာရ

■သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

စက်တင်ဘာ-၂၅၊၂၀၂၆။ခိုင်မြတ်/People's Spring

စစ်တပ်စခန်းတွေဆက်တိုက်ဆုံးရှုံး​နေတဲ့ အာ
ဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်နဲ့ အနီးဝန်းကျင်တွေကို Y12 ​လေယာဥ်နဲ့ ဗုံးအလုံးရေ ၃၀ ဝန်းကျင်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရိုဟင်ဂျာကလေးငယ်​တွေအပါအဝင် အရပ်သား ၈ ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ မနက်အစောပိုင်း ၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့ပေါ် ပြည်တော်သာရပ်ကွက်၊ကျောက်တော်မြို့အ
နီး ပီစီ(ပိုက်သည်)ရွာ၊ ၀ကင်း၊ နိဒင်၊ ဒုံးရွာတို့ကိုစစ်တပ်က ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

“ပြည်တော်သာမှာ တလုံးကျတယ်။ ပိုက်
သည်ရပ်(ပိစီရွာ)မှာ သုံးလုံးကျတယ်။ တခြားရွာတွေမှာလည်းအများကြီးကျတယ်။မိုးလင်း
တဲ့ထိမအိပ်လိုက်ရဘူး။ဒီလောက်ထိချသွားတာ ဆက်မအိပ်ရဲတော့ဘူးလေ” လို့ ကျောက်တော် မြို့မှ ပြည်တော်သာရပ်ကွက်မှအမျိုး
သမီးတဦးက ပြောပါတယ်။

စစ်တပ်ဟာပြီးခဲ့တဲ့ရက်ပိုင်းကလည်းကျောက်တော်မြို့ပေါ်နဲ့ အနီးဝန်းကျင်တွေကို ဒရုန်းနဲ့ ကင်းထောက်နေခဲ့ပြီးမှ အခုလို အရပ်
သားတွေ နေထိုင်ရာနေရာကို ဗုံးလာကြဲတာဖြစ်ပါတယ်။ “ဒဏ်ရာရတာ အကုန်လုံး အရပ်
သားတွေပဲ၊ မွတ်ဆလင်တွေ ပိုများတယ်။ ကင်းထောက်ထားပြီးတာတောင် အရပ်သားနေရာမှန်းသိရဲ့နဲ့ တမင်တကာကို ကြဲတာဆို တော့ ပြောဖို့စကားတောင် မရှိဘူး” လို့ ကျောက်တော်မြို့ခံလူငယ်တဦးကပြောပါတယ်။

ဗုံးကြဲမှုကြောင့် ပီစီရွာ(ပိုက်သည်ရပ်)မှ အ
သက် ၃၅ နှစ်အရွယ် အဘူကလမ်၊ နိဒင်ရွာမှ ၁ နှစ်အရွယ် ဘီဘီဆာနေးယား၊ ၈ နှစ်အရွယ် ဘီဘီဆာခါရာ၊ ၁၈ နှစ်အရွယ် ဆော်လိမ်း၊ ၃၇ နှစ်အရွယ် ရိုစိမာကာတူ၊ ၄၃ နှစ်အရွယ် ဂျာဘဲလ်၊ ပြည်တော်သာရပ်ကွက်မှ ၅၆ နှစ်အရွယ် ဦးသန်းစိန်နဲ့ ဦးသန်းစိန်ရဲ့ ဇနီး ၅၆ နှစ်အရွယ် ဒေါ်ရွှေရီတို့ ဒဏ်ရာ ရခဲ့ပါတယ်။

