စက်သုံးဆီဈေး တစ်လီတာ ကျပ် ၆၀၀ကျော်အထိ မြင့်တက်
စက်တင်ဘာ-၂၅၊၂၀၂၆။ဇော်ဝင်း၊ရောင်နီ/People's Spring
ရန်ကုန်မြို့ စက်သုံးဆီ ဈေးကွက်မှာ အမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၆၀၀ ကျော်မြင့်တက်ခဲ့ပြီး ဓာတ်ဆီဈေးတွေ လေးထောင်ကျော်ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ ယာဉ်ပိုင်ရှင်တွေကပြောပါတယ်။
ဒီနေ့(စက်တင်ဘာ၂၅) ထုတ်ပြန်တဲ့ စစ်တပ်ရဲ့ စက်သုံးဆီရည်ညွှန်းဈေးတွေအရ ရန်ကုန်မြို့မှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၄၄၅၀ ကျပ် ၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၄၆၀၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၄၇၉၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅၇၉၅ ကျပ် သတ်မှတ်ထားပါတယ်။
အဲဒီဈေးနှုန်းတွေက ပြီးခဲ့တဲ့တစ်ပတ်ဈေးနှုန်းတွေနဲ့ယှဉ်ရင် ဓာတ်ဆီ ၉၂ တစ်လီတာ ၆၂၅ ကျပ် ၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၆၅၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၆၄၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၇၄၅ ကျပ် မြင့်တက်လာခဲ့တာပါ။
"ပြည်တွင်းဈေးနဲ့ပြောရရင်တစ်လီတာ ဈေးအတော်အတက်ကြမ်းတယ်ပြောရမယ်။အရှေ့အလယ်ပိုင်း စစ်ရေးနဲ့အရေးယူမှုတွေကြောင့်လည်းကမ္ဘာ့ရေနံစိမ်းလည်း အတက်ပြနေတဲ့ အခြေအနေရှိတယ်။မြန်မာ ယူနေရတဲ့ စင်ကာပူ ရေနံဈေးကွက်မှာလည်း ဓာတ်ဆီ ဈေးတွေ တက်နေတယ်"လို့ ရေနံစည်ဈေးကွက်ကို လေ့လာသူတစ်ဦးက ပြောပါတယ်။
စက်သုံးဆီဈေးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက အမေရိကန်-အီရန် ပဋိပက္ခတွေကြောင့် တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီလအထိ တစ်လကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ငွေကျပ် နှစ်ထောင်ကျော် ကနေ ငါးထောင်အထိ တက်ခဲ့တာပါ။ ပရီမီယံဒီဇယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၇,၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့တာပါ။
အဲဒီနောက် ဧပြီလလယ်ကစတင်ပြီး စက်သုံးဆီဈေးတွေ ပြန်လည်ကျဆင်းလာခဲ့ပေမယ့် ဖေဖော်ဝါရီက ရည်ညွန်းဈေးအထိတော့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။
ဧပြီလလယ်ကနေ ဇူလိုင်လလယ်အထိသုံးလအတွင်း ကျဆင်းလာတဲ့ စက်သုံးဆီဈေးက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဈေးပြန်တက်လာခဲ့ပြီး စက်တင်ဘာအထိ အတက်အကျအနည်းငယ်သာအပြောင်းအလဲရှိခဲ့တာပါ။
"ဈေးကတက်ရင် ရာနဲ့ ထောင်နဲ့ချီတယ်။ ကျရင်တော့ ဆယ်ဂဏန်းတောင် ခပ်လှုပ်လှုပ်ရယ်" လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

🔥23👍4❤3🤬3👎1🤣1
လိုင်ဇာမြို့ကို စစ်တပ်က လေယာဉ် ၂ရက်ဆက် ပျံဝဲလို့ တရုတ်က မီးကျည်ပစ်ခတ် သတိပေး၊ ပြည်သူတွေ ထိတ်လန့် ပုန်းခိုခဲ့ရဟု KIA ပြော
▪️စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ
စက်တင်ဘာ ၂၅။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေယာဉ်ပျံဝွဲခဲ့လို့ လေယာဉ်ပျံဝဲချိန် တရုတ်အစိုးရက မီးကျည်ပစ်ခတ် သတိပေးမှု ပြုလုပ်ခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
စစ်တပ်က စက်တင်ဘာ ၂၃ရက်နဲ့ ၂၄ရက်တွေမှာ Y12 လေယာဉ်နဲ့ လိုင်ဇာအပါအဝင် မြန်မာ-တရုတ်နယ်စပ်တကြော ပျံဝဲခဲ့တာပါ။
စစ်တပ်လေယာဉ် ပျံဝဲတာကြောင့် ပြည်သူတွေ ထိတ်လန့်ခဲ့ပြီး ကတုတ်ကျင်း အတွင်း ပုန်းခိုခဲ့ရတဲ့ ပြည်သူတွေ ရှိခဲ့ကြောင်း KIAက ဖော်ပြပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောပြချက် အရ စက်တင်ဘာ ၂၃ရက်မှာ စစ်တပ်လေယာဉ် လာရောက်စဉ် တရုတ်ဘက်ကလည်း တရုတ်ဘက်ခြမ်း နယ်စပ်တလျှောက် လေယာဉ်ပျံဝဲခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ကချင်ပြည်နယ်ကို ကုန်းလမ်းရေလမ်းများနဲ့ စစ်အင်အား၊ လက်နက်ရိက္ခာ ဖြည့်တင်းဖို့ ကြိုးစားပေမဲ့ စစ်ရှုံးမှုများလာလို့ တိုက်လေယာဉ်တွေကို အဓိက အားပြုပြီး မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်နေကြောင်းလည်း KIAက ဖော်ပြပါတယ်။
စက်တင်ဘာ ၂၄ရက်မှာ ဗန်းမော်မြို့နယ် စင်းခန်းအနီး လေယာဉ်ဗုံးကြဲတာရှိခဲ့ပြီး ထိခိုက်မှုရှိမရှိ စုံစမ်းနေတယ်လို့ KIAက အသိပေးပါတယ်။
ဒါ့အပြင် KIA အမှတ်(၁၁)နယ်မြေ အမှတ်(၁၂) တပ်ရင်း ရွှေကူနယ်ကို စစ်တပ်က စက်တင်ဘာ ၂၄ရက်မှာ လေယာဉ်ဗုံးကြဲရာ ပြည်သူ ၄ဦး ထိခိုက်ခဲ့ဟု ဆိုပါတယ်။
ရွှေကူမြို့နယ်ကို စစ်တပ်က ဂျက်ဗိုက်တာနဲ့ ဗုံး ၄လုံး၊ Y12လေယာဉ်နဲ့ ဗုံး၂၈လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။
ဒါ့အပြင် ဖားကန့်မြို့နယ် တပ်မဟာ(၉) နယ်မြေမှာလည်း စက်တင်ဘာ ၂၄ရက်မှာ ဂျက်ဖိုက်တာ သုံးစီးနဲ့ ဗုံး ၆လုံး၊ Y12နဲ့ ဗုံး ၂၁ လုံး ကြဲချခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာတော့ ပြည်သူများနဲ့ ပြည်သူ့နေအိမ်တွေထိခိုက်မှုမရှိခဲ့ဘူးလို့ အသိပေးပါတယ်။
စစ်တပ်ဟာ ကချင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်တာတွေ စစ်ရေးလှုပ်ရှားတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
KIO ဗဟို အုပ်ချုပ်ရေးရုံးကလည်း စစ်တပ်လေကြောင်းရန် အထူးသတိပေးချက်ကို စက်တင်ဘာ ၂၂ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး လူစုလူဝေး မလုပ်ဖို့၊ အရေးကြီးကိစ္စမရှိဘဲ ခရီးဝေးမသွားဖို့၊ လေကြောင်းသတင်းတွေ အချင်းချင်း သတိပေးဖို့၊ နေအိမ်တိုင်း ကတုတ်ကျင်းတူးထားဖို့ တိုက်တွန်းထားပါတယ်။
ရုပ်သံ - Naw Tu Awng/FB
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #လိုင်ဇာလေကြောင်းကင်းထောက်မှု #တရုတ်မီးကျည်ပစ်ခတ်သတိပေးမှု #KIOဌာနချုပ်လိုင်ဇာ #တရုတ်မြန်မာနယ်စပ် #မြန်မာ့စစ်ရေးသတင်း #LaizaReconnaissance #ChinaWarningFlares #KIOHQ #ChinaMyanmarBorder #KachinConflict #MyanmarConflict #MyanmarNews

👍20🔥12❤5👎1👏1🤣1
မြောက်ဒဂုံမှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး နေအိမ်ရှေ့တင် ပျောက်ဆုံး
စက်တင်ဘာ ၂၅၊ ၂၀၂၆။ မေရီ/People's Spring
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ အသက်(၃၁) နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး နေအိမ်ရှေ့တင် ပျောက်ဆုံးသွားကြောင်း သတင်းရရှိပါတယ်။
စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီခန့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ အမှတ်(၅၁)ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ မြောက်ဒဂုံကြိုးတံတားအနီးနေ ဆိုင်ကယ်ကယ်ရီဆွဲတဲ့ ကိုချမ်းမင်းပိုင်ဆိုသူဟာ နေအိမ်ရှေ့ ခေတ္တထွက်နေစဥ် ပျောက်ဆုံးသွားလို့ ၎င်းမိသားစုဝင်တွေက မကွေးကျောင်းဆရာတော် ဦးပါမောက္ခထံ သွားရောက်အကူညီတောင်းခံခဲ့ပါတယ်။
မိသားစုဝင်တွေဟာ မြောက်ဒဂုံရဲစခန်းမှာလည်း လူပျောက်တိုင်ကြားထားကြောင်း၊ မိသားစုဝင်တွေဟာ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေရတာကြောင့် သက်ဆိုင်သူတွေအနေနဲ့ အမြန်ဆုံးဆက်သွယ်ပေးဖို့ မကွေးကျောင်းဆရာတော်က မေတ္တာရပ်ခံထားပါတယ်။
ရန်ကုန်မြို့က လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ စမ်းချောင်းစတဲ့ မြို့နယ် ၁၀ ခုမှာ သြဂုတ်လအတွင်း ဖမ်းဆီးခံရသူ ၃၀ ထက်မနည်း ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းက မြေပြင်ကင်းထောက်သတင်းတွေ ဖြန့်ဝေပေးနေတဲ့ Rangoon Scout Network - RSN ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတယ်။ အဲဒီဖမ်းဆီးခံရသူတွေထဲမှာ လူမြင်သူမြင် ကားလမ်းမဘေးရှိနေချိန်၊ သွားလာနေချိန် အဖမ်းခံရသူက ၂၆ ဦးတောင် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးခံရမှုဟာ လူ ၉၀ ထက်မနည်း ရှိခဲ့တယ်လို့ RSN က ဖော်ပြပါတယ်။
အလားတူ စက်တင်ဘာ ၁ ရက်ကနေ ၁၀ ရက်အတွင်းမှာလည်း တရား ဖမ်းဆီးခံခဲ့ရသူအများအပြားရှိခဲ့ပြီး မြို့နယ် ၁၀ မြို့နယ် မှ လူ ၃၈ ဦးရှိခဲ့တယ်လို့ RSN ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်မြို့မှာ လူငယ်တွေကို ဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေတာကို ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ဝန်ခံခဲ့ပါတယ်။ ရန်ကုန်မြို့၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ လူဖမ်းပြီး စစ်မှုထမ်းရောင်းစားသူတွေ ဆိုးရွားနေပြီး စက်တင်ဘာ ၄ ရက်နေ့ကပဲ ၎င်းရပ်ကွက်ထဲက လူငယ်တစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းအုပ်ကြီးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့စာရင်းတွေပြုစုထားတဲ့ RSNက စစ်တပ်ရဲ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်သစ် စခါနီးကာလတွေမှာ ၎င်းတို့သတ်မှတ်လူစာရင်း အရေအတွက်ပြည့်မှီဖို့အတွက် လူစုဆောင်းပေးနေသူတွေက နည်းလမ်းမျိုးစုံနဲ့လူလိုက်ဆွဲနေလို့ အဲဒီကာလတွေဟာ ဖမ်းဆီးတာပိုများတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့်အောက်တိုဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်နိုင်ဖို့အတွက် ဒေသအသီးသီးမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #မြောက်ဒဂုံဆိုင်ကယ်ကယ်ရီပျောက်ဆုံးမှု #ဆိုင်ကယ်ကယ်ရီသမားပျောက်ဆုံး #မြောက်ဒဂုံမြို့နယ် #ရန်ကုန်မြို့ပြသတင်း #NorthDagonMissingPerson #BikeTaxiDriverMissing #NorthDagonTownship #YangonUrbanNews #MyanmarNews

🤬34❤8👍2🤮2👎1🔥1🙏1🤣1
ကောလင်းမြို့နယ်ကိုစစ်တပ် ဗုံးကြဲ သုံးဦးသေဆုံး ရှစ်ဦး ဒဏ်ရာရ
■အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ
စက်တင်ဘာ-၂၅၊၂၀၂၆။ဇော်ရမ်း၊ကတ်သရင်း/People's Spring
အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူတွေနေထိုင်ရာတွေကို ယမန်နေ့ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသ
ခံပြည်သူ သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်
ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကောလင်းမြို့နယ်၊ကိုက္ကိုကုန်းရွာကို စက်
တင်ဘာလ ၂၄ရက်ညနေ ၅နာရီ၂၀မိနစ်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့သိရ ပါတယ်။
"ဖိုက်တာနဲ့ ပေါင် ၃၀၀၊ပေါင် ၅၀၀ဗုံးတွေကြဲတာပါ။ ဒဏ်ရာရတဲ့အထဲမှာ ခြေလက်ဖြတ်တောက်ရမယ့်သူတွေပါတယ်။ သေဆုံးသူတွေထဲမှာကျမဦးလေးပါတယ်"လို့ ကောလင်းမြို့ခံတစ်ဦးကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူသုံးဦးဟာ အသက်၆၀အရွယ်နဲ့ အသက်၂၀ ကျော်အရွယ်အမျိုးသား တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
"ဒီရွာကကောလင်းမြို့ကစစ်ရှောင်တွေပါနေတဲ့ရွာလေ။စစ်ရှောင်တွေ ရှိတဲ့ဘက်ကို သက်
သက်ဗုံးကြဲသွားတာ။ရော့ကတ်တွေနဲ့ပါချသွားတယ်။ဒဏ်ရာရတဲ့သူ တွေထဲမှာ ဒဏ်ရာပြင်းထန်တဲ့သူ တွေလည်းပါတယ်"လို့ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ရဲ့တံတားဦးလေတပ်က A-5 Bomder
အမျိုးအစား ဂျက်ဖိုက်တာနဲ့ ၂ကြိမ်တိုင်ဗုံး
ကြဲခဲ့တာဖြစ်ပြီး နေအိမ်၁၀လုံးခန့်လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရပြီး ညနေပိုင်းမှာ ပြည်သူတွေ ထိတ်လန့်ကာ ရွာအတွင်းမနေရဲတော့ဘဲ တိမ်းရှောင်ခဲ့ကြရတာ တွေလည်းရှိတယ်လို့ ဒေသခံ တွေကပြောပါတယ်။
စစ်တပ်က စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေကို အခုရက်ပိုင်းမကြာခဏဗုံးကြဲနေပါတယ်။ စက်တင်ဘာ၂၃ ရက်မနက်ကလည်း အင်းတော်မြို့နယ်ထဲက ဆီကားတန်းကို တိုက်လေယာဥ်အုပ်နဲ့ဗုံးကြဲခဲ့တာကြောင့်ဒဏ်ရာရသူ တွေအနက် သုံးဦးထပ်မံသေဆုံးခဲ့ပြီး စုစု
ပေါင်းသေဆုံးသူငါးဦးရှိလာတယ်လို့ဒေသခံအချို့ကပြောပါတယ်။ အဲဒီဗုံးကြဲတဲ့ဖြစ်စဉ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ကုန်
သည် တွေအပါအဝင်ငါးဦးသေဆုံးပြီး အမျိုး
သမီးတစ်ဦးအပါအဝင်ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အင်းတော်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ်က အရပ်သားပြည်သူတွေကိုဦးတည်ပြီးတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေဆက်
တိုက်ကျူးလွန် နေတာကြောင်ပြင်းပြင်းထန်
ထန်ပြန်လည်တိုက်ခိုက်သွားမယ်လို့ အင်းတော်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ၂၅ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်
ဒါ့အပြင် စစ်တပ်က စက်တင်ဘာလ၂၃ရက်နေ့ညနေမှာပဲ ကသာမြို့နယ်ထဲကိုဗုံးကြဲလို့ သီလရှင်တစ်ဦးကွယ်လွန်ခဲ့ပါတယ်။ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့ကိုလည်းစစ်
တပ်က ဗုံးကြဲခဲ့ပါသေးတယ်။ရွှေပြည်အေး
မြို့ကို PDF ၊ပကဖ နဲ့တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ် ။
စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလာနိုင်တဲ့အတွက် လုံခြုံရေးသတိပြုကြဖို့ စစ်ကိုင်း
တိုင်းထဲက တော်လှန်ရေးအင်အားစုတွေကသတိပေးနေကြပါတယ်။
#ကောလင်းမြို့နယ် #ကိုက္ကိုကုန်းရွာ
#ဗုံးကြဲခံရ #စစ်ရှောင်ပြည်သူ
#peoplesspring #ps

🤬36❤7😢3👍2👎2🔥2👏1🎉1
ကျောက်မဲမြို့မှာ ရွှေဆိုင် ထပ်မံ ဓားပြတိုက်ခံရ
စက်တင်ဘာ-၂၅၊၂၀၂၆။ဇော်ရမ်း/People's Spring
စစ်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဒီနေ့စက်တင်ဘာ ၂၅ရက် မနက်ပိုင်းမှာ ဓားပြတိုက်ခံရမှု ဖြစ်ခဲ့ပါတယ်။
ဒီကနေ့ မနက်၁၁နာရီခန့်မှာ ကျောက်မဲမြို့၊ရိုးမဘဏ်အနီးက ရွှေဆိုင်ကို အမျိုးသား ၂ဦးက ဓားပြတိုက်ပြီး ထွက်ပြေးသွားတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။
"ကျောက်မဲကဓားပြမှုမကြာခဏဖြစ်နေတယ်။ ခဏခဏကြီးဖြစ်နေတာ။ တကယ်တော့ မြို့က စစ်ရေးအခြေအနေမထူးပေမယ့် နေလို့ထိုင်လို့မကောင်းဘူး"လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းကလည်း ကျောက်မဲမြို့ဈေးအတွင်းက ရွှေဆိုင်တစ်ဆိုင်ဟာ ဓားပြတိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ဓားပြတိုက်ချိန်ဝင်ရောက်တားဆီးတဲ့သူတွေ သေနတ်နဲ့ပစ်ခံခဲ့ရပြီး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဓားပြတိုက်သူ ၃ဦးစလုံးကို ဖမ်းမိခဲ့တယ်လို့သိရပါတယ်။
ဒီနေ့မနက်ဖြစ်ပွားတဲ့ ဓားပြတိုက်မှုနဲ့ပတ်သက်လို့အသေးစိတ်အခြေအနေကိုဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။
ကျောက်မဲမြို့ဟာ ၂၀၂၃ အောက်တိုဘာ၂၇ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်((TNLA)က သိမ်းယူခဲ့ပြီး ၂၀၂၅ အောက်တိုဘာမှာ စစ်တပ်ကပြန်လည်ထိန်းချုပ်သွားတဲ့ မြို့ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ စစ်တပ်က မြို့ပေါ်မှာပဲ တပ်စွဲထားနိုင်သလို တရားဥပဒေစိုးမိုးရေးလည်း မလုပ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

❤15🔥11👎3👍2🤬1💩1
ကျောက်တော်မြို့ကိုစစ်တပ်ဗုံးကြဲ၊ ရိုဟင်ဂျာကလေးငယ်တွေအပါအဝင် ၈ ဦး ဒဏ်ရာရ
■သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာပြည်သူ ၉ဦး သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ
စက်တင်ဘာ-၂၅၊၂၀၂၆။ခိုင်မြတ်/People's Spring
စစ်တပ်စခန်းတွေဆက်တိုက်ဆုံးရှုံးနေတဲ့ အာ
ဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်နဲ့ အနီးဝန်းကျင်တွေကို Y12 လေယာဥ်နဲ့ ဗုံးအလုံးရေ ၃၀ ဝန်းကျင်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရိုဟင်ဂျာကလေးငယ်တွေအပါအဝင် အရပ်သား ၈ ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။
စက်တင်ဘာလ ၂၅ ရက်နေ့ မနက်အစောပိုင်း ၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့ပေါ် ပြည်တော်သာရပ်ကွက်၊ကျောက်တော်မြို့အ
နီး ပီစီ(ပိုက်သည်)ရွာ၊ ၀ကင်း၊ နိဒင်၊ ဒုံးရွာတို့ကိုစစ်တပ်က ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
“ပြည်တော်သာမှာ တလုံးကျတယ်။ ပိုက်
သည်ရပ်(ပိစီရွာ)မှာ သုံးလုံးကျတယ်။ တခြားရွာတွေမှာလည်းအများကြီးကျတယ်။မိုးလင်း
တဲ့ထိမအိပ်လိုက်ရဘူး။ဒီလောက်ထိချသွားတာ ဆက်မအိပ်ရဲတော့ဘူးလေ” လို့ ကျောက်တော် မြို့မှ ပြည်တော်သာရပ်ကွက်မှအမျိုး
သမီးတဦးက ပြောပါတယ်။
စစ်တပ်ဟာပြီးခဲ့တဲ့ရက်ပိုင်းကလည်းကျောက်တော်မြို့ပေါ်နဲ့ အနီးဝန်းကျင်တွေကို ဒရုန်းနဲ့ ကင်းထောက်နေခဲ့ပြီးမှ အခုလို အရပ်
သားတွေ နေထိုင်ရာနေရာကို ဗုံးလာကြဲတာဖြစ်ပါတယ်။ “ဒဏ်ရာရတာ အကုန်လုံး အရပ်
သားတွေပဲ၊ မွတ်ဆလင်တွေ ပိုများတယ်။ ကင်းထောက်ထားပြီးတာတောင် အရပ်သားနေရာမှန်းသိရဲ့နဲ့ တမင်တကာကို ကြဲတာဆို တော့ ပြောဖို့စကားတောင် မရှိဘူး” လို့ ကျောက်တော်မြို့ခံလူငယ်တဦးကပြောပါတယ်။
ဗုံးကြဲမှုကြောင့် ပီစီရွာ(ပိုက်သည်ရပ်)မှ အ
သက် ၃၅ နှစ်အရွယ် အဘူကလမ်၊ နိဒင်ရွာမှ ၁ နှစ်အရွယ် ဘီဘီဆာနေးယား၊ ၈ နှစ်အရွယ် ဘီဘီဆာခါရာ၊ ၁၈ နှစ်အရွယ် ဆော်လိမ်း၊ ၃၇ နှစ်အရွယ် ရိုစိမာကာတူ၊ ၄၃ နှစ်အရွယ် ဂျာဘဲလ်၊ ပြည်တော်သာရပ်ကွက်မှ ၅၆ နှစ်အရွယ် ဦးသန်းစိန်နဲ့ ဦးသန်းစိန်ရဲ့ ဇနီး ၅၆ နှစ်အရွယ် ဒေါ်ရွှေရီတို့ ဒဏ်ရာ ရခဲ့ပါတယ်။
“ပိုက်သည်ရပ်ကဆိုရင်မူဆလင်တွေမိသား
စုလိုက် ဒဏ်ရာရကြတာ။ ဗုံးက တစုတည်းမှာ ကျတယ်” လို့ ကျောက် တော်မြို့ခံ လူငယ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းက တိုက်ပွဲမှာ ဆက်တိုက်အထိနာနေပြီးစက်တင်ဘာ ၂၄ ရက်နေ့မှာလည်း ကာကင်းစခန်းတခုထပ်မံဆုံးရှုံးရကာ ထိခိုက်၊ သေဆံးသူ ဆယ်ချီရှီခဲ့ပါတယ်။ အဲဒီလိုတိုက်ပွဲမှာ အထိနာနေချိန် စစ်တွေမြို့နယ်နဲ့အစပ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့အတွင်းက လူနေကျေးရွာတွေကို ဗုံး ကြဲသလို အခုအခါ ကျောက်တော်မြို့နယ်ကိုပါ ဗုံးလာကြဲတာဖြစ်ပါတယ်။
၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့ စစ်တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ ဒီနေ့ ၂၅ ရက်နေ့ထိ ၂၂ ရက်တာကာလအတွင်း စစ်တပ်ကဗုံးကြဲလို့ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ ၉ ဦးနဲ့ ထိ
ခိုက်ဏ်ရာရသူ ၁၇ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။
#ကျောက်တော်ဗုံးကြဲခံရ #စစ်တပ်
#ပြည်တော်သာရပ်ကွက် #လူထုနွေဦး
#ပိုက်သည်ရပ်ပိစီရွာ #ရိုဟင်ဂျာ
#peoplespring

🤬35👎6❤5🔥2👍1👏1😢1🎉1
ဗုံးကြဲခံရပြီးနောက် မြင်ကွင်းနဲ့ ဒဏ်ရာရပြည်သူတွေ။ဓါတ်ပုံ-APM ၊ ONN
🤬49👎5❤4🔥2👏1🤩1🙏1
မုံရွာမြို့မှာ အိမ်ခြံမြေပွဲစား မိသားစုလိုက် ပြန်ပေးဆွဲခံရပြန်
▪️တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ
စက်တင်ဘာ ၂၅၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အိမ်ခြံမြေပွဲစားအပါအဝင် မိသားစုတစ်စုလုံး ပြန်ပေးဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက် ညက မုံရွာမြို့ ၊ ကွေ့ကြီးရပ်ကွက်၊ ကန်သာယာအနီး နေထိုင်တဲ့ အိမ်ခြံမြေအကျိုးဆောင် ကိုမျိုးမင်းသန့်ရဲ့နေအိမ်ကို လူတစ်စုက ဝင်ရောက်လာပြီး ကိုမျိုးမင်းသန့်၊သူ့ဇနီးနဲ့ သမီး ၂ဦးအပါအဝင် စုစုပေါင်း ၄ ဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
"ညကြီးကို အိမ်ထဲဝင်ဆွဲသွားတာတဲ့။ ဆိုင်ခန်းဖောက်ခံရတာတွေရောပဲ။ မုံရွာက ကူကယ်ရာမဲ့နေပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မုံရွာမြို့မှာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းကလည်း အင်ရွာသစ်နေ အိမ်ခြံမြေပွဲစား ဦးမောင်ဦးနဲ့အဖော်ဖြစ်သူတစ်ဦးတို့ကို အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသား ၄ ဦးက သုံးဘီးယာဥ်နဲ့ အိမ်ဝင်းလိုက်ပြဖို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ အဲဒီနောက် အောင်တော်မှုကျောင်းအနီးသို့ ရောက်ရှိချိန်မှာ မြေပွဲစား ဦးမောင်ဦးအား ဓားနဲ့ ၅ ချက်ခန့် ခုတ်သတ်ခဲ့ပြီး ၎င်းနှင့်အတူ ပါလာတဲ့ အဖော်ဖြစ်သူကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
မုံရွာမြို့မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း ငွေကြေးချမ်းသာသူတွေကို ပြန်ပေးဆွဲငွေညှစ်တာ၊ ဓါးပြတိုက်တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကလည်း ဖမ်းဆီးအရေးယူတာမျိုး မရှိဘဲ လူငယ်တွေကိုသာ စစ်မှုထမ်းဖို့ ပေါ်တာပတ်ဆွဲနေကြောင်း မြို့ခံတွေက ပြောပါတယ်။

🤬26👍9❤8👎3🔥2
နာဂဒေသမှာ ကြံ့ခိုင်ရေးအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို ပေါ်တာဆွဲ
စက်တင်ဘာ-၂၅၊ ၂၀၂၆။ ဇော်ရမ်း/People's Spring
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၃ရက် မနက် ၁၁နာရီခန့်က ဆွမ္မရာမြို့ကနေ လေရှီးမြို့ကိုသွားတဲ့ ကားဆရာနဲ့ ဒေသခံ ၁၀ဦးကို လေရှီးမြို့အဝင် ရေတောင်ရွာမှာ စစ်အုပ်စုက ဖမ်းသွားတာလို့ သိရပါတယ်။
လေရှီးမြို့နယ်က ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၁၀ -၂၀၁၅ အမတ်ဟောင်း ဦးရှီးသီးက ဒေသတွင်းကုန်စည်သယ်ယူပို့ဆောင်နေတဲ့ ကား ၉စီးကို စစ်ဆေးဖို့အတွက် သူ့အိမ်ရှေ့ကို မောင်းခိုင်းပြီး အိမ်အရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ဆိုင်းပြီး ဖမ်းဆီးသွားတာလို့ လေရှီးမြို့ခံတစ်ဦးက ပြောပါတယ်။
"နေ့ခင်းကြောင်တောင် (ပေါ်တာ)ဆွဲတာ။ ထွေအုပ် ဒုမြို့နယ်မှုးက စစ်သားစုဆောင်းဖို့ ဖမ်းသွားတယ်။ မှတ်ပုံတင်နဲ့ ဖုန်းတွေအပြင် ကားတွေပါ သိမ်းထားတယ်။ ဦးရှီးသီးနဲ့ စစ်တပ်ပေါင်းပြီး ဖမ်းတာ"လို့ အဲဒီမြို့ခံက ပြောပါတယ်။
စက်တင်ဘာ ၂၃ရက်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်လူငယ် ၁၁ဦးကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဦးရှီးသီးကို မေးမြန်းဖို့ ဆက်သွယ်ပေမယ့် လတ်တလောမှာ အဆက်အသွယ်မရရှိသေးပါဘူး။
ဖမ်းဆီးခံရသူတွေဟာ ယာဉ်မောင်းနဲ့ ယာဥ်နောက်လိုက်လူငယ်တွေဖြစ်ပြီး ပြန်လည်လွတ်မြောက်ရေးအတွက် နာဂယဉ်ကျေးမှုအဖွဲ့အစည်းတွေက လိုက်လံညှိနှိုင်းနေပေမယ့် သုံးရက်မြောက်ဖြစ်တဲ့ ဒီနေ့ စက်တင်ဘာ ၂၅ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။
"ပြန်လွှတ်ပေးဖို့ စစ်မှုထမ်းလူတစ်ယောက်အစားထိုးပေးရမယ်လို့ ခြိမ်းခြောက်နေတယ်။ ဘယ်လိုလုပ်ရှာရမလဲ။ နောက်ပြီး ဒါက ပြန်ပေးဆွဲသလိုလုပ်နေတာပါ"လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
နိုင်ငံအနှံ့ စစ်မှုထမ်းအင်အားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း အသက်၁၈နှစ်အထက်လူငယ်တွေကို စစ်မှုထမ်းစာရင်းသွင်းပြီး လိုက်လံဖမ်းဆီးမှုတွေရှိတယ်လို့ သိရပါတယ်။ စစ်မှုထမ်းစာရင်းမှာပါတဲ့ လူငယ်တွေကို လေရှီးမြို့နယ်တရားရုံးက ဖမ်းဝရမ်း ထုတ်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးမှုတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လေရှီးမြို့နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေ၊ လူငယ်တွေအနေနဲ့ မလိုအပ်ဘဲ ခရီးမထွက်ကြဖို့နဲ့ စစ်မှုထမ်းစာရင်းမှာ ပါဝင်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူတွေအနေနဲ့ လုံခြုံရေးအထူး ဂရုပြုကြဖို့ ဒေသခံတွေ အချင်းချင်းတိုက်တွန်းသတိပေးနေကြပါတယ်။
စစ်ကိုင်းတိုင်းထဲမှာပါဝင်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဒေသခံတွေဟာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေကြရပါတယ်။
စစ်တပ်က ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကနေ စောင့်ပြီး စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းဆီးနေတဲ့အတွက် အခက်အခဲတွေ ပိုပြီးကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

🤬31❤5👎4🤮3🔥1👏1🤣1
ဩဂုတ်လတိုက်ပွဲတွေမှာ စစ်တပ် ၃၀၀ ကျော် သေဆုံးခဲ့ဟု NUG ကာကွယ်ရေး ထုတ်ပြန်
စက်တင်ဘာ ၂၅၊ ၂၀၂၆။ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။
ဩဂုတ်လအတွင်း စစ်တပ်ရဲ့ ထိခိုက်ကျရှုံး အချက်အလက်တွေကို အသိပေးထားတာဖြစ်ပြီး စစ်တပ် သေဆုံး၊ ထိခိုက်၊ အရာရှိ သေဆုံးထိခိုက်ဖမ်းမိနဲ့ စခန်း သိမ်းပိုက်ရရှိမှု အခြေအနေတွေ ပါရှိပါတယ်။
အသေးစိတ် အခြေအနေတွေ ဖော်ပြမထားပေမဲ့ ဩဂုတ်လမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄၄ဦး သေဆုံးကာ ၁၀၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သေဆုံး ဒဏ်ရာရနဲ့ ဖမ်းမိတဲ့ စစ်တပ် အရာရှိ ၁၀ဦး ရှိကြောင်းလည်း အသိပေးထားပါတယ်။
စစ်တပ်စခန်း တိုက်ခိုက်မှု ၁၂ကြိမ်ပြုလုပ်ခဲ့ရာ ၄ကြိမ် သိမ်းရခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လအတွင်းကလည်း စစ်တပ်က အရာရှိ တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးအောင်ချေမှုန်းနိုင်ခဲ့သလို ဒဏ်ရာရသူ ၄၇၀ ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။
ဇူလိုင်လမှာ စစ်တပ်စခန်း သိမ်းပိုက်တဲ့ စစ်ဆင်ရေး ၁၆ကြိမ်ဆင်နွှဲခဲ့ရာ တပ်စခန်း ၁၀ခု သိမ်းရခဲ့ကြောင်း အသိပေးထားပါတယ်။

👍37❤8🥰3👏3🤣3🖕2🥴1