People's Spring
✔
60K subscribers
71.7K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်တိုက်ပွဲ​တွေအတွင်းစစ်တပ်ထံမှ အာရက္ခတပ်တော် သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း​တွေ။
ဓါတ်ပုံ-AA Info Desk)
❤38👍17👎2🥰2🤣2🖕1
■​ဆောင်းပါး

စစ်ဦးကျိုးသွားတဲ့ ၄၉၂၆ စစ်ဆင်​ရေး

ခိုင်မြတ်/ People's Spring

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်
တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ
စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ် ။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် စစ်မျက်
နှာမှာဆိုရင်စစ်တပ်ထိုးစစ်စတဲ့ စက်တင်ဘာ
လ ၄ ရက်ကနေ စက်တင်ဘာ ၂၄ ရက်နေ့ထိ သုံးပါတ်အတွင်းစစ်တပ်ရဲ့ကာ ကင်းစခန်းနဲ့ ခြေကုတ်နေရာ ၉ ခုထက်မနည်း AA လက်ထဲ ထပ်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

အာရက္ခတပ်​တော်က စစ်တွေတိုက်ပွဲအတွင်း စက်တင်ဘာ ၂၄ ရက်နေ့မှာ တပ်စခန်းတခုနဲ့ စက်တင်ဘာ ၂၃ ရက်မှာ တပ်စခန်းတခုတို့ကိုပါထပ်မံသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်ဖြူစစ်မျက်နှာမှာ စခန်းငယ်တခု၊ ရခိုင်ပြည်ဝင်ပေါက် ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း ပန်းတောင်း မြို့နယ်အတွင်းက စစ်မျက်နှာမှာ ရှေ့တန်းထောက်ပို့ကာကင်းစခန်းတခုနဲ့ မကွေးတိုင်း မင်းတုန်းစစ်မျက်နှာက စခန်းကြီးတခုတို့ကိုလည်း AA ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဒါ့ကြောင့် စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေး ၂၁ ရက်(သုံးပတ်)အတွင်း တပ်စခန်းနဲ့ ခြေကုတ်နေရာ ၁၂ ခုထက်မနည်းကို လက်လွှတ်ခဲ့ရတာကြောင့် တပါတ်မှာ စစ်စခန်း‌ ၄ ခုနှုန်း AA လက်ထဲ ရောက်နေတာဖြစ်ပါတယ်။

စစ်တပ်က စစ်ဆင်​ရေးအမည်မ​ကြေညာ​ပေ
မယ့် စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်​တွေ ၊​ဖေစ်ဘွခ်​ပေချ်​တွေ၊အ​ကောင့်​တွေ ၊တစ်​တော့​တွေစတဲ့ လူမှုကွန်ယက်​​တွေမှာ​တော့ ၄၉၂၆ လို့အမည်တပ်ထားပါတယ်။စစ်ဆင်​ရေးက ​နေ့တိုင်း​​အောင်ပွဲတွေရ​နေတယ်လို့ပဲစစ်တပ်​ဝါဒဖြန့်​ လူမှုကွန်ယက်​တွေက​ရေးနေကြပါတယ် ။စက်တင်ဘာ ၂၄ ရက် ညဦးပိုင်းမှာဆိုရင် စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကို​တောင် ပြန်ထိန်းချုပ်လိုက်ပြီလို့ မျိုးမင်းဦး အမည်နဲ့ စစ်တပ်ဝါဒဖြန့်သတင်း​တွေပုံမှန်​​ရေးသား​နေတဲ့ ​ဖေစ်ဘွခ့်ကောင့်က သတင်းအမှားဖြန့်​နေပါတယ် ။

“အသံသာရှိပြီးတော့ အဆံမရှိတဲ့ သင်္ကြန်အမြှောက်နဲ့တူပါတယ်။ အွန်လိုင်းမှာတော့ တော်တော်အသံအကျယ်ကြီး နဲ့ ၄၉၂၆ ရခိုင်ပြည်ကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ အသံအကျယ်ကြီးနဲ့ လော်ဘီလုပ်တာလောက် ပဲရှိတယ်။ ရခိုင်ပြည်သူတွေကိုခြောက်လှန့်တဲ့ အဆင့်လောက်ဘဲရှိတယ်။
တကယ့်မြေပြင်မှာကျတော့သူတို့ တလက်မ၊ တဖဝါးတောင်မှ အာရက္ခတပ်တော်ရဲ့ထိန်း
ချုပ်ထားတဲ့နယ်မြေတွေကို တိုးလို့မရောက်တာတောင်မက သူ တို့ထိန်းချုပ်ထားတဲ့အထဲက တချို့စခန်းတွေကိုတောင်မှ အာရက္ခတပ်တော်က သိမ်းပိုက်နိုင်တာတွေရှိတယ်”လို့
ရခိုင်ပြည်နယ်မှာ​နေထိုင်ပြီး စစ်​ဘေး​ရှောင်​တွေကိုကူညီ​ပေး​နေသလို ၊စစ်ရေးအ​ခြေအ​နေကို​စောင့်ကြည့်လေ့လာ​နေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။

မြို့နယ်​ပေါင်း ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ စစ်​တွေ၊​ကျောက်ဖြူ ၊မာန်​​အောင်သုံးမြို့ကိုပဲထိန်းချုပ်နိုင်​တော့တဲ့စစ်တပ်ဟာ AA ကိုတန်ပြန်ထိုးစစ်ဆင်​ဖို့ ကြိုးစားခဲ့တာဟာ ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကပါ ။ဒါ​ပေ
မယ့်စစ်တပ်တန်ပြန်ထိုးစစ်​​တွေအကြိမ်ကြိမ် စစ်ဦးကျိုး ပြန်ဆုတ်ခဲ့ရတာ​ကြောင့် စက်
တင်ဘာ ၄ ရက်မှာမှ တန်ပြန်ထိုးစစ် စသလိုဝါဒဖြန့်ပြီးအင်အား​ထောင်ချီသုံးကာ AA ကိုထပ်မံ အကဲစမ်းလာတာဖြစ်ပါတယ် ။

ဒီတစ်ကြိမ်မှာရခိုင်ပြည်နယ်မှာ စစ်တွေ ၊ ကျောက်ဖြူစစ်မျက်နှာ နဲ့ ရခိုင်ဝင်ပေါက် ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း ပန်းတောင်း၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်မြို့နယ်တို့ကနေလည်း စစ်မျက်နှာတခုစီမှာအင်အားနှစ်ထောင် ဝန်း
ကျင်ထိ အသုံးပြုကာ တန်ပြန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

●စစ်တွေစစ်မျက်နှာ

စစ်တွေမြို့နယ်မှာလည်း စစ်တပ်ဟာ အခြားစစ်မျက်နှာတွေနဲ့တပြိုင်တည်း စက်တင်ဘာ
လ ၄ ရက်နေ့မှာပဲ ထိုးစစ် စခဲ့တာဖြစ်ပြီး စစ်တွေနဲ့ ထိစပ်နေတဲ့ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်က နယ်မြေတွေကို သိမ်း
ပိုက်နိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

စစ်တွေမြို့နယ်အတွင်းက ဝါဘိုကျွန်းနဲ့ ဝန်း
ကျင်နေရာအချို့ကလွှဲပြီးကျန်နယ်မြေအား
လုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို စစ်တွေ - ပုဏ္ဏားကျွန်းကားလမ်းမ အမြင့်ကျွန်းတံတား ကနေ စစ်ကြောင်းတခု၊ ရွှေမင်းဂံရေတပ်စခန်းကနေ စစ်ကြောင်းတခုတို့နဲ့ ထိုးစစ်စခဲ့တာဖြစ်ပါတယ်။

စစ်ကြောင်းတခုမှာ အင်အားငါးရာဝန်းကျင်နဲ့ မြေပြင်ထိုးစစ်စခဲ့တာဖြစ်ပေမယ့် အမြင့်ကျွန်းတံတားကနေ ထိုးခဲ့တဲ့ စစ်ကြောင်းဟာ ထိုးစစ်စတဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာပဲ အကျအဆုံး ဆယ်ချီနဲ့ အမြင့်ကျွန်းရွာထိ တပ်ပြန်ဆုတ် ခဲ့ရပြီး စစ်ဆင်ရေးမစခင်ကတည်းက စစ်တပ်အထိုင်ချခဲ့တဲ့ အမြင့်ကျွန်းတံတားကင်းစခန်းကိုလည်း AA က သိမ်း ပိုက်ရခဲ့ပါတယ်။

“(စစ်တပ်က) အမြင့်ကျွန်းဘက်မှာ စုစုပေါင်း ငါးဆယ်လောက် သေတယ်။ ကွမ်းတောင်နားထိ ရောက်လာခဲ့သေးတယ်။ အထိနာလို့ ပြန်ဆုတ်သွားကြတာ” လို့ မြေပြင်မှာရှိနေတဲ့ AA နဲ့ နီးစပ်သူသတင်းရင်းမြစ်တဦးက ပြောပါ တယ်။
👍29❤8🤣3🥰2💩1🖕1
ရွှေမင်းဂံ(ချောင်းနွယ်)ရေတပ်စခန်းကနေ ထိုးစစ်ဆင်တဲ့စစ်ကြောင်းကတော့ ချောင်းတဖက်ကမ်း ပုဏ္ဏားကျွန်းမြို့ နယ် ရဲရိုးပြင်၊
ခမောင်းတော၊ အောင်မြေကုန်း၊ ဆားပို့တောင်၊ စပါးထားရွာနားတွေထိ ရောက်သွားခဲ့ပါတယ်။ ဒါပေ မယ့် အခုအခါမှာတော့ AA ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကြောင့်စပါးထား၊အောင်မြေကုန်း၊ ခမောင်းတောရွာတို့ကနေ တပ်ဆုတ်ပြေးလာရပြီး ဆားပို့တောင်နဲ့ ရဲရိုးပြင်ရွာနားတွေမှာပဲ စုခံနေရတဲ့အနေအထားလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာလည်း စစ်တပ်ခြေကုတ်နေရာ ၄ ခုထက်မနည်းကို AA က သိမ်း
ပိုက်ရရှိခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်၊ သေ
ဆုံးသူ တရာကျော်ထိ ရှိကာ ထွက်ပြေးသူတွေနဲ့ အလင်းဝင်သူတွေလည်း ရှိတယ်လို့ မြေပြင်သတင်း ရင်းမြစ်တွေက ပြောပါတယ်။

“ပြည်သူ့စစ်တွေများတယ်။အမိန့်နာခံမှုလည်း သိပ်မရှိဘူး။လွတ်ရာထွက်ပြေးတဲ့ကောင်တွေအများကြီး၊ အလင်း ဝင်တဲ့သူတချို့လည်း ရှိတယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်​တွေနဲ့ ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း​တွေရဲ့ထွက်ဆိုချက်​တွေကိုလည်းAA ကစက်တင်ဘာ ၂၀ မှာထုတ်ပြန်ပါတယ် ။ကွမ်း​တောင်ရွာ နဲ့ အမြင့်ကျွန်းရွာ ကြားတိုက်ပွဲမှာဖမ်းမိတဲ့​ တပ်မ(၁၀၁)လက်​အောက်ခံတပ်ရင်းနှစ်ခုက အောင်ပြည့်စုံ နဲ့ မိုက်ကယ်တို့က​တော့ စစ်တပ်ဟာ ​ရှေ့တန်းမှာ​တွေ့သမျှ က​လေး၊လူကြီးမ​​ရှောင်ပစ်ခတ်သတ်ဖြတ်ဖို့အမိန့်​ပေးထားတယ်လို့ထွက်ဆိုပေးကြပါတယ်။စစ်တပ်အရာရှိ​တွေကအဲလိုအမိန့်​ပေးပြီး တိုက်ပွဲ​တွေမှာ​တော့ အရာရှိ​တွေကအရင်ထွက်​ပြေးကြတယ်လို့ဆိုကြပါတယ် ။

မင်း​ချောင်းတံတားအနီးဖမ်းမိတဲ့ တပ်သားရန်ငြိမ်း​အောင်က​လည်း စစ်တပ်က ဒဏ်ရာရစစ်သား​တွေကို ​ဆေးကုလို့မရနိုင်ရင် AA ဆီအဖမ်းမခံရ​အောင် ပစ်သတ်ခဲ့ဖို့​တောင်အမိန့်​ပေးထားတယ်လို့ဆိုပါတယ် ။

စစ်​တွေနဲ့ပုဏ္ဏားကျွန်းကြားတိုက်ပွဲ​တွေမှာ AA က စစ်တပ်ဆီကလက်နက်ခဲယမ်းအများအပြားနဲ့ စစ်သားအ​​လောင်း​တွေသိမ်းဆည်းရတာကိုလည်းသတင်းဓါတ်ပုံ​တွေနဲ့တကွထုတ်ပြန်ပါတယ် ။သတင်းဓါတ်ပုံ​တွေအရ စစ်တပ်စစ်​ကြောင်း​တွေ ​သေဆုံး ဒဏ်ရာရသူများပြားခဲ့တာ​တွေ့ရပါတယ် ။

ဒါ့အပြင်ရွှေမင်းဂံချောင်းတဖက်ကမ်းရောက်
နေတဲ့ စစ်တပ်ရဲ့လက်ကျန်စစ်ကြောင်းဟာပိတ်မိတဲ့အနေအထားဖြစ်နေတယ်လို့လည်း သူကဆက်​ပြောပါတယ်။

“ရွှေမင်းဂံဘက်ကိုပြေးရင်လည်းသေမှာ။ ဒီဘက်မှာ စုခံရင်လည်း သေမှာပဲ။ လေယာဉ်တခုနဲ့ပဲ ခြိမ်းခြောက်နေ တာ” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

အာရက္ခတပ်တော်က စစ်တပ်ရဲ့ ထိုးစစ်စစ်
ကြောင်းတွေကို တန်ပြန်တိုက်​နေသလိုရွှေ
မင်းဂံရေတပ်ရဲ့ရှေ့ထွက်ကာကင်း၊ ကံ့ကော်ကျွန်းအနီးဝန်းကျင်ရှိ စစ် တပ်စခန်းတွေကိုလည်း လမ်းကြောင်းသစ်နဲ့ ထိုးဖောက်ကာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ဒုတိ
ယပါတ်မှာ ကာကင်းစခန်းနှစ်ခု ထပ်မံသိမ်း
ပိုက်ခဲ့ပါတယ်။

အလားတူပဲ စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းအနီး စစ်တပ်ရဲ့ ကျားမသောက်တပ်ရင်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)ရဲ့ အဓိ ကကာကင်းတွေဖြစ်တဲ့တော ကန်ရွာဝန်း
ကျင်ရှိ ကာကင်းစခန်းတခု နဲ့ ဝါဘိုကျွန်း၊ ဝါဘိုရွာဝန်းကျင်က စခန်းတခုတို့ကိုထပ်မံသိမ်း
ပိုက်နိုင်ခဲ့ပါတယ်။

ဒကစ-စစ်တွေ နဲ့ နှစ်မိုင်ဝန်းကျင်သာ ကွာ
ဝေးတဲ့ တောကန်ရွာအနီးက တပ်စခန်းကိုစက်တင်ဘာ ၂၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ဝါဘိုကျွန်းက စခန်းကို စက်တင်ဘာ ၂၃ ရက်မှာ AA ကသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

စစ်တွေမြို့နယ်နဲ့ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ရွှေမင်းဂံရေတပ်စခန်းတ
ဖက်ကမ်းရဲရိုးပြင်ရွာဝန်းကျင်နဲ့ကွမ်းတောင်ရွာဘက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး
စစ်တပ်ဘက်က အထိနာနေပါတယ်။

“ရဲရိုးပြင်ကကောင်တွေလည်းဆုတ်ပြေးနေကြတယ်။ကွမ်းတောင်နားကကောင်တွေလည်းဝါဘိုကျွန်းဘက်၊ ငတောက်တက်(စစ်တွေမြို့နယ်)ဘက်တွေကို ဆုတ်ပြေးကြတယ်။ ကမန်းကတမ်းနဲ့ အကုန်ပတ်ပြေးနေကြလို့ဖမ်းမိတဲ့ကောင်တွေလည်းအများကြီး။ ပစတွေပေ့ါ၊ ဆေးကြောင်နေတဲ့ကောင်တွေ” လို့ အခြားမြေပြင်သတင်းရင်း မြစ်တဦးက ပြောပါတယ်။

ရွှေမင်းဂံရေတပ်ရဲ့ အဓိကရှေ့ထွက်ကာကင်းတွေဖြစ်တဲ့ဇော်မတက်၊ကံ့ကော်ကျွန်းဝန်း
ကျင် ၊ကျားမသောက်တပ်ရင်း၊ဒကစ (စစ်တွေ)တို့ရဲ့ ရှေ့တန်းကာကင်းတွေရှိရာ တော ကန်ရွာဝန်းကျင်တို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ရဲရိုးပြင်ရွာဝန်းကျင်တို့မှာစက်
တင်ဘာ ၂၄ ရက်အထိ တိုက်ပွဲတွေ ဆက်
တိုက်ပြင်းထန်နေပါတယ်။

“တိုက်ပွဲက နေ့တိုင်းဖြစ်တယ်။တရက်ထက်တရက် အသံတွေပိုကျယ်လာသလို ခံစားရတယ်။ကျားမသောက်အနားကိုတောင် ရောက်နေပြီ၊ ကျားမသောက်ကိုလည်း သိမ်းတော့မယ်ဆိုပြီး သတင်းထွက်နေတယ်။ မြို့ထဲက ပိုက် ဆံရှိတဲ့သူတွေဆိုရင် ရန်ကုန်ကို သွားကြပြီ”လို့ စစ်တွေမြို့ထဲမှာနေထိုင်သူတဦးကလူထု​နွေဦးကိုစက်တင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

အထိနာ​နေတဲ့ စစ်တပ်ဟာ စစ်တွေစစ်မျက်နှာမှာအတင်းအဓမ္မဖမ်းဆီးစစ်သင်တန်းပေး
ထားတဲ့ ဒေသခံရိုဟင်ဂျာတွေကိုပါ အသုံးပြုတိုက်ခိုင်းနေတာတွေ့ရတယ်လို့ မြေပြင်သ
တင်းရင်းမြစ်တွေနဲ့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။
👍27❤5🥰2👏2😁2💩1🤣1🖕1
ဒါ့အပြင်စစ်တွေမြို့ထဲဌာနချုပ်အခြေစိုက်နေထိုင်ပြီး စစ်တပ်ဩဇာခံ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ် မြောက်ရေးတပ်မတော်(ALP) တပ်ဖွဲ့ဝင်တွေကိုလည်း ရှေ့တန်းစစ်မျက်နှာတွေမှာ အသုံးပြု၊ တိုက်
ခိုက်စေဖို့ ဖိအား ပေးထားတယ်လို့လည်း စစ်တွေဒေသခံသတင်းရင်းမြစ်တွေဆီကစုံစမ်းသိရပါတယ်။

လက်ရှိမှာလည်း စစ်တပ်နဲ့ AA တို့ဟာ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ “ဒီတခေါက် တိုက်ပွဲအားရဖို့ကောင်းတယ်။ ဗိုလ်ချုပ်(ဗိုလ်ချုပ် ထွန်းမြတ်နိုင်)ပြောထားတဲ့အတိုင်း စစ်တွေကို ၂၀၂၇ထဲမှာ သိမ်းနိုင်ရင်ကောင်းမယ်။ သိမ်း မယ် လို့လည်းထင်တယ်” လို့ ပေါက်တောမြို့နယ်မှာ နေထိုင်တဲ့ စစ်တွေမြို့မှ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

စစ်တွေမြို့မှာ စစ်တပ်ရဲ့ ဒကစ စစ်တွေ၊ လက်ရုံးတပ်တွေအပါအဝင် အခြေစိုက်တပ်
ရင်းပေါင်း တစ်ဆယ်ဝန်းကျင်ရှိပါတယ်။

●ကျောက်ဖြူ စစ်မျက်နှာ

ကျောက်ဖြူမြို့ပေါ်တပ်ရင်းတွေ၊ ရေတပ်စခန်းနဲ့ နယ်မြေအနည်းငယ်ကိုသာ ထိန်းချုပ်နိုင်တော့ပြီးရမ်းဗြဲမြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့
နယ်တောင်ပိုင်းနေရာအများစုကိုလက်လွှတ်
ထားရပြီဖြစ်တဲ့ စစ်တပ်ဟာ သူတို့လက်လွှတ်ထားရ တဲ့ AA နယ်မြေတွေကို ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းလောက်ကတည်းက တန်ပြန်
ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အကျအဆုံးတွေနဲ့ နောက်ပြန်လှည့်ရတာတွေသာ ရှိခဲ့တာကြောင့် အခု စက်တင်
ဘာလ ၄ ရက်နေ့မှာ တော့ လေကြောင်း၊ ရေကြောင်းပစ်ကူပေးပြီး အင်အားအလုံးအ
ရင်းနဲ့ ထပ်မံထိုးစစ်ဆင်လာခဲ့ပါတယ်။ အခုတကြိမ် မှာ အရင်ကတည်းက တပ်ဦးကျိုးနောက်ပြန်လှည့်ခဲ့ရတဲ့ တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်ဖြူ - ရမ်းဗြဲ လမ်းဆုံ စနဲမြို့ဘက်ဆီ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာပါ။

ဒါပေမယ့် စနဲမြို့နားထိ​တောင် မရောက်ခဲ့ဘဲ အဝတောင်ရွာဝန်းကျင်မှာပဲ AA ရဲ့ ပိတ်ဆို့၊ ဖြတ်တိုက်တာခံရပြီး တပ်လန်နောက်ဆုတ်​ပြေးခဲ့ရပြန်ပါတယ်။ ဒါ့အပြင် အ၀တောင်ရွာဝန်းကျင်က တပ်စခန်းငယ်တခုကိုပါ လက်
လွှတ်ခဲ့ရတယ်လို့ မြေပြင်သ တင်းရင်းမြစ်တွေက ပြောထားပါတယ်။တောင်မော်ဦးဘက်စစ်ကြောင်း အထိနာပြန်ဆုတ်ရသလို ဓည၀တီရေတပ်စခန်းအနီးဝန်းကျင် ကာကင်းစခန်းတွေ ဟာလည်း AA ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။

“ကျောက်ဖြူမှာကတော့ အ၀တောင်မှာ နာသွားကတည်း ရှေ့မတိုးတော့ဘူး။ မင်းပြင်၊ သိုင်းချောင်းဘက်ကကောင်တွေလည်း ငြိမ်နေတယ်။ ရှေ့မတိုးဘူး။ ဓည၀တီရေတပ်ကိုတော့ ကိုယ့်လူတွေ ဝိုင်းထားတယ်” လို့ AA နဲ့ နီးစပ်တဲ့ ကျောက်ဖြူဒေသခံတဦးက ဒေသတွင်း အခြေအနေကို ပြောပါတယ်။

ကျောက်ဖြူမှာမြို့အနီးဝန်းကျင်ရှိ ခလရ(၃၄)
၊ ခမရ (၅၄၂)၊ ခမရ(၅၄၃)၊ ပြိုင်းစေ့ကေရွာအနီးရှိ အမှတ် (၃၂) ရဲ တပ်ရင်း၊ ဓည၀တီရေတပ်ဌာနချုပ်၊ တောင်မော်ဦးရေတပ်၊ အုန်းကျွိန်ရေတပ်တို့ရှိပြီး အဲဒီတပ်ရင်းတွေနဲ့ ကာကင်းစ ခန်းအချို့ကိုသာ စစ်တပ်က ထိန်း
ချုပ်နိုင်တော့ကာ ကျန်နယ်မြေအားလုံးဟာ AA လက်အောက်သို့ ရောက်နေပြီ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ထိန်းချုပ်ထားဆဲ တပ်ရင်း၊ တပ်စခန်းတွေထဲမှာလည်း တောင်မော်ဦးရေတပ်၊ ဓည၀တီရေတပ်နဲ့ အုန်း ကျွိန်စခန်းတို့ဟာ မြို့ပေါ်တပ်ရင်းတွေနဲ့ ကုန်းကြောင်းဆက်သွယ်ရေးပြတ်တောက်နေပြီး ရေလမ်းကနေပဲ အင် အားဖြည့်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

“ဒီမှာက တရုတ်စီမံကိန်းတွေ ရှိနေလို့ပဲကြာနေတာ။မဟုတ်ရင်ကျောက်ဖြူသိမ်းဖို့က AA အတွက်ဘာမှမခက်ဘူး။ထောက်ပို့လမ်း
ကြောင်းတွေအကုန် ဖြတ်ထားတာ” လို့ ကျောက်ဖြူဒေသခံ နောက်တဦးက ပြောပါတယ်။

●ရိုးမအရှေ့ဘက်ခြမ်း အခြေအနေ

ရခိုင်ပြည်ဝင်ပေါက် ရိုးမအရှေ့ဘက်ခြမ်းစစ်
မျက်နှာတွေမှာလည်းစစ်တပ်ကအင်အားအ
များအပြားသုံးပေမယ့် ရှေ့မတိုးနိုင်ဘဲအထိ
နာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာဆိုရင်ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ
(ကပစ ၁၆)ကနေAAသိမ်းထားတဲ့ပွိုင့် ၆၆၆ ကုန်းဘက်ကို ထိုးစစ်ဆင်နေခဲ့ပြီး အဲဒီနားက ထောက်ပို့စခန်းတခု ထပ်မံလက်လွှတ်လိုက်ရပါတယ်။ဒါ့အပြင် ကပစ ၆ ကနေ AA သိမ်း
ထားတဲ့ ညောင်ကျိုးစခန်းဘက်ကိုလည်း ထိုးစစ်လုပ်နေပြီး AA ရဲ့ တန်ပြန်တိုက် ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းမှာဆိုရင်လည်း နတ်ရေကန်ဗျူ
ဟာကုန်းနဲ့ သုံးမိုင်ဝန်းကျင်အကွာပဇီကျေးရွာကနေ စစ်ကြောင်းထွက်၊ ထိုးစစ်လုပ်နေပေမယ့် စစ်တပ်ထိန်းချုပ်ထားဆဲ နတ်ရေကန်ဗျူဟာကုန်းနားထိ မရောက်ဘဲ အထိနာကာ ထိုးစစ် တန့်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“စစ်တပ်က နတ်ရေကန်ကို တက်ဖို့ လမ်း
ကြောင်းမရှိပါဘူး။ နတ်ရေကန်ကို စစ်ကူပို့ဖို့၊ လမ်းဖောက်ဖို့ဆိုတာ မဖြစ် နိုင်တော့ဘူး။ တနှစ်ကျော်ပြီလေ။ ထိုးဖောက်လို့မှ မရတာ” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

မကွေးတိုင်းမင်းတုန်းမြို့နယ်နဲ့ ဧရာ၀တီတိုင်းစစ်မျက်နှာတို့မှာလည်းစစ်တပ်ဘက်က အ
ထိနာပြီး လေကြောင်း၊ လက်နက်ကြီး သုံးကာ ခုခံနေရတယ်လို့ သိရပါတယ်။
👍27❤7🤣3💩2🥰1🖕1
ရက္ခိုင်-မကွေးအစပ် မင်းတုန်း၊ သဖန်ရောင်တိုက်ပွဲ​တွေ နဲ့ မင်းတုန်းမြို့နယ်၊ ကံကြိုးရွာအနီး၊ ပွိုင့် (၉၄၈) ကုန်းမှာ စက်တင်ဘာ၂၀
နဲ့ ၂၁ရက်တိုက်ပွဲ​တွေမှာ တက်လာတဲ့စစ်တပ်စစ်ကြောင်းပျက်သွားပါတယ် ။ စစ်တပ်ထံမှသိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း၊ စစ်အ
သုံးအဆောင်ပစ္စည်း​တွေနဲ့ စစ်သားအလောင်း​
တွေကို AAက စက်တင်ဘာ ၂၂ မှထပ်မံထုတ်ပြန်ပါတယ်။

● တိုက်ပွဲအထိနာရင် လေကြောင်းက​နေပြည်သူကိုဗုံးပိုကြဲ

စစ်တပ်ဟာရခိုင်ကိုထိုးစစ်ဆင်တဲ့မြေပြင်တိုက်ပွဲတွေမှာ အထိနာတပ်ပြန်ဆုတ်နေရတာကြောင့်လေယာဉ်အုပ်လိုက်သုံးပြီးပစ်ခတ်တိုက်ခိုက်တာ၊အခြေစိုက်တပ်ရင်းတွေနဲ့ စစ်
သင်္ဘောတွေကနေ လက်နက်ကြီးပစ်ကူပေးတာ တွေ ဆက်တိုက်လုပ်နေရပါတယ်။

စစ်တပ်ရဲ့၄၉၂၆စစ်ဆင်ရေးစပြီးနောက်ပိုင်း
ရခိုင်ပြည်နယ်စစ်တွေ၊ ပုဏ္ဏားကျွန်း၊ပေါက်တောမြို့နယ်တို့ကို နေ့ စဉ်နီးပါးဗုံးကြဲနေပြီး ပြည်နယ်တောင်ပိုင်း သံတွဲ၊ တောင်ကုတ်မြို့
နယ်တွေရှိ အရပ်သားလူနေကျေးရွာတွေကို လည်း မကြာခဏ ဗုံးကြဲတာတွေ ရှိပါတယ်။

လူထုနွေဦးက ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်တပ်ရဲ့စစ်ဆင်ရေးစခဲ့ပြီးနောက် နှစ်ပတ်ကျော် စက်တင်ဘာ ၂၁ ရက်နေ့ထိ ရခိုင်မှာ လေကြောင်းပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှာ သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၄ ဦး၊ ပေါက်တောမြို့နယ်မှာ သေဆုံးသူ ၁ ဦး၊ ဒဏ်ရာရသူ ၁ ဦး၊ ရသေ့တောင်မြို့နယ်မှာ သေဆုံးသူ ၂ ဦး၊ တောင်ကုတ်မြို့နယ်မှာ သေဆုံးသူ ၁ ဦး၊ ဒဏ်ရာရသူ ၁ ဦး၊ သံတွဲမြို့နယ်မှာ ဒဏ်ရာသူ ၁ ဦး၊ ဂွမြို့နယ်မှာ ဒဏ်ရာရသူ ၂ ဦး၊ စုစုပေါင်း သေ
ဆုံးသူ ၉ ဦး၊ ဒဏ်ရာရသူ ၉ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။

ဒါဟာ တိုက်ပွဲမှာ အထိနာတိုင်း အာဏာသိမ်းစစ်တပ်ရဲ့ လုပ်လေ့ရှိတဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင် ပြောင်တင်းတင်းချိုးဖောက်ရာရောက်တယ်လို့ ရခိုင်ဒေသခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါ တယ်။

“မင်းအောင်လှိုင်အနေနဲ့ စစ်ကိုစစ်နဲ့တူအောင် တိုက်ဖို့လိုတယ်။တိုက်ပွဲမှာ နာနေတော့ ပြည်သူတွေကိုသတ်နေတယ်။ဒါကလူ့အခွင့်အ
ရေးကိုရော စစ်ရာဇဝတ်မှုကိုရော ချိုးဖောက်ရာ ရောက်တယ်လို့ ပြောချင်တယ်။ အခုစစ် ဆင်ရေးက AA ကို တိုက်တာထက် ပြည်သူကို ဒုက္ခပေးတဲ့ စစ်ဆင်ရေးပဲ ဖြစ်နေပါတယ်” လို့ သူက ဆိုပါတယ်။

ရခိုင်မြို့နယ်တွေကိုပြန်သိမ်းမယ်ဆိုတဲ့ကြွေး
ကြော်ချက်နဲ့အတူ စခဲ့တဲ့ စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးကတော့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဧရာ၀တီ၊ ပဲခူး၊ မကွေးအစပ်နေရာတွေအား
လုံးမှာ အရှုံးနဲ့ ကြုံနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေနဲ့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် သူတို့ အရှုံးနဲ့ရင်ဆိုင်နေရတယ်။ တပ်ဦးလည်းလန်သွားတယ်၊ စစ်ဦးလည်းကျိုးသွားတယ်”လို့ ကိုဝေဟင်အောင် ကစစ်တပ်ထိုးစစ်အ​ပေါ်သုံးသပ်ပြောကြားလိုက်ပါတယ်။ ။


#စစ်တွေတိုက်ပွဲ #၄၉၂၆စစ်ဆင်ရေး
#စစ်ဦးကျိုး #ဒကစစစ်တွေ
#Peoplesapring #လူထုနွေဦး
❤25👍16🤣4🥰1💩1🖕1
စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်တိုက်ပွဲ​တွေနဲ့ မင်းတုန်းမြို့နယ်တိုက်ပွဲ​တွေအတွင်းစစ်တပ်ထံမှ အာရက္ခတပ်တော် သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း၊စစ်သုံ့ပန်းတွေနဲ့ စစ်သားအ​လောင်း​တွေ။ဓါတ်ပုံ-AA Info Desk
❤49👍18👏9🥰2😁2🤣2👎1💩1🖕1
■​ဆောင်းပါး

ယူကရိန်းရဲ့အိုလက်ရှ်ကီမြို့လေးမှာ စတင်လာတဲ့ ငတ်မွတ်ခေါင်းပါးမှု

• ရုရှားကျူးကျော်စစ်ရဲ့ နာကျင်မှုနဲ့ ဒဏ်ရာများ

-ခါကာဘို ရေးသားသည်။

စစ်ပွဲတစ်ခုရဲ့ အကြီးမားဆုံး ဆိုးကျိုးတွေကို မကြာခဏဆိုသလို ရှေ့တန်းစစ်မြေပြင်မှာ မြင်တွေ့ရပါတယ်။ ဒါပေမဲ့ တချို့ဒေသတွေမှာတော့ စစ်ပွဲရဲ့ အကျိုးဆက်ဟာ လက်နက်သံတွေလို ဆူညံမနေတဲ့၊ ပြင်းထန်နာကျင်စရာ နောက်တမျိုးအနေနဲ့ ပေါ်လာတတ်ပါတယ်။ ဒီအထဲမှာ အစားအစာမရှိတော့တဲ့ မြို့ရွာတွေ၊ ဆေးဝါးမရှိတော့တဲ့ ဆေးရုံနဲ့ မနက်
ဖြန်အတွက် မျှော်လင့်ချက် မရှိတော့တဲ့ လူတွေရဲ့ ဘဝတွေပါဝင်ပါတယ်။

ယူကရိန်းနိုင်ငံခဲဆွန် (Kherson)ဒေသတောင်ပိုင်းကအိုလက်ရှ်ကီ (Oleshky)မြို့လေးက
တော့ အခုလိုအခြေအနေကို ရင်ဆိုင်နေရပါပြီ။ ရုရှားသိမ်းပိုက်ထားတဲ့ ဒီမြို့လေးဆီကို ပြီးခဲ့တဲ့မေလကတည်းက စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ ပြတ်တောက်နေခဲ့ပါတယ်။ ယူကရိန်းဘက်ကတော့ မြို့ထဲမှာ ကျန်ရှိနေတဲ့အရပ်သားတွေကိုဘေးလွတ်ရာရွှေ့
ပြောင်းပေးနိုင်ဖို့ မော်စကိုနဲ့ ဆွေးနွေးဖို့ ကြိုး
စားခဲ့ပေမဲ့ အခုအချိန်အထိ အောင်မြင်မှု မရရှိသေးပါဘူး။

အိုလက်ရှ်ကီမြို့ရဲ့ လက်ရှိအခြေအနေကို ပြသနေတဲ့ ပုံရိပ်တစ်ခုကတော့ ဒေသခံတစ်ဦး ပို့ပေးခဲ့တဲ့ “အိုလက်ရှ်ကီဘော်ရှ်” ဟင်းသီး
ဟင်းရွက်စွပ်ပြုတ်ပုံလေးပဲ ဖြစ်ပါတယ်။ အဲဒီပုံထဲမှာ လက်ကျန် ဟင်းသီးဟင်းရွက်တွေနဲ့ ချက်ထားတဲ့ စွပ်ပြုတ်တစ်ခွက်ကို တွေ့ရပြီး ဗိုက်ပိုဝအောင် ပြောင်းဆန်နဲ့ ကြက်ဥနှစ်လုံး ထည့်ချက်ထားတယ်လို့ ဆိုပါတယ်။

“ဒီနေ့တော့တို့ဟင်းချိုထဲမှာ အကောင်းစား
ကြီး ပါတာပေါ့။ မေမေက သကြား ၂.၅ ကီလိုနဲ့ ကြက်ဥ ၁၀ လုံး သွားလဲလာတာ”လို့ အိုလက်ရှ်ကီမြို့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး တက်တီယာနာ ဟာဆန်နန်ကို ထံ ပေးပို့တဲ့စာမှာ ရေးထားပါတယ်။ “မုန်လာထုပ်တော့ မပါဘူး၊ ဒါပေမဲ့ ကညွှတ်တော့ ပါတယ်”လို့လည်း စာထဲမှာ ထပ်ရေးထားပါတယ်။

သာမန်အချိန်မှာ ဟာသလို ထင်ရနိုင်တဲ့ ဒီစကားတွေဟာ အခုအချိန်မှာတော့ လူတွေရဲ့ ရှင်သန်ဖို့ ကြိုးစားနေရတဲ့ အခြေအနေကို ဖော်ပြနေပါတယ်။ ဟာဆန်နန်ကိုက ဒီလို သ
တင်းပို့စာတွေကို မကြာခဏ လက်ခံရရှိနေပြီလို့ DW သတင်းဌာနကို ပြောပါတယ်။

“လူတွေက မျှော်လင့်ချက်ကလေး ရလိုရငြား စာပို့ကြတာပါ။ဒါပေမဲ့ ဘာမျှော်လင့်ချက်မှ
မရှိပါဘူး” လို့ သူမက ဆိုပါတယ်။

မြို့ထဲကို စားနပ်ရိက္ခာ နောက်ဆုံးဝင်လာခဲ့တာ မေလကုန်ပိုင်းမှာ ဖြစ်ပြီး “အခြေအနေက တကယ်ကို စိုးရိမ်ရပါတယ်။ ဒါကို အစား
အစာပြတ်လပ်မှုတင် မကတော့ဘဲ ငတ်မွတ်
ခေါင်းပါးမှုလို့ ခေါ်လို့ရနေပြီ” လို့ သတိပေးခဲ့ပါတယ်။

အိုလက်ရှ်ကီမြို့ဟာ နီပရိုမြစ် ရဲ့ ဘယ်ဘက်ကမ်းမှာ တည်ရှိပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါ
ရီလ ရုရှားရဲ့ အပြည့်အဝ ကျူးကျော်စစ် စတင်ချိန်ကတည်းက သိမ်းပိုက်ခံထားရတာ ဖြစ်ပါတယ်။၂၀၂၃ ခုနှစ်ဇွန်လမှာလည်း ကာခေါ့ဗ်ကာ ရေအားလျှပ်စစ်စက်ရုံနဲ့ ရေကာ
တာ ကျိုးပေါက်ခဲ့တာကြောင့် မြို့တစ်ခုလုံးနီးပါး ရေမြှုပ်ခဲ့ရပါတယ်။ စစ်ပွဲနဲ့ ရေဘေးဒဏ်တွေပေါင်းစပ်လာပြီးနောက် အခြေအနေတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

လက်ရှိမှာ ကလေး ၁၈၀ အပါအဝင် လူဦးရေ ၆,၀၀၀ ခန့် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့ဟာ မီးမရှိ၊ ဓာတ်ငွေ့မရှိတဲ့ဘဝနဲ့ ရေတွင်းတွေကနေ ရေခပ်သုံးရင်း နေထိုင်နေကြရပြီး နောက်ထပ် ခက်ခဲမယ့် ဆောင်းရာသီတစ်ခုကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ စိုးရိမ်မှုနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။

အိုလက်ရှ်ကီမြို့သားတွေအတွက် အခုအချိန်မှာ စားနပ်ရိက္ခာဟာ နေ့စဉ်အသက်ရှင်ရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာပါတယ်။ဒေသခံမဟာလီနာ(လုံခြုံရေးအရ အ
မည်လွှဲထားသူ)ကသူမတို့ရဲ့လက်ရှိဘဝအ
ခြေအနေကိုDWကိုဖုန်းနဲ့ ပြောပြခဲ့ပါတယ်။

“အမှန်အတိုင်း ပြောရရင် ဒီနေ့ နေ့လယ်အထိ ဘာမှ မစားရသေးဘူး”လို့သူမကဆိုပါတယ်။ “ဒီနေ့အတွက် အကောင်းဆုံး စားစရာဆိုလို့ ရေနဲ့ ဂျုံမှုန့်နယ်ပြီး ဖုတ်ထားတဲ့ မုန့်ပြားပဲ ရှိတယ်။ အဲဒီပေါ်မှာ ပန်းသီးယို သုတ်ပြီး သ
ကြားမပါတဲ့ လက်ဖက်ရည်နဲ့ သောက်ရတာပါပဲ” လို့ ပြောပါတယ်။

မြို့သားတွေဟာ လုံခြုံရေးအခြေအနေကြောင့် မနက် ၇ နာရီနဲ့ ၉ နာရီကြားလောက်မှာသာ အပြင်ထွက်ကြပြီး ဈေးဘက်မှာ စုဝေးကာ သတင်းနားထောင်တာ၊ ကိုယ့်မှာရှိတဲ့ စားနပ်ရိက္ခာနဲ့ စိုက်ခင်းထွက်ပစ္စည်းတွေကို လဲလှယ်တာ၊ ရောင်းချတာတွေ လုပ်နေကြရပါတယ်။

“ဒီနေ့တော့ ဇူးကီးနီး အနည်းငယ်ကို တစ်ကီလို ရူးဘယ် ၁,၀၀၀ နဲ့ ရောင်းနေတာတွေ့တယ်။ ဂျုံမှုန့်အိတ်ကြီးတစ်အိတ်ကိုတော့ ရူးဘယ် ၂၀၀,၀၀၀ နဲ့ ရောင်းနေတာတွေ့ခဲ့တယ်။ အဲဒီလူက မြို့ကနေ ထွက်သွားဖို့ ကြိုးစားနေတာမို့ ဒီလောက်ဈေးတင်ရောင်းတာ ဖြစ်မယ်” လို့ မဟာလီနာက ပြောပါတယ်။

အရင်က အိုလက်ရှ်ကီကနေ စကတ်ဒေါ့ဗ်စခ်၊ အဲဒီကနေတစ်ဆင့် ခရိုင်းမီးယား ဒါမှမဟုတ် ရုရှားဘက်ကို မီနီဘတ်စ်ကားတွေ သွားလာပြီး စားနပ်ရိက္ခာတွေ သယ်ယူရောင်းချနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာပြီးနောက် အဲဒီသွားလာမှုတွေ ရပ်တန့်သွားခဲ့ပါတယ်။ လူနာတင်ယာဉ် နှစ်စီးကို အစားထိုးအသုံးပြုပြီး အစားအစာသယ်ယူခဲ့ပေမဲ့ လွန်ခဲ့တဲ့ တစ်လခွဲခန့်က ယာဉ်မောင်းတစ်ဦး သေ
ဆုံးခဲ့တာကြောင့် အဲဒီယာဉ်တွေပါ မပြေးဆွဲတော့ဘူးလို့ ဆိုပါတယ်။
😢16❤8👍3👎1🔥1👏1🤣1
အခုဆိုရင် မြို့သားတွေဟာ တောင်ဘက် ကီလိုမီတာ ၂၀ (၁၂.၄ မိုင်) အကွာမှာရှိတဲ့ ရာဒန့်စခ် ကျေးရွာဆီကို ခြေလျင်ဖြစ်စေ၊ စက်
ဘီးနဲ့ဖြစ်စေ သွားပြီး ရိက္ခာဝယ်ယူနေကြရပါတယ်။

မြို့ကနေ ထွက်ခွာလိုသူတွေအတွက်လည်း လမ်းခရီးက အသက်အန္တရာယ်ရှိနေပါတယ်။ သူတို့ဟာ နောက်ထပ် ကီလိုမီတာ ၂၀ ဝေးတဲ့ တာရာဆီးဗ်ကာ ကျေးရွာအထိ သွားရပြီး အဲဒီကမှ စကတ်ဒေါ့ဗ်စခ်ကို မီနီဘတ်စ်ကား ဒါမှမဟုတ် ကားကြုံစီးပြီး ထွက်ခွာကြရပါတယ်။ ဒါပေမဲ့ လမ်းတစ်လျှောက်မှာ မိုင်းတွေ အများအပြား ထောင်ထားတာကြောင့် ထွက်ခွာဖို့ ကြိုးစားခြင်းဟာလည်း အန္တရာယ်ကြီးမားပါတယ်။

“ထွက်သွားရင်လမ်းမှာတင်သေသွားနိုင်တယ်”လို့ မဟာလီနာက ပြောပါတယ်။

အစားအစာရှာဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးနှစ်ဦးလည်း မိုင်းနင်းမိပြီး သေဆုံးခဲ့ရပါတယ်။ အိုလက်ရှ်ကီမှာ မိုင်းနဲ့ ပေါက်ကွဲပစ္စည်းတွေကြောင့် ဒဏ်ရာရသူတွေ အများအပြားရှိပေမဲ့ လိုအပ်တဲ့ ဆေးကုသမှု မရရှိကြပါဘူး။

“ခြေထောက်ပြတ်သွားရင်တော့ သေပြီလို့သာ မှတ်လိုက်တော့။ ဆေးရုံမှာ ခွဲစိတ်ဆရာဝန် ရှိပေမဲ့ မေ့ဆေးဆရာဝန်ရော၊ ဆေးဝါးပါ မရှိဘူး” လို့ မဟာလီနာက ဆိုပါတယ်။ ဆေးရုံတက်နေရသူတွေရဲ့ အခြေအနေကလည်း ပိုမိုဆိုးရွားလာနေပါတယ်။

“ပြီးခဲ့တဲ့ ဆောင်းရာသီက ဟင်းချိုနဲ့ မုန့်နှစ်တုံး ရသေးတယ်။ အခုတော့ ရေနဲ့ကျိုထားတဲ့ ဂျုံပြုတ် တစ်ဇွန်းခွဲနဲ့ လက်ဖက်ရည်အေးပဲ ရတော့တယ်” လို့ သူမက ပြောပါတယ်။ အစားအစာနဲ့ ဆေးဝါး ပြတ်လပ်မှုအပြင် မြို့သားတွေအတွက် နောက်ထပ် အခက်အခဲတစ်ခုကတော့ ထွက်ခွာနိုင်ရေး ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ် (ရုရှား သို့မဟုတ် ယူကရိန်း) မရှိခြင်းနဲ့ ငွေသားမရှိခြင်း တွေကြောင့်လည်း ဘေးလွတ်ရာကို ထွက်ခွာဖို့ ပိုမိုခက်ခဲနေပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ အိုလက်ရှ်ကီမြို့သားတွေဟာ စစ်ပွဲရဲ့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေသူတွေ မဟုတ်ပေမဲ့ စစ်ပွဲရဲ့အပြင်းထန်ဆုံး ဒဏ်ရာတွေကို ခံစားနေရသူတွေ ဖြစ်လာပါတယ်။ အကြီးမားဆုံး ပြဿနာကတော့ လူတွေဟာ အန္တရာယ်ထဲမှာ ပိတ်မိနေပြီး ထွက်ခွာနိုင်မယ့် လမ်းကို မတွေ့နိုင်တော့တာ ဖြစ်ပါတယ်။

မြို့သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ လူသားချင်းစာနာမှုဆိုင်ရာ စမတ်လမ်း
ကြောင်း (Green Corridor) ဖွင့်ပေးဖို့ ဖြစ်တယ်လို့ အိုလက်ရှ်ကီမြို့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး တက်တီယာနာ ဟာဆန်နန်ကို က ပြောပါတယ်။

“အုပ်ချုပ်သူဘက်က လူတွေကို စစ်ဘေးနဲ့ ဝေးရာဆီ ရွှေ့ပေးရမယ်” လို့ သူမက ဆိုပါတယ်။

အိုလက်ရှ်ကီက အရပ်သားတွေ ရွှေ့ပြောင်းရေးအတွက် ပြီးခဲ့တဲ့နွေဦးကတည်းက ဆွေး
နွေးမှုတွေ စတင်ခဲ့ပါတယ်။ယူကရိန်း လွှတ်
တော် လူ့အခွင့်အရေး ကော်မရှင်နာ ဒီမီထရို လူဘီနက်စ် ရဲ့ ဦးဆောင်မှုနဲ့ ထွက်ခွာလိုသူတွေရဲ့ စာရင်းကိုလည်း ပြုစုခဲ့ပါတယ်။

“လူ ၃၅၈ ယောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးဖို့ လိုအပ်နေပါတယ်” လို့ လူဘီနက်စ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာရင်းဟာ လက်ရှိ သိရှိထားတဲ့ အရေ
အတွက်သာ ဖြစ်ပြီး မြို့ထဲမှာ လူ ၆,၀၀၀ ခန့် ကျန်ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။

“ဒီမြို့ဟာ သေတွင်းကြီး ဖြစ်နေပါတယ်။ သူတို့ကိုအမြန်ဆုံးကယ်ထုတ်ဖို့လိုအပ်ပါတယ်” လို့ လူဘီနက်စ်က သတိပေးခဲ့ပါတယ်။ယူကရိန်းနဲ့ ရုရှားကြားမှာ ကနဦး သဘောတူညီချက်အချို့ ရရှိခဲ့ပြီး ယူကရိန်းတပ်ဖွဲ့တွေက အပစ်အခတ် ရပ်စဲပေးကာ အပြည်ပြည်ဆိုင်
ရာ ကြက်ခြေနီကော်မတီ (ICRC) က ကူညီပေးဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားဘက်ကတော့ ရွှေ့ပြောင်းရေးလုပ်ငန်းကို အမှန်တကယ် ဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြောင်း အတည်မပြုဘဲ အချိန်ဆွဲနေခဲ့တယ်လို့ လူဘီနက်စ်က ပြောပါတယ်။ အဲဒီအတောအတွင်း အိုလက်ရှ်ကီမြို့သားတွေရဲ့ မျှော်လင့်ချက်တွေဟာတဖြည်းဖြည်း ပျောက်
ဆုံးလာနေပါတယ်။

“သူတို့က ရွှေ့ပြောင်းရေး ချက်ချင်းစတော့မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ အခုတော့ သူတို့ကို ဘာမျှော်လင့်ချက်မှ မပေးနိုင်တော့ဘူး” လို့ ဟာဆန်နန်ကိုက ဝမ်းနည်းစွာ ပြောပါတယ်။

အိုလက်ရှ်ကီမြို့ရဲ့ လက်ရှိအခြေအနေဟာ သမိုင်းတစ်လျှောက် အကြိမ်ကြိမ်တွေ့မြင်ခဲ့ရတဲ့ စစ်ပွဲတွေရဲ့ အကြီးမားဆုံး ပေးဆပ်ရသူတွေဟာ လက်နက်ကိုင်ထားသူတွေချည်းသာ မဟုတ်ဘဲ၊ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ သာမန်ပြည်သူတွေပါဖြစ်ကြောင်းပြသနေပါတယ်။

ကိုးကား - DW
ဓါတ်ပုံ-AP ၊ ရိုက်တာ ၊ Anadolu Agency

#ယူကရိန်းကျူးကျော်စစ်ပွဲ #ရုရှား
#အိုလက်ရှ်ကီမြို့ #အငတ်ဘေး
#peoplesspring #ludunwayoo
😢21❤3🔥2👎1👏1🕊1🤣1
😢29👍3🔥2👎1🤣1🖕1
မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ နိုင်ငံ
ရေးအကျဉ်းသူတွေ ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ၊ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ခန္ဒာကိုယ်စစ်ဆေးမှုတွေ၊ အ
သက်အန္တရာယ် တွေ့နိုင်သည်အထိ ဆေးကုသခွင့် ငြင်းပယ်ခံရမှုတွေ အပြင် ကိုယ်ဝန်
ဆောင်မိခင်တွေနဲ့ ကလေးတွေရဲ့ နာကျင်ဖွယ် အခြေအနေတွေကို အောက်ပါ ကိုယ်တွေ့မှတ်တမ်းတွေအပေါ် အခြေခံပြီး လူ့အခွင့်
အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က စက်တင်ဘာ ၂၂ ရက်မှာ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာအရ အာဏာသိမ်းပြီးချိန်ကစပြီး ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ ကျော်ထဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီး ၆,၆၀၀ ကျော်နဲ့ ကလေးသူငယ် ၆၄၀ ဦး ပါ
ဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်အတွင်း Human Rights Watch က နိုင်ငံရေးအကျဉ်းသူဟောင်း ၁၇ ဦး၊ မိသားစုဝင် ၃ ဦး၊ ရှေ့နေနဲ့ ကူညီစောင့်ရှောက်သူ ၄ ဦးတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ဖမ်းဆီးခံရချိန်ကတက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေ ဖြစ်ခဲ့ကြတဲ့ဒီအကျဉ်းသူဟောင်းတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာ
သိမ်းပြီးနောက်ပိုင်း စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင် ၁၁ ခုမှာ ထိန်းသိမ်းခံခဲ့ရ သူတွေ ဖြစ်ခဲ့ကြပြီး၊ သူတို့ ကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို အောက်ပါအတိုင်း ပြောပြကြပါတယ်။”

လိင်ပိုင်းဆိုင်ရာနဲ့ Gender (ကျား၊ မ ဆိုင်ရာ ဖြစ်တည်မှု) အပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေဟာ ထိန်းသိမ်းခံထားရသူတွေအပေါ် ပြုလုပ်တဲ့ ပုံမှန် ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်မျိုး ဖြစ်ပြီး၊ မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ခွဲမှု၊ စော်ကားတဲ့ပုံစံနဲ့ ခန္ဓာကိုယ်အတွင်းထိ စစ်ဆေးမှုတွေနဲ့ စောင့်ကြည့်မှုတွေ ပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်တစ်ဦးက စစ်ကြောရေးအတွင်း မုဒိမ်းကျင့်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း ပြောပြပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ကြား အင်းစိန်နဲ့ ဒိုက်ဦးထောင်တွေမှာ ထိန်းသိမ်းခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပြောကြားချက်အရ ထောင်ဝန်ထမ်းတွေဟာ ဆေးဝါး ဒါမှမဟုတ် အခြား လိုအပ်ချက်တွေနဲ့ လဲလှယ်ပြီး အကျဉ်းသူအချို့ကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကိုလက်ခံဖို့ စည်းရုံးဆွဲဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အင်းစိန်အကျဉ်းထောင်က အမျိုးသမီးတွေဟာ တရားရုံးကနေ ပြန်လာတဲ့အချိန်နဲ့ အပြင်မထွက်ခင် မူးယစ်ဆေး ဒါမှမဟုတ် ထောင်တွင်းမှ စာတွေပါ၊မပါ ရှာဖွေစစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂုဏ်သိက္ခာကို ထိ
ခိုက်စေတဲ့ ခန္ဓာကိုယ်စစ်ဆေးမှုတွေ ပြုလုပ်ခံခဲ့ရကြောင်း ပြောပြကြပါတယ်။

“တရားရုံးကနေ ထောင်အတွင်းကို ပြန်လာတိုင်း အမျိုးသမီးဝန်ထမ်းတွေက ခန္ဓာကိုယ်စစ်ဆေးမှု လုပ်ကြတယ်။ ပြင်ပကို စာတွေ မပေးလိုက်အောင်ဆိုပြီး ကျွန်မတို့ ခန္ဓာကိုယ်ထဲကို သူတို့ လက်ချောင်းတွေ ထည့်စစ်တာ။ အဲဒါက ပုံမှန်လုပ်ထုံးလုပ်နည်းပဲ။ ရာသီလာနေတဲ့ အမျိုးသမီးတွေ ဆိုရင် လစဉ်သုံးဂွမ်းကတ်ကို အတွင်းခံကနေ ခွာပြီး ပြရတယ်” လို့ ခိုင်ဇာက ပြောပါတယ်။

အကျဉ်းထောင် ငါးခုမှာ ထိန်းသိမ်းခံခဲ့ရတဲ့ အမျိုးသမီးတွေက ရေချိုးချိန် ဒါမှမဟုတ် အဝတ်အစား လဲချိန်တွေမှာ တိုက်ရိုက်ဖြစ်စေ၊ CCTV ကင်မရာတွေကတစ်ဆင့်ဖြစ်စေ စောင့်ကြည့်ခံခဲ့ရကြောင်းဖော်ပြကြပါတယ်။

“မျှော်စင်ပေါ်က ရဲတွေက စိုက်ကြည့်နေတော့ ရေချိုးရတာ လုံခြုံမှု မရှိဘူး” လို့ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်ကြား ပြည်အကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရသူ မချိုချိုဝင်း (၂၁ နှစ်) က ပြောပါတယ်။

“CCTV တွေက အဝတ်အစားလဲခန်းအပါအ
ဝင် နေရာတိုင်းမှာ ရှိတယ်။ CCTV စောင့်ကြည့်တဲ့ သူတွေက အမျိုးသားတွေဖြစ်လို့ လုံခြုံမှု မရှိကြဘူး။ အချို့ အမျိုးသမီးတွေဆို ရေကို မချိုးရဲ ကြ‌တော့ဘူး” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ရဲ့ ၂၀၂၅ ခုနှစ်တွေ့ရှိချက်မှာလည်း “ထိန်းသိမ်းရေးစခန်းတွေမှာ အသက်အရွယ်မျိုးစုံနဲ့ လိင်အမျိုးအစား မျိုးစုံရှိသူတွေအပေါ် လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မ ဆိုင်ရာ ဖြစ်တည်မှု အခြေ
ပြု ရာဇဝတ်မှုတွေကို စနစ်တကျ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒီရာဇဝတ်မှုတွေထဲမှာ မုဒိမ်းကျင့်မှု (အုပ်စုလိုက် မုဒိမ်းကျင့်မှုနဲ့ အကြိမ်ကြိမ် မုဒိမ်းကျင့်မှု)၊ စအိုနဲ့ မိန်းမကိုယ်အပေါက်တွေအတွင်း ပစ္စည်းတွေ ထည့်သွင်းခြင်း၊ ဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ အတင်းအကျပ်စေခိုင်းခြင်း၊ လိင်အင်္ဂါတွေကို ဆေးလိပ် ဒါမှမဟုတ် မီးရှို့ထားတဲ့ ပစ္စည်းတွေနဲ့ ထိုးမီးရှို့ခြင်း၊ လိင်ပိုင်းဆိုင်
ရာ ကိုင်တွယ်ခြင်း ဒါမှမဟုတ် အဝတ်အစားတွေကို အပြည့်အဝဖြစ်စေ၊တစ်စိတ်တစ်ပိုင်းဖြစ်စေ အဓမ္မ ချွတ်ခိုင်းခြင်း၊ အရှက်ရစေဖို့ ရည်ရွယ်တဲ့ ခန္ဓာကိုယ်အတွင်းထိ စစ်ဆေးခြင်း၊ အမျိုးသမီးတွေနဲ့ လိင်တူချစ်သူတွေကို စော်ကားတဲ့ ဆဲဆိုမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အ
🔥20🤬10❤4👍2🖕2🤣1
ကြမ်းဖက်မယ်လို့ ခြိမ်းခြောက်မှုတွေ၊ လိင်နဲ့ လိင်စိတ်တိမ်းညွတ်မှုအပေါ် အခြေခံတဲ့ အ
ကြမ်းဖက်မှုတွေနဲ့ မျိုးဆက်ပွားဆိုင်ရာ အ
ကြမ်းဖက်မှုတွေ(အထူးသဖြင့် အမျိုးသမီး
တွေနဲ့ မိန်းကလေးငယ်တွေအပေါ်) ပါ ဝင်ပါတယ်။”


https://www.ludunwayoo.com/feature-mm/2026/09/25/169191/
🔥19🤬6👎4👍2❤1🤣1
ကချင်ဒေသစစ်ပွဲတွေမှာ အထိနာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်က လူငယ်တွေကို စစ်သားစုဆောင်းဖို့ ကြိုးပမ်းနေ

▪️ပူတာအိုဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်က စစ်မှုထမ်းလူ ၂၅၀၀ ပြည့်မီအောင် နည်းမျိုးစုံနဲ့ စုဆောင်းဖို့ လုပ်နေဟုဆို

စက်တင်ဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ
ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ မြစ်ကြီးနားစတဲ့​ဒေသ​တွေမှာ လူငယ်အများအပြားကို စစ်သားစုဆောင်းဖို့ ကြိုးစားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့ကပြောကြားသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနကလည်း သတင်းဖော်ပြပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်း KIAသတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်တွေအရ အာဏာသိမ်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီးမြို့ စတဲ့ ကချင်ဒေသ အများအပြားမှာ စစ်သားစုဆောင်းတာ၊လူငယ်တွေစစ်မှုထမ်းဖို့ အမည်စာရင်းသွင်းခိုင်းတာတွေရှိတယ်လို့ သိရပါတယ်။

ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာ အဲဒီဒေသကိုစစ်အင်အားဖြည့်
တင်းဖို့ ပူတာအို ၊ မချမ်းဘော၊ နောင်မွန်းနဲ့ အနီးတ၀ိုက်ရွာတွေက လူငယ် ၁၉၀ ကျော်ကို အဓမ္မစုဆောင်းရေးခေါ်ဆောင်သွားသလို ပစ္စည်သယ်​ပေးဖို့ ရွာတိုင်းမှာ ပေါ်တာဆွဲနေတယ်လို့ KIAက အသိပေးထားပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့မှာလည်းစစ်တပ်က လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့အမည်စာရင်းတွေထပ်မံတောင်းဆိုနေကြောင်းလည်း ဖော်ပြထားပါတယ်။စက်တင်ဘာ ၁၆ရက်နေ့မှာ အမည်စာရင်းသွင်းရမယ်လို့စစ်တပ်က အမိန့်ထုတ်ထားပေမဲ့ စာရင်းပေးသွင်းသူမရှိလို့ စက်တင်ဘာ ၁၈ရက်မှာထပ်မံ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁ ရက်ကလည်း နမ္မတီးနဲ့ မိုးကောင်းမြို့တွေမှာ လူငယ် စာရင်းတွေ တင်ပြဖို့ စစ်တပ်ကညွှန်ကြားထားတာရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အလားတူ ပူတာအိုမှာလည်း စစ်တပ်နဲ့ ခေါင်လန်ဖူး ပြည်သူ့စစ်တွေကလူဦးရေထောင်ချီ စစ်သားစုဆောင်းဖို့ ကြိုးပမ်းနေလို့ ပူတာအိုဒေသခံများ သတိပြုနေထိုင်ဖို့ ရဝမ်မဟာမိတ်အဖွဲ့ (Rvwang Alliance) ကထုတ်ပြန်ပါတယ်။ စစ်တပ်နဲ့ ခေါင်လန်ဖူး ပြည်သူ့စစ်အဖွဲ့များအတွက် လူဦးရေ ၂,၅၀၀ ပြည့်မီအောင် နည်းလမ်းမျိုးစုံဖြင့်လူစုဆောင်းရန်တောင်းဆိုထားကြောင်း သတင်းရရှိထားတာလို့ ​ဖော်ပြထားပါတယ်။

လက်ရှိမှာလည်းလူငယ်မရှိတဲ့အိမ်ထောင်စုတစ်စုလျှင်ကျပ် ၅၀,၀၀၀ ထည့်ဝင်ရန်
တောင်းခံနေသလို လူငယ်​တွေကို အထမ်းသမားအဖြစ် စုဆောင်းတာ၊ ဖမ်းဆီးခေါ်ဆောင်တာ​တွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အချို့လူငယ်​တွေဟာ ငွေကျပ်သိန်း ၂၀၀ အထိပေးပြီး​တော့ ပြန်လည်ရွေးယူရတဲ့ အခြေအနေရှိကြောင်းလည်း Rvwang Allianceက ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာနိုင်ငံတဝန်းမှာ နည်းမျိုးစုံနဲ့ စစ်သားသစ်စု​ဆောင်းနေသလို တဖက်မှာလည်း ပြန်ပေးဆွဲသလို လူငယ်တွေကို ဖမ်းဆီးပြီး ငွေနဲ့ ရွှေးခိုင်းနေတာတွေ လုပ်​နေပါတယ်။

ပူတာအိုဒေသ လူစုဆောင်းရေးအစီအစဉ်ကို ရဝမ်ရိုးရာယဉ်ကျေးမှု ခေါင်းဆောင်​တွေက ဦးဆောင်နေကြောင်း ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေအရ သိရတာလို့ ဆိုပါတယ်။

စုဆောင်းရတဲ့လူငယ်တွေကိုမြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာစစ်ရေးတာဝန်များ ထမ်းဆောင်ဖို့ လေယာဉ်ဖြင့် ပို့ဆောင်နေသလိုခေါင်လန်ဖူးဒေသရှိ တိုက်ပွဲ​တွေမှာအသုံးပြုဖို့လည်း ဖြစ်ကြောင်း သတင်းရရှိတယ်လို့ Rvwang Alliance ကထုတ်ပြန်ပါတယ်။

ပူတာအိုနဲ့ ခေါင်လန်ဖူးဒေသ မှာ စစ်တပ်နဲ့ ပြည်သူ့စစ်က စစ်သားသစ် ၂၅၀၀ ရဖို့စု
ဆောင်းနေတာဟာ စစ်တပ်ကတိုက်ပွဲတွေမှာ အထိနာနေတာကြောင့်ဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောကြားပါတယ်။
🤮17❤7👍5👎4🤬4🤣2💩1🖕1
(၂၀၂၅ အောက်တိုဘာ ၇ရက်က ပူတာအိုဒေသမှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေက ဦးဆောင်ကာ KIA PDFကို ကန့်ကွက်ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ - N Gun Madun sumla)
👎19🤬10🤮6🤣3🖕2🔥1🫡1
စက်သုံးဆီဈေး တစ်လီတာ ကျပ် ၆၀၀ကျော်အထိ မြင့်တက်

စက်တင်ဘာ-၂၅၊၂၀၂၆။ဇော်ဝင်း၊ရောင်နီ/People's Spring

ရန်ကုန်မြို့ စက်သုံးဆီ ဈေးကွက်မှာ အမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၆၀၀ ကျော်မြင့်တက်ခဲ့ပြီး ဓာတ်ဆီဈေးတွေ လေးထောင်ကျော်ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ ယာဉ်ပိုင်ရှင်တွေကပြောပါတယ်။

ဒီ‌နေ့(စက်တင်ဘာ၂၅) ထုတ်ပြန်တဲ့ စစ်တပ်ရဲ့ စက်သုံးဆီရည်ညွှန်းဈေးတွေအရ ရန်ကုန်မြို့မှာ ဓာတ်‌ဆီ ၉၂ တစ်လီတာ ၄၄၅၀ ကျပ် ၊ ဓာတ်‌ဆီ ၉၅ တစ်လီတာ ၄၆၀၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၄၇၉၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅၇၉၅ ကျပ် သတ်မှတ်ထားပါတယ်။

အဲဒီဈေးနှုန်းတွေက ပြီးခဲ့တဲ့တစ်ပတ်ဈေးနှုန်းတွေနဲ့ယှဉ်ရင် ဓာတ်‌ဆီ ၉၂ တစ်လီတာ ၆၂၅ ကျပ် ၊ ဓာတ်‌ဆီ ၉၅ တစ်လီတာ ၆၅၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၆၄၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၇၄၅ ကျပ် မြင့်တက်လာခဲ့တာပါ။

"ပြည်တွင်းဈေးနဲ့ပြောရရင်တစ်လီတာ ဈေးအတော်အတက်ကြမ်းတယ်ပြောရမယ်။အရှေ့အလယ်ပိုင်း စစ်ရေးနဲ့အရေးယူမှုတွေကြောင့်လည်းကမ္ဘာ့ရေနံစိမ်းလည်း အတက်ပြနေတဲ့ အခြေအနေရှိတယ်။မြန်မာ ယူနေရတဲ့ စင်ကာပူ ရေနံဈေးကွက်မှာလည်း ဓာတ်ဆီ ဈေးတွေ တက်နေတယ်"လို့ ရေနံစည်ဈေးကွက်ကို လေ့လာသူတစ်ဦးက ပြောပါတယ်။

စက်သုံးဆီဈေးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက အမေရိကန်-အီရန် ပဋိပက္ခတွေကြောင့် တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီလအထိ တစ်လကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ငွေကျပ် နှစ်ထောင်ကျော် ကနေ ငါးထောင်အထိ တက်ခဲ့တာပါ။ ပရီမီယံဒီဇယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၇,၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့တာပါ။

အဲဒီနောက် ဧပြီလလယ်ကစတင်ပြီး စက်သုံးဆီဈေးတွေ ပြန်လည်ကျဆင်းလာခဲ့ပေမယ့် ဖေဖော်ဝါရီက ရည်ညွန်းဈေးအထိတော့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။

ဧပြီလလယ်ကနေ ဇူလိုင်လလယ်အထိသုံးလအတွင်း ကျဆင်းလာတဲ့ စက်သုံးဆီဈေးက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဈေးပြန်တက်လာခဲ့ပြီး စက်တင်ဘာအထိ အတက်အကျအနည်းငယ်သာအပြောင်းအလဲရှိခဲ့တာပါ။

"ဈေးကတက်ရင် ရာနဲ့ ထောင်နဲ့ချီတယ်။ ကျရင်တော့ ဆယ်ဂဏန်းတောင် ခပ်လှုပ်လှုပ်ရယ်" လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
🔥23👍4❤3🤬3👎1🤣1
(စစ်တပ်မြို့တော် ပြင်ဦးလွင်မြို့မှာစက်သုံးဆီဝယ်ဖို့တန်းစီ​နေသူ​တွေကို ၂၀၂၆ မတ်လဒုတိယပတ်က တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
🔥24👍5👎1🤣1
လိုင်ဇာမြို့ကို စစ်တပ်က လေယာဉ် ၂ရက်ဆက် ပျံဝဲလို့ တရုတ်က မီးကျည်ပစ်ခတ် သတိပေး၊ ပြည်သူတွေ ထိတ်လန့် ပုန်းခိုခဲ့ရဟု KIA ပြော

▪️စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

စက်တင်ဘာ ၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေယာဉ်ပျံဝွဲခဲ့လို့ လေယာဉ်ပျံဝဲချိန် တရုတ်အစိုးရက မီးကျည်ပစ်ခတ် သတိပေးမှု ပြုလုပ်ခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

စစ်တပ်က စက်တင်ဘာ ၂၃ရက်နဲ့ ၂၄ရက်တွေမှာ Y12 လေယာဉ်နဲ့ လိုင်ဇာအပါအဝင် မြန်မာ-တရုတ်နယ်စပ်တကြော ပျံဝဲခဲ့တာပါ။

စစ်တပ်လေယာဉ် ပျံဝဲတာကြောင့် ပြည်သူတွေ ထိတ်လန့်ခဲ့ပြီး ကတုတ်ကျင်း အတွင်း ပုန်းခိုခဲ့ရတဲ့ ပြည်သူတွေ ရှိခဲ့ကြောင်း KIAက ဖော်ပြပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောပြချက် အရ စက်တင်ဘာ ၂၃ရက်မှာ စစ်တပ်လေယာဉ် လာရောက်စဉ် တရုတ်ဘက်ကလည်း တရုတ်ဘက်ခြမ်း နယ်စပ်တလျှောက် လေယာဉ်ပျံဝဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်ကို ကုန်းလမ်းရေလမ်းများနဲ့ စစ်အင်အား၊ လက်နက်ရိက္ခာ ဖြည့်တင်းဖို့ ကြိုးစားပေမဲ့ စစ်ရှုံးမှုများလာလို့ တိုက်လေယာဉ်တွေကို အဓိက အားပြုပြီး မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်နေကြောင်းလည်း KIAက ဖော်ပြပါတယ်။

စက်တင်ဘာ ၂၄ရက်မှာ ဗန်းမော်မြို့နယ် စင်းခန်းအနီး လေယာဉ်ဗုံးကြဲတာရှိခဲ့ပြီး ထိခိုက်မှုရှိမရှိ စုံစမ်းနေတယ်လို့ KIAက အသိပေးပါတယ်။

ဒါ့အပြင် KIA အမှတ်(၁၁)နယ်မြေ အမှတ်(၁၂) တပ်ရင်း ရွှေကူနယ်ကို စစ်တပ်က စက်တင်ဘာ ၂၄ရက်မှာ လေယာဉ်ဗုံးကြဲရာ ပြည်သူ ၄ဦး ထိခိုက်ခဲ့ဟု ဆိုပါတယ်။

ရွှေကူမြို့နယ်ကို စစ်တပ်က ဂျက်ဗိုက်တာနဲ့ ဗုံး ၄လုံး၊ Y12လေယာဉ်နဲ့ ဗုံး၂၈လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဖားကန့်မြို့နယ် တပ်မဟာ(၉) နယ်မြေမှာလည်း စက်တင်ဘာ ၂၄ရက်မှာ ဂျက်ဖိုက်တာ သုံးစီးနဲ့ ဗုံး ၆လုံး၊ Y12နဲ့ ဗုံး ၂၁ လုံး ကြဲချခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာတော့ ပြည်သူများနဲ့ ပြည်သူ့နေအိမ်တွေထိခိုက်မှုမရှိခဲ့ဘူးလို့ အသိပေးပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်တာတွေ စစ်ရေးလှုပ်ရှားတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

KIO ဗဟို အုပ်ချုပ်ရေးရုံးကလည်း စစ်တပ်လေကြောင်းရန် အထူးသတိပေးချက်ကို စက်တင်ဘာ ၂၂ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး လူစုလူဝေး မလုပ်ဖို့၊ အရေးကြီးကိစ္စမရှိဘဲ ခရီးဝေးမသွားဖို့၊ လေကြောင်းသတင်းတွေ အချင်းချင်း သတိပေးဖို့၊ နေအိမ်တိုင်း ကတုတ်ကျင်းတူးထားဖို့ တိုက်တွန်းထားပါတယ်။


ရုပ်သံ - Naw Tu Awng/FB

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #လိုင်ဇာလေကြောင်းကင်းထောက်မှု #တရုတ်မီးကျည်ပစ်ခတ်သတိပေးမှု #KIOဌာနချုပ်လိုင်ဇာ #တရုတ်မြန်မာနယ်စပ် #မြန်မာ့စစ်ရေးသတင်း #LaizaReconnaissance #ChinaWarningFlares #KIOHQ #ChinaMyanmarBorder #KachinConflict #MyanmarConflict #MyanmarNews
👍20🔥12❤5👎1👏1🤣1