“ပိုက်သည်ရပ်ကဆိုရင်မူဆလင်တွေမိသား
စုလိုက် ဒဏ်ရာရကြတာ။ ဗုံးက တစုတည်းမှာ ကျတယ်” လို့ ကျောက် တော်မြို့ခံ လူငယ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းက တိုက်ပွဲမှာ ဆက်တိုက်အထိနာနေပြီးစက်တင်ဘာ ၂၄ ရက်နေ့မှာလည်း ကာကင်းစခန်းတခုထပ်မံဆုံးရှုံးရကာ ထိခိုက်၊ သေဆံးသူ ဆယ်ချီရှီခဲ့ပါတယ်။ အဲဒီလိုတိုက်ပွဲမှာ အထိနာနေချိန် စစ်တွေမြို့နယ်နဲ့အစပ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့အတွင်းက လူနေကျေးရွာတွေကို ဗုံး ကြဲသလို အခုအခါ ကျောက်တော်မြို့နယ်ကိုပါ ဗုံးလာကြဲတာဖြစ်ပါတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့ စစ်တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ ဒီနေ့ ၂၅ ရက်နေ့ထိ ၂၂ ရက်တာကာလအတွင်း စစ်တပ်ကဗုံးကြဲလို့ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ ၉ ဦးနဲ့ ထိ
ခိုက်ဏ်ရာရသူ ၁၇ ဦးထက်မနည်း ရှိ​နေပြီဖြစ်ပါတယ်။



#ကျောက်တော်ဗုံးကြဲခံရ #စစ်တပ်
#ပြည်တော်သာရပ်ကွက် #လူထုနွေဦး
#ပိုက်သည်ရပ်ပိစီရွာ #ရိုဟင်ဂျာ
#peoplespring
🤬35👎6❤5🔥2👍1👏1😢1🎉1
ဗုံးကြဲခံရပြီး​နောက် မြင်ကွင်းနဲ့ ဒဏ်ရာရပြည်သူ​တွေ။ဓါတ်ပုံ-APM ၊ ONN
🤬49👎5❤4🔥2👏1🤩1🙏1
မုံရွာမြို့မှာ အိမ်ခြံမြေပွဲစား မိသားစုလိုက် ပြန်ပေးဆွဲခံရပြန်

▪️တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

စက်တင်ဘာ ၂၅၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အိမ်ခြံမြေပွဲစားအပါအဝင် မိသားစုတစ်စုလုံး ပြန်ပေးဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက် ညက မုံရွာမြို့ ၊ ကွေ့ကြီးရပ်ကွက်၊ ကန်သာယာအနီး နေထိုင်တဲ့ အိမ်ခြံမြေအကျိုးဆောင် ကိုမျိုးမင်းသန့်ရဲ့နေအိမ်ကို လူတစ်စုက ဝင်ရောက်လာပြီး ကိုမျိုးမင်းသန့်၊သူ့ဇနီးနဲ့ သမီး ၂ဦးအပါအဝင် စုစုပေါင်း ၄ ဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

"ညကြီးကို အိမ်ထဲဝင်ဆွဲသွားတာတဲ့။ ဆိုင်ခန်းဖောက်ခံရတာတွေရောပဲ။ မုံရွာက ကူကယ်ရာမဲ့နေပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မုံရွာမြို့မှာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းကလည်း အင်ရွာသစ်နေ အိမ်ခြံမြေပွဲစား ‌ဦးမောင်ဦးနဲ့အဖော်ဖြစ်သူတစ်ဦးတို့ကို အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသား ၄ ဦးက သုံးဘီးယာဥ်နဲ့ အိမ်ဝင်းလိုက်ပြဖို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ အဲဒီနောက် အောင်တော်မှုကျောင်းအနီးသို့ ရောက်ရှိချိန်မှာ မြေပွဲစား ဦးမောင်ဦးအား ဓားနဲ့ ၅ ချက်ခန့် ခုတ်သတ်ခဲ့ပြီး ၎င်းနှင့်အတူ ပါလာတဲ့ အဖော်ဖြစ်သူကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မုံရွာမြို့မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း ငွေကြေးချမ်းသာသူတွေကို ပြန်ပေးဆွဲငွေညှစ်တာ၊ ဓါးပြတိုက်တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကလည်း ဖမ်းဆီးအရေးယူတာမျိုး မရှိဘဲ လူငယ်တွေကိုသာ စစ်မှုထမ်းဖို့ ပေါ်တာပတ်ဆွဲနေကြောင်း မြို့ခံတွေက ပြောပါတယ်။
🤬26👍9❤8👎3🔥2
(ပြန်ပေးဆွဲခံရတဲ့ အိမ်ခြံမြေအကျိုးဆောင် ကိုမျိုးမင်းသန့်၏ပုံ ဓါတ်ပုံံ - Screengrab)
👍20❤6👎3🔥3
နာဂဒေသမှာ ကြံ့ခိုင်ရေးအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို ပေါ်တာဆွဲ

စက်တင်ဘာ-၂၅၊ ၂၀၂၆။ ဇော်ရမ်း/People's Spring

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၃ရက် မနက် ၁၁နာရီခန့်က ဆွမ္မရာမြို့ကနေ လေရှီးမြို့ကိုသွားတဲ့ ကားဆရာနဲ့ ဒေသခံ ၁၀ဦးကို လေရှီးမြို့အဝင် ရေတောင်ရွာမှာ စစ်အုပ်စုက ဖမ်းသွားတာလို့ သိရပါတယ်။

လေရှီးမြို့နယ်က ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၁၀ -၂၀၁၅ အမတ်ဟောင်း ဦးရှီးသီးက ဒေသတွင်းကုန်စည်သယ်ယူပို့ဆောင်နေတဲ့ ကား ၉စီးကို စစ်ဆေးဖို့အတွက် သူ့အိမ်ရှေ့ကို မောင်းခိုင်းပြီး အိမ်အရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ဆိုင်းပြီး ဖမ်းဆီးသွားတာလို့ လေရှီးမြို့ခံတစ်ဦးက ပြောပါတယ်။

"နေ့ခင်းကြောင်တောင် (ပေါ်တာ)ဆွဲတာ။ ထွေအုပ် ဒုမြို့နယ်မှုးက စစ်သားစုဆောင်းဖို့ ဖမ်းသွားတယ်။ မှတ်ပုံတင်နဲ့ ဖုန်းတွေအပြင် ကားတွေပါ သိမ်းထားတယ်။ ဦးရှီးသီးနဲ့ စစ်တပ်ပေါင်းပြီး ဖမ်းတာ"လို့ အဲဒီမြို့ခံက ပြောပါတယ်။

စက်တင်ဘာ ၂၃ရက်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်လူငယ် ၁၁ဦးကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဦးရှီးသီးကို မေးမြန်းဖို့ ဆက်သွယ်ပေမယ့် လတ်တလောမှာ အဆက်အသွယ်မရရှိသေးပါဘူး။

ဖမ်းဆီးခံရသူတွေဟာ ယာဉ်မောင်းနဲ့ ယာဥ်နောက်လိုက်လူငယ်တွေဖြစ်ပြီး ပြန်လည်လွတ်မြောက်ရေးအတွက် နာဂယဉ်ကျေးမှုအဖွဲ့အစည်းတွေက လိုက်လံညှိနှိုင်းနေပေမယ့် သုံးရက်မြောက်ဖြစ်တဲ့ ဒီနေ့ စက်တင်ဘာ ၂၅ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

"ပြန်လွှတ်ပေးဖို့ စစ်မှုထမ်းလူတစ်ယောက်အစားထိုးပေးရမယ်လို့ ခြိမ်းခြောက်နေတယ်။ ဘယ်လိုလုပ်ရှာရမလဲ။ နောက်ပြီး ဒါက ပြန်ပေးဆွဲသလိုလုပ်နေတာပါ"လို့ ‌ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

နိုင်ငံအနှံ့ စစ်မှုထမ်းအင်အားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း အသက်၁၈နှစ်အထက်လူငယ်တွေကို စစ်မှုထမ်းစာရင်းသွင်းပြီး လိုက်လံဖမ်းဆီးမှုတွေရှိတယ်လို့ သိရပါတယ်။ စစ်မှုထမ်းစာရင်းမှာပါတဲ့ လူငယ်တွေကို လေရှီးမြို့နယ်တရားရုံးက ဖမ်းဝရမ်း ထုတ်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးမှုတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လေရှီးမြို့နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေ၊ လူငယ်တွေအနေနဲ့ မလိုအပ်ဘဲ ခရီးမထွက်ကြဖို့နဲ့ စစ်မှုထမ်းစာရင်းမှာ ပါဝင်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူတွေအနေနဲ့ လုံခြုံရေးအထူး ဂရုပြုကြဖို့ ဒေသခံတွေ အချင်းချင်းတိုက်တွန်းသတိပေးနေကြပါတယ်။

စစ်ကိုင်းတိုင်းထဲမှာပါဝင်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဒေသခံတွေဟာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေကြရပါတယ်။

စစ်တပ်က ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကနေ စောင့်ပြီး စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းဆီးနေတဲ့အတွက် အခက်အခဲတွေ ပိုပြီးကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
🤬31❤5👎4🤮3🔥1👏1🤣1
(နာဂဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့အဝင်မုဒ်ဦးကို တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)
🤬30❤3👍3👎3🔥3👏1🤣1
ဩဂုတ်လတိုက်ပွဲတွေမှာ စစ်တပ် ၃၀၀ ကျော် သေဆုံးခဲ့ဟု NUG ကာကွယ်ရေး ထုတ်ပြန်

စက်တင်ဘာ ၂၅၊ ၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

ဩဂုတ်လအတွင်း စစ်တပ်ရဲ့ ထိခိုက်ကျရှုံး အချက်အလက်တွေကို အသိပေးထားတာဖြစ်ပြီး စစ်တပ် သေဆုံး၊ ထိခိုက်၊ အရာရှိ သေဆုံးထိခိုက်ဖမ်းမိနဲ့ စခန်း သိမ်းပိုက်ရရှိမှု အခြေအနေတွေ ပါရှိပါတယ်။

အသေးစိတ် အခြေအနေတွေ ဖော်ပြမထားပေမဲ့ ဩဂုတ်လမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄၄ဦး သေဆုံးကာ ၁၀၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သေဆုံး ဒဏ်ရာရနဲ့ ဖမ်းမိတဲ့ စစ်တပ် အရာရှိ ၁၀ဦး ရှိကြောင်းလည်း အသိပေးထားပါတယ်။

စစ်တပ်စခန်း တိုက်ခိုက်မှု ၁၂ကြိမ်ပြုလုပ်ခဲ့ရာ ၄ကြိမ် သိမ်းရခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လအတွင်းကလည်း စစ်တပ်က အရာရှိ တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးအောင်ချေမှုန်းနိုင်ခဲ့သလို ဒဏ်ရာရသူ ၄၇၀ ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။

ဇူလိုင်လမှာ စစ်တပ်စခန်း သိမ်းပိုက်တဲ့ စစ်ဆင်ရေး ၁၆ကြိမ်ဆင်နွှဲခဲ့ရာ တပ်စခန်း ၁၀ခု သိမ်းရခဲ့ကြောင်း အသိပေးထားပါတယ်။
👍37❤8🥰3👏3🤣3🖕2🥴1
(ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မကွေးတိုင်းစစ်ဌာနက ဖော်ဆောင်စစ်ဆင်ရေးအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - PDF)
👍42❤11🥰5🤣2🖕2👎1
နေအောင်ပါဝင်တဲ့ "အ​မွေ"ရုပ်ရှင် ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်

စက်တင်ဘာ-၂၅၊၂၀၂၆။ ဂန္ဓမာ/People's Spring

စစ်မှူထမ်းတာကို ထောက်ခံပြောဆိုခဲ့တဲ့ ရုပ်
ရှင်မင်းသား နေအောင်ပါဝင်ထားတဲ့ "အမွေ" ရုပ်ရှင်ဇာတ်ကားဟာ ပထမရက်မှာတင် ဝင်
ငွေအနည်းဆုံး စံချိန်တင်သွားခဲ့ကြောင်း ရုပ်
ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်မှာ စတင်ရုံတင်ပြသတဲ့ ဒါရိုက်တာ သြရသ ရိုက်ကူးပြီး နေအောင်၊ နေတိုး၊ ဇင်အောင်၊ နော်ဖော်အယ်ထားတို့ပါဝင်ထားတဲ့"အမွေ" ရုပ်ရှင်ဇာတ်ကားဟာ စတင်ပြသတဲ့ ဒီကနေ့မှာတင် ဝင်ငွေအနည်း
ဆုံး စံချိန်တင်သွားခဲ့တာဖြစ်ကြောင်း ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

"မြန်မာ့ရုပ်ရှင်လောကရဲ့ ဝင်ငွေစံချိန် အ
နည်းဆုံးကား အဖြစ် စံချိန်တင်သွားပြီဖြစ်။ နာမည်ကြီး မင်းသား နေတိုး ပါသည့်တိုင် ၊ နာမည်ကြီး ဒါရိုက်တာ သြရသ ရိုက်ကူးသည့်တိုင် ကို နေအောင်ကြောင့်ဖြစ်သွား.."လို့ မြန်မာ့ရုပ်ရှင်လောကသားတစ်ဦးက ပြောပါတယ်။

အမွေရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသူ ဒါရိုက်တာ သြရသဟာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သူဖြစ်ပြီး သူရိုက်တဲ့ ဇာတ်ကားအများစုဟာ ဝင်ငွေစံချိန်တင်တာ၊ ထိုက်သင့်တဲ့ဝင်ငွေရရှိတာတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ အလားတူ အမွေဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသား နေတိုးဟာလည်း လက်ရှိ ထိပ်တန်းသရုပ်ဆောင်ဖြစ်ပြီး သူရဲ့အရင်ကရုံတင်ဇာတ်ကား​တွေဟာ အခုဇာတ်ကားလောက် ဆိုးဆိုးရွားရွား စံချိန်တင် ဝင်ငွေအနည်းဆုံးဖြစ်တာမျိုး မရှိဖူးဘူးလို့ ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

နေအောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ စစ်မှုထမ်းတာနဲ့ ပတ်သက်ပြီး ထောက်ခံပြောဆိုခဲ့လို့ ပြည်သူ​တွေကအပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

"လူတွေက မြန်မာတစ်ပြည်လုံးပေါ့။ ကြောက်လို့ပြေးကြနိုင်ငံခြားပြေးကြနဲ့ အများကြီးပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အ
သက်မစွန့်ချင်ကြဘူးလား။ အသက်လည်း မစွန့်ခိုင်းပါဘူး။ ဒီမြေရယ်၊ ဒီရေရယ်၊ ဒီလေရယ်ရှုပြီး ဒီတိုင်းပြည်အတွက် ဘာမှအကျိုးမပြုရင် အဲဒီလူယောကျာ်း၊ အဲမိန်းမ ဘာဖြစ်သွားမှာတုန်း။ ကိုယ့်ဟာကို စဥ်းစားဖို့မေးတာနော်။ ကျွန်တော်မပြောဘူး။ ကျွန်တော်တို့ စစ်သား သားသမီး သတ်လည်းသေသွားမယ်။ စစ်တပ်မှားတယ်မှန်တယ် ကျွန်တော်မသိဘူး။ ယူနီဖောင်းမြင်ရင်ကိုချစ်တာလေ။ ဝင်ချင်တယ်ညီကိုနှစ်ယောက်လုံး။ မာမီကပေးမဝင်ဘူး"လို့ ပြောခဲ့ပါတယ်။

အဆိုပါဇာတ်ကားကို အာဏာသိမ်းခေါင်း
ဆောင်သမီး ခင်သီရိသက်မွန်ရဲ့ စီးပွားဖက် ရွှေမန်း ရဲ့ ခတ္တိယရုပ်ရှင်ထုတ်လုပ်ရေးနဲ့ MRTV-4 တို့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ကြောင်း သိရပါတယ်။စစ်တပ်နဲ့ နီးစပ်သူ​တွေရဲ့ ရုပ်ရှင် ဇာတ်ကားဖြစ်တာမို့ မဂ်လာရုပ်ရှင်ရုံအုပ်စု ၊ Junction ရုပ်ရှင်ရုံ​တွေမှာပြသတဲ့ J cineplex စတဲ့ရုပ်ရှင်ရုံ​တွေ အကုန်လုံးက ရုံတင်ပြသ​ပေးခဲ့ကြ​ပေမယ့်
ကြည့်ရှုသူစံချိန်တင်နည်းပြီး ရုံဝင်​ငွေအနည်း
ငယ်ပဲရကာ အနည်းဆုံးစံချိန်တင်ခဲ့တာလို့ ရုပ်ရှင်​လောကသားအချို့က​ပြောပါတယ် ။



#ရုပ်ရှင်ရုံတင်ငွေအနည်းဆုံးစံချိန်တင်
#အမွှေ #နေအောင် #ရွှေမန်း #နေတိုး
#peoplesspring #လူထုနွေဦး
😁38❤14👍11🤣3👎1💩1
စစ်တပ်​ထောက်ခံသူ​တွေ နဲ့ မင်း​အောင်လှိုင်သမီးမိတ်​ဆွေ​ ရွှေမန်းရဲ့ ရုပ်ရှင်ထုတ်လုပ်​ရေးက ရိုက်ကူးတဲ့အ​မွှေ ဇာတ်ကား​ကြော်ညာဓါတ်ပုံ
💩39🖕15😁9🤮8❤6🤣3👎2😘1
မန္တလေး-မြစ်ကြီးနားလမ်း Expressကား ဘယ်လိုသွားကြသလဲ

စက်တင်ဘာ ၂၅၊ ၂၀၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ ဧရာဝတီမြစ်အတွင်းမှာ မော်တော်တွေအပေါ် Express ကားနဲ့ ကုန်တင်ကားတစ်စီးကို တင်ပြီး မြစ်
ပြင်ဖြတ်ကူးနေတဲ့ရုပ်သံတစ်ခု TikTok မှာ လူကြိုက်များနေပါတယ်။

အဲဒီရုပ်သံထဲမှာ မော်တော်နှစ်စင်းပူးကာ ဖောင်ဖွဲ့ပြီး Express ကားတစ်စီးနဲ့ ကုန်တင် ဘောက်ကားတစ်စီးကို စွန့်စွန့်စားစားတင်ဆောင်ကာ ဧရာဝတီမြစ်အတွင်း ရေပြင်ကျယ်မှာ ကမ်းကူးပေးခဲ့တာကို မြင်တွေ့ရပါတယ်။ ကသာမြို့နယ်၊ ကလုံရွာဇက်ဆိပ်ကနေ အင်းရွာဘက်ကို ကူးတာလို့ သိရပါတယ်။ ဘေးကနေလည်း မော်တော်တစ်စင်းက အရံအနေနဲ့ ကပ်လိုက်ပေးခဲ့ပါတယ်။

"expressတစ်စီးတည်းထင်နေတာ ဘောက်ကားတစ်စီးပါ အပိုပါသေးတာဟ ကျွတ်ဆင်ကြီး။ လုပ်ရဲကိုင်ရဲတဲ့သတ္တိကိုတော့ လေးစားပါတယ်ဗျာ။ ဖြစ်သွားရင်တော့ တန်ဖိုးမသေးဘူး ဂရုစိုက်ကြပါ"လို့ လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ၊ လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် မန္တလေး-မြစ်ကြီးနားလမ်းဟာ တဖြောင့်တည်းသွားလို့မရတော့ဘဲ ကွင်းလမ်းတွေကတဆင့် သွားလာရသလို အခုလို ဧရာဝတီမြစ်ကို မော်တော်နဲ့ကူးဖြတ်ပြီးလည်း ခရီးဆက်နေရတာဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၅ ရက်မှာဆိုရင် ကသာကနေ ကလုံရွာကိုသွားတဲ့လမ်းပိုင်း ပိတ်ထားပြီး ကသာဇက်ဆိပ်မှာ ကားတွေရာချီ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

(ရုပ်သံ-Ko Phyo KMT Group)

#မန္တလေးမြစ်ကြီးနားလမ်း #ကသာ #ဧရာဝတီမြစ် #လမ်းခရီးသတင်း #စစ်ကိုင်း #ကချင် #MandalayMyitkyina #Katha #AyeyarwadyRiver #MyanmarRoads #TravelUpdateMyanmar #PeoplesSpring
🔥18❤8👍6🖕2👎1🥰